..............သစ္စာဖြင့်ဖန်တီးသော...............real bl story
.........................အပိုင်း(၃၆).................................
"အူးရေ... သားသွားတော့မယ်...''
ယူနီဖောင်းလဲပြီး ထွက်လာသည့် အဖြူကောင်က ဇွဲရဲ့အခန်းရှေ့မှာ လာအော်နေသဖြင့် အခန်းပြင်ထွက်လာခဲ့လိုက်သည်။
"ဆိုင်ကယ်ဖြေးဖြေးမောင်း... မင်းဆိုင်ကယ်စီးတာအရမ်းကြမ်းတာဘဲ....''
"စိတ်ပူတယ်ပေါ့.... ကိုယ့်daddyလေးက...''
"လိdaddyလား... စကားအကောင်းပြောနေတာကို... နားမထောင်ဘဲနဲ့..''
"ဟုတ်ကဲ့ပါဗျာ... ဖြေးဖြေးမောင်းပါ့မယ်... သားကိုစိတ်ပူပေးတဲ့အတွက်လဲ... အများကြီးကျေးဇူးတင်ပါတယ်.''
အဖြူကောင်က ပြောပြောဆိုဆိုဖြင့် ဇွဲရဲ့ပါးကို ရွှတ်ခနဲ နမ်းကာပြေး ထွက်သွားလေသည်။
လုပ်ပြန်ပြီ။
ဟူး....တကယ့်မနိုင်စိန်ပါ အဖြူရာ။
--------------vvvv----------
နေ့လည်ခင်း ခနတဖြုတ်နားရင်း မှေးခနဲအိပ်ပျော်သွားသည်။
ပြန်နိုးလာတော့ ညနေသုံးနာရီ။
ခပ်ကြာကြာအိပ်ပျော်သွားတာဘဲ။
မနက်က လှုပ်လှုပ်ရှားရှား သွားသွားလာလာ လုပ်လိုက်တော့ ပင်ပန်းသွား လို့ထင်သည်။
ဇွဲတောင်ဒီလောက်ဆိုရင် ပြေးလွှားခုန်ပေါက်နေခဲ့တဲ့ အဖြူဆိုရင် ဘယ်လောက်များနေမလဲ။
နေ့လည်လဲမနားရဘဲ ဂျူတီဆက်ဝင်နေတာ။
ခဗျာ ပင်ပန်းရှာမှာဘဲ။
တီ ခနဲ မက်တေ့အသံကြောင့် ဖုန်းကိုကြည့်လိုက်သည်။
အဖြူကောင်ဆီကမက်ဆေ့...။
အသက်ရှည်အုံးမယ် ဒီကောင်။
အခုလေးတင် သူ့အကြောင်းတွေးနေတာမဟုတ်လား။
ကြည့်လိုက်အုံးမယ်.... ဘာတဲ့။
"လွမ်းလိုက်တာ... Daddy အုကဲလေးရာ...'' တဲ့
ကြည့်... လုပ်လာပြန်ပြီ၊ ဒီကောင်အတော်အားနေတယ်ထင်ပါ့။
ခနလေး သနားစိတ်တောင် ဝင်ပေးလို့မရဘူး။
ဖောက်လာပြန်ပြီ။
မက်ဆေ့နဲ့ ရန်ဖြစ်ပေးရအုံးမည်။
"အလုပ်မလုပ်ဘူးလား..အတော်အားနေတာလား..... ဂျူတီကဘယ်မှာလဲ...''
"အားတာပါ့.... ဘာအလုပ်မှမရှိဘူး... ပျင်းတာကြီး... ရုံးကြီး.. ကားပါကင်မှာ....''
"အားရင်... ဂိမ်းဆော့နေပါ့လား.. ငါ့ကိုလာနှောက်ယှက်မနေနဲ့.. ငါမအားဘူး....''
"ဘာမအားတာလဲ... အူးအိပ်နေတာမဟုတ်လား... မညာနဲ့..''
"အိပ်မနေဘူး... ငါရုံးပျက်တဲ့ရက်တွေက.. အလုပ်အကြွေးတွေလုပ်နေတာ.. ခုထိတောင် မပြီးသေးဘူး...''
"သေချာလို့လား... သားရဲ့နှလုံးသားထဲက... အူးအိပ်နေတယ်လို့.. ခံစားပြီးသိနေတာနော့်...''
"သောက်ပိုတွေပြောမနေနဲ့ ၊ဒါဘဲ ၊ငါအလုပ်လုပ်အုံးမယ်''
"အူး... ညစာဘာဟင်းချက်မလဲ... သား.. အူးလက်ရာမစားရတာ.. ကြာပြီ... ချက်ကျွေးပါအုံး...''
"ငါချက်ချင်ရာချက်မှာပါ့...''
"အူးကလဲဗျာ... ကိုယ့်ချာတိတ်လေး.. ဘာစားချင်လို့လဲ... အူးဘာချက်ကျွေးရမလဲဆိုတာမျိုးလေး... ပြောပါလား... roလို့ကိုမရဘူး...''
"ဟေ့... roချင်ရက်အစကတည်းက.. အဲ့လိုဟာတွေသွားကြိုက်လေ.. ငါတော့ မroတတ်ဘူး... ရှင်းတယ်နော်... ပြီးရင်.. ငါစားချင်တာငါချက်မှာ... စားနိုင်ရင်စား...စကားမရှည်နဲ့...''
"ရတယ် အူးချက်တဲ့လက်ရာ ဘာမဆိုစားမယ်...''
