(Completed )The Transmigratio...

By Xiao_Yiii

1.3M 194K 3.1K

မနက္ခင္းတစ္ခုတြင္ system နွင့္ခ်ည္ေနွာင္ခံရျပီးေနာက္ MC မွာလုပ္ရိုးလုပ္စဥ္တစ္ခုကဲ့သို႔ပင္ ML ဤဖမ္းဆီးျခင္း/တု... More

Description
Arc(1.1) - The Wild Dragon proud day
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)
Arc(1.10)
Arc(1.11 - 1)
Arc(1.11 - 2)
Arc(1.12)
Arc(1.13 - 1)
Arc(1.13 - 2)
Arc(1.14)
Arc(1.15)
Arc(1.16)
Arc(1.17)
Arc(1.18)
Arc(1.19)
Arc(1.20)
Arc(1.21)
Arc(1.22)
Arc(1.23)
Arc(1.24)
Arc(1.25)
Arc(1.26)
Arc(1.27)
Arc(1.28)
Arc(1.29)
Arc(1.30)
Arc(1.31)
Arc(1.32)
Arc(1.33)
Arc(1.34)
Arc(1.35)
Arc(1.36 -> 1~2~3)
Arc(1.36 -> 4~5)
Real World
Real World-2
Arc(2.1) - Saint Magus
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)
Arc(2.9)
Arc(2.10)
Arc(2.11)
Arc(2.12)
Arc(2.13)
Arc(2.14)
Arc(2.15)
Arc(2.16)
Arc(2.17)
Arc(2.18)
Arc(2.19 - 1)
Arc(2.19 - 2)
Arc(2.20)
Arc(2.21)
Arc(2.22 - 1)
Arc(2.22-2)
Arc(2.23)
Arc(2.24)
Arc(2.25)
Arc(2.26)
Arc(2.27)
Arc(2.28)
Arc(2.29)
Arc(2.30)
Arc(2.31)
Arc(2.32)
Arc(2.33)
Arc (2.34)
Arc(2.35)
Arc(2.36)
Arc(2.37)
Arc(2.38)
Arc(2.39)
Arc(2.40)
Arc(2.41)
Arc(2.42)
Arc(2.43)
Arc(2.44)
Arc(2.45)
Arc(2.46)
Arc(2.47)
Arc(2.48)
Back to Real World (1)
Back to Real World (2)
Arc(3) - 'Immortal Path of Devil Lord'
Arc(3.1)
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)
Arc(3.14)
Arc(3.15)
Arc(3.16)
Arc(3.17)
Arc(3.18)
Arc(3.19)
Arc(3.20)
Arc(3.21)
Arc(3.22)
Return to the University (1)
Return to the University (2)
Return to the University (3)
Return to the University (4)
Return to the University (5)
Return to the University (6)
Return to the University (7)
Return Arc(3.23)
Arc(3.24)
Arc(3.25)
Arc(3.26)
Arc(3.27)
Arc(3.28)
Arc(3.29)
Arc(3.30)
Arc(3.31)
Arc(3.32)
Arc(3.33)
Arc(3.34)
Arc(3.35)
Arc(3.36)
Arc(3.37)
Arc(3.38)
Extra; {မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}
Extra; the New Emperor and Empress
Thank You

Return to the University (8)

4.9K 785 6
By Xiao_Yiii

Unicode

Return to the University (8)

အခုအရာအားလုံးဖြေရှင်းပြီးသွားပြီဖြစ်တာကြောင့်လီလျိုလည်းအိပ်ယာထပြီးဆေးကြောကာသူ့အဝတ်အစားတွေကိုအိတ်ကြီးတစ်အိတ်နဲ့ထည့်လိုက်သည်။အဲ့ဒါမှသူတို့ဂျင်ချန်းဂျီရဲ့နေရာကိုသွားရင်တစ်ခါတည်းသယ်သွားလို့ရမှာ..

ဒီနေ့,ထိုရုတ်တရက်ဖြစ်ရပ်ကြောင့်လူတိုင်းနီးစပ်ရာကန်တင်းမှာသာမနက်စာစားလိုက်ကြသည်။သူတို့ပြန်သွားတဲ့အချိန်မှသာဖြတ်သွားရင်းဖြင့်လီလျိုရဲ့အိပ်ယာပေါ်ကမျက်နှာကျက်အားပြန်ပြင်ဆင်ဖို့အကြောင်းကိုအဆောင်မန်နေဂျာအားအကြောင်းကြားလိုက်သည်။

အဆောင်သို့ပြန်ရောက်ပြီးနောက်လီလျိုကအဓိကဘာသာရပ်စာအုပ်ကိုထုတ်၍တစ်နာရီကျော်ကြာပြန်နွေးလိုက်ပြီးကွန်ပျူတာကိုဖွင့်ကာစာဆက်ရေးနေလိုက်သည်။

လည်ပင်းအထိအမွှေးပွစောင်အားပတ်ခြုံထားပြီးကျုံ့နေတဲ့ဟမ်းစတားလေးလိုမျိုးဖြစ်နေကာသူ့လက်ကိုအားသွင်းရေအိတ်နဲ့ဖုန်းရင်းစာရိုက်ဖို့ကြိုးစားနေတဲ့လီလျိုကိုဂျင်ချန်းဂျီငေးကြည့်နေမိသည်။

ထိုပုံစံလေးကဂျင်ချန်းဂျီရဲ့နှလုံးသားအားတစ်နည်းနည်းနဲ့ရွှင်လန်းသွားစေ၏။လီလျိုရဲ့အဲ့ဒီကျုံ့နေတဲ့လည်ပင်းလေးနဲ့ရှုပ်ပွနေတဲ့ခေါင်းပွယောင်းယောင်းလေးကသူ့မျက်လုံးထဲအတော်ကိုချစ်စဖွယ်အတိပင်။

သမုဒ္ဒရာလိုစာလုံးပုံကြားထဲနစ်မြှုပ်နေဆဲဖြစ်သည့်လီလျိုရှိရာသို့လျှောက်သွားလိုက်ပြီးလီလျိုရဲ့ခေါင်းပေါ်ကထိုအမွှေးပွဆံနွယ်လေးများကိုထိတွေ့ချင်နေသည့်သူ့လက်အားပြန်ထိန်းထားလိုက်ရသည်။

ဂျင်ချန်းဂျီရဲ့နက်မှောင်သည့်မျက်လုံးများကအအေးဒဏ်ကြောင့်ထိပ်ဖျားလေးတွေရဲနေသည့်နူးညံ့ပြီးမျက်စိပသာဒဖြစ်ဖွယ်ကောင်းသောလက်ချောင်းလေးများကိုကြည့်လိုက်သည်။ပြီးနောက်သူ့ရဲ့အေးဆေးပြီးတည်ငြိမ်သည့်ဟန်ပန်ဖြင့်ပင်လီလျိုရဲ့အေးခဲနေသည့်နားရွက်နီလေးများနားသို့ကွေးညွှတ်လိုက်၍သာမန်ထက်ပိုနိမ့်ပိုပြီးဆွဲဆောင်မှုရှိလှသည့်အသံကိုသုံးကာပြောလိုက်သည်။

"ရှောင်းလျို,ဘယ်လိုပဲဖြစ်ဖြစ်မင်းဟိုကိုသွားရမှာပဲဟာကိုဒါမှမဟုတ်ငါတို့အရင်သွားလိုက်ကြမယ်လေ...ငါတို့အဲ့ဒီကိုရောက်ရင်မင်းကိုလေနွေးပေးစက်ဖွင့်ပေးမယ်,အဲ့ဒါဆိုမင်းပိုပြီးသက်တောင့်သက်သာဖြစ်သွားလိမ့်မယ်"

