(Zawgyi)🍀🍀🍀🍀🍀
Part-49
(ကိုယ္..ခ်စ္ေသာ clover..!!..)
"ဟင့္အင္း..!..အနားမလာန႔ဲ ငါ့အနားကို
ကပ္မလာန႔ဲ..."
မိုင္း..ေအာ္ဟစ္ကာတားျမစ္ေနေသာ္လည္..
မိုင္းကို ဝါးၿမိဳေနေသာအေမွာင္ထုက ရပ္တန္႔
မသြား။ မိုင္း အေမွာင္ထုၾကားတရစ္ရစ္နစ္ျမဳပ္
ေနေသာ ကိုယ္တိုင္၏ေျခေထာက္မ်ားကိုၾကည့္
ရင္း ထိတ္လန္႔ေနမိသည္..။ ရပ္တန္႔သြားျခင္း
မ႐ွိေသာအေမွာင္ထုက ပိုမိုကာလႊမ္းျခံဳလာ
သည္ႏွင့္အတူ မိုင္းအသက္႐ွဴရခက္လာသည္။
မိုင္း၏တစ္ကိုယ္လံုး ေလေပၚကိုေျမာက္တက္
သြားသည္။ ႏြယ္ရွင္အလားလည္ပင္းကိုရစ္ပတ္
ေနေသာ အမဲေရာင္အခိုးအေငြ႔မ်ားမွၾကိဳးစား
႐ုန္းကန္ေနေသာ္လည္း မလြတ္ေျမာက္ႏိုင္
ျဖစ္ေနရသည္..။
"အစ္..အ..အစ္..~!!..."
"ေသလိုက္..ဟားဟား..ေသလိုက္...
တိရစၧာန္ေကာင္ ေသ..ေသစမ္း ဟားဟား~!!.."
ေၾကာက္မက္ဖြယ္ရယ္သံႀကီးမ်ားက ပ်ံ ့ႏွံ ့လာ
ေသာ္လည္း ေမွာင္မိုက္ေနေသာ ပတ္ဝန္းက်င္
ေၾကာင့္ဘာမွမျမင္ရဘဲ ေျခာက္ျခားဖြယ္ရာ
အေျခအေနတစ္ခုကို ဖန္တီးေနသည္..။
မိုင္း မ်က္ႏွာတစ္ခုလံုး အေရာင္ပင္ေျပာင္း
လာကာ အေမွာင္ထုထဲနစ္ျမႇဳပ္ေပ်ာက္ကြယ္
လုနီးနီးျဖစ္ေနၿပီျဖစ္ေသာ္လည္း ထိုအသံမ်ား
ကို႐ွင္း႐ွင္းလင္းလင္းၾကားေနရသည္..။
ထို..ထိုသူေတြ မိုင္းသတ္ခ့ဲေသာသူေတြ။
မိုင္းလက္မွာစြန္းထင္းေနတ့ဲ ေသြးနီေတြရ႕ဲ
အရင္းတည္ရာေတြ..။ လူ႔ေလာကတြင္႐ွိမေန
သင့္ေသာသူမ်ားပါသလို အျပစ္ကင္းေသာသူ
မ်ားလည္းပါသည္..။
"ငါ တကယ္ဘဲေသသြားရင္ေကာင္းမယ္.."
မိုင္း ထိုအေတြးဝင္လာသည္ႏွင့္ ႐ုန္းကန္မႈ
မ်ားသည္တျဖည္းျဖည္းေျပေလ်ာ့သြားရသည္။
အျမဲတေစအသက္မ့ဲေနေသာ မ်က္ဝန္းမ်ား
ကိုမွိတ္ခ်လိုက္သည္..။
"မိုင္း.. ဒီတစ္ခုစားၾကည့္.. ဘယ္လိုေနလဲ
မင္းႀကိဳက္မယ္ထင္လို႔ ငါလုပ္ထားေပးတာ"
ႏိုင္းက အျပံဳးတစ္ခုျဖင့္ေျပာရင္း မနားမေန
ခ်က္ျပဳတ္ထားေသာေၾကာင့္ ထြက္ေနေသာ
ေခြၽးမ်ားကို လက္ေမာင္းအက်ႌစႏွင့္ျဖစ္သလို
လွမ္းသုတ္သည္။ အၾကည့္မ်ားကေတာ့...
သူ႔ခ်က္ထားသည့္ဟင္းပြဲေလးကို စားပါရန္
တိုက္တြန္းေနသည္...။
မိုင္း ႏႈတ္ခမ္းမ်ားတြန္႔ေကြးသည္အထိ..
ျပံဳးကာ စားပြဲေပၚကဇြန္းေလးကိုေကာက္ကိုင္
လိုက္ေတာ့ႏိုင္း၏မ်က္လံုးမ်ားကအေရာင္
ေတာက္သြားကာစိတ္လႈပ္႐ွားမႈျဖင့္ျပည့္
သြားရသည္။
သူလုပ္ထားတာေလးကိုအသိအမွတ္ျပဳခံ
ခ်င္ေနေသာ...ႏိုင္းက မိုင္းကိုေႏြးေထြး
ေစသည္..။
"ေကာင္းတယ္.."
မိုင္းေျပာလိုက္ေတာ့ ႏိုင္းကမ်က္ခံုးတစ္ဖက္
ကိုဟန္ပါပါပင့္လိုက္ကာ ငါသိသားဘဲဟုေခ်ပ
လာသည္။ သို႔ေသာ္လည္း ႏိုင္းမ်က္ႏွာေပၚက
ေပ်ာ္ရႊင္မႈမ်ားကိုေတာ့ မထိန္းႏိုင္ေပ။ မိုင္း...
အသားႏွင့္အသီးရြက္ေရာေၾကာ္ထားသည္ကို
ဇြန္းအျပည့္ခပ္ကာပါးစပ္ထဲထိုးထည့္လိုက္
သည္။
ဟန္ေဆာင္ေကာင္းလြန္းေသာ မိုင္းေၾကာင့္..
အသားႏွင့္အသီးအရြက္ေၾကာ္ေလးသည္
ဆိုးဝါးလြန္းေသာအရသာ႐ွိကာစားရန္ပင္
ခက္ခဲသည္ကိုေတာ့ ႏိုင္းဘယ္ေတာ့မွ
မသိခ့ဲေပ..။
အေမွာင္ထု၏အလံုးစံုနီးပါ ဝါးၿမိဳခံေနရေသာ
မိုင္း၏ေစ့ပိတ္ထားေသာမ်က္လံုးမ်ားသည္
အနည္းငယ္လႈပ္ခတ္သြားရသည္..။
ႏိုင္း..ဟုတ္တယ္ ငါ့မွာႏိုင္း႐ွိေသးတယ္...
ငါေသလို႔မရေသးဘူး..။ ငါမေသခ်င္ဘူး..။
ခိုင္မာဆံုးျဖတ္ခ်က္ကိုခ်ၿပီးသည္ႏွင့္ မိုင္း၏
အသက္မ့ဲမ်က္ဝန္းမ်ားသည္ စူး႐ွစြာပြင့္လာ
ကာ အေမွာင္ထုမွအားကုန္သံုးကာ႐ုန္းထြက္
လိုက္သည္..။
တစ္ဆက္တည္းတြင္ပင္ အခန္းတစ္ခု၏..
ကုတင္ေပၚတြင္ၿငိမ္သက္စြာလွဲေလ်ာင္းေန
ေသာ မိုင္း၏ေဆးပိုက္မ်ားသြယ္တန္းထား
ေသာလက္တစ္ဖက္သည္ အနည္းငယ္...
လႈပ္႐ွားလာေလသည္..။
ကုတင္ေဘးခံုတြင္ထိုင္ကာ မိုင္းကိုေစာင့္ေန
ေပးေသာ ယဇ္ကခ်က္ခ်င္းပင္သတိထားမိ
သည္။ ေမွာင္ခိုဆရာဝန္တစ္ဦးလည္းျဖစ္ေသး
သည့္ယဇ္က မိုင္း၏အေျခအေနကို ကိုယ္တိုင္
ပင္ စစ္ေဆးလိုက္သည္..။
ထိုအခ်ိန္တြင္ပင္ မိုင္း၏မ်က္ဝန္းမ်ားသည္
ပြင့္လာကာ မ်က္ႏွာၾကက္ကိုၿငိမ္သက္စြာ
ၾကည့္ေနသည္..။ အခန္းပံုစံအရ ယဇ္က
မိမိကို လ်ွိဳ႕ဝွက္စံအိမ္ကိုေခၚလာျခင္းပင္
ျဖစ္မည္..။ မိုင္းေျပာလိုက္သည္။
"အခ်ိန္ ဘယ္ေလာက္ၾကာသြားၿပီလဲ.."
လည္ေခ်ာင္းတစ္ခုလံုးေခ်ာက္ကပ္ေနေသာ
ေၾကာင့္ မိုင္း၏အသံမွာအက္ကြဲေနသည္..။
သို႔ေသာ္ စကားလံုးမ်ားကေတာ့ ျပတ္သား
ကာ ေရခဲေငြ႔မ်ားလႊမ္းသည္။
ကုတင္ေဘးတြင္ရပ္ေနသာ ယဇ္ကေခါင္းငံု႔ကာ
ျပန္ေျဖလာသည္။ ယဇ္၏ပံုစံမွာ အသက္မ့ဲေသာ
အေလာင္းေကာင္ႏွင့္တူေသာ္လည္း မ်က္ဝန္းမ်ား
တြင္ေတာ့ စိတ္သက္သာရာရျခင္းမ်ားႏွင့္ ျပည့္ေန
သည္..။
"၁ ညန႔ဲတစ္မနက္႐ွိပါၿပီ သခင္ႀကီး..."
