မောင်ထူးနဲ့ပေါင်းပြီး ကျွန်တေ...

By KattKatt962

880K 98.7K 16.2K

ကိုယ်က ဇာတ်ကြောင်းပြောပုံစံလေးတွေဆို တအားကြိုက်တာမို့... ဇာတ်ကြောင်းပြောပုံစံမျိုးပဲရေးမှာပါနော်။ ကိုယ့်အကြော... More

P_1(Zawgyi)
P_1(Uni)
P_2 (Zawgyi)
P_2 (Uni)
P_3 (Zawgyi)
P_3 (Uni)
P_4 (Zawgyi)
P_4 (Uni)
P_5 (Zawgyi)
P_5 (Uni)
P_6 (Zawgyi)
P_6 (Uni)
P_7 (Uni)
P_7 (Zawgyi)
P_8 (Zawgyi)
P_8 (Uni)
P_9 (Zawgyi)
P_9 (Uni)
P_10 (Zawgyi)
P_10 (Uni)
P_11 (Zawgyi)
P_11 (Uni)
P_12 (Zawgyi)
P_12 (Uni)
P_13 (Zawgyi)
P_13 (Uni)
P_14 (Zawgyi)
P_14 (Uni)
P_15 (Zawgyi)
P_15 (Uni)
P_16 (Zawgyi)
P_16 (Uni)
P_17 (Zawgyi)
P_17 (Uni)
P_18 (Zawgyi)
P_18 (Uni)
P_19 (Zawgyi)
P_19 (Uni)
P_20 (Zawgyi)
P_20 (Uni)
P_21 (Zawgyi)
P_21 (Uni)
P_22 (Zawgyi)
P_22 (Uni)
P_23 (Zawgyi)
P_23 (Uni)
P_24 (Zawgyi)🚨
P_24 (Uni)🚨
P_25 (Zawgyi)
P_25 (Uni)
P_26 (Zawgyi)
P_26 (Uni)
P_27 (Zawgyi)
P_27 (Uni)
P_28 (Zawgyi)
P_28 (Uni)
P_29 (Zawgyi)
P_29 (Uni)
P_30 (Zawgyi)
P_30 (Uni)
ဇာတ္သိမ္း
ဇာတ်သိမ်း
Extra P_1
Extra P_1 (Uni)
Extra_2 (zawgyi)
Extra_3 (uni)
Extra_3 (zawgyi)
Extra_4 (uni)
Extra_4 (zawgyi)
Extra_5 (uni)
Extra_5 (zawgyi)
Extra_6 (uni)
Extra_6 (zawgyi)
extra_7(uni)
extra_7(zawgyi)

Extra_2 (Uni)

11.7K 1.7K 213
By KattKatt962

"အထူးလေး"

"...."

"မနက်သုံးနာရီထိုးနေပြီ"

"...."

"ထကြစို့လေ"

"...."

"လာပါ...ထကြရအောင်နော်"

"မထချင်သေးဘူး.. ငါးမိနစ်လောက်ထပ်အိပ်ကြရအောင်"
ပြောပြီးမောင်ထူးကို စောင်ထဲပြန်ဆွဲသွင်းလိုက်တယ်။

ဒီနေ့က တပိုတွဲလပြည့်နေ့ဖြစ်တာမို့ ခါတိုင်းထက်ပိုအေးနေတယ်။ အခုက ရွာရောက်နေတော့ ပိုဆိုးတာပေါ့။ ရွာမှာက ထရံကာနဲ့မို့ အအေးဓာတ်က အခန်းထဲကို စိမ့်ပြီးတော့ဝင်နေတယ်။ ရွာရောက်နေတာမို့ အင်္ကျီတွေလည်း ချွတ်မအိပ်ရ။ မောင်ထူးရင်ခွင်ထဲမှာ အိပ်နေတာမှန်ပေမယ့် သူ့အတွင်းသားတွေနဲ့ ထိမနေတော့ လူကနွေးမနေတော့ဘူး။ အရမ်းအရမ်းကို အေးစိမ့်နေတယ်။ အဲ့ဒါကြောင့် ကျွန်တော် မထချင်သေးဘူး။

