အခုဆိုရင် မောင်က နှောင်းရိပ်ကို သိသိသာသာကို ရှောင်ဖယ်လာသည်။
မနက်မိုးလင်းတာနဲ့ နှောင်းရိပ်ပြင်ပေးတဲ့ မနက်စာကိုဘဲ အမြဲစားတတ်တဲ့မောင်က အခုဆိုရင် ကေသရီနဲ့ အတူ အပြင်ထွက်စားတတ်နေပြီလေ...
ကေသရီကလည်း မနက်၈နာရီဆိုရင် အိမ်မှာအရောက်..အိမ်ရှေ့ ဧည့်ခန်းထဲမှာ မောင်ဆင်းအလာကို စောင့်နေကြ...
ခံစားရတယ်မောင်..နှောင်းရိပ် မောင့်ကို သူနဲ့ အတူ တွဲတွေ့ရင် သေမတတ်အောင်နာကြင်ရတယ်ဗျ...
အန်တီမြကတော့ နှောင်းရိပ်ကို အမြဲ နှစ်သိမ့်ပေးပါတယ်...အကို စိုင်းရောပေါ့..
တစ်ခုဘဲ...မောင်က နှောင်းရိပ်ကို ကြီးမေတို့နဲ့ အဆက်အသွယ်ဖြတ်ထားတာ...
နှောင်းရိပ်ရဲ့ ဖုန်းကိုလည်း မောင်က သိမ်းထားသည့်အပြင် အိမ်ဖုန်းတစ်လုံးဘဲ အိမ်မှာရှိတယ်လေ...
အိမ်ဖုန်းရှိလို့ ခိုးဆက်လို့ရမယ်မကြံနဲ့ ...မောင်က နှောင်းရိပ်ဘာလုပ်လုပ် အကုန်ကိုသိတာ...ဘာလို့လဲဆိုတော့ သိတဲ့အတိုင်းဘဲလေ မောင်က အိမ်မှာ နေရာလပ်မကျန် CCTV အပြည့်တပ်ထားတာလေ...နှောင်းရိပ်နဲ့ မောင့်ရဲ့ အိပ်ခန်းနှစ်ခန်းကလွဲလို့ပေါ့...
အရင်တုန်းကဆိုရင် သင်တန်းတွေဘာတွေ သွားရတော့ အပြင်လေးဘာလေး ထွက်ရသေး..အခုဟာက နှောင်းရိပ်သင်တန်းကလည်း ပိတ်ထားတာလေ..အိမ်မှာဘဲ အချိန်ပြည့်နေရတဲ့ နှောင်းရိပ်ဘဝက အရမ်းပျင်းဖို့ကောင်းတာ...
ဒီနေ့တော့ နှောင်းရိပ်လည်း အလုပ်တွေပြီးလို့ ခြံထဲကို အန်တီမြနဲ့ ခဏ ထွက်လာခဲ့တယ်...
'ဆရာကတော်...ဘာလုပ်မလို့လဲ...'
'အော်...သစ်ပင်တွေရေလောင်းမလို့လေ အန်တီမြရဲ့...'
ထိုသို့ပြောတော့ အန်တီမြက နှောင်းရိပ်လက်ထဲက ရေပိုက်ကို အတင်းဆွဲလုတော့တာ..
'ဆရာကတော်ရယ်...နေပါ...ရေတွေမကိုင်ပါနဲ့..ပေး..ဒေါ်မြလုပ်မယ်...'
'မဟုတ်တာ...နှောင်းရိပ်လည်း ပျင်းလို့ပါ...ဒီတိုင်း ခြံထဲဆင်းပြီး လမ်းလျှောက်ရင်း အခွင့်ကြုံလို့ ရေလောင်းယုံပါ...'
'နေပါ ဆရာကတော်ရယ်...တော်ကြာဖျားနေမှဖြင့်...မနေ့ညကတင် အဖျားတွေတက်နေတာလေ...အခုညထပ်ဖျားရင် ဘယ်လိုလုပ်မလဲ..'
အန်တီမြပြောမှ နှောင်းရိပ် သတိရတာ...
လွန်ခဲ့တဲ့ နှစ်ရက်က နှောင်းရိပ် ဆက်တိုက်ဖျားတာလေ...
အဖျားက တော်တော်နဲ့ကို မကျတာ...
ညဘက် တအင်းအင်းငြီးသံကြောင့် နှောင်းရိပ်အနားမှာ အန်တီမြဘဲစောင့်အိပ်ပေးခဲ့ ပြုစုပေးခဲ့ရတာ...
