(Completed )The Transmigratio...

By Xiao_Yiii

1.3M 195K 3.1K

မနက္ခင္းတစ္ခုတြင္ system နွင့္ခ်ည္ေနွာင္ခံရျပီးေနာက္ MC မွာလုပ္ရိုးလုပ္စဥ္တစ္ခုကဲ့သို႔ပင္ ML ဤဖမ္းဆီးျခင္း/တု... More

Description
Arc(1.1) - The Wild Dragon proud day
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)
Arc(1.10)
Arc(1.11 - 1)
Arc(1.11 - 2)
Arc(1.12)
Arc(1.13 - 1)
Arc(1.13 - 2)
Arc(1.14)
Arc(1.15)
Arc(1.16)
Arc(1.17)
Arc(1.18)
Arc(1.19)
Arc(1.20)
Arc(1.21)
Arc(1.22)
Arc(1.23)
Arc(1.24)
Arc(1.25)
Arc(1.26)
Arc(1.27)
Arc(1.28)
Arc(1.29)
Arc(1.30)
Arc(1.31)
Arc(1.32)
Arc(1.33)
Arc(1.34)
Arc(1.35)
Arc(1.36 -> 1~2~3)
Arc(1.36 -> 4~5)
Real World
Real World-2
Arc(2.1) - Saint Magus
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)
Arc(2.9)
Arc(2.10)
Arc(2.11)
Arc(2.12)
Arc(2.13)
Arc(2.14)
Arc(2.15)
Arc(2.16)
Arc(2.17)
Arc(2.18)
Arc(2.19 - 1)
Arc(2.19 - 2)
Arc(2.20)
Arc(2.21)
Arc(2.22 - 1)
Arc(2.22-2)
Arc(2.23)
Arc(2.24)
Arc(2.25)
Arc(2.26)
Arc(2.27)
Arc(2.28)
Arc(2.29)
Arc(2.30)
Arc(2.31)
Arc(2.32)
Arc(2.33)
Arc (2.34)
Arc(2.35)
Arc(2.36)
Arc(2.37)
Arc(2.38)
Arc(2.39)
Arc(2.40)
Arc(2.41)
Arc(2.42)
Arc(2.43)
Arc(2.44)
Arc(2.45)
Arc(2.46)
Arc(2.47)
Arc(2.48)
Back to Real World (1)
Back to Real World (2)
Arc(3) - 'Immortal Path of Devil Lord'
Arc(3.1)
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)
Arc(3.14)
Arc(3.15)
Arc(3.16)
Arc(3.17)
Arc(3.18)
Arc(3.19)
Arc(3.20)
Arc(3.22)
Return to the University (1)
Return to the University (2)
Return to the University (3)
Return to the University (4)
Return to the University (5)
Return to the University (6)
Return to the University (7)
Return to the University (8)
Return Arc(3.23)
Arc(3.24)
Arc(3.25)
Arc(3.26)
Arc(3.27)
Arc(3.28)
Arc(3.29)
Arc(3.30)
Arc(3.31)
Arc(3.32)
Arc(3.33)
Arc(3.34)
Arc(3.35)
Arc(3.36)
Arc(3.37)
Arc(3.38)
Extra; {မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}
Extra; the New Emperor and Empress
Thank You

Arc(3.21)

4.4K 772 4
By Xiao_Yiii

Unicode

Arc(3.21)

ကြည်လင်ကောင်းကင်ဂိုဏ်းသည်ထျန်းယွင်တိုက်ကြီးတစ်ခုလုံးတွင်အထက်ပိုင်းဘာသာရေးဂိုဏ်းများ၏ထိပ်တန်းတွင်ရှိသည်ဟုယူဆလို့ရနိုင်ပြီးဒုတိယနှုန်းထားဂိုဏ်းတစ်ခုဖြစ်သည်။

၎င်းသည်ပထမအဆင့်ဂိုဏ်းကဲ့သို့လူကြိုက်များခြင်းမရှိသော်လည်းတပည့်များကိုခေါ်ယူသည့်အခါတိုင်းကြည်လင်ကောင်းကင်ဂိုဏ်းကိုဝင်ရောက်လိုသည့်သူကမရေမတွက်နိုင်အောင်ပင်။

ထို့ကြောင့်ကြည်လင်ကောင်းကင်ဂိုဏ်းကအလွန်ကျယ်ပြန့်သည့်နယ်မြေကိုသိမ်းပိုက်ထားသည်။လီလျိုကချူးဝူရုံနဲ့အတူဝိဉာဏ်စွမ်းအင်ချုပ်စေတီမှနေ၍ကြည်လင်ကောင်းကင်ဂိုဏ်း၏ကာကွယ်ရေးအစီအရင်ကြီးဆီသို့ရောက်ရန်သူ့ရဲ့သစ်ရွက်သဏ္ဍာန်လှေကိုစီးလာတာတောင်လက်ဖက်ရည်နှစ်ခွက်သောက်ချိန်လောက်ကြာမြင့်သည်။

ထိုကာကွယ်ရေးအစီအရင်ကြီးတွင်အမှတ်အသားနေရာများစွာရှိနေသော်လည်းထွက်ခွာရမယ့်လမ်းကြောင်းကတော့တစ်ခုတည်းသာဖြစ်သည်။အကြောင်းကတော့ထိုလမ်းကြောင်းကလွဲရင်တစ်ခြားလမ်းကြောင်းတွေအားလုံးကရန်သူကိုစိတ်ရှုပ်ထွေးစေရန်စီရင်ထားခြင်းဖြစ်ပြီးအတွင်း၌ဖုံးကွယ်ထားသောကြိုတင်ခန့်မှန်းမရနိုင်သောအန္တရာယ်များနှင့်ပြဿနာများစွာရှိသည်။

ဒါ့အပြင်ထိုလမ်းကြောင်းများမှဆိုရင်ပျံသန်းရေးဝိဉာဏ်ကိရိယာကိုလည်းအသုံးမပြုနိုင်ပေ။လီလျိုကချူးဝူရုံအားထိုအစီအရင်အမှတ်တွေရဲ့အရှေ့တည့်တည့်သို့ပျံသန်းသွားပြီးယဲထျန်းချီပေးလိုက်သည့်လက်မှတ်အားထုတ်ယူလိုက်သည်။

မူလကစိမ်းစိုနေသည့်မြက်ခင်းပြင်ကျယ်ပြီးကနေသူတို့ခြေထောက်အောက်မှာမြူဆိုင်းပြီးရှုပ်ထွေးနေတဲ့လမ်းတစ်ခုပေါ်လာသည်။