လီလျိုမှာတော့သူ့နားရွက်ကိုအသက်ရှုသံမျှဉ်းမျှဉ်းလေးဖြတ်တိုက်သွားသည်ကိုသာခံစားလိုက်ရသည်။ဒါ့အပြင်မူလကတည်းကနားထောင်လို့ကောင်းလှသည့်အသံကိုပိုတိုးလိုက်သည့်အခါပိုပြီးယောကျာ်းပီသမှုကိုဖော်ပြသွားသည်။

လီလျိုဂျင်ချန်းဂျီရဲ့အသံကိုကြားပြီးနောက်ချက်ချင်းသူ့နားတွေထူပူသွားသလိုခံစားလိုက်ရတာကြောင့်ဘာမှမတတ်နိုင်ပဲသူ့ရဲ့ထူပူနေသည့်နားတွေကိုထိကြည့်မိတော့သည်။ထို့နောက်သူ့မျက်နှာကိုလှည့်လိုက်သည့်အခါဂျင်ချန်းဂျီရဲ့စံနမူနာယူူစရာချောမောခန့်ညားသည့်မျက်နှာအားမြင်လိုက်ရလေသည်။

မပြင်မဆင်ထားတဲ့အချိန်မှာဂျင်ချန်းဂျီရဲ့ဒီလိုမျက်နှာမျိုးနဲ့ရင်ဆိုင်လိုက်ရတော့ဘယ်လိုပဲမကြာခဏမြင်ဘူးတယ်ဆိုဆိုလီလျိုမှာတော့ထိတ်လန့်သွားမိဆဲပင်။အဲ့ဒီမျက်နှာ,ကွန်ပျူတာနဲ့တိကျစွာချိန်ညှိထားသည်ပုံပေါ်သည်ထိုမျက်နှာသည်တကယ့်ကိုလူူတွေအားများစွာအကျိုးသက်ရောက်စေသည်။

ဂျင်ချန်းဂျီရဲ့ပြီးပြည့်စုံလှတဲ့အသံနေအသံထားနဲ့ပေါင်းလိုက်တော့မိန်းကလေးတွေအများကြီးသူ့ကိုချစ်ခင်နှစ်သက်နေတာအံ့သြစရာမရှိတော့ဘူး

လီလျိုကခဏလောက်ဗလာဖြစ်စွာကြည့်နေမိပြီးမှသူ့ဝိဉာဉ်လေးပြန်ရောက်လာရသည်။ဂျင်ချန်းဂျီပြောလိုက်တဲ့စကားတွေကိုပြန်ခေါ်ကြည့်တော့စကားလုံးသုံးလုံးတည်းကသာသူ့စိတ်ထဲမှာရှိတော့သည်။

"လေနွေး,ပေးစက်,ဖွင့်ပေးမယ်!"

လီလျိုရဲ့မျက်လုံးများချက်ချင်းပင်မြင့်တက်သွားပြီးတွန့်ဆုတ်မှုမရှိစွာပြန်ဖြေသည်။

"ဒါဆိုငါပစ္စည်းနည်းနည်းထုတ်လိုက်ဦးမယ်ငါ့ကိုငါးမိနစ်ပဲစောင့်"

ပြောလို့ပြီးသည်နှင့်မူလရေးထားတဲ့စာဖိုင်များအားကွန်ပျူတာထဲသိမ်းဆည်းလိုက်ပြီးကွန်ပျူတာကိုအိတ်ထဲပြန်ထည့်လိုက်သည်။ပြီးတာနဲ့သန့်စင်ခန်းထဲမှရေချိုးခန်းသုံးပစ္စည်းများနဲ့သဘက်ကိုအိတ်ထဲပစ်ထည့်၏။

သူပြန်ထွက်လာတဲ့အချိန်မှတော့ဂျင်ချန်းဂျီကလက်တစ်ဖက်မှာကွန်ပျူတာအိတ်ကိုင်ပြီးနောက်လက်တစ်ဖက်ကအဝတ်အိတ်ကိုင်ကာရပ်စောင့်နေသည်ကိုမြင်လိုက်ရသည်။

လီလျိုကဂျင်ချန်းဂျီဘေးကိုလျှောက်သွားလိုက်ရင်းဖြင့်သူ့လက်ထဲကသူ့ပစ္စည်းတွေကိုကြည့်ကာပြောလိုက်သည်။

"ချန်းဂျီ,အဲ့ဒါငါ့ပစ္စည်းတွေလေကိုယ့်ဘာသာကိုယ်သယ်ပါ့မယ်"

"ရပါတယ်,သွားရအောင်" ဂျင်ချန်းဂျီကလီလျိုကိုငြင်းဆန်မယ့်အခွင့်အရေးမပေးပဲသူ့ပစ္စည်းတွေကိုကိုင်ထားရင်းနဲ့ပင်အဆောင်တံခါးမှချက်ချင်းထွက်သွားတော့သည်။

လီလျိုကရှက်ရွံစွာနဲ့နှာခေါင်းကိုထိမိသော်လည်းဂျင်ချန်းဂျီရဲ့အပြုအမူကြောင့်ရင်ထဲမှာနွေးထွေးသွားမိတာကြောင့်မနေနိုင်စွာနှုတ်ခမ်းတစ်စုံကွေးညွတ်တက်သွားရ၏။ဒီလိုသူငယ်ချင်းမျိုးရှိတာတကယ့်ကိုအကြီးမားဆုံးကံကောင်းခြင်းပဲ...

အတွေးတွေကိုထပ်ပြီးမရှည်ကြာစေတော့ပဲလီလျိုကဂျင်ချန်းဂျီနောက်ကနေအလျင်အမြန်ဖြင့်အမှီလိုက်သွားတော့သည်။

****

ဂျင်ချန်းဂျီဝယ်ထားတဲ့တိုက်ခန်းကNတက္ကသိုလ်နဲ့သိပ်မဝေးသောခရိုင်တစ်ခုမှာဖြစ်သည်။ထိုခရိုင်ကလွန်ခဲ့တဲ့နှစ်အနည်းငယ်ကမှအသစ်တည်ဆောက်ထားခြင်းပင်။

အတွင်းပိုင်းရှိအဆောက်အအုံအားလုံးကနောက်ဆုံးပေါ်ဖြစ်ပြီးဂိတ်တံခါးကိုလည်းလုံခြုံရေးအစောင့်များစွာခွဲဝေနေရာချထားတာကြောင့်အကောင်းဆုံးလူထုလုံခြုံရေးရသည့်ခရိုင်တစ်ခုဖြစ်သည်။

လီလျိုသည်ဂျင်ချန်းဂျီနောက်ကနေလိုက်သွားရင်းခြောက်ခုမြောက်တိုက်ခန်းရဲ့ရှစ်လွှာသို့ရောက်သွားသည်။မကြာခင်ပဲဂျင်ချန်းဂျီကညာဘက်မှလေးလံသည့်သူခိုးကာကွယ်နိုင်သောသစ်သားတံခါးကိုဖွင့်ပြီးလီလျိုနှင့်အတူဝင်လိုက်သည်။

အိမ်၏အတွင်းပိုင်းမှာလွန်ခဲ့တဲ့နှစ်တွေကလီလျိုမှတ်မိနေခဲ့သလိုပဲလူတစ်ယောက်နေထိုင်ခဲ့သည့်နေရာနှင့်မတူဘဲအလွန်သန့်ရှင်းနေသည်။အိမ်၏ဝင်ပေါက်တည့်တည့်တွင်ဧည့်ခန်းရှိသည်။ဧည့်ခန်းနံရံမှာတော့ ၁၀ လက်မကျော် LCD တီဗွီတစ်ခုချိတ်ထားပြီးတီဗီရှေ့တွင်သေးငယ်သည့်စားပွဲတစ်ခုနှင့်ဆိုဖာသုံးခုရှိသည်။

