(Completed )The Transmigratio...

By Xiao_Yiii

1.3M 194K 3.1K

မနက္ခင္းတစ္ခုတြင္ system နွင့္ခ်ည္ေနွာင္ခံရျပီးေနာက္ MC မွာလုပ္ရိုးလုပ္စဥ္တစ္ခုကဲ့သို႔ပင္ ML ဤဖမ္းဆီးျခင္း/တု... More

Description
Arc(1.1) - The Wild Dragon proud day
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)
Arc(1.10)
Arc(1.11 - 1)
Arc(1.11 - 2)
Arc(1.12)
Arc(1.13 - 1)
Arc(1.13 - 2)
Arc(1.14)
Arc(1.15)
Arc(1.16)
Arc(1.17)
Arc(1.18)
Arc(1.19)
Arc(1.20)
Arc(1.21)
Arc(1.22)
Arc(1.23)
Arc(1.24)
Arc(1.25)
Arc(1.26)
Arc(1.27)
Arc(1.28)
Arc(1.29)
Arc(1.30)
Arc(1.31)
Arc(1.32)
Arc(1.33)
Arc(1.34)
Arc(1.35)
Arc(1.36 -> 1~2~3)
Arc(1.36 -> 4~5)
Real World
Real World-2
Arc(2.1) - Saint Magus
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)
Arc(2.9)
Arc(2.10)
Arc(2.11)
Arc(2.12)
Arc(2.13)
Arc(2.14)
Arc(2.15)
Arc(2.16)
Arc(2.17)
Arc(2.18)
Arc(2.19 - 1)
Arc(2.19 - 2)
Arc(2.20)
Arc(2.21)
Arc(2.22 - 1)
Arc(2.22-2)
Arc(2.23)
Arc(2.24)
Arc(2.25)
Arc(2.26)
Arc(2.27)
Arc(2.28)
Arc(2.29)
Arc(2.30)
Arc(2.31)
Arc(2.32)
Arc(2.33)
Arc (2.34)
Arc(2.35)
Arc(2.36)
Arc(2.37)
Arc(2.38)
Arc(2.39)
Arc(2.40)
Arc(2.41)
Arc(2.42)
Arc(2.43)
Arc(2.44)
Arc(2.45)
Arc(2.46)
Arc(2.47)
Arc(2.48)
Back to Real World (1)
Back to Real World (2)
Arc(3) - 'Immortal Path of Devil Lord'
Arc(3.1)
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)
Arc(3.14)
Arc(3.16)
Arc(3.17)
Arc(3.18)
Arc(3.19)
Arc(3.20)
Arc(3.21)
Arc(3.22)
Return to the University (1)
Return to the University (2)
Return to the University (3)
Return to the University (4)
Return to the University (5)
Return to the University (6)
Return to the University (7)
Return to the University (8)
Return Arc(3.23)
Arc(3.24)
Arc(3.25)
Arc(3.26)
Arc(3.27)
Arc(3.28)
Arc(3.29)
Arc(3.30)
Arc(3.31)
Arc(3.32)
Arc(3.33)
Arc(3.34)
Arc(3.35)
Arc(3.36)
Arc(3.37)
Arc(3.38)
Extra; {မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}
Extra; the New Emperor and Empress
Thank You

Arc(3.15)

4.2K 785 2
By Xiao_Yiii

Unicode

Arc(3.15)

ပွဲစဉ်တိုင်းကပြီးဆုံးဖို့အချိန်အကြာကြီးလိုအပ်တာကြောင့်နောက်ဆုံးပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်သည့်တပည့်အများစုမှာရက်အနည်းငယ်စီအလှည့်နဲ့သွားကြရသည်။

ချူးဝူရုံက,လေးရက်မြောက်နေ့ထိယှဉ်ပြိုင်သူမရှိသေးပေ;သူနဲ့ယှဉ်ပြိုင်ဖို့စီစဉ်ပေးထားတဲ့သူနဲ့တော့ဆန့်ကျင်ဘက်ဖြစ်သည်။

ထိုရက်တွေအတွင်းမှာချူးဝူရုံအတွက်ပွဲစဉ်မရှိသော်လည်းသူကတစ်ခြားသူတွေလိုမျိုးထိုရက်အနည်းငယ်အားအခွင့်ကောင်းယူပြီးယှဉ်ပြိုင်ပွဲအချိန်ရောက်လာရင်အကောင်းဆုံးဖြစ်ဖို့အပြည့်အဝအနားယူနေခြင်းမျိုးမရှိပေ။သူကနေ့စဉ်နေ့တိုင်းပွဲကျင်းပရာသို့ရောက်လာတတ်ပြီးပွဲပြီးသည်နှင့်လီလျိုနဲ့အတူအိမ်ပြန်ကြသည်။

လီလျိုကတော့တစ်ခုခုထူးဆန်းတယ်လို့မတွေးပေမယ့်သူတို့နောက်ကအမြဲခြေတစ်လှမ်းချန်လိုက်ပြီးလီလျိုနဲ့ချူးဝူရုံတို့ရဲ့ပြုမူဆက်ဆံပုံတွေကိုလေ့လာနေသည့်အကြီးအကဲကျောက်ကတော့မနေနိုင်ပဲသူ့မျက်လုံးတွေကိုကျဉ်းမြောင်းမိသည်။

ကုချင်းချန်းနဲ့သူ့တပည့်လေးကဒီလိုခံစားချက်ကောင်းတွေရှိနေကြမယ်လို့သူမထင်ထားခဲ့မိပေမယ့်ဒီလမ်းနဲ့ဆိုရင်လည်းသူ့အကြံအစည်အောင်မြင်သွားရင်ကုချင်းချန်းကိုထိုးနှက်ချက်အကြီးကြီးပေးနိုင်မှာပေါ့...