လီလျိုကသူ့ဘေးမှချူးဝူရုံကိုတစ်ချက်ကြည့်လိုက်သည်။ထို့နောက်ဘာမှမပြောပဲထိုလမ်းကြောင်းကနေစတင်လျှောက်လှမ်းလေသည်။

ချူးဝူရုံကချက်ချင်းလီလျိုကနောက်ကနေလိုက်သွားသည်။သူသည်လည်းထိုလမ်းကနေတွန့်ဆုတ်မှုအနည်းငယ်ပင်မရှိပဲလျှောက်လှမ်းသည်။သူတို့ထိုလမ်းပေါ်ကိုခြေချပြီးသည်နှင့်နှစ်ယောက်သားသည်မူလနေရာမှပျောက်ကွယ်သွားကြတော့သည်။

ထို့နောက်အရာအားလုံးကမူလအတိုင်းဖြစ်ပေါ်သွားပြီးနှစ်ယောက်သားကဘယ်တော့မှမရှိခဲ့သလိုပင်။

****

ကြည်လင်ကောင်းကင်ဂိုဏ်းနှင့်မိုင်အနည်းငယ်အကွာအဝေးတွင်ရှိသောနေရာလွတ်တစ်ခုတွင်ကြီးမားသောသစ်ပင်ကြီးတစ်ပင်၏အောက်မှာမူလကခြေထောက်ချိတ်ထိုင်နေသည့်အနီဝတ်နှင့်လူကသူ့မျက်လုံးများကိုချက်ချင်းဖွင့်လိုက်သည်။သူ့ရဲ့မက်မွန်ပွင့်သဏ္ဍာန်မျက်လုံးများကကြည်လင်ကောင်းကင်ဂိုဏ်းရှိရာသို့လှမ်းကြည့်လိုက်ပြီးသူ့အနီရောင်နှုတ်ခမ်းတစ်လွှာမှာအေးစက်စက်အပြုံးတစ်ခုဖြစ်ပေါ်လာသည်။

"သူတို့ထွက်လာပြီလား?"

အနီဝတ်နှင့်လူဘေးမှာရပ်နေသည့်လှပသောအမျိုးသမီးကချက်ချင်းပင်လေးစားစွာဖြင့်ဒူးတစ်ဝက်ထောက်ချလိုက်ပြီးနူးညံ့စွာပြန်ဖြေသည်။

"ဟုတ်ပါတယ်သခင်,ဝိဉာဏ်စွမ်းအင်ချုပ်စေတီရှိရာကိုကျွန်မပို့လိုက်တဲ့ရုပ်သေးနှစ်ခုထဲကအစီအရင်နားကိုရောက်နေတဲ့တစ်ခုကနေချူးဝူရုံနဲ့သူ့ဆရာတို့ကိုမြင်လိုက်တယ်လို့သတင်းပို့လာပါတယ်"

အနီဝတ်နှင့်လူကသူ့အင်္ကျီလက်ကိုခါယမ်းရင်းမတ်တပ်ထရပ်လိုက်သည်။သူ့နှုတ်ခမ်းပေါ်ကအပြုံးနဲ့သူ့မျက်နှာပေါ်ကရည်မှန်းချက်ကပိုလို့ပင်သိသာထင်ရှားလာ၏။

"ချူးဝူရုံ....မင်းငါ့ကိုမြင်တဲ့အချိန်ကျအရမ်းကြီးမလန့်သွားဖို့မျှော်လင့်ပါတယ်"

သူ့အသံပင်မပျောက်သေးခင်မှာသူ့ပုံရိပ်ကပျောက်ကွယ်သွားခဲ့ပြီ...

****

လီလျိုနှင့်ချူးဝူရုံတို့သည်မြူဆိုင်းနေသည့်လမ်းတစ်လျှောက်ကိုဖြတ်သန်းနေရင်းဖြင့်လီလျိုကသူ့လက်ထဲမှလက်မှတ်၏လမ်းညွှန်ချက်အတိုင်းလိုက်၍မရေမတွက်နိုင်အောင်ရောနှောနေသောတောင်တန်းလမ်းကြောင်းများကိုလျှောက်နေသည်။ထိုလမ်းကြောင်းသည်ကြီးမားသည့်အစီအရင်ကြီးမှထွက်ခွာနိုင်ရန်ဖြစ်သည်။

ကျင့်ကြံသူများသည်လည်းပျံသန်းနိုင်သည့်ဝိဉာဏ်ကိရိယာများကိုအသုံးမပြုနိုင်ပေ။ထို့ကြောင့်ဒီအချိန်မှာတော့သူတို့သည်ပျံသန်းနိုင်သည့်ဝိဉာဉ်ကိရိယာကိုသုံးရင်လမ်းမှားကိုအလွယ်တကူသိမြင်နိုင်တာတောင်အမှတ်အသားမှညွှန်ပြသည့်လမ်းအတိုင်းသာလမ်းလျှောက်နိုင်သည်။

အချိန်ဘယ်လောက်ကြာသွားပြီမှန်းမသိတော့ပဲလီလျိုရဲ့လက်ထဲကလက်မှတ်ကရုတ်တရက်နှစ်ကြိမ်မျှလင်းသွားသည်ကိုခံစားလိုက်ရကာမူလကလမ်းကြောင်းကိုညွှန်ပြနေသည့်အလင်းကလက်မှတ်ထဲပြန်ဝင်သွားသည်။

လီလျိုရှေ့ကိုမျှော်ကြည့်လိုက်သည့်အခါသူနဲ့ချူးဝူရုံတို့လျှောက်နေတဲ့လမ်းကအဆုံးရောက်ခါနီးနေပြီဆိုတာကိုမြင်လိုက်ရသည်။

ကာကွယ်တိုက်ခိုက်ရေးအစီအရင်ကြီး၏ထွက်ပေါက်ကထိုလမ်းလေး၏အဆုံးသတ်ဖြစ်လိမ့်မည်။

လီလျိုကသူ့လက်ထဲကလက်မှတ်ကိုပစ်ထုတ်လိုက်ပြီးတွန့်ဆုတ်မှုမရှိစွာရှေ့သို့ဆက်တိုး၍လျှောက်သွားသည်။လီလျိုနောက်ကနေလိုက်နေသည့်ချူးဝူရုံသည်လည်းလီလျိုနဲ့နီးကပ်စွာလိုက်နေပြီးမြူများနဲ့ဖုံးအုပ်နေသည့်လမ်းလေးရဲ့အဆုံးအားလျှောက်ထွက်သွားကြ၏။