"နောက်ကျနေမယ်လေ"တဲ့ မောင်ထူးကပြန်ပြောတယ်။ အရမ်းအေးလို့ ငါးမိနစ်လောက်နွေးအောင်ဖက်ထားပေးလို့ ကျွန်တော်ပြောလိုက်တော့ ဖက်ထားပေးတယ်။ အဝတ်တွေမဝတ်ထားရင်ကောင်းမှာပဲ။ ဒါမှ သူ့အသားနွေးနွေးလေးနဲ့ထိပြီး ပိုနွေးနေမှာ။ အခုကရွာရောက်နေတာဆိုတော့ အဝတ်တွေချွတ်အိပ်ဖို့က အဆင်မပြေဘူး။ အပေါ်ထပ်က အခန်းဆိုပေမယ့် တံခါးမပါဘူး။ လိုက်ကာပုံစံမျိုးလေးပဲ ကာထားတာမို့။ မတော်တဆ အမေတို့တက်လာခဲ့ရင် အမြင်မတင့်တယ်မှာစိုးလို့ အနေအထိုင်တွေ ဆင်ခြင်နေရတယ်။

"အပေါ်ကနှစ်ကောင်ရေ နိုးနေရင်လည်း ထပြီး လာဝိုင်းကူကြ"

အမေ့ရဲ့အော်သံကြားတော့ မောင်ထူးက ကျွန်တော့်ကိုအတင်းဆွဲထူတယ်။ သူ ကျွန်တော့်အမေကို အဲ့လောက်ကြောက်တာပါ။ အမေက ဘာဆို "ဟုတ်ကဲ့...ဟုတ်ကဲ့"နဲ့။ တအားကို လိမ္မာတာ။ အမေကလည်း ခိုင်းသလားမမေးပါနဲ့။ မရှိ,ရှိတာကို ရှာပြီးတော့ခိုင်းတယ်။ အမေခိုင်းသမျှကိုလည်း မောင်ထူးကဘယ်တော့မှမငြင်း။ ကြာတော့ ကျွန်တော်က မကြည့်ရက်တော့ဘူး။ "မလုပ်နိုင်တာတွေဆို မလုပ်ပေးနဲ့ ငြင်းသာပစ်လိုက်"လို့ ကျွန်တော်ပြောတော့လည်း ငြင်းလို့ဘယ်လိုလုပ်ကောင်းမှာလဲတဲ့ မောင်ထူးက ပြန်ပြောတယ်။ နောက်တော့ ကျွန်တော်ကပဲ အမေခိုင်းသမျှ ကူလုပ်ပေးလိုက်ရတယ်။ ရွာလာရင် ဘယ်တော့မှ အေးအေးဆေးဆေး မနားရဘူး။ အဲ့ဒါကြောင့်လည်း သိပ်မလာဖြစ်ဘူး။ အခုတောင် မမ,မင်္ဂလာဆောင်မို့ လာဖြစ်ခဲ့တာ။

မင်္ဂလာဆောင်ဆိုမှ ဟိုသူတောင်းစား ခန့်စည်သူကို ပြေးပြေးပြီး ချိုးပစ်လိုက်ချင်တယ်။ မဟုတ်လည်း သူအိပ်နေတုန်း ကက်ကြေးနဲ့ညှပ်။ ငါမရှိတုန်း ငါ့အစ်မကို စောင့်ရှောက်ပေးပါဦးကွာဆိုပြီး အပ်ထားတာကို ကိုယ်ဖိရင်ဖိ စောင့်ရှောက်ပေးထားတယ်တဲ့လေ။ တကယ်ဒေါသထွက်သောပဲ။ အဲ့ဒါကြောင့် ကျွန်တော်ရွာရောက်ရောက်ချင်း သူ့အိမ်သွားပြီး နှစ်ချက်ပိတ်ကန်ခဲ့တယ်။ သူတော်တော်အောင့်ပြီး နှစ်ရက်လောက် လမ်းမလျှောက်နိုင်ဘူး။ နောက် လမ်းလျှောက်နိုင်တော့လည်း ကျွန်တော့်အနားကို သိပ်မကပ်ရဲတော့ဘူး။ ကောင်းတယ်။ ကျွန်တော်လည်း သူ့မြင်တိုင်းဒေါသထွက်နေတော့ မကပ်လေကောင်းလေပဲ။ နို့မို့ဆို စိတ်တိုနေရမှာ။

မင်္ဂလာပွဲက တပိုတွဲလပြည့်ကျော်မှဆိုပေမယ့် လပြည့်နေ့မှာ အလှူလေးလုပ်ချင်တာနဲ့ စောလာဖြစ်တယ်။ တပိုတွဲလက ထမဲနဲပွဲဖြစ်တာမို့ ကြွလာသမျှ ဘုန်းတော်ကြီးတွေကို ထမဲနဲလောင်းလှူမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ခန့်စည်သူကိုလည်း နှိပ်စက်ချင်လို့ သူ့ကို ထမဲနဲထိုးခိုင်းလိုက်တယ်။ မမမျက်နှာရှိတော့ သူကလည်းမငြင်းဘူး။ စိတ်ပါလက်ပါနဲ့ကို ထိုးပေးနေတယ်။ မမကတော့ ခန့်စည်သူကိုကြည့်ပြီး တပြုံးပြုံးနဲ့။ နည်းနည်းမှကို ကြည့်ရတာ သာယာမနေခဲ့ဘူး။

ဒီနေ့ လပြည့်နေ့ဆိုတော့ မနက်အစောကြီးထပြီး မနေ့ညက ထိုးထားတဲ့ ထမဲနဲတွေကို ငှက်ပျောဖက်နဲ့ထုပ်ရမှာ။ အချိန်ကလည်း သုံးနာရီတောင်ကျော်နေပြီဆိုတော့ ဒီထက်နောက်ကျရင် ဘုန်းတော်ကြီးတွေလောင်လှူဖို့ကို မီမှာမဟုတ်တော့ဘူး။ အမေကပါအော်နေပြီဆိုတော့ မရ,မကထရတော့မယ်။ ထမဲနဲထဲမှာ ခန့်စည်သူမျက်နှာကြီး ပေါ်မနေပါစေနဲ့လို့ ဆုတောင်းရမှာပဲ။ ကုသိုလ်ပြုနေတဲ့အချိန်တော့ အကုသိုလ်တွေမယူချင်ဘူး။

-----***-----

အခုနောက်ပိုင်းတော့ အထိမ်းအမှတ်နေ့တွေဆို အလှူအတန်းပဲ လုပ်ဖြစ်နေတယ်။ သူ့မွေးနေ့၊ ကျွန်တော့်မွေးနေ့၊ မင်္ဂလာနှစ်ပတ်လည်နေ့၊ ဘာနေ့၊ ညာနေ့အစုံပါပဲ။ ဒီဘဝမှာလုပ်တဲ့ ကုသိုလ်တွေကို နောင်ဘဝမှာပြန်ပြီး အကျိုးခံစားရတယ်တဲ့။ အဲ့ဒါကြောင့် နောက်ဘဝကျ ပညာတတ်ကြီးတွေဖြစ်အောင် စာသင်ကျောင်းတွေမှာ လိုအပ်တာတွေ မကြာခဏသွားလှူဖြစ်တယ်။ အစာရေစာပေါများအောင် အစားအသောက်တွေလှူဖြစ်တယ်။ ရုပ်ရည်ချောမောအောင် လမ်းတွေပြင်တယ်။ ပြီးတော့ ကျောင်းတွေဆောက်ဖြစ်တယ်။ မိဘမဲ့ဂေဟာတွေမှာ လိုအပ်တာတွေလှူတယ်။ အလှူအတန်းက လုပ်လေလုပ်လေ မရပ်ချင်လေပဲ။ ချစ်ရတဲ့လူနဲ့ အတူတူပြုရတဲ့ပီတိက အရမ်းချိုမြိန်တယ်။

နောင်ဘဝကျရင် သိပ္ပံပညာရှင်ကြီး ဖြစ်ချင်သေးတယ်။ သိပ္ပံပညာရှင်ဖြစ်ဖို့ဆို သင်္ချာတော်ဖို့လိုတယ်တဲ့။ အဲ့ဒါနဲ့ သင်္ချာတော်ဖို့ ဘာလှူရင်ကောင်းမလဲလို့ တွေးလိုက်တော့ ဂဏန်းပေါင်းစက်တွေပဲ မျက်လုံးထဲပေါ်လာတယ်။ ဂဏန်းပေါင်းစက်က ဘယ်မှာသွားပြီးလှူရမလဲလေ။ ကျောင်းသူ/သားတွေကို လှူရင်လည်း ကျောင်းအုပ်ကြီးက လက်ခံမှာမဟုတ်ဘူး။ ဘယ်လှူလို့လှူရမှန်းမသိတာနဲ့ အသံထွက်ချင်းတူတာပဲလေဆိုပြီး ရေထဲကဂဏာန်းတွေကိုပဲ ဝယ်ပြီးအာဟာရဒါနပြုလိုက်တယ်။

