Chapter - 28
|| Zawgyi ||
" သွားမယ်လေ"
"အင်း"
" မပြောနဲ့ ဝင်တော့!! "
" ....... "
" ဟားဟာ အမေကတော့ဗျာ သားသိပါတယ် "
"ဟီး..ဟုတ်ကဲ့အမေ "
" တစ်ခုခုစားရအောင် "
" အလုပ်မလုပ်နဲ့တော့ "
" မဖြစ်ဘူး...မင်းမှာအခုကလေးနဲ့လေ နောက်ပြီငါမင်းကိုလခတွေပြန်အပ်မယ် ဟုတ်ပြီလား ဒါကြောင့်ထွက်လိုက်တော့ "
" ကျွန်တော်စဉ်းစား...."
💜💜💜💜💜💜💜💜💜💜💜
13.Mar.21
Saung's
================================================
လခအပ်မယ်တဲ့....ဘယ်သူပြောလိုက်တာလဲ?
Chapter - 28
|| Unicode ||
မျက်နှာကိုအတင်း တည်ငြိမ်နေအောင်လုပ်ရင်း luggage လေးဆွဲပြီးထွက်လာတော့ အပြင်မှာစောင့်နေတဲ့ ဟောက်ရန်ကိုတွေ့တာနဲ့ အယ်လ်ဘန်ထဲမှာ စိတ်ရူးပေါက်ပြီးဓာတ်ပုံတွေ စုထားမိတာလဲလို့ ရူးကြောက်ကြောင်အတွေးကိုတွေးလိုက်သေးသည်။ မထူးဟောက်ရန်က မသိသလိုနေနေမှတော့ သူလည်းမသိသလိုနေလို့ရတယ်လေ။
" သွားမယ်လေ"
လင်းယဲ့ အပြင်ထွက်မလို့ဟောက်ရန် အရှေ့ကဖြတ်သွားတော့ ဟောက်ရန်တားမြစ်တာခံလိုက်ရသည်။ ထို့နောက်နဖူးပေါ်ကိုကျလာတဲ့ လက်တစ်ဖက် ဟောက်ရန်က
" ကိုယ်လဲမပူပါဘူး ဘာလို့မျက်နှာတွေနီရဲတာလဲ "
"အော်....ပူလို့ အင်း ပူလို့လေ....သွားရအောင်"
"အင်း"
လင်းယဲ့ အပြင်ထွက်မလို့လုပ်လိုက်သည်။ ဟောက်ရန်ကသူ့ရဲ့ luggage ကိုဆွဲယူလိုက်ပြီး အရှေ့ကအရင်ထွက်လာသည်။ လင်းယဲ့ငှါးထားတဲ့နေရာက မနက်ပိုင်းတော့ ကြည့်လို့အဆင်ပြေသည်။ ဖုန်ထူနေတဲ့လှေကားကတစ်ဆင့် luggage ကိုယူပြီးဆင်းလာတယ်။ လင်းယဲ့အနောက်ကနေပြီး ပြေးလိုက်လာရင်း ဖုန်းကြည့်နေသည်။ အမည်မသိဖုန်းနံပတ်ကိုကိုင်ထားတာမြင်တော့
"ဟောက်ရန် ဒီဖုန်းနံပတ်ကို ခင်ဗျားကိုင်ထားလား "
ညတုန်းကဖုန်းကိုင်တာကို တွေးလိုက်ပြီး မျက်ခုံးတန်းနှစ်ခု ထိလုနီးနီးကြုတ်ဝင်သွားသည်။ ဂရုမစိုက်အရေးမကြီးတဲ့ ပုံစံနဲ့အရှေ့ကိုပြန်လျှောက်သွားရင်း ဖြေလိုက်သည်။
" ဟုတ်တယ် မင်းကိုအကိုလင်းယဲ့လို့ခေါ်တဲ့ တစ်ယောက်လေ သူ့နာမည်တော့မှတ်မထားဘူး "
"ဟမ်....အကိုလင်းယဲ့လို့ခေါ်တဲ့တစ်ယောက် ဒါမဲ့ကျွန်တော့ကိုအကိုတပ်ခေါ်တဲ့ လူတွေအများကြီး ရှိတယ်လေ"
ထိုအများကြီးဆိုတဲ့ အပြောကြောင့်ကားတံခါးဖွင့်နေတဲ့ ဟောက်ရန်လက်တွေရပ်သွားပြီး လင်းယဲ့ကို မိုက်ကြည့်ကြည့်လိုက်တယ်။
" အော် အများကြီးရှိတယ်တဲ့လား "
"အင်း...ဆိုင်မှာတောင် အကိုလို့ခေါ်တဲ့...."