"ပြီးတာဘဲလေ...''
အဖြူကောင်ကို အနိုင်နဲ့ပိုင်းပြီး ထားခဲ့လိုက်သည်။
နေပါအုံး... ဟင်းချက်မယ်ဆိုမှ.. ဘာဟင်းချက်ရပါ့မလဲ။
တော်ပြီ... တခြားဘာမှမချက်တော့ပါဘူး။
မာလာရှမ်းကောဘဲ လုပ်စားတော့မယ်။
ခဗျားတို့မှတ်မိရဲ့လား။ မာလာရှမ်းကောက ဘယ်သူ့အကြိုက်လဲလို့။
ကဲ..လမ်းထိပ်ကစျေးကို ခနပြေးပြီး လိုတာလေး သွားဝယ်အုံးမယ်ဗျာ။
----------vvvvvv-----------
ညနေ၄နာရီ....။
အဖြူကောင်ရဲ့ ဂျူတီက ၅နာရီလောက်မှ ပြီးမည်ထင်သည်။
အဖြူကောင်ကို စောင့်ရင်း မာလာရှမ်းကောအတွက် လိုအပ်သည်များ လှီးချွတ်ပြင်ဆင်နေလိုက်သည်။ ချာတိတ်ကို
ပြန်ရောက်တဲ့အချိန်မှ ပူပူနွေးနွေး လုပ်ကျွေးရမည်။
ဟော.....။အိမ်ရှေ့က လူခေါ်ခေါင်းလောင်းသံထွက်လာသည်။
အဖြူကောင် ပြန်လာပြီထင်သည်။
ဝင်စရာရှိတာကို ဝင်မလာဘဲ ဘဲလ်ကိုဆက်တိုက်တီးနေလေသည်။
အဲဒါတွေမကြိုက်တာပါဆို။
ကလေးကလား အရမ်းလုပ်တဲ့အဖြူကောင်ဘဲ။
"အေး... အဲ့မှာအသားကုန်တီးနေလိုက်... ဝင်စရာရှိတာဝင်မလာဘဲနဲ့
...အတော်အားနေတယ်ထင်တယ်...''
ပြောပြောဆိုဆို ဖြင့် အိမ်တံခါးကို ဆွဲဖွင့်ပေးလိုက်သည်။
"ဟင်... အန်တီ....''
တွေ့လိုက်ရသည်က အဖြူကောင်မဟုတ်။
အဖြူကောင်လေးရဲ့ အမေကြီး။
ရုတ်တရက်မို့ ဇွဲ အံ့အားသင့်ပြီး ကြောင်ကြည့်နေမိသည်။
"ငါပြောစရာရှိလို့လာတာ... အိမ်ထဲခနဝင်လို့ရလား...''
"အော်. ..ဟုတ်... ဝင်ပါ... အန်တီ... ဝင်ပါ..''
အဖြူ့အမေကြီးက ဇွဲကို တချက်ဘုကြည့် ကြည့်ပြီး ဧည့်ခန်းထဲဝင်သွားသဖြင့် ဇွဲလဲ လိုက်ဝင်သွားလိုက်သည်။
"မမျှော်လင့်ထားတဲ့ဧည့်သည်ဆိုတော့.... စိတ်ပျက်သွားမှာဘဲ...''
"မြန်မာ့ယဥ်ကျေးမှုမှာ...ကိုယ့်ဆီလာတဲ့ဧည့်မှန်သမျှကို... ကြိုဆိုရမယ်လို့.. သင်ထားပြီးသားပါ... စိတ်ပျက်စရာမရှိပါဘူး.. တစ်ခုခုသုံးဆောင်ပါအုံးအန်တီ...''
လာခြင်းကောင်းတဲ့ အကြောင်းမဟုတ်တာကို ဇွဲခံစားလို့ရနေသည်။
ယဥ်ကျေးမှုနှင့်အတူ ခပ်ချေချေ ပြန်ဆက်ဆံဖို့ အသင့်ပြင်ထားလိုက်သည်။
"နေပါစေ... ဘာမှမသုံးဆောင်ချင်ပါဘူး... အခုလာတာ... ပြောစရာအကြောင်းရှိလို့ဆိုတာ... သိမှာပါ...''
"ဟုတ်ကဲ့... သိပါတယ်... ပြောစရာမရှိဘဲကျွန်တော့ကို... အပျော်လာတွေ့စရာမှမဟုတ်တာ... ပြောပါအန်တီ... ဒါပေမဲ့ တစ်ခုတော့ရှိတယ်... ရှိုင်းက.. အန်တီ့အတွက်.. တန်ဖိုးထားရတဲ့သားတစ်ယောက်ဆိုရင်... ကျွန်တော်ကလဲ.. ကျွန်တော့အမေအတွက်.... တန်ဖိုးမဖြတ်နိုင်တဲ့.. သားတစ်ယောက်ဖြစ်တယ်ဆိုတာသိထားပြီး.. စကားပြောရင်..သားသမီးချင်း.. ကိုယ်ချင်းစာပြီး... ပြောပေးပါအန်တီ... ကျေးဇူးပြုပြီးတော့ပေါ့..''
ဆိုဖာမှာ ဝင်ထိုင်ရင်း ခပ်တည်တည်ပြောလိုက်တဲ့ ဇွဲရဲ့စကားကြောင့် အဖြူ့အမေက နှုတ်ခမ်းကိုရွဲ့ပြီး တုံ့ပြန်သည်။
"အေး... အခုငါကလဲ.. မိဘချင်းကိုယ်ချင်းစာဖို့လာပြောတာဘဲ... ဘာမှအပိုမပါဘူး.. ငါ့သားကအခု... မင်းနဲ့ကိစ္စကိုခွင့်မပြုရင်.. ဒီအလုပ်ကထွက်မယ်ဆိုပြီးခြိမ်းခြောက်နေလို့.. ငါတို့က.. အခုမသိချင်ယောင်ဆောင်ပြီးလွှတ်ပေးလိုက်ရတာ... ဒီအလုပ်ရဖို့အတွက်ငါတို့ရင်းနှီးခဲ့ရတဲ့အရင်းအနှီးကမနဲဘူး... ပြီးတော့... ငါတို့တစ်အိမ်လုံးလဲ.. အခုချိန်မှာ.. သူ့လုပ်စာနဲ့.. မှိခိုနေရတာဆိုတော့... ဒီအလုပ်ကထွက်ပြစ်ဖို့ဆိုတာ.. ဘယ်လိုမှ.. မဖြစ်နိုင်ဘူး.. မင်းမှာလဲမိဘရှိတာဆိုတော့ကိုယ်ချင်းစာမှာပါ... ဒီသားတစ်ယောက်အပေါ်မှီခိုနေရတဲ့... မိဘရဲ့စိတ်ကို...''
"ဟုတ်ကဲ့... နားလည်ပါတယ်... အခုကျွန်တော့ကို... ဒါတွေလာပြောနေတာက... ဘာအတွက်လဲဆိုတာကိုသာ... လိုရင်းပြောပါအန်တီ....''
"လိုရင်းကတော့... သူအလုပ်ကမထွက်အောင်... မင်းအနေနဲ့... တားပေးပါ...မင်းစကားဆို..ငါ့သားက.. နားထောင်မှာဘဲလေ.. ဒါဆိုငါတို့ဘက်ကလဲ... မင်းနဲ့ကိစ္စကို... မသိချင်ယောင်.. ဆောင်ပေးထားမယ်... ဘယ်လိုလဲ...''
"အန်တီတို့အဓိကရည်ရွယ်ချက်က... ရှိုင်းအလုပ်က.. မထွက်ဖို့ဘဲမဟုတ်လား... စိတ်ချပါ... ကျွန်တော်.. တတ်နိုင်သမျှ.. ဖြောင်းဖျ ပေးပါ့မယ်... ဒါပေမဲ့... ကျွန်တော်တို့ကိစ္စကို... မသိချင်ယောင်ဆောင်ပေးစရာမလိုပါဘူး...အန်တီ.. ဘာလို့လဲဆိုတော့... ဘယ်သူတွေသိသိမသိသိ... ဘယ်သူပြောပြောမပြောပြော... ကျွန်တော်တို့နှစ်ယောက်ရဲ့... ချစ်ခြင်းက... ပြောင်းလဲသွားမှာမဟုတ်လို့ပါခဗျ...''
"မင်းကို... အပေးအယူလုပ်နေတာမဟုတ်ဘူး... လက်ရှိအနေအထားအရ... ငါ့သားဘက်ကအရူးအမူးဖြစ်နေတဲ့အချိန်လေးခနကို... တခြားပြဿနာတွေမဖြစ်စေချင်လို့.. လာပြောတဲ့သဘောဘဲ...
အခုချိန်မှာ... ဘယ်လိုအရာမျိုးနဲ့ဆွဲဆောင်ထားလို့.. စွဲလန်းနေမှန်းမသိရတာလေ... သဘာဝမဟုတ်တဲ့အရာကို.. ငါ့သားကဘယ်အချိန်ထိများ.. စွဲလန်းနေမယ်ထင်လို့လဲ... အေး... အဲ့အချိန်ရောက်လာရင်တော့.. ငါ့သားကိုဖက်တွယ်မနေဘဲ... လွှတ်ပေးပါအေ... ''
"စိတ်ချပါအန်တီ... ကျွန်တော်ဆိုတဲ့လူက.. ကိုယ့်အတွက်မဟုတ်တော့တဲ့အရာကို.. သော့ခတ်ပြီးသိမ်းမထားတတ်ပါဘူး... အန်တီ့သားဘက်က.. ဟင်အင်းဆိုတဲ့နေ့... ကျွန်တော့ဘက်က... ဘာမှပါတ်သတ်မှုမရှိစေရဘူး....''
"ဟုတ်ပြီလေ... ဒီကြားထဲအချိန်တွေမှာတော့... ငါ့သားကိုလွှတ်ထားပေးရမှာဘဲ... ဒါပေမဲ့... မင်းသိထားပါ... မင်းအနားက... ဆွဲထုတ်နိုင်ဖို့... ငါတို့အချိန်ပြည့်... ကြိုးစားနေတယ်ဆိုတာကို....''
"ဟုတ်ကဲ့... အန်တီတို့လုပ်စရာရှိတာလုပ်ပါ... ကျွန်တော့်ဘက်ကတော့... ပေးထားတဲ့ကတိတည်နေမှာပါ... ပြောစရာကိစ္စကုန်ပါပြီလားခဗျာ...''
"ကုန်ပြီ... ကုန်ပြီ... ဟွန်း...''
အဖြူ့အမေကြီးက ဇွဲရဲ့စကားကြောင့် စိတ်တိုနေသည့်ပုံစံဖြင့် ထိုင်နေရာမှာ စောင့်ကြီးအောင့်ကြီးဖြင့်ထသွားလေ သည်။
"နေအုံး... ငါ့ပါးစပ်နဲ့ပြောရမှာ... မသတီပေမဲ့... ငါ့သားအတွက်တော့... ပြောရအုံးမယ်... မင်းတို့အခြောက်တွေ..ဝါသနာအရမ်းပါတဲ့ကိစ္စများ....ငါ့သားနဲ့... လုပ်ကြမယ်ဆိုရင်... အကာအကွယ်သုံးပါ... ငါ့သားနုနုထွတ်ထွတ်လေး...Aကိုက်မခံနိုင်လို့... သဘောပေါက်ပါတယ်နော်...''
အိမ်ပေါက်ဝမှာရပ်ပြီး မပြီးနိုင်မဆုံးနိုင် ပြောလာသည့် ထိုဘွားတော်ရဲ့စကားက ဇွဲရဲ့ သိက္ခာတွေကို တစ်စစီ စုတ်ဖြဲနေပြန်သည်။
မခံချင်စိတ်တို့က ပြန်ပြောစရာစကားလုံးများကို အဆင်သင့် ဖြစ်စေခဲ့သည်။
"အခြောက်ဆိုတဲ့စကားနဲ့မစော်ကားပါနဲ့အန်တီ... ယောကျာ်းလေးချင်းချစ်တာကို... အခြောက်လို့စွပ်စွဲရင်... အန်တီ့သားလဲအခြောက်ပါဘဲ... နောက်တစ်ခုက.. အခြောက်တိုင်း.. တွေ့ကရာယောကျာ်းနဲ့....ဖြစ်နေတယ်လို့ထင်နေရင်မှားပါလိမ့်မယ်... အခြောက်ဆိုတာနဲ့... အိပ်ယာပေါ်က..ကိစ္စကို.. တန်းပြီးမြင်နေတဲ့အန်တီတို့ရဲ့စိတ်ကို.. ပြန်ပြင်လိုက်ပါအုံး... အန်တီ့သားAကိုက်တာမဖြစ်စေချင်ရင်... ကျွန်တော့အနားက.. ခပ်မြန်မြန်လေးဆွဲထုတ်သွားပါအန်တီ.. အချိန်ကြာလေလေ.. ကျွန်တော်ဘာလုပ်မိမယ်ဆိုတာ... အာမ.. မခံနိုင်လေလေဖြစ်နေလို့ပါ...''
"တောက်....ဝုန်း...''
ဇွဲရဲ့စကားက ထိုဘွားတော်ရဲ့ အရှိုက်ကိုထိသွားသည်ထင်သည်။
တောက်တစ်ချက် ခပ်ပြင်းပြင်း ခေါက်ပြီး တံခါးကိုစောင့်ပိတ်ကာ ထွက်သွားလေတော့သည်။
ဟူး.... ရင်တွေမောပါတယ်အဖြူလေးရာ။
ဒီလောက်ထိခက်ခဲတဲ့ အရာမှန်းသိနေတာတောင် ငါမင်းကို မစွန့်လွှတ်နိုင်ပါလား။
မင်းကငါ့အတွက် ဘုရားပေးတဲ့ဆု ဆိုရင်တောင် နောက်ကကပ်ပါလာတဲ့ အပူတွေက ငါ့ရဲ့အတိတ်ဘဝက အကုသိုလ်တွေကြောင့် ဖြစ်မှာပါ။
ဘာဘဲ ဖြစ်ဖြစ်ပါ။
သိပ်ချစ်လွန်းလို့ တွဲခဲ့ပြီးတဲ့ လက်တစ်စုံကိုတော့ ဘယ်အကြောင်းနဲ့မှ ဖြုတ်မှာမဟုတ်ပါဘူး။
မင်းရော်... ငါ့ကိုဒီလိုစိတ်မျိုးနဲ့.. ချစ်နိုင်ပါ့မလား အဖြူလေးရာ။
သစ္စာဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပါယ်ကို အလျင်းသင့်တဲ့အချိန် ငါမင်းကို ရှင်းပြရအုံးမယ်။
"တည်ဆောက်ခဲ့တဲ့အရာတိုင်းဟာ သစ္စာနဲ့သာဖန်တီးခဲ့မယ်ဆိုရင် ဘဝသံသရာလည်နေသမျှ ခိုင်မြဲနေမယ်လို့ ငါယုံကြည်တယ်'' ဆိုတဲ့အကြောင်းလေးကိုပေါ့ကွာ..............။
--------အပိုင်း(၃၇)ဆက်ရန်----------------------
#သစ္စာဖြင့်ဖန်တီးသော
#ဇွဲသူရိန်
#ရှိုင်းဝဏ္ဏ
Zawgyi👇👇👇
..............သစၥာျဖင့္ဖန္တီးေသာ...............real bl story
.........................အပိုင္း(၃၆)...............................
"အူးေရ... သားသြားေတာ့မယ္...''
ယူနီေဖာင္းလဲၿပီး ထြက္လာသည့္ အျဖဴေကာင္က ဇြဲရဲ႕အခန္းေရွ႕မွာ လာေအာ္ေနသျဖင့္ အခန္းျပင္ထြက္လာခဲ့လိုက္သည္။
"ဆိုင္ကယ္ေျဖးေျဖးေမာင္း... မင္းဆိုင္ကယ္စီးတာအရမ္းၾကမ္းတာဘဲ....''
"စိတ္ပူတယ္ေပါ့.... ကိုယ့္daddyေလးက...''
"လိdaddyလား... စကားအေကာင္းေျပာေနတာကို... နားမေထာင္ဘဲနဲ႕..''