နေမကောင်းတော့ အားငယ်တဲ့ စိတ်နဲ့ မောင့်အလာကို အဲ့တုန်းက မျှော်နေခဲ့မိပါသော်လည်း မောင်က နှောင်းရိပ်အခန်းရှေ့တောင် မလာ...အခန်းထဲဆို ဝေးသေးပေါ့...
'ဟူး...'
'ကဲ..သက်ပြင်းချမနေနဲ့တော့ ...ဆရာကတော်က ဟိုဘက်မှာနားနားနေနေ နေနော်..ဒေါ်မြဒါလေး ရေလောင်းလိုက်ဦးမယ်...'
'ဟုတ်...ဟုတ်..တခုခုဆို နှောင်းရိပ်ကို ခေါ်လိုက်နော် အန်တီမြ...'
'ကောင်းပါပြီရှင်...'
ဒါနဲ့ဘဲ နှောင်းရိပ်လည်း ခြံထဲကို ဟိုကြည့်ဒီကြည့်နဲ့ လမ်းလျှောက်နေလိုက်တော့သည်။
အချိန်က ညနေ၄:၃၀..အရင်တုန်းက ဒီအချိန်ဆိုရင် မောင်ရုံးက ပြန်လာခါနီးလေ..အခုတော့ မောင်က အိမ်ကို ည ၁၀..ဒါမှ မဟုတ် ၁၁လောက်မှ ပြန်လာတာ...
ဟူး..မောင်ဘာတွေများလုပ်နေလို့ အဲ့လောက်တောင် နောက်ကျမှ ပြန်လာတာလဲလို့ မေးချင်ပေမယ့်လည်း မမေးရဲခဲ့..
နှောင်းရိပ် မောင့်ကို ချစ်ရတာလဲ မလွယ်ပါလားနော်...
အခုမှ ခြံထဲကို နှောင်းရိပ် သေချာ ကြည့်မိတော့မှ
ဝါး..ခြံကြီးက အကျယ်ကြီးဘဲကိုး...
တစ်ခြံနဲ့ တစ်ခြံဆိုတာလည်း နည်းနည်းလှမ်းကြတော့ မိတ်ဆွေ အိမ်နီးချင်းရယ်လို့လည်း သိပ်မဖွဲ့ကျ..
ကိုယ့်အိမ်..ကိုယ့်ယာနဲ့ကိုယ်သာနေပြီး..သူဌေးရပ်ကွယ်ဆိုတော့လည်း အရေးကြုံလာရင်တောင် ကိုယ့်အိမ်ကမဟုတ်ရင် ဖာသိဖာသာနေကြတာလေ..
ဒီလို...
ဟင်း..ခက်သား...အပေါင်းအသင်းမက်တဲ့ နှောင်းရိပ်အဖို့ စကားပြောဖော်က အန်တီမြကလွဲလို့ မရှိ..တခါတလေ အကိုစိုင်းလာရင်တော့ စကားပြောဖြစ်ပေမယ့်လို့ပေါ့...
ဒါနဲ့ ပြောသာပြောနေတာ အခုမှဘဲ စဉ်းစားမိတာ..
မောင့်မွေးနေ့တောင် နောက် သုံးရက်နေရင် ရောက်တော့မှာဘဲ...
မောင့်အတွက်ဆိုပြီး သီးသန့်ဝယ်ထားတဲ့ လက်ဆောင်က ရှိပြီးသားလေ...
မောင်နဲ့ နောက်ဆုံးတစ်ခေါက် အပြင်သွားတုန်းက မှတ်မှတ်ရရကို မောင်ကြိုက်တဲ့ အကွက်ဆင်လေး ဝယ်လာတာ..couple ဝတ်လို့ရအောင်ဆိုပြီး နှစ်ထည်ဆင်တူလေးဝယ်လာတာလေ..
အဲ့တုန်းက ကေသရီတောင်ပါသေး..အဲ့နေ့က မောင်က သူ့အရှေ့မှ နှောင်းရိပ်ကိုတောင် ပါးချလိုက်သေး..
ဟင်း..ဖြစ်ပြီးတာတွေလည်း ပြီးပြီဘဲ..
ဒီတစ်ခေါက် မောင့်မွေးနေ့မှာ အကောင်းဆုံးနဲ့ အမှတ်တရ အဖြစ်ဆုံးဖြစ်အောင် နှောင်းရိပ် ဖန်တီးပေးရမှာပေါ့...
နှောင်းရိပ် အတွေးလွန်နေချိန် ခြံဝမှာ ကားဟွန်းတီးသံကို ကြားလိုက်ရသည်။
'တီ..တီ...'