ဂျင်ချန်းဂျီဝယ်ယူခဲ့သောဤအိမ်သည်ပုံမှန်အိပ်ခန်းသုံးခန်းပါရှိသည်။သို့သော်မာစတာအိပ်ခန်းတစ်ခုကလွဲရင်တစ်ခြားနှစ်ခုကစာကြည့်ခန်းနှင့်အားကစားပစ္စည်းအမျိုးမျိုးရှိသောအားကစားခန်းမတစ်ခုဖြစ်သည်။ဒါကသူ့ရဲ့ကိုယ်ပိုင်နေရာလေးဖြစ်တယ်ဆိုတာမြင်နိုင်ပြီးဧည့်သည်လာနိုင်တယ်ဆိုတာမျိုးမတွေးထားသလိုပင်။

လီလျိုကိုအိမ်ထဲခေါ်လာပြီးနောက်ဂျင်ချန်းဂျီကချက်ချင်းအခန်းထဲကလေနွေးပေးစက်ကိုဖွင့်ပေးလိုက်သည်။

လီလျိုကသူ့ခြောထောက်ထက်ကြီးတဲ့စလစ်ပါကိုဝတ်လိုက်ပြီးနောက်ဧည့်ခန်းဘေးကသန့်စင်ခန်းဆီတိုက်ရိုက်သွားလိုက်ပြီးသူ့ရဲ့ရေချိုးခန်းသုံးပစ္စည်းများကိုထားဖို့ပြင်၏။

သို့သော်သူခြေလှမ်းအနည်းငယ်သာလှမ်းရသေးသည်ဂျင်ချန်းဂျီကပြောလာသည်။

"ငါ့အခန်းထဲကသန့်စင်ခန်းထဲထည့်ထားလိုက်...မင်းထတဲ့အချိန်ဆေးကြောဖို့အဆင်ပြေတာပေါ့"

မူလကမာစတာခန်းရဲ့သန့်စင်ခန်းထဲသူ့ပစ္စည်းတွေတိုက်ရိုက်ထားလိုက်ရင်ရိုင်းလိမ့်မယ်လို့တွေးထားပေမယ့်ဂျင်ချန်းဂျီကအကြံပေးနေပြီဖြစ်တာကြောင့်လီလျိုသည်လည်းမငြင်းတော့ပေ။ဂျင်ချန်းဂျီအားကျေးဇူးတင်စကားပြောပြီးနောက်ဂျင်ချန်းဂျီရဲ့အိပ်ခန်းထဲဝင်သွားသည်။

ဂျင်ချန်းဂျီရဲ့အိပ်ခန်းကဂျင်ချန်းဂျီအပေါ်လူတွေခံစားရတဲ့ခံစားချက်နဲ့တစ်ပုံစံတည်းပဲဖြစ်သည်။အခန်းတစ်ခုလုံးကိုအလွန်ရိုးရှင်းလှသည့်အအေးရောင်ဖြင့်ဆင်ယင်ထားသည်။

ကြီးမားတဲ့အနက်ရောင်အိပ်ယာကိုတူညီသည့်အနက်ရောင်အမွှေးခင်းဖြင့်ဖုံးအုပ်ထားသည်။မီးခိုးရောင်ကုလားကာသည်လည်းမတင်ထားပေ။

သိပ်မပူတဲ့ဆောင်းရာသီနေရောင်ခြည်ကဖန်ပြတင်းမှတစ်ဆင့်ဖြတ်ဝင်လာပြီးဧည့်ခန်းထဲမှဝင်လာသည့်အလင်းရောင်သည်လည်းအနီရင့်ရောင်ကြမ်းခင်းအားအရောင်တစ်ချို့တောက်ပသွားစေသည်။အညိုရောင်ကော်ဇောတစ်ခုကိုတော့အိပ်ယာရဲ့ဘယ်ဘက်မှာထားထားသည်။

ဘယ်ဘက်နံရံမှာတော့သစ်သားဘီဒိုအတန်းလိုက်ရှိနေသည်။

မာစတာအိပ်ခန်းရဲ့ညာဘက်မှာအခန်းလေးတစ်ခုရဲ့တံခါးရှိပြီးအဲ့ဒါကသန့်စင်ခန်းလည်းဟုတ်သလိုရေချိုးခန်းလည်းဟုတ်သည်။မာစတာခန်းထဲကိုလီလျိုဝင်သွားပြိးနောက်ညာဘက်ကသန့်စင်ခန်းထဲဝင်သွားပြီးသူ့ရဲ့ရေချိုးခန်းသုံးပစ္စည်းတွေကိုဂျင်ချန်းဂျီရဲ့ပစ္စည်းတွေဘေးမှာနေရာချသည်။

ဂျင်ချန်းဂျီသည်လည်းလီလျိုရဲ့အဝတ်အိတ်ကိုသယ်လာရင်းလီလျိုရဲ့နောက်ကနေသူ့အိပ်ခန်းထဲလိုက်ဝင်လာလေသည်။

တကယ်တော့သူ့အတွက်ဒီနေရာကအဆောင်ခန်းလိုပဲဒီအတိုင်းအနားယူစရာနေရာတစ်ခုသာ..ဒါပေမဲ့သူဒီလိုကိုယ်ပိုင်နေရာလေးတစ်ခုဒီဇိုင်းဆွဲခဲ့တဲ့အတွက်ကိုတစ်ခါမှဒီလောက်ကျေးဇူးမတင်ခဲ့ဘူးဘူး...ပြီးနောက်ဒီညနေလီလျိုရဲ့ဘေးမှာအိပ်ရတော့မယ်မှန်းစဉ်းစားမိတော့ဂျင်ချန်းဂျီရဲ့မျက်လုံးများသည်ဘာမှမတတ်နိုင်ပဲမဲမှောင်သွားရတော့၏။

သန့်စင်ခန်းထဲကလီလျိုပြန်ထွက်လာတဲ့အချိန်မှာဂျင်ချန်းဂျီကအပြင်မှာရပ်နေဆဲဆိုတာကိုမြင်သွားသည်။ဂျင်ချန်းဂျီလက်ထဲမှာကိုင်ထားဆဲဖြစ်သည့်သူ့အဝတ်အိတ်ကိုမြင်တဲ့အခါမှာတော့လီလျိုကချက်ချင်းဆွဲယူလိုက်လေသည်။

"ငါ့အိတ်ကိုမင်းဗီဒိုရဲ့ဘေးမှာထည့်ထားလိုက်မယ်,ဘယ်လိုပဲဖြစ်ဖြစ်ငါ့အဝတ်တွေကလည်းနည်းနည်းလေးပဲဆိုတော့စီနေစရာဘာမှမရှိဘူး"

"ကောင်းပြီ,မင်းဒီအတိုင်းထည့်ထားလို့ရတယ်" သူ့မိသားစုဝင်တွေတောင်ဒီအကြီးဆုံးဂျင်သခင်လေးရဲ့အိပ်ခန်းထဲဝင်ခွင့်မရပေ။ဒါပေမဲ့ဒီတစ်ကြိမ်မှာတော့သူ့ရှေ့ကဒီလူကသူ့ကိုယ်ပိုင်နေရာလေးမှာလှည့်ပတ်သွားလာနေတာကိုကြည့်ရတာမျက်လုံးအတွက်အထူးတလှယ်ကျေနပ်စရာကောင်းလှသည်။

ဂျင်ချန်းဂျီသည်သူ့အခန်းထဲလျှောက်သွားနေသည့်လီလျိုကိုကြည့်ရင်းသူ့ခံစားချက်များကအထူးတလှယ်ကိုပျော်ရွှင်လာရသည်။သူကဖုန်းကိုထုတ်၍အချိန်ကြည့်လိုက်ပြီးနောက်မေးလိုက်၏။

"ရှောင်းလျို,ဆယ့်နှစ်နာရီတောင်ထိုးတော့မယ်မင်းဘာစားချင်လဲ?"

