နှလုံးသားကို အရင်းတည်၍ ချစ်ခဲ...

By WuitYee5

199K 6.5K 680

နှောင်းရိပ်ဆိုတဲ့ ကျွန်တော့်မှာ အချစ်ဆိုတာ ကိုကိုနဲ့တွေ့မှ ဒီနှလုံးသားလေးက ခံစားတတ်လာတာပါဗျာ... ကျွန်တော် ကို... More

Please read
Chapter 1 (Unicode)
Request
Chapter 2(Unicode)
Chapter 3(Unicode)
Chapter 1(Zawgyi)
Chapter 2( Zawgyi)
Chapter 3(Zawgyi)
Chapter 4(Unicode)
Chapter 4(Zawgyi)
Chapter 5(Unicode)
Chapter 5(Zawgyi)
Chapter 6(Unicode)
Chapter 6(Zawgyi)
Chapter 7(Unicode)
Chapter 7(Zawgyi)
Chapter 8(Unicode)
Chapter 8(Zawgyi)
Chapter 9(Unicode)
Chapter 9(Zawgyi)
Chapter 10(Unicode)
Chapter 10(Zawgyi)
Chapter 11(Unicode)
Chapter 11(Zawgyi)
Chapter 12(Unicode)
Chapter 12(Zawgyi)
Chapter 13(Unicode)
Chapter 13(Zawgyi)
Chapter 14(Unicode)
Chapter 14(Zawgyi)
Chapter 15(Unicode)
Chapter 15(Zawgyi)
Chapter 16(Unicode)
Chapter 16(Zawgyi)
Chapter 17(Unicode)
Chapter 17(Zawgyi)
Chapter 18(Unicode)
Chapter 18(Zawgyi)
Chapter 19(Unicode)
Chapter 19(Zawgyi)
Chapter 20(Unicode)
Chapter 20(Zawgyi)
Chapter 21(Unicode)
Chapter 21(Zawgyi)
Apologizing😿😿
Chapter 22(Unicode)
Chapter 22(Zawgyi)
Chapter 23(Unicode)
Chapter 23(Zawgyi)
Chapter 24(Unicode)
Chapter 24(Zawgyi)
Chapter 25(Unicode)
Chapter 25(Zawgyi)
Chapter 26(Unicode)
Chapter 26(Zawgyi)
Chapter 26 part 2(Zawgyi)
Chapter 27 (Unicode)
Chapter 27(Zawgyi)
Chapter 27(Zawgyi) part 2
Just a knowledge
Chapter 28(Unicode)
Chapter 28(Zawgyi)
Chapter 29(Unicode)
Chapter 29(Zawgyi)
Chapter 30(Unicode)
Chapter 30(Zawgyi)
Chapter 31(Unicode)
Chapter 31(Zawgyi)
Chapter32(Unicode)
Chapter32(Zawgyi)
Chapter33(Unicode)
Chapter 33(Zawgyi)part 1
Chapter 33(Zawgyi)part 2
Chapter 34(Unicode)
Chapter 34(Zawgyi)
Chapter 35(Zawgyi)
Announcement from author
Chapter 36(Unicode)
Chapter 36(Zawgyi)
Chapter 37(Unicode)
Chapter 37(Zawgyi)
Chapter 38(Unicode)
Chapter 38(Zawgyi)
Chapter 39(Unicode)
Chapter 39(Zawgyi)part 1
Chapter 39(Zawgyi)part 2
Chapter 40(Unicode)
Chapter 40(Zawgyi)
Chapter 41(Unicode)
Chapter 41(Zawgyi)part 1
Chapter 41(Zawgyi)part 2
Chapter 42(Unicode)
Chapter 42(Zawgyi)
Chapter 43(Unicode)
Chapter 43(Zawgyi) part 1
Chapter 43(Zawgyi)part 2
Chapter 44(Unicode)
Chapter 44(Zawgyi)
Chapter 45(Unicode)
Chapter 45(Zawgyi)
Chapter 46(Unicode)
Chapter 46(Zawgyi)
Chapter 47(Unicode+Zawgyi)
Chapter 48(Unicode+Zawgyi)
Chapter 49(Unicode+Zawgyi)
Chapter 50(Unicode+Zawgyi)
Chapter 51(Unicode+Zawgyi)
Chapter 52(Unicode+Zawgyi)
Chapter 53(Unicode+Zawgyi)
Long Time No See My loves
Chapter54(Unicode+Zawgyi)
Chapter 55(Unicode+Zawgyi)
Chapter56(Unicode+Zawgyi)
Chalter57(Unicode+Zawgyi)
Chapter 58(Unicode+Zawgyi)
Chapter 59(Unicode+Zawgyi)
Chapter 60(Unicode+Zawgyi)
Chapter 61(Unicode+Zawgyi)
Chapter 62(Unicode+Zawgyi)
Chapter 62(Zawgyi part 2)
Chapter 63(Unicode+Zawgyi)final
Chapter 63(Zawgyi final part 2)
Thanks
New novel announcement
Announcement

Chapter 35(Unicode)

2.1K 98 24
By WuitYee5

နှောင်းရိပ် မငိုချင်ပါဘူး မောင်..