သူတို့ကာကွယ်တိုက်ခိုက်ရေးအစီအရင်ကြီးမှထွက်ပြီးနောက်ပြန်လှည့်ကြည့်လိုက်သည့်အခါမြူများနဲ့ဖုံးလွှမ်းနေသည့်နေရာကြီးမရှိတော့ပဲအဲ့ဒီအစားသူတို့နောက်မှာမြင့်မားတဲ့တောင်တန်းကြီးများကိုသာရှင်းလင်းစွာမြင်ရသည်။သို့သော်ထိုမြင်ကွင်းကစစ်မှန်သောမြင်ကွင်းမဟုတ်ဘဲကာကွယ်တိုက်ခိုက်ရေးအစီအရင်ကြီးအတွက်အစားထိုးနည်းပရိယာယ်သာဖြစ်သည်။

လီလျိုကကာကွယ်တိုက်ခိုက်ရေးအစီအရင်ကြီးနှင့်ဖုံးကွယ်ထားသည့်ကြည်လင်ကောင်းကင်ဂိုဏ်းကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးနောက်သစ်ရွက်သဏ္ဍာန်လှေအားပစ်ထုတ်လိုက်ကာချူးဝူရုံကိုပြောလိုက်သည်။

"ဝူရုံ,သွားရအောင်"

ချူးဝူရုံကဘာမှပြန်မပြောပေ။သူကလှေပေါ်သို့သာခုန်တက်လိုက်ပြီးလီလျိုနောက်မှာဝင်ထိုင်လိုက်သည်။သူသည်လည်းသဘာဝကျကျပင်လီလျိုရဲ့အစောလေးတုန်းကပုံစံကိုမြင်လိုက်ရသည်။ချူးဝူရုံရဲ့မျက်လုံးကအနည်းငယ်နက်မှောင်သွားရင်းဖြင့်သစ်ရွက်လှေအားမောင်းနေသည့်လီလျိုရဲ့နောက်ကျောကိုကြည့်နေ၏။

တကယ်တော့လည်းကြည်လင်ကောင်းကင်ဂိုဏ်းကသူ့ရဲ့ချစ်ရသူနှစ်ရာချီပြီးနေလာခဲ့တဲ့နေရာပဲလေ..အခုသူကသူ့အတွက်ဂိုဏ်းကနေတောင်ထွက်လာပေးတာဆိုတော့အနာဂတ်မှာသူသေချာပေါက်ပိုသန်မာလာအောင်လုပ်ပြီးဒီလူကိုကာကွယ်ပေးမယ်ပြီးရင်သူ့ကိုကျင့်ကြံရေးလောကရဲ့အမြင့်ဆုံးနေရာထိခေါ်သွားပြီးသူနဲ့အတူတူနေမယ်!

ချူးဝူရုံရဲ့အတွေးတွေကိုလုံးဝမသိတဲ့လီလျိုကတော့ကြည်လင်ကောင်းကင်ဂိုဏ်းကနေထွက်လာပြီးနောက်မှာသူနဲ့ချူးဝူရုံတို့ဘယ်သွားရင်ကောင်းမလဲဟုစဉ်းစားနေမိသည်။

သစ်ရွက်သဏ္ဍာန်လှေအားထိန်းချုပ်နေရင်းဖြင့်ပင်လီလျိုကသူ့စိတ်ထဲမှာဇာတ်ကြောင်းကိုပြန်ပြောင်းစဉ်းစားလိုက်သည်။ပြီးရင်သူဒီဇာတ်ကြောင်းထဲကသဲလွန်စတွေကိုသုံးပြီးထျန်းယွင်တိုက်မကြီးရဲ့ဘယ်နေရာကချူးဝူရုံအတွက်အကျိုးကျေးဇူးရပြီးသူနဲ့သက်ဆိုင်မလဲဆိုတာဆုံးဖြတ်ပြီးသွားကြမည်။

လီလျိုကချူးဝူရုံကြည်လင်ကောင်းကင်ဂိုဏ်းမှထွက်လာပြီးနောက်ကြုံတွေ့ရမယ့်ဇာတ်ကြောင်းကိုပြန်ပြောင်းစဉ်းစားတော့မယ့်အချိန်မှာပဲလှပတဲ့အနီရောင်အလင်းတစ်ခုကိုသူ့မျက်လုံးထောင့်စွန်းကနေလှမ်းမြင်လိုက်ရသည်။ထိုအလင်းကလျင်မြန်စွာရွေ့လျားနေပြီးသူတို့နဲ့သိပ်မဝေးတဲ့နေရာကိုဦးတည်လာနေသည်။

——ဘာပါလိမ့်?

လီလျိုကထိုအနီရောင်ပုံရိပ်ကဘာလဲဆိုတာရှင်းရှင်းလင်းလင်းမမြင်ရသေးသော်လည်းအလင်းတန်းတစ်ခုကသူ့မောင်းနေတဲ့သူ့ရဲ့သစ်ရွက်သဏ္ဍာန်လှေကိုလာရောက်ရိုက်ခတ်တော့သည်။

ချက်ချင်းပင်လီလျိုကအလင်းတန်းအားရှောင်ရှားရန်အတွေးနဲ့လှေကိုထိန်းချုပ်လိုက်သော်လည်းချက်ချင်းဆိုသလိုထိုအလင်းကပိုပြီးအားပြင်းလာကာ၎င်းသည်ကြီးမားသည့်လျှပ်စစ်တန်းကွန်ယက်ကြီးကဲ့သို့ဖြစ်သွား၍လီလျိုမောင်းနေတဲ့လှေလှုပ်ရှားမှုအတိုင်းနောက်ကနေပြင်းထန်စွာလိုက်ပါလာသည်။

လီလျိုရဲ့နှလုံးသားကရုတ်တရက်တုန်ယင်သွားသဘ်။ထိုအခြေအနေကိုကြည့်လိုက်တာနဲ့အဲ့ဒီအနီရောင်ပုံရိပ်ကသေချာပေါက်လူဆိုးဖြစ်လိမ့်မည်။သူ့မှတ်ဉာဏ်ထဲကဇာတ်ကြောင်းအရဆိုရင်ချူးဝူရုံကြည်လင်ကောင်းကင်ဂိုဏ်းကထွက်လာတဲ့အချိန်မှာဒီလိုဇာတ်ကွက်မျိုးမဖြစ်ခဲ့ပေ။

အရင်ကမ္ဘာနှစ်ခုကိုဖြတ်သန်းဘူးတဲ့အတွေ့အကြုံအရဒီလိုရုတ်တရက်ဇာတ်ကြောင်းချော်ပြီးဖြစ်လာတတ်တဲ့ပုံစံမျိုးနဲ့မျက်နှာခြင်းဆိုင်ရတဲ့အချိန်မှာလီလျိုကအတော်လေးတည်ငြိမ်ပြီးစိတ်ထိန်းနိုင်နေပြီဖြစ်သည်။

