..............သစ္စာဖြင့်ဖန်တီးသော...............real bl story
.........................အပိုင်း(၃၇).................................
ဂျူတီနေ့တစ်ဝက်ဘဲ ဝင်ရလို့ ပျော်နေတာတောင် မပြီးသေးဘူး ဒီညVIPလမ်းကြောင်းက ရှိုင်းတို့ရဲ့မြို့မှာ ခနဝင်နားမယ်ဆိုပြီး သတင်းရောက်လာသည်။
ထုံးစံအတိုင်း VIPလမ်းကြောင်းဆို ရှိုင်းတို့က လမ်းရှင်း၊ ပွိုင့်ပြေးပေါ့။
ဘယ်အချိန်လဲမေးတော့ ည၈နာရီ ဝင်မယ်တဲ့။
ရုံးကြီးမှာ ထမင်းစားခနနားမယ်။
ပြီးရင် ဆက်ထွက်မယ်တဲ့။
ရှိုင်းက မြို့အဝင် စပါးအင်း လမ်းဆုံမှာ စောင့်ရမှာ။
ဒီလမ်းဆုံက ရှိုင်းတို့မြို့အဝင်လမ်းနှင့် အဝေးပြေးလမ်းဆုံရာ အချက်အချာကြတဲ့နေရာလဲ ဖြစ်သလို ကားအသွားအလာများသည့်နေရာတစ်ခုဖြစ်သည်။
အခု ဒီနေရာကနေ ဂျူတီချိန်ပြီးတာနဲ့ တာဝန်ကျနေရာကို သွားပါဟု ဆိုသည်။
စိတ်ပျက်ပါတယ်ဗျာ။
ဂျူတီချိန်လေးပြီးတာနဲ့ အူးဆီပြန်ပြေး၊ ညစာအူးရဲ့လက်ရာလေး အတူတူစားပြီး ကြည်နူးမလို့ပါဆိုမှ အခုတော့ ညဂျူတီပါဆက်ရအုံးမတဲ့။
ဒီအလုပ်ကို စိတ်ကုန်ရတဲ့အချက်မှာ ဒီလိုကိစ္စတွေလဲပါပါသည်။
ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်ဘဝဆိုတာမရှိ။
ကိုယ့်သဘောဆိုတာမရှိ။
သူတို့သဘော၊ သူတို့အမိန့်ဘဲ။
အချိန်ပြည့် တာဝန်ချိန်ဆိုတာချည်းဘဲ။
ဒါတွေကြောင့် ရှိုင်းအလုပ်ထွက်ချင်တာ။
ဒီအလုပ်မှာ မပျော်ဘူး။
အိမ်က အတင်းဝင်ခိုင်းလို့သာ ဝင်ခဲ့ရတာ။
ဝါသနာမပါဘူး။
အခု ရှိုင်းရဲ့ဘဝထဲ အူးရောက်လာတော့ ပိုဆိုးတာပေါ့။
ရှိုင်းလွတ်လပ်ချင်တယ်။
လွတ်လွတ်လပ်လပ်ဘဝမျိုးနဲ့ အူးအနားမှာ အတူရှိချင်သည်။
ဘယ်အရာကိုမှ ထောက်ထားနေရတာမျိုး ၊ငဲ့ကြည့်နေရတာမျိုး မရှိဘဲ အူးနဲ့အတူ ဘဝကို ဖြတ်သန်းချင်သည်။
ဒီအလုပ်ကထွက်ပြီး ကော်ဖီဆိုင်လေးဖွင့်ချင်တာ ရှိုင်းရဲ့စိတ်ကူးပေါ့။
မနက်ဆိုအူးနဲ့အတူ အိမ်ကထွက်။
အူးက သူ့ရုံးသူသွား။ ရှိုင်းက ကော်ဖီဆိုင်ဖွင့်။
ညနေ အူးရုံးဆင်းရင် ဆိုင်ကိုလာပြီး ရှိုင်းကိုကူ။
ညကျ ဆိုင်လေးပိတ်ပြီး နှစ်ယောက်အတူ အိမ်ပြန်ကြ။
ဘယ်လောက် လွတ်လပ်ပျော်ရွှင်စရာကောင်းမလဲဗျာ။
ဒီစိတ်ကူးလေးကို အူးကိုပြောပြရအုံးမယ်။
အူး သဘောတူလောက်မယ်ထင်ပါတယ်။
သူလဲ ရှိုင်းကို လွတ်လွတ်လပ်လပ် ဘဝမျိုးရစေချင်မှာပါ။
ဟူး............။
အခုတော့ ဝတ္တရားရှိတဲ့အတိုင်း သွားဆိုတော့ သွားရအုံးမှာပေါ့။
VIPက ည၈နာရီဝင်လာမယ်။
ထမင်းစားခနနားမယ်၊ ပြန်ထွက်မယ်ဆို အနဲဆုံး ည၉နာရီထိ စောင့်နေရမှာ။
ချစ်ရတဲ့ လူကြီးသေးသေးလေး ကို ဖုန်းဆက်လိုက်အုံးမယ်ဗျာ။
ရှိုင်း ဂျူတီပြီးတဲ့အချိန်ကို မျှော်နေလောက်ပြီ။
--------vvvv----------
"ဟလို..... အူး..''
"အေး....ပြော... အဖြူ''
"သားဂျူတီပြီးပြီ.... ဒါပေမဲ့... VIPလမ်းကြောင်းတွဲလို့... စပါးအင်းလမ်းဆုံကို... သွားစောင့်ရအုံးမယ်... အဲဒါလှမ်းပြောတာ.. ဒီညမိုးချုပ်မှ ပြန်ရတော့မှာ.... သားကိုမျှော်နေမှာစိုးလို့အူးရေ.....''
"ဟေ... ဘယ်အချိန်ထိကြီးလဲ... လမ်းကြောင်းက...''
