【𝖴𝖭𝖨𝖢𝖮𝖣𝖤】
ရှီးနဉ် အလေးအနက်ထားပြီးပြောလိုက်တယ်။
“ငါ့မှာ ရည်းစားမရှိဘူး နင်လူမှားပြီးဖမ်းလာတာမဟုတ်ဘူးလား?”
ချူယင်းကျယ်က သူ့ရဲ့လက်ကောက်ဝတ်ကို မြှောက်ပြလိုက်တယ်။
“ဒီဒဏ်ရာကို တွေ့လား?”
ရှီးနဉ် လှမ်းကြည့်လိုက်တော့ သွားအကွင်းလိုက်ရာကိုတွေ့လိုက်ရသည်။
“ခွေးကိုက်ခံရထားတာလား?”
ချူယင်းကျယ် က သူမကို အော်ငေါက်လိုက်သည်။
“ဒီလိုဖြစ်အောင် ကိုက်တာက မင်းလေ မင်းကိုယ်မင်းခွေးလို့ သိသွားပြီဆိုရင်တော့ ငါဝမ်းသာပါတယ် ဒီလိုဖြစ်အောင်ထိ ကိုက်နိုင်တဲ့မိန်းမကို ငါတစ်ခါမှမတွေ့ဖူးဘူး”
ရှီးနဉ်: “.....”
မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ တိုက်ရည်ခိုက်ရည် အစွမ်းကတော့ တကယ်ကို အံ့မခမ်းပဲ။
သူဒီအကြောင်းကိုပြောပြလိုက်တော့ ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်တချို့က ရေးတေးတေး သတိရလာပြီး ရှီးနဉ် နောက်ဆုံးတော့ ဒီလူက ဘယ်သူလဲဆိုတာကို သိလိုက်ရသည်။ ထို့နောက် ကောင်းမင်နဲ့ တခြားသူတွေ သူမကို ပြောကြတဲ့ ဒီနေ့ နန်ရှောင်း တောင်ပိုင်းကျောင်းရဲ့ခေါင်းဆောင်နဲ့ ရန်ဖြစ်မယ်ဆိုတဲ့အကြောင်းကို တွေးမိလိုက်သည်။
ဒီတော့ သူမရှေ့ကရပ်နေတဲ့သူဟာ အဲ့ဒီခေါင်းဆောင်ဆိုတဲ့တစ်ယောက်ဖြစ်နိုင်တယ်ထင်တယ် →_→
ဘဝမှာ သေခြင်းတရားနဲ့ ကြုံဖူးထားတဲ့သူဟာ...
ဒီလိုမြင်ကွင်းမျိုးကတော့ သူမကို ကြောက်ရွံစေမှာမဟုတ်ဘူး။
ရှီးနဉ်: “ဒါဆိုရင်တော့ နင် လူမှားဖမ်းလာပြီပဲ ပြီးတော့ နန်ရှောင်းနဲ့ ငါကလည်း ရည်းစားတွေမဟုတ်ဘူး”
ချူယင်းကျယ် သူ့လက်ကိုထပ်မြှောက်လိုက်ကာ
“ချစ်သူတွေမဟုတ်တာတောင် မင်းက သူ့အတွက်နဲ့ ငါ့ကို ဒီလိုမျိုးဖြစ်အောင်အထိကို ကိုက်တယ်ပေါ့?”
ရှီးနဉ် : “.....”
သူမက ဒါကို ယုံကြည်အောင် မဖြေရှင်းနိုင်ဘူးထင်တယ်။
သူမကထပ်ပြီးပြောလိုက်သည်။
“ဒါဆိုလည်း ငါ့ကိုကြိုးတုပ်ထားတာလေး ကျေးဇူးပြုပြီး ဖြည်ပေးပါဦး နင်တို့ဒီလောက် လူတွေ အများကြီးရှိတာ ငါက ထွက်ပြေးနိုင်မယ်ထင်လို့လား?”
“အဲ့လိုက မကောင်းလောက်ဘူး မင်းရူးကြောင်ကြောင်တွေလုပ်မှာကို ငါစိုးရိမ်မိတယ်”
ချူယင်းကျယ်မှာ အဲ့ဒီနေ့က ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်ဆိုး အရိပ်မည်းကြီးက သူ့အပေါ်တွင် ထင်ရှားစွာ ရှိနေသေးတဲ့ပုံပဲ။ ရှီးနဉ် သက်ပြင်းချမိသည်။
“ဟေး နင်တို့ငါ့ကိုဘာလို့ဖမ်းဆီးထားလဲတော့ ငါမသိဘူး ဒါပေမဲ့ နန်ရှောင်း က ဒါကို ဂရုစိုက်မှာတော့မဟုတ်ဘူး သူဂရုစိုက်တဲ့သူက...”
အဲ့သူက ဒီဝတ္ထုကမ္ဘာရဲ့ ဇာတ်လိုက်အမျိုးသမီးဖြစ်တဲ့ ထုန်လု ပဲ။ သူမကသာ ဇာတ်လိုက်ကယ်တင်ပေးတဲ့ တစ်ဦးတည်းသော အလှလေးပဲဖြစ်သည်။ ပြီးတော့ ရှီးနဉ် ဆိုတဲ့သူမက ဇာတ်လိုက်မျက်လုံးထဲမှာ ကန့်လန့်ကန့်လန့်ဖြစ်နေတဲ့ အမျိုးသမီးဇာတ်ရံလေးသာသာပဲဖြစ်တယ်။
“သူက ဘယ်သူ့ကို ဂရုစိုက်တာလဲ?”
ချူယင်းကျယ်က သူမကို တစ်ခါထပ်မေးလေသည်။
“အမ်း...ဘယ်သူမှမဟုတ်ဘူး”
ထုန်လု မှာ အပြစ်မှမရှိတာ အဲ့တော့ သူမကို ဒုက္ခပေးဖို့အတွက် ထိုးကျွေးစရာ မလိုအပ်ဘူး။
သိပ်မကြာခင်မှာပဲ နန်ရှောင်း နဲ့ ကျင့်စစ်းဟန့် တို့က လူအနည်းငယ် ခေါ်ပြီးရောက်ချလာတယ်။
နန်ရှောင်းက စာမလုပ်ဘူးဆိုပေမဲ့ ကျောင်းရန်ပွဲတွေမှာဆို သူက အတော်လေး အားသာတယ်။ တစ်ခါတစ်ခါ ရန်ဖြစ်ပြီဆို လူဆယ်ယောက်လောက်ကိုတော့ အသာလေးတိုက်နိုင်သည်။ ချူယင်းကျယ်သာ နေ့တိုင်း သူ့ကို ဒုက္ခပေးနေတာမဟုတ်ဘူးဆိုရင် နန်ရှောင်းက သူ့တစ်ယောက် လောက်နဲ့ စိတ်အနှောက်အယှက်ထားမနေပေ။
“ဘော့စ် ကျွန်တော်တို့က လူ၁၂ယောက်လောက်ခေါ်လာတာကို သူတို့က ဒီကို လေး ငါးယောက်လောက်တည်းနဲ့ ရောက်ချလာတယ် သူ ကျွန်တော်တို့ကို အထင်သေးလွန်းရာကျမနေဘူးလား?”
ချူယင်းကျယ်ရဲ့ လက်အောက်ငယ်သား တစ်ချို့ကနေပြောလာတယ်။ နောက်ထပ် ညီငယ်လေးတစ်ယောက်ကနေ ချက်ချင်းဝင်ဖြေလိုက်သည်။
“ကျွန်တော်တို့ လူဘယ်နှစ်ယောက်ပဲ ရှိနေပါစေ နန်ရှောင်း ရဲ့ သာမန်မဟုတ်တဲ့ တိုက်ရည်ခိုက်ရည်နဲ့ဆို ကျွန်တော်တို့က သူ့အတွက်ဆို အသာလေးပဲမို့လို့ သက်သက်....”
သူဟာ သူ့စကားကိုဆုံးအောင်တောင် မပြောရသေးဘူး၊သူတို့ခေါင်းဆောင် ရဲ့ ကြောက်စရာကောင်းတဲ့ အကြည့်စူးစူး ရလာပြီးနောက် သူ့ပါးစပ်လေးကို သူပြန်ပိတ်လိုက်ရသည်။
“မင်းတို့ကောင်တွေ စိတ်ဓာတ်ကျမနေစမ်းပါနဲ့! ဒီနေ့ ငါတို့က ထူးခြားတယ်! နန်ရှောင်း ရဲ့ ကောင်မလေးက ငါတို့ရဲ့လက်ထဲမှာ ရှိနေသေးတယ်ဆိုတာကို မင်းမေ့နေတာပဲ!”