ဘာကြောင့်ဒီအနီရောင်ပုံရိပ်ကသူနဲ့ချူးဝူရုံကိုတိုက်ခိုက်ရလဲဆိုတဲ့အကြောင်းအရင်းကိုသာမရှင်းလင်းတာ

ထိုအတွေးကလီလျိုရဲ့နှလုံးသားကိုဖြတ်ကျော်သွားပြီးသူကသူနဲ့ချူးဝူရုံတို့ရဲ့ပတ်ပတ်လည်ကလျှပ်စစ်ကွန်ယက်ကိုဘယ်လိုချိုးဖြတ်ပြီးထွက်ရမလဲဆိုတဲ့အပေါ်ကိုသာပိုပြီးအာရုံစိုက်ထားလိုက်သည်။ဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒီအနီရောင်ပုံရိပ်ကသူနဲ့ချူးဝူရုံတို့ကိုဒီအတိုင်းလာနှုတ်ဆက်တာတော့မဖြစ်နိုင်ဘူးလေ

အကယ်၍သူသာသူတို့ကိုဖမ်းထားတဲ့လျှပ်စစ်ကွန်ယက်ကိုချိုးဖြတ်ထွက်နိုင်ရင်တတ်နိုင်သမျှအမြန်ဆုံးလွတ်မြောက်နိုင်ဖို့အကောင်းဆုံးဖြစ်လိမ့်မည်။

သို့သော်လီလျိုကနည်းလမ်းပေါင်းစုံအသုံးပြုနေသော်လည်းအခုချိန်ထိထိုကွန်ယက်ထဲကချိုးဖြတ်ထွက်နိုင်မယ့်နည်းလမ်းကိုရှာမတွေ့သေးပေ။

ဒါကိုကြည့်ခြင်းအားဖြင့်သူတို့ဆီလာနေတဲ့ထိုအနီရောင်ပုံရိပ်ရဲ့ကျင့်ကြံဆင့်ကသူ့ထက်ပိုပြီးမြင့်မားတယ်ဆိုတာသိသာနေသည်။

လီလျိုရဲ့ရင်ထဲကမငြိမ်မသက်ဖြစ်မှုကပိုပြီးထင်ရှားလာသည်။အသက်ရှုအနည်းငယ်စာအချိန်ကုန်ဆုံးပြီးမှသာမူလကအနီရောင်အစက်လေးဖြစ်နေသည့်ပုံရိပ်ကသူနဲ့ချူးဝူရုံရှေ့မှာပေါ်လာတော့သည်။

သူကအလွန်ကိုလှပသည့်အမျိုးသားတစ်ယောက်ဖြစ်သည်။သူ့မျက်လုံးနှစ်လုံးကအနက်ရောင်မီးတောက်များတောက်လောင်နေတဲ့အနီရောင်ကျောက်မြတ်နှစ်လုံးလိုပင်။သူ့အသားအရည်ကကြွေကဲ့သို့ဖြူဖွေးနေပြီးသူ့ရဲ့မျက်ခုံးနှစ်ခုကြားမှာတော့မှဲ့အနီရောင်လေးတစ်ခုရှိသည်။ထိုအရာကသူ့မျက်နှာသွင်ပြင်အားပိုလို့ပေါ်လွင်စေပြီးပိုလို့လှပစေသည်။သို့သော်သူ့ကိုဝန်းရံနေသည့်အေးစက်ပြီးနတ်ဆိုးဆန်သည့်စိတ်ထားကတော့သူ့ရဲ့အမျိုးသမီးထက်တောင်ပိုသာလွန်သည့်ထူးခြားသာလွန်သောပုံစံနှင့်ပတ်သတ်၍တစ်ခြားမသင့်တော်တဲ့အတွေးမတွေးရဲရအောင်ပြုလုပ်ထားနိုင်သည်။

သူကမည်သည့်ပျံသန်းရေးဝိဉာဉ်ကိရိယာကိုမှမှီခိုထားခြင်းမရှိပဲဒီအတိုင်းလီလျိုနဲ့ချူးဝူရုံတို့ရှေ့တည့်တည့်မှလေထဲမှာသာရပ်တန့်နေသည်။

ထို့နောက်သူ့ရဲ့အနီရောင်မျက်လုံးများကိုအနည်းငယ်လှည့်၍လီလျိုရဲ့နောက်မှာထိုင်နေသည့်ချူးဝူရုံအားကြည့်လိုက်ကာသူ့ရဲ့အနီရောင်ဖျော့ဖျော့နှုတ်ခမ်းကအဓိပ္ပါယ်ဖော်လို့မရတဲ့အပြုံးတစ်ခုပြုံးလိုက်လေသည်။

"ချူးဝူရုံ,မတွေ့ရတာ......ကြာပြီနော်"

လီလျိုကထိုမှတ်မိလွယ်လှတဲ့မျက်နှာကိုကြည့်ပြီးချက်ချင်းပင်သူ့စိတ်ထဲမှာ'Fu*k'ကိုမရေမတွက်နိင်အောက်ရွတ်လိုက်မိတော့သည်။ဒီမျက်နှာကချူးဝူရုံကိုသစ္စာဖောက်ခဲ့တဲ့သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်း——ယွင်ထျန်ဟန်း

ဇာတ်ကြောင်းအပြောင်းအလဲအတွက်စိတ်ကိုကြိုတင်ပြင်ဆင်ထားပေမယ့်ဒီလိုမျိုးချူးဝူရုံအတွက်သူစီစဉ်ပေးထားတဲ့ဒီစာအုပ်ရဲ့BOSSဖြစ်တဲ့သူကိုအစောကြီးမျက်နှာခြင်းဆိုင်ဖို့အထိမပြင်ဆင်ထားဘူးလို့!

အခုချူးဝူရုံမပြောနဲ့သူတောင်သူ့ရှေ့ကဒီလူကိုရင်ဆိုင်ရရင်သေချာပေါက်ဖိနှိပ်ခံရလိမ့်မယ်...သူ့ရှေ့ကဒီလူကလက်ရှိမှာအစောပိုင်းDemigodအဆင့်ပဲရှိသေးပြီးDemigodအဆင့်ရဲ့အလယ်အဆင့်ထိရောက်နိုင်ဖို့မနီးစပ်သေးဘူးဆိုပေမယ့်Nascent Soulအဆင့်နဲ့Demigodအဆင့်ဆိုတာကလုံးဝကိုမျှခြေညီထားလို့ရတဲ့အဆင့်တွေမဟုတ်ဘူး...