"ငါ့ကဘာပဲဖြစ်ဖြစ်ရတယ်မင်းကြိုက်တာသာမှာလိုက်"

လီလျိုကပြောရင်းဖြင့်ဗီဒိုတံခါးကိုဖွင့်ပြီးသူ့အဝတ်အိတ်ထုတ်ကိုထည့်လိုက်သည်။

အသင့်မှာစားသည့်အစားအသောက်များစားပြီးနောက်အခန်းထဲကအပူချိန်သည်လည်းလုံးဝကိုမြင့်တက်လာပြီဖြစ်သည်။

လီလျိုကသူ့အပေါ်ဝတ်ဂျာကင်ကိုချွတ်လိုက်တော့အဖြူရောင်လည်ထောင်ယုန်ဆွယ်တာလေးပေါ်လာသည်။ထို့နောက်ခြေထောက်နှစ်ဖက်ချိတ်၍ဆိုဖာပေါ်ထိုင်လိုက်ကာသူ့ရှေ့ကထိုင်ခုံလေးပေါ်ကွန်ပျူတာတင်ပြီးစတင်စာရိုက်တော့သည်။

လီလျိုရဲ့အသားအရည်ကဖြူပြီးကြည်လင်သည်။ဒါ့အပြင်သူ့ရဲ့သန့်ရှင်းနေသည့်အဖြူရောင်ဆွယ်တာကလည်းသူ့အသားအရည်ကိုအတိုင်းအတာတစ်ခုထိပိုပြီးဖြူစင်သွားစေ၏။ဒါ့အပြင်သူ့မျက်နှာပေါ်က,ကလေးဆန်မှုလေးကိုပါထပ်ပေါင်းထည့်လိုက်တဲ့အခါမှာတော့သူ့ပုံစံကမူလအသက်ထက်နှစ်အနည်းငယ်ပိုပြီးငယ်ရွယ်သွားပုံပေါ်သည်။

အကယ်၍တစ်ယောက်ယောက်သူ့ကိုစီနီယာအထက်တန်းကျောင်းသားတစ်ယောက်လု့ိပြောရင်တောင်သံသယဝင်မှာမဟုတ်ပေ။

ဂျင်ချန်းဂျီကနောက်ထပ်ဆိုဖာတစ်ခုပေါ်မှာထိုင်နေပြီးပေါ့ပါးတဲ့laptopအားသူ့ဒူးပေါ်တိုက်ရိုက်တင်ထား၏။သူကသူ့ရဲ့တရားဝင်စီးပွားရေးကိစ္စများကိုဖြေရှင်းနေရင်းဖြင့်ရံဖန်ရံခါမျက်လုံးပင့်ပြီးသိပ်မဝေးတဲ့နေရာကလီလျိုကိုတစ်ချက်တစ်ချက်လှမ်းကြည့်နေမိသည်။

ဒီလိုပုံစံမျိုးနဲ့နှစ်ပေါင်းများစွာကြာသွားခဲ့ရင်တောင်အဲ့ဒီမှာမသက်မသာဖြစ်တဲ့ခံစားချက်တစ်စုံတစ်ရာရှိမှာမဟုတ်ဘူး။

****

အချိန်ကလျင်မြန်စွာကုန်ဆုံးသွားပြီးညနေခင်းအချိန်အခါရောက်လာသည်။လီလျိုသည်လည်းစာရိုက်မနေတော့ပဲပျင်းပျင်းနဲ့TV Dramaသာစကြည့်နေတော့၏။

ဂျင်ချန်းဂျီကသူ့ကွန်ပျူတာကိုပိတ်လိုက်ပြီးအချိန်ကြည့်လိုက်ပြီးနောက်သန့်စင်ခန်းထဲဝင်သွားပြီးရေသွားချိုးတော့သည်။ထို့နောက်သူ့ကိုယ်ပိုင်ဗီဒိုကိုဖွင့်၍အသစ်ရှိနေတဲ့ညအိတ်ဝတ်စုံများအားတစ်ချက်ကြည့်လိုက်သော်လည်းမယူလိုက်ပဲသူဝတ်နေကြအနက်ရောင်ညအိပ်ဝတ်စုံကိုသာထုတ်လိုက်သည်။

"ရှောင်းလျို,နောက်ကျနေပြီရေသွားချိုးပြီးအိပ်ဖို့ပြင်တော့"

ဂျင်ချန်းဂျီကသူ့ရဲ့ညအိတ်ဝတ်စုံအားအိပ်ယာခြေရင်းမှာထားလိုက်ပြီးနောက်အိပ်ခန်းတံခါးဝမှာရပ်ပြီးရုပ်ရှင်ကြည့်နေဆဲဖြစ်သည့်လီလျိုကိုပြောလိုက်သည်။

ထိုအချိန်မှသာလီလျိုကကွန်ပျူတာဖန်သားပြင်ပေါ်ရှိdramaကနေတွန့်ဆုတ်ဆုတ်နဲ့မျက်လုံးဖယ်လိုက်သည်။ကွန်ပျူတာကိုပိတ်ပြီးနော်လီလျိုကစလစ်ပါကိုကောက်ဝတ်ပြီးအိပ်ခန်းထဲသို့လျှောက်ဝင်သွား၏။

"ငါအိပ်ယာခြေရင်းမှာညအိတ်ဝတ်စုံထုတ်ပေးထားတယ်"

ဂျင်ချန်းဂျီကအချိန်မှီသတိပေးလိုက်သည်။

"အန်,သိပြီ"

လီလျိုကသူ့အဝတ်အစားများကိုချွတ်လိုက်ပြီးဂျင်ချန်းဂျီသူ့အတွက်ပြင်ပေးတဲ့ညအိပ်ဝတ်စုံအားယူကာရေချိုးဖို့ရေချိုးခန်းထဲဝင်သွားသည်။

ဂျင်ချန်းဂျီကလီလျိုထက်ခေါင်းတစ်လုံးပိုရှည်ပြီးသူ့ပုခုံးကလီလျိုထက်ပိုကျယ်ပြန့်သည်။ထို့ကြောင့်လီလျိုရဲ့ကိုယ်ပေါ်ကအနက်ရောင်ညအိပ်ဝတ်စုံကအတော်လေးကြီးနေသည်မှာသူ့နှစ်ဆလောက်ပင်ဖြစ်နေသည်။

လီလျိုကရှက်ရွံ့စွာနဲ့ညအိတ်ဝတ်စုံရဲ့လက်တွေခြေတွေကိုခေါက်တင်လိုက်မှသာသူ့လက်လေးခြေလေးတွေတစ်စွန်းတစ်စပေါ်လာသည်။အဲ့ဒါကသူ့ကိုလည်းအပြစ်တင်လို့မရပေဘူး....သူ့ရဲ့သဘာဝအရိုးတွေကိုကအတော်လေးသေးငယ်နေတာ..သူ့ရဲ့ကလေးပေါက်မျက်နှာကိုထပ်ပေါင်းလိုက်တော့သူ့ရဲ့သက်တမ်းအတိအကျကအတော်လေးငယ်သေးတယ်လို့လူတွေကိုခံစားရစေတယ်....

ဂျင်ချန်းဂျီကအိပ်ခန်းထဲကလေနွေးပေးစက်ကိုဖွင့်ပေးပြီးမှသာရေသွားချိုးသည်။လီလျိုထွက်လာတဲ့အချိန်မှာတော့မူလကအတော်လေးအေးနေသည့်အခန်းကအခုတော့ဧည့်ခန်းထဲကလိုပဲနွေးနွေးလေးဖြစ်နေသည်ကိုချက်ချင်းခံစားလိုက်ရသည်။

ဂျင်ချန်းဂျီရဲ့အိပ်ယာကညာဘက်ခြမ်းမှာဖြစ်တာကြောင့်လီလျိုကအိပ်ယာဘက်ဘက်ခြမ်းကစောင်ကိုဖွင့်လိုက်ပြီးဝင်လှဲလိုက်သည်။

................................
Zawgyi

Return to the University (8)

အခုအရာအားလံုးေျဖရွင္းၿပီးသြားၿပိီျဖစ္တာေၾကာင့္လီလ်ိဳလည္းအိပ္ယာထၿပီးေဆးေၾကာကာသူ႔အဝတ္အစားေတြကိုအိတ္ႀကီးတစ္အိတ္နဲ႔ထည့္လိုက္သည္။အဲ့ဒါမွသူတို႔ဂ်င္ခ်န္းဂ်ီရဲ႔ေနရာကိုသြားရင္တစ္ခါတည္းသယ္သြားလို႔ရမွာ..