“ဟုတ်တယ် ဟုတ်တယ်! အတော်လေးလှတဲ့ကောင်မလေးလေ သူ့ကို အနိုင်ကျင့်နေတာကိုတော့ နန်ရှောင်း က ကြည့်ရက်လိမ့်မယ်လို့တော့ ငါမထင်ဘူး”
ချူယင်းကျယ် က ရှီးနဉ် ကိုပြောလိုက်သည်။
“ဒီအတွက် ငါ့ကို အပြစ်မတင်နဲ့ နန်ရှောင်းက နောက်ဆုံးအကြိမ်တုန်းက ငါတို့ညီအစ်ကိုတွေထဲက တစ်ယောက်ရဲ့ခြေထောက်ကို ချိုးသွားခဲ့တာမို့လို့ ငါသူ့ကို လက်စားပြန်ချေရမယ် မင်းကိုတော့ ငါတို့ တကယ် နာအောင် လုပ်မှာမဟုတ်လို့ စိတ်မပူနဲ့ နန်ရှောင်း ဆိုတဲ့ကောင် ရောက်လာရင်တော့ မင်းနည်းနည်းလောက်တော့ အသနားခံ အော်ဟစ်ပေးရမယ် မင်းငါတို့ပြောသလို နာနာခံခံ ပူးပေါင်းဆောင်ရွက်ပေးပြီး ငါတို့သူ့ကို အေးဆေးရှင်းထုတ်ပြီးသွားရင် ငါတို့မင်းကို လွှတ်ပေးမှာပါ”
နန်ရှောင်း နဲ့ တခြားသူတွေက သူတို့ရှေ့ကို ရောက်ချလာပြီဖြစ်သည်။
ကျင့်စစ်းဟန့် – “ဟေး ရှီးနဉ် က ဘာဖြစ်လို့ ဒီကို ရောက်နေရတာတုန်း?”
“အာာားး........ဘော့စ်!”
နန်ရှောင်း အနောက်ကိုလိုက်လာတဲ့ ကောင်းမင် က ရန်သူရဲ့ လက်ထဲရောက်နေတဲ့ ရှီးနဉ် ကို မြင်လိုက်ရပြီး စိုးရိမ်တကြီး အော်တော့တယ်။
နန်ရှောင်း က သူတို့ကို ကြည့်လိုက်ပြီး ဒီကောင်မလေးတွေက ရှီးနဉ် ရဲ့ နောက်လိုက်တော်လေးတွေ ဆိုတာကို မှတ်မိသွားသည်။သူတို့က ရှီးနဉ် နောက်ကို နေ့တိုင်းလိုက်နေတဲ့ ကောင်မလေးတွေပဲ။
သူက သူ့ရှေ့ကနေ ကြိုးတုပ်ခံထားရတဲ့ ရှီးနဉ် ကို လှမ်းကြည့်ကာ ထိုကောင်မလေးကို ပြောလိုက်သည်။
“သူက မင်းတို့နဲ့ အတူသွားအတူလာနေတာ မဟုတ်ဘူးလား? ဘယ်လိုလုပ်ပြီး မင်းတို့က သူနဲ့အတူ ရှိမနေရတာတုန်း?”
ကောင်းမင်က နန်ရှောင်းကို သူမ ဘယ်လောက်တောင် ဝမ်းနည်းနေသလဲဆိုတဲ့ မျက်နှာလေးကို ပြဖို့ မျက်ရည်စလေးတွေနဲ့ ကြည့်လိုက်တယ်။
“ဘာလို့လဲဆိုတော့ ဘော့စ်က ပြောတယ် ငါတို့ရဲ့ကလပ်ကလေး ကို ဖျက်ပစ်လိုက်ပြီမို့လို့ သူ့ကို အနာဂတ်မှာ ဘော့စ် မခေါ်ရတော့ဘဲ ကိုယ့်လမ်းကိုပဲ သွားကြရမယ်တဲ့”
နန်ရှောင်းကနေ “ဘယ်လိုမျိုး ကလပ်မျိုးလဲ?”ဆိုပြီး မေးလေသည်။
ကောင်းမင် : “နန်ရှောင်းဟို့ယွမ်ဟွေ့ ပါ ! ဘော့စ်က နန်ရှောင်းကောကို အားပေးဖို့အတွက် အထူးသီးသန့်ဖွဲ့ထားခဲ့တာ!”
သူမကနေ သူမရဲ့အနောက်က တစ်ခြားညီအစ်မတွေကိုပါ လှမ်းအော်ပြောလိုက်သည်။
“လာကြ ညီအစ်မတို့ ငါတို့ရဲ့ ကြွေးကြော်သံဆောင်ပုဒ်ကို အော်ဆိုကြ”
ကောင်မလေးအများစုက တပြေးညီ တစ်လိုင်းထဲ ရပ်လိုက်ပြီး သူတို့ရဲ့ ခါးကိုလှည့်ကာ လက်ခုပ်တီးပြီး အသံကျယ်ကျယ် အော်လေသည်။
“နန်ရှောင်း နန်ရှောင်း...ယန်းချန်မှာ အမိုက်ဆုံး၊ ပြိုင်ဘက်ကင်းတဲ့....အနန္တတန်ခိုးရှင်”
...