ဒီနေ့က မောင့်မွေးနေ့လေ...

မောင့်မွေးနေ့မှာတော့ နှောင်းရိပ် ဘယ်လောက်ဘဲ ငိုချင်နေပါစေ..ဘယ်လောက်ဘဲ စိတ်ညစ်နေပါစေ ပျော်အောင်နေမယ်နော်...

မောင့်အတွက်မို့...မောင့်ကို ချစ်လွန်းလို့ပါ မောင်ရယ်...

ချောင်မှာ ကုပ်ထိုင်နေသော နှောင်းရိပ်ရဲ့ ရှေ့ကို အရိပ်တစ်ခုကျရောက်လာသောကြောင့် နှောင်းရိပ်ကိုယ်လေး အနည်းငယ်တုန်သွားလေသည်။

အရိပ်ထဲကနေ မြင်လိုက်ရတာက ထိုလူရဲ့ လက်က နှောင်းရိပ်စီကို လှမ်းလာနေသောကြောင့် နှောင်းရိပ်လည်း ကြောက်အားလန့်အားနဲ့

'ဟင့်အင်း...မလာ..မလာပါနဲ့...နှောင်း..နှောင်းရိပ်..တောင်းပန်ပါတယ်....ဒီလို ရှိခိုးပြီး..တောင်း..တောင်းပန်ပါတယ်...'

'ဆရာကတော်...ဘယ်လိုတွေဖြစ်နေတာလဲဟင်...'

စကားပြောသံကြားတော့မှ မျက်ရည်လေးဝဲကာ

'အန်တီ..မြ....??'

'အင်း..ဟုတ်ပါတယ်..ဒေါ်မြပါ...ဘယ်ကနေ..ဘယ်လိုဖြစ်လို့ ဆရာကတော်က ဒီမှာထိုင်နေရတာလဲ...'

'ဟို..ဟိုဟာ..ဘာ..ဘာမှ မဟုတ်ပါဘူး..အန်တီမြရယ်...'

'ဘာမှမဟုတ်ဘူးသာပြောတာ..ဆရာကတော့် ကြည့်ရတာ တစ်ခုခုကို လန့်နေသလိုဘဲ...တကယ်ရော အဆင်ပြေရဲ့လား...'

'ပြေပါတယ်..ဟို အန်တီမြ..နှောင်းရိပ်ထိုင်တာ ကြာသွားလို့ နှောင်းရိပ်ကိုထူပေးလို့ရမလားဟင်...ခြေထောက်က ကျင်နေလို့...'

'ရပါတယ်ရှင်..ကဲ...လာ...'

'ကျေးဇူးပါ အန်တီမြ....'

'ကောင်းကောင်းရပ်နိုင်ရဲ့လား...'

'အင်း...'

'အန်တီမြသွားတော့လေ..နှောင်းရိပ် ကိုယ့်ဘာသာဘဲ သွားတော့မယ်...'

'အင်း..ဒါနဲ့ ခဏနော်....'ဟုဆိုကာ ဒေါ်မြက နှောင်းရိပ် ကွယ်ရပ်နေသော နံရံဘက်ကို ကြည့်လိုက်ပြီး

'ဒါ..ဒါက..!!ဆရာကတော်..အင်္ကျီအနောက်က...ဘယ်လို ဖြစ်ရတာလဲ...???'

'ဗျာ...အော်...ဘာမှမဖြစ်ပါဘူး...ဒီတိုင်း သံနဲ့ ငြိပြီး ပြဲသွားတာပါ..'

'မဖြစ်နိုင်တာ..ဒေါ်မြကိုပြောပါ..ဆရာ..ဆရာလုပ်လိုက်တာလား...'

'မောင်??မဟုတ်ပါဘူးဗျာ..ကဲပါ..အန်တီမြ အခုလို နှောင်းရိပ်ကို စိတ်ပူပေးလို့ ကျေးဇူးပါ..အခု နှောင်းရိပ် အင်္ကျီလဲရဦးမယ်..သွားတော့မယ်နော်...'

