(Completed )The Transmigratio...

By Xiao_Yiii

1.3M 195K 3.1K

မနက္ခင္းတစ္ခုတြင္ system နွင့္ခ်ည္ေနွာင္ခံရျပီးေနာက္ MC မွာလုပ္ရိုးလုပ္စဥ္တစ္ခုကဲ့သို႔ပင္ ML ဤဖမ္းဆီးျခင္း/တု... More

Description
Arc(1.1) - The Wild Dragon proud day
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)
Arc(1.10)
Arc(1.11 - 1)
Arc(1.11 - 2)
Arc(1.12)
Arc(1.13 - 1)
Arc(1.13 - 2)
Arc(1.14)
Arc(1.15)
Arc(1.16)
Arc(1.17)
Arc(1.18)
Arc(1.19)
Arc(1.20)
Arc(1.21)
Arc(1.22)
Arc(1.23)
Arc(1.24)
Arc(1.25)
Arc(1.26)
Arc(1.27)
Arc(1.28)
Arc(1.29)
Arc(1.30)
Arc(1.31)
Arc(1.32)
Arc(1.33)
Arc(1.34)
Arc(1.35)
Arc(1.36 -> 1~2~3)
Arc(1.36 -> 4~5)
Real World
Real World-2
Arc(2.1) - Saint Magus
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)
Arc(2.9)
Arc(2.10)
Arc(2.11)
Arc(2.12)
Arc(2.13)
Arc(2.14)
Arc(2.15)
Arc(2.16)
Arc(2.17)
Arc(2.18)
Arc(2.19 - 1)
Arc(2.19 - 2)
Arc(2.20)
Arc(2.21)
Arc(2.22 - 1)
Arc(2.22-2)
Arc(2.23)
Arc(2.24)
Arc(2.25)
Arc(2.26)
Arc(2.27)
Arc(2.28)
Arc(2.29)
Arc(2.30)
Arc(2.31)
Arc(2.32)
Arc(2.33)
Arc (2.34)
Arc(2.35)
Arc(2.36)
Arc(2.37)
Arc(2.38)
Arc(2.39)
Arc(2.40)
Arc(2.41)
Arc(2.42)
Arc(2.43)
Arc(2.44)
Arc(2.45)
Arc(2.46)
Arc(2.47)
Arc(2.48)
Back to Real World (1)
Back to Real World (2)
Arc(3) - 'Immortal Path of Devil Lord'
Arc(3.1)
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)
Arc(3.14)
Arc(3.15)
Arc(3.16)
Arc(3.17)
Arc(3.18)
Arc(3.19)
Arc(3.20)
Arc(3.21)
Arc(3.22)
Return to the University (1)
Return to the University (2)
Return to the University (3)
Return to the University (4)
Return to the University (5)
Return to the University (6)
Return to the University (8)
Return Arc(3.23)
Arc(3.24)
Arc(3.25)
Arc(3.26)
Arc(3.27)
Arc(3.28)
Arc(3.29)
Arc(3.30)
Arc(3.31)
Arc(3.32)
Arc(3.33)
Arc(3.34)
Arc(3.35)
Arc(3.36)
Arc(3.37)
Arc(3.38)
Extra; {မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}
Extra; the New Emperor and Empress
Thank You

Return to the University (7)

4.4K 806 7
By Xiao_Yiii

Unicode

Return to the University (7)

အချိန်တွေကုန်ဆုံးလာပြီးဆောင်းရာသီသို့ရောက်လာသည်။အေးမြပြီးဆိတ်ငြိမ်သည့်လေပြေတစ်ဝှေ့ကကျောင်းဝင်းတစ်ခုလုံးကိုတိုက်ခိုက်သွားခဲ့၏။တစ်ခြားအချိန်တွေနဲ့မတူစွာကျောင်းသားများသည်လည်းအပြင်ဘက်တွင်လျှောက်ပြေးမနေချင်ကြပေ။

အနားယူချိန်မှာတောင်အများစုကသူတို့အိပ်ယာထဲဝင်ကွေးနေပြီးသူတို့ကိုယ်သူတို့နွေးထွေးတဲ့စောင်နဲ့ပတ်ထွေးထားဖို့ကိုသာရွေးချယ်ကြကာအထိန်းအကွပ်မရှိအပြင်ထွက်မနေကြတော့....

လီလျိုသည်အပူရောအအေးရောကြောက်တဲ့လူစားထဲမှာပါသည်။နွေရာသီမှာဆိုရင်သူ့ကိုယ်ပေါ်ကအဝတ်တွေနည်းလေလေကောင်းလေလေ...ဆောင်းရာသီမှာဆိုရင်တော့သူ့ကိုယ်သူစောင်နဲ့အမြဲတမ်းပတ်ထွေးထားဖို့ဆန္ဒရှိသည်။

အခုဆိုရင်သူတို့ရဲ့နောက်ဆုံးစာမေးပွဲနီးလာပြီဖြစ်တာကြောင့်သင်ခန်းစာများအားလုံးပြီးဆုံးခါနီးနေပြီ....ရလဒ်အရတော့ကျောင်းသားများမှာနေ့တိုင်းအားချိန်များလာကြတော့သည်။

လီလျိုသည်လည်းအတန်းမရှိတဲ့အချိန်ဆိုရင်သူ့အခန်းထဲမှာသာအသိုက်လုပ်နေတတ်သည်။အခုလိုပင်,သူ့အိပ်ယာဘေးမှာစားပွဲခုံလေးတစ်ခုထားထားပြီးသူ့လက်တွေကိုအားသွင်းရေအိတ်နဲ့အုပ်ထားကာသူ့ကွန်ပျူတာပေါ်ကစာလုံးအပုံကြီးကိုမျက်နှာမူထားသည်။

ဘယ်လိုပဲဖြစ်ဖြစ်ဒါကသူအရင်တုန်းကရေးခဲ့တဲ့ဝတ္ထုပဲလေ...အသေးစိတ်အကြောင်းအရာတွေကိုသူမေ့ခါနီးနေပြီဖြစ်ပြီးသူ့တကယ့်ကမ္ဘာကိုတစ်ခြားကမ္ဘာဆီအရင်ဖြတ်ပြီးမှပြန်လာရတယ်ဆိုပေမယ့်လည်းယေဘုယျဦးတည်ချက်တွေနဲ့အဓိကအချက်တွေကိုတော့မှတ်မိနေဆဲပင်။ဒါ့အပြင်ထိုနှစ်တွေအတွင်းသူ့ရဲ့အရေးစွမ်းရည်ကိုပါထပ်ပေါင်းထည့်လိုက်တော့သူ့အရေးအသားပုံစံကယခင်အတွေ့အကြုံမရှိတဲ့သူထက်ပိုပြီးတော့ကောင်းနေသည်။

သို့သော်လည်းအနာဂတ်တိုးတက်မှုများကိုမထိခိုက်နိုင်စေရန်ရှောင်းချီကလီလျိုရဲ့လက်ရှိကွန်ပျူတာကိုအနည်းငယ်ပြောင်းလဲထားသည်။ထို့ကြောင့်လီလျိုဇာတ်လမ်းရေးတဲ့အခါတိုင်းသူဇာတ်ကြောင်းကိုဘယ်လိုပဲရေးနေပါစေသူ့ကွန်ပျူတာကသူအရင်တုန်းကရေးထားခဲ့တဲ့ပုံစံအတိုင်းအလိုအလျောက်ကူးပြောင်းပေးလိမ့်မည်။

ပြီးတော့သူ့ကွန်ပျူတာကstar networkနဲ့လည်းချိတ်ဆက်ထားလို့ရတာကြောင့်လီလျိုသည်သူ့ကွန်ပျူတာအားstar networkနဲ့လွတ်လွတ်လပ်လပ်ကူးပြောင်းပြီးဝတ္တုအသစ်လည်းရေးလို့ရသည်။