"ဟုတ္ကဲ့ပါဗ်ာ... ေျဖးေျဖးေမာင္းပါ့မယ္... သားကိုစိတ္ပူေပးတဲ့အတြက္လဲ... အမ်ားႀကီးေက်းဇူးတင္ပါတယ္.''
အျဖဴေကာင္က ေျပာေျပာဆိုဆိုျဖင့္ ဇြဲရဲ႕ပါးကို ႐ႊတ္ခနဲ နမ္းကာေျပး ထြက္သြားေလသည္။
လုပ္ျပန္ၿပီ။
ဟူး....တကယ့္မနိုင္စိန္ပါ အျဖဴရာ။
--------------vvvv----------
ေန႕လည္ခင္း ခနတျဖဳတ္နားရင္း ေမွးခနဲအိပ္ေပ်ာ္သြားသည္။
ျပန္နိုးလာေတာ့ ညေနသုံးနာရီ။
ခပ္ၾကာၾကာအိပ္ေပ်ာ္သြားတာဘဲ။
မနက္က လႈပ္လႈပ္ရွားရွား သြားသြားလာလာ လုပ္လိုက္ေတာ့ ပင္ပန္းသြား လို႔ထင္သည္။
ဇြဲေတာင္ဒီေလာက္ဆိုရင္ ေျပးလႊားခုန္ေပါက္ေနခဲ့တဲ့ အျဖဴဆိုရင္ ဘယ္ေလာက္မ်ားေနမလဲ။
ေန႕လည္လဲမနားရဘဲ ဂ်ဴတီဆက္ဝင္ေနတာ။
ခဗ်ာ ပင္ပန္းရွာမွာဘဲ။
တီ ခနဲ မက္ေတ့အသံေၾကာင့္ ဖုန္းကိုၾကည့္လိုက္သည္။
အျဖဴေကာင္ဆီကမက္ေဆ့...။
အသက္ရွည္အုံးမယ္ ဒီေကာင္။
အခုေလးတင္ သူ႕အေၾကာင္းေတြးေနတာမဟုတ္လား။
ၾကည့္လိုက္အုံးမယ္.... ဘာတဲ့။
"လြမ္းလိုက္တာ... Daddy အုကဲေလးရာ...'' တဲ့
ၾကည့္... လုပ္လာျပန္ၿပီ၊ ဒီေကာင္အေတာ္အားေနတယ္ထင္ပါ့။
ခနေလး သနားစိတ္ေတာင္ ဝင္ေပးလို႔မရဘူး။
ေဖာက္လာျပန္ၿပီ။
မက္ေဆ့နဲ႕ ရန္ျဖစ္ေပးရအုံးမည္။
"အလုပ္မလုပ္ဘူးလား..အေတာ္အားေနတာလား..... ဂ်ဴတီကဘယ္မွာလဲ...''
"အားတာပါ့.... ဘာအလုပ္မွမရွိဘူး... ပ်င္းတာႀကီး... ႐ုံးႀကီး.. ကားပါကင္မွာ....''
"အားရင္... ဂိမ္းေဆာ့ေနပါ့လား.. ငါ့ကိုလာႏွောက္ယွက္မေနနဲ႕.. ငါမအားဘူး....''
"ဘာမအားတာလဲ... အူးအိပ္ေနတာမဟုတ္လား... မညာနဲ႕..''
"အိပ္မေနဘူး... ငါ႐ုံးပ်က္တဲ့ရက္ေတြက.. အလုပ္အေႂကြးေတြလုပ္ေနတာ.. ခုထိေတာင္ မၿပီးေသးဘူး...''
"ေသခ်ာလို႔လား... သားရဲ႕ႏွလုံးသားထဲက... အူးအိပ္ေနတယ္လို႔.. ခံစားၿပီးသိေနတာေနာ့္...''
"ေသာက္ပိုေတြေျပာမေနနဲ႕ ၊ဒါဘဲ ၊ငါအလုပ္လုပ္အုံးမယ္''
"အူး... ညစာဘာဟင္းခ်က္မလဲ... သား.. အူးလက္ရာမစားရတာ.. ၾကာၿပီ... ခ်က္ေကြၽးပါအုံး...''
"ငါခ်က္ခ်င္ရာခ်က္မွာပါ့...''
"အူးကလဲဗ်ာ... ကိုယ့္ခ်ာတိတ္ေလး.. ဘာစားခ်င္လို႔လဲ... အူးဘာခ်က္ေကြၽးရမလဲဆိုတာမ်ိဳးေလး... ေျပာပါလား... roလို႔ကိုမရဘူး...''
"ေဟ့... roခ်င္ရက္အစကတည္းက.. အဲ့လိုဟာေတြသြားႀကိဳက္ေလ.. ငါေတာ့ မroတတ္ဘူး... ရွင္းတယ္ေနာ္... ၿပီးရင္.. ငါစားခ်င္တာငါခ်က္မွာ... စားနိုင္ရင္စား...စကားမရွည္နဲ႕...''
"ရတယ္ အူးခ်က္တဲ့လက္ရာ ဘာမဆိုစားမယ္...''
"ၿပီးတာဘဲေလ...''
အျဖဴေကာင္ကို အနိုင္နဲ႕ပိုင္းၿပီး ထားခဲ့လိုက္သည္။
ေနပါအုံး... ဟင္းခ်က္မယ္ဆိုမွ.. ဘာဟင္းခ်က္ရပါ့မလဲ။
ေတာ္ၿပီ... တျခားဘာမွမခ်က္ေတာ့ပါဘူး။
မာလာရွမ္းေကာဘဲ လုပ္စားေတာ့မယ္။
ခဗ်ားတို႔မွတ္မိရဲ႕လား။ မာလာရွမ္းေကာက ဘယ္သူ႕အႀကိဳက္လဲလို႔။
ကဲ..လမ္းထိပ္ကေစ်းကို ခနေျပးၿပီး လိုတာေလး သြားဝယ္အုံးမယ္ဗ်ာ။
----------vvvvvv-----------
ညေန၄နာရီ....။
အျဖဴေကာင္ရဲ႕ ဂ်ဴတီက ၅နာရီေလာက္မွ ၿပီးမည္ထင္သည္။
အျဖဴေကာင္ကို ေစာင့္ရင္း မာလာရွမ္းေကာအတြက္ လိုအပ္သည္မ်ား လွီးခြၽတ္ျပင္ဆင္ေနလိုက္သည္။ ခ်ာတိတ္ကို
ျပန္ေရာက္တဲ့အခ်ိန္မွ ပူပူႏြေးႏြေး လုပ္ေကြၽးရမည္။
ေဟာ.....။အိမ္ေရွ႕က လူေခၚေခါင္းေလာင္းသံထြက္လာသည္။
အျဖဴေကာင္ ျပန္လာၿပီထင္သည္။
ဝင္စရာရွိတာကို ဝင္မလာဘဲ ဘဲလ္ကိုဆက္တိုက္တီးေနေလသည္။
အဲဒါေတြမႀကိဳက္တာပါဆို။
ကေလးကလား အရမ္းလုပ္တဲ့အျဖဴေကာင္ဘဲ။
"ေအး... အဲ့မွာအသားကုန္တီးေနလိုက္... ဝင္စရာရွိတာဝင္မလာဘဲနဲ႕
...အေတာ္အားေနတယ္ထင္တယ္...''
ေျပာေျပာဆိုဆို ျဖင့္ အိမ္တံခါးကို ဆြဲဖြင့္ေပးလိုက္သည္။
"ဟင္... အန္တီ....''
ေတြ႕လိုက္ရသည္က အျဖဴေကာင္မဟုတ္။
အျဖဴေကာင္ေလးရဲ႕ အေမႀကီး။
႐ုတ္တရက္မို႔ ဇြဲ အံ့အားသင့္ၿပီး ေၾကာင္ၾကည့္ေနမိသည္။
"ငါေျပာစရာရွိလို႔လာတာ... အိမ္ထဲခနဝင္လို႔ရလား...''
"ေအာ္. ..ဟုတ္... ဝင္ပါ... အန္တီ... ဝင္ပါ..''
အျဖဴ႕အေမႀကီးက ဇြဲကို တခ်က္ဘုၾကည့္ ၾကည့္ၿပီး ဧည့္ခန္းထဲဝင္သြားသျဖင့္ ဇြဲလဲ လိုက္ဝင္သြားလိုက္သည္။
"မေမွ်ာ္လင့္ထားတဲ့ဧည့္သည္ဆိုေတာ့.... စိတ္ပ်က္သြားမွာဘဲ...''
"ျမန္မာ့ယဥ္ေက်းမႈမွာ...ကိုယ့္ဆီလာတဲ့ဧည့္မွန္သမွ်ကို... ႀကိဳဆိုရမယ္လို႔.. သင္ထားၿပီးသားပါ... စိတ္ပ်က္စရာမရွိပါဘူး.. တစ္ခုခုသုံးေဆာင္ပါအုံးအန္တီ...''
လာျခင္းေကာင္းတဲ့ အေၾကာင္းမဟုတ္တာကို ဇြဲခံစားလို႔ရေနသည္။
ယဥ္ေက်းမႈႏွင့္အတူ ခပ္ေခ်ေခ် ျပန္ဆက္ဆံဖို႔ အသင့္ျပင္ထားလိုက္သည္။
"ေနပါေစ... ဘာမွမသုံးေဆာင္ခ်င္ပါဘူး... အခုလာတာ... ေျပာစရာအေၾကာင္းရွိလို႔ဆိုတာ... သိမွာပါ...''
"ဟုတ္ကဲ့... သိပါတယ္... ေျပာစရာမရွိဘဲကြၽန္ေတာ့ကို... အေပ်ာ္လာေတြ႕စရာမွမဟုတ္တာ... ေျပာပါအန္တီ... ဒါေပမဲ့ တစ္ခုေတာ့ရွိတယ္... ရွိုင္းက.. အန္တီ့အတြက္.. တန္ဖိုးထားရတဲ့သားတစ္ေယာက္ဆိုရင္... ကြၽန္ေတာ္ကလဲ.. ကြၽန္ေတာ့အေမအတြက္.... တန္ဖိုးမျဖတ္နိုင္တဲ့.. သားတစ္ေယာက္ျဖစ္တယ္ဆိုတာသိထားၿပီး.. စကားေျပာရင္..သားသမီးခ်င္း.. ကိုယ္ခ်င္းစာၿပီး... ေျပာေပးပါအန္တီ... ေက်းဇူးျပဳၿပီးေတာ့ေပါ့..''