ဒီေန႔,ထို႐ုတ္တရက္ျဖစ္ရပ္ေၾကာင့္လူတိုင္းနီးစပ္ရာကန္တင္းမွာသာမနက္စာစားလိုက္ၾကသည္။သူတို႔ျပန္သြားတဲ့အခ်ိန္မွသာျဖတ္သြားရင္းျဖင့္လီလိ်ဳရဲ႔အိပ္ယာေပၚကမ်က္ႏွာက်က္အားျပန္ျပင္ဆင္ဖို႔အေၾကာင္းကိုအေဆာင္မန္ေနဂ်ာအားအေၾကာင္းၾကားလိုက္သည္။

အေဆာင္သို႔ျပန္ေရာက္ၿပီးေနာက္လီလိ်ဳကအဓိကဘာသာရပ္စာအုပ္ကိုထုတ္၍တစ္နာရီေက်ာ္ၾကာျပန္ေႏြးလိုက္ၿပီးကြန္ပ်ဴတာကိုဖြင့္ကာစာဆက္ေရးေနလိုက္သည္။

လည္ပင္းအထိအေမႊးပြေစာင္အားပတ္ျခံဳထားၿပီးက်ံဳ႔ေနတဲ့ဟမ္းစတားေလးလိုမ်ိဳးျဖစ္ေနကာသူ႔လက္ကိုအားသြင္းေရအိတ္နဲ႔ဖုန္းရင္းစာ႐ိုက္ဖို႔ႀကိဳးစားေနတဲ့လီလိ်ဳကိုဂ်င္ခ်န္းဂ်ီေငးၾကည့္ေနမိသည္။

ထိုပံုစံေလးကဂ်င္ခ်န္းဂ်ီရဲ႔ႏွလံုးသားအားတစ္နည္းနည္းနဲ႔ရႊင္လန္းသြားေစ၏။လီလိ်ဳရဲ႔အဲ့ဒီက်ံဳ႔ေနတဲ့လည္ပင္းေလးနဲ႔ရႈပ္ပြေနတဲ့ေခါင္းပြေယာင္းေယာင္းေလးကသူ႔မ်က္လံုးထဲအေတာ္ကိုခ်စ္စဖြယ္အတိပင္။

သမုဒၵရာလိုစာလံုးပံုၾကားထဲနစ္ႁမွဳပ္ေနဆဲျဖစ္သည့္လီလ်ိဳရွိရာသို႔ေလွ်ာက္သြားလိုက္ၿပီးလီလ်ိဳရဲ႕ေခါင္းေပၚကထိုအေမႊးပြဆံႏြယ္ေလးမ်ားကိုထိေတြ႕ခ်င္ေနသည့္သူ႔လက္အားျပန္ထိန္းထားလိုက္ရသည္။

ဂ်င္ခ်န္းဂ်ီရဲ႔နက္ေမွာင္သည့္မ်က္လံုးမ်ားကအေအးဒဏ္ေၾကာင့္ထိပ္ဖ်ားေလးေတြရဲေနသည့္ႏူးညံ့ၿပီးမ်က္စိပသာဒျဖစ္ဖြယ္ေကာင္းေသာလက္ေခ်ာင္းေလးမ်ားကိုၾကည့္လိုက္သည္။ၿပီးေနာက္သူ႔ရဲ႔ေအးေဆးၿပီးတည္ၿငိမ္သည့္ဟန္ပန္ျဖင့္ပင္လီလ်ိဳရဲ႔ေအးခဲေနသည့္နားရြက္နီေလးမ်ားနားသို႔ေကြးၫႊတ္လိုက္၍သာမန္ထက္ပိုနိမ့္ပိုၿပီးဆြဲေဆာင္မႈရွိလွသည့္အသံကိုသံုးကာေျပာလိုက္သည္။

"ေရွာင္းလ်ိဳ,ဘယ္လိုပဲျဖစ္ျဖစ္မင္းဟိုကိုသြားရမွာပဲဟာကိုဒါမွမဟုတ္ငါတို႔အရင္သြားလိုက္ၾကမယ္ေလ...ငါတို႔အဲ့ဒီကိုေရာက္ရင္မင္းကိုေလေႏြးေပးစက္ဖြင့္ေပးမယ္,အဲ့ဒါဆိုမင္းပိုၿပီးသက္ေတာင့္သက္သာျဖစ္သြားလိမ့္မယ္"

လီလ်ိဳမွာေတာ့သူ႔နားရြက္ကိုအသက္ရွဳသံမွ်ဥ္းမွ်ဥ္းေလးျဖတ္တိုက္သြားသည္ကိုသာခံစားလိုက္ရသည္။ဒါ့အျပင္မူလကတည္းကနားေထာင္လို႔ေကာင္းလွသည့္အသံကိုပိုတိုးလိုက္သည့္အခါပိုၿပီးေယာက်ာ္းပီသမႈကိုေဖာ္ျပသြားသည္။

လီလ်ိဳဂ်င္ခ်န္းဂ်ီရဲ႔အသံကိုၾကားၿပီးေနာက္ခ်က္ခ်င္းသူ႔နားေတြထူပူသြားသလိုခံစားလိုက္ရတာေၾကာင့္ဘာမွမတတ္ႏိုင္ပဲသူ႔ရဲ႔ထူပူေနသည့္နားေတြကိုထိၾကည့္မိေတာ့သည္။ထို႔ေနာက္သူ႔မ်က္ႏွာကိုလွည့္လိုက္သည့္အခါဂ်င္ခ်န္းဂ်ီရဲ႔စံနမူနာယူူစရာေခ်ာေမာခန္႔ညားသည့္မ်က္ႏွာအားျမင္လိုက္ရေလသည္။

မျပင္မဆင္ထားတဲ့အခ်ိန္မွာဂ်င္ခ်န္းဂ်ီရဲ႔ဒီလိုမ်က္ႏွာမ်ိဳးနဲ႔ရင္ဆိုင္လိုက္ရေတာ့ဘယ္လိုပဲမၾကာခဏျမင္ဘူးတယ္ဆိုဆိုလီလ်ိဳမွာေတာ့ထိတ္လန္႔သြားမိဆဲပင္။အဲ့ဒီမ်က္ႏွာ,ကြန္ပ်ဴတာနဲ႔တိက်စြာခ်ိန္ၫွိထားသည္ပံုေပၚသည္ထိုမ်က္ႏွာသည္္တကယ့္ကိုလူူေတြအားမ်ားစြာအက်ိဳးသက္ေရာက္ေစသည္။

ဂ်င္ခ်န္းဂ်ီရဲ႔ၿပီးျပည့္စံုလွတဲ့အသံေနအသံထားနဲ႔ေပါင္းလိုက္ေတာ့မိန္းကေလးေတြအမ်ားႀကီးသူ႔ကိုခ်စ္ခင္ႏွစ္သက္ေနတာအံ့ၾသစရာမရွိေတာ့ဘူး

လီလ်ိဳကခဏေလာက္ဗလာျဖစ္စြာၾကည့္ေနမိၿပီးမွသူ႔ဝိဉာဥ္ေလးျပန္ေရာက္လာရသည္။ဂ်င္ခ်န္းဂ်ီေျပာလိုက္တဲ့စကားေတြကိုျပန္ေခၚၾကည့္ေတာ့စကားလံုးသံုးလံုးတည္းကသာသူ႔စိတ္ထဲမွာရွိေတာ့သည္။

"ေလေႏြး,ေပးစက္,ဖြင့္ေပးမယ္!"