လီလျိုကတော့အဲ့ဒါကိုအတော်လေးစိတ်ကျေနပ်မိသည်။ကွန်ပျူတာပေါ်ကသူ့ဝတ္တုသစ်ကိုတိုက်ရိုက်ရေးလို့ရယုံတင်မကဘူးသူ့ဝင်ငွေအတွက်လည်းအရင်ဝတ္တုကိုရေးလို့ရတာကြောင့်အတော်လေးကောင်းလှသည်။

မသိလိုက်စွာနဲ့အချိန်တွေကုန်ဆုံးသွားပြိးညနေခင်းအချိန်ရောက်လာသည်။လီလျိုကသူ့ဝတ္တုသစ်ရဲ့အထွတ်အထိပ်ကိုရောက်နေပြီဖြစ်တာကြောင့်သူ့ရဲ့ကြီးမားတဲ့ပယင်းရောင်မျက်လုံးဝိုင်းကြီးထဲမှာသိသာထင်ရှားတဲ့စိတ်လှုပ်ရှားမှုတွေရှိနေသည်။

အခန်းထဲကိုဂျင်ချန်းဂျီဝင်လာတဲ့အချိန်မှာလီလျိုရဲ့အနည်းငယ်မြှင့်နေတဲ့နှုတ်ခမ်းနဲ့ကွန်ပျူတာမျက်နှာပြင်အားကြည့်ပြီးတောက်ပနေတဲ့မျက်လုံးဝိုင်းကြီးကိုမြင်လိုက်ရသည်။သူ့ရဲနူးညံ့ပျော့ပြောင်းတဲ့လက်ချောင်းသွယ်သွယ်များကတော့ကွန်ပျူတာကီးဘုတ်ပေါ်မှာစုန်ဆန်ချည်ပြေးလွှားနေပြီးသူ့ရဲ့ဘုံကမ္ဘာလေးထဲမှာသာလုံးဝပျော်ဝင်နေလေသည်။

လီလျိုရဲ့ဘဝထဲဂျင်ချန်းဂျီကဖြေးညှင်းစွာဝင်လာပြီးနောက်ပိုင်းလီလျိုအခုဘာလုပ်နေလဲဆိုတာကိုသူသိထားသည်။သူ့အမြင်အရတော့လီလျိုလုပ်နေတဲ့အလုပ်ကနေရတဲ့ဝင်ငွေကသူ့အတွက်အတော်လေးနည်းပါးတဲ့ပမာဏဖြစ်သော်လည်းလီလျိုသာပျော်နေသ၍ကိစ္စမဟုတ်ပေ။

လီလျိုရဲ့ပုံစံကရတနာတစ်ခုကိုကိုင်ထားတဲ့ကလေးလေးတစ်ယောက်လိုပဲလို့ဂျင်ချန်းဂျီတွေးမိသည်။သူစာရေးရင်းရတဲ့ထူးထူးဆန်းဆန်းဝင်ငွေလေးနဲ့လည်းသူ့ကိုအစားအစာလိုက်ဝယ်ကျွေးတတ်သည်ပင်။

စာရေးရင်းမှာဈာဉ်ဝင်စားနေတဲ့လီလျိုကိုကြည့်ရင်းဂျင်ချန်းဂျီရဲ့နှုတ်ခမ်းများသည်မနေနိုင်စွာကွေးညွှတ်တက်သွားရသည်။သူ့မျက်လုံးထဲကအမူအယာသည်လည်းပိုလို့ညင်သာသိမ်မွေ့လာရ၏။

ဒီနှစ်နှစ်အတွင်းလီလျိုကိုအဆက်အဆံလုပ်ရင်းလီလျိုကခံစားချက်ပိုင်းမှာအတော်လေးနှေးကွေးတာကိုဂျင်ချန်းဂျီတွေ့ရှိထားရသည်။ဒါပေမဲ့လည်းအဲ့ဒါကိုကြည့်ရင်လီလျိုကဆက်ဆံရေးတစ်ခုနဲ့ပတ်သတ်ရင်ဗလာစာရွက်လေးတစ်ရွက်အဖြစ်ပဲရှိသေးပြီးဘယ်သူ့ဆီကမှအရောင်ဆိုးမခံရသေးတာကိုပြသနေသည်လေ...နောင်အနာဂတ်မှာလည်းသူလီလျိုကိုအဲ့ဒီအခွင့်အရေးပေးမှာမဟုတ်ဘူး

လီလျိုရဲ့နှလုံးသားကိုသူတစ်ယောက်တည်းရဲ့ကိုယ်ပိုင်အရောင်နဲ့သာချယ်မှုန်းစေပြီးသူတစ်ယောက်တည်းရဲ့အပိုင်လုပ်ပစ်မယ်

ဒါပေမဲ့အခုတော့အချိန်မကျသေးဘူး

ဂျင်ချန်းဂျီသည်သူ့မျက်ခွံများကိုအနည်းငယ်နှိမ့်ချထားလိုက်သည်။

သူအခုမိသားစုထဲမှာသူ့အင်အားကိုအပြည့်အဝမထိန်းချုပ်နိုင်သေးတာမို့လို့လီလျိုကိုအဲ့ဒီလူတွေနဲ့ထိတွေ့ခွင့်မပြုနိုင်ဘူး...အကယ်၍သူနဲ့လီလျိုတို့ကဒီအတိုင်းသူငယ်ချင်းကောင်းတွေဆိုရင်တော့သူတို့ဂရုစိုက်မှာမဟုတ်ပေမယ့်လီလျိုကသူ့ရင်ထဲကလူဆိုတာကိုသူတို့သိသွားရင်တော့အဲ့ဒါကတူမှာမဟုတ်တော့ဘူး

 take_awayအိတ်ကိုကိုင်ထားသည့်ဂျင်ချန်းဂျီရဲ့လက်များတင်းကြပ်သွားရသည်။လီလျိုရှိတဲ့အိပ်ယာဆီကိုလျှောက်သွားတဲ့အချိန်မှာတော့သူ့အမူအယာကပုံမှန်ပြန်ဖြစ်သွားပြီဖြစ်၏။

သူ့ရဲ့စိတ်လှုပ်ရှားမှုကြောင့်လီလျိုရဲ့ဖြူဖျော့ဖျော့ပါးပြင်ကနီရဲရဲတစ်လွှာလွှမ်းခြုံနေသည်။ထိုအချိန်မှာပဲခပ်နိမ့်နိမ့်နဲ့သာယာနာပျော်ဖွယ်အသံတစ်ခုကသူ့နာမည်ကိုခေါ်လိုက်အားကြားလိုက်ရသည်။

"ရှောင်းလျို,အရင်စားလိုက်..စားလို့ပြီးမှဆက်ရေးလို့ရတယ်လေ"

လီလျိုသည်သူ့ရဲ့စိတ်လှုပ်ရှားနေသည့်အခြေအနေမှပြန်ရောက်လာပြီးသူ့အိပ်ယာဘေးမှာလက်ထဲပလက်စတစ်အိတ်ကိုကိုင်၍ရပ်နေသောဂျင်ချန်းဂျီကိုကြည့်လိုက်သည်။လီလျိုကသူ့ခေါင်းကိုပြန်လှည့်၍ကွန်ပျူတာပေါ်ကအချိန်ကိုကြည့်လိုက်၏——19:30

စောစောကသူနေ့လည်စာစားပြီးနောက်မှာအခန်းပြန်လာပြီးအိပ်ယာထဲအသိုက်ဆောက်ကာစာရေးနေခဲ့ခြင်းဖြစ်သည်။သူ့ဘယ်လောက်ကြာအောင်စာရေးနေခဲ့လဲဆိုတာကိုတောင်မသိတော့ပေ။

ထို့အပြင်ဂျင်ချန်းဂျီရဲ့သတိပေးသံကြားမှသာသူ့ရဲ့ဗိုက်သိပ်မဆာတဲ့အစာအိမ်လေးကချက်ချင်းဆာလာရသည်။

ဒီနေ့,လီလောင်ကသွားချိန်းတွေ့ပြီးကျန်တဲ့အခန်းဖော်နှစ်ယောက်သည်လည်းအခန်းထဲရှိမနေပေ။အကယ်၍ဂျင်ချန်းဂျီသာသူ့ကိုသတိမပေးဘူးဆိုရင်သူသတိရတဲ့အချိန်မှာဆိုဗိုက်ဖြည့်နိုင်မယ့်အစားအစာသွားရှာဖို့ပင်မဖြစ်နိုင်လောက်တော့မှာကိုစိုးမိသည်။

"ချန်းဂျီ..ငါ့အတွက်စားစရာယူလာပေးတာကျေးဇူးပဲကွာမဟုတ်ရင်ဒီနေ့ညငါဗိုက်ဆာပြီးအိပ်ရတော့မှာ!"

