Mary Sue แ€‡แ€ฌแ€แ€บแ€€แ€ฑแ€ฌแ€„แ€บแ€กแ€–แ€ผแ€…แ€บแ€žแ€ญแ€ฏแ€ทแ€€แ€ฐ...

By hooniemochi

1.3M 40.5K 790

ใ€Š ๐–ฒ๐—๐–บ๐—๐—Ž๐—Œ: ๐–ข๐—ˆ๐—†๐—‰๐—…๐–พ๐—๐–พ๐–ฝ // ๐–พ๐–ฝ๐—‚๐—๐–พ๐–ฝ ๐—๐–พ๐—‹๐—Œ๐—‚๐—ˆ๐—‡ใ€‹ ๐–ฌ๐—’๐–บ๐—‡๐—†๐–บ๐—‹ ๐–ณ๐—‹๐–บ๐—‡๐—Œ๐—…๐–บ๐—๐—‚๐—ˆ๐—‡ ๐—ˆ๐–ฟ... More

๐–ณ/๐–ญ
Description
CHAPTER 1.1
CHAPTER 1.3
CHAPTER 2.1
CHAPTER 2.2
CHAPTER 2.3
CHAPTER 3.1
CHAPTER 3.2
CHAPTER 4.1
CHAPTER 4.2
CHAPTER 4.3
CHAPTER 5.1
CHAPTER 5.2
CHAPTER 6.1
CHAPTER 6.2
CHAPTER 7.1
CHAPTER 7.2
CHAPTER 7.3
CHAPTER 8.1
CHAPTER 8.2
CHAPTER 9.1
CHAPTER 9.2
CHAPTER 9.3
CHAPTER 10

CHAPTER 1.2

13.3K 1.7K 23
By hooniemochi

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

ရှီးနဉ် ထိုဝတ္ထုကို ဖတ်တုန်းကဆို သူမနဲ့နာမည်တူနေတဲ့ အမျိုးသမီးဇာတ်ရံလေးအတွက် အတော်လေး စိတ်မကောင်းဖြစ်မိခဲ့တယ်။ သူမက ချမ်းသာစွာ မွေးဖွားလာခဲ့တယ်။ သူမရဲ့မိဘတွေက‌လည်း သူမကို အပြည့်အဝချစ်ပေးကြတယ်။ သူမရဲ့အစ်ကိုကအစ ဖူးဖူးမှုတ် အလိုလိုက်ထားတယ်။ ဒါတောင် သူမက ကျေနပ်နိုင်မှုမရှိသေးဘူးလား??

သူမ ပြန်လည်မွေးဖွားလာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ အထူးသဖြင့် လီရှီးနဉ် ကနေ ရှီးနဉ်အနေနဲ့ ဖြစ်လာလိမ့်မယ်ဆိုပြီးတော့ပေါ့။

ကံကောင်းထောက်မတယ်ပဲပြောရမလား။ မူလပိုင်ရှင်ရဲ့မှတ်ဉာဏ်တွေအရဆို ထိန်းချုပ်လို့ မရလောက်အောင်ထိ ပြဿနာကမတက်သေးဘူးပဲ။

ထုန်လုက အခုမှကျောင်းကိုပြောင်းလာခါစပဲရှိသေးတဲ့အတွက် ရှီးနဉ်က ကျောင်းစာသင်ခန်းထဲကိုပိတ်ပြီး နေ့တိုင်း အနိုင်ကျင့်ရုံလောက်လေးပဲ ရှိဦးမှာ။ သူမက ယုတ်မာကောက်ကျစ်လှပြီး လူသားမဆန်တဲ့လုပ်ရပ်တွေ လုပ်ခဲ့သည့် အသိတရားမရှိ၊စိတ်ပျက်စရာကောင်းတဲ့ ရှီးနဉ် အဖြစ်အထိတော့ ဇာတ်ကြောင်းက မရောက်ရှိသေးဘူး။

ဒီလိုတွေးမိလိုက်တော့  လီရှီးနဉ်တစ်ယောက် အနည်းငယ်စိတ်သက်သာရာ ရသွားတော့သည်။

သူမ ကုတင်ဘေးက လူသုံးယောက်ကိုကြည့်ပြီး ရယ်လိုက်ပြီး ပြောလိုက်တယ်။

“သမီး သက်သာပါတယ်”

ဖခင်တစ်ယောက်က သူ့သမီးအတွက် အချစ်တွေနဲ့ ပြည့်နှက်နေတဲ့ မျက်လုံးများဖြင့် ကြည့်နေတဲ့ သူမရဲ့အဖေကို ရှီးနဉ် ကြည့်လိုက်ပြီးနောက် မျက်နှာတစ်ခုလုံး မျက်ရည်တွေပြည့်နှက်နေတဲ့ သူမရဲ့အမေ လင်မော့ရွှယ်ကို  လှမ်းကြည့်လိုက်သည်။ အဲ့အပြင် သူ့ရဲ့မျက်နှာပေးက ဘာပဲဖြစ်ဖြစ် လျစ်လျူရှုထားလိုက်မယ်လို့ ခံယူထားတဲ့ သူမရဲ့အစ်ကိုလည်း အနားမှာရှိသေးသည်။

ဒါပေမဲ့ သေချာကြည့်မယ်ဆိုရင် သူ့ရဲ့မျက်လုံးထဲမှာ သူမကို ဘယ်လောက်တောင် စိုးရိမ်နေတယ်ဆိုတာကို အတိုင်းသာမြင်ရသည်။ သူတို့အားလုံးဟာ ရှီးနဉ် ရဲ့ မိသားစုဝင်တွေဖြစ်ပြီးတော့ ရှီးနဉ် တစ်ယောက် ခေါင်းမာပြီး ရိုင်းစိုင်းပြုမူတဲ့အပြုအမူတွေကြောင့် ထိခိုက်နစ်နာခဲ့သူတွေလဲ ဖြစ်တယ်။ ကြည့်ရတာ ဘုရားသခင်က သူမကို အခွင့်အရေးပေးလိုက်တဲ့ပုံပဲ။ သူမဟာ ယခုဆို ရှီးနဉ် ရဲ့ ဘဝထဲကို နေထိုင်သွားရတော့မှာ အခုကစပြီးတော့ မူလ ရှီးနဉ် ရဲ့ မိသားစုဟာ သူမရဲ့မိသားစုပဲဖြစ်တယ်။

“ဒါဆိုလဲ ကောင်းပြီ အခု သမီး သက်သာသွားပြီဆိုရင် နောက်နောင် ဒီလို မိုက်မဲလွန်းရာကျတဲ့ အရာတွေမလုပ်စမ်းပါနဲ့”  ထိုသို့ပြောလိုက်ပြီးနောက် မိဘဖြစ်သူတွေဟာ သူ့သမီးရဲ့ အခြေအနေကို စိတ်ပူနေရာကနေ အနည်းငယ် စိတ်သက်သာရာ ရသွားရှာသည်။

သူမရဲ့မိဘတွေနဲ့ အတော်လေးစကားပြောပြီးနောက်မှာတော့ ရှီးနဉ်ဟာ သူမကို လူတစ်ယောက်ကစိုက်ကြည့်နေတာကို သတိထားမိသည်။ အဲ့တာက သူမရဲ့ အဖေတူအမေကွဲအစ်ကို ရှီးချန်ပဲ ဖြစ်တယ်။

