(Completed )The Transmigratio...

By Xiao_Yiii

1.3M 195K 3.1K

မနက္ခင္းတစ္ခုတြင္ system နွင့္ခ်ည္ေနွာင္ခံရျပီးေနာက္ MC မွာလုပ္ရိုးလုပ္စဥ္တစ္ခုကဲ့သို႔ပင္ ML ဤဖမ္းဆီးျခင္း/တု... More

Description
Arc(1.1) - The Wild Dragon proud day
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)
Arc(1.10)
Arc(1.11 - 1)
Arc(1.11 - 2)
Arc(1.12)
Arc(1.13 - 1)
Arc(1.13 - 2)
Arc(1.14)
Arc(1.15)
Arc(1.16)
Arc(1.17)
Arc(1.18)
Arc(1.19)
Arc(1.20)
Arc(1.21)
Arc(1.22)
Arc(1.23)
Arc(1.24)
Arc(1.25)
Arc(1.26)
Arc(1.27)
Arc(1.28)
Arc(1.29)
Arc(1.30)
Arc(1.31)
Arc(1.32)
Arc(1.33)
Arc(1.34)
Arc(1.35)
Arc(1.36 -> 1~2~3)
Arc(1.36 -> 4~5)
Real World
Real World-2
Arc(2.1) - Saint Magus
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)
Arc(2.9)
Arc(2.10)
Arc(2.11)
Arc(2.12)
Arc(2.13)
Arc(2.14)
Arc(2.15)
Arc(2.16)
Arc(2.17)
Arc(2.18)
Arc(2.19 - 1)
Arc(2.19 - 2)
Arc(2.20)
Arc(2.21)
Arc(2.22 - 1)
Arc(2.22-2)
Arc(2.23)
Arc(2.24)
Arc(2.25)
Arc(2.26)
Arc(2.27)
Arc(2.28)
Arc(2.29)
Arc(2.30)
Arc(2.31)
Arc(2.32)
Arc(2.33)
Arc (2.34)
Arc(2.35)
Arc(2.36)
Arc(2.37)
Arc(2.38)
Arc(2.39)
Arc(2.40)
Arc(2.41)
Arc(2.42)
Arc(2.43)
Arc(2.44)
Arc(2.45)
Arc(2.46)
Arc(2.47)
Arc(2.48)
Back to Real World (1)
Back to Real World (2)
Arc(3) - 'Immortal Path of Devil Lord'
Arc(3.1)
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)
Arc(3.14)
Arc(3.15)
Arc(3.16)
Arc(3.17)
Arc(3.18)
Arc(3.19)
Arc(3.20)
Arc(3.21)
Return to the University (1)
Return to the University (2)
Return to the University (3)
Return to the University (4)
Return to the University (5)
Return to the University (6)
Return to the University (7)
Return to the University (8)
Return Arc(3.23)
Arc(3.24)
Arc(3.25)
Arc(3.26)
Arc(3.27)
Arc(3.28)
Arc(3.29)
Arc(3.30)
Arc(3.31)
Arc(3.32)
Arc(3.33)
Arc(3.34)
Arc(3.35)
Arc(3.36)
Arc(3.37)
Arc(3.38)
Extra; {မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}
Extra; the New Emperor and Empress
Thank You

Arc(3.22)

5K 859 8
By Xiao_Yiii

Unicode

Arc(3.22)

လီလျိုရဲ့နောက်မှာထိုင်နေတဲ့ချူးဝူရုံကဘာကိုမှမပြောပဲသူ့အနက်ရောင်မျက်ဝန်းများကသာတစ်သွင်သွင်တိုက်နေသည့်လေပြေကြောင့်အနီရောင်ဝတ်စုံတစ်လွင့်လွင့်ဖြစ်နေသည့်လေလယ်ကယွင်ထျန်ဟန်းကိုကြည့်နေသည်။

"ဘာဖြစ်တာလဲ?ချူးဝူရုံ,မင်းကငါ့ကိုမမှတ်မိတော့ဘူးလား?" ယွင်ထျန်ဟန်းရဲ့မက်မွန်ပွင့်မျက်လုံးများကအနည်းငယ်ကျဉ်းမြောင်းသွားကာသူ့ရဲ့ပါးလွှာသည့်အနီရောင်ဖျော့ဖျော့နှုတ်ခမ်းလွှာတွင်သိသာထင်ရှားတဲ့မထီမဲ့မြင်အပြုံးတစ်ခုဖြစ်ပေါ်လာသည်။

"ဒါမှမဟုတ်,တစ်ယောက်နဲ့တစ်ယောက်နှစ်တွေအများကြီးမတွေ့ရတော့ရုတ်တရက်မင်းရဲ့မိတ်ဆွေဟောင်းကြီးကိုအသိအမှတ်မပြုရဲတာလား?"

လီလျိုသည်တကယ့်ကိုသူ့ရှေ့ကဒီအနီဝတ်နဲ့လူအားဒူးထောက်ရပေမည်။သိသာထင်ရှားစွာပင်သူကချူးဝူရုံအားရှာပြီးသူ့ဝိဉာဉ်အားရှာဖွေချင်နေတာဖြစ်သည်။ထို့မှသာသူနောက်တစ်ဆင့်တက်နိုင်မယ့်အဲ့ဒီကျင့်ကြံရေးနည်းလမ်းကိုအသုံးပြုလို့ရမှာဖြစ်သည်။အဲ့ဒါသည်လည်းသူ့ကျင့်ကြံမှုအတွက်အရေးကြီးဆုံးခြေလှမ်းပင်။

သူ့ကိုယ်ပိုင်ကျင့်ကြံရေးလမ်းကြောင်းအတွက်သူကသူနဲ့ညီအစ်ကိုအရင်းလိုရင်းနှီးသည့်မိတ်ဆွေအပေါ်မှာတောင်လက်တင်နိုင်တဲ့သူဖြစ်ပြီးသူ့မိတ်ဆွေရဲ့ကံကောင်းစွာနဲ့လွတ်မြောက်လာနိုင်တဲ့ဝိဉာဉ်ကိုပင်လွှတ်မပေးပေ။

လီလျိုသည်မူလကဒီဇာတ်ကောင်ကိုရေးခဲ့တာကဇာတ်လမ်းရဲ့ဇာတ်ကွက်ကိုမြှင့်တင်နိုင်ရန်နှင့်ချူးဝူရုံရဲ့ဇာတ်ကောင်ကိုပိုပြီးကြွတက်လာစေရန်ဖြစ်သည်။သို့ပေမယ့်အခုတော့သူဒီစာအုပ်ထဲကိုအမှန်တကယ်ဝင်လာရပြီးဇာတ်လိုက်သည်လည်းသူနှစ်သက်တဲ့သူဖြစ်လာတဲ့အချိန်မှာတော့ဆန့်ကျင်ဘက်ကလူရဲ့အပြုအမူနဲ့လုပ်ရပ်တွေကိုရှင်းရှင်းလင်းလင်းသိလာပြီဖြစ်သည်။

အခုချိန်မှာတော့ယွင်ထျန်ဟန်းရဲ့စွမ်းဆောင်ရည်ကိုမြင်ရပြီးတဲ့အချိန်မှာသူတကယ့်ကမ္ဘာကိုသာပြန်သွားပြီးသူရေးသားခဲ့သည့်ဝတ္တုကိုပြန်ဖွင့်ကာယွင်ထျန်ဟန်းရဲ့ဇာတ်ကောင်ကိုအကြိမ်ထောင်ပေါင်းများစွာပေါက်ကရလုပ်ပစ်ချင်နေသည်။

လီလျိုကသူ့နှလုံးသားထဲကခံစားချက်ကိုဖိနှိပ်လိုက်သည်။သူ့မျက်နှာကတော့ကုချင်းချန်းရဲ့တည်ငြိမ်ပြီးလစ်လျူရှုတတ်သည့်အမူအယာကိုဆက်ဝတ်ဆင်ထားဆဲဖြစ်ကာခံစားချက်အနည်းငယ်တောင်မဖော်ပြပေ။

"ဒီကစီနီယာ,ဝူရုံက,ကလေးဘဝကတည်းကကြည်လင်ကောင်းကင်ဂိုဏ်းမှာပဲကြီးပြင်းလာတာပါသူခင်ဗျားကိုသိမှာမဟုတ်ဘူး"

ယွင်ထျန်ဟန်းသည်အခုမှချူးဝူရုံရှေ့မှာထိုင်နေသည့်လီလျိုကိုသတိပြုမိဟန်တူသည်။သို့သော်သူ့ရဲ့အေးစက်ပြီးပြင်းထန်လှသည့်လှပသောမျက်လုံးများကလီလျိုကိုတစ်ချက်သာလှည့်ကြည့်လိုက်ပြီးနောက်အေးစက်စက်ဖြင့်မထီလေးစားဟန်နှာခေါင်းရှုံ့လေသည်။

"မင်းလည်းအရေးမကြီးတဲ့သူပဲ"

ယွင်ထျန်ဟန်းပြောလိုက်တဲ့စကားကိုချူးဝူရုံကြားသောအခါသူ့မျက်လုံးထဲကအမူအယာကချက်ချင်းပြောင်းလဲသွားပြီးပိုအေးစက်သွားသည်။သို့သော်သူကပါးစပ်ကိုပိတ်ထားဆဲပင်။ယွင်ထျန်ဟန်းကဘာလာရှာလဲသူမသိသလိုယွင်ထျန်းဟန်ကသူသည်အတိတ်ဘဝတုန်းကနတ်ဆိုးသခင်ချူးဝူရုံပါဟုဘယ်လောက်ထိသေချာနေလဲဆိုတာကိုလည်းမသေချာပေ။

ယွင်ထျန်ဟန်းကချူးဝူရုံအားပြန်ကြည့်သည်။

"ချူးဝူရုံ,မင်းဘာလို့စကားမပြောတာလဲ?"

