ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

933K 117K 8.1K

စာစဥ္ ၂၅ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၂၅ ( ၁ + ၂ + ၃ + ၄ )
စာစဥ္ ၂၅ ( ၅ - ၁၆ )
စာစဥ္ ၂၅ ( ၁၇ - ၂၄ )
စာစဥ္ ၂၆ ( ၁ - ၁၀ )
စာစဥ္ ၂၆ ( ၁၁ - ၁၆ )
စာစဥ္ ၂၆ ( ၁၇ - ၂၂ )
စာစဥ္ ၂၆ ( ၂၃ - ၂၉ )
စာစဥ္ ၂၇ ( ၁ - ၈ )
စာစဥ္ ၂၇ ( ၉ - ၁၂ )
စာစဥ္ ၂၇ ( ၁၃ - ၁၈ )
စာစဥ္ ၂၇ ( ၁၉ - ၂၀ )
စာစဥ္ ၂၇ ( ၂၁ - ၂၄ )
စာစဥ္ ၂၇ ( ၂၅ - ၃၀ )
စာစဥ္ ၂၈ ( ၁ - ၄ )
စာစဥ္ ၂၈ ( ၅ - ၈ )
စာစဥ္ ၂၈ ( ၉ - ၁၄ )
စာစဥ္ ၂၈ ( ၁၅ - ၂၂ )
စာစဥ္ ၂၈ ( ၂၃ - ၂၈ )
စာစဥ္ ၂၉ ( ၁ - ၆ )
စာစဥ္ ၂၉ ( ၇ - ၁၂ )
စာစဥ္ ၂၉ ( ၁၃ - ၁၈ )
စာစဥ္ ၂၉ ( ၁၉ - ၂၄)
စာစဥ္ ၂၉ ( ၂၅ - ၂၈ )
စာစဥ္ ၃၀ ( ၁ - ၆ )
စာစဥ္ ၃၀ ( ၇ - ၁၀ )
စာစဥ္ ၃၀ ( ၁၁ - ၁၅ )
စာစဥ္ ၃၀ ( ၁၆ - ၂၁ )
စာစဥ္ ၃၀ ( ၂၂ - ၂၇ )
စာစဥ္ ၃၁ ( ၁ - ၆ )
စာစဥ္ ၃၁ ( ၇ - ၁၂ )
စာစဥ္ ၃၁ ( ၁၃ - ၁၈ )
စာစဥ္ ၃၁ ( ၁၉ - ၂၄ )
စာစဥ္ ၃၁ ( ၂၅ - ၂၈ )
စာစဥ္ ၃၂ ( ၁ - ၆ )
စာစဥ္ ၃၂ ( ၇ - ၁၂ )
စာစဥ္ ၃၂ ( ၁၃ - ၁၈ )
စာစဥ္ ၃၂ ( ၁၉ - ၂၄ )
စာစဥ္ ၃၂ ( ၂၅ + ၂၆ )
စာစဥ္ ၃၃ ( ၁ - ၆ )
စာစဥ္ ၃၃ ( ၇ - ၁၂ )
စာစဥ္ ၃၃ ( ၁၃ - ၁၈ )
စာစဥ္ ၃၃ ( ၁၉ - ၂၂ )
စာစဥ္ ၃၃ ( ၂၃ - ၂၆ )
စာစဥ္ ၃၄ ( ၁ - ၆ )
စာစဥ္ ၃၄ ( ၇ - ၁၂ )
စာစဥ္ ၃၄ ( ၁၃ - ၁၈ )
စာစဥ္ ၃၄ ( ၁၉ - ၂၅ )
စာစဥ္ ၃၅ ( ၁ - ၆ )
စာစဥ္ ၃၅ ( ၇ - ၁၂ )
စာစဥ္ ၃၅ ( ၁၃ - ၁၈ )
စာစဥ္ ၃၅ ( ၁၉ - ၂၅ )
စာစဥ္ ၃၆ ( ၁ - ၆ )
စာစဥ္ ၃၆ ( ၇ - ၁၂ )
စာစဥ္ ၃၆ ( ၁၃ - ၁၈ )
စာစဥ္ ၃၆ ( ၁၉ - ၂၆ )
စာစဥ္ ၃၇ ( ၁ - ၆ )
စာစဥ္ ၃၇ ( ၇ - ၁၂ )
စာစဥ္ ၃၇ ( ၁၃ - ၁၈ )
စာစဥ္ ၃၇ ( ၁၉ - ၂၂ )
Announcement !!!
စာစဥ္ ၃၈ ( ၁ - ၈ )
စာစဥ္ ၃၈ ( ၉ - ၁၆ )
စာစဥ္ ၃၈ ( ၁၇ - ၂၀ )
စာစဥ္ ၃၈ ( ၂၁ - ၂၈ )
စာစဥ္ ၃၉ ( ၁ - ၈ )
စာစဥ္ ၃၉ ( ၉ - ၁၆ )
စာစဥ္ ၃၉ ( ၁၇ - ၂၅ )
စာစဥ္ ၄၀ ( ၁ - ၆ )
စာစဥ္ ၄၀ ( ၇ - ၁၀ )
စာစဥ္ ၄၀ ( ၁၁ + ၁၈ )
စာစဥ္ ၄၀ (၁၉-၂၂)
စာစဥ္ ၄၀ (၂၃-၂၅) စာစဥ္ ၄၁ (၁-၄)
စာစဥ္ ၄၁ ( ၅ - ၁၀)
စာစဥ္ ၄၁ (၁၁-၁၈)
စာစဥ္ ၄၁ (၁၉-၂၂)
စာစဥ္ ၄၁ (၂၃+၂၄+၂၅)
စာစဥ္ ၄၂ (၁-၄)
စာစဥ္ ၄၂ ( ၅-၁၂ )
စာစဥ္ ၄၂ (၁၃-၁၈)
စာစဥ္ ၄၂ (၁၉-၂၄)
စာစဥ္ ၄၃ (၁-၆)
စာစဥ္ ၄၃ (၇-၁၄)
စာစဥ္ ၄၃ (၁၅-၁၈)
စာစဥ္ ၄၃ (၁၉-၂၆)
စာစဥ္ ၄၄ (၁-၆)
စာစဥ္ ၄၄ (၇-၁၄)
စာစဥ္ ၄၄ (၁၅+၁၆)
စာစဥ္ ၄၄ (၁၇-၂၅)
စာစဥ္ ၄၅ (၁-၈)
စာစဥ္ ၄၅ (၉-၁၄)
စာစဥ္ ၄၅ (၁၅-၁၈)
စာစဥ္ ၄၅ (၁၉-၂၅)
စာစဥ္ ၄၆ (၁-၁၄)
စာစဥ္ ၄၆ (၁၅-၂၅)
စာစဥ္ ၄၇ (၁-၁၀)
စာစဥ္ ၄၇ (၁၁-၂၀)
စာစဥ္ ၄၇ (၂၁-၂၄)
စာစဥ္ ၄၈ (၁-၁၄)
စာစဥ္ ၄၈ (၁၅-၂၅)
စာစဥ္ ၄၉ (၁ - ၁၆)
စာစဥ္ ၄၉ (၁၇-၂၅)
စာစဥ္ ၅၀ (၁-၁၄)
စာစဥ္ ၅၀ (၁၅-၂၆)
စာစဥ္ ၅၁ (၁-၁၄)
စာစဥ္ ၅၂ (၁ - ၁၆ )
စာစဥ္ ၅၂ ( ၁၇ - ၂၅ )
စာစဥ္ ၅၃ ( ၁ - ၈ )
စာစဥ္ ၅၃ ( ၉ - ၁၆ )
စာစဥ္ ၅၃ ( ၁၇ - ၂၅ )
စာစဥ် ၅၄ (၁ - ၈)
စာစဥ် ၅၄ (၉-၁၆)
စာစဥ် ၅၄ (၁၇-၂၅)
စာစဥ် ၅၅ (၁-၈)
စာစဥ် ၅၅ (၉-၁၆)
စာစဥ် ၅၅ (၁၇ - ၂၅ )
စာစဥ် ၅၆ (၁-၈)
စာစဥ် ၅၆ (၉-၁၆)
စာစဥ် ၅၆ (၁၇ - ၂၅)
စာစဥ် ၅၇ (၁-၈)
စာစဥ် ၅၇ (၉-၁၆)
စာစဥ် ၅၇ (၁၇-၂၅)
စာစဥ် ၅၈ (၁-၈)
စာစဥ် ၅၈ (၉-၁၆)
စာစဥ် ၅၈ (၁၇-၂၅)
စာစဥ္ ၅၉ (၁ - ၈)
စာစဥ္ ၅၉ (၉-၁၆)
စာစဥ္ ၅၉ (၁၇-၂၅)
စာစဥ္ ၆၀ (၁-၁၂)
စာစဥ္ ၆၀ (၁၃-၂၅)
စာစဥ္ ၆၁ (၁-၁၂)
စာစဥ္ ၆၁ (၁၃-၂၅)
စာစဥ္ ၆၂ (၁-၁၂)
စာစဥ္ ၆၂ (၁၃-၂၅)
စာစဥ္ ၆၃ (၁-၁၀)
စာစဥ္ ၆၃ (၁၁-၂၀)
စာစဥ္ ၆၃ (၂၁-၃၀)
စာစဥ္ ၆၄ (၁-၁၂)
စာစဥ္ ၆၄ (၁၃-၂၆)
စာစဥ္ ၆၅ (၁-၈)
စာစဥ္ ၆၅ (၉-၁၆)
စာစဥ္ ၆၅ (၁၇-၂၆)

စာစဥ္ ၅၁ (၁၅ - ၃၀)

4.7K 596 37
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :  51
Chapter.          :  15 - 30
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၅၁၊ အခန္း ၁၅ ။  ၀မ္းထဲမွာကတည္းက ဒီလြတ္လပ္ေသာနယ္ေၿမမွာပဲ ေနလာခဲ့တာ 

ရီ၀မ္၀မ္၏ ပ်ာယာခတ္ေနသည့္ ဟန္ပန္ေလးကို အကဲခတ္ေနရင္း
သူ ့အေတြး မွန္သည္ကုိ သေဘာေပါက္သြားကာ
သူ ့မ်က္၀န္းထဲ လက္ခနဲ ၿဖစ္သြားသည္ ။
သူ သာမန္ကာလ်ွံကာပင္ ေမးလုိက္သည္ ။ 

"မင္းက လြတ္လပ္ေသာနယ္ေၿမက မဟုတ္ဘူး…ဟုတ္တယ္မလား"

"က်ြန္မက လြတ္လပ္ေသာနယ္ေၿမက မဟုတ္ဘူးလို့ ဘယ္သူ ေၿပာလဲ  ။ က်ြန္မအေမ၀မ္းထဲမွာကတည္းက ဒီလြတ္လပ္ေသာနယ္ေၿမမွာပဲ က်ြန္မ ေနလာခဲ့တာ" ရီ၀မ္၀မ္သည္ ၿပန္ေၿပာဆုိပစ္လိုက္သည္ ။

"ဒါဆုိ မင္းမွာ ၀င္ခြင့္ကတ္ ရွိလား ။ မင္းက ဘယ္ေဒသကလဲ" 
ထုိေယာက်ာ္းသည္ ၿပံဳးစစၿဖင့္ ေမးလာသည္ ။

ရီ၀မ္၀မ္သည္ သူနွင့္ ၿပိဳင္ၿငင္းဖုိ့ရာ ပ်င္းလာ၏ ။ သုိင္းပညာအစည္းအရံုး၀င္မ်ားသာ သူမကုိ ဖမ္းမိသြားလ်ွင္ ထိုၿပိဳင္ၿငင္းေနရၿခင္းမွာ ေပ်ာ္ရႊင္ဖြယ္ေကာင္းေတာ့မည္ မဟုတ္ ။

သုိ့နွင့္ ဆက္ေၿပးေတာ့မည္ လုပ္လုိက္ခ်ိန္တြင္ ထိုေယာက်ာ္းသည္ ရီ၀မ္၀မ္ေရွ့ ရုတ္ၿခည္း ပိတ္ရပ္ပစ္လုိက္ၿပီး ေခါင္းတခါခါ ၿပဳလာသည္ ။ 

"သုိင္းပညာအစည္းအရံုးရဲ့ စံုစမ္းေရးအဖြဲ ့လက္ထဲကေန အၿပင္လူေတြ ဘယ္သူမွ လြတ္ရုိးထံုးစံ မရွိဘူး ။ က်ြန္ေတာ့္ေနာက္ လုိက္ခဲ့"

ရီ၀မ္၀မ္ တြင္ စဥ္းစားေနခ်ိန္ပင္ မရလုိက္ ။
ထုိေယာက်ာ္းသည္ သူမေလးကုိ ဆြဲကာ ေၿပးေတာ့သည္ ။

ထိုေယာက်ာ္းသည္ ဤေနရာကုိ အလြန္တရာ ရင္းနွီးသူတည္း ။ ဟုိလမ္းခ်ိဳး၊ ဒီလမ္းခ်ိဳးၿဖင့္ လမ္းၾကားေတြထဲကေန ၿဖတ္၀င္ေၿပးရင္းမွ ေနာက္ဆံုးတြင္ စံအိမ္တစ္ခုထဲ ၀င္လုိက္ၾကၿပီး ထုိစံုစမ္းေရးအဖြဲ ့ဆီကေန လြတ္ေၿမာက္သြား ၏ ။

စံအိမ္ေတာ္ထဲတြင္ ထိုေယာက်ာ္းက ရီ၀မ္၀မ္ကုိ ေမးသည္ ။
“စိတ္မရွိပါနဲ့၊ မင္းရဲ့နာမည္က ဘယ္လုိေခၚလဲ ။
က်ြန္ေတာ္ ဘယ္လုိ ေခၚရမလဲ”

“ရီ၀မ္၀မ္ ပါ ၊ ကူညီေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္”

ရီ၀မ္၀မ္သည္ လြတ္လပ္ေသာနယ္ေၿမ၏ ဓေလ့ထုံးတမ္းနွင့္ စည္းမ်ဥ္းစည္းကမ္းတုိ့ကို မသိေနေသာ္လည္း သိသေယာင္ေယာင္ ၿပဳလုိက္ကာ လက္နွစ္ဖက္ကုိ ယွက္ၿပီး အရုိအေသၿပဳရင္း ေၿပာလုိက္သည္ ။

ထုိတြင္ ထိုေယာက်ာ္းက တုိးတုိးတိတ္တိတ္ ရယ္ေမာလာသည္ ။
“မိန္းကေလး ရီ ေပါ့၊ ၾကိဳဆိုပါတယ္ဗ်ာ ။
က်ြန္ေတာ္က က်ိဳး၀ူ ပါ”

က်ိဳး၀ူနွင့္ စကားစၿမည္ ေၿပာဆိုၿပီးေနာက္တြင္ က်ိဳး၀ူသည္ အထက္တန္းလႊာ မိသားစု၏ ဆက္ခံသူတစ္ဦး ၿဖစ္ၿပီး ဤအိမ္ေတာ္သည္ က်ိဳး အိမ္ေတာ္မွန္း သူမ သိလာရသည္ ။

က်ိဳး၀ူသည္ သူမအေပၚတြင္ မေကာင္းသည့္ အၾကံအစည္ မရွိေနမွန္း ရီ၀မ္၀မ္ သိေန၏ ။ ဒီေန ့ က်ိဳး၀ူေၾကာင့္သာ မဟုတ္လ်ွင္ သူမ၏ဘ၀မွာ မေတြးရဲစရာပင္ ။ ထုိသုိင္းပညာအစည္းအရံုး စံုစမ္းေရးအဖြဲ ့၏ အေၿပးႏႈန္းနွင့္ဆုိ သူတုိ့လက္ထဲကေန သူမ ေၿပးလြတ္စရာ အေၾကာင္း နည္းနည္းမွ မရွိပါေခ် ။

“မိန္းကေလး ရီ က လြတ္လပ္ေသာနယ္ေၿမကုိ သက္သက္အလည္လာတာလား၊ ဒါမွမဟုတ္ ကိစၥတစ္ခုခုေၾကာင့္လား ဆုိတာကုိ သိလုိ့ရမလား ။ လြတ္လပ္ေသာနယ္ေၿမက တစိမ္းေတြနဲ့ လံုး၀ ဓာတ္မတည့္တဲ့ေနရာဗ်၊ ဒီနယ္ေၿမထဲမွာ ေသသြားၾကတဲ့ အၿပင္လူေတြ အမ်ားၾကီးပဲ”
က်ိဳး၀ူက ရီ၀မ္၀မ္ကုိ ေၿပာသည္ ။

“ဒါဆုိ ရွင္ေရာ တစိမ္းလူနဲ့ ဓာတ္မတည့္္တာမ်ိဳး မရွိဘူးလား”
ရီ၀မ္၀မ္ စပ္စုၾကည့္လုိက္သည္ ။

က်ိဳး၀ူသည္ ေခါင္းခါယမ္းလာသည္ ။
“မဟုတ္တာ ၊ မိန္းကေလး ရီ ရာ ။ က်ြန္ေတာ့္အဘိုးက ဟုိးငယ္ငယ္ေလး ကတည္းက အၿပင္လူဗ် ။ ဒါေပမယ့္ ဟုိးအရင္က လြတ္လပ္ေသာနယ္ေၿမ ရဲ့ စည္းကမ္းေတြက ဒီထက္ အမ်ားၾကီး ေလ်ာ့ေပါ့တယ္ ။ အဲ့ဒီတုန္းက က်ြန္ေတာ့္အဘိုးက ဒီလြတ္လပ္ေသာနယ္ေၿမထဲမွာပဲ ရြပ္ရြပ္ခ်ြံခ်ြံ ၾကိဳးစားလာၿပီးေတာ့
က်ိဳး မိသားစုကုိ တည္ေထာင္ထားလုိက္တာပါ ။
ဒီေတာ့ က်ြန္ေတာ္တုိ့ က်ိဳး မိသားစုက ဘယ္သူစိမ္းေၾကာက္ပါ့မလဲ ။ ဟုိးကတည္းက က်ြန္ေတာ္တုိ့လည္း အၿပင္္လူနဲ့ ဘာမွမကြာပါဘူးဗ်ာ”

“သိပါၿပီ”  ရီ၀မ္၀မ္ ေခါင္းညိတ္လုိက္သည္ ။

ဒါေၾကာင့္မို့ က်ိဳး၀ူက ငါ့ကုိ ကူညီေပးခ်င္တာကုိး ။

“မိန္းကေလး ရီ ဆီမွာ ၀င္ခြင့္ကတ္ မရွိေနဘူး ဆုိေတာ့ ဒီလြတ္လပ္ေသာနယ္ေၿမထဲ ေလ်ွာက္သြားဖုိ့က ထင္သေလာက္ မလြယ္ဘူး။  ရက္နည္းနည္းေလာက္ ဒီမွာ ေနလုိက္ပါလား ၊ မိန္းကေလး ရီ”

ရီ၀မ္၀မ္ မၿငင္းပါ ။ သူမသည္ အခုေလးတင္မွ လြတ္လပ္ေသာနယ္ေၿမကို ေရာက္လာၿခင္း ၿဖစ္သလုိ ဤေနရာနွင့္လည္း မရင္းနွီးပါေခ် ။ ထုိ့ၿပင္
မသိေနသည့္ အရာေတာ္ေတာ္မ်ားမ်ားလည္း ရွိေနေသးသည္ ။ တစ္ဖန္ သူမထံတြင္ ပါလာသမ်ွ အရာအားလံုးမွာ ေပ်ာက္ဆံုးသြားၿပီ ၿဖစ္ေလရာ သူမအဖို့ ညအိပ္ညတာ တည္းဖုိ့ေနရာပင္ မရွိပါေခ် ။

“ဒါဆုိ ရွင့္ကုိ ဒုကၡေပးရေတာ့မယ္နဲ့ တူတယ္” 
ရီ၀မ္၀မ္ ေၿပာလုိက္သည္ ။

“အားမနာပါနဲ့ဗ်ာ ။ ဒီမွာ ေနခ အၿဖစ္ တရုတ္ၿပည္လုိမ်ိဳး အၿပင္ကမ႓ာအေၾကာင္း က်ြန္ေတာ္တုိ့ကုိ ေၿပာၿပေပါ့ ။ လြတ္လပ္ေသာနယ္ေၿမ ဆုိတာက က်ြန္ေတာ္တုိ့ ေမြးရပ္ဇာတိ ၿဖစ္တဲ့ တရုတ္ၿပည္နဲ့ အေတာ္ေလး ေ၀းလြန္းတယ္ ။
လြတ္လပ္ေသာနယ္ေၿမ ရဲ့ မ်ိဳးႏြယ္စုၾကီးေလးစုကလြဲရင္ တရုတ္ၿပည္ကုိ သြားဖို့အတြက္ ပုိက္ဆံတတ္နုိင္တဲ့သူဆုိတာ မရွိသေလာက္ နီးနီးပဲ”
က်ိဳး၀ူသည္ ၿပံဳးစစၿဖင့္ ေၿပာဆုိသည္ ။

“…”

အံ့ၿသစရာပဲ ၊ ဒါဆုိ တရုတ္ၿပည္နဲ့ ပတ္သက္တဲ့ သတင္းေတြကုိ သူတုိ့ မသိေနၾကဘူးေပါ့ ။

ထုိ့ေနာက္တြင္ ရီ၀မ္၀မ္သည္ ဧည့္ခန္းဆီသုိ့ က်ိဳး၀ူေနာက္က လုိက္သြားသည္ ။

က်ိဳးမိသားစု၏ သခင္ၾကီးနွင့္ သခင္မၾကီး နွစ္ေယာက္စလံုးမွာ ဧည့္သည္ေရာက္လာသည့္ သတင္းေၾကာင့္ ဧည့္ခန္းထဲတြင္ ေရာက္ရွိေနၾကသည္ ။

နွစ္ေယာက္စလံုးသည္ ရီ၀မ္၀မ္အေပၚတြင္ အလြန္တရာ ယဥ္ေက်းပ်ဴငွာၾကၿပီး တရုတ္ၿပည္အေၾကာင္း တရစပ္ေမးေတာ့သည္ ။

က်ိဳး မိသားစု၏ သခင္ၾကီးသည္ လြတ္လပ္ေသာနယ္ေၿမတြင္ ေမြး၊ လြတ္လပ္ေသာနယ္ေၿမတြင္ ၾကီးလာခဲ့ရသူ ၿဖစ္ၿပီး တစ္ခါမွ ထြက္သြားဖူးၿခင္း မရွိပါေခ် ။ ထုိ့ေၾကာင့္ သူ့ဖခင္၏ ေမြးရပ္ဇာတိ ၿဖစ္သည့္ တရုတ္ၿပည္အေၾကာင္းကုိ အလြန္အမင္း သိခ်င္ေနပါ၏ ။

ရီ၀မ္၀မ္သည္လည္း လ်ိဳထားၿခင္း မရွိဘဲ သိသမ်ွကုိ မၿခြင္းမခ်န္ ေၿပာၿပလုိက္သည္ ။

“တရုတ္ၿပည္မွာ တီဗြီ ရွိတယ္ ၊ တီဗြီ ဆုိတာက လူေတြက အဲ့ထဲကေန ေဖ်ာ္ေၿဖေပးတာ ၊ အဲ့လုိမ်ိဳး”

ရီ၀မ္၀မ္သည္ က်ိဳး၀ူက ၿပင္ေပးထားသည့္ အစားအေသာက္တုိ့ကုိ စားေနရင္း မ်က္စိထဲ ၿမင္သာေအာင္ ရွင္းၿပေနသည္ ။

သခင္ၾကီး က်ိဳး သည္ ရီ၀မ္၀မ္ကုိ အံ့ၿသစြာၿဖင့္ ၾကည့္လာသည္ ။

“ဦးေလးတုိ့ လြတ္လပ္ေသာနယ္ေၿမမွာလည္းပဲ တီဗီြ ရွိတယ္”

“ဟုတ္သားပဲ ၊ တရုတ္ၿပည္မွာ ကားေတြ ရွိတယ္ ။
အထဲမွာ လူေတြ ၀င္ထုိင္လုိ့ ရတဲ့ဟာမ်ိဳး”

သခင္ၾကီး က်ိဳး ထပ္ၿပီး အံ့ၿသသြားၿပန္သည္ ။ “လြတ္လပ္ေသာနယ္ေၿမမွာလည္း ကားေတြ ရွိတာပဲ ။ ကားၾကီး၊ ကားေသး၊ ၿပိဳင္ကား ၊ ဇိမ္ခံကား ၊ ၿပိဳင္ကားေသးေလးေတြ အစံုပဲ”

သူတို့ရဲ့လြတ္လပ္ေသာနယ္ေၿမက အဲ့ေလာက္ေတာင္ ေခတ္မွီလြန္းလွခ်ည္လား ။

…………………………………………………..

စာစဥ္ ၅၁၊ အခန္း ၁၆ ။  တစ္ေယာက္ေယာက္ကုိ လာရွာတာလား 

က်ိဳးမိသားစု၏ ထုိတထူးတဆန္း ၿဖစ္ေနသည့္မ်က္နွာတုိ့ေၾကာင့္ ရီ၀မ္၀မ္ ကိုယ့္ကိုယ္ကို ရွက္မိသြား၏ ။

လြတ္လပ္ေသာနယ္ေၿမသည္ အိမ္နီးခ်င္းနုိင္ငံမ်ားလိုပင္
ဖြံ ့ၿဖဳိးသည့္ နယ္ေၿမၾကီးတစ္ခု ၿဖစ္ေနၿပီး ထိုနယ္ေၿမတြင္ ၿမင္ေတြ ့ရသမ်ွတုိ့မွ အနည္းငယ္သာ ခ်ိဳ ့တဲ့ေနၿခင္း ၿဖစ္ေပသည္ ။

ေသနတ္နွင့္လက္နက္မီးယမ္းမ်ား မရွိၿခင္းကလြဲၿပီး လြတ္လပ္ေသာနယ္ေၿမသည္ နည္းပညာပုိင္းတြင္ အေတာ္ေလး တုိးတက္ ထြန္းကားလွသည္ ။

တစ္ခ်က္သာ ၊ လြတ္လပ္ေသာနယ္ေၿမက သုိင္းပညာကုိ ဦးစားေပးထားၿခင္း တစ္ခ်က္သာ ။ လြတ္လပ္ေသာနယ္ေၿမသားမ်ားအဖို့ သုိင္းပညာကလြဲလ်ွင္ အရာရာမွာ ဖြဲနွင့္ဇကြဲ ၿဖစ္ေနၿခင္း တစ္ခ်က္သာ ။

ထုိ ့ေၾကာင့္ လြတ္လပ္ေသာနယ္ေၿမတြင္ အရာအားလံုး ရွိေနသည္ဟု သူမ ကိုယ့္ကုိယ္ကို ဆံုးမလုိက္ၿပီး တရုတ္ၿပည္တြင္ အခုလက္ရွိ ၿဖစ္ပ်က္ေနသည့္ အေၾကာင္းအရာတုိ့ကိုသာ ေၿပာၿပလုိက္ေတာ့သည္ ။ ထုိတြင္ သခင္ၾကီး က်ိဳး နွင့္ သခင္မၾကီး က်ိဳး နွစ္ေယာက္စလံုးမွာ စိတ္၀င္တစား ၿဖစ္လာၾကသည္ ။

တခနအၾကာတြင္ က်ိဳး သခင္ၾကီးသည္ ရီ၀မ္၀မ္ကုိ ၾကည့္လာၿပီး သိလုိစိတ္ၿပင္းၿပကာ ေမးလာသည္ ။

"မိန္းကေလး ရီ က တရုတ္လူမ်ိဳးေပ့ါ ။
တရုတ္ၿပည္နဲ့ လြတ္လပ္ေသာနယ္ေၿမ ဆုိတာက အေ၀းၾကီးပဲ ။ ဒီေလာက္ ေ၀းတာကုိ မမႈဘဲ မိန္းကေလး ရီ မေရာက္ေရာက္ေအာင္  လာခဲ့တယ္ ဆုိေတာ့ ဒီကို သက္သက္လာစူးစမ္းရံုပဲလား"

ဟုိးအရင္ကဆုိလ်ွင္ လြတ္လပ္ေသာနယ္ေၿမ၏ တည္ရွိမႈအေၾကာင္းကုိ သိလာၾကသည့္ ခရီးသြားမ်ားသာ လြတ္လပ္ေသာနယ္ေၿမထဲ ခုိး၀င္လာခဲ့ၾကဖူး၏ ။ သုိ့ေသာ္ ထုိသူတုိ့မွာ ကံမေကာင္းရွာၾကေပ ။ လြတ္လပ္ေသာနယ္ေၿမ၏ တစိမ္းသူ လက္မခံၿခင္းမွာ ဟုိးဟုိးကတည္းက တင္းက်ပ္ခဲ့သည့္ စည္းကမ္းတစ္ခုသာ ၿဖစ္ေပသည္ ။

ရီ၀မ္၀မ္သည္ တခနေလာက္ စဥ္းစားၾကည့္လုိက္ၿပီး ၿပန္ေၿဖလုိက္သည္ ။

"အမွန္အတုိင္း ေၿပာရမယ္ဆုိရင္ လြတ္လပ္ေသာနယ္ေၿမကုိ လာစူးစမ္းၾကည့္တာ မဟုတ္ပါဘူး ။ လူတစ္ေယာက္ကုိ လာရွာတာပါ"

"လူလာရွာတာ…ဟုတ္လား"

ရီ၀မ္၀မ္၏ အေၿဖကို ၾကားလုိက္ၿပီး သခင္ၾကီးနွင့္သခင္မၾကီး နွစ္ေယာက္စလုံး အ့ံၿသသြားၾကသည္ ။

လြတ္လပ္ေသာနယ္ေၿမကုိ လူလာရွာၿခင္း ဆုိသည့္စကားမွာ
သူတုိ့ ပထမဆံုးၾကားဖူးသည့္ ၿပက္လံုးတစ္ခုပင္ ၿဖစ္ေပသည္ ။

"ဟုတ္သားပဲ"

ရီ၀မ္၀မ္သည္ စာရြက္တစ္ရြက္ေပၚတြင္ ဖုန္းနံပတ္ကို ခ်ေရးလုိက္ၿပီး သခင္ၾကီးနွင့္ သခင္မၾကီးဆီ ေလွ်ာက္သြားလုိက္သည္ ။ 

"တစ္ခုေလာက္ ေမးၾကည့္လုိ့ရမလား …ဒီဖုန္းနံပတ္က ဘယ္ေဒသက ဖုန္းလဲ ဆုိတာ ဦေလးတုိ ့မ်ား သိမလား"

ထိုဖုန္းနံပတ္သည္ စီရီဟန္၏ စာၾကည့္ခန္းထဲတြင္ ရွာေတြ ့လာခဲ့သည့္ နံပတ္ ။ ထုိနံပတ္ကို အမည္မရွိေသာနန္၏ ဖုန္းၿဖင့္ သူမ ေခၚၾကည့္ဖူးသည္ ။ သုိ့ေသာ္ တခနအၾကာတြင္ ထိုဖုန္းနံပတ္မွာ လုိင္းၿပတ္သြားၿပီး ဆက္သြယ္၍ မရနုိင္ပါ ၿဖစ္္သြားခဲ့၏ ။ 

"ဒါေလးမ်ား ဘာကိစၥမွ မရွိပါဘူး"

သခင္ၾကီး က်ိဳး သည္ ထိုစာရြက္ကုိ ယူလုိက္ၿပီး ၾကည့္ၾကည့္လုိက္သည္ ။ ထို ့ေနာက္တြင္ ေခါင္းတခါခါ ၿပဳလာ၏ ။

"မိန္းမ…မင္းေရာ သိလား"

သခင္ၾကီး က်ိဳး သည္ သူ ့မိန္းမကို ထိုစာရြက္ ကမ္းေပးလုိက္သည္ ။

"လြတ္လပ္ေသာနယ္ေၿမ ဖုန္းေတာ့ အမွန္ပဲ ။
ဘယ္ေဒသလဲေတာ့ မေၿပာတတ္ဘူး" သူမ ေၿပာသည္ ။

"ၾကည့္ၾကည့္ရေအာင္"

က်ိဳး၀ူသည္ ထရပ္လုိက္ၿပီး ထုိစာရြက္ကုိ ယူၾကည့္လုိက္သည္ ။

"ယြင္ ၿမိဳ ့ကနဲ့ တူတယ္ ၊ သိပ္ေတာ့ မေသခ်ာဘူး"

က်ိဳး၀ူသည္ မေသမခ်ာၿဖင့္ ေၿပာဆိုလာသည္ ။

"ယြင္ၿမိဳ့လား"

ရီ၀မ္၀မ္  အံ့ၿသသြား၏ ။ သူမသည္ သူမ အခု ေရာက္ေနသည့္ၿမိဳ့ကုိပင္ မသိသူ မဟုတ္ပါလား ။

က်ိဳး၀ူတုိ့ မိသားစုနွင့္ စကားစၿမည္ ေၿပာဆုိၿပီးေနာက္တြင္ လြတ္လပ္ေသာနယ္ေၿမ၏ ေၿမေနသဘာ၀အေၾကာင္း အေၿခခံသေဘာတရားကုိ နားလည္လာသည္ ။

အစဦးက လြတ္လပ္ေသာနယ္ေၿမသည္ ေဒသၾကီး ေၿခာက္ခုၿဖင့္ ဖြဲ ့စည္းထားသည္ ။
မ်ိဳးႏြယ္စုၾကီးေလးခုသည္ ေဒသၾကီးတစ္ခုကုိ ပုိင္စုိးထားၿပီး သုိင္းပညာအစည္းအရံုးသည္ ေဒသၾကီးနွစ္ခုကို ခ်ဳပ္ကုိင္ထားသည္ ။

သုိ့ေသာ္လည္း လြန္ခဲ့သည့္ နွစ္ ၃၀ ေလာက္တြင္ လြတ္လပ္ေသာနယ္ေၿမထဲ၌ ၿပည္တြင္းစစ္ပြဲၾကီး ၿဖစ္ပြားခဲ့သည္ ။ ထုိတြင္ ေဒသၾကီးေၿခာက္ခုသည္ ေပါင္းစည္းသြားၿပီး ေဒသၾကီးတစ္ခုထဲ ၿဖစ္လာကာ ယြင္ၿမိဳ့ဟူ၍ နာမည္ေခၚတြင္ လာခဲ့သည္ ။ ထုိၿမိဳ့၏ ပုိင္ဆုိင္ၾကြယ္၀မႈမွာ တရုတ္ၿပည္က အင္ပါရီယာၿမိဳ့ေတာ္နွင့္ အလားသ႑ာန္ တူညီသည္ ။
ထုိယြင္ၿမိဳ့သည္ လြတ္လပ္ေသာနယ္ေၿမ၏ အေရးအပါဆံုး
အဓိက ၿမိဳ့ေတာ္ၾကီးတစ္ၿမိဳ့ ၿဖစ္ေပသည္ ။

အခုလက္ရွိတြင္ ရီ၀မ္၀မ္ ေရာက္ေနသည့္ေနရာသည္
ယြင္ ၿမိဳ့ေတာ္၏ ၿမိဳ့စြန္ၿမိဳ့ဖ်ား ၿဖစ္၏ ။

ယြင္ၿမိဳ့သည္ ၿမိဳ့တစ္ၿမိဳ့ ဆုိေသာ္လည္း အဓိကေဒသၾကီးေၿခာက္ခုနွင့္ ဖြဲ ့စည္းထားေသာေၾကာင့္ တရုတ္ၿပည္၏ အင္ပါရီယာၿမိဳ့ေတာ္ထက္ အဆေပါင္းမ်ားစြာ ၾကီးမားက်ယ္၀န္းလွသည္ ။ မ်ိဳးႏြယ္စုၾကီး ေလးစု၏ ရံုးခ်ဳပ္မ်ား ၊ သုိင္းပညာအစည္းအရံုး ၊ ေၾကးစားေက်ာင္းေတာ္ၾကီး သံုးေက်ာင္း နွင့္ တၿခားေသာ အထင္ကရ ဂုိဏ္းၾကီးမ်ားအားလံုးသည္ ယြင္ၿမိဳ့ေတာ္ထဲတြင္ စုၿပံဳေနၾကသည္ ။

ဥပမာအားၿဖင့္ က်ိဳး မိသားစုသည္ ဂုဏ္သေရရွိေကာင္း ရွိေပမည္ ။ သုိ့ေသာ္ ယြင္ၿမိ့ဳေတာ္ကုိ ေရာက္သြားမည္ ဆုိပါက သူတုိ့၏ဂုဏ္သတင္းမွာ သမုဒၵရာထဲ က်သြားသည့္ သဲတစ္မႈန္စာသာ ၿဖစ္သြားေပမည္ ။

ယြင္ၿမိဳ့ေတာ္တြင္ အေၿခခ်နုိင္ဖုိ့ရာမွာ သာမန္မိသားစုၾကီးမ်ားအတြက္ ေကာင္းကင္ေပၚ တက္လွမ္းရသေလာက္ကုိ ခက္ခဲေပသည္ ။ 

………………………………………………………

စာစဥ္ ၅၁၊ အခန္း ၁၇ ။  မ်ိဳးႏြယ္စုၾကီး ေလးစု 

က်ိဳး၀ူတို့ ေၿပာလာသည္တြင္ ၾကားလုိက္ၿပီးေနာက္တြင္ လြတ္လပ္ေသာနယ္ေၿမ၏ ယြင္ၿမိဳ့ေတာ္အေၾကာင္း
ရီ၀မ္၀မ္ ရိပ္ဖမ္းတန္းမိသြားေခ်ၿပီ ။

“မ်ိဳးႏြယ္စုၾကီးေလးစု” ရီ၀မ္၀မ္က ခပ္မဆိပ္ေလး ေရရြတ္လာသည္ ။

“ဟဲဟဲ…လြတ္လပ္ေသာနယ္ေၿမရဲ့ မ်ိဳးႏြယ္စုၾကီးေလးစု ဆုိတာက တကယ့္ဒိတ္ဒိတ္ၾကဲ လူကံုထံမိသားစုၾကီးေတြေပါ့ကြာ ။
နန္ မိသားစုက ေၾကးစားေတြကို ကြပ္ကဲတယ္၊
ဂ်ိ မိသားစုက ေၿမေအာက္ဒုစရုိက္ေလာက ၾကီးကုိ အုပ္စိုးတယ္ ၊ ရွန္း မိသားစုက သုိင္းပညာမွာ ဘာမွေၿပာေလာက္ေအာင္ မဟုတ္ေပမယ့္ ခ်မ္းသာတဲ့ေနရာမွာေတ့ာ သူ ့ကို ၿပိဳင္နုိင္တဲ့သူ တစ္ေယာက္မွ မရွိဘူး ။ လင္း မိသားစုကေတာ့ နဲနဲ သာမန္ က်တယ္၊ သူတုိ့က အရမ္းၾကီး ထူးခ်ြန္ေနတဲ့ေနရာရယ္လုိ့ မရွိဘူး” 

က်ိဳး၀ူက ခပ္မဆိတ္ ရယ္ေမာကာ ရွင္းၿပလာသည္ ။

“ဟုတ္သားပဲ ၊ ဒါနဲ့ နန္ မိသားစုထဲမွာ အမည္မရွိေသာနန္ လုိ့ ေခၚတဲ့သူမ်ား ရွိလား” ရီ၀မ္၀မ္သည္ က်ိဳး၀ူကုိ ၾကည့္ၿပီး ထပ္ေမးၾကည့္လုိက္ သည္ ။

“အမည္မရွိေသာနန္လား” က်ိဳး၀ူသည္ ေခါင္းယမ္းၿပလာသည္ ။

“က်ြန္ေတာ္တုိ့ က်ိဳး မိသားစုက ယြမ္ ၿမိဳ့ေတာ္ဘက္ကုိ သိပ္မေရာက္ၿဖစ္ဘူးဗ် ။ မ်ိဳးႏြယ္စုၾကီးေလးစု အေၾကာင္းကုိ အၿပင္လူေတြ သိပ္မသိၾကဘူး ။ အဲ့ဒီ နန္ မိသားစု၀င္မွာက မိသားစုေတြ အမ်ားၾကီးပဲ ။ ေသြးသားအရင္းအခ်ာေတြ၊ အေဆြေတြအမ်ိဳးေတြနဲ့ နန္ မိသားစုထဲမွာ မိသားစုဘယ္နွေယာက္ရွိမလဲ ဘုရားပဲ သိမယ္ ။ က်ြန္ေတာ္တုိ့ေတာ့ နန္ မိသားစုရဲ့ အၾကီးအကဲနာမည္ကုိ ေတာင္မွ မသိပါဘူးဗ်ာ”

က်ိဳး မိသားစုကုိကား လြတ္လပ္ေသာနယ္ေၿမထဲက ပမႊားၿဖစ္ေသာ မိသားစုေလးတစ္စုဟု သတ္မွတ္၍ ရနုိင္ေပသည္ ။ နန္ မိသားစုလုိ ဟုိးထိပ္တန္းတြင္ ရွိေနသည့္ မိသားစုၾကီးတစ္စုမွာ က်ိဳး မိသားစု ဘယ္ေတာ့မွ လုိက္မမွီနုိင္သည့္ မိသားစုၾကီးသာ ၿဖစ္ေပသည္ ။

“အအ…”

သူတုိ့ စကားေၿပာဆုိေနၾကစဥ္ ညအိပ္၀တ္စံုေလးၿဖင့္ ခ်စ္စဖြယ္ေကာင္းေသာ ေကာင္ေလးတစ္ေယာက္သည္ ဧည့္ခန္းထဲသုိ့ ၀င္လာကာ က်ိဳး၀ူ၏ေပါင္ေပၚ တက္ထိုင္ေလသည္ ။

“ရွင့္ရ့ဲသားလား” ရီ၀မ္၀မ္သည္ မခုိ ့တရုိ့ရယ္မိရင္း က်ိဳး၀ူကုိ ၾကည့္ကာ ေမးလုိက္သည္ ။

က်ိဳး၀ူသည္ ခ်က္ခ်င္းပင္ ေခါင္းအယမ္းၾကီး ယမ္းလာသည္ ။

“က်ြန္ေတာ့္သား မဟုတ္ရပါဘူးဗ်ာ ။ သူ ့မိဘေတြာ ေလလြင့္ခရီးသည္ ေတြေလ ။ လြန္ခဲ့တဲ့သံုးနွစ္က ဒီလြတ္လပ္ေသာနယ္ေၿမကို ေရာက္လာခဲ့ၿပီး ေသသြားၾကတာေပါ့ ။ အဲ့ဒီတုန္းက က်ြန္ေတာ္လည္း ဘာရယ္ညာရယ္မဟုတ္ဘဲ ဒီကေလးကို ေကာက္ေမြးစားလုိက္မိတယ္ ဆုိပါေတာ့”

က်ိဳး၀ူ ရွင္းၿပလုိက္သည့္စကားေၾကာင့္ ရီ၀မ္၀မ္ တဒဂၤေလာက္ အံ့အားသင့္သြား၏ ။ က်ိဳး၀ူသည္ အေတာ္ေလး စိတ္ထားေကာင္းသည္ ဟု ဆုိရေပမည္ ။ က်ိဳး၀ူ တင္သာမကဘဲ က်ိဳး တစ္မိသားစုလံုးကပါ အေတာ္ေလး ေဖာ္ေရြပ်ဴငွာၾကေပသည္ ။ 

