'ဒုန်း..ဒုန်း..ဒုန်း...!!!!'
'ဟိုကောင်လေး...!!!မထသေးဘူးလား...မင်းဖင်ကုန်းအိပ်ရအောင် ဒါက မင်းအိမ်မဟုတ်ဘူးနော်...အခုထစမ်း...!!!'
'အာ..ဟုတ်..ကို..အဲ...မောင်..ထပါပြီဗျ...'
'နိုးရင်လည်း မြန်မြန်ထ...ငါ့အတွက် breakfast ပြင်ထား...တကယ်တည်း..ကလေးဖြစ်ပြီး သွက်သွက်လက်လက်မရှိ...'
'ကျွီ..!!'
'အမလေး..အမေ့...!!'
ရှင်းစက် တံခါးနားကပ်ကာ ပွစိပွစိပြောနေစဉ် နှောင်းရိပ်ရဲ့ အခန်းတံခါးလေးပွင့်သွားကာ အိပ်ယာမှ ဆံပင်ပွရှုပ်ရှုပ် နဲ့ ကာတွန်းဘောင်းဘီဝမ်းစက်နဲ့ ထွက်လာသော နှောင်းရိပ်...
ပါးစပ်ကလည်း တဝါးဝါးသမ်းဝေကာ ရှင်းစက်ကိုလည်းတွေ့ရော သွားတက်လေးများပေါ်အောင် ပြုံးပြရင်း
'ဟိ..မောင်...morning...လန့်အောင်လုပ်မိသွားတာလားဟင် မောင့်ကို..sorry ဗျ...'
'ဟင်....'
'ဘာကိုလဲ မောင်...'
'မင်း မျက်နှာသစ် သွားတိုက်တောင်မလုပ်ဘဲ ဒီတိုင်းထွက်လာရလား...'
'မောင်ဘဲ breakfast ပြင်ပေးဆို....'
'ညစ်ပတ်ချက်ဘဲ...သွား မျက်နှာအရင်သစ်..သွားသွားတိုက်ချည်...'
'အဲ့ဒါတွေ လုပ်ဖို့ မလိုတော့ဘူးမောင်ရဲ့...နှောင်းရိပ်က မနက် ၅နာရီဆိုရင် ထပြီးဘုရားဝတ်ပြုတယ်လေ..အဲ့တုန်းက တစ်ခါတည်း လုပ်ပြီးသွားပြီဗျ..ဟိ...'
'ဒါဆိုလည်း breakfast ပြင်ပေး...မြန်မြန်လုပ်...ငါ့မှာ အလုပ်ရှိသေးတယ်...'
'ဟိ...ဟုတ်ကဲ့ပါ မောင်....'
ရှင်းစက် အခုအခြေအနေကို နားမလည်နိုင် ဖြစ်နေရသည်။
ညက သူမူးလာတာမှန်တယ်..ဒါပေမယ့် အသိစိတ်တော့ရှိသေးတယ်လေ..အဲ့တုန်းက နှောင်းရိပ်ကို ပြောခဲ့တာတွေ ရိုက်ခဲ့တာတွေကို မှတ်မိတာပေါ့..
ဒါပေမဲ့ အခု သူ့အရှေ့မှာရှိနေသော ကောင်လေး..ထိုကောင်လေးက ညက ဘာမှမဖြစ်ခဲ့သလိုမျိုး သူ့အရှေ့မှာ ဟန်ဆောင်ကာ နေနေတာလား..
သူတွေ့တာပေါ့..နဖူးပေါ်က သွေးစို့နေတဲ့ ပလာစတာကို...
ဒီကောင်လေး ဆေးသေချာမလိမ်းဘူးလား..
တော်ကြာ အမာရွတ်ကျန်ကုန်မှဖြင့်...
ပါးတစ်ဖက်ကလည်း ညက သူရိုက်လိုက်တာကြောင့် အခုဆို ယောင်ကိုင်းနေပြီလေ...
ဒီကလေး..တကယ်ဘဲ...သူ့ကို စိတ်မနာဘူးလား...စိတ်မဆိုးဘူးလား...
အာ..ကျစ်...ဘာလို့ သူ့ကိစ္စကို လိုက်ပူပေးနေတာလဲ..ရှင်းစက်...ရှင်းစက်...မင်းသူ့ကို သနားရမှာမဟုတ်ဘူးနော်...
'ဟင်း....'
