(Completed )The Transmigratio...

By Xiao_Yiii

1.3M 194K 3.1K

မနက္ခင္းတစ္ခုတြင္ system နွင့္ခ်ည္ေနွာင္ခံရျပီးေနာက္ MC မွာလုပ္ရိုးလုပ္စဥ္တစ္ခုကဲ့သို႔ပင္ ML ဤဖမ္းဆီးျခင္း/တု... More

Description
Arc(1.1) - The Wild Dragon proud day
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)
Arc(1.10)
Arc(1.11 - 1)
Arc(1.11 - 2)
Arc(1.12)
Arc(1.13 - 1)
Arc(1.13 - 2)
Arc(1.14)
Arc(1.15)
Arc(1.16)
Arc(1.17)
Arc(1.18)
Arc(1.19)
Arc(1.20)
Arc(1.21)
Arc(1.22)
Arc(1.23)
Arc(1.24)
Arc(1.25)
Arc(1.26)
Arc(1.27)
Arc(1.28)
Arc(1.29)
Arc(1.30)
Arc(1.31)
Arc(1.32)
Arc(1.33)
Arc(1.34)
Arc(1.35)
Arc(1.36 -> 1~2~3)
Arc(1.36 -> 4~5)
Real World
Real World-2
Arc(2.1) - Saint Magus
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)
Arc(2.9)
Arc(2.10)
Arc(2.11)
Arc(2.12)
Arc(2.13)
Arc(2.14)
Arc(2.15)
Arc(2.16)
Arc(2.17)
Arc(2.18)
Arc(2.19 - 1)
Arc(2.19 - 2)
Arc(2.20)
Arc(2.21)
Arc(2.22 - 1)
Arc(2.22-2)
Arc(2.23)
Arc(2.24)
Arc(2.25)
Arc(2.26)
Arc(2.27)
Arc(2.28)
Arc(2.29)
Arc(2.30)
Arc(2.31)
Arc(2.32)
Arc(2.33)
Arc (2.34)
Arc(2.35)
Arc(2.36)
Arc(2.37)
Arc(2.38)
Arc(2.39)
Arc(2.40)
Arc(2.41)
Arc(2.42)
Arc(2.43)
Arc(2.44)
Arc(2.45)
Arc(2.46)
Arc(2.47)
Arc(2.48)
Back to Real World (1)
Back to Real World (2)
Arc(3) - 'Immortal Path of Devil Lord'
Arc(3.1)
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)
Arc(3.14)
Arc(3.15)
Arc(3.16)
Arc(3.17)
Arc(3.18)
Arc(3.19)
Arc(3.20)
Arc(3.21)
Arc(3.22)
Return to the University (1)
Return to the University (2)
Return to the University (3)
Return to the University (4)
Return to the University (5)
Return to the University (6)
Return to the University (7)
Return to the University (8)
Arc(3.24)
Arc(3.25)
Arc(3.26)
Arc(3.27)
Arc(3.28)
Arc(3.29)
Arc(3.30)
Arc(3.31)
Arc(3.32)
Arc(3.33)
Arc(3.34)
Arc(3.35)
Arc(3.36)
Arc(3.37)
Arc(3.38)
Extra; {မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}
Extra; the New Emperor and Empress
Thank You

Return Arc(3.23)

5.7K 825 41
By Xiao_Yiii

Unicode

Return Arc(3.23)

ညကနက်သထက်နက်လာပြီးအတွင်းခန်းပြတင်းပေါက်ရဲ့ကုလားကာသည်လည်းပိုပြီးနက်မှောင်လာသည်။

လီလျိုရဲ့မျက်လုံးများကမှိတ်နေပြီးသူကအစောကြီးကတည်းကအမှောင်ထုနဲ့ချိုမြိန်တဲ့အိပ်မက်တွေကြားထဲမှာနစ်မြှုပ်နေပြီဖြစ်သည်။

ညအမှောင်ထဲကလီလျိုဘေးရှိအိပ်ယာညာဘက်ခြမ်းပိုင်းကတော့အကြိမ်အနည်းငယ်မျှလှုပ်နေသည်။ပြီးနောက်အနက်ရောင်ပုံရိပ်ကလျင်မြန်စွာထလာ၍ဘေးဘက်မှမီးအိမ်လေးကိုဖွင်လေသည်။

မီးအိမ်၏အဝါရောင်အလင်းဖျော့ဖျော့အောက်တွင်ဂျင်ချန်းဂျီကခေါင်းကိုငုံ့၍သူ့ဘယ်ဘက်မှာလှဲနေသည့်လီလျိုကိုကြည့်လိုက်သည်။

ထိုအချိန်မှာလီလျိုရဲ့ကိုယ်ကဘေးတစ်စောင်းအိပ်နေခြင်းဖြစ်သည်။သူ့ရဲ့ဆံနွယ်နက်များကသူအိပ်နေတဲ့ခေါင်းအုံးဘေးမှာပျံ့ကျဲနေသည်။သူ့ပုံစံကအတော်လေးသက်တောင့်သက်သာဖြစ်နေဟန်ပင်။မီးအလင်းရောင်အောက်မှာသူ့ရဲ့ရှည်လျားတဲ့မျက်တောင်များကသူ့ရဲ့နူးညံ့သောပါးပြင်ပေါ်တွင်ယပ်တောင်သဏ္ဍာန်ဖြာကျနေကာအသက်ကိုဖြေးဖြေးနဲ့မှန်မှန်ရှု၍နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေ၏။

ထိုအရောင်ဖျော့ဖျော့နှုတ်ခမ်းတစ်စုံသည်လည်းအနည်းငယ်ပွင်ဟနေတာကြောင့်သွားဖြူဖြူလေးကိုပိစိလေးမြင်နေသည်။

သူဝတ်ထားတဲ့အနက်ရောင်ညအိပ်ဝတ်စုံကသူ့ကိုယ်နဲ့အဆမတန်ကြီးမားနေတာကြောင့်လီလျိုရဲ့အိပ်ပျော်နေတဲ့အနေအထားနဲ့ဆိုရင်လှပတဲ့ညှပ်ရိုးကိုပင်မြင်နေရသည်။

လီလျိုရဲ့ဒီလိုပုံစံမျိုးကိုမြင်ရတဲ့ဂျင်ချန်းဂျီအတွက်ကတော့ဘာမှမတတ်နိုင်စွာဖြင့်သူ့မျက်လုံးများအနည်းငယ်နက်မှောင်သွားရသည်။သူ့ကိုယ်ကိုလီလျိုရှိရာဘက်သို့မှီချလိုက်ပြီးလီလျိုရဲ့မျက်နှာအားလက်ဖြင့်ခပ်ဖွဖွပွတ်သပ်မိလေသည်:လီလျိုကတော့နိုးကြားမှုမရှိနှစ်ခြိုက်စွာအိပ်ပျော်နေဆဲပင်။

သွယ်လျတဲ့လက်ချောင်းများကလီလျိုရဲ့နှဖူးကြားမှတစ်ဆင့်သေးငယ်သောနှာခေါင်းထိပ်လေးကိုဖြတ်ပြီးနူးညံ့တဲ့နှုတ်ခမ်းပေါ်မှာအဆုံးသတ်သည်။လက်ချောင်းထိပ်ကိုအားနည်းနည်းလောက်သုံးတာနဲ့တင်နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသောလီလျိုကသူ့နှုတ်ခမ်းကိုအနည်းငယ်ဖွင့်လိုက်တာကြောင့်သူ့လျှာထိပ်ဖျားလေးပေါ်လာသည်။

ဂျင်ချန်းဂျီရဲ့အသက်ရှုသံခဏမျှရပ်တန့်သွားကာသူ့ကိုယ်သူမထိန်းချုပ်နိုင်ပဲခေါင်းကိုငုံ့ချလိုက်၏။ပြီးနောက်လီလျိုရဲ့လျှာဖျားထိပ်လေးကိုစုပ်ယူစွဲလိုက်ရင်းသူ့နှုတ်ခမ်းကလီလျိုရဲ့နူးညံ့သောနှုတ်ခမ်းပေါ်ဖိကပ်ချကာညင်သာစွာဖြင့်စုပ်လိုက်နမ်းလိုက်လုပ်နေသည်။