လီလျိုကသူ့လက်နှစ်ဖက်ကိုအတူတကွစုစည်းပြီးဂျင်ချန်းဂျီကိုကျေးဇူးတင်စကားပြောပြီးနောက်မှာယဉ်ကျေးမနေတော့ပဲဂျင်ချန်းဂျီကမ်းပေးနေတဲ့အိတ်တွေကိုယူလိုက်ကာသူ့ရှေ့ကစားပွဲပေါ်တင်လိုက်သည်။အပြင်ကပတ်ထားတဲ့အိတ်ကိုဖွင့်လိုက်ပြီးနောက်အထဲကအကြည်ရောင်ပါကင်ဗူးထဲမှာသူကြိုက်တဲ့ဟင်းတွေကြီးပဲဆိုတာကိုချက်ချင်းမြင်လိုက်ရသည်။

လီလျိုမှာဘာမှမတတ်နိုင်စွာသူ့ရင်ထဲနွေးထွေးသွားရသည်။ဂျင်ချန်းဂျီကအပြင်ဘက်မှာဘာမှဂရုမစိုက်သလိုနေသော်လည်းသူ့အပေါ်မှာတော့အတော်လေးအာရုံစိုက်ပေးသည်လေ။

စားသောက်လို့ပြီးတာနဲ့လီလျိုကစာဆက်ရေးနေပြီး(၁၁)နာရီမီးပိတ်ချိန်နီးမှသာရပ်သည်။လီလျိုကကွန်ပျူတာကိုပိတ်၍အိပ်ယာပေါ်ကခုန်ဆင်းပြီးမီးမပိတ်ခင်အချိန်လေးကိုယူကာမျက်နှာသစ်ပလုတ်ကျင်းလေသည်။

သူကအမြန်ဆုံးအရှိန်နဲ့ဆေးကြောပြီးသူ့အိပ်ယာပေါ်မြန်မြန်ပြန်တက်သွားကာနွေးထွေးတဲ့စောင်ထဲတိုးဝင်သွားသည်။

ဒီနေ့ဦးနှောက်စွမ်းရည်အများကြီးအသုံးပြုခဲ့တာကြောင့်ဖြစ်မည်မိနစ်အနည်းငယ်အတွင်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့၏။

ညလယ်လောက်မှာလီလျိုတစ်ဝက်အိပ်တစ်ဝက်နိုးဖြစ်နေတုန်းသူပိုကြာကြာအိပ်လေသူ့ခြေထောက်တွေကပိုပိုပြီးအေးလာလေဖြစ်လာသည်။သူ့ကိုယ်ကိုအကြိမ်အနည်းငယ်လှည့်ပတ်အိပ်သော်လည်းထိုအေးသည့်ခံစားချက်ကိုသည်းမခံနိုင်တော့တာကြောင့်အမှောင်ထဲမှာရုတ်တရက်မျက်လုံးများဖွင့်လာသည်။

နိုးလာပြီးနောက်မှာတော့ထိုအေးသည့်ခံစားချက်ကဒီအတိုင်းထင်ယောင်ထင်မှားမဟုတ်ဘူးဆိုတာကိုတွေ့သွားရသည်။သူ့အိပ်ယာပေါ်ကအကြီးမားဆုံးအပိုင်းတစ်ခုလုံးစိုရွှဲနေသည်ကိုရှင်းရှင်းလင်းလင်းခံစားလို့ရနေပြီးအေးခဲပြီးစိုစွတ်နေသည့်ခံစားချက်ကသူ့ပေါင်ထိရောက်နေသည်။အခုကဆောင်းရာသီကြီးလေ...မအေးတာကမှထူးဆန်းတာ!

ဒီအချိန်ကိုလီလျိုအခုမှမှတ်မိသည်။တက္ကသိုလ်သုံးနှစ်တာတက်ရောက်တဲ့အတောအတွင်းဒီလိုအဖြစ်မျိုးအမှန်တကယ်ပဲရှိခဲ့ဘူးသည်။သူအိပ်ပြီးခဏလောက်အကြာမှာအပြင်ဘက်တွင်မိုးအကြီးအကျယ်ရွာခဲ့သည်။

အဆောင်ခန်းရဲ့မျက်နှာကျက်ကယိုစိမ့်နေပြီးထိုယိုစိမ့်တဲ့နေရာသည်လည်းလီလျိုရဲ့အိပ်ရာတည့်တည့်မှာဖြစ်တာကြောင့်လီလျိုသည်အဲ့ဒီတုန်းကသူကံဆိုးတယ်ဟုပင်သတ်မှတ်ခဲ့သည်။

လီလျိုကလက်ကိုဆန့်၍သူ့ဘောင်းဘီရှည်ကိုတို့ထိလိုက်သည်။ကံကောင်းထောက်မစွာဖြင့်အနည်းငယ်သာစိုသွားတာဆိုပေမယ့်သူ့ခန္ဓာကိုယ်အပေါ်မှာဖုံးထားသောစောင်ရဲ့အပိုင်းတော်တော်များများကတော့စိုရွှဲနေလေပြီ။

စိုနေတဲ့စောင်ကသေချာပေါက်မနွေးထွေးနိုင်ပေ။ဒါ့ကြောင့်လည်းသူအအေးဒဏ်ကြောင့်နိုးလာခြင်းဖြစ်သည်။ပြီးတော့ဒီလိုအခြေအနေမျိုးမှာပြန်လှဲချပြီးအိပ်ဖို့ဆိုတာကလည်းမဖြစ်နိုင်ဘူး

လီလျိုသည်သူ၏အားသွင်းထားသောမိုးဘိုင်းဖုန်းကိုအိပ်ယာဘေးမှယူလိုက်ပြိးမျက်နှာပြင်ပေါ်ကြည့်လိုက်သည်။အခုကမနက်ငါးနာရီရှိနေပြီဖြစ်တာကြောင့်အာရုဏ်တက်ရန်တစ်နာရီသာလိုတော့သည်။

လီလျိုသည်ပြန်မအိပ်ချင်တော့တဲ့အပြင်တစ်ခြားအိပ်နေတဲ့အခန်းဖော်တွေကိုလည်းအနှောင့်အယှက်မပေးလိုတာကြောင့်နံရံကိုမှီ၍ဖုန်းဆော့ရင်းဖြင့်သာအသံမထွက်ပဲတိတ်တဆိတ်ထိုင်နေလိုက်သည်။

ပထမဆုံးအခန်းဖော်ကမူးနောက်နောက်နဲ့နိုးလာတဲအချိန်မှာတော့ဖုန်းဆော့ရင်းထိုင်နေတဲ့လီလျိုကိုကြည့်ပြီးချက်ချင်းထိတ်လန့်သွားမိတော့၏။

"Fu*k,ရှောင်းလျို,မင်းဒီနေ့ထတာစောလှချေလား...အနားယူတဲ့နေ့တွေဆိုရင်မင်းပုံမှန်နေ့လည်လောက်ထိအိပ်ယာပေါ်ကမထဘူးမဟုတ်ဘူးလား?"