နှောင်းရိပ်လည်း စကားလက်စ မြန်မြန်ဖြတ်ကာ အပေါ်ထပ်သို့တက်ကာ အင်္ကျီ အဖြူလက်ရှည်လေး တထည်ကိုလဲကာ ဘောင်းဘီနဲ့ အဆင်ပြေအောင် ပြန်ပြင်ရင်း အောက်ထပ်ဆင်းလာလိုက်တော့သည်။

နှောင်းရိပ် အောက်ထပ်ဆင်းလာတော့ လူတစ်ယောက်နဲ့ တိုက်မိလေသည်။

ထိုတိုက်မိသော လူရဲ့ ရင်ခွင်ထဲကို နှောင်းရိပ်တိုးဝင်မိသလိုဖြစ်သွားတာပေါ့

'မင်းကန်းနေလား နှောင်းရိပ်...ကျစ်..'

'မောင်..sorryပါ..နှောင်းရိပ်လည်း လောလောလောလောနဲ့ ဆင်းလာလိုက်တာ...'

'မင်းကြည့်လိုက်ရင် အမြဲတမ်း ရှပ်ပျာရှပ်ပျာနဲ့...နေစမ်းပါဦး...အခု အပေါ်ကို ဘာတက်လုပ်တာလဲ...??ဒီလောက်အောက်မှာ ဧည့်သည်တွေများနေတာ..'

'ဟို..နှောင်းရိပ် အင်္ကျီ ငြိပြီး ပြဲသွားလို့ အင်္ကျီ သွားလဲနေတာပါ မောင်ရယ်...'

'အော်...'

'....'

'မင်းငါ့ကို ငေးလို့ပြီးဦးမှာလား...ပြီးတော့ ငါ့ကို ဒီလိုဘဲ တသက်လုံးဖက်ထားမလို့လား...'

'အာ...ဟိ..ဒါနဲ့ တသက်လုံး ဖက်ထားလို့ရလားဟင်..'

'ကျစ်..ဖယ်စမ်းပါ...သွား..ကိုယ့်အလုပ်ကိုယ်သွားလုပ်...'

'ဟုတ်ကဲ့..ဟုတ်ကဲ့..ဟွန့်..'

'မင်းငါ့ကို ရွဲ့နေတာလား...နှောင်းရိပ်..!!'

'ဟိ..ချစ်လို့စတာပါဗျာ...'

'မင်း...!!'

'သား...'

'ဗျာ..အော်..ဖေဖေ..ဘယ်တုန်းကရောက်နေတာလဲဟင်...??သားတောင်မသိလိုက်ဘူး...'

'စောစောကလေးတင်မှပါ..ဒါနဲ့ ဒီကလေးက...'

'ဟိတ်ရောင်..မင်းမေးနေတယ်လေ..ဖေဖေ့ကို နှုတ်ဆက်လိုက်...တကယ်ဘဲ လူ့ကျင့်ဝတ်ကို နားမလည်တာလား...'

'ဟွန့်...မောင်ကလည်း...ဒီက ဦးဦး..မင်္ဂလာပါဗျ..သားက နှောင်း...'

'အော်..ကျက်သရေတုံးကောင်ဘဲ...တော်ပြီ..မိတ်မဆက်နဲ့တော့..မိတ်ဆက်လည်း အပိုဘဲ..ငါက မင်းကို ငါ့မိသားစုဝင်အဖြစ်မသတ်မှတ်နိုင်တော့..ဟက်...'

'ဗျာ..!!!'

'ကဲပါ..ဖေဖေရာ..သွားရအောင်ပါ..ဟိုမှာ ဖေဖေ့ဧည့်သည်တွေလည်းရောက်နေပြီ..လာ..သွားနှုတ်ဆက်ရအောင်လေ..'

'ကောင်းပြီ..ဒါနဲ့ သမီးရော...??'

'သမီး..??'

'ကေသရီလေးလေ..စောစောက ပွဲထဲမှာ တွေ့လိုက်သလိုဘဲ...သားလည်း သမီးကိုသွားရှာလိုက်ဦး...'

'အော်..ဟုတ်ကဲ့...ဟုတ်ကဲ့...'

ဒီမြင်ကွင်းကို ကြောင်အအနဲ့ ငေးကြည့်နေမိတာတော့ နှောင်းရိပ်ပါလေ...

အော်...မောင်ရယ်..တခါတလေလောက်တော့ မောင့်ရဲ့ အရေးပေး ဂရုစိုက်မှုလေးတော့ နှောင်းရိပ်ခံချင်ပါသေးရဲ့

'နှောင်းရိပ်...ဟိတ်..!!!'

'ဗျာ...မောင်...'

'သွား..ငိုင်မနေနဲ့..အလုပ်သွားလုပ်..စားစရာတွေ ချစရာရှိတာချဦး..အားလုံးကို လိုက်ပြောမနေရစေနဲ့...'

'ဟုတ်..ဟုတ်ကဲ့...'