“သားရဲ့နာမည္က ဘယ္လုိေခၚလဲ”
ရီ၀မ္၀မ္သည္ ထုိကေလးကုိ ၿပံဳးကာ ေမးလုိက္သည္ ။

ထိုတြင္ ထုိေကာင္ငယ္ေလးသည္ မ်က္လံုးၿပဴးက်ယ္စြာၿဖင့္
ရီ၀မ္၀မ္ကုိ စုိက္ၾကည့္ေနသည္ ။ ထို ့ေနာက္တြင္
ရီ၀မ္၀မ္ေရွ့ လက္ဆန္ ့တန္းလာကာ ခ်ီခုိင္းေတာ့ေလသည္ ။

ထိုကေလးေလးကုိ ၿမင္လုိက္မိခ်ိန္တြင္ ရီ၀မ္၀မ္၏ရင္ထဲ တန္တန္ကို အမွတ္မရဘဲ မေနနိုင္ပါေခ် ။ သုိ ့နွင့္ သူမ၏ရင္ထဲတြင္လည္း ထိုကေလးေလးကုိ အလိုလို ရင္းနွီးသေယာင္ေယာင္ ၿဖစ္လာ၏ ။

ခ်က္ခ်င္းပင္ ရီ၀မ္၀မ္သည္ ထိုကေလးကုိ ေပြ ့ခ်ီပစ္ လုိက္သည္ ။

“မိန္းကေလး ရီ…ဒီကေလးရဲ့နာမည္က ခ်ိဳးခ်ိဳးတဲ့ ။ လြတ္လပ္ေသာနယ္ေၿမမွာ သူ ့မိဘေတြ ေသသြားေတာ့ အရမ္းလန့္သြားတယ္နဲ့တူပါတယ္၊ အဲ့ဒီကတည္းက စကားမေၿပာနုိင္ေတာ့ဘူး”

ရီ၀မ္၀မ္သည္ ထိုေကာင္ေလးကုိ ၾကည့္ၿပီး အေတြးၾကီး ေတြးမိသြားသည္ ။

သူသည္ ငယ္ရြယ္ေသး၏ ။ သိ့ုေသာ္ သူ ့မိဘမ်ားသည္
သူ ့မ်က္စိေရွ့တြင္ အေသဆုိးၿဖင့္ ေသသြားၾကသည္ကို ၿမင္လုိက္ရေလရာ သူလည္း စိတ္ေ၀ဒနာ အၾကီးၾကီး ခံစားသြားရမည္သာ ။

ထိုအခ်ိန္က ထိုကေလးတြင္ ၿဖစ္သြားမည့္ စိတ္ခံစားခ်က္တုိ့ကို စဥ္းပင္ မစဥ္းၾကည့္နုိင္ေပ ။

သုိ့နွင့္ ရီ၀မ္၀မ္သည္ ထိုေကာင္ေလး၏ေခါင္းကုိ အသာထိေပး လုိက္သည္ ။
ခ်ိဳးခ်ိဳးသည္ ဘာပဲၿဖစ္ပါေစ၊ ရီ၀မ္၀မ္ကို လႊတ္ေပးမည့္ဟန္ မရွိေတာ့ ။

“မိန္းကေလး ရီ ၊ ၾကည့္ရတာ ခ်ိဳးခ်ိဳးက မိန္းကေလးကို တကယ္ ခင္တြယ္ေနတဲ့ပံုပဲ ။ ဒီကေလးက သူစိမ္းေတြဆုိ သိပ္ေၾကာက္တတ္ တာ”
က်ိဳး၀ူသည္ ၿပံဳးစစၿဖင့္ ရွင္းၿပလုိက္သည္ ။

ရီ၀မ္၀မ္သည္ ထုိသည္ကုိ ၾကားလုိက္ၿပီး ၿပံဳးမိသြားသည္ ။
ၾကည့္ရတာ ငါနဲ့ကေလးေတြ ကံပါသလုိပဲ ။

က်ိဳး မိသားစုနွင့္ စကားစၿမည္ေၿပာဆုိၿပီးေနာက္တြင္ ရီ၀မ္၀မ္ နံုးလာသလိုလုိ ၿဖစ္လာသည္ ။ ထုိတြင္ သခင္မၾကီး က်ိဳး သည္ ရီ၀မ္၀မ္ အနားယူဖုိ့ရာအတြက္ ဧည့္သည္ခန္းကို ကိုယ္တုိင္ၿပင္ေပးကာ သူမကို အခန္းထဲ ေခၚသြားေပးသည္ ။

သုိ့ေသာ္လည္း ခ်ိဳးခ်ိဳးသည္ ရီ၀မ္၀မ္ေနာက္ကေန
ထက္ၿကပ္မကြာ လုိက္ပါေနၿပီး ရီ၀မ္၀မ္ကုိ မလႊတ္ေသာေၾကာင့္ ရီ၀မ္၀မ္လည္း သူ ့ကိုပါ တစ္ခါတည္း ေခၚသြားရ၏ ။

ညဥ့္နက္ခ်ိန္တြင္ ၊ ရီ၀မ္၀မ္သည္ ကေလးကို ရင္ခြင္ထဲ ပုိက္ထားၿပီး နွစ္နွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်သြားသည္ ။
ဤညသည္ကား လြတ္လပ္ေသာနယ္ေၿမတြင္ ကုန္ဆံုးရသည့္ ပထမဦးဆံုးေသာ ညပင္တည္း။

အခ်ိန္သည္ တေရြ ့ေရြ ့ကုန္ဆံုုးလာေခ်ၿပီ ။
မ်က္ေတာင္တစ္မွိတ္ေလး အတြင္းမွာပင္
က်ိဳး အိမ္ေတာ္တြင္ ရီ၀မ္၀မ္ တည္းလာသည္မွာ ေလးရက္တုိင္ခဲ့ေလၿပီ။

ထိုေလးရက္အတြင္း ရီ၀မ္၀မ္သည္ က်ိဳး၀ူ နွင့္ သခင္မၾကီး က်ိဳး ကုိ လြတ္လပ္ေသာနယ္ေၿမ၏ ယဥ္ေက်းမႈ နွင့္ ဓေလ့ထံုးတမ္းမ်ားအေၾကာင္း ေမးကာ သိနုိင္သမ်ွ အကုန္သိေအာင္ လုပ္ထားသည္ ။ သူမသည္
ထို က်ိဳး အိမ္ေတာ္တြင္ ထာ၀ရေနနုိင္မည္ မဟုတ္သလုိ အခ်ိန္တန္ရင္ ထြက္ခြာရမည္သာ ၿဖစ္၏ ။ ထုိ ့ေၾကာင့္ လြတ္လပ္ေသာနယ္ေၿမအေၾကာင္း သူမ မ်ားမ်ား သိထားေလ ၊ သူမအတြက္ အက်ိဳးပုိမ်ားေလပင္ ။

…………………………………………………….

စာစဥ္ ၅၁၊ အခန္း ၁၈ ။  ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းနွင့္ ထပ္ေတြ ့ ့ၿပီ

လြပ္လပ္ေသာနယ္ေၿမနွင့္ ပတ္သက္သည့္ ေမးခြန္းမ်ား ေမးခ်ိန္မွ လြဲၿပီး ရီ၀မ္၀မ္သည္ ခ်ိဳးခ်ိဳးနွင့္သာ အခ်ိန္ကုန္ဆံုးေလ့ရွိသည္ ။ အတူစားသည္၊ အတူအိပ္သည္ ။

ရီ၀မ္၀မ္သည္ ထိုကေလးေလးကုိ သနားခ်စ္ၿဖင့္ အမွန္တကယ္ ခင္တြယ္မိေနေသာေၾကာင့္ သူတုိ့နွစ္ေယာက္၏ ဆက္ဆံေရးမွာ အေတာ္ေလး ေကာင္းၾကေပသည္ ။

ေနေနစဥ္အေတာအတြင္းတြင္ ရီ၀မ္၀မ္သည္ က်ိဳး မိသားစု၀င္ ေတာ္ေတာ္မ်ားမ်ားနွင့္ ခင္မင္ရင္းနွီးခဲ့ၿပီး လြတ္လပ္ေသာနယ္ေၿမ အေၾကာင္း ေကာလဟလတုိ ့ကို သူတုိ့ဆီကေန ၾကားခဲ့ရသည္ ။ 

သူမသည္ က်ိဳး မိသားစု၏ အေသးအဖြဲကိစၥမ်ားတြင္ တာ၀န္ယူရသူပါ ၿဖစ္လာသည္ ။ စားစရာပစၥည္းမ်ား ထြက္၀ယ္ေပးသည္ ၊ က်ိဳး မိသားစု ေမြးထားသည့္ ေခြးကုိ ေခၚကာ လမ္းေလွ်ာက္ထြက္ေပးသည္ ၊ တၿခားေသာ ကိစၥေလးမ်ား လုိက္လုပ္ေပးသည္ ။ သူမသည္
က်ိဳး မိသားစုအား အေခ်ာင္ကပ္ၿပီး အလကားမေနလိုပါေခ် ။ တစ္ခုေတာ့ ရွိသည္ ၊ ထိုပစၥည္းမ်ားထြက္၀ယ္ၿခင္း အတြက္မူေတာ့ သူမသည္ သခင္မၾကီး က်ိဳး ဆီကေန ပုိက္ဆံေတာင္းၿပီး ထြက္၀ယ္ရၿခင္း ၿဖစ္ပါ၏ ။

လြတ္လပ္ေသာနယ္ေၿမသည္ အေတာ္ေလး ေခတ္ေနာက္က်ၿပီး သူမ်ားနုိင္ငံမ်ားနွင့္ယွဥ္လ်ွင္ ဟုိးေနာက္တြင္ က်န္ေနေလာက္သည္ဟု ရီ၀မ္၀မ္ အစက ထင္ထားခဲ့မိ၏ ။ သူတုိ့ထံတြင္ အဆင့္ၿမင့္သည္မွာ သိုင္းပညာတစ္ခုသာ ရွိသည္ဟု သူမ ထင္ထားခဲ့သည္ ။ သုိ့ေသာ္ ၊ လြတ္လပ္ေသာနယ္ေၿမတြင္ ရက္ပုိင္းေလာက္ ေနလာၿပီးသည္တြင္ သူမ တက္တက္စင္ေအာင္ လြဲေနမွန္း နားလည္သေဘာေပါက္လာခဲ့ရသည္။

လြတ္လပ္ေသာနယ္ေၿမတြင္ ခ်ိဳ ့ယြင္းေနသည္မွာ အနုပညာပိုင္းသာ ရွိ၏ ။ သရုပ္ေဆာင္ၿခင္းတုိ့မွာ လြတ္လပ္ေသာနယ္ေၿမတြင္ ေခတ္မထ သလို အုိင္ေဒါဆုိသည့္ အေတြးအၿမင္တုိ့လည္း ထိုေနရာတြင္ ရွိမေနေပ ။

လြတ္လပ္ေသာနယ္ေၿမထဲတြင္ အေလးစားခံရဆံုးသူမ်ားမွာ သုိင္းပညာရွင္မ်ား ၿဖစ္ၾကသည္ ။
သုိင္းအရမ္း က်ြမ္းေလေလ ၊ လူအေလးစား ပုိခံရေလ ၿဖစ္သည္ ။ သုိင္းမက်ြမ္းပါက အလကားသာ ၿဖစ္၏ ။

တရုတ္ၿပည္တြင္မူ သူမ၏ သုိင္းပညာအစြမ္းသည္ အလြန္အမင္း ဒိတ္ဒိတ္ၾကဲေနၿပီဟု ရီ၀မ္၀မ္ ထင္ထားမိခဲ့၏ ။ သုိ့ေသာ္ ၊ ဤလြတ္လပ္ေသာနယ္ေၿမတြင္မူ သူမ၏သုိင္းပညာမွာ အေတာ္ေလး နုံခ်ာေနလြန္းေလသည္ ။

လမ္းေပၚက ၿဖတ္သြားၿဖတ္လာတစ္ေယာက္သည္ပင္
သူမထက္ အမ်ားၾကီး ပိုေတာ္ေနလိမ့္ေပမည္ ။
သူမ ကံပါမေကာင္းလ်ွင္ ၿပန္ပင္မတုိက္လုိက္ရဘဲ
သူမသာ ေသေအာင္ ထုရုိက္ကန္ေၾကာက္ခံရနုိင္ေလာက္သည္ ။

ေနာက္တစ္ေန ့မနက္ခင္းတြင္ ရီ၀မ္၀မ္သည္ ခ်ိဳးခ်ဳိးကုိ လက္ဆြဲကာ က်ိဳး မိသားစု ကေန ထြက္ၿပီး ဟင္းသီးဟင္းရြက္မ်ား ၊ အေၿခာက္အၿခမ္းမ်ား ထြက္၀ယ္သည္ ။

သခင္မၾကီး က်ိဳး သည္ သူမ ေပးလုိက္သည့္ ေငြမ်ားၿဖင့္ ရီ၀မ္၀မ္ ထြက္ေၿပးလိမ့္မည္ဆုိသည့္ အေတြးပင္ မ၀င္ကာ ယံုၾကည္မႈမ်ားစြာ ထားထားေပသည္ ။

လြတ္လပ္ေသာနယ္ေၿမ၏ေငြေၾကးမွာ တရုတ္ၿပည္လုိပင္ ကမ႓ာသံုး ေငြေၾကးစနစ္ပင္ ၿဖစ္သည္။ သူမ စိတ္ကူးထားခဲ့သည့္ မဖြံ့ၿဖိဳးေသးေသာ နုိင္ငံတစ္နုိင္ငံ၏ ေငြေၾကးစနစ္ မဟုတ္ေနပါေခ် ။

လြန္ခဲ့သည့္ရက္ပုိင္းတြင္ သိုင္းပညာအစည္းအရံုး၏ လႈပ္ရွားမႈမွာ ၿငိမ္က်သြားသည္ ။ ထုိ ့ေၾကာင့္ အကယ္၍ ၀င္ခြင့္မရွိေနသည့္ ရီ၀မ္၀မ္ကို ဖမ္းမိသြားမည္ ဆုိလ်ွင္ပင္ က်ိဳး မိသားစု သည္ သူမကုိယ္စား ၀င္ကာေပးနုိင္ေလၿပီ ၿဖစ္သည္ ။

“အအ…”

ခ်ိဳးခ်ိဳးသည္ ရီ၀မ္၀မ္၏နဖူးစပ္က ေခ်ြးတုိ့ကို ၿမင္ၿပီး လွမ္းသုတ္ေပးလာသည္ ။

“ခ်ိဳးခ်ိဳးေလးက လိမ္မာလုိက္တာ”
ရီ၀မ္၀မ္သည္ ခ်ိဳးခ်ိဳးကို ခ်ီးက်ဴးစကားဆုိလုိက္သည္ ။

ထုိတြင္ ခ်ိဳးခ်ိဳးသည္ ရွက္ေသြးၿဖာသြားၿပီး နီၿမန္းေနသည့္ အၿပံဳးၿဖင့္ ရီ၀မ္၀မ္ကုိ ေမာ့ၾကည့္လာသည္ ။

ရီ၀မ္၀မ္ ဆက္မေၿပာရေသးခင္ သူတုိ့အေရွ့ဆီကေန က်ြတ္က်ြတ္ညံေနသည့္ စကားသံတုိ့ ထြက္လာသည္ ။ လမ္းသြားလမ္းလာအားလံုးမွာ သုတ္တီးသုတ္ၿပာၿဖင့္ တူညီသည့္ေနရာတစ္ခုဆီ ေၿပးသြားကုန္ၾကသည္ ။

ရီ၀မ္၀မ္သည္ ထုိကပ်ာကယာသြားေနၾကသည့္ လူအုပ္ၾကီးကို ၾကည့္ရင္း သိခ်င္စိတ္ တဖြားဖြား ၿဖစ္လာရ၏ ။

“လီ မိသားစုကေတာ့ တကယ္ကုိ ကံဆုိးတာပဲ”

“ေအးဟာ…ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္း ေရာက္လာၿပီ ။
လီ မိသားစုက ဒီေန ့ သူတုိ့ အၿပတ္ရွင္းရမယ့္ မိသားစုနွစ္ခုထဲက တစ္ခုလုိ့ ေၿပာတယ္”

“လီ မိသားစုၿပီးရင္ေရာ ဘယ္မိသားစုလဲ”

“အဲ့ဒါေတာ့ ငါလည္း မသိဘူး”

ၿဖတ္သြားၿဖတ္လာတုိ့၏ ထုိစကားသံကို ၾကားလုိကု္ခ်ိန္ ရီ၀မ္၀မ္ မ်က္နွာပ်က္သြား၏ ။ သုိ့နွင့္ ခ်ိဳးခ်ိဳးကုိ ေခၚကာ ထိုသုတ္တီးသုတ္ၿပာ သြားေနၾကသည့္ လူအုပ္ၾကီးေနာက္ကေန သူမ လုိက္ေတာ့သည္ ။

၁၅ မိနစ္အၾကာ ၊ ၿခံ၀န္းတစ္ခုေရွ့ကို အေရာက္တြင္ သူမ တန္ ့ခနဲ ရပ္မိသြားသည္ ။ ဘယ္ဘက္လက္သည္ ခ်ိဳးခ်ိဳးကုိ ဆြဲထားၿပီး ညာဘက္လက္သည္ ဟင္းသီးဟင္းရြက္မ်ား၊ အသားငါးမ်ားကုိ ကုိင္ထားသည္ ။

သူတုိ့အေရွ့တြင္မူ အလြန္တရာ ေအးစက္သည့္ မ်က္နွာထား မ်ားၿဖင့္ အနက္ေရာင္၀တ္ ေယာက်ာ္း တစ္ဒါဇင္ ရွိေနသည္ ။ သူတုိ့၏ေက်ာဘက္တြင္ “ေၾကာက္ရြံ့ၿခင္းကင္းေသာ” ဟူသည့္ စာတန္းၾကီး ေရးထိုးထားေလသည္ ။

ေခါင္းေဆာင္ၿဖစ္သူသည္ အသက္ ၁၅ နွစ္ ၁၆ နွစ္ ၀န္းက်င္သာ ၿဖစ္ဟန္တူသည္ ။
ထုိသူသည္ ငယ္ရြယ္လင့္ကစား ထုိလူအုပ္ၾကီ၏ေခါင္းေဆာင္ပင္ ၿဖစ္ေနေလၿပီ ။

“ေသစမ္း…ၾကယ္ ခုနစ္…အဲ့ဒီေကာင္ေလးက ၾကယ္ ခုနစ္ ဟ”

လူတစ္ေယာက္သည္ ထုိပိန္ပါးသည့္လူငယ္ေလးကို ၿမင္လုိက္ၿပီး ခ်က္ခ်င္း မ်က္စိပ်က္မ်က္နွာပ်က္ ၿဖစ္သြားသည္ ။

………………………………………………………

စာစဥ္ ၅၁၊ အခန္း ၁၉ ။  တစ္ေယာက္မွ အရွင္မထားနဲ့ 

"ေၾကာက္ရြံ့ၿခင္းကင္းေသာ ဂုိဏ္းရဲ့ ကိုၾကီး ဗုိလ္ လက္ေအာက္က SS အဆင့္ ေၾကးစား ၊ ၾကယ္ ခုနစ္ လား"

ေနရာတစ္ခုလံုး အုတ္ေအာ္ေသာင္းနင္း ၿဖစ္သြားသည္ ။

ေလတစ္ခ်က္တုိက္ရံုနွင့္ပင္ ပါသြားနုိင္သည့္ ထိုပိန္ပိန္းပါးပါး လူငယ္ေလးသည္ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္း၏ အၾကမ္းဆံုး ဖိုက္တာသမားေတြထဲက တစ္ေယာက္ ၿဖစ္ေနသည္တဲ့လား ။

"ဒါက လီ မိသားစု ပဲ"

တခနအၾကာတြင္ ထိုလူငယ္ေလးသည္ ေခ်ာင္းအသာ ဟမ့္လုိက္ၿပီး သူ ့နံေဘးက အဘုိးၾကီးကုိ မ်က္နွာရိပ္ၿပလုိက္သည္ ။

"ေကာင္းၿပီ"

အနက္ေရာင္၀တ္စံုနွ့င္ ထိုအဘုိးၾကီးသည္ ၿဖည္းၿဖည္းခ်င္း
ထေၿပာလာသည္ ။
"ငါတုိ့ရဲ့ ဒီေန့မစ္ရွင္က ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းက ေပးထားတဲ့ ခုနစ္စဥ္ခုနစ္ဆက္သတ္မိန့္အတုိင္း အထက္တန္းလႊာမိသားစုနွစ္စုကုိ အၿပတ္ရွင္းဖို့ ၿဖစ္တယ္ ။ ဒီ လီ မိသားစုက တစ္ခုအပါအ၀င္ပဲ"

သူ စကားေၿပာၿပီးသြားသည့္အခုိက္တြင္ လီ မိသားစု၏ ၿခံ၀န္းထဲကေန လူတစ္ဒါဇင္ေလာက္ ေၿပးထြက္လာၾကသည္ ။ 

လီ မိသားစု၏ အၾကီးအကဲသခင္ၾကီးက အေရွ့ကေန ဦးေဆာင္ကာ လာေနၿခင္း ၿဖစ္သည္ ။ ထိုအၾကီးအကဲ၏နဖူးထက္တြင္ ေသြးေၾကာတုိ့ ထိုးေထာင္ေနသည္ ။ သူသည္ စိတ္ဆုိးမာန္ဆုိးၿဖင့္ ေဒါသတၾကီး ဟစ္ေအာ္လာသည္ ။

"ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းက လူေတြကုိ ဗိုလ္မက်လြန္းဘူးလား ။ က်ဳပ္ရဲ့ လီ မိသားစုမွာ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းနဲ့ ဘာရန္ၿငိွဳးရန္စမွ မရွိပါဘူး ။ က်ဳပ္တုိ့ကို ဘာေၾကာင့္ ခုနစ္စဥ္ခုနစ္ဆက္သတ္မိန့္ ေပးရတာလဲ ၊ က်ဳပ္တစ္မိသားစုလံုးကုိ ဘာလုိ့ အၿပတ္ရွင္းခ်င္ရတာလဲ"

"ဘာရန္ၿငိွဳးရန္စမွ မရွိဘူး…ဟုတ္လား"

လူငယ္ေလး ၊ ၾကယ္ ခုနစ္ က တီးတိုးေရရြတ္လာသည္ ။
သူ၏မ်က္၀န္း ဟုိးေအာက္ေၿခတြင္ တဒဂၤေလး ေအးစက္သြားၿပီးေနာက္ ထိုေအးစက္မႈတုိ့ ေပ်ာက္ကြယ္သြားသည္ ။

"လီ မိသားစုက က်ြန္ေတာ့္ရဲ့ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းအေပၚမွာ ပါးစပ္သရမ္းထားတယ္ ၊ ဒီေတာ့ ေခ်မႈန္းခံသင့္တာေပါ့"

ၾကယ္ ခုနစ္ သည္ ေၿဖးညင္းစြာၿဖင့္ ေၿပာဆိုလာသည္ ။
သူ၏အသံမွာ ရန္လုိၿခင္းမရွိဘဲ ႏူးညံ့ညင္သာလွေပသည္ ။

"အဟက္…မင္းတုိ့ရဲ့ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းက မေကာင္းတာ ေတြ အကုန္လုပ္ထားတာ ။ မင္းတုိ့ရဲ့ ဘယ္လုပ္ရပ္ကမ်ား မရက္စက္ မယုတ္မာတာ ရွိဖူးလုိ့လဲ" ဟု လီ အၾကီးအကဲက ေဒါသတၾကီး ေၿပာလာသည္ ။

"ၾကယ္ ခုနစ္ ၊ လီ မိသားစုက အခုထိကို ေသမင္း တံခါး၀ကုိ ေရာက္ေနတာကုိ မသိေသးဘူး ။ မရယ္ရဘူးလား"

ထုိအဘိုးၾကီးသည္ လီ အၾကီးအကဲကို ၿပက္ရယ္ၿပဳကာ မေထ့တေထ့ ေၿပာဆုိလာသည္ ။

"သတ္"

ၾကယ္ ခုနစ္ သည္ ေအးစက္စြာ အမိန့္ေပးလုိက္သည္ ။

"ေၾကာက္ရြံ့ၿခင္းကင္းေသာ !"

"ေၾကာက္ရြံ့ၿခင္းကင္းေသာ !"

"ေၾကာက္ရြံ့ၿခင္းကင္းေသာ !"

ၾကယ္ ခုနစ္ အမိန့္ေပးလုိက္သည္တြင္ ေၾကာက္ရြံ့ၿခင္းကင္းေသာ ဂိုဏ္းသားမ်ားသည္ ရူးသြပ္ေနသည့္၊ ေဒါသတရွဴးရွဴးၿဖစ္ေနသည့္ ၿခေသၤ့ၾကီးမ်ားနွယ္ လီ မိသားစု၀င္မ်ားဆီ ေၿပးတက္သြားၾကသည္ ။

တခနတြင္းခ်င္းပင္ လီ မိသားစု ေၿမတလင္းတြင္ ေသြးခ်င္္းခ်င္း ရဲကုန္၏ ။ လီ မိသားစုဘက္က လူမွာ တစ္ဒါဇင္ၿဖစ္သလို ေၾကာက္ရြံ့ၿခင္းကင္းေသာ ဂုိဏ္း ဘက္ တြင္လည္း တစ္ဒါဇင္သာ ေရာက္လာၾကၿခင္း ၿဖစ္သည္ ။
သုိ့တုိင္ ထိုဂုိဏ္းသားမ်ားသည္ လီ မိသားစု၏ သုိင္းပညာရွင္ တစ္ဒါဇင္ အေပၚတြင္ အေၾကာက္အလန့္ကင္းၾကသည္ ။ မ်က္ေတာင္တစ္ခတ္စာအခ်ိန္ အတြင္း လီ မိသားစု တစ္၀က္ေက်ာ္မွာ ေသသူေသ၊ ဒဏ္ရာရသူရ ၿဖစ္ကုန္ၾကသည္ ။

"ေကာင္ေလး…မင္းက ငယ္ငယ္ေလးပဲ ရွိေသးတယ္၊ ဒီေလာက္ေတာင္ ရက္စက္လွခ်ည္္လား ။
မင္း အေသဆုိးနဲ့ ေသသင့္တယ္"

တမုဟုတ္ခ်င္းပင္ ထို လီ အၾကီးအကဲသည္ ေလထဲ လႊားကနဲ ခုန္လႊားကာ ၾကယ္ ခုနစ္ ေရွ့ကို ေရာက္လာၿပီး နားထင္ေနရာဆီ လက္သီးတစ္လံုး ပစ္သြင္းလုိက္သည္ ။

သုိ့ေသာ္လည္း ၾကယ္ ခုနစ္ သည္ လွစ္ခနဲပင္ ေနရာမွ ေပ်ာက္သြား၏ ။

"ၿမန္လုိက္တာ"

ထုိသည္ကုိ ၾကည့္ေနရင္း ရီ၀မ္၀မ္၏ရင္ထဲ အရုိင္းဆန္စြာ ခုန္ေပါက္ေန မိသည္ ။ ၾကယ္ ခုနစ္ သည္ အလြန္အမင္း ၿမန္ဆန္လြန္းလွသည္ ။
သူမ ၿပဴးၿပဲစုိက္ၾကည့္ေနရက္နွင့္ပင္ ထိုသူ၏ လႈပ္ရွားမႈကို လုိက္ဖမ္း မမွီလုိက္ပါေခ် ။

"က်ြန္ေတာ့္ကို ရွာေနတာလား"

ၾကယ္ ခုနစ္၏ အသံ ပဲ့တင္ထြက္လာသည္ ။

လီ အၾကီးအကဲခမ်ာ ဘာမွပင္ မလုပ္လုိက္နုိင္ေပ ။ ေတာင္ၾကီးတစ္ေတာင္သည္ သူ၏ေခါင္းထက္ကို နင္းေၿခလာသည္ကုိ ခံစားလုိက္မိ၏ ။

ေဖာင္း

ၾကယ္ ခုနစ္သည္ ထိုအၾကီးအကဲ လီ ေခါင္းကို တက္နင္းထားသည္ကုိ လူတုိင္း ၿမင္လုိက္ၾကသည္ ။

ထိုလူငယ္ေလးသည္ လက္နွစ္ဖက္ကုိ ေနာက္ပစ္ၿပီး က်က္သေရရွိစြာ၊ လြတ္လပ္ေပါ့ပါးစြာ တက္နင္းထားသည္ ။
သူ၏မ်က္နွာထားသည္ ေရခဲတမ်ွ ေအးစက္ၿပီး လူတစ္ေယာက္တြင္ ရွိသင့္သည့္ စိတ္ခံစားခ်က္တုိ့ ရွိမေန ။

"ဖယ္ စမ္း"

ထုိ လီ အၾကီးအကဲသည္ တဆတ္ဆတ္ တုန္ရီေနၿပီး
ထိုလူငယ္ကုိ သူ ့ေခါင္းထက္ကေန တြန္းထုတ္ပစ္ခ်င္ေနသည္ ။ သုိ့ေသာ္ ထို ၾကယ္ ခုနစ္မွာ ေက်ာက္ရုပ္ၾကီးအလားနွယ္ ၊
လီ အၾကီးအကဲ ဘယ္ေလာက္ပင္ ဖယ္ထုတ္ေနပါေစ ၊ မလႈပ္မယွက္သာ ရွိေန၏ ။

"ေခြးေကာင္ေတြ" လီ အၾကီးအကဲ ေဒါသေပါက္ကြဲသြားၿပီ ။

သုိ့ေသာ္လည္း လီ အၾကီးအကဲ ဆဲလုိက္ခ်ိန္တြင္ ၾကယ္ ခုနစ္သည္ ေၿခေထာက္ကို ၾကြေပးလုိက္ကာ ထိုအၾကီးအကဲ၏နားထင္ေပၚ ခပ္ဖြဖြေလး နင္းထားလုိက္ေတာ့သည္ ။

တခနအၾကာတြင္ ထို လီ အၾကီးအကဲ၏ မ်က္နွာမွာ ၿဖဴစုတ္လာၿပီး စကားတစ္ခြန္းပင္ မေၿပာနုိင္ေတာ့ ။
ၾကယ္ ခုနစ္၏ အားတစ္ခ်က္ ဖိနင္းခ်လုိက္သည္တြင္ သူလည္း ဘုန္းခနဲ ၿပဳတ္က်သြားကာ ဆန့္တငင္ငင္ၿဖင့္ ေသသြားေတာ့သည္ ။

လီ မိသားစု တစ္ခုလံုးသည္ သူတုိ့၏အၾကီးအကဲၿဖစ္သူ တခနအတြင္း အသတ္ခံလုိက္ရသည္ကို ၿမင္လုိက္ၿပီး ပ်ာယာခတ္ကုန္ၾကသည္ ။

"တစ္ေယာက္မွ အရွင္မထားနဲ့"

ၾကယ္ ခုနစ္ သည္ ေၿမၾကီးေပၚ ဆင္းလုိက္ၿပီး အမိန့္ေပးလုိက္သည္ ။

……………………………………………………

စာစဥ္ ၅၁၊ အခန္း ၂၀ ။  အႏ ၱရာယ္

အေ၀းကေန လွမ္းၾကည့္ေနသည့္ ရီ၀မ္၀မ္သည္ ခ်ိဳးခ်ိဳးကုိ ခပ္တင္းတင္း ဖက္ထားၿပီး သူ ့မ်က္လံုးကုိ အုပ္ထားသည္ ။

အခုမွပင္ လြတ္လပ္ေသာနယ္ေၿမသည္ မည္မ်ွ ေၾကာက္ဖုိ့ေကာင္းသည္မွန္း ရီ၀မ္၀မ္ နားလည္လာၿခင္း ၿဖစ္၏ ။

လူေရွ့သူေရွ့ သတ္ၿဖတ္ၿခင္း ။

ထုိကဲ့သုိ့ေသာ ကိစၥမ်ိဳးသည္ တရုတ္ၿပည္တြင္ မရွိခဲ့ဖူးေပ ။

တစ္ေယာက္ၿပီးတစ္ေယာက္ အသနားခံသံမ်ား၊ ေတာင္းပန္သံမ်ား က်ြတ္က်ြတ္ညံလာသည္ ။ သုိ ့ေသာ္ ၊
လီ မိသားစုသည္ ေအးစက္စြာ၊ ရက္စက္္စြာသာ အသတ္ခံလုိက္ၾကရသည္သာ ။

ရီ၀မ္၀မ္သည္ အရင္တုန္းက တရုတ္ၿပည္တြင္ ရွိေနစဥ္၌ ေၾကာက္ရြံ့ၿခင္းကင္းေသာဂိုဏ္းသားမ်ားနွင့္ မထင္မွတ္ဘဲ ေတြ ့ဆံုခဲ့ဖူး သည္။ သုိ့ေသာ္လည္း လြတ္လပ္ေသာနယ္ေၿမတြင္ ရွိေနသည့္ ဤေၾကာက္ရြံ့ၿခင္းကင္းေသာ ဂုိဏ္း သည္ အလြန္အမင္း ေၾကာက္စရာ ေကာင္းၿပီး ရက္စက္လြန္းလိမ့္မည္ဟုေတာ့ သူမ မထင္မွတ္ထားမိခဲ့ေပ ။

လီ စံအိမ္ေတာ္အၿပင္ဘက္က ေၿမတလင္းတြင္ အေလာင္းေတြ ပံုထပ္ေနသည္ ။ ၾကည့္ေနၿမင္ေနၾကသူတုိ့အဖို့ ေၾကာက္လန့္ကာ ေသြးပ်က္ေစသည့္ ၿမင္ကြင္းပင္တည္း ။

သူတစ္ပါးကုိ မေကာင္းၾကံၾကံတတ္ေသာ အသူရာ နတ္မ်ားမွ ဖန္တီးထားသည့္ ငရဲတႏႈန္းေသာ ၿမင္ကြင္းၾကီးကို ၿမင္လုိက္ရၿခင္းမွာ ရီ၀မ္၀မ္အဖို့ ဤသည္မွာ ပထမဦးဆံုး ၿဖစ္သည္ ။ ထုိ့ေၾကာင့္ သူမရင္ထဲ ေၿပာမရေအာင္ကုိ ေခ်ာက္ခ်ားေနမိသည္ ။

တခနအၾကာတြင္မူ ရီ၀မ္၀မ္သည္ ဆက္မၾကည့္ရက္ ေတာ့ဘဲ
ခ်ိဳးခ်ိဳးကုိ လက္ဆြဲကာ လွည့္ထြက္သြားလုိက္သည္ ။
သုိင္းပညာအစည္းအရံုးသည္ မ်ိဳးႏြယ္စုၾကီးေလးစုက အသိအမွတ္ၿပဳ ခံထားရသည့္ အစည္းအရံုးၾကီး ၿဖစ္ၿပီး လြတ္လပ္ေသာနယ္ေၿမထဲက တရား၀င္အဖြဲ ့အစည္းၾကီးတစ္ခု ၿဖစ္ေသာ္လည္း ထိုကဲ့သုိ့ေသာ ဂုိဏ္းမ်ားၾကားက ပဍိပကၡတုိ့တြင္ ၀င္ေရာက္ပါ၀င္ၿခင္း မရွိတတ္ပါေခ် ။

မၾကာခင္ပင္ ရီ၀မ္၀မ္သည္ က်ိဳး စံအိမ္ေတာ္ဆီကုိ ၿပန္ေရာက္သြား သည္ ။

"၀မ္၀မ္…မ်က္နွာလဲ မေကာင္းပါလား၊ ဘာၿဖစ္လာတာလဲ"

ရီ၀မ္၀မ္ အမူအရာပ်က္ေနသည္ကုိ သတိၿပဳမိၿပီး
သခင္မၾကီး က်ိဳး သည္ ေရတစ္ခြက္ငွဲ့ကာ သူမနံေဘးသို ့ ေခါင္းစားစားၿဖင့္ ေလွ်ာက္လာ သည္ ။

"ၿပန္လာတ့ဲလမ္းမွာ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းကုိ
ေတြ ့ခဲ့လို့"

ရီ၀မ္၀မ္သည္ သခင္မၾကီး က်ိဳး လက္ထဲက ေရခြက္ကုိ ယူကာ တစ္ေမာ့တည္း အကုန္ ေသာက္ပစ္လုိက္ၿပီး ေၿပာလုိက္သည္ ။

ထုိသည္ကုိ ၾကားလုိက္သည္နွင့္ သခင္ၾကီး က်ိဳး နွင့္ သခင္မၾကီး က်ိဳး ပါ မ်က္နွာပ်က္သြားၾကသည္ ။

ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းသည္ အမွန္ပင္ ေၾကာက္စရာ ေကာင္းေလသည္တည္း ။

“ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းက အထက္တန္းလႊာ မိသားစုတစ္စုကို သတ္ေနတာကုိ ၿမင္လာခဲ့ရတယ္”

ရီ၀မ္၀မ္သည္ မ်က္ေမွာင္ၾကီး ၾကဳတ္ေနမိသည္ ။

“လြတ္လပ္ေသာနယ္ေၿမမွာ ဒီလိုအရာမ်ိဳးက ပံုမွန္ပဲ ။
မိန္းကေလးတုို့လုိ အၿပင္လူေတြအတြက္ လြတ္လပ္ေသာနယ္ေၿမက တကယ္ကုိ ေနလုိ့ မေကာင္းဘူး”

သခင္ၾကီး က်ိဳး သည္ သက္ၿပင္းခ်လုိက္ကာ ေၿပာဆိုလာသည္ ။

ရီ၀မ္၀မ္ ၿပန္မေၿဖလုိက္ရေသးခင္ ကိ်ဳး၀ူသည္ ေသြးမရွိေတာ့သည့္ မ်က္နွာၿဖင့္ ဧည့္ခန္းဆီသုိ့ မေၿပးရံုတမယ္ လာေနသည္ ။
သူ ့လက္ထဲတြင္လည္း အနက္ေရာင္ကတ္တစ္ကတ္ကုိ ဆုပ္ကိုင္ ထား၏ ။

“ေဖၾကီး၊ ေမၾကီး ၊ ခ်ိဳးခ်ိဳး အခန္းထဲမွာ ဒါကုိ ေတြ ့လာ ခဲ့တယ္”

က်ိဳး၀ူသည္ ထိုအနက္ေရာင္ကတ္ကုိ ထုတ္ၿပလာသည္ ။

“ဘာ”

က်ိဳး၀ူလက္ထဲက ထုိအနက္ေရာင္ကတ္ကို ၿမင္လိုက္ၿပီး
သခင္ၾကီး က်ိဳး ၏ မ်က္နွာမွာ ၿဖဴစုတ္သြား၏ ။

“ေၾကာက္ရြံ့ၿခင္းကင္းေသာ ဂုိဏ္း ရဲ့ ခုနစ္စဥ္ခုနစ္ဆက္သတ္မိန့္ ၊
ဒါ ဘယ္လိုလုပ္…ဘယ္လုိလုပ္ၿပီး….”