လီလျိုမှာချက်ချင်းပင်အနက်ရောင်လိုင်းများဖြစ်သွားရသည်။ဂျင်ချန်းဂျီနဲ့လီလောင်ကလွဲရင်တစ်ခြားအခန်းဖော်တွေရဲ့မျက်စိထဲမှာသူကဒီလိုပုံရိပ်မျိုးဖြစ်နေကြောင်းသူတကယ်ပဲမထင်ထားခဲ့ဘူး..

ဒါပေမဲ့အပြင်ထွက်ရတာသိပ်မကြိုက်တဲ့
hardcore_otakuတစ်ယောက်အနေနဲ့အိပ်တာကိုကြိုက်တာကလည်းအရမ်းကိုသာမာန်ပါပဲနော်ဟုတ်ပြီလား,အဟွတ်,အဟွတ်!

လီလျိုမှာခဏလောက်ဆွံ့အသွားပြီးမှကူကယ်ရာမဲ့စွာဖြင့်သူ့အပေါ်ကိုလက်ညှိုးထိုးပြသည်။

"အပြင်ဘက်မှာမိုးအကြီးအကျယ်ရွာတာဒီနေရာကမိုးယိုတယ်ငါဘယ်လိုလုပ်အိပ်လို့ရမှာလဲ?ဒီနေ့ညငါ့မှာခဲလောက်အောင်အေးပြီးနိုးလာရတာကို"

"ဟောဗျာ,ဒါကဘယ်လိုအခြေအနေလဲ?ပြောတော့ငါတို့အဆောင်ခန်းကကျောင်းမှာအကောင်းဆုံးဆို,ဘယ်လိုလုပ်မိုးယိုရတာလဲ?"

ထိုအခန်းဖော်— ဖောင်ကျွင်းဖုန်သည်လီလျိုရဲ့သတိပေးချက်အပြီးအိပ်ယာပေါ်ကအခုထိတစ်စက်စက်ကျနေဆဲဖြစ်သည့်မိုးယိုကွက်ကိုမော့ကြည့်မိသည်။

ဖောင်ကျွင်းဖုန်ရဲ့ကျယ်လောင်တဲ့အသံအောက်မှာမနိုးသေးတဲ့ကျန်သုံးယောက်လည်းနိုးလာတော့သည်။

".....ဘာတွေဖြစ်နေတာလဲ,အယ်,ဘာတွေဖြစ်သွားတာလဲ?ဒီလောက်တောင်ယိုနေမှတော့လူဘယ်လိုလုပ်အိပ်နိုင်မလဲဟ?"

"ငါတို့အဆောင်မန်နေဂျာကိုသတင်းပို့မယ်ဆိုရင်တောင်ရှောင်းလျိုကလာမယ့်ရက်အနည်းငယ်လောက်ထိဒီအိပ်ယာပေါ်မှာအိပ်လို့ရမှာမဟုတ်ဘူး"

"ဒါဆိုနောက်ပိုင်းရှောင်းလျိုဘယ်မှာအိပ်မလဲ?"

လီလျိုသည်အိပ်ယာမှထလာကြသည်နှင့်သူ့ရဲ့နောက်ရက်အနည်းငယ်အတွက်'နေရာထိုင်ခင်းပြဿနာ'အကြောင်းအကျိတ်အနယ်ဆွေးနွေးနေကြသည့်လူတိုင်းကိုကြည့်ရင်းအခုခံစားထားရတဲ့အဓိကလူကကြည့်ရှုသူဖြစ်လာသလိုခံစားလိုက်ရသည် _(:з)∠_.

"ဒီရက်တွေအတွင်းမင်းငါနဲ့အတူတူနေလို့ရတယ်"

ဂျင်ချန်းဂျီကဒီNတက္ကသိုလ်နဲ့နီးတဲ့နေရာမှာတိုက်ခန်းတစ်ခန်းဝယ်ထားပြီးအတန်းပြီးတာနဲ့ထိုတိုက်ခန်းသို့ပြန်လေ့ရှိကြောင်းလီလျိုဟိုးတုန်းကတည်းကသိထားခဲ့ပြီးသားဖြစ်သည်။

ဒီရက်တွေမှာဂျင်ချန်းဂျီကအဆောင်ခန်းထဲမှာမနေပဲအဲ့ဒီတိုက်ခန်းသို့သာပြန်လေ့ရှိသည်။

အရင်တုန်းကလည်းလီလျိုအဲ့ဒီတိုက်ခန်းမှာရက်အနည်းငယ်နေဘူးတာကြောင့်အဲ့ဒါနဲ့ပတ်သတ်ပြီးစွဲလမ်းမှုအနည်းငယ်ရှိနေသေးသည်။

အခုအိပ်ယာကဒီလိုပုံစံဖြစ်နေပြီးနောက်ဆုံးစာမေးပွဲကလည်းနောက်နှစ်ရက်ဆိုလာတော့မှာဖြစ်သည်။အကယ်၍သူသာအဆောင်မှာနေမယ်ဆိုရင်ညအချိန်ကောင်းကောင်းအိပ်မရတာနဲ့ပဲစာမေးပွဲအတွင်းသူ့အခြေအနေကကောင်းမှာမဟုတ်တော့..

ဂျင်ချန်းဂျီရဲ့တိုက်ခန်းကိုသွားနေခြင်းကသာသူ့ရဲ့တစ်ခုတည်းသောရွေးချယ်ရာပင်။

ထိုအချိန်မှာပဲလူတိုင်းထိုအေးခဲနေတဲ့အခြေအနေမှလွတ်မြောက်လာဟန်တူပြီးသူတို့အားလုံး'ပြန်ကောင်း'သွားကြသည်။

"အဲ့ဒီတော့အကိုကြီးဂျင်မှာမင်းနေဖို့အတွက်နေရာရှိတယ်..ဒါဆိုရင်ရှောင်းလျို...အကိုကြီးဂျင်ရဲ့ရည်ရွယ်ချက်ကောင်းကိုမငြင်းနဲ့တော့အရင်ဆုံးမျက်နှာကျက်ပြင်ပြီးသည်အထိသွားနေလိုက်ပြီးမှပြန်လာပေါ့"

ဂျင်ချန်းဂျီရဲ့အသက်ကအဆောင်ခန်းထဲမှာအကြီးဆုံးမဟုတ်သော်လည်းဘယ်တုန်းကစတင်ခဲ့မှန်းမသိစွာဖြင့်လီလျိုကလွဲရင်အကုန်လုံးဂျင်ချန်းဂျီအားအကိုကြီးဟုပင်ခေါ်ကြတော့သည်။

—— ဟေး,ငါ့မှာဟင့်အင်းလို့ပြောလို့ ရလို့လား?

လီလျိုသည်ဘာမှမတတ်နိုင်စွာဖြင့်သူ့နှုတ်ခမ်းထောင့်စွန်းကိုဆွဲမိတော့သည်။ပြီးနောက်ဂျင်ချန်းဂျီအားကြည့်လိုက်၏။

"ချန်းဂျီ,ဒါဆိုငါမင်းတိုက်ခန်းကိုလိုက်ပြီးမင်းကိုရက်နည်းနည်းလောက်တော့နှောင့်ယှက်ရတော့မယ်"

"အင်း"

ဂျင်ချန်းဂျီရဲ့မျက်စံထဲမှာအလင်းတစ်ချက်တောက်ပသွားပုံပေါ်ပြီးသူ့ရဲ့နှုတ်ခမ်းပါးများကပါအနည်းငယ်ကွေးညွှတ်သွားပုံပင်။

ထို့ကြောင့်လီလျိုရဲ့နေရာထိုင်ခင်းပြဿနာကဖြေရှင်းလို့ပြီးသွား၏။

.............................
Zawgyi

Return to the University (7)

အခ်ိန္ေတြကုန္ဆံုးလာၿပီးေဆာင္းရာသီသို႔ေရာက္လာသည္။ေအးျမၿပီးဆိတ္ၿငိမ္သည့္ေလေျပတစ္ေဝွ႕ကေက်ာင္းဝင္းတစ္ခုလံုးကိုတိုက္ခိုက္သြားခဲ့၏။တစ္ျခားအခ်ိန္ေတြနဲ႔မတူစြာေက်ာင္းသားမ်ားသည္လည္းအျပင္ဘက္တြင္ေလွ်ာက္ေျပးမေနခ်င္ၾကေပ။

အနားယူခ်ိန္မွာေတာင္အမ်ားစုကသူတို႔အိပ္ယာထဲဝင္ေကြးေနၿပီးသူတို႔ကိုယ္သူတို႔ေႏြးေထြးတဲ့ေစာင္နဲ႔ပတ္ေထြးထားဖို႔ကိုသာေရြးခ်ယ္ၾကကာအထိန္းအကြပ္မရွိအျပင္ထြက္မေနၾကေတာ့....

လီလ်ိဳသည္အပူေရာအေအးေရာေၾကာက္တဲ့လူစားထဲမွာပါသည္။ေႏြရာသီမွာဆိုရင္သူ႔ကိုယ္ေပၚကအဝတ္ေတြနည္းေလေလေကာင္းေလေလ...ေဆာင္းရာသီမွာဆိုရင္ေတာ့သူ႔ကိုယ္သူေစာင္နဲ႔အၿမဲတမ္းပတ္ေထြးထားဖို႔ဆႏၵရွိသည္။

အခုဆိုရင္သူတို႔ရဲ႔ေနာက္ဆံုးစာေမးပြဲနီးလာၿပီျဖစ္တာေၾကာင့္သင္ခန္းစာမ်ားအားလံုးၿပီးဆံုးခါနီးေနၿပီ....ရလဒ္အရေတာ့ေက်ာင္းသားမ်ားမွာေန႔တိုင္းအားခ်ိန္မ်ားလာၾကေတာ့သည္။

လီလ်ိဳသည္လည္းအတန္းမရွိတဲ့အခ်ိန္ဆိုရင္သူ႔အခန္းထဲမွာသာအသိုက္လုပ္ေနတတ္သည္။အခုလိုပင္,သူ႔အိပ္ယာေဘးမွာစားပြဲခံုေလးတစ္ခုထားထားၿပီးသူ႔လက္ေတြကိုအားသြင္းေရအိတ္နဲ႔အုပ္ထားကာသူ႔ကြန္ပ်ဴတာေပၚကစာလံုးအပံုႀကီးကိုမ်က္ႏွာမူထားသည္။

ဘယ္လိုပဲျဖစ္ျဖစ္ဒါကသူအရင္တုန္းကေရးခဲ့တဲ့ဝတၳဳပဲေလ...အေသးစိတ္အေၾကာင္းအရာေတြကိုသူေမ့ခါနီးေနၿပီျဖစ္ၿပီးသူ႔တကယ့္ကမာၻကိုတစ္ျခားကမာၻဆီအရင္ျဖတ္ၿပီးမွျပန္လာရတယ္ဆိုေပမယ့္လည္းေယဘုယ်ဦးတည္ခ်က္ေတြနဲ႔အဓိကအခ်က္ေတြကိုေတာ့မွတ္မိေနဆဲပင္။ဒါ့အျပင္ထိုႏွစ္ေတြအတြင္းသူ႔ရဲ႔အေရးစြမ္းရည္ကိုပါထပ္ေပါင္းထည့္လိုက္ေတာ့သူ႔အေရးအသားပံုစံကယခင္အေတြ႕အၾကံဳမရွိတဲ့သူထက္ပိုၿပီးေတာ့ေကာင္းေနသည္။

သို႔ေသာ္လည္းအနာဂတ္တိုးတက္မွဳမ်ားကိုမထိခိုက္ႏိုင္ေစရန္ေရွာင္းခ်ီကလီလ်ိဳရဲ႔လက္ရွိကြန္ပ်ဴတာကိုအနည္းငယ္ေျပာင္းလဲထားသည္။ထို႔ေၾကာင့္လီလ်ိဳဇာတ္လမ္းေရးတဲ့အခါတိုင္းသူဇာတ္ေၾကာင္းကိုဘယ္လိုပဲေရးေနပါေစသူ႔ကြန္ပ်ဴတာကသူအရင္တုန္းကေရးထားခဲ့တဲ့ပံုစံအတိုင္းအလိုအေလ်ာက္ကူးေျပာင္းေပးလိမ့္မည္။

ၿပီးေတာ့သူ႔ကြန္ပ်ဴတာကstar networkနဲ႔လည္းခ်ိတ္ဆက္ထားလို႔ရတာေၾကာင့္လီလိ်ဳသည္သူ႔ကြန္ပ်ဴတာအားstar networkနဲ႔လြတ္လြတ္လပ္လပ္ကူးေျပာင္းၿပီးဝတၱဳအသစ္လည္းေရးလို႔ရသည္။

လီလ်ိဳကေတာ့အဲ့ဒါကိုအေတာ္ေလးစိတ္ေက်နပ္မိသည္။ကြန္ပ်ဴတာေပၚကသူ႔ဝတၱဳသစ္ကိုတိုက္႐ိုက္ေရးလို႔ရယံုတင္မကဘူးသူ႔ဝင္ေငြအတြက္လည္းအရင္ဝတၱဳကိုေရးလို႔ရတာေၾကာင့္အေတာ္ေလးေကာင္းလွသည္။

မသိလိုက္စြာနဲ႔အခ်ိန္ေတြကုန္ဆံုးသြားၿပိးညေနခင္းအခ်ိန္ေရာက္လာသည္။လီလ်ိဳကသူ႔ဝတၱဳသစ္ရဲ႔အထြတ္အထိပ္ကိုေရာက္ေနၿပီျဖစ္တာေၾကာင့္သူ႔ရဲ႔ႀကီးမားတဲ့ပယင္းေရာင္မ်က္လံုးဝိုင္းႀကီးထဲမွာသိသာထင္ရွားတဲ့စိတ္လႈပ္ရွားမွဳေတြရွိေနသည္။

အခန္းထဲကိုဂ်င္ခ်န္းဂ်ီဝင္လာတဲ့အခ်ိန္မွာလီလ်ိဳရဲ႔အနည္းငယ္ႁမွင့္ေနတဲ့ႏႈတ္ခမ္းနဲ႔ကြန္ပ်ဴတာမ်က္ႏွာျပင္အားၾကည့္ၿပီးေတာက္ပေနတဲ့မ်က္လံုးဝိုင္းႀကီးကိုျမင္လိုက္ရသည္။သူ႔ရဲႏူးညံ့ေပ်ာ့ေျပာင္းတဲ့လက္ေခ်ာင္းသြယ္သြယ္မ်ားကေတာ့ကြန္ပ်ဴတာကီးဘုတ္ေပၚမွာစုန္ဆန္ခ်ည္ေျပးလႊားေနၿပီးသူ႔ရဲ႔ဘံုကမာၻေလးထဲမွာသာလံုးဝေပ်ာ္ဝင္ေနေလသည္။

လီလိ်ဳရဲ႔ဘဝထဲဂ်င္ခ်န္းဂ်ီကေျဖးၫွင္းစြာဝင္လာၿပီးေနာက္ပိုင္းလီလ်ိဳအခုဘာလုပ္ေနလဲဆိုတာကိုသူသိထားသည္။သူ႔အျမင္အရေတာ့လီလ်ိဳလုပ္ေနတဲ့အလုပ္ကေနရတဲ့ဝင္ေငြကသူ႔အတြက္အေတာ္ေလးနည္းပါးတဲ့ပမာဏျဖစ္ေသာ္လည္းလီလ်ိဳသာေပ်ာ္ေနသ၍ကိစၥမဟုတ္ေပ။

လီလ်ိဳရဲ႔ပံုစံကရတနာတစ္ခုကိုကိုင္ထားတဲ့ကေလးေလးတစ္ေယာက္လိုပဲလို႔ဂ်င္ခ်န္းဂ်ီေတြးမိသည္။သူစာေရးရင္းရတဲ့ထူးထူးဆန္းဆန္းဝင္ေငြေလးနဲ႔လည္းသူ႔ကိုအစားအစာလိုက္ဝယ္ေကၽြးတတ္သည္ပင္။