ထိုဆောင်ပုဒ်က အတော်လေးကို အမွှန်းတင်လွန်းတယ်။
“မဆိုပြနဲ့တော့”
နန်ရှောင်းဟာ သူတို့က အရမ်းကိုဆူညံလွန်းတယ်ဆိုတာကို သိလိုက်ပြီး သူတို့ကို ပါးစပ်ပိတ်ခိုင်းလိုက်သည်။
သူ့ရဲ့နောက်ကွယ်မှာ သူ့အတွက် ရည်ရွယ်ပြီး ရှီးနဉ် က ကလပ် ဖွဲ့စည်းထားတယ်ဆိုတာကို သူသတိပြုမိတာ ပထမဆုံး အကြိမ်ပဲဖြစ်သည်။ ဒီ မတိုင်ခင်တုန်းက အဲ့ဆောင်ပုဒ်အော်သံတွေကို ကြားခဲ့ဖူးပေမဲ့ သူဂရုမစိုက်မိခဲ့ဘူး။
ဒီနေ့မနက်တုန်းက သူ့ကို ရှီးနဉ် ရဲ့ အေးစက်စက်ပြုမူခဲ့တာတွေစဉ်းစားမိပြီး နန်ရှောင်း ရဲ့မျက်နှာက အနည်းငယ် မည်းသွားသည်။
မင်းငါ့ကို အများကြီးသဘောကျနေတာတောင် ဘာလို့ ဟန်ဆောင်နေသေးတုန်း?
နန်ရှောင်း လှမ်းကြည့်နေတာ မြင်တော့ ချူယင်းကျယ်က ရှီးနဥ်ကို တွန်းချလိုက်ကာ “အော်တော့!”ဆိုပြီးပြောလေသည်။
(T/N သူအော်ခိုင်းတာက အပေါ်က သူတို့ခိုင်းသလို ပူးပေါင်းဖို့အတွက် အော်ခိုင်းတာနော်)
ရှီးနဉ်က သူမရဲ့ပါးစပ်ကို တင်းနေအောင်စေ့ထားလိုက်သည်။
သူ မအော်ဘူး၊ သူအော်ပြောလည်း အလကားပဲ။ နန်ရှောင်းက သူမကို ကြိုက်နေတာမဟုတ်သလို လုပ်လိုက်ရင် သူမရဲ့အရှက်သိက္ခာကိုလည်း အဖတ်ဆယ်လို့ရမှာကိုမဟုတ်တော့ဘူး။
နန်ရှောင်းကလည်းပဲ သူမကိုကယ်ပေးဖို့ ရှီးနဉ် တောင်းဆိုလာမှာကို စောင့်နေတာဖြစ်သည်။
စာသင်ခန်းထဲတုန်းက သူမက သူ မတူဟန်ဆောင်ထားပြီး သူ့ကိုတောင် အရှက်တကွဲဖြစ်အောင် လုပ်လိုက်သေးသည်။ အခုတော့ သူရဲ့ သိက္ခာကို ပြန်ဆယ်နိုင်တော့မှာပဲဖြစ်သည်။
နန်ရှောင်း– “မင်းရဲ့ဆောင်ပုဒ်ကလေးကို အော်ဆိုလေ အဲ့တာမှ ဒီက ကောက မင်းကိုကယ်တင်ပေးမှာ”
သူမရဲ့ဆောင်ပုဒ်က သူက အမိမိုက်ဆုံးနဲ့ ပြိုင်ဘက်ကင်းတယ်လို့ ပြောသွားတာလေ အဲ့တာကြောင့် သူမကို မကယ်တင်ပေးနိုင်စရာဘာအကြောင်းရှိလဲ?
Thanks for Reading 💟
*******
【𝖹𝖠𝖶𝖦𝖸𝖨】
ရွီးနဥ္ အေလးအနက္ထားၿပီးေျပာလိုက္တယ္။
“ငါ့မွာ ရည္းစားမရွိဘူး နင္လူမွားၿပီးဖမ္းလာတာမဟုတ္ဘူးလား?”
ခ်ဴယင္းက်ယ္က သူ႔ရဲ႕လက္ေကာက္ဝတ္ကို ေျမႇာက္ျပလိုက္တယ္။
“ဒီဒဏ္ရာကို ေတြ႕လား?”
ရွီးနဥ္ လွမ္းၾကည့္လိုက္ေတာ့ သြားအကြင္းလိုက္ရာကိုေတြ႕လိုက္ရသည္။
“ေခြးကိုက္ခံရထားတာလား?”
ခ်ဴယင္းက်ယ္ က သူမကို ေအာ္ေငါက္လိုက္သည္။
“ဒီလိုျဖစ္ေအာင္ ကိုက္တာက မင္းေလ မင္းကိုယ္မင္းေခြးလို႔ သိသြားၿပီဆိုရင္ေတာ့ ငါဝမ္းသာပါတယ္ ဒီလိုျဖစ္ေအာင္ထိ ကိုက္ႏိုင္တဲ့မိန္းမကို ငါတစ္ခါမွမေတြ႕ဖူးဘူး”
ရွီးနဥ္: “.....”
မူလခႏၶာကိုယ္ပိုင္ရွင္ရဲ႕ တိုက္ရည္ခိုက္ရည္ အစြမ္းကေတာ့ တကယ္ကို အံ့မခမ္းပဲ။
သူဒီအေၾကာင္းကိုေျပာျပလိုက္ေတာ့ ဒီခႏၶာကိုယ္ပိုင္ရွင္ရဲ႕ ေပ်ာက္ဆုံးေနတဲ့ မွတ္ဉာဏ္တခ်ိဳ႕က ေရးေတးေတး သတိရလာၿပီး ရွီးနဥ္ ေနာက္ဆုံးေတာ့ ဒီလူက ဘယ္သူလဲဆိုတာကို သိလိုက္ရသည္။ ထို႔ေနာက္ ေကာင္းမင္နဲ႔ တျခားသူေတြ သူမကို ေျပာၾကတဲ့ ဒီေန႔ နန္ေရွာင္း ေတာင္ပိုင္းေက်ာင္းရဲ႕ေခါင္းေဆာင္နဲ႔ ရန္ျဖစ္မယ္ဆိုတဲ့အေၾကာင္းကို ေတြးမိလိုက္သည္။
ဒီေတာ့ သူမေရွ႕ကရပ္ေနတဲ့သူဟာ အဲ့ဒီေခါင္းေဆာင္ဆိုတဲ့တစ္ေယာက္ျဖစ္ႏိုင္တယ္ထင္တယ္ →_→
ဘဝမွာ ေသျခင္းတရားနဲ႔ ႀကဳံဖူးထားတဲ့သူဟာ...
ဒီလိုျမင္ကြင္းမ်ိဳးကေတာ့ သူမကို ေၾကာက္႐ြံေစမွာမဟုတ္ဘူး။
ရွီးနဥ္: “ဒါဆိုရင္ေတာ့ နင္ လူမွားဖမ္းလာၿပီပဲ ၿပီးေတာ့ နန္ေရွာင္းနဲ႔ ငါကလည္း ရည္းစားေတြမဟုတ္ဘူး”
ခ်ဴယင္းက်ယ္ သူ႔လက္ကိုထပ္ေျမႇာက္လိုက္ကာ
“ခ်စ္သူေတြမဟုတ္တာေတာင္ မင္းက သူ႔အတြက္နဲ႔ ငါ့ကို ဒီလိုမ်ိဳးျဖစ္ေအာင္အထိကို ကိုက္တယ္ေပါ့?”
ရွီးနဥ္ : “.....”
သူမက ဒါကို ယုံၾကည္ေအာင္ မေျဖရွင္းႏိုင္ဘူးထင္တယ္။
သူမကထပ္ၿပီးေျပာလိုက္သည္။
“ဒါဆိုလည္း ငါ့ကိုႀကိဳးတုပ္ထားတာေလး ေက်းဇူးျပဳၿပီး ျဖည္ေပးပါဦး နင္တို႔ဒီေလာက္ လူေတြ အမ်ားႀကီးရွိတာ ငါက ထြက္ေျပးႏိုင္မယ္ထင္လို႔လား?”
“အဲ့လိုက မေကာင္းေလာက္ဘူး မင္း႐ူးေၾကာင္ေၾကာင္ေတြလုပ္မွာကို ငါစိုးရိမ္မိတယ္”
ခ်ဴယင္းက်ယ္မွာ အဲ့ဒီေန႔က ျဖစ္သြားခဲ့တဲ့ အျဖစ္အပ်က္ဆိုး အရိပ္မည္းႀကီးက သူ႔အေပၚတြင္ ထင္ရွားစြာ ရွိေနေသးတဲ့ပုံပဲ။ ရွီးနဥ္ သက္ျပင္းခ်မိသည္။
“ေဟး နင္တို႔ငါ့ကိုဘာလို႔ဖမ္းဆီးထားလဲေတာ့ ငါမသိဘူး ဒါေပမဲ့ နန္ေရွာင္း က ဒါကို ဂ႐ုစိုက္မွာေတာ့မဟုတ္ဘူး သူဂ႐ုစိုက္တဲ့သူက...”
အဲ့သူက ဒီဝတၳဳကမာၻရဲ႕ ဇာတ္လိုက္အမ်ိဳးသမီးျဖစ္တဲ့ ထုန္လု ပဲ။ သူမကသာ ဇာတ္လိုက္ကယ္တင္ေပးတဲ့ တစ္ဦးတည္းေသာ အလွေလးပဲျဖစ္သည္။ ၿပီးေတာ့ ရွီးနဥ္ ဆိုတဲ့သူမက ဇာတ္လိုက္မ်က္လုံးထဲမွာ ကန႔္လန႔္ကန႔္လန႔္ျဖစ္ေနတဲ့ အမ်ိဳးသမီးဇာတ္ရံေလးသာသာပဲျဖစ္တယ္။
“သူက ဘယ္သူ႔ကို ဂ႐ုစိုက္တာလဲ?”
ခ်ဴယင္းက်ယ္က သူမကို တစ္ခါထပ္ေမးေလသည္။
“အမ္း...ဘယ္သူမွမဟုတ္ဘူး”
ထုန္လု မွာ အျပစ္မွမရွိတာ အဲ့ေတာ့ သူမကို ဒုကၡေပးဖို႔အတြက္ ထိုးေကြၽးစရာ မလိုအပ္ဘူး။
သိပ္မၾကာခင္မွာပဲ နန္ေရွာင္း နဲ႔ က်င့္စစ္းဟန႔္ တို႔က လူအနည္းငယ္ ေခၚၿပီးေရာက္ခ်လာတယ္။
နန္ေရွာင္းက စာမလုပ္ဘူးဆိုေပမဲ့ ေက်ာင္းရန္ပြဲေတြမွာဆို သူက အေတာ္ေလး အားသာတယ္။ တစ္ခါတစ္ခါ ရန္ျဖစ္ၿပီဆို လူဆယ္ေယာက္ေလာက္ကိုေတာ့ အသာေလးတိုက္ႏိုင္သည္။ ခ်ဴယင္းက်ယ္သာ ေန႔တိုင္း သူ႔ကို ဒုကၡေပးေနတာမဟုတ္ဘူးဆိုရင္ နန္ေရွာင္းက သူ႔တစ္ေယာက္ ေလာက္နဲ႔ စိတ္အေႏွာက္အယွက္ထားမေနေပ။
“ေဘာ့စ္ ကြၽန္ေတာ္တို႔က လူ၁၂ေယာက္ေလာက္ေခၚလာတာကို သူတို႔က ဒီကို ေလး ငါးေယာက္ေလာက္တည္းနဲ႔ ေရာက္ခ်လာတယ္ သူ ကြၽန္ေတာ္တို႔ကို အထင္ေသးလြန္းရာက်မေနဘူးလား?”
ခ်ဴယင္းက်ယ္ရဲ႕ လက္ေအာက္ငယ္သား တစ္ခ်ိဳ႕ကေနေျပာလာတယ္။ ေနာက္ထပ္ ညီငယ္ေလးတစ္ေယာက္ကေန ခ်က္ခ်င္းဝင္ေျဖလိုက္သည္။
“ကြၽန္ေတာ္တို႔ လူဘယ္ႏွစ္ေယာက္ပဲ ရွိေနပါေစ နန္ေရွာင္း ရဲ႕ သာမန္မဟုတ္တဲ့ တိုက္ရည္ခိုက္ရည္နဲ႔ဆို ကြၽန္ေတာ္တို႔က သူ႔အတြက္ဆို အသာေလးပဲမို႔လို႔ သက္သက္....”
သူဟာ သူ႔စကားကိုဆုံးေအာင္ေတာင္ မေျပာရေသးဘူး၊သူတို႔ေခါင္းေဆာင္ ရဲ႕ ေၾကာက္စရာေကာင္းတဲ့ အၾကည့္စူးစူး ရလာၿပီးေနာက္ သူ႔ပါးစပ္ေလးကို သူျပန္ပိတ္လိုက္ရသည္။
“မင္းတို႔ေကာင္ေတြ စိတ္ဓာတ္က်မေနစမ္းပါနဲ႔! ဒီေန႔ ငါတို႔က ထူးျခားတယ္! နန္ေရွာင္း ရဲ႕ ေကာင္မေလးက ငါတို႔ရဲ႕လက္ထဲမွာ ရွိေနေသးတယ္ဆိုတာကို မင္းေမ့ေနတာပဲ!”