နှောင်းရိပ်လည်း ကားသံကြားတာနဲ့ ခြံဝကို ပြေးလာလိုက်တော့ အန်တီမြကလည်း အပင်ရေလောင်းနေရင်မှ နှောင်းရိပ်ကို လှမ်းကြည့်ကာ
'ဆရာကတော်...'
'အန်တီမြ..ကားဟွန်းတီးသံကြားတယ်မလား..မောင်ပြန်လာပြီထင်တယ်...ဒီနေ့တော့စောသား..'
'ဒါဆို ခဏနော် ဒေါ်မြ တံခါးသွားဖွင့်ပေးလိုက်မယ်...'
'ရတယ်..ရတယ်..နှောင်းရိပ်ဘဲ သွားလိုက်မယ်..'
'အင်းပါ ...'
နှောင်းရိပ်လည်း ပျော်ရွှင်စွာနဲ့ ခြံဝကိုသွားတော့..
ဟင်..ဒီကားက မောင့်ရဲ့ ကားမှ မဟုတ်တာ..
တကယ်ဘဲ..ဘယ်သူလဲမသိ..
'တီ..တီ...'
'ဟိတ်..ခြံထဲက တစ်ယောက်..ဟွန်းတီးနေတယ်လေ..မြန်မြန်တံခါးလာဖွင့်ဦး..'
'ဟုတ်..ကြားပါတယ်..ဒါနဲ့ ခင်ဗျားက..'
'ရှင်းစက်ရှိလား..'
'မောင်လား..???မောင်က ရုံးက ပြန်မလာသေးဘူးဗျ...ဒါနဲ့ ခင်ဗျားက..??'
'သူ့သူငယ်ချင်းပါ ...အောင်ထက်လေ..ဒါနဲ့ မင်းက...???'
'ဟို...ကျွန်တော်က...'
'ဒါတွေ အသာထား..ငါ့ကို တံခါးလာဖွင့်ပေးဦး...'
'ခင်ဗျားကို ကျွန်တော်မှ မသိတာ..ခင်ဗျား လိမ်နေရင်ရော..'
'ဟူး...ငါက ဘာကိစ္စရလိမ်ရမှာလဲ..အမလေး..မောပါတယ်ဆိုမှ ဒီစာရင်းစစ်နဲ့ တွေ့နေရသေး..'
'ဒါဆိုလည်းကျွန်တော့်ကို ယုံအောင်ပြောလေ..ခင်ဗျားမှာ သက်သေရှိလား...'
'ဟူး..အင်း..နေဦး...ကဲဒီမှာ..ဖုန်းထဲက သူနဲ့ငါနဲ့ အတူရိုက်ထားတဲ့ ဓာတ်ပုံ..ဘယ်ကိုသွားပြီး ဘာတွေ လုပ်ခဲ့လဲ ဆိုတာရော ပြောစရာလိုသေးလား...??'
'အာ..ရပြီ..ရပြီ..ခင်ဗျား..အဲ့လေ..မောင့်သူငယ်ချင်းဆိုတော့ နှောင်းရိပ်ထက် အသက်ကြီးမှာပေါ့..အကိုထက်..အင်း..ကားပေါ်တက်တော့လေ..နှောင်းရိပ်ခြံတံခါးဖွင့်ပေးမယ်..'
'အင်း...'
ဒါနဲ့ဘဲ နှောင်းရိပ်လည်း အကိုထက်ကို အိမ်ထဲခေါ်လာကာ ထိုင်စေပြီး သောက်ဖို့ တစ်ခုခု လုပ်မယ်ပြင်တော့
'နေနေ..ဘာမှ မလုပ်နဲ့...ဒါနဲ့ မင်းက..စောစောက ရှင်းစက်ကို ခေါ်လိုက်တာ တမျိုးဘဲ...မောင်ဆိုလား..???'
'အာ..အဲ့ဒါ...'
'မင်းတို့က..??'
'နှောင်းရိပ်နဲ့ မောင်နဲ့က လက်ထပ်ထားတာပါ...'
'အော်..လက်ထပ်ထားတာ...ဟင်..!!ဘယ်လို..!!!'
'ဟုတ်...'
'ယောက်ျားချင်း...???ထားပါ...ငါ နိုင်ငံခြားမှာ သူတဲ့ ခဏ အဆက်ပြတ်သွားတာ အခုလို ယောက်ျားတစ်ယောက် ကောက်ကာငင်ယူထားလိမ့်မယ် မထင်ခဲ့ဘူး...'
'အော်..'
'ကဲပါ..ရော့..ဒါက ဖိတ်စာ..အကို့ရဲ့ မင်္ဂလာပွဲကို မင်းတို့ လင်မယား..အဲလေ..မင်းတို့ လင်လင် နှစ်ယောက် လာခဲ့နော်..မနက်ဖြန်မနက်..Novotelမှာ...'
'အော်..ဟုတ်ကဲ့..လာဖြစ်အောင် ကြိုးစားကြည့်ပါ့မယ်...'
'ဘာကြိုးစားမှာလဲ..လာကိုလာခဲ့ရမှာနော်..ကဲ..အကိုလည်း တခြားလိုက်ဖိတ်စရာလေးရှိလို့ သွားဦးမယ်..'
'ဟုတ်..ဟုတ်ကဲ့..ကျွန်တော် ခြံဝထိ လိုက်ပို့ပေးပါ့မယ်..'
'ကောင်းပါပြီ...'
ခြံဝထိ နှောင်းရိပ် အကိုထက်ကိုလိုက်ပို့ပြီးတော့
'ကဲ..ညီ..ညီ့နာမည်က..နှောင်း..'
'နှောင်းရိပ်ပါဗျ..စောစောက အကို့ကို ဘယ်သူမှန်းမသိလို့ ရိုင်းပြသလို ဆက်ဆံမိသွားရင် နှောင်းရိပ် တောင်းပန်ပါတယ်နော်...'
'ရပါတယ်ကွာ..ကဲ..အကိုသွားဦးမယ်..မနက်ဖြန်မှ တွေ့ကြတာပေါ့..လာဖြစ်အောင်လာခဲ့နော်..'
'ဟုတ်ကဲ့...'
'အော်..မေ့တော့မလို့..နက်ဖြန်ကျရင် မင်းတို့ လင်လင် နှစ်ယောက် သတိုးသားအရံအတွဲလုပ်ပေးဦး..လက်ခံပေးပါနော်..ညီ..'
'ဟို..အဲ့ဒါက..'
'ညီရယ်...နော်..'
'ဟုတ်..ဟုတ်ကဲ့...'
နှောင်းရိပ်လည်း အကိုထက်ကို နှုတ်ဆက်နေချိန်
'ဟာ..ဟိတ်ရောင်..မင်း..ငထက်မလား...'
'ဟင်..မင်းက...ခက်ဆစ်မလား..??'
'ဟုတ်တယ်လေ...သားကြီးရာ မတွေ့တာတောင် ကြာပါ့...'
'ဟုတ်ပါ့ကွာ...ဒါနဲ့မင်းက ဒီခြံရှေ့ ဘာလာလုပ်တာလဲ..'
'စောစောက နှောင်းခြံထဲမှာ လမ်းဆင်းလျှောက်နေတာတွေ့လို့လာခဲ့တာ..ပြီးတော့..ဒီမှာလေ..strawberry တွေလာပို့တာ..'
'နှောင်းဆိုတော့...မင်းနဲ့ ရှင်းစက်ရဲ့ ဘဲပေါက်စက သိတယ်ပေါ့..'
'အာ..အကိုထက်..ဒါက ဒီလိုပါ..ဒီက အကိုခက်ဆစ်က ဘေးခြံမှာနေတာလေ...'
'အော်..ပေါက်ပြီ..ပေါက်ပြီ..'
'ပေါက်တာအသာထား..မင်းက နှောင်းလေးစီကို ဘာကိစ္စ လာရတာလဲ..?'
'ငါရှင်းစက်စီ..ဖိတ်စာလာပေးတာ..သူက အိမ်မှာမရှိတော့ သူ့ရဲ့ အိမ်သူကို ပေးခဲ့တာလေ..ဟက်..'
'အာ..အကိုထက်ရာ..ဘာတွေပြောနေမှန်းမသိ..'
'ဟား...'
အောင်ထက်က နှောင်းရိပ်ကိုစလိုက်ပေမယ့်လည်း ခက်ဆစ်မှာမပျော်နိုင်..
အမှန်ဆို မင်းက ငါ့ရဲ့ အိမ်သူဖြစ်ရမှာ နှောင်းရိပ်..
အဲ့ကောင်ရဲ့ လူဖြစ်ရမှာမဟုတ်ဘူး..
'ကဲပါ...ရော့..ဒါက မင်းအတွက်..မင်းလည်း နက်ဖြန်လာခဲ့နော်...'
'အဲ့ဒါက..နှောင်းရော နက်ဖြန်လာမှာလား..'
'ဟုတ်..လာဖြစ်ဖို့တော့ရှိတယ်..'
'ဒါဆို ကိုယ်လဲ လာမယ်...'
'ဘာလဲဟ..ကဲ..သွားတော့မယ်..အားလုံးဘဲ..see u..'
အကိုထက်ကို နှုတ်ဆက်ပြီး နှောင်းရိပ်လည်း အကို ခက်ဆစ်ကို နှုတ်ဆက်ဖို့ ပြင်တော့
'နေပါဦး...နှောင်းရဲ့...ဒီမှာ..strawberry တွေ..နှောင်း ကြိုက်လောက်မယ်ထင်လို့ ကိုယ် ပြင်ဦးလွင်က အပြန်ဝယ်လာတာ..'
'နှောင်းရိပ်ကြောင့် အကိုခက်ဆစ် အလုပ်ရှုပ်ရပြန်ပြီ..ကျေးဇူးပါဗျ..အကိုခက်ဆစ်ရဲ့ စေတနာကို နားလည်ပေမယ့် မောင်က သူများပေးတာကို ယူရင်မကြိုက်ဘူးဗျ..'
'ကိုယ်ပေးတာကို မယူရဘူးလို့ ပြောထားလို့လား..'
'ဟို..အဲ့လိုတော့မဟုတ်ပေမယ့်...'
'ဒါဆို ယူပါကွာ..နော်..နှောင်း..'
'တော်ပါပြီ အကိုခက်ဆစ်ရယ်...'
'မဟုတ်တာ..ယူနော်..'
'နှောင်းရိပ် မယူပါရစေနဲ့...'
'ယူပါကွာ..နှောင်းရာ...'
ခက်ဆစ်က နှောင်းရိပ် လက်ထဲ strawberry ခြင်းလေးထိုးထည့်လိုက် နှောင်းရိပ်က ပြန်တွန်းထုတ်လိုက်နဲ့ ဖြစ်နေချိန်
'ဒါကဘာလဲ..ငါမရှိတုန်း တော်တော် သာယာနေတယ်ပေါ့..!!!!'
ရုတ်တရက် ခက်ဆစ်အနောက်ကနေ ပေါ်လာတဲ့ မောင့်ကြောင့် နှောင်းရိပ်မှာ အနည်းငယ်လန့်ရပါသည်။
'အယ်..မောင်..ဒီနေ့ ရုံးက ပြန်လာတာ စောတယ်နော်...'
မောင်က ခက်ဆစ်ပုခုံးကို အားနဲ့ ပွတ်တိုက်ကာ နှောင်းရိပ် အရှေ့မှာ ကွယ်ရပ်လိုက်ပြီး
'ငါ စောစောပြန်လာလို့ စိတ်မကောင်းဖြစ်သွားတာလား..ဟက်...လင်မရှိတုန်း နောက်ကွယ်ကနေ ဖောက်ပြန်နေတာ ဘယ်လိုနေလဲ နှောင်းရိပ်..'
'ဟင်..'
'ဟိတ်ကောင်..ရှင်းစက်..!!!မင်းဘာတွေပြောနေတာလဲ...???'
'မင်းသောက်ပါးစပ်ကို ပိတ်လိုက် ခက်ဆစ်...!!!ငါပြောတာ မင်းသိမှာပေါ့..တစ်ယောက်ကလည်း လင်ရှိရက်နဲ့ ဖောက်ပြန်..နောက်တစ်ယောက်ကလည်း ကလူအူမြူးနေတာ..တော်တော် သာယာနေကြလား..ဟင်..တောက်...စိတ်ပျက်ဖို့ ကောင်းလိုက်တာ...'
'မောင်..မောင်ထင်သလို မဟုတ်ဘူး..ဒီက အကိုခက်ဆစ်က အိမ်အတွက် လက်ဆောင်ဝယ်လာလို့ လာပေးတာပါ...'
'ဟုတ်တယ်..ငါက ပေးတာပါ..နှောင်းက အတင်းငြင်းပါသေးတယ်..'
'အော်..ဖောက်ပြန်နေတဲ့ မြင်ကွင်းကြီးကို ငါကိုယ်တိုင် မြင်ခဲ့ရတာကို မင်းတို့က ဗြောင်ငြင်းချင်သေးတာကိုး..ဟက်..ဘာတဲ့ ခက်ဆစ်..မင်းက သူ့ကို ခေါ်လိုက်တာ နှောင်းတဲ့လား..ပြီးတော့ နှောင်းရိပ်..မင်းကရော ဒါကို သာယာနေတာလား..'
'မဟုတ်..မဟုတ်ပါဘူးမောင်ရယ်..'
