Chapter - 19
|| Zawgyi ||
လင္းယဲ့ သူစတိုးဆိုင္ေလးမွာ အဆာေျပေပါင္မုန္႔ေတြဝယ္ေနတုန္း ေဟာက္ရန္ဆီကဖုန္းလာတာျဖစ္တယ္။ သူအခုတစ္ေလာဗိုက္အရမ္းဆာလာတယ္။ နာရီကိုၾကည့္ေတာ့ ေျခာက္နာရီခြဲေနတာ ေက်ာ္ေတာင္ေက်ာ္ေနၿပီ ပထမဆံုးအလုပ္ရက္မို႔ ေနာက္မက်ေအာင္အေစာႀကီးသြားဖို႔ ျပင္ဆင္ခဲ့တာ အင္တာနက္ဆိုင္ကို၁၀မိနစ္ေက်ာ္ေလာက္လမ္းေလ်ွာက္ရအံုးမည္။
မုန္႔ထုပ္ေတြကိ္ုင္ရင္း အလုပ္ေရာက္မွစားမလို႔ကို ဗိုက္ထဲကသံစံုတီးဝိုင္း ေပၚလာေတာ့တယ္။ သူမတတ္ႏိုင္ဘဲ လြယ္အိတ္ေလးထဲက ေပါင္မုန္႔ကိ္ုယူၿပီး အိတ္ကိုဖြင့္လိုက္တယ္။
Bazzz. .....
ထပ္ၿပီးဖုန္းကတုန္ခါလာကာ ေဟာက္ရန္ဆီကသာျဖစ္ေနတယ္။ ေပါင္မုန္႔ကိုတစ္ဖက္က ကိုင္ရင္းဖုန္းကိုတစ္ဖက္ကကိုင္ကာ စားရင္းနဲ႔ဖုန္းေျပာလိုက္တယ္။
"ေဟာက္ရန္ ခင္ဗ်ားအားေပမဲ့ ကြၽန္ေတာ္မအားဘူး "
"ညနက္ေတာ့မယ္ ငါနဲ႔စကားေျပာရင္း တစ္ခုခုသြားစားရေအာင္ "
လင္းယဲ့ဘက္က စကားျပန္မေျပာလာဘူး။ ဒါေၾကာင့္ေဟာက္ရန္ တစ္ဖက္ကလမ္းေဘးနားမွာ ေပါင္မုန္႔ေလးကိုင္ကာ သြားေနတဲ့လင္းယဲ့ကိုၾကည့္လိုက္တယ္။ လင္းယုဲ႔ပံုကထူးဆန္းေနသလိုျဖစ္ေနတယ္။
အမွန္ကိုထူးဆန္းေနခဲ့တာျဖစ္တယ္။ လင္းယဲ့ ေဟာက္ရန္အတူတူသြားစားဖို႔ေျပာလိုက္တာမို႔ သြားၾကားထဲကအခ်ဥ္ရည္ေတြေတာင္ ထြက္လာသလိုမ်ိဳးခံစားလိုက္ရတယ္။
ခ်ီး လိုဘဲ့ သူယုဟိုင္ေခၚတာနဲ႔ အေနာက္ကေကာက္ေကာက္ ပါသြားၿပီးမွ ငါ့ကိုလာေခၚေနတယ္။ ဘာလို႔ေကာင္းျပေနေသးတာလဲ ။ လင္းယဲ့ စိတ္အခ်ဥ္ေပါက္တာကိုေျဖဖို႔ လက္ထဲကေပါင္မုန္႔ကို ခပ္ႀကီးႀကီးကိုက္ခ်လိုက္ကာ မပီတပီအသံနဲ႔ ေဟာက္ရန္ဖုန္းကိုျပန္ေျဖတယ္။
"မလိုဘူး ကြၽန္ေတာ္အခုလည္း အရမ္းေကာင္းတဲ့စားစရာစားေနတယ္။ ခင္ဗ်ားနဲ႔ခင္ဗ်ားခ်စ္သူသာ အတူသြားစားစမ္းပါ "
ကိုယ္ခ်စ္ရတဲ့လူတစ္ေယာက္ကို တစ္ျခားလူတစ္ေယာက္လက္ထဲထည့္ၿပီး ေျပာဖို႔ကအေတာ္ေလးကို ခံရခက္လွပါတယ္။ ဒါမဲ့အဲ့ဒီေကာင္အေ႐ွ႕မွာ ထပ္ၿပီးေတာ့ အားနည္းတဲ့ပံုျပေတာ့မွာမဟုတ္ဘူး။ ငါ့ဘက္မွာဘယ္သူမွမရိွဘူးဆိုေပမဲ့ ငါ့ကေလးလည္းရိွေသးတာဘဲ့ေလ...