ထို့နောက်သူကထပ်ပြောပြန်သည်။

"ကောင်းပြီ,မင်းဘယ်တော့မှမတွေးခဲ့မိဘူးမှတ်လားငါကမင်းကိုအခုထိရှာနေနိုင်ဦးမယ်လို့,ဟုတ်တယ်မှတ်လား?"

ယွင်ထျန်ဟန်းရဲ့အနီရင့်ရင့်မျက်လုံးများထဲမှာခံစားချက်ကိုခန့်မှန်းလို့မရတဲ့အမှောင်ထုတစ်ပိုင်းတစ်စပေါ်လွင်နေသည်။သူ့နှုတ်ခမ်းကအပြုံးသည်လည်းပိုလို့သိသာထင်ရှားလာသည်။

"မင်းရဲ့Nascent Soulအဆင့်ခရမ်းအမြူတေကိုအပိုင်းပိုင်းအစစဖြစ်အောင်ဖျတ်စီးပြီးတဲ့နောက်မှာမင်းကနှစ်ရာချီပြီးတိတ်တဆိတ်ပျောက်ကွယ်သွားမယ်လို့မထင်ထားခဲ့မိဘူး....မမျှော်လင့်ပဲမင်းကဒုတိယကိုယ်ထည်တစ်ခုကိုရှာနိုင်ပြီးငါ့ကိုနောက်တစ်ခေါက်ရှာတွေ့ခွင့်ပေးခဲ့တာပဲ...ဒါပေမဲ့မင်းကအခုအရမ်းအားနည်းနေတယ်ပြီးတော့ငါကတော့Demigodအဆင့်ကျင့်ကြံသူဖြစ်နေပြီ....ကောင်းကင်ဘုံကငါ့ဘက်မှာရပ်တည်ပေးပြီးငါ့ကျင့်ကြံမှုနည်းလမ်းတွေကိုပြီးပြည့်စုံအောင်လုပ်ပေးနေတယ်ဆိုတာရှင်းနေတာပဲလေ"

လီလျိုသည်ယွင်ထျန်ဟန်းထုတ်လွင့်လိုက်တဲ့ဖိအားကိုချက်ချင်းသတိထားလိုက်မိပြီးဘာမှမတတ်နိုင်ပဲသူ့တစ်ကိုယ်လုံးတောင့်တင်းသွားသည်ကိုခံစားလိုက်ရကာအဲ့ဒီဖိအားကသူ့ရင်ဘက်ပေါ်ကိုကျောက်တုန်းကြီးတစ်ခုနဲ့ဖိထားသလိုမျိုးအသက်ရှုရခက်ခဲလာစေသည်။

လီလျိုကသူ့ရှေ့ကယွင်ထျန်းဟန်ရှေ့ကိုကွေးညွှတ်သွားချင်နေသည့်ခံစားချက်ကိုပြင်းထန်စွာဖိနှိပ်ထားရင်းသူ့စိတ်ထဲမှာရှောင်းချီကိုခေါ်လိုက်သည်။

လက်ရှိအခြေအနေမှာတော့ပိုပြီးအသုံးဝင်တဲ့နည်းလမ်းကိုသူမစဉ်းစားနိုင်တော့ပေ။အကယ်၍သူယွင်ထျန်ဟန်းရဲ့ထိန်းချုပ်မှုအောက်ကနေမလွတ်မြောက်နိုင်ဘူးဆိုရင်သူနဲ့ချူးဝူရုံတို့ရဲ့နောက်ဆုံးရလဒ်ကသေဆုံးခြင်းဖြစ်သွားလိမ့်မည်။

ဒါဆိုဒီကမ္ဘာကလည်းရှုံးနိမ့်ခြင်းနဲ့သာအဆုံးသတ်သွားပေမည်။

ကမ္ဘာတိုင်းရဲ့အမျိုးသားဇာတ်လိုက်ကတစ်ယောက်တည်းဆိုတာသူသိသော်လည်းသူကတော့ပထမကမ္ဘာကိုပြန်သွားပြီးအချိန်တစ်ချို့ကြာအောင်သွားနေချင်နေသေးသည်။

ပထမကမ္ဘာမှာကမနှစ်မြို့ဖွယ်အမှတ်တရအနည်းငယ်ရှိနေပြီးချင်ယုကသူ့ကိုအတင်းအကြပ်လုပ်တာကိုသူသဘောမကျသော်လည်းအဲ့ဒါကလွဲရင်တကယ်တမ်းကချင်ယုကသူ့ကိုအတော်လေးအာရုံစိုက်ပြီးဆက်ဆံတယ်ဟုပြောလို့ရသည်။

ဒီလောက်အချိန်တွေကြာသွားခဲ့တာတောင်ချင်ယုသူ့အပေါ်နောက်ဆုံးကြည့်ခဲ့တဲ့အကြည့်ကိုမမေ့နိုင်သေးပေ။သူ့မျက်လုံးထဲကစိတ်အားငယ်နေတဲ့အမူအယာတွေနဲ့သွေးမျက်ရည်ကျလုနီးပါးပြောခဲ့တဲ့စကားလုံးတွေကိုပေါ့....

အဲ့ဒါကြောင့်သူရှုံးလို့မဖြစ်ဘူး..သူအဲ့ဒီကမ္ဘာကိုပြန်သွားပြီးအဲ့ဒီအထီးကျန်စိတ်အားငယ်နေတဲ့ပုံရိပ်လေးကိုပြောချင်တယ်...သူသာအရင်လိုအတင်းအကြပ်ထပ်မလုပ်သ၍သူနဲ့အတူတူနေပြီးပိုပြီးလှပတဲ့အမှတ်တရတွေကိုအတူတကွဖန်တီးချင်ပါတယ်လို့....

ယွင်ထျန်ဟန်းရဲ့ဖိအားအောက်မှာလီလျိုသည်မနေနိုင်ပဲခေါင်းကိုငုံ့ချမိသည်။သို့သော်သူ့မျက်လုံးထဲကအမူအယာကတော့ပိုလို့ခိုင်မာပြီးပိုလို့မြဲမြံလာသည်။

လက်ရှိအခြေအနေကိုရှောင်းချီကနားလည်လိုက်ပြီးနောက်ခဏတစ်ဖြုတ်တိတ်ဆိတ်သွားသည်မှာတစ်စုံတစ်ခုကိုသွားရောက်စစ်ဆေးနေပုံပေါ်သည်။ပြီးနောက်သူကလီလျိုကိုပြောလာသည်။

[ကြီးမြတ်တဲ့hostရေ,ဒီတစ်ခေါက်အရေးကြီးတဲ့အခြေအနေကိုစဉ်းစားကြည့်လိုက်တော့ကျွန်တော်hostရဲ့လက်ရှိအဆင့်ထက်ကျော်လွန်နိုင်တဲ့ဝိဉာဏ်ကိရိယာကိုပေးလို့ရတယ်ဒါပေမဲ့အဲ့ဒါကိုအမျိုးသားဇာတ်လိုက်အတွက်တစ်ခါပဲသုံးလို့ရမှာ...ပြီးတော့hostရဲ့လက်ရှိခန္ဓာကိုယ်ကိုစွန့်လွှတ်ဖို့လိုအပ်ပြီးဒီကမ္ဘာကနေအချိန်ပိုင်းတစ်ခုလောက်တော့ထွက်သွားရလိမ့်မယ်...ပြန်ရောက်လာတဲ့အချိန်မှာတော့တစ်ခြားလူတစ်ယောက်ရဲ့ကိုယ်ထဲဝင်ရမှာ...ဆန္ဒရှိရဲ့လား?]

[အဲ့ဒါကဒီကမ္ဘာရဲ့ပြီးမြောက်မှုကိုအကျိုးသက်ရောက်မှုရှိမှာလား?]