သခင္မၾကီး က်ိဳး သည္ သတိေမ့လဲမလုိ ၿဖစ္သြားသည္ ။

ဟုိးအရင္ကတည္းက ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္း၏ ထိုခုနစ္စဥ္ခုနစ္ဆက္သတ္မိန့္ကို ရရွိထားသည့္ မည္သည့္မိသားစု မဆို ေသၿခင္းတရားနွင့္ ရင္ဆုိင္ရသည္ခ်ည္းသာ ၿဖစ္၏ ။

“ဒီကတ္ေပၚမွာ ဖုန္ေတြေတာင္ တက္ေနၿပီ ၊ ဒါ ရထားတာ ၾကာေနေလာက္ၿပီ”

က်ိဳး၀ူသည္ အံကိုၾကိတ္ကာ ေၿပာလာသည္ ။

က်ိဳး အိမ္ေတာ္ထဲကို ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းက ပစ္ထည့္သြား သည့္ ထုိခုနစ္စဥ္ခုနစ္ဆက္သတ္မိန့္ကုိ ခ်ိဳးခ်ိဳးသည္ မေတာ္တဆ ေတြ ့သြားၿပီး ဘာမွန္းမသိ နားမလည္ၿခင္းေၾကာင့္ သူ ့အခန္းထဲ ယူသြားၿခင္း ၿဖစ္ဟန္ တူသည္ ။
ထိုု့ေၾကာင့္ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းက သူတုိ့မိသားစုကုိ သတ္မိန့္ေပးထားသည္ကုိ သူတုိ့ မသိခဲ့ၾကၿခင္းပင္ ။

“မိန္းကေလး ရီ ၊ ၿမန္ၿမန္ေၿပးပါေတာ့”

သခင္မၾကီး က်ိဳး သည္ ခ်က္ခ်င္းပင္ ထရပ္လုိက္ၿပီး
ရီ၀မ္၀မ္ကုိ က်ိဳး အိမ္ေတာ္ကေန ေမာင္းထုတ္ေတာ့သည္ ။

“ဟမ္”  ရီ၀မ္၀မ္ အံ့ၿသသြား၏ ။ 

ခုနစ္စဥ္ခုနစ္ဆက္ သတ္မိန့္၏ အဓိပၸာယ္ကုိ သူမသည္ ခုနကမွ နားလည္လာရၿခင္း ၿဖစ္သည္ ။ အေစာနက
လီ မိသားစုသည္ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္း၏ ခုနစ္စဥ္ခုနစ္ဆက္ သတ္မိန့္ကို ရရွိထားၿခင္းေၾကာင့္ တစ္အိမ္သားလံုး အသတ္ခံလုိက္ရေလသည္ ။

“ၿမန္ၿမန္ ထြက္သြားပါေတာ့ ၊ က်ိဳး အိမ္ေတာ္မွာ မေနပါနဲ့ေတာ့”

သခင္ၾကီး က်ိဳး သည္လည္း ကပ်ာကယာပင္ ထေၿပာလာသည္ ။

ရီ၀မ္၀မ္သည္ က်ိဳး စံအိမ္ေတာ္တြင္ ရွိေနဦးမည္ဆုိလ်ွင္ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းက ေရာက္လာသည့္အခ်ိန္တြင္ ေနာက္ဆက္တြဲမွာ အလြန္အမင္းဆုိး၀ါးကုန္ေပလိမ့္မည္ ။ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းဆုိသည္ကား က်ိဳး မိသားစု၀င္ ဟုတ္ၿခင္းမဟုတ္ၿခင္းကုိ ဂရုစုိက္သူမ်ား မဟုတ္ၾကပါေခ် ။

“ခ်ဳိးခ်ိဳး ကုိ ေခၚသြားၿပီး ထြက္သြားပါေတာ့”

က်ိဳး၀ူသည္လည္း ခ်ိဳးခ်ိဳးကို ေပြ ့ခ်ီလုိက္ၿပီး
ရီ၀မ္၀မ္လက္ထဲ ထုိးေပးလုိက္သည္ ။

ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းသည္ အၿမဲတေစ ရက္စက္ၾကမ္းၾကဳတ္၏ ။
မိန္းမေသာ ေယာက်ာ္းေသာ ၊ လူၾကီးေသာ လူငယ္ေသာ ဂရုစုိက္တတ္သည့္ ဂုိဏ္း မဟုတ္ ။

“က်ြန္မ ရဲသြားေခၚလုိက္မယ္”

ရီ၀မ္၀မ္သည္လည္း ေဆာက္တည္ရာမဲ့ေနမိသည္ ။

ထိုသုိ့ေၿပာလုိက္မိၿပီး ခ်က္ခ်င္းပင္ ထိုစကားသည္
အလြန္ပင္ ရယ္စရာေကာင္းသည္ကုိ သူမ သိလုိက္မိ၏ ။ ဤေနရာသည္ကား တရုတ္ၿပည္ မဟုတ္၊ လြတ္လပ္ေသာနယ္ေၿမ ၿဖစ္သည္ မဟုတ္ပါလား ။

ရီ၀မ္၀မ္ ဘာမွ ထပ္မေၿပာနုိင္ခင္ သခင္မၾကီး က်ိဳး သည္ သူမကုိ အိမ္ေတာ္ထဲကေန ေမာင္းထုတ္လုိက္ၿပီးေလၿပီ ။ 

ထိုအခုိက္တြင္ ရီ၀မ္၀မ္ အေစာနက ေတြ ့ခဲ့ရသည့္ တစ္ဒါဇင္ေသာ ေၾကာက္ရြံ့ၿခင္းကင္းေသာ ဂုိဏ္းသားမ်ား သည္ က်ိဳး အိမ္ေတာ္ဆီသုိ့ ခမ္းနားထည္၀ါစြာ ေလွ်ာက္လာၾကေလၿပီ ။

ေခါင္းေဆာင္ၿဖစ္သူ ၾကယ္ ခုနစ္သည္ ရီ၀မ္၀မ္ကုိ ဖ်တ္ခနဲ လွမ္းၿမင္လုိက္ၿပီး လ်ွပ္္တစ္ၿပက္ အံ့အားသင့္သြား၏ ။
သူမေလးကို လွမ္းၾကည့္ေနရင္း သူ၏ ေအးစက္စက္မ်က္၀န္းထဲတြင္ စိတ္ရႈပ္ေထြးမႈတုိ့ ဖ်တ္ခနဲ ထြက္လာသည္။

………………………………………………………

စာစဥ္ ၅၁၊ အခန္း ၂၁ ။  က်ိဳး မိသားစု၀င္ မဟုတ္ဘူး

"မင္းက က်ိဳး မိသားစုကလား"

ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းသားတစ္ေယာက္က ေအးစက္စြာၿဖင့္ ေအာ္ေမးလုိက္သည္ ။

ရီ၀မ္၀မ္သည္ ခ်က္ခ်င္းပင္ ေခါင္းယမ္းလုိက္၏ ။

ငါ ၀န္ခံလုိက္ရင္ ေနရာမွာတင္ အသတ္ခံရမွာေပ့ါ ။

"သူက က်ိဳး မိသားစု၀င္ မဟုတ္ဘူး"

ရုတ္ၿခည္းတရက္ပင္ ၊ တံခါးမၾကီးသည္ ပြင့္သြားၿပီး
က်ိဳး မိသားစု ကေန လူ အေယာက္ ၈၀ ေလာက္ ေၿပးထြက္လာၾကသည္ ။ က်ိဳး သခင္ၾကီးက ေအာ္ေၿပာလုိက္သည္ ။

"အၿပစ္မရွိတဲ့သူကို ဒုကၡမေပးနဲ့"

"အဟက္ ၊ ငါတုိ့ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းကလည္း အၿပစ္မရွိရင္ လံုး၀မထိဘူး"

ၾကယ္ခုနစ္၏နံေဘးနားက အဘိုးၾကီးက မေထမဲ့ၿမင့္ၿဖင့္ ထေၿပာသည္။

လူမ်ားသည္ က်ိဳး အိမ္ေတာ္ေရွ့တြင္ ၀ုိင္းအံုလာၾကၿပီး စကားသံတုို့သည္လည္း ပြက္ေလာညံသထက္ ညံလာၾကသည္ ။

ခုနစ္စဥ္ခုနစ္ဆက္သတ္မိန္ ့ကုိ ရသည့္ မည္သည့္မိသားစုမဆုိ အသက္ရွင္ခြင့္ မရသည္ခ်ည္း ၿဖစ္သည္ ။ ထုိ ့ေၾကာင့္ ထုိက်ိဳး မိသားစု ေသရေတာ့မည္မွာ ေၿမၾကီးလက္ခတ္မလြဲသည္ကုိ ၾကည့္ေနသူတုိင္း သိေနၾကသည္ ။ ဒီေန့ လြန္သြားသည္နွင့္ က်ိဳး မိသားစု ဟူသည္ ရွိေတာ့မည္ မဟုတ္ေပ ။

"က်ြန္ေတာ္ ေမးပါရေစ ၊ က်ြန္ေတာ္တုိ့ က်ိဳး မိသားစုက မင္းတုိ့ရဲ့ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းကုိ ဘာမ်ား ရန္စမိလုိ့လဲ"
သခင္ၾကီး က်ိဳး သည္ အလြန္ပင္ စိတ္ရႈပ္ေထြးေနသည္ ။

ငါတုိ့ေတြ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းနဲ့လည္း
တစ္ခါမွ မပတ္ဖူးပါဘူး ။ ဘာလုိ့မ်ား ငါတုိ့ကို ခုနစ္စဥ္ခုနစ္ဆက္သတ္မိန့္ၾကီး လာေပးရတာလဲ ။

"ဘာမွေတာ့ မဟုတ္ဘူး ၊ မင္းတုိ့ က်ိဳး စံအိမ္ရဲ့ ေၿမအေနအထားက အရမ္းေကာင္းတယ္၊ ေၿမၾကီးကလည္း သိပ္ကိုေကာင္းတယ္ ၊ အဲ့ဒါေၾကာင့္ ဒီေနရာမွာ ငါတုိ့ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းက ဌာနခြဲ လာဖြင့္မလုိ့"

ၾကယ္ ခုနစ္ ေဘးက ထိုအဘုိးၾကီးသည္ ၿပံးစစမ်က္နွာေပးၿဖင့္ ခ်က္က်လက္က် ေၿပာဆုိလာသည္ ။

"ဘာေၿပာလုိက္တယ္…"
အၾကီးအကဲ က်ိဳး ေဒါသေဆာင့္တက္သြားၿပီး မႈန္သုန္လာသည္ ။ 

"အဲ့ဒါအတြက္နဲ့ မင္းတုိ့က က်ြန္ေတာ့္ရဲ့ က်ိဳး မိသားစုကုိ အၿပတ္ရွင္းခ်င္တယ္လား ။ မင္းတုိ့လုိခ်င္ရင္ က်ြန္ေတာ္တုိ့
က်ိဳး မိသားစုက တစ္ၿပားတစ္ခ်ပ္မွ မေတာင္းဘဲကို အလကားေပးလုိ့ ရပါတယ္"

"အဟက္ ၊ မင္းကမ်ား ငါတုိ့ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္း ကုိ လာၿပီး စြန့္ၾကဲေနတယ္ေပါ့ေလ"

အဘုိးၾကီးသည္ မ်က္နွာတင္းမာလာသည္ ။

သူတုိ့၏ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းသည္ အၿမဲတေစ ထုိသုိ့ပင္ ။ လုိခ်င္တာ ရွိခ်ိန္တုိင္း မရရေအာင္ အဓမၼ ယူေဆာင္သြားသည္ခ်ည္းသာ ။ အရာရာမွာ သူတို့၏ စိတ္အေၿခအေနေပၚတြင္ မူတည္ၿပီး က်ိဳးေၾကာင္းဆီေလ်ာ္မႈ ၊ ယုတိၱရွိမႈတုိ့မွာ သူတို့အတြက္ အေရးမပါပါေခ် ။

"စြန္ ့ၾကဲလိုက္တာ မဟုတ္ပါဘူး၊ က်ြန္ေတာ့္စကားကုိ တမ်ိဳးမထင္ပါနဲ့ဗ်ာ ။ အလဲအလွယ္လုပ္တာပါ ။ က်ြန္ေတာ့္ရဲ့မိသားစုအသက္ကို ဒီေၿမနဲ့ လဲမယ္လုိ့ ေၿပာတာပါ"

အၾကီးအကဲ က်ိဳး သည္ ထုိအဘိုးၾကီးကို စိတ္ရွည္လက္ရွည္ၿဖင့္ ရွင္းၿပေနသည္ ။

အၾကီးအကဲ က်ိဳး သည္ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းကုိ ဟုိးရင္ထဲအသည္းထဲကေန ေၾကာက္ရြံ့ပါ၏ ။ သူတုိ့သည္ သတ္ရဲၿဖတ္ရဲသည့္ ဂုိဏ္းၾကီးတစ္ဂိုဏ္း ၿဖစ္ေပသည္ ။ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္း၏ ပစ္မွတ္ထားခံရသူတုိင္း ကံဆုိးမုိးေမွာင္က်သည္ခ်ည္း ၿဖစ္၏ ။

"ေတာ္ေလာက္ၿပီ ။ မင္းတုိ့ က်ိဳး မိသားစုရဲ့ ကံၾကမၼာက ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းရဲ့ ခုနစ္စဥ္ခုနစ္ဆက္သတ္မိန့္ကို ရလုိက္ကတည္းက ၿပီးသြားၿပီ"

ထုိအဘိုးၾကီးသည္ ရႈံ ့မဲ့ေၿပာဆိုကာ လက္ကုိ ေ၀ွ့ယမ္းလုိက္သည္ ။

"သတ္"

ထိုအမိန့္ကို ရသည္နွင့္ ခ်က္ခ်င္းပင္ ေနာက္ေက်ာဘက္တြင္ "ေၾကာက္ရြံ့ၿခင္းကင္းေသာ" ဟု ေရးထုိးထားေသာ ေၾကာက္ရြံ့ၿခင္းကင္းေသာဂိုဏ္းသား တစ္ဒါဇင္သုိ့ အေရွ့သုိ့ အားနွင့္မာန္နွင့္ ေၿပးတက္လာၾကသည္ ။ 

"ေဖၾကီး ၊ ေၿပာမေနနဲ့ေတာ့ ၊ ေၿပာလည္း အပိုပဲ ။
ဒီေန ့ က်ြန္ေတာ္တုိ့ အားရွိသေလာက္ ၿပန္တုိက္ၾကတာေပါ့"

က်ိဳး၀ူသည္ အနုိင္မခံ အရႈံးမေပးသည့္ စိတ္ဓာတ္ၿဖင့္ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းကုိ စတုိက္ေတာ့သည္ ။

က်ိဳး၀ူသည္ သုိင္းေတာ္ေတာ္ေလး က်ြမ္းသည္ ဆုိေသာ္လည္း ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းသားမ်ားကို မမွီေသးပါေခ် ။ အသက္တစ္ရွဴစာ ၾကာၿပီးခ်ိန္တြင္ က်ိဳး၀ူခမ်ာ ၾကိဳးပ်က္သြားသည့္စြန္ တစ္ခုလုိ အေနာက္သုိ့ ၀ွီးခနဲ ပ်ံက်သြားေတာ့သည္ ။

ေအာ္ဟစ္ဆဲဆုိသံတုိ့ ေသာေသာညံသြားသည္ ။
က်ိဳး မိသားစုထဲတြင္ မိသားစု၀င္ ေတာ္ေတာ္မ်ားသည္ ဆုိေသာ္လည္း ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းသားမ်ားနွင့္ ရင္ဆုိင္ရာတြင္ အၿပိဳၿပိဳအလဲလဲၿဖင့္ အၿပတ္အသတ္ ရံႈးနိမ့္ကုန္ၾကသည္ ။
သူတုိ့သည္ ေသၿခင္းတရားကုိ မေၾကာက္ရြံ့ပါေသာ္လည္း
ရဲစြမ္းသတိၱရွိသည္ ဆုိပါေသာ္လည္း
ထုိဂုိဏ္းသားတုိ့နွင့္ ရင္ဆုိင္ရာတြင္ အခ်ည္းနွီးသာ ၿဖစ္ရသည္ ။ 

ထိုအခုိက္ အဘုိးၾကီးသည္ လ်ွပ္တစ္ၿပက္ လႈပ္ရွားလာကာ
သခင္ၾကီး က်ိဳး ကုိ လည္ကုတ္ကေန ဆြဲမေတာ့သည္ ။

သခင္ၾကီး က်ိဳး၏ ေၿခဖ၀ါးမွာ ေၿမၾကီးကေန လြတ္သြားၿပီး
အသက္ရွဴရပါ ၾကပ္လာၿခင္းေၾကာင့္ သူ ့မ်က္နွာမွာ နီၿမန္းလာသည္ ။

က်ိဳး အိမ္ေတာ္၏ အၿပင္ဘက္တြင္ လူအုပ္ၾကီးသည္ ၀ုိင္းအံုသည္ထက္ ၀ုိင္းအံုလာသည္ ။ တခ်က္တခ်က္တြင္ သူတုိ့ဆီကေန စကားသံတုိ့ ထြက္ထြက္လာတတ္သည္ ။
သုိ့ေသာ္လည္း မည္သူကမွ အေရွ့ထြက္လာရဲၿခင္း မရွိသလုိ ထိုေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းကုိ ဆန္ ့က်င္ရဲၿခင္းလည္း မရွိၾကေပ ။

ထိုအခ်ိန္တြင္ ရီ၀မ္၀မ္သည္ မ်က္ေမွာင္အၾကဳတ္ၾကီး ၾကဳတ္ေနသည္ ။ သူမသည္ က်ိဳး မိသားစုကုိ ကူညီေပးခ်င္ပါေသာ္လည္း ဘယ္လုိ ကူညီရမွန္း မသိပါေခ် ။ ထုိ့ၿပင္ သူမ၏သုိင္းပညာမွာ လုိအပ္မႈရွိေနေသးသည္ကုိ လည္း သူမ သိေနသည္ ။ 

………………………………………………………

စာစဥ္ ၅၁၊ အခန္း ၂၂ ။  ကေလး မရွိဘူး 

အခုခ်ိန္တြင္ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းအေၾကာင္းကုိ ရီ၀မ္၀မ္ အၾကမ္းဖ်င္း နားလည္ေနေခ်ၿပီ ။ လြတ္လပ္ေသာနယ္ေၿမတြင္ ရိွသည့္ သူတို့၏အဆင့္အတန္းအရ သူတုိ့ေရွ့ တစ္လွမ္းေလာက္ ၿဖတ္ေလွ်ာက္ ရဲလွ်င္ သုိ့မဟုတ္ သူတုိ့ကုိ တားၿမစ္ရဲလ်ွင္ အသတ္ခံရမည္သာ ။

ရီ၀မ္၀မ္၏လက္ထဲတြင္ ရွိေနသည့္ ခ်ိဳးခ်ိဳးသည္လည္း ထိုၿမင္ကြင္းကုိ ၾကည့္ရင္း မ်က္နွာနီရဲေနသည္ ။
သူသည္ သူမ၏လက္ထဲကေန အတင္းရုန္းထြက္လုိက္ၿပီး အေရွ့သုိ့ ေၿပးထြက္သြားသည္ ။

"ခ်ိဳးခ်ိဳး"

ရီ၀မ္၀မ္ မ်က္နွာပ်က္သြား၏ ။ သူမသည္ သူ ့ကုိ တားလိုက္ခ်င္ေသာ္လည္း အခ်ိန္ကား ေနွာင္းသြားေလၿပီ ။

"အအ…"

ခ်ိဳးခ်ိဳးသည္ ထိုအဘိုးၾကီးဆီသို့ ေၿပးသြားၿပီး
သူ ့ေခါင္းေလးၿဖင့္ ထိုအဘိုးၾကီး၏ေၿခေထာက္ကို ခပ္ၾကမ္းၾကမ္း ၀င္ေဆာင့္ေနသည္ ။

"ဒီေခြးသေတာင္းစားေလးက ဘယ္ကေန ထြက္လာတာလဲ"

ထိုအဘုိးၾကီးမွာ ခ်က္ခ်င္းပင္ ေဒါသထြက္သြားၿပီး
သခင္ၾကီး က်ိဳး ကုိ ေၿမွာက္ထားသည့္ ညာဘက္လက္ကုိ လႊတ္ကာ ခ်ိဳးခ်ိဳးကို ဖမ္းဆုပ္ပစ္သည္။

"ကေလး…ကေလးက အၿပစ္ကင္းတယ္ ၊ မလုပ္နဲ ့၊ မလုပ္နဲ့"

သခင္မၾကီး က်ိဳး သည္ ေၾကာက္လန္ ့မႈေၾကာင့္ ၿဖဴေလ်ာ္လာသည္ ။

"ေၿသာ္ ၊ ဒီေခြေကာင္ေလးက ေတာ္ေတာ္ရဲေနတယ္ေပါ့ေလ ။ ဒီေန ့ၿပီးတာနဲ့ မင္း အသက္ဆက္မရွင္ေစရဘူး"

အဘိုးၾကီးသည္ ခ်ိဳးခ်ိဳးကို ေၿမွာက္ၿပီး ေၿမၾကီးေပၚ ဘုန္းခနဲ ပစ္ခ်ဖုိ့ ရြယ္လုိက္ခ်ိန္ ။

တခနတြင္းခ်င္းပင္ ရီ၀မ္၀မ္သည္ ဘာဘာညာညာ ေတြးမေနေတာ့ဘဲ အေရွ့သုိ့ ခုန္တက္သြားကာ ထိုအဘိုးၾကီးကုိ တားပစ္လုိက္သည္ ။

"ရပ္စမ္း"

အဘိုးၾကီးသည္ မဆိုစေလာက္ေလး မ်က္ေမွာင္ၾကဳတ္သြားၿပီး အမည္မေဖာ္စြမ္းနုိင္ေသာ အမူအရာၿဖင့္ ရီ၀မ္၀မ္ကုိ ၾကည့္လာသည္ ။

"မင္းေရာပဲ ေသခ်င္လုိ့လား"

ထုိအဘိုးၾကီး၏ မ်က္နွာမွာ မည္းပုတ္ေနေလၿပီ ။

စိတ္၀င္စားစရာေတာ့ ေကာင္းေနၿပီ ။ မိန္းကေလးတစ္ေယာက္ကေတာင္မွ ငါတုိ့ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းကုိ လာၿပီး ရန္စရဲေနၿပီပဲ ။

"ရပ္လိုက္လုိ့ ေၿပာေနတယ္ ၊ ရွင္ နားေလးေနတာလား"

သူတုိ့ေတြ ကေလးကုိေတာင္မွ အလြတ္မေပးဘူး ။
လံုး၀ကုိ ရူးေနတာ၊ လံုး၀ကုိ နွလံုးသား မရွိေတာ့တာပဲ ။

ေၾကာက္ရြံ့ၿခင္းကင္းေသာဂိုဏ္းမွ ထုိအဘိုးၾကီးသည္ ဘာမွ မေၿပာလုိက္ရေသးခင္ ရီ၀မ္၀မ္သည္ သူမလက္ထဲက ေသနတ္ကုိ ရုတ္တရက္ၾကီး ဆြဲထုတ္လုိက္သည္ ။

အဘုိးၾကီး၏ ေခါင္းထက္တြင္ ထုိေအးစက္ေနသည့္ အနက္ေရာင္တြင္း၀ တစ္ခုက လာခ်ိန္ထုိးလာေလသည္ ။

"ေသနတ္….မင္း"

အရုိးထိတုိင္ေအာင္ ေအးစက္ေနသည့္ ထိုအဘုိးၾကီး၏မ်က္နွာမွာ မဆုိစေလာက္ေလး ပ်က္ယြင္းသြားသည္ ။

လြတ္လပ္ေသာနယ္ေၿမထဲကုိ ေသနတ္ယူလာရဲတဲ့အၿပင္ လူၿမင္ကြင္းၾကီးမွာပါ ေသနတ္ ထုတ္ၿပရဲတယ္…လား ။

ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္း သည္ပင္ ထုိေလာက္ သတိၱမရွိပါေခ် ။ ေသနတ္မကုိင္ေဆာင္ရ စည္းကမ္း သည္ လြတ္လပ္ေသာနယ္ေၿမ၏ သက္တမ္းအၾကာရင့္ဆံုးေသာ စည္းကမ္းၾကီးတစ္ခု ၿဖစ္ေပသည္ ။ မ်ိဳးႏြယ္စုၾကီးေလးစု ေရာ ၊ ပ်က္သုဥ္းသြားၿပီ ၿဖစ္သည့္ မ်ိဳးႏြယ္စုမ်ားေရာ ၊ လြတ္လပ္ေသာနယ္ေၿမ၏ တရား၀င္ အဖြဲ ့အစည္းၾကီး ၿဖစ္သည့္ သုိင္းပညာအစည္းအရံုးၾကီးေရာ ထုိမ်ွ သတိၱမေကာင္းလွပါေခ် ။

သုိ့ေသာ္ ထိုမိန္းကေလးသည္ကေတာ့ ေသနတ္ကုိ ထုတ္ၿပီး
သူ ့ေခါင္းကုိ ခ်ိန္ပါခ်ိန္ထားေနေလသည္ ။ ထိုေအးစက္ေနသည့္ခံစားခ်က္က ေသနတ္အတု မဟုတ္သည္ကုိပါ သက္ေသၿပေနေလေသးသည္ ။

၀ိုင္းအံုကာ ၾကည့္ေနၾကသည့္ လူအုပ္ၾကီးထဲ ပြက္ေလာရုိက္သြားၾကၿပီး တခ်ိဳ ့သည္ ရီ၀မ္၀မ္ကုိ တထူးတဆန္း ၾကည့္လာၾကကာ
တခ်ိဳ ့သည္ သူမကုိ အမုန္းၾကီး မုန္းတီးလာၾကသည္ ။

လြတ္လပ္ေသာနယ္ေၿမထဲတြင္ ေသနတ္ပစ္ဖုိ့ မဆုိထားနွင့္ ၊ ေသနတ္ကုိင္ေဆာင္ထားသည္ကုိ မိသည္နွင့္
ထုိသူကုိ နယ္ေၿမသားမ်ားက သတ္ခြင့္ ရွိေပသည္ ။

အၾကီးအကဲ က်ိဳး နွင့္ တၿခားသူမ်ားသည္လည္း
ရီ၀မ္၀မ္ကုိ အ့ံၿသစြာ ၾကည့္လာၾကသည္ ။
ရီ၀မ္၀မ္တြင္ ေသနတ္တစ္လက္ ရွိေနမွန္း
သူတုိ့ မသိထားၾကပါေခ် ။

သခင္မၾကီး က်ိဳး သည္ ရီ၀မ္၀မ္ကုိ တစ္ခုခု ေၿပာခ်င္လုိက္၏ ။ သုိ့ေသာ္ စကားတစ္ခြန္း မဟမိဘဲ ၿပန္ပိတ္သြားေလသည္ ။ ရီ၀မ္၀မ္၏ကံတရားသည္ ေသနတ္ထုတ္လုိက္သည့္ အခ်ိန္ကတည္းက အဆံုးသတ္သြားေလၿပီ ။
အေသဆုိးၿဖင့္ ေသရဖုိ့ မ်ားသြားေပၿပီ ။

"ဟားဟား ၊ မိန္းကေလး ၊ လြတ္လပ္ေသာနယ္ေၿမရဲ့ စည္းကမ္းကုိ သိထားသင့္တယ္ ။ လြတ္လပ္ေသာနယ္ေၿမထဲမွာ ေသနတ္ကိုင္ခြင့္ မရွိဘူး ။ ေသနတ္ကုိင္မိရင္လည္း အဲ့ဒီအက်ဳိးဆက္ကုိ သိထား သင့္တယ္ ။ ကုိယ့္အတြက္ကုိ မစဥ္းစားဘူးဆုိရင္ေတာင္မွ မင္းရဲ့မိဘနဲ့ကေလးအတြက္ စဥ္းစားေပးသင့္တယ္"

ထုိအဘိုးၾကီးသည္ စိတ္ရွည္လက္ရွည္ၿဖင့္ မထိတထိ ရယ္ေမာကာ ရီ၀မ္၀မ္ကုိ အခ်ိဴသပ္ေနသည္ ။
သုိ့ေသာ္ သူသည္ ခ်ိဳးခ်ိဳးကုိ ေၿမၾကီးေပၚ ကုိင္မေပါက္ရဲေတာ့ပါေခ် ။

"ငါ့မွာ ဘာေသာက္ကေလးမွ မရွိဘူး ၊ အဲ့ကေလးကုိ ၿဖည္းၿဖည္းခ်င္း ခ်လုိက္စမ္း" ဟု ရီ၀မ္၀မ္သည္ မႈန္သုန္ကာ ေၿပာလုိက္သည္ ။

………………………………………………………

စာစဥ္ ၅၁၊ အခန္း ၂၃ ။  င့ါစည္းကမ္း မဟုတ္ဘူး

“ေကာင္းၿပီ ေကာင္းၿပီ ေကာင္းၿပီ ေကာင္းၿပီ ၊ စိတ္ကုိ ေအးေအးထား ။ ငါ ဒီကေလးကုိ ေအာက္ခ်လုိက္မယ္” 

အဘိုးၾကီးသည္ ေသနတ္တစ္ခ်က္ၿဖင့္ အသက္ထြက္ရမည္ကုိ ေၾကာက္သေယာင္ေယာင္ ၿပဳလာသည္ ။

ခနအတြင္း ထုိအဘုိးၾကီးသည္ ခ်ိဳးခ်ိဳးကုိ ေၿမၾကီးေပၚ အသာေလး ခ်ေပးလုိက္သည္ ။

“ဟားဟား…မိန္းကေလးက ဘာေၾကာင့္မ်ား ဒီေလာက္ထိ ရဲရဲတင္းတင္းနဲ့ ေသနတ္ကုိ ကုိင္ထားရဲရတာလဲဗ်ာ ။
ေဟာဒီမွာ…မိန္းကေလး ေၿပာတဲ့အတုိင္း လုပ္ၿပီးသြားၿပီေနာ္ ၊ က်ြန္ေတာ္တုိ့ ၿငိမ္းခ်မ္းစြာနဲ့ စကားေၿပာၾကရေအာင္လား”

အဘိုးၾကီးသည္ လက္နွစ္ဖက္ကုိ ေၿမွာက္ကာ တုိးညင္းညင္းရယ္ရင္း ေၿပာဆုိလာသည္ ။

ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းသားမ်ားသည္လည္း
သူတုိ့ လုပ္ေတာ့မည့္ အရာတို့ကို ရပ္လုိက္ၾကသည္ ။
လြတ္လပ္ေသာနယ္ေၿမတြင္ လူၿမင္ကြင္းၾကီး ေသနတ္ထုတ္ရဲသည္မွာ ဤသူသည္ ပထမဦးဆံုးပင္ ၿဖစ္ေပသည္ ။

“ဘာလဲ…ေၾကာက္ေနၿပီလား ၊ ေၿပာေတာ့ ဘာကုိမွ မေၾကာက္တတ္ဘူးဆုိ ၊ အခုေတာ့ ေၾကာက္ေနၾကၿပီလား”

ထုိအဘိုးၾကီး၏ေခါင္းကုိ ေသနတ္ခ်ိန္ထားသည့္ ရီ၀မ္၀မ္၏မ်က္နွာမွာ အလြန္အမင္းပင္ ေအးစက္ေနသည္ ။

ထိုမိန္းကေလး၏ မ်က္၀န္းထဲက ေအးစက္မႈ နွင့္ သတ္ၿဖတ္လုိရိပ္တုိ့မွာ ဘာေၾကာင့္ရယ္မသိဘဲ အဘိုးၾကီးအား ထိတ္လန့္မိလာေစသည္ ။ 

“မိန္းကေလး၊ က်ြန္ေတာ္တုိ့ လြတ္လပ္ေသာနယ္ေၿမရဲ့ စည္းကမ္းက”

“လြတ္လပ္ေသာနယ္ေၿမရဲ့ ေသာက္စည္းကမ္းေတြအေၾကာင္း လာမေၿပာနဲ့ ၊
အဲ့ဒါက မင္းတုိ့ရဲ့စည္းကမ္း ၊ ငါ့စည္းကမ္း မဟုတ္ဘူး”

ရီ၀မ္၀မ္သည္ ေအးစက္စြာၿဖင့္ ေၿပာလုိက္သည္ ။

ထိုစကားကုိ ၾကားလုိက္ရခ်ိန္တြင္ ၾကယ္ ခုနစ္၏ ေအးစက္သည့္မ်က္၀န္းထဲ သံသယ တဖန္ ၿဖစ္တည္လာၿပန္သည္ ။

ဒီမိန္းကေလးက….

“ဟားဟားဟားဟား ဟုတ္ပါၿပီ ဟုတ္ပါၿပီဗ်ာ ။ ဒီလုိစိတ္၀င္စားစရာ ေကာင္းတဲ့ကေလးမ်ိဳးနဲ့ မေတြ ့ရတာ ေတာ္ေတာ္ၾကီး ၾကာေနၿပီ”

အဘိုးၾကီးသည္ တဒဂၤေလာက္ အံ့ၿသသြားၿပီးေနာက္
လိႈက္လိႈက္လွဲလွဲ ဟားတုိက္ ရယ္ေမာလာသည္ ။

ထိုအဘိုးၾကီး အူလိႈက္သည္းလိႈက္ ရယ္ေမာေနသည္ကုိ ၾကည့္ရင္း ရီ၀မ္၀မ္ မ်က္ေမွာင္ၾကဳတ္မိသြားသည္ ။ 

“ရွင့္လူေတြကုိ ေခၚၿပီး အခုခ်က္ခ်င္း က်ိဳး အိမ္ကေန ထြက္သြား”

အဘိုးၾကီး၏မ်က္နွာမွာ တၿဖည္းၿဖည္းခ်င္း ေအးစက္လာကာ ၿပတ္ၿပတ္သားသားနွင့္ တစ္လံုးခ်င္းစီ ေၿပာလာသည္ ။
“မိန္းကေလး ၊ က်ြန္ေတာ္ သည္းခံတယ္ဆုိတာမွာလည္း
အကန္ ့အသတ္ ရွိတယ္ ။ ဆုိးမယ့္ဆုိး ဒီထက္ပိုဆုိးစရာ အေၾကာင္း မရွိေတာ့ဘူး ။ က်ြန္ေတာ့္အသက္ကုိ မိန္းကေလးလက္ထဲ အပ္ထားၿပီးသားပါ ။
က်ြန္ေတာ္က ေသရမွာကုိ မေၾကာက္ဘူး ၊
က်ြန္ေတာ္တုိ့ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းရဲ့ သတိၱကို မိန္းကေလး သိထားသင့္တယ္”

ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းသားမ်ားသည္ ေသၿခင္းတရားကုိ မေၾကာက္ရြံ့သူမ်ားအၿဖစ္ နာမည္ၾကီးလွသည္ ။ က်ိဳး မိသားစုနွင့္ စကားေၿပာဆုိစဥ္က ထိုအေၾကာင္းၿခင္းရာကုိ ရီ၀မ္၀မ္ သိထားခဲ့ပါသည္ ။

သုိ့ေသာ္လည္း ေသၿခင္းတရားကုိ မေၾကာက္သည့္သူ မရွိနုိင္သည္ကုိ ရီ၀မ္၀မ္ မယံုၾကည္ပါေခ် ။

သူ ့ေခါင္းကုိ ေသနတ္နဲ့ ခ်ိန္ထားတာေတာင္မွ မေၾကာက္ေသးတုန္း ပဲလား ။

“သတိၱရွိတယ္ေပါ့ေလ ၊ ေကာင္းၿပီ ၊ က်ြန္မ တစ္ကေန သံုးအထိ ေရမယ္ ။ ေရၿပီးလုိ့မွ က်ြန္မ ေၿပာတဲ့အတုိင္း
ရွင္ မလုပ္ဘူးဆုိရင္ ပစ္ပစ္မယ္” ရီ၀မ္၀မ္သည္ အမူအရာဗလာၿဖင့္ ထုိအဘိုးၾကီးကို ေၿပာလုိက္သည္ ။

အရင္ရက္ေလာက္ကသာဆိုလ်ွင္ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္း၏ ေခါင္းေဆာင္ကုိ ေသနတ္ၿဖင့္ ခ်ိန္၀ံ့မည္ မဟုတ္သလုိ သူမ ၿခိမ္းေၿခာက္ ရဲမည္လည္း မဟုတ္ ။

ငါေတာ့ သတိၱေတြ စြတ္ေကာင္းေနမိၿပီပဲ ။

သုိ့ေသာ္လည္း အေၿခအေနမွာ ဒီထိတုိင္ ေရာက္လာၿပီၿဖစ္ရာ ေသရမွာေၾကာက္လ်ွင္ပင္ သူမ ဆက္လုပ္ရေတာ့မည္သာ ။

ထိုလူေတြေရွ့တြင္ ေၾကာက္ရြံ့မႈေလး တစုိးတစိေလာက္ ထုတ္ၿပလုိက္မိသည္နွင့္ အရိုးတစ္ရုိးပင္ မက်န္ေအာင္ အေရခြံစုတ္ခံရလိမ့္မည္ကုိ သူမ သိေနပါ၏ ။

သူမသည္ လြတ္လပ္ေသာနယ္ေၿမထဲ လာဖုိ့ ဆံုးၿဖတ္ထားကတည္းက ထုိေနရာသည္ မည္သုိ့ေသာေနရာဆုိသည္ကုိ သိထားၿပီးသားပင္ ။ အရာရာကုိ ကုိယ့္အားကိုယ္ ကုိးရမည္၊
မည္သူကမွ သူမကုိ ကူညီေပးနုိင္မည္ မဟုတ္ေပ ။

ရီ၀မ္၀မ္သည္ အသက္ကုိ ၿပင္းၿပင္းရွဴသြင္းလုိက္ၿပီး
ေအးစက္စြာၿဖင့္ပင္ ေရတြက္လုိက္သည္ ။ 

“သံုး”

“နွစ္”

“တစ္”

တစ္သုိ ့ ေရၿပီးသြားသည္နွင့္ တြန္ ့ဆုတ္ၿခင္းမရွိဘဲ ေသနတ္ေမာင္းတင္ ပစ္လုိက္သည္ ။

သုိ့ေသာ္လည္း ထိုအဘုိးၾကီးသည္ကား ၿသခ်ရေလာက္ေအာင္ပင္ ေသရမည္ကုိ မေၾကာက္ပါေခ် ။ ေက်ာကုိ ဆန္ ့တန္းထားၿပီး ေသၿခင္းတရားကုိ တည္ၿငိမ္စြာၿဖင့္ ခံယူေနသည္ ။

ေခ်ာက္

ေခ်ာက္ ေခ်ာက္

ရီ၀မ္၀မ္ ခနခန ေသနတ္ေမာင္း ဆြဲၾကည့္သည္ ။ သု့ိေသာ္ ေသနတ္၀ကေန က်ည္ဆံထြက္မလာဘဲ ေခ်ာက္ ဟူေသာ အသံသာ ထြက္လာေနသည္ ။

ေနရာၾကီးတစ္ခုလံုး တိတ္ဆိတ္သြားသည္ ။
လူတုိင္း၏အသက္ရွဴသံကုိပင္ ၾကားေနရေပသည္ ။

……………………………………………………

စာစဥ္ ၅၁၊ အခန္း ၂၄ ။  လာေနာက္ေနတာလား 

ရီ၀မ္၀မ္ မေမ်ွာ္လင့္ထားမိသည့္ အရာ နွစ္ခု ရွိသည္ ။

ပထမမွာ ထိုအဘိုးၾကီးသည္ ေသၿခင္းတရားကုိ
အမွန္ပင္ မေၾကာက္ၿခင္းနွင့္ ေနာက္ဆုတ္မသြားၿခင္း ။

ဒုတိယမွာ သူမ၏ေသနတ္ ပ်က္ေနၿခင္း ။

ရီ၀မ္၀မ္၏အစီအစဥ္အရ သူမသည္ တစ္ ဟု ေရလုိက္သည္နွင့္ ထိုအဘိုးၾကီးမွာ ေဘာင္းဘီထဲ ေသးထြက္က်သြားလိမ့္မည္ ၊
သုိ ့ၿဖစ္လ်ွင္ သူမသည္လည္း ေလဟာၿပင္ကုိသာ ေသနတ္ပစ္ထည့္လုိက္မည္ ။ ထုိ့ေနာက္တြင္ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းကုိ ေၿခာက္လွန္ ့ကာ
အေၿခအေနကို ထိန္းခ်ဳပ္ပစ္မည္ဟု စီစဥ္ၾကံဆထားၿခင္း ၿဖစ္သည္ ။

သုိ့ေသာ္လည္း သူမ၏စိတ္ကူးထားၿခင္းမွာ ၿပည့္စံုပါလ်က္နွင့္ တကယ္လက္ေတြ ့တြင္ မွန္းခ်က္နွင့္နွမ္းထြက္မကိုက္ ၿဖစ္သြားရေလသည္ ။

“စိတ္မရွိပါနဲ့ ၊ ခနေလး”

ရီ၀မ္၀မ္သည္ ၿမန္ၿမန္ဆန္ဆန္ပင္ ေသနတ္ကုိ ဖြင့္ၾကည့္လုိက္ရာ က်ည္ဆံတစ္ေတာင့္မွ ရွိမေနသည္ကုိ ၿမင္လုိက္ရ၏ ။

ထိုေတာ့မွသာ သူမ ေသနတ္၀ယ္လာခဲ့စဥ္က ေသနတ္ထဲ က်ည္ဆံ မထည့္ထားမိၿခင္းကုိ အမွတ္ရမိလုိက္၏ ။ ၀ယ္လာၿပီး သိမ္းထားသည့္ က်ည္ေတာင့္တုိ့မွာလည္း ပင္လယ္ထဲတြင္ ေပ်ာက္သြားကုန္ေလၿပီ ။

ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းနွင့္ ေဘးထုိင္ၾကည့္ေနသူမ်ား အားလံုး ရီ၀မ္၀မ္ကို ၾကည့္ေနၾကသည္ ။
အေၿခအေနမွာ အနည္းငယ္ အရွက္ရစရာေကာင္းလွသည္ ။

ထိုအဘိုးၾကီး၏မ်က္နွာသည္ကေတာ့ မင္အလားနွယ္ မည္းပုတ္ေနေလၿပီ ။ ထိုသည္ကုိ ၿမင္လုိက္ၿပီး
ရီ၀မ္၀မ္သည္ ရႈတည္တည္လုပ္လုိက္ကာ…
“အဘိုးၾကီး ၊ ၾကည့္ပါဦး ။ ရွင့္လည္း ဒီေလာက္ေတာင္ အိုေနၿပီ ၊ ေၿခေတြလက္ေတြေတာင္မွ မခုိင္ေတာ့ဘူး ၊ ဘာလုိ့မ်ား အိမ္မွာ သာသာယာယာ ေနရမယ့္အစား ေလ်ွာက္ပတ္ေၿပးလႊားေနၿပီး သတ္ဖို့ၿဖတ္ဖုိ့ခ်ည္း လုပ္ေနရတာလဲ ။ အဲ့ဒါေတာ့ မဟုတ္ေသးဘူးေနာ္”

ရီ၀မ္၀မ္ ဆက္ေၿပာလုိက္သည္ ။

“က်ြန္မက ရွင့္စိတ္ ေပ်ာ္သြားေအာင္လုိ့ ဒီအရုပ္ေသနတ္ထုတ္ၿပီး ေနာက္ေပးတာ ။ အဘုိးၾကီး ၊ ရွင့္မလဲ အိုတာမွ သခ်ိၤဳင္းေတာင္ ေၿခတစ္ဖက္လွမ္းေနၿပီ ။ က်ြန္မလုိ လူငယ္တစ္ေယာက္နဲ့ လုိက္ၿပိဳင္ၿပီး မလုပ္ေနသင့္ဘူး မလား”

က်ိဳး မိသားစု ။ “…”

ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္း ။ “…”

ၾကယ္ ခုနစ္ ။ “…”

ၾကည့္ရႈသူမ်ား ။ “…”

“ထားလုိက္ပါေတာ့ ၊ မင္းရဲ့အသက္ငယ္ေသးတာနဲ့ မရင့္က်က္ေသး တာကုိ ေထာက္ၿပီးေတာ့ ငါ မင္းကုိ ဒီေန့ ဘာမွ မလုပ္ေတာ့ဘူး ။ ထြက္သြားေတာ့”

အဘုိးၾကီးသည္ သက္ၿပင္းခ်လုိက္ၿပီး ေခါင္းတခါခါ ၿပဳလာသည္ ။

ရီ၀မ္၀မ္၏မ်က္၀န္းတုိ့ ၀င္းပသြားသည္ ။

“သက္က်ားအုိၾကီး…မဟုတ္ေသးဘူး…အဘိုးၾကီး…တကယ္ ေၿပာေနတာလား ။ က်ြန္မ ထြက္သြားလုိ့ ရၿပီလား”

“ဟားဟား…မိန္းကေလး…ငါလည္း မင္းကို စေနတာ”

အဘိုးၾကီးသည္ ေအးစက္စြာၿဖင့္ ၿပံဳးကာ ေၿပာဆုိသည္ ။

“အဘုိးၾကီး….ရွင္ ေတာ္ေတာ္ ေနာက္တတ္တာပဲ”

ရီ၀မ္၀မ္သည္ အခ်ိန္မေရြး အသက္လုထြက္ေၿပးနုိင္ဖုိ့ရာ အတြက္ ေဘးဘီ၀ဲယာကုိ ေသေသခ်ာခ်ာ အကဲခတ္္ေနသည္ ။

“ေသေပေတာ့”

အဘိုးၾကီးသည္ စိတ္ဆုိးမာန္ဆုိးၿဖင့္ ဟစ္ေအာ္လာကာ ရွိသမ်ွ အားကုန္ သံုးၿပီး ရီ၀မ္၀မ္ဆီ လက္သီးတစ္လံုး ပစ္သြင္းေတာ့သည္ ။

“ၿမန္လုိက္တာ”

ထိုအဘိုးၾကီး၏ လက္သီးတြင္ ပါသည့္ ခြန္အားနွင့္ အရွိန္ကုိ ခံစားမိလုိက္ၿပီး ရီ၀မ္၀မ္ ခ်က္ခ်င္းပင္ မ်က္နွာပ်ယ္ယြင္းသြားသည္ ။

အႏၱရာယ္အေငြ ့အသက္ၾကီးကို သူမ ခံစားမိလုိက္ၿပီး ထုိလက္သီးကုိ ၿပန္မခုခံနုိင္ေလာက္ဟုလည္း ခံစားေနမိလုိက္သည္ ။

ထုိအခုိက္ သူမ၏စိတ္မွာ ဗလာဟင္းလင္းၿဖစ္သြားၿပီး သူမ၏ခႏၶာကုိယ္က အလုိလုိပင္ ဘယ္ဘက္သုိ့ ေရွာင္တိမ္းပစ္လုိက္သည္ ။ သူမေလး၏လႈပ္ရွားဟန္မွာ အေရာင္စံုလိပ္ၿပာေလးတစ္ေကာင္ ေလထဲတြင္ ယိမ္းႏြဲ ့ကာ ကေနသည့္နွယ္ ၊ ေပ်ာ့ေပ်ာင္းသည္ ၊ ၿမန္ဆန္သည္ ၊ ထို့ိၿပင္ နားလည္ရခက္ၿပီး မာယာမ်ားလွသည္ ။

ေနာက္တခနအတြင္း ရီ၀မ္၀မ္သည္ လက္ညွိဳးတစ္ေခ်ာင္းကုိ ေၿမွာက္လုိက္ၿပီး အဘိုးၾကီး၏ေခါင္းဆီကုိ သက္ညွာၿခင္းမရွိဘဲ ကန္ထုတ္လုိက္သည္ ။

ဘုန္းခနဲ အသံအက်ယ္ၾကီးတစ္သံ ထြက္လာၿပီး ထိုအဘုိးၾကီးခမ်ာ အရွိန္ၿပင္းၿပင္းၾကီးတစ္ခုက
သူ ့ကုိ ရုိက္ခ်လုိက္သည့္အလားနွယ္
ေလထဲ လြင့္ပ်ံတက္သြားေတာ့သည္ ။