လီလ်ိဳရဲ႔မ်က္လံုးမ်ားခ်က္ခ်င္းပင္ျမင့္တက္သြားၿပီးတြန္႔ဆုတ္မႈမရွိစြာျပန္ေျဖသည္။

"ဒါဆိုငါပစၥည္းနည္းနည္းထုတ္လိုက္ဦးမယ္ငါ့ကိုငါးမိနစ္ပဲေစာင့္"

ေျပာလို႔ၿပီးသည္ႏွင့္မူလေရးထားတဲ့စာဖိုင္မ်ားအားကြန္ပ်ဴတာထဲသိမ္းဆည္းလိုက္ၿပီးကြန္ပ်ဴတာကိုအိတ္ထဲျပန္ထည့္လိုက္သည္။ၿပီးတာနဲ႔သန္႔စင္ခန္းထဲမွေရခ်ိဳးခန္းသံုးပစၥည္းမ်ားနဲ႔သဘက္ကိုအိတ္ထဲပစ္ထည့္၏။

သူျပန္ထြက္လာတဲ့အခ်ိန္မွေတာ့ဂ်င္ခ်န္းဂ်ီကလက္တစ္ဖက္မွာကြန္ပ်ဴတာအိတ္ကိုင္ၿပီးေနာက္လက္တစ္ဖက္ကအဝတ္အိတ္ကိုင္ကာရပ္ေစာင့္ေနသည္ကိုျမင္လိုက္ရသည္။

လီလ်ိဳကဂ်င္ခ်န္းဂ်ီေဘးကိုေလွ်ာက္သြားလိုက္ရင္းျဖင့္သူ႔လက္ထဲကသူ႔ပစၥည္းေတြကိုၾကည့္ကာေျပာလိုက္သည္။

"ခ်န္းဂ်ီ,အဲ့ဒါငါ့ပစၥည္းေတြေလကိုယ့္ဘာသာကိုယ္သယ္ပါ့မယ္"

"ရပါတယ္,သြားရေအာင္" ဂ်င္ခ်န္းဂ်ီကလီလ်ိဳကိုျငင္းဆန္မယ့္အခြင့္အေရးမေပးပဲသူ႔ပစၥည္းေတြကိုကိုင္ထားရင္းနဲ႔ပင္အေဆာင္တံခါးမွခ်က္ခ်င္းထြက္သြားေတာ့သည္။

လီလိ်ဳကရွက္ရြံစြာနဲ႔ႏွာေခါင္းကိုထိမိေသာ္လည္းဂ်င္ခ်န္းဂ်ီရဲ႔အျပဳအမူေၾကာင့္ရင္ထဲမွာေႏြးေထြးသြားမိတာေၾကာင့္မေနႏိုင္စြာႏႈတ္ခမ္းတစ္စံုေကြးၫြတ္တက္သြားရ၏။ဒီလိုသူငယ္ခ်င္းမ်ိဳးရွိတာတကယ့္ကိုအႀကီးမားဆံုးကံေကာင္းျခင္းပဲ...

အေတြးေတြကိုထပ္ၿပီးမရွည္ၾကာေစေတာ့ပဲလီလ်ိဳကဂ်င္ခ်န္းဂ်ီေနာက္ကေနအလ်င္အျမန္ျဖင့္အမွီလိုက္သြားေတာ့သည္။

****

ဂ်င္ခ်န္းဂ်ီဝယ္ထားတ့ဲတိုက္ခန္းကNတကၠသိုလ္နဲ႔သိပ္မေဝးေသာခ႐ိုင္တစ္ခုမွာျဖစ္သည္။ထိုခ႐ိုင္ကလြန္ခဲ့တဲ့ႏွစ္အနည္းငယ္ကမွအသစ္တည္ေဆာက္ထားျခင္းပင္။

အတြင္းပိုင္းရွိအေဆာက္အအုံအားလုံးကေနာက္ဆံုးေပၚျဖစ္ၿပီးဂိတ္တံခါးကိုလည္းလံုျခံဳေရးအေစာင့္မ်ားစြာခြဲေဝေနရာခ်ထားတာေၾကာင့္အေကာင္းဆံုးလူထုလံုျခံဳေရးရသည့္ခ႐ိုင္တစ္ခုျဖစ္သည္။

လီလ်ိဳသည္ဂ်င္ခ်န္းဂ်ီေနာက္ကေနလိုက္သြားရင္းေျခာက္ခုေျမာက္တိုက္ခန္းရဲ႔ရွစ္လႊာသို႔ေရာက္သြားသည္။မၾကာခင္ပဲဂ်င္ခ်န္းဂ်ီကညာဘက္မွေလးလံသည့္သူခိုးကာကြယ္ႏိုင္ေသာသစ္သားတံခါးကိုဖြင့္ၿပီးလီလ်ိဳႏွင့္အတူဝင္လိုက္သည္။

အိမ္၏အတြင္းပိုင္းမွာလြန္ခဲ့တဲ့ႏွစ္ေတြကလီလ်ိဳမွတ္မိေနခဲ့သလိုပဲလူတစ္ေယာက္ေနထိုင္ခဲ့သည့္ေနရာႏွင့္မတူဘဲအလြန္သန႔္ရွင္းေနသည္။အိမ္၏ဝင္ေပါက္တည့္တည့္တြင္ဧည့္ခန္းရွိသည္။ဧည့္ခန္းနံရံမွာေတာ့ ၁၀ လက္မေက်ာ္ LCD တီဗြီတစ္ခုခ်ိတ္ထားၿပီးတီဗီေရွ႕တြင္ေသးငယ္သည့္စားပြဲတစ္ခုႏွင့္ဆိုဖာသုံးခုရွိသည္။

ဂ်င္ခ်န္းဂ်ီဝယ္ယူခဲ့ေသာဤအိမ္သည္ပုံမွန္အိပ္ခန္းသုံးခန္းပါရွိသည္။သို႔ေသာ္မာစတာအိပ္ခန္းတစ္ခုကလြဲရင္တစ္ျခားႏွစ္ခုကစာၾကည့္ခန္းႏွင့္အားကစားပစၥည္းအမ်ိဳးမ်ိဳးရွိေသာအားကစားခန္းမတစ္ခုျဖစ္သည္။ဒါကသူ႔ရဲ႔ကိုယ္ပိုင္ေနရာေလးျဖစ္တယ္ဆိုတာျမင္ႏိုင္ၿပီးဧည့္သည္လာႏိုင္တယ္ဆိုတာမ်ိဳးမေတြးထားသလိုပင္။

လီလ်ိဳကိုအိမ္ထဲေခၚလာၿပီးေနာက္ဂ်င္ခ်န္းဂ်ီကခ်က္ခ်င္းအခန္းထဲကေလေႏြးေပးစက္ကိုဖြင့္ေပးလိုက္သည္။

လီလ်ိဳကသူ႔ေျခာေထာက္ထက္ႀကီးတဲ့စလစ္ပါကိုဝတ္လိုက္ၿပီးေနာက္ဧည့္ခန္းေဘးကသန္႔စင္ခန္းဆီတိုက္႐ိုက္သြားလိုက္ၿပီးသူ႔ရဲ႔ေရခ်ိဳးခန္းသံုးပစၥည္းမ်ားကိုထားဖို႔ျပင္၏။

သို႔ေသာ္သူေျခလွမ္းအနည္းငယ္သာလွမ္းရေသးသည္ဂ်င္ခ်န္းဂ်ီကေျပာလာသည္။

"ငါ့အခန္းထဲကသန္႔စင္ခန္းထဲထည့္ထားလိုက္...မင္းထတဲ့အခ်ိန္ေဆးေၾကာဖို႔အဆင္ေျပတာေပါ့"