" ခင္ဗ်ားဘာေၾကာင့္ ဖုန္းဆက္ေနတာလဲ အရင္ကဆိုကြၽန္ေတာ့ဖုန္းနံပတ္ေတာင္ ရိွမဲ့လူမဟုတ္ဘဲ "
". ..... . "
ဟုတ္တယ္။ ဖုန္းနံပတ္ကိုအရင္က ဖုန္းထဲထည့္ထားဖို႔မေတြးမိခဲ့ဘူး။ ဒီတေခါက္မိဘေတြ႐ုတ္တရက္ႀကီး လာခ်တာမို႔ ေနာက္တစ္ခါဆိုႀကိဳၿပီး ဖုန္းဆက္ႏိုင္ေအာင္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အိမ္ေတာ္ထိန္းဆီက လင္းယ့ဲ ဖုန္းနံပတ္ကိုေတာင္းထားခဲ့တာ။
" ငါႏွစ္ခါမေျပာခ်င္ဘူး မင္းအခုဘယ္မွာလဲ "
လမ္းေလ်ွာက္ေနတဲ့ပံုရိပ္ေလးကို ျမင္ေပမဲ့ ေမးျဖစ္ေအာင္ေမးမိလိုက္ေသးသည္။
" ဟြန္႔ ကြၽန္ေတာ္ေျပာၿပီးၿပီေလ ဒီမွာအရသာရိွတာေတြ စားေနပါတယ္ဆို "
ေဟာက္ရန္စိတ္တိုသြားကာ
" မင္းအခုစားေနတာက အရသာရိွတာလား "
" ခင္ဗ်ားက ဘာသိလို႔လဲ "
လင္းယဲ့ ေခါင္းကိုလွည့္ၿပီး ႐ွာလိုက္တယ္။ သူသိမွာမဟုတ္ပါဘူး။
"ေတာ္ၿပီ အလုပ္သြားရအံုးမယ္ "
လင္းယဲ့ ေပါင္မုန္႔ကိုကိုက္ရင္း ဖုန္းခ်လိုက္တယ္။ ဖုန္းကိုေဘာင္းဘီအိတ္ထဲထည့္ကာ ေျခလွမ္းျမန္ျမန္နဲ႔ ေလ်ွာက္သြားခဲ့တယ္။ အလုပ္ကို၁၀မိနစ္ေလာက္ျဖစ္ျဖစ္ေစာေရာက္ေအာင္ သြားရမည္ေလ။
ထြက္သြားတဲ့ လင္းယဲ့ကိုၾကည့္ရင္း ကားစတီယာတိုင္ကို ခပ္ၾကမ္းၾကမ္း႐ိုက္ခ်လိုက္တယ္။ ဒါကစားေကာင္းတာေတြ စားေနတာလား။ ဒါမွမဟုတ္ အရင္ကတည္းက ဒီလိုေနေနတာလား။ အသံုးကိုမက်ဘူး...
ေဟာက္ရန္ကားကိုျပန္လွည့္ၿပီး အိမ္ဘက္ကိုေမာင္းသြားေတာ့တယ္။
" ဟလို ကြၽန္ေတာ္ဒီေန႔အလုပ္ဆင္းတဲ့ ဝန္ထမ္းအသစ္ပါ"
"အိုး...ခ ခဏေလးေနာ္.... ေဟ့ေကာင္ ညာဘက္က ေသၿပီ "
လင္းယဲ့ အလုပ္ကိုေရာက္တာနဲ႔ ေကာင္တာမွာထိုင္ေနတဲ့ ဆိုင္႐ွင္ေကာင္ေလးကိုႏႈတ္ဆက္လိုက္တယ္။ ဒါမဲ့ဆိုင္႐ွင္ေကာင္ေလးက ဂိမ္းေဆာ့ရင္းေအာ္ေျပာေနတာမို႔ တိတ္တိတ္ေလးနဲ႔ ပတ္ဝန္းက်င္ကိုစူးစိုက္ၾကည့္ေနတယ္။ ခဏၾကာေတာ့ ဖုန္းကိုပိတ္လိုက္ၿပီး
" sorry ကိုယ့္နာမည္က ယြမ္က်ိဳး ပါ။ သက္ေတာင္သက္သာေခၚပါ။ အလုပ္ကေတာ့ သိပ္ၿပီးမမ်ားပါဘူး။ ဒီမွာက ဆိုင္မွာရိွတဲ့ ကြန္ပ်ဴတာေတြကိုျပထားတာ။ လင္းယဲ့ မင္းကဒီအနီျပထားတဲ့ ေနရာကိုၫႊန္းေပးရမွာ အဲ့တာကလူမရိွတဲ့ေနရာေတြဘဲ့ ။ ၿပီးေတာ့ဘယ္အခ်ိန္အထိ သံုးမလဲ၊ဘယ္ႏွနာရီလဲေမးရမွာေပၚကြာ......"
လင္းယဲ့ ေသခ်ာနားေထာင္ၿပီး ယြမ္က်ိဳး ထြက္သြားတာနဲ႔ ေကာင္တာအနားမွာထိုင္လိုက္တယ္။ ယြမ္က်ိဳး ကအနားကေနထြက္လာၿပီးတာနဲ႔ သူငယ္ခ်င္းႀကီးေဟာက္ရန္ကို ဖုန္းေခၚလိုက္တယ္။
"ေဟ့ ငါတို႔ေသာက္ၾကမလား "
💜💜💜💜💜💜💜💜💜💜💜💜
3.Mar.21
Saung's
========================================================
ညဘက်အလုပ်...အိုး အင်တာနက်ဆိုင်အလုပ်နော်
C
hapter - 19
|| Unicode ||
လင်းယဲ့ သူစတိုးဆိုင်လေးမှာ အဆာပြေပေါင်မုန့်တွေဝယ်နေတုန်း ဟောက်ရန်ဆီကဖုန်းလာတာဖြစ်တယ်။ သူအခုတစ်လောဗိုက်အရမ်းဆာလာတယ်။ နာရီကိုကြည့်တော့ ခြောက်နာရီခွဲနေတာ ကျော်တောင်ကျော်နေပြီ ပထမဆုံးအလုပ်ရက်မို့ နောက်မကျအောင်အစောကြီးသွားဖို့ ပြင်ဆင်ခဲ့တာ အင်တာနက်ဆိုင်ကို၁၀မိနစ်ကျော်လောက်လမ်းလျှောက်ရအုံးမည်။
မုန့်ထုပ်တွေကိ်ုင်ရင်း အလုပ်ရောက်မှစားမလို့ကို ဗိုက်ထဲကသံစုံတီးဝိုင်း ပေါ်လာတော့တယ်။ သူမတတ်နိုင်ဘဲ လွယ်အိတ်လေးထဲက ပေါင်မုန့်ကိ်ုယူပြီး အိတ်ကိုဖွင့်လိုက်တယ်။
Bazzz. .....