လီလျိုကသူ့ကိုယ်သူ'ယဇ်ပူဇော်'ရမှာကိုကန့်ကွက်ဖို့မရှိပေ။သို့သော်သူဂရုစိုက်ဆုံးနောက်တစ်ခုကိုတော့စိတ်အားထက်သန်စွာမေးလိုက်သည်။

[သက်ရောက်မှုမရှိပါဘူး,အမျိုးသားဇာတ်လိုက်ကသာအဆုံးသတ်မှာအမြင့်ဆုံးကိုရောက်သ၍ဒီကမ္ဘာက(၁၀၀%)အောင်မြင်တယ်လို့သတ်မှတ်လို့ရပါတယ်]

လီလျိုသည်နောက်ဆုံးတော့သူ့ရင်ထဲကစိုးရိမ်ပူပန်မှုကိုစွန့်လွှတ်လိုက်နိုင်သည်။ဒီလက်ရှိကမ္ဘာမှာကသူ့ရဲအေးတိအေးစက်ပုံရိပ်ကိုထိန်းသိမ်းဖို့လိုအပ်နေသည်။ချူးဝူရုံကသူ့ကိုကျင့်ကြံမှုနဲ့ပတ်သတ်တဲ့တစ်ခုခုဆွေးနွေးဖို့လာရှာပြီးအချိန်တော်တော်ကြာသည်အထိသူတို့စကားပြောဖြစ်တာကလွဲရင်တစ်ခြားအချိန်တွေမှာကချူးဝူရုံနဲ့စကားသိပ်မပြောဖြစ်ပေ။

ထို့ကြောင့်ဒီအမျိုးသားဇာတ်လိုက်ကသူ့အပေါ်မှာဆရာနဲ့တပည့်ခံစားချက်သာရှိတယ်လို့ခန့်မှန်းလို့ရသည်။မူလကတော့သူသည်ချူးဝူရုံကသူ့ရဲစိတ်ထား့ရုတ်တရက်အကြီးအကျယ်ပြောင်းလဲသွားမှုအပေါ်ဘယ်လိုများလက်ခံနိုင်ပါ့မလဲဆိုတာနဲ့အရင်ကမ္ဘာနှစ်ခုကလိုမျိုးသူ့ကိုဆက်ပြီးနှစ်သက်အောင်ဘယ်လိုများလုပ်ရပါ့မလဲလို့စိတ်အနှောင့်အယှက်ဖြစ်နေခဲ့တာဖြစ်သည်။

လက်ရှိအကျပ်အတည်းကမကောင်းတဲ့အခွင့်အလမ်းတော့လည်းမဟုတ်ပေဘူး

[ကြီးမြတ်တဲ့hostရေ,ကျွန်တော်အခုhostရဲ့သိုလှောင်အိတ်ထဲကိုအမျိုးသားဇာတ်လိုက်ကိုအဝေးပို့လိုက်လို့ရအောင်သုံးလို့ရတဲ့ဝိဉာဏ်ကိရိယာထည့်ပေးလိုက်ပါပြီ....အဲ့ဒါကိုစတင်ဖို့hostရဲ့ဝိဉာဏ်စွမ်းအား(၁၀%)လောက်သာသုံးဖို့လိုပါတယ်ပြီးရင်တော့အဲ့ဒီဝိဉာဏ်ကိရိယာကိုအမျိုးသားဇာတ်လိုက်ရဲ့လက်ကောက်ဝတ်မှာဝတ်ပေးလိုက်ပါ...အဲ့ဒါပြီးရင်တော့——ကျွန်တော်hostကိုလက်ရှိကနေဖယ်ရှားပါ့မယ်,hostအနေနဲ့မငြင်းဆန်ဖို့အရင်ဆုံးပြောထားပါရစေ]

[ကောင်းပြီ] လီလျိုသည်လည်းကန့်ကွက်မှုမရှိပေ။

ယွင်ထျန်ဟန်းကအကြာကြီးမစောင့်နိုင်တော့သည့်ပုံပေါ်သည်။သူ့လက်ကိုမြှောက်လိုက်ပြီးသွယ်ပြောင်းရှည်လျားသည့်လက်ချောင်းလေးများကိုအနည်းငယ်မြှောက်လိုက်ကာလီလျိုနဲ့ချူးဝူရုံရှိရာသို့ဦးတည်လိုက်သည်။ချက်ချင်းလိုလိုပင်ကြီးမားတဲ့ဝိဉာဏ်အားတွေရောနှောပါဝင်နေသည့်ဟာရီကိန်းကြီးတစ်ခုကလီလျိုမောင်းနေသည့်သစ်ရွက်သဏ္ဍာန်လှေရှိရာသို့ပြေးဝင်လာတော့၏။

အကယ်၍လှေသာအဲ့ဒီDemigodအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့စွမ်းအင်တွေပါဝင်နေတဲ့ဟာရီကိန်းနဲ့ရိုက်ခတ်မိမယ်ဆိုရင်လီလျိုကတောင့်ခံထားပြီးရှောင်လိုက်မယ်ဆိုရင်တောင်သူသေချာပေါက်တိုက်ခိုက်မှုရဲ့နောက်ဆက်တွဲဆိုးကြိုးများကိုခံစားရမှာဖြစ်ပြီးအကြီးအကျယ်ထိခိုက်သွားနိုင်သည်။Nascent Soulအဆင့်ကျင့်ကြံသူတစ်ယောက်အနေနဲ့သူ့မှာအခြေခံကျကျပင်Demigodအဆင့်ကျင့်ကြံသူကိုရင်ဆိုင်တိုက်နိုင်မယ့်စွမ်းအားမရှိပေ။

"ယွင်ထျန်ဟန်း,မင်းသာငါ့ကိုကတိတစ်ခုပေးမယ်ဆိုရင်ငါ,ချူးဝူရုံကမင်းနောက်ကနေလိုလိုလားလားလိုက်ခဲ့ဖို့ဆန္ဒရှိတယ်"

ချူးဝူရုံသည်လည်းလီလျိုရဲ့လက်ရှိကျင့်ကြံဆင့်နဲ့ဆိုရင်ယွင်ထျန်ဟန်းရဲ့တိုက်ခိုက်မှုကိုတောင့်မခံနိုင်ဘူးဆိုတာနားလည်သည်။သူ့ရှေ့ကဒီလူကိုယွင်ထျန်ဟန်းကထိခိုက်နာကျင်အောင်လုပ်မှာအားသူမလိုလားပေ။ဒါ့အပြင်အကယ်၍ယွင်ထျန်ဟန်းကသူ့ဝိဉာဉ်ကိုဖယ်ရှားတဲ့ကျင့်ကြံရေးနည်းလမ်းကိုအသုံးပြုချင်တာဆိုရင်သူ့အနေနဲ့နတ်ဆိုးပိုင်နယ်မြေကိုသွားပြီးအထူးအစီအရင်တွေအရင်ဆုံးခင်းကျင်းဖို့လိုအပ်သည်။

သူသာယွင်ထျန်ဟန်းကိုလီလျိုကိုလွှတ်ပေးဖို့ပြောနိုင်သမျှကာလပတ်လုံးယွင်ထျန်ဟန်း၏ထိန်းချုပ်မှုမှလွတ်မြောက်ရန်အတွက်သူ့ကိုယ်ခန္ဓာမှ Qi အားလုံးနှင့်သွေးအားလုံးကိုသုံးနိုင်သည်။

ချူးဝူရုံရဲ့စကားကိုယွင်ထျန်ဟန်းကြားပြီးနောက်သူ့လက်ကိုဝှေ့ယမ်းလိုက်ပြီးသူထုတ်လွှတ်လိုက်သည့်ဟာရီကိန်းစွမ်းအင်ကိုပြန်ရုတ်သိမ်းလိုက်သည်။ထို့နောက်သူ့မျက်လုံးများကချူးဝူရုံအားလှောင်ပြောင်လိုဟန်ကြည့်လေသည်။

"အခုတော့မင်းငါနဲ့အတူတူပြန်လိုက်ချင်သွားပြီပေါ့...ငါလည်းကြားချင်ပါသေးတယ်မင်းလိုအရှုံးသမားတစ်ယောက်ကငါ့ကိုဘယ်လိုအခြေအနေမျိုးတောင်းဆိုလာမှာလဲဆိုတာကိုပေါ့?"

သို့သော်ထိုအချိန်မှာပဲလီလျိုကချူးဝူရုံရဲ့လက်မောင်းတစ်ဖက်ကိုယူလိုက်ပြီးတွန့်ဆုတ်မှုမရှိစွာဖြင့်ခါးမှသူ့သိုလှောင်အိတ်ကိုဖွင့်လိုက်သည်။ပြီးနောက်ရှောင်းချီသူ့ကိုပေးထားတဲ့ဝိဉာဏ်ကိရိယာအားထုတ်ယူလိုက်ပြီးသူ့ဝိဉာဉ်စွမ်းအားကိုအလျင်အမြန်ထည့်လိုက်ကာတောက်ပတဲ့အဖြူရောင်အလင်းများထွက်လာနေပြီဖြစ်တဲ့ထိုဝိဉာဏ်ကိရိယာအားချူးဝူရုံရဲ့လက်ကောက်ဝတ်ပေါ်တင်လိုက်သည်။

"ဆရာ,ဘာလုပ်မလို့လဲ?"

ချူးဝူရုံရဲ့အသားအရည်ကအနည်းငယ်ပြောင်းလဲသွားပြီးသူဘာလုပ်ချင်နေလဲဆိုတာကိုအနည်းငယ်သိလိုက်သလိုပင်။ချူးဝူရုံကသူ့လက်ကိုဆန့်ထုတ်လိုက်ပြီးလီလျိုရဲ့သွယ်လျတဲ့လက်ကောက်ဝတ်ကိုဆုပ်ကိုင်လိုက်သည်။အဲ့ဒါကသူ့ချစ်သူအားပွင့်ပွင့်လင်းလင်းထိတွေ့သည့်ပထမဆုံးအကြိမ်ဖြစ်သော်လည်းသူ့ရင်ထဲမှာတော့မတည်ငြိမ်မှုများသာထိုးတက်လာရသည်။လက်ရှိယွင်ထျန်ဟန်းကိုသူရင်ဆိုင်ရတာတောင်ဒီလောက်ထိရင်တုန်မှုကိုမခံစားခဲ့ရပေ။

"ဝူရုံ,တစ်ရက်ဆရာကတစ်သက်တာလုံးဖခင်ပဲ...ငါ့မှာမင်းတစ်ယောက်ပဲတပည့်ရှိတာ....မင်းအသက်ကိုငါ့အတွက်စွန့်လွတ်ဖို့ငါလက်မခံနိုင်ဘူး...ဆရာကမင်းနဲ့ဒီရှေ့ကလူနဲ့ကြားကရန်ကြွေးတွေကိုသေချာမသိပေမယ့်ဒီလူကလုံးဝကိုရက်စက်ပြီးနတ်ဆိုးဆန်တဲ့လူဆိုတာတော့ငါမြင်နိုင်ပါတယ်"

မူလကပြုံးနေတဲ့အမူအယာရှိနေသောယွင်ထျန်ဟန်းရဲ့မျက်နှာကလီလျိုရဲ့စကားတွေကိုကြားပြီးနောက်ချက်ချင်းပင်မဲမှောင်သွားပြီးရှုံ့မဲ့သွားသည်။

"မင်းလိုအရေးမပါတဲ့လူတစ်ယောက်ကဒီသခင်ကိုဘယ်လိုများဒီလိုပုံစံနဲ့ပြောရဲရတာလဲ?"