ပြောပြီးတာနဲ့ ချာကနဲ လှည့်ထွက်သွားသော ကျွန်တော့်ရဲ့ ချစ်ရပါသော ခင်ပွန်းပါလေ...

မောင်က ကေသရီစီသွားတာဘဲ..

ကေသရီကလည်း မောင့်လက်မောင်းကို ပြုတ်ထွက်မတတ် ချိတ်ထားလိုက်တာ...

ကျွန်တော်ရှိသေးတယ်လေ ကိုကို...အဲ...အခုတော့ အဲ့လိုလေး စိတ်ထဲက ခေါ်မယ်နော် ကိုကို...

ကိုကိုကတော့ သူငယ်ချင်းတွေ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ စားသောက်ပျော်ပါးနေတဲ့ အချိန် နှောင်းရိပ်ကတော့ ပွဲထဲမှာ ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ တစ်ယောက်တည်း အလုပ်ရှုပ်နေတော့တာပေါ့...

'ဟူး...မောလိုက်တာ...ဟင်း...'

မောလို့ဆိုပြီး စားပွဲခုံလေးကို လက်ထောက်ကာ ခဏနားနေသော နှောင်းရိပ်မှာ သူ့ရဲ့ သိပ်ချစ်လှပါသော လူသားလေးကိုလည်း ငေးဖို့ မမေ့ခဲ့ပါ..

'အဝေးကကြည့်တာတောင် ကိုကိုက ချောရက်လိုက်တာ...ဟိ..ဒါကြောင့် ဒီက ကိုကို့ရဲ့ အကောင်ပေါက်က အရမ်းသဝန်တွေတိုနေရတာ...ဟိ...'

'ဟယ်..ဆရာကတော်..မောနေပြီလား..ဒီမှာ အသီးဖျော်ရည်လေး..ဖြည်းဖြည်းချင်းသောက်လိုက်ဦး..'

'ကျေးဇူးပါဗျ..'

နှောင်းရိပ်လည်း ဒေါ်မြပေးတဲ့ အအေးကို သောက်နေစဉ်..

'စောစောက ဆရာကတော် ဆရာ့ကို လှမ်းပြီးခိုးငမ်းနေတာမလားဟင်...ပြီးတော့ ချောလိုက်တာဆိုပြီးပြောလိုက်သေးတယ်မလား...'

'အဟွတ်..အဟွတ်..!!'

'အမလေး..ဆရာကတော်ရယ်..နားနားပြီး သောက်ပါဆိုတာကို..'

'ဟူး..ဘာမှ မဖြစ်ပါဘူး..ဒါနဲ့ နှောင်းရိပ်ပြောတာကို ကြားသွားတာလား အန်တီမြ..'

'အင်း..အကုန်နီးပါးပေါ့..'

'အမလေး..ရှက်လိုက်တာဗျာ..'

'ဟား..!!'

'အန်တီမြကလည်း..ဟွန့်..'

'ကဲ...အားလုံးဘဲ..တဆိတ်လောက်နားထောင်ပေးကြပါဦးဗျ..'

'အယ်..အန်တီမြ..အဲ့ မိုက်နဲ့ကြေညာနေတဲ့သူက အကို အောင်ထက်လေ..ဟိုတစ်နေ့ကမှ မင်္ဂလာဆောင်ထားတာ..'

'အော်..အိမ်ကို ဖိတ်စာလာဖိတ်တဲ့ တစ်ယောက်မလား..'

'အင်း..အဲ့အကို ဘာပြောမလဲ မသိဘူး..နားထောင်ကြည့်ရအောင်...'

'ကောင်းပါပြီရှင်..'

'ဟို..ကျွန်တော့် သူငယ်ချင်းကြီးရဲ့ birthday ကို ပထမဦးဆုံး ဂုဏ်ပြုပေးချင်ပါတယ်...'

'သားကြီးရေ..happy birthday ပါကွာ...ကဲ..ဆန္ဒတွေပြည့်ဝပြီးတော့..အကောင်းဆုံးဘဝကို ပိုင်ဆိုင်နိုင်ပါစေကွာ...'

'ကျေးဇူးပါကွာ...'

ဒီလိုနဲ့ဘဲ မောင့်ရဲ့ သူငယ်ချင်းတွေ မောင့်ရဲ့ အသိမိတ်ဆွေတွေက မောင့်အတွက် ဆုတောင်းပေးကြတယ်...

'ကဲ..သားကြီးရေ..ငါကတော့ ဘာမှ ပြောစရာစကားတောင် မရှိတော့ဘူးကွာ..အရှေ့က လူတွေက အကုန်ပြောသွားတော့တာ..ဟက်..တစ်ခုတော့ ဆုတောင်းပေးချင်တယ်...မင်းရဲ့ ချစ်ဖို့ကောင်းတဲ့ ဇနီးလေး..ကလေးတွေ တပြွတ်ပြွတ်မွေးနိုင်အောင် စွမ်းဆောင်နိုင်ပါစေလို့...'