သူ့သက်ပြင်းချသံကြားတော့ မီးဖိုခန်းထဲကနေ စိုးရိမ်တကြီးနဲ့ ပြေးထွက်လာသော အကောင်ပေါက်
'မောင်...မောင် ဘာဖြစ်လို့လဲ...ခေါင်မူးနေလို့လားဟင်...'
'မမူးပါဘူး...'
'မောင်ရယ်..ညက အရက်တွေ သောက်ထားတော့ နည်းနည်းတော့မူးမှာပေါ့..
ဒီမှာလေ..သံပုရာသီးနဲ့ ပျားရည်ကို ရောပြီး ဖျော်လာပေးတယ်...သောက်လိုက်နော်မောင်...အမူးပြေပေါ့..'
'မသောက်ချင်ပါဘူး..'
'မောင်ရယ်..သောက်နော်...'
'ဟူး..အင်း...ချခဲ့လိုက်...'
'ဟုတ်...ခဏလေး ဒါသောက်ပြီး စောင့်နေနော်..breakfast က ရတော့မှာ..'
'အေး..စားကောင်းပါစေနော်...'
'ဆွေမျိုးပါမေ့သွားစေရမယ်..ဟိ...'
ပြောပြီးတာနဲ့ မီးဖိုခန်းထဲ ပြေးဝင်သွားသော အကောင်ပေါက်...
ဘာလို့ရယ်မသိ ထို ကောင်လေးရဲ့ အမူအရာလေးတွေကြောင့် ရှင်းစက်တောင် မသိလိုက်ဘဲ ပြုံးမိလိုက်သည်။
ဟင်..ငါ ပြုံးမိသွားတာလား..ဒီကောင်လေးကြောင့်လေ...ငါ..ငါရူးများသွားတာလား...
ရှင်းစက်လည်း စိတ်ရှုပ်ရှုပ်နဲ့ စောစောက ချပေးထားသော ခွက်ထဲက အရည်တွေကို သောက်ချလိုက်တော့သည်။
ခဏကြာတော့...
'မောင်ရေ...မနက်စာ ရပါပြီဗျ...'ဟုဆိုကာ နှောင်းရိပ်က ပန်းကန်တစ်ချက်ကိုင်ကာမီးဖိုထဲမှ ထွက်လာပြီး သူ့အရှေ့ကို လာချပေးကာ ဘေးနားမှာ ရပ်နေတော့သည်။
'ဒါက...'
'ဟိ..ထမင်းကို ကြက်ဥရယ် ခရမ်းချဉ်သီးလေးနဲ့ ရောပြီး ကြော်ထားတာ...ပြီးတော့ ဒါက အမဲကြော်လေး..မောင့် ရေခဲသေတ္တာထဲမှာ အမဲသားနည်းနည်းတွေ့လို့ ယူကြော်လိုက်တာ..စားနော် မောင်...'
'ငါ...ဒါတွေ မစားတတ်ဘူး...'
'ဟင်...ဟုတ်လား...ဒါဆိုလည်း နှောင်းရိပ် ဘာလုပ်ပေးရမလဲဟင်...'
ပြောလည်းပြော မျက်နှာလည်း ညိုးကျသွားသော သူ့ကြောင့် ရှင်းစက်မှာ သက်ပြင်းရှည်ချကာ
'ဟူး..ထားတော့..ဒါဘဲ စားတော့မယ်...'
'ဟုတ်...'
'ဒါနဲ့ တစ်ပန်းကန်တည်းလား..'
'မောင် စားချက်ရင် မီးဖိုထဲမှာရှိပါသေးတယ်..နှောင်းရိပ်ယူပေးမယ်လေ..'
'ကျစ်..ငါက မင်းအတွက်ရောလို့ပြောတာ...'
'အော်..ရှိပါတယ်..'
'ဘာလဲ မင်းက မင်းလင် ငါနဲ့တောင် စားပွဲ တစ်ခုတည်းမှာ တစ်ခါတည်းမစားနိုင်တော့ဘူးလား..'
'မဟုတ်ပါဘူး..နှောင်းရိပ်က မောင် အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ..'
'ငါက အဲ့လိုပြောမိလို့လား..လျှာမရှည်နဲ့ ...သွားယူပြီး ငါနဲ့ လာစား...'
'ဟုတ်...မောင်...'