လီလျိုကယွင်ထျန်ဟန်းကိုဂရုမစိုက်ပဲဆက်ပြောသည်။

"ဝူရုံ,မင်းဒီဆရာကိုတစ်ခုတော့ကတိပေးရမယ်,အနာဂတ်မှာမင်းရဲ့နှလုံးသားကိုထိန်းသိမ်းထားပြီးနှလုံးသားရဲ့စေစားရာလမ်းကြောင်းအတိုင်းသွား,တစ်ခြားမဟုတ်တဲ့လွှမ်းမိုးမှုတွေကိုမခံနဲ့....."လီလျိုကပြောရင်းဖြင့်သူ့လက်ကိုဖြေးညှင်းစွာလွှတ်ပေးလိုက်သည်။

ချူးဝူရုံသည်သူ့ချစ်သူကဒီလောက်စကားအရှည်ကြီးပြောတာကိုတစ်ခါမှမမြင်ဘူးပေ။သို့သော်သူပျော်ရွှင်မှုမခံစားရဘူးဖြစ်နေသည်။သူလီလျိုရဲ့လက်ကိုလမ်းဆွဲချင်သော်လည်းသူ့တစ်ကိုယ်လုံးကမမြင်ရတဲ့အားတစ်ခုနဲ့တွဲချည်ထားသလိုဖြစ်နေတာကိုတွေ့လိုက်ရပြီးအနည်းငယ်တောင်လှုပ်ရှားလို့မရတော့ပေ။

ယွင်ထျန်ဟန်းကတစ်ကိုယ်လုံးအဖြူရောင်အလင်းတန်းများဖုန်းနေပြီးကြီးမားတဲ့ပိုးအိမ်ကြီးလိုဖြစ်နေကာကောင်းကင်ယံအဝေးတစ်နေရာသို့လွင့်ထွက်သွားသည့်ချူးဝူရုံအားကြည့်နေမိသည်။

ယွင်ထျန်ဟန်းကချူးဝူရုံသွားသည့်ဘက်ကိုချက်ချင်းလိုက်သွားလိုသော်လည်းချူးဝူရုံရဲ့ဆရာဟုပြောထားသည့်နူးညံ့သိမ်မွေ့ချောမောသောလူငယ်လေးကသူ့ကိုတားဆီးလိုက်သည်။

ယွင်ထျန်ဟန်းကအေးစက်စက်ပြုံးလိုက်ပြီးဒီNascent Soul အဆင့်ကျင့်ကြံသူလောက်ကိုအာရုံမစိုက်သေးပေ။သို့သော်သူမထင်ထားခဲ့မိတာကသူ့ရှေ့ကလူငယ်လေးရဲ့ကိုယ်မှကြီးမားတဲ့အင်အားကြီးတစ်ခုတိုးထွက်လာပြီးအထဲမှများပြားလှသောစွမ်းအင်များကအပြင်သို့တစ်ဟုန်ထိုးထွက်လာသည့်ပုံပင်။

ယွင်ထျန်ဟန်းသည်ချက်ချင်းထိတ်လန့်သွားပြီးသူ့ရှေ့ကလူငယ်လေးအားမယုံကြည်နိုင်ဟန်ဖြင့်ကြည့်လိုက်မိတော့သည်။ထို့နောက်သူ့ပုံရိပ်ကိုပြန်၍ထိန်းချုပ်လိုက်ကာအလျင်အမြန်နောက်ဆုတ်လိုက်၏။

"—မင်းရူးနေတာလား?"

ဒီလောက်ကြီးမားလှတဲ့အင်အားဆိုရင်သေချာပေါက်သူ့ရှေ့ကလူငယ်လေးကသူ့ရဲ့ Nascent Soulကိုဖောက်ခွဲပစ်တော့မယ်!

သူ့ကျင့်ကြံဆင့်ကထိုလူငယ်လေးထက်မြင့်မားသော်လည်းကိုယ့်ကိုကိုယ်ဖောက်ခွဲပစ်တဲ့တိုက်ခိုက်မှုမျိုးနဲ့မျက်နှာခြင်းဆိုင်ရမယ်ဆိုရင်အကယ်၍သူသာဂရုမစိုက်လိုက်မိပါကအကြီးအကျယ်ဒဏ်ရာရလိမ့်မည်။

မမြင်ရတဲ့အင်အားဖြင့်ချည်နှောင်ခံထားရသည့်ချူးဝူရုံသည်မြင့်မားတဲ့နေရာသို့လွင့်ထွက်သွားတာဖြစ်သော်လည်းကျင့်ကြံသူများရဲ့အမြင်အာရုံကသာမာန်လူများထက်များစွာသာလွန်တာကြောင့်သူသည်လည်းအောက်ကမြင်ကွင်းကိုရှင်းရှင်းလင်းလင်းမြင်နေရသည်။ချူးဝူရုံရဲ့မျက်လုံးများပြူးကျယ်သွားရပြီးသူ့မျက်လုံးထောင့်စွန်းကကွဲထွက်တော့မတတ်ပင်သူ့မျက်လုံးထဲမှထိန်းချုပ်လို့မရနိုင်သည့်စိတ်ပျက်ဝမ်းနည်းမှုများထွက်ပေါ်လာသည်။

"ဟင့်အင်း,ဆရာ,ကုချင်းချန်း,ချင်းချန်း—"

သို့သော်နောက်ဆုံးမှာတော့သူဘာမှမမြင်နိုင်တော့ပေ။လျင်မြန်စွာပျံသန်းနေတဲ့စွမ်းအားကြောင့်မကြာခင်ပဲမိုးကုပ်စက်ဝိုင်းထဲသို့ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

ယွင်ထျန်ဟန်းသည်လည်းတတ်နိုင်သမျှအမြန်ဆုံးရှောင်ရှားရန်ကြိုးစားသော်လည်း Nascent Soulအဆင့်ရဲ့ ကိုယ့်ကိုကိုယ်ဖောက်ခွဲမှုအကျိုးဆက်ကိုမရှောင်ရှားနိုင်ခဲ့ပေ။

ယွင်ထျန်ဟန်းသည်သူ့ရင်ဘက်ကိုဆုပ်ကိုင်ထားရင်းသူ့လည်ချောင်းကယားယံလာသလိုခံစားရကာပါးစပ်အပြည့်သွေးတစ်ပွက်အန်ထုတ်လိုက်သည်။သူကအံကိုကြိတ်လိုက်ပြီးချူးဝူရုံပျောက်ကွယ်သွားရာဘက်သို့လှမ်းကြည့်လိုက်၏။ထို့နောက်သူ့အင်္ကျီလက်ကိုမုန်းတီးစွာဝှေ့ယမ်းလိုက်ရင်းNascent Soulကိုဖောက်ခွဲပစ်လိုက်သည့်လူငယ်လေးရဲ့နေရာလွတ်အားကြည့်လိုက်ကာမုန်းတီးမှုတွေပြည့်နှက်နေသည့်မျက်နှာဖြင့်ထိုနေရာမှထွက်ခွာသွားတော့သည်။

ချူးဝူရုံကအသက်ရှင်နေတုန်းပဲဆိုမှတော့ကောင်းကင်ဘုံပဲတက်သွားသည်ဖြစ်စေငရဲကိုပဲဆင်းသွားသည်ဖြစ်စေသူသေချာပေါက်ရှာပြမယ်....နောက်တစ်ကြိမ်ဆိုရင်တော့ချူးဝူရုံလည်းသူ့ကိုကာကွယ်ပေးနိုင်ဖို့တစ်ခုတည်းနဲ့ကိုယ်ဝိဉာဉ်ကိုဖြိုခွဲပြီးအသက်ကိုစွန့်ပေးနိုင်တဲ့လူတစ်ယောက်ရှိနိုင်တဲ့ထိကံမကောင်းလောက်ဘူး

.......................................
Zawgyi

Arc(3.22)

လီလ်ိဳရဲ႔ေနာက္မွာထိုင္ေနတဲ့ခ်ဴးဝူရံုကဘာကိုမွမေျပာပဲသူ႔အနက္ေရာင္မ်က္ဝန္းမ်ားကသာတစ္သြင္သြင္တိုက္ေနသည့္ေလေျပေၾကာင့္အနီေရာင္ဝတ္စံုတစ္လြင့္လြင့္ျဖစ္ေနသည့္ေလလယ္ကယြင္ထ်န္ဟန္းကိုၾကည့္ေနသည္။

"ဘာျဖစ္တာလဲ?ခ်ဴးဝူရံု,မင္းကငါ့ကိုမမွတ္မိေတာ့ဘူးလား?" ယြင္ထ်န္ဟန္းရဲ႔မက္မြန္ပြင့္မ်က္လံုးမ်ားကအနည္းငယ္က်ဥ္းေျမာင္းသြားကာသူ႔ရဲ႔ပါးလႊာသည့္အနီေရာင္ေဖ်ာ့ေဖ်ာ့ႏႈတ္ခမ္းလႊာတြင္သိသာထင္ရွားတဲ့မထီမဲ့ျမင္အျပံဳးတစ္ခုျဖစ္ေပၚလာသည္။

"ဒါမွမဟုတ္,တစ္ေယာက္နဲ႔တစ္ေယာက္ႏွစ္ေတြအမ်ားႀကီးမေတြ႕ရေတာ့႐ုတ္တရက္မင္းရဲ႔မိတ္ေဆြေဟာင္းႀကီးကိုအသိအမွတ္မျပဳရဲတာလား?"