ရှီးနဉ် က သူ့ရဲ့အကြည့်နဲ့ဆုံသွားပြီးနောက် ထိုသူဟာ စကားတစ်ခွန်းမှမပြောဘဲ အပြင်ဘက်သို့ လှည့်ထွက်သွားသည်။

“မင်း ဘယ်သွားဖို့ကြံနေတာတုန်း?” ရှီးကျန့်ဖျင် က အော်ငေါက်လိုက်သည်။

ရှီးချန်ကတော့ သူ့အဖေကို လျစ်လျူရှုပြီး အနောက်ကို လှည့်မကြည့်ဘဲနဲ့ ထွက်သွားလေသည်။

“ဒီ မိမစစ်သားကတော့” ဆိုပြီး ရှီးကျန့်ဖျင် က သူ့နောက်ကို အမှီလိုက်ဖို့ အပြင်ထွက်သွားလိုက်သည်။

“သမီးအစ်ကိုနဲ့ သမီး အဖေတို့ရဲ့ဆက်ဆံရေးကတော့......” လင်မော့ရွှယ် တစ်ယောက်  သက်ပြင်းချနေမိသည်။

ရှီးနဉ်ဟာ အတွေးဝဲဂယက်မှာ မြောလုနီးပါဖြစ်နေတာကို တွေ့လိုက်ရတော့ သူမရဲ့သမီးလေး ထပ်ပြီး စိတ်မကောင်းဖြစ်သွားတယ်လို့ သူမ တွေးလိုက်မိတာကြောင့် သူ့သမီးလေးကိုနှစ်သိမ့်ပေးလိုက်သည်။

“နဉ်နဉ် သမီးကိုကိုကလေ သမီးရှေ့မှာသာ သမီးကို ဂရုမစိုက်တဲ့ပုံ ဖမ်းနေတာ တကယ့်အမှန်ကတော့ သူက သမီးကိုအတော်လေးကို ချစ်ရှာတာ သမီး‌သတိမေ့နေတဲ့နှစ်ရက်လုံးလုံး သူက သမီးဘေးနားက ခြေတစ်ဖဝါးမှမခွာဘဲကို စောင့်ပေးနေတာ ဒီအခန်းရဲ့ အပြင်ဘက်ကိုတောင် မထွက်ရှာဘူး”

ရှီးနဉ် ထိုစကားကို ကြားလိုက်သောအခါ ရှီးချန် နဲ့ သူ့အဖေရဲ့ကြားကနားလည်မှုလွဲနေတာကို သူမ သတိရသွားသည်။

ပုံမှန်အားဖြင့် ဒီလိုအချိန်မျိုးဆို......

သူမရဲ့လက်မှာ ဆေးသွင်းထားတဲ့ အပ်ကို ဆွဲဖြုတ်လိုက်ပြီး အိပ်ရာပေါ်က ချက်ချင်းကောက်ထကာ အပြင်ဘက်ကို ပြေးထွက်လိုက်တယ်။

ဆေးရုံပတ်လည်ကို ရှာလိုက်ပြီးနောက်မှာ ထင်ထားတဲ့အတိုင်းကို ရှီးကျန့်ဖျင် နဲ့ ရှီးချန် တို့က တံခါးဝနားမှာ ရန်ဖြစ်နေကြသည်။

ရှီးကျန့်ဖျင်က ရှီးချန် ကို ထိုးဖို့ရွယ်နေတာကိုတွေ့လိုက်ရတော့ ရှီးနဉ် က ချက်ချင်းပြေးလာပြီး သူမရဲ့အဖေရှေ့ကနေ သူမရဲ့အစ်ကို ကို ပြေးကာလိုက်တယ်။ ရှီးကျန့်ဖျင်ကလည်း သူ့သမီး ကြားထဲကနေ ရုတ်တရက် ပေါ်လာတဲ့အတွက် အရှိန်သတ်လိုက်၏။  သူမက သူ့အဖေထိုးဖို့ ရွယ်နေတဲ့လက်ကို အောက်သို့ဆွဲချလိုက်တယ်။

အဖေနဲ့ သားရဲ့ကြားက ရန်ငြိုးရန်စက ဘာကြောင့်လဲ ဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးတဲ့ အချိန်လေးဖြစ်နေပေမဲ့ ကိုယ့်သားကို ထိုးတာက ဘယ်လိုအကြောင်းအရာပဲဖြစ်ဖြစ် မှားတယ်ဆိုတာကိုသာ သိလေသည်။  မိဘတွေဟာ သားသမီးကို ဆိုဆုံးမတဲ့နေရာမှာ လက်ပါရန်မလိုအပ်ပေ။

မူလရှီးနဉ် ကတော့ သူတို့နှစ်ယောက်ကြားက ပဋိပက္ခတွေဖြစ်အောင် အမျိုးမျိုးသွေးထိုးဖို့ ကြိုးစားတဲ့သူဖြစ်တယ်။ ဒါပေမဲ့ သူမကတော့ အဲ့လိုမျိုး လုပ်မှာမဟုတ်ဘူး။ ရှီးချန် ဟာ ယခုအချိန်မှာ သူမကို အမုန်းဆုံးဖြစ်နေသော်လည်း သူမဒီဝတ္ထုကို ဖတ်ကြည့်ပြီး ရှုထောင့် အမျိုးမျိုးကနေ သုံးသပ်ကြည့်မိတဲ့အခါ သူဟာ သူမရဲ့အကြိုက်ဆုံးဇာတ်ကောင်ပဲဖြစ်တယ်။

မူလ ဝတ္ထုထဲမှာ ရှီးချန် က အမှန်တကယ်ကို အတော်လေးသနားစရာ‌ကောင်းပေသည်။ သူ့အပြင်ပိုင်းပုံသဏ္ဌာန်က လျစ်လျူရှုတတ်တဲ့ အေးစက်စက်ပုံပေါ်ပေမဲ့ သူ့ရဲ့အတွင်းစိတ်မှာတော့ ချစ်ခြင်းတရား ချို့‌နေတဲ့ကောင်လေး တစ်ယောက်သာ။ ရှီးကျန့်ဖျင် နှင့် ရှီးချန် ရဲ့အမေ ချောင်ရှု ဟာ စီးပွားရေးတစ်ခုထဲအတွက်သာ လက်ထပ်ခဲ့ကြသည်။ ရှီးကျန့်ဖျင် ဟာ အချစ်ဦးကိုလက်မလွှတ်ချင်ခဲ့သော်လည်း ချောင်ရှု ကို ကလေးရစေတဲ့ မတော်တဆကိစ္စလေးဖြစ်ပြီးနောက်မှာ သူမကို တရားဝင်လက်ထပ်ယူခဲ့ရသည် ။ ရှီးချန် မွေးဖွားလာမှုကို ဘယ်သူကမှ မမျှော်လင့်ထားကြဘူးလို့(မလိုချင်ဘဲ ရလာတာလို့) ကိုပြောလို့ရနိုင်တယ်။ 