ထိုအတွေးနဲ့အတူအကြီးအကဲကျောက်ရဲ့နှုတ်ခမ်းတွင်မထီမဲ့မြင်ပြုသည့်အပြုံးတစ်ခုပေါ်လာရပြန်သည်။

****

လေးရက်ကြာပြီးနောက်,

ကောင်းကင်ယံတွင်ပထမဆုံးရောင်ခြည်စထွန်းလင်းတဲ့အချိန်မှာပဲကြည်လင်ကောင်းကင်ဂိုဏ်းရဲ့ယှဉ်ပြိုင်ပွဲဝင်ပေါက်တွင်လူအများကြီးရောက်ရှိနေကြပြီဖြစ်သည်။လူတိုင်းကတစ်ယောက်နဲ့တစ်ယောက်တီးတိုးပြောနေကြပြီးအသံတိုးတိုးနှင့်ဆွေးနွေးနေကြရင်းဖြင့်ဒီနေ့ရဲ့ယှဉ်ပြိုင်ပွဲစမယ့်အချိန်ကိုစောင့်နေကြသည်။

ချူးဝူရုံကတစ်ခါမှနှစ်နာရီထက်ကျော်အောင်မပြိုင်ဘူးတာကြောင့်တပည့်များအားလုံးသည်ချူးဝူရုံဒီတစ်ခေါက်ယှဉ်ပြိုင်ပွဲမှာပါ,အောင်မြင်မှုရနိုင်ဖို့မျှော်လင့်ချက်ပြည့်ဝနေကြသည်။

ဒီနေ့ချူးဝူရုံနဲ့ပြိုင်ရမယ့်ပြိုင်ဘက်သည်လည်းယှဉ်ပြိုင်သူအားလုံးထဲမှအလွန်တော်တဲ့သူဖြစ်နေသေးသည်။သို့သော်ချူးဝူရုံပြသခဲ့သည့်အင်အားနဲ့ယှဉ်ရရင်တော့သူ့ကိုကြည့်ရတာအနည်းငယ်နိမ့်နေသေးသလိုပင်။

အဲ့ဒီလိုဆိုရင်တောင်ပြိုင်ပွဲမပြီးခင်ထိကတော့ဘယ်သူအနိုင်ရမလဲဆိုတာမသိနိုင်တဲ့ကိစ္စဖြစ်သည်။ယခင်တုန်းကလည်းဒီလိုမျိုးအင်အားချင်းခြားနားသည့်ပြိုင်ပွဲမျိုးမရှိခဲ့တာမဟုတ်ပဲအဆုံးမှာတော့အနည်းငယ်အားနည်းတဲ့သူကနိုင်သွားသည်မျိုးရှိဘူးသည်ပင်။

အဲ့ဒါကြောင်လည်းဒီနေ့ရဲ့ပြိုင်ပွဲကိုလူတိုင်းလိုလိုစိတ်လှုပ်ရှားနေကြသည်။

လီလျိုရဲ့နှလုံးသားကတော့ချူးဝူရုံနိုင်မလားရှုံးမလားဆိုတဲ့ကိစ္စအပေါ်ပူပန်မှုမရှိနေ။ချူးဝူရုံရဲ့အင်အားနဲ့ဆိုရင်ရှုံးစရာအကြောင်းကိုမရှိဘူးဆိုတာသူသိပြီးသားပဲလေ..

လီလျိုရဲ့ဘေးမှာထိုင်နေတာကအကြီးအကဲကျောက်ဖြစ်သည်။သူကသူ့ရဲ့တည်ငြိမ်ပြီးအေးဆေးသည့်မျက်နှာအမူအယာကိုဆက်၍ထိန်းသိမ်းထားသော်လည်းလီလျိုကိုမျက်လုံးထောင့်ကလှမ်းလှမ်းကြည့်ရင်းသူ့ရင်ထဲမှာတိတ်တဆိတ်ကဲ့ရီနေသည်။

ကုချင်းချန်း...မင်းရဲ့ဒီလိုရွံဖို့ကောင်းတဲ့အမူအယာကိုအခုတော့ဆက်ထိန်းထားလိုက်ဦးပေါ့....ဒီပြိုင်ပွဲပြီးရင်တောင်ကုချင်းချန်းကသူ့ရဲ့ဒီလိုအေးစက်စက်အပြုအမူကိုဆက်ထိန်းသိမ်းထားနိုင်မလားကြည့်ရတာပေါ့

မင်းရဲ့တစ်ဦးတည်းသောတပည့်လေးကိုအရမ်းကိုတန်ဖိုးထားတယ်မှတ်လား?ဒါဆိုလည်းငါကသူ့ကိုကျော်ကြားမှုရဲ့ထိပ်ဆုံးကနေရွံထဲကျအောင်လုပ်ပြပေးမယ်!

****

ပြိုင်ပွဲမှာဒိုင်လူကြီးအဖြစ်ဆောင်ရွက်သောတပည့်ကသူ့နာမည်ကိုခေါ်လိုက်တာနဲ့ချူးဝူရုံကသူ့ရှေ့ကစင်မြင့်ပေါ်သို့တည်ငြိမ်စွာပျံသန်းပြီးတက်လာသည်။

သူ့နောက်မှအနည်းငယ်မှောင်မိုက်နေသည့်မျက်နှာနှင့်အနက်ဝတ်လူငယ်လေးတစ်ယောက်လိုက်ပါလာသည်။

လူငယ်လေးကစင်ပေါ်သို့ရောက်သည်နှင့်ထိုအခွံမာသီးလိုမျက်လုံတစ်စုံဖြင့်ချူးဝူရုံအားအချိန်အတော်ကြာသည်အထိစိုက်ကြည့်နေလေသည်။

သူ့ပုံစံကဖမ်းမိတဲ့အကောင်ကိုမျိုချဖို့အခွင့်အရေးစောင့်နေတဲ့အဆိပ်ပြင်းမြွေတစ်ကောင်လိုပင်။ဒိုင်လူကြီးရဲ့ပြိုင်ပွဲစလို့ရပြီဆိုတဲ့ကြေညာချက်ကိုစောင့်နေပြီးကြေညာချက်ရတာနဲ့သူ့ရဲ့အဆိပ်ပြင်းအစွယ်ဖြင့်ချူးဝူရုံကိုပြေးကိုက်လိမ့်မည်။