'တောက်..ပြီးမှ မင်းနဲ့ ငါ စာရင်းရှင်းမယ်..အခု အိမ်ထဲသွားစမ်း..!!!ဒေါ်မြ..ဒေါ်မြ..!!'
'ဟုတ်..လာပြီ ဆရာရေ...'
'အဲ့ကောင်ကို အိမ်ထဲခေါ်သွား...!!!'
'ဟုတ်..လာ..ဆရာကတော်..သွားရအောင်နော်..'
'ဟို..မောင်...'
'ငါပြောနေတယ်လေ...သွားဆို သွား...!!!'
'လာပါ..သွားရအောင်နော်..ဆရာကတော်ရယ်..လာ..'
နှောင်းရိပ်လည်း အန်တီမြခေါ်ရာကို လိုက်သွားတော့မှ ရှင်းစက်နဲ့ ခက်ဆစ် ပွဲက စလေတော့သည်။
'နေစမ်းပါဦး..မင်းက သူများခြံရှေ့ ကျူးကျူးကျော်ကျော်နဲ့ ...ပြီးတဲ့ အပြင် လင်ရှိပြီးသား သူကို ပါ အရယူဖို့ ကြိုးစားနေသေးတယ်..မင်း သောက်သိတရားမရှိဘူးလား ခက်ဆစ်..!!'
'ဟက်..ထားပါ..အဲ့တော့ ဘာဖြစ်လဲ...မင်းကရော နှောင်းအပေါ်ကို ယူသာယူထားတာ ကောင်းပေးလို့လား...'
'အဲ့ဒါ ငါ့အပိုင်း..ငါ့ဘာသာ ဘာလုပ်လုပ်..မင်းနဲ့ မဆိုင်ဘူး..နောက် ငါ့ခြံရှေ့ရော ငါ့အိမ်ရိပ်ပါ မနင်းမိစေနဲ့..ငါလူသတ်မိလိမ့်မယ်..ပြီးတော့ နှောင်းရိပ်နဲ့ ကင်းကင်းနေ..!!!'
ပြောပြီး ခြံထဲဝင်ဖို့ လုပ်နေသော ရှင်းစက်ရဲ့ ကျောကို ကြည့်ကာ ခက်ဆစ်က
'ဟက်..ဒါလည်း ငါ့သဘောပါ..မင်းနဲ့ငါက စီးပွားပြိုင်ဘက်..အခုလည်း တခြားအရာအတွက် ပြိုင်ဘက်ဖြစ်လာနိုင်သေးတာဘဲ..ပြီးတော့ ငါ့ဘဝကို ငါ့ဘာသာ ဆုံးဖြတ်မယ်..မင်းပြောစရာမလိုဘူး..မင်း နှောင်းကို လုံအောင် အုပ်နိုင်ရင် အုပ်ထားလေ..ဘယ်သူသိနိုင်မလဲ ..တနေ့ နှောင်းလည်း ငါ့စီရောက်လာမယ်ဆိုရင်..ဟား...'
'မင်း..မင်း..တောက်..!!!'
ရှင်းစက်လည်း ဒေါသ ထွက်ယုံမှအပ ဘာမှ မလုပ်နိုင်..ဒါနဲ့ဘဲ အိမ်ထဲကို ဝင်ကာ နှောင်းရိပ်ရဲ့ အရှေ့မှာ ရပ်လိုက်ပြီး...
'အေ..နောက်တစ်ခေါက် အဲ့ မျိုးမစစ်နဲ့ ထပ်တွေ့ကြည့် မင်းရော သူ့ရောကို ငါအရှင်မထားဘူး..ငါမလုပ်ရဲဘူးမထင်နဲ့..ရွံဖို့ကောင်းလိုက်တာ..ထွီ..!!!'
ဟင်း..ပြောပါ..မောင်ပြောသမျှ ခံပါ့မယ်..နှောင်းရိပ်မှာ မောင့်ကို ရှင်းပြခွင့်မှ မရှိတာဘဲ..
အခု ဒီလောက်နဲ့ပြီးသွားတာကိုဘဲ ကျေးဇူးတင်ရမယ်..မနက်ဖြန် နှစ်ယောက်အတူ ပွဲတက်ဖို့ရှိသေးတယ်လေ...
ပြောမဲ့သာပြောတာ မောင် စောစောက နှောင်းရိပ်ကို သဝန်တိုနေတာလား မသိ...
ဒါဆိုရင်တော့ နှောင်းရိပ် အဆူခံရတာ တန်ပါတယ်..ဟိ..