တစ္ည?..တစ္ညေတာင္ၾကာသြားၿပီးလား..။
ႏိုင္းေတာ့ စိတ္ပူေနေတာ့မွာဘဲ။ ထိုအေတြး
ေၾကာင့္ မိုင္း အားယူကာထရင္း လက္ခံုတြင္
သြယ္တန္းထားေသာ ေဆးပိုက္ကိုဆြဲျဖဳတ္ျပစ္
လိုက္ေတာ့ေသြးနီနီမ်ားက ထြက္လာသည္။
မ်က္နွာတြင္ အမူအရာေဖာ္ျပခဲေသာ
ယဇ္၏မ်က္ခံုးမ်ားအနည္းငယ္တြန္႔ၾကံဳ႕သြား
ေသာ္လည္း ဘာမွေတာ့မေျပာ..။ မိုင္း ကိုကူညီ
ကာထူမေပးလာသည္..။
မိုင္း ကုတင္ေပၚမွအတင္းဆင္းရန္လုပ္ေတာ့
ယဇ္ကဟန္႔တားလာသည္။ အသက္မ့ဲေသာ
မ်က္ဝန္းမ်ားႏွင့္မ်က္ႏွာတြင္ေတာ့ ဘာအမူအရာ
မွမ႐ွိ..။
"ဖယ္စမ္း..!!.. ငါ ႏိုင္းဆီသြားမွျဖစ္မယ္.."
"ဒဏ္ရာအေျခအေနျပန္ဆိုးသြားပါလိမ့္မယ္.."
"ငါ ဂ႐ုမစိုက္ဘူး.. ဟမ့္ မင္းငါ့အစား ႏိုင္းကို
စေတးျပစ္ဖို႔ၾကံေနတာ ငါမသိဘူးမ်ားမွတ္ေန
လား..."
မိုင္း ၏စကားအဆံုး ယဇ္၏အသက္မ့ဲေသာ
မ်က္ဝန္းမ်ားမွာ တစ္ခဏလႈပ္ခတ္သြားရသည္။
အမွန္တကယ္လည္း ယဇ္သည္ ထိုသို႔ၾကံစည္ခ့ဲ
ျခင္းျဖစ္သည္..။
ယခုလိုအေျခအေနမ်ိဳးတြင္ နံပါတ္၅အိမ္ေတာ္
သို႔သြားျဖစ္ေအာင္ တမင္ရည္ရြယ္ကာ...
ေျပာခ့ဲျခင္းျဖစ္သည္။ ပထမသခင္ေလး၏..
ေဒါသအေလ်ာက္တုန္႔ျပန္႔ျခင္းေၾကာင့္...
ထိုသူအသက္ေပ်ာက္သြားခ့ဲလ်ွင္လည္း ယဇ္..
ဂ႐ုစိုက္မည္မဟုတ္..။ သခင္ႀကီးအတြက္ ေဆး
ကုသဖို႔အခ်ိန္တစ္ခု လံုေလာက္လ်ွင္ပင္...
တန္သည္..။
ယဇ္၏အမူအရာကိုဖတ္မိေသာ မိုင္း၏မ်က္ႏွာ..
အမူအရာမွာရာ ပိုကာမည္းေမွာင္သြားရသည္..။
မိုင္း ယဇ္၏လည္ပင္းအားအက်ႌစကို ေဒါသတႀကီး
တုပ္ဆြဲလိုက္သည္..။
အလ်င္စလိုလႈပ္႐ွားမႈေၾကာင့္ ပုခံုးႏွင့္ဝမ္းဗိုက္မွ
ဒဏ္ရာမွာ ခ်ဳပ္႐ိုးျပန္ပြင့္သြားကာ ေသြးမ်ား
စိမ့္ထြက္လာရသည္..။ သို႔ေသာ္လည္း မိုင္း
က ဂ႐ုစိုက္ျခင္းမ႐ွိသလို မ်က္ႏွာတစ္ခ်က္ပင္
ပ်က္မသြား..။
မ်က္ႏွာတစ္ခုလံုးမွာ ျဖဴေလ်ာ့ေနေသာ္လည္း
စူးရဲစြာေသာမ်က္ဝန္းမ်ားျဖင့္ သက္လတ္ပိုင္း
အမ်ိဳးသားသည္ အလြန္ၾကည့္ေကာင္းေနေတာ့
သည္..။ မိုင္း အံကိုႀကိတ္ကာ တစ္လံုးျခင္း
ပီသစြာေျပာလိုက္သည္...။
"ငါ.ေသ.မွ.ရ.မယ္.."
ဟုတ္သည္..မိုင္းဆိုေသာလူသားအတြက္ေတာ့
ခ်စ္ရေသာညီေလး ႏိုင္းကိုထိခိုက္ေအာင္ လုပ္
ခ်င္ပါက မိုင္းေသမွပင္ျဖစ္ႏိုင္လိမ့္မည္...။
"ဒါဆို သခင္ႀကီးမေသေအာင္ ေနသင့္တယ္.."
ယဇ္က ေအးစက္စက္ေျပာရင္း မိုင္းကိုတြဲကာ
ကုတင္ေပၚတြင္ ျပန္လွဲေစသည္။ ေဆးကုသမႈ
မ်ားကို အခ်ိန္တစ္ခဏအတြင္းျမန္ဆန္စြာ လုပ္
ေဆာင္သြားေသာ ယဇ္က ေျမေအာက္ေလာက
၏ နံပါတ္တစ္ေမွာင္ခိုဆရာဝန္ဆိုေသာ ဂုဏ္ပုဒ္
ႏွင့္ ထပ္တူညီစြာလိုက္ဖက္သည္..။
"သူက ငါ့အတြက္အေရးအႀကီးဆံုးဘဲ.."
"ကြၽန္ေတာ့္အတြက္ေတာ့ မဟုတ္ဘူး.."
ယဇ္က အသက္မ့ဲကာအနိမ့္အျမင့္အတက္အက်
မ႐ွိေသာ ေလသံျဖင့္ျပန္ေျဖလာသည္..။အိပ္ေဆး
တစ္ခ်ိဳ႕ကို သခင္ျကီး၏လက္ခံုႏွင့္ျပန္လည္
သြယ္တန္းထားၿပီးျဖစ္ေသာ ပိုက္ထဲသို႔ထိုးသြင္း
လိုက္ခ်ိန္တြင္ သခင္ျကီးဆီမွ သတိေပး
တားျမစ္သံက ထြက္လာသည္..။
"သူ႔ကိုမထိပါန႔ဲ..လံုးဝ..."
တျဖည္းျဖည္း မ်က္လံုးမ်ားမွိတ္ကာ အိပ္ေပ်ာ္
သြားေသာ သခင္ႀကီး၏ မ်က္ႏွာကိုတစ္ခ်က္
ၾကည့္လိုက္ၿပီး ညာဘက္လက္တြင္ပတ္ထား
ေသာ လက္ပတ္နာရီကို တစ္ခ်က္ငံု႔ကာ...
ၾကည့္လိုက္သည္။
သခင္ႀကီး အနားယူေနေသာ အခ်ိန္အတြင္း..
ဂိုဏ္းတြင္း အေျခအေနမ်ားကို စီစဥ္ရန္ထြက္
လာခ့ဲသည္..။ သခင္ႀကီးေပးေသာ အမိန္႔ႏွင့္
ပတ္သတ္လို႔ကေတာ့ သခင္ႀကီးအနၱာရယ္ကင္း
ေနေသးသ၍ သူနာခံမည္ျဖစ္သည္...။
ယဇ္ ဆိုေသာသူက သခင္ႀကီးတစ္ဦးတည္း
ကို သစၥာေစာင့္သိေသာသူျဖစ္သည့္အေလ်ာက္
တစ္ျခားဘာကိုမွ အလုပ္အပိုခံကာေတြးေနမည္
မဟုတ္..။ ယဇ္အတြက္ေတာ့ ႏိုင္းက သခင္ႀကီး
ႏွင့္႐ုပ္ခ်င္းတူေသာ တစ္ခ်ိန္တြင္သခင္ႀကီးအတြက္
အသံုးဝင္ႏိုင္ေသာ ဒိုင္းတစ္ခုသက္သက္သာျဖစ္..
သည္..။
ယဇ္ သခင္ႀကီးအနားယူေနေသာ..
အခန္းထဲမွ ထြက္ကာ ဆန္႔က်င္ဘက္သို႔
ေလ်ာက္လာလိုက္သည္။ တစ္ခဏအၾကာ
ညာဘက္သို႔ခ်ိဳးလိုက္ေသာအခါ ခန္းမက်ယ္
တစ္ခုသို႔ေရာက္သြားသည္..။
ေစ့ပိတ္ထားေသာ ႀကီးမားသည့္အခန္းတံခါး
တစ္ခုေ႐ွ႕အေရာက္ ယဇ္ တစ္ခဏေျခစံုရပ္
လိုက္သည္။ အနက္ေရာင္ေဘာင္းဘီ၏..
ေဘးဘက္အိပ္ကပ္ထဲသို႔ လက္တစ္ဖက္ထည့္ကာ
ရပ္ေနေသာ ယဇ္ကအခန္းထဲမွ မတားျမစ္ႏိုင္စြာ
ထြက္ေပၚလာေသာ စကားသံမ်ားကိုနားေထာင္ေန
ျခင္းျဖစ္သည္..။
"ငါတို႔အဆံုးသတ္ေတာ့မွာလား..."
"ဘာလို႔ အဆံုးသတ္ရမွာလဲ မင္းေခြးစကား
မေျပာန႔ဲ.."
ပထမသူ၏စကားကို ေနာက္တစ္ဦးက
ၾကမ္းတမ္းစြာတုန္႔ျပန္ရင္း လက္သီးကို
တင္းတင္းဆုပ္ထားကာ ပထမသူကို..
စူးဝါးစြာၾကည့္သည္..။ ထိုစဥ္လူအုပ္အတြင္း
မွ ေနာက္တစ္ဦးကေျပာလာျပန္သည္..။
"သခင္ႀကီးေရာ..ဘာလို႔သခင္ႀကီးကို..
အခုထိမေတြ႔ရတာလဲ..။ မင္းတို႔သတိထား
မိလား ငါတို႔ရဲေခြးေတြန႔ဲ တိုက္ခိုက္တုန္းက
သခင္ႀကီးကို ေနာက္ဆံုးေတြ႔တာဘဲ..။
ဧကနၱသခင္ႀကီးက ငါတို႔ကိုစြန္႔ျပစ္ျပီး..
ကိုယ္လႊတ္ရုန္းသြားတာမ်ားလား..~..."
ေနာက္ဆံုးစကားကို ထိုသူသည္ ေရရြတ္ယံု...
ေျပာလိုက္ျခင္းျဖစ္ေသာ္လည္း အခန္းက်ယ္ထဲ
တြင္ ႐ွိေနေသာ လူအေယာက္၇၀ကို တုန္လႈပ္
သြားေစသည္..။ တစ္ေယာက္ခ်င္းဆီသည္..
ဆိုင္ရာအဖြဲ႔မ်ား၏ ေခါင္းေဆာင္မ်ားျဖစ္ေသာ္
လည္း စိုးရိမ္ပူပန္မႈကိုေတာ့မတားျမစ္ႏိုင္ၾက..။
တကယ္ဘဲ သခင္ႀကီးက သူတို႔ကို စြန္႔ျပစ္သြား
ၿပီလား..။
သူတို႔အဖြဲ႔သည္ ဘယ္ေလာက္ပင္အင္အားႀကီး
ပါေစ ေခါင္းျပတ္သြားေသာနဂါးသည္ၾကာၾကာ
မ႐ွင္သန္ႏိုင္သည္ကိုေတာ့ အားလံုးသေဘာ
ေပါက္ၾကသည္..။ အားလံုးတုန္လႈပ္ေနၾကစဥ္
မွာပင္ ခပ္သာသာတံခါးဖြင့္သံႏွင့္အတူ...
လူတစ္ဦး၏ ခနၶာကိုယ္သည္လည္း ၾကမ္းျပင္
ေပၚသို႔ လဲၿပိဳက်သြားေတာ့သည္..။
စကၠန္႔ပိုင္းအတြင္း အသက္မ့ဲသြားေသာ..
အေစာပိုင္းက သခင္ႀကီးအေၾကာင္းကိုေျပာ
ေသာသူေၾကာင့္ အားလံုးအၾကည့္မ်ားသည္
သက္ေတာင့္သက္သာရပ္ေနေသာ ယဇ္ဆီကို
ေရာက္လာၾကသည္..။
"သခင္ႀကီးကို သံသယဝင္ပိုင္ခြင့္မ႐ွိဘူး.."
ေအးစက္စက္အသံက ေၾကာက္စရာသတိေပး
ခ်က္ျဖစ္ေၾကာင္း အခန္းတြင္း႐ွိသူအားလံုး...
နားလည္သည္..။ အထူးသျဖင့္ေျပာေသာသူ
က ဂိုဏ္း၏နတ္ဆိုးဆရာဝန္ျဖစ္ေနေသာ..
အခါတြင္ေပါ့..။
နတ္ဆိုးဆရာဝန္ဟုေခၚေသာ ထိုသူက...
ခန္႔မွန္းရခက္သည္။ သခင္ႀကီးအနားတြင္..
အရိပ္လို႐ွိေနတတ္ကာ သခင္ႀကီး၏စကား
ကိုသာနာခံသည္။ ဂိုဏ္းတြင္းအေရးပါေသာ
ကိစၥေတာ္ေတာ္မ်ားမ်ားကို စီမံေပးေနေသာ္
လည္း သခင္ႀကီး၏က်န္းမာေရးကိုတာဝန္ယူ
ရေသာ ဆရာဝန္ဟူသည့္ဂုဏ္ပုဒ္ကိုသာယူ
သည္..။
လူကယ္ရမည့္အတတ္ကို ကြၽမ္းက်င္လြန္းေသာ
ထိုသူက လူသတ္ရာတြင္လည္းရက္စက္လြန္းကာ
မ်က္ေတာင္တစ္ခ်က္ပင္မခတ္သူျဖစ္သည္။
ထို႔ေၾကာင့္ သူ၏ဆရာဝန္ဆိုေသာအမည္ေ႐ွ႕တြင္
နတ္ဆိုးဟူေသာ ဂုဏ္ပုဒ္ကိုပါထပ္ေပါင္းကာ..
ေခၚၾကျခင္းျဖစ္သည္..။
အခန္းတြင္း႐ွိ သူမ်ားအားလံုးကိုေဝ့ဝဲျကည့္လာ
ေသာ မ်က္လံုးမ်ားကေအးစက္ကာ မိမိကိုယ္ကို
လူေသေကာင္က့ဲသို႔ ခံစားလိုက္ရသည္..။
အားလံုးသည္ အဖြဲ႔ခြဲမ်ား၏ေခါင္းေဆာင္မ်ား...
ျဖစ္ေသာ္လည္း ထိုအျကည့္မ်ားက လႊတ္ေအာင္
သူတို႔၏ခနၶာကိုယ္မ်ားကို ပိုမိုေသးငယ္ေအာင္
လုပ္လိုက္မိၾကသည္။ ထိုသူက တိုျပတ္ျပတ္
အသံျဖင့္ေျပာလာသည္။
"လတ္တေလာ ဂိုဏ္းတြင္းကိစၥေတြအားလံုး
ကို ငါတာဝန္ယူမယ္..။ မင္းတို႔ရ႕ဲဆိုင္ရာ..
ဌာနေတြကိုျပန္ၿပီး သခင္ႀကီးအမိန္႔ကိုေစာင့္
ေနၾက..။ သခင္ႀကီးကို သံသယဝင္ရဲတ့ဲသူ
ကိုေတာ့ ငါကအေလာင္းေကာင္ဘဝကို
ေျပာင္းေပးမယ္.."
အားလံုးထိတ္လန္႔တၾကားျဖင့္ အသက္မ့ဲေန
ေသာ အေစာပိုင္းကသူကိုၾကည့္လိုက္မိၾက
သည္။ အမိန္႔ကိုနာခံေၾကာင္းေျပာကာ...
အလ်ိဳလ်ိဳျပန္သြားၾကခ်ိန္တြင္ အသက္မ့ဲေန
ေသာ ကိုယ္ကိုပါ ဝက္တစ္ေကာင္လိုတရြတ္
တိုက္ ဆြဲထုတ္သြားၾကသည္..။
ယဇ္က ကိစၥမ်ားကိုကိုင္တြယ္ၿပီးေသာအခါ..
အိတ္ကပ္ထဲတြင္ ထည့္ထားေသာအနက္ေရာင္
ဖုန္းေလးကို ထုတ္လိုက္သည္။ ဖုန္းစခရင္ေပၚ
က သူကသြားညီညီမ်ားေပၚေအာင္ ျပံဳးရီေနသည္။
ထိုသူက သခင္ႀကီး၏အမႊာညီႏိုင္း ျဖစ္သည္..။
စကားဝွက္ခံထားျခင္းမ႐ွိေသာ သခင္ႀကီး၏
ဖုန္းကိုဖြင့္ကာ ႏိုင္းဆိုေသာနာမည္ကိုႏွိပ္၍
စာတစ္ေစာင္ပို႔လိုက္သည္..။
~စိတ္မပူန႔ဲ..~
တို႐ွင္း႐ွင္း စာတစ္ေစာင္ကိုပို႔ၿပီးေနာက္...
ယဇ္ ဖုန္းကိုစက္ပိတ္လိုက္ကာ အိတ္ကပ္ထဲ
ျပန္ထည့္လိုက္သည္။ ဒီရက္ပိုင္းအတြင္း...
မည္သူတစ္ဦးတစ္ေယာက္ကိုမွ သခင္ႀကီးကို
ေႏွာင့္ယွက္ခြင့္ မျပဳႏိုင္..။ ထိုသူကိုလည္း..
စိတ္မပူေအာင္ သခင္ႀကီးအေနျဖင့္စာပို႔ထား..
ၿပီးျဖစ္ေသာေၾကာင့္ မိမိတာဝန္ေက်ၿပီမလား..။
ယဇ္ ေျခလွမ္းမ်ားကိုသခင္ႀကီး႐ွိေသာ..
အခန္းဘက္သို႔ ဦးတည္လိုက္သည္..။
_______
ဒဏ္ရာသက္သာလာၿပီျဖစ္ေသာ္လည္း ရြက္စိမ္း
က မၾကာခဏအိပ္ေပ်ာ္သြားတတ္ကာ ဒီရက္ပိုင္း
အတြင္းပင္ပန္းခ့ဲေသာ ခနၶာကိုယ္ကအနားယူေန
ပံုရသည္..။ သစ္မိုးအိမ္ ႏွစ္ၿခိဳက္စြာအိပ္ေမာက်
ေနေသာ မိမိတစ္ဦးတည္းပိုင္ဆိုင္မႈေလးကို..
ျမတ္ႏိုးစြာ ေငးၾကည့္ေနမိသည္..။
ကုမၸဏီကိုတစ္ခဏသြားရမည္ျဖစ္ေသာေၾကာင့္
သစ္မိုးအိမ္က ဝတ္စံုျပည့္ျဖင့္ျဖစ္ကာ နတ္ဘုရား
တစ္ပါးႏွယ္ၾကည့္ေကာင္းေနၿပီး သူ၏ပန္းပု႐ုပ္က့ဲ
သို႔အခ်ိဳးအဆစ္က်လွေသာခနၶာကိုယ္
တည္ေဆာက္ပံုက ထိုအမ်ိဳးသားငယ္ကို
သူမတူ ေအာင္ပ့ံပိုးေပးေနသည္။
ခပ္မတ္မတ္ထိုင္ေနေသာေၾကာင့္ ေျဖာင့္
တန္းေနေသာခါးကပိုေပၚလြင္ေနသည္။ ႐ွည္လ်ားေသာ လက္ေခ်ာင္းမ်ားကေတာ့ အျဖဴေရာင္ေခါင္းစြပ္ေလးစြပ္ထားေသာ..ခပ္လံုးလံုး ပံုသ႑ာန္႐ွိသည့္ ေခါင္းေလး ကိုခပ္ဖြဖြ ပြတ္သပ္ေပးေနသည္..။
သစ္မိုးအိမ္၏ အထူးျခားအလွပဆံုး
အစိတ္အပိုင္းျဖစ္သည့္ မ်က္လံုးအျကည့္မ်ား ကေတာ့ ခပ္ဟဟေလးျဖင့္ အသက္႐ွဴလိုက္
တိုင္း ပိတ္ခ်ည္ဖြင့္ခ်ည္ျဖစ္ေနေသာ ပန္းေရာင္ ႏႈတ္ခမ္းေသးေသးေလးတြင္ တည္ျမဲေန
သည္..။
ႏူးည့ံတယ္၊ ခ်ိဳၿမိန္တယ္၊ ႐ုန္းမထြက္ႏိုင္
ေအာင္ျပဳစားႏိုင္တယ္။ သစ္မိုးအိမ္ ကိုယ္တိုင္ က႐ုန္း..မထြက္ခ်င္တာမ်ိဳးဆိုပိုမွန္မည္..။ အရသာသိေနေသာ သားရဲတစ္ေကာင္အတြက္ ေတာ့..မ်က္စိေ႐ွ႕မွ အရသာထူးကဲလြန္းေသာ အသားတံုးေလးက ေသေလာက္ေအာင္ဆြဲ ေဆာင္ေနေတာ့သည္..။
ထိန္းခ်ဳပ္ရန္ဆနၵစိုးစိမ်ွပင္ မ႐ွိေသာ..
သားရဲႀကီးက သဘာဝက်က်ပင္ သူ၏ေခါင္း
ကို..နတ္ဘုရားဆန္စြာငံု႔ခ်လိုက္ကာ...
သူသေဘာက်ေသာ အသားတံုးေလးျဖစ္
သည့္ ပန္းေရာင္ႏႈတ္ခမ္းေလးကို ငံုေထြးကာ စားသံုးလိုက္သည္..။
အိပ္ေပ်ာ္ေနေသာ ရြက္စိမ္းဆီမွ အင့္ကနဲေန
ေသာ အသံေလးထြက္လာကာအနည္းငယ္
လႈပ္လာေသာ္လည္း သစ္မိုးအိမ္ကေတာ့..
ဂ႐ုပင္မစိုက္..။ မိမိစားသံုးေနေသာ ႏူးည့ံမႈ
ေလး ေပ်ာက္ကြယ္သြားမည္ဆိုးေသာေၾကာင့္
လက္ႏွစ္ဖက္ကိုသံုးကာ မ်က္ႏွာေသးေသး
ေလးကိုခ်ဳပ္ကိုင္လိုက္ၿပီး ပိုတိုးကာခရီးဆက္ေန ေတာ့သည္..။
ေထာင့္နားေလးမ်ားတြင္ ပန္းေရာင္သန္းကာ
ေသြးေၾကာေလးမ်ားျမင္ေနရေသာ မ်က္ခြံေလး
မ်ားလႈပ္ခတ္လာၿပီး ကေလးငယ္ႏိုးစျပဳလာ
ေတာ့မည္ကို သိေသာ သစ္မိုးအိမ္က ႏႈတ္ခမ္း ေလးကို အလြတ္ေပးလိုက္သည္..။ သို႔ေသာ္ ကိုယ္တစ္ပိုင္းအုပ္မိုးထားေသာ အေနအထားကို ေတာ့ ဖယ္ခြာ မသြား။
အရိပ္တၾကည့္ၾကည့္ ျပဳစုပ်ိဳးေထာင္လာ
ခ့ဲေသာ ကေလးငယ္၏အေၾကာင္းကို သစ္မိုးအိမ္ထက္ဘယ္သူကမ်ား သိႏိုင္မွာ
တ့ဲလဲ။
သစ္မိုးအိမ္၏..ႏႈတ္ခမ္းပါးမ်ားက တြန္႔ေကြးေနလွ်က္ပင္ ကိုယ္ကိုပိုကာငံုကိုင္း
လိုက ္ရင္း ကေလးငယ္၏ နဖူးေျပေျပေလး
ကို သူ၏ႏွာတံခြၽန္ခြၽန္မ်ားျဖင့္ ပြတ္သပ္တို႔ထိ လိုက္ရင္း...
"ကိုကို႔ clover ကလိမၼာတယ္...
နည္းနည္းထပ္ အိပ္လိုက္လိုက္ဦးေနာ္.."
ၾကားရသူအရည္ေပ်ာ္သြားေစႏိုင္ေသာ
ခပ္႐ွ႐ွ..စကားသံအဆံုး အေစာကႏိုးစျပဳလာ ေသာ..အေကာင္ငယ္ေလးရြက္စိမ္းသည္ အသက္႐ွဴသံ..မွန္မွန္ျဖင့္ ျပန္အိပ္ေပ်ာ္သြား
ေတာ့သည္..။
သစ္မိုးအိမ္က ေက်နပ္စြာျပံဳးရင္း ရြက္စိမ္း၏
မ်က္ခြံေလးမ်ား၊ ႏွာေခါင္းလံုးလံုးေလးမွစ၍
မ်က္ႏွာအစိတ္အပိုင္းတစ္ခုခ်င္းဆီကို ခပ္ဖြဖြ
ေလးနမ္းသည္..။ ညင္သာလြန္းေသာ...
သစ္မိုးအိမ္၏အျပဳအမူႏွင့္ ယွဥ္ပါကပန္းပြင့္ေလး
အေပၚနားေသာ လိပ္ျပာေလးကမွၾကမ္းတမ္းေပ
ဦးမည္..။
သစ္မိုးအိမ္က ပါးအိအိေလးကိုလက္ညိဳးေလး
ႏွင့္အသာတို႔ထိကာ မ်က္ေမွာင္ေလးၾကဳတ္သြား
ကာ တုန္႔ျပန္လာမႈေလးကို ျမတ္ႏိုးစြာၾကည့္ေန
မိသည္..။
"ဒီကေလးေလးကို မခ်စ္ဘဲဘယ္လိုေနႏိုင္
မွာလဲကြာ..."
ခပ္တိုးတိုးဆိုလာေသာ သစ္မိုးအိမ္၏...
ခပ္ညိဳ႕ညိဳ႕အၾကည့္မ်ားကေတာ့..
သူ႔လက္တစ္ဖက္ကို ဆုပ္ကိုင္လာေသာ
လက္ေသးေသးေလးကို ႏွစ္ၿခိဳက္စြာၾကည့္
ေနသည္..။
ကေလးငယ္က ဒီလိုေလးတြယ္ကပ္ေနသည္
ကို သေဘာက်သည္..။ ငါတစ္ေယာက္ထဲ
ပိုင္တာ..အခုေရာေနာင္ေရာ။ ထိုအေတြးက
သစ္မိုးအိမ္၏ ရင္တြင္းကိုေႏြးေထြးေသာ
လိႈင္းတစ္ခုျဖတ္သန္းသြားေစသည္။ စိတ္ခံစား
ခ်က္ကို ထင္ဟပ္ျပသေသာသစ္မိုးအိမ္၏
ႏႈတ္ခမ္းေထာင့္မ်ားကေတာ့ လွပစြာတြန္႔ေကြး
ေနေလေတာ့သည္..။
သစ္မိုးအိမ္၏ တစ္ခုတည္းေသာစြဲလမ္းရာ
မွာ ရြက္စိမ္းဆိုေသာကေလးငယ္ျဖစ္သလို
ရြက္စိမ္း၏ စြဲလမ္းမႈသည္လည္း သစ္မိုးအိမ္
ဆိုေသာ မိမိသာျဖစ္ရမည္ဆိုသည္က....
သစ္မိုးအိမ္၏ ခံယူခ်က္ျဖစ္သည္။ ထိုသို႔
ျဖစ္ေအာင္လုပ္ႏိုင္သည္ဟုလည္း ယံုၾကည္
ခ်က္ အျပည့္႐ွိသည္..။
အခန္းတံခါးအားဖြင့္လိုက္ေသာ အသံေၾကာင့္
သစ္မိုးအိမ္က ေခါင္းကိုအနည္းငယ္ေစာင္း..
ကာ ၾကည့္လိုက္ေတာ့ Daddyထက္ေနာင္
ႏွင့္ Daddy ထက္ေနာင္ကို သြားႀကိဳေသာ
ဦးေကာင္းတို႔ျဖစ္သည္..။
ဦးထက္ေနာင္က ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနေသာ
ရြက္စိမ္းေလးကိုေတြ႔ေတာ့ သေဘာတက်ျပံဳးကာ
အနားသို႔ေလ်ာက္လာသည္။
"ကေလးဆိုးေလး အိပ္ေနတုန္းလား..."
"ျပန္အိပ္ေပ်ာ္သြားတာ မၾကာေသးဘူး..
Daddy.. ေဆးအ႐ွိန္ေၾကာင့္ျဖစ္မယ္
ထင္တယ္.."
ဦးထက္ေနာင္က သစ္မိုးအိမ္၏ စကားကိုေခါင္း
ၿငိမ့္လိုက္ရင္း ရြက္စိမ္း၏ကုတင္ေဘးတစ္ဖက္က
ခံုတြင္ဝင္ထိုင္သည္။ မ်က္လံုးထဲတြင္ေတာ့....
သူ၏ေဘာလံုးေလးကိုခ်စ္ခင္မႈမ်ားက
အထင္းသား။ ဦးထက္ေနာင္ သစ္မိုးအိမ္ကို
ေျပာလိုက္သည္။
"သားႀကီး ကုမၸဏီသြားစရာ႐ွိတယ္ဆို..
ေဘာလံုးေလးကိုစိတ္မပူပါန႔ဲ Daddy န့ဲ
ဦးေကာင္း႐ွိတာဘဲေလ.."
သစ္မိုးအိမ္က ေခါင္းၿငိမ့္ျပေသာ္လည္း..
ထိုင္ေနရာကေတာ့မထ..။ ဦးထက္ေနာင္
အနည္းငယ္ ႐ႈပ္ေထြးသြားရသည္။ တစ္ခဏ
အၾကာတြင္ေတာ့ သားႀကီး၏လက္တစ္ဖက္
ကို သူ႔လက္ေလးႏွင့္ဆုပ္ကိုင္ကာ အိပ္ေန
ေသာ မိမိေဘာလံုးေၾကာင့္မွန္းသိေသာအခါ
ေခါင္းသာခါမိေတာ့သည္။
သားႀကီးက သူ႔ညီေလးကိုမိမိထက္ပင္
သည္းႏိုင္လြန္းသည္။ ဦးထက္ေနာင္..
မိမိေဘာလံုး၏လက္ကေလးကို ခပ္ျဖည္းျဖည္း
ခ်င္းဆြဲယူကာ သားႀကီး၏လက္ကိုလႊတ္ေစလိုက္
ၿပီး မိမိလက္ကိုအစားထိုးေပးလိုက္သည္..။
ေဘာလံုးေပါက္စ မႏိုးလာသည္မွာေသခ်ာေသာ
အခါမွ သားႀကီးကိုေျပာလိုက္သည္။
"သားႀကီး ကားကိုဂ႐ုစိုက္ေမာင္းေနာ္..
ေဘာလံုးကိုစိတ္မပူန႔ဲ.."
သစ္မိုးအိမ္၏ မ်က္ႏွာမွာအနည္းငယ္
မည္းေမွာင္သြားေသာ္လည္း
ဦးထက္ေနာင္ကေတာ့ မရိပ္မိ။
သစ္မိုးအိမ္ Daddy ထက္ေနာင္၏ လက္ကို..
သူ၏လက္ေသးေသးေလးျဖင့္ ဆုပ္ကိုင္ကာ...
အိပ္ေနေသာ ရြက္စိမ္းကို စူး႐ွေသာအၾကည့္မ်ား
ျဖင့္ တစ္ခ်က္ၾကည့္လိုက္ၿပီး ဘာမွမျဖစ္သလိုပင္
Daddy ထက္ေနာင္ကိုႏႈတ္ဆက္ကာ ကုမၸဏီ
သို႔ ထြက္လာခ့ဲသည္..။
ကေလးငယ္ကေတာ့..ယခုအျပဳအမူအတြက္
ျပန္ေပးဆပ္ရမည္..။
_____________
JM(25.2.2021)
Next>>>>>
(Zawgyi)🍀🍀🍀🍀🍀
Part-49
(ကိုယ်..ချစ်သော clover..!!..)
"ဟင့်အင်း..!..အနားမလာနဲ့ ငါ့အနားကို
ကပ်မလာနဲ့..."
မိုင်း..အော်ဟစ်ကာတားမြစ်နေသော်လည်..
မိုင်းကို ဝါးမြိုနေသောအမှောင်ထုက ရပ်တန့်
မသွား။ မိုင်း အမှောင်ထုကြားတရစ်ရစ်နစ်မြုပ်
နေသော ကိုယ်တိုင်၏ခြေထောက်များကိုကြည့်
ရင်း ထိတ်လန့်နေမိသည်..။ ရပ်တန့်သွားခြင်း
မရှိသောအမှောင်ထုက ပိုမိုကာလွှမ်းခြုံလာ
သည်နှင့်အတူ မိုင်းအသက်ရှူရခက်လာသည်။
မိုင်း၏တစ်ကိုယ်လုံး လေပေါ်ကိုမြောက်တက်
သွားသည်။ နွယ်ရှင်အလားလည်ပင်းကိုရစ်ပတ်
နေသော အမဲရောင်အခိုးအငွေ့များမှကြိုးစား
ရုန်းကန်နေသော်လည်း မလွတ်မြောက်နိုင်
ဖြစ်နေရသည်..။
"အစ်..အ..အစ်..~!!..."
"သေလိုက်..ဟားဟား..သေလိုက်...
တိရစ္ဆာန်ကောင် သေ..သေစမ်း ဟားဟား~!!.."
ကြောက်မက်ဖွယ်ရယ်သံကြီးများက ပျံ့နှံ့လာ
သော်လည်း မှောင်မိုက်နေသော ပတ်ဝန်းကျင်
ကြောင့်ဘာမှမမြင်ရဘဲ ခြောက်ခြားဖွယ်ရာ
အခြေအနေတစ်ခုကို ဖန်တီးနေသည်..။
မိုင်း မျက်နှာတစ်ခုလုံး အရောင်ပင်ပြောင်း
လာကာ အမှောင်ထုထဲနစ်မြှုပ်ပျောက်ကွယ်
လုနီးနီးဖြစ်နေပြီဖြစ်သော်လည်း ထိုအသံများ
ကိုရှင်းရှင်းလင်းလင်းကြားနေရသည်..။
ထို..ထိုသူတွေ မိုင်းသတ်ခဲ့သောသူတွေ။
မိုင်းလက်မှာစွန်းထင်းနေတဲ့ သွေးနီတွေရဲ့
အရင်းတည်ရာတွေ..။ လူ့လောကတွင်ရှိမနေ
သင့်သောသူများပါသလို အပြစ်ကင်းသောသူ
များလည်းပါသည်..။
"ငါ တကယ်ဘဲသေသွားရင်ကောင်းမယ်.."
မိုင်း ထိုအတွေးဝင်လာသည်နှင့် ရုန်းကန်မှု
များသည်တဖြည်းဖြည်းပြေလျော့သွားရသည်။
အမြဲတစေအသက်မဲ့နေသော မျက်ဝန်းများ
ကိုမှိတ်ချလိုက်သည်..။
"မိုင်း.. ဒီတစ်ခုစားကြည့်.. ဘယ်လိုနေလဲ
မင်းကြိုက်မယ်ထင်လို့ ငါလုပ်ထားပေးတာ"
နိုင်းက အပြုံးတစ်ခုဖြင့်ပြောရင်း မနားမနေ
ချက်ပြုတ်ထားသောကြောင့် ထွက်နေသော
ချွေးများကို လက်မောင်းအကျႌစနှင့်ဖြစ်သလို
လှမ်းသုတ်သည်။ အကြည့်များကတော့...
သူ့ချက်ထားသည့်ဟင်းပွဲလေးကို စားပါရန်
တိုက်တွန်းနေသည်...။
မိုင်း နှုတ်ခမ်းများတွန့်ကွေးသည်အထိ..
ပြုံးကာ စားပွဲပေါ်ကဇွန်းလေးကိုကောက်ကိုင်
လိုက်တော့နိုင်း၏မျက်လုံးများကအရောင်
တောက်သွားကာစိတ်လှုပ်ရှားမှုဖြင့်ပြည့်
သွားရသည်။
သူလုပ်ထားတာလေးကိုအသိအမှတ်ပြုခံ
ချင်နေသော...နိုင်းက မိုင်းကိုနွေးထွေး
စေသည်..။
"ကောင်းတယ်.."
မိုင်းပြောလိုက်တော့ နိုင်းကမျက်ခုံးတစ်ဖက်
ကိုဟန်ပါပါပင့်လိုက်ကာ ငါသိသားဘဲဟုချေပ
လာသည်။ သို့သော်လည်း နိုင်းမျက်နှာပေါ်က
ပျော်ရွှင်မှုများကိုတော့ မထိန်းနိုင်ပေ။ မိုင်း...
အသားနှင့်အသီးရွက်ရောကြော်ထားသည်ကို
ဇွန်းအပြည့်ခပ်ကာပါးစပ်ထဲထိုးထည့်လိုက်
သည်။
ဟန်ဆောင်ကောင်းလွန်းသော မိုင်းကြောင့်..
အသားနှင့်အသီးအရွက်ကြော်လေးသည်
ဆိုးဝါးလွန်းသောအရသာရှိကာစားရန်ပင်
ခက်ခဲသည်ကိုတော့ နိုင်းဘယ်တော့မှ
မသိခဲ့ပေ..။
အမှောင်ထု၏အလုံးစုံနီးပါ ဝါးမြိုခံနေရသော
မိုင်း၏စေ့ပိတ်ထားသောမျက်လုံးများသည်
အနည်းငယ်လှုပ်ခတ်သွားရသည်..။
နိုင်း..ဟုတ်တယ် ငါ့မှာနိုင်းရှိသေးတယ်...
ငါသေလို့မရသေးဘူး..။ ငါမသေချင်ဘူး..။
ခိုင်မာဆုံးဖြတ်ချက်ကိုချပြီးသည်နှင့် မိုင်း၏
အသက်မဲ့မျက်ဝန်းများသည် စူးရှစွာပွင့်လာ
ကာ အမှောင်ထုမှအားကုန်သုံးကာရုန်းထွက်
လိုက်သည်..။
တစ်ဆက်တည်းတွင်ပင် အခန်းတစ်ခု၏..
ကုတင်ပေါ်တွင်ငြိမ်သက်စွာလှဲလျောင်းနေ
သော မိုင်း၏ဆေးပိုက်များသွယ်တန်းထား
သောလက်တစ်ဖက်သည် အနည်းငယ်...
လှုပ်ရှားလာလေသည်..။
ကုတင်ဘေးခုံတွင်ထိုင်ကာ မိုင်းကိုစောင့်နေ
ပေးသော ယဇ်ကချက်ချင်းပင်သတိထားမိ
သည်။ မှောင်ခိုဆရာဝန်တစ်ဦးလည်းဖြစ်သေး
သည့်ယဇ်က မိုင်း၏အခြေအနေကို ကိုယ်တိုင်
ပင် စစ်ဆေးလိုက်သည်..။
ထိုအချိန်တွင်ပင် မိုင်း၏မျက်ဝန်းများသည်
ပွင့်လာကာ မျက်နှာကြက်ကိုငြိမ်သက်စွာ
ကြည့်နေသည်..။ အခန်းပုံစံအရ ယဇ်က
မိမိကို လျှို့ဝှက်စံအိမ်ကိုခေါ်လာခြင်းပင်
ဖြစ်မည်..။ မိုင်းပြောလိုက်သည်။
"အချိန် ဘယ်လောက်ကြာသွားပြီလဲ.."
လည်ချောင်းတစ်ခုလုံးချောက်ကပ်နေသော
ကြောင့် မိုင်း၏အသံမှာအက်ကွဲနေသည်..။
သို့သော် စကားလုံးများကတော့ ပြတ်သား
ကာ ရေခဲငွေ့များလွှမ်းသည်။
ကုတင်ဘေးတွင်ရပ်နေသာ ယဇ်ကခေါင်းငုံ့ကာ
ပြန်ဖြေလာသည်။ ယဇ်၏ပုံစံမှာ အသက်မဲ့သော
အလောင်းကောင်နှင့်တူသော်လည်း မျက်ဝန်းများ
တွင်တော့ စိတ်သက်သာရာရခြင်းများနှင့် ပြည့်နေ
သည်..။
"၁ ညနဲ့တစ်မနက်ရှိပါပြီ သခင်ကြီး..."
တစ်ည?..တစ်ညတောင်ကြာသွားပြီးလား..။
နိုင်းတော့ စိတ်ပူနေတော့မှာဘဲ။ ထိုအတွေး
ကြောင့် မိုင်း အားယူကာထရင်း လက်ခုံတွင်
သွယ်တန်းထားသော ဆေးပိုက်ကိုဆွဲဖြုတ်ပြစ်
လိုက်တော့သွေးနီနီများက ထွက်လာသည်။
မျက်နှာတွင် အမူအရာဖော်ပြခဲသော
ယဇ်၏မျက်ခုံးများအနည်းငယ်တွန့်ကြုံ့သွား
သော်လည်း ဘာမှတော့မပြော..။ မိုင်း ကိုကူညီ
ကာထူမပေးလာသည်..။
မိုင်း ကုတင်ပေါ်မှအတင်းဆင်းရန်လုပ်တော့
ယဇ်ကဟန့်တားလာသည်။ အသက်မဲ့သော
မျက်ဝန်းများနှင့်မျက်နှာတွင်တော့ ဘာအမူအရာ
မှမရှိ..။
"ဖယ်စမ်း..!!.. ငါ နိုင်းဆီသွားမှဖြစ်မယ်.."
"ဒဏ်ရာအခြေအနေပြန်ဆိုးသွားပါလိမ့်မယ်.."
"ငါ ဂရုမစိုက်ဘူး.. ဟမ့် မင်းငါ့အစား နိုင်းကို
စတေးပြစ်ဖို့ကြံနေတာ ငါမသိဘူးများမှတ်နေ
လား..."
မိုင်း ၏စကားအဆုံး ယဇ်၏အသက်မဲ့သော
မျက်ဝန်းများမှာ တစ်ခဏလှုပ်ခတ်သွားရသည်။
အမှန်တကယ်လည်း ယဇ်သည် ထိုသို့ကြံစည်ခဲ့
ခြင်းဖြစ်သည်..။
ယခုလိုအခြေအနေမျိုးတွင် နံပါတ်၅အိမ်တော်
သို့သွားဖြစ်အောင် တမင်ရည်ရွယ်ကာ...
ပြောခဲ့ခြင်းဖြစ်သည်။ ပထမသခင်လေး၏..
ဒေါသအလျောက်တုန့်ပြန့်ခြင်းကြောင့်...
ထိုသူအသက်ပျောက်သွားခဲ့လျှင်လည်း ယဇ်..
ဂရုစိုက်မည်မဟုတ်..။ သခင်ကြီးအတွက် ဆေး
ကုသဖို့အချိန်တစ်ခု လုံလောက်လျှင်ပင်...
တန်သည်..။
ယဇ်၏အမူအရာကိုဖတ်မိသော မိုင်း၏မျက်နှာ..
အမူအရာမှာရာ ပိုကာမည်းမှောင်သွားရသည်..။
မိုင်း ယဇ်၏လည်ပင်းအားအကျႌစကို ဒေါသတကြီး
တုပ်ဆွဲလိုက်သည်..။
အလျင်စလိုလှုပ်ရှားမှုကြောင့် ပုခုံးနှင့်ဝမ်းဗိုက်မှ
ဒဏ်ရာမှာ ချုပ်ရိုးပြန်ပွင့်သွားကာ သွေးများ
စိမ့်ထွက်လာရသည်..။ သို့သော်လည်း မိုင်း
က ဂရုစိုက်ခြင်းမရှိသလို မျက်နှာတစ်ချက်ပင်
ပျက်မသွား..။
မျက်နှာတစ်ခုလုံးမှာ ဖြူလျော့နေသော်လည်း
စူးရဲစွာသောမျက်ဝန်းများဖြင့် သက်လတ်ပိုင်း
အမျိုးသားသည် အလွန်ကြည့်ကောင်းနေတော့
သည်..။ မိုင်း အံကိုကြိတ်ကာ တစ်လုံးခြင်း
ပီသစွာပြောလိုက်သည်...။
"ငါ.သေ.မှ.ရ.မယ်.."
ဟုတ်သည်..မိုင်းဆိုသောလူသားအတွက်တော့
ချစ်ရသောညီလေး နိုင်းကိုထိခိုက်အောင် လုပ်
ချင်ပါက မိုင်းသေမှပင်ဖြစ်နိုင်လိမ့်မည်...။
"ဒါဆို သခင်ကြီးမသေအောင် နေသင့်တယ်.."
ယဇ်က အေးစက်စက်ပြောရင်း မိုင်းကိုတွဲကာ
ကုတင်ပေါ်တွင် ပြန်လှဲစေသည်။ ဆေးကုသမှု
များကို အချိန်တစ်ခဏအတွင်းမြန်ဆန်စွာ လုပ်
ဆောင်သွားသော ယဇ်က မြေအောက်လောက
၏ နံပါတ်တစ်မှောင်ခိုဆရာဝန်ဆိုသော ဂုဏ်ပုဒ်
နှင့် ထပ်တူညီစွာလိုက်ဖက်သည်..။
"သူက ငါ့အတွက်အရေးအကြီးဆုံးဘဲ.."
"ကျွန်တော့်အတွက်တော့ မဟုတ်ဘူး.."
ယဇ်က အသက်မဲ့ကာအနိမ့်အမြင့်အတက်အကျ
မရှိသော လေသံဖြင့်ပြန်ဖြေလာသည်..။အိပ်ဆေး
တစ်ချို့ကို သခင်ကြီး၏လက်ခုံနှင့်ပြန်လည်
သွယ်တန်းထားပြီးဖြစ်သော ပိုက်ထဲသို့ထိုးသွင်း
လိုက်ချိန်တွင် သခင်ကြီးဆီမှ သတိပေး
တားမြစ်သံက ထွက်လာသည်..။
"သူ့ကိုမထိပါနဲ့..လုံးဝ..."
တဖြည်းဖြည်း မျက်လုံးများမှိတ်ကာ အိပ်ပျော်
သွားသော သခင်ကြီး၏ မျက်နှာကိုတစ်ချက်
ကြည့်လိုက်ပြီး ညာဘက်လက်တွင်ပတ်ထား
သော လက်ပတ်နာရီကို တစ်ချက်ငုံ့ကာ...
ကြည့်လိုက်သည်။
သခင်ကြီး အနားယူနေသော အချိန်အတွင်း..
ဂိုဏ်းတွင်း အခြေအနေများကို စီစဉ်ရန်ထွက်
လာခဲ့သည်..။ သခင်ကြီးပေးသော အမိန့်နှင့်
ပတ်သတ်လို့ကတော့ သခင်ကြီးအန္တာရယ်ကင်း
နေသေးသ၍ သူနာခံမည်ဖြစ်သည်...။
ယဇ် ဆိုသောသူက သခင်ကြီးတစ်ဦးတည်း
ကို သစ္စာစောင့်သိသောသူဖြစ်သည့်အလျောက်
တစ်ခြားဘာကိုမှ အလုပ်အပိုခံကာတွေးနေမည်
မဟုတ်..။ ယဇ်အတွက်တော့ နိုင်းက သခင်ကြီး
နှင့်ရုပ်ချင်းတူသော တစ်ချိန်တွင်သခင်ကြီးအတွက်
အသုံးဝင်နိုင်သော ဒိုင်းတစ်ခုသက်သက်သာဖြစ်..
သည်..။
ယဇ် သခင်ကြီးအနားယူနေသော..
အခန်းထဲမှ ထွက်ကာ ဆန့်ကျင်ဘက်သို့
လျောက်လာလိုက်သည်။ တစ်ခဏအကြာ
ညာဘက်သို့ချိုးလိုက်သောအခါ ခန်းမကျယ်
တစ်ခုသို့ရောက်သွားသည်..။
စေ့ပိတ်ထားသော ကြီးမားသည့်အခန်းတံခါး
တစ်ခုရှေ့အရောက် ယဇ် တစ်ခဏခြေစုံရပ်
လိုက်သည်။ အနက်ရောင်ဘောင်းဘီ၏..
ဘေးဘက်အိပ်ကပ်ထဲသို့ လက်တစ်ဖက်ထည့်ကာ
ရပ်နေသော ယဇ်ကအခန်းထဲမှ မတားမြစ်နိုင်စွာ
ထွက်ပေါ်လာသော စကားသံများကိုနားထောင်နေ
ခြင်းဖြစ်သည်..။
"ငါတို့အဆုံးသတ်တော့မှာလား..."
"ဘာလို့ အဆုံးသတ်ရမှာလဲ မင်းခွေးစကား
မပြောနဲ့.."
ပထမသူ၏စကားကို နောက်တစ်ဦးက
ကြမ်းတမ်းစွာတုန့်ပြန်ရင်း လက်သီးကို
တင်းတင်းဆုပ်ထားကာ ပထမသူကို..
စူးဝါးစွာကြည့်သည်..။ ထိုစဉ်လူအုပ်အတွင်း
မှ နောက်တစ်ဦးကပြောလာပြန်သည်..။
"သခင်ကြီးရော..ဘာလို့သခင်ကြီးကို..
အခုထိမတွေ့ရတာလဲ..။ မင်းတို့သတိထား
မိလား ငါတို့ရဲခွေးတွေနဲ့ တိုက်ခိုက်တုန်းက
သခင်ကြီးကို နောက်ဆုံးတွေ့တာဘဲ..။
ဧကန္တသခင်ကြီးက ငါတို့ကိုစွန့်ပြစ်ပြီး..
ကိုယ်လွှတ်ရုန်းသွားတာများလား..~..."
နောက်ဆုံးစကားကို ထိုသူသည် ရေရွတ်ယုံ...
ပြောလိုက်ခြင်းဖြစ်သော်လည်း အခန်းကျယ်ထဲ
တွင် ရှိနေသော လူအယောက်၇၀ကို တုန်လှုပ်
သွားစေသည်..။ တစ်ယောက်ချင်းဆီသည်..
ဆိုင်ရာအဖွဲ့များ၏ ခေါင်းဆောင်များဖြစ်သော်
လည်း စိုးရိမ်ပူပန်မှုကိုတော့မတားမြစ်နိုင်ကြ..။
တကယ်ဘဲ သခင်ကြီးက သူတို့ကို စွန့်ပြစ်သွား
ပြီလား..။
သူတို့အဖွဲ့သည် ဘယ်လောက်ပင်အင်အားကြီး
ပါစေ ခေါင်းပြတ်သွားသောနဂါးသည်ကြာကြာ
မရှင်သန်နိုင်သည်ကိုတော့ အားလုံးသဘော
ပေါက်ကြသည်..။ အားလုံးတုန်လှုပ်နေကြစဉ်
မှာပင် ခပ်သာသာတံခါးဖွင့်သံနှင့်အတူ...
လူတစ်ဦး၏ ခန္ဓာကိုယ်သည်လည်း ကြမ်းပြင်
ပေါ်သို့ လဲပြိုကျသွားတော့သည်..။
စက္ကန့်ပိုင်းအတွင်း အသက်မဲ့သွားသော..
အစောပိုင်းက သခင်ကြီးအကြောင်းကိုပြော
သောသူကြောင့် အားလုံးအကြည့်များသည်
သက်တောင့်သက်သာရပ်နေသော ယဇ်ဆီကို
ရောက်လာကြသည်..။
"သခင်ကြီးကို သံသယဝင်ပိုင်ခွင့်မရှိဘူး.."
အေးစက်စက်အသံက ကြောက်စရာသတိပေး
ချက်ဖြစ်ကြောင်း အခန်းတွင်းရှိသူအားလုံး...
နားလည်သည်..။ အထူးသဖြင့်ပြောသောသူ
က ဂိုဏ်း၏နတ်ဆိုးဆရာဝန်ဖြစ်နေသော..
အခါတွင်ပေါ့..။
နတ်ဆိုးဆရာဝန်ဟုခေါ်သော ထိုသူက...
ခန့်မှန်းရခက်သည်။ သခင်ကြီးအနားတွင်..
အရိပ်လိုရှိနေတတ်ကာ သခင်ကြီး၏စကား
ကိုသာနာခံသည်။ ဂိုဏ်းတွင်းအရေးပါသော
ကိစ္စတော်တော်များများကို စီမံပေးနေသော်
လည်း သခင်ကြီး၏ကျန်းမာရေးကိုတာဝန်ယူ
ရသော ဆရာဝန်ဟူသည့်ဂုဏ်ပုဒ်ကိုသာယူ
သည်..။
လူကယ်ရမည့်အတတ်ကို ကျွမ်းကျင်လွန်းသော
ထိုသူက လူသတ်ရာတွင်လည်းရက်စက်လွန်းကာ
မျက်တောင်တစ်ချက်ပင်မခတ်သူဖြစ်သည်။
ထို့ကြောင့် သူ၏ဆရာဝန်ဆိုသောအမည်ရှေ့တွင်
နတ်ဆိုးဟူသော ဂုဏ်ပုဒ်ကိုပါထပ်ပေါင်းကာ..
ခေါ်ကြခြင်းဖြစ်သည်..။
အခန်းတွင်းရှိ သူများအားလုံးကိုဝေ့ဝဲကြည့်လာ
သော မျက်လုံးများကအေးစက်ကာ မိမိကိုယ်ကို
လူသေကောင်ကဲ့သို့ ခံစားလိုက်ရသည်..။
အားလုံးသည် အဖွဲ့ခွဲများ၏ခေါင်းဆောင်များ...
ဖြစ်သော်လည်း ထိုအကြည့်များက လွှတ်အောင်
သူတို့၏ခန္ဓာကိုယ်များကို ပိုမိုသေးငယ်အောင်
လုပ်လိုက်မိကြသည်။ ထိုသူက တိုပြတ်ပြတ်
အသံဖြင့်ပြောလာသည်။
"လတ်တလော ဂိုဏ်းတွင်းကိစ္စတွေအားလုံး
ကို ငါတာဝန်ယူမယ်..။ မင်းတို့ရဲ့ဆိုင်ရာ..
ဌာနတွေကိုပြန်ပြီး သခင်ကြီးအမိန့်ကိုစောင့်
နေကြ..။ သခင်ကြီးကို သံသယဝင်ရဲတဲ့သူ
ကိုတော့ ငါကအလောင်းကောင်ဘဝကို
ပြောင်းပေးမယ်.."
အားလုံးထိတ်လန့်တကြားဖြင့် အသက်မဲ့နေ
သော အစောပိုင်းကသူကိုကြည့်လိုက်မိကြ
သည်။ အမိန့်ကိုနာခံကြောင်းပြောကာ...
အလျိုလျိုပြန်သွားကြချိန်တွင် အသက်မဲ့နေ
သော ကိုယ်ကိုပါ ဝက်တစ်ကောင်လိုတရွတ်
တိုက် ဆွဲထုတ်သွားကြသည်..။
ယဇ်က ကိစ္စများကိုကိုင်တွယ်ပြီးသောအခါ..
အိတ်ကပ်ထဲတွင် ထည့်ထားသောအနက်ရောင်
ဖုန်းလေးကို ထုတ်လိုက်သည်။ ဖုန်းစခရင်ပေါ်
က သူကသွားညီညီများပေါ်အောင် ပြုံးရီနေသည်။
ထိုသူက သခင်ကြီး၏အမွှာညီနိုင်း ဖြစ်သည်..။
စကားဝှက်ခံထားခြင်းမရှိသော သခင်ကြီး၏
ဖုန်းကိုဖွင့်ကာ နိုင်းဆိုသောနာမည်ကိုနှိပ်၍
စာတစ်စောင်ပို့လိုက်သည်..။
~စိတ်မပူနဲ့..~
တိုရှင်းရှင်း စာတစ်စောင်ကိုပို့ပြီးနောက်...
ယဇ် ဖုန်းကိုစက်ပိတ်လိုက်ကာ အိတ်ကပ်ထဲ
ပြန်ထည့်လိုက်သည်။ ဒီရက်ပိုင်းအတွင်း...
မည်သူတစ်ဦးတစ်ယောက်ကိုမှ သခင်ကြီးကို
နှောင့်ယှက်ခွင့် မပြုနိုင်..။ ထိုသူကိုလည်း..
စိတ်မပူအောင် သခင်ကြီးအနေဖြင့်စာပို့ထား..
ပြီးဖြစ်သောကြောင့် မိမိတာဝန်ကျေပြီမလား..။
ယဇ် ခြေလှမ်းများကိုသခင်ကြီးရှိသော..
အခန်းဘက်သို့ ဦးတည်လိုက်သည်..။
_______
ဒဏ်ရာသက်သာလာပြီဖြစ်သော်လည်း ရွက်စိမ်း
က မကြာခဏအိပ်ပျော်သွားတတ်ကာ ဒီရက်ပိုင်း
အတွင်းပင်ပန်းခဲ့သော ခန္ဓာကိုယ်ကအနားယူနေ
ပုံရသည်..။ သစ်မိုးအိမ် နှစ်ခြိုက်စွာအိပ်မောကျ
နေသော မိမိတစ်ဦးတည်းပိုင်ဆိုင်မှုလေးကို..
မြတ်နိုးစွာ ငေးကြည့်နေမိသည်..။
ကုမ္ပဏီကိုတစ်ခဏသွားရမည်ဖြစ်သောကြောင့်
သစ်မိုးအိမ်က ဝတ်စုံပြည့်ဖြင့်ဖြစ်ကာ နတ်ဘုရား
တစ်ပါးနှယ်ကြည့်ကောင်းနေပြီး သူ၏ပန်းပုရုပ်ကဲ့
သို့အချိုးအဆစ်ကျလှသောခန္ဓာကိုယ်
တည်ဆောက်ပုံက ထိုအမျိုးသားငယ်ကို
သူမတူ အောင်ပံ့ပိုးပေးနေသည်။
ခပ်မတ်မတ်ထိုင်နေသောကြောင့် ဖြောင့်
တန်းနေသောခါးကပိုပေါ်လွင်နေသည်။ ရှည်လျားသော လက်ချောင်းများကတော့ အဖြူရောင်ခေါင်းစွပ်လေးစွပ်ထားသော..ခပ်လုံးလုံး ပုံသဏ္ဍာန်ရှိသည့် ခေါင်းလေး ကိုခပ်ဖွဖွ ပွတ်သပ်ပေးနေသည်..။
သစ်မိုးအိမ်၏ အထူးခြားအလှပဆုံး
အစိတ်အပိုင်းဖြစ်သည့် မျက်လုံးအကြည့်များ ကတော့ ခပ်ဟဟလေးဖြင့် အသက်ရှူလိုက်
တိုင်း ပိတ်ချည်ဖွင့်ချည်ဖြစ်နေသော ပန်းရောင် နှုတ်ခမ်းသေးသေးလေးတွင် တည်မြဲနေ
သည်..။
နူးညံ့တယ်၊ ချိုမြိန်တယ်၊ ရုန်းမထွက်နိုင်
အောင်ပြုစားနိုင်တယ်။ သစ်မိုးအိမ် ကိုယ်တိုင် ကရုန်း..မထွက်ချင်တာမျိုးဆိုပိုမှန်မည်..။ အရသာသိနေသော သားရဲတစ်ကောင်အတွက် တော့..မျက်စိရှေ့မှ အရသာထူးကဲလွန်းသော အသားတုံးလေးက သေလောက်အောင်ဆွဲ ဆောင်နေတော့သည်..။
ထိန်းချုပ်ရန်ဆန္ဒစိုးစိမျှပင် မရှိသော..
သားရဲကြီးက သဘာဝကျကျပင် သူ၏ခေါင်း
ကို..နတ်ဘုရားဆန်စွာငုံ့ချလိုက်ကာ...
သူသဘောကျသော အသားတုံးလေးဖြစ်
သည့် ပန်းရောင်နှုတ်ခမ်းလေးကို ငုံထွေးကာ စားသုံးလိုက်သည်..။
အိပ်ပျော်နေသော ရွက်စိမ်းဆီမှ အင့်ကနဲနေ
သော အသံလေးထွက်လာကာအနည်းငယ်
လှုပ်လာသော်လည်း သစ်မိုးအိမ်ကတော့..
ဂရုပင်မစိုက်..။ မိမိစားသုံးနေသော နူးညံ့မှု
လေး ပျောက်ကွယ်သွားမည်ဆိုးသောကြောင့်
လက်နှစ်ဖက်ကိုသုံးကာ မျက်နှာသေးသေး
လေးကိုချုပ်ကိုင်လိုက်ပြီး ပိုတိုးကာခရီးဆက်နေ တော့သည်..။
ထောင့်နားလေးများတွင် ပန်းရောင်သန်းကာ
သွေးကြောလေးများမြင်နေရသော မျက်ခွံလေး
များလှုပ်ခတ်လာပြီး ကလေးငယ်နိုးစပြုလာ
တော့မည်ကို သိသော သစ်မိုးအိမ်က နှုတ်ခမ်း လေးကို အလွတ်ပေးလိုက်သည်..။ သို့သော် ကိုယ်တစ်ပိုင်းအုပ်မိုးထားသော အနေအထားကို တော့ ဖယ်ခွာ မသွား။
အရိပ်တကြည့်ကြည့် ပြုစုပျိုးထောင်လာ
ခဲ့သော ကလေးငယ်၏အကြောင်းကို သစ်မိုးအိမ်ထက်ဘယ်သူကများ သိနိုင်မှာ
တဲ့လဲ။
သစ်မိုးအိမ်၏..နှုတ်ခမ်းပါးများက တွန့်ကွေးနေလျှက်ပင် ကိုယ်ကိုပိုကာငုံကိုင်း
လိုက ်ရင်း ကလေးငယ်၏ နဖူးပြေပြေလေး
ကို သူ၏နှာတံချွန်ချွန်များဖြင့် ပွတ်သပ်တို့ထိ လိုက်ရင်း...
"ကိုကို့ clover ကလိမ္မာတယ်...
နည်းနည်းထပ် အိပ်လိုက်လိုက်ဦးနော်.."
ကြားရသူအရည်ပျော်သွားစေနိုင်သော
ခပ်ရှရှ..စကားသံအဆုံး အစောကနိုးစပြုလာ သော..အကောင်ငယ်လေးရွက်စိမ်းသည် အသက်ရှူသံ..မှန်မှန်ဖြင့် ပြန်အိပ်ပျော်သွား
တော့သည်..။
သစ်မိုးအိမ်က ကျေနပ်စွာပြုံးရင်း ရွက်စိမ်း၏
မျက်ခွံလေးများ၊ နှာခေါင်းလုံးလုံးလေးမှစ၍
မျက်နှာအစိတ်အပိုင်းတစ်ခုချင်းဆီကို ခပ်ဖွဖွ
လေးနမ်းသည်..။ ညင်သာလွန်းသော...
သစ်မိုးအိမ်၏အပြုအမူနှင့် ယှဉ်ပါကပန်းပွင့်လေး
အပေါ်နားသော လိပ်ပြာလေးကမှကြမ်းတမ်းပေ
ဦးမည်..။
သစ်မိုးအိမ်က ပါးအိအိလေးကိုလက်ညိုးလေး
နှင့်အသာတို့ထိကာ မျက်မှောင်လေးကြုတ်သွား
ကာ တုန့်ပြန်လာမှုလေးကို မြတ်နိုးစွာကြည့်နေ
မိသည်..။
"ဒီကလေးလေးကို မချစ်ဘဲဘယ်လိုနေနိုင်
မှာလဲကွာ..."
ခပ်တိုးတိုးဆိုလာသော သစ်မိုးအိမ်၏...
ခပ်ညို့ညို့အကြည့်များကတော့..
သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်လာသော
လက်သေးသေးလေးကို နှစ်ခြိုက်စွာကြည့်
နေသည်..။
ကလေးငယ်က ဒီလိုလေးတွယ်ကပ်နေသည်
ကို သဘောကျသည်..။ ငါတစ်ယောက်ထဲ
ပိုင်တာ..အခုရောနောင်ရော။ ထိုအတွေးက
သစ်မိုးအိမ်၏ ရင်တွင်းကိုနွေးထွေးသော
လှိုင်းတစ်ခုဖြတ်သန်းသွားစေသည်။ စိတ်ခံစား
ချက်ကို ထင်ဟပ်ပြသသောသစ်မိုးအိမ်၏
နှုတ်ခမ်းထောင့်များကတော့ လှပစွာတွန့်ကွေး
နေလေတော့သည်..။
သစ်မိုးအိမ်၏ တစ်ခုတည်းသောစွဲလမ်းရာ
မှာ ရွက်စိမ်းဆိုသောကလေးငယ်ဖြစ်သလို
ရွက်စိမ်း၏ စွဲလမ်းမှုသည်လည်း သစ်မိုးအိမ်
ဆိုသော မိမိသာဖြစ်ရမည်ဆိုသည်က....
သစ်မိုးအိမ်၏ ခံယူချက်ဖြစ်သည်။ ထိုသို့
ဖြစ်အောင်လုပ်နိုင်သည်ဟုလည်း ယုံကြည်
ချက် အပြည့်ရှိသည်..။
အခန်းတံခါးအားဖွင့်လိုက်သော အသံကြောင့်
သစ်မိုးအိမ်က ခေါင်းကိုအနည်းငယ်စောင်း..
ကာ ကြည့်လိုက်တော့ Daddyထက်နောင်
နှင့် Daddy ထက်နောင်ကို သွားကြိုသော
ဦးကောင်းတို့ဖြစ်သည်..။
ဦးထက်နောင်က နှစ်ခြိုက်စွာအိပ်ပျော်နေသော
ရွက်စိမ်းလေးကိုတွေ့တော့ သဘောတကျပြုံးကာ
အနားသို့လျောက်လာသည်။
"ကလေးဆိုးလေး အိပ်နေတုန်းလား..."
"ပြန်အိပ်ပျော်သွားတာ မကြာသေးဘူး..
Daddy.. ဆေးအရှိန်ကြောင့်ဖြစ်မယ်
ထင်တယ်.."
ဦးထက်နောင်က သစ်မိုးအိမ်၏ စကားကိုခေါင်း
ငြိမ့်လိုက်ရင်း ရွက်စိမ်း၏ကုတင်ဘေးတစ်ဖက်က
ခုံတွင်ဝင်ထိုင်သည်။ မျက်လုံးထဲတွင်တော့....
သူ၏ဘောလုံးလေးကိုချစ်ခင်မှုများက
အထင်းသား။ ဦးထက်နောင် သစ်မိုးအိမ်ကို
ပြောလိုက်သည်။
"သားကြီး ကုမ္ပဏီသွားစရာရှိတယ်ဆို..
ဘောလုံးလေးကိုစိတ်မပူပါနဲ့ Daddy နဲ့
ဦးကောင်းရှိတာဘဲလေ.."
သစ်မိုးအိမ်က ခေါင်းငြိမ့်ပြသော်လည်း..
ထိုင်နေရာကတော့မထ..။ ဦးထက်နောင်
အနည်းငယ် ရှုပ်ထွေးသွားရသည်။ တစ်ခဏ
အကြာတွင်တော့ သားကြီး၏လက်တစ်ဖက်
ကို သူ့လက်လေးနှင့်ဆုပ်ကိုင်ကာ အိပ်နေ
သော မိမိဘောလုံးကြောင့်မှန်းသိသောအခါ
ခေါင်းသာခါမိတော့သည်။
သားကြီးက သူ့ညီလေးကိုမိမိထက်ပင်
သည်းနိုင်လွန်းသည်။ ဦးထက်နောင်..
မိမိဘောလုံး၏လက်ကလေးကို ခပ်ဖြည်းဖြည်း
ချင်းဆွဲယူကာ သားကြီး၏လက်ကိုလွှတ်စေလိုက်
ပြီး မိမိလက်ကိုအစားထိုးပေးလိုက်သည်..။
ဘောလုံးပေါက်စ မနိုးလာသည်မှာသေချာသော
အခါမှ သားကြီးကိုပြောလိုက်သည်။
"သားကြီး ကားကိုဂရုစိုက်မောင်းနော်..
ဘောလုံးကိုစိတ်မပူနဲ့.."
သစ်မိုးအိမ်၏ မျက်နှာမှာအနည်းငယ် မည်းမှောင်
သွားသော်လည်း ဦးထက်နောင်ကတော့ မရိပ်မိ။
သစ်မိုးအိမ် Daddy ထက်နောင်၏ လက်ကို..
သူ၏လက်သေးသေးလေးဖြင့် ဆုပ်ကိုင်ကာ...
အိပ်နေသော ရွက်စိမ်းကို စူးရှသောအကြည့်များ
ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ဘာမှမဖြစ်သလိုပင်
Daddy ထက်နောင်ကိုနှုတ်ဆက်ကာ ကုမ္ပဏီ
သို့ ထွက်လာခဲ့သည်..။
ကလေးငယ်ကတော့..ယခုအပြုအမူအတွက်
ပြန်ပေးဆပ်ရမည်..။
_____________
JM(25.2.2021)
Next>>>>>