ထပ်ပြီးဖုန်းကတုန်ခါလာကာ ဟောက်ရန်ဆီကသာဖြစ်နေတယ်။ ပေါင်မုန့်ကိုတစ်ဖက်က ကိုင်ရင်းဖုန်းကိုတစ်ဖက်ကကိုင်ကာ စားရင်းနဲ့ဖုန်းပြောလိုက်တယ်။
"ဟောက်ရန် ခင်ဗျားအားပေမဲ့ ကျွန်တော်မအားဘူး "
"ညနက်တော့မယ် ငါနဲ့စကားပြောရင်း တစ်ခုခုသွားစားရအောင် "
လင်းယဲ့ဘက်က စကားပြန်မပြောလာဘူး။ ဒါကြောင့်ဟောက်ရန် တစ်ဖက်ကလမ်းဘေးနားမှာ ပေါင်မုန့်လေးကိုင်ကာ သွားနေတဲ့လင်းယဲ့ကိုကြည့်လိုက်တယ်။ လင်းယုဲ့ပုံကထူးဆန်းနေသလိုဖြစ်နေတယ်။
အမှန်ကိုထူးဆန်းနေခဲ့တာဖြစ်တယ်။ လင်းယဲ့ ဟောက်ရန်အတူတူသွားစားဖို့ပြောလိုက်တာမို့ သွားကြားထဲကအချဉ်ရည်တွေတောင် ထွက်လာသလိုမျိုးခံစားလိုက်ရတယ်။
ချီး လိုဘဲ့ သူယုဟိုင်ခေါ်တာနဲ့ အနောက်ကကောက်ကောက် ပါသွားပြီးမှ ငါ့ကိုလာခေါ်နေတယ်။ ဘာလို့ကောင်းပြနေသေးတာလဲ ။ လင်းယဲ့ စိတ်အချဉ်ပေါက်တာကိုဖြေဖို့ လက်ထဲကပေါင်မုန့်ကို ခပ်ကြီးကြီးကိုက်ချလိုက်ကာ မပီတပီအသံနဲ့ ဟောက်ရန်ဖုန်းကိုပြန်ဖြေတယ်။
"မလိုဘူး ကျွန်တော်အခုလည်း အရမ်းကောင်းတဲ့စားစရာစားနေတယ်။ ခင်ဗျားနဲ့ခင်ဗျားချစ်သူသာ အတူသွားစားစမ်းပါ "
ကိုယ်ချစ်ရတဲ့လူတစ်ယောက်ကို တစ်ခြားလူတစ်ယောက်လက်ထဲထည့်ပြီး ပြောဖို့ကအတော်လေးကို ခံရခက်လှပါတယ်။ ဒါမဲ့အဲ့ဒီကောင်အရှေ့မှာ ထပ်ပြီးတော့ အားနည်းတဲ့ပုံပြတော့မှာမဟုတ်ဘူး။ ငါ့ဘက်မှာဘယ်သူမှမရှိဘူးဆိုပေမဲ့ ငါ့ကလေးလည်းရှိသေးတာဘဲ့လေ...