ပြောလည်းပြော မျက်စောင်းကိုလည်း နှောင်းရိပ်ရှိရာဘက်သို့ ပြစ်ထိုးနေသော အကို ကောင်းခန့်ကြောင့် နှောင်းရိပ်မှာ အရှက်ပိုရသည်။

'ဟာ...!!!'

'ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့ ပြောဦးလေကွာ...!!!'

'ဟား...!!'

'ဖြောင်း..ဖြောင်း..ကြိုက်တယ်ဟေ့...!!'

ကိုကိုတော့မသိပေမယ့် နှောင်းရိပ်မှာတော့ ရှက်မိသည်။

ခဏနေတော့ အကို ကောင်းခန့်က အနားရောက်လာကာ

'ကဲ..နှောင်းလေး..ကိုကိုကြီးပြောတာ ကြားလိုက်တယ်မလား..အားရှိအောင်လုပ်ထားနော်..ဒါမှ အဟင်း...'

'ဟာ..အကိုကောင်းခန့်ကလည်း..ဘာတွေပြောနေတာလဲ မသိဘူး..နှောင်းရိပ်က ယောက်ျားလေးလေ..ဘယ်လို ကလေးမွေးမလဲ...'

'ဟက်..ပြောလို့မရဘူးလေ ..ကံတရားဆိုတာ ..အခုခေတ် နည်းပညာတွေကလည်း တိုးတက်နေတာဘဲကို..အဲ့အတွက် အားမွေးထားနော်..'

'ဟင်..အဲ့အတွက်..??'

'ပါပါးလေးတွေမွေးဖို့လေ...'

'ဟာ..အကိုရာ..တော်တော့..'

'ဟား..ဒေါ်မြလည်း သဘောတူတယ်ဟေ့...'

'ဟာ..ရှက်လွန်းလို့ မျက်နှာတောင် ဘယ်နားထားရမလဲ မသိတော့ဘူး...'

'အော်..ကလေးရယ်...ကိုယ့်ယောက်ျားရင်ခွင်ထဲ သွားထည့်ထားလိုက်ပေါ့..'

'အကိုကလည်းဗျာ...'

'ကဲပါ..မစတော့ဘူး..ဒါနဲ့ နှောင်းလေး..ဟို ..ဟို ကောင်မလေးလေ...ရှင်းစက်နားက တစ်ယောက်က ဘယ်သူလဲ..နှောင်းလေး သိလား..??'

'အော်..အဲ့ဒါလား..အကို မသိဘူးလား...??မောင်က အကို့ကို မပြောပြထားဘူးနဲ့တူတယ်...'

'နှောင်းလေး..ကိိုကိုကြီးကို မဖြေချင်လဲရပါတယ်ကွယ်..ဒီတိုင်းမေးလိုက်တာပါ..'

'ရပါတယ်ဗျာ...'

'ကဲ..အားလုံးဘဲ အခုလို သားရဲ့ မွေးနေ့ပွဲကိုကြွရောက်လာပေးတဲ့အတွက် အားလုံးကို ကျွန်တော်က ကျေးဇူးတင်ပါတယ်..ဒါနဲ့ သားကလည်း အားလုံးရှေ့မှာ ကိစ္စတစ်ခုကို အသိပေးစရာရှိလို့ပါတဲ့..တချက်လောက်နားထောင်ပေးကြပါဦးဗျ..'

'အားလုံးဘဲ...ကျွန်တော့်ရဲ့ မွေးနေ့လေးကို ကြွရောက်လာပေးတဲ့ ဂုဏ်သရေရှိလူကြီးတွေအားလုံးကို ထပ်ပြီး ကျွန်တော် ရှင်းစက်က ကျေးဇူးတင်ပါတယ်..နောက်ပြီး ကျွန်တော် ဒီနေ့ အားလုံး အရှေ့မှာ ကြေညာစရာတစ်ခုရှိပါတယ်...အားလုံးကို အသိပေးစရာရှိလို့ပါ...'

'....'

'ကျွန်တော် လက်ထပ်တော့ပါမယ်....'

ဒီစကားကို မောင်က နှောင်းရိပ်ရှိရာကို ကြည့်ကာ ပြောလိုက်ချင်းပင်..

တခဏတော့ နှောင်းရိပ် တုန်လှုပ်သွားမိတယ်...

'ဟင်...!!တကယ်..'

'ဝါး...!!'

'ဘယ်သူနဲ့လဲ..ပြောပါဦး..!!!'