ဆိုဖာမွာ ဝင္ထိုင္ရင္း ခပ္တည္တည္ေျပာလိုက္တဲ့ ဇြဲရဲ႕စကားေၾကာင့္ အျဖဴ႕အေမက ႏႈတ္ခမ္းကို႐ြဲ႕ၿပီး တုံ႕ျပန္သည္။
"ေအး... အခုငါကလဲ.. မိဘခ်င္းကိုယ္ခ်င္းစာဖို႔လာေျပာတာဘဲ... ဘာမွအပိုမပါဘူး.. ငါ့သားကအခု... မင္းနဲ႕ကိစၥကိုခြင့္မျပဳရင္.. ဒီအလုပ္ကထြက္မယ္ဆိုၿပီးၿခိမ္းေျခာက္ေနလို႔.. ငါတို႔က.. အခုမသိခ်င္ေယာင္ေဆာင္ၿပီးလႊတ္ေပးလိုက္ရတာ... ဒီအလုပ္ရဖို႔အတြက္ငါတို႔ရင္းႏွီးခဲ့ရတဲ့အရင္းအႏွီးကမနဲဘူး... ၿပီးေတာ့... ငါတို႔တစ္အိမ္လုံးလဲ.. အခုခ်ိန္မွာ.. သူ႕လုပ္စာနဲ႕.. မွိခိုေနရတာဆိုေတာ့... ဒီအလုပ္ကထြက္ျပစ္ဖို႔ဆိုတာ.. ဘယ္လိုမွ.. မျဖစ္နိုင္ဘူး.. မင္းမွာလဲမိဘရွိတာဆိုေတာ့ကိုယ္ခ်င္းစာမွာပါ... ဒီသားတစ္ေယာက္အေပၚမွီခိုေနရတဲ့... မိဘရဲ႕စိတ္ကို...''
"ဟုတ္ကဲ့... နားလည္ပါတယ္... အခုကြၽန္ေတာ့ကို... ဒါေတြလာေျပာေနတာက... ဘာအတြက္လဲဆိုတာကိုသာ... လိုရင္းေျပာပါအန္တီ....''
"လိုရင္းကေတာ့... သူအလုပ္ကမထြက္ေအာင္... မင္းအေနနဲ႕... တားေပးပါ...မင္းစကားဆို..ငါ့သားက.. နားေထာင္မွာဘဲေလ.. ဒါဆိုငါတို႔ဘက္ကလဲ... မင္းနဲ႕ကိစၥကို... မသိခ်င္ေယာင္.. ေဆာင္ေပးထားမယ္... ဘယ္လိုလဲ...''
"အန္တီတို႔အဓိကရည္႐ြယ္ခ်က္က... ရွိုင္းအလုပ္က.. မထြက္ဖို႔ဘဲမဟုတ္လား... စိတ္ခ်ပါ... ကြၽန္ေတာ္.. တတ္နိုင္သမွ်.. ေျဖာင္းဖ် ေပးပါ့မယ္... ဒါေပမဲ့... ကြၽန္ေတာ္တို႔ကိစၥကို... မသိခ်င္ေယာင္ေဆာင္ေပးစရာမလိုပါဘူး...အန္တီ.. ဘာလို႔လဲဆိုေတာ့... ဘယ္သူေတြသိသိမသိသိ... ဘယ္သူေျပာေျပာမေျပာေျပာ... ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕... ခ်စ္ျခင္းက... ေျပာင္းလဲသြားမွာမဟုတ္လို႔ပါခဗ်...''
"မင္းကို... အေပးအယူလုပ္ေနတာမဟုတ္ဘူး... လက္ရွိအေနအထားအရ... ငါ့သားဘက္ကအ႐ူးအမူးျဖစ္ေနတဲ့အခ်ိန္ေလးခနကို... တျခားျပႆနာေတြမျဖစ္ေစခ်င္လို႔.. လာေျပာတဲ့သေဘာဘဲ...
အခုခ်ိန္မွာ... ဘယ္လိုအရာမ်ိဳးနဲ႕ဆြဲေဆာင္ထားလို႔.. စြဲလန္းေနမွန္းမသိရတာေလ... သဘာဝမဟုတ္တဲ့အရာကို.. ငါ့သားကဘယ္အခ်ိန္ထိမ်ား.. စြဲလန္းေနမယ္ထင္လို႔လဲ... ေအး... အဲ့အခ်ိန္ေရာက္လာရင္ေတာ့.. ငါ့သားကိုဖက္တြယ္မေနဘဲ... လႊတ္ေပးပါေအ... ''
"စိတ္ခ်ပါအန္တီ... ကြၽန္ေတာ္ဆိုတဲ့လူက.. ကိုယ့္အတြက္မဟုတ္ေတာ့တဲ့အရာကို.. ေသာ့ခတ္ၿပီးသိမ္းမထားတတ္ပါဘူး... အန္တီ့သားဘက္က.. ဟင္အင္းဆိုတဲ့ေန႕... ကြၽန္ေတာ့ဘက္က... ဘာမွပါတ္သတ္မႈမရွိေစရဘူး....''
"ဟုတ္ၿပီေလ... ဒီၾကားထဲအခ်ိန္ေတြမွာေတာ့... ငါ့သားကိုလႊတ္ထားေပးရမွာဘဲ... ဒါေပမဲ့... မင္းသိထားပါ... မင္းအနားက... ဆြဲထုတ္နိုင္ဖို႔... ငါတို႔အခ်ိန္ျပည့္... ႀကိဳးစားေနတယ္ဆိုတာကို....''
"ဟုတ္ကဲ့... အန္တီတို႔လုပ္စရာရွိတာလုပ္ပါ... ကြၽန္ေတာ့္ဘက္ကေတာ့... ေပးထားတဲ့ကတိတည္ေနမွာပါ... ေျပာစရာကိစၥကုန္ပါၿပီလားခဗ်ာ...''