လူငယ်လေးရဲ့အကြည့်အောက်မှချူးဝူရုံကတော့မသက်မသာဖြစ်သည့်ဟန်တစ်စက်လေးပင်မပြ...ထိုလူငယ်လေးရဲ့မသက်မသာအကြည့်ကဒီအတိုင်းမတော်တဆဖြတ်တိုက်သွားတဲ့လေပြေလေညှင်းလိုပင်။

မူလကတည်းကမှောင်မိုက်နေတဲ့လူငယ်လေးကချူးဝူရုံရဲ့ဒီလိုပုံစံမျိုးကိုမြင်လိုက်ရတော့သူ့မျက်လုံးထဲကရက်စက်ကြမ်းကြုတ်မှုကပိုပြီးပီပြင်လာသည်။

ဒိုင်လူကြီးအဖြစ်ဆောင်ရွက်သည့်တပည့်လေးကယှဉ်ပြိုင်ပွဲစဖို့ကြေညာလိုက်သည်နှင့်စုန့်ချင်းယွင်ဟုခေါ်သည့်ထိုလူငယ်လေးကချက်ချင်းပင်သူ့ဝိဉာဉ်ကိရိယာကိုထုတ်လိုက်သည်။

သူ့လက်ထဲမှာငွေရောင်ဆေးတံတစ်ခုပါလာပြီးသူ့နှုတ်ခမ်းနားသို့တေ့လိုက်၍ပေါ့ပေါ့ပါးပါးမှုတ်ထုတ်လိုက်၏။ချက်ချင်းလိုလိုပင်ထိုဆေးတံရဲ့နှုတ်သီးဝမှထူထပ်သည့်အနက်ရောင်မီးခိုးများထွက်လာပြီးအသက်ရှုတစ်ရှိုက်စာလောက်တွင်စင်မြင့်တစ်ခုလုံးထိုအနက်ရောင်မြူခိုးများနဲ့လွှမ်းခြုံသွားတော့သည်။

ပြိုင်ပွဲကြည့်နေကြတဲ့တပည့်အားလုံးတစ်ယောက်နဲ့တစ်ယောက်ကြောက်လန့်တကြားကြည့်လိုက်ကြပြီးသူတို့မျက်နှာမှာဝမ်းနည်းကြေကွဲသည့်အမူအယာများဖြစ်သွားရသည်

။အခုသူတို့ရှေ့ကစင်မြင့်တစ်ခုလုံးအနက်ရောင်မြူတွေဖုန်းသွားမှတော့သူတို့ကဘယ်လိုကြည့်ရမှာလဲ?

သူတို့ကပွဲပြီးသည်အထိအဲ့ဒီအနက်ရောင်မြူခိုးတွေပဲထိုင်ကြည့်နေရမှာလား?ဒါကြီးကဘယ်လိုလှည့်ဖြားတဲ့ဝိဉာဉ်ကိရိယာကြီးလဲ
_ (: з) ∠ _? သူတို့အဲ့ဒါကိုသုံးတဲ့သူကိုသတ်ဖို့ဖွဲ့မယ့်အဖွဲ့ထဲပါလို့ရဦးမလား?

စင်အောက်ကတပည့်တွေငြီးတွားငိုကြွေးနေကြတဲ့အချိန်မှာထူထပ်လှသည့်အနက်ရောင်မြူခိုးကြားထဲရောက်နေသည့်ချူးဝူရုံကတော့အနည်းငယ်မျှသောထိတ်လန့်မှုမှမရှိပေ။သူ့ရဲ့ချောမောခန့်ညားသောမျက်နှာပေါ်ကအနက်ရောင်မျက်လုံးတစ်စုံကသာဝန်းကျင်ကိုတည်ငြိမ်စွာလှည့်ပတ်ကြည့်နေပြီးနောက်ထိုင်ချလိုက်ပြီးမျက်လုံးများမှိတ်ထားလိုက်သည်။

ချူးဝူရုံနဲ့သိပ်မဝေးတဲ့နေရာမှစုန့်ချင်းယွင်ကချူးဝူရုံရဲ့လှုပ်ရှားမှုကိုကြည့်ရင်းအသားအရေကပိုလို့မှောင်မိုက်သွားရသည်။

ချူးဝူရုံကဒီလောက်တည်ငြိမ်နေမယ်လို့သူလုံးဝမထင်ခဲ့မိဘူး...သိသိသာသာကိုသူကအခုအမှောင်ထဲမှာဖြစ်ပြီးချူးဝူရုံကအလင်းထဲမှာဆိုပေမယ့်ချူးဝူရုံရဲ့အသွင်အပြင်ကတော့ဒီအခြေအနေကသူ့အတွက်လုံးဝကိုခြိမ်းခြောက်မှုမဖြစ်သလိုပင်။

စုန့်ချင်းယွင်သည်မနေနိုင်ပဲအံကိုကြိတ်မိပြီးသူ့မျက်လုံးအရောင်ကပိုလို့ပင်နက်မှောင်၍မရှင်းမလင်းဖြစ်လာသည်။

သေချာပေါက်ပဲ,အကြီးအကဲကျောက်ပြောခဲ့တာလုံးဝမမှားဘူး...ဒီလူကသူပထမနေရာမရနိုင်အောင်လုပ်နေတဲ့အကြီးမားဆုံးအတားအဆီးပဲ!

အဲ့ဒါအပြင်ကိုသူသာဒီတာဝန်ပြီးမြောက်အောင်လုပ်ပေးပြီးတာနဲ့အကြီးအကဲကျောက်ကိုသူ့ဆရာသခင်အဖြစ်အလေးအမြတ်ပြုပြီးအကြီးအကဲကျောက်ရဲ့တပည့်ဖြစ်လာနိုင်လိမ့်မယ်..

စုန့်ချင်းယွင်ကအရင်ဆုံးသူ့လက်မှာအနက်ရောင်အထူးလက်အိတ်များဝတ်လိုက်ပြီးသူ့လက်ဖဝါးကိုအကြိမ်အနည်းငယ်ခါလိုက်သည်။သိပ်မကြာခင်မှာပဲဖန်ရောင်နဲ့ဆင်တူသည့်အကြည်ရောင်သလင်းကျောက်အစိတ်အပိုင်းတစ်ချို့သူ့လက်ထဲမှာပေါ်လာပြီးခရမ်းရောင်ဖျော့ဖျော့လင်းနေသည်။

စုန့်ချင်းယွင်ကထိုပစ္စည်းသူ့အသားကိုမထိစေရန်ဂရုတစိုက်ကိုင်တွယ်ထားသည်။သူချူးဝူရုံကိုတိုက်ခိုက်တဲ့အချိန်မှာဖြစ်နိုင်သမျှနည်းလမ်းအားလုံးအသုံးပြုပြီးထိုပစ္စည်းကချူးဝူရုံရဲ့အသားအားထိမိအောင်ကြိုးစားတော့၏။

အဲ့ဒါကချူးဝူရုံရဲ့အသားကိုထိသွားတာနဲ့ထိုပစ္စည်းကသူ့အသားနဲ့ပေါင်းစပ်သွားမှာဖြစ်ပြီးချူးဝူရုံရဲ့ကိုယ်ထဲမှနတ်ဆိုးဝိဉာဉ်စွမ်းအားဖျော့ဖျော့စိမ့်ထွက်လာလိမ့်မည်။

ပြီးရင်တော့ယှဉ်ပြိုင်ပွဲစင်မြင့်နဲ့သိပ်မဝေးတဲ့နေရာကအကြီးအကဲအားလုံးနဲ့တောင်သခင်တွေအားလုံးကသေချာပေါက်ကိုနတ်ဆိုးဝိဉာဉ်စွမ်းအားကိုချက်ချင်းသတိပြုမိလိမ့်မယ်...အဲ့ဒီအချိန်ရောက်ရင်အမွှေးတိုင်တစ်တိုင်စာလောက်နဲ့ဒီသလင်းကျောက်အပိုင်းအစကချူးဝူရုံရဲ့ကိုယ်ထဲကနေအလိုအလျောက်ပျောက်ကွယ်သွားမှာဆိုတော့ချူးဝူရုံလည်းဘာလို့သူ့ဆီကနေနတ်ဆိုးဝိဉာဉ်စွမ်းအားထွက်လာလည်းဆိုတာရှင်းပြလို့ရမှာမဟုတ်တော့ဘူး

ပြီးတော့နတ်ဆိုးဝိဉာဉ်စွမ်းအားထွက်လာတယ်ဆိုကတည်းကဒီလူကအမတလမ်းကြောင်းကကျင့်ကြံသူအားလုံးနက်နက်ရှိုင်းရှိင်းမုန်းတီးတဲ့နတ်ဆိုးအတတ်ကျင့်ကြံသူလို့ဆိုလိုတာပဲလေ...နောက်ပိုင်းချူးဝူရုံဘယ်လိုဖြစ်သွားမလဲဆိုတာတော့ဘယ်သူမဆိုစဉ်းစားကြည့်လို့ရတယ်

စုန့်ချင်းယွင်ကအခွံလေးတစ်ခုအရွယ်သာရှိသည့်သလင်းကျောက်အပိုင်းအစအားတင်းကြပ်စွာကိုင်ထားရင်းချူးဝူရုံရှိရာဘက်သို့မလိုတမာစိတ်နဲ့ကြည့်လိုက်သည်။

စုန့်ချင်းယွင်ကသူ့ရဲ့နောက်လက်တစ်ဖက်အားမြှောက်လိုက်ပြီးဆေးတံဝိဉာဉ်ကိရိယာအားသူ့နှုတ်ခမ်းဆီနောက်တစ်ဖန်ထပ်ထားလိုက်ပြန်သည်။ယခင်တစ်ခေါက်နဲ့မတူစွာဒီတစ်ခေါက်တော့ဝိဉာဉ်ကိရိယာဆီမှအဖြူရောင်မြူခိုးများသာထွက်လာပြီးထိုအဖြူရောင်မြူခိုးများကအနက်ရောင်မြူခိုးများကဲ့သို့မဟုတ်ပဲစုန့်ချင်းယွင်ရဲ့ကိုယ်ကိုသာရစ်ပတ်ထားရင်းမှအလွန်လျင်မြန်စွာဖြင့်စုန့်ချင်းယွင်ရဲ့ပုံသဏ္ဍာန်ကအနက်ရောင်မြူခိုးကြားထဲမှပျောက်ကွယ်သွားပြီးအသက်ရှုသံအနည်းငယ်ပင်မကျန်ရစ်ခဲ့ပေ။

တစ်ခြားတစ်ဖက်မှာတော့မျက်စိမှိတ်ထားသည့်ချူးဝူရုံကရုတ်တရက်မျက်လုံးဖွင့်လိုက်သည်။သူကသိပ်မကြာခင်တုန်းကမှစုန့်ချင်းယွင်ရပ်နေသည့်နေရာသို့ကြည်လိုက်ပြီးသူ့မျက်လုံးထဲမှာစိတ်ဝင်စားမှုအနည်းငယ်ပေါ်လာသည်။သို့သော်အနည်းငယ်သာဖြစ်ပြီးဒီထက်မပိုပေ...ပြီးနောက်သူ့မျက်လုံးကိုနောက်တစ်ဖန်ပြန်မှိတ်လိုက်ကာသူ့လက်ရှိအခြေအနေကိုလုံးဝစိတ်မပူဘူးဖြစ်သည်။

..................................
Zawgyi

Arc(3.15)