အလှူအတန်းတွေ အရမ်းလုပ်ဖြစ်ပေမယ့် တရားတော့မထိုင်ဖြစ်ဘူး။ မောင်ထူးကိုလည်း မထိုင်ခိုင်းဘူး။ နတ်ပြည်ရောက်မှာစိုးလို့။ တရားအားထုတ်ရင် နတ်ပြည်တက်ရတယ်တဲ့။ အဲ့ဒါကြောင့် အားမထုတ်ခိုင်းဘူး။ မောင်ထူးကတော့ အတူတူတက်ကြမယ်လေလို့ပြောပါတယ်။ ကျွန်တော်က လက်မခံဘူး။ သူရော ကျွန်တော်ရော နတ်သားတွေဖြစ်သွားပြီပဲထားပါတော့။ နတ်သားဆိုတော့ အရင်ဘဝကဟာတွေကို မှတ်မိနေမှာပဲ။ အဲ့တော့ သူကလည်းကျွန်တော်ကိုပဲ ချစ်နေမှာ။ ကျွန်တော်ကလည်း သူ့ကိုပဲချစ်နေမှာ။ နတ်သားတစ်ပါးဖြစ်ပြီဆိုတာနဲ့ နတ်သမီးတစ်ဖက်ငါးရာနဲ့ စံပျော်ရတယ်တဲ့။ မောင်ထူးနဲ့ကျွန်တော်က နတ်ဘဝနဲ့ ပြန်ညားကြတော့ နတ်သမီးနှစ်ထောင်က ဘယ်သူနဲ့သွားပြီး ရှလူးရတော့မလဲလေ။ ကျွန်တော်ကလည်း မောင်ထူးနဲ့ပဲ ရှလူးချင်တာ။ မောင်ထူးကလည်း ကျွန်တော်တစ်ယောက်တည်းကိုပဲ ရှလူးမှာဆိုတော့ နတ်သမီးတွေသနားပါတယ်။ အဲ့ဒါကြောင့် နတ်သားမဖြစ်ချင်ဘူး။

-----***-----

ဒီနေ့ မနက်ခင်းမှာ သံဃာတော်တွေကို ထမဲနဲလောင်းလှူပြီး နေ့ခင်းပိုင်းကျတော့ ရွာကစာသင်ကျောင်းမှာ ဗလာစာအုပ်တွေ သွားရောက်လှူတန်းဖြစ်တယ်။ ညပိုင်းရောက်တော့ မောင်ထူးနဲ့အတူတူ ဘုရားသွားတယ်။ ဘုရားအတူတူဖူးရင် နောင်ဘဝမှာရေစက်ဆုံတယ်တဲ့။ အဲ့ဒါကြောင့် ဘုရားကန်တော့တိုင်း အတူတူကန်တော့ဖြစ်တယ်။ ကျွန်တော် မောင်ထူးနဲ့ ရေစက်ဆုံချင်တာမို့။ ရေစက်ဆုံချင်ပေမယ့် ဘဝအဆက်ဆက်ပေါင်းရပါစေလို့တော့ မဆုတောင်းဖြစ်ဘူး။ ငယ်ငယ်က ဆရာမတစ်ယောက်က ပြောဖူးတယ် ခြေနှစ်ချောင်းတည်းနဲ့ ခန္ဓာနှစ်ခုဖြစ်နေတာတို့၊ ခေါင်းနှစ်လုံးပါတာတို့၊ ပြီးတော့ အခုလို ယောက်ျားအချင်းချင်း မိန်းမအချင်းချင်းညားတာတို့ဆိုတာတွေက အဲ့လိုဘဝအဆက်ဆက်ပေါင်းရပါလို၏လို့ ဆုတောင်းခဲ့ကြလို့တဲ့။ လိင်တူညားတာက ကိစ္စမရှိပေမယ့် ကျန်တာကျတော့အဆင်မပြေဘူး။ အဲ့ဒါကြောင့် ဆုမတောင်းဖြစ်ဘူး။

ညချမ်းမှာဆို ဘုရားပေါ်က အရမ်းတိတ်ဆိတ်ငြိမ်းချမ်းစေတယ်။ ရွာဘုရားဆိုပေမယ့် တောင်ထိပ်မှာတည်ထားတာမို့ ညဘက်ဆို ဘယ်သူမှ ရှိမနေဘူး။ မောင်ထူးနဲ့ ကျွန်တော်နှစ်ယောက်တည်း။ လပြည့်ညမို့ ဖိုးလမင်းကြီးက ထိန်ထိန်သာသာ။ လမင်းရဲ့အရိပ်နဲ့ ငွေရောင်လဲ့နေတဲ့ ဧရာဝတီမြစ်ကြီးထဲမှာ သင်္ဘောတစ်စီး၊နှစ်စီး ဖြတ်သန်းနေတယ်။ ဘုရားပေါ်ကနေ ရွာထဲကိုလှမ်းကြည့်လိုက်တော့ မှိတ်တုတ်မှိတ်တုတ်နဲ့ ဟိုတစ်ကွက်ဒီတစ်ကွက် လင်းနေတဲ့ လျှပ်စစ်မီးများကို မြင်နေရပြီး ဟိုးအရှေ့မြောက်ထောင့်ကို လှမ်းကြည့်လိုက်ရင်တော့ ထိန်ထိန်လင်းနေတဲ့ ရွှေမန်းမြို့ကြီးကို မြင်နေရတယ်။ ကျေးလက်အလှဆိုတာ ဒါမျိုးကိုပြောတာထင်ပါရဲ့။ အရမ်းကို သာယာလှပေတယ်။