စာေရးရင္းမွာစ်ာဥ္ဝင္စားေနတဲ့လီလ်ိဳကိုၾကည့္ရင္းဂ်င္ခ်န္းဂ်ီရဲ႔ႏႈတ္ခမ္းမ်ားသည္မေနႏိုင္စြာေကြးၫႊတ္တက္သြားရသည္။သူ႔မ်က္လံုးထဲကအမူအယာသည္လည္းပိုလို႔ညင္သာသိမ္ေမြ႕လာရ၏။

ဒီႏွစ္ႏွစ္အတြင္းလီလ်ိဳကိုအဆက္အဆံလုပ္ရင္းလီလ်ိဳကခံစားခ်က္ပိုင္းမွာအေတာ္ေလးေႏွးေကြးတာကိုဂ်င္ခ်န္းဂ်ီေတြ႕ရွိထားရသည္။ဒါေပမဲ့လည္းအဲ့ဒါကိုၾကည့္ရင္လီလ်ိဳကဆက္ဆံေရးတစ္ခုနဲ႔ပတ္သတ္ရင္ဗလာစာရြက္ေလးတစ္ရြက္အျဖစ္ပဲရွိေသးၿပီးဘယ္သူ႔ဆီကမွအေရာင္ဆိုးမခံရေသးတာကိုျပသေနသည္ေလ...ေနာင္အနာဂတ္မွာလည္းသူလီလ်ိဳကိုအဲ့ဒီအခြင့္အေရးေပးမွာမဟုတ္ဘူး

လီလ်ိဳရဲ႔ႏွလံုးသားကိုသူတစ္ေယာက္တည္းရဲ႔ကိုယ္ပိုင္အေရာင္နဲ႔သာခ်ယ္မႈန္းေစၿပီးသူတစ္ေယာက္တည္းရဲ႔အပိုင္လုပ္ပစ္မယ္

ဒါေပမဲ့အခုေတာ့အခ်ိန္မက်ေသးဘူး

ဂ်င္ခ်န္းဂ်ီသည္သူ႔မ်က္ခြံမ်ားကိုအနည္းငယ္ႏွိမ့္ခ်ထားလိုက္သည္။

သူအခုမိသားစုထဲမွာသူ႔အင္အားကိုအျပည့္အဝမထိန္းခ်ဳပ္ႏိ္ုင္ေသးတာမို႔လို႔လီလ်ိဳကိုအဲ့ဒီလူေတြနဲ႔ထိေတြ႕ခြင့္မျပဳႏိုင္ဘူး...အကယ္၍သူနဲ႔လီလ်ိဳတို႔ကဒီအတိုင္းသူငယ္ခ်င္းေကာင္းေတြဆိုရင္ေတာ့သူတို႔ဂ႐ုစိုက္မွာမဟုတ္ေပမယ့္လီလ်ိဳကသူ႔ရင္ထဲကလူဆိုတာကိုသူတို႔သိသြားရင္ေတာ့အဲ့ဒါကတူမွာမဟုတ္ေတာ့ဘူး

 take_awayအိတ္ကိုကိုင္ထားသည့္ဂ်င္ခ်န္းဂ်ီရဲ႔လက္မ်ားတင္းၾကပ္သြားရသည္။လီလိ်ဳရွိတဲ့အိပ္ယာဆီကိုေလွ်ာက္သြားတဲ့အခ်ိန္မွာေတာ့သူ႔အမူအယာကပံုမွန္ျပန္ျဖစ္သြားၿပီျဖစ္၏။

သူ႔ရဲ႔စိတ္လွဳပ္ရွားမႈေၾကာင့္လီလ်ိဳရဲ႔ျဖဴေဖ်ာ့ေဖ်ာ့ပါးျပင္ကနီရဲရဲတစ္လႊာလႊမ္းျခံဳေနသည္။ထိုအခ်ိန္မွာပဲခပ္နိမ့္နိမ့္နဲ႔သာယာနာေပ်ာ္ဖြယ္အသံတစ္ခုကသူ႔နာမည္ကိုေခၚလိုက္အားၾကားလိုက္ရသည္။

"ေရွာင္းလ်ိဳ,အရင္စားလိုက္..စားလို႔ၿပီးမွဆက္ေရးလို႔ရတယ္ေလ"

လီလ်ိဳသည္သူ႔ရဲ႔စိတ္လွဳပ္ရွားေနသည့္အေျခအေနမွျပန္ေရာက္လာၿပီးသူ႔အိပ္ယာေဘးမွာလက္ထဲပလက္စတစ္အိတ္ကိုကိုင္၍ရပ္ေနေသာဂ်င္ခ်န္းဂ်ီကိုၾကည့္လိုက္သည္။လီလိ်ဳကသူ႔ေခါင္းကိုျပန္လွည့္၍ကြန္ပ်ဴတာေပၚကအခ်ိန္ကိုၾကည့္လိုက္၏——19:30

ေစာေစာကသူေန႔လည္စာစားၿပီးေနာက္မွာအခန္းျပန္လာၿပီးအိပ္ယာထဲအသိုက္ေဆာက္ကာစာေရးေနခဲ့ျခင္းျဖစ္သည္။သူ႔ဘယ္ေလာက္ၾကာေအာင္စာေရးေနခဲ့လဲဆိုတာကိုေတာင္မသိေတာ့ေပ။

ထို႔အျပင္ဂ်င္ခ်န္းဂ်ီရဲ႔သတိေပးသံၾကားမွသာသူ႔ရဲ႔ဗိုက္သိပ္မဆာတဲ့အစာအိမ္ေလးကခ်က္ခ်င္းဆာလာရသည္။

ဒီေန႔,လီေလာင္ကသြားခ်ိန္းေတြ႕ၿပီးက်န္တဲ့အခန္းေဖာ္ႏွစ္ေယာက္သည္လည္းအခန္းထဲရွိမေနေပ။အကယ္၍ဂ်င္ခ်န္းဂ်ီသာသူ႔ကိုသတိမေပးဘူးဆိုရင္သူသတိရတဲ့အခ်ိန္မွာဆိုဗိုက္ျဖည့္ႏိုင္မယ္႔အစားအစာသြားရွာဖို႔ပင္မျဖစ္ႏိုင္ေလာက္ေတာ့မွာကိုစိုးမိသည္။

"ခ်န္းဂ်ီ..ငါ့အတြက္စားစရာယူလာေပးတာေက်းဇူးပဲကြာမဟုတ္ရင္ဒီေန႔ညငါဗိုက္ဆာၿပီးအိပ္ရေတာ့မွာ!"

လီလ်ိဳကသူ႔လက္ႏွစ္ဖက္ကိုအတူတကြစုစည္းၿပီးဂ်င္ခ်န္းဂ်ီကိုေက်းဇူးတင္စကားေျပာၿပီးေနာက္မွာယဥ္ေက်းမေနေတာ့ပဲဂ်င္ခ်န္းဂ်ီကမ္းေပးေနတဲ့အိတ္ေတြကိုယူလိုက္ကာသူ႔ေရွ႕ကစားပြဲေပၚတင္လိုက္သည္။အျပင္ကပတ္ထားတဲ့အိတ္ကိုဖြင့္လိုက္ၿပီးေနာက္အထဲကအၾကည္ေရာင္ပါကင္ဗူးထဲမွာသူႀကိဳက္တဲ့ဟင္းေတြႀကီးပဲဆိုတာကိုခ်က္ခ်င္းျမင္လိုက္ရသည္။

လီလ်ိဳမွာဘာမွမတတ္ႏိုင္စြာသူ႔ရင္ထဲေႏြးေထြးသြားရသည္။ဂ်င္ခ်န္းဂ်ီကအျပင္ဘက္မွာဘာမွဂ႐ုမစိုက္သလိုေနေသာ္လည္းသူ႔အေပၚမွာေတာ့အေတာ္ေလးအာရံုစိုက္ေပးသည္ေလ။