“ဟုတ္တယ္ ဟုတ္တယ္! အေတာ္ေလးလွတဲ့ေကာင္မေလးေလ သူ႔ကို အႏိုင္က်င့္ေနတာကိုေတာ့ နန္ေရွာင္း က ၾကည့္ရက္လိမ့္မယ္လို႔ေတာ့ ငါမထင္ဘူး”
ခ်ဴယင္းက်ယ္ က ရွီးနဥ္ ကိုေျပာလိုက္သည္။
“ဒီအတြက္ ငါ့ကို အျပစ္မတင္နဲ႔ နန္ေရွာင္းက ေနာက္ဆုံးအႀကိမ္တုန္းက ငါတို႔ညီအစ္ကိုေတြထဲက တစ္ေယာက္ရဲ႕ေျခေထာက္ကို ခ်ိဳးသြားခဲ့တာမို႔လို႔ ငါသူ႔ကို လက္စားျပန္ေခ်ရမယ္ မင္းကိုေတာ့ ငါတို႔ တကယ္ နာေအာင္ လုပ္မွာမဟုတ္လို႔ စိတ္မပူနဲ႔ နန္ေရွာင္း ဆိုတဲ့ေကာင္ ေရာက္လာရင္ေတာ့ မင္းနည္းနည္းေလာက္ေတာ့ အသနားခံ ေအာ္ဟစ္ေပးရမယ္ မင္းငါတို႔ေျပာသလို နာနာခံခံ ပူးေပါင္းေဆာင္႐ြက္ေပးၿပီး ငါတို႔သူ႔ကို ေအးေဆးရွင္းထုတ္ၿပီးသြားရင္ ငါတို႔မင္းကို လႊတ္ေပးမွာပါ”
နန္ေရွာင္း နဲ႔ တျခားသူေတြက သူတို႔ေရွ႕ကို ေရာက္ခ်လာၿပီျဖစ္သည္။
က်င့္စစ္းဟန႔္ – “ေဟး ရွီးနဥ္ က ဘာျဖစ္လို႔ ဒီကို ေရာက္ေနရတာတုန္း?”
“အာာားး........ေဘာ့စ္!”
နန္ေရွာင္း အေနာက္ကိုလိုက္လာတဲ့ ေကာင္းမင္ က ရန္သူရဲ႕ လက္ထဲေရာက္ေနတဲ့ ရွီးနဥ္ ကို ျမင္လိုက္ရၿပီး စိုးရိမ္တႀကီး ေအာ္ေတာ့တယ္။
နန္ေရွာင္း က သူတို႔ကို ၾကည့္လိုက္ၿပီး ဒီေကာင္မေလးေတြက ရွီးနဥ္ ရဲ႕ ေနာက္လိုက္ေတာ္ေလးေတြ ဆိုတာကို မွတ္မိသြားသည္။သူတို႔က ရွီးနဥ္ ေနာက္ကို ေန႔တိုင္းလိုက္ေနတဲ့ ေကာင္မေလးေတြပဲ။
သူက သူ႔ေရွ႕ကေန ႀကိဳးတုပ္ခံထားရတဲ့ ရွီးနဥ္ ကို လွမ္းၾကည့္ကာ ထိုေကာင္မေလးကို ေျပာလိုက္သည္။
“သူက မင္းတို႔နဲ႔ အတူသြားအတူလာေနတာ မဟုတ္ဘူးလား? ဘယ္လိုလုပ္ၿပီး မင္းတို႔က သူနဲ႔အတူ ရွိမေနရတာတုန္း?”
ေကာင္းမင္က နန္ေရွာင္းကို သူမ ဘယ္ေလာက္ေတာင္ ဝမ္းနည္းေနသလဲဆိုတဲ့ မ်က္ႏွာေလးကို ျပဖို႔ မ်က္ရည္စေလးေတြနဲ႔ ၾကည့္လိုက္တယ္။
“ဘာလို႔လဲဆိုေတာ့ ေဘာ့စ္က ေျပာတယ္ ငါတို႔ရဲ႕ကလပ္ကေလး ကို ဖ်က္ပစ္လိုက္ၿပီမို႔လို႔ သူ႔ကို အနာဂတ္မွာ ေဘာ့စ္ မေခၚရေတာ့ဘဲ ကိုယ့္လမ္းကိုပဲ သြားၾကရမယ္တဲ့”
နန္ေရွာင္းကေန “ဘယ္လိုမ်ိဳး ကလပ္မ်ိဳးလဲ?”ဆိုၿပီး ေမးေလသည္။
ေကာင္းမင္ : “နန္ေရွာင္းဟို႔ယြမ္ေဟြ႕ ပါ ! ေဘာ့စ္က နန္ေရွာင္းေကာကို အားေပးဖို႔အတြက္ အထူးသီးသန႔္ဖြဲ႕ထားခဲ့တာ!”
သူမကေန သူမရဲ႕အေနာက္က တစ္ျခားညီအစ္မေတြကိုပါ လွမ္းေအာ္ေျပာလိုက္သည္။
“လာၾက ညီအစ္မတို႔ ငါတို႔ရဲ႕ ေႂကြးေၾကာ္သံေဆာင္ပုဒ္ကို ေအာ္ဆိုၾက”
ေကာင္မေလးအမ်ားစုက တေျပးညီ တစ္လိုင္းထဲ ရပ္လိုက္ၿပီး သူတို႔ရဲ႕ ခါးကိုလွည့္ကာ လက္ခုပ္တီးၿပီး အသံက်ယ္က်ယ္ ေအာ္ေလသည္။
“နန္ေရွာင္း နန္ေရွာင္း...ယန္းခ်န္မွာ အမိုက္ဆုံး၊ ၿပိဳင္ဘက္ကင္းတဲ့....အနႏၲတန္ခိုးရွင္”
...
ထိုေဆာင္ပုဒ္က အေတာ္ေလးကို အမႊန္းတင္လြန္းတယ္။
“မဆိုျပနဲ႔ေတာ့”
နန္ေရွာင္းဟာ သူတို႔က အရမ္းကိုဆူညံလြန္းတယ္ဆိုတာကို သိလိုက္ၿပီး သူတို႔ကို ပါးစပ္ပိတ္ခိုင္းလိုက္သည္။
သူ႔ရဲ႕ေနာက္ကြယ္မွာ သူ႔အတြက္ ရည္႐ြယ္ၿပီး ရွီးနဥ္ က ကလပ္ ဖြဲ႕စည္းထားတယ္ဆိုတာကို သူသတိျပဳမိတာ ပထမဆုံး အႀကိမ္ပဲျဖစ္သည္။ ဒီ မတိုင္ခင္တုန္းက အဲ့ေဆာင္ပုဒ္ေအာ္သံေတြကို ၾကားခဲ့ဖူးေပမဲ့ သူဂ႐ုမစိုက္မိခဲ့ဘူး။
ဒီေန႔မနက္တုန္းက သူ႔ကို ရွီးနဥ္ ရဲ႕ ေအးစက္စက္ျပဳမူခဲ့တာေတြစဥ္းစားမိၿပီး နန္ေရွာင္း ရဲ႕မ်က္ႏွာက အနည္းငယ္ မည္းသြားသည္။
မင္းငါ့ကို အမ်ားႀကီးသေဘာက်ေနတာေတာင္ ဘာလို႔ ဟန္ေဆာင္ေနေသးတုန္း?
နန္ေရွာင္း လွမ္းၾကည့္ေနတာ ျမင္ေတာ့ ခ်ဴယင္းက်ယ္က ရွီးနဥ္ကို တြန္းခ်လိုက္ကာ “ေအာ္ေတာ့!”ဆိုၿပီးေျပာေလသည္။
(T/N သူေအာ္ခိုင္းတာက အေပၚက သူတို႔ခိုင္းသလို ပူးေပါင္းဖို႔အတြက္ ေအာ္ခိုင္းတာေနာ္)
ရွီးနဥ္က သူမရဲ႕ပါးစပ္ကို တင္းေနေအာင္ေစ့ထားလိုက္သည္။
သူ မေအာ္ဘူး၊ သူေအာ္ေျပာလည္း အလကားပဲ။ နန္ေရွာင္းက သူမကို ႀကိဳက္ေနတာမဟုတ္သလို လုပ္လိုက္ရင္ သူမရဲ႕အရွက္သိကၡာကိုလည္း အဖတ္ဆယ္လို႔ရမွာကိုမဟုတ္ေတာ့ဘူး။
နန္ေရွာင္းကလည္းပဲ သူမကိုကယ္ေပးဖို႔ ရွီးနဥ္ ေတာင္းဆိုလာမွာကို ေစာင့္ေနတာျဖစ္သည္။
စာသင္ခန္းထဲတုန္းက သူမက သူ မတူဟန္ေဆာင္ထားၿပီး သူ႔ကိုေတာင္ အရွက္တကြဲျဖစ္ေအာင္ လုပ္လိုက္ေသးသည္။ အခုေတာ့ သူရဲ႕ သိကၡာကို ျပန္ဆယ္ႏိုင္ေတာ့မွာပဲျဖစ္သည္။
နန္ေရွာင္း– “မင္းရဲ႕ေဆာင္ပုဒ္ကေလးကို ေအာ္ဆိုေလ အဲ့တာမွ ဒီက ေကာက မင္းကိုကယ္တင္ေပးမွာ”
သူမရဲ႕ေဆာင္ပုဒ္က သူက အမိမိုက္ဆုံးနဲ႔ ၿပိဳင္ဘက္ကင္းတယ္လို႔ ေျပာသြားတာေလ အဲ့တာေၾကာင့္ သူမကို မကယ္တင္ေပးႏိုင္စရာဘာအေၾကာင္းရွိလဲ?
Thanks for Reading 💟
*******