လီလျိုကတော့မသက်မသာခံစားရပုံပေါ်ပြီးညည်းညူသံဖျော့ဖျော့ထွက်လာ၏။လီလျိုရဲ့အသံကိုကြားလိုက်သည်နှင့်ဂျင်ချန်းဂျီရဲ့မျက်လုံးထဲကအနက်ရောင်အလင်းကပိုလို့နက်ရှိုင်းသွားသည်။လီလျိုရဲ့နှုတ်ခမ်းဆီမှဖယ်လိုက်ပြီးနောက်အသက်ကိုပြင်းပြင်းရှုလိုက်မှသာလီလျိုကိုသိမ်းပိုက်လိုသည့်စိတ်ဆန္ဒကိုဖိနှိပ်လို့ရသွားသည်။

ဂျင်ချန်းဂျီသည်သူ့ဆီကအနမ်းခံရပြီးနောက်အရည်လဲ့သွားသည့်လီလျိုရဲ့နှုတ်ခမ်းလွှာကိုကြည့်ပြီးလီလျိုရဲ့အိပ်ပျော်နေတဲ့မျက်နှာကိုတစ်ချက်ငေးကြည့်လိုက်ပြီးမှနောက်တစ်ဖန်သူ့ခေါင်းကိုငုံ့လိုက်ပြန်သည်။လီလျိုရဲ့နှုတ်ခမ်းကိုနောက်တစ်ခေါက်ညင်သာစွာနမ်းလိုတဲ့စိတ်ဆန္ဒကိုတော့မတွန်းလှန်နိုင်လေဘူး။

လက်ရှိအနမ်းကသူ့ရဲ့အလိုဆန္ဒအားအနည်းငယ်သာကျေနပ်စေနိုင်သည်။သို့သော်ဒီလိုကျေနပ်ရောင့်ရဲနိုင်ခြင်းသည်လည်းဒီလူအပေါ်သူ့ရဲ့အလိုဆန္ဒများတိုးလာခြင်းကြောင့်သာဖြစ်လိမ့်မည်။

သူကဒီလိုလူမျိုးဖြစ်လာလိမ့်မယ်လို့ဂျင်ချန်းဂျီတစ်ခါမှမတွေးခဲ့ဘူးပေ။သူကအမြဲတမ်းကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်ခဲ့တဲ့သူဖြစ်သော်လည်းဒီရက်တွေအတွင်းမှာတော့သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့တဲ့အခြေအနေကဆက်တိုက်ဖြစ်ပေါ်နေသည်။

တစ်ခြားတစ်ဖက်မှာတော့မူလကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့လီလျိုကသူ့စိတ်ထဲကရုတ်တရက်အသံကြောင့်နိုးလာရသည်။

[ကြီးမြတ်တဲ့hostရေ,စွမ်းအင်ဖြည့်စည်းပြီးပါပြီ~]

ရှောင်းချီရဲ့အသံကြောင့်နိုးလာပြီးနောက်မှာပထမဆုံးသူသတိပြုမိတဲ့အရာကရှောင်းချီအသံမဟုတ်ပဲသူ့နှုတ်ခမ်းပေါ်ကရှင်းလင်းနေတဲ့အနမ်းကိုသာပင်။

ဒါ့အပြင်သူကမသိလိုက်ပဲသူ့နှုတ်ခမ်းကိုခပ်ဟဟဖွင့်ပေးလိုက်မိတာကြောင့်အဲ့ဒီလူရဲ့နူးညံ့တဲ့အနမ်းကနက်ရှိုင်းတဲ့အနမ်းဖြစ်သွားရသည်။

ဒီအခန်းထဲမှာလူနှစ်ယောက်ပဲရှိတာ...သူ့ကိုအခုနမ်းနေတာဘယ်သူလဲအသိသာကြီး

!!!!!!

လီလျိုမှာသူ့ဦးနှောက်တစ်ခုလုံးပေါက်ကွဲစေလောက်သည်အထိပြင်းအားရှိသောဗုံးတစ်လုံးနဲ့ဖောက်ခွဲလိုက်ခံလိုက်ရသလိုခံစားရပြီးသူ့အသိစိတ်အားလုံးလွင့်ထွက်သွားတော့မတတ်ပင်။

ဂျင်ချန်းဂျီနဲ့ထိုလူများရဲ့ဆင်တူနေမှုကိုနောက်တစ်ကြိမ်ထပ်စဉ်းစားမိတော့လီလျိုမှာသူ့နှလုံးခုန်နှုန်းရုတ်တရက်ရပ်တန့်သွားတော့မတတ်ခံစားလိုက်ရသည်။

လီလျိုရဲ့ဦးနှောက်ထဲကလုပ်ဆောင်မှုကအတော်လေးတင်းကြပ်နေသော်လည်းဂျင်ချန်းဂျီရဲ့မျက်လုံးထဲမှာတော့သူကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲပင်။သူ့အသက်ရှုသံသည်လည်းတည်ငြိမ်နေပြီးအရမ်းကိုချစ်စရာကောင်းနေတာကြောင့်ဂျင်ချန်းဂျီမှာသူ့ကိုယ်သူမထိန်းနိုင်ပဲအနမ်းကိုနောက်တစ်ဖန်နက်ရှိုင်းစေလိုက်သည်။

[ကြီးမြတ်တဲ့hostရေအဆင်သင့်ဖြစ်ပြီလား?ကျွန်တော်တို့ဒီကနေထွက်ပြီးယခင်ကမ္ဘာကိုပြန်ရပါမယ်]

လီလျိုရဲ့ဦးနှောက်ကရှုပ်ထွေးနေတာကြောင့်သူ့စိတ်ထဲမှာသူဘာပြန်ဖြေလိုက်လည်းပင်မသိတော့ပေ။နောက်တစ်စက္ကန့်မှာပဲသူ့အသိစိတ်ကိုဆုံးရှုံးလိုက်ရပြီးအမှောင်ထုထဲကျရောက်သွားရသည်။

****

လီလျိုနောက်တစ်ကြိမ်အသိစိတ်ပြန်ရတဲ့အချိန်မှာတော့သူ့တစ်ကိုယ်လုံးနာကျင်နေသည်ကိုသာခံစားလိုက်ရသည်။

ဘာတွေဖြစ်နေတာလဲ?

ဘာလို့သူ့တစ်ကိုယ်လုံးအရမ်းနာကျင်နေရတာလဲ?အဲ့ဒါကတစ်စုံတစ်ယောက်ကဤခန္တာကိုယ်ကအရိုးတွေအားလုံးကိုတိုက်ခိုက်ပြီးချိုးဖဲ့ထားသလိုပဲ။

"....အာ့...." လီလျိုမှာအလွန်နာကျင်နေတာကြောင့်စကားတစ်ခွန်းပင်မပြောနိုင်သေးပေ။သူ့ရဲ့အတော်လေးပင်ပန်းနေသည့်မျက်လုံးတစ်စုံကိုဖွင့်လိုက်သောအခါသူ့မျက်လုံးရှေမှာမာကျောသည့်ကျောက်သားမျက်နှာကျက်တစ်ခုပေါ်လာသည်။

ပတ်ဝန်းကျင်ကိုဝီရိယစိုက်ထုတ်ကြည့်လိုက်သောအခါသူအခုဂူတစ်ခုထဲရောက်နေကြောင်းချက်ချင်းသိသွားသည်။

[ရှောင်းချီ,အခုအခြေအနေကဘယ်လိုဖြစ်တာလဲဘာလို့ငါ့ရဲ့လက်ရှိခန္တာကိုယ်ကဒီလိုဖြစ်နေရတာလဲ?]

[ကြီးမြတ်တဲ့hostရေ,hostကအခုနတ်ဆိုးသခင်ရဲ့အမတလမ်းစဉ်ကမ္ဘာကိုပြန်ရောက်လာတာပါဒါပေမဲ့လက်ရှိအချိန်ကhostထွက်သွားပြီးနောက်နှစ်သုံးရာကျော်ဖြစ်သွားပါပြီ...ပြီးတော့hostအနေနဲ့ဝိဉာဉ်မရှိတဲ့ခန္တာကိုယ်ကိုသာရွေးချယ်လို့ရပါမယ်...ဒီခန္တာကိုယ်ပိုင်ရှင်ကသေဆုံးပြီးသွားပါပြီ..သူကမသေခင်ဒဏ်ရာအပြင်းအထန်ရခဲ့လို့ဖြစ်ပါလိမ့်မယ်အဲ့ဒါကြောင့်hostဒီလိုခံစားနေရတာပါ...ဒါပေမဲ့အဲ့ဒါကိစ္စကြီးမဟုတ်ပါဘူး...ရှောင်းချီကhostအတွက်ဆေးထောက်ပံ့ပေးပါ့မယ်ပြီးရင်ဒီဒဏ်ရာတွေကမြန်မြန်ပျောက်သွားမှာပါ]

လီလျို: [......]

ဒီဒဏ်ရာတွေကမြန်မြန်ပျောက်သွားမယ်ဆိုပေမယ့်သူအခုခံစားနေရတဲ့ပြင်းထန်တဲ့နာကျင်မှုကအတုအယောင်မဟုတ်ဘူးဟ!ဘာလို့များသူ့အတွက်ပိုကောင်းတဲ့ခန္တာကိုယ်မရွေးပေးနိုင်ရတာလဲ?!

ဒီအချိန်မှာတော့ပြင်းထန်လှတဲ့နာကျင်မှုကြောင့်သူ့ရဲ့မူလကမ္ဘာကိုပြန်သွားရတဲ့အချိန်မှာသူ့ရဲ့သူငယ်ချင်ကောင်းကသူ့အပေါ်အဲ့ဒီလိုအတွေးမျိုးရှိနေတယ်ဆိုတဲ့ရှာဖွေတွေ့ရှိမှုအားပြန်တွေးနိုင်မယ့်အင်အားအပိုမရှိသေးပေ။

သူ့ရဲ့ယခင်ထိတ်လန့်ဖွယ်သံသယသည်လည်းတကယ့်ကိုရှုပ်ထွေးတဲ့ကိစ္စများဖြစ်သွားနိုင်သည်။

ရှောင်းချီပေးတဲ့ဆေးကိုလီလျိုစားပြီးနောက်သူ့ကိုယ်ပေါ်ကပြင်းထန်သောနာကျင်မှုကဒီရေလိုတစ်ဖြည်းဖြည်းလျော့နည်းသွားသော်လည်းလီလျိုကတော့သူ့တစ်ကိုယ်လုံးပင်ပန်းနေသလိုခံစားရပြီးသူ့အင်အားကိုပြန်မဖြည့်ဆည်းနိုင်သေးပေ။

အဲ့ဒီလိုပုံစံနဲ့နှစ်ရက်လောက်လှဲနေပြီးမှသာလီလျိုသည်သူ့ကိုယ်ကအင်အားအနည်းငယ်စုဆောင်းလာနိုင်သလိုခံစားရပြီးဂူနံရံအားကိုင်၍အနိုင်နိုင်မတ်တပ်ထရပ်ရသည်။

နောက်ထပ်ရက်အနည်းငယ်အကြာမှာတော့အနည်းငယ်အားနည်းနေတဲ့လူလိုမျိုးဖြေးညှင်းစွာလမ်းလျှောက်နိုင်လေပြီ။

သူမြေပြင်ပေါ်မှာလှဲနေရတုန်းကဂူရဲ့အတွင်းပိုင်းလောက်တွင်ရေသံကြားထားရသည်။လီလျိုကသူ့ခန္တာကိုယ်ကိုရက်အနည်းငယ်လောက်ဂရုမစိုက်နိုင်ခဲ့တာကြောင့်သူခြေလှမ်းအနည်းငယ်လှမ်းနိုင်တဲ့အခါမှာတော့မနေနိုင်တော့ပဲဂူအတွင်းပိုင်းထဲလျှောက်ဝင်သွားလိုက်၏။

မီတာတစ်ရာလောက်လျှောက်ပြီးနောက်မှာတကယ်ကိုကျောက်စက်ရေကြောင့်ဖြစ်ပေါ်နေသည့်ဘေစင်အရွယ်ရေအိုင်လေးတစ်ခုကိုမြင်လိုက်ရသည်။ဒါ့အပြင်လမ်းကိုတောင်မမြင်ရလောက်ဘူးလို့သူထင်ထားခဲ့တဲ့ထိုနေရာဘက်ကသိပ်ပြီးမမှောင်ပဲဘယ်နေရာကလာမှန်းမသိနိုင်တဲ့အလင်းများစွာရှိနေတာကြောင့်ဂူရဲ့အတွင်းပိုင်းကအနည်းငယ်တောက်ပနေသည်။

လီလျိုကရေအိုင်လေးရှိရာသို့ဖြေးညှင်းစွာလျှောက်လာလိုက်ပြီးမှဖြေးညှင်းစွာထိုင်ချလိုက်သည်။လက်ရှိသူ့ရဲ့ရှုပ်ပွနေတဲ့ပုံရိပ်ကရေမျက်နှာပြင်ပေါ်မှာချက်ချင်းထင်ဟပ်သွား၏။

ထိုအချိန်မှာဒီလူရဲ့မျက်နှာကဘာမှန်းမသိတဲ့အရာတစ်ချို့စွန်းထင်းနေပြီးအရှေ့ဘက်ကအနက်နဲ့အနောက်ဘက်ကမီးခိုးလိုဖြစ်နေတာကြောင့်သူ့ရဲ့လက်ရှိခန္တာကိုယ်ကဘယ်လိုပုံစံလဲဆိုတာရှင်းရှင်းလင်းလင်းမမြင်ရသေးပေ။

လီလျိုအနေနဲ့မျက်လုံးတစ်ခုတည်းကိုသာမြင်ရသည်။သူကချက်ချင်းရေကိုလက်ခုပ်နဲ့ယူပြီးမျက်နှာသစ်လိုက်သည်။

မျက်နှာသစ်ပြီးရေကိုနောက်တစ်ကြိမ်ပြန်ကြည့်လိုက်တဲ့အခါမှာတော့ချက်ချင်းပင်နေရာတင်တောင့်ခဲသွားတော့သည်။ရေမျက်နှာပြင်ပေါ်မှာပေါ်နေတဲ့မျက်နှာကအမျိုးသမီးတစ်ယောက်ထက်ပင်ပိုလှသေးသည်။

ဒီလူကဇာတ်လိုက်ရဲ့လုံခြုံရေးကိုအာမခံနိုင်ဖို့အတွက်သူ့ကိုယ်သူဖောက်ခွဲပစ်တဲ့အထိတွန်းအားပေးခဲ့တဲ့ယွင်ထျန်ဟန်းမဟုတ်ဘူးလား?!

လီလျိုကရေပေါ်မှာထင်ဟပ်နေတဲ့ရုပ်ပုံလွှာကိုကြည့်နေရင်းသူ့မျက်နှာပေါ်မှာထိတ်လန့်နေတဲ့အမူအယာပေါ်လာရသည်။ရေမျက်နှာပြင်ပေါ်ကရုပ်ပုံသည်လည်းတူညီတဲ့ထိတ်လန့်နေတဲ့အမူအယာဖြစ်တည်နေ၏။

ထို့နောက်ထိုလှပတဲ့သလင်းနီလိုမျက်လုံးတစ်စုံထဲမှာနောက်တစ်ကြိမ်ထပ်သေချင်နေတဲ့စိတ်ဆန္ဒတွေပေါ်လာသည်။

ဟီးဟီး,ကျေးဇူးပြုပြီးပြောပြကြစမ်းပါ,သူကအခုဇာတ်လိုက်အမြန်ဆုံးဖယ်ရှားချင်နေတဲ့ရန်သူတော်ကြီးဖြစ်သွားတာလား...အခုသူကဒီလိုအခြေအနေဖြစ်သွားမှတော့ဘယ်လိုလုပ်ဇာတ်လိုက်နဲ့နီးစပ်အောင်လုပ်နိုင်တော့မှာလဲ?

onlineကိုအရေးပေါ်လိုအပ်နေပါတယ်!

ကြည့်ရတာအရင်ကပြင်းထန်တဲ့ဒဏ်ရာဆိုတာကလည်းချူးဝူရုံကြောင့်ဖြစ်ခဲ့ဟန်တူသည်။ယွင်ထျန်ဟန်းသည်လည်းတကယ့်ကိုအင်အားရှိပုံပဲ။ချူးဝူရုံဆီကနေဒီလောက်အထိအရိုက်ခံခဲ့ရတာတောင်ဒီဂူထဲထိပြန်ပြေးလာနိုင်နေသေးသည်လေ။

ဒါပေမဲ့ရှောင်းချီပြောပုံအရဆိုရင်ယွင်ထျန်ဟန်းကသေဆုံးပြီးသွားပြီ...ဆိုတော့သူရခဲ့တဲ့ဒဏ်ရာကအရမ်းကိုပြင်းထန်လို့သူ့ဝိဉာဉ်အားတွေအကုန်လုံးကုန်ဆုံးသွားခဲ့ပြီးဆေးကိုအချိန်မှီမစားနိုင်ခဲ့တာလို့ခန့်မှန်းလို့ရတယ်..

ဒါပေမဲ့ဘယ်လိုပဲဖြစ်နေပါစေဒီလောက်ကြောက်စရာကောင်းတဲ့ရှုပ်ထွေးမှုကြီးကိုသူတကယ်ပဲလက်လွှဲမယူချင်ဘူးလို့!

လီလျိုမှာစိုးရိမ်ပူပန်မှုကြောင့်ဆံပင်တွေပါကျွတ်လာသလိုခံစားရသည်။အခုချိန်မှာချူးဝူရုံကဂျင်ချန်းဂျီဟုတ်တာမဟုတ်တာအသာထားဦးသူချူးဝူရုံရှေ့တောင်မသွားချင်တော့ဘူး

အကယ်၍သူသာDemigodအဆင့်ယွင်ထျန်ဟန်းကိုတောင်ဒီလောက်အခြေအနေဆိုးတဲ့အထိလုပ်ပစ်နိုင်တဲ့ချူးဝူရုံရှေ့ကိုသွားမယ်ဆိုရင်သူ့ရှေ့ကိုဖြတ်မလျှောက်နိုင်ခင်မှာတင်အသတ်ခံရလိမ့်မယ်

လီလျိုသည်ရေမျက်နှာပြင်ပေါ်မှာထင်ဟန်နေတဲ့အလွန်တရာလှပသောမျက်နှာကိုကြည့်ပြီးသူ့အနာဂတ်ကမှောင်မဲနေတယ်လို့ခံစားလိုက်ရသည်။

[ရှောင်းချီ,ငါအခုချိန်ဒုတိယအကြိမ်ရွေးချယ်ခွင့်ရနိုင်ဦးမလား?]

[ကြီးမြတ်တဲ့hostရေ,အားတင်းထားပါ,hostလုပ်နိုင်မယ်လို့ယုံကြည်ပါတယ်!]

ရှောင်းချီကသူ့ကိုအားပေးရန်သူ့အသိစိတ်ထဲမှာဖဲပြားစလေးနှစ်ခုကိုပင်ဝှေ့ယမ်းပြနေသေးသည်။

လီလျို: [......] စကားကိုဒီလိုရှောင်ပစ်လိုက်တာမင်းအတွက်တကယ်ပဲကောင်းလို့လား?

အဆုံးမှာတော့လီလျိုသည်သူ့ရဲ့ကိုယ်ထည်အသစ်ကိုကူကယ်ရာမဲ့စွာပဲလက်ခံလိုက်ရပြီးလုံခြုံဖို့အတွက်ပြင်ဆင်ရတော့သည်။

အကြောင်းကတော့သူ့လက်ရှိခန္တာကိုယ်ကလှုပ်ရှားလို့ရနေပြီဆိုပေမယ့်အလွန်အားနည်းနေသေးသည်။လီလျိုအနေနဲ့သူ့ခန္တာကိုယ်အပြည့်အဝပြန်ကောင်းပြီးအစီအစဉ်တစ်ခုခုမလုပ်နိုင်ခင်ဂူထဲမှာသာဆက်နေ၍ကျင့်ကြံနေရသည်။

ဒါပေမဲ့လက်ရှိသူ့မျက်နှာကအလွန်သိသာနေတာကြောင့်ဒီပုံစံကြီးနဲ့ဒီအတိုင်းအပြင်ထွက်ပြီးလျှောက်သွားနေလို့တော့မရဘူးလို့ခန့်မှန်းလို့ရသည်။

လီလျိုချက်ချင်းရှောင်းချီအားသူ့မျက်နှာကိုပြောင်းလဲလို့ရမရမေးတဲ့အခါရှောင်းချီပေးတဲ့အဖြေကအတော်လေးလန်းဆန်းသွားစေသည်။

ယွင်ထျန်ဟန်းရဲ့အသွင်အပြင်ကိုဆေးလုံးသုံးပြီးပြောင်းလဲလို့ရသည်။ဒါပေမဲ့အဲ့ဒါကသူ့အဆင့်ထက်နိမ့်တဲ့ကျင့်ကြံသူတွေကိုပဲလှည့်စားနိုင်မှာဖြစ်သည်။အကယ်၍သူ့ထက်မြင့်တဲ့ကျင့်ကြံသူဆိုရင်သူ့ရဲ့ပြင်ထားတဲ့အသွင်အပြင်ကိုဖြတ်ပြီးမူလအသွင်အပြင်ကိုမြင်နိုင်ကြလိမ့်မည်။

နောက်ဆုံးတော့လီလျိုမှာသူ့နှလုံးသားထဲကစိုးရိမ်ပူပန်မှုကိုလွှတ်ချနိုင်လေပြီ။အပြင်ထွက်တာနဲ့ချူးဝူရုံကိုဝင်တိုက်မိရလောက်အောင်ထိတော့ကံမကောင်းမဖြစ်လောက်ဘူး..

ဒီလိုနဲ့ပဲလီလျိုကသူ့ခန္တာကိုယ်အများစုပြန်ကောင်းလာပြီလို့ခံစားရတဲ့အထိဂူထဲမှာလဝက်လောက်ထပ်မံကျင့်ကြံနေလိုက်သည်။

သို့သော်သူ့ဒဏ်ရာကအတော်လေးပြင်းထန်တာကြောင့်မူလကDemigodအလယ်အဆင့်ကိုရောက်ပြီး,နောက်ဆုံးအဆင့်ကိုထိလုနီးပါးဖြစ်နေတဲ့သူ့ကျင့်ကြံဆင့်ကအခုတော့Demigodရဲ့မူလအစအဆင့်ကိုပြန်ရောက်သွားပြိဖြစ်သည်။

ဒါ့အပြင်သူ့အနေနဲ့Demigodအဆင့်ရဲ့မူလအစစွမ်းရည်ကိုပင်ထုတ်ဖော်နိုင်မှာမဟုတ်ပဲNascent Soul နောက်ဆုံးအဆင့်စွမ်းရည်ကိုသာအသုံးချလို့ရမည်။

သို့သော် Nascent Soul နောက်ဆုံးအဆင့်စွမ်းရည်ကလည်းသာမာန်ကျင့်ကြံသူထက်တော့အဆမတန်သာလွန်နေသေးတာကြောင့်လီလျိုအတွက်တော့လုံးဝလုံလောက်ပေသည်။

ပြီးတော့လည်းသူဒီကမ္ဘာကမထွက်ခွာခင်ကDemigodအဆင့်ကိုရောက်ခဲ့တဲ့ကျင့်ကြံသူကတိုက်ကြီးတစ်ခုလုံးပေါင်းမှာအယောက်နှစ်ဆယ်ကျော်ကျော်သာရှိသည်။ပြီးတော့Synthesisအဆင့်မှာရှိတဲ့သူကလေးယောက်ငါးယောက်လောက်သာရှိပြီးMahayanaအဆင့်ဆိုရင်တော့သေချာပေါက်ရှိတောင်မရှိပေ။

ထို့ကြောင့်ဒီလိုနှစ်ရာစုအနည်းငယ်လောက်နဲ့တော့ရုတ်တရက်ကြီးသူ့ထက်သာလွန်တဲ့သူအများကြီးပေါ်ထွက်လာစရာအကြောင်းမရှီဘူးဖြစ်သည်။

.......................................
Zawgyi

Return Arc(3.23)

ညကနက္သထက္နက္လာၿပီးအတြင္းခန္းျပတင္းေပါက္ရဲ႔ကုလားကာသည္လည္းပိုၿပီးနက္ေမွာင္လာသည္။

လီလိ်ဳရဲ႔မ်က္လံုးမ်ားကမွိတ္ေနၿပီးသူကအေစာႀကီးကတည္းကအေမွာင္ထုနဲ႔ခ်ိဳၿမိန္တဲ့အိပ္မက္ေတြၾကားထဲမွာနစ္ႁမွဳပ္ေနၿပီျဖစ္သည္။

ညအေမွာင္ထဲကလီလိ်ဳေဘးရွိအိပ္ယာညာဘက္ျခမ္းပိုင္းကေတာ့အႀကိမ္အနည္းငယ္မွ်လႈပ္ေနသည္။ၿပီးေနာက္အနက္ေရာင္ပံုရိပ္ကလ်င္ျမန္စြာထလာ၍ေဘးဘက္မွမီးအိမ္ေလးကိုဖြင္ေလသည္။

မီးအိမ္၏အဝါေရာင္အလင္းေဖ်ာ့ေဖ်ာ့ေအာက္တြင္ဂ်င္ခ်န္းဂ်ီကေခါင္းကိုငံု႔၍သူ႔ဘယ္ဘက္မွာလွဲေနသည့္လီလိ်ဳကိုၾကည့္လိုက္သည္။

ထိုအခ်ိန္မွာလီလိ်ဳရဲ႔ကိုယ္ကေဘးတစ္ေစာင္းအိပ္ေနျခင္းျဖစ္သည္။သူ႔ရဲ႔ဆံႏြယ္နက္မ်ားကသူအိပ္ေနတဲ့ေခါင္းအံုးေဘးမွာပ်ံ႔က်ဲေနသည္။သူ႔ပံုစံကအေတာ္ေလးသက္ေတာင့္သက္သာျဖစ္ေနဟန္ပင္။မီးအလင္းေရာင္ေအာက္မွာသူ႔ရဲ႔ရွည္လ်ားတဲ့မ်က္ေတာင္မ်ားကသူ႔ရဲ႔ႏူးညံ့ေသာပါးျပင္ေပၚတြင္ယပ္ေတာင္သ႑ာန္ျဖာက်ေနကာအသက္ကိုေျဖးေျဖးနဲ႔မွန္မွန္ရွဳ၍ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေမာက်ေန၏။

ထိုအေရာင္ေဖ်ာ့ေဖ်ာ့ႏႈတ္ခမ္းတစ္စံုသည္လည္းအနည္းငယ္ပြင္ဟေနတာေၾကာင့္သြားျဖဴျဖဴေလးကိုပိစိေလးျမင္ေနသည္။

သူဝတ္ထားတဲ့အနက္ေရာင္ညအိပ္ဝတ္စံုကသူ႔ကိုယ္နဲ႔အဆမတန္ႀကီးမားေနတာေၾကာင့္လီလ်ိဳရဲ႔အိပ္ေပ်ာ္ေနတဲ့အေနအထားနဲ႔ဆိုရင္လွပတဲ့ၫွပ္႐ိ္ုးကိုပင္ျမင္ေနရသည္။

လီလိ်ဳရဲ႔ဒီလိုပံုစံမ်ိဳးကိုျမင္ရတဲ့ဂ်င္ခ်န္းဂ်ီအတြက္ကေတာ့ဘာမွမတတ္ႏိုင္စြာျဖင့္သူ႔မ်က္လံုးမ်ားအနည္းငယ္နက္ေမွာင္သြားရသည္။သူ႔ကိုယ္ကိုလီလိ်ဳရွိရာဘက္သို႔မွီခ်လိုက္ၿပီးလီလ်ိဳရဲ႔မ်က္ႏွာအားလက္ျဖင့္ခပ္ဖြဖြပြတ္သပ္မိေလသည္:လီလ်ိဳကေတာ့ႏိုးၾကားမႈမရွိႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနဆဲပင္။

သြယ္လ်တဲ့လက္ေခ်ာင္းမ်ားကလီလ်ိဳရဲ႔ႏွဖူးၾကားမွတစ္ဆင့္ေသးငယ္ေသာႏွာေခါင္းထိပ္ေလးကိုျဖတ္ၿပီးႏူးညံ့တဲ့ႏႈတ္ခမ္းေပၚမွာအဆံုးသတ္သည္။လက္ေခ်ာင္းထိပ္ကိုအားနည္းနည္းေလာက္သံုးတာနဲ႔တင္ႏွစ္ႏွစ္ျခိဳက္ၿခိဳက္အိပ္ေနေသာလီလ်ိဳကသူ႔ႏႈတ္ခမ္းကိုအနည္းငယ္ဖြင့္လိုက္တာေၾကာင့္သူ႔လွ်ာထိပ္ဖ်ားေလးေပၚလာသည္။

ဂ်င္ခ်န္းဂ်ီရဲ႔အသက္ရွဳသံခဏမွ်ရပ္တန္႔သြားကာသူ႔ကိုယ္သူမထိန္းခ်ဳပ္ႏိုင္ပဲေခါင္းကိုငံု႔ခ်လိုက္၏။ၿပီးေနာက္လီလိ်ဳရဲ႔လွ်ာဖ်ားထိပ္ေလးကိုစုပ္ယူစြဲလိုက္ရင္းသူ႔ႏႈတ္ခမ္းကလီလ်ိဳရဲ႔ႏူးညံ့ေသာႏႈတ္ခမ္းေပၚဖိကပ္ခ်ကာညင္သာစြာျဖင့္စုပ္လိုက္နမ္းလိုက္လုပ္ေနသည္။

လီလ်ိဳကေတာ့မသက္မသာခံစားရပံုေပၚၿပီးညည္းညဴသံေဖ်ာ့ေဖ်ာ့ထြက္လာ၏။လီလ်ိဳရဲ႔အသံကိုၾကားလိုက္သည္ႏွင့္ဂ်င္ခ်န္းဂ်ီရဲ႔မ်က္လံုးထဲကအနက္ေရာင္အလင္းကပိုလို႔နက္႐ွိဳင္းသြားသည္။လီလ်ိဳရဲ႔ႏႈတ္ခမ္းဆီမွဖယ္လိုက္ၿပီးေနာက္အသက္ကိုျပင္းျပင္းရွဳလိုက္မွသာလီလ်ိဳကိုသိမ္းပိုက္လိုသည့္စိတ္ဆႏၵကိုဖိႏွိပ္လို႔ရသြားသည္။

ဂ်င္ခ်န္းဂ်ီသည္သူ႔ဆီကအနမ္းခံရၿပီးေနာက္အရည္လဲ့သြားသည့္လီလိ်ဳရဲ႔ႏႈတ္ခမ္းလႊာကိုၾကည့္ၿပီးလီလ်ိဳရဲ႔အိပ္ေပ်ာ္ေနတဲ့မ်က္ႏွာကိုတစ္ခ်က္ေငးၾကည့္လိုက္ၿပီးမွေနာက္တစ္ဖန္သူ႔ေခါင္းကိုငံု႔လိုက္ျပန္သည္။လီလ်ိဳရဲ႔ႏႈတ္ခမ္းကိုေနာက္တစ္ေခါက္ညင္သာစြာနမ္းလိုတဲ့စိတ္ဆႏၵကိုေတာ့မတြန္းလွန္ႏိုင္ေလဘူး။

လက္ရွိအနမ္းကသူ႔ရဲ႔အလိုဆႏၵအားအနည္းငယ္သာေက်နပ္ေစႏိုင္သည္။သို႔ေသာ္ဒီလိုေက်နပ္ေရာင့္ရဲႏိုင္ျခင္းသည္လည္းဒီလူအေပၚသူ႔ရဲ႔အလိုဆႏၵမ်ားတိုးလာျခင္းေၾကာင့္သာျဖစ္လိမ့္မည္။

သူကဒီလိုလူမ်ိဳးျဖစ္လာလိမ့္မယ္လို႔ဂ်င္ခ်န္းဂ်ီတစ္ခါမွမေတြးခဲ့ဘူးေပ။သူကအၿမဲတမ္းကိုယ့္ကိုကိုယ္ထိန္းခ်ဳပ္ႏိုင္ခဲ့တဲ့သူျဖစ္ေသာ္လည္းဒီရက္ေတြအတြင္းမွာေတာ့သူ႔ကိုယ္သူမထိန္းခ်ဳပ္ႏိ္ုင္ေတာ့တဲ့အေျခအေနကဆက္တိုက္ျဖစ္ေပၚေနသည္။

တစ္ျခားတစ္ဖက္မွာေတာ့မူလကႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနတဲ့လီလ်ိဳကသူ႔စိတ္ထဲက႐ုတ္တရက္အသံေၾကာင့္ႏိုးလာရသည္။

[ႀကီးျမတ္တဲ့hostေရ,စြမ္းအင္ျဖည့္စည္းၿပီးပါၿပီ~]

ေရွာင္းခ်ီရဲ႔အသံေၾကာင့္ႏိုးလာၿပီးေနာက္မွာပထမဆံုးသူသတိျပဳမိတဲ့အရာကေရွာင္းခ်ီအသံမဟုတ္ပဲသူ႔ႏႈတ္ခမ္းေပၚကရွင္းလင္းေနတဲ့အနမ္းကိုသာပင္။

ဒါ့အျပင္သူကမသိလိုက္ပဲသူ႔ႏႈတ္ခမ္းကိုခပ္ဟဟဖြင့္ေပးလိုက္မိတာေၾကာင့္အဲ့ဒီလူရဲ႔ႏူးညံ့တဲ့အနမ္းကနက္႐ွိဳင္းတဲ့အနမ္းျဖစ္သြားရသည္။

ဒီအခန္းထဲမွာလူႏွစ္ေယာက္ပဲရွိတာ...သူ႔ကိုအခုနမ္းေနတာဘယ္သူလဲအသိသာႀကီး

!!!!!!

လီလ်ိဳမွာသူ႔ဦးေႏွာက္တစ္ခုလံုးေပါက္ကြဲေစေလာက္သည္အထိျပင္းအားရွိေသာဗံုးတစ္လံုးနဲ႔ေဖာက္ခြဲလိုက္ခံလိုက္ရသလိုခံစားရၿပီးသူ႔အသိစိတ္အားလံုးလြင့္ထြက္သြားေတာ့မတတ္ပင္။

ဂ်င္ခ်န္းဂ်ီနဲ႔ထိုလူမ်ားရဲ႔ဆင္တူေနမႈကိုေနာက္တစ္ႀကိမ္ထပ္စဥ္းစားမိေတာ့လီလ်ိဳမွာသူ႔ႏွလံုးခုန္ႏႈန္း႐ုတ္တရက္ရပ္တန္႔သြားေတာ့မတတ္ခံစားလိုက္ရသည္။

လီလ်ိဳရဲ႔ဦးေႏွာက္ထဲကလုပ္ေဆာင္မႈကအေတာ္ေလးတင္းၾကပ္ေနေသာ္လည္းဂ်င္ခ်န္းဂ်ီရဲ႔မ်က္လံုးထဲမွာေတာ့သူကႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနဆဲပင္။သူ႔အသက္ရႈသံသည္လည္းတည္ၿငိမ္ေနၿပီးအရမ္းကိုခ်စ္စရာေကာင္းေနတာေၾကာင့္ဂ်င္ခ်န္းဂ်ီမွာသူ႔ကိုယ္သူမထိန္းႏိုင္ပဲအနမ္းကိုေနာက္တစ္ဖန္နက္႐ွိဳင္းေစလိုက္သည္။

[ႀကီးျမတ္တဲ့hostေရအဆင္သင့္ျဖစ္ၿပီလား?ကၽြန္ေတာ္တို႔ဒီကေနထြက္ၿပီးယခင္ကမာၻကိုျပန္ရပါမယ္]

လီလ်ိဳရဲ႔ဦးေႏွာက္ကရႈပ္ေထြးေနတာေၾကာင့္သူ႔စိတ္ထဲမွာသူဘာျပန္ေျဖလိုက္လည္းပင္မသိေတာ့ေပ။ေနာက္တစ္စကၠန္႔မွာပဲသူ႔အသိစိတ္ကိုဆံုးရွံုးလိုက္ရၿပီးအေမွာင္ထုထဲက်ေရာက္သြားရသည္။

****

လီလ်ိဳေနာက္တစ္ႀကိမ္အသိစိတ္ျပန္ရတဲ့အခ်ိန္မွာေတာ့သူ႔တစ္ကိုယ္လံုးနာက်င္ေနသည္ကိုသာခံစားလိုက္ရသည္။

ဘာေတြျဖစ္ေနတာလဲ?

ဘာလို႔သူ႔တစ္ကိုယ္လံုးအရမ္းနာက်င္ေနရတာလဲ?အဲ့ဒါကတစ္စံုတစ္ေယာက္ကဤခႏာၱကိုယ္ကအ႐ိုးေတြအားလံုးကိုတိုက္ခိုက္ၿပီးခ်ိဳးဖဲ့ထားသလိုပဲ။

"....အာ့...." လီလိ်ဳမွာအလြန္နာက်င္ေနတာေၾကာင့္စကားတစ္ခြန္းပင္မေျပာႏိုင္ေသးေပ။သူ႔ရဲ႔အေတာ္ေလးပင္ပန္းေနသည့္မ်က္လံုးတစ္စံုကိုဖြင့္လိုက္ေသာအခါသူ႔မ်က္လံုးေရွမွာမာေက်ာသည့္ေက်ာက္သားမ်က္ႏွာက်က္တစ္ခုေပၚလာသည္။

ပတ္ဝန္းက်င္ကိုဝီရိယစိုက္ထုတ္ၾကည့္လိုက္ေသာအခါသူအခုဂူတစ္ခုထဲေရာက္ေနေၾကာင္းခ်က္ခ်င္းသိသြားသည္။

[ေရွာင္းခ်ီ,အခုအေျခအေနကဘယ္လိုျဖစ္တာလဲဘာလို႔ငါ့ရဲ႔လက္ရွိခႏာၱကိုယ္ကဒီလိုျဖစ္ေနရတာလဲ?]

[ႀကီးျမတ္တဲ့hostေရ,hostကအခုနတ္ဆိုးသခင္ရဲ႔အမတလမ္းစဥ္ကမာၻကိုျပန္ေရာက္လာတာပါဒါေပမဲ့လက္ရွိအခ်ိန္ကhostထြက္သြားၿပီးေနာက္ႏွစ္သံုးရာေက်ာ္ျဖစ္သြားပါၿပီ...ၿပီးေတာ့hostအေနနဲ႔ဝိဉာဥ္မရွိတဲ့ခႏာၱကိုယ္ကိုသာေရြးခ်ယ္လို႔ရပါမယ္...ဒီခႏာၱကိုယ္ပိုင္ရွင္ကေသဆံုးၿပီးသြားပါၿပီ..သူကမေသခင္ဒဏ္ရာအျပင္းအထန္ရခဲ့လို႔ျဖစ္ပါလိမ့္မယ္အဲ့ဒါေၾကာင့္hostဒီလိုခံစားေနရတာပါ...ဒါေပမဲ့အဲ့ဒါကိစၥႀကီးမဟုတ္ပါဘူး...ေရွာင္းခ်ီကhostအတြက္ေဆးေထာက္ပံ့ေပးပါ့မယ္ၿပီးရင္ဒီဒဏ္ရာေတြကျမန္ျမန္ေပ်ာက္သြားမွာပါ]

လီလ်ိဳ: [......]

ဒီဒဏ္ရာေတြကျမန္ျမန္ေပ်ာက္သြားမယ္ဆိုေပမယ့္သူအခုခံစားေနရတဲ့ျပင္းထန္တဲ့နာက်င္မႈကအတုအေယာင္မဟုတ္ဘူးဟ!ဘာလို႔မ်ားသူ႔အတြက္ပိုေကာင္းတဲ့ခႏာၱကိုယ္မေရြးေပးႏိုင္ရတာလဲ?!