"၉နာရီ၊ ၁၀ နာရီလောက်ထိတော့ ဖြစ်မယ်ထင်တယ်အူးရာ.. စိတ်ပျက်တယ်...တကယ်ဘဲ...ဒီနေ့ဂျူတီပြီးတာနဲ့... အူးဆီတန်းပြေးလာ... အူးမျက်နှာလေးတစိမ့်စိမ့်ကြည့်ပြီး အူးလက်ရာလေးအားရပါးရစားမလို့ပါဆို... အခုတော့ဗျာ....''
"စိတ်မပျက်ပါနဲ့ကွာ... တာဝန်နဲ့ဝတ္တရားဘဲ... လုပ်ရမှာပေါ့... ဒီနေ့တစ်ရက်ထဲမှမဟုတ်တာ... နောက်နေ့တွေအများကြီးကျန်ပါသေးတယ်... ငါလဲထွက်မပြေးပါဘူးဟ...''
"ဒါတော့... ဒါပေါ့အူးရယ်... ဒါပေမယ့်... သားက.. အချိန်ပြည့်.. အူးအနားမှာဘဲရှိနေချင်တော့တာ.... အူးနဲ့ခနလေးခွဲနေရရင်ကို.. လွမ်းနေရတာဗျ... ''
"ကဲပါ... အပိုတွေပြောမနေနဲ့... အခုသွားတော့်မှာမဟုတ်လား... သွားစရာရှိတာသွား... ဆိုင်ကယ်ဂရုစိုက်စီး... ပြန်လာမှတွေ့မယ်...''
"ဟုတ်အူး... အာဘွား..မွမွ... အရမ်းချစ်တယ်နော်အူး...''
"Ok...ဖုန်းချပြီနော်...''
-------------vvvvv---------------
"ဘယ်လိုလဲ... စားလို့ကောင်းလား... ငါ့လက်ရာ...''
"ဟာ... goodဘဲ... yammy ကလက်ရာအတိုင်းဘဲ...ကောင်းလိုက်တာ.. နောက်လဲမကြာမကြာ... မာလာရှမ်းကောလုပ်ကျွေးနိုင်ပါစေဗျာ....''
"အေး... စိတ်ချ... လုပ်ကျွေးမယ်.. ဒါပေမဲ့... အခုလောလောဆယ်တော့... ငါ့ကို.. စပါးအင်းလမ်းဆုံကို... လိုက်ပို့ပေးအုံး...''
"ဟေ... ဟိတ်ကောင်... ဒီအချိန်ကြီး... ဘာသွားလုပ်လို့တုန်း...''
ဇွဲရဲ့စကားကြောင့် ပြည့်စုံက စားနေရင်း မျက်လုံးကြီးပြူးကာ ပြန်မေးလာသည်။
"ဘာမှမဟုတ်ပါဘူးကွာ... အဖြူလေးကဒီည...စပါးအင်းမှာ VIPလမ်းကြောင်းစောင့်ရမှာတဲ့... အဲဒါ... ငါသူ့ကို.. မာလာရှမ်းကောသွားကျွေးချင်လို့... ညနက်ထိစောင့်ရမှာ... ဒီကောင်ဘာမှစားရအုံးမှာမဟုတ်ဘူး... ဗိုက်ဆာနေမှာကွ...''
"အံမယ်... ကြည့်စမ်း... လက်စသတ်တော့... ငါ့ကိုမုန့်ခေါ်ကျွေးတာ... ခိုင်းချင်လို့ကိုး...''
"မဟုတ်ပါဘူးကွာ... မင်းကလဲ... မင်းကိုလဲကျွေးချင်လို့ခေါ်လိုက်တာ.. ဟိုကောင်လေးလဲညည့်နက်တဲ့အထိဂျူတီစောင့်နေရမှာဆိုတော့.. ဗိုက်ဆာနေမှာစိုးလို့ပါကွာ....''
"လင်အတွက်အရမ်းတွေသိတတ်နေတယ်ပေါ့လေ...''
"ဟာ... မဟုတ်ပါဘူးကွာ.... ငါသူ့အပေါ်... ဘယ်လိုစိတ်နဲ့.. ရှေ့ဆက်နေရလဲဆိုတာ.... မင်းလဲသိရဲ့သားနဲ့...''
"သိတယ်... သိတယ်...ငဇွဲ... ငါစကားအကောင်းပြောမယ်နော်... မင်းသူ့ကိုတကယ်လက်ခံလိုက်ပြီလား... ငါသိချင်တယ်...''
ပြည့်စုံရဲ့မေးခွန်းကို ချက်ခြင်းပြန်မဖြေသေးဘဲ ခနငြိမ်နေလိုက်သည်။ပြီးမှ...
"ရုတ်တရက်ကြီး... မင်းက... ဘာလို့..သိချင်ရတာလဲ...''
"သိချင်တာထက် ပြောပြချင်တာပါကွာ.......
ဒီမှာ..ဇွဲ... မင်းအသက်လဲမငယ်တော့ဘူးနော်... အခုချိန်က... ဘဝအတွက်.. တိကျသေချာတဲ့အရာတစ်ခုကို... ဖန်တီးသင့်ပြီ... မင်းရဲ့ဖြစ်တည်မှုက Gayဆိုလဲ... အဲ့ဒီဖြစ်တည်မှုအတိုင်းဘဲ.. မင်းဘဝလက်တွဲဖော်ရှာသင့်ပြီ... ဘယ်အချိန်ထိအခုလို.. တစ်ကိုယ်တည်းသမားဘဝနဲ့နေမှာလဲ... ဆိုလိုချင်တာကကွာ... အခုရှိုင်းဝဏ္ဏကိုမင်းလက်ခံနိုင်တယ်၊ သဘောကျတယ်ဆိုရင်... လုပ်စရာရှိတာဆက်လုပ်တော့... သူ့ကိုမင်းရဲ့ဘဝထဲ... သေသေချာချာဆွဲထည့်ထားသင့်ပြီကွာ....မင်းအခု ..ဖြစ်နေတဲ့... စိတ်ခံစားချက်အနေအထားကို... ငါမသိလို့ပြောတာမဟုတ်ဘူး... တစ်ခါတစ်လေမှာ... ပြတ်သားသင့်ရင်ပြတ်သားရမယ်လေ... မင်းဘဝအတွက်ပါကွာ... ငါပြောတာသဘောပေါက်မှာပါ...''
ပြည့်စုံရဲ့ စကားအရှည်ကြီးကို ငြိမ်သက်စွာ နားထောင်နေမိသည်။
ဇွဲ နားလည်ပါသည်။
ဇွဲလဲ ဘဝတစ်ခုကို ကိုယ်ချစ်ရတဲ့သူနဲ့ အတူတူ ဖြတ်သန်းချင်ပါသည်။
"ငါနားလည်ပါတယ်... အဲ့အတွက်... ငါ့မှာအဖြေရှိပြီးသားပါကွာ.. အခုချိန်အထိ ငါလုပ်ခဲ့သမျှအရာတိုင်းကလဲ... သူ့ကိုချစ်လို့.. လုပ်ခဲ့တာတွေချည်းပါ... ''
"အေးပါ... ငါ့သူငယ်ချင်းကိုငါယုံပါတယ်... မင်းကငါတို့အဖွဲ့ထဲမှာ.. အတော်ဆုံးအထက်ဆုံးတစ်ယောက်ဘဲဟာ... ဆုံးဖြတ်ချက်ပြတ်သားမှာပါ.. fightingငါ့ကောင်... အဖြူလေးနဲ့ဘဝကိုသာသာယာယာကြီး.. တည်ဆောက်နိုင်ပါစေကွာ''
"အေးပါ... တည်ဆောက်တာကနောက်... အခုတော့လိုက်ပို့လိုက်အုံး.. ငါ့ရဲ့အမျိုးသားလေးဗိုက်ဆာနေလောက်ပြီဟ...''
"လေသံကချက်ချင်းကိုပြောင်းသွားတာနော်... တကယ့်..လင်တရူးဘဲ..''
"လိ...လိ...''
---------------vvvv-----------
စပါးအင်းလမ်းဆုံ.......
လမ်းဆုံပွိုင့်တွင် ထွန်းညှိထားသည့် နီယွန်မီးရောင်မှလွဲပြီး ပါတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်နေသည်။
တစ်ချက်တစ်ချက် ဖြတ်သန်းသွားသည့် အဝေးပြေးကားများ၏ မီးရောင်နှင့် ကားသံမှအပ ကျန်အရာအားလုံးတိတ်ဆိတ်ငြိမ်သက်လျက်။
တိတ်ဆိတ်နေသည့် အရာတွေထဲမှာ ရှိုင်းရဲ့လူကြီးလေးလဲအပါအဝင် ဖြစ်နေသည်။
ရှိုင်းတာဝန်ကျတဲ့နေရာအထိ ရှိုင်းကြိုက်တဲ့ မာလာရှမ်းကောကို ကိုယ်တိုင်လုပ်ပြီး လာပို့ပေးရှာသော လူကြီးလေး။
ရှိုင်း စားနေသည့်တချိန်လုံးလဲ ငြိမ်သက်စွာထိုင်ကြည့်နေသည်။
အခုလဲ စကားတစ်ခွန်းမှမပြောဘဲ ရှိုင်းရဲ့ဆိုင်ကယ်ကို မှီပြီး ရပ်နေရင်း လမိုက်ညရဲ့ ကြယ်တွေစုံနေသည့် ကောင်းကင်ကို မော့ကြည့်နေလေသည်။
ရှိုင်းလဲ အူးရဲ့ဘေးမှာဘဲ တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။
ကြယ်တွေကိုတော့မော့မကြည့်မိ... အူးမျက်နှာကိုဘဲ စိုက်ကြည့်နေမိသည်။
အရင်က အမြဲတမ်း တတွတ်တွတ် ပြောနေတတ်သည့် သည်လူသားလေး ဒီနေ့ ဘာလို့များ ထူးခြားစွာ တိတ်ဆိတ်နေရတာလဲ။
"ရှိုင်း..........''
တိတ်ဆိတ်နေသည့် အချေအနေမှာ ထွက်ပေါ်လာသည့် အသံက ရှိုင်းတဲ့။
ရှိုင်းကို တစ်ခါမှ နာမည်မခေါ်သည့် အူးက ထူးထူးခြားခြား နာမည်တပ်ခေါ်လာသည်။
"ဗျာ..... အူး..''
"ငါ့ရဲ့ ...fbအကောင့်မှာ... ရေးထားတဲ့ bioစာသားလေးကိုမှတ်မိလား....''
"ဟုတ် ...သိတယ်လေ..အူး..
သိမ်းပိုက်ခြင်းကင်းသော.....တဲ့...ဟုတ်တယ်မှလား...''
"ဟုတ်တယ်ရှိုင်း... ငါလေ...ဘယ်အရာကိုမှ... သိမ်းပိုက်မထားချင်ဘူး... ဆုပ်ကိုင်ထားမှရမယ့်အရာတွေကိုလဲ.. မရချင်ဘူး... ဘာလို့လဲဆိုတော့... အဲ့လိုတွေလုပ်နေရရင်.... အရမ်းနာကျင်ပင်ပန်းရတတ်တယ်လေ.... ဒါပေမဲ့... အခုတော့ငါ.. မင်းကိုသိမ်းပိုက်ထားချင်ပြီ... ပိုင်ဆိုင်ချင်ပြီ... မင်းကိုပိုင်ဆိုင်ခွင့် ရလိုက်လို့... နာကျင်မှုတွေပင်ပန်းမှုတွေခံရမယ်ဆိုရင်လဲ... ငါအဆင်သင့်ဖြစ်နေပြီ..ရှိုင်း... ငါလေ.. အခက်အခဲတွေကြားက.. မင်းကိုရအောင်ယူလိုက်မိတာ.. တချို့လူတွေအပေါ်မှာ... မတရားဘူးဆိုတာ... သိနေပေမဲ့... လက်မလွှတ်နိုင်ခဲ့ဘူး... ငါ... ငါရွေးချယ်တဲ့အရာက... မှန်ကန်ရဲ့လားကွာ....''
ရှိုင်းရဲ့လူကြီးလေးပါးစပ်က ထွက်ကျလာတဲ့စကားလုံးလေးတွေက အဓိပ္ပါယ်တွေအပြည့်နဲ့ပါလား။
လေးနက်စွာပြောနေတဲ့ လူကြီးလေးက ကြယ်တွေနဲ့ ကောင်းကင်ကြီးကို မော့ကြည့်နေဆဲ။
"အူး. .. သားကိုပိုင်ဆိုင်ရလို့.. အူးဘယ်တော့မှ... နောင်တမရစေရဘူး.. စိတ်ချ... သား.. အူးလိုစကားတွေအများကြီး... မပြောတတ်ဘူး... သေချာတာတစ်ခုကတော့... အချိန်တွေကုန်ဆုံးသွားတဲ့တစ်နေ့အထိ.. အတူဖြတ်သန်းကြဖို့အတွက်... ချစ်ခဲ့တာပါဗျာ.... သားကိုယုံပါနော်..အူး.....''
"ငါမင်းကိုယုံပါတယ်.. ရှိုင်း... ဒါပေမဲ့... ကံကြမ္မာကိုတော့... မယုံဘူး.... ငါအခုဖြစ်နေတဲ့စိတ်က... မင်းကိုလဲပိုင်ဆိုင်ခွင့်ရချင်တယ်... အဆုံးသတ်မှာ... ဖြစ်လာနိုင်မယ့်.. ကံတရားကြီးကိုလဲ... တွေးပြီးကြောက်တယ်... ခက်ခက်ခဲခဲရယူထားမိပြီးမှတော့လဲ... သံသရာဆုံးတဲ့အထိ.. အတူတူဖြတ်ကျော်သွားချင်မိတယ်ကွာ...''
"မဟုတ်ဘူး..အူး... ကံဆိုတာ... ကိုယ်ဖန်တီးတဲ့ကိုယ့်ရဲ့လုပ်အားပါ.. အဲ့ဒီကံကြမ္မာကို... သားကိုယ်တိုင်ဖန်တီးပြမယ်အူး.... ''
"ဘာနဲ့ဖန်တီးမှာလဲ...ရှိုင်း...''
"သစ္စာတရားနဲ့ပေါ့...အူး...''
ရှိုင်းရဲ့လူကြီးလေး ပြုံးလိုက်တဲ့အပြုံးကို ရှိုင်းမြင်လိုက်သည်။
ကြယ်လေးတစ်လုံး ဖြတ်ခနဲ ကြွေသွားသလို လက်ခနဲ။
အရာအားလုံး ခုနကလို ပြန်ပြီး ငြိမ်သက်သွားပြန်သည်။
ရှိုင်း ဆိုင်ကယ်ပေါ် မှာ ဘေးတစ်စောင်းထိုင်လိုက်ပြီး ဆိုင်ကယ်ကိုမှီပြီးရပ်နေသည့် လူကြီးလေးကို အနောက်ကနေ ဆွဲဖက်ထားလိုက်သည်။
FZဆိုင်ကယ်အမြင့်ပေါ်မှာ ထိုင်နေသည့် ရှိုင်းရဲ့ရင်ခွင်နဲ့ လူကြီးလေးရဲ့အရပ်က ကွက်တိ။
ဒီတစ်ခါတော့ အနှီလူသားလေးက ရှိုင်းလုပ်သမျှကို မရုန်းကန်ဘဲ ငြိမ်နေလေသည်။
"အူး......''
ရှိုင်းရဲ့ လူကြီးလေးက ပြန်မထူးဘဲ သူ့ကိုသိုင်းဖက်ထားသည့် ရှိုင်းရဲ့လက်ချောင်းလေးများကို တစ်ချောင်းချင်းကိုင်ရင်း မိုးကုတ်စက်ဝိုင်းအဆုံးထိ ပြည့်နေသည့် ကြယ်တွေကိုသာ ငေးနေလေသည်။
မိုးကုတ်စက်ဝိုင်းရဲ့ တစ်နေရာမှာ ရှိုင်းတို့မြို့ရဲ့ သမိုင်းဝင်တန်ခိုးကြီး စေတီတစ်ဆူ ဖြစ်သည့် မဟာရွှေစည်ကြီးစေတီကို ကြယ်တွေလင်းနေသည့် ကောင်းကင်နောက်ခံဖြင့် ရွှေရောင်ဝင်းလက်စွာ ဖူးမြင်နေရသည်။
"အူး.... ဟိုးမှာကြည့်... မဟာရွှေစည်ကြီးစေတီကို... လှမ်းမြင်ရတယ်မဟုတ်လား....''
--------အပိုင်း(၃၈)ဆက်ရန်----------------------
#သစ္စာဖြင့်ဖန်တီးသော
#ရှိုင်းဝဏ္ဏ
#ဇွဲသူရိန်
Zawgyi👇👇👇👇
..............သစၥာျဖင့္ဖန္တီးေသာ...............real bl story
.........................အပိုင္း(၃၇)..............................
ဂ်ဴတီေန႕တစ္ဝက္ဘဲ ဝင္ရလို႔ ေပ်ာ္ေနတာေတာင္ မၿပီးေသးဘူး ဒီညVIPလမ္းေၾကာင္းက ရွိုင္းတို႔ရဲ႕ၿမိဳ႕မွာ ခနဝင္နားမယ္ဆိုၿပီး သတင္းေရာက္လာသည္။
ထုံးစံအတိုင္း VIPလမ္းေၾကာင္းဆို ရွိုင္းတို႔က လမ္းရွင္း၊ ပြိုင့္ေျပးေပါ့။
ဘယ္အခ်ိန္လဲေမးေတာ့ ည၈နာရီ ဝင္မယ္တဲ့။
႐ုံးႀကီးမွာ ထမင္းစားခနနားမယ္။
ၿပီးရင္ ဆက္ထြက္မယ္တဲ့။
ရွိုင္းက ၿမိဳ႕အဝင္ စပါးအင္း လမ္းဆုံမွာ ေစာင့္ရမွာ။
ဒီလမ္းဆုံက ရွိုင္းတို႔ၿမိဳ႕အဝင္လမ္းႏွင့္ အေဝးေျပးလမ္းဆုံရာ အခ်က္အခ်ာၾကတဲ့ေနရာလဲ ျဖစ္သလို ကားအသြားအလာမ်ားသည့္ေနရာတစ္ခုျဖစ္သည္။
အခု ဒီေနရာကေန ဂ်ဴတီခ်ိန္ၿပီးတာနဲ႕ တာဝန္က်ေနရာကို သြားပါဟု ဆိုသည္။
စိတ္ပ်က္ပါတယ္ဗ်ာ။
ဂ်ဴတီခ်ိန္ေလးၿပီးတာနဲ႕ အူးဆီျပန္ေျပး၊ ညစာအူးရဲ႕လက္ရာေလး အတူတူစားၿပီး ၾကည္ႏူးမလို႔ပါဆိုမွ အခုေတာ့ ညဂ်ဴတီပါဆက္ရအုံးမတဲ့။
ဒီအလုပ္ကို စိတ္ကုန္ရတဲ့အခ်က္မွာ ဒီလိုကိစၥေတြလဲပါပါသည္။
ကိုယ္ပိုင္အခ်ိန္၊ ကိုယ္ပိုင္ဘဝဆိုတာမရွိ။
ကိုယ့္သေဘာဆိုတာမရွိ။
သူတို႔သေဘာ၊ သူတို႔အမိန့္ဘဲ။
အခ်ိန္ျပည့္ တာဝန္ခ်ိန္ဆိုတာခ်ည္းဘဲ။
ဒါေတြေၾကာင့္ ရွိုင္းအလုပ္ထြက္ခ်င္တာ။
ဒီအလုပ္မွာ မေပ်ာ္ဘူး။
အိမ္က အတင္းဝင္ခိုင္းလို႔သာ ဝင္ခဲ့ရတာ။
ဝါသနာမပါဘူး။
အခု ရွိုင္းရဲ႕ဘဝထဲ အူးေရာက္လာေတာ့ ပိုဆိုးတာေပါ့။
ရွိုင္းလြတ္လပ္ခ်င္တယ္။
လြတ္လြတ္လပ္လပ္ဘဝမ်ိဳးနဲ႕ အူးအနားမွာ အတူရွိခ်င္သည္။
ဘယ္အရာကိုမွ ေထာက္ထားေနရတာမ်ိဳး ၊ငဲ့ၾကည့္ေနရတာမ်ိဳး မရွိဘဲ အူးနဲ႕အတူ ဘဝကို ျဖတ္သန္းခ်င္သည္။
ဒီအလုပ္ကထြက္ၿပီး ေကာ္ဖီဆိုင္ေလးဖြင့္ခ်င္တာ ရွိုင္းရဲ႕စိတ္ကူးေပါ့။
မနက္ဆိုအူးနဲ႕အတူ အိမ္ကထြက္။
အူးက သူ႕႐ုံးသူသြား။ ရွိုင္းက ေကာ္ဖီဆိုင္ဖြင့္။
ညေန အူး႐ုံးဆင္းရင္ ဆိုင္ကိုလာၿပီး ရွိုင္းကိုကူ။
ညက် ဆိုင္ေလးပိတ္ၿပီး ႏွစ္ေယာက္အတူ အိမ္ျပန္ၾက။
ဘယ္ေလာက္ လြတ္လပ္ေပ်ာ္႐ႊင္စရာေကာင္းမလဲဗ်ာ။
ဒီစိတ္ကူးေလးကို အူးကိုေျပာျပရအုံးမယ္။
အူး သေဘာတူေလာက္မယ္ထင္ပါတယ္။
သူလဲ ရွိုင္းကို လြတ္လြတ္လပ္လပ္ ဘဝမ်ိဳးရေစခ်င္မွာပါ။
ဟူး............။
အခုေတာ့ ဝတၱရားရွိတဲ့အတိုင္း သြားဆိုေတာ့ သြားရအုံးမွာေပါ့။
VIPက ည၈နာရီဝင္လာမယ္။
ထမင္းစားခနနားမယ္၊ ျပန္ထြက္မယ္ဆို အနဲဆုံး ည၉နာရီထိ ေစာင့္ေနရမွာ။
ခ်စ္ရတဲ့ လူႀကီးေသးေသးေလး ကို ဖုန္းဆက္လိုက္အုံးမယ္ဗ်ာ။
ရွိုင္း ဂ်ဴတီၿပီးတဲ့အခ်ိန္ကို ေမွ်ာ္ေနေလာက္ၿပီ။
--------vvvv----------
"ဟလို..... အူး..''
"ေအး....ေျပာ... အျဖဴ''
"သားဂ်ဴတီၿပီးၿပီ.... ဒါေပမဲ့... VIPလမ္းေၾကာင္းတြဲလို႔... စပါးအင္းလမ္းဆုံကို... သြားေစာင့္ရအုံးမယ္... အဲဒါလွမ္းေျပာတာ.. ဒီညမိုးခ်ဳပ္မွ ျပန္ရေတာ့မွာ.... သားကိုေမွ်ာ္ေနမွာစိုးလို႔အူးေရ.....''
"ေဟ... ဘယ္အခ်ိန္ထိႀကီးလဲ... လမ္းေၾကာင္းက...''
"၉နာရီ၊ ၁၀ နာရီေလာက္ထိေတာ့ ျဖစ္မယ္ထင္တယ္အူးရာ.. စိတ္ပ်က္တယ္...တကယ္ဘဲ...ဒီေန႕ဂ်ဴတီၿပီးတာနဲ႕... အူးဆီတန္းေျပးလာ... အူးမ်က္ႏွာေလးတစိမ့္စိမ့္ၾကည့္ၿပီး အူးလက္ရာေလးအားရပါးရစားမလို႔ပါဆို... အခုေတာ့ဗ်ာ....''
"စိတ္မပ်က္ပါနဲ႕ကြာ... တာဝန္နဲ႕ဝတၱရားဘဲ... လုပ္ရမွာေပါ့... ဒီေန႕တစ္ရက္ထဲမွမဟုတ္တာ... ေနာက္ေန႕ေတြအမ်ားႀကီးက်န္ပါေသးတယ္... ငါလဲထြက္မေျပးပါဘူးဟ...''
"ဒါေတာ့... ဒါေပါ့အူးရယ္... ဒါေပမယ့္... သားက.. အခ်ိန္ျပည့္.. အူးအနားမွာဘဲရွိေနခ်င္ေတာ့တာ.... အူးနဲ႕ခနေလးခြဲေနရရင္ကို.. လြမ္းေနရတာဗ်... ''
"ကဲပါ... အပိုေတြေျပာမေနနဲ႕... အခုသြားေတာ့္မွာမဟုတ္လား... သြားစရာရွိတာသြား... ဆိုင္ကယ္ဂ႐ုစိုက္စီး... ျပန္လာမွေတြ႕မယ္...''
"ဟုတ္အူး... အာဘြား..မြမြ... အရမ္းခ်စ္တယ္ေနာ္အူး...''
"Ok...ဖုန္းခ်ၿပီေနာ္...''
-------------vvvvv---------------
"ဘယ္လိုလဲ... စားလို႔ေကာင္းလား... ငါ့လက္ရာ...''
"ဟာ... goodဘဲ... yammy ကလက္ရာအတိုင္းဘဲ...ေကာင္းလိုက္တာ.. ေနာက္လဲမၾကာမၾကာ... မာလာရွမ္းေကာလုပ္ေကြၽးနိုင္ပါေစဗ်ာ....''
"ေအး... စိတ္ခ်... လုပ္ေကြၽးမယ္.. ဒါေပမဲ့... အခုေလာေလာဆယ္ေတာ့... ငါ့ကို.. စပါးအင္းလမ္းဆုံကို... လိုက္ပို႔ေပးအုံး...''
"ေဟ... ဟိတ္ေကာင္... ဒီအခ်ိန္ႀကီး... ဘာသြားလုပ္လို႔တုန္း...''
ဇြဲရဲ႕စကားေၾကာင့္ ျပည့္စုံက စားေနရင္း မ်က္လုံးႀကီးျပဴးကာ ျပန္ေမးလာသည္။
"ဘာမွမဟုတ္ပါဘူးကြာ... အျဖဴေလးကဒီည...စပါးအင္းမွာ VIPလမ္းေၾကာင္းေစာင့္ရမွာတဲ့... အဲဒါ... ငါသူ႕ကို.. မာလာရွမ္းေကာသြားေကြၽးခ်င္လို႔... ညနက္ထိေစာင့္ရမွာ... ဒီေကာင္ဘာမွစားရအုံးမွာမဟုတ္ဘူး... ဗိုက္ဆာေနမွာကြ...''
"အံမယ္... ၾကည့္စမ္း... လက္စသတ္ေတာ့... ငါ့ကိုမုန့္ေခၚေကြၽးတာ... ခိုင္းခ်င္လို႔ကိုး...''
"မဟုတ္ပါဘူးကြာ... မင္းကလဲ... မင္းကိုလဲေကြၽးခ်င္လို႔ေခၚလိုက္တာ.. ဟိုေကာင္ေလးလဲညည့္နက္တဲ့အထိဂ်ဴတီေစာင့္ေနရမွာဆိုေတာ့.. ဗိုက္ဆာေနမွာစိုးလို႔ပါကြာ....''
"လင္အတြက္အရမ္းေတြသိတတ္ေနတယ္ေပါ့ေလ...''
"ဟာ... မဟုတ္ပါဘူးကြာ.... ငါသူ႕အေပၚ... ဘယ္လိုစိတ္နဲ႕.. ေရွ႕ဆက္ေနရလဲဆိုတာ.... မင္းလဲသိရဲ႕သားနဲ႕...''
"သိတယ္... သိတယ္...ငဇြဲ... ငါစကားအေကာင္းေျပာမယ္ေနာ္... မင္းသူ႕ကိုတကယ္လက္ခံလိုက္ၿပီလား... ငါသိခ်င္တယ္...''
ျပည့္စုံရဲ႕ေမးခြန္းကို ခ်က္ျခင္းျပန္မေျဖေသးဘဲ ခနၿငိမ္ေနလိုက္သည္။ၿပီးမွ...
"႐ုတ္တရက္ႀကီး... မင္းက... ဘာလို႔..သိခ်င္ရတာလဲ...''
"သိခ်င္တာထက္ ေျပာျပခ်င္တာပါကြာ.......
ဒီမွာ..ဇြဲ... မင္းအသက္လဲမငယ္ေတာ့ဘူးေနာ္... အခုခ်ိန္က... ဘဝအတြက္.. တိက်ေသခ်ာတဲ့အရာတစ္ခုကို... ဖန္တီးသင့္ၿပီ... မင္းရဲ႕ျဖစ္တည္မႈက Gayဆိုလဲ... အဲ့ဒီျဖစ္တည္မႈအတိုင္းဘဲ.. မင္းဘဝလက္တြဲေဖာ္ရွာသင့္ၿပီ... ဘယ္အခ်ိန္ထိအခုလို.. တစ္ကိုယ္တည္းသမားဘဝနဲ႕ေနမွာလဲ... ဆိုလိုခ်င္တာကကြာ... အခုရွိုင္းဝဏၰကိုမင္းလက္ခံနိုင္တယ္၊ သေဘာက်တယ္ဆိုရင္... လုပ္စရာရွိတာဆက္လုပ္ေတာ့... သူ႕ကိုမင္းရဲ႕ဘဝထဲ... ေသေသခ်ာခ်ာဆြဲထည့္ထားသင့္ၿပီကြာ....မင္းအခု ..ျဖစ္ေနတဲ့... စိတ္ခံစားခ်က္အေနအထားကို... ငါမသိလို႔ေျပာတာမဟုတ္ဘူး... တစ္ခါတစ္ေလမွာ... ျပတ္သားသင့္ရင္ျပတ္သားရမယ္ေလ... မင္းဘဝအတြက္ပါကြာ... ငါေျပာတာသေဘာေပါက္မွာပါ...''