မူလကမာစတာခန္းရဲ႔သန္႔စင္ခန္းထဲသူ႔ပစၥည္းေတြတိုက္႐ိုက္ထားလိုက္ရင္႐ိုင္းလိမ့္မယ္လို႔ေတြးထားေပမယ့္ဂ်င္ခ်န္းဂ်ီကအၾကံေပးေနၿပီျဖစ္တာေၾကာင့္လီလိ်ဳသည္လည္းမျငင္းေတာ့ေပ။ဂ်င္ခ်န္းဂ်ီအားေက်းဇူးတင္စကားေျပာၿပီးေနာက္ဂ်င္ခ်န္းဂ်ီရဲ႔အိပ္ခန္းထဲဝင္သြားသည္။

ဂ်င္ခ်န္းဂ်ီရဲ႔အိပ္ခန္းကဂ်င္ခ်န္းဂ်ီအေပၚလူေတြခံစားရတဲ့ခံစားခ်က္နဲ႔တစ္ပံုစံတည္းပဲျဖစ္သည္။အခန္းတစ္ခုလံုးကိုအလြန္႐ိုးရွင္းလွသည့္အေအးေရာင္ျဖင့္ဆင္ယင္ထားသည္။

ႀကီးမားတဲ့အနက္ေရာင္အိပ္ယာကိုတူညီသည့္အနက္ေရာင္အေမႊးခင္းျဖင့္ဖံုးအုပ္ထားသည္။မီးခိုးေရာင္ကုလားကာသည္လည္းမတင္ထားေပ။

သိပ္မပူတဲ့ေဆာင္းရာသီေနေရာင္ျခည္ကဖန္ျပတင္းမွတစ္ဆင့္ျဖတ္ဝင္လာၿပီးဧည့္ခန္းထဲမွဝင္လာသည့္အလင္းေရာင္သည္လည္းအနီရင့္ေရာင္ၾကမ္းခင္းအားအေရာင္တစ္ခ်ိဳ႔ေတာက္ပသြားေစသည္။အညိဳေရာင္ေကာ္ေဇာတစ္ခုကိုေတာ့အိပ္ယာရဲ႔ဘယ္ဘက္မွာထားထားသည္။

ဘယ္ဘက္နံရံမွာေတာ့သစ္သားဘီဒိုအတန္းလိုက္ရွိေနသည္။

မာစတာအိပ္ခန္းရဲ႔ညာဘက္မွာအခန္းေလးတစ္ခုရဲ႔တံခါးရွိၿပီးအဲ့ဒါကသန္႔စင္ခန္းလည္းဟုတ္သလိုေရခ်ိဳးခန္းလည္းဟုတ္သည္။မာစတာခန္းထဲကိုလီလ်ိဳဝင္သြားၿပိးေနာက္ညာဘက္ကသန္႔စင္ခန္းထဲဝင္သြားၿပီးသူ႔ရဲ႔ေရခ်ိဳးခန္းသံုးပစၥည္းေတြကိုဂ်င္ခ်န္းဂ်ီရဲ႔ပစၥည္းေတြေဘးမွာေနရာခ်သည္။

ဂ်င္ခ်န္းဂ်ီသည္လည္းလီလ်ိဳရဲ႔အဝတ္အိတ္ကိုသယ္လာရင္းလီလ်ိဳရဲ႔ေနာက္ကေနသူ႔အိပ္ခန္းထဲလိုက္ဝင္လာေလသည္။

တကယ္ေတာ့သူ႔အတြက္ဒီေနရာကအေဆာင္ခန္းလိုပဲဒီအတိုင္းအနားယူစရာေနရာတစ္ခုသာ..ဒါေပမဲ့သူဒီလိုကိုယ္ပိုင္ေနရာေလးတစ္ခုဒီဇိုင္းဆြဲခဲ့တဲ့အတြက္ကိုတစ္ခါမွဒီေလာက္ေက်းဇူးမတင္ခ့ဲဘူးဘူး...ၿပီးေနာက္ဒီညေနလီလ်ိဳရဲ႔ေဘးမွာအိပ္ရေတာ့မယ္မွန္းစဥ္းစားမိေတာ့ဂ်င္ခ်န္းဂ်ီရဲ႔မ်က္လံုးမ်ားသည္ဘာမွမတတ္ႏိုင္ပဲမဲေမွာင္သြားရေတာ့၏။

သန္႔စင္ခန္းထဲကလီလိ်ဳျပန္ထြက္လာတဲ့အခ်ိန္မွာဂ်င္ခ်န္းဂ်ီကအျပင္မွာရပ္ေနဆဲဆိုတာကိုျမင္သြားသည္။ဂ်င္ခ်န္းဂ်ီလက္ထဲမွာကိ္ုင္ထားဆဲျဖစ္သည့္သူ႔အဝတ္အိတ္ကိုျမင္တဲ့အခါမွာေတာ့လီလ်ိဳကခ်က္ခ်င္းဆြဲယူလိုက္ေလသည္။

"ငါ့အိတ္ကိုမင္းဗီဒိုရဲ႔ေဘးမွာထည့္ထားလိုက္မယ္,ဘယ္လိုပဲျဖစ္ျဖစ္ငါ့အဝတ္ေတြကလည္းနည္းနည္းေလးပဲဆိုေတာ့စီေနစရာဘာမွမရွိဘူး"

"ေကာင္းၿပီ,မင္းဒီအတိုင္းထည့္ထားလို႔ရတယ္" သူ႔မိသားစုဝင္ေတြေတာင္ဒီအႀကီးဆံုးဂ်င္သခင္ေလးရဲ႔အိပ္ခန္းထဲဝင္ခြင့္မရေပ။ဒါေပမဲ့ဒီတစ္ႀကိမ္မွာေတာ့သူ႔ေရွ႕ကဒီလူကသူ႔ကိုယ္ပိုင္ေနရာေလးမွာလွည့္ပတ္သြားလာေနတာကိုၾကည့္ရတာမ်က္လံုးအတြက္အထူးတလွယ္ေက်နပ္စရာေကာင္းလွသည္။

ဂ်င္ခ်န္းဂ်ီသည္သူ႔အခန္းထဲေလွ်ာက္သြားေနသည့္လီလ်ိဳကိုၾကည့္ရင္းသူ႔ခံစားခ်က္မ်ားကအထူးတလွယ္ကိုေပ်ာ္ရႊင္လာရသည္။သူကဖုန္းကိုထုတ္၍အခ်ိန္ၾကည့္လိုက္ၿပီးေနာက္ေမးလိုက္၏။

"ေရွာင္းလ်ိဳ,ဆယ့္ႏွစ္နာရီေတာင္ထိုးေတာ့မယ္မင္းဘာစားခ်င္လဲ?"

"ငါ့ကဘာပဲျဖစ္ျဖစ္ရတယ္မင္းႀကိဳက္တာသာမွာလိုက္"

လီလ်ိဳကေျပာရင္းျဖင့္ဗီဒိုတံခါးကိုဖြင့္ၿပီးသူ႔အဝတ္အိတ္ထုတ္ကိုထည့္လိုက္သည္။

အသင့္မွာစားသည့္အစားအေသာက္မ်ားစားၿပီးေနာက္အခန္းထဲကအပူခ်ိန္သည္လည္းလံုးဝကိုျမင့္တက္လာၿပီျဖစ္သည္။

လီလ်ိဳကသူ႔အေပၚဝတ္ဂ်ာကင္ကိုခၽြတ္လိုက္ေတာ့အျဖဴေရာင္လည္ေထာင္ယုန္ဆြယ္တာေလးေပၚလာသည္။ထို႔ေနာက္ေျခေထာက္ႏွစ္ဖက္ခ်ိတ္၍ဆိုဖာေပၚထိုင္လိုက္ကာသူ႔ေရွ႕ကထိုင္ခံုေလးေပၚကြန္ပ်ဴတာတင္ၿပီးစတင္စာ႐ိုက္ေတာ့သည္။