.......................................
Zawgyi

Arc(3.21)

ၾကည္လင္ေကာင္းကင္ဂိုဏ္းသည္ထ်န္းယြင္တိုက္ႀကီးတစ္ခုလံုးတြင္အထက္ပိုင္းဘာသာေရးဂိုဏ္းမ်ား၏ထိပ္တန္းတြင္ရွိသည္ဟုယူဆလို႔ရႏိုင္ၿပီးဒုတိယႏႈန္းထားဂိုဏ္းတစ္ခုျဖစ္သည္။

၎သည္ပထမအဆင့္ဂိုဏ္းကဲ့သို႔လူႀကိဳက္မ်ားျခင္းမရွိေသာ္လည္းတပည့္မ်ားကိုေခၚယူသည့္အခါတိုင္းၾကည္လင္ေကာင္းကင္ဂိုဏ္းကိုဝင္ေရာက္လိုသည့္သူကမေရမတြက္ႏိုင္ေအာင္ပင္။

ထို႔ေၾကာင့္ၾကည္လင္ေကာင္းကင္ဂိုဏ္းကအလြန္က်ယ္ျပန္႔သည့္နယ္ေျမကိုသိမ္းပိုက္ထားသည္။လီလ်ိဳကခ်ဴးဝူရံုနဲ႔အတူဝိဉာဏ္စြမ္းအင္ခ်ဳပ္ေစတီမွေန၍ၾကည္လင္ေကာင္းကင္ဂိုဏ္း၏ကာကြယ္ေရးအစီအရင္ႀကီးဆီသို႔ေရာက္ရန္သူ႔ရဲ႔သစ္ရြက္သ႑ာန္ေလွကိုစီးလာတာေတာင္လက္ဖက္ရည္ႏွစ္ခြက္ေသာက္ခ်ိန္ေလာက္ၾကာျမင့္သည္။

ထိုကာကြယ္ေရးအစီအရင္ႀကီးတြင္အမွတ္အသားေနရာမ်ားစြာရွိေနေသာ္လည္းထြက္ခြာရမယ့္လမ္းေၾကာင္းကေတာ့တစ္ခုတည္းသာျဖစ္သည္။အေၾကာင္းကေတာ့ထိုလမ္းေၾကာင္းကလြဲရင္တစ္ျခားလမ္းေၾကာင္းေတြအားလံုးကရန္သူကိုစိတ္ရႈပ္ေထြးေစရန္စီရင္ထားျခင္းျဖစ္ၿပီးအတြင္း၌ဖုံးကြယ္ထားေသာႀကိဳတင္ခန႔္မွန္းမရႏိုင္ေသာအႏၲရာယ္မ်ားႏွင့္ျပႆနာမ်ားစြာရွိသည္။

ဒါ့အျပင္ထိုလမ္းေၾကာင္းမ်ားမွဆိုရင္ပ်ံသန္းေရးဝိဉာဏ္ကိရိယာကိုလည္းအသံုးမျပဳႏိုင္ေပ။လီလိ်ဳကခ်ဴးဝူရံုအားထိုအစီအရင္အမွတ္ေတြရဲ႔အေရွ႕တည့္တည့္သို႔ပ်ံသန္းသြားၿပီးယဲထ်န္းခ်ီေပးလိုက္သည့္လက္မွတ္အားထုတ္ယူလိုက္သည္။

မူလကစိမ္းစိုေနသည့္ျမက္ခင္းျပင္က်ယ္ၿပီးကေနသူတို႔ေျခေထာက္ေအာက္မွာျမဴဆိုင္းၿပီးရႈပ္ေထြးေနတဲ့လမ္းတစ္ခုေပၚလာသည္။

လီလ်ိဳကသူ႔ေဘးမွခ်ဴးဝူရံုကိုတစ္ခ်က္ၾကည့္လိုက္သည္။ထို႔ေနာက္ဘာမွမေျပာပဲထိုလမ္းေၾကာင္းကေနစတင္ေလွ်ာက္လွမ္းေလသည္။

ခ်ဴးဝူရံုကခ်က္ခ်င္းလီလ်ိဳကေနာက္ကေနလိုက္သြားသည္။သူသည္လည္းထိုလမ္းကေနတြန္႔ဆုတ္မႈအနည္းငယ္ပင္မရွိပဲေလွ်ာက္လွမ္းသည္။သူတို႔ထိုလမ္းေပၚကိုေျခခ်ၿပီးသည္ႏွင့္ႏွစ္ေယာက္သားသည္မူလေနရာမွေပ်ာက္ကြယ္သြားၾကေတာ့သည္။

ထို႔ေနာက္အရာအားလံုးကမူလအတိုင္းျဖစ္ေပၚသြားၿပီးႏွစ္ေယာက္သားကဘယ္ေတာ့မွမရွိခဲ့သလိုပင္။

****

ၾကည္လင္ေကာင္းကင္ဂိုဏ္းႏွင့္မိုင္အနည္းငယ္အကြာအေဝးတြင္ရွိေသာေနရာလြတ္တစ္ခုတြင္ႀကီးမားေသာသစ္ပင္ႀကီးတစ္ပင္၏ေအာက္မွာမူလကေျခေထာက္ခ်ိတ္ထိုင္ေနသည့္အနီဝတ္ႏွင့္လူကသူ႔မ်က္လံုးမ်ားကိုခ်က္ခ်င္းဖြင့္လိုက္သည္။သူ႔ရဲ႔မက္မြန္ပြင့္သ႑ာန္မ်က္လံုးမ်ားကၾကည္လင္ေကာင္းကင္ဂိုဏ္းရွိရာသို႔လွမ္းၾကည့္လိုက္ၿပီးသူ႔အနီေရာင္ႏႈတ္ခမ္းတစ္လႊာမွာေအးစက္စက္အျပံဳးတစ္ခုျဖစ္ေပၚလာသည္။

"သူတို႔ထြက္လာၿပီလား?"