ထမင်းပန်းကန်ကို ယူပြီး အနားမှာ တို့စိတို့စိနဲ့ စားနေသော နှောင်းရိပ်ကို ကြည့်ပြီး ရှင်းစက် အားမရဖြစ်ကာ
'နှောင်းရိပ်...မင်းထမင်းစားနေတာရော ဟုတ်ရဲ့လား...'
'ဟုတ်...ဟုတ်ပါတယ် မောင်ရဲ့...'
'ဟင့်..စားတာလည်း ကြောင်စာလောက်တောင်မရှိဘူး...'
'နှောင်းရိပ် မစားနိုင်လို့ပါ...'
'အဲ့ဒါကြောင့်မို့ မင်း ပိန်ကပ်နေတာ...'
'ဟင်...'
'တို့စိတို့စိစားနေတာ ငါစိတ်မရှည်ဘူးနော်...အနားတိုးခဲ့စမ်း...'
'မောင်..ဘာလုပ်ဖို့လဲဟင်..'
'ငါက အနားတိုးဆို တိုးလေ...'
'ဟုတ်...'
ရှင်းစက်အနားကို နှောင်းရိပ်ခုံလေးတိုးလာပြီး အနားရောက်တော့ ရှင်းစက်က
'ဟစမ်း ပါးစပ်...ဟလို့...'
'..ဗျာ...'
'ဟဆိုဟလေ...အာ....'ဟုဆိုကာ နှောင်းရိပ်ရဲ့ ပါးစပ်ထဲကို ရှင်းစက်က သူ့ပန်းကန်ထဲက ထမင်းနဲ့ အသားကိုနွှာပြီးခွံ့ပေးလိုက်တော့ နှောင်းရိပ်လေးလည်း ကြောင်အအနဲ့ ပါးစပ်ဟကာ စားလိုက်တော့သည်။
'ဝါးလေ...အဲ့လိုထိအောင် ငါက လိုက်ပြောရမှာလား...'
'မ..ဟုတ်...အ...!!'
'ဘာဖြစ်တာလဲ...'
'ဟို...ဘာမှ...'
'မညာနဲ့စမ်း...ငါ့ကိုပြော...ငါသိပ်စိတ်ရှည်တာမဟုတ်ဘူးနော် နှောင်းရိပ်...'
'ဟို..ဝါးလို့...အဆင်မပြေ..ဘူး...ပါးက..နာ..တယ်..'
'ဟူး..ဒါဆိုလည်း စောစောက ပြောပါလား...နေဦး အဲ့ထမင်းကို ဆက်ဝါးနိုင်သေးလား..မဖြစ်ပါဘူး..သွားထွေးထုတ်လိုက်တော့...'
'အင်း...'
ထမင်းသွားထွေးထုတ်ပြီး ပြန်လာတော့ မောင်က နှောင်းရိပ်ကို ထမင်းစားပွဲဝိုင်းမှာ ထိုင်စောင့်နေတယ်လေ..
အလိုမကျဟန်တချို့က မောင့်မျက်နှာမှာ ပေါ်လွင်လို့...
နှောင်းရိပ် မောင့်အနားကိုသွားကာ
'မောင်..'
'လာထိုင်...ငါဆေးထည့်ပေးမယ်...'
'ဟို..ရပါတယ်...'
'နှောင်း...ရိပ်...!!!'
'ဟုတ်..ဟုတ်..ထိုင်ပြီနော် မောင်...'
'တော်တော်နာလား...'
'ဟင်...'
'ငါညက အရမ်းရိုက်လိုက်မိတယ်...'
'မနာပါဘူး မောင်ရယ်...'
'မနာရအောင် မင်းအသားက ကျောက်ခဲနဲ့ လုပ်ထားတာမို့လို့လား..နာရင်နာတယ်ပေါ့..လင်ကိုတောင် လာရှက်နေတယ်...'
ရှက်တာမဟုတ်ပါဘူးမောင်ရယ်..နှောင်းရိပ်ကြောက်တာပါ...
မောင် နှောင်းရိပ်ကို မုန်းပြီးပစ်သွားမှာ ကြောက်တာပါဗျာ..
မျက်နှာပေါ်က နာကြင်မှုထက် နှောင်းရိပ်ရင်ထဲက နာကြင်မှုက ပိုပါတယ်မောင်ရယ်...
'အ..စပ်..စပ်တယ်...နဖူးက...'