စားေသာက္လို႔ၿပီးတာနဲ႔လီလ်ိဳကစာဆက္ေရးေနၿပီး(၁၁)နာရီမီးပိတ္ခ်ိန္နီးမွသာရပ္သည္။လီလိ်ဳကကြန္ပ်ဴတာကိုပိတ္၍အိပ္ယာေပၚကခုန္ဆင္းၿပီးမီးမပိတ္ခင္အခ်ိန္ေလးကိုယူကာမ်က္ႏွာသစ္ပလုတ္က်င္းေလသည္။

သူကအျမန္ဆံုးအရွိန္နဲ႔ေဆးေၾကာၿပီးသူ႔အိပ္ယာေပၚျမန္ျမန္ျပန္တက္သြားကာေႏြးေထြးတဲ့ေစာင္ထဲတိုးဝင္သြားသည္။

ဒီေန႔ဦးေႏွာက္စြမ္းရည္အမ်ားႀကီးအသံုးျပဳခဲ့တာေၾကာင့္ျဖစ္မည္မိနစ္အနည္းငယ္အတြင္းႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားေတာ့၏။

ညလယ္ေလာက္မွာလီလ်ိဳတစ္ဝက္အိပ္တစ္ဝက္ႏိုးျဖစ္ေနတုန္းသူပိုၾကာၾကာအိပ္ေလသူ႔ေျခေထာက္ေတြကပိုပိုၿပီးေအးလာေလျဖစ္လာသည္။သူ႔ကိုယ္ကိုအႀကိမ္အနည္းငယ္လွည့္ပတ္အိပ္ေသာ္လည္းထိုေအးသည့္ခံစားခ်က္ကိုသည္းမခံႏိုင္ေတာ့တာေၾကာင့္အေမွာင္ထဲမွာ႐ုတ္တရက္မ်က္လံုးမ်ားဖြင့္လာသည္။

ႏိုးလာၿပီးေနာက္မွာေတာ့ထိုေအးသည့္ခံစားခ်က္ကဒီအတိုင္းထင္ေယာင္ထင္မွားမဟုတ္ဘူးဆိုတာကိုေတြ႕သြားရသည္။သူ႔အိပ္ယာေပၚကအႀကီးမားဆံုးအပိုင္းတစ္ခုလံုးစိုရႊဲေနသည္ကိုရွင္းရွင္းလင္းလင္းခံစားလို႔ရေနၿပီးေအးခဲၿပီးစိုစြတ္ေနသည့္ခံစားခ်က္ကသူ႔ေပါင္ထိေရာက္ေနသည္။အခုကေဆာင္းရာသီႀကီးေလ...မေအးတာကမွထူးဆန္းတာ!

ဒီအခ်ိန္ကိုလီလ်ိဳအခုမွမွတ္မိသည္။တကၠသိုလ္သံုးႏွစ္တာတက္ေရာက္တဲ့အေတာအတြင္းဒီလိုအျဖစ္မ်ိဳးအမွန္တကယ္ပဲရွိခဲ့ဘူးသည္။သူအိပ္ၿပီးခဏေလာက္အၾကာမွာအျပင္ဘက္တြင္မိုးအႀကီးအက်ယ္ရြာခဲ့သည္။

အေဆာင္ခန္းရဲ႔မ်က္ႏွာက်က္ကယိုစိမ့္ေနၿပီးထိုယိုစိမ့္တဲ့ေနရာသည္လည္းလီလိ်ဳရဲ႔အိပ္ရာတည့္တည့္မွာျဖစ္တာေၾကာင့္လီလ်ိဳသည္အဲ့ဒီတုန္းကသူကံဆိုးတယ္ဟုပင္သတ္မွတ္ခဲ့သည္။

လီလ်ိဳကလက္ကိုဆန္႔၍သူ႔ေဘာင္းဘီရွည္ကိုတို႔ထိလိုက္သည္။ကံေကာင္းေထာက္မစြာျဖင့္အနည္းငယ္သာစိုသြားတာဆိုေပမယ့္သူ႔ခႏၶာကိုယ္အေပၚမွာဖုံးထားေသာေစာင္ရဲ႔အပိုင္းေတာ္ေတာ္မ်ားမ်ားကေတာ့စိုရႊဲေနေလၿပီ။

စိုေနတဲ့ေစာင္ကေသခ်ာေပါက္မေႏြးေထြးႏိုင္ေပ။ဒါ့ေၾကာင့္လည္းသူအေအးဒဏ္ေၾကာင့္ႏိုးလာျခင္းျဖစ္သည္။ၿပီးေတာ့ဒီလိုအေျခအေနမ်ိဳးမွာျပန္လွဲခ်ၿပီးအိပ္ဖို႔ဆိုတာကလည္းမျဖစ္ႏိုင္ဘူး

လီလ်ိဳသည္သူ၏အားသြင္းထားေသာမိုးဘိုင္းဖုန္းကိုအိပ္ယာေဘးမွယူလိုက္ၿပိးမ်က္ႏွာျပင္ေပၚၾကည့္လိုက္သည္။အခုကမနက္ငါးနာရီရွိေနၿပီျဖစ္တာေၾကာင့္အာ႐ုဏ္တက္ရန္တစ္နာရီသာလိုေတာ့သည္။

လီလိ်ဳသည္ျပန္မအိပ္ခ်င္ေတာ့တဲ့အျပင္တစ္ျခားအိပ္ေနတဲ့အခန္းေဖာ္ေတြကိုလည္းအေႏွာင့္အယွက္မေပးလိုတာေၾကာင့္နံရံကိုမွီ၍ဖုန္းေဆာ့ရင္းျဖင့္သာအသံမထြက္ပဲတိတ္တဆိတ္ထိုင္ေနလိုက္သည္။

ပထမဆံုးအခန္းေဖာ္ကမူးေနာက္ေနာက္နဲ႔ႏိုးလာတဲအခ်ိန္မွာေတာ့ဖုန္းေဆာ့ရင္းထိုင္ေနတဲ့လီလ်ိဳကိုၾကည့္ၿပီးခ်က္ခ်င္းထိတ္လန္႔သြားမိေတာ့၏။

"Fu*k,ေရွာင္းလ်ိဳ,မင္းဒီေန႔ထတာေစာလွေခ်လား...အနားယူတဲ့ေန႔ေတြဆိုရင္မင္းပံုမွန္ေန႔လည္ေလာက္ထိအိပ္ယာေပၚကမထဘူးမဟုတ္ဘူးလား?"

လီလ်ိဳမွာခ်က္ခ်င္းပင္အနက္ေရာင္လိုင္းမ်ားျဖစ္သြားရသည္။ဂ်င္ခ်န္းဂ်ီနဲ႔လီေလာင္ကလြဲရင္တစ္ျခားအခန္းေဖာ္ေတြရဲ႔မ်က္စိထဲမွာသူကဒီလိုပံုရိပ္မ်ိဳးျဖစ္ေနေၾကာင္းသူတကယ္ပဲမထင္ထားခဲ့ဘူး..

ဒါေပမဲ့အျပင္ထြက္ရတာသိပ္မႀကိဳက္တဲ့
hardcore_otakuတစ္ေယာက္အေနနဲ႔အိပ္တာကိုႀကိဳက္တာကလည္းအရမ္းကိုသာမာန္ပါပဲေနာ္ဟုတ္ၿပီလား,အဟြတ္,အဟြတ္!

လီလ်ိဳမွာခဏေလာက္ဆြံ႔အသြားၿပီးမွကူကယ္ရာမဲ့စြာျဖင့္သူ႔အေပၚကိုလက္ၫွိဳးထိုးျပသည္။

"အျပင္ဘက္မွာမိုးအႀကီးအက်ယ္ရြာတာဒီေနရာကမိုးယိုတယ္ငါဘယ္လိုလုပ္အိပ္လို႔ရမွာလဲ?ဒီေန႔ညငါ့မွာခဲေလာက္ေအာင္ေအးၿပီးႏိုးလာရတာကို"

"ေဟာဗ်ာ,ဒါကဘယ္လိုအေျခအေနလဲ?ေျပာေတာ့ငါတို႔အေဆာင္ခန္းကေက်ာင္းမွာအေကာင္းဆုံးဆို,ဘယ္လိုလုပ္မိုးယိုရတာလဲ?"

ထိုအခန္းေဖာ္— ေဖာင္ကၽြင္းဖုန္သည္လီလ်ိဳရဲ႔သတိေပးခ်က္အၿပီးအိပ္ယာေပၚကအခုထိတစ္စက္စက္က်ေနဆဲျဖစ္သည့္မိုးယိုကြက္ကိုေမာ့ၾကည့္မိသည္။

ေဖာင္ကၽြင္းဖုန္ရဲ႔က်ယ္ေလာင္တဲ့အသံေအာက္မွာမႏိုးေသးတဲ့က်န္သံုးေယာက္လည္းႏိုးလာေတာ့သည္။

".....ဘာေတြျဖစ္ေနတာလဲ,အယ္,ဘာေတြျဖစ္သြားတာလဲ?ဒီေလာက္ေတာင္ယိုေနမွေတာ့လူဘယ္လိုလုပ္အိပ္ႏိုင္မလဲဟ?"

"ငါတို႔အေဆာင္မန္ေနဂ်ာကိုသတင္းပို႔မယ္ဆိုရင္ေတာင္ေရွာင္းလိ်ဳကလာမယ့္ရက္အနည္းငယ္ေလာက္ထိဒီအိပ္ယာေပၚမွာအိပ္လို႔ရမွာမဟုတ္ဘူး"

"ဒါဆိုေနာက္ပိုင္းေရွာင္းလ်ိဳဘယ္မွာအိပ္မလဲ?"

လီလ်ိဳသည္အိပ္ယာမွထလာၾကသည္ႏွင့္သူ႔ရဲ႔ေနာက္ရက္အနည္းငယ္အတြက္'ေနရာထိုင္ခင္းျပႆနာ'အေၾကာင္းအက်ိတ္အနယ္ေဆြးေႏြးေနၾကသည့္လူတိုင္းကိုၾကည့္ရင္းအခုခံစားထားရတဲ့အဓိကလူကၾကည့္ရွဳသူျဖစ္လာသလိုခံစားလိုက္ရသည္ _(:з)∠_.

"ဒီရက္ေတြအတြင္းမင္းငါနဲ႔အတူတူေနလို႔ရတယ္"

ဂ်င္ခ်န္းဂ်ီကဒီNတကၠသိုလ္နဲ႔နီးတဲ့ေနရာမွာတိုက္ခန္းတစ္ခန္းဝယ္ထားၿပီးအတန္းၿပီးတာနဲ႔ထိုတိုက္ခန္းသို႔ျပန္ေလ့ရွိေၾကာင္းလီလိ်ဳဟိုးတုန္းကတည္းကသိထားခဲ့ၿပီးသားျဖစ္သည္။

ဒီရက္ေတြမွာဂ်င္ခ်န္းဂ်ီကအေဆာင္ခန္းထဲမွာမေနပဲအဲ့ဒီတိုက္ခန္းသို႔သာျပန္ေလ့ရွိသည္။

အရင္တုန္းကလည္းလီလ်ိဳအဲ့ဒီတိုက္ခန္းမွာရက္အနည္းငယ္ေနဘူးတာေၾကာင့္အဲ့ဒါနဲ႔ပတ္သတ္ၿပီးစြဲလမ္းမႈအနည္းငယ္ရွိေနေသးသည္။

အခုအိပ္ယာကဒီလိုပံုစံျဖစ္ေနၿပီးေနာက္ဆံုးစာေမးပြဲကလည္းေနာက္ႏွစ္ရက္ဆိုလာေတာ့မွာျဖစ္သည္။အကယ္၍သူသာအေဆာင္မွာေနမယ္ဆိုရင္ညအခ်ိန္ေကာင္းေကာင္းအိပ္မရတာနဲ႔ပဲစာေမးပြဲအတြင္းသူ႔အေျခအေနကေကာင္းမွာမဟုတ္ေတာ့..

ဂ်င္ခ်န္းဂ်ီရဲ႔တိုက္ခန္းကိုသြားေနျခင္းကသာသူ႔ရဲ႔တစ္ခုတည္းေသာေရြးခ်ယ္ရာပင္။

ထိုအခ်ိန္မွာပဲလူတိုင္းထိုေအးခဲေနတဲ့အေျခအေနမွလြတ္ေျမာက္လာဟန္တူၿပီးသူတို႔အားလံုး'ျပန္ေကာင္း'သြားၾကသည္။

"အဲ့ဒီေတာ့အကိုႀကီးဂ်င္မွာမင္းေနဖို႔အတြက္ေနရာရွိတယ္..ဒါဆိုရင္ေရွာင္းလ်ိဳ...အကိုႀကီးဂ်င္ရဲ႔ရည္ရြယ္ခ်က္ေကာင္းကိုမျငင္းနဲ႔ေတာ့အရင္ဆံုးမ်က္ႏွာက်က္ျပင္ၿပီးသည္အထိသြားေနလိုက္ၿပီးမွျပန္လာေပါ့"

ဂ်င္ခ်န္းဂ်ီရဲ႔အသက္ကအေဆာင္ခန္းထဲမွာအႀကီးဆံုးမဟုတ္ေသာ္လည္းဘယ္တုန္းကစတင္ခဲ့မွန္းမသိစြာျဖင့္လီလ်ိဳကလြဲရင္အကုန္လံုးဂ်င္ခ်န္းဂ်ီအားအကိုႀကီးဟုပင္ေခၚၾကေတာ့သည္။

—— ေဟး,ငါ့မွာဟင့္အင္းလို႔ေျပာလို႔ ရလို႔လား?

လီလ်ိဳသည္ဘာမွမတတ္ႏိုင္စြာျဖင့္သူ႔ႏႈတ္ခမ္းေထာင့္စြန္းကိုဆြဲမိေတာ့သည္။ၿပီးေနာက္ဂ်င္ခ်န္းဂ်ီအားၾကည့္လိုက္၏။

"ခ်န္းဂ်ီ,ဒါဆိုငါမင္းတိုက္ခန္းကိုလိုက္ၿပီးမင္းကိုရက္နည္းနည္းေလာက္ေတာ့ေႏွာင့္ယွက္ရေတာ့မယ္"

"အင္း"

ဂ်င္ခ်န္းဂ်ီရဲ႔မ်က္စံထဲမွာအလင္းတစ္ခ်က္ေတာက္ပသြားပံုေပၚၿပီးသူ႔ရဲ႔ႏႈတ္ခမ္းပါးမ်ားကပါအနည္းငယ္ေကြးၫႊတ္သြားပံုပင္။

ထို႔ေၾကာင့္လီလ်ိဳရဲ႔ေနရာထိုင္ခင္းျပႆနာကေျဖရွင္းလို႔ၿပီးသြား၏။

.............................

Continue Reading

You'll Also Like

39K 5.7K 6
Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ ချစ်ဖို့ကောင်းတဲ့short storyလေးပါ♡˖꒰ᵕ༚ᵕ⑅꒱ This is just a fun translation. I do not...
22.7K 2.7K 21
အကျဉ်းချုပ် : အိပ်စက်ခြင်းက အရင်ကလို လွယ်လွယ်ကူကူ မရောက်လာတော့ဘူး .. Bokutoက ဒါကို သိခဲ့တယ် ပြီးတော့ Akaashiလည်း အခု သိခဲ့ပြီ ဖြစ်တယ် အက်ဥ္းခ်ဳပ္...
948K 172K 123
Don't repost the commissioned Fanart CV anywhere for commercial purposes! Artist (IG Acc) - AeriCM_sknrm7s ✨ Novel name နဲ့ information အပြည့်အစုံကို...