အနီဝတ္ႏွင့္လူေဘးမွာရပ္ေနသည့္လွပေသာအမ်ိဳးသမီးကခ်က္ခ်င္းပင္ေလးစားစြာျဖင့္ဒူးတစ္ဝက္ေထာက္ခ်လိုက္ၿပီးႏူးညံ့စြာျပန္ေျဖသည္။

"ဟုတ္ပါတယ္သခင္,ဝိဉာဏ္စြမ္းအင္ခ်ဳပ္ေစတီရွိရာကိုကၽြန္မပို႔လိုက္တဲ့႐ုပ္ေသးႏွစ္ခုထဲကအစီအရင္နားကိုေရာက္ေနတဲ့တစ္ခုကေနခ်ဴးဝူရံုနဲ႔သူ႔ဆရာတို႔ကိုျမင္လိုက္တယ္လို႔သတင္းပို႔လာပါတယ္"

အနီဝတ္ႏွင့္လူကသူ႔အက်ႌလက္ကိုခါယမ္းရင္းမတ္တပ္ထရပ္လိုက္သည္။သူ႔ႏႈတ္ခမ္းေပၚကအျပံဳးနဲ႔သူ႔မ်က္ႏွာေပၚကရည္မွန္းခ်က္ကပိုလို႔ပင္သိသာထင္ရွားလာ၏။

"ခ်ဴးဝူရံု....မင္းငါ့ကိုျမင္တဲ့အခ်ိန္က်အရမ္းႀကီးမလန္႔သြားဖို႔ေမွ်ာ္လင့္ပါတယ္"

သူ႔အသံပင္မေပ်ာက္ေသးခင္မွာသူ႔ပံုရိပ္ကေပ်ာက္ကြယ္သြားခဲ့ၿပီ...

****

လီလ်ိဳႏွင့္ခ်ဴးဝူရံုတို႔သည္ျမဴဆိုင္းေနသည့္လမ္းတစ္ေလွ်ာက္ကိုျဖတ္သန္းေနရင္းျဖင့္လီလ်ိဳကသူ႔လက္ထဲမွလက္မွတ္၏လမ္းၫႊန္ခ်က္အတိုင္းလိုက္၍မေရမတြက္ႏိုင္ေအာင္ေရာေႏွာေနေသာေတာင္တန္းလမ္းေၾကာင္းမ်ားကိုေလွ်ာက္ေနသည္။ထိုလမ္းေၾကာင္းသည္ႀကီးမားသည့္အစီအရင္ႀကီးမွထြက္ခြာႏိုင္ရန္ျဖစ္သည္။

က်င့္ၾကံသူမ်ားသည္လည္းပ်ံသန္းႏိုင္သည့္ဝိဉာဏ္ကိရိယာမ်ားကိုအသံုးမျပဳႏိုင္ေပ။ထို႔ေၾကာင့္ဒီအခ်ိန္မွာေတာ့သူတို႔သည္ပ်ံသန္းႏိုင္သည့္ဝိဉာဥ္ကိရိယာကိုသံုးရင္လမ္းမွားကိုအလြယ္တကူသိျမင္ႏိုင္တာေတာင္အမွတ္အသားမွၫႊန္ျပသည့္လမ္းအတိုင္းသာလမ္းေလွ်ာက္ႏိုင္သည္။

အခ်ိန္ဘယ္ေလာက္ၾကာသြားၿပီမွန္းမသိေတာ့ပဲလီလ်ိဳရဲ႕လက္ထဲကလက္မွတ္က႐ုတ္တရက္ႏွစ္ႀကိမ္မွ်လင္းသြားသည္ကိုခံစားလိုက္ရကာမူလကလမ္းေၾကာင္းကိုၫႊန္ျပေနသည့္အလင္းကလက္မွတ္ထဲျပန္ဝင္သြားသည္။

လီလ်ိဳေရွ႕ကိုေမွ်ာ္ၾကည့္လိုက္သည့္အခါသူနဲ႔ခ်ဴးဝူရံုတို႔ေလွ်ာက္ေနတဲ့လမ္းကအဆံုးေရာက္ခါနီးေနၿပီဆိုတာကိုျမင္လိုက္ရသည္။

ကာကြယ္တိုက္ခိုက္ေရးအစီအရင္ႀကီး၏ထြက္ေပါက္ကထိုလမ္းေလး၏အဆံုးသတ္ျဖစ္လိမ့္မည္။

လီလ်ိဳကသူ႔လက္ထဲကလက္မွတ္ကိုပစ္ထုတ္လိုက္ၿပီးတြန္႔ဆုတ္မႈမရွိစြာေရွ႕သို႔ဆက္တိုး၍ေလွ်ာက္သြားသည္။လီလ်ိဳေနာက္ကေနလိုက္ေနသည့္ခ်ဴးဝူရံုသည္လည္းလီလ်ိဳနဲ႔နီးကပ္စြာလိုက္ေနၿပီးျမဴမ်ားနဲ႔ဖံုးအုပ္ေနသည့္လမ္းေလးရဲ႔အဆံုးအားေလွ်ာက္ထြက္သြားၾက၏။

သူတို႔ကာကြယ္တိုက္ခိုက္ေရးအစီအရင္ႀကီးမွထြက္ၿပီးေနာက္ျပန္လွည့္ၾကည့္လိုက္သည့္အခါျမဴမ်ားနဲ႔ဖံုးလႊမ္းေနသည့္ေနရာႀကီးမရွိေတာ့ပဲအဲ့ဒီအစားသူတို႔ေနာက္မွာျမင့္မားတဲ့ေတာင္တန္းႀကီးမ်ားကိုသာရွင္းလင္းစြာျမင္ရသည္။သို႔ေသာ္ထိုျမင္ကြင္းကစစ္မွန္ေသာျမင္ကြင္းမဟုတ္ဘဲကာကြယ္တိုက္ခိုက္ေရးအစီအရင္ႀကီးအတြက္အစားထိုးနည္းပရိယာယ္သာျဖစ္သည္။

လီလိ်ဳကကာကြယ္တိုက္ခိုက္ေရးအစီအရင္ႀကီးႏွင့္ဖံုးကြယ္ထားသည့္ၾကည္လင္ေကာင္းကင္ဂိုဏ္းကိုတစ္ခ်က္လွမ္းၾကည့္လိုက္ၿပီးေနာက္သစ္ရြက္သ႑ာန္ေလွအားပစ္ထုတ္လိုက္ကာခ်ဴးဝူရံုကိုေျပာလိုက္သည္။

"ဝူရံု,သြားရေအာင္"

ခ်ဴးဝူရံုကဘာမွျပန္မေျပာေပ။သူကေလွေပၚသို႔သာခုန္တက္လိုက္ျပီးလီလ်ိဳေနာက္မွာဝင္ထိုင္လိုက္သည္။သူသည္လည္းသဘာဝက်က်ပင္လီလိ်ဳရဲ႔အေစာေလးတုန္းကပံုစံကိုျမင္လိုက္ရသည္။ခ်ဴးဝူရံုရဲ႔မ်က္လံုးကအနည္းငယ္နက္ေမွာင္သြားရင္းျဖင့္သစ္ရြက္ေလွအားေမာင္းေနသည့္လီလ်ိဳရဲ႔ေနာက္ေက်ာကိုၾကည့္ေန၏။

တကယ္ေတာ့လည္းၾကည္လင္ေကာင္းကင္ဂိုဏ္းကသူ႔ရဲ႔ခ်စ္ရသူႏွစ္ရာခ်ီၿပီးေနလာခဲ့တဲ့ေနရာပဲေလ..အခုသူကသူ႔အတြက္ဂိုဏ္းကေနေတာင္ထြက္လာေပးတာဆိုေတာ့အနာဂတ္မွာသူေသခ်ာေပါက္ပိုသန္မာလာေအာင္လုပ္ၿပီးဒီလူကိုကာကြယ္ေပးမယ္ၿပီးရင္သူ႔ကိုက်င့္ၾကံေရးေလာကရဲ႔အျမင့္ဆံုးေနရာထိေခၚသြားၿပီးသူနဲ႔အတူတူေနမယ္!