" ခင်ဗျားဘာကြောင့် ဖုန်းဆက်နေတာလဲ အရင်ကဆိုကျွန်တော့ဖုန်းနံပတ်တောင် ရှိမဲ့လူမဟုတ်ဘဲ "
". ..... . "
ဟုတ်တယ်။ ဖုန်းနံပတ်ကိုအရင်က ဖုန်းထဲထည့်ထားဖို့မတွေးမိခဲ့ဘူး။ ဒီတခေါက်မိဘတွေရုတ်တရက်ကြီး လာချတာမို့ နောက်တစ်ခါဆိုကြိုပြီး ဖုန်းဆက်နိုင်အောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်တော်ထိန်းဆီက လင်းယဲ ဖုန်းနံပတ်ကိုတောင်းထားခဲ့တာ။
" ငါနှစ်ခါမပြောချင်ဘူး မင်းအခုဘယ်မှာလဲ "
လမ်းလျှောက်နေတဲ့ပုံရိပ်လေးကို မြင်ပေမဲ့ မေးဖြစ်အောင်မေးမိလိုက်သေးသည်။
" ဟွန့် ကျွန်တော်ပြောပြီးပြီလေ ဒီမှာအရသာရှိတာတွေ စားနေပါတယ်ဆို "
ဟောက်ရန်စိတ်တိုသွားကာ
" မင်းအခုစားနေတာက အရသာရှိတာလား "
" ခင်ဗျားက ဘာသိလို့လဲ "
လင်းယဲ့ ခေါင်းကိုလှည့်ပြီး ရှာလိုက်တယ်။ သူသိမှာမဟုတ်ပါဘူး။
"တော်ပြီ အလုပ်သွားရအုံးမယ် "
လင်းယဲ့ ပေါင်မုန့်ကိုကိုက်ရင်း ဖုန်းချလိုက်တယ်။ ဖုန်းကိုဘောင်းဘီအိတ်ထဲထည့်ကာ ခြေလှမ်းမြန်မြန်နဲ့ လျှောက်သွားခဲ့တယ်။ အလုပ်ကို၁၀မိနစ်လောက်ဖြစ်ဖြစ်စောရောက်အောင် သွားရမည်လေ။
ထြက္သြားတဲ့ လင်းယဲ့ကိုကြည့်ရင်း ကားစတီယာတိုင်ကို ခပ်ကြမ်းကြမ်းရိုက်ချလိုက်တယ်။ ဒါကစားကောင်းတာတွေ စားနေတာလား။ ဒါမှမဟုတ် အရင်ကတည်းက ဒီလိုနေနေတာလား။ အသုံးကိုမကျဘူး...
ဟောက်ရန်ကားကိုပြန်လှည့်ပြီး အိမ်ဘက်ကိုမောင်းသွားတော့တယ်။
" ဟလို ကျွန်တော်ဒီနေ့အလုပ်ဆင်းတဲ့ ဝန်ထမ်းအသစ်ပါ"
"အိုး...ခ ခဏလေးနော်.... ဟေ့ကောင် ညာဘက္က သေပြီ "
လင်းယဲ့ အလုပ်ကိုရောက်တာနဲ့ ကောင်တာမှာထိုင်နေတဲ့ ဆိုင်ရှင်ကောင်လေးကိုနှုတ်ဆက်လိုက်တယ်။ ဒါမဲ့ဆိုင်ရှင်ကောင်လေးက ဂိမ်းဆော့ရင်းအော်ပြောနေတာမို့ တိတ်တိတ်လေးနဲ့ ပတ်ဝန်းကျင်ကိုစူးစိုက်ကြည့်နေတယ်။ ခဏကြာတော့ ဖုန်းကိုပိတ်လိုက်ပြီး
" sorry ကိုယ့်နာမည်က ယွမ်ကျိုး ပါ။ သက်တောင်သက်သာခေါ်ပါ။ အလုပ္ကေတာ့ သိပ်ပြီးမများပါဘူး။ ဒီမွာက ဆိုင်မှာရှိတဲ့ ကွန်ပျူတာတွေကိုပြထားတာ။ လင်းယဲ့ မင်းကဒီအနီပြထားတဲ့ နေရာကိုညွှန်းပေးရမှာ အဲ့တာကလူမရှိတဲ့နေရာတွေဘဲ့ ။ ပြီးတော့ဘယ်အချိန်အထိ သုံးမလဲ၊ဘယ်နှနာရီလဲမေးရမှာပေါ်ကွာ......"
လင်းယဲ့ သေချာနားထောင်ပြီး ယွမ်ကျိုး ထွက်သွားတာနဲ့ ကောင်တာအနားမှာထိုင်လိုက်တယ်။ ယွမ်ကျိုး ကအနားကနေထွက်လာပြီးတာနဲ့ သူငယ်ချင်းကြီးဟောက်ရန်ကို ဖုန်းခေါ်လိုက်တယ်။
"ဟေ့ ငါတို့သောက်ကြမလား "
💜💜💜💜💜💜💜💜💜💜💜💜
3.Mar.21
Saung's
========================================================