ပြဲစဥ္တိုင္းကၿပီးဆံုးဖို႔အခ်ိန္အၾကာႀကီးလိုအပ္တာေၾကာင့္ေနာက္ဆံုးၿပိဳင္ပြဲမွာပါဝင္ယွဥ္ၿပိဳင္သည့္တပည့္အမ်ားစုမွာရက္အနည္းငယ္စီအလွည့္နဲ႔သြားၾကရသည္။

ခ်ဴးဝူရံုက,ေလးရက္ေျမာက္ေန႔ထိယွဥ္ၿပိဳင္သူမရွိေသးေပ;သူနဲ႔ယွဥ္ၿပိဳင္ဖို႔စီစဥ္ေပးထားတဲ့သူနဲ႔ေတာ့ဆန္႔က်င္ဘက္ျဖစ္သည္။

ထိုရက္ေတြအတြင္းမွာခ်ဴးဝူရံုအတြက္ပြဲစဥ္မရွိေသာ္လည္းသူကတစ္ျခားသူေတြလိုမ်ိဳးထိုရက္အနည္းငယ္အားအခြင့္ေကာင္းယူၿပီးယွဥ္ၿပိဳင္ပြဲအခ်ိန္ေရာက္လာရင္အေကာင္းဆံုးျဖစ္ဖို႔အျပည့္အဝအနားယူေနျခင္းမ်ိဳးမရွိေပ။သူကေန႔စဥ္ေန႔တိုင္းပြဲက်င္းပရာသို႔ေရာက္လာတတ္ၿပီးပြဲၿပီးသည္ႏွင့္လီလ်ိဳနဲ႔အတူအိမ္ျပန္ၾကသည္။

လီလ်ိဳကေတာ့တစ္ခုုခုထူးဆန္းတယ္လို႔မေတြးေပမယ့္သူတို႔ေနာက္ကအၿမဲေျခတစ္လွမ္းခ်န္လိုက္ၿပီးလီလ်ိဳနဲ႔ခ်ဴးဝူရံုတို႔ရဲ႔ျပဳမူဆက္ဆံပံုေတြကိုေလ့လာေနသည့္အႀကီးအကဲေက်ာက္ကေတာ့မေနႏိုင္ပဲသူ႔မ်က္လံုးေတြကိုက်ဥ္းေျမာင္းမိသည္။

ကုခ်င္းခ်န္းနဲ႔သူ႔တပည့္ေလးကဒီလိုခံစားခ်က္ေကာင္းေတြရွိေနၾကမယ္လို႔သူမထင္ထားခဲ့မိေပမယ့္ဒီလမ္းနဲ႔ဆိုရင္လည္းသူ႔အၾကံအစည္ေအာင္ျမင္သြားရင္ကုခ်င္းခ်န္းကိုထိုးႏွက္ခ်က္အႀကီးႀကီးေပးႏိုင္မွာေပါ့...

ထိုအေတြးနဲ႔အတူအႀကီးအကဲေက်ာက္ရဲ႔ႏႈတ္ခမ္းတြင္မထီမဲ့ျမင္ျပဳသည့္အျပံဳးတစ္ခုေပၚလာရျပန္သည္။

****

ေလးရက္ၾကာၿပီးေနာက္,

ေကာင္းကင္ယံတြင္ပထမဆံုးေရာင္ျခည္စထြန္းလင္းတဲ့အခ်ိန္မွာပဲၾကည္လင္ေကာင္းကင္ဂိုဏ္းရဲ႔ယွဥ္ၿပိဳင္ပြဲဝင္ေပါက္တြင္လူအမ်ားႀကီးေရာက္ရွိေနၾကၿပီျဖစ္သည္။လူတိုင္းကတစ္ေယာက္နဲ႔တစ္ေယာက္တီးတိုးေျပာေနၾကၿပီးအသံတိုးတိုးႏွင့္ေဆြးေႏြးေနၾကရင္းျဖင့္ဒီေန႔ရဲ႔ယွဥ္ၿပိဳင္ပြဲစမယ့္အခ်ိန္ကိုေစာင့္ေနၾကသည္။

ခ်ဴးဝူရံုကတစ္ခါမွႏွစ္နာရီထက္ေက်ာ္ေအာင္မၿပိဳင္ဘူးတာေၾကာင့္တပည့္မ်ားအားလံုးသည္ခ်ဴးဝူရံုဒီတစ္ေခါက္ယွဥ္ၿပိဳင္ပြဲမွာပါ,ေအာင္ျမင္မွဳရႏိုင္ဖို႔ေမွ်ာ္လင့္ခ်က္ျပည့္ဝေနၾကသည္။

ဒီေန႔ခ်ဴးဝူရံုနဲ႔ၿပိဳင္ရမယ့္ၿပိဳင္ဘက္သည္လည္းယွဥ္ၿပိဳင္သူအားလံုးထဲမွအလြန္ေတာ္တဲ့သူျဖစ္ေနေသးသည္။သို႔ေသာ္ခ်ဴးဝူရံုျပသခဲ့သည့္အင္အားနဲ႔ယွဥ္ရရင္ေတာ့သူ႔ကိုၾကည့္ရတာအနည္းငယ္နိမ့္ေနေသးသလိုပင္။

အဲ့ဒီလိုဆိုရင္ေတာင္ၿပိဳင္ပြဲမၿပီးခင္ထိကေတာ့ဘယ္သူအႏိုင္ရမလဲဆိုတာမသိႏိုင္တဲ့ကိစၥျဖစ္သည္။ယခင္တုန္းကလည္းဒီလိုမ်ိဳးအင္အားခ်င္းျခားနားသည့္ၿပိဳင္ပြဲမ်ိဳးမရွိခဲ့တာမဟုတ္ပဲအဆံုးမွာေတာ့အနည္းငယ္အားနည္းတဲ့သူကႏိုင္သြားသည္မ်ိဳးရွိဘူးသည္ပင္။

အဲ့ဒါေၾကာင္လည္းဒီေန႔ရဲ႔ၿပိဳင္ပြဲကိုလူတိုင္းလိုလိုစိတ္လွဳပ္ရွားေနၾကသည္။

လီလ်ိဳရဲ႔ႏွလံုးသားကေတာ့ခ်ဴးဝူရံုႏိုင္မလားရွံုးမလားဆိုတဲ့ကိစၥအေပၚပူပန္မႈမရွိေန။ခ်ဴးဝူရံုရဲ႔အင္အားနဲ႔ဆိုရင္ရွံဳးစရာအေၾကာင္းကိုမရွိဘူးဆိုတာသူသိၿပီးသားပဲေလ..

လီလ်ိဳရဲ႔ေဘးမွာထိုင္ေနတာကအႀကီးအကဲေက်ာက္ျဖစ္သည္။သူကသူ႔ရဲ႔တည္ၿငိမ္ၿပီးေအးေဆးသည့္မ်က္ႏွာအမူအယာကိုဆက္၍ထိန္းသိမ္းထားေသာ္လည္းလီလ်ိဳကိုမ်က္လံုးေထာင့္ကလွမ္းလွမ္းၾကည့္ရင္းသူ႔ရင္ထဲမွာတိတ္တဆိတ္ကဲ့ရီေနသည္။

ကုခ်င္းခ်န္း...မင္းရဲ႔ဒီလိုရြံဖို႔ေကာင္းတဲ့အမူအယာကိုအခုေတာ့ဆက္ထိန္းထားလိုက္ဦးေပါ့....ဒီၿပိဳင္ပြဲၿပီးရင္ေတာင္ကုခ်င္းခ်န္းကသူ႔ရဲ႔ဒီလိုေအးစက္စက္အျပဳအမူကိုဆက္ထိန္းသိမ္းထားႏိုင္မလားၾကည့္ရတာေပါ့

မင္းရဲ႔တစ္ဦးတည္းေသာတပည့္ေလးကိုအရမ္းကိုတန္ဖိုးထားတယ္မွတ္လား?ဒါဆိုလည္းငါကသူ႔ကိုေက်ာ္ၾကားမွဳရဲ႔ထိပ္ဆံုးကေနရြံထဲက်ေအာင္လုပ္ျပေပးမယ္!

****

ၿပိဳင္ပြဲမွာဒိုင္လူႀကီးအျဖစ္ေဆာင္ရြက္ေသာတပည့္ကသူ႔နာမည္ကိုေခၚလိုက္တာနဲ႔ခ်ဴးဝူရံုကသူ႔ေရွ႕ကစင္ျမင့္ေပၚသို႔တည္ၿငိမ္စြာပ်ံသန္းၿပီးတက္လာသည္။

သူ႔ေနာက္မွအနည္းငယ္ေမွာင္မိုက္ေနသည့္မ်က္ႏွာႏွင့္အနက္ဝတ္လူငယ္ေလးတစ္ေယာက္လိုက္ပါလာသည္။

လူငယ္ေလးကစင္ေပၚသို႔ေရာက္သည္ႏွင့္ထိုအခြံမာသီးလိုမ်က္လံုတစ္စံုျဖင့္ခ်ဴးဝူရံုအားအခ်ိန္အေတာ္ၾကာသည္အထိစိုက္ၾကည့္ေနေလသည္။

သူ႔ပံုစံကဖမ္းမိတဲ့အေကာင္ကိုမ်ိဳခ်ဖို႔အခြင့္အေရးေစာင့္ေနတဲ့အဆိပ္ျပင္းေႁမြတစ္ေကာင္လိုပင္။ဒိုင္လူႀကီးရဲ႔ၿပိဳင္ပြဲစလို႔ရၿပီဆိုတဲ့ေၾကညာခ်က္ကိုေစာင့္ေနၿပီးေၾကညာခ်က္ရတာနဲ႔သူ႔ရဲ႔အဆိပ္ျပင္းအစြယ္ျဖင့္ခ်ဴးဝူရံုကိုေျပးကိုက္လိမ့္မည္။

လူငယ္ေလးရဲ႔အၾကည့္ေအာက္မွခ်ဴးဝူရံုကေတာ့မသက္မသာျဖစ္သည့္ဟန္တစ္စက္ေလးပင္မျပ...ထိုလူငယ္ေလးရဲ႔မသက္မသာအၾကည့္ကဒီအတိုင္းမေတာ္တဆျဖတ္တိုက္သြားတဲ့ေလေျပေလၫွင္းလိုပင္။

မူလကတည္းကေမွာင္မိုက္ေနတဲ့လူငယ္ေလးကခ်ဴးဝူရံုရဲ႔ဒီလိုပံုစံမ်ိဳးကိုျမင္လိုက္ရေတာ့သူ႔မ်က္လံုးထဲကရက္စက္ၾကမ္းၾကဳတ္မႈကပိုၿပီးပီျပင္လာသည္။

ဒိုင္လူႀကီးအျဖစ္ေဆာင္ရြက္သည့္တပည့္ေလးကယွဥ္ၿပိဳင္ပြဲစဖို႔ေၾကညာလိုက္သည္ႏွင့္စုန္႔ခ်င္းယြင္ဟုေခၚသည့္ထိုလူငယ္ေလးကခ်က္ခ်င္းပင္သူ႔ဝိဉာဥ္ကိရိယာကိုထုတ္လိုက္သည္။

သူ႔လက္ထဲမွာေငြေရာင္ေဆးတံတစ္ခုပါလာၿပီးသူ႔ႏႈတ္ခမ္းနားသို႔ေတ့လိုက္၍ေပါ့ေပါ့ပါးပါးမႈတ္ထုတ္လိုက္၏။ခ်က္ခ်င္းလိုလိုပင္ထိုေဆးတံရဲ႔ႏႈတ္သီးဝမွထူထပ္သည့္အနက္ေရာင္မီးခိုးမ်ားထြက္လာၿပီးအသက္ရွဳတစ္႐ွိဳက္စာေလာက္တြင္စင္ျမင့္တစ္ခုလံုးထိုအနက္ေရာင္ျမဴခိုးမ်ားနဲ႔လႊမ္းျခံဳသြားေတာ့သည္။