ျပည့္စုံရဲ႕ စကားအရွည္ႀကီးကို ၿငိမ္သက္စြာ နားေထာင္ေနမိသည္။
ဇြဲ နားလည္ပါသည္။
ဇြဲလဲ ဘဝတစ္ခုကို ကိုယ္ခ်စ္ရတဲ့သူနဲ႕ အတူတူ ျဖတ္သန္းခ်င္ပါသည္။
"ငါနားလည္ပါတယ္... အဲ့အတြက္... ငါ့မွာအေျဖရွိၿပီးသားပါကြာ.. အခုခ်ိန္အထိ ငါလုပ္ခဲ့သမွ်အရာတိုင္းကလဲ... သူ႕ကိုခ်စ္လို႔.. လုပ္ခဲ့တာေတြခ်ည္းပါ... ''
"ေအးပါ... ငါ့သူငယ္ခ်င္းကိုငါယုံပါတယ္... မင္းကငါတို႔အဖြဲ႕ထဲမွာ.. အေတာ္ဆုံးအထက္ဆုံးတစ္ေယာက္ဘဲဟာ... ဆုံးျဖတ္ခ်က္ျပတ္သားမွာပါ.. fightingငါ့ေကာင္... အျဖဴေလးနဲ႕ဘဝကိုသာသာယာယာႀကီး.. တည္ေဆာက္နိုင္ပါေစကြာ''
"ေအးပါ... တည္ေဆာက္တာကေနာက္... အခုေတာ့လိုက္ပို႔လိုက္အုံး.. ငါ့ရဲ႕အမ်ိဳးသားေလးဗိုက္ဆာေနေလာက္ၿပီဟ...''
"ေလသံကခ်က္ခ်င္းကိုေျပာင္းသြားတာေနာ္... တကယ့္..လင္တ႐ူးဘဲ..''
"လိ...လိ...''
---------------vvvv-----------
စပါးအင္းလမ္းဆုံ.......
လမ္းဆုံပြိုင့္တြင္ ထြန္းညွိထားသည့္ နီယြန္မီးေရာင္မွလြဲၿပီး ပါတ္ဝန္းက်င္တစ္ခုလုံး ေမွာင္မိုက္ေနသည္။
တစ္ခ်က္တစ္ခ်က္ ျဖတ္သန္းသြားသည့္ အေဝးေျပးကားမ်ား၏ မီးေရာင္ႏွင့္ ကားသံမွအပ က်န္အရာအားလုံးတိတ္ဆိတ္ၿငိမ္သက္လ်က္။
တိတ္ဆိတ္ေနသည့္ အရာေတြထဲမွာ ရွိုင္းရဲ႕လူႀကီးေလးလဲအပါအဝင္ ျဖစ္ေနသည္။
ရွိုင္းတာဝန္က်တဲ့ေနရာအထိ ရွိုင္းႀကိဳက္တဲ့ မာလာရွမ္းေကာကို ကိုယ္တိုင္လုပ္ၿပီး လာပို႔ေပးရွာေသာ လူႀကီးေလး။
ရွိုင္း စားေနသည့္တခ်ိန္လုံးလဲ ၿငိမ္သက္စြာထိုင္ၾကည့္ေနသည္။
အခုလဲ စကားတစ္ခြန္းမွမေျပာဘဲ ရွိုင္းရဲ႕ဆိုင္ကယ္ကို မွီၿပီး ရပ္ေနရင္း လမိုက္ညရဲ႕ ၾကယ္ေတြစုံေနသည့္ ေကာင္းကင္ကို ေမာ့ၾကည့္ေနေလသည္။
ရွိုင္းလဲ အူးရဲ႕ေဘးမွာဘဲ တိတ္ဆိတ္စြာ ရပ္ေနလိုက္သည္။
ၾကယ္ေတြကိုေတာ့ေမာ့မၾကည့္မိ... အူးမ်က္ႏွာကိုဘဲ စိုက္ၾကည့္ေနမိသည္။
အရင္က အၿမဲတမ္း တတြတ္တြတ္ ေျပာေနတတ္သည့္ သည္လူသားေလး ဒီေန႕ ဘာလို႔မ်ား ထူးျခားစြာ တိတ္ဆိတ္ေနရတာလဲ။
"ရွိုင္း..........''
တိတ္ဆိတ္ေနသည့္ အေခ်အေနမွာ ထြက္ေပၚလာသည့္ အသံက ရွိုင္းတဲ့။
ရွိုင္းကို တစ္ခါမွ နာမည္မေခၚသည့္ အူးက ထူးထူးျခားျခား နာမည္တပ္ေခၚလာသည္။
"ဗ်ာ..... အူး..''
"ငါ့ရဲ႕ ...fbအေကာင့္မွာ... ေရးထားတဲ့ bioစာသားေလးကိုမွတ္မိလား....''
"ဟုတ္ ...သိတယ္ေလ..အူး..
သိမ္းပိုက္ျခင္းကင္းေသာ.....တဲ့...ဟုတ္တယ္မွလား...''