ညကျတော့ မောင့်ကို မောင့်သူငယ်ချင်းရဲ့ မင်္ဂလာဆောင်အကြောင်းပြောပြပြီး ဖိတ်စာကိုမောင့်ကို ပေးခဲ့ကာ နှောင်းရိပ်လည်း အခန်းထဲသို့ ဝင်လာလိုက်တော့သည်။
အခန်းထဲရောက်တော့ စောစောက မောင်ရယ်နေတာကို နှောင်းရိပ် စဉ်းစားမိတယ်..
သတို့သားအရံလုပ်ပေးရမယ်ဆိုတော့ ပြုံးနေသောမောင်..တကယ်ဘဲ ဘာတွေ သဘောကျနေတာလဲ..ဟင်း..
တော်ပြီ..မနက်ကျလည်း အစောထရဦးမှာဆိုတော့ စောစောအိပ်တာဘဲ ကောင်းပါတယ်...
မနက်မိုးလင်းတည်းက မောင့်ကို မတွေ့ရ..
ဘယ်တွေများသွားနေတာလဲ...
နှောင်းရိပ်လည်း မင်္ဂလာပွဲသွားဖို့ ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး ချိန်..
'တီ..တီ...'
'ဆရာကတော်ရေ..စိုင်းဆိုတဲ့ ကောင်လေးလာတယ်..'
'အော်..ဟုတ်..နှောင်းရိပ်သွားလိုက်မယ်...'
'ဟယ်..အကိုစိုင်း...ဘယ်ကနေဘယ်လို..??'
'သခင်လေးကို လာခေါ်တာလေ...မင်္ဂလာဆောင်သွားမလို့ မဟုတ်လား..'
'အော်..ဟုတ်..'
'ဒါဆို တက်လေ..ကျွန်တော်လိုက်ပို့ပေးမယ်..'
'မောင်ရော..??'
'အော်..ဆရာက ဟိုတောင် ရောက်နေပြီ....မနက်က ပွဲမတိုင်ခင်ဝင်စရာရှိလို့ဆိုပြီး အစောကြီးထထွက်သွားတာ..သခင်လေးကို မပြောသွားဘူးထင်တယ်..'
'ဟုတ်..'
'ကဲ..တက်ပါဗျာ..ဟိုကို လိုက်ပို့ပေးမယ်..'
'အင်း..အန်တီမြရေ..နှောင်းရိပ်သွားလိုက်ဦးမယ်နော်...'
'ကောင်းပါပြီရှင်..'
Novotelရှေ့ရောက်တော့ နှောင်းရိပ်လည်း ဆင်းလိုက်ပြီး ခန်းမထဲ ဝင်လိုက်သည်။
Wow..အပြင်အဆင်က ခမ်းနားလိုက်တာ..
ဟိုကြည့်ဒီကြည့်နဲ့ လျှောက်ကြည့်ရင်း ပွဲကျင်းပရာ အထပ်ကို elevators နဲ့ နှောင်းရိပ် တက်လာလိုက်
နှောင်းရိပ်ရောက်တော့ အပြင်ဘက်မှာတောင် လူသိပ်မရှိတော့..
တံခါးဝမှာစောင့်နေသော လူနှစ်ယောက်က အလိုက်တသိနဲ့ နှောင်းရိပ်ကို ခမ်းမထဲဝင်ဖို့ တံခါးဖွင့်ပေးတယ်လေ...
အထဲရောက်တော့
ဝါး..လူတွေ အများကြီးဘဲ..ဒါနဲ့ မောင်ရော ဘယ်မှာလဲ မသိ..
ထိုအချိန် waiterလေးတစ်ယောက်က အနားရောက်လာကာ
'ဆရာ..ဘာသုံးဆောင်ဦးမလဲ..'
'ဟို အကို အရက်မသောက်တတ်ဘူးညီ..'
'ပန်းသီးဝိုင်ကတော့ သိပ်မပြင်းဘူး..ချိုချိုလေးဘဲ..အဲ့ဒါသောက်ကြည့်မလား..'
'အော်..အင်း..ကျေးဇူးပါ..ညီ...'
'ယနေ့ကြွလာတဲ့ ဂုဏ်သရေရှိ လူကြီးမိဘများခင်ဗျ......#€££¥<~€!£¥¥%¥£>~,>
(ကြားထဲက ဟာမရေးတော့ဘူးနော်....)
...ကဲ..သတို့သားနဲ့ သတို့သမီးကို ကြိုဆိုလိုက်ကြရအောင်ပါ...'
'ဖြောင်း..ဖြောင်း...!!!'
ထိုအချိန် ခန်းမထဲသို့ လက်စွပ်ဗန်းကိုင် ကလေးလေးအရင်ဝင်လာလေသည်။
ပြီးနောက်..ပန်းကြဲလေး...ပြီးတာနဲ့ အရံတွေ...