ၿပိဳင္ပြဲၾကည့္ေနၾကတဲ့တပည့္အားလံုးတစ္ေယာက္နဲ႔တစ္ေယာက္ေၾကာက္လန္႔တၾကားၾကည့္လိုက္ၾကၿပီးသူတို႔မ်က္ႏွာမွာဝမ္းနည္းေၾကကြဲသည့္အမူအယာမ်ားျဖစ္သြားရသည္

။အခုသူတို႔ေရွ႕ကစင္ျမင့္တစ္ခုလံုးအနက္ေရာင္ျမဴေတြဖုန္းသြားမွေတာ့သူတို႔ကဘယ္လိုၾကည့္ရမွာလဲ?

သူတို႔ကပြဲၿပီးသည္အထိအဲ့ဒီအနက္ေရာင္ျမဴခိုးေတြပဲထိုင္ၾကည့္ေနရမွာလား?ဒါႀကီးကဘယ္လိုလွည့္ျဖားတဲ့ဝိဉာဥ္ကိရိယာႀကီးလဲ
_ (: з) ∠ _? သူတို႔အဲ့ဒါကိုသံုးတဲ့သူကိုသတ္ဖို႔ဖြဲ႔မယ့္အဖြဲ႔ထဲပါလို႔ရဦးမလား?

စင္ေအာက္ကတပည့္ေတြၿငီးတြားငိုေႂကြးေနၾကတဲ့အခ်ိန္မွာထူထပ္လွသည့္အနက္ေရာင္ျမဴခိုးၾကားထဲေရာက္ေနသည့္ခ်ဴးဝူရံုကေတာ့အနည္းငယ္မွ်ေသာထိတ္လန္႔မႈမွမရွိေပ။သူ႔ရဲ႔ေခ်ာေမာခန္႔ညားေသာမ်က္ႏွာေပၚကအနက္ေရာင္မ်က္လံုးတစ္စံုကသာဝန္းက်င္ကိုတည္ၿငိမ္စြာလွည့္ပတ္ၾကည့္ေနၿပီးေနာက္ထိုင္ခ်လိုက္ၿပီးမ်က္လံုးမ်ားမွိတ္ထားလိုက္သည္။

ခ်ဴးဝူရံုနဲ႔သိပ္မေဝးတဲ့ေနရာမွစုန္႔ခ်င္းယြင္ကခ်ဴးဝူရံုရဲ႔လွဳပ္ရွားမႈကိုၾကည့္ရင္းအသားအေရကပိုလို႔ေမွာင္မိုက္သြားရသည္။

ခ်ဴးဝူရံုကဒီေလာက္တည္ၿငိမ္ေနမယ္လို႔သူလံုးဝမထင္ခ့ဲမိဘူး...သိသိသာသာကိုသူကအခုအေမွာင္ထဲမွာျဖစ္ၿပီးခ်ဴးဝူရံုကအလင္းထဲမွာဆိုေပမယ့္ခ်ဴးဝူရံုရဲ႔အသြင္အျပင္ကေတာ့ဒီအေျခအေနကသူ႔အတြက္လံုးဝကိုၿခိမ္းေျခာက္မႈမျဖစ္သလိုပင္။

စုန္႔ခ်င္းယြင္သည္မေနႏိုင္ပဲအံကိုႀကိတ္မိၿပီးသူ႔မ်က္လံုးအေရာင္ကပိုလို႔ပင္နက္ေမွာင္၍မရွင္းမလင္းျဖစ္လာသည္။

ေသခ်ာေပါက္ပဲ,အႀကီးအကဲေက်ာက္ေျပာခဲ့တာလံုးဝမမွားဘူး...ဒီလူကသူပထမေနရာမရႏိုင္ေအာင္လုပ္ေနတဲ့အႀကီးမားဆံုးအတားအဆီးပဲ!

အဲ့ဒါအျပင္ကိုသူသာဒီတာဝန္ၿပီးေျမာက္ေအာင္လုပ္ေပးၿပီးတာနဲ႔အႀကီးအကဲေက်ာက္ကိုသူ႔ဆရာသခင္အျဖစ္အေလးအျမတ္ျပဳၿပီးအႀကီးအကဲေက်ာက္ရဲ႔တပည့္ျဖစ္လာႏိုင္လိမ့္မယ္..

စုန္႔ခ်င္းယြင္ကအရင္ဆံုးသူ႔လက္မွာအနက္ေရာင္အထူးလက္အိတ္မ်ားဝတ္လိုက္ၿပီးသူ႔လက္ဖဝါးကိုအႀကိမ္အနည္းငယ္ခါလိုက္သည္။သိပ္မၾကာခင္မွာပဲဖန္ေရာင္နဲ႔ဆင္တူသည့္အၾကည္ေရာင္သလင္းေက်ာက္အစိတ္အပိုင္းတစ္ခ်ိဳ႔သူ႔လက္ထဲမွာေပၚလာၿပီးခရမ္းေရာင္ေဖ်ာ့ေဖ်ာ့လင္းေနသည္။

စုန္႔ခ်င္းယြင္ကထိုပစၥည္းသူ႔အသားကိုမထိေစရန္ဂ႐ုတစိုက္ကိုင္တြယ္ထားသည္။သူခ်ဴးဝူရံုကိုတိုက္ခိုက္တဲ့အခ်ိန္မွာျဖစ္ႏိုင္သမွ်နည္းလမ္းအားလံုးအသံုးျပဳၿပီးထိုပစၥည္းကခ်ဴးဝူရံုရဲ႔အသားအားထိမိေအာင္ႀကိဳးစားေတာ့၏။