ဒီအခ်ိန္မွာေတာ့ျပင္းထန္လွတ့ဲနာက်င္မႈေၾကာင့္သူ႔ရဲ႔မူလကမာၻကိုျပန္သြားရတဲ့အခ်ိန္မွာသူ႔ရဲ႔သူငယ္ခ်င္ေကာင္းကသူ႔အေပၚအဲ့ဒီလိုအေတြးမ်ိဳးရွိေနတယ္ဆိုတဲ့ရွာေဖြေတြ႕ရွိမႈအားျပန္ေတြးႏိ္ုင္မယ့္အင္အားအပိုမရွိေသးေပ။

သူ႔ရဲ႔ယခင္ထိတ္လန္႔ဖြယ္သံသယသည္လည္းတကယ့္ကိုရႈပ္ေထြးတဲ့ကိစၥမ်ားျဖစ္သြားႏိုင္သည္။

ေရွာင္းခ်ီေပးတဲ့ေဆးကိုလီလ်ိဳစားၿပီးေနာက္သူ႔ကိုယ္ေပၚကျပင္းထန္ေသာနာက်င္မႈကဒီေရလိုတစ္ျဖည္းျဖည္းေလ်ာ့နည္းသြားေသာ္လည္းလီလ်ိဳကေတာ့သူ႔တစ္ကိုယ္လံုးပင္ပန္းေနသလိုခံစားရၿပီးသူ႔အင္အားကိုျပန္မျဖည့္ဆည္းႏိုင္ေသးေပ။

အဲ့ဒီလိုပံုစံနဲ႔ႏွစ္ရက္ေလာက္လွဲေနၿပီးမွသာလီလ်ိဳသည္သူ႔ကိုယ္ကအင္အားအနည္းငယ္စုေဆာင္းလာႏိုင္သလိုခံစားရၿပီးဂူနံရံအားကိုင္၍အႏိုင္ႏိုင္မတ္တပ္ထရပ္ရသည္။

ေနာက္ထပ္ရက္အနည္းငယ္အၾကာမွာေတာ့အနည္းငယ္အားနည္းေနတဲ့လူလိုမ်ိဳးေျဖးၫွင္းစြာလမ္းေလွ်ာက္ႏိုင္ေလၿပီ။

သူေျမျပင္ေပၚမွာလွဲေနရတုန္းကဂူရဲ႔အတြင္းပိုင္းေလာက္တြင္ေရသံၾကားထားရသည္။လီလ်ိဳကသူ႔ခႏာၱကိုယ္ကိုရက္အနည္းငယ္ေလာက္ဂ႐ုမစိုက္ႏိုင္ခဲ့တာေၾကာင့္သူေျခလွမ္းအနည္းငယ္လွမ္းႏိုင္တဲ့အခါမွာေတာ့မေနႏိုင္ေတာ့ပဲဂူအတြင္းပိုင္းထဲေလွ်ာက္ဝင္သြားလိုက္၏။

မီတာတစ္ရာေလာက္ေလွ်ာက္ၿပီးေနာက္မွာတကယ္ကိုေက်ာက္စက္ေရေၾကာင့္ျဖစ္ေပၚေနသည့္ေဘစင္အရြယ္ေရအိုင္ေလးတစ္ခုကိုျမင္လိုက္ရသည္။ဒါ့အျပင္လမ္းကိုေတာင္မျမင္ရေလာက္ဘူးလို႔သူထင္ထားခဲ့တ့ဲထိုေနရာဘက္ကသိပ္ၿပီးမေမွာင္ပဲဘယ္ေနရာကလာမွန္းမသိႏိုင္တဲ့အလင္းမ်ားစြာရွိေနတာေၾကာင့္ဂူရဲ႔အတြင္းပိုင္းကအနည္းငယ္ေတာက္ပေနသည္။

လီလ်ိဳကေရအိုင္ေလးရွိရာသို႔ေျဖးၫွင္းစြာေလွ်ာက္လာလိုက္ၿပီးမွေျဖးၫွင္းစြာထိုင္ခ်လိုက္သည္။လက္ရွိသူ႔ရဲ႔ရႈပ္ပြေနတဲ့ပံုရိပ္ကေရမ်က္ႏွာျပင္ေပၚမွာခ်က္ခ်င္းထင္ဟပ္သြား၏။

ထိုအခ်ိန္မွာဒီလူရဲ႔မ်က္ႏွာကဘာမွန္းမသိတဲ့အရာတစ္ခ်ိဳ႔စြန္းထင္းေနၿပီးအေရွ႕ဘက္ကအနက္နဲ႔အေနာက္ဘက္ကမီးခိုးလိုျဖစ္ေနတာေၾကာင့္သူ႔ရဲ႔လက္ရွိခႏာၱကိုယ္ကဘယ္လိုပံုစံလဲဆိုတာရွင္းရွင္းလင္းလင္းမျမင္ရေသးေပ။

လီလ်ိဳအေနနဲ႔မ်က္လံုးတစ္ခုတည္းကိုသာျမင္ရသည္။သူကခ်က္ခ်င္းေရကိုလက္ခုပ္နဲ႔ယူၿပီးမ်က္ႏွာသစ္လိုက္သည္။

မ်က္ႏွာသစ္ၿပီးေရကိုေနာက္တစ္ႀကိမ္ျပန္ၾကည့္လိုက္တဲ့အခါမွာေတာ့ခ်က္ခ်င္းပင္ေနရာတင္ေတာင့္ခဲသြားေတာ့သည္။ေရမ်က္ႏွာျပင္ေပၚမွာေပၚေနတဲ့မ်က္ႏွာကအမ်ိဳးသမီးတစ္ေယာက္ထက္ပင္ပိုလွေသးသည္။

ဒီလူကဇာတ္လိုက္ရဲ႔လံုျခံဳေရးကိုအာမခံႏိုင္ဖို႔အတြက္သူ႔ကိုယ္သူေဖာက္ခြဲပစ္တဲ့အထိတြန္းအားေပးခဲ့တဲ့ယြင္ထ်န္ဟန္းမဟုတ္ဘူးလား?!

လီလ်ိဳကေရေပၚမွာထင္ဟပ္ေနတဲ့႐ုပ္ပံုလႊာကိုၾကည့္ေနရင္းသူ႔မ်က္ႏွာေပၚမွာထိတ္လန္႔ေနတဲ့အမူအယာေပၚလာရသည္။ေရမ်က္ႏွာျပင္ေပၚက႐ုပ္ပံုသည္လည္းတူညီတဲ့ထိတ္လန္႔ေနတဲ့အမူအယာျဖစ္တည္ေန၏။

ထို႔ေနာက္ထိုလွပတဲ့သလင္းနီလိုမ်က္လံုးတစ္စံုထဲမွာေနာက္တစ္ႀကိမ္ထပ္ေသခ်င္ေနတဲ့စိတ္ဆႏၵေတြေပၚလာသည္။

ဟီးဟီး,ေက်းဇူးျပဳၿပီးေျပာျပၾကစမ္းပါ,သူကအခုဇာတ္လိုက္အျမန္ဆံုးဖယ္ရွားခ်င္ေနတဲ့ရန္သူေတာ္ႀကီးျဖစ္သြားတာလား...အခုသူကဒီလိုအေျခအေနျဖစ္သြားမွေတာ့ဘယ္လိုလုပ္ဇာတ္လိုက္နဲ႔နီးစပ္ေအာင္လုပ္ႏိုင္ေတာ့မွာလဲ?

onlineကိုအေရးေပၚလိုအပ္ေနပါတယ္!

ၾကည့္ရတာအရင္ကျပင္းထန္တဲ့ဒဏ္ရာဆိုတာကလည္းခ်ဴးဝူရံုေၾကာင့္ျဖစ္ခဲ့ဟန္တူသည္။ယြင္ထ်န္ဟန္းသည္လည္းတကယ့္ကိုအင္အားရွိပုံပဲ။ခ်ဴးဝူရံုဆီကေနဒီေလာက္အထိအ႐ိုက္ခံခဲ့ရတာေတာင္ဒီဂူထဲထိျပန္ေျပးလာႏိုင္ေနေသးသည္ေလ။

ဒါေပမဲ့ေရွာင္းခ်ီေျပာပံုအရဆိုရင္ယြင္ထ်န္ဟန္းကေသဆံုးၿပီးသြားၿပီ...ဆိုေတာ့သူရခဲ့တဲ့ဒဏ္ရာကအရမ္းကိုျပင္းထန္လို႔သူ႔ဝိဉာဥ္အားေတြအကုန္လံုးကုန္ဆံုးသြားခဲ့ၿပီးေဆးကိုအခ်ိန္မွီမစားႏိုင္ခဲ့တာလို႔ခန္႔မွန္းလို႔ရတယ္..

ဒါေပမဲ့ဘယ္လိုပဲျဖစ္ေနပါေစဒီေလာက္ေၾကာက္စရာေကာင္းတဲ့ရႈပ္ေထြးမႈႀကီးကိုသူတကယ္ပဲလက္လႊဲမယူခ်င္ဘူးလို႔!

လီလ်ိဳမွာစိုးရိမ္ပူပန္မႈေၾကာင့္ဆံပင္ေတြပါကၽြတ္လာသလိုခံစားရသည္။အခုခ်ိန္မွာခ်ဴးဝူရံုကဂ်င္ခ်န္းဂ်ီဟုတ္တာမဟုတ္တာအသာထားဦးသူခ်ဴးဝူရံုေရွ႕ေတာင္မသြားခ်င္ေတာ့ဘူး

အကယ္၍သူသာDemigodအဆင့္ယြင္ထ်န္ဟန္းကိုေတာင္ဒီေလာက္အေျခအေနဆိုးတဲ့အထိလုပ္ပစ္ႏိုင္တ့ဲခ်ဴးဝူရံုေရွ႕ကိုသြားမယ္ဆိုရင္သူ႔ေရွ႕ကိုျဖတ္မေလွ်ာက္ႏိုင္ခင္မွာတင္အသတ္ခံရလိမ့္မယ္

လီလ်ိဳသည္ေရမ်က္ႏွာျပင္ေပၚမွာထင္ဟန္ေနတဲ့အလြန္တရာလွပေသာမ်က္ႏွာကိုၾကည့္ၿပီးသူ႔အနာဂတ္ကေမွာင္မဲေနတယ္လို႔ခံစားလိုက္ရသည္။

[ေရွာင္းခ်ီ,ငါအခုခ်ိန္ဒုတိယအႀကိမ္ေရြးခ်ယ္ခြင့္ရႏိုင္ဦးမလား?]

[ႀကီးျမတ္တဲ့hostေရ,အားတင္းထားပါ,hostလုပ္ႏိုင္မယ္လို႔ယံုၾကည္ပါတယ္!]

ေရွာင္းခ်ီကသူ႔ကိုအားေပးရန္သူ႔အသိစိတ္ထဲမွာဖဲျပားစေလးႏွစ္ခုကိုပင္ေဝွ႕ယမ္းျပေနေသးသည္။

လီလ်ိဳ: [......] စကားကိုဒီလိုေရွာင္ပစ္လိုက္တာမင္းအတြက္တကယ္ပဲေကာင္းလို႔လား?

အဆံုးမွာေတာ့လီလ်ိဳသည္သူ႔ရဲ႔ကိုယ္ထည္အသစ္ကိုကူကယ္ရာမဲ့စြာပဲလက္ခံလိုက္ရၿပီးလံုျခံဳဖို႔အတြက္ျပင္ဆင္ရေတာ့သည္။

အေၾကာင္းကေတာ့သူ႔လက္ရွိခႏာၱကိုယ္ကလႈပ္ရွားလို႔ရေနၿပီဆိုေပမယ့္အလြန္အားနည္းေနေသးသည္။လီလ်ိဳအေနနဲ႔သူ႔ခႏာၱကိုယ္အျပည့္အဝျပန္ေကာင္းၿပီးအစီအစဥ္တစ္ခုခုမလုပ္ႏိုင္ခင္ဂူထဲမွာသာဆက္ေန၍က်င့္ၾကံေနရသည္။

ဒါေပမဲ့လက္ရွိသူ႔မ်က္ႏွာကအလြန္သိသာေနတာေၾကာင့္ဒီပံုစံႀကီးနဲ႔ဒီအတိုင္းအျပင္ထြက္ၿပီးေလွ်ာက္သြားေနလို႔ေတာ့မရဘူးလို႔ခန္႔မွန္းလို႔ရသည္။

လီလ်ဳိခ်က္ခ်င္းေရွာင္းခ်ီအားသူ႔မ်က္ႏွာကိုေျပာင္းလဲလို႔ရမရေမးတဲ့အခါေရွာင္းခ်ီေပးတဲ့အေျဖကအေတာ္ေလးလန္းဆန္းသြားေစသည္။

ယြင္ထ်န္ဟန္းရဲ႔အသြင္အျပင္ကိုေဆးလံုးသံုးၿပီးေျပာင္းလဲလို႔ရသည္။ဒါေပမဲ့အဲ့ဒါကသူ႔အဆင့္ထက္နိမ့္တဲ့က်င့္ၾကံသူေတြကိုပဲလွည့္စားႏိုင္မွာျဖစ္သည္။အကယ္၍သူ႔ထက္ျမင့္တဲ့က်င့္ၾကံသူဆိုရင္သူ႔ရဲ႔ျပင္ထားတဲ့အသြင္အျပင္ကိုျဖတ္ၿပီးမူလအသြင္အျပင္ကိုျမင္ႏိုင္ၾကလိမ့္မည္။

ေနာက္ဆံုးေတာ့လီလိ်ဳမွာသူ႔ႏွလံုးသားထဲကစိုးရိမ္ပူပန္မႈကိုလႊတ္ခ်ႏိုင္ေလၿပီ။အျပင္ထြက္တာနဲ႔ခ်ဴးဝူရံုကိုဝင္တိုက္မိရေလာက္ေအာင္ထိေတာ့ကံမေကာင္းမျဖစ္ေလာက္ဘူး..

ဒီလိုနဲ႔ပဲလီလ်ိဳကသူ႔ခႏာၱကိုယ္အမ်ားစုျပန္ေကာင္းလာၿပီလို႔ခံစားရတဲ့အထိဂူထဲမွာလဝက္ေလာက္ထပ္မံက်င့္ၾကံေနလိုက္သည္။

သို႔ေသာ္သူ႔ဒဏ္ရာကအေတာ္ေလးျပင္းထန္တာေၾကာင့္မူလကDemigodအလယ္အဆင့္ကိုေရာက္ၿပီး,ေနာက္ဆံုးအဆင့္ကိုထိလုနီးပါးျဖစ္ေနတဲ့သူ႔က်င့္ၾကံဆင့္ကအခုေတာ့Demigodရဲ႔မူလအစအဆင့္ကိုျပန္ေရာက္သြားၿပိျဖစ္သည္။

ဒါ့အျပင္သူ႔အေနနဲ႔Demigodအဆင့္ရဲ႔မူလအစစြမ္းရည္ကိုပင္ထုတ္ေဖာ္ႏိုင္မွာမဟုတ္ပဲNascent Soul ေနာက္ဆံုးအဆင့္စြမ္းရည္ကိုသာအသံုးခ်လို႔ရမည္။

သို႔ေသာ္ Nascent Soul ေနာက္ဆံုးအဆင့္စြမ္းရည္ကလည္းသာမာန္က်င့္ၾကံသူထက္ေတာ့အဆမတန္သာလြန္ေနေသးတာေၾကာင့္လီလ်ိဳအတြက္ေတာ့လံုးဝလံုေလာက္ေပသည္။

ၿပီးေတာ့လည္းသူဒီကမာၻကမထြက္ခြာခင္ကDemigodအဆင့္ကိုေရာက္ခဲ့တဲ့က်င့္ၾကံသူကတိုက္ႀကီးတစ္ခုလံုးေပါင္းမွာအေယာက္ႏွစ္ဆယ္ေက်ာ္ေက်ာ္သာရွိသည္။ၿပီးေတာ့Synthesisအဆင့္မွာရွိတဲ့သူကေလးေယာက္ငါးေယာက္ေလာက္သာရွိၿပီးMahayanaအဆင့္ဆိုရင္ေတာ့ေသခ်ာေပါက္ရွိေတာင္မရွိေပ။

ထို႔ေၾကာင့္ဒီလိုႏွစ္ရာစုအနည္းငယ္ေလာက္နဲ႔ေတာ့႐ုတ္တရက္ႀကီးသူ႔ထက္သာလြန္တဲ့သူအမ်ားႀကီးေပၚထြက္လာစရာအေၾကာင္းမရွီဘူးျဖစ္သည္။

.......................................

Continue Reading

You'll Also Like

58.8K 8.3K 12
𝕋𝕚𝕥𝕝𝕖 - 𝕋𝕙𝕖 ℂ𝕦𝕥𝕖𝕤𝕥 ℍ𝕚𝕘𝕙𝕥 𝔻𝕚𝕗𝕗𝕖𝕣𝕖𝕟𝕔𝕖, 最萌身高差 𝔸𝕦𝕥𝕙𝕠𝕣 - 碳酸, ℂ𝕒𝕣𝕓𝕠𝕟𝕚𝕔 𝔸𝕔𝕚𝕕, 𝕋𝕒𝕟 𝕊𝕦𝕒𝕟 𝔼𝕟𝕘 𝕋𝕣𝕒𝕟𝕤�...
96.1K 12.1K 104
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
1.6M 272K 200
Myanmar Translation Genre: Adventure, Cultivation, Xianxia, BL ပါရမီရှင်အဖြစ်မွေးဖွားလာသူ လင်ရွှမ်းဇီ သည်သူ၏အတိတ်ဘ ၀ တွင်ကမ္ဘာကြီးကိုမလွှမ်းမိုးခဲ့သေ...