'စပ်ရင် လှုပ်စိလှုပ်စိ လုပ်မနေနဲ့ ..ငြိမ်ငြိမ်နေ...'
'ဟုတ်...'
'ကဲ..ပြီးပြီ...ဒဏ်ရာရရင် ပိုးသတ်ပြီး ဆေးသေချာလိမ်းရမယ်ဆိုတာ မင်းမသိဘူးလား..ဟင်..'
'နှောင်းရိပ်...ဟို...'
'ထားတော့ ...ဒီတစ်ခါက ငါအရမ်းလက်လွန်သွားတော့ ငါဆေးလိမ်းပေးလိုက်တာ..တခြားဘာမှ တွေးမနေနဲ့...မင်းနေရာမင်းသိ...'
အော်မောင်ရယ်...နှောင်းရိပ်ကို စိုးရိမ်ပြီးလိမ်းပေးတာလားလို့ မေးချင်တာ...မောင်ကလေ နှောင်းရိပ်ရဲ့ ခံစားချက်တွေကို တောင်ထိပ်ရောက်မှ တောင်အောက်ကို ဆွဲချလိုက်သလိုပါဘဲ...
အေးပေါ့..နှောင်းရိပ်ကလည်းရူးနေတာပါ.. မောင်က နှောင်းရိပ်ကို မချစ်ဘူးလို့ ပြောခဲ့တာဘဲ...
'ဟင်း...'
'တဟင်းဟင်းနဲ့ ငါမင်းကို မနှိပ်စက်ရသေးဘဲ အသက်တိုသွားဦးမယ်...'
'ဟုတ်...'
'ရော့...အတွေးများမနေနဲ့..ဒီမနက်တော့ နို့နဲ့
ကိတ်သာ စိမ်ပြီး စားလိုက်တော့..တခြားလည်း စားလို့ ရမှာမှ မဟုတ်တာ..'
'ဟုတ်ကဲ့...ဒါနဲ့ ဒီနို့က မောင် ဖျော်ပေးလာတာလားဟင်..နှောင်းရိပ်အတွက်...'
'ငါမဖျော်ပေးလို့ မင်းကို ဘယ်လင်က လာဖျော်ပေးမှာလဲ...'
'ဟာ..မောင်ကလည်း..မနက်ကတည်းက အဲ့စကားဘဲ ပြောနေတာ...'
'ငါပြောတာမှားလို့လား...ငါက မင်းလင်ဘဲလေ..'
'သိပါတယ်ဗျာ...ဟိ..'
'ရယ်မနေနဲ့...ငါ အလုပ်သွားတော့မယ်...နေ့လည်စာ လာမစားဘူး...ညစာဘဲ ငါ့အတွက်ချက်..အိမ်အလုပ်တွေ သေချာလုပ်ထား..ငါမရှိတုန်း အပြင်ခိုးထွက်မယ်မကြံနဲ့...'
'ဟုတ်...'
'ဒါနဲ့ရော့..ဒီမှာ...'
'ဒါတွေက...'
'ပိုက်ဆံတွေလေ..မင်းမမြင်ဘူးလား...'
'၅သိန်းတောင်...ဘာလုပ်ဖို့လဲ မောင်ရယ်...'
'လိုတာရှိရင် သုံးဖို့...မင်းအတွက်..'
'နှောင်းရိပ်က မလိုပါဘူးမောင်ရယ်...'
'မလိုဘူးဆိုတာမရှိဘူး..အရေးအကြောင်းဆိုတာ ရှိမှာ...တစ်ခုခုအတွက် ပိုက်ဆံလိုလာရင် မင်းရဲ့ လင်..ငါက မင်းအနားမှာ အချိန်ပြည့်ရှိနိုင်မှာမဟုတ်ဘူး..ယူထား...'
'ဟုတ်...'
'သွားတော့မယ်...'ဟုဆိုကာ မောင်က ဧည့်ခန်းထဲကို လျှောက်သွားတော့ နှောင်းရိပ်လည်း မောင့်နောက်ကို ပြေးလိုက်ကာ
'မောင်....!!!'
'ဘာပြောစရာရှိလို့လဲ...ငါရုံးသွားရဦးမှာ...'
'မွ...'
နှောင်းရိပ် ခြေဖျားလေးထောက်ကာ မောင့်ရဲ့ ပါးကို နမ်းလိုက်ခြင်း...