" မပြောနဲ့ ဝင်တော့!! "
ဟောက်ရန် မျက်နှာပုပ်သိုးနေတာကြောင့် ထိုစကားကိုဆက်စပ်တွေးတောလိုက်ပြီး သတိမထားမိဘဲနဲ့တောင် လင်းယဲ့ပြောမိသွားသည်။
" ဟောက်ရန် ခင်ဗျားသဝန်တိုနေတာလား "
" ....... "
ချီး ငါဘာသွားမေးလိုက်တာလဲ သဝန်တိုတယ်တဲ့လား ငါ့အတွက်နဲ့လေ။ကိုယ့်အရှက် ကိုယ်ခွဲတယ်ဆိုတာဒါဘဲ့လေ။ သေစမ်း...
" ငါကဘာလို့သဝန်တိုရမှာလဲ ပေါက်ကရတွေ "
လင်းယဲ့ကားပေါ် တိတ်တဆိပ်တက်လိုက်ရသည်။ သူတို့နှစ်ယောက် ကိုးယိုကားရား အခြေအနေနဲ့ လေဆိပ်ကိုမောင်းသွားကြသည်။
ဟင့် ငါသိသားဘဲ့ သူဒီလိုဘဲ့ပြောမယ်ဆိုတာ။ သေချင်တယ်...
လေဆိပ်ကိုရောက်တော့ ၇ခွဲနေပြီ။ လေယာဉ်က၈နာရီခွဲလောက်မှထွက်မှာဖြစ်တယ်။ အထဲရောက်တော့ အမေတို့တောင်စောရောက်နေသည်။ အမေကလင်းယဲ့နဲ့ဟောက်ရန်ကို မြင်တော့
" လာကြပြီဘဲ့ သားတို့ကနေဒါကိုလည်းလာလည်ကြအုံးနော် "
" ဟုတ်ကဲ့အမေ " လင်းယဲ့ကပြန်ပြောသည်။ နဘေးကရပ်နေတဲ့ ဟောက်ရန်အဖေက သူ့သားကိုကြည့်ပြီး
" အားရန် မင်းဘာလို့ရှောင်ယဲ့လေးကို အိမ်ထဲမှာဘဲ့ထားထားတာလဲ ဟိုဟိုဒီဒီ ခေါ်သွားအုံး "
" ဟုတ်ကဲ့အဖေ ကျွန်တော်သိပါတယ်ဗျ "
အေဖ ဘာလို့ဒီလိုပြောတာလဲဆိုတာ ရှင်းနေသည်။ လွန်ခဲ့တဲ့သုံနှစ်လုံးလုံး လင်းယဲ့အိမ်အပြင်သိပ်မထွက်ခဲ့ဘူး။ သူ(ဟောက်ရန်)ကလည်း ဘယ်မှလဲခေါ်မသွားဖြစ်ဘူး။ အဖေပြောတဲ့စကားက သူ ့(လင်းယဲ့)ကိုလူအများအရှေ့မှာ ချပြခိုင်းတာဖြစ်တယ်။ သူတို့အချိန်အနည်းငယ်ရတုန်း လင်းယဲ့ကအဖေနဲ့စကားစမြည်ပြောနေသည်။ ဟောက်ရန်အမေက သူတို့နှစ်ယောက် စကားပြောနေတာကိုအခွင့်ကောင်းယူပြီး ဟောက်ရန်ကို
" အားရန် သားဟိုကောင်လေးနဲ့ဖြတ်တော့နော် မဖြတ်ရင်အမေကိုယ်တိုင် ရုပ်ရှင်တွေထဲကလို ပိုက်ဆံတစ်ထပ်လိုက် ဒါမဟုတ် သားအဖေကိုပြောပြီး သူ့မိသားစုလုပ်ငန်းကို ဖျက်ဆီးခိုင်းလိုက်ရမလား "
" ဟားဟာ အေမကေတာ့ဗ်ာ သားသိပါတယ် "
အမေကပေါ့ပေါ့ပါးပါး ဖြစ်သွားပြီး သူ့သားပုခုံးကိုခက်ဖွဖွရိုက်လိုက်ပြီး
" ယဲ့ယဲ့ သားကိုအားရန်အနိုင်ကျင့်ရင် အမေ့ဆီကိုဖုန်းလှမ်းဆက်လိုက်နော် "
"ဟီး..ဟုတ်ကဲ့အမေ "
၈နာရီထိုးလောက်ရောက်တာနဲ့ အဖေတို့ကလေယာဉ်ပေါ်တတ်စောင့်နေရသည်။ ဒါကြောင့်နှုတ်ဆက်ပြီး ဟောက်ရန်တို့ပြန်လာခဲ့တယ်။
" တစ်ခုခုစားရအောင် "
"ဟင့်အင်း အလုပ်မှာစားလိုက်မယ် အခုတောင်နောက်ကျနေပြီ အလုပ်ကိုပို့ပေးခဲ့နော် "
ဟောက်ရန် လင်းယဲ့ပြောတဲ့အတိုင်းအလုပ်ဘက်ကို မောင်းသွားပေးတယ်။ ရောက်တာနဲ့နှစ်ယောက်သား ကားပေါ်ကဆင်းလိုက်ပြီး ဟောက်ရန်က
" အလုပ်မလုပ်နဲ့တော့ "
လင်းယဲ့ ခြေလှမ်းတွေရပ်တန့်သွားသည်။ သူကဟောက်ရန်ကို ကြည့်ရင်းနဲ့
" မျဖစ္ဘူး ကျွန်တော်လဲသုံးစရာတွေ ရှိတယ်လေ။ အလုပ်လေးတစ်ခုရှိမှ အဆင်ပြေမှာပေါ့ ဟူး.... "
လင်းယဲ့အပြောကြောင့် ဟောက်ရန် စိတ်မကောင်းဖြစ်သွားသည်။ ဒါမဲ့ဒီလိုလူအမ်ားအျပား၊ အဝင်အထွက်ပြည့်နေတဲ့လူတွေ နောက်ပြီးဟိုဆိုင်ရှင် သူဌေးရဲ့သားဆိုတဲ့ ကောင်နဲ့ရောဝေးဝေးနေစေချင်သည်။
" မျဖစ္ဘူး...မင်းမှာအခုကလေးနဲ့လေ နောက်ပြီငါမင်းကိုလခတွေပြန်အပ်မယ် ဟုတ်ပြီလား ဒါကြောင့်ထွက်လိုက်တော့ "
လင်းယဲ့ လက်ကိုဆွဲရင်း အမြန်ပြောလိုက်ရသည်။ ဒီစကားကို ဘယ်လိုထွက်သွားမှန်း ကိုယ်တိုင်လည်းမသိဘူး။ လင်းယဲ့ဘာမှမပြောဘဲရပ်နေတုန်း ဆိုင်အထဲကမိန်းကလေးတစ်ယောက် ပြေးထွက်လာပြီး
" ရှောင်ယဲ့ ရှင်ကျွန်မသူငယ်ချင်းကိုလွှတ်လိုက် ဟွန့် မကောင်းတဲ့လူ "
ဖေးအာ ဘုမသိဘမသိနဲ့ ဝင်ပြောတာကြောင့်သုံးယောက်သား အလည်မှာခဏလောက်လေအေးတွေတိုက်လာသည်။ ထို့နောက်လင်းယဲ့က
" ကျွန်တော်စဉ်းစား...."
"ဘာစဉ်းစားလဲ သွားမယ် အဲ့လိုကောင်နဲ့စကားမပြောနဲ့ "
ဖေးအာက လင်းယဲ့ကိုအတင်းဆွဲပြီး ဆိုင်အတွင်းကိုဝင်သွားသည်။ ဟောက်ရန် ဖေးအာကိုစူးစူးရဲရဲကြည့်ပြီး
" ကြောင်နေတာလား...အဲ့ဒီေ-ာက်ကောင်မ "
💜💜💜💜💜💜💜💜💜💜
နည်းနည်းတိုးရေးပေးထားတယ်။ အရင်နေ့တွေကမတင်ဖြစ်လို့နော်။
13.Mar.21
Saung's
================================================