လီလ်ိဳရဲ႔အသားအရည္ကျဖဴၿပီးၾကည္လင္သည္။ဒါ့အျပင္သူ႔ရဲ႔သန္႔ရွင္းေနသည့္အျဖဴေရာင္ဆြယ္တာကလည္းသူ႔အသားအရည္ကိုအတိုင္းအတာတစ္ခုထိပိုၿပီးျဖဴစင္သြားေစ၏။ဒါ့အျပင္သူ႔မ်က္ႏွာေပၚက,ကေလးဆန္မႈေလးကိုပါထပ္ေပါင္းထည့္လိုက္တဲ့အခါမွာေတာ့သူ႔ပံုစံကမူလအသက္ထက္ႏွစ္အနည္းငယ္ပိုၿပီးငယ္ရြယ္သြြားပံုေပၚသည္။

အကယ္၍တစ္ေယာက္ေယာက္သူ႔ကိုစီနီယာအထက္တန္းေက်ာင္းသားတစ္ေယာက္လု႔ိေျပာရင္ေတာင္သံသယဝင္မွာမဟုတ္ေပ။

ဂ်င္ခ်န္းဂ်ီကေနာက္ထပ္ဆိုဖာတစ္ခုေပၚမွာထိုင္ေနၿပီးေပါ့ပါးတဲ့laptopအားသူ႔ဒူးေပၚတိုက္႐ိုက္တင္ထား၏။သူကသူ႔ရဲ႔တရားဝင္စီးပြားေရးကိစၥမ်ားကိုေျဖရွင္းေနရင္းျဖင့္ရံဖန္ရံခါမ်က္လံုးပင့္ၿပီးသိပ္မေဝးတဲ့ေနရာကလီလ်ိဳကိုတစ္ခ်က္တစ္ခ်က္လွမ္းၾကည့္ေနမိသည္။

ဒီလိုပုံစံမ်ိဳးနဲ႔ႏွစ္ေပါင္းမ်ားစြာၾကာသြားခဲ့ရင္ေတာင္အဲ့ဒီမွာမသက္မသာျဖစ္တဲ့ခံစားခ်က္တစ္စံုတစ္ရာရွိမွာမဟုတ္ဘူး။

****

အခ်ိန္ကလ်င္ျမန္စြာကုန္ဆံုးသြားၿပီးညေနခင္းအခ်ိန္အခါေရာက္လာသည္။လီလိ်ဳသည္လည္းစာ႐ိုက္မေနေတာ့ပဲပ်င္းပ်င္းနဲ႔TV Dramaသာစၾကည့္ေနေတာ့၏။

ဂ်င္ခ်န္းဂ်ီကသူ႔ကြန္ပ်ဴတာကိုပိတ္လိုက္ၿပီးအခ်ိန္ၾကည့္လိုက္ၿပီးေနာက္သန္႔စင္ခန္းထဲဝင္သြားၿပီးေရသြားခ်ိဳးေတာ့သည္။ထို႔ေနာက္သူ႔ကိုယ္ပိုင္ဗီဒိုကိုဖြင့္၍အသစ္ရွိေနတဲ့ညအိတ္ဝတ္စုံမ်ားအားတစ္ခ်က္ၾကည့္လိုက္ေသာ္လည္းမယူလိုက္ပဲသူဝတ္ေနၾကအနက္ေရာင္ညအိပ္ဝတ္စံုကိုသာထုတ္လိုက္သည္။

"ေရွာင္းလ်ိဳ,ေနာက္က်ေနၿပီေရသြားခ်ိဳးၿပီးအိပ္ဖို႔ျပင္ေတာ့"

ဂ်င္ခ်န္းဂ်ီကသူ႔ရဲ႔ညအိတ္ဝတ္စံုအားအိပ္ယာေျခရင္းမွာထားလိုက္ၿပီးေနာက္အိပ္ခန္းတံခါးဝမွာရပ္ၿပီး႐ုပ္ရွင္ၾကည့္ေနဆဲျဖစ္သည့္လီလ်ိဳကိုေျပာလိုက္သည္။

ထိုအခ်ိန္မွသာလီလ်ိဳကကြန္ပ်ဴတာဖန္သားျပင္ေပၚရွိdramaကေနတြန္႔ဆုတ္ဆုတ္နဲ႔မ်က္လံုးဖယ္လိုက္သည္။ကြန္ပ်ဴတာကိုပိတ္ၿပီးေနာ္လီလ်ိဳကစလစ္ပါကိုေကာက္ဝတ္ၿပီးအိပ္ခန္းထဲသို႔ေလွ်ာက္ဝင္သြား၏။

"ငါအိပ္ယာေျခရင္းမွာညအိတ္ဝတ္စံုထုတ္ေပးထားတယ္"

ဂ်င္ခ်န္းဂ်ီကအခ်ိန္မွီသတိေပးလိုက္သည္။

"အန္,သိၿပီ"

လီလိ်ဳကသူ႔အဝတ္အစားမ်ားကိုခၽြတ္လိုက္ၿပီးဂ်င္ခ်န္းဂ်ီသူ႔အတြက္ျပင္ေပးတဲ့ညအိပ္ဝတ္စံုအားယူကာေရခ်ိဳးဖို႔ေရခ်ိဳးခန္းထဲဝင္သြားသည္။

ဂ်င္ခ်န္းဂ်ီကလီလ်ိဳထက္ေခါင္းတစ္လံုးပိုရွည္ၿပီးသူ႔ပုခံုးကလီလိ်ဳထက္ပိုက်ယ္ျပန္႔သည္။ထို႔ေၾကာင့္လီလ်ိဳရဲ႔ကိုယ္ေပၚကအနက္ေရာင္ညအိပ္ဝတ္စံုကအေတာ္ေလးႀကီးေနသည္မွာသူ႔ႏွစ္ဆေလာက္ပင္ျဖစ္ေနသည္။

လီလိ်ဳကရွက္ရြံ႔စြာနဲ႔ညအိတ္ဝတ္စံုရဲ႔လက္ေတြေျခေတြကိုေခါက္တင္လိုက္မွသာသူ႔လက္ေလးေျခေလးေတြတစ္စြန္းတစ္စေပၚလာသည္။အဲ့ဒါကသူ႔ကိုလည္းအျပစ္တင္လို႔မရေပဘူး....သူ႔ရဲ႔သဘာဝအ႐ိုးေတြကိုကအေတာ္ေလးေသးငယ္ေနတာ..သူ႔ရဲ႔ကေလးေပါက္မ်က္ႏွာကိုထပ္ေပါင္းလိုက္ေတာ့သူ႔ရဲ႔သက္တမ္းအတိအက်ကအေတာ္ေလးငယ္ေသးတယ္လို႔လူေတြကိုခံစားရေစတယ္....

ဂ်င္ခ်န္းဂ်ီကအိပ္ခန္းထဲကေလေႏြးေပးစက္ကိုဖြင့္ေပးၿပီးမွသာေရသြားခ်ိဳးသည္။လီလ်ိဳထြက္လာတဲ့အခ်ိန္မွာေတာ့မူလကအေတာ္ေလးေအးေနသည့္အခန္းကအခုေတာ့ဧည့္ခန္းထဲကလိုပဲေႏြးေႏြးေလးျဖစ္ေနသည္ကိုခ်က္ခ်င္းခံစားလိုက္ရသည္။

ဂ်င္ခ်န္းဂ်ီရဲ႔အိပ္ယာကညာဘက္ျခမ္းမွာျဖစ္တာေၾကာင့္လီလ်ိဳကအိပ္ယာဘက္ဘက္ျခမ္းကေစာင္ကိုဖြင့္လိုက္ၿပီးဝင္လွဲလိုက္သည္။

................................

Continue Reading

You'll Also Like

323K 66.9K 127
🍁බිදී මිය ගිය පැතුම් අභියස...... . . . . . Start - 2023 / 05 / 05 End - 2024 / / .....? 18 + 🔞 Mature
107K 22.9K 45
Title - I and My Husband Sleep in a Coffin Author - Wu Shui Bu Du [无水不渡] Chapters - 93 chapters (Complete) English Translator - TN4L3 Myanmar Transla...
1.1M 186K 81
Original Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozhōu) Status - 70 Chapters (Completed) En...