"ဟုတ္တယ္ရွိုင္း... ငါေလ...ဘယ္အရာကိုမွ... သိမ္းပိုက္မထားခ်င္ဘူး... ဆုပ္ကိုင္ထားမွရမယ့္အရာေတြကိုလဲ.. မရခ်င္ဘူး... ဘာလို႔လဲဆိုေတာ့... အဲ့လိုေတြလုပ္ေနရရင္.... အရမ္းနာက်င္ပင္ပန္းရတတ္တယ္ေလ.... ဒါေပမဲ့... အခုေတာ့ငါ.. မင္းကိုသိမ္းပိုက္ထားခ်င္ၿပီ... ပိုင္ဆိုင္ခ်င္ၿပီ... မင္းကိုပိုင္ဆိုင္ခြင့္ ရလိုက္လို႔... နာက်င္မႈေတြပင္ပန္းမႈေတြခံရမယ္ဆိုရင္လဲ... ငါအဆင္သင့္ျဖစ္ေနၿပီ..ရွိုင္း... ငါေလ.. အခက္အခဲေတြၾကားက.. မင္းကိုရေအာင္ယူလိုက္မိတာ.. တခ်ိဳ႕လူေတြအေပၚမွာ... မတရားဘူးဆိုတာ... သိေနေပမဲ့... လက္မလႊတ္နိုင္ခဲ့ဘူး... ငါ... ငါေ႐ြးခ်ယ္တဲ့အရာက... မွန္ကန္ရဲ႕လားကြာ....''
ရွိုင္းရဲ႕လူႀကီးေလးပါးစပ္က ထြက္က်လာတဲ့စကားလုံးေလးေတြက အဓိပ္ပါယ်တွေအပြည့်နဲ့ပါလား။
ေလးနက္စြာေျပာေနတဲ့ လူႀကီးေလးက ၾကယ္ေတြနဲ႕ ေကာင္းကင္ႀကီးကို ေမာ့ၾကည့္ေနဆဲ။
"အူး. .. သားကိုပိုင္ဆိုင္ရလို႔.. အူးဘယ္ေတာ့မွ... ေနာင္တမရေစရဘူး.. စိတ္ခ်... သား.. အူးလိုစကားေတြအမ်ားႀကီး... မေျပာတတ္ဘူး... ေသခ်ာတာတစ္ခုကေတာ့... အခ်ိန္ေတြကုန္ဆုံးသြားတဲ့တစ္ေန႕အထိ.. အတူျဖတ္သန္းၾကဖို႔အတြက္... ခ်စ္ခဲ့တာပါဗ်ာ.... သားကိုယုံပါေနာ္..အူး.....''
"ငါမင္းကိုယုံပါတယ္.. ရွိုင္း... ဒါေပမဲ့... ကံၾကမၼာကိုေတာ့... မယုံဘူး.... ငါအခုျဖစ္ေနတဲ့စိတ္က... မင္းကိုလဲပိုင္ဆိုင္ခြင့္ရခ်င္တယ္... အဆုံးသတ္မွာ... ျဖစ္လာနိုင္မယ့္.. ကံတရားႀကီးကိုလဲ... ေတြးၿပီးေၾကာက္တယ္... ခက္ခက္ခဲခဲရယူထားမိၿပီးမွေတာ့လဲ... သံသရာဆုံးတဲ့အထိ.. အတူတူျဖတ္ေက်ာ္သြားခ်င္မိတယ္ကြာ...''
"မဟုတ္ဘူး..အူး... ကံဆိုတာ... ကိုယ္ဖန္တီးတဲ့ကိုယ့္ရဲ႕လုပ္အားပါ.. အဲ့ဒီကံၾကမၼာကို... သားကိုယ္တိုင္ဖန္တီးျပမယ္အူး.... ''
"ဘာနဲ႕ဖန္တီးမွာလဲ...ရွိုင္း...''
"သစၥာတရားနဲ႕ေပါ့...အူး...''
ရွိုင္းရဲ႕လူႀကီးေလး ၿပဳံးလိုက္တဲ့အၿပဳံးကို ရွိုင္းျမင္လိုက္သည္။
ၾကယ္ေလးတစ္လုံး ျဖတ္ခနဲ ေႂကြသြားသလို လက္ခနဲ။
အရာအားလုံး ခုနကလို ျပန္ၿပီး ၿငိမ္သက္သြားျပန္သည္။
ရွိုင္း ဆိုင္ကယ္ေပၚ မွာ ေဘးတစ္ေစာင္းထိုင္လိုက္ၿပီး ဆိုင္ကယ္ကိုမွီၿပီးရပ္ေနသည့္ လူႀကီးေလးကို အေနာက္ကေန ဆြဲဖက္ထားလိုက္သည္။
FZဆိုင္ကယ္အျမင့္ေပၚမွာ ထိုင္ေနသည့္ ရွိုင္းရဲ႕ရင္ခြင္နဲ႕ လူႀကီးေလးရဲ႕အရပ္က ကြက္တိ။
ဒီတစ္ခါေတာ့ အႏွီလူသားေလးက ရွိုင္းလုပ္သမွ်ကို မ႐ုန္းကန္ဘဲ ၿငိမ္ေနေလသည္။
"အူး......''
ရွိုင္းရဲ႕ လူႀကီးေလးက ျပန္မထူးဘဲ သူ႕ကိုသိုင္းဖက္ထားသည့္ ရွိုင္းရဲ႕လက္ေခ်ာင္းေလးမ်ားကို တစ္ေခ်ာင္းခ်င္းကိုင္ရင္း မိုးကုတ္စက္ဝိုင္းအဆုံးထိ ျပည့္ေနသည့္ ၾကယ္ေတြကိုသာ ေငးေနေလသည္။
မိုးကုတ္စက္ဝိုင္းရဲ႕ တစ္ေနရာမွာ ရွိုင္းတို႔ၿမိဳ႕ရဲ႕ သမိုင္းဝင္တန္ခိုးႀကီး ေစတီတစ္ဆူ ျဖစ္သည့္ မဟာေ႐ႊစည္ႀကီးေစတီကို ၾကယ္ေတြလင္းေနသည့္ ေကာင္းကင္ေနာက္ခံျဖင့္ ေ႐ႊေရာင္ဝင္းလက္စြာ ဖူးျမင္ေနရသည္။
"အူး.... ဟိုးမွာၾကည့္... မဟာေ႐ႊစည္ႀကီးေစတီကို... လွမ္းျမင္ရတယ္မဟုတ္လား....''
--------အပိုင္း(၃၈)ဆက္ရန္----------------------
#သစၥာျဖင့္ဖန္တီးေသာ
#ရွိုင္းဝဏၰ
#ဇြဲသူရိန္