လီလ်ိဳသည္တကယ့္ကိုသူ႔ေရွ႕ကဒီအနီဝတ္နဲ႔လူအားဒူးေထာက္ရေပမည္။သိသာထင္ရွားစြာပင္သူကခ်ဴးဝူရံုအားရွာၿပီးသူ႔ဝိဉာဥ္အားရွာေဖြခ်င္ေနတာျဖစ္သည္။ထို႔မွသာသူေနာက္တစ္ဆင့္တက္ႏိုင္မယ့္အ့ဲဒီက်င့္ၾကံေရးနည္းလမ္းကိုအသံုးျပဳလို႔ရမွာျဖစ္သည္။အဲ့ဒါသည္လည္းသူ႔က်င့္ၾကံမွဳအတြက္အေရးႀကီးဆံုးေျခလွမ္းပင္။

သူ႔ကိုယ္ပိုင္က်င့္ၾကံေရးလမ္းေၾကာင္းအတြက္သူကသူနဲ႔ညီအစ္ကိုအရင္းလိုရင္းႏွီးသည့္မိတ္ေဆြအေပၚမွာေတာင္လက္တင္ႏိုင္တဲ့သူျဖစ္ၿပီးသူ႔မိတ္ေဆြရဲ႔ကံေကာင္းစြာနဲ႔လြတ္ေျမာက္လာႏိုင္တဲ့ဝိဉာဥ္ကိုပင္လႊတ္မေပးေပ။

လီလ်ိဳသည္မူလကဒီဇာတ္ေကာင္ကိုေရးခဲ့တာကဇာတ္လမ္းရဲ႔ဇာတ္ကြက္ကိုႁမွင့္တင္ႏိုင္ရန္ႏွင့္ခ်ဴးဝူရံုရဲ႔ဇာတ္ေကာင္ကိုပိုၿပီးႂကြတက္လာေစရန္ျဖစ္သည္။သို႔ေပမယ့္အခုေတာ့သူဒီစာအုပ္ထဲကိုအမွန္တကယ္ဝင္လာရၿပီးဇာတ္လိုက္သည္လည္းသူႏွစ္သက္တဲ့သူျဖစ္လာတဲ့အခ်ိန္မွာေတာ့ဆန္႔က်င္ဘက္ကလူရဲ႔အျပဳအမူနဲ႔လုပ္ရပ္ေတြကိုရွင္းရွင္းလင္းလင္းသိလာၿပီျဖစ္သည္။

အခုခ်ိန္မွာေတာ့ယြင္ထ်န္ဟန္းရဲ႔စြမ္းေဆာင္ရည္ကိုျမင္ရၿပီးတဲ့အခ်ိန္မွာသူတကယ့္ကမာၻကိုသာျပန္သြားၿပီးသူေရးသားခဲ့သည့္ဝတၱဳကိုျပန္ဖြင့္ကာယြင္ထ်န္ဟန္းရဲ႔ဇာတ္ေကာင္ကိုအႀကိမ္ေထာင္ေပါင္းမ်ားစြာေပါက္ကရလုပ္ပစ္ခ်င္ေနသည္။

လီလိ်ဳကသူ႔ႏွလံုးသားထဲကခံစားခ်က္ကိုဖိႏွိပ္လိုက္သည္။သူ႔မ်က္ႏွာကေတာ့ကုခ်င္းခ်န္းရဲ႔တည္ၿငိမ္ၿပီးလစ္လ်ဴရႈတတ္သည့္အမူအယာကိုဆက္ဝတ္ဆင္ထားဆဲျဖစ္ကာခံစားခ်က္အနည္းငယ္ေတာင္မေဖာ္ျပေပ။

"ဒီကစီနီယာ,ဝူ႐ုံက,ကေလးဘဝကတည္းကၾကည္လင္ေကာင္းကင္ဂိုဏ္းမွာပဲႀကီးျပင္းလာတာပါသူခင္ဗ်ားကိုသိမွာမဟုတ္ဘူး"

ယြင္ထ်န္ဟန္းသည္အခုမွခ်ဴးဝူရံုေရွ႕မွာထိုင္ေနသည့္လီလ်ိဳကိုသတိျပဳမိဟန္တူသည္။သို႔ေသာ္သူ႔ရဲ႔ေအးစက္ၿပီးျပင္းထန္လွသည့္လွပေသာမ်က္လံုးမ်ားကလီလ်ိဳကိုတစ္ခ်က္သာလွည့္ၾကည့္လိုက္ၿပီးေနာက္ေအးစက္စက္ျဖင့္မထီေလးစားဟန္ႏွာေခါင္းရွံု႔ေလသည္။

"မင္းလည္းအေရးမႀကီးတဲ့သူပဲ"

ယြင္ထ်န္ဟန္းေျပာလိုက္တဲ့စကားကိုခ်ဴးဝူရံုၾကားေသာအခါသူ႔မ်က္လံုးထဲကအမူအယာကခ်က္ခ်င္းေျပာင္းလဲသြားၿပီးပိုေအးစက္သြားသည္။သို႔ေသာ္သူကပါးစပ္ကိုပိတ္ထားဆဲပင္။ယြင္ထ်န္ဟန္းကဘာလာရွာလဲသူမသိသလိုယြင္ထ်န္းဟန္ကသူသည္အတိတ္ဘဝတုန္းကနတ္ဆိုးသခင္ခ်ဴးဝူရံုပါဟုဘယ္ေလာက္ထိေသခ်ာေနလဲဆိုတာကိုလည္းမေသခ်ာေပ။

ယြင္ထ်န္ဟန္းကခ်ဴးဝူရံုအားျပန္ၾကည့္သည္။

"ခ်ဴးဝူရံု,မင္းဘာလို႔စကားမေျပာတာလဲ?"

ထို႔ေနာက္သူကထပ္ေျပာျပန္သည္။

"ေကာင္းၿပီ,မင္းဘယ္ေတာ့မွမေတြးခဲ့မိဘူးမွတ္လားငါကမင္းကိုအခုထိရွာေနႏိုင္ဦးမယ္လို႔,ဟုတ္တယ္မွတ္လား?"

ယြင္ထ်န္ဟန္းရဲ႔အနီရင့္ရင့္မ်က္လံုးမ်ားထဲမွာခံစားခ်က္ကိုခန္႔မွန္းလို႔မရတဲ့အေမွာင္ထုတစ္ပိုင္းတစ္စေပၚလြင္ေနသည္။သူ႔ႏႈတ္ခမ္းကအျပံဳးသည္လည္းပိုလို႔သိသာထင္ရွားလာသည္။

"မင္းရဲ႔Nascent Soulအဆင့္ခရမ္းအျမဴေတကိုအပိုင္းပိုင္းအစစျဖစ္ေအာင္ဖ်တ္စီးၿပီးတ့ဲေနာက္မွာမင္းကႏွစ္ရာခ်ီၿပီးတိတ္တဆိတ္ေပ်ာက္ကြယ္သြားမယ္လို႔မထင္ထားခဲ့မိဘူး....မေမွ်ာ္လင့္ပဲမင္းကဒုတိယကိုယ္ထည္တစ္ခုကိုရွာႏိုင္ၿပီးငါ့ကိုေနာက္တစ္ေခါက္ရွာေတြ႕ခြင့္ေပးခဲ့တာပဲ...ဒါေပမဲ့မင္းကအခုအရမ္းအားနည္းေနတယ္ၿပီးေတာ့ငါကေတာ့Demigodအဆင့္က်င့္ၾကံသူျဖစ္ေနၿပီ....ေကာင္းကင္ဘံုကငါ့ဘက္မွာရပ္တည္ေပးၿပီးငါ့က်င့္ၾကံမႈနည္းလမ္းေတြကိုၿပီးျပည့္စံုေအာင္လုပ္ေပးေနတယ္ဆိုတာရွင္းေနတာပဲေလ"

လီလ်ိဳသည္ယြင္ထ်န္ဟန္းထုတ္လြင့္လိုက္တဲ့ဖိအားကိုခ်က္ခ်င္းသတိထားလိုက္မိၿပီးဘာမွမတတ္ႏိုင္ပဲသူ႔တစ္ကိုယ္လံုးေတာင့္တင္းသြားသည္ကိုခံစားလိုက္ရကာအဲ့ဒီဖိအားကသူ႔ရင္ဘက္ေပၚကိုေက်ာက္တုန္းႀကီးတစ္ခုနဲ႔ဖိထားသလိုမ်ိဳးအသက္ရႈရခက္ခဲလာေစသည္။

လီလ်ိဳကသူ႔ေရွ႕ကယြင္ထ်န္းဟန္ေရွ႕ကိုေကြးၫႊတ္သြားခ်င္ေနသည့္ခံစားခ်က္ကိုျပင္းထန္စြာဖိႏွိပ္ထားရင္းသူ႔စိတ္ထဲမွာေရွာင္းခ်ီကိုေခၚလိုက္သည္။

လက္ရွိအေျခအေနမွာေတာ့ပိုၿပီးအသံုးဝင္တဲ့နည္းလမ္းကိုသူမစဥ္းစားႏိုင္ေတာ့ေပ။အကယ္၍သူယြင္ထ်န္ဟန္းရဲ႔ထိန္းခ်ဳပ္မႈေအာက္ကေနမလြတ္ေျမာက္ႏိုင္ဘူးဆိုရင္သူနဲ႔ခ်ဴးဝူရံုတို႔ရဲ႔ေနာက္ဆံုးရလဒ္ကေသဆံုးျခင္းျဖစ္သြားလိမ့္မည္။

ဒါဆိုဒီကမာၻကလည္းရွံုးနိမ့္ျခင္းနဲ႔သာအဆံုးသတ္သြားေပမည္။

ကမာၻတိုင္းရဲ႔အမ်ိဳးသားဇာတ္လိုက္ကတစ္ေယာက္တည္းဆိုတာသူသိေသာ္လည္းသူကေတာ့ပထမကမာၻကိုျပန္သြားၿပီးအခ်ိန္တစ္ခ်ိဳ႔ၾကာေအာင္သြားေနခ်င္ေနေသးသည္။

ပထမကမာၻမွာကမႏွစ္ၿမိဳ႔ဖြယ္အမွတ္တရအနည္းငယ္ရွိေနၿပီးခ်င္ယုကသူ႔ကိုအတင္းအၾကပ္လုပ္တာကိုသူသေဘာမက်ေသာ္လည္းအဲ့ဒါကလြဲရင္တကယ္တမ္းကခ်င္ယုကသူ႔ကိုအေတာ္ေလးအာရံုစိုက္ၿပီးဆက္ဆံတယ္ဟုေျပာလို႔ရသည္။

ဒီေလာက္အခ်ိန္ေတြၾကာသြားခဲ့တာေတာင္ခ်င္ယုသူ႔အေပၚေနာက္ဆံုးၾကည့္ခဲ့တဲ့အၾကည့္ကိုမေမ့ႏိုင္ေသးေပ။သူ႔မ်က္လံုးထဲကစိတ္အားငယ္ေနတဲ့အမူအယာေတြနဲ႔ေသြးမ်က္ရည္က်လုနီးပါးေျပာခဲ့တဲ့စကားလံုးေတြကိုေပါ့....

အဲ့ဒါေၾကာင့္သူရွံုးလို႔မျဖစ္ဘူး..သူအဲ့ဒီကမာၻကိုျပန္သြားၿပီးအဲ့ဒီအထီးက်န္စိတ္အားငယ္ေနတဲ့ပံုရိပ္ေလးကိုေျပာခ်င္တယ္...သူသာအရင္လိုအတင္းအၾကပ္ထပ္မလုပ္သ၍သူနဲ႔အတူတူေနၿပီးပိုၿပီးလွပတဲ့အမွတ္တရေတြကိုအတူတကြဖန္တီးခ်င္ပါတယ္လို႔....

ယြင္ထ်န္ဟန္းရဲ႔ဖိအားေအာက္မွာလီလ်ိဳသည္မေနႏိုင္ပဲေခါင္းကိုငု႔ံခ်မိသည္။သို႔ေသာ္သူ႔မ်က္လံုးထဲကအမူအယာကေတာ့ပိုလို႔ခိုင္မာၿပီးပိုလို႔ၿမဲျမံလာသည္။

လက္ရွိအေျခအေနကိုေရွာင္းခ်ီကနားလည္လိုက္ၿပီးေနာက္ခဏတစ္ျဖဳတ္တိတ္ဆိတ္သြားသည္မွာတစ္စံုတစ္ခုကိုသြားေရာက္စစ္ေဆးေနပံုေပၚသည္။ၿပီးေနာက္သူကလီလ်ိဳကိုေျပာလာသည္။

[ႀကီးျမတ္တဲ့hostေရ,ဒီတစ္ေခါက္အေရးႀကီးတဲ့အေျခအေနကိုစဥ္းစားၾကည့္လိုက္ေတာ့ကၽြန္ေတာ္hostရဲ႔လက္ရွိအဆင့္ထက္ေက်ာ္လြန္ႏိုင္တဲ့ဝိဉာဏ္ကိရိယာကိုေပးလို႔ရတယ္ဒါေပမဲ့အဲ့ဒါကိုအမ်ိဳးသားဇာတ္လိုက္အတြက္တစ္ခါပဲသံုးလို႔ရမွာ...ၿပီးေတာ့hostရဲ႔လက္ရွိခႏၶာကိုယ္ကိုစြန္႔လႊတ္ဖို႔လိုအပ္ၿပီးဒီကမာၻကေနအခ်ိန္ပိုင္းတစ္ခုေလာက္ေတာ့ထြက္သြားရလိမ့္မယ္...ျပန္ေရာက္လာတဲ့အခ်ိန္မွာေတာ့တစ္ျခားလူတစ္ေယာက္ရဲ႔ကိုယ္ထဲဝင္ရမွာ...ဆႏၵရွိရဲ႔လား?]

[အဲ့ဒါကဒီကမာၻရဲ႔ၿပီးေျမာက္မႈကိုအက်ိဳးသက္ေရာက္မႈရွိမွာလား?]

လီလိ်ဳကသူ႔ကိုယ္သူ'ယဇ္ပူေဇာ္'ရမွာကိုကန္႔ကြက္ဖို႔မရွိေပ။သို႔ေသာ္သူဂ႐ုစိုက္ဆံုးေနာက္တစ္ခုကိုေတာ့စိတ္အားထက္သန္စြာေမးလိုက္သည္။

[သက္ေရာက္မႈမရွိပါဘူး,အမ်ိဳးသားဇာတ္လိုက္ကသာအဆံုးသတ္မွာအျမင့္ဆံုးကိုေရာက္သ၍ဒီကမာၻက(၁၀၀%)ေအာင္ျမင္တယ္လို႔သတ္မွတ္လို႔ရပါတယ္]

လီလ်ိဳသည္ေနာက္ဆံုးေတာ့သူ႔ရင္ထဲကစိုးရိမ္ပူပန္မႈကိုစြန္႔လႊတ္လိုက္ႏိုင္သည္။ဒီလက္ရွိကမာၻမွာကသူ႔ရဲေအးတိေအးစက္ပံုရိပ္ကိုထိန္းသိမ္းဖို႔လိုအပ္ေနသည္။ခ်ဴးဝူရံုကသူ႔ကိုက်င့္ၾကံမႈနဲ႔ပတ္သတ္တဲ့တစ္ခုခုေဆြးေႏြးဖို႔လာရွာၿပီးအခ်ိန္ေတာ္ေတာ္ၾကာသည္အထိသူတို႔စကားေျပာျဖစ္တာကလြဲရင္တစ္ျခားအခ်ိန္ေတြမွာကခ်ဴးဝူရံုနဲ႔စကားသိပ္မေျပာျဖစ္ေပ။

ထို႔ေၾကာင့္ဒီအမ်ိဳးသားဇာတ္လိုက္ကသူ႔အေပၚမွာဆရာနဲ႔တပည့္ခံစားခ်က္သာရွိတယ္လို႔ခန္႔မွန္းလို႔ရသည္။မူလကေတာ့သူသည္ခ်ဴးဝူရံုကသူ႔ရဲစိတ္ထား႔႐ုတ္တရက္အႀကီးအက်ယ္ေျပာင္းလဲသြားမႈအေပၚဘယ္လိုမ်ားလက္ခံႏိုင္ပါ့မလဲဆိုတာနဲ႔အရင္ကမာၻႏွစ္ခုကလိုမ်ိဳးသူ႔ကိုဆက္ၿပီးႏွစ္သက္ေအာင္ဘယ္လိုမ်ားလုပ္ရပါ့မလဲလို႔စိတ္အေႏွာင့္အယွက္ျဖစ္ေနခဲ့တာျဖစ္သည္။

လက္ရွိအက်ပ္အတည္းကမေကာင္းတဲ့အခြင့္အလမ္းေတာ့လည္းမဟုတ္ေပဘူး

[ႀကီးျမတ္တဲ့hostေရ,ကၽြန္ေတာ္အခုhostရဲ႔သိုေလွာင္အိတ္ထဲကိုအမ်ိဳးသားဇာတ္လိုက္ကိုအေဝးပို႔လိုက္လို႔ရေအာင္သံုးလို႔ရတဲ့ဝိဉာဏ္ကိရိယာထည့္ေပးလိုက္ပါၿပီ....အဲ့ဒါကိုစတင္ဖို႔hostရဲ႔ဝိဉာဏ္စြမ္းအား(၁၀%)ေလာက္သာသံုးဖို႔လိုပါတယ္ၿပီးရင္ေတာ့အဲ့ဒီဝိဉာဏ္ကိရိယာကိုအမ်ိဳးသားဇာတ္လိုက္ရဲ႔လက္ေကာက္ဝတ္မွာဝတ္ေပးလိုက္ပါ...အဲ့ဒါၿပီးရင္ေတာ့——ကၽြန္ေတာ္hostကိုလက္ရွိကေနဖယ္ရွားပါ့မယ္,hostအေနနဲ႔မျငင္းဆန္ဖို႔အရင္ဆံုးေျပာထားပါရေစ]

[ေကာင္းၿပီ] လီလ်ိဳသည္လည္းကန္႔ကြက္မွဳမရွိေပ။

ယြင္ထ်န္ဟန္းကအၾကာႀကီးမေစာင့္ႏိုင္ေတာ့သည့္ပံုေပၚသည္။သူ႔လက္ကိုေႁမွာက္လိုက္ၿပီးသြယ္ေျပာင္းရွည္လ်ားသည့္လက္ေခ်ာင္းေလးမ်ားကိုအနည္းငယ္ေႁမွာက္လိုက္ကာလီလ်ိဳနဲ႔ခ်ဴးဝူရံုရွိရာသို႔ဦးတည္လိုက္သည္။ခ်က္ခ်င္းလိုလိုပင္ႀကီးမားတဲ့ဝိဉာဏ္အားေတြေရာေႏွာပါဝင္ေနသည့္ဟာရီကိန္းႀကီးတစ္ခုကလီလ်ိဳေမာင္းေနသည့္သစ္ရြက္သ႑ာန္ေလွရွိရာသို႔ေျပးဝင္လာေတာ့၏။

အကယ္၍ေလွသာအဲ့ဒီDemigodအဆင့္က်င့္ၾကံသူတစ္ေယာက္ရဲ႔စြမ္းအင္ေတြပါဝင္ေနတဲ့ဟာရီကိန္းနဲ႔႐ိုက္ခတ္မိမယ္ဆိုရင္လီလ်ိဳကေတာင့္ခံထားၿပီးေရွာင္လိုက္မယ္ဆိုရင္ေတာင္သူေသခ်ာေပါက္တိုက္ခိုက္မႈရဲ႔ေနာက္ဆက္တြဲဆိုးႀကိဳးမ်ားကိုခံစားရမွာျဖစ္ၿပီးအႀကီးအက်ယ္ထိခိုက္သြားႏိုင္သည္။Nascent Soulအဆင့္က်င့္ၾကံသူတစ္ေယာက္အေနနဲ႔သူ႔မွာအေျခခံက်က်ပင္Demigodအဆင့္က်င့္ၾကံသူကိုရင္ဆိုင္တိုက္ႏိုင္မယ့္စြမ္းအားမရွိေပ။

"ယြင္ထ်န္ဟန္း,မင္းသာငါ့ကိုကတိတစ္ခုေပးမယ္ဆိုရင္ငါ,ခ်ဴးဝူရံုကမင္းေနာက္ကေနလိုလိုလားလားလိုက္ခဲ့ဖို႔ဆႏၵရွိတယ္"

ခ်ဴးဝူရံုသည္လည္းလီလိ်ဳရဲ႔လက္ရွိက်င့္ၾကံဆင့္နဲ႔ဆိုရင္ယြင္ထ်န္ဟန္းရဲ႔တိုက္ခိုက္မႈကိုေတာင့္မခံႏိုင္ဘူးဆိုတာနားလည္သည္။သူ႔ေရွ႕ကဒီလူကိုယြင္ထ်န္ဟန္းကထိခိုက္နာက်င္ေအာင္လုပ္မွာအားသူမလိုလားေပ။ဒါ့အျပင္အကယ္၍ယြင္ထ်န္ဟန္းကသူ႔ဝိဉာဥ္ကိုဖယ္ရွားတဲ့က်င့္ၾကံေရးနည္းလမ္းကိုအသံုးျပဳခ်င္တာဆိုရင္သူ႔အေနနဲ႔နတ္ဆိုးပိုင္နယ္ေျမကိုသြားၿပီးအထူးအစီအရင္ေတြအရင္ဆံုးခင္းက်င္းဖို႔လိုအပ္သည္။

သူသာယြင္ထ်န္ဟန္းကိုလီလ်ိဳကိုလႊတ္ေပးဖို႔ေျပာႏိုင္သမွ်ကာလပတ္လုံးယြင္ထ်န္ဟန္း၏ထိန္းခ်ဳပ္မႈမွလြတ္ေျမာက္ရန္အတြက္သူ႔ကိုယ္ခႏၶာမွ Qi အားလံုးႏွင့္ေသြးအားလုံးကိုသုံးႏိုင္သည္။

ခ်ဴးဝူရံုရဲ႔စကားကိုယြင္ထ်န္ဟန္းၾကားၿပီးေနာက္သူ႔လက္ကိုေဝွ႕ယမ္းလိုက္ၿပီးသူထုတ္လႊတ္လိုက္သည့္ဟာရီကိန္းစြမ္းအင္ကိုျပန္႐ုတ္သိမ္းလိုက္သည္။ထို႔ေနာက္သူ႔မ်က္လံုးမ်ားကခ်ဴးဝူရံုအားေလွာင္ေျပာင္လိုဟန္ၾကည့္ေလသည္။

"အခုေတာ့မင္းငါနဲ႔အတူတူျပန္လိုက္ခ်င္သြားၿပီေပါ့...ငါလည္းၾကားခ်င္ပါေသးတယ္မင္းလိုအရွံုးသမားတစ္ေယာက္ကငါ့ကိုဘယ္လိုအေျခအေနမ်ိဳးေတာင္းဆိုလာမွာလဲဆိုတာကိုေပါ့?"

သို႔ေသာ္ထိုအခ်ိန္မွာပဲလီလ်ိဳကခ်ဴးဝူရံုရဲ႔လက္ေမာင္းတစ္ဖက္ကိုယူလိုက္ၿပီးတြန္႔ဆုတ္မႈမရွိစြာျဖင့္ခါးမွသူ႔သိုေလွာင္အိတ္ကိုဖြင့္လိုက္သည္။ၿပီးေနာက္ေရွာင္းခ်ီသူ႔ကိုေပးထားတဲ့ဝိဉာဏ္ကိရိယာအားထုတ္ယူလိုက္ၿပီးသူ႔ဝိဉာဥ္စြမ္းအားကိုအလ်င္အျမန္ထည့္လိုက္ကာေတာက္ပတဲ့အျဖဴေရာင္အလင္းမ်ားထြက္လာေနၿပီျဖစ္တဲ့ထိုဝိဉာဏ္ကိရိယာအားခ်ဴးဝူရံုရဲ႔လက္ေကာက္ဝတ္ေပၚတင္လိုက္သည္။

"ဆရာ,ဘာလုပ္မလို႔လဲ?"

ခ်ဴးဝူရံုရဲ႔အသားအရည္ကအနည္းငယ္ေျပာင္းလဲသြားၿပီးသူဘာလုပ္ခ်င္ေနလဲဆိုတာကိုအနည္းငယ္သိလိုက္သလိုပင္။ခ်ဴးဝူရံုကသူ႔လက္ကိုဆန္႔ထုတ္လိုက္ၿပီးလီလ်ိဳရဲ႔သြယ္လ်တဲ့လက္ေကာက္ဝတ္ကိုဆုပ္ကိုင္လိုက္သည္။အဲ့ဒါကသူ႔ခ်စ္သူအားပြင့္ပြင့္လင္းလင္းထိေတြ႕သည့္ပထမဆံုးအႀကိမ္ျဖစ္ေသာ္လည္းသူ႔ရင္ထဲမွာေတာ့မတည္ၿငိမ္မွဳမ်ားသာထိုးတက္လာရသည္။လက္ရွိယြင္ထ်န္ဟန္းကိုသူရင္ဆိုင္ရတာေတာင္ဒီေလာက္ထိရင္တုန္မႈကိုမခံစားခဲ့ရေပ။

"ဝူရံု,တစ္ရက္ဆရာကတစ္သက္တာလံုးဖခင္ပဲ...ငါ့မွာမင္းတစ္ေယာက္ပဲတပည့္ရွိတာ....မင္းအသက္ကိုငါ့အတြက္စြန္႔လြတ္ဖို႔ငါလက္မခံႏိုင္ဘူး...ဆရာကမင္းနဲ႔ဒီေရွ႕ကလူနဲ႔ၾကားကရန္ေႂကြးေတြကိုေသခ်ာမသိေပမယ့္ဒီလူကလံုးဝကိုရက္စက္ၿပီးနတ္ဆိုးဆန္တဲ့လူဆိုတာေတာ့ငါျမင္ႏိုင္ပါတယ္"

မူလကျပံဳးေနတဲ့အမူအယာရွိေနေသာယြင္ထ်န္ဟန္းရဲ႔မ်က္ႏွာကလီလ်ိဳရဲ႔စကားေတြကိုၾကားၿပီးေနာက္ခ်က္ခ်င္းပင္မဲေမွာင္သြားၿပီးရွံဳ႔မဲ့သြားသည္။

"မင္းလိုအေရးမပါတဲ့လူတစ္ေယာက္ကဒီသခင္ကိုဘယ္လိုမ်ားဒီလိုပံုစံနဲ႔ေျပာရဲရတာလဲ?"

လီလ်ိဳကယြင္ထ်န္ဟန္းကိုဂ႐ုမစိုက္ပဲဆက္ေျပာသည္။

"ဝူရံု,မင္းဒီဆရာကိုတစ္ခုေတာ့ကတိေပးရမယ္,အနာဂတ္မွာမင္းရဲ႔ႏွလံုးသားကိုထိန္းသိမ္းထားၿပီးႏွလံုးသားရဲ႕ေစစားရာလမ္းေၾကာင္းအတိုင္းသြား,တစ္ျခားမဟုတ္တဲ့လႊမ္းမိုးမႈေတြကိုမခံနဲ႔....."လီလိ်ဳကေျပာရင္းျဖင့္သူ႔လက္ကိုေျဖးၫွင္းစြာလႊတ္ေပးလိုက္သည္။

ခ်ဴးဝူရံုသည္သူ႔ခ်စ္သူကဒီေလာက္စကားအရွည္ႀကီးေျပာတာကိုတစ္ခါမွမျမင္ဘူးေပ။သို႔ေသာ္သူေပ်ာ္ရႊင္မႈမခံစားရဘူးျဖစ္ေနသည္။သူလီလ်ိဳရဲ႔လက္ကိုလမ္းဆြဲခ်င္ေသာ္လည္းသူ႔တစ္ကိုယ္လံုးကမျမင္ရတဲ့အားတစ္ခုနဲ႔တြဲခ်ည္ထားသလိုျဖစ္ေနတာကိုေတြ႕လိုက္ရၿပီးအနည္းငယ္ေတာင္လွဳပ္ရွားလို႔မရေတာ့ေပ။

ယြင္ထ်န္ဟန္းကတစ္ကိုယ္လံုးအျဖဴေရာင္အလင္းတန္းမ်ားဖုန္းေနၿပီးႀကီးမားတဲ့ပိုးအိမ္ႀကီးလိုျဖစ္ေနကာေကာင္းကင္ယံအေဝးတစ္ေနရာသို႔လြင့္ထြက္သြားသည့္ခ်ဴးဝူရံုအားၾကည့္ေနမိသည္။

ယြင္ထ်န္ဟန္းကခ်ဴးဝူရံုသြားသည့္ဘက္ကိုခ်က္ခ်င္းလိုက္သြားလိုေသာ္လည္းခ်ဴးဝူရံုရဲ႔ဆရာဟုေျပာထားသည့္ႏူးညံ့သိမ္ေမြ႕ေခ်ာေမာေသာလူငယ္ေလးကသူ႔ကိုတားဆီးလိုက္သည္။

ယြင္ထ်န္ဟန္းကေအးစက္စက္ျပံဳးလိုက္ၿပီးဒီNascent Soul အဆင့္က်င့္ၾကံသူေလာက္ကိုအာရံုမစိုက္ေသးေပ။သို႔ေသာ္သူမထင္ထားခဲ့မိတာကသူ႔ေရွ႕ကလူငယ္ေလးရဲ႔ကိုယ္မွႀကီးမားတဲ့အင္အားႀကီးတစ္ခုတိုးထြက္လာၿပီးအထဲမွမ်ားျပားလွေသာစြမ္းအင္မ်ားကအျပင္သို႔တစ္ဟုန္ထိုးထြက္လာသည့္ပံုပင္။

ယြင္ထ်န္ဟန္းသည္ခ်က္ခ်င္းထိတ္လန္႔သြားၿပီးသူ႔ေရွ႕ကလူငယ္ေလးအားမယံုၾကည္ႏိုင္ဟန္ျဖင့္ၾကည့္လိုက္မိေတာ့သည္။ထို႔ေနာက္သူ႔ပံုရိပ္ကိုျပန္၍ထိန္းခ်ဳပ္လိုက္ကာအလ်င္အျမန္ေနာက္ဆုတ္လိုက္၏။

"—မင္း႐ူးေနတာလား?"

ဒီေလာက္ႀကီးမားလွတဲ့အင္အားဆိုရင္ေသခ်ာေပါက္သူ႔ေရွ႕ကလူငယ္ေလးကသူ႔ရဲ႔ Nascent Soulကိုေဖာက္ခြဲပစ္ေတာ့မယ္!

သူ႔က်င့္ၾကံဆင့္ကထိုလူငယ္ေလးထက္ျမင့္မားေသာ္လည္းကိုယ့္ကိုကိုယ္ေဖာက္ခြဲပစ္တဲ့တိုက္ခိုက္မွဳမ်ိဳးနဲ႔မ်က္ႏွာျခင္းဆိုင္ရမယ္ဆိုရင္အကယ္၍သူသာဂ႐ုမစိုက္လိုက္မိပါကအႀကီးအက်ယ္ဒဏ္ရာရလိမ့္မည္။

မျမင္ရတဲ့အင္အားျဖင့္ခ်ည္ေႏွာင္ခံထားရသည့္ခ်ဴးဝူရံုသည္ျမင့္မားတဲ့ေနရာသို႔လြင့္ထြက္သြားတာျဖစ္ေသာ္လည္းက်င့္ၾကံသူမ်ားရဲ႔အျမင္အာရံုကသာမာန္လူမ်ားထက္မ်ားစြာသာလြန္တာေၾကာင့္သူသည္လည္းေအာက္ကျမင္ကြင္းကိုရွင္းရွင္းလင္းလင္းျမင္ေနရသည္။ခ်ဴးဝူရံုရဲ႔မ်က္လံုးမ်ားျပဴးက်ယ္သြားရၿပီးသူ႔မ်က္လံုးေထာင့္စြန္းကကြဲထြက္ေတာ့မတတ္ပင္သူ႔မ်က္လံုးထဲမွထိန္းခ်ဳပ္လို႔မရႏိုင္သည့္စိတ္ပ်က္ဝမ္းနည္းမႈမ်ားထြက္ေပၚလာသည္။

"ဟင့္အင္း,ဆရာ,ကုခ်င္းခ်န္း,ခ်င္းခ်န္း—"

သို႔ေသာ္ေနာက္ဆုံးမွာေတာ့သူဘာမွမျမင္ႏိုင္ေတာ့ေပ။လ်င္ျမန္စြာပ်ံသန္းေနတဲ့စြမ္းအားေၾကာင့္မၾကာခင္ပဲမိုးကုပ္စက္ဝိုင္းထဲသို႔ဝင္ေရာက္ေပ်ာက္ကြယ္သြားေတာ့သည္။

ယြင္ထ်န္ဟန္းသည္လည္းတတ္ႏိုင္သမွ်အျမန္ဆံုးေရွာင္ရွားရန္ႀကိဳးစားေသာ္လည္း Nascent Soulအဆင့္ရဲ႔ ကိုယ့္ကိုကိုယ္ေဖာက္ခြဲမႈအက်ိဳးဆက္ကိုမေရွာင္ရွားႏိုင္ခဲ့ေပ။

ယြင္ထ်န္ဟန္းသည္သူ႔ရင္ဘက္ကိုဆုပ္ကိုင္ထားရင္းသူ႔လည္ေခ်ာင္းကယားယံလာသလိုခံစားရကာပါးစပ္အျပည့္ေသြးတစ္ပြက္အန္ထုတ္လိုက္သည္။သူကအံကိုႀကိတ္လိုက္ၿပီးခ်ဴးဝူရံုေပ်ာက္ကြယ္သြားရာဘက္သို႔လွမ္းၾကည့္လိုက္၏။ထို႔ေနာက္သူ႔အက်ႌလက္ကိုမုန္းတီးစြာေဝွ႕ယမ္းလိုက္ရင္းNascent Soulကိုေဖာက္ခြဲပစ္လိုက္သည့္လူငယ္ေလးရဲ႔ေနရာလြတ္အားၾကည့္လိုက္ကာမုန္းတီးမႈေတြျပည့္ႏွက္ေနသည့္မ်က္ႏွာျဖင့္ထိုေနရာမွထြက္ခြာသြားေတာ့သည္။

ခ်ဴးဝူရံုကအသက္ရွင္ေနတုန္းပဲဆိုမွေတာ့ေကာင္းကင္ဘံုပဲတက္သြားသည္ျဖစ္ေစငရဲကိုပဲဆင္းသြားသည္ျဖစ္ေစသူေသခ်ာေပါက္ရွာျပမယ္....ေနာက္တစ္ႀကိမ္ဆိုရင္ေတာ့ခ်ဴးဝူရံုလည္းသူ႔ကိုကာကြယ္ေပးႏိုင္ဖို႔တစ္ခုတည္းနဲ႔ကိုယ္ဝိဉာဥ္ကိုၿဖိဳခြဲၿပီးအသက္ကိုစြန္႔ေပးႏိုင္တဲ့လူတစ္ေယာက္ရွိႏိုင္တဲ့ထိကံမေကာင္းေလာက္ဘူး

.......................................

Continue Reading

You'll Also Like

80.9K 11.9K 13
Both Zawgyi and Unicode. Not my own story, JUST TRANSLATION. All credit goes to original Author and Translator. Cover photo credits to owner.
58.9K 8.3K 12
𝕋𝕚𝕥𝕝𝕖 - 𝕋𝕙𝕖 ℂ𝕦𝕥𝕖𝕤𝕥 ℍ𝕚𝕘𝕙𝕥 𝔻𝕚𝕗𝕗𝕖𝕣𝕖𝕟𝕔𝕖, 最萌身高差 𝔸𝕦𝕥𝕙𝕠𝕣 - 碳酸, ℂ𝕒𝕣𝕓𝕠𝕟𝕚𝕔 𝔸𝕔𝕚𝕕, 𝕋𝕒𝕟 𝕊𝕦𝕒𝕟 𝔼𝕟𝕘 𝕋𝕣𝕒𝕟𝕤�...
33.3K 3.4K 6
အရမ္​း​ေျဖာင္​့တယ္​။ အရမ်းဖြောင့်တယ်။