'ဟုတ်ကဲ့ပါ...ဖေဖေကလည်း ပြောတယ်လေ...ကျွန်တော့် အသက်လည်း မငယ်တော့ဘူး..ပြီးတော့ ကျွန်တော့်ရဲ့ နောက်မျိုးဆက်လေးအတွက်ကြောင့်လည်း အခုလို လက်ထပ်ဖို့ ဖြစ်လာတာပါ...'

'ပြောပါဦး..ကံကောင်းတဲ့ ဖူးစာဖက်လေးက..ဘယ်သူလဲလို့..!!'

'ဟုတ်တယ်..သိချင်လှပြီဗျို့...!!!'

'ကောင်းပါပြီ..ကျွန်တော် ပြောပြပါ့မယ်...'

'သူက ကျွန်တော့်အပေါ်ကို အမြဲတမ်းနားလည်ပေးတယ်...

သည်းခံခွင့်လွှတ်ပေးတယ်...

ကျွန်တော့်ကိုလဲ အရမ်းချစ်တယ်....'

ရှင်းစက်ရဲ့ အကြည့်က နှောင်းရိပ်ကို ကြည့်နေရင်းနဲ့ ပြောနေခြင်းပင်

'သူက....'

မောင့်ရဲ့ နောက်ဆုံး ကြေညာချက်ကြောင့် နှောင်းရိပ်ရဲ့ နှလုံးသွေးတွေ ပြောင်းပြန်စီးဆင်းသွားသလို ခံစားခဲ့ရတယ်...

မောင် ပြောလိုက်တာက

'ကျွန်တော် လက်ထပ်မဲ့သူက...ကေသရီဆိုတဲ့ သူမပါဘဲ....'

ပြောလည်းပြော မောင်က သူမကို လက်တွဲကာ လူပုံအလည်မှာ ပြုံးကာ နှောင်းရိပ်ကို ကြည့်နေခဲ့တယ်...

'ဝါး...congratulations ပါဗျို့..!!'

'ဘယ်တော့ လက်ထပ်မလဲဟင်..presents တွေ ပြင်ထားရအောင်...!!'

'လိုက်ဖက်လိုက်တာ...!!'

ထိုစကားတွေ..ထိုကဲ့သို့သော စကားတွေ နှောင်းရိပ် မကြားချင်...ဟင့်အင်း..မကြားနိုင်တော့ပါ...

မောင်ရယ်...

မောင့်ရဲ့ အပြောအဆုံးမှာ အကို ကောင်းခန့်ရော အန်တီမြမှာ နှောင်းရိပ်နဲ့အတူ အံ့ဩတုန်လှုပ်ခဲ့ရတယ်...

'ဒါက ဘယ်လို ဖြစ်ရတာလဲ...'

'တောက်..!!ဒီကောင် ရူးများသွားပြီလား...'

'အိမ်ထောင်ရှိရက်နဲ့ တခြားတယောက်နဲ့ လက်ထပ်ဦးမယ်...အခုဘဲ ဒီကိစ္စကို သွားရှင်းရမယ်...'

မောင့်စီကို ဒေါသထွက်ထွက်နဲ့ သွားဖို့ပြင်နေသော အကိုကောင်းခန့်ကို နှောင်းရိပ်မှာ တားလိုက်ရသည်။

'ဟို..အကိုရယ်..မသွားပါနဲ့...'

'နှောင်းလေး...သူလုပ်တာကိုကြည့်ဦးလေး...တောက်..!!နှောင်းလေး ဒေါသမထွက်ဘူးလား..ဟင်..စိတ်မတိုဘူးလား...'

'နှောင်း..နှောင်းရိပ် ဘာမှ မဖြစ်ပါဘူး..'

'ဆရာကတော်ရယ်..ဟင်း..'

'နေပါဦး..မဟုတ်မှ နှောင်းလေးက သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို အစတည်းက သိနေတာလား..ဟုတ်တယ်မလား..ဒါကြောင့်​ စောစောက ကိုကိုကြီး မေးတော့ နှောင်းလေး မျက်နှာပျက်သွားတာမလား...ဟင်..'

'.....'

'ဟာကွာ...ဒီကောင်...!!'

'အကိုရယ်..နှောင်းရိပ် တောင်းပန်ပါတယ်...'

'ဒါက ..ဒါက မဖြစ်သင့်ဘူးလေကွာ..ဟာ..!!!'

'အကို....!!'

'နှောင်းလေး...အကို အဲ့ကောင်နဲ့ ဒီကိစ္စကို သေချာရှင်းမှရမယ်...ဒါကြောင့် အကို့ကို မတားပါနဲ့ နှောင်းလေး...'