မောင်ကတော့ ကျောက်ရုပ်ကြီးတစ်ရုပ်လိုရပ်နေတော့သည်။
'မောင်...အစစအရာရာ အဆင်ပြေပါစေနော်...မြန်မြန်ပြန်လာနော် အိမ်ကို..နှောင်းရိပ်စောင့်နေမယ်နော်...'
'ဟင်း..အင်း..ဖယ်...ငါဖိနပ်စီးရဦးမယ်...'
'ဖယ်ပါဗျာ..မောင့်လက်တွေ ညစ်ပတ်ကုန်မယ်..နှောင်းရိပ် စီးပေးမယ်နော်..'ဟုဆိုကာ မောင့်ဖိနပ်စင်က ရှူးအမဲလေး ကို ယူကာ brushနဲ့ သုတ်ပေးပြီး မောင့်ကိုခုံမှာထိုင်စေကာ မောင့်ရဲ့အရှေ့ဒူးထောက်ပြီး ဖိနပ်စီးပေးလိုက်သည်။
'မောင်...ရပါပြီဗျ...'
'အင်း....အိမ်ထဲကို သူစိမ်းမဝင်စေနဲ့...ငါသွားပြီ..'
'ဟုတ်...မောင်..စိတ်ချနော်..အရမ်းချစ်တယ်...'
မောင် ကတော့ ကြားမကြားမသိပေမယ့် နှောင်းရိပ်ကတော့ မောင့်ကို ချစ်တယ်လို့ ပြောလိုက်ရလို့ အရမ်းကို ပျော်ခဲ့တာ မောင်သိလား..
မောင့်ကိုချစ်တယ်..အရမ်းချစ်တယ်နော်..
အဲ့စကားကို နေ့တိုင်း ညတိုင်း အချိန်တိုင်း မောင့်ကို ပြောမယ်..မောင်များ နှောင်းရိပ်အပေါ် တစ်နေ့နေ့မှာများ စိတ်လည်လာပါ့မလားလို့ မျှော်လင့်ရင်းပေါ့...
မောင့်ကားလေး ခြံထဲက ထွက်သွားသည်အထိ မျက်စိတစ်ဆုံးကြည့်နေမိသည်။
နောက်တော့ နှောင်းရိပ်လည်း စောစောက စားပြီးသားပန်းကန်တွေကို သိမ်းဆည်းဆေးကြောပြီး အိမ်သန့်ရှင်းရေးလုပ်ဖို့ စတင်ရတော့တာပေါ့..
ဒီနေ့က ပိတ်ရက်ဆိုတော့ သင်တန်းသွားစရာမလိုဘူးလေ..ဒါနဲ့ဘဲ နှောင်းရိပ် အိမ်အောက်ထပ်ကို ရှင်းလင်းဖို့ ပြင်တော့တာပေါ့..
နှောင်းရိပ် အိမ်မှာ အိမ်အလုပ်ဆိုလို့ ဘာမှ မလုပ်ရ..တစ်ခါတလေ ကြီးမေကို ကူရင်း ချက်ပြုတ်ပေးတာက လွဲလို့ပေါ့...
ဟူး...ကြီးမေရော ဘဘရော အခုဆို ဘာလုပ်နေလဲ မသိဘူးနော်..လွမ်းလိုက်တာ..ဟင့်...
အာ...ငိုလို့ မဖြစ်ဘူး..ငိုရင် မောင်က မကြိုက်ဘူးလေ..
ကဲ..အလုပ်ဆက်လုပ်ကြတာပေါ့...
အိမ်ပေါ်နဲ့ အိမ်အောက်ကို ကြမ်းတိုက် တံမြက်စည်းလှည်း ပြီးတော့ နှောင်းရိပ် တော်တော်ကို မောနေပြီလေ...
ဒါကြောင့် ဧည့်ခန်းထဲက sofaပေါ်မှာ အမောဖြေနေခဲ့တော့တာ...
နာရီကိုကြည့်တော့ 11:30..
အာ..မစောတော့ ဘူးဘဲ...