အရံဆိုလို့ ပထမဦးဆုံးထွက်လာတဲ့ အတွဲက သတို့သားအရံက မောင်ဘဲ...
ပြီးတော့ မောင့်ဘေးက
'ကေသရီ...'
ဘာတွေလဲ..??
မောင်က နှောင်းရိပ်နဲ့တူတူ တွဲထွက်ရမှာမဟုတ်ဘူးလား
ဒါက..မဟုတ်မှ မောင်မနက်က ပွဲမတိုင်ခင် ဝင်စရာရှိတယ်တာ သူမကို ဝင်ခေါ်ပြီး ပွဲတက်ဖို့လား...အခုလိုမျိုးလေ..
ဟင့်...မောင်ရယ်..
မောင်တို့ကြည့်ရတာပျော်နေပုံပါဘဲ...
နှောင်းရိပ် ဒါကို ဆက်မကြည့်နိုင်တော့ဘူးမောင်ရယ်...
ပထမတုန်းက မမကို မောင် proposeလုပ်တုန်းက နှောင်းရိပ် ရပ်ကြည့်ခဲ့ရတယ်...
အခုတစ်ခေါက်လည်း..ဟင့်...
'ဟယ်..ကြည့်ပါဦး..ပထမဦးဆုံးထွက်လာတဲ့ အတွဲလေးက လိုက်ဖက်လိုက်တာဟယ်..'
'ဟုတ်ပါ့နော်...'
'ဟဲ့ အဲ့ဒါ ရှင်းစက်လေ..နာမည်ကြီးသူဌေးသားတစ်ယောက်လေ...'
'ဘယ်လို..သူက သူဌေးလေးရှင်းလား..??'
'အင်း...'
'မိုက်လိုက်တာ..ဘေးက တစ်ယောက်ကလည်း ရည်းစားနေမယ်နော်..နတ်ဖက်တဲ့ စုံတွဲလေးကျနေတာဘဲ..'
'အဲ့တစ်ယောက်ကံကောင်းတာဘဲနော်..ရှင်းစက်လို သူဌေးလေးရတာ..'
'မကြာခင်လက်ထပ်တော့မယ်ဆိုလား ကြားတယ်..'
'ဟင်..တကယ်..'
'ခွမ်း..!!'
နှောင်းရိပ်လက်ထဲက ဝိုင်ခွက်က ကြမ်းပြင်ပေါ်သို့ကျသွားခြင်းပင်..
အကုန်လုံးက နှောင်းရိပ်ရှိရာကို လှည့်ကြည့်လာကြသည်။နှောင်းရိပ်သိပ်ချစ်ရတဲ့ ကိုကို အပါအဝင်ပေါ့
ဘာလဲ..မောင်က နှောင်းရိပ်ကို ကြည့်ပြီး ပြုံးလိုက်တာလား..ခနဲ့ ပြုံးလေ..
နှောင်းရိပ်ကို ဒီကိုခေါ်ခဲ့တာက ဒါကို ကြည့်ဖို့ သက်သက်လား
ဟက်..မောင်နိုင်ပါတယ်...
အမြဲတမ်း မောင့်ကို ဒီလူသားကအရှုံးပေးပြီးသားပါ..
နှောင်းရိပ်ကတော့ ကျလုနီးနီး မျက်ရည်များကို ထိန်းကာ
'တောင်း..တောင်းပန်ပါတယ်..မရည်ရွယ်ဘဲနဲ့..ဖြစ်သွားတာပါ..'
ပြောပြီးတာနဲ့ အခန်းထဲကနေ နှောင်းရိပ်ပြေးထွက်သွားတော့သည်။
'ညီ...!'
အောက်ထက်က ခေါ်လိုက်ခြင်း...
'နှောင်း...!!'
ခင်ဆစ်က စိုးရိမ်တကြီး ခေါ်လိုက်ခြင်းပင်
ဟက်..မင်းနဲ့က ဒါဘဲတန်တယ်
ရှင်းစက်ရဲ့ စိတ်ထဲကနေ ထိုသို့ ပြောလိုက်မိခြင်း...
⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️
Author's note
ချစ်လွန်းလို့ တင်ပေးလိုက်ပါပြီရှင်..
ဖတ်ပေးကြဦးနော်..
အရေးအသားပေါ့သွားရင် ဝတ်ရည်ကို ခွင့်လွှတ်ပေးကြပါ အသဲလေးတို့ရေ..
❤️❤️❤️💋💋💋