အဲ့ဒါကခ်ဴးဝူရံုရဲ႔အသားကိုထိသြားတာနဲ႔ထိုပစၥည္းကသူ႔အသားနဲ႔ေပါင္းစပ္သြားမွာျဖစ္ၿပီးခ်ဴးဝူရံုရဲ႔ကိုယ္ထဲမွနတ္ဆိုးဝိဉာဥ္စြမ္းအားေဖ်ာ့ေဖ်ာ့စိမ့္ထြက္လာလိမ့္မည္။

ၿပီးရင္ေတာ့ယွဥ္ၿပိဳင္ပြဲစင္ျမင့္နဲ႔သိပ္မေဝးတဲ့ေနရာကအႀကီးအကဲအားလံုးနဲ႔ေတာင္သခင္ေတြအားလံုးကေသခ်ာေပါက္ကိုနတ္ဆိုးဝိဉာဥ္စြမ္းအားကိုခ်က္ခ်င္းသတိျပဳမိလိမ့္မယ္...အဲ့ဒီအခ်ိန္ေရာက္ရင္အေမႊးတိုင္တစ္တိုင္စာေလာက္နဲ႔ဒီသလင္းေက်ာက္အပိုင္းအစကခ်ဴးဝူရံုရဲ႔ကိုယ္ထဲကေနအလိုအေလ်ာက္ေပ်ာက္ကြယ္သြားမွာဆိုေတာ့ခ်ဴးဝူရံုလည္းဘာလို႔သူ႔ဆီကေနနတ္ဆိုးဝိဉာဥ္စြမ္းအားထြက္လာလည္းဆိုတာရွင္းျပလို႔ရမွာမဟုတ္ေတာ့ဘူး

ၿပီးေတာ့နတ္ဆိုးဝိဉာဥ္စြမ္းအားထြက္လာတယ္ဆိုကတည္းကဒီလူကအမတလမ္းေၾကာင္းကက်င့္ၾကံသူအားလံုးနက္နက္႐ွိဳင္းရွိင္းမုန္းတီးတဲ့နတ္ဆိုးအတတ္က်င့္ၾကံသူလို႔ဆိုလိုတာပဲေလ...ေနာက္ပိုင္းခ်ဴးဝူရံုဘယ္လိုျဖစ္သြားမလဲဆိုတာေတာ့ဘယ္သူမဆိုစဥ္းစားၾကည့္လို႔ရတယ္

စုန္႔ခ်င္းယြင္ကအခြံေလးတစ္ခုအရြယ္သာရွိသည့္သလင္းေက်ာက္အပိုင္းအစအားတင္းၾကပ္စြာကိုင္ထားရင္းခ်ဴးဝူရံုရွိရာဘက္သို႔မလိုတမာစိတ္နဲ႔ၾကည့္လိုက္သည္။

စုန္႔ခ်င္းယြင္ကသူ႔ရဲ႔ေနာက္လက္တစ္ဖက္အားေႁမွာက္လိုက္ၿပီးေဆးတံဝိဉာဥ္ကိရိယာအားသူ႔ႏႈတ္ခမ္းဆီေနာက္တစ္ဖန္ထပ္ထားလိုက္ျပန္သည္။ယခင္တစ္ေခါက္နဲ႔မတူစြာဒီတစ္ေခါက္ေတာ့ဝိဉာဥ္ကိရိယာဆီမွအျဖဴေရာင္ျမဴခိုးမ်ားသာထြက္လာၿပီးထိုအျဖဴေရာင္ျမဴခိုးမ်ားကအနက္ေရာင္ျမဴခိုးမ်ားကဲ့သို႔မဟုတ္ပဲစုန္႔ခ်င္းယြင္ရဲ႔ကိုယ္ကိုသာရစ္ပတ္ထားရင္းမွအလြန္လ်င္ျမန္စြာျဖင့္စုန္႔ခ်င္းယြင္ရဲ႔ပံုသ႑ာန္ကအနက္ေရာင္ျမဴခိုးၾကားထဲမွေပ်ာက္ကြယ္သြားၿပီးအသက္ရႈသံအနည္းငယ္ပင္မက်န္ရစ္ခဲ့ေပ။

တစ္ျခားတစ္ဖက္မွာေတာ့မ်က္စိမွိတ္ထားသည့္ခ်ဴးဝူရံုက႐ုတ္တရက္မ်က္လံုးဖြင့္လိုက္သည္။သူကသိပ္မၾကာခင္တုန္းကမွစုန္႔ခ်င္းယြင္ရပ္ေနသည့္ေနရာသို႔ၾကည္လိုက္ၿပီးသူ႔မ်က္လံုးထဲမွာစိတ္ဝင္စားမႈအနည္းငယ္ေပၚလာသည္။သို႔ေသာ္အနည္းငယ္သာျဖစ္ၿပီးဒီထက္မပိုေပ...ၿပီးေနာက္သူ႔မ်က္လံုးကိုေနာက္တစ္ဖန္ျပန္မွိတ္လိုက္ကာသူ႔လက္ရွိအေျခအေနကိုလံုးဝစိတ္မပူဘူးျဖစ္သည္။

..................................

Continue Reading

You'll Also Like

22.6K 2.7K 21
အကျဉ်းချုပ် : အိပ်စက်ခြင်းက အရင်ကလို လွယ်လွယ်ကူကူ မရောက်လာတော့ဘူး .. Bokutoက ဒါကို သိခဲ့တယ် ပြီးတော့ Akaashiလည်း အခု သိခဲ့ပြီ ဖြစ်တယ် အက်ဥ္းခ်ဳပ္...
2.1M 365K 159
Di Wang Gong Lue (or) Emperor's Strategy {Myanmar Translation} Author : Yu Xiao Lan Shan
944K 172K 123
Don't repost the commissioned Fanart CV anywhere for commercial purposes! Artist (IG Acc) - AeriCM_sknrm7s ✨ Novel name နဲ့ information အပြည့်အစုံကို...