ေၾကာက္ရြ့ံၿခင္းကင္းေသာဂုိဏ္းက လူတုိင္းသည္
က်ိဳး အိမ္ေတာ္၏ သံတခါးၾကီးဆီ အဘိုးၾကီး လြင့္ပ်ံသြားၿပီး ထိုတံခါးတြင္ အခ်ိဳင့္ၾကီး ခ်ိဳင့္၀င္သြားသည္ကုိ မယံုၾကည္နုိင္စြာၿဖင့္ ၾကည့္ေနၾကသည္ ။

ထိုတြင္ ၾကည့္ရႈေနၾကသူမ်ားအားလံုးလည္း ၿဖဴေလ်ာ္ကုန္ၾကသည္ ။

ဒီမိန္းမက ဘာၾကီးလဲ ။

ရီ၀မ္၀မ္ကုိယ္တုိင္သည္ပင္ အံ့ၿသမိသြား၏ ။

ငါ ဘယ္လုိလုပ္လုိက္တာလဲ ။

ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းက သက္တမ္းၾကာၿမင့္ၿပီၿဖစ္သည့္ ဂုိဏ္းသားၾကီးတစ္ေယာက္ သည္ ရီ၀မ္၀မ္ကုိ မယံုသကၤာစြာ ၾကည့္လာသည္။

“ဘယ္လို…ဘယ္လုိလုပ္ ၿဖစ္နုိင္မွာလဲ ။ ဒီသိုင္းကြက္က ဂိုဏ္းခ်ဳပ္ ရဲ့ ထူးၿခားတဲ့ ကုိယ္ဟန္လႈပ္ရွားမႈနဲ့ လက္ညွိဳးသုိင္းပဲ”

ၾကယ္ ခုနစ္ သည္လည္း အံ့အားသင့္ေနသည္ ။

သူတုိ့ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္း ဂိုဏ္းခ်ဳပ္ ၏ ကိုယ္ဟန္လႈပ္ရွားမႈ မွာ အေတာ္ေလး ထူးၿခားလွသည္ ။ သူမသည္ ငယ္စဥ္ေတာင္ေက်း ကေလးဘ၀ကတည္းက သိုင္းပညာကုိ ၾကပ္ၾကပ္မတ္မတ္ သင္ၾကားလာခဲ့ရသူ ၿဖစ္သည္ ။ အခုတြင္ သူမ၏ တုိက္ခုိက္သြားပံုမွာ
ကိုၾကီး ဗိုလ္ ၏ တုိက္ခုိက္သြားပံုနွင့္ တေထရာတည္းပင္ ၿဖစ္သည္ ။ ထုိသုိ့ုေသာ တုိက္ခုိက္သြားပံုမ်ိဳးကို လုိက္သင္ယူနုိင္မည့္သူကား ဒုတိယတစ္ေယာက္ မရွိပါေခ် ။

ၾကိဳးစားပမ္းစား လုိက္သင္ယူမည္ ဆုိလ်ွင္ပင္
သူတုိ့၏ ဂိုဏ္းခ်ဳပ္ လုိ ခြန္အားမ်ိဳးကုိ ထုတ္သံုးသြားနုိင္မည္ မဟုတ္ေပ ။

ၾကယ္ ခုနစ္သည္ အေစာကတည္းက ထိုမိန္းကေလးကုိ အရမ္းရင္းနွီးေနသည္ဟု ခံစားရသၿဖင့္ ေတာက္ေလ်ွာက္ ေစာင့္ၾကည့္ေနၿခင္း ၿဖစ္သည္ ။

………………………………………………………

စာစဥ္ ၅၁၊ အခန္း ၂၅။  အရုိက္ခံရတဲ့ပံုစံက အရမ္းတူလြန္းတယ္ 

"ဘယ္လို…ဘယ္လုိလုပ္ ၿဖစ္နုိင္မွာလဲ"

ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းသားမ်ားအားလံုး ေရွာ့ရထိတ္လန့္ကုန္ကာ ဇေ၀ဇ၀ါၿဖင့္ တစ္ေယာက္ကုိတစ္ေယာက္ ၾကည့္ကုန္ၾကသည္ ။

သူတုိ့သည္ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းသားမ်ား ၿဖစ္ၾကၿပီး သက္တမ္းၾကာေနသည့္ ဂုိဏ္းသားမ်ား ၿဖစ္ၾကေသာေၾကာင့္
ဂိုဏ္းခ်ဳပ္၏ ထုိသုိင္းကြက္ကုိ ရင္းနွီးေနပါ၏ ။ 

ဟုိအရင္က ဂိုဏ္းခ်ဳပ္ သည္ မိဘဆီ သြားလည္ဦးမည္ဟု ေၿပာကာ အဆက္အသြယ္ၿပတ္သြားခဲ့ရာမွ ထုိကေန ေပၚလာၿခင္း မရွိေတာ့ေပ ။

ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းသည္ လူအင္အား အလံုးအရင္းသံုးကာ တစ္ခ်ိန္လံုးလံုး သူတုိ့၏ ဂိုဏ္းခ်ဳပ္ ကုိ လုိက္ရွာခဲ့ေသာ္လည္း ကံမေကာင္းစြာၿဖင့္ အရိပ္ပင္မေတြ ့ခဲ့ ရပါေခ် ။

ၾကယ္ ခုနစ္သည္ ထုိမိန္းကေလးကုိ စူးစူးစုိက္စုိက္ စုိက္ၾကည့္ေနရင္း သူ ့မ်က္နွာထက္တြင္ မေရရာမႈ ၊ ေ၀ခြဲမရမႈတုိ့ ထင္ဟပ္ေနသည္ ။

"မင္း…မင္းက ဆရာ ဂိုဏ္းခ်ဳပ္ လား"

ေၾကာက္ရြ့ံၿခင္းကင္းေသာဂုိဏ္းသားတစ္ေယာက္သည္
မ်က္နွာထက္တြင္ ေရွာ့ရမႈတုိ့၊ အံ့အားသင့္မႈတုိ့ လႊမ္းၿခံဳေနရင္း
ရီ၀မ္၀မ္ကုိ စုိက္ၾကည့္ကာ ေမးလာသည္ ။

ရီ၀မ္၀မ္၏ လက္ညွိဳးတစ္ေခ်ာင္းထဲနွင့္ ေလထဲလြင့္သြားခဲ့ရသည့္ အဘိုးၾကီးသည္ ခ်က္ခ်င္းပင္ မ်က္နွာပ်က္ယြင္းသြားကာ ေသြးတစ္လုတ္ အန္လုိက္သည္ ။

ေစာနက သံုးသြားတဲ့ လက္ညွိဳးသုိင္းရဲ့ ခြန္အားနဲ့ တုိက္ခုိက္သြားပံုက
ငါတုိ့ဂိုဏ္းခ်ဳပ္ နဲ့ အေတာ္ေလးဆင္တယ္ ။

"မင္း မင္း"

အရင္တုန္းက သူသည္ ဂိုဏ္းခ်ဳပ္၏ သုိင္းေလ့က်င့္ကစားေဖာ္တစ္ဦး ၿဖစ္ခဲ့၏ ။
ထုိ့ေၾကာင့္ ထုိမိန္းကေလး သူ ့ကို တိုက္ခုိက္လာခ်ိန္တြင္ ဟုိးအရင္က အခ်ိန္ကုိ သူ ၿပန္ခံစားလုိက္မိ၏ ။

အရုိ္က္ခံရတဲ့ပံုစံကုိက တူလြန္းအားၾကီးတယ္ ။

"ဂုိဏ္း-ဂိုဏ္းခ်ဳပ္"

အဘိုးၾကီးသည္ ရီ၀မ္၀မ္ဆီကုိ တုန္ရီစြာ ေလ်ွာက္လာရင္း မယံုၾကည္နုိင္စြာၿဖင့္ ေခၚလာသည္ ။

" ဂိုဏ္းခ်ဳပ္…ဂိုဏ္းခ်ဳပ္ လား"

ထိုအသိစိတ္မကပ္ ၿဖစ္ေနသည့္အဘိုးၾကီးသည္ ေသာင္းေၿပာင္းေရာေနသည့္ စိတ္ခံစားခ်က္တုို့ၿဖင့္
ရီ၀မ္၀မ္ကုိ ၾကည့္လာသည္ ။

ရီ၀မ္၀မ္သည္ ထိုအခ်ိန္က သူမ မသိစိတ္၏ ေစခုိင္းမႈအတုိင္း တုိက္မိတုိက္ရာ တုိက္ခိုက္ခဲ့ၿခင္း ၿဖစ္သည္ ။
အခုတြင္မူ သူမ ဆက္တုိက္ခုိက္လုိပါေသာ္လည္း
သူမ၏ ထိုုမသိစိတ္က ဗလာဟင္းလင္း ထပ္ၿဖစ္သြားၿပန္သည္ ။

ထို ့ေၾကာင့္ သူမ စုိးရိမ္စိတ္ပူမိသြားသည့္အခ်ိန္တြင္္ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းမွ လူမ်ားသည္ သူမကို စုိက္ၾကည့္ကာ " ဂိုဏ္းခ်ဳပ္" ဟု ေခၚလာၾကသည္ ။
သူမ ခ်က္ခ်င္းလက္ငင္းပင္ အံ့အားသင့္သြားရ၏ ။

ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္း၏ ဂိုဏ္းခ်ဳပ္ မွာ နွစ္ေပါင္းမ်ားစြာ တုိင္ေအာင္ ေပ်ာက္ဆံုးေနခဲ့သည့္ အရက္စက္ဆံုးေသာ ၊ ေကာက္က်စ္ကာ ဥာဏ္မ်ားဆံုးေသာ အေက်ာ္ေဇယ် ၊ ကုိၾကီး ဗိုလ္ ၿဖစ္သည္ကုိ သူမ အလုိလို သိလုိက္၏ ။

ဟုိလူေတြနဲ့ အဲ့ဒီမေကာင္းဆိုး၀ါး အဘိုးၾကီးက ငါ့ကို 
" ဂိုဏ္းခ်ဳပ္" လုိ ့ ေခၚတာ ဘာအဓိပၸာယ္လဲ ။

ရီ၀မ္၀မ္၏စိတ္ထဲ အေတြးတစ္ခု ၀င္လာသည္ ။ သူမသည္ တရုတ္ၿပည္တြင္လည္း ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းကေန ေမာင္းထုတ္ခံထားရသည့္ ထိုလူမ်ားနွင့္ သြားေတြ ့ခဲ့ခ်ိန္တြင္ သူတုိ့သည္လည္း သူမကုိ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္း၏ ဂိုဏ္းခ်ဳပ္ ဟု ေတြးထင္ခဲ့ၾကေလသည္ ။

ငါနဲ့ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းရဲ့ ဂိုဏ္းခ်ဳပ္ က တကယ္ကုိ တူတာလား။

မဟုတ္ရင္ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းရဲ့ ဂိုဏ္းခ်ဳပ္ နဲ့ ငါ့ကို ေတာက္ေလ်ွာက္ အထင္လြဲေနမွာမဟုတ္ဘူး ။

အခ်ိန္တုိေလးအတြင္း ရီ၀မ္၀မ္၏စိတ္ထဲ အေတြးေပါင္း မ်ားစြာ ေပၚထြက္ေနၿပီး သူမ သိလိုခ်င္သည္တုိ့ကို ၿပန္ၿမိဳခ်ေနရ၏ ။

သူမသည္ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္း၏ ဂိုဏ္းခ်ဳပ္ မဟုတ္ပါဟု ၿငင္းလုိက္လ်ွင္ သူမနွင့္ က်ိဳး မိသားစုမွ လူတုိင္း မုခ်ေသရေပမည္ ။

သူတို့က ငါ့ကုိ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းရ့ဲ ဂိုဏ္းခ်ဳပ္ လုိ့ ထင္ေနမွေတာ့...

ငါလည္း ဘာလုိ့ လုိက္သရုပ္မေဆာင္ရမွာလဲ ။

ဒါဆုိရင္ က်ဳိး မိသားစုကုိ ကယ္တင္လုိုက္ရံုတင္ မဟုတ္ဘဲ
ငါလည္း အသက္ဆက္ရွင္လုိ့ ရသြားၿပီ ။

ထုိသုိ့ ေတြးမိလုိက္ရင္း ရီ၀မ္၀မ္၏အမူအရာမွာ လြင့္လူးလာသည္ ။

ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္း၏ ဂိုဏ္းခ်ဳပ္ မွာ မည္သုိ့မည္ပံု ၿပဳမူေၿပာဆုိတတ္သည္ကုိ သူမ မသိပါေသာ္လည္း ၾကားေနရသည့္ေကာလဟလတုိ့အရ ကုိၾကီး ဗုိလ္ ၏ စရုိက္ကုိ သူမ အၾကမ္းဖ်င္း ခန့္မွန္းၾကည့္လုိက္သည္ ။

ငါ တစ္နည္းမဟုတ္ တစ္နည္းနဲ့ေတာ့ ေသရမွာပဲဟာ၊
ဘာလုိ့ မစြန့္စားၾကည့္ရမွာလဲ ။

ငါ့ရဲ့အရည္အခ်င္းကို ထုတ္ၿပဖုိ့ အခ်ိန္ေရာက္ၿပီ ။

အဘိုးၾကီးသည္ သူမကုိ " ဂိုဏ္းခ်ဳပ္" ဟု ေခၚလာခ်ိန္တြင္ သူမသည္ ရႈတည္တည္မ်က္နွာထားၿဖင့္သာ ေနလုိက္ၿပီး ထုိအဘိုးၾကီးကို အလုိမက်စြာ ၾကည့္ေပးလုိက္သည္ ။

"ဘယ္လုိ ေခၚလုိက္တယ္…"

ထိုမိန္းကေလး၏ အလုိမက်သည့္အမူအရာကုိ ၿမင္လုိက္ခ်ိန္တြင္ အဘုိးၾကီးမွာ ပုိလုိ့ ေသခ်ာမိလာ၏ ။
ယုိင္တုိင္တုိင္ၿဖင့္ပင္ ရီ၀မ္၀မ္ဆီသုိ့ ေလွ်ာက္သြားလုိက္သည္ ။

"ဒီ-ဒီငယ္က်ြန္က အသံုးမက်လို့ ဂိုဏ္းခ်ဳပ္ရဲ့ တစ္ကြက္ ေတာင္ မေတာင့္ခံနုိင္ပါဘူး ။ ဂိုဏ္းခ်ဳပ္ သင္ၾကားထားတဲ့အတုိင္း
က်ြန္ေတာ္ သုိင္းမေလ့က်င့္တာေၾကာင့္ မဟုတ္ပါဘူး၊
ဒီတုိင္း က်ြန္ေတာ္က အရမ္းအုိေနတာေၾကာင့္ပါ"

……………………………………………………

စာစဥ္ ၅၁၊ အခန္း ၂၆ ။  တကယ္ပဲ အစ္မလား 

အဘိုးၾကီးသည္ ဒူးေထာက္ခ်လုိက္ၿပီး တုန္ရီစြာၿဖင့္ ရွင္းၿပေနရင္း ထိုမိန္းကေလးကုိ ေစ့ေစ့စပ္စပ္ အကဲခတ္ေနသည္ ။
သူသည္ ဆက္ကာ အမွားကုိ ၀န္ခ်ေတာင္းပန္ေနသည္ ။

" ဂိုဏ္းခ်ဳပ္ ၊ ဒီငယ္က်ြန္က ကန္းေနလို့ ဂိုဏ္းခ်ဳပ္ ရဲ့ ၿမင့္ၿမတ္တဲ့မ်က္နွာကုိ မမွတ္လုိက္တာပါ"

ထိုအဘိုးၾကီးသည္ ပါးနပ္ဥာဏ္မ်ားစြာၿဖင့္ ထေမးလာသည္ ။

"ဒါေပမယ့္ အခုနက ဘာလုိ့ ဂိုဏ္းခ်ဳပ္ ဆုိတာကုိ ထုတ္မေၿပာခဲ့ရတာလဲ ခင္ဗ်ာ"

ငါ ထင္သလုိပင္ သူတုိ့ေတြ လြယ္လြယ္ေလးနဲ့ မယံုၾကဘူးပဲ ။ ငါ့ကုိ ပညာလာစမ္းေနၿပီ ။

ရီ၀မ္၀မ္သည္ ကုိၾကီး ဗိုလ္၏ စိတ္ေနစိတ္ထားကုိ မွန္းၾကည့္လုိုက္သည္ ။ ကုိၾကီး ဗုိလ္ သည္ အၿပင္တြင္ အခ်ိန္အၾကာၾကီးၾကာေအာင္ ေပ်ာ္ပါးေနၿပီး ၿပန္မလာေသးဘူးဆိုၿခင္းမွာ အက္စီးဒင့္တစ္ခုုခုေၾကာင့္ ၿဖစ္ရင္ၿဖစ္ ၊ သုိ ့တည္းမဟုတ္ ေပ်ာ္၍အားမရေသးေသာေၾကာင့္ ၿပန္မလာလုိၿခင္းသာ ၿဖစ္ ။

သုိ့နွင့္ ရီ၀မ္၀မ္သည္ ေတာက္ေခါက္ပစ္လုိက္ၿပီး…
"ဘာကုိ ေၿပာရမွာလဲ ။ အစားကုိ ကုန္ေအာင္ စားလုိ့ရတယ္၊ စကားကို ကုန္ေအာင္ မေၿပာနဲ့ ။ ငါက မင္းရဲ့ ဂိုဏ္းခ်ဳပ္ လုိ့ ဘယ္သူ ေၿပာလဲ"

ရီ၀မ္၀မ္သည္ သူတုိ့၏ ဂိုဏ္းခ်ဳပ္ ၿဖစ္ေၾကာင္း ပြင့္ပြင့္လင္းလင္း ၀န္ခံလုိက္လ်ွင္ သူတုိ့ မယံုၾကည္ဘဲ ၿဖစ္လာနုိင္သည္ ။ သုိ့ေသာ္ ထၿငင္းပစ္လုိက္မည္ ဆုိလွ်င္ေတာ့ သူတုိ့ အံ့ၿသသြားၾကလိမ့္မည္ ။

ထင္သည့္အတုိင္းပင္ အဘိုးၾကီးသည္ အံ့ၿသသြား၏ ။
ထုိ့ေနာက္တြင္ ငိုခ်ေတာ့မတတ္ ၿဖစ္လာသည္ ။

"ဂိုဏ္းခ်ဳပ္ ရာ ၊ မေနာက္ပါနဲ့ေတာ့ဗ်ာ ။ အေစာနက သုိင္းကြက္က ဂိုဏ္းခ်ဳပ္ ကလြဲၿပီး ဘယ္သူကမ်ား သံုးတတ္မွာလဲ ။ ဒီငယ္က်ြန္က ဂိုဏ္းခ်ဳပ္ ရဲ့ အရုိက္္ခံရတဲ့ ခံစားခ်က္ကို မလြဲပါဘူးဗ်ာ ။ ဂိုဏ္းခ်ဳပ္ ၿပန္ေရာက္လာေနၿပီ ဆုိမွေတာ့ ထပ္ၿပီး ေလွ်ာက္ေၿပးမေနေတာ့ဖုိ့ ေတာင္းပန္ပါတယ္ဗ်ာ"

"ဂိုဏ္းခ်ဳပ္ ထြက္သြားတာ အၾကာၾကီးၾကာေနလို့ ရုပ္အရမ္း ေၿပာင္းသြားရင္ ေၿပာင္းသြားလိမ့္မယ္ ။ ဒါေပမယ့္ ဒီငယ္က်ြန္ကေတာ့ ဂိုဏ္းခ်ဳပ္ကုိ ၿမင္ၿမင္ခ်င္း မွတ္မိပါတယ္။ ဒီငယ္က်ြန္ကုိ ေက်းဇူးၿပဳၿပီး ခြင့္လႊတ္ေပးပါ ၊ ဂိုဏ္းခ်ဳပ္ "

ရီ၀မ္၀မ္သည္ ထုိေတာ့မွ ရုပ္ဖ်က္တာ ေပၚသြားသေယာင္
ဟန္ၿပဳလုိက္သည္ ။  "စိတ္ရႈပ္ဖုိ့ေကာင္းလုိက္တာ"

အဘိုးၾကီးသည္ ခ်က္ခ်င္းပင္ ဖိနပ္မယက္ရံုတမယ္ ေဖာ္လံဖားေတာ့သည္ ။

"ဒီလြတ္လပ္ေသာနယ္ေၿမမွာ ေသနတ္ဆြဲထုတ္ရဲတဲ့သူက ဂိုဏ္းခ်ဳပ္ တစ္ေယာက္ပဲ ရွိနုိင္တဲ့ဟာ ၊ က်ြန္ေတာ္ ဘယ္လုိလုပ္ၿပီးေတာ့ ဂိုဏ္းခ်ဳပ္ ကို လူမွားမွာလဲ"

အဘုိးၾကီးသည္ ထုိသုိ့ေၿပာရင္း အလြန္အမင္း စိတ္ဓာတ္က်သြားဟန္ ေပၚလာသည္ ။

ငါသာ ဒီေလာက္အေသးစိတ္က်တာကုိ သတိထားမိၿပီး ဂုိဏ္းခ်ဳပ္ မွန္း ေစာေစာကသာ သိလုိက္ရင္
အခုလုိ အရုိက္ခံလုိက္ရမွာ မဟုတ္ဘူး ။

"မင္း"

ၾကယ္ ခုနစ္ သည္ အံ့ၿသၿခင္းၾကီးစြာၿဖင့္ သူမကုိ ၾကည့္ေနသည္ ။

ရီ၀မ္၀မ္သည္ အခုမွ စိတ္ေအးသြားမိရံု ရွိေသးသည္ ။
သုိ့ေသာ္ ၾကယ္ ခုနစ္၏ ပံုစံကုိ ၿမင္လုိက္ၿပီး ခ်က္ခ်င္းပင္ ၾကက္သီးေမြးညင္းတုိ့ တဖ်င္းဖ်င္း တက္သြားသည္ ။

ဟုိေကာင္ေလးက ဒီအဘုိးၾကီးထက္ေတာင္မွ ပုိလွည့္စားရ ခက္ေနပါလား ။

ရီ၀မ္၀မ္သည္ စိတ္ကုိ တည္ၿငိမ္ေအာင္ မနည္းလုပ္ယူလုိက္ရ၏ ။ ထုိ့ေနာက္တြင္ ႏႈတ္ခမ္းတို့ တြန့္ေကြးတက္သြားၿပီး ထုိလူငယ္ေလးကုိ တည္ၿငိမ္စြာၿဖင့္ ၾကည့္လုိက္သည္ ။

"မင္းက တကယ္ပဲ အစ္မလား" ၾကယ္ ခုနစ္ သည္ အဓိပၸာယ္ ေဖာ္မစြမး္နုိင္ေသာ မ်က္၀န္းၿဖင့္ အေရွ့သုိ ့ ေလ်ွာက္လာသည္ ။

"အစ္မလား…."

ရီ၀မ္၀မ္ အံ့အားသင့္သြားသည္ ။

ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းရဲ့ ၾကယ္ ခုနစ္ က ဘာလဲ ၊
ဂိုဏ္းခ်ဳပ္ ရဲ့ ေမာင္ေလးလား ။

ေမာင္အရင္းလား ၊ ဒါမွမဟုတ္ ေသြးေသာက္ေမာင္လား ။

ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းရဲ့ ပံုစံအရဆုိ သူ ့ရဲ့ဂိုဏ္းခ်ဳပ္
ကိုၾကီး ဗိုလ္ က ရက္စက္ၿပီး ဆုိးသြမ္းတဲ့သူပဲ ၿဖစ္ရမယ္ ။
အဲ့လုိလူမ်ိဳးက သူ ့ရဲ့ေမာင္အေပၚမွာ ဘယ္လုိမ်ိဳး သေဘာထား ရွိလိမ့္မလဲ ။

အား…ဒီလုိခံစားခ်က္ေတြက ခန့္မွန္းရ ခက္လုိက္တာ ။

"ၾကယ္ ခုနစ္၊ ဘာလဲ ၊ ကုိယ့္အစ္မကုိေတာင္ မမွတ္မိေတာ့ဘူးလား"

တခနေလာက္ စဥ္းစားလုိက္ၿပီးေနာက္တြင္
ရီ၀မ္၀မ္သည္ သူမ၏ေလသံကုိ ၿပင္လုိက္သည္ ။ သူမ၏ရႈတည္တည္မ်က္နွာထားကို မၿပင္သည့္တုိင္
ႏူးညံ့စြာ ၊ လြမ္းဆြတ္စြာၿဖင့္ ေၿပာဆိုလုိက္သည္ ။

ဒီလုိခံစားခ်က္မိ်ဳး ၿဖစ္ေလာက္တယ္ မလား ။

ရီ၀မ္၀မ္၏ရင္ထဲ ၀ုန္းဒုိင္းၾကဲေနေလၿပီ ။
စကားေလးတစ္ခြန္း မွားလုိက္ရံုနွင့္ သူမ၏အသက္ပါ ပါသြားနုိင္သည္ မဟုတ္ပါလား ။

ၾကယ္ ခုနစ္သည္ သူမကုိ ေငးၾကည့္ေနသည္ ။ ထုိ့ေနာက္တြင္ စိတ္ရႈပ္ေထြးသြားသည့္ အမူအရာၿဖင့္ စကားတစ္ခြန္း မဆိုေတာ့ဘဲ ေခါင္းငံု ့သြားသည္ ။

တစ္ဖက္တြင္မူ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းသားမ်ားသည္ အၾကိတ္အနယ္ ေဆြးေႏြးေနၾကသည္ ။

"သူက ငါတုိ့ရဲ့ ဂိုဏ္းခ်ဳပ္ ၊ ကုိၾကီး ဗိုလ္ ပဲ ၿဖစ္ရမယ္ ။ မဟုတ္ရင္ ကိုၾကီး ဗိုလ္ ရဲ့ အ့ဲဒီ ထူးၿခားသုိင္းကြက္ကုိ သိေနစရာ အေၾကာင္း မရွိဘူး ။ အရင္တုန္းက အၾကီးအကဲ ၇ က ဂိုဏ္းခ်ဳပ္ ကုိ သုိင္းကြက္နည္းနည္း သင္ေပးဖုိ့ ေတာင္းဆိုခဲ့ေသးတယ္တဲ့ ။ ဒါေပမယ့္ သုိင္းမွာ ပါရမီပါလာတဲ့ အၾကီးအကဲေတာင္မွ နွစ္၀က္ၾကာေအာင္ ေလ့က်င့္တာေတာင္ အဲ့သုိင္းကြက္ကို  မတတ္ဘူးတဲ့ဟ"
ဂိုဏ္းသားတစ္ေယာက္သည္ စိတ္လႈပ္ရွားစြာၿဖင့္ ေၿပာဆုိေနသည္ ။ 

………………………………………………………

စာစဥ္ ၅၁၊ အခန္း ၂၇ ။  ဂိုဏ္းခ်ဳပ္ ကုိ ၾကိဳဆုိပါတယ္

ရီ၀မ္၀မ္သည္ ထိုုဂုိဏ္းသားကုိ စိတ္ထဲကေန က်ိတ္ကာ လက္မအၾကီးၾကီး ေထာင္ၿပမိလုိက္၏ ။

အဲ့ေကာင္ေလးက တကယ့္ကုိ စဥ္းစားဥာဏ္ရွိသားပဲ၊
သူ ့အနာဂတ္ကေတာ့ ေတာက္ပေနမွာပဲ ။

"ဒါေပမယ့္ကြာ… ဂိုဏ္းခ်ဳပ္ ေပ်ာက္ေနတာၿဖင့္ အၾကာၾကီး ၾကာလွေပါ့ ။ ၿပီးေတာ့ မိန္းကေလးတစ္ေယာက္က အရြယ္ေရာက္လာရင္ ရုပ္အရမ္း ေၿပာင္းသြားတယ္ လုိ့ ေၿပာၾကသလုိပဲလားပဲ ၊ ငါေတာ့ တကယ္ကုိ မမွတ္မိလုိက္ဘူး ။ အရွိန္အ၀ါခ်င္းက နည္းနည္း ေၿပာင္းလဲသြား သလိုပဲ"

ေနာက္ထပ္ေသာဂုိဏ္းသားက စိတ္ရႈပ္ေထြးေနဟန္ၿဖင့္ ထကာ ေၿပာလာသည္ ။

ရီ၀မ္၀မ္ ခ်က္ခ်င္းပင္ ထိုဂုိဏ္းသားနွင့္
သူ ့တစ္ေဆြလံုးတစ္မ်ိဳးလံုးကို က်ိတ္ဆဲမိသြားသည္ ။

သူ ့လုိလူမ်ိဳးမွာ ဘာအနာဂတ္မွကုိ ရွိမွာမဟုတ္ဘူး ။

ထိုအခုိက္တြင္ အဘိုးၾကီးသည္ သူမကုိ တဖန္ ေၿပာလာၿပန္သည္ ။

"ဘာပဲၿဖစ္ၿဖစ္ပါ၊ ဂိုဏ္းခ်ဳပ္ ၿပန္ေရာက္လာတာ သိပ္ေကာင္းတယ္ ။ ၿပန္လည္ၾကိဳဆုိပါတယ္ ၊ ဂိုဏ္းခ်ဳပ္"

ၾကယ္ ခုနစ္သည္ ထိုသည္ကုိ ၾကားလုိက္ခ်ိန္တြင္ ၿငင္းလည္းမၿငင္း၊ လက္လည္းမခံေပ ။ သူသည္ သူမကို လံုး၀ မယံုၾကည္ေသးသည္မွာ သိသာလွသည္ ။ သူ၏ေအးစက္စက္အၾကည့္တုိ့သည္ ရီ၀မ္၀မ္၏ေနာက္ေက်ာကုိ ဓားနွင့္ခ်ိန္ထားသေယာင္ေယာင္ ။

တၿခားေသာဂုိဏ္းသားမ်ားသည္ကေတာ့ ထုိအဘိုးၾကီး၏စကားအတုိင္း သံေယာင္လုိက္ကုန္ၾကသည္ ။

"ၿပန္လည္ၾကိဳဆုိပါတယ္၊ ဂိုဏ္းခ်ဳပ္"

"ၿပန္လည္ၾကိဳဆုိပါတယ္ ၊ ဂိုဏ္းခ်ဳပ္"

သူတို့၏ ၀မ္းသာအားရ ၾကည္လင္ရႊန္းေ၀သည့္ အသံတုိ့သည္ တစ္လမ္းလံုး ဟိန္းဟိန္းညံသြားသည္ ။

က်ိဳး မိသားစုနွင့္ အနီးနားက ၾကည့္ေနသူအေပါင္းမွာ ေနရာတြင္ပင္ ၾကက္ေသေသကုန္ၾကသည္ ။

ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္း၏ ဂိုဏ္းခ်ဳပ္ မွာ တုႏိႈင္းမမွီေအာင္ လ်ိဳ့၀ွက္ဆန္းၾကယ္ၿပီး သူမ၏ရုပ္ရည္အစစ္ကုိ မည္သူကမွ ၿမင္ဖူးၿခင္း မရွိပါေသာ္လည္း သူမ၏ နာမည္ဂုဏ္သတင္းသည္ကေတာ့ မုိးၾကိဳးနွယ္ ဟိန္းထြက္ေနေပသည္ ။ လြတ္လပ္ေသာနယ္ေၿမတြင္ ကေလးမွအစ ေခြးအဆံုး၊ သခ်ိဳင္းတစ္ဖက္ လွမ္းေနသည့္အဘုိးၾကီးအဆံုး
ကုိၾကီး ဗိုလ္ ဆုိသည့္ နာမည္ကုိ မသိသူ မရွိၾကပါေခ် ။

"ကုိၾကီး ဗုိလ္ က ေပ်ာက္ေနတာ နွစ္ေတြ ေတာ္ေတာ္ၾကာေနၿပီ ၊ ဒီေန ့ေတာ့ ၿပန္ေပၚလာၿပီလား"

"ဟြန္ ့၊ ေအးေပါ့ဟ ၊ ဘယ္လုိလုပ္ မွားနုိင္မွာလဲ ။ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းသားေတြေတာင္မွ လက္ခံထားတဲ့ဥစၥာ၊ သူက ကိုၾကီး ဗိုလ္ ပဲ ၿဖစ္ရမွာေပါ့"

"ဘုရားေရ…ကုိၾကီး ဗိုလ္ က အဲ့ေလာက္ေတာင္ ေခ်ာတယ္လား ။
ငါ ထင္ထားတာက ကုိၾကီး ဗိုလ္ က အရုပ္ဆုိးဆုိး၊ ဗိုက္ပူပူၾကီးလုိ့"

"အဟင္း၊ သူ ရုပ္ေခ်ာေနေတာ့ေရာ ဘာလုပ္ရမွာလဲ ။
အဲ့ဒါက အေပၚယံသက္သက္ပဲ ။ တကယ့္အတြင္းပုိင္းမွာက ရက္စက္္တဲ့ နွလံုးသားၾကီး ရွိေနတာေလ"

"နင္ ေသခ်င္ေနတာလား ၊ တုိးတုိးေၿပာစမ္းပါ ။
ေတာ္ၾကာ…ၾကားသြားလုိ့ ေခါင္းၿပတ္သြားဦးမယ္"

က်ိဳး မိသားစု၀င္မ်ားသည္ အံ့ၿသၿခင္းၾကီးစြာၿဖင့္ တစ္ေယာက္ကိုတစ္ေယာက္ ေၾကာင္ၾကည့္ေနၾကသည္ ။ တစ္ေယာက္ခ်င္းစီ၏မ်က္၀န္းတုိင္းတြင္ မယုံၾကည္နုိင္မႈတုိ့ အၿပည့္ ။

သခင္ၾကီး က်ိဳး ၊ သခင္မၾကီး က်ိဳး နွင့္ က်ိဳး၀ူ တုိ့မွာမူ အတုိင္းထက္အလြန္ပင္ အံ့ၿသေနၾကသည္ ။

ၿပီးခဲ့သည့္ရက္မ်ားတြင္ သူတုိ့နွင့္ တရင္းတနွီးရွိခဲ့သည့္ ထိုမိန္းကေလးသည္ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္း၏ အၾကင္နာတရား မရွိေသာ၊ ရက္စက္ေသာ အေက်ာ္ေဇယ် ဂိုဏ္းခ်ဳပ္ ၿဖစ္ေနလိမ့္မည္ဟု မထင္ထားၾကပါေခ် ။

"သူ ေၿပာတာ လြတ္လပ္ေသာနယ္ေၿမက မဟုတ္ဘူးဆုိ၊
ဒီကို လူလာရွာတာလုိ့ ေၿပာတာမလား"

က်ိဳး၀ူသည္ ေ၀ခြဲမရေသာစိတ္ခံစားခ်က္တုိ့ၿဖင့္ ရီ၀မ္၀မ္ကုိ ၾကည့္ရင္း ေၿပာဆုိလာသည္ ။

သုိင္းပညာအစည္းအရံုး၏ စံုစမ္းေရးအဖြဲ ့ လက္ထဲကေန
သူ ကယ္တင္ ေပးခဲ့သည့္ ထုိမိန္းကေလးမွာ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္း၏ ဂိုဏ္းခ်ဳပ္ ၿဖစ္ေနလိမ့္မည္ဟု တစ္ခါပင္ မထင္ထားဖူးေခ် ။

သခင္ၾကီး က်ိဳး သည္ မည္းပုတ္ေနသည့္မ်က္နွာၿဖင့္ ၿပန္ေၿဖလာသည္ ။

"ဆရာ ဂိုဏ္းခ်ဳပ္ က ဥာဏ္အရမ္းမ်ားတာ ၊ ဘယ္ေတာ့မွ ယုတိၱက်က် မလုပ္တတ္ဘူး ။ သူ ့စိတ္ကုိ အေဖတု့ိ ဘယ္ဖတ္နုိင္ပါ့မလဲ"

အစ္ မ

ၾကယ္ ခုနစ္သည္ ရီ၀မ္၀မ္ကုိ နီးနီးကပ္ကပ္ ေလ့လာေနရင္း
သူ ့မ်က္၀န္းထဲတြင္ စိတ္ရႈပ္ေထြးမႈတုိ့ ေပၚထြက္ေနသည္ ။

ဒီမိန္းမက တကယ္ပဲ အစ္မ ပိုင္ဖန္း လား ။

သုိင္းကြက္ေတြ တူတယ္ ဆုိေပမယ့္လည္း တစ္ခုခုေတာ့ လြဲေနသလုိပဲ ။ ရုပ္ရည္ကလည္း နည္းနည္းေလးပဲတူတယ္။

ဟာကြာ ၊ သူ အတုပဲၿဖစ္ၿဖစ္ အစစ္ပဲၿဖစ္ၿဖစ္ ၊ ၿပန္ေခၚသြားၾကည့္ရင္ သိရမွာပဲ ။

အစစ္ဆုိရင္ေတာ့ အေကာင္းဆံုးေပါ့ ၊
အတုု ဆုိလုိ့ကေတာ့….

"အစ္မ ၿပန္ေရာက္လာၿပီ ဆုိေတာ့ ၿပန္ၿပီး
အားလံုးကုိ အေၾကာင္းၾကားလုိက္ရေအာင္"

ၾကယ္ ခုနစ္သည္ သီးသန့္ေနေနရာမွ တခနအၾကာတြင္ ထေၿပာလာသည္ ။

ထုိသည္ကို ၾကားလုိက္ၿပီး ရီ၀မ္၀မ္၏နွလံုးသားေလး ဟုိးေအာက္ကုိ ၿပဳတ္က်သြား၏ ။

သြားၿပီ…ၾကယ္ ခုနစ္ က ငါ့ကုိ လံုး၀ မယံုေသးဘူးပဲ ။

"ဟုတ္တယ္ ဟုတ္တယ္ ဟုတ္တယ္ ၊ ဂိုဏ္းခ်ဳပ္ ၿပန္ေရာက္လာတာက တကယ့္ကို ေပ်ာ္စရာေကာင္းတဲ့ ကိစၥၾကီးပဲ ။ ငါတုိ့ အားလံုးကုိ ၿမန္ၿမန္ အေၾကာင္းၾကားရမယ္ ။ ဂိုဏ္းခ်ဳပ္ ၊ ၿပန္ၾကရေအာင္ ၊ အရင္ၿပန္ၾကရ ေအာင္"

အဘိုးၾကီးမွာ အလြန္အမင္းပင္ စိတ္လႈပ္ရွား၀မ္းသာေနသည္ ။

………………………………………………………

စာစဥ္ ၅၁၊ အခန္း ၂၈ ။  က်ားဂူထဲ ၀င္သည့္ သုိးသူငယ္

ထုိ့ေနာက္တြင္ အဘိုးၾကီးသည္ ၿမန္ၿမန္ဆန္ဆန္ပင္ ေမးလာသည္ ။

"ဟုိေလ…က်ိဳး မိသားစုကုိ က်ြန္ေတာ္တုိ့ ဘယ္လုိ လုပ္လုိက္ရမလဲ ဂိုဏ္းခ်ဳပ္"

ယခင္က ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းသည္ က်ိဳး မိသားစု ကုိ ရွင္းပစ္ၿပီး ဤေနရာတြင္ ဌာနခြဲတစ္ခု ေထာင္ဖုိ့ရာ ၾကံရြယ္ထားၿခင္း ၿဖစ္သည္ ။

သုိ့ေသာ္ ၊ အဘုိးအိုမွာ ဥာဏ္နည္းသူ မဟုတ္ပါေခ် ။ ဤအခ်ိန္၌ သူတိ့ု၏ ဂိုဏ္းခ်ဳပ္ သည္ ရုတ္တရက္ၾကီး ေပၚထြက္လာၿပီး က်ိဳး မိသားစုကုိ ကာကြယ္ေပးေနရာ ဂိုဏ္းခ်ဳပ္ နွင့္ က်ိဳး မိသားစုတြင္ ပတ္သက္မႈတစ္ခုခု ရွိေန၍သာ ၿဖစ္ရမည္။

"ဘယ္လုိလုပ္လုိက္ရမလဲ…ဟုတ္လား"
ရီ၀မ္၀မ္ မာန္ပစ္လုိက္သည္ ။
"ဘယ္လုိ လုပ္သင့္တယ္ ထင္လဲ"

အဘုိးအုိသည္ အေၾကာက္ၾကီး ေၾကာက္လန့္သြားၿပီး ကပ်ာကယာပင္ က်ိဳး မိသားစု ဘက္ လွည့္သြားေတာ့သည္။
လက္သီးနွစ္ဖက္ကုိ ဆုပ္ကာ အရုိအေသၿပဳၿပီး ေၿပာလုိက္သည္ ။

"အားလံုးပဲ…က်ြန္ေတာ္တုိ့ေတြက တစ္ဖြဲ့တည္းသားခ်င္း ေတြပဲဗ်ာ၊ ဒီေန ့ကိစၥက မေတာ္တဆ ၿဖစ္သြားတာပါ ။ အားလံုးပဲ စိတ္မရွိၾကဖုိ့ ေမ်ွာ္လင့္ပါတယ္ ။ တကယ္ေတာ့ဗ်ာ ၊ ခင္ဗ်ားတုိ့ဘက္ကသာ ဂိုဏ္းခ်ဳပ္ နဲ့ သူငယ္ခ်င္းေတြပါလုိ့ ေစာေစာကတည္းက ေၿပာလုိက္ရင္ ဒီလုိေတြ ၿဖစ္လာပါ့မလားဗ်ာ"

သခင္ၾကီး က်ိဳးတုိ့ မိသားစုခမ်ာ ဘာကိုမွ ၿပန္မေၿပာနုိင္ ေတာ့ပါေခ် ။

ရီ၀မ္၀မ္က ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္း ရဲ့ ဂိုဏ္းခ်ဳပ္ လုိ့
ငါတုိ့က ဘယ္လိုလုပ္ သိမွာလဲ ။

"အစ္မ…က်ြန္ေတာ္တုိ့နဲ့ ၿပန္လုိက္ခဲ့ပါ"
ၾကယ္ ခုနစ္သည္ ရီ၀မ္၀မ္ ကုိ ၾကည့္ရင္း ေၿပာလုိက္သည္ ။

က်ိဳး မိသားစုကုိ အၿပတ္ရွင္းဖုိ့၊ မရွင္းဖုိ့က အေရးမပါေတာ့ေပ ။ အခု အေရးၾကီးဆံုးမွာ ထုိမိန္းကေလးသည္ ေၾကာက္ရြံ့ၿခင္းကင္းေသာ ဂုိဏ္း၏ ဂိုဏ္းခ်ဳပ္ ဟုတ္မဟုတ္ အတည္ၿပဳဖုို့ရာသာ ၿဖစ္သည္ ။

ရီ၀မ္၀မ္၏စိတ္ထဲတြင္ အတုန္လႈပ္ၾကီး တုန္လႈပ္သြား၏ ။ သုိ့ေသာ္ အၿပင္ဘက္တြင္မူ တည္ၿငိမ္လ်က္ ၊ ေအးစက္လ်က္သာ ။

ငါသာ ၾကယ္ခုနစ္တုိ့ ေနာက္ကေန လုိက္ၿပီး ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းထဲ ၀င္သြားလုိက္ရင္
က်ားဂူၾကီးထဲ သိုးေပါက္ေလး ၀င္သြားသလုိ ၿဖစ္သြားမွာေပါ့ ။

မၿဖစ္ဘူး ။

ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းရဲ့ စရုိက္အတုိင္းဆုိ ငါ အလိမ္ေပၚသြားတာနဲ့ ဆုိးဆုိး၀ါး၀ါးေတြ ၿဖစ္ကုန္လိမ့္မယ္ ။

ထိုလူေတြသည္ သူမကို အဘယ္ေၾကာင့္ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္း၏ ဂိုဏ္းခ်ဳပ္ ဟု ထင္ေနၾကၿခင္းမွန္း သူမ မသိပါေခ် ။ သူမသည္ အခုအေၿခအေနကေန ကုိယ့္ကိုယ္ကုိ ကယ္တင္ကာ ထြက္ေၿပးလုိၿခင္း တစ္ခုတည္းသာ စိတ္ထဲတြင္ ရွိေန၏ ။

"ငါ့ဆီမွာ လုပ္စရာေတြ ရွိေနေသးတယ္၊ ၿပီးတာနဲ့ ၿပန္လာခဲ့မယ္"
ရီ၀မ္၀မ္ ၿငင္းပစ္လုိက္သည္ ။

သုိ့ေသာ္လည္း ၾကယ္ ခုနစ္သည္ ရီ၀မ္၀မ္ကုိ အလြတ္ေပးလုိဟန္ မရွိေပ ။ ရီ၀မ္၀မ္ကုိ တခနေလာက္ ၾကည့္လုိက္ၿပီးသည့္ေနာက္တြင္ ဒက္ခနဲ ေၿပာလာေတာ့သည္ ။

"အစ္မ ကိစၥ အေရးၾကီးတယ္ဆုိရင္လည္း ေနာက္ေတာ့မွ ေၿဖရွင္းဗ်ာ ။ အခုေလာေလာဆယ္ အစ္မ ေၿဖရွင္းေပးမွ ရမယ့္ ပိုအေရးၾကီးတဲ့ကိစၥေတြ ရွိေနတယ္္"

ထို့ေနာက္တြင္ ၾကယ္ ခုနစ္သည္ ရီ၀မ္၀မ္ကို ၿငင္းခြင့္မေပးေတာ့ဘဲ
ခ်ာကနဲ လွည့္ထြက္သြားေတာ့သည္ ။

"ဂိုဏ္းခ်ဳပ္ ၊ သြားရေအာင္ပါ ။ ဒီတစ္ေလ်ွာက္လံုး
ဂိုဏ္းခ်ဳပ္ ကို တစ္ဂုိဏ္းလံုးက ေစာင့္ေနၾကတာ ။
အခုခ်ိန္မွာ ေၾကာက္ရြံ့ၿခင္းကင္းေသာဂိုဏ္းရဲ့ အတြင္းပိုင္းက မတည္္ၿငိမ္ေတာ့ဘူး ။ ဂုိဏ္းက နွစ္ဂုိဏ္း ကြဲေနတယ္ ။ ဂိုဏ္းခ်ဳပ္ သာ ၿပန္မလာဘူးဆုိရင္ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းက ၿပိဳကြဲသြားလိမ့္မယ္"
ထိုအဘိုးၾကီးသည္ သက္ၿပင္းတခ်ခ်ၿဖင့္ ေၿပာဆုိေနသည္။ 

အဘိုးၾကီးသည္ ကူကယ္ရာမဲ့ေနသည္၊ သုိ့ေသာ္
ရီ၀မ္၀မ္သည္ သူ ့ထက္ပင္ ပုိလုိ့ ကူကယ္ရာမဲ့ေနေလသည္ ။

ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္း ၿပိဳကြဲတာ ငါနဲ့ ဘာဆုိင္လုိ့လဲ ။

သုိ့ေသာ္လည္း သူမ ေနာက္ေၾကာင္းၿပန္ေၿပး၍လည္း မရေတာ့ ။
ၾကယ္ ခုနစ္သည္ ဟုိးအစကတည္းက သူမကုိ သံသယ၀င္ေနခဲ့ၿခင္း ၿဖစ္သည္ ။ ထုိ့ေၾကာင့္ သူမသည္ ဇြတ္အတင္း မလိုက္ဘူး လုပ္ေနမိလ်ွင္ ၾကယ္ ခုနစ္သည္ သူမကုိ ေသခ်ာေပါက္ သံသယ၀င္လာေတာ့မည္သာ ။ သုိ့ဆုိလွ်င္ ၿပသနာမ်ားသြားေပလိမ့္မည္ ။

သုိ့နွင့္ ေနာက္ဆံုးတြင္ ရီ၀မ္၀မ္၌ ေရြးစရာမရွိေတာ့ဘဲ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းနွင့္ ၿပန္လုိက္သြားဖုိ့ရာ သေဘာတူလုိက္ရ၏။

"သခင္ၾကီး က်ိဳး ၊ သခင္မၾကီး က်ိဳး ၊ ဒီရက္ေတြမွာ က်ြန္မကုိ ေစာင့္ေရွာက္ေပးတဲ့အတြက္ ေက်းဇူးအမ်ားၾကီး တင္ပါတယ္"

ရီ၀မ္၀မ္သည္ စိတ္ထဲကေန က်ိတ္ ေက်းဇူးတင္လုိက္ၿပီး ေနာက္ ထြက္သြားလုိက္သည္ ။

ရီ၀မ္၀မ္သည္ က်ိဳး မိသားစုက ရင္ထဲကေန လိႈက္လိႈက္လွဲလွဲပင္ ေက်းဇူးတင္မိပါ၏ ။
လြတ္လပ္ေသာနယ္ေၿမကုိ ေရာက္လာၿပီးေနာက္တြင္
က်ိဳး မိသားစုေၾကာင့္သာ မဟုတ္ပါက ထိုစံုစမ္းေရးအဖြဲ့၏ အဖမ္းမိခံရၿပီး သူမ အသက္ေပ်ာက္ေနေလာက္ေပၿပီ ။

ခနအတြင္းတြင္ ရီ၀မ္၀မ္သည္ ကားထဲ ၀င္လုိက္ၿပီး
ၾကယ္ ခုနစ္ နွင့္အတူ အေနာက္ခန္းတြင္ ထိုင္လုိက္သည္ ။

ၾကယ္ ခုနစ္သည္ ေအးစက္စက္ၿဖင့္သာ ၊
တစ္လမ္းလံုး တိတ္ဆိတ္ေန သည္ ။

ၾကယ္ ခုနစ္၏ အမူအရာကို ၾကည့္ရင္း
ရီ၀မ္၀မ္၏ရင္ထဲတြင္ အေလးၾကီး ေလးလာရ၏ ။

ၾကယ္ ခုနစ္က ငါ့ကုိ ေၾကာက္ရြ့ံၿခင္းကင္းေသာဂုိဏ္းရဲ့ ဂုိဏ္းခ်ဳပ္ လုိ့ လံုး၀ကို မယံုဘူး ၊ အဲ့ဒါေၾကာင့္
သူ ငါ့ကုိ အခုလိုမ်ိဳး ဆက္ဆံေနတာ ။

ငါေတာ့ တကယ္ကို က်ားဂူထဲ ၀င္မိတဲ့ သိုး ၿဖစ္ေနၿပီနဲ့ တူတယ္၊ ကံတရားက ဘယ္လုိမွန္းလည္း ေရေရရာရာ မသိရဘူး ။

……………………………………………………

စာစဥ္ ၅၁၊ အပုိင္း ၂၉ ။  အေၿခစုိက္ရံုး

ပုိလုိ့ ဗ်ာမ်ားရသည္မွာ ထို ၾကယ္ ခုနစ္ နွင့္ ကိုၾကီး ဗိုလ္ ၾကားက ပတ္သက္မႈကုိ ရီ၀မ္၀မ္ မသိေနၿခင္းပင္ ။
သူတုိ့နွစ္ေယာက္သည္ ေမာင္နွမအရင္းေပေလာ ၊ အေမဘက္က ေတာ္စပ္သည့္ ၀မ္းကြဲေမာင္နွမေလာ၊ အေဖဘက္က ေတာ္စပ္သည့္ ၀မ္းကြဲေမာင္နွမေလာ ၊ သုိ့တည္းမဟုတ္ တစ္ခုခုေလာ ။

ရီ၀မ္၀မ္သည္ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းနွင့္
ကုိၾကီး ဗိုလ္ အေၾကာင္းကုိ မသိေနပါေခ် ။
သူတုိ့အေၾကာင္းကုိ သူမ တၿဖည္းၿဖည္း ႏႈိက္ထုတ္ရေပမည္။

ရီ၀မ္၀မ္သည္ အခုအေၿခအေနကုိ လြတ္နုိင္မည့္ နည္းလမ္းကို အေၿပးအလႊား စဥ္းစားၾကည့္ေနသည္ ။ သုိ့ေသာ္လည္း
ၾကယ္ ခုနစ္ သည္ သူမကုိ အခြင့္အေရးတစ္ခုမွ မေပးပါေခ် ။ ကားသည္ ေတာက္ေလ်ွာက္သာ ေမာင္းနွင္ေနၿပီး  တစ္ၾကိမ္ေလးပင္ ရပ္တန့္သြားၿခင္း မရွိ ။

ေန ့တစ္၀က္ၾကာၿပီးေနာက္တြင္ ၿမင္ကြင္းမွာ ပုိလုိ့ ရႈပ္ယွက္ခတ္လာ သည္ ။ မဆံုးနုိင္ေသာကားတန္းၾကီးမ်ားနွင့္ လူမ်ားကုိ မ်က္စိတဆံုး ၿမင္ေနရသည္ ။

လူစည္ကားလွေသာ ၿမဳိ့ၿပ ၿမင္ကြင္းရယ္ ၊ က်ိဳး မိသားစု၏ ေဖာ္က်ဴးသြားခဲ့ေသာ စကားတုိ့ရယ္ေၾကာင့္ ထုိသည္မွာ လြတ္လပ္ေသာနယ္ေၿမ၏ အေရးပါဆံုးေသာၿမိဳ့ေတာ္ ၊
ယြင္ၿမိဳ့ ၿဖစ္သည္ကုိ ရီ၀မ္၀မ္ အတပ္သိလုိက္သည္ ။

မ်ိဳးႏြယ္စုၾကီးေလးစု ၿဖစ္သည့္ နန္ မိသားစု၊ ဂ်ိ မိသားစု၊ ရွန္း မိသားစု နွင့္ လင္း မိသားစု တုိ့၏ ဌာနခ်ဳပ္မ်ားသည္ ယြင္ ၿမိဳ့တြင္ အေၿခစုိုက္ထားၾကသလုိ သုိင္းပညာအစည္းအရံုးနွင့္ ေၾကးစားေက်ာင္းေတာ္မွာလည္း ယြင္ ၿမိဳ့တြင္ပင္ ရွိေနၾကသည္ ။ 

ဤယြင္ ၿမိ့ဳေတာ္၏ ၾကြယ္၀ခ်မ္းသာမႈမွာ တရုတ္ၿပည္၏ အင္ပါရီယာ ၿမိဳ့ေတာ္ထက္ ဘယ္နည္းနွင့္မွ ေအာက္မက်နုိင္ ။ ထုိ့ၿပင္ ယြင္ၿမိဳ့ေတာ္သည္ ပို၍ က်ယ္ေၿပာလွေသာေၾကာင့္
အင္ပါရီယာ ၿမိဳ့ေတာ္ထက္ပင္ မ်ားစြာ ၾကီးမားေပလိမ့္မည္ ။

"ငါ ယြင္ၿမိဳ့မွာ ေနလာတာ ဘယ္ေလာက္ၾကာၿပီလဲ"

ရီ၀မ္၀မ္သည္ ဟန္ေဆာင္ပန္ေဆာင္ၿဖင့္ ေမးၾကည့္လုိက္ သည္ ။ 

သုိ့ေသာ္လည္း ၾကယ္ ခုနစ္ သည္ ဘာမွ ၿပန္မေၿပာလာေပ ။
မ်က္လံုးကုိသာ ပိတ္ထားေလသည္ ။

ရီ၀မ္၀မ္ ရွက္မိသြား၏ ။

ဒီကေလးက ဘာလို့ အဲ့ေလာက္ေတာင္ ေၿပာဆုိရခက္ရ တာလဲ ။

တခနအၾကာတြင္ ကားတန္းၾကီးမွာ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္း၏ ရံုးခ်ဳပ္ၿဖစ္္ရာ၊ ၿမင့္မားလွေသာ အေဆာက္အဦးၾကီးေရွ့တြင္ ရပ္သြားၾက သည္။

ကားဆရာသည္ ကားတံခါးကို လာဖြင့္ေပးၿပီး
ၾကယ္ ခုနစ္ သည္ ကားထဲကေန ထြက္လုိက္သည္ ။

"အစ္မ…က်ြန္ေတာ္တုိ့ ေရာက္ၿပီ"

ၾကယ္ ခုနစ္ သည္ ရီ၀မ္၀မ္ ကားထဲတြင္ ေပကပ္ေနသည္ကုိ ၿမင္လုိက္ၿပီး မႈန္သုန္စြာၿဖင့္ ေၿပာလုိက္ၿခင္းပင္ ။

"အင္း" 

ရီ၀မ္၀မ္သည္လည္း ေရြးခ်ယ္စရာ မရွိေတာ့ဘဲ ၾကယ္ ခုနစ္ ေနာက္ကေန ကားထဲက လုိက္ထြက္လုိက္ရ၏ ။

"ဂုိဏ္းခ်ဳပ္ ကုိ ၿမင္လုိက္ရင္ အားလံုး အေပ်ာ္လံုးစုိ့ၿပီး
ေသသြားေလာက္တယ္ ၊ ဟဲဟဲ"

အဘုိးၾကီးသည္ ရီ၀မ္၀မ္ကုိ စေနာက္ကာ ေၿပာဆုိေနသည္ ။

"…"

ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္သားေတြ အေပ်ာ္လံုး စုိ ့ၿပီး ေသမေသေတာ့ မေသဘူး၊ ငါကေတာ့ အခုကို ေသခ်င္ေနၿပီ ။

ဘယ္သူ ့ပံုစံ ဟန္ေဆာင္ရရ ဟန္ေဆာင္လုိ့ ရေသးတယ္ ။
အခုေတာ့ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းလုိမ်ိဳး ရက္စက္ၿပီး ၾကမ္းၾကဳတ္တဲ့ဂုိဏ္းၾကီးရဲ့ ေဘာ့စ္ အၿဖစ္နဲ့ လာဟန္ေဆာင္ေပး ေနရတယ္လုိ့ ။

ဟူး….

က်ိဳး အိမ္ေတာ္တြင္ ရွိခဲ့စဥ္တုန္းက အေၿခအေနကို ၿပန္ေတြးၾကည့္ေသာ္  ၊
ထိုစဥ္က သူမသည္ ေရလုိက္ငါးလိုက္ လုိက္မေၿပာခဲ့ဘူး ဆုိလ်ွင္
သူမသည္ ကိုၾကီး ဗိုလ္ ၿဖစ္ပါသည္ဟု ၀န္မခံခဲ့ပါလ်ွင္
က်ိဳး မိသားစု ပ်က္စီးမည္သာမက သူမသည္လည္း ထုိေနရာတြင္ပင္ အဆံုးသတ္ရေပလိမ့္မည္ ။

ထုိသုိ့ ဟန္ေဆာင္လုိက္ၿခင္းမွာ အဆုိးထဲက အေကာင္းဆံုးေသာ အေၿဖပင္ ၿဖစ္သည္ ။
သူမထံတြင္ တၿခားေရြးခ်ယ္စရာ မရွိခဲ့ပါေခ် ။

"သြားၾကမယ္"

ရီ၀မ္၀မ္သည္ ဖ်စ္ညွစ္ကာ ၿပံဳးယူလုိက္ၿပီး ထုိအေဆာက္အဦးထဲသုိ့
ၾကယ္ ခုနစ္ နွင့္ ထုိအဘိုးၾကီးေနာက္ကေန လုိက္၀င္သြားလုိက္သည္ ။

ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းသည္ အမွန္ပင္ က်ိက်ိတက္ေအာင္ ခ်မ္းသာၾကြယ္၀သည္ဟု ေၿပာ၍ရနုိင္သည္ ။ ယြင္ ၿမိဳ့လုိ ၿမိဳ့ၾကီးတစ္ၿမိဳ့တြင္ အထပ္ေပါင္း ဒါဇင္မကေသာ အထပ္ၾကီးကို ေဆာက္ထားကာ ရံုးခ်ဳပ္ လုပ္ထားေလသည္ မဟုတ္ပါလား ။

အား…ငါသာ ကိုၾကီး ဗိုလ္ ဆိုလုိ့ကေတာ့ တကယ္ေပ်ာ္စရာၾကီးပဲ ။

သုိ့ေသာ္လည္း သူမ၏မိဘနွစ္ပါးစလံုးမွာ ကြယ္လြန္သြားၿပီ ၿဖစ္ၿပီး သူမသည္ ဟုိးငယ္စဥ္ေတာင္ေက်း ကေလးဘ၀ကတည္းက အဘိုးၿဖစ္သူနွင့္အတူ ေနထိုင္လာခဲ့သူ ၿဖစ္သည္ ။ တစ္ဖက္တြင္ေတာ့
ကိုၾကီး ဗိုလ္ သည္ လြတ္လပ္ေသာနယ္ေၿမက လူ ၿဖစ္ၿပီး
သူမ၏ မိဘနွစ္ပါးစလံုးမွာ အသက္ရွင္ေနၾကေသးသည္ ။
မည္သုိ့ပင္ စဥ္းစားၾကည့္ပါေစ ၊ သူမနွင့္ကိုၾကီး ဗိုလ္ သည္ တစ္ေယာက္တည္း မည္သုိ့မွ မၿဖစ္နုိင္ပါေခ် ။

ထုိ့အၿပင္ ရီ၀မ္၀မ္သည္ သူမမွတ္ဥာဏ္ မေပ်ာက္ဆံုးခင္က
ကုိၾကီး ဗိုလ္ လိုမ်ိဳး ရက္စက္ၾကမ္းၾကဳတ္သည့္ ဒုစရုိက္ေကာင္ၾကီး ၿဖစ္ေနလိမ့္မည္ဟု ကိုယ့္ကုိယ္ကို မထင္ပါေခ် ။ သူမ၏အရင္ဘ၀မွာ ထုိမ်ွေလာက္ ဥာဏ္နီဥာဏ္နက္တုိ့ မိုးထုိးေနသည့္သူ ၿဖစ္နုိင္သည္ဟု လံုး၀ကုိ မထင္ပါေခ်။

အေဆာက္အဦးၾကီးထဲတြင္ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းသားမ်ား တန္းစီေနၾကသည္ ။ ၾကယ္ ခုနစ္ကုိ သူတုိ ့ေတြ ့လုိက္သည္နွင့္ 
"အၾကီးအကဲ ခုနစ္" ဟု ႏႈတ္ဆက္လာၾကသည္ ။

ၾကယ္ ခုနစ္သည္ ငယ္ရြယ္ေကာင္း ငယ္ရြယ္ေပလိမ့္မည္ ။ သိ့ုေသာ္ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းတြင္မူ သူ၏အဆင့္အတန္းမွာ အလြန္ပင္ ၿမင့္မားလွေပသည္ ။ ရီ၀မ္၀မ္သည္ ထုိလူငယ္ေလး၏ အစြမ္းအစကုိပင္ သိခ်င္မိလာ၏ ။

ၾကယ္ ခုနစ္ သည္ ရီ၀မ္၀မ္ကုိ မည္သူမွ မရွိေနသည့္ အစည္းအေ၀းခန္းၾကီးတစ္ခုဆီ ေခၚသြားလုိက္ၿပီး ေၿပာလုိက္သည္ ။

"အစ္မ ၊ ဒီမွာ ခနေစာင့္ေနဦး" 

……………………………………………………

စာစဥ္ ၅၁၊ အခန္း ၃၀။ အၿပင္မွာ ၿပံဳးေနၿပီး အထဲမွာ က်ိန္ဆဲေနၿခင္း

"သြားပါ"

ရီ၀မ္၀မ္သည္ ၾကယ္ ခုနစ္ ကို အေ၀းကုိ ၿမန္ၿမန္ထြက္သြားေစလုိသည့္ စိတ္သာ ရွိေနမိေလသည္ ။
ထုိမွသာ သူမ ထြက္ေၿပးဖုိ့ ပုိ၍ လြယ္ကူေပလိမ့္မည္ မဟုတ္ပါလား ။ ထို ့ေၾကာင့္ သူမ လက္ကုိ ေ၀ွ့ၿပေပးလုိက္္၏ ။

ၾကယ္ ခုနစ္၏ အၾကည့္ေအာက္တြင္ ထြက္ေၿပးနုိင္ဖို့ ဆုိသည္မွာ လံုး၀ကုိ ၿဖစ္နုိင္ဖြယ္ မရွိပါေခ် ။

သူမသည္ သူ ့ကုိ အေသရုိက္နုိင္မည္လည္း မဟုတ္သလို
သူ ့ဆီကေန လြတ္ေအာင္ ေၿပးနုိင္မည္လည္း မဟုတ္ ။
ထုိ ့ေၾကာင့္ သူမ စိတ္က်ဥ္းၾကပ္ေန၏ ။

ၾကယ္ ခုနစ္သည္ အစည္းအေ၀းခန္းကေန ထြက္လုိက္ၿပီး သည့္ေနာက္တြင္ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းသားမ်ားစြာ ကုိ ေခၚကာ အမိန္ ့ေပးေတာ့သည္ ။

"အထဲက လူကုိ ေစာင့္ၾကည့္ထားၾက ။ သူ ေပ်ာက္သြားရင္ မင္းတုိ့တာ၀န္ပဲ"

ထုိ ့ေနာက္တြင္ ၾကယ္ ခုနစ္ သည္ ခ်ာကနဲ လွည့္ကာ ထြက္သြားသည္ ။

အစည္းအေ၀းခန္းထဲတြင္ ရီ၀မ္၀မ္သည္ မ်က္ေမွာင္အၾကဳတ္ၾကီး ၾကဳတ္ေနသည္ ။
အခုလက္ရွိ သူမ ေနရာမွာ ေၿမညီထပ္ကေန
အထပ္ ၂၀ မကတြင္ ရွိလိမ့္မည္ ။ ထုိ့ေၾကာင့္ ၿပတင္းေပါက္ကေန ခုန္ခ်ကာ ထြက္ေၿပးဖုို့ရာလည္း မၿဖစ္နုိင္ေပ ။ တံခါးကေန ထြက္ေၿပးဖုိ့ ဆုိလွ်င္လည္း ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္း၏ လက္မရြံ့ဂုိဏ္းသားမ်ား သည္ အေပါက္၀တြင္ ေစာင့္ေနၾကေလသည္ ။

တခနအတြင္း ရီ၀မ္၀မ္သည္ ကိုယ့္ကုိယ္ကုိ တည္ၿငိမ္ေအာင္ လုပ္လုိက္ၿပီး စိတ္တုိ့ကို စုစည္းကာ လက္ရွိအေၿခအေနကို ခြဲၿခမ္းစိတ္ၿဖာၾကည့္လုိက္ သည္။

သူမသည္ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္း၏ ကိုၾကီး ဗုိလ္ ၿဖစ္ေၾကာင္းကုိ ၾကယ္ ခုနစ္က အစကတည္းက မယံုၾကည္ပါေခ် ။
သု့ိေသာ္ သူသည္ မယံုမၾကည္ ၿဖစ္ေနပါလ်ွင္ အဘယ္ေၾကာင့္ သူမကုိ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္း၏ အေၿခစုိက္ရာ ရံုးခ်ဳပ္ဆီ ေခၚလာေလ သည္နည္း ။
သူမကုိ ထိုေနရာတြင္ပင္ သတ္ပစ္လုိက္လ်ွင္ ဒုကၡေအးသြားမည္ မဟုတ္ပါေလာ ။

ထုိ ့ေၾကာင့္ ၾကယ္ ခုနစ္သည္ သူမကို မယံုတယံု ၿဖစ္ေနၿခင္းဟု သူမ ေကာက္ခ်က္ခ်လုိက္သည္ ။
သူသည္ သူမကုိ လံုး၀ၾကီး ယံုၾကည္ေနၿခင္း မရွိသလုိ
လံုး၀ သံသယ၀င္ေနၿခင္းလည္း မဟုတ္ၿပန္ေပ ။ မဟုတ္ပါက သူသည္ သူမကုိ ေၾကာက္ရြ့ံၿခင္းကင္းေသာဂုိဏ္း ၏ ရံုးခ်ဳပ္ဆီ ေခၚလာလိမ့္မည္ မဟုတ္ေပ ။

ယုတိၱက်က် စဥ္းစားၾကည့္ရလ်ွင္ ၾကယ္ ခုနစ္ ၏ ေနာက္ထပ္ေၿခလွမ္း မွာ သူမ၏သရုပ္မွန္ကုိ သူ ့နည္းသူ ့ဟန္ၿဖင့္ စစ္ေဆးၾကည့္ဖုိ့ ၿဖစ္နုိင္သည္ ။

ရီ၀မ္၀မ္သည္ ကုိၾကီး ဗိုလ္ အေၾကာင္းကို မသိေနသလုိ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္းနွင့္ ပတ္သက္ၿပီးလည္း ဘာဆုိဘာမွ ထဲထဲ၀င္၀င္ မသိေနေပ ။
သူမသည္ တစ္ခ်က္ေလာက္ ထိလုိက္သည္နွင့္ အေရခြံ ကြာက်သြားနုိင္သည့္ စကၠဴက်ားရုပ္မ်ွသာ ၿဖစ္သည္ ။ ထိုအေရခြံ ကြာက်သြားၿပီ ဆိုသည္နွင့္ သူမ၏သနားစဖြယ္ အသက္ေလးမွာ လူ ့ေလာကမွ ထြက္သြားရေတာ့မည္ ၿဖစ္သည္ ။

ၾကယ္ ခုနစ္ သည္ သူမ၏သရုပ္မွန္ကုိ မည္သုိ့ စစ္ေဆးလိမ့္မည္ကုိလည္း သူမ မသိပါေခ် ။ ထုိ ့ေၾကာင့္ ကုိယ့္ကုိယ့္ကုိ သတိေပ့ါလုိက္၍ မၿဖစ္နုိင္ေပ ။ သူမသည္ ေၿခလွမ္းတုိင္းတြင္ သတိၾကီးၾကီးၿဖင့္ လႈပ္ရွားရမည္သာ ။ မဟုတ္ပါက ဒီေန ့တြင္ပင္ သူမ၏ဘ၀ေလး ေၾကြလြင့္သြား နုိင္ေပသည္ ။

အခုခ်ိန္တြင္ ရီ၀မ္၀မ္ လုပ္နုိင္သည္မွာ ထုိအၾကင္နာတရားကင္းမဲ့ၿပီး ရက္စက္ၾကမ္းတမ္းသည္ ဆုိသည့္ ကုိၾကီး ဗိုလ္ အၿဖစ္ သူမကုိယ္သူမ နွလံုးသြင္းရ႔ံုသာ ရွိသည္ ။ ထုိ ့ၿပင္ အပုိဆာကာေတြ မလုပ္မိေစဘဲ သဘာ၀က်က် သရုပ္ေဆာင္ၿပတတ္ဖုိ့လည္း လိုေပေသးသည္ ။

ကံေကာင္းေထာက္မစြာၿဖင့္ သူမသည္ အေကာင္းဆံုး အမ်ိဳးသမီး သရုပ္ေဆာင္ဆုရွင္ တစ္ေယာက္နွင့္ အေကာင္းဆံုး အမ်ိဳးသား သရုပ္ေဆာင္ဆုရွင္ နွစ္ေယာက္ကို ေမြးထုတ္ေပးနုိင္သည့္ ဒါရုိက္တာ ၿဖစ္ေနေလသည္ ။
ထုိ ့ေၾကာင့္ သူမကိုယ္တုိင္သည္လည္း သရုပ္ေဆာင္ရာတြင္ အေတာ္ေလး ေကာင္းမြန္ေပသည္ ။

လ်ိဳခ်န္းနွင့္ ကုန္ရႊီတုိ့ သရုပ္ေဆာင္ဆု ရရွိေအာင္ ၾကိဳးစားရၿခင္းနွင့္ သူမၾကားတြင္ ၿခားနားခ်က္တစ္ခုသာ ရွိေလသည္ ။ သူတုိ့သည္ ေကာင္းေကာင္း သရုပ္မေဆာင္နုိင္လ်ွင္ အေ၀ဖန္အထိုးနွက္ ခံၾကရရံုသာ ။ သုိ့ေသာ္ သူမသည္ကေတာ့ ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္း ေရွ့တြင္ သရုပ္ေဆာင္ၿပေနရၿခင္း ၿဖစ္သည္ ။
သူမ ေကာင္းေကာင္း သရုပ္မေဆာင္နုိင္လ်ွင္ အသက္ေပ်ာက္သြားနုိင္သည္တည္း ၿဖစ္၏ ။

သူမကုိယ္သူမ စိတ္ကို ၿပင္ဆင္ထားၿပီးေနာက္တြင္ ကုိၾကီး ဗိုလ္ အၿဖစ္ ခံစားခ်က္အၿပည့္ ထည့္လုိက္နုိင္သြားသည္ ။ သူမ၏မ်က္နွာထက္တြင္ ရက္စက္သည့္ ၊ မေကာင္းဆုိး၀ါးဆန္သည့္ ၊ ေအးစက္သည့္ ခံစားခ်က္တုိ့ ဖိတ္လ်ွံလာေတာ့သည္ ။

တခနအၾကာတြင္ ေခတ္ဆန္စြာ ၀တ္စားထားသည့္ မိန္းမတစ္ေယာက္သည္ ခ်ိဳသာေသာမ်က္နွာထားၿဖင့္ ေၿခလွမ္းက်ယ္ၾကီးလွမ္းကာ အစည္းအေ၀းခန္း ထဲ ၀င္ခ်လာသည္ ။

"ေဟာ…ေရွာင္ဖန္းဖန္း…ၿပန္လာၿပီလား ။
ဒီနွစ္ေတြမွာ ဘယ္ေတြ ပတ္သြားေနတာလဲ"

ထုိအမ်ိဳးသမီးသည္ ရီ၀မ္၀မ္ဆီ ေလ်ွာက္လာကာ ဇြက္ကနဲ သူမကုိ ဆြဲဖက္လုိက္ေလသည္ ။ ရီ၀မ္၀မ္ခမ်ာ စကားပင္ ေၿပာခြင့္ မရလုိက္ ။

ရုတ္တရက္ၾကီး အဖက္ခံလုိက္ရေသာ္လည္း
ရီ၀မ္၀မ္သည္ တည္ၿငိမ္စြာၿဖင့္သာ ထုိအမ်ိဳးသမီးကုိ ၾကည့္ၿပီး မခုိ ့တရုိ့ ရယ္လုိက္သည္ ။ သို့ေသာ္ သူမ ဘာကိုမွ မေၿပာလုိက္ ။

သူမသည္ အၿပင္္ဘက္တြင္ ၿပံဳးေနေသာ္လည္း
ရင္ထဲတြင္မူ အသေခ်ၤေအာင္ ဆဲဆုိေနမိေလသည္ ။

ဒါကေကာ ဘယ္သူၾကီးလဲ…

"ၿမန္ၿမန္ေလး ၊ င့ါကုိ ေၿပာစမ္းပါဦး ။ ဒီနွစ္ေတြမွာ ဘယ္ေတြ သေ၀ထုိး ေနတာလဲ ။ ငါတုိ့မွာ လုိက္ရွာေနရတာ အၾကာၾကီးၾကာလွေပါ့"

တခနအၾကာတြင္ ထိုအမ်ိဳးသမီးသည္ ရီ၀မ္၀မ္ကုိ လႊတ္ေပးလုိက္ၿပီး ခပ္သြက္သြက္ ေမးလာသည္ ။

ရီ၀မ္၀မ္သည္ ေဘးကင္းနုိင္သည့္အေၿဖကုိ ေရြးေၿဖလုိက္သည္ ။

"ေမေမတုိ့ဆီ ၿပန္တုန္း လမ္းမွာ မေမ်ွာ္လင့္ထားတာေတြ ၿဖစ္သြားလုိ့ ၊ ဒါေပမယ့္ အဲ့ဒါေတြ ေၿဖရွင္းလုိ့ ၿပီးသြားပါၿပီ"

ရီ၀မ္၀မ္သည္ ထုိသုိ့ ေၿပာလိ္ုက္ရင္း ထိုအမ်ိဳးသမီးကုိ ေသေသခ်ာခ်ာေလး အကဲခတ္ေနသည္ ။ ထိုအမ်ိဳးသမီးမွာ
ကုိၾကီး ဗိုလ္ နွင့္ ေတာ္ေတာ္ေလး ဆက္ဆံေရး ေကာင္းသည္ ဟု ေၿပာ၍ရနုိင္သည္ ။ မဟုတ္ပါက ေၾကာက္ရြံ့ၿခင္းကင္းေသာဂုိဏ္း၏ ဂိုဏ္းခ်ဳပ္ ၿဖစ္သည့္
ကုိၾကီး ဗုိလ္ လုိ လူမ်ိဳးကုိ ထုိကဲ့သုိ့ ဖက္လွဲတလင္း ဆက္ဆံရဲလိမ့္မည္ မဟုတ္ေပ ။ ထုိ့ေၾကာင့္ ရီ၀မ္၀မ္သည္ သူမ၏ေလသံကုိ ေလ်ွာ့ထားလုိက္္၏ ။

ေသေသခ်ာခ်ာ ေလ့လာအကဲခတ္ၿခင္းမွာ အခုခ်ိန္တြင္ ရီ၀မ္၀မ္ အသက္ရွင္နုိင္ဖုိ့ရာ တစ္ခုတည္းေသာလက္နက္ ၿဖစ္ေပသည္ ။

………………………………………………………
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and comment လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘

စာစဥ္ ၅၁ ၿပီးပါၿပီ ။

.......

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  51
Chapter.          :  15 - 30
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၅၁၊ အခန်း ၁၅ ။  ဝမ်းထဲမှာကတည်းက ဒီလွတ်လပ်သောနယ်မြေမှာပဲ နေလာခဲ့တာ 

ရီဝမ်ဝမ်၏ ပျာယာခတ်နေသည့် ဟန်ပန်လေးကို အကဲခတ်နေရင်း
သူ့အတွေး မှန်သည်ကို သဘောပေါက်သွားကာ
သူ့မျက်ဝန်းထဲ လက်ခနဲ ဖြစ်သွားသည် ။
သူ သာမန်ကာလျှံကာပင် မေးလိုက်သည် ။ 

"မင်းက လွတ်လပ်သောနယ်မြေက မဟုတ်ဘူး…ဟုတ်တယ်မလား"

"ကျွန်မက လွတ်လပ်သောနယ်မြေက မဟုတ်ဘူးလို့ ဘယ်သူ ပြောလဲ  ။ ကျွန်မအမေဝမ်းထဲမှာကတည်းက ဒီလွတ်လပ်သောနယ်မြေမှာပဲ ကျွန်မ နေလာခဲ့တာ" ရီဝမ်ဝမ်သည် ပြန်ပြောဆိုပစ်လိုက်သည် ။

"ဒါဆို မင်းမှာ ဝင်ခွင့်ကတ် ရှိလား ။ မင်းက ဘယ်ဒေသကလဲ" 
ထိုယောကျာ်းသည် ပြုံးစစဖြင့် မေးလာသည် ။

ရီဝမ်ဝမ်သည် သူနှင့် ပြိုင်ငြင်းဖို့ရာ ပျင်းလာ၏ ။ သိုင်းပညာအစည်းအရုံးဝင်များသာ သူမကို ဖမ်းမိသွားလျှင် ထိုပြိုင်ငြင်းနေရခြင်းမှာ ပျော်ရွှင်ဖွယ်ကောင်းတော့မည် မဟုတ် ။

သို့နှင့် ဆက်ပြေးတော့မည် လုပ်လိုက်ချိန်တွင် ထိုယောကျာ်းသည် ရီဝမ်ဝမ်ရှေ့ ရုတ်ခြည်း ပိတ်ရပ်ပစ်လိုက်ပြီး ခေါင်းတခါခါ ပြုလာသည် ။ 

"သိုင်းပညာအစည်းအရုံးရဲ့ စုံစမ်းရေးအဖွဲ့လက်ထဲကနေ အပြင်လူတွေ ဘယ်သူမှ လွတ်ရိုးထုံးစံ မရှိဘူး ။ ကျွန်တော့်နောက် လိုက်ခဲ့"

ရီဝမ်ဝမ် တွင် စဉ်းစားနေချိန်ပင် မရလိုက် ။
ထိုယောကျာ်းသည် သူမလေးကို ဆွဲကာ ပြေးတော့သည် ။

ထိုယောကျာ်းသည် ဤနေရာကို အလွန်တရာ ရင်းနှီးသူတည်း ။ ဟိုလမ်းချိုး၊ ဒီလမ်းချိုးဖြင့် လမ်းကြားတွေထဲကနေ ဖြတ်ဝင်ပြေးရင်းမှ နောက်ဆုံးတွင် စံအိမ်တစ်ခုထဲ ဝင်လိုက်ကြပြီး ထိုစုံစမ်းရေးအဖွဲ့ဆီကနေ လွတ်မြောက်သွား ၏ ။

စံအိမ်တော်ထဲတွင် ထိုယောကျာ်းက ရီဝမ်ဝမ်ကို မေးသည် ။
“စိတ်မရှိပါနဲ့၊ မင်းရဲ့နာမည်က ဘယ်လိုခေါ်လဲ ။
ကျွန်တော် ဘယ်လို ခေါ်ရမလဲ”

“ရီဝမ်ဝမ် ပါ ၊ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ရီဝမ်ဝမ်သည် လွတ်လပ်သောနယ်မြေ၏ ဓလေ့ထုံးတမ်းနှင့် စည်းမျဉ်းစည်းကမ်းတို့ကို မသိနေသော်လည်း သိသယောင်ယောင် ပြုလိုက်ကာ လက်နှစ်ဖက်ကို ယှက်ပြီး အရိုအသေပြုရင်း ပြောလိုက်သည် ။

ထိုတွင် ထိုယောကျာ်းက တိုးတိုးတိတ်တိတ် ရယ်မောလာသည် ။
“မိန်းကလေး ရီ ပေါ့၊ ကြိုဆိုပါတယ်ဗျာ ။
ကျွန်တော်က ကျိုးဝူ ပါ”

ကျိုးဝူနှင့် စကားစမြည် ပြောဆိုပြီးနောက်တွင် ကျိုးဝူသည် အထက်တန်းလွှာ မိသားစု၏ ဆက်ခံသူတစ်ဦး ဖြစ်ပြီး ဤအိမ်တော်သည် ကျိုး အိမ်တော်မှန်း သူမ သိလာရသည် ။

ကျိုးဝူသည် သူမအပေါ်တွင် မကောင်းသည့် အကြံအစည် မရှိနေမှန်း ရီဝမ်ဝမ် သိနေ၏ ။ ဒီနေ့ ကျိုးဝူကြောင့်သာ မဟုတ်လျှင် သူမ၏ဘဝမှာ မတွေးရဲစရာပင် ။ ထိုသိုင်းပညာအစည်းအရုံး စုံစမ်းရေးအဖွဲ့၏ အပြေးနှုန်းနှင့်ဆို သူတို့လက်ထဲကနေ သူမ ပြေးလွတ်စရာ အကြောင်း နည်းနည်းမှ မရှိပါချေ ။

“မိန်းကလေး ရီ က လွတ်လပ်သောနယ်မြေကို သက်သက်အလည်လာတာလား၊ ဒါမှမဟုတ် ကိစ္စတစ်ခုခုကြောင့်လား ဆိုတာကို သိလို့ရမလား ။ လွတ်လပ်သောနယ်မြေက တစိမ်းတွေနဲ့ လုံး၀ ဓာတ်မတည့်တဲ့နေရာဗျ၊ ဒီနယ်မြေထဲမှာ သေသွားကြတဲ့ အပြင်လူတွေ အများကြီးပဲ”
ကျိုးဝူက ရီဝမ်ဝမ်ကို ပြောသည် ။

“ဒါဆို ရှင်ရော တစိမ်းလူနဲ့ ဓာတ်မတည့််တာမျိုး မရှိဘူးလား”
ရီဝမ်ဝမ် စပ်စုကြည့်လိုက်သည် ။

ကျိုးဝူသည် ခေါင်းခါယမ်းလာသည် ။
“မဟုတ်တာ ၊ မိန်းကလေး ရီ ရာ ။ ကျွန်တော့်အဘိုးက ဟိုးငယ်ငယ်လေး ကတည်းက အပြင်လူဗျ ။ ဒါပေမယ့် ဟိုးအရင်က လွတ်လပ်သောနယ်မြေ ရဲ့ စည်းကမ်းတွေက ဒီထက် အများကြီး လျော့ပေါ့တယ် ။ အဲ့ဒီတုန်းက ကျွန်တော့်အဘိုးက ဒီလွတ်လပ်သောနယ်မြေထဲမှာပဲ ရွပ်ရွပ်ချွံချွံ ကြိုးစားလာပြီးတော့
ကျိုး မိသားစုကို တည်ထောင်ထားလိုက်တာပါ ။
ဒီတော့ ကျွန်တော်တို့ ကျိုး မိသားစုက ဘယ်သူစိမ်းကြောက်ပါ့မလဲ ။ ဟိုးကတည်းက ကျွန်တော်တို့လည်း အပြင်လူနဲ့ ဘာမှမကွာပါဘူးဗျာ”

“သိပါပြီ”  ရီဝမ်ဝမ် ခေါင်းညိတ်လိုက်သည် ။

ဒါကြောင့်မို့ ကျိုးဝူက ငါ့ကို ကူညီပေးချင်တာကိုး ။

“မိန်းကလေး ရီ ဆီမှာ ဝင်ခွင့်ကတ် မရှိနေဘူး ဆိုတော့ ဒီလွတ်လပ်သောနယ်မြေထဲ လျှောက်သွားဖို့က ထင်သလောက် မလွယ်ဘူး။  ရက်နည်းနည်းလောက် ဒီမှာ နေလိုက်ပါလား ၊ မိန်းကလေး ရီ”

ရီဝမ်ဝမ် မငြင်းပါ ။ သူမသည် အခုလေးတင်မှ လွတ်လပ်သောနယ်မြေကို ရောက်လာခြင်း ဖြစ်သလို ဤနေရာနှင့်လည်း မရင်းနှီးပါချေ ။ ထို့ပြင်
မသိနေသည့် အရာတော်တော်များများလည်း ရှိနေသေးသည် ။ တစ်ဖန် သူမထံတွင် ပါလာသမျှ အရာအားလုံးမှာ ပျောက်ဆုံးသွားပြီ ဖြစ်လေရာ သူမအဖို့ ညအိပ်ညတာ တည်းဖို့နေရာပင် မရှိပါချေ ။

“ဒါဆို ရှင့်ကို ဒုက္ခပေးရတော့မယ်နဲ့ တူတယ်” 
ရီဝမ်ဝမ် ပြောလိုက်သည် ။

“အားမနာပါနဲ့ဗျာ ။ ဒီမှာ နေခ အဖြစ် တရုတ်ပြည်လိုမျိုး အပြင်ကမ္ဘာအကြောင်း ကျွန်တော်တို့ကို ပြောပြပေါ့ ။ လွတ်လပ်သောနယ်မြေ ဆိုတာက ကျွန်တော်တို့ မွေးရပ်ဇာတိ ဖြစ်တဲ့ တရုတ်ပြည်နဲ့ အတော်လေး ဝေးလွန်းတယ် ။
လွတ်လပ်သောနယ်မြေ ရဲ့ မျိုးနွယ်စုကြီးလေးစုကလွဲရင် တရုတ်ပြည်ကို သွားဖို့အတွက် ပိုက်ဆံတတ်နိုင်တဲ့သူဆိုတာ မရှိသလောက် နီးနီးပဲ”
ကျိုးဝူသည် ပြုံးစစဖြင့် ပြောဆိုသည် ။

“…”

အံ့သြစရာပဲ ၊ ဒါဆို တရုတ်ပြည်နဲ့ ပတ်သက်တဲ့ သတင်းတွေကို သူတို့ မသိနေကြဘူးပေါ့ ။

ထို့နောက်တွင် ရီဝမ်ဝမ်သည် ဧည့်ခန်းဆီသို့ ကျိုးဝူနောက်က လိုက်သွားသည် ။

ကျိုးမိသားစု၏ သခင်ကြီးနှင့် သခင်မကြီး နှစ်ယောက်စလုံးမှာ ဧည့်သည်ရောက်လာသည့် သတင်းကြောင့် ဧည့်ခန်းထဲတွင် ရောက်ရှိနေကြသည် ။

နှစ်ယောက်စလုံးသည် ရီဝမ်ဝမ်အပေါ်တွင် အလွန်တရာ ယဉ်ကျေးပျူငှာကြပြီး တရုတ်ပြည်အကြောင်း တရစပ်မေးတော့သည် ။

ကျိုး မိသားစု၏ သခင်ကြီးသည် လွတ်လပ်သောနယ်မြေတွင် မွေး၊ လွတ်လပ်သောနယ်မြေတွင် ကြီးလာခဲ့ရသူ ဖြစ်ပြီး တစ်ခါမှ ထွက်သွားဖူးခြင်း မရှိပါချေ ။ ထို့ကြောင့် သူ့ဖခင်၏ မွေးရပ်ဇာတိ ဖြစ်သည့် တရုတ်ပြည်အကြောင်းကို အလွန်အမင်း သိချင်နေပါ၏ ။

ရီဝမ်ဝမ်သည်လည်း လျိုထားခြင်း မရှိဘဲ သိသမျှကို မခြွင်းမချန် ပြောပြလိုက်သည် ။

“တရုတ်ပြည်မှာ တီဗွီ ရှိတယ် ၊ တီဗွီ ဆိုတာက လူတွေက အဲ့ထဲကနေ ဖျော်ဖြေပေးတာ ၊ အဲ့လိုမျိုး”

ရီဝမ်ဝမ်သည် ကျိုးဝူက ပြင်ပေးထားသည့် အစားအသောက်တို့ကို စားနေရင်း မျက်စိထဲ မြင်သာအောင် ရှင်းပြနေသည် ။

သခင်ကြီး ကျိုး သည် ရီဝမ်ဝမ်ကို အံ့သြစွာဖြင့် ကြည့်လာသည် ။

“ဦးလေးတို့ လွတ်လပ်သောနယ်မြေမှာလည်းပဲ တီဗွီ ရှိတယ်”

“ဟုတ်သားပဲ ၊ တရုတ်ပြည်မှာ ကားတွေ ရှိတယ် ။
အထဲမှာ လူတွေ ဝင်ထိုင်လို့ ရတဲ့ဟာမျိုး”

သခင်ကြီး ကျိုး ထပ်ပြီး အံ့သြသွားပြန်သည် ။ “လွတ်လပ်သောနယ်မြေမှာလည်း ကားတွေ ရှိတာပဲ ။ ကားကြီး၊ ကားသေး၊ ပြိုင်ကား ၊ ဇိမ်ခံကား ၊ ပြိုင်ကားသေးလေးတွေ အစုံပဲ”

သူတို့ရဲ့လွတ်လပ်သောနယ်မြေက အဲ့လောက်တောင် ခေတ်မှီလွန်းလှချည်လား ။

…………………………………………………..

စာစဉ် ၅၁၊ အခန်း ၁၆ ။  တစ်ယောက်ယောက်ကို လာရှာတာလား 

ကျိုးမိသားစု၏ ထိုတထူးတဆန်း ဖြစ်နေသည့်မျက်နှာတို့ကြောင့် ရီဝမ်ဝမ် ကိုယ့်ကိုယ်ကို ရှက်မိသွား၏ ။

လွတ်လပ်သောနယ်မြေသည် အိမ်နီးချင်းနိုင်ငံများလိုပင်
ဖွံ့ဖြိုးသည့် နယ်မြေကြီးတစ်ခု ဖြစ်နေပြီး ထိုနယ်မြေတွင် မြင်တွေ့ရသမျှတို့မှ အနည်းငယ်သာ ချို့တဲ့နေခြင်း ဖြစ်ပေသည် ။

သေနတ်နှင့်လက်နက်မီးယမ်းများ မရှိခြင်းကလွဲပြီး လွတ်လပ်သောနယ်မြေသည် နည်းပညာပိုင်းတွင် အတော်လေး တိုးတက် ထွန်းကားလှသည် ။

တစ်ချက်သာ ၊ လွတ်လပ်သောနယ်မြေက သိုင်းပညာကို ဦးစားပေးထားခြင်း တစ်ချက်သာ ။ လွတ်လပ်သောနယ်မြေသားများအဖို့ သိုင်းပညာကလွဲလျှင် အရာရာမှာ ဖွဲနှင့်ဇကွဲ ဖြစ်နေခြင်း တစ်ချက်သာ ။

ထို့ကြောင့် လွတ်လပ်သောနယ်မြေတွင် အရာအားလုံး ရှိနေသည်ဟု သူမ ကိုယ့်ကိုယ်ကို ဆုံးမလိုက်ပြီး တရုတ်ပြည်တွင် အခုလက်ရှိ ဖြစ်ပျက်နေသည့် အကြောင်းအရာတို့ကိုသာ ပြောပြလိုက်တော့သည် ။ ထိုတွင် သခင်ကြီး ကျိုး နှင့် သခင်မကြီး ကျိုး နှစ်ယောက်စလုံးမှာ စိတ်ဝင်တစား ဖြစ်လာကြသည် ။

တခနအကြာတွင် ကျိုး သခင်ကြီးသည် ရီဝမ်ဝမ်ကို ကြည့်လာပြီး သိလိုစိတ်ပြင်းပြကာ မေးလာသည် ။

"မိန်းကလေး ရီ က တရုတ်လူမျိုးပေ့ါ ။
တရုတ်ပြည်နဲ့ လွတ်လပ်သောနယ်မြေ ဆိုတာက အဝေးကြီးပဲ ။ ဒီလောက် ဝေးတာကို မမှုဘဲ မိန်းကလေး ရီ မရောက်ရောက်အောင်  လာခဲ့တယ် ဆိုတော့ ဒီကို သက်သက်လာစူးစမ်းရုံပဲလား"

ဟိုးအရင်ကဆိုလျှင် လွတ်လပ်သောနယ်မြေ၏ တည်ရှိမှုအကြောင်းကို သိလာကြသည့် ခရီးသွားများသာ လွတ်လပ်သောနယ်မြေထဲ ခိုးဝင်လာခဲ့ကြဖူး၏ ။ သို့သော် ထိုသူတို့မှာ ကံမကောင်းရှာကြပေ ။ လွတ်လပ်သောနယ်မြေ၏ တစိမ်းသူ လက်မခံခြင်းမှာ ဟိုးဟိုးကတည်းက တင်းကျပ်ခဲ့သည့် စည်းကမ်းတစ်ခုသာ ဖြစ်ပေသည် ။

ရီဝမ်ဝမ်သည် တခနလောက် စဉ်းစားကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည် ။

"အမှန်အတိုင်း ပြောရမယ်ဆိုရင် လွတ်လပ်သောနယ်မြေကို လာစူးစမ်းကြည့်တာ မဟုတ်ပါဘူး ။ လူတစ်ယောက်ကို လာရှာတာပါ"

"လူလာရှာတာ…ဟုတ်လား"

ရီဝမ်ဝမ်၏ အဖြေကို ကြားလိုက်ပြီး သခင်ကြီးနှင့်သခင်မကြီး နှစ်ယောက်စလုံး အံ့သြသွားကြသည် ။

လွတ်လပ်သောနယ်မြေကို လူလာရှာခြင်း ဆိုသည့်စကားမှာ
သူတို့ ပထမဆုံးကြားဖူးသည့် ပြက်လုံးတစ်ခုပင် ဖြစ်ပေသည် ။

"ဟုတ်သားပဲ"

ရီဝမ်ဝမ်သည် စာရွက်တစ်ရွက်ပေါ်တွင် ဖုန်းနံပတ်ကို ချရေးလိုက်ပြီး သခင်ကြီးနှင့် သခင်မကြီးဆီ လျှောက်သွားလိုက်သည် ။ 

"တစ်ခုလောက် မေးကြည့်လို့ရမလား …ဒီဖုန်းနံပတ်က ဘယ်ဒေသက ဖုန်းလဲ ဆိုတာ ဦလေးတို့များ သိမလား"

ထိုဖုန်းနံပတ်သည် စီရီဟန်၏ စာကြည့်ခန်းထဲတွင် ရှာတွေ့လာခဲ့သည့် နံပတ် ။ ထိုနံပတ်ကို အမည်မရှိသောနန်၏ ဖုန်းဖြင့် သူမ ခေါ်ကြည့်ဖူးသည် ။ သို့သော် တခနအကြာတွင် ထိုဖုန်းနံပတ်မှာ လိုင်းပြတ်သွားပြီး ဆက်သွယ်၍ မရနိုင်ပါ ဖြစ်သွားခဲ့၏ ။ 

"ဒါလေးများ ဘာကိစ္စမှ မရှိပါဘူး"

သခင်ကြီး ကျိုး သည် ထိုစာရွက်ကို ယူလိုက်ပြီး ကြည့်ကြည့်လိုက်သည် ။ ထို့နောက်တွင် ခေါင်းတခါခါ ပြုလာ၏ ။

"မိန်းမ…မင်းရော သိလား"

သခင်ကြီး ကျိုး သည် သူ့မိန်းမကို ထိုစာရွက် ကမ်းပေးလိုက်သည် ။

"လွတ်လပ်သောနယ်မြေ ဖုန်းတော့ အမှန်ပဲ ။
ဘယ်ဒေသလဲတော့ မပြောတတ်ဘူး" သူမ ပြောသည် ။

"ကြည့်ကြည့်ရအောင်"

ကျိုးဝူသည် ထရပ်လိုက်ပြီး ထိုစာရွက်ကို ယူကြည့်လိုက်သည် ။

"ယွင် မြို့ကနဲ့ တူတယ် ၊ သိပ်တော့ မသေချာဘူး"

ကျိုးဝူသည် မသေမချာဖြင့် ပြောဆိုလာသည် ။

"ယွင်မြို့လား"

ရီဝမ်ဝမ်  အံ့သြသွား၏ ။ သူမသည် သူမ အခု ရောက်နေသည့်မြို့ကိုပင် မသိသူ မဟုတ်ပါလား ။

ကျိုးဝူတို့ မိသားစုနှင့် စကားစမြည် ပြောဆိုပြီးနောက်တွင် လွတ်လပ်သောနယ်မြေ၏ မြေနေသဘာဝအကြောင်း အခြေခံသဘောတရားကို နားလည်လာသည် ။

အစဦးက လွတ်လပ်သောနယ်မြေသည် ဒေသကြီး ခြောက်ခုဖြင့် ဖွဲ့စည်းထားသည် ။
မျိုးနွယ်စုကြီးလေးခုသည် ဒေသကြီးတစ်ခုကို ပိုင်စိုးထားပြီး သိုင်းပညာအစည်းအရုံးသည် ဒေသကြီးနှစ်ခုကို ချုပ်ကိုင်ထားသည် ။

သို့သော်လည်း လွန်ခဲ့သည့် နှစ် ၃၀ လောက်တွင် လွတ်လပ်သောနယ်မြေထဲ၌ ပြည်တွင်းစစ်ပွဲကြီး ဖြစ်ပွားခဲ့သည် ။ ထိုတွင် ဒေသကြီးခြောက်ခုသည် ပေါင်းစည်းသွားပြီး ဒေသကြီးတစ်ခုထဲ ဖြစ်လာကာ ယွင်မြို့ဟူ၍ နာမည်ခေါ်တွင် လာခဲ့သည် ။ ထိုမြို့၏ ပိုင်ဆိုင်ကြွယ်ဝမှုမှာ တရုတ်ပြည်က အင်ပါရီယာမြို့တော်နှင့် အလားသဏ္ဍာန် တူညီသည် ။
ထိုယွင်မြို့သည် လွတ်လပ်သောနယ်မြေ၏ အရေးအပါဆုံး
အဓိက မြို့တော်ကြီးတစ်မြို့ ဖြစ်ပေသည် ။

အခုလက်ရှိတွင် ရီဝမ်ဝမ် ရောက်နေသည့်နေရာသည်
ယွင် မြို့တော်၏ မြို့စွန်မြို့ဖျား ဖြစ်၏ ။

ယွင်မြို့သည် မြို့တစ်မြို့ ဆိုသော်လည်း အဓိကဒေသကြီးခြောက်ခုနှင့် ဖွဲ့စည်းထားသောကြောင့် တရုတ်ပြည်၏ အင်ပါရီယာမြို့တော်ထက် အဆပေါင်းများစွာ ကြီးမားကျယ်ဝန်းလှသည် ။ မျိုးနွယ်စုကြီး လေးစု၏ ရုံးချုပ်များ ၊ သိုင်းပညာအစည်းအရုံး ၊ ကြေးစားကျောင်းတော်ကြီး သုံးကျောင်း နှင့် တခြားသော အထင်ကရ ဂိုဏ်းကြီးများအားလုံးသည် ယွင်မြို့တော်ထဲတွင် စုပြုံနေကြသည် ။

ဥပမာအားဖြင့် ကျိုး မိသားစုသည် ဂုဏ်သရေရှိကောင်း ရှိပေမည် ။ သို့သော် ယွင်မြိ့ုတော်ကို ရောက်သွားမည် ဆိုပါက သူတို့၏ဂုဏ်သတင်းမှာ သမုဒ္ဒရာထဲ ကျသွားသည့် သဲတစ်မှုန်စာသာ ဖြစ်သွားပေမည် ။

ယွင်မြို့တော်တွင် အခြေချနိုင်ဖို့ရာမှာ သာမန်မိသားစုကြီးများအတွက် ကောင်းကင်ပေါ် တက်လှမ်းရသလောက်ကို ခက်ခဲပေသည် ။ 

………………………………………………………

စာစဉ် ၅၁၊ အခန်း ၁၇ ။  မျိုးနွယ်စုကြီး လေးစု 

ကျိုးဝူတို့ ပြောလာသည်တွင် ကြားလိုက်ပြီးနောက်တွင် လွတ်လပ်သောနယ်မြေ၏ ယွင်မြို့တော်အကြောင်း
ရီဝမ်ဝမ် ရိပ်ဖမ်းတန်းမိသွားချေပြီ ။

“မျိုးနွယ်စုကြီးလေးစု” ရီဝမ်ဝမ်က ခပ်မဆိပ်လေး ရေရွတ်လာသည် ။

“ဟဲဟဲ…လွတ်လပ်သောနယ်မြေရဲ့ မျိုးနွယ်စုကြီးလေးစု ဆိုတာက တကယ့်ဒိတ်ဒိတ်ကြဲ လူကုံထံမိသားစုကြီးတွေပေါ့ကွာ ။
နန် မိသားစုက ကြေးစားတွေကို ကွပ်ကဲတယ်၊
ဂျိ မိသားစုက မြေအောက်ဒုစရိုက်လောက ကြီးကို အုပ်စိုးတယ် ၊ ရှန်း မိသားစုက သိုင်းပညာမှာ ဘာမှပြောလောက်အောင် မဟုတ်ပေမယ့် ချမ်းသာတဲ့နေရာမှာတေ့ာ သူ့ကို ပြိုင်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး ။ လင်း မိသားစုကတော့ နဲနဲ သာမန် ကျတယ်၊ သူတို့က အရမ်းကြီး ထူးချွန်နေတဲ့နေရာရယ်လို့ မရှိဘူး” 

ကျိုးဝူက ခပ်မဆိတ် ရယ်မောကာ ရှင်းပြလာသည် ။

“ဟုတ်သားပဲ ၊ ဒါနဲ့ နန် မိသားစုထဲမှာ အမည်မရှိသောနန် လို့ ခေါ်တဲ့သူများ ရှိလား” ရီဝမ်ဝမ်သည် ကျိုးဝူကို ကြည့်ပြီး ထပ်မေးကြည့်လိုက် သည် ။

“အမည်မရှိသောနန်လား” ကျိုးဝူသည် ခေါင်းယမ်းပြလာသည် ။

“ကျွန်တော်တို့ ကျိုး မိသားစုက ယွမ် မြို့တော်ဘက်ကို သိပ်မရောက်ဖြစ်ဘူးဗျ ။ မျိုးနွယ်စုကြီးလေးစု အကြောင်းကို အပြင်လူတွေ သိပ်မသိကြဘူး ။ အဲ့ဒီ နန် မိသားစုဝင်မှာက မိသားစုတွေ အများကြီးပဲ ။ သွေးသားအရင်းအချာတွေ၊ အဆွေတွေအမျိုးတွေနဲ့ နန် မိသားစုထဲမှာ မိသားစုဘယ်နှယောက်ရှိမလဲ ဘုရားပဲ သိမယ် ။ ကျွန်တော်တို့တော့ နန် မိသားစုရဲ့ အကြီးအကဲနာမည်ကို တောင်မှ မသိပါဘူးဗျာ”

ကျိုး မိသားစုကိုကား လွတ်လပ်သောနယ်မြေထဲက ပမွှားဖြစ်သော မိသားစုလေးတစ်စုဟု သတ်မှတ်၍ ရနိုင်ပေသည် ။ နန် မိသားစုလို ဟိုးထိပ်တန်းတွင် ရှိနေသည့် မိသားစုကြီးတစ်စုမှာ ကျိုး မိသားစု ဘယ်တော့မှ လိုက်မမှီနိုင်သည့် မိသားစုကြီးသာ ဖြစ်ပေသည် ။

“အအ…”

သူတို့ စကားပြောဆိုနေကြစဉ် ညအိပ်ဝတ်စုံလေးဖြင့် ချစ်စဖွယ်ကောင်းသော ကောင်လေးတစ်ယောက်သည် ဧည့်ခန်းထဲသို့ ဝင်လာကာ ကျိုးဝူ၏ပေါင်ပေါ် တက်ထိုင်လေသည် ။

“ရှင့်ရဲ့သားလား” ရီဝမ်ဝမ်သည် မခို့တရို့ရယ်မိရင်း ကျိုးဝူကို ကြည့်ကာ မေးလိုက်သည် ။

ကျိုးဝူသည် ချက်ချင်းပင် ခေါင်းအယမ်းကြီး ယမ်းလာသည် ။

“ကျွန်တော့်သား မဟုတ်ရပါဘူးဗျာ ။ သူ့မိဘတွော လေလွင့်ခရီးသည် တွေလေ ။ လွန်ခဲ့တဲ့သုံးနှစ်က ဒီလွတ်လပ်သောနယ်မြေကို ရောက်လာခဲ့ပြီး သေသွားကြတာပေါ့ ။ အဲ့ဒီတုန်းက ကျွန်တော်လည်း ဘာရယ်ညာရယ်မဟုတ်ဘဲ ဒီကလေးကို ကောက်မွေးစားလိုက်မိတယ် ဆိုပါတော့”

ကျိုးဝူ ရှင်းပြလိုက်သည့်စကားကြောင့် ရီဝမ်ဝမ် တဒင်္ဂလောက် အံ့အားသင့်သွား၏ ။ ကျိုးဝူသည် အတော်လေး စိတ်ထားကောင်းသည် ဟု ဆိုရပေမည် ။ ကျိုးဝူ တင်သာမကဘဲ ကျိုး တစ်မိသားစုလုံးကပါ အတော်လေး ဖော်ရွေပျူငှာကြပေသည် ။ 

“သားရဲ့နာမည်က ဘယ်လိုခေါ်လဲ”
ရီဝမ်ဝမ်သည် ထိုကလေးကို ပြုံးကာ မေးလိုက်သည် ။

ထိုတွင် ထိုကောင်ငယ်လေးသည် မျက်လုံးပြူးကျယ်စွာဖြင့်
ရီဝမ်ဝမ်ကို စိုက်ကြည့်နေသည် ။ ထို့နောက်တွင်
ရီဝမ်ဝမ်ရှေ့ လက်ဆန့်တန်းလာကာ ချီခိုင်းတော့လေသည် ။

ထိုကလေးလေးကို မြင်လိုက်မိချိန်တွင် ရီဝမ်ဝမ်၏ရင်ထဲ တန်တန်ကို အမှတ်မရဘဲ မနေနိုင်ပါချေ ။ သို့နှင့် သူမ၏ရင်ထဲတွင်လည်း ထိုကလေးလေးကို အလိုလို ရင်းနှီးသယောင်ယောင် ဖြစ်လာ၏ ။

ချက်ချင်းပင် ရီဝမ်ဝမ်သည် ထိုကလေးကို ပွေ့ချီပစ် လိုက်သည် ။

“မိန်းကလေး ရီ…ဒီကလေးရဲ့နာမည်က ချိုးချိုးတဲ့ ။ လွတ်လပ်သောနယ်မြေမှာ သူ့မိဘတွေ သေသွားတော့ အရမ်းလန့်သွားတယ်နဲ့တူပါတယ်၊ အဲ့ဒီကတည်းက စကားမပြောနိုင်တော့ဘူး”

ရီဝမ်ဝမ်သည် ထိုကောင်လေးကို ကြည့်ပြီး အတွေးကြီး တွေးမိသွားသည် ။

သူသည် ငယ်ရွယ်သေး၏ ။ သိ့ုသော် သူ့မိဘများသည်
သူ့မျက်စိရှေ့တွင် အသေဆိုးဖြင့် သေသွားကြသည်ကို မြင်လိုက်ရလေရာ သူလည်း စိတ်ဝေဒနာ အကြီးကြီး ခံစားသွားရမည်သာ ။

ထိုအချိန်က ထိုကလေးတွင် ဖြစ်သွားမည့် စိတ်ခံစားချက်တို့ကို စဉ်းပင် မစဉ်းကြည့်နိုင်ပေ ။

သို့နှင့် ရီဝမ်ဝမ်သည် ထိုကောင်လေး၏ခေါင်းကို အသာထိပေး လိုက်သည် ။
ချိုးချိုးသည် ဘာပဲဖြစ်ပါစေ၊ ရီဝမ်ဝမ်ကို လွှတ်ပေးမည့်ဟန် မရှိတော့ ။

“မိန်းကလေး ရီ ၊ ကြည့်ရတာ ချိုးချိုးက မိန်းကလေးကို တကယ် ခင်တွယ်နေတဲ့ပုံပဲ ။ ဒီကလေးက သူစိမ်းတွေဆို သိပ်ကြောက်တတ် တာ”
ကျိုးဝူသည် ပြုံးစစဖြင့် ရှင်းပြလိုက်သည် ။

ရီဝမ်ဝမ်သည် ထိုသည်ကို ကြားလိုက်ပြီး ပြုံးမိသွားသည် ။
ကြည့်ရတာ ငါနဲ့ကလေးတွေ ကံပါသလိုပဲ ။

ကျိုး မိသားစုနှင့် စကားစမြည်ပြောဆိုပြီးနောက်တွင် ရီဝမ်ဝမ် နုံးလာသလိုလို ဖြစ်လာသည် ။ ထိုတွင် သခင်မကြီး ကျိုး သည် ရီဝမ်ဝမ် အနားယူဖို့ရာအတွက် ဧည့်သည်ခန်းကို ကိုယ်တိုင်ပြင်ပေးကာ သူမကို အခန်းထဲ ခေါ်သွားပေးသည် ။

သို့သော်လည်း ချိုးချိုးသည် ရီဝမ်ဝမ်နောက်ကနေ
ထက်ကြပ်မကွာ လိုက်ပါနေပြီး ရီဝမ်ဝမ်ကို မလွှတ်သောကြောင့် ရီဝမ်ဝမ်လည်း သူ့ကိုပါ တစ်ခါတည်း ခေါ်သွားရ၏ ။

ညဉ့်နက်ချိန်တွင် ၊ ရီဝမ်ဝမ်သည် ကလေးကို ရင်ခွင်ထဲ ပိုက်ထားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားသည် ။
ဤညသည်ကား လွတ်လပ်သောနယ်မြေတွင် ကုန်ဆုံးရသည့် ပထမဦးဆုံးသော ညပင်တည်း။

အချိန်သည် တရွေ့ရွေ့ကုန်ဆုံးလာချေပြီ ။
မျက်တောင်တစ်မှိတ်လေး အတွင်းမှာပင်
ကျိုး အိမ်တော်တွင် ရီဝမ်ဝမ် တည်းလာသည်မှာ လေးရက်တိုင်ခဲ့လေပြီ။

ထိုလေးရက်အတွင်း ရီဝမ်ဝမ်သည် ကျိုးဝူ နှင့် သခင်မကြီး ကျိုး ကို လွတ်လပ်သောနယ်မြေ၏ ယဉ်ကျေးမှု နှင့် ဓလေ့ထုံးတမ်းများအကြောင်း မေးကာ သိနိုင်သမျှ အကုန်သိအောင် လုပ်ထားသည် ။ သူမသည်
ထို ကျိုး အိမ်တော်တွင် ထာဝရနေနိုင်မည် မဟုတ်သလို အချိန်တန်ရင် ထွက်ခွာရမည်သာ ဖြစ်၏ ။ ထို့ကြောင့် လွတ်လပ်သောနယ်မြေအကြောင်း သူမ များများ သိထားလေ ၊ သူမအတွက် အကျိုးပိုများလေပင် ။

…………………………………………………….

စာစဉ် ၅၁၊ အခန်း ၁၈ ။  ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းနှင့် ထပ်တွေ့ပြီ

လွပ်လပ်သောနယ်မြေနှင့် ပတ်သက်သည့် မေးခွန်းများ မေးချိန်မှ လွဲပြီး ရီဝမ်ဝမ်သည် ချိုးချိုးနှင့်သာ အချိန်ကုန်ဆုံးလေ့ရှိသည် ။ အတူစားသည်၊ အတူအိပ်သည် ။

ရီဝမ်ဝမ်သည် ထိုကလေးလေးကို သနားချစ်ဖြင့် အမှန်တကယ် ခင်တွယ်မိနေသောကြောင့် သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ အတော်လေး ကောင်းကြပေသည် ။

နေနေစဉ်အတောအတွင်းတွင် ရီဝမ်ဝမ်သည် ကျိုး မိသားစုဝင် တော်တော်များများနှင့် ခင်မင်ရင်းနှီးခဲ့ပြီး လွတ်လပ်သောနယ်မြေ အကြောင်း ကောလဟလတို့ကို သူတို့ဆီကနေ ကြားခဲ့ရသည် ။ 

သူမသည် ကျိုး မိသားစု၏ အသေးအဖွဲကိစ္စများတွင် တာဝန်ယူရသူပါ ဖြစ်လာသည် ။ စားစရာပစ္စည်းများ ထွက်ဝယ်ပေးသည် ၊ ကျိုး မိသားစု မွေးထားသည့် ခွေးကို ခေါ်ကာ လမ်းလျှောက်ထွက်ပေးသည် ၊ တခြားသော ကိစ္စလေးများ လိုက်လုပ်ပေးသည် ။ သူမသည်
ကျိုး မိသားစုအား အချောင်ကပ်ပြီး အလကားမနေလိုပါချေ ။ တစ်ခုတော့ ရှိသည် ၊ ထိုပစ္စည်းများထွက်ဝယ်ခြင်း အတွက်မူတော့ သူမသည် သခင်မကြီး ကျိုး ဆီကနေ ပိုက်ဆံတောင်းပြီး ထွက်ဝယ်ရခြင်း ဖြစ်ပါ၏ ။

လွတ်လပ်သောနယ်မြေသည် အတော်လေး ခေတ်နောက်ကျပြီး သူများနိုင်ငံများနှင့်ယှဉ်လျှင် ဟိုးနောက်တွင် ကျန်နေလောက်သည်ဟု ရီဝမ်ဝမ် အစက ထင်ထားခဲ့မိ၏ ။ သူတို့ထံတွင် အဆင့်မြင့်သည်မှာ သိုင်းပညာတစ်ခုသာ ရှိသည်ဟု သူမ ထင်ထားခဲ့သည် ။ သို့သော် ၊ လွတ်လပ်သောနယ်မြေတွင် ရက်ပိုင်းလောက် နေလာပြီးသည်တွင် သူမ တက်တက်စင်အောင် လွဲနေမှန်း နားလည်သဘောပေါက်လာခဲ့ရသည်။

လွတ်လပ်သောနယ်မြေတွင် ချို့ယွင်းနေသည်မှာ အနုပညာပိုင်းသာ ရှိ၏ ။ သရုပ်ဆောင်ခြင်းတို့မှာ လွတ်လပ်သောနယ်မြေတွင် ခေတ်မထ သလို အိုင်ဒေါဆိုသည့် အတွေးအမြင်တို့လည်း ထိုနေရာတွင် ရှိမနေပေ ။

လွတ်လပ်သောနယ်မြေထဲတွင် အလေးစားခံရဆုံးသူများမှာ သိုင်းပညာရှင်များ ဖြစ်ကြသည် ။
သိုင်းအရမ်း ကျွမ်းလေလေ ၊ လူအလေးစား ပိုခံရလေ ဖြစ်သည် ။ သိုင်းမကျွမ်းပါက အလကားသာ ဖြစ်၏ ။

တရုတ်ပြည်တွင်မူ သူမ၏ သိုင်းပညာအစွမ်းသည် အလွန်အမင်း ဒိတ်ဒိတ်ကြဲနေပြီဟု ရီဝမ်ဝမ် ထင်ထားမိခဲ့၏ ။ သို့သော် ၊ ဤလွတ်လပ်သောနယ်မြေတွင်မူ သူမ၏သိုင်းပညာမှာ အတော်လေး နုံချာနေလွန်းလေသည် ။

လမ်းပေါ်က ဖြတ်သွားဖြတ်လာတစ်ယောက်သည်ပင်
သူမထက် အများကြီး ပိုတော်နေလိမ့်ပေမည် ။
သူမ ကံပါမကောင်းလျှင် ပြန်ပင်မတိုက်လိုက်ရဘဲ
သူမသာ သေအောင် ထုရိုက်ကန်ကြောက်ခံရနိုင်လောက်သည် ။

နောက်တစ်နေ့မနက်ခင်းတွင် ရီဝမ်ဝမ်သည် ချိုးချိုးကို လက်ဆွဲကာ ကျိုး မိသားစု ကနေ ထွက်ပြီး ဟင်းသီးဟင်းရွက်များ ၊ အခြောက်အခြမ်းများ ထွက်ဝယ်သည် ။

သခင်မကြီး ကျိုး သည် သူမ ပေးလိုက်သည့် ငွေများဖြင့် ရီဝမ်ဝမ် ထွက်ပြေးလိမ့်မည်ဆိုသည့် အတွေးပင် မဝင်ကာ ယုံကြည်မှုများစွာ ထားထားပေသည် ။

လွတ်လပ်သောနယ်မြေ၏ငွေကြေးမှာ တရုတ်ပြည်လိုပင် ကမ္ဘာသုံး ငွေကြေးစနစ်ပင် ဖြစ်သည်။ သူမ စိတ်ကူးထားခဲ့သည့် မဖွံ့ဖြိုးသေးသော နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးစနစ် မဟုတ်နေပါချေ ။

လွန်ခဲ့သည့်ရက်ပိုင်းတွင် သိုင်းပညာအစည်းအရုံး၏ လှုပ်ရှားမှုမှာ ငြိမ်ကျသွားသည် ။ ထို့ကြောင့် အကယ်၍ ဝင်ခွင့်မရှိနေသည့် ရီဝမ်ဝမ်ကို ဖမ်းမိသွားမည် ဆိုလျှင်ပင် ကျိုး မိသားစု သည် သူမကိုယ်စား ဝင်ကာပေးနိုင်လေပြီ ဖြစ်သည် ။

“အအ…”

ချိုးချိုးသည် ရီဝမ်ဝမ်၏နဖူးစပ်က ချွေးတို့ကို မြင်ပြီး လှမ်းသုတ်ပေးလာသည် ။

“ချိုးချိုးလေးက လိမ်မာလိုက်တာ”
ရီဝမ်ဝမ်သည် ချိုးချိုးကို ချီးကျူးစကားဆိုလိုက်သည် ။

ထိုတွင် ချိုးချိုးသည် ရှက်သွေးဖြာသွားပြီး နီမြန်းနေသည့် အပြုံးဖြင့် ရီဝမ်ဝမ်ကို မော့ကြည့်လာသည် ။

ရီဝမ်ဝမ် ဆက်မပြောရသေးခင် သူတို့အရှေ့ဆီကနေ ကျွတ်ကျွတ်ညံနေသည့် စကားသံတို့ ထွက်လာသည် ။ လမ်းသွားလမ်းလာအားလုံးမှာ သုတ်တီးသုတ်ပြာဖြင့် တူညီသည့်နေရာတစ်ခုဆီ ပြေးသွားကုန်ကြသည် ။

ရီဝမ်ဝမ်သည် ထိုကပျာကယာသွားနေကြသည့် လူအုပ်ကြီးကို ကြည့်ရင်း သိချင်စိတ် တဖွားဖွား ဖြစ်လာရ၏ ။

“လီ မိသားစုကတော့ တကယ်ကို ကံဆိုးတာပဲ”

“အေးဟာ…ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်း ရောက်လာပြီ ။
လီ မိသားစုက ဒီနေ့ သူတို့ အပြတ်ရှင်းရမယ့် မိသားစုနှစ်ခုထဲက တစ်ခုလို့ ပြောတယ်”

“လီ မိသားစုပြီးရင်ရော ဘယ်မိသားစုလဲ”

“အဲ့ဒါတော့ ငါလည်း မသိဘူး”

ဖြတ်သွားဖြတ်လာတို့၏ ထိုစကားသံကို ကြားလိုကု်ချိန် ရီဝမ်ဝမ် မျက်နှာပျက်သွား၏ ။ သို့နှင့် ချိုးချိုးကို ခေါ်ကာ ထိုသုတ်တီးသုတ်ပြာ သွားနေကြသည့် လူအုပ်ကြီးနောက်ကနေ သူမ လိုက်တော့သည် ။

၁၅ မိနစ်အကြာ ၊ ခြံဝန်းတစ်ခုရှေ့ကို အရောက်တွင် သူမ တန့်ခနဲ ရပ်မိသွားသည် ။ ဘယ်ဘက်လက်သည် ချိုးချိုးကို ဆွဲထားပြီး ညာဘက်လက်သည် ဟင်းသီးဟင်းရွက်များ၊ အသားငါးများကို ကိုင်ထားသည် ။

သူတို့အရှေ့တွင်မူ အလွန်တရာ အေးစက်သည့် မျက်နှာထား များဖြင့် အနက်ရောင်ဝတ် ယောကျာ်း တစ်ဒါဇင် ရှိနေသည် ။ သူတို့၏ကျောဘက်တွင် “ကြောက်ရွံ့ခြင်းကင်းသော” ဟူသည့် စာတန်းကြီး ရေးထိုးထားလေသည် ။

ခေါင်းဆောင်ဖြစ်သူသည် အသက် ၁၅ နှစ် ၁၆ နှစ် ဝန်းကျင်သာ ဖြစ်ဟန်တူသည် ။
ထိုသူသည် ငယ်ရွယ်လင့်ကစား ထိုလူအုပ်ကြီ၏ခေါင်းဆောင်ပင် ဖြစ်နေလေပြီ ။

“သေစမ်း…ကြယ် ခုနစ်…အဲ့ဒီကောင်လေးက ကြယ် ခုနစ် ဟ”

လူတစ်ယောက်သည် ထိုပိန်ပါးသည့်လူငယ်လေးကို မြင်လိုက်ပြီး ချက်ချင်း မျက်စိပျက်မျက်နှာပျက် ဖြစ်သွားသည် ။

………………………………………………………

စာစဉ် ၅၁၊ အခန်း ၁၉ ။  တစ်ယောက်မှ အရှင်မထားနဲ့ 

"ကြောက်ရွံ့ခြင်းကင်းသော ဂိုဏ်းရဲ့ ကိုကြီး ဗိုလ် လက်အောက်က SS အဆင့် ကြေးစား ၊ ကြယ် ခုနစ် လား"

နေရာတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည် ။

လေတစ်ချက်တိုက်ရုံနှင့်ပင် ပါသွားနိုင်သည့် ထိုပိန်ပိန်းပါးပါး လူငယ်လေးသည် ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်း၏ အကြမ်းဆုံး ဖိုက်တာသမားတွေထဲက တစ်ယောက် ဖြစ်နေသည်တဲ့လား ။

"ဒါက လီ မိသားစု ပဲ"

တခနအကြာတွင် ထိုလူငယ်လေးသည် ချောင်းအသာ ဟမ့်လိုက်ပြီး သူ့နံဘေးက အဘိုးကြီးကို မျက်နှာရိပ်ပြလိုက်သည် ။

"ကောင်းပြီ"

အနက်ရောင်ဝတ်စုံနှ့င် ထိုအဘိုးကြီးသည် ဖြည်းဖြည်းချင်း
ထပြောလာသည် ။
"ငါတို့ရဲ့ ဒီနေ့မစ်ရှင်က ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းက ပေးထားတဲ့ ခုနစ်စဉ်ခုနစ်ဆက်သတ်မိန့်အတိုင်း အထက်တန်းလွှာမိသားစုနှစ်စုကို အပြတ်ရှင်းဖို့ ဖြစ်တယ် ။ ဒီ လီ မိသားစုက တစ်ခုအပါအဝင်ပဲ"

သူ စကားပြောပြီးသွားသည့်အခိုက်တွင် လီ မိသားစု၏ ခြံဝန်းထဲကနေ လူတစ်ဒါဇင်လောက် ပြေးထွက်လာကြသည် ။ 

လီ မိသားစု၏ အကြီးအကဲသခင်ကြီးက အရှေ့ကနေ ဦးဆောင်ကာ လာနေခြင်း ဖြစ်သည် ။ ထိုအကြီးအကဲ၏နဖူးထက်တွင် သွေးကြောတို့ ထိုးထောင်နေသည် ။ သူသည် စိတ်ဆိုးမာန်ဆိုးဖြင့် ဒေါသတကြီး ဟစ်အော်လာသည် ။

"ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းက လူတွေကို ဗိုလ်မကျလွန်းဘူးလား ။ ကျုပ်ရဲ့ လီ မိသားစုမှာ ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းနဲ့ ဘာရန်ငြှိုးရန်စမှ မရှိပါဘူး ။ ကျုပ်တို့ကို ဘာကြောင့် ခုနစ်စဉ်ခုနစ်ဆက်သတ်မိန့် ပေးရတာလဲ ၊ ကျုပ်တစ်မိသားစုလုံးကို ဘာလို့ အပြတ်ရှင်းချင်ရတာလဲ"

"ဘာရန်ငြှိုးရန်စမှ မရှိဘူး…ဟုတ်လား"

လူငယ်လေး ၊ ကြယ် ခုနစ် က တီးတိုးရေရွတ်လာသည် ။
သူ၏မျက်ဝန်း ဟိုးအောက်ခြေတွင် တဒင်္ဂလေး အေးစက်သွားပြီးနောက် ထိုအေးစက်မှုတို့ ပျောက်ကွယ်သွားသည် ။

"လီ မိသားစုက ကျွန်တော့်ရဲ့ ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းအပေါ်မှာ ပါးစပ်သရမ်းထားတယ် ၊ ဒီတော့ ချေမှုန်းခံသင့်တာပေါ့"

ကြယ် ခုနစ် သည် ဖြေးညင်းစွာဖြင့် ပြောဆိုလာသည် ။
သူ၏အသံမှာ ရန်လိုခြင်းမရှိဘဲ နူးညံ့ညင်သာလှပေသည် ။

"အဟက်…မင်းတို့ရဲ့ ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းက မကောင်းတာ တွေ အကုန်လုပ်ထားတာ ။ မင်းတို့ရဲ့ ဘယ်လုပ်ရပ်ကများ မရက်စက် မယုတ်မာတာ ရှိဖူးလို့လဲ" ဟု လီ အကြီးအကဲက ဒေါသတကြီး ပြောလာသည် ။

"ကြယ် ခုနစ် ၊ လီ မိသားစုက အခုထိကို သေမင်း တံခါးဝကို ရောက်နေတာကို မသိသေးဘူး ။ မရယ်ရဘူးလား"

ထိုအဘိုးကြီးသည် လီ အကြီးအကဲကို ပြက်ရယ်ပြုကာ မထေ့တထေ့ ပြောဆိုလာသည် ။

"သတ်"

ကြယ် ခုနစ် သည် အေးစက်စွာ အမိန့်ပေးလိုက်သည် ။

"ကြောက်ရွံ့ခြင်းကင်းသော !"

"ကြောက်ရွံ့ခြင်းကင်းသော !"

"ကြောက်ရွံ့ခြင်းကင်းသော !"

ကြယ် ခုနစ် အမိန့်ပေးလိုက်သည်တွင် ကြောက်ရွံ့ခြင်းကင်းသော ဂိုဏ်းသားများသည် ရူးသွပ်နေသည့်၊ ဒေါသတရှူးရှူးဖြစ်နေသည့် ခြင်္သေ့ကြီးများနှယ် လီ မိသားစုဝင်များဆီ ပြေးတက်သွားကြသည် ။

တခနတွင်းချင်းပင် လီ မိသားစု မြေတလင်းတွင် သွေးချင်းချင်း ရဲကုန်၏ ။ လီ မိသားစုဘက်က လူမှာ တစ်ဒါဇင်ဖြစ်သလို ကြောက်ရွံ့ခြင်းကင်းသော ဂိုဏ်း ဘက် တွင်လည်း တစ်ဒါဇင်သာ ရောက်လာကြခြင်း ဖြစ်သည် ။
သို့တိုင် ထိုဂိုဏ်းသားများသည် လီ မိသားစု၏ သိုင်းပညာရှင် တစ်ဒါဇင် အပေါ်တွင် အကြောက်အလန့်ကင်းကြသည် ။ မျက်တောင်တစ်ခတ်စာအချိန် အတွင်း လီ မိသားစု တစ်ဝက်ကျော်မှာ သေသူသေ၊ ဒဏ်ရာရသူရ ဖြစ်ကုန်ကြသည် ။

"ကောင်လေး…မင်းက ငယ်ငယ်လေးပဲ ရှိသေးတယ်၊ ဒီလောက်တောင် ရက်စက်လှချည်လား ။
မင်း အသေဆိုးနဲ့ သေသင့်တယ်"

တမုဟုတ်ချင်းပင် ထို လီ အကြီးအကဲသည် လေထဲ လွှားကနဲ ခုန်လွှားကာ ကြယ် ခုနစ် ရှေ့ကို ရောက်လာပြီး နားထင်နေရာဆီ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည် ။

သို့သော်လည်း ကြယ် ခုနစ် သည် လှစ်ခနဲပင် နေရာမှ ပျောက်သွား၏ ။

"မြန်လိုက်တာ"

ထိုသည်ကို ကြည့်နေရင်း ရီဝမ်ဝမ်၏ရင်ထဲ အရိုင်းဆန်စွာ ခုန်ပေါက်နေ မိသည် ။ ကြယ် ခုနစ် သည် အလွန်အမင်း မြန်ဆန်လွန်းလှသည် ။
သူမ ပြူးပြဲစိုက်ကြည့်နေရက်နှင့်ပင် ထိုသူ၏ လှုပ်ရှားမှုကို လိုက်ဖမ်း မမှီလိုက်ပါချေ ။

"ကျွန်တော့်ကို ရှာနေတာလား"

ကြယ် ခုနစ်၏ အသံ ပဲ့တင်ထွက်လာသည် ။

လီ အကြီးအကဲခမျာ ဘာမှပင် မလုပ်လိုက်နိုင်ပေ ။ တောင်ကြီးတစ်တောင်သည် သူ၏ခေါင်းထက်ကို နင်းခြေလာသည်ကို ခံစားလိုက်မိ၏ ။

ဖောင်း

ကြယ် ခုနစ်သည် ထိုအကြီးအကဲ လီ ခေါင်းကို တက်နင်းထားသည်ကို လူတိုင်း မြင်လိုက်ကြသည် ။

ထိုလူငယ်လေးသည် လက်နှစ်ဖက်ကို နောက်ပစ်ပြီး ကျက်သရေရှိစွာ၊ လွတ်လပ်ပေါ့ပါးစွာ တက်နင်းထားသည် ။
သူ၏မျက်နှာထားသည် ရေခဲတမျှ အေးစက်ပြီး လူတစ်ယောက်တွင် ရှိသင့်သည့် စိတ်ခံစားချက်တို့ ရှိမနေ ။

"ဖယ် စမ်း"

ထို လီ အကြီးအကဲသည် တဆတ်ဆတ် တုန်ရီနေပြီး
ထိုလူငယ်ကို သူ့ခေါင်းထက်ကနေ တွန်းထုတ်ပစ်ချင်နေသည် ။ သို့သော် ထို ကြယ် ခုနစ်မှာ ကျောက်ရုပ်ကြီးအလားနှယ် ၊
လီ အကြီးအကဲ ဘယ်လောက်ပင် ဖယ်ထုတ်နေပါစေ ၊ မလှုပ်မယှက်သာ ရှိနေ၏ ။

"ခွေးကောင်တွေ" လီ အကြီးအကဲ ဒေါသပေါက်ကွဲသွားပြီ ။

သို့သော်လည်း လီ အကြီးအကဲ ဆဲလိုက်ချိန်တွင် ကြယ် ခုနစ်သည် ခြေထောက်ကို ကြွပေးလိုက်ကာ ထိုအကြီးအကဲ၏နားထင်ပေါ် ခပ်ဖွဖွလေး နင်းထားလိုက်တော့သည် ။

တခနအကြာတွင် ထို လီ အကြီးအကဲ၏ မျက်နှာမှာ ဖြူစုတ်လာပြီး စကားတစ်ခွန်းပင် မပြောနိုင်တော့ ။
ကြယ် ခုနစ်၏ အားတစ်ချက် ဖိနင်းချလိုက်သည်တွင် သူလည်း ဘုန်းခနဲ ပြုတ်ကျသွားကာ ဆန့်တငင်ငင်ဖြင့် သေသွားတော့သည် ။

လီ မိသားစု တစ်ခုလုံးသည် သူတို့၏အကြီးအကဲဖြစ်သူ တခနအတွင်း အသတ်ခံလိုက်ရသည်ကို မြင်လိုက်ပြီး ပျာယာခတ်ကုန်ကြသည် ။

"တစ်ယောက်မှ အရှင်မထားနဲ့"

ကြယ် ခုနစ် သည် မြေကြီးပေါ် ဆင်းလိုက်ပြီး အမိန့်ပေးလိုက်သည် ။

……………………………………………………

စာစဉ် ၅၁၊ အခန်း ၂၀ ။  အန ္တရာယ်

အဝေးကနေ လှမ်းကြည့်နေသည့် ရီဝမ်ဝမ်သည် ချိုးချိုးကို ခပ်တင်းတင်း ဖက်ထားပြီး သူ့မျက်လုံးကို အုပ်ထားသည် ။

အခုမှပင် လွတ်လပ်သောနယ်မြေသည် မည်မျှ ကြောက်ဖို့ကောင်းသည်မှန်း ရီဝမ်ဝမ် နားလည်လာခြင်း ဖြစ်၏ ။

လူရှေ့သူရှေ့ သတ်ဖြတ်ခြင်း ။

ထိုကဲ့သို့သော ကိစ္စမျိုးသည် တရုတ်ပြည်တွင် မရှိခဲ့ဖူးပေ ။

တစ်ယောက်ပြီးတစ်ယောက် အသနားခံသံများ၊ တောင်းပန်သံများ ကျွတ်ကျွတ်ညံလာသည် ။ သို့သော် ၊
လီ မိသားစုသည် အေးစက်စွာ၊ ရက်စက်စွာသာ အသတ်ခံလိုက်ကြရသည်သာ ။

ရီဝမ်ဝမ်သည် အရင်တုန်းက တရုတ်ပြည်တွင် ရှိနေစဉ်၌ ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းသားများနှင့် မထင်မှတ်ဘဲ တွေ့ဆုံခဲ့ဖူး သည်။ သို့သော်လည်း လွတ်လပ်သောနယ်မြေတွင် ရှိနေသည့် ဤကြောက်ရွံ့ခြင်းကင်းသော ဂိုဏ်း သည် အလွန်အမင်း ကြောက်စရာ ကောင်းပြီး ရက်စက်လွန်းလိမ့်မည်ဟုတော့ သူမ မထင်မှတ်ထားမိခဲ့ပေ ။

လီ စံအိမ်တော်အပြင်ဘက်က မြေတလင်းတွင် အလောင်းတွေ ပုံထပ်နေသည် ။ ကြည့်နေမြင်နေကြသူတို့အဖို့ ကြောက်လန့်ကာ သွေးပျက်စေသည့် မြင်ကွင်းပင်တည်း ။

သူတစ်ပါးကို မကောင်းကြံကြံတတ်သော အသူရာ နတ်များမှ ဖန်တီးထားသည့် ငရဲတနှုန်းသော မြင်ကွင်းကြီးကို မြင်လိုက်ရခြင်းမှာ ရီဝမ်ဝမ်အဖို့ ဤသည်မှာ ပထမဦးဆုံး ဖြစ်သည် ။ ထို့ကြောင့် သူမရင်ထဲ ပြောမရအောင်ကို ချောက်ချားနေမိသည် ။

တခနအကြာတွင်မူ ရီဝမ်ဝမ်သည် ဆက်မကြည့်ရက် တော့ဘဲ
ချိုးချိုးကို လက်ဆွဲကာ လှည့်ထွက်သွားလိုက်သည် ။
သိုင်းပညာအစည်းအရုံးသည် မျိုးနွယ်စုကြီးလေးစုက အသိအမှတ်ပြု ခံထားရသည့် အစည်းအရုံးကြီး ဖြစ်ပြီး လွတ်လပ်သောနယ်မြေထဲက တရားဝင်အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သော်လည်း ထိုကဲ့သို့သော ဂိုဏ်းများကြားက ပဍိပက္ခတို့တွင် ဝင်ရောက်ပါဝင်ခြင်း မရှိတတ်ပါချေ ။

မကြာခင်ပင် ရီဝမ်ဝမ်သည် ကျိုး စံအိမ်တော်ဆီကို ပြန်ရောက်သွား သည် ။

"ဝမ်ဝမ်…မျက်နှာလဲ မကောင်းပါလား၊ ဘာဖြစ်လာတာလဲ"

ရီဝမ်ဝမ် အမူအရာပျက်နေသည်ကို သတိပြုမိပြီး
သခင်မကြီး ကျိုး သည် ရေတစ်ခွက်ငှဲ့ကာ သူမနံဘေးသို့ ခေါင်းစားစားဖြင့် လျှောက်လာ သည် ။

"ပြန်လာတဲ့လမ်းမှာ ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းကို
တွေ့ခဲ့လို့"

ရီဝမ်ဝမ်သည် သခင်မကြီး ကျိုး လက်ထဲက ရေခွက်ကို ယူကာ တစ်မော့တည်း အကုန် သောက်ပစ်လိုက်ပြီး ပြောလိုက်သည် ။

ထိုသည်ကို ကြားလိုက်သည်နှင့် သခင်ကြီး ကျိုး နှင့် သခင်မကြီး ကျိုး ပါ မျက်နှာပျက်သွားကြသည် ။

ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းသည် အမှန်ပင် ကြောက်စရာ ကောင်းလေသည်တည်း ။

“ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းက အထက်တန်းလွှာ မိသားစုတစ်စုကို သတ်နေတာကို မြင်လာခဲ့ရတယ်”

ရီဝမ်ဝမ်သည် မျက်မှောင်ကြီး ကြုတ်နေမိသည် ။

“လွတ်လပ်သောနယ်မြေမှာ ဒီလိုအရာမျိုးက ပုံမှန်ပဲ ။
မိန်းကလေးတို့လို အပြင်လူတွေအတွက် လွတ်လပ်သောနယ်မြေက တကယ်ကို နေလို့ မကောင်းဘူး”

သခင်ကြီး ကျိုး သည် သက်ပြင်းချလိုက်ကာ ပြောဆိုလာသည် ။

ရီဝမ်ဝမ် ပြန်မဖြေလိုက်ရသေးခင် ကျိုးဝူသည် သွေးမရှိတော့သည့် မျက်နှာဖြင့် ဧည့်ခန်းဆီသို့ မပြေးရုံတမယ် လာနေသည် ။
သူ့လက်ထဲတွင်လည်း အနက်ရောင်ကတ်တစ်ကတ်ကို ဆုပ်ကိုင် ထား၏ ။

“ဖေကြီး၊ မေကြီး ၊ ချိုးချိုး အခန်းထဲမှာ ဒါကို တွေ့လာ ခဲ့တယ်”

ကျိုးဝူသည် ထိုအနက်ရောင်ကတ်ကို ထုတ်ပြလာသည် ။

“ဘာ”

ကျိုးဝူလက်ထဲက ထိုအနက်ရောင်ကတ်ကို မြင်လိုက်ပြီး
သခင်ကြီး ကျိုး ၏ မျက်နှာမှာ ဖြူစုတ်သွား၏ ။

“ကြောက်ရွံ့ခြင်းကင်းသော ဂိုဏ်း ရဲ့ ခုနစ်စဉ်ခုနစ်ဆက်သတ်မိန့် ၊
ဒါ ဘယ်လိုလုပ်…ဘယ်လိုလုပ်ပြီး….”

သခင်မကြီး ကျိုး သည် သတိမေ့လဲမလို ဖြစ်သွားသည် ။

ဟိုးအရင်ကတည်းက ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်း၏ ထိုခုနစ်စဉ်ခုနစ်ဆက်သတ်မိန့်ကို ရရှိထားသည့် မည်သည့်မိသားစု မဆို သေခြင်းတရားနှင့် ရင်ဆိုင်ရသည်ချည်းသာ ဖြစ်၏ ။

“ဒီကတ်ပေါ်မှာ ဖုန်တွေတောင် တက်နေပြီ ၊ ဒါ ရထားတာ ကြာနေလောက်ပြီ”

ကျိုးဝူသည် အံကိုကြိတ်ကာ ပြောလာသည် ။

ကျိုး အိမ်တော်ထဲကို ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းက ပစ်ထည့်သွား သည့် ထိုခုနစ်စဉ်ခုနစ်ဆက်သတ်မိန့်ကို ချိုးချိုးသည် မတော်တဆ တွေ့သွားပြီး ဘာမှန်းမသိ နားမလည်ခြင်းကြောင့် သူ့အခန်းထဲ ယူသွားခြင်း ဖြစ်ဟန် တူသည် ။
ထို့ကြောင့် ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းက သူတို့မိသားစုကို သတ်မိန့်ပေးထားသည်ကို သူတို့ မသိခဲ့ကြခြင်းပင် ။

“မိန်းကလေး ရီ ၊ မြန်မြန်ပြေးပါတော့”

သခင်မကြီး ကျိုး သည် ချက်ချင်းပင် ထရပ်လိုက်ပြီး
ရီဝမ်ဝမ်ကို ကျိုး အိမ်တော်ကနေ မောင်းထုတ်တော့သည် ။

“ဟမ်”  ရီဝမ်ဝမ် အံ့သြသွား၏ ။ 

ခုနစ်စဉ်ခုနစ်ဆက် သတ်မိန့်၏ အဓိပ္ပာယ်ကို သူမသည် ခုနကမှ နားလည်လာရခြင်း ဖြစ်သည် ။ အစောနက
လီ မိသားစုသည် ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်း၏ ခုနစ်စဉ်ခုနစ်ဆက် သတ်မိန့်ကို ရရှိထားခြင်းကြောင့် တစ်အိမ်သားလုံး အသတ်ခံလိုက်ရလေသည် ။

“မြန်မြန် ထွက်သွားပါတော့ ၊ ကျိုး အိမ်တော်မှာ မနေပါနဲ့တော့”

သခင်ကြီး ကျိုး သည်လည်း ကပျာကယာပင် ထပြောလာသည် ။

ရီဝမ်ဝမ်သည် ကျိုး စံအိမ်တော်တွင် ရှိနေဦးမည်ဆိုလျှင် ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းက ရောက်လာသည့်အချိန်တွင် နောက်ဆက်တွဲမှာ အလွန်အမင်းဆိုးဝါးကုန်ပေလိမ့်မည် ။ ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းဆိုသည်ကား ကျိုး မိသားစုဝင် ဟုတ်ခြင်းမဟုတ်ခြင်းကို ဂရုစိုက်သူများ မဟုတ်ကြပါချေ ။

“ချိုးချိုး ကို ခေါ်သွားပြီး ထွက်သွားပါတော့”

ကျိုးဝူသည်လည်း ချိုးချိုးကို ပွေ့ချီလိုက်ပြီး
ရီဝမ်ဝမ်လက်ထဲ ထိုးပေးလိုက်သည် ။

ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းသည် အမြဲတစေ ရက်စက်ကြမ်းကြုတ်၏ ။
မိန်းမသော ယောကျာ်းသော ၊ လူကြီးသော လူငယ်သော ဂရုစိုက်တတ်သည့် ဂိုဏ်း မဟုတ် ။

“ကျွန်မ ရဲသွားခေါ်လိုက်မယ်”

ရီဝမ်ဝမ်သည်လည်း ဆောက်တည်ရာမဲ့နေမိသည် ။

ထိုသို့ပြောလိုက်မိပြီး ချက်ချင်းပင် ထိုစကားသည်
အလွန်ပင် ရယ်စရာကောင်းသည်ကို သူမ သိလိုက်မိ၏ ။ ဤနေရာသည်ကား တရုတ်ပြည် မဟုတ်၊ လွတ်လပ်သောနယ်မြေ ဖြစ်သည် မဟုတ်ပါလား ။

ရီဝမ်ဝမ် ဘာမှ ထပ်မပြောနိုင်ခင် သခင်မကြီး ကျိုး သည် သူမကို အိမ်တော်ထဲကနေ မောင်းထုတ်လိုက်ပြီးလေပြီ ။ 

ထိုအခိုက်တွင် ရီဝမ်ဝမ် အစောနက တွေ့ခဲ့ရသည့် တစ်ဒါဇင်သော ကြောက်ရွံ့ခြင်းကင်းသော ဂိုဏ်းသားများ သည် ကျိုး အိမ်တော်ဆီသို့ ခမ်းနားထည်ဝါစွာ လျှောက်လာကြလေပြီ ။

ခေါင်းဆောင်ဖြစ်သူ ကြယ် ခုနစ်သည် ရီဝမ်ဝမ်ကို ဖျတ်ခနဲ လှမ်းမြင်လိုက်ပြီး လျှပ်တစ်ပြက် အံ့အားသင့်သွား၏ ။
သူမလေးကို လှမ်းကြည့်နေရင်း သူ၏ အေးစက်စက်မျက်ဝန်းထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ဖျတ်ခနဲ ထွက်လာသည်။

………………………………………………………

စာစဉ် ၅၁၊ အခန်း ၂၁ ။  ကျိုး မိသားစုဝင် မဟုတ်ဘူး

"မင်းက ကျိုး မိသားစုကလား"

ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းသားတစ်ယောက်က အေးစက်စွာဖြင့် အော်မေးလိုက်သည် ။

ရီဝမ်ဝမ်သည် ချက်ချင်းပင် ခေါင်းယမ်းလိုက်၏ ။

ငါ ဝန်ခံလိုက်ရင် နေရာမှာတင် အသတ်ခံရမှာပေ့ါ ။

"သူက ကျိုး မိသားစုဝင် မဟုတ်ဘူး"

ရုတ်ခြည်းတရက်ပင် ၊ တံခါးမကြီးသည် ပွင့်သွားပြီး
ကျိုး မိသားစု ကနေ လူ အယောက် ၈၀ လောက် ပြေးထွက်လာကြသည် ။ ကျိုး သခင်ကြီးက အော်ပြောလိုက်သည် ။

"အပြစ်မရှိတဲ့သူကို ဒုက္ခမပေးနဲ့"

"အဟက် ၊ ငါတို့ ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းကလည်း အပြစ်မရှိရင် လုံးဝမထိဘူး"

ကြယ်ခုနစ်၏နံဘေးနားက အဘိုးကြီးက မထေမဲ့မြင့်ဖြင့် ထပြောသည်။

လူများသည် ကျိုး အိမ်တော်ရှေ့တွင် ဝိုင်းအုံလာကြပြီး စကားသံတို့သည်လည်း ပွက်လောညံသထက် ညံလာကြသည် ။

ခုနစ်စဉ်ခုနစ်ဆက်သတ်မိန့်ကို ရသည့် မည်သည့်မိသားစုမဆို အသက်ရှင်ခွင့် မရသည်ချည်း ဖြစ်သည် ။ ထို့ကြောင့် ထိုကျိုး မိသားစု သေရတော့မည်မှာ မြေကြီးလက်ခတ်မလွဲသည်ကို ကြည့်နေသူတိုင်း သိနေကြသည် ။ ဒီနေ့ လွန်သွားသည်နှင့် ကျိုး မိသားစု ဟူသည် ရှိတော့မည် မဟုတ်ပေ ။

"ကျွန်တော် မေးပါရစေ ၊ ကျွန်တော်တို့ ကျိုး မိသားစုက မင်းတို့ရဲ့ ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းကို ဘာများ ရန်စမိလို့လဲ"
သခင်ကြီး ကျိုး သည် အလွန်ပင် စိတ်ရှုပ်ထွေးနေသည် ။

ငါတို့တွေ ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းနဲ့လည်း
တစ်ခါမှ မပတ်ဖူးပါဘူး ။ ဘာလို့များ ငါတို့ကို ခုနစ်စဉ်ခုနစ်ဆက်သတ်မိန့်ကြီး လာပေးရတာလဲ ။

"ဘာမှတော့ မဟုတ်ဘူး ၊ မင်းတို့ ကျိုး စံအိမ်ရဲ့ မြေအနေအထားက အရမ်းကောင်းတယ်၊ မြေကြီးကလည်း သိပ်ကိုကောင်းတယ် ၊ အဲ့ဒါကြောင့် ဒီနေရာမှာ ငါတို့ ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းက ဌာနခွဲ လာဖွင့်မလို့"

ကြယ် ခုနစ် ဘေးက ထိုအဘိုးကြီးသည် ပြံးစစမျက်နှာပေးဖြင့် ချက်ကျလက်ကျ ပြောဆိုလာသည် ။

"ဘာပြောလိုက်တယ်…"
အကြီးအကဲ ကျိုး ဒေါသဆောင့်တက်သွားပြီး မှုန်သုန်လာသည် ။ 

"အဲ့ဒါအတွက်နဲ့ မင်းတို့က ကျွန်တော့်ရဲ့ ကျိုး မိသားစုကို အပြတ်ရှင်းချင်တယ်လား ။ မင်းတို့လိုချင်ရင် ကျွန်တော်တို့
ကျိုး မိသားစုက တစ်ပြားတစ်ချပ်မှ မတောင်းဘဲကို အလကားပေးလို့ ရပါတယ်"

"အဟက် ၊ မင်းကများ ငါတို့ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်း ကို လာပြီး စွန့်ကြဲနေတယ်ပေါ့လေ"

အဘိုးကြီးသည် မျက်နှာတင်းမာလာသည် ။

သူတို့၏ ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းသည် အမြဲတစေ ထိုသို့ပင် ။ လိုချင်တာ ရှိချိန်တိုင်း မရရအောင် အဓမ္မ ယူဆောင်သွားသည်ချည်းသာ ။ အရာရာမှာ သူတို့၏ စိတ်အခြေအနေပေါ်တွင် မူတည်ပြီး ကျိုးကြောင်းဆီလျော်မှု ၊ ယုတ္တိရှိမှုတို့မှာ သူတို့အတွက် အရေးမပါပါချေ ။

"စွန့်ကြဲလိုက်တာ မဟုတ်ပါဘူး၊ ကျွန်တော့်စကားကို တမျိုးမထင်ပါနဲ့ဗျာ ။ အလဲအလှယ်လုပ်တာပါ ။ ကျွန်တော့်ရဲ့မိသားစုအသက်ကို ဒီမြေနဲ့ လဲမယ်လို့ ပြောတာပါ"

အကြီးအကဲ ကျိုး သည် ထိုအဘိုးကြီးကို စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြနေသည် ။

အကြီးအကဲ ကျိုး သည် ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းကို ဟိုးရင်ထဲအသည်းထဲကနေ ကြောက်ရွံ့ပါ၏ ။ သူတို့သည် သတ်ရဲဖြတ်ရဲသည့် ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်ပေသည် ။ ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်း၏ ပစ်မှတ်ထားခံရသူတိုင်း ကံဆိုးမိုးမှောင်ကျသည်ချည်း ဖြစ်၏ ။

"တော်လောက်ပြီ ။ မင်းတို့ ကျိုး မိသားစုရဲ့ ကံကြမ္မာက ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းရဲ့ ခုနစ်စဉ်ခုနစ်ဆက်သတ်မိန့်ကို ရလိုက်ကတည်းက ပြီးသွားပြီ"

ထိုအဘိုးကြီးသည် ရှုံ့မဲ့ပြောဆိုကာ လက်ကို ဝှေ့ယမ်းလိုက်သည် ။

"သတ်"

ထိုအမိန့်ကို ရသည်နှင့် ချက်ချင်းပင် နောက်ကျောဘက်တွင် "ကြောက်ရွံ့ခြင်းကင်းသော" ဟု ရေးထိုးထားသော ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းသား တစ်ဒါဇင်သို့ အရှေ့သို့ အားနှင့်မာန်နှင့် ပြေးတက်လာကြသည် ။ 

"ဖေကြီး ၊ ပြောမနေနဲ့တော့ ၊ ပြောလည်း အပိုပဲ ။
ဒီနေ့ ကျွန်တော်တို့ အားရှိသလောက် ပြန်တိုက်ကြတာပေါ့"

ကျိုးဝူသည် အနိုင်မခံ အရှုံးမပေးသည့် စိတ်ဓာတ်ဖြင့် ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းကို စတိုက်တော့သည် ။

ကျိုးဝူသည် သိုင်းတော်တော်လေး ကျွမ်းသည် ဆိုသော်လည်း ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းသားများကို မမှီသေးပါချေ ။ အသက်တစ်ရှူစာ ကြာပြီးချိန်တွင် ကျိုးဝူခမျာ ကြိုးပျက်သွားသည့်စွန် တစ်ခုလို အနောက်သို့ ဝှီးခနဲ ပျံကျသွားတော့သည် ။

အော်ဟစ်ဆဲဆိုသံတို့ သောသောညံသွားသည် ။
ကျိုး မိသားစုထဲတွင် မိသားစုဝင် တော်တော်များသည် ဆိုသော်လည်း ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းသားများနှင့် ရင်ဆိုင်ရာတွင် အပြိုပြိုအလဲလဲဖြင့် အပြတ်အသတ် ရှုံးနိမ့်ကုန်ကြသည် ။
သူတို့သည် သေခြင်းတရားကို မကြောက်ရွံ့ပါသော်လည်း
ရဲစွမ်းသတ္တိရှိသည် ဆိုပါသော်လည်း
ထိုဂိုဏ်းသားတို့နှင့် ရင်ဆိုင်ရာတွင် အချည်းနှီးသာ ဖြစ်ရသည် ။ 

ထိုအခိုက် အဘိုးကြီးသည် လျှပ်တစ်ပြက် လှုပ်ရှားလာကာ
သခင်ကြီး ကျိုး ကို လည်ကုတ်ကနေ ဆွဲမတော့သည် ။

သခင်ကြီး ကျိုး၏ ခြေဖဝါးမှာ မြေကြီးကနေ လွတ်သွားပြီး
အသက်ရှူရပါ ကြပ်လာခြင်းကြောင့် သူ့မျက်နှာမှာ နီမြန်းလာသည် ။

ကျိုး အိမ်တော်၏ အပြင်ဘက်တွင် လူအုပ်ကြီးသည် ဝိုင်းအုံသည်ထက် ဝိုင်းအုံလာသည် ။ တချက်တချက်တွင် သူတို့ဆီကနေ စကားသံတို့ ထွက်ထွက်လာတတ်သည် ။
သို့သော်လည်း မည်သူကမှ အရှေ့ထွက်လာရဲခြင်း မရှိသလို ထိုကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းကို ဆန့်ကျင်ရဲခြင်းလည်း မရှိကြပေ ။

ထိုအချိန်တွင် ရီဝမ်ဝမ်သည် မျက်မှောင်အကြုတ်ကြီး ကြုတ်နေသည် ။ သူမသည် ကျိုး မိသားစုကို ကူညီပေးချင်ပါသော်လည်း ဘယ်လို ကူညီရမှန်း မသိပါချေ ။ ထို့ပြင် သူမ၏သိုင်းပညာမှာ လိုအပ်မှုရှိနေသေးသည်ကို လည်း သူမ သိနေသည် ။ 

………………………………………………………

စာစဉ် ၅၁၊ အခန်း ၂၂ ။  ကလေး မရှိဘူး 

အခုချိန်တွင် ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းအကြောင်းကို ရီဝမ်ဝမ် အကြမ်းဖျင်း နားလည်နေချေပြီ ။ လွတ်လပ်သောနယ်မြေတွင် ရှိသည့် သူတို့၏အဆင့်အတန်းအရ သူတို့ရှေ့ တစ်လှမ်းလောက် ဖြတ်လျှောက် ရဲလျှင် သို့မဟုတ် သူတို့ကို တားမြစ်ရဲလျှင် အသတ်ခံရမည်သာ ။

ရီဝမ်ဝမ်၏လက်ထဲတွင် ရှိနေသည့် ချိုးချိုးသည်လည်း ထိုမြင်ကွင်းကို ကြည့်ရင်း မျက်နှာနီရဲနေသည် ။
သူသည် သူမ၏လက်ထဲကနေ အတင်းရုန်းထွက်လိုက်ပြီး အရှေ့သို့ ပြေးထွက်သွားသည် ။

"ချိုးချိုး"

ရီဝမ်ဝမ် မျက်နှာပျက်သွား၏ ။ သူမသည် သူ့ကို တားလိုက်ချင်သော်လည်း အချိန်ကား နှောင်းသွားလေပြီ ။

"အအ…"

ချိုးချိုးသည် ထိုအဘိုးကြီးဆီသို့ ပြေးသွားပြီး
သူ့ခေါင်းလေးဖြင့် ထိုအဘိုးကြီး၏ခြေထောက်ကို ခပ်ကြမ်းကြမ်း ဝင်ဆောင့်နေသည် ။

"ဒီခွေးသတောင်းစားလေးက ဘယ်ကနေ ထွက်လာတာလဲ"

ထိုအဘိုးကြီးမှာ ချက်ချင်းပင် ဒေါသထွက်သွားပြီး
သခင်ကြီး ကျိုး ကို မြှောက်ထားသည့် ညာဘက်လက်ကို လွှတ်ကာ ချိုးချိုးကို ဖမ်းဆုပ်ပစ်သည်။

"ကလေး…ကလေးက အပြစ်ကင်းတယ် ၊ မလုပ်နဲ့၊ မလုပ်နဲ့"

သခင်မကြီး ကျိုး သည် ကြောက်လန့်မှုကြောင့် ဖြူလျော်လာသည် ။

"သြော် ၊ ဒီခွေကောင်လေးက တော်တော်ရဲနေတယ်ပေါ့လေ ။ ဒီနေ့ပြီးတာနဲ့ မင်း အသက်ဆက်မရှင်စေရဘူး"

အဘိုးကြီးသည် ချိုးချိုးကို မြှောက်ပြီး မြေကြီးပေါ် ဘုန်းခနဲ ပစ်ချဖို့ ရွယ်လိုက်ချိန် ။

တခနတွင်းချင်းပင် ရီဝမ်ဝမ်သည် ဘာဘာညာညာ တွေးမနေတော့ဘဲ အရှေ့သို့ ခုန်တက်သွားကာ ထိုအဘိုးကြီးကို တားပစ်လိုက်သည် ။

"ရပ်စမ်း"

အဘိုးကြီးသည် မဆိုစလောက်လေး မျက်မှောင်ကြုတ်သွားပြီး အမည်မဖော်စွမ်းနိုင်သော အမူအရာဖြင့် ရီဝမ်ဝမ်ကို ကြည့်လာသည် ။

"မင်းရောပဲ သေချင်လို့လား"

ထိုအဘိုးကြီး၏ မျက်နှာမှာ မည်းပုတ်နေလေပြီ ။

စိတ်ဝင်စားစရာတော့ ကောင်းနေပြီ ။ မိန်းကလေးတစ်ယောက်ကတောင်မှ ငါတို့ ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းကို လာပြီး ရန်စရဲနေပြီပဲ ။

"ရပ်လိုက်လို့ ပြောနေတယ် ၊ ရှင် နားလေးနေတာလား"

သူတို့တွေ ကလေးကိုတောင်မှ အလွတ်မပေးဘူး ။
လုံးဝကို ရူးနေတာ၊ လုံးဝကို နှလုံးသား မရှိတော့တာပဲ ။

ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းမှ ထိုအဘိုးကြီးသည် ဘာမှ မပြောလိုက်ရသေးခင် ရီဝမ်ဝမ်သည် သူမလက်ထဲက သေနတ်ကို ရုတ်တရက်ကြီး ဆွဲထုတ်လိုက်သည် ။

အဘိုးကြီး၏ ခေါင်းထက်တွင် ထိုအေးစက်နေသည့် အနက်ရောင်တွင်း၀ တစ်ခုက လာချိန်ထိုးလာလေသည် ။

"သေနတ်….မင်း"

အရိုးထိတိုင်အောင် အေးစက်နေသည့် ထိုအဘိုးကြီး၏မျက်နှာမှာ မဆိုစလောက်လေး ပျက်ယွင်းသွားသည် ။

လွတ်လပ်သောနယ်မြေထဲကို သေနတ်ယူလာရဲတဲ့အပြင် လူမြင်ကွင်းကြီးမှာပါ သေနတ် ထုတ်ပြရဲတယ်…လား ။

ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်း သည်ပင် ထိုလောက် သတ္တိမရှိပါချေ ။ သေနတ်မကိုင်ဆောင်ရ စည်းကမ်း သည် လွတ်လပ်သောနယ်မြေ၏ သက်တမ်းအကြာရင့်ဆုံးသော စည်းကမ်းကြီးတစ်ခု ဖြစ်ပေသည် ။ မျိုးနွယ်စုကြီးလေးစု ရော ၊ ပျက်သုဉ်းသွားပြီ ဖြစ်သည့် မျိုးနွယ်စုများရော ၊ လွတ်လပ်သောနယ်မြေ၏ တရားဝင် အဖွဲ့အစည်းကြီး ဖြစ်သည့် သိုင်းပညာအစည်းအရုံးကြီးရော ထိုမျှ သတ္တိမကောင်းလှပါချေ ။

သို့သော် ထိုမိန်းကလေးသည်ကတော့ သေနတ်ကို ထုတ်ပြီး
သူ့ခေါင်းကို ချိန်ပါချိန်ထားနေလေသည် ။ ထိုအေးစက်နေသည့်ခံစားချက်က သေနတ်အတု မဟုတ်သည်ကိုပါ သက်သေပြနေလေသေးသည် ။

ဝိုင်းအုံကာ ကြည့်နေကြသည့် လူအုပ်ကြီးထဲ ပွက်လောရိုက်သွားကြပြီး တချို့သည် ရီဝမ်ဝမ်ကို တထူးတဆန်း ကြည့်လာကြကာ
တချို့သည် သူမကို အမုန်းကြီး မုန်းတီးလာကြသည် ။

လွတ်လပ်သောနယ်မြေထဲတွင် သေနတ်ပစ်ဖို့ မဆိုထားနှင့် ၊ သေနတ်ကိုင်ဆောင်ထားသည်ကို မိသည်နှင့်
ထိုသူကို နယ်မြေသားများက သတ်ခွင့် ရှိပေသည် ။

အကြီးအကဲ ကျိုး နှင့် တခြားသူများသည်လည်း
ရီဝမ်ဝမ်ကို အံ့သြစွာ ကြည့်လာကြသည် ။
ရီဝမ်ဝမ်တွင် သေနတ်တစ်လက် ရှိနေမှန်း
သူတို့ မသိထားကြပါချေ ။

သခင်မကြီး ကျိုး သည် ရီဝမ်ဝမ်ကို တစ်ခုခု ပြောချင်လိုက်၏ ။ သို့သော် စကားတစ်ခွန်း မဟမိဘဲ ပြန်ပိတ်သွားလေသည် ။ ရီဝမ်ဝမ်၏ကံတရားသည် သေနတ်ထုတ်လိုက်သည့် အချိန်ကတည်းက အဆုံးသတ်သွားလေပြီ ။
အသေဆိုးဖြင့် သေရဖို့ များသွားပေပြီ ။

"ဟားဟား ၊ မိန်းကလေး ၊ လွတ်လပ်သောနယ်မြေရဲ့ စည်းကမ်းကို သိထားသင့်တယ် ။ လွတ်လပ်သောနယ်မြေထဲမှာ သေနတ်ကိုင်ခွင့် မရှိဘူး ။ သေနတ်ကိုင်မိရင်လည်း အဲ့ဒီအကျိုးဆက်ကို သိထား သင့်တယ် ။ ကိုယ့်အတွက်ကို မစဉ်းစားဘူးဆိုရင်တောင်မှ မင်းရဲ့မိဘနဲ့ကလေးအတွက် စဉ်းစားပေးသင့်တယ်"

ထိုအဘိုးကြီးသည် စိတ်ရှည်လက်ရှည်ဖြင့် မထိတထိ ရယ်မောကာ ရီဝမ်ဝမ်ကို အချိူသပ်နေသည် ။
သို့သော် သူသည် ချိုးချိုးကို မြေကြီးပေါ် ကိုင်မပေါက်ရဲတော့ပါချေ ။

"ငါ့မှာ ဘာသောက်ကလေးမှ မရှိဘူး ၊ အဲ့ကလေးကို ဖြည်းဖြည်းချင်း ချလိုက်စမ်း" ဟု ရီဝမ်ဝမ်သည် မှုန်သုန်ကာ ပြောလိုက်သည် ။

………………………………………………………

စာစဉ် ၅၁၊ အခန်း ၂၃ ။  င့ါစည်းကမ်း မဟုတ်ဘူး

“ကောင်းပြီ ကောင်းပြီ ကောင်းပြီ ကောင်းပြီ ၊ စိတ်ကို အေးအေးထား ။ ငါ ဒီကလေးကို အောက်ချလိုက်မယ်” 

အဘိုးကြီးသည် သေနတ်တစ်ချက်ဖြင့် အသက်ထွက်ရမည်ကို ကြောက်သယောင်ယောင် ပြုလာသည် ။

ခနအတွင်း ထိုအဘိုးကြီးသည် ချိုးချိုးကို မြေကြီးပေါ် အသာလေး ချပေးလိုက်သည် ။

“ဟားဟား…မိန်းကလေးက ဘာကြောင့်များ ဒီလောက်ထိ ရဲရဲတင်းတင်းနဲ့ သေနတ်ကို ကိုင်ထားရဲရတာလဲဗျာ ။
ဟောဒီမှာ…မိန်းကလေး ပြောတဲ့အတိုင်း လုပ်ပြီးသွားပြီနော် ၊ ကျွန်တော်တို့ ငြိမ်းချမ်းစွာနဲ့ စကားပြောကြရအောင်လား”

အဘိုးကြီးသည် လက်နှစ်ဖက်ကို မြှောက်ကာ တိုးညင်းညင်းရယ်ရင်း ပြောဆိုလာသည် ။

ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းသားများသည်လည်း
သူတို့ လုပ်တော့မည့် အရာတို့ကို ရပ်လိုက်ကြသည် ။
လွတ်လပ်သောနယ်မြေတွင် လူမြင်ကွင်းကြီး သေနတ်ထုတ်ရဲသည်မှာ ဤသူသည် ပထမဦးဆုံးပင် ဖြစ်ပေသည် ။

“ဘာလဲ…ကြောက်နေပြီလား ၊ ပြောတော့ ဘာကိုမှ မကြောက်တတ်ဘူးဆို ၊ အခုတော့ ကြောက်နေကြပြီလား”

ထိုအဘိုးကြီး၏ခေါင်းကို သေနတ်ချိန်ထားသည့် ရီဝမ်ဝမ်၏မျက်နှာမှာ အလွန်အမင်းပင် အေးစက်နေသည် ။

ထိုမိန်းကလေး၏ မျက်ဝန်းထဲက အေးစက်မှု နှင့် သတ်ဖြတ်လိုရိပ်တို့မှာ ဘာကြောင့်ရယ်မသိဘဲ အဘိုးကြီးအား ထိတ်လန့်မိလာစေသည် ။ 

“မိန်းကလေး၊ ကျွန်တော်တို့ လွတ်လပ်သောနယ်မြေရဲ့ စည်းကမ်းက”

“လွတ်လပ်သောနယ်မြေရဲ့ သောက်စည်းကမ်းတွေအကြောင်း လာမပြောနဲ့ ၊
အဲ့ဒါက မင်းတို့ရဲ့စည်းကမ်း ၊ ငါ့စည်းကမ်း မဟုတ်ဘူး”

ရီဝမ်ဝမ်သည် အေးစက်စွာဖြင့် ပြောလိုက်သည် ။

ထိုစကားကို ကြားလိုက်ရချိန်တွင် ကြယ် ခုနစ်၏ အေးစက်သည့်မျက်ဝန်းထဲ သံသယ တဖန် ဖြစ်တည်လာပြန်သည် ။

ဒီမိန်းကလေးက….

“ဟားဟားဟားဟား ဟုတ်ပါပြီ ဟုတ်ပါပြီဗျာ ။ ဒီလိုစိတ်ဝင်စားစရာ ကောင်းတဲ့ကလေးမျိုးနဲ့ မတွေ့ရတာ တော်တော်ကြီး ကြာနေပြီ”

အဘိုးကြီးသည် တဒင်္ဂလောက် အံ့သြသွားပြီးနောက်
လှိုက်လှိုက်လှဲလှဲ ဟားတိုက် ရယ်မောလာသည် ။

ထိုအဘိုးကြီး အူလှိုက်သည်းလှိုက် ရယ်မောနေသည်ကို ကြည့်ရင်း ရီဝမ်ဝမ် မျက်မှောင်ကြုတ်မိသွားသည် ။ 

“ရှင့်လူတွေကို ခေါ်ပြီး အခုချက်ချင်း ကျိုး အိမ်ကနေ ထွက်သွား”

အဘိုးကြီး၏မျက်နှာမှာ တဖြည်းဖြည်းချင်း အေးစက်လာကာ ပြတ်ပြတ်သားသားနှင့် တစ်လုံးချင်းစီ ပြောလာသည် ။
“မိန်းကလေး ၊ ကျွန်တော် သည်းခံတယ်ဆိုတာမှာလည်း
အကန့်အသတ် ရှိတယ် ။ ဆိုးမယ့်ဆိုး ဒီထက်ပိုဆိုးစရာ အကြောင်း မရှိတော့ဘူး ။ ကျွန်တော့်အသက်ကို မိန်းကလေးလက်ထဲ အပ်ထားပြီးသားပါ ။
ကျွန်တော်က သေရမှာကို မကြောက်ဘူး ၊
ကျွန်တော်တို့ ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းရဲ့ သတ္တိကို မိန်းကလေး သိထားသင့်တယ်”

ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းသားများသည် သေခြင်းတရားကို မကြောက်ရွံ့သူများအဖြစ် နာမည်ကြီးလှသည် ။ ကျိုး မိသားစုနှင့် စကားပြောဆိုစဉ်က ထိုအကြောင်းခြင်းရာကို ရီဝမ်ဝမ် သိထားခဲ့ပါသည် ။

သို့သော်လည်း သေခြင်းတရားကို မကြောက်သည့်သူ မရှိနိုင်သည်ကို ရီဝမ်ဝမ် မယုံကြည်ပါချေ ။

သူ့ခေါင်းကို သေနတ်နဲ့ ချိန်ထားတာတောင်မှ မကြောက်သေးတုန်း ပဲလား ။

“သတ္တိရှိတယ်ပေါ့လေ ၊ ကောင်းပြီ ၊ ကျွန်မ တစ်ကနေ သုံးအထိ ရေမယ် ။ ရေပြီးလို့မှ ကျွန်မ ပြောတဲ့အတိုင်း
ရှင် မလုပ်ဘူးဆိုရင် ပစ်ပစ်မယ်” ရီဝမ်ဝမ်သည် အမူအရာဗလာဖြင့် ထိုအဘိုးကြီးကို ပြောလိုက်သည် ။

အရင်ရက်လောက်ကသာဆိုလျှင် ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်း၏ ခေါင်းဆောင်ကို သေနတ်ဖြင့် ချိန်ဝံ့မည် မဟုတ်သလို သူမ ခြိမ်းခြောက် ရဲမည်လည်း မဟုတ် ။

ငါတော့ သတ္တိတွေ စွတ်ကောင်းနေမိပြီပဲ ။

သို့သော်လည်း အခြေအနေမှာ ဒီထိတိုင် ရောက်လာပြီဖြစ်ရာ သေရမှာကြောက်လျှင်ပင် သူမ ဆက်လုပ်ရတော့မည်သာ ။

ထိုလူတွေရှေ့တွင် ကြောက်ရွံ့မှုလေး တစိုးတစိလောက် ထုတ်ပြလိုက်မိသည်နှင့် အရိုးတစ်ရိုးပင် မကျန်အောင် အရေခွံစုတ်ခံရလိမ့်မည်ကို သူမ သိနေပါ၏ ။

သူမသည် လွတ်လပ်သောနယ်မြေထဲ လာဖို့ ဆုံးဖြတ်ထားကတည်းက ထိုနေရာသည် မည်သို့သောနေရာဆိုသည်ကို သိထားပြီးသားပင် ။ အရာရာကို ကိုယ့်အားကိုယ် ကိုးရမည်၊
မည်သူကမှ သူမကို ကူညီပေးနိုင်မည် မဟုတ်ပေ ။

ရီဝမ်ဝမ်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး
အေးစက်စွာဖြင့်ပင် ရေတွက်လိုက်သည် ။ 

“သုံး”

“နှစ်”

“တစ်”

တစ်သို့ ရေပြီးသွားသည်နှင့် တွန့်ဆုတ်ခြင်းမရှိဘဲ သေနတ်မောင်းတင် ပစ်လိုက်သည် ။

သို့သော်လည်း ထိုအဘိုးကြီးသည်ကား သြချရလောက်အောင်ပင် သေရမည်ကို မကြောက်ပါချေ ။ ကျောကို ဆန့်တန်းထားပြီး သေခြင်းတရားကို တည်ငြိမ်စွာဖြင့် ခံယူနေသည် ။

ချောက်

ချောက် ချောက်

ရီဝမ်ဝမ် ခနခန သေနတ်မောင်း ဆွဲကြည့်သည် ။ သု့ိသော် သေနတ်ဝကနေ ကျည်ဆံထွက်မလာဘဲ ချောက် ဟူသော အသံသာ ထွက်လာနေသည် ။

နေရာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည် ။
လူတိုင်း၏အသက်ရှူသံကိုပင် ကြားနေရပေသည် ။

……………………………………………………

စာစဉ် ၅၁၊ အခန်း ၂၄ ။  လာနောက်နေတာလား 

ရီဝမ်ဝမ် မမျှော်လင့်ထားမိသည့် အရာ နှစ်ခု ရှိသည် ။

ပထမမှာ ထိုအဘိုးကြီးသည် သေခြင်းတရားကို
အမှန်ပင် မကြောက်ခြင်းနှင့် နောက်ဆုတ်မသွားခြင်း ။

ဒုတိယမှာ သူမ၏သေနတ် ပျက်နေခြင်း ။

ရီဝမ်ဝမ်၏အစီအစဉ်အရ သူမသည် တစ် ဟု ရေလိုက်သည်နှင့် ထိုအဘိုးကြီးမှာ ဘောင်းဘီထဲ သေးထွက်ကျသွားလိမ့်မည် ၊
သို့ဖြစ်လျှင် သူမသည်လည်း လေဟာပြင်ကိုသာ သေနတ်ပစ်ထည့်လိုက်မည် ။ ထို့နောက်တွင် ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းကို ခြောက်လှန့်ကာ
အခြေအနေကို ထိန်းချုပ်ပစ်မည်ဟု စီစဉ်ကြံဆထားခြင်း ဖြစ်သည် ။

သို့သော်လည်း သူမ၏စိတ်ကူးထားခြင်းမှာ ပြည့်စုံပါလျက်နှင့် တကယ်လက်တွေ့တွင် မှန်းချက်နှင့်နှမ်းထွက်မကိုက် ဖြစ်သွားရလေသည် ။

“စိတ်မရှိပါနဲ့ ၊ ခနလေး”

ရီဝမ်ဝမ်သည် မြန်မြန်ဆန်ဆန်ပင် သေနတ်ကို ဖွင့်ကြည့်လိုက်ရာ ကျည်ဆံတစ်တောင့်မှ ရှိမနေသည်ကို မြင်လိုက်ရ၏ ။

ထိုတော့မှသာ သူမ သေနတ်ဝယ်လာခဲ့စဉ်က သေနတ်ထဲ ကျည်ဆံ မထည့်ထားမိခြင်းကို အမှတ်ရမိလိုက်၏ ။ ဝယ်လာပြီး သိမ်းထားသည့် ကျည်တောင့်တို့မှာလည်း ပင်လယ်ထဲတွင် ပျောက်သွားကုန်လေပြီ ။

ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းနှင့် ဘေးထိုင်ကြည့်နေသူများ အားလုံး ရီဝမ်ဝမ်ကို ကြည့်နေကြသည် ။
အခြေအနေမှာ အနည်းငယ် အရှက်ရစရာကောင်းလှသည် ။

ထိုအဘိုးကြီး၏မျက်နှာသည်ကတော့ မင်အလားနှယ် မည်းပုတ်နေလေပြီ ။ ထိုသည်ကို မြင်လိုက်ပြီး
ရီဝမ်ဝမ်သည် ရှုတည်တည်လုပ်လိုက်ကာ…
“အဘိုးကြီး ၊ ကြည့်ပါဦး ။ ရှင့်လည်း ဒီလောက်တောင် အိုနေပြီ ၊ ခြေတွေလက်တွေတောင်မှ မခိုင်တော့ဘူး ၊ ဘာလို့များ အိမ်မှာ သာသာယာယာ နေရမယ့်အစား လျှောက်ပတ်ပြေးလွှားနေပြီး သတ်ဖို့ဖြတ်ဖို့ချည်း လုပ်နေရတာလဲ ။ အဲ့ဒါတော့ မဟုတ်သေးဘူးနော်”

ရီဝမ်ဝမ် ဆက်ပြောလိုက်သည် ။

“ကျွန်မက ရှင့်စိတ် ပျော်သွားအောင်လို့ ဒီအရုပ်သေနတ်ထုတ်ပြီး နောက်ပေးတာ ။ အဘိုးကြီး ၊ ရှင့်မလဲ အိုတာမှ သချိၤုင်းတောင် ခြေတစ်ဖက်လှမ်းနေပြီ ။ ကျွန်မလို လူငယ်တစ်ယောက်နဲ့ လိုက်ပြိုင်ပြီး မလုပ်နေသင့်ဘူး မလား”

ကျိုး မိသားစု ။ “…”

ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်း ။ “…”

ကြယ် ခုနစ် ။ “…”

ကြည့်ရှုသူများ ။ “…”

“ထားလိုက်ပါတော့ ၊ မင်းရဲ့အသက်ငယ်သေးတာနဲ့ မရင့်ကျက်သေး တာကို ထောက်ပြီးတော့ ငါ မင်းကို ဒီနေ့ ဘာမှ မလုပ်တော့ဘူး ။ ထွက်သွားတော့”

အဘိုးကြီးသည် သက်ပြင်းချလိုက်ပြီး ခေါင်းတခါခါ ပြုလာသည် ။

ရီဝမ်ဝမ်၏မျက်ဝန်းတို့ ဝင်းပသွားသည် ။

“သက်ကျားအိုကြီး…မဟုတ်သေးဘူး…အဘိုးကြီး…တကယ် ပြောနေတာလား ။ ကျွန်မ ထွက်သွားလို့ ရပြီလား”

“ဟားဟား…မိန်းကလေး…ငါလည်း မင်းကို စနေတာ”

အဘိုးကြီးသည် အေးစက်စွာဖြင့် ပြုံးကာ ပြောဆိုသည် ။

“အဘိုးကြီး….ရှင် တော်တော် နောက်တတ်တာပဲ”

ရီဝမ်ဝမ်သည် အချိန်မရွေး အသက်လုထွက်ပြေးနိုင်ဖို့ရာ အတွက် ဘေးဘီဝဲယာကို သေသေချာချာ အကဲခတ်နေသည် ။

“သေပေတော့”

အဘိုးကြီးသည် စိတ်ဆိုးမာန်ဆိုးဖြင့် ဟစ်အော်လာကာ ရှိသမျှ အားကုန် သုံးပြီး ရီဝမ်ဝမ်ဆီ လက်သီးတစ်လုံး ပစ်သွင်းတော့သည် ။

“မြန်လိုက်တာ”

ထိုအဘိုးကြီး၏ လက်သီးတွင် ပါသည့် ခွန်အားနှင့် အရှိန်ကို ခံစားမိလိုက်ပြီး ရီဝမ်ဝမ် ချက်ချင်းပင် မျက်နှာပျယ်ယွင်းသွားသည် ။

အန္တရာယ်အငွေ့အသက်ကြီးကို သူမ ခံစားမိလိုက်ပြီး ထိုလက်သီးကို ပြန်မခုခံနိုင်လောက်ဟုလည်း ခံစားနေမိလိုက်သည် ။

ထိုအခိုက် သူမ၏စိတ်မှာ ဗလာဟင်းလင်းဖြစ်သွားပြီး သူမ၏ခန္ဓာကိုယ်က အလိုလိုပင် ဘယ်ဘက်သို့ ရှောင်တိမ်းပစ်လိုက်သည် ။ သူမလေး၏လှုပ်ရှားဟန်မှာ အရောင်စုံလိပ်ပြာလေးတစ်ကောင် လေထဲတွင် ယိမ်းနွဲ့ကာ ကနေသည့်နှယ် ၊ ပျော့ပျောင်းသည် ၊ မြန်ဆန်သည် ၊ ထို့ိပြင် နားလည်ရခက်ပြီး မာယာများလှသည် ။

နောက်တခနအတွင်း ရီဝမ်ဝမ်သည် လက်ညှိုးတစ်ချောင်းကို မြှောက်လိုက်ပြီး အဘိုးကြီး၏ခေါင်းဆီကို သက်ညှာခြင်းမရှိဘဲ ကန်ထုတ်လိုက်သည် ။

ဘုန်းခနဲ အသံအကျယ်ကြီးတစ်သံ ထွက်လာပြီး ထိုအဘိုးကြီးခမျာ အရှိန်ပြင်းပြင်းကြီးတစ်ခုက
သူ့ကို ရိုက်ချလိုက်သည့်အလားနှယ်
လေထဲ လွင့်ပျံတက်သွားတော့သည် ။

ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းက လူတိုင်းသည်
ကျိုး အိမ်တော်၏ သံတခါးကြီးဆီ အဘိုးကြီး လွင့်ပျံသွားပြီး ထိုတံခါးတွင် အချိုင့်ကြီး ချိုင့်ဝင်သွားသည်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည် ။

ထိုတွင် ကြည့်ရှုနေကြသူများအားလုံးလည်း ဖြူလျော်ကုန်ကြသည် ။

ဒီမိန်းမက ဘာကြီးလဲ ။

ရီဝမ်ဝမ်ကိုယ်တိုင်သည်ပင် အံ့သြမိသွား၏ ။

ငါ ဘယ်လိုလုပ်လိုက်တာလဲ ။

ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းက သက်တမ်းကြာမြင့်ပြီဖြစ်သည့် ဂိုဏ်းသားကြီးတစ်ယောက် သည် ရီဝမ်ဝမ်ကို မယုံသင်္ကာစွာ ကြည့်လာသည်။

“ဘယ်လို…ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ ဒီသိုင်းကွက်က ဂိုဏ်းချုပ် ရဲ့ ထူးခြားတဲ့ ကိုယ်ဟန်လှုပ်ရှားမှုနဲ့ လက်ညှိုးသိုင်းပဲ”

ကြယ် ခုနစ် သည်လည်း အံ့အားသင့်နေသည် ။

သူတို့ ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်း ဂိုဏ်းချုပ် ၏ ကိုယ်ဟန်လှုပ်ရှားမှု မှာ အတော်လေး ထူးခြားလှသည် ။ သူမသည် ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက သိုင်းပညာကို ကြပ်ကြပ်မတ်မတ် သင်ကြားလာခဲ့ရသူ ဖြစ်သည် ။ အခုတွင် သူမ၏ တိုက်ခိုက်သွားပုံမှာ
ကိုကြီး ဗိုလ် ၏ တိုက်ခိုက်သွားပုံနှင့် တထေရာတည်းပင် ဖြစ်သည် ။ ထိုသို့ုသော တိုက်ခိုက်သွားပုံမျိုးကို လိုက်သင်ယူနိုင်မည့်သူကား ဒုတိယတစ်ယောက် မရှိပါချေ ။

ကြိုးစားပမ်းစား လိုက်သင်ယူမည် ဆိုလျှင်ပင်
သူတို့၏ ဂိုဏ်းချုပ် လို ခွန်အားမျိုးကို ထုတ်သုံးသွားနိုင်မည် မဟုတ်ပေ ။

ကြယ် ခုနစ်သည် အစောကတည်းက ထိုမိန်းကလေးကို အရမ်းရင်းနှီးနေသည်ဟု ခံစားရသဖြင့် တောက်လျှောက် စောင့်ကြည့်နေခြင်း ဖြစ်သည် ။

………………………………………………………

စာစဉ် ၅၁၊ အခန်း ၂၅။  အရိုက်ခံရတဲ့ပုံစံက အရမ်းတူလွန်းတယ် 

"ဘယ်လို…ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းသားများအားလုံး ရှော့ရထိတ်လန့်ကုန်ကာ ဇဝေဇဝါဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ကုန်ကြသည် ။

သူတို့သည် ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းသားများ ဖြစ်ကြပြီး သက်တမ်းကြာနေသည့် ဂိုဏ်းသားများ ဖြစ်ကြသောကြောင့်
ဂိုဏ်းချုပ်၏ ထိုသိုင်းကွက်ကို ရင်းနှီးနေပါ၏ ။ 

ဟိုအရင်က ဂိုဏ်းချုပ် သည် မိဘဆီ သွားလည်ဦးမည်ဟု ပြောကာ အဆက်အသွယ်ပြတ်သွားခဲ့ရာမှ ထိုကနေ ပေါ်လာခြင်း မရှိတော့ပေ ။

ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းသည် လူအင်အား အလုံးအရင်းသုံးကာ တစ်ချိန်လုံးလုံး သူတို့၏ ဂိုဏ်းချုပ် ကို လိုက်ရှာခဲ့သော်လည်း ကံမကောင်းစွာဖြင့် အရိပ်ပင်မတွေ့ခဲ့ ရပါချေ ။

ကြယ် ခုနစ်သည် ထိုမိန်းကလေးကို စူးစူးစိုက်စိုက် စိုက်ကြည့်နေရင်း သူ့မျက်နှာထက်တွင် မရေရာမှု ၊ ဝေခွဲမရမှုတို့ ထင်ဟပ်နေသည် ။

"မင်း…မင်းက ဆရာ ဂိုဏ်းချုပ် လား"

ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းသားတစ်ယောက်သည်
မျက်နှာထက်တွင် ရှော့ရမှုတို့၊ အံ့အားသင့်မှုတို့ လွှမ်းခြုံနေရင်း
ရီဝမ်ဝမ်ကို စိုက်ကြည့်ကာ မေးလာသည် ။

ရီဝမ်ဝမ်၏ လက်ညှိုးတစ်ချောင်းထဲနှင့် လေထဲလွင့်သွားခဲ့ရသည့် အဘိုးကြီးသည် ချက်ချင်းပင် မျက်နှာပျက်ယွင်းသွားကာ သွေးတစ်လုတ် အန်လိုက်သည် ။

စောနက သုံးသွားတဲ့ လက်ညှိုးသိုင်းရဲ့ ခွန်အားနဲ့ တိုက်ခိုက်သွားပုံက
ငါတို့ဂိုဏ်းချုပ် နဲ့ အတော်လေးဆင်တယ် ။

"မင်း မင်း"

အရင်တုန်းက သူသည် ဂိုဏ်းချုပ်၏ သိုင်းလေ့ကျင့်ကစားဖော်တစ်ဦး ဖြစ်ခဲ့၏ ။
ထို့ကြောင့် ထိုမိန်းကလေး သူ့ကို တိုက်ခိုက်လာချိန်တွင် ဟိုးအရင်က အချိန်ကို သူ ပြန်ခံစားလိုက်မိ၏ ။

အရိုက်ခံရတဲ့ပုံစံကိုက တူလွန်းအားကြီးတယ် ။

"ဂိုဏ်း-ဂိုဏ်းချုပ်"

အဘိုးကြီးသည် ရီဝမ်ဝမ်ဆီကို တုန်ရီစွာ လျှောက်လာရင်း မယုံကြည်နိုင်စွာဖြင့် ခေါ်လာသည် ။

" ဂိုဏ်းချုပ်…ဂိုဏ်းချုပ် လား"

ထိုအသိစိတ်မကပ် ဖြစ်နေသည့်အဘိုးကြီးသည် သောင်းပြောင်းရောနေသည့် စိတ်ခံစားချက်တို့ဖြင့်
ရီဝမ်ဝမ်ကို ကြည့်လာသည် ။

ရီဝမ်ဝမ်သည် ထိုအချိန်က သူမ မသိစိတ်၏ စေခိုင်းမှုအတိုင်း တိုက်မိတိုက်ရာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ။
အခုတွင်မူ သူမ ဆက်တိုက်ခိုက်လိုပါသော်လည်း
သူမ၏ ထိုမသိစိတ်က ဗလာဟင်းလင်း ထပ်ဖြစ်သွားပြန်သည် ။

ထို့ကြောင့် သူမ စိုးရိမ်စိတ်ပူမိသွားသည့်အချိန်တွင် ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းမှ လူများသည် သူမကို စိုက်ကြည့်ကာ " ဂိုဏ်းချုပ်" ဟု ခေါ်လာကြသည် ။
သူမ ချက်ချင်းလက်ငင်းပင် အံ့အားသင့်သွားရ၏ ။

ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်း၏ ဂိုဏ်းချုပ် မှာ နှစ်ပေါင်းများစွာ တိုင်အောင် ပျောက်ဆုံးနေခဲ့သည့် အရက်စက်ဆုံးသော ၊ ကောက်ကျစ်ကာ ဉာဏ်များဆုံးသော အကျော်ဇေယျ ၊ ကိုကြီး ဗိုလ် ဖြစ်သည်ကို သူမ အလိုလို သိလိုက်၏ ။

ဟိုလူတွေနဲ့ အဲ့ဒီမကောင်းဆိုးဝါး အဘိုးကြီးက ငါ့ကို 
" ဂိုဏ်းချုပ်" လို့ ခေါ်တာ ဘာအဓိပ္ပာယ်လဲ ။

ရီဝမ်ဝမ်၏စိတ်ထဲ အတွေးတစ်ခု ဝင်လာသည် ။ သူမသည် တရုတ်ပြည်တွင်လည်း ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းကနေ မောင်းထုတ်ခံထားရသည့် ထိုလူများနှင့် သွားတွေ့ခဲ့ချိန်တွင် သူတို့သည်လည်း သူမကို ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်း၏ ဂိုဏ်းချုပ် ဟု တွေးထင်ခဲ့ကြလေသည် ။

ငါနဲ့ ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းရဲ့ ဂိုဏ်းချုပ် က တကယ်ကို တူတာလား။

မဟုတ်ရင် ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းရဲ့ ဂိုဏ်းချုပ် နဲ့ ငါ့ကို တောက်လျှောက် အထင်လွဲနေမှာမဟုတ်ဘူး ။

အချိန်တိုလေးအတွင်း ရီဝမ်ဝမ်၏စိတ်ထဲ အတွေးပေါင်း များစွာ ပေါ်ထွက်နေပြီး သူမ သိလိုချင်သည်တို့ကို ပြန်မြိုချနေရ၏ ။

သူမသည် ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်း၏ ဂိုဏ်းချုပ် မဟုတ်ပါဟု ငြင်းလိုက်လျှင် သူမနှင့် ကျိုး မိသားစုမှ လူတိုင်း မုချသေရပေမည် ။

သူတို့က ငါ့ကို ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းရဲ့ ဂိုဏ်းချုပ် လို့ ထင်နေမှတော့...

ငါလည်း ဘာလို့ လိုက်သရုပ်မဆောင်ရမှာလဲ ။

ဒါဆိုရင် ကျိုး မိသားစုကို ကယ်တင်လိုက်ရုံတင် မဟုတ်ဘဲ
ငါလည်း အသက်ဆက်ရှင်လို့ ရသွားပြီ ။

ထိုသို့ တွေးမိလိုက်ရင်း ရီဝမ်ဝမ်၏အမူအရာမှာ လွင့်လူးလာသည် ။

ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်း၏ ဂိုဏ်းချုပ် မှာ မည်သို့မည်ပုံ ပြုမူပြောဆိုတတ်သည်ကို သူမ မသိပါသော်လည်း ကြားနေရသည့်ကောလဟလတို့အရ ကိုကြီး ဗိုလ် ၏ စရိုက်ကို သူမ အကြမ်းဖျင်း ခန့်မှန်းကြည့်လိုက်သည် ။

ငါ တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ သေရမှာပဲဟာ၊
ဘာလို့ မစွန့်စားကြည့်ရမှာလဲ ။

ငါ့ရဲ့အရည်အချင်းကို ထုတ်ပြဖို့ အချိန်ရောက်ပြီ ။

အဘိုးကြီးသည် သူမကို " ဂိုဏ်းချုပ်" ဟု ခေါ်လာချိန်တွင် သူမသည် ရှုတည်တည်မျက်နှာထားဖြင့်သာ နေလိုက်ပြီး ထိုအဘိုးကြီးကို အလိုမကျစွာ ကြည့်ပေးလိုက်သည် ။

"ဘယ်လို ခေါ်လိုက်တယ်…"

ထိုမိန်းကလေး၏ အလိုမကျသည့်အမူအရာကို မြင်လိုက်ချိန်တွင် အဘိုးကြီးမှာ ပိုလို့ သေချာမိလာ၏ ။
ယိုင်တိုင်တိုင်ဖြင့်ပင် ရီဝမ်ဝမ်ဆီသို့ လျှောက်သွားလိုက်သည် ။

"ဒီ-ဒီငယ်ကျွန်က အသုံးမကျလို့ ဂိုဏ်းချုပ်ရဲ့ တစ်ကွက် တောင် မတောင့်ခံနိုင်ပါဘူး ။ ဂိုဏ်းချုပ် သင်ကြားထားတဲ့အတိုင်း
ကျွန်တော် သိုင်းမလေ့ကျင့်တာကြောင့် မဟုတ်ပါဘူး၊
ဒီတိုင်း ကျွန်တော်က အရမ်းအိုနေတာကြောင့်ပါ"

……………………………………………………

စာစဉ် ၅၁၊ အခန်း ၂၆ ။  တကယ်ပဲ အစ်မလား 

အဘိုးကြီးသည် ဒူးထောက်ချလိုက်ပြီး တုန်ရီစွာဖြင့် ရှင်းပြနေရင်း ထိုမိန်းကလေးကို စေ့စေ့စပ်စပ် အကဲခတ်နေသည် ။
သူသည် ဆက်ကာ အမှားကို ဝန်ချတောင်းပန်နေသည် ။

" ဂိုဏ်းချုပ် ၊ ဒီငယ်ကျွန်က ကန်းနေလို့ ဂိုဏ်းချုပ် ရဲ့ မြင့်မြတ်တဲ့မျက်နှာကို မမှတ်လိုက်တာပါ"

ထိုအဘိုးကြီးသည် ပါးနပ်ဉာဏ်များစွာဖြင့် ထမေးလာသည် ။

"ဒါပေမယ့် အခုနက ဘာလို့ ဂိုဏ်းချုပ် ဆိုတာကို ထုတ်မပြောခဲ့ရတာလဲ ခင်ဗျာ"

ငါ ထင်သလိုပင် သူတို့တွေ လွယ်လွယ်လေးနဲ့ မယုံကြဘူးပဲ ။ ငါ့ကို ပညာလာစမ်းနေပြီ ။

ရီဝမ်ဝမ်သည် ကိုကြီး ဗိုလ်၏ စိတ်နေစိတ်ထားကို မှန်းကြည့်လိုက်သည် ။ ကိုကြီး ဗိုလ် သည် အပြင်တွင် အချိန်အကြာကြီးကြာအောင် ပျော်ပါးနေပြီး ပြန်မလာသေးဘူးဆိုခြင်းမှာ အက်စီးဒင့်တစ်ခုခုကြောင့် ဖြစ်ရင်ဖြစ် ၊ သို့တည်းမဟုတ် ပျော်၍အားမရသေးသောကြောင့် ပြန်မလာလိုခြင်းသာ ဖြစ် ။

သို့နှင့် ရီဝမ်ဝမ်သည် တောက်ခေါက်ပစ်လိုက်ပြီး…
"ဘာကို ပြောရမှာလဲ ။ အစားကို ကုန်အောင် စားလို့ရတယ်၊ စကားကို ကုန်အောင် မပြောနဲ့ ။ ငါက မင်းရဲ့ ဂိုဏ်းချုပ် လို့ ဘယ်သူ ပြောလဲ"

ရီဝမ်ဝမ်သည် သူတို့၏ ဂိုဏ်းချုပ် ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်လျှင် သူတို့ မယုံကြည်ဘဲ ဖြစ်လာနိုင်သည် ။ သို့သော် ထငြင်းပစ်လိုက်မည် ဆိုလျှင်တော့ သူတို့ အံ့သြသွားကြလိမ့်မည် ။

ထင်သည့်အတိုင်းပင် အဘိုးကြီးသည် အံ့သြသွား၏ ။
ထို့နောက်တွင် ငိုချတော့မတတ် ဖြစ်လာသည် ။

"ဂိုဏ်းချုပ် ရာ ၊ မနောက်ပါနဲ့တော့ဗျာ ။ အစောနက သိုင်းကွက်က ဂိုဏ်းချုပ် ကလွဲပြီး ဘယ်သူကများ သုံးတတ်မှာလဲ ။ ဒီငယ်ကျွန်က ဂိုဏ်းချုပ် ရဲ့ အရိုက်ခံရတဲ့ ခံစားချက်ကို မလွဲပါဘူးဗျာ ။ ဂိုဏ်းချုပ် ပြန်ရောက်လာနေပြီ ဆိုမှတော့ ထပ်ပြီး လျှောက်ပြေးမနေတော့ဖို့ တောင်းပန်ပါတယ်ဗျာ"

"ဂိုဏ်းချုပ် ထွက်သွားတာ အကြာကြီးကြာနေလို့ ရုပ်အရမ်း ပြောင်းသွားရင် ပြောင်းသွားလိမ့်မယ် ။ ဒါပေမယ့် ဒီငယ်ကျွန်ကတော့ ဂိုဏ်းချုပ်ကို မြင်မြင်ချင်း မှတ်မိပါတယ်။ ဒီငယ်ကျွန်ကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ၊ ဂိုဏ်းချုပ် "

ရီဝမ်ဝမ်သည် ထိုတော့မှ ရုပ်ဖျက်တာ ပေါ်သွားသယောင်
ဟန်ပြုလိုက်သည် ။  "စိတ်ရှုပ်ဖို့ကောင်းလိုက်တာ"

အဘိုးကြီးသည် ချက်ချင်းပင် ဖိနပ်မယက်ရုံတမယ် ဖော်လံဖားတော့သည် ။

"ဒီလွတ်လပ်သောနယ်မြေမှာ သေနတ်ဆွဲထုတ်ရဲတဲ့သူက ဂိုဏ်းချုပ် တစ်ယောက်ပဲ ရှိနိုင်တဲ့ဟာ ၊ ကျွန်တော် ဘယ်လိုလုပ်ပြီးတော့ ဂိုဏ်းချုပ် ကို လူမှားမှာလဲ"

အဘိုးကြီးသည် ထိုသို့ပြောရင်း အလွန်အမင်း စိတ်ဓာတ်ကျသွားဟန် ပေါ်လာသည် ။

ငါသာ ဒီလောက်အသေးစိတ်ကျတာကို သတိထားမိပြီး ဂိုဏ်းချုပ် မှန်း စောစောကသာ သိလိုက်ရင်
အခုလို အရိုက်ခံလိုက်ရမှာ မဟုတ်ဘူး ။

"မင်း"

ကြယ် ခုနစ် သည် အံ့သြခြင်းကြီးစွာဖြင့် သူမကို ကြည့်နေသည် ။

ရီဝမ်ဝမ်သည် အခုမှ စိတ်အေးသွားမိရုံ ရှိသေးသည် ။
သို့သော် ကြယ် ခုနစ်၏ ပုံစံကို မြင်လိုက်ပြီး ချက်ချင်းပင် ကြက်သီးမွေးညင်းတို့ တဖျင်းဖျင်း တက်သွားသည် ။

ဟိုကောင်လေးက ဒီအဘိုးကြီးထက်တောင်မှ ပိုလှည့်စားရ ခက်နေပါလား ။

ရီဝမ်ဝမ်သည် စိတ်ကို တည်ငြိမ်အောင် မနည်းလုပ်ယူလိုက်ရ၏ ။ ထို့နောက်တွင် နှုတ်ခမ်းတို့ တွန့်ကွေးတက်သွားပြီး ထိုလူငယ်လေးကို တည်ငြိမ်စွာဖြင့် ကြည့်လိုက်သည် ။

"မင်းက တကယ်ပဲ အစ်မလား" ကြယ် ခုနစ် သည် အဓိပ္ပာယ် ဖော်မစွမ်းနိုင်သော မျက်ဝန်းဖြင့် အရှေ့သို့ လျှောက်လာသည် ။

"အစ်မလား…."

ရီဝမ်ဝမ် အံ့အားသင့်သွားသည် ။

ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းရဲ့ ကြယ် ခုနစ် က ဘာလဲ ၊
ဂိုဏ်းချုပ် ရဲ့ မောင်လေးလား ။

မောင်အရင်းလား ၊ ဒါမှမဟုတ် သွေးသောက်မောင်လား ။

ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းရဲ့ ပုံစံအရဆို သူ့ရဲ့ဂိုဏ်းချုပ်
ကိုကြီး ဗိုလ် က ရက်စက်ပြီး ဆိုးသွမ်းတဲ့သူပဲ ဖြစ်ရမယ် ။
အဲ့လိုလူမျိုးက သူ့ရဲ့မောင်အပေါ်မှာ ဘယ်လိုမျိုး သဘောထား ရှိလိမ့်မလဲ ။

အား…ဒီလိုခံစားချက်တွေက ခန့်မှန်းရ ခက်လိုက်တာ ။

"ကြယ် ခုနစ်၊ ဘာလဲ ၊ ကိုယ့်အစ်မကိုတောင် မမှတ်မိတော့ဘူးလား"

တခနလောက် စဉ်းစားလိုက်ပြီးနောက်တွင်
ရီဝမ်ဝမ်သည် သူမ၏လေသံကို ပြင်လိုက်သည် ။ သူမ၏ရှုတည်တည်မျက်နှာထားကို မပြင်သည့်တိုင်
နူးညံ့စွာ ၊ လွမ်းဆွတ်စွာဖြင့် ပြောဆိုလိုက်သည် ။

ဒီလိုခံစားချက်မျိုး ဖြစ်လောက်တယ် မလား ။

ရီဝမ်ဝမ်၏ရင်ထဲ ဝုန်းဒိုင်းကြဲနေလေပြီ ။
စကားလေးတစ်ခွန်း မှားလိုက်ရုံနှင့် သူမ၏အသက်ပါ ပါသွားနိုင်သည် မဟုတ်ပါလား ။

ကြယ် ခုနစ်သည် သူမကို ငေးကြည့်နေသည် ။ ထို့နောက်တွင် စိတ်ရှုပ်ထွေးသွားသည့် အမူအရာဖြင့် စကားတစ်ခွန်း မဆိုတော့ဘဲ ခေါင်းငုံ့သွားသည် ။

တစ်ဖက်တွင်မူ ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းသားများသည် အကြိတ်အနယ် ဆွေးနွေးနေကြသည် ။

"သူက ငါတို့ရဲ့ ဂိုဏ်းချုပ် ၊ ကိုကြီး ဗိုလ် ပဲ ဖြစ်ရမယ် ။ မဟုတ်ရင် ကိုကြီး ဗိုလ် ရဲ့ အဲ့ဒီ ထူးခြားသိုင်းကွက်ကို သိနေစရာ အကြောင်း မရှိဘူး ။ အရင်တုန်းက အကြီးအကဲ ၇ က ဂိုဏ်းချုပ် ကို သိုင်းကွက်နည်းနည်း သင်ပေးဖို့ တောင်းဆိုခဲ့သေးတယ်တဲ့ ။ ဒါပေမယ့် သိုင်းမှာ ပါရမီပါလာတဲ့ အကြီးအကဲတောင်မှ နှစ်ဝက်ကြာအောင် လေ့ကျင့်တာတောင် အဲ့သိုင်းကွက်ကို  မတတ်ဘူးတဲ့ဟ"
ဂိုဏ်းသားတစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုနေသည် ။ 

………………………………………………………

စာစဉ် ၅၁၊ အခန်း ၂၇ ။  ဂိုဏ်းချုပ် ကို ကြိုဆိုပါတယ်

ရီဝမ်ဝမ်သည် ထိုဂိုဏ်းသားကို စိတ်ထဲကနေ ကျိတ်ကာ လက်မအကြီးကြီး ထောင်ပြမိလိုက်၏ ။

အဲ့ကောင်လေးက တကယ့်ကို စဉ်းစားဉာဏ်ရှိသားပဲ၊
သူ့အနာဂတ်ကတော့ တောက်ပနေမှာပဲ ။

"ဒါပေမယ့်ကွာ… ဂိုဏ်းချုပ် ပျောက်နေတာဖြင့် အကြာကြီး ကြာလှပေါ့ ။ ပြီးတော့ မိန်းကလေးတစ်ယောက်က အရွယ်ရောက်လာရင် ရုပ်အရမ်း ပြောင်းသွားတယ် လို့ ပြောကြသလိုပဲလားပဲ ၊ ငါတော့ တကယ်ကို မမှတ်မိလိုက်ဘူး ။ အရှိန်အဝါချင်းက နည်းနည်း ပြောင်းလဲသွား သလိုပဲ"

နောက်ထပ်သောဂိုဏ်းသားက စိတ်ရှုပ်ထွေးနေဟန်ဖြင့် ထကာ ပြောလာသည် ။

ရီဝမ်ဝမ် ချက်ချင်းပင် ထိုဂိုဏ်းသားနှင့်
သူ့တစ်ဆွေလုံးတစ်မျိုးလုံးကို ကျိတ်ဆဲမိသွားသည် ။

သူ့လိုလူမျိုးမှာ ဘာအနာဂတ်မှကို ရှိမှာမဟုတ်ဘူး ။

ထိုအခိုက်တွင် အဘိုးကြီးသည် သူမကို တဖန် ပြောလာပြန်သည် ။

"ဘာပဲဖြစ်ဖြစ်ပါ၊ ဂိုဏ်းချုပ် ပြန်ရောက်လာတာ သိပ်ကောင်းတယ် ။ ပြန်လည်ကြိုဆိုပါတယ် ၊ ဂိုဏ်းချုပ်"

ကြယ် ခုနစ်သည် ထိုသည်ကို ကြားလိုက်ချိန်တွင် ငြင်းလည်းမငြင်း၊ လက်လည်းမခံပေ ။ သူသည် သူမကို လုံး၀ မယုံကြည်သေးသည်မှာ သိသာလှသည် ။ သူ၏အေးစက်စက်အကြည့်တို့သည် ရီဝမ်ဝမ်၏နောက်ကျောကို ဓားနှင့်ချိန်ထားသယောင်ယောင် ။

တခြားသောဂိုဏ်းသားများသည်ကတော့ ထိုအဘိုးကြီး၏စကားအတိုင်း သံယောင်လိုက်ကုန်ကြသည် ။

"ပြန်လည်ကြိုဆိုပါတယ်၊ ဂိုဏ်းချုပ်"

"ပြန်လည်ကြိုဆိုပါတယ် ၊ ဂိုဏ်းချုပ်"

သူတို့၏ ဝမ်းသာအားရ ကြည်လင်ရွှန်းဝေသည့် အသံတို့သည် တစ်လမ်းလုံး ဟိန်းဟိန်းညံသွားသည် ။

ကျိုး မိသားစုနှင့် အနီးနားက ကြည့်နေသူအပေါင်းမှာ နေရာတွင်ပင် ကြက်သေသေကုန်ကြသည် ။

ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်း၏ ဂိုဏ်းချုပ် မှာ တုနှိုင်းမမှီအောင် လျို့ဝှက်ဆန်းကြယ်ပြီး သူမ၏ရုပ်ရည်အစစ်ကို မည်သူကမှ မြင်ဖူးခြင်း မရှိပါသော်လည်း သူမ၏ နာမည်ဂုဏ်သတင်းသည်ကတော့ မိုးကြိုးနှယ် ဟိန်းထွက်နေပေသည် ။ လွတ်လပ်သောနယ်မြေတွင် ကလေးမှအစ ခွေးအဆုံး၊ သချိုင်းတစ်ဖက် လှမ်းနေသည့်အဘိုးကြီးအဆုံး
ကိုကြီး ဗိုလ် ဆိုသည့် နာမည်ကို မသိသူ မရှိကြပါချေ ။

"ကိုကြီး ဗိုလ် က ပျောက်နေတာ နှစ်တွေ တော်တော်ကြာနေပြီ ၊ ဒီနေ့တော့ ပြန်ပေါ်လာပြီလား"

"ဟွန့်၊ အေးပေါ့ဟ ၊ ဘယ်လိုလုပ် မှားနိုင်မှာလဲ ။ ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းသားတွေတောင်မှ လက်ခံထားတဲ့ဥစ္စာ၊ သူက ကိုကြီး ဗိုလ် ပဲ ဖြစ်ရမှာပေါ့"

"ဘုရားရေ…ကိုကြီး ဗိုလ် က အဲ့လောက်တောင် ချောတယ်လား ။
ငါ ထင်ထားတာက ကိုကြီး ဗိုလ် က အရုပ်ဆိုးဆိုး၊ ဗိုက်ပူပူကြီးလို့"

"အဟင်း၊ သူ ရုပ်ချောနေတော့ရော ဘာလုပ်ရမှာလဲ ။
အဲ့ဒါက အပေါ်ယံသက်သက်ပဲ ။ တကယ့်အတွင်းပိုင်းမှာက ရက်စက်တဲ့ နှလုံးသားကြီး ရှိနေတာလေ"

"နင် သေချင်နေတာလား ၊ တိုးတိုးပြောစမ်းပါ ။
တော်ကြာ…ကြားသွားလို့ ခေါင်းပြတ်သွားဦးမယ်"

ကျိုး မိသားစုဝင်များသည် အံ့သြခြင်းကြီးစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြောင်ကြည့်နေကြသည် ။ တစ်ယောက်ချင်းစီ၏မျက်ဝန်းတိုင်းတွင် မယုံကြည်နိုင်မှုတို့ အပြည့် ။

သခင်ကြီး ကျိုး ၊ သခင်မကြီး ကျိုး နှင့် ကျိုးဝူ တို့မှာမူ အတိုင်းထက်အလွန်ပင် အံ့သြနေကြသည် ။

ပြီးခဲ့သည့်ရက်များတွင် သူတို့နှင့် တရင်းတနှီးရှိခဲ့သည့် ထိုမိန်းကလေးသည် ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်း၏ အကြင်နာတရား မရှိသော၊ ရက်စက်သော အကျော်ဇေယျ ဂိုဏ်းချုပ် ဖြစ်နေလိမ့်မည်ဟု မထင်ထားကြပါချေ ။

"သူ ပြောတာ လွတ်လပ်သောနယ်မြေက မဟုတ်ဘူးဆို၊
ဒီကို လူလာရှာတာလို့ ပြောတာမလား"

ကျိုးဝူသည် ဝေခွဲမရသောစိတ်ခံစားချက်တို့ဖြင့် ရီဝမ်ဝမ်ကို ကြည့်ရင်း ပြောဆိုလာသည် ။

သိုင်းပညာအစည်းအရုံး၏ စုံစမ်းရေးအဖွဲ့ လက်ထဲကနေ
သူ ကယ်တင် ပေးခဲ့သည့် ထိုမိန်းကလေးမှာ ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်နေလိမ့်မည်ဟု တစ်ခါပင် မထင်ထားဖူးချေ ။

သခင်ကြီး ကျိုး သည် မည်းပုတ်နေသည့်မျက်နှာဖြင့် ပြန်ဖြေလာသည် ။

"ဆရာ ဂိုဏ်းချုပ် က ဉာဏ်အရမ်းများတာ ၊ ဘယ်တော့မှ ယုတ္တိကျကျ မလုပ်တတ်ဘူး ။ သူ့စိတ်ကို အဖေတု့ိ ဘယ်ဖတ်နိုင်ပါ့မလဲ"

အစ် မ

ကြယ် ခုနစ်သည် ရီဝမ်ဝမ်ကို နီးနီးကပ်ကပ် လေ့လာနေရင်း
သူ့မျက်ဝန်းထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ပေါ်ထွက်နေသည် ။

ဒီမိန်းမက တကယ်ပဲ အစ်မ ပိုင်ဖန်း လား ။

သိုင်းကွက်တွေ တူတယ် ဆိုပေမယ့်လည်း တစ်ခုခုတော့ လွဲနေသလိုပဲ ။ ရုပ်ရည်ကလည်း နည်းနည်းလေးပဲတူတယ်။

ဟာကွာ ၊ သူ အတုပဲဖြစ်ဖြစ် အစစ်ပဲဖြစ်ဖြစ် ၊ ပြန်ခေါ်သွားကြည့်ရင် သိရမှာပဲ ။

အစစ်ဆိုရင်တော့ အကောင်းဆုံးပေါ့ ၊
အတု ဆိုလို့ကတော့….

"အစ်မ ပြန်ရောက်လာပြီ ဆိုတော့ ပြန်ပြီး
အားလုံးကို အကြောင်းကြားလိုက်ရအောင်"

ကြယ် ခုနစ်သည် သီးသန့်နေနေရာမှ တခနအကြာတွင် ထပြောလာသည် ။

ထိုသည်ကို ကြားလိုက်ပြီး ရီဝမ်ဝမ်၏နှလုံးသားလေး ဟိုးအောက်ကို ပြုတ်ကျသွား၏ ။

သွားပြီ…ကြယ် ခုနစ် က ငါ့ကို လုံး၀ မယုံသေးဘူးပဲ ။

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ၊ ဂိုဏ်းချုပ် ပြန်ရောက်လာတာက တကယ့်ကို ပျော်စရာကောင်းတဲ့ ကိစ္စကြီးပဲ ။ ငါတို့ အားလုံးကို မြန်မြန် အကြောင်းကြားရမယ် ။ ဂိုဏ်းချုပ် ၊ ပြန်ကြရအောင် ၊ အရင်ပြန်ကြရ အောင်"

အဘိုးကြီးမှာ အလွန်အမင်းပင် စိတ်လှုပ်ရှားဝမ်းသာနေသည် ။

………………………………………………………

စာစဉ် ၅၁၊ အခန်း ၂၈ ။  ကျားဂူထဲ ဝင်သည့် သိုးသူငယ်

ထို့နောက်တွင် အဘိုးကြီးသည် မြန်မြန်ဆန်ဆန်ပင် မေးလာသည် ။

"ဟိုလေ…ကျိုး မိသားစုကို ကျွန်တော်တို့ ဘယ်လို လုပ်လိုက်ရမလဲ ဂိုဏ်းချုပ်"

ယခင်က ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းသည် ကျိုး မိသားစု ကို ရှင်းပစ်ပြီး ဤနေရာတွင် ဌာနခွဲတစ်ခု ထောင်ဖို့ရာ ကြံရွယ်ထားခြင်း ဖြစ်သည် ။

သို့သော် ၊ အဘိုးအိုမှာ ဉာဏ်နည်းသူ မဟုတ်ပါချေ ။ ဤအချိန်၌ သူတိ့ု၏ ဂိုဏ်းချုပ် သည် ရုတ်တရက်ကြီး ပေါ်ထွက်လာပြီး ကျိုး မိသားစုကို ကာကွယ်ပေးနေရာ ဂိုဏ်းချုပ် နှင့် ကျိုး မိသားစုတွင် ပတ်သက်မှုတစ်ခုခု ရှိနေ၍သာ ဖြစ်ရမည်။

"ဘယ်လိုလုပ်လိုက်ရမလဲ…ဟုတ်လား"
ရီဝမ်ဝမ် မာန်ပစ်လိုက်သည် ။
"ဘယ်လို လုပ်သင့်တယ် ထင်လဲ"

အဘိုးအိုသည် အကြောက်ကြီး ကြောက်လန့်သွားပြီး ကပျာကယာပင် ကျိုး မိသားစု ဘက် လှည့်သွားတော့သည်။
လက်သီးနှစ်ဖက်ကို ဆုပ်ကာ အရိုအသေပြုပြီး ပြောလိုက်သည် ။

"အားလုံးပဲ…ကျွန်တော်တို့တွေက တစ်ဖွဲ့တည်းသားချင်း တွေပဲဗျာ၊ ဒီနေ့ကိစ္စက မတော်တဆ ဖြစ်သွားတာပါ ။ အားလုံးပဲ စိတ်မရှိကြဖို့ မျှော်လင့်ပါတယ် ။ တကယ်တော့ဗျာ ၊ ခင်ဗျားတို့ဘက်ကသာ ဂိုