Chapter - 27
|| Zawgyi ||
လွန်ခဲ့တဲ့နှစ်နှစ်က ယုဟိုင်နဲ့အတူ လက်ပတ်လေးဝတ်ပြီး လိုင်းပေါ်တင်ထားတဲ့ပုံဖြစ်တယ်။
" ဟလို အကိုလင်းယဲ့လား "
" မင်းသိစရာမလိုဘူး "
** အိုး...တကယ်ကို မနေ့ကကိစ္စကြီးဖြစ်ခဲ့တာဘဲ့ ငါအိပ်မက်များမက်နေတာလားလို့တောင် တွေးနေတာ **
"အင်းပါ"
" သွားပြီ "
💜💜💜💜💜💜💜💜💜💜
12.Mar.21
Saung's
====================================================
ငါ့ဦးနှောက်ကိုရွှေချထားသင့်ပြီ...ဂွတ်ပဲ
Chapter - 27
|| Unicode ||
အရင်လင်းယဲ့ ရဲ့မျက်နှာက သွေးရောင်နီနီသန်းနေတဲ့ မျက်နှာလေးနဲ့ မျက်ဝန်းတောက်တောက်လေးတွေနဲ့ ဒါမဲ့အခုလင်းယဲ့လေးကတော့ အမြဲဖြူ ဖျော့နေပြီး မျက်ဝန်လေးတွေကလည်း ညိုးငယ်နေတတ်တယ်။
ဘာလိုမမြင်တတ်ခဲ့တာလဲ။ တစ်ချိန်လုံး၊သုံးနှစ်လုံးလုံး သူ့နောက်လှည့်ကြည့်လာမဲ့ အချိန်လေးကိုစောင့်နေတဲ့ ကောင်လေးတစ်ယောက်ကို လျစ်လျူ ရှပြီး နာကျင်စရာတွေသာပေးခဲ့တယ်။
အရင်ကအရမ်းကို ကလေးဆန်ခဲ့မှန်းသူ့ကိုယ်သူ နားလည်သည်။ ဘာကြောင့်အခုမှနားလည်ရတာလဲ။ ဘာကြောင့်များ ဘာအကြောင်းပြချက်ကြောင့်များလဲ...အယ်လ်ဘန် စာရွက်လေးကိုနောက်ထပ်လှန်လိုက်တော့ သူ့ပုံတွေနဲ့ တစ်ချို့ကဘယ်အချိန်ကရိုက်ထားမှန်းတောင်မသိဘူး။ သူသိတာကအရင်နှစ်တွေက သူ့ပုံတွေဆိုတာဘဲ့။ သူယုဟိုင်နဲ့ရိုက်ထားတဲ့ပုံတွေလဲရှိတယ်။ ဒါမဲ့သူတစ်ယောက်ထဲကိုသာ ညုပ်ပြီးပုံထုတ်ထားတယ်။ အဲ့ဒီညုပ်ထုတ်ထားတဲ့ပုံက
လွန်ခဲ့တဲ့နှစ်နှစ်က ယုဟိုင်နဲ့အတူ လက်ပတ်လေးဝတ်ပြီး လ်ိုင်းပေါ်တင်ထားတဲ့ပုံဖြစ်တယ်။
အဲ့ဒီပုံကိုမြင်လိုက်တဲ့အချိန် လင်းယဲ့ ဘယ်လောက်ဝမ်းနည်းနေမှာလဲ။ ဘယ်လောက်တောင် အားငယ်နေမှာလဲ။ ရုတ်တရက်ကြီး သူ့ကိုယ်သူအရမ်းစိတ်ပျက်သွားသည်။ အယ်လ်ဘန်တစ်အုပ်လုံး သူ့ပုံတွေနဲ့ပြည့်နေခဲ့တယ်။ လင်းယဲ့ပုံဆိုလို့ မင်္ဂလာဆောင်ဓာတ်ပုံ တစ်ပုံသာရှိတယ်။
မနေနိုင်စွာနဲ့ တံခါးကိုအသာလေးဖွင့်ပြီး ဧည့်ခန်းမှာအိပ်နေတဲ့ လင်းယဲ့အနားကိုခြေသံဖွဖွ လျှောက်သွားလိုက်တယ်။
ကွေးကွေးလေးနဲ့ အိပ်ပျော်နေတဲ့လင်းယဲ့လေး နဘေးထိုင်ချလိုက်ပြီး နဖူးပေါ်ကျနေတဲ့ဆံပင်လေးတွေကို သပ်တင်ပေးလိုက်တယ်။ မျက်တွင်းတွေတောင်ကျနေသလိုဘဲ့ လက်ကောက်ဝတ်လေးတွေတောင် သေးသေးလေးဘဲ့ ဘယ္သူမွ၂၆ နှစ်လို့ပြောရင်ယုံမှာမဟုတ်တဲ့ အရပ်လေးနဲ့ သူ့(ဟောက်ရန်)ကိုပြန်ပြောနေတဲ့ ပုံလေးကိုမြင်ပြီးပြုံးလိုက်တယ်။ ထို့နောက်နဖူးကိုခပ်ဖွဖွတောက်လိုက်ပြီး
" အရူးလေး...မင်းကိုယ်နဲ့ယုဟိုင်တွဲနေတာ မကြိုက်ဘူးဆို ရှင်းရှင်းပြောတာမဟုတ်ဘူး ကိုယ်ကမင်းပြောတာကြားချင်တာ "
( Saung / extra မှာဟောက်ရန်ပြောခဲ့တယ်လေ ' လင်းယဲ့ သဝန်တိုသလိုနှုတ်ခမ်းစူထွက်နေတာလေးကို သဘောကျတယ် ' လို့လေ။ သူကပါးစပ်ကပြောစေချင်တာပါ။ဟူး နင်တို့တော့ )
လင်းယဲ့ အိပ်နေတာကိုအချိန်အတော်ကြာ ကြည့်နေမိပြီးမှ စောင်တစ်ထည်ယူပြီး အပေါ်ကခြုံပေးလိုက်တယ်။ မအိပ်ချင်သေးတာမို့ ခုံပေါ်မှာထိုင်ကာ ဖုန်းကြည့်နေလိုက်တယ်။ ရုတ်တရက်လင်းယဲ့ နဘေးကဖုန်းလင်းလာပြီး တုန်ခါသံကျယ်လောင်စွာထွက်လာတယ်။ ဟောက်ရန် လင်းယဲ့ဖုန်းကိုယူပြီး ဖုန်းဆက်တာကိုလက်ခံလိုက်တယ်။ သူကစိတ်အရမ်းပျက်နေတယ်။ ညကြီးဘယ်သူဖုန်းဆက်တာလဲ....
" ဟလို အကိုလင်းယဲ့လား "
" မင်းကဘယ်သူလဲ " ဟောက်ရန် အေးစက်စက်အသံနဲ့မေးတော့ တစ်ဖက်ကအသံတိတ်သွားပြီးမှ
" ကျွန်တော်က အကိုလင်းယဲ့ ရဲ့သူငယ်ချင်းလျှိဟော့ပါဗျ ဒါနဲ့အကိုကဘယ်သူလဲဗျ "
" မင်းသိစရာမလိုဘူး "
ခပ်ပြတ်ပြတ်ပြောပြီးနောက် ဖုန်းကိုချပြစ်လိုက်တယ်။ ထို့နောက်ဖုန်းထဲက အချက်အလက်တွေကိုလိုက်စစ်ဆေးနေမိတယ်။ တစ်ညလုံးအိပ်မပျော်နိုင်ဘူး။ အတွေးတွေက တောင်စဉ်ရေမရ လျှောက်ရောက်နေခဲ့တယ်။
"ဝါုး...ဘယ်နှနာရီဖြစ်ပြီလဲ "
လင်းယဲ့ နိုးတာနဲ့ဖုန်းကိုဖွင့်ကာ နာရီကြည့်လိုက်တယ်။ ၆နာရီဘဲ့ရှိသေးတယ်။ အလုပ်အချိန်လည်းမှီသေးတယ်။ အဖေတို့ကနေဒါကို ပြန်မှာသွားနှုတ်ဆက်ဖို့လဲလောက်သေးသည်။
"နိုးပြီလား...မင်းပစ္စည်းတွေပြန်သိမ်းတော့ အဖေတို့ကိုနှုတ်ဆက်ရင်း တစ်ခါတည်းပြန်ယူသွားရမယ် "
မနေ့ကပုံရိပ်တွေကို ပြန်တွေးနေရင်းနဲ့ ဟောက်ရန်ကိုငေးကြည့်နေမိတယ်။
** အိုး...တကယ္ကို မနေ့ကကိစ္စကြီးဖြစ်ခဲ့တာဘဲ့ ငါအိပ်မက်များမက်နေတာလားလို့တောင် တွေးနေတာ **
" ဘာကြည့်နေတာလဲ ပြင်ဆင်တော့လေ "
"အင်းပါ"
ရေချိုးခန်းထဲဝင်ပြီး သန့်ရှင်းရေစလုပ်လိုက်သည်။ သူ့မှာယူစရာတွေတော့ သိပ္မမ်ားဘူး။ luggage ထဲအကုန်ကောက်ထည့်လိုက်တယ်။ အိမ်ကိုတော့ပြန်မအပ်သေးဘူး။ သူကတစ်လစာကြိုပေးထားရတာ။ ရက်နည်းနည်းလောက်ပဲနေရသေးတယ်လေ။ တော်ကြာဟောက်ရန် စိတ်ရောဂါထဖောက်ရင် သွားစရာလေးတွေရှိနေမှလေ။ အခန်းထဲကယူစရာတွေ ပြင်နေရင်းနဲ့ စင်နားကအယ်လ်ဘန်စာအုပ် နေရာရွဲ့နေတာကို တွေ့လိုက်ရတယ်။
" သွားပြီ "
💜💜💜💜💜💜💜💜💜💜💜💜
လျှိဟော့ဆိုတဲ့ နာမည်ကိုမသိကြဘူးလားဟင်😞ဆောင်း တစ်နေရာမှာသုံးဖူးတယ်လေ။
12.Mar.21
Saung's
====================================================