ရေချိုးရမယ်ဟုဆိုကာ ရေချိုးဖို့ နှောင်းရိပ် အခန်းလေးထဲ ဝင်လိုက်သည်။
အခန်းထဲရောက်တော့ ဝတ်ထားသော ချွေးစို့နေသည့် အပေါ်ဝတ်ကိုချွတ်လိုက်တော့သည်။
ထိုအခါ ဖွေးဥနေသော နှောင်းရိပ်ရဲ့ ဆွဲဆောင်မှုရှိလာတဲ့ အပေါ်ပိုင်း ခန္ဓာကိုယ်ကောက်ကြောင်းလေးက ပေါ်လာတော့သည်။
နောက် ဝတ်ထားသော ဘောင်းဘီ ချွတ်ဖို့အလုပ်..
'ကလင်..ကလင်..ကလင်..ကလင်..!!!'
'အော်..အိမ်ဖုန်းလာနေတာဘဲ...ဟူး ရေချိုးပါတော့မယ်ဆိုမှ...ဟွန့်...'
စူပုတ်စူပုတ်နဲ့ ဧည့်ခန်းရဲ့ ဖုန်းရှိတဲ့နေရာကို လာကာ
'ဟဲလို..ဘယ်သူလဲ မသိဘူးဗျ...'
'မင်းရဲ့ အိမ်ထောင်ဦးစီး လင်တော်မောင် ဆက်တာ....!!!'
'အော်...မောင်ရယ်..ဖြေးဖြေးပြောပါဗျ..ဘယ်လိုဖြစ်လို့ အော်နေရတာတုန်း..'
'မင်းအခု ဘာလုပ်နေတာလဲ...ဟင်...'
'ရေချိုးဖို့လေ...'
'ရေချိုးဖို့ကို ဘာလို့ အဝတ်တွေကို အခန်းထဲမှာ ချွတ်နေတာလဲ..'
'ဗျာ..!!!'
'ဘာ ဗျာ လဲ..!!'
'ဟို..မောင်က ဘယ်လိုသိတာလဲ...???ဒါနဲ့..နှောင်းရိပ်က အဝတ်ကို အခန်းထဲမှာ မချွတ်လို့ ဘယ်မှာ ချွတ်ရမှာလဲ...'
'အာ..ရေချိုးခန်းထဲရောက်မှချွတ်လေ..ငတုံးရဲ့..'
'အော်..ဟုတ်...'
'..ဟူး...'
'မောင်...'
'ဘာလဲ..'
'နှောင်းရိပ် အဝတ်ချွတ်နေတာကို ချောင်းကြည့်နေတာလား..ဟိ..'
'CCTVကနေ မြင်နေရတယ်လေ..'
'ဟင်..အခန်းထဲမှာ CCTVရှိတယ်..???'
'အာ...ဒါဘဲ..ဒါဘဲ..ငါမင်းနဲ့ ဖုန်းပြောဖို့ မအားဘူး..'
'မောင်...'
'တူတူတူတူ..'
'ဟွန့်..ဖုန်းချသွားပြန်ပြီ..'
'ဒါနဲ့ CCTVရှိတာပေါ့အိမ်မှာ..အမလေး...'ဟုဆိုကာ ရေချိုးခန်းထဲသို့ ပြေးဝင်ကာ ရေချိုးဖို့ နှောင်းရိပ်ပြင်လိုက်တော့သည်။
⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️
ရှင်းစက် ရုံးရောက်တော့ စိတ်က အလုပ်ထဲမှာမရှိ..အိမ်က ကျန်ခဲ့သော သူ့အကြောင်းကိုသာ စဉ်းစားနေမိသည်။
ဒီအချိန် သူဘာလုပ်နေမလဲ..
အော်..CCTV အိမ်မှာ တပ်ထားတာဘဲ..အဲ့ကနေ ကြည့်လိုက်မယ်...
ရှင်းစက် laptop မှ CCTVကိုဖွင့်ကာ ကြည့်လိုက်တော့ လှုပ်စိလှုပ်စိနဲ့ အပေါ်တက်အောက်ဆင်း သန်းရှင်းရေးလုပ်နေသော အကောင်ပေါက်...
နောက် ခဏကြာတော့ မောလို့ ထင်ပါရဲ့ sofa မှာထိုင်ပြီး မျက်စိမှိတ်ထားတာ..
ခဏနေတော့ သူ့ကို ပေးထားတဲ့ အခန်းထဲကို ပြေးဝင်သွားတော့သည်။
ဒါနဲ့ ကျွန်တော်လည်း သူ့အခန်းထဲက CCTVဘက်လှည့်ကြည့်တော့
အပေါ်ဝတ်ကို ချွတ်လိုက်တဲ့ အကောင်ပေါက်...