ခ်ဴးဝူရံုရဲ႔အေတြးေတြကိုလံုးဝမသိတဲ့လီလ်ိဳကေတာ့ၾကည္လင္ေကာင္းကင္ဂိုဏ္းကေနထြက္လာၿပီးေနာက္မွာသူနဲ႔ခ်ဴးဝူရံုတို႔ဘယ္သြားရင္ေကာင္းမလဲဟုစဥ္းစားေနမိသည္။

သစ္ရြက္သ႑ာန္ေလွအားထိ္န္းခ်ဳပ္ေနရင္းျဖင့္ပင္လီလ်ိဳကသူ႔စိတ္ထဲမွာဇာတ္ေၾကာင္းကိုျပန္ေျပာင္းစဥ္းစားလိုက္သည္။ၿပီးရင္သူဒီဇာတ္ေၾကာင္းထဲကသဲလြန္စေတြကိုသံုးၿပီးထ်န္းယြင္တိုက္မႀကီးရဲ႔ဘယ္ေနရာကခ်ဴးဝူရံုအတြက္အက်ိဳးေက်းဇူးရၿပီးသူနဲ႔သက္ဆိုင္မလဲဆိုတာဆံုးျဖတ္ၿပီးသြားၾကမည္။

လီလ်ိဳကခ်ဴးဝူရံုၾကည္လင္ေကာင္းကင္ဂိုဏ္းမွထြက္လာၿပီးေနာက္ၾကံဳေတြ႕ရမယ့္ဇာတ္ေၾကာင္းကိုျပန္ေျပာင္းစဥ္းစားေတာ့မယ့္အခ်ိန္မွာပဲလွပတဲ့အနီေရာင္အလင္းတစ္ခုကိုသူ႔မ်က္လံုးေထာင့္စြန္းကေနလွမ္းျမင္လိုက္ရသည္။ထိုအလင္းကလ်င္ျမန္စြာေရြ႕လ်ားေနၿပီးသူတို႔နဲ႔သိပ္မေဝးတဲ့ေနရာကိုဦးတည္လာေနသည္။

——ဘာပါလိမ့္?

လီလိ်ဳကထိုအနီေရာင္ပံုရိပ္ကဘာလဲဆိုတာရွင္းရွင္းလင္းလင္းမျမင္ရေသးေသာ္လည္းအလင္းတန္းတစ္ခုကသူ႔ေမာင္းေနတဲ့သူ႔ရဲ႔သစ္ရြက္သ႑ာန္ေလွကိုလာေရာက္႐ိုက္ခတ္ေတာ့သည္။

ခ်က္ခ်င္းပင္လီလ်ိဳကအလင္းတန္းအားေရွာင္ရွားရန္အေတြးနဲ႔ေလွကိုထိန္းခ်ဳပ္လိုက္ေသာ္လည္းခ်က္ခ်င္းဆိုသလိုထိုအလင္းကပိုၿပီးအားျပင္းလာကာ၎သည္ႀကီးမားသည့္လွ်ပ္စစ္တန္းကြန္ယက္ႀကီးကဲ့သို႔ျဖစ္သြား၍လီလ်ိဳေမာင္းေနတဲ့ေလွလွဳပ္ရွားမႈအတိုင္းေနာက္ကေနျပင္းထန္စြာလိုက္ပါလာသည္။

လီလ်ိဳရဲ႔ႏွလံုးသားက႐ုတ္တရက္တုန္ယင္သြားသဘ္။ထိုအေျခအေနကိုၾကည့္လိုက္တာနဲ႔အဲ့ဒီအနီေရာင္ပံုရိပ္ကေသခ်ာေပါက္လူဆိုးျဖစ္လိမ့္မည္။သူ႔မွတ္ဉာဏ္ထဲကဇာတ္ေၾကာင္းအရဆိုရင္ခ်ဴးဝူရံုၾကည္လင္ေကာင္းကင္ဂိုဏ္းကထြက္လာတဲ့အခ်ိန္မွာဒီလိုဇာတ္ကြက္မ်ိဳးမျဖစ္ခဲ့ေပ။

အရင္ကမာၻႏွစ္ခုကိုျဖတ္သန္းဘူးတဲ့အေတြ႕အၾကံဳအရဒီလို႐ုတ္တရက္ဇာတ္ေၾကာင္းေခ်ာ္ၿပီးျဖစ္လာတတ္တဲ့ပံုစံမ်ိဳးနဲ႔မ်က္ႏွာျခင္းဆိုင္ရတဲ့အခ်ိန္မွာလီလိ်ဳကအေတာ္ေလးတည္ၿငိမ္ၿပီးစိတ္ထိန္းႏိုင္ေနၿပီျဖစ္သည္။

ဘာေၾကာင့္ဒီအနီေရာင္ပံုရိပ္ကသူနဲ႔ခ်ဴးဝူရံုကိုတိုက္ခိုက္ရလဲဆိုတဲ့အေၾကာင္းအရင္းကိုသာမရွင္းလင္းတာ

ထိုအေတြးကလီလ်ိဳရဲ႔ႏွလံုးသားကိုျဖတ္ေက်ာ္သြားၿပီးသူကသူနဲ႔ခ်ဴးဝူရံုတို႔ရဲ႔ပတ္ပတ္လည္ကလွ်ပ္စစ္ကြန္ယက္ကိုဘယ္လိုခ်ိဳးျဖတ္ၿပီးထြက္ရမလဲဆိုတဲ့အေပၚကိုသာပိုၿပီးအာရံုစိုက္ထားလိုက္သည္။ဘယ္လိုပဲျဖစ္ျဖစ္အဲ့ဒီအနီေရာင္ပံုရိပ္ကသူနဲ႔ခ်ဴးဝူရံုတို႔ကိုဒီအတိုင္းလာႏႈတ္ဆက္တာေတာ့မျဖစ္ႏိုင္ဘူးေလ