သူ့ရဲ့မိဘနှစ်ပါးလုံးဟာ ကွာရှင်းပြတ်စဲပြီးတဲ့နောက်မှာ သူ့ရဲ့အဖေက သူ့အချစ်ဦးဆိုတဲ့အမျိုးသမီးနဲ့ လက်ထပ်ယူလိုက်ပြီး ရှီးနဉ် ကို မွေးဖွားကြလေသည်။ သူ့အမေရင်းရဲ့ နားရိုက်သွင်းမှုအောက်တွင် သူ့အဖေရဲ့ အမှားတွေကြောင့်ပဲ သူ့အမေနဲ့ ကွာရှင်းပြတ်စဲခဲ့ရတယ်လို့ တထစ်ချ ယုံကြည်ခဲ့သည်။သူဟာ မိခင်မေတ္တာကို အလွန်တောင့်တနေတဲ့သူဖြစ်တာကြောင့် သူ့အမေနေရာအတွက် သူ့အဖေနဲ့မိထွေးကို စိမ်းကားလာပြီး ခပ်ကင်းကင်းပင်  နေလာခဲ့သည်။

နောက်ပိုင်းတွင် သူဟာ သူ့အမေရင်းရဲ့ လက်စားပြန်ချေမှုတွင်  အသုံးချခြင်းကိုခံခဲ့ရသည်။ ချောင်ရှု အတွက်တော့ သူမရဲ့သားဟာ ရှီးမိသားစုကို ဖျက်ဆီးပစ်ဖို့ရန် ဓားတစ်လက်သာသာဖြစ်ခဲ့သည်။

ရှီးချန်ဟာ မညဉ်းမညူဘဲ ဒုက္ခခံပေးတတ်တဲ့ သဘောသဘာဝရှိတဲ့ လူတစ်ယောက်ပဲဖြစ်တယ်။ သူ့ရဲ့ သွေးသားတော်စပ်တဲ့ တစ်ဦးတည်းသော သူ့ညီမလေးကို အတော်လေးဂရုစိုက်ခဲ့ပေမဲ့ သူဟာ သူ့ခံစားချက်ကို ထုတ်ဖော်ပြတဲ့နေရာမှာတော့ မကျွမ်းကျွင်လှဘူး။ တစ်ကိုယ်ကောင်းဆန်လွန်းလှတဲ့ မူလခန္ဓာကိုယ်ပိုင်ရှင် ရှီးနဉ် က သူ့ကို အမြဲတမ်း နာကျင်စေခဲ့သည်။ သူမက သူ့ရဲ့စိတ်နှလုံးကို လုံးလုံးလျားလျား အေးစက်သွားအောင် ပြောင်းလဲပစ်ခဲ့ပြီး သူ့ရဲ့မိသားစုအပေါ်ထားရှိတဲ့ သူ့ရဲ့အချစ်တွေကို ကုန်ဆုံးသွားစေခဲ့သည်။ ထို့နောက် ရှီးချန် ဟာ ရှီးမိသားစုအိမ်တော်ကနေ ထွက်လာခဲ့တော့သည်။

ရှီးကျန့်ဖျင်က သူ့ကို လိုက်လံရှာဖွေနေတဲ့အချိန်မှာပဲ ယာဉ်မတော်တဆဖြစ်ကာ ကိုမာဝင်သွားခဲ့သည်။ ကျောရိုးနောက်ခံဆုံးရှုံးလိုက်သော ရှီမိသားစု၏ ကံကြမ္မာသည် မူလခန္ဓာကိုယ်ပိုင်ရှင်ဖြစ်တဲ့ ရှီးနဉ် ရဲ့အဖြစ်နဲ့ တူလေသည်။

လွန်ခဲ့သော ရာစုနှစ်များစွာကတည်းက အောင်မြင်ကျော်ကြား လူသိများခဲ့သော မိသားစုကြီးတစ်ခုလုံးဟာ မျက်စိတစ်မှိတ်အတွင်းမှာကို လုံးလုံးလျားလျား ကုန်းကောက်စရာပါမကျန် ပျက်စီးသွားခဲ့ရသည်။ ထိုအကြောင်းအရာတွေကိုစဉ်းစားမိတော့ ရှီးနဉ် တစ်ယောက် ကြောက်လန့်သွားခဲ့တယ်။

လီရှီးနဉ် အဖြစ် ရှိ‌နေစဉ်ကာလတုန်းက သူမကစိတ်သောကရောက်စရာ ဘဝမှာနေထိုင်ခဲ့ရတယ်။ ကျေးလက်ဒေသရှိ မိသားစုကိုကျွေးမွေးထောက်ပံ့ဖို့အတွက် သူမရဲ့မိဘ‌များက တခြားနေရာဒေသတွင် အလုပ်လုပ်ဖို့သွားရာ သူမကိုတော့  သူတို့ရဲ့‌အမေ၊ သူမရဲ့အဘွား ဆီကို  ထားရစ်ခဲ့သည်။ သူတို့အလုပ်လုပ်တဲ့နေရာဟာ အတော်လေးကို ဝေးလွန်းတဲ့အတွက်ကြောင့် သူမတို့နေထိုင်ရာကျေးလက်ဒေသကို ပြန်လာဖို့အတွက် ခရီးစရိတ်ဟာ အတော်လေးကိုကုန်ကျတာမလို့ အိမ်ပြန်လာခဲသည်။  အဲ့တာကြောင့်မို့လို့ သူမဟာ သူမမိဘတွေကို နှစ်သစ်ကူးရုံးပိတ်ရက်မှာတောင်  သိပ်တွေ့ခွင့်မရခဲ့ဘူး။

ဒါပေမဲ့ သူမ နှစ်တိုင်းလက်ခံရရှိခဲ့တဲ့ ကျောင်းစရိတ်ကြောင့် သူမရဲ့မိဘတွေဟာ သူမကိုအရမ်းချစ်ပြီး သူမကို ထောက်ပံ့ဖို့အတွက် အလုပ်ကြိုးစားနေရတယ်ဆိုပြီး ဖြေသိမ့်ခဲ့ရတယ်။ သူမဘဝရဲ့ အခက်အခဲများနှင့် ဝေးလံခေါင်ပါးလွန်းတဲ့ဒေသမှာ သူမရရှိခဲ့တဲ့ ကျောင်းတွင်းပညာက အဆင့်နိမ့်တယ်လို့ဆိုနိုင်သော်လည်း သူမရဲ့ကံကြမ္မာနဲ့ သူမရဲ့မိသားစု ဘဝအခြေအနေကို ပြောင်းလဲပစ်နိုင်ဖို့အတွက် ဆက်လက်ပညာသင်ကြားဖို့ အားအများကြီးစိုက်ထုတ်ခဲ့ရသည်။

သူမမိသားစုရဲ့ကံကြမ္မာကို မပြောင်းလဲပေးနိုင်သေးခင် ကံကြမ္မာဆိုးကြီးက သူမကို ရွေးချယ်စရာတစ်ခုမှ မရှိရအောင်ကို ပြောင်းလဲပေးပစ်တယ်။

သူမ အထက်တန်းဒုတိယနှစ်ရောက်တဲ့အချိန်မှာပဲ သူမမိဘတွေက ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့၏။ နောက်တစ်နှစ်လောက်ကြာတဲ့နောက်မှာ သူမရဲ့အဖွားလဲ ပြင်းထန်လွန်းတဲ့ရောဂါဝေဒနာကို ခံစားရပြီး ဆုံးပါးသွားခဲ့သည်။ သူမ တစ်နှစ်တာကာလပတ်လုံး  တစ်ယောက်တည်း အသက်ရှင်နေထိုင်ခဲ့ရတယ်။ နောက်ဆုံးတွင် အထက်တန်းကျောင်းဝင်ခွင့်ရသွားပြီးတဲ့နောက်မှာ သေခြင်းတရားကို သူမကို အဆုံးသတ်ပေးခဲ့ပြန်တယ်။ သူမရဲ့တစ်မိသားစုလုံးက အဖြစ်ဆိုးကြီးနဲ့ အဆုံးသတ်ခဲ့လေသည်။

ဒီဘဝမှာတော့ မူလရှီးနဉ်က အလွန်စိတ်ပျက်စရာကောင်းလောက်တဲ့ အဆုံးသတ်ဖြစ်ခဲ့သော်လည်း အနည်းဆုံးတော့ သူမအဖြစ်ထက် ပိုသာသေးတယ်။ ပြီးတော့ ဘယ်လိုအဆုံးသတ်မှာလဲဆိုတာကို ကြိုတင်သိထားတဲ့အတွက် အဆုံးသတ်ကို ကာကွယ်နိုင်ဖို့ နည်းလမ်းကရှိသေးတာပဲ။ သူမက ရှီးနဉ် ဖြစ်လာတော့ ရှီးမိသားစုရဲ့ ကံကြမ္မာကို သူမကိုယ်တိုင် ပြောင်းလဲပစ်ဖို့လိုအပ်သည်။ သူတို့ရဲ့ကံကြမ္မာကို ပြောင်းလဲပစ်ဖို့အချိန်ရှိသေးတယ် ။

“ဖေဖေ”  သူမရရှိထားတဲ့ မှတ်ဉာဏ်တွေအတိုင်း သူမရဲ့အဖေလို့ခေါ်လိုက်သည့်အခါ ကိုးရိုးကားရားနိုင်တယ်လို့တော့မထင်မိဘူး။

ရှီးနဉ် က ရှီးကျန့်ဖျင် ကို အလေးအနက်စိုက်ကြည့်လိုက်ပြီး ပြောလိုက်တယ်။

“ကိုယ့်သားကို ရိုက်တာက မှားတယ်နော် ”

ရှီးကျန့်ဖျင် အလန့်တကြားဖြစ်သွားသည်။ ရှီးချန် တောင် တခဏသတိလက်လွတ်ဖြစ်သွားသည်

သူ့ကို နေရာတိုင်းအနိုင်ကျင့်နေတဲ့ လူဆိုးမလေးက သူ့ရဲ့အရှေ့ကနေ ကာပေးနေတဲ့ ကောင်မလေးနဲ့ တစ်ယောက်တည်းပဲလား??

ရှီးနဉ် အခုမှနိုးလာတဲ့အတွက်ကြောင့် သူမရဲ့မျက်နှာဟာ မိတ်ကပ်ပြင်ထားတဲ့အသွင်အပြင်မဟုတ်ဘဲ ဖြူဖြူဖျော့ဖျော့လေးဖြစ်နေပြီး ရှင်းရှင်းလေးနဲ့ လှပနေ၏။ လူတိုင်းပေါ် အနိုင်ကျင့်မာနထောင်လွှားတဲ့ အရင်ကပုံစံနဲ့အတော်လေးကိုကွဲပြားနေသည်။

သူမရဲ့ မျက်လုံးလေးက ကြည်လင်တောက်ပပြီး ရွှန်းစိုနေတာပဲ။ ငါလူးးး

ရှီးနဉ် ပြောလိုက်တဲ့စကားအား သူ တကယ်ကြီးကို ကြားလိုက်ရတယ်။  သူ နားကြားမှားတာ မဟုတ်ဘူး။ ခါတိုင်းဆို သူ့အဖေ သူ့ကိုရိုက်တဲ့အခါ ရှီးနဉ် က သူ့ဆီကိုတခါမှ လာမကူညီခဲ့ဖူးဘူး။ ရှီးနဉ် က သူမရဲ့ခိုက်မိထားတဲ့ လက်ကောက်ဝတ်နဲ့ သူမအဖေရဲ့ ရွယ်ထားတဲ့လက်ကို တားဖို့လုပ်လိုက်တာကို ရှီးချန် သတိထားမိသွားတယ်။ အင်္ကျီလက်နားလေးမှာ သွေးကွက် အစွန်းအထင်းတွေ ရှိနေတယ်။

သူဟာ မျက်မှောင်ကြုတ်လိုက်ပြီး ရှီးနဉ် ကို အေးစက်စက်အသံနဲ့ပြောလိုက်တယ်။

“မင်း ဒါကို စိတ်ပူပေးစရာမလိုဘူး”

သူက မ‌နေနိုင်ဘဲ ထပ်ပြီးပြောလိုက်မိသေးသည်။

“မင်းလက်ကိုမင်းကြည့်ဦး ဒဏ်ရာကသွေးတွေပြန်ထွက်လာပြီ မင်းဘာသာမင်းလုပ်တာမို့လို့ ငါ့ဆီလာပြီး အပူလာမကပ်နဲ့”

ရှီးကျန့်ဖျင် ဟာ အစကတော့ သူ့သားကို ဆူချင်သေးသော်လည်း ရှီးချန် ရဲ့ သတိပေးစကားကြားပြီးနောက်မှာတော့ သူ့သားကိုဆူတာထက် သူ့အတွက် သူ့သမီးလေးဒဏ်ရာက ပိုပြီးအရေးကြီးတယ်လို့ ခံစားလိုက်ရသည်။

သူက ရှီးနဉ် ကို ဒဏ်ရာကို နောက်ထပ်တခါ ပတ်တီးပြန်စည်းဖို့အတွက် လူနာဆောင်ဘက်ကို အမြန်တွဲခေါ်သွားတယ် ။ ရှီးနဉ် ကို သူမအဖေက ဒဏ်ရာ‌ကိုပတ်တီးစည်းပေးဖို့ ဆွဲခေါ်သွားနေတာတောင်မှ သူမက ရှီးချန် ကို ပြန်လှည့်ကြည့်၊ လှည့်ကြည့်လုပ်နေမိသည်။

ရှီးချန် ကတော့ ပြန်မကြည့်ဘဲဘေးဘက်ကို ‌အနည်းငယ်‌ခေါင်းစောင်းလိုက်သည်။ သူက ထင်ယောင်ထင်မှားဖြစ်နေတယ်လို့ပဲ ယူဆလိုက်သည်။ ရှီးနဉ် က အခု သူ့ကို လှမ်းကြည့်နေတယ်ဆိုတာကိုပေါ့...။

Thanks for READING 💟

*******
   

【𝖹𝖠𝖶𝖦𝖸𝖨】

ရွီးနဥ္ ထိုဝတၳဳကို ဖတ္တုန္းကဆို သူမနဲ႔နာမည္တူေနတဲ့ အမ်ိဳးသမီးဇာတ္ရံေလးအတြက္ အေတာ္ေလး စိတ္မေကာင္းျဖစ္မိခဲ့တယ္။ သူမက ခ်မ္းသာစြာ ေမြးဖြားလာခဲ့တယ္။ သူမရဲ႕မိဘေတြက‌လည္း သူမကို အျပည့္အဝခ်စ္ေပးၾကတယ္။ သူမရဲ႕အစ္ကိုကအစ ဖူးဖူးမႈတ္ အလိုလိုက္ထားတယ္။ ဒါေတာင္ သူမက ေက်နပ္ႏိုင္မႈမရွိေသးဘူးလား??