နှောင်းရိပ် ကောင်းခန့်ကို ဆွဲထားသော လက်တွေကို ကောင်းခန့်က အတင်းဆွဲဖယ်ကာ ထွက်သွားဖို့ အလုပ်...
ရုတ်တရက် မြေပြင်ပေါ်ဒူးထောက်လိုက်သော နှောင်းရိပ်ကြောင့် ခြေလှမ်းများဟာ ရပ်တန့်သွားခဲ့ရသည်။

'နှောင်းလေး...ဒါ..ဒါဘာလုပ်တာလဲ...ထ..ထလေ..'

'နှောင်းရိပ်ကို သနားရင်..ဟင့်..မောင့်ကို အကို နားလည်ပေးလိုက်ပါ..'

'မဟုတ်ဘူးလေ..ဒါ..ဒါက...!!!'

'အကိုရယ်...ဟင့်..'

'ကဲ..ထ..ထ..ကိိုကိုကြီးမသွားတော့ဘူးနော်..လာ...ငိုမနေနဲ့တော့..နှောင်းလေးမှာ ကိုကိုကြီးတို့ ဒီက အန်တီတို့ရှိတယ်..နော်..'

'ဟုတ်တယ်..ဆရာကတော်ရယ်..လာ...ထတော့နော်..အောက်မှာက ညစ်ပတ်တယ်...'

'ဟင့်..ဟုတ်...'

နှောင်းရိပ် ဒူးထောက်နေရာမှ ထဖို့အလုပ် ရုတ်တရက် အောင့်တက်လာသော ရင်ဘတ်ကြောင့် မြေပြင်ပေါ်သို့ ပြန်ထိုင်ကျသွားတော့သည်။

'အ့...'

'နှောင်းလေး..ဘာ..ဘာဖြစ်တာလဲ..'

'ဟင်း...'

'ဆရာကတော်..သတိထားလေ..'

'နှောင်းလေး..ဘာဖြစ်တာလဲ..'

'ဆေး..ဟင်း..ဆေး...'

'အန်တီ..နှောင်းရိပ် ဆေးဘူးလေးတွေထားတဲ့နေရာသိတယ်မလား..အဲ့ထဲက pain killerဘူးလေး ယူခဲ့ပေးနော်..ရင်ဘတ်ပြန်အောင့်တာထင်တယ်..'

'ကောင်းပါပြီ...'

'လာ..နှောင်းလေး..ကိုကိုကြီး ပွေ့ချီမယ်..'

'ရ..ရတယ်..ဒီတိုင်းလေး..တွဲ..ဟင်း..'

'ကဲ..လာ..လာ..ဖြေးဖြေးလျှောက်...'

နှောင်းရိပ်ကို အိမ်ထဲထိ တွဲခေါ်လာပြီး ဆေးတိုက်ကာ sofaပေါ်မှာ ခဏသိပ်လိုက်ရသည်။

'ဟင်း..အခုတော့ အဆင်ပြေသွားပြီ...'

'ဒါနဲ့ ဒီက မောင်ရင်က ဆရာဝန်လား..'

'အာ..ဟုတ်ပါတယ်...'

'အော်...ဒေါ်မြကလည်း အရင်က nurseလုပ်ဖူးတယ်လေ..'

'ဒါကြောင့် ဆေးပြောလိုက်တော့ တွေဝေမနေဘဲ ယူလာနိုင်တာကိုး...တခုလည်း အဆင်ပြေတာပါဘဲ...နှောင်းလေးကို ဒီက အန်တီမြကဘဲ ဂရုစိုက်ပေးပါဦး...'

'ဟုတ်..ဒါနဲ့ ဆရာကတော်က မဟုတ်မှ နှလုံးရောဂါအခံရှိတာလား...??'

'အင်း...နှလုံးအစားထိုးခွဲစိတ်မှု ပြုလုပ်ပြီးပေမယ့် သေချာတော့ ဂရုစိုက်ပေးရမှာလေ..ကြည့်ရတာ ကလေးက စိတ်ဖိစီးမှုတွေများခဲ့တယ်ထင်တယ်..ဒီလို မကြာခဏ နှလုံးအောင့်တာက ကောင်းတဲ့ လက္ခဏာမဟုတ်ဘူး...'

'ဒါ..ဒါကလေ...'

​နှောင်းရိပ်နဲ့ ရှင်းစက်ရဲ့ အကြောင်းရယ်..ပြီးတော့ ကေသရီနဲ့ ရှင်းစက်ရဲ့ပတ်သက်မှု အကြောင်းတွေကို ဒေါ်မြက ကောင်းခန့်ကို အဲ့အချိန်က ပြောပြဖြစ်ခဲ့တယ်...

နာရီများစွာ ကုန်လွန်ပြီးနောက်

'ဟင်း...'

'အော်..နိုးပြီလား...ဟက်..'

'မောင်..!!ဘယ်တုန်းက ရောက်နေတာလဲ...'