"ကုန္ၿပီ... ကုန္ၿပီ... ဟြန္း...''
အျဖဴ႕အေမႀကီးက ဇြဲရဲ႕စကားေၾကာင့္ စိတ္တိုေနသည့္ပုံစံျဖင့္ ထိုင္ေနရာမွာ ေစာင့္ႀကီးေအာင့္ႀကီးျဖင့္ထသြားေလ သည္။
"ေနအုံး... ငါ့ပါးစပ္နဲ႕ေျပာရမွာ... မသတီေပမဲ့... ငါ့သားအတြက္ေတာ့... ေျပာရအုံးမယ္... မင္းတို႔အေျခာက္ေတြ..ဝါသနာအရမ္းပါတဲ့ကိစၥမ်ား....ငါ့သားနဲ႕... လုပ္ၾကမယ္ဆိုရင္... အကာအကြယ္သုံးပါ... ငါ့သားႏုႏုထြတ္ထြတ္ေလး...Aကိုက္မခံနိုင္လို႔... သေဘာေပါက္ပါတယ္ေနာ္...''
အိမ္ေပါက္ဝမွာရပ္ၿပီး မၿပီးနိုင္မဆုံးနိုင္ ေျပာလာသည့္ ထိုဘြားေတာ္ရဲ႕စကားက ဇြဲရဲ႕ သိကၡာေတြကို တစ္စစီ စုတ္ၿဖဲေနျပန္သည္။
မခံခ်င္စိတ္တို႔က ျပန္ေျပာစရာစကားလုံးမ်ားကို အဆင္သင့္ ျဖစ္ေစခဲ့သည္။
"အေျခာက္ဆိုတဲ့စကားနဲ႕မေစာ္ကားပါနဲ႕အန္တီ... ေယာက်ာ္းေလးခ်င္းခ်စ္တာကို... အေျခာက္လို႔စြပ္စြဲရင္... အန္တီ့သားလဲအေျခာက္ပါဘဲ... ေနာက္တစ္ခုက.. အေျခာက္တိုင္း.. ေတြ႕ကရာေယာက်ာ္းနဲ႕....ျဖစ္ေနတယ္လို႔ထင္ေနရင္မွားပါလိမ့္မယ္... အေျခာက္ဆိုတာနဲ႕... အိပ္ယာေပၚက..ကိစၥကို.. တန္းၿပီးျမင္ေနတဲ့အန္တီတို႔ရဲ႕စိတ္ကို.. ျပန္ျပင္လိုက္ပါအုံး... အန္တီ့သားAကိုက္တာမျဖစ္ေစခ်င္ရင္... ကြၽန္ေတာ့အနားက.. ခပ္ျမန္ျမန္ေလးဆြဲထုတ္သြားပါအန္တီ.. အခ်ိန္ၾကာေလေလ.. ကြၽန္ေတာ္ဘာလုပ္မိမယ္ဆိုတာ... အာမ.. မခံနိုင္ေလေလျဖစ္ေနလို႔ပါ...''
"ေတာက္....ဝုန္း...''
ဇြဲရဲ႕စကားက ထိုဘြားေတာ္ရဲ႕ အရွိုက္ကိုထိသြားသည္ထင္သည္။
ေတာက္တစ္ခ်က္ ခပ္ျပင္းျပင္း ေခါက္ၿပီး တံခါးကိုေစာင့္ပိတ္ကာ ထြက္သြားေလေတာ့သည္။
ဟူး.... ရင္ေတြေမာပါတယ္အျဖဴေလးရာ။
ဒီေလာက္ထိခက္ခဲတဲ့ အရာမွန္းသိေနတာေတာင္ ငါမင္းကို မစြန့္လႊတ္နိုင္ပါလား။
မင္းကငါ့အတြက္ ဘုရားေပးတဲ့ဆု ဆိုရင္ေတာင္ ေနာက္ကကပ္ပါလာတဲ့ အပူေတြက ငါ့ရဲ႕အတိတ္ဘဝက အကုသိုလ္ေတြေၾကာင့္ ျဖစ္မွာပါ။
ဘာဘဲ ျဖစ္ျဖစ္ပါ။
သိပ္ခ်စ္လြန္းလို႔ တြဲခဲ့ၿပီးတဲ့ လက္တစ္စုံကိုေတာ့ ဘယ္အေၾကာင္းနဲ႕မွ ျဖဳတ္မွာမဟုတ္ပါဘူး။
မင္းေရာ္... ငါ့ကိုဒီလိုစိတ္မ်ိဳးနဲ႕.. ခ်စ္နိုင္ပါ့မလား အျဖဴေလးရာ။
သစၥာဆိုတဲ့ စကားလုံးေလးရဲ႕ အဓိပ္ပါယ်ကို အလ်င္းသင့္တဲ့အခ်ိန္ ငါမင္းကို ရွင္းျပရအုံးမယ္။
"တည္ေဆာက္ခဲ့တဲ့အရာတိုင္းဟာ သစၥာနဲ႕သာဖန္တီးခဲ့မယ္ဆိုရင္ ဘဝသံသရာလည္ေနသမွ် ခိုင္ၿမဲေနမယ္လို႔ ငါယုံၾကည္တယ္'' ဆိုတဲ့အေၾကာင္းေလးကိုေပါ့ကြာ..............။
--------အပိုင္း(၃၇)ဆက္ရန္----------------------
#သစၥာျဖင့္ဖန္တီးေသာ
#ဇြဲသူရိန္
#ရွိုင္းဝဏၰ