သူမ ျပန္လည္ေမြးဖြားလာလိမ့္မယ္လို႔ တစ္ခါမွ မေတြးဖူးဘူး။ အထူးသျဖင့္ လီရွီးနဥ္ ကေန ရွီးနဥ္အေနနဲ႔ ျဖစ္လာလိမ့္မယ္ဆိုၿပီးေတာ့ေပါ့။

ကံေကာင္းေထာက္မတယ္ပဲေျပာရမလား။ မူလပိုင္ရွင္ရဲ႕မွတ္ဉာဏ္ေတြအရဆို ထိန္းခ်ဳပ္လို႔ မရေလာက္ေအာင္ထိ ျပႆနာကမတက္ေသးဘူးပဲ။

ထုန္လုက အခုမွေက်ာင္းကိုေျပာင္းလာခါစပဲရွိေသးတဲ့အတြက္ ရွီးနဥ္က ေက်ာင္းစာသင္ခန္းထဲကိုပိတ္ၿပီး ေန႔တိုင္း အႏိုင္က်င့္႐ုံေလာက္ေလးပဲ ရွိဦးမွာ။ သူမက ယုတ္မာေကာက္က်စ္လွၿပီး လူသားမဆန္တဲ့လုပ္ရပ္ေတြ လုပ္ခဲ့သည့္ အသိတရားမရွိ၊စိတ္ပ်က္စရာေကာင္းတဲ့ ရွီးနဥ္ အျဖစ္အထိေတာ့ ဇာတ္ေၾကာင္းက မေရာက္ရွိေသးဘူး။

ဒီလိုေတြးမိလိုက္ေတာ့  လီရွီးနဥ္တစ္ေယာက္ အနည္းငယ္စိတ္သက္သာရာ ရသြားေတာ့သည္။

သူမ ကုတင္ေဘးက လူသုံးေယာက္ကိုၾကည့္ၿပီး ရယ္လိုက္ၿပီး ေျပာလိုက္တယ္။

“သမီး သက္သာပါတယ္”

ဖခင္တစ္ေယာက္က သူ႔သမီးအတြက္ အခ်စ္ေတြနဲ႔ ျပည့္ႏွက္ေနတဲ့ မ်က္လုံးမ်ားျဖင့္ ၾကည့္ေနတဲ့ သူမရဲ႕အေဖကို ရွီးနဥ္ ၾကည့္လိုက္ၿပီးေနာက္ မ်က္ႏွာတစ္ခုလုံး မ်က္ရည္ေတြျပည့္ႏွက္ေနတဲ့ သူမရဲ႕အေမ လင္ေမာ့႐ႊယ္ကို  လွမ္းၾကည့္လိုက္သည္။ အဲ့အျပင္ သူ႔ရဲ႕မ်က္ႏွာေပးက ဘာပဲျဖစ္ျဖစ္ လ်စ္လ်ဴရႈထားလိုက္မယ္လို႔ ခံယူထားတဲ့ သူမရဲ႕အစ္ကိုလည္း အနားမွာရွိေသးသည္။

ဒါေပမဲ့ ေသခ်ာၾကည့္မယ္ဆိုရင္ သူ႔ရဲ႕မ်က္လုံးထဲမွာ သူမကို ဘယ္ေလာက္ေတာင္ စိုးရိမ္ေနတယ္ဆိုတာကို အတိုင္းသာျမင္ရသည္။ သူတို႔အားလုံးဟာ ရွီးနဥ္ ရဲ႕ မိသားစုဝင္ေတြျဖစ္ၿပီးေတာ့ ရွီးနဥ္ တစ္ေယာက္ ေခါင္းမာၿပီး ႐ိုင္းစိုင္းျပဳမူတဲ့အျပဳအမူေတြေၾကာင့္ ထိခိုက္နစ္နာခဲ့သူေတြလဲ ျဖစ္တယ္။ ၾကည့္ရတာ ဘုရားသခင္က သူမကို အခြင့္အေရးေပးလိုက္တဲ့ပုံပဲ။ သူမဟာ ယခုဆို ရွီးနဥ္ ရဲ႕ ဘဝထဲကို ေနထိုင္သြားရေတာ့မွာ အခုကစၿပီးေတာ့ မူလ ရွီးနဥ္ ရဲ႕ မိသားစုဟာ သူမရဲ႕မိသားစုပဲျဖစ္တယ္။

“ဒါဆိုလဲ ေကာင္းၿပီ အခု သမီး သက္သာသြားၿပီဆိုရင္ ေနာက္ေနာင္ ဒီလို မိုက္မဲလြန္းရာက်တဲ့ အရာေတြမလုပ္စမ္းပါနဲ႔”  ထိုသို႔ေျပာလိုက္ၿပီးေနာက္ မိဘျဖစ္သူေတြဟာ သူ႔သမီးရဲ႕ အေျခအေနကို စိတ္ပူေနရာကေန အနည္းငယ္ စိတ္သက္သာရာ ရသြားရွာသည္။

သူမရဲ႕မိဘေတြနဲ႔ အေတာ္ေလးစကားေျပာၿပီးေနာက္မွာေတာ့ ရွီးနဥ္ဟာ သူမကို လူတစ္ေယာက္ကစိုက္ၾကည့္ေနတာကို သတိထားမိသည္။ အဲ့တာက သူမရဲ႕ အေဖတူအေမကြဲအစ္ကို ရွီးခ်န္ပဲ ျဖစ္တယ္။

ရွီးနဥ္ က သူ႔ရဲ႕အၾကည့္နဲ႔ဆုံသြားၿပီးေနာက္ ထိုသူဟာ စကားတစ္ခြန္းမွမေျပာဘဲ အျပင္ဘက္သို႔ လွည့္ထြက္သြားသည္။

“မင္း ဘယ္သြားဖို႔ႀကံေနတာတုန္း?” ရွီးက်န္႔ဖ်င္ က ေအာ္ေငါက္လိုက္သည္။

ရွီးခ်န္ကေတာ့ သူ႔အေဖကို လ်စ္လ်ဴရႈၿပီး အေနာက္ကို လွည့္မၾကည့္ဘဲနဲ႔ ထြက္သြားေလသည္။

“ဒီ မိမစစ္သားကေတာ့” ဆိုၿပီး ရွီးက်န္႔ဖ်င္ က သူ႔ေနာက္ကို အမွီလိုက္ဖို႔ အျပင္ထြက္သြားလိုက္သည္။

“သမီးအစ္ကိုနဲ႔ သမီး အေဖတို႔ရဲ႕ဆက္ဆံေရးကေတာ့......” လင္ေမာ့႐ႊယ္ တစ္ေယာက္  သက္ျပင္းခ်ေနမိသည္။

ရွီးနဥ္ဟာ အေတြးဝဲဂယက္မွာ ေျမာလုနီးပါျဖစ္ေနတာကို ေတြ႕လိုက္ရေတာ့ သူမရဲ႕သမီးေလး ထပ္ၿပီး စိတ္မေကာင္းျဖစ္သြားတယ္လို႔ သူမ ေတြးလိုက္မိတာေၾကာင့္ သူ႔သမီးေလးကိုႏွစ္သိမ့္ေပးလိုက္သည္။

“နဥ္နဥ္ သမီးကိုကိုကေလ သမီးေရွ႕မွာသာ သမီးကို ဂ႐ုမစိုက္တဲ့ပုံ ဖမ္းေနတာ တကယ့္အမွန္ကေတာ့ သူက သမီးကိုအေတာ္ေလးကို ခ်စ္ရွာတာ သမီး‌သတိေမ့ေနတဲ့ႏွစ္ရက္လုံးလုံး သူက သမီးေဘးနားက ေျခတစ္ဖဝါးမွမခြာဘဲကို ေစာင့္ေပးေနတာ ဒီအခန္းရဲ႕ အျပင္ဘက္ကိုေတာင္ မထြက္ရွာဘူး”

ရွီးနဥ္ ထိုစကားကို ၾကားလိုက္ေသာအခါ ရွီးခ်န္ နဲ႔ သူ႔အေဖရဲ႕ၾကားကနားလည္မႈလြဲေနတာကို သူမ သတိရသြားသည္။

ပုံမွန္အားျဖင့္ ဒီလိုအခ်ိန္မ်ိဳးဆို......