'ဘာလဲ ..အခုမှ ဘာမှ မသိတော့တာလား..မင်း မျက်ရည်ခံထိုးပြီး ကောင်းခန့်ကို ချွန်လိုက်တာရော မှတ်မိသေးလား..'

'ဗျာ..နှောင်းရိပ် ..အကိုကောင်းခန့်ကို ဘာမှ မပြောခဲ့ပါဘူး...'

'ဖြောင်း...!!!'

'ဟင့်..မောင်..ဘာလို့ နှောင်းရိပ်ကို ပါးရိုက်ရတာလဲ...'

'မုန်းလို့...!!!'

'မောင်ရယ်..'

'ငါ့ကို မခေါ်နဲ့...!!မင်း သူ့ကို သွားပြောလည်းရငါက မင်းကို ကောင်းကောင်းဆက်ဆံပေးမယ်ထင်လို့လား..??အိမ်မက်မက်လိုက်လေ...'

'ဟင့်...'

'မင်းကြည့်ရတာ ငါ့ကို တခုခု မေးစရာရှိတဲ့ပုံဘဲ..အော်..ဒါနဲ့ ငါ လက်ထပ်​တော့မယ့် အကြောင်းကို မင်းကြားလိုက်တယ်မလား...'

'....'

'မေးနေတယ်လေ..!!!'

'ကြား..ဟင့်..ကြားပါတယ်...'

'ဘာလို့လဲလို့ မမေးချင်ဘူးလား..ဟက်..'

'မေးခွင့်ရှိမလားမောင်..???'

'.....'

'နှောင်းရိပ်မှာ ဘာချို့ယွင်းချက်တွေများရှိနေလို့လဲ..ဟင်..မောင်..မောင့်အလိုကျ...ဟင့် နှောင်းရိပ်နေပေးခဲ့တာဘဲလေ...'

'မင်းလို ယောက်ျားတစ်ယောက်ကို ယူပြီး ငါက ဘာလုပ်ရမှာလဲ...မင်းထက်ကို ကေသရီက ဆွဲဆောင်မှုရှိတာ...ငါ့ရဲ့ မျိုးဆက်ကိုလည်း သူဘဲ မွေးပေးနိုင်တာ..'

'မောင်ရယ်..မောင့်မျိုးဆက်အတွက်ဆိုရင် နှောင်းရိပ် ..နှောင်းရိပ် မွေးပေးနိုင်ပါတယ်..အခုခေတ်ဆေးပညာနဲ့ နှောင်းရိပ်တို့ ကလေး..ယူလို့ရတာဘဲလေ...'

'ဘာ..!!!ငါက အဲ့လိုတွေ မလိုချင်ဘူး..ထားပါ..နောက်တချက်က မင်းလိုလူကို ရွံလို့...မင်းလို သူများနှလုံးသားနဲ့ အသက်ရှင်နေတဲ့ သူခိုးကိုမုန်းလို့ကွ...'

'ဟင့်..မောင်...'

'အခုချိန် မင်းသာ မရှိရင် ..မဟုတ်ဘူး..မင်းဆိုတာ အဲ့ အချိန် ကတည်းကသာ လူမသိ သူမသိသေသွားခဲ့ရင် ငါနဲ့ မမနဲ့လည်း အခုချိန်ဆို သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်နေမှာ...!!တောက်...!!!မင်းကြောင့်..ငါ့အိမ်မက်တွေ ပျက်စီးခဲ့တာ...သွားစမ်း..ငါ့ရှေ့ကနေ..မင်း အခွက်ကို မမြင်ချင်ဘူး...!!!သွား!!!'

'ဟင့်..ကောင်းပါပြီ..မောင်..နှောင်းရိပ်..ဟင့်..သွားပါ့မယ်...'

နှောင်းရိပ်ကတော့ လှေခါးထောင့်ချိုးတနေရာကနေ အောက်ထပ်မှာ ငူငူကြီးထိုင်နေတဲ့ မောင့်ကို ကြည့်ကာ ငိုနေမိတယ်...

နှောင်းရိပ်ကို အဲ့လောက်တောင်ဘဲ ရွံမုန်းရသလားမောင်ရယ်...

⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️

Author's note

အင်း..ဟင့်..သေတော့မှာဘဲ..ရင်တွေကွဲလွန်းလို့..

အီးဟီး..ဒီက သာသာကိုလည်း လာချော့ကြပါဦး...

အရမ်းငိုချင်နေတယ်...😿😿😿

❤️❤️❤️💋💋💋

Continue Reading

You'll Also Like

9.5K 487 6
A story where you, the kwami, helps out a certain cat miraculous holder. This was a story that I had a dream about and decided to write before anyone...
1.8M 115K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
1.1M 28.4K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...