အကယ္၍သူသာသူတို႔ကိုဖမ္းထားတဲ့လွ်ပ္စစ္ကြန္ယက္ကိုခ်ိဳးျဖတ္ထြက္ႏိုင္ရင္တတ္ႏိုင္သမွ်အျမန္ဆံုးလြတ္ေျမာက္ႏိုင္ဖို႔အေကာင္းဆံုးျဖစ္လိမ့္မည္။

သို႔ေသာ္လီလိ်ဳကနည္းလမ္းေပါင္းစံုအသံုးျပဳေနေသာ္လည္းအခုခ်ိန္ထိထိုကြန္ယက္ထဲကခ်ိဳးျဖတ္ထြက္ႏိုင္မယ့္နည္းလမ္းကိုရွာမေတြ႕ေသးေပ။

ဒါကိုၾကည့္ျခင္းအားျဖင့္သူတို႔ဆီလာေနတဲ့ထိုအနီေရာင္ပံုရိပ္ရဲ႔က်င့္ၾကံဆင့္ကသူ႔ထက္ပိုၿပီးျမင့္မားတယ္ဆိုတာသိသာေနသည္။

လီလ်ိဳရဲ႔ရင္ထဲကမၿငိမ္မသက္ျဖစ္မႈကပိုၿပီးထင္ရွားလာသည္။အသက္ရွဳအနည္းငယ္စာအခ်ိန္ကုန္ဆံုးၿပီးမွသာမူလကအနီေရာင္အစက္ေလးျဖစ္ေနသည့္ပံုရိပ္ကသူနဲ႔ခ်ဴးဝူရံုေရွ႕မွာေပၚလာေတာ့သည္။

သူကအလြန္ကိုလွပသည့္အမ်ိဳးသားတစ္ေယာက္ျဖစ္သည္။သူ႔မ်က္လံုးႏွစ္လံုးကအနက္ေရာင္မီးေတာက္မ်ားေတာက္ေလာင္ေနတဲ့အနီေရာင္ေက်ာက္ျမတ္ႏွစ္လံုးလိုပင္။သူ႔အသားအရည္ကေႂကြကဲ့သို႔ျဖဴေဖြးေနၿပီးသူ႔ရဲ႔မ်က္ခံုးႏွစ္ခုၾကားမွာေတာ့မွဲ႔အနီေရာင္ေလးတစ္ခုရွိသည္။ထိုအရာကသူ႔မ်က္ႏွာသြင္ျပင္အားပိုလို႔ေပၚလြင္ေစၿပီးပိုလို႔လွပေစသည္။သို႔ေသာ္သူ႔ကိုဝန္းရံေနသည့္ေအးစက္ၿပီးနတ္ဆိုးဆန္သည့္စိတ္ထားကေတာ့သူ႔ရဲ႔အမ်ိဳးသမီးထက္ေတာင္ပိုသာလြန္သည့္ထူးျခားသာလြန္ေသာပံုစံႏွင့္ပတ္သတ္၍တစ္ျခားမသင့္ေတာ္တဲ့အေတြးမေတြးရဲရေအာင္ျပဳလုပ္ထားႏိုင္သည္။

သူကမည္သည့္ပ်ံသန္းေရးဝိဉာဥ္ကိရိယာကိုမွမွီခိုထားျခင္းမရွိပဲဒီအတိုင္းလီလ်ိဳနဲ႔ခ်ဴးဝူရံုတို႔ေရွ႕တည့္တည့္မွေလထဲမွာသာရပ္တန္႔ေနသည္။

ထို႔ေနာက္သူ႔ရဲ႔အနီေရာင္မ်က္လံုးမ်ားကိုအနည္းငယ္လွည့္၍လီလိ်ဳရဲ႔ေနာက္မွာထိုင္ေနသည့္ခ်ဴးဝူရံုအားၾကည့္လိုက္ကာသူ႔ရဲ႔အနီေရာင္ေဖ်ာ့ေဖ်ာ့ႏႈတ္ခမ္းကအဓိပၸါယ္ေဖာ္လို႔မရတဲ့အျပံဳးတစ္ခုျပံဳးလိုက္ေလသည္။

"ခ်ဴးဝူရံု,မေတြ႕ရတာ......ၾကာၿပီေနာ္"

လီလ်ိဳကထိုမွတ္မိလြယ္လွတဲ့မ်က္ႏွာကိုၾကည့္ၿပီးခ်က္ခ်င္းပင္သူ႔စိတ္ထဲမွာ'Fu*k'ကိုမေရမတြက္နိင္ေအာက္ရြတ္လိုက္မိေတာ့သည္။ဒီမ်က္ႏွာကခ်ဴးဝူရံုကိုသစၥာေဖာက္ခဲ့တဲ့သူ႔ရဲ႔အရင္းႏွီးဆံုးသူငယ္ခ်င္း——ယြင္ထ်န္ဟန္း

ဇာတ္ေၾကာင္းအေျပာင္းအလဲအတြက္စိတ္ကိုႀကိဳတင္ျပင္ဆင္ထားေပမယ့္ဒီလိုမ်ိဳးခ်ဴးဝူရံုအတြက္သူစီစဥ္ေပးထားတဲ့ဒီစာအုပ္ရဲ႔BOSSျဖစ္တဲ့သူကိုအေစာႀကီးမ်က္ႏွာျခင္းဆိုင္ဖို႔အထိမျပင္ဆင္ထားဘူးလို႔!

အခုခ်ဴးဝူရံုမေျပာနဲ႔သူေတာင္သူ႔ေရွ႕ကဒီလူကိုရင္ဆိုင္ရရင္ေသခ်ာေပါက္ဖိႏွိပ္ခံရလိမ့္မယ္...သူ႔ေရွ႕ကဒီလူကလက္ရွိမွာအေစာပိုင္းDemigodအဆင့္ပဲရွိေသးၿပီးDemigodအဆင့္ရဲ႔အလယ္အဆင့္ထိေရာက္ႏိုင္ဖို႔မနီးစပ္ေသးဘူးဆိုေပမယ့္Nascent Soulအဆင့္နဲ႔Demigodအဆင့္ဆိုတာကလံုးဝကိုမွ်ေျခညီထားလို႔ရတဲ့အဆင့္ေတြမဟုတ္ဘူး...

.......................................

Continue Reading

You'll Also Like

1.8K 165 25
တစ်ခါမှမချစ်ဖူးတဲ့ထန်ရှောက်ဟာ ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားပါတယ် ဒါပေမယ့် သူမသိလိုက်တာက အဲ့ကောင်မလေးက မိန်းကလေးအဝတ်အစားဝတ်ထားတဲ့ ကောင်...
97.5K 12.2K 104
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
2.3M 169K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023