သူမရဲ႕လက္မွာ ေဆးသြင္းထားတဲ့ အပ္ကို ဆြဲျဖဳတ္လိုက္ၿပီး အိပ္ရာေပၚက ခ်က္ခ်င္းေကာက္ထကာ အျပင္ဘက္ကို ေျပးထြက္လိုက္တယ္။

ေဆး႐ုံပတ္လည္ကို ရွာလိုက္ၿပီးေနာက္မွာ ထင္ထားတဲ့အတိုင္းကို ရွီးက်န္႔ဖ်င္ နဲ႔ ရွီးခ်န္ တို႔က တံခါးဝနားမွာ ရန္ျဖစ္ေနၾကသည္။

ရွီးက်န္႔ဖ်င္က ရွီးခ်န္ ကို ထိုးဖို႔႐ြယ္ေနတာကိုေတြ႕လိုက္ရေတာ့ ရွီးနဥ္ က ခ်က္ခ်င္းေျပးလာၿပီး သူမရဲ႕အေဖေရွ႕ကေန သူမရဲ႕အစ္ကို ကို ေျပးကာလိုက္တယ္။ ရွီးက်န္႔ဖ်င္ကလည္း သူ႔သမီး ၾကားထဲကေန ႐ုတ္တရက္ ေပၚလာတဲ့အတြက္ အရွိန္သတ္လိုက္၏။  သူမက သူ႔အေဖထိုးဖို႔ ႐ြယ္ေနတဲ့လက္ကို ေအာက္သို႔ဆြဲခ်လိုက္တယ္။

အေဖနဲ႔ သားရဲ႕ၾကားက ရန္ၿငိဳးရန္စက ဘာေၾကာင့္လဲ ဆိုတာကို ရွင္းရွင္းလင္းလင္းမသိရေသးတဲ့ အခ်ိန္ေလးျဖစ္ေနေပမဲ့ ကိုယ့္သားကို ထိုးတာက ဘယ္လိုအေၾကာင္းအရာပဲျဖစ္ျဖစ္ မွားတယ္ဆိုတာကိုသာ သိေလသည္။  မိဘေတြဟာ သားသမီးကို ဆိုဆုံးမတဲ့ေနရာမွာ လက္ပါရန္မလိုအပ္ေပ။

မူလရွီးနဥ္ ကေတာ့ သူတို႔ႏွစ္ေယာက္ၾကားက ပဋိပကၡေတြျဖစ္ေအာင္ အမ်ိဳးမ်ိဳးေသြးထိုးဖို႔ ႀကိဳးစားတဲ့သူျဖစ္တယ္။ ဒါေပမဲ့ သူမကေတာ့ အဲ့လိုမ်ိဳး လုပ္မွာမဟုတ္ဘူး။ ရွီးခ်န္ ဟာ ယခုအခ်ိန္မွာ သူမကို အမုန္းဆုံးျဖစ္ေနေသာ္လည္း သူမဒီဝတၳဳကို ဖတ္ၾကည့္ၿပီး ရႈေထာင့္ အမ်ိဳးမ်ိဳးကေန သုံးသပ္ၾကည့္မိတဲ့အခါ သူဟာ သူမရဲ႕အႀကိဳက္ဆုံးဇာတ္ေကာင္ပဲျဖစ္တယ္။

မူလ ဝတၳဳထဲမွာ ရွီးခ်န္ က အမွန္တကယ္ကို အေတာ္ေလးသနားစရာ‌ေကာင္းေပသည္။ သူ႔အျပင္ပိုင္းပုံသဏၭာန္က လ်စ္လ်ဴရႈတတ္တဲ့ ေအးစက္စက္ပုံေပၚေပမဲ့ သူ႔ရဲ႕အတြင္းစိတ္မွာေတာ့ ခ်စ္ျခင္းတရား ခ်ိဳ႕‌ေနတဲ့ေကာင္ေလး တစ္ေယာက္သာ။ ရွီးက်န္႔ဖ်င္ ႏွင့္ ရွီးခ်န္ ရဲ႕အေမ ေခ်ာင္ရႈ ဟာ စီးပြားေရးတစ္ခုထဲအတြက္သာ လက္ထပ္ခဲ့ၾကသည္။ ရွီးက်န္႔ဖ်င္ ဟာ အခ်စ္ဦးကိုလက္မလႊတ္ခ်င္ခဲ့ေသာ္လည္း ေခ်ာင္ရႈ ကို ကေလးရေစတဲ့ မေတာ္တဆကိစၥေလးျဖစ္ၿပီးေနာက္မွာ သူမကို တရားဝင္လက္ထပ္ယူခဲ့ရသည္ ။ ရွီးခ်န္ ေမြးဖြားလာမႈကို ဘယ္သူကမွ မေမွ်ာ္လင့္ထားၾကဘူးလို႔(မလိုခ်င္ဘဲ ရလာတာလို႔) ကိုေျပာလို႔ရႏိုင္တယ္။ 

သူ႔ရဲ႕မိဘႏွစ္ပါးလုံးဟာ ကြာရွင္းျပတ္စဲၿပီးတဲ့ေနာက္မွာ သူ႔ရဲ႕အေဖက သူ႔အခ်စ္ဦးဆိုတဲ့အမ်ိဳးသမီးနဲ႔ လက္ထပ္ယူလိုက္ၿပီး ရွီးနဥ္ ကို ေမြးဖြားၾကေလသည္။ သူ႔အေမရင္းရဲ႕ နား႐ိုက္သြင္းမႈေအာက္တြင္ သူ႔အေဖရဲ႕ အမွားေတြေၾကာင့္ပဲ သူ႔အေမနဲ႔ ကြာရွင္းျပတ္စဲခဲ့ရတယ္လို႔ တထစ္ခ် ယုံၾကည္ခဲ့သည္။သူဟာ မိခင္ေမတၱာကို အလြန္ေတာင့္တေနတဲ့သူျဖစ္တာေၾကာင့္ သူ႔အေမေနရာအတြက္ သူ႔အေဖနဲ႔မိေထြးကို စိမ္းကားလာၿပီး ခပ္ကင္းကင္းပင္  ေနလာခဲ့သည္။