သူရဲ့ စိတ်တွေ အကောင်ပေါက်ရဲ့ အပေါ်ပိုင်း ဗလာပုံကို မြင်ရတော့ ထိန်းချုပ်မရနိုင်အောင်ကို ဖြစ်လာရသည်။
ရေဆာလာသလို..တမျိုးဘဲ..
ဂလု...
ဟက်..ငါဘာတွေဖြစ်နေတာလဲ...
နောက်မကြာ ဘောင်းဘီကို ချွတ်ဖို့ ပြင်နေတဲ့ အကောင်ပေါက်...
ဘုရား..ဘုရား...!!
ကျွန်တော်လည်း သူ့ကို ဖုန်းဆက်ကာ အော်ပစ်လိုက်သည်။
'ရေချိုးဖို့ကို ဘာလို့ အဝတ်တွေကို အခန်းထဲမှာ ချွတ်နေတာလဲ..'
ကျွန်တော် အော်လိုက်တော့ သူက ကြောက်အားလန့်အားနဲ့
'ဟို..မောင်က ဘယ်လိုသိတာလဲ...???ဒါနဲ့..နှောင်းရိပ်က အဝတ်ကို အခန်းထဲမှာ မချွတ်လို့ ဘယ်မှာ ချွတ်ရမှာလဲ...'တဲ့လေ...
ဒါနဲ့ ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့
'အာ..ရေချိုးခန်းထဲရောက်မှချွတ်လေ..ငတုံးရဲ့..'လို့အော်လိုက်တော့ သူက
'အော်..ဟုတ်...'ဟုမအူမလည်နဲ့ ပြန်ဖြေတယ်လေ..
ပြီးတော့ သူက မေးတယ်
'မောင်...'
'ဘာလဲ..'
'နှောင်းရိပ် အဝတ်ချွတ်နေတာကို ချောင်းကြည့်နေတာလား..'တဲ့လေ..ပြုံးစိစိနဲ့ မေးနေတဲ့ အကောင်ပေါက်
ကျွန်တော်လည်း စိတ်ပေါက်ပေါက်နဲ့
'CCTVကနေ မြင်နေရတယ်လေ..'လို့ ပြောတော့ သူက
'ဟင်..အခန်းထဲမှာ CCTVရှိတယ်..???'ဟု အံ့ဩတကြီးမေးလေတယ်..
ကျွန်တော် သူ့ကို CCTVက ကြည့်နေတာသူသိသွားပြီ..နောက် သူမေးလာမဲ့ မေးခွန်းတွေကို ကျွန်တော် ဆက်မဖြေနိုင်ရင်ရော..
ဒါနဲ့ ကျွန်တော်လည်း ဖုန်းကို အသည်းအသန်ချလိုက်တော့သည်။
အကောင်ပေါက်ကတော့ ကျွန်တော် ဖုန်းချလိုက်တာကြောင့် စူပုတ်ပုတ်ကလေးနဲ့
ပြီးမှ တစ်ခုခုကို သတိရတဲ့ ပုံစံနဲ့ သူဟိုကြည့်ဒီကြည့် လုပ်ရင်း ရင်ဘတ်ကလေးကို လက်နဲ့ကာကာ ရေချိုးခန်းထဲကို ပြေးဝင်သွားလေတော့သည်။
မင်းက တော်တော် အရှက်သည်းတာဘဲလား...အကောင်ပေါက်...
⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️
Author's note
ဒီနေ့တော့ လေပြေလေးတွေ လာပါပြီနော်..
အကိုရှင်းကြီးက သူ့ဘာသာသူမသိတာ..အအကြီးနော်..
သူက အတ္တကြီးလွန်းတယ်..ဟုတ်တယ်...သူလက်စားချေဖို့ဘဲ စိတ်ထဲမှာတွေးထားတယ်..
ဒါပေမယ့် သူသတိမထားမိဘဲ ကလေးလေးကို မသိစိတ်ကချစ်နေတာကို မသိခဲ့ဘူး..
ကဲပါ..နောက်အပိုင်းတွေဆိုရင်ရော အကိုရှင်းကြီးက ကလေးလေး အပေါ်ကို နူးညံ့ပါ့မလား..ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ နောက် အပိုင်းမှာ စောင့်ကြည့်ကြတာပေါ့နော် သည်းလေးတို့ရေ...
❤️❤️❤️💋💋💋