ဘုရားပေါ်ကနေ ပြန်ဆင်းလာတော့ ည(၁၀)နာရီကျော်နေခဲ့ပြီ။ အခုနောက်ပိုင်း ရွာပြန်တိုင်း ကိုယ်ပိုင်ကားနဲ့ပဲ ပြန်လာဖြစ်တော့တယ်။ အတင်းအဖျင်းတွေ နားမထောင်ချင်သလို အမေတို့လည်း မျက်နှာမငယ်အောင်လို့။ ကိုယ်ပိုင်ကားနဲ့လာတယ်။ အလှူအတန်းတွေကို ရက်ရက်စက်စက်လုပ်တယ်။ ပေးကမ်းစွန့်ကျဲတယ်။ လူဆိုတဲ့အမျိုးက ကိုယ့်ထက်နိမ့်ကျတဲ့သူကိုသာ နှိမ်ချင်ကြတာ။ ကိုယ့်ထက်မြင့်နေရင် မကောင်းမှုလုပ်နေရင်တောင် မျက်နှာလွှဲထားတက်ကြတယ်မလား။ တစ်ခါတလေဆို ရှာကြံပြီးတောင် ချီးမွမ်းလိုက်ကြသေးတယ်။ "ဂုဏ်ဆိုတာငွေကိုခေါ်တယ်။ ငွေကိုသာ ရေလိုသုံးရင် လောကကြီးမှာလုပ်သမျှတင့်တယ်"တဲ့။ အဲ့ဒါ အရမ်းကိုမှန်တယ်။ အခုကျွန်တော့်ကိုပဲကြည့်။ ကျွန်တော်ယောက်ျားအချင်းချင်း ယူထားတော့ရော ဘာအရေးလဲ။ ကျွန်တော်နဲ့မောင်ထူး ရွာလာတိုင်း ဟိုလူကလာပြီးနှုတ်ဆက်၊ ဒီလူကလာပြီးနှုတ်ဆက်နဲ့။ အဲ့ဒါငွေရှိလို့လေ။ ကျွန်တော်တို့သာ ဆင်းရဲနေကြည့် ဘယ်သူမှအဖက်လုပ်မှာမဟုတ်ဘူး။ အဖက်မလုပ်တဲ့အပြင် စောက်ခြောက်တွေရွံတယ်ဘာညာဆိုပြီးတော့တောင် ဖြစ်နေကြဦးမှာ။

-----***-----

View 100K ပြည့်ရင်တင်မယ်ဆိုပြီး ရေးထားတာ။ 100K ပြည့်သွားပေမယ့် နိုင်ငံရေးအခြေအနေကြောင့် စိတ်ကလည်းမပါတာနဲ့ ဆက်ရေးလို့ကမရတော့ဘူး။ အဲ့ဒါကြောင့် ဒီနေရာမှာဖြတ်ချလိုက်ရတာပါနော်။ ဒီရဲ့အဆက်ကို စိတ်အခြေအနေကောင်းတဲ့အခါကြရင် ရေးပေးပါမယ်နော်။ အားလုံးဂရုစိုက်ပြီး CDM မှာပါဝင်ပေးကြပါ။ စစ်အာဏာရှင်စနစ်လည်း မြန်မြန်ကျရှုံးပါစေ။

Continue Reading

You'll Also Like

143K 8.7K 25
မောင်ပျော်ဖို့အတွက်ငါအသက်မဲ့ပေးရမယ်ဆိုလဲငါဆိုတဲ့လူသားကကျေနပ်နေမိမှာပါ... ဒါပေမဲ့ သေသွားခဲ့ရင်လိပ်ပြာခွဲကြရတယ်တဲ့ သက်ညှာသောအားဖြင့်လိပ်ပြာလေးတော့မောင်...
924K 68.7K 109
"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" Start Date -27.7.2022 End Date...
802K 32K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....