ေနာက္ပိုင္းတြင္ သူဟာ သူ႔အေမရင္းရဲ႕ လက္စားျပန္ေခ်မႈတြင္  အသုံးခ်ျခင္းကိုခံခဲ့ရသည္။ ေခ်ာင္ရႈ အတြက္ေတာ့ သူမရဲ႕သားဟာ ရွီးမိသားစုကို ဖ်က္ဆီးပစ္ဖို႔ရန္ ဓားတစ္လက္သာသာျဖစ္ခဲ့သည္။

ရွီးခ်န္ဟာ မညဥ္းမညဴဘဲ ဒုကၡခံေပးတတ္တဲ့ သေဘာသဘာဝရွိတဲ့ လူတစ္ေယာက္ပဲျဖစ္တယ္။ သူ႔ရဲ႕ ေသြးသားေတာ္စပ္တဲ့ တစ္ဦးတည္းေသာ သူ႔ညီမေလးကို အေတာ္ေလးဂ႐ုစိုက္ခဲ့ေပမဲ့ သူဟာ သူ႔ခံစားခ်က္ကို ထုတ္ေဖာ္ျပတဲ့ေနရာမွာေတာ့ မကြၽမ္းကြၽင္လွဘူး။ တစ္ကိုယ္ေကာင္းဆန္လြန္းလွတဲ့ မူလခႏၶာကိုယ္ပိုင္ရွင္ ရွီးနဥ္ က သူ႔ကို အၿမဲတမ္း နာက်င္ေစခဲ့သည္။ သူမက သူ႔ရဲ႕စိတ္ႏွလုံးကို လုံးလုံးလ်ားလ်ား ေအးစက္သြားေအာင္ ေျပာင္းလဲပစ္ခဲ့ၿပီး သူ႔ရဲ႕မိသားစုအေပၚထားရွိတဲ့ သူ႔ရဲ႕အခ်စ္ေတြကို ကုန္ဆုံးသြားေစခဲ့သည္။ ထို႔ေနာက္ ရွီးခ်န္ ဟာ ရွီးမိသားစုအိမ္ေတာ္ကေန ထြက္လာခဲ့ေတာ့သည္။

ရွီးက်န္႔ဖ်င္က သူ႔ကို လိုက္လံရွာေဖြေနတဲ့အခ်ိန္မွာပဲ ယာဥ္မေတာ္တဆျဖစ္ကာ ကိုမာဝင္သြားခဲ့သည္။ ေက်ာ႐ိုးေနာက္ခံဆုံးရႈံးလိုက္ေသာ ရွီမိသားစု၏ ကံၾကမၼာသည္ မူလခႏၶာကိုယ္ပိုင္ရွင္ျဖစ္တဲ့ ရွီးနဥ္ ရဲ႕အျဖစ္နဲ႔ တူေလသည္။

လြန္ခဲ့ေသာ ရာစုႏွစ္မ်ားစြာကတည္းက ေအာင္ျမင္ေက်ာ္ၾကား လူသိမ်ားခဲ့ေသာ မိသားစုႀကီးတစ္ခုလုံးဟာ မ်က္စိတစ္မွိတ္အတြင္းမွာကို လုံးလုံးလ်ားလ်ား ကုန္းေကာက္စရာပါမက်န္ ပ်က္စီးသြားခဲ့ရသည္။ ထိုအေၾကာင္းအရာေတြကိုစဥ္းစားမိေတာ့ ရွီးနဥ္ တစ္ေယာက္ ေၾကာက္လန႔္သြားခဲ့တယ္။

လီရွီးနဥ္ အျဖစ္ ရွိ‌ေနစဥ္ကာလတုန္းက သူမကစိတ္ေသာကေရာက္စရာ ဘဝမွာေနထိုင္ခဲ့ရတယ္။ ေက်းလက္ေဒသရွိ မိသားစုကိုေကြၽးေမြးေထာက္ပံ့ဖို႔အတြက္ သူမရဲ႕မိဘ‌မ်ားက တျခားေနရာေဒသတြင္ အလုပ္လုပ္ဖို႔သြားရာ သူမကိုေတာ့  သူတို႔ရဲ႕‌အေမ၊ သူမရဲ႕အဘြား ဆီကို  ထားရစ္ခဲ့သည္။ သူတို႔အလုပ္လုပ္တဲ့ေနရာဟာ အေတာ္ေလးကို ေဝးလြန္းတဲ့အတြက္ေၾကာင့္ သူမတို႔ေနထိုင္ရာေက်းလက္ေဒသကို ျပန္လာဖို႔အတြက္ ခရီးစရိတ္ဟာ အေတာ္ေလးကိုကုန္က်တာမလို႔ အိမ္ျပန္လာခဲသည္။  အဲ့တာေၾကာင့္မို႔လို႔ သူမဟာ သူမမိဘေတြကို ႏွစ္သစ္ကူး႐ုံးပိတ္ရက္မွာေတာင္  သိပ္ေတြ႕ခြင့္မရခဲ့ဘူး။

ဒါေပမဲ့ သူမ ႏွစ္တိုင္းလက္ခံရရွိခဲ့တဲ့ ေက်ာင္းစရိတ္ေၾကာင့္ သူမရဲ႕မိဘေတြဟာ သူမကိုအရမ္းခ်စ္ၿပီး သူမကို ေထာက္ပံ့ဖို႔အတြက္ အလုပ္ႀကိဳးစားေနရတယ္ဆိုၿပီး ေျဖသိမ့္ခဲ့ရတယ္။ သူမဘဝရဲ႕ အခက္အခဲမ်ားႏွင့္ ေဝးလံေခါင္ပါးလြန္းတဲ့ေဒသမွာ သူမရရွိခဲ့တဲ့ ေက်ာင္းတြင္းပညာက အဆင့္နိမ့္တယ္လို႔ဆိုႏိုင္ေသာ္လည္း သူမရဲ႕ကံၾကမၼာနဲ႔ သူမရဲ႕မိသားစု ဘဝအေျခအေနကို ေျပာင္းလဲပစ္ႏိုင္ဖို႔အတြက္ ဆက္လက္ပညာသင္ၾကားဖို႔ အားအမ်ားႀကီးစိုက္ထုတ္ခဲ့ရသည္။

သူမမိသားစုရဲ႕ကံၾကမၼာကို မေျပာင္းလဲေပးႏိုင္ေသးခင္ ကံၾကမၼာဆိုးႀကီးက သူမကို ေ႐ြးခ်ယ္စရာတစ္ခုမွ မရွိရေအာင္ကို ေျပာင္းလဲေပးပစ္တယ္။

သူမ အထက္တန္းဒုတိယႏွစ္ေရာက္တဲ့အခ်ိန္မွာပဲ သူမမိဘေတြက ေဆာက္လုပ္ေရးလုပ္ငန္းခြင္၌ မေတာ္တဆမႈေၾကာင့္ ဆုံးပါးသြားခဲ့၏။ ေနာက္တစ္ႏွစ္ေလာက္ၾကာတဲ့ေနာက္မွာ သူမရဲ႕အဖြားလဲ ျပင္းထန္လြန္းတဲ့ေရာဂါေဝဒနာကို ခံစားရၿပီး ဆုံးပါးသြားခဲ့သည္။ သူမ တစ္ႏွစ္တာကာလပတ္လုံး  တစ္ေယာက္တည္း အသက္ရွင္ေနထိုင္ခဲ့ရတယ္။ ေနာက္ဆုံးတြင္ အထက္တန္းေက်ာင္းဝင္ခြင့္ရသြားၿပီးတဲ့ေနာက္မွာ ေသျခင္းတရားကို သူမကို အဆုံးသတ္ေပးခဲ့ျပန္တယ္။ သူမရဲ႕တစ္မိသားစုလုံးက အျဖစ္ဆိုးႀကီးနဲ႔ အဆုံးသတ္ခဲ့ေလသည္။

ဒီဘဝမွာေတာ့ မူလရွီးနဥ္က အလြန္စိတ္ပ်က္စရာေကာင္းေလာက္တဲ့ အဆုံးသတ္ျဖစ္ခဲ့ေသာ္လည္း အနည္းဆုံးေတာ့ သူမအျဖစ္ထက္ ပိုသာေသးတယ္။ ၿပီးေတာ့ ဘယ္လိုအဆုံးသတ္မွာလဲဆိုတာကို ႀကိဳတင္သိထားတဲ့အတြက္ အဆုံးသတ္ကို ကာကြယ္ႏိုင္ဖို႔ နည္းလမ္းကရွိေသးတာပဲ။ သူမက ရွီးနဥ္ ျဖစ္လာေတာ့ ရွီးမိသားစုရဲ႕ ကံၾကမၼာကို သူမကိုယ္တိုင္ ေျပာင္းလဲပစ္ဖို႔လိုအပ္သည္။ သူတို႔ရဲ႕ကံၾကမၼာကို ေျပာင္းလဲပစ္ဖို႔အခ်ိန္ရွိေသးတယ္ ။

“ေဖေဖ”  သူမရရွိထားတဲ့ မွတ္ဉာဏ္ေတြအတိုင္း သူမရဲ႕အေဖလို႔ေခၚလိုက္သည့္အခါ ကိုး႐ိုးကားရားႏိုင္တယ္လို႔ေတာ့မထင္မိဘူး။

ရွီးနဥ္ က ရွီးက်န္႔ဖ်င္ ကို အေလးအနက္စိုက္ၾကည့္လိုက္ၿပီး ေျပာလိုက္တယ္။

“ကိုယ့္သားကို ႐ိုက္တာက မွားတယ္ေနာ္ ”

ရွီးက်န္႔ဖ်င္ အလန႔္တၾကားျဖစ္သြားသည္။ ရွီးခ်န္ ေတာင္ တခဏသတိလက္လြတ္ျဖစ္သြားသည္

သူ႔ကို ေနရာတိုင္းအႏိုင္က်င့္ေနတဲ့ လူဆိုးမေလးက သူ႔ရဲ႕အေရွ႕ကေန ကာေပးေနတဲ့ ေကာင္မေလးနဲ႔ တစ္ေယာက္တည္းပဲလား??

ရွီးနဥ္ အခုမွႏိုးလာတဲ့အတြက္ေၾကာင့္ သူမရဲ႕မ်က္ႏွာဟာ မိတ္ကပ္ျပင္ထားတဲ့အသြင္အျပင္မဟုတ္ဘဲ ျဖဴျဖဴေဖ်ာ့ေဖ်ာ့ေလးျဖစ္ေနၿပီး ရွင္းရွင္းေလးနဲ႔ လွပေန၏။ လူတိုင္းေပၚ အႏိုင္က်င့္မာနေထာင္လႊားတဲ့ အရင္ကပုံစံနဲ႔အေတာ္ေလးကိုကြဲျပားေနသည္။

သူမရဲ႕ မ်က္လုံးေလးက ၾကည္လင္ေတာက္ပၿပီး ႐ႊန္းစိုေနတာပဲ။ ငါလူးးး

ရွီးနဥ္ ေျပာလိုက္တဲ့စကားအား သူ တကယ္ႀကီးကို ၾကားလိုက္ရတယ္။  သူ နားၾကားမွားတာ မဟုတ္ဘူး။ ခါတိုင္းဆို သူ႔အေဖ သူ႔ကို႐ိုက္တဲ့အခါ ရွီးနဥ္ က သူ႔ဆီကိုတခါမွ လာမကူညီခဲ့ဖူးဘူး။ ရွီးနဥ္ က သူမရဲ႕ခိုက္မိထားတဲ့ လက္ေကာက္ဝတ္နဲ႔ သူမအေဖရဲ႕ ႐ြယ္ထားတဲ့လက္ကို တားဖို႔လုပ္လိုက္တာကို ရွီးခ်န္ သတိထားမိသြားတယ္။ အက်ႌလက္နားေလးမွာ ေသြးကြက္ အစြန္းအထင္းေတြ ရွိေနတယ္။

သူဟာ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ရွီးနဥ္ ကို ေအးစက္စက္အသံနဲ႔ေျပာလိုက္တယ္။

“မင္း ဒါကို စိတ္ပူေပးစရာမလိုဘူး”

သူက မ‌ေနႏိုင္ဘဲ ထပ္ၿပီးေျပာလိုက္မိေသးသည္။

“မင္းလက္ကိုမင္းၾကည့္ဦး ဒဏ္ရာကေသြးေတြျပန္ထြက္လာၿပီ မင္းဘာသာမင္းလုပ္တာမို႔လို႔ ငါ့ဆီလာၿပီး အပူလာမကပ္နဲ႔”

ရွီးက်န္႔ဖ်င္ ဟာ အစကေတာ့ သူ႔သားကို ဆူခ်င္ေသးေသာ္လည္း ရွီးခ်န္ ရဲ႕ သတိေပးစကားၾကားၿပီးေနာက္မွာေတာ့ သူ႔သားကိုဆူတာထက္ သူ႔အတြက္ သူ႔သမီးေလးဒဏ္ရာက ပိုၿပီးအေရးႀကီးတယ္လို႔ ခံစားလိုက္ရသည္။

သူက ရွီးနဥ္ ကို ဒဏ္ရာကို ေနာက္ထပ္တခါ ပတ္တီးျပန္စည္းဖို႔အတြက္ လူနာေဆာင္ဘက္ကို အျမန္တြဲေခၚသြားတယ္ ။ ရွီးနဥ္ ကို သူမအေဖက ဒဏ္ရာ‌ကိုပတ္တီးစည္းေပးဖို႔ ဆြဲေခၚသြားေနတာေတာင္မွ သူမက ရွီးခ်န္ ကို ျပန္လွည့္ၾကည့္၊ လွည့္ၾကည့္လုပ္ေနမိသည္။

ရွီးခ်န္ ကေတာ့ ျပန္မၾကည့္ဘဲေဘးဘက္ကို ‌အနည္းငယ္‌ေခါင္းေစာင္းလိုက္သည္။ သူက ထင္ေယာင္ထင္မွားျဖစ္ေနတယ္လို႔ပဲ ယူဆလိုက္သည္။ ရွီးနဥ္ က အခု သူ႔ကို လွမ္းၾကည့္ေနတယ္ဆိုတာကိုေပါ့...။

Thanks for READING 💟

*******
 

 

Continue Reading

You'll Also Like

6.1K 200 72
English Translation Novel
29.8K 672 22
A Sharkboy x Reader Story. (Y/n) wasn't who she said she was. Even lying to Max, the reason her home planet existed, was harder for her to do than an...
521K 15K 53
what happened when the biggest mafia in the world hid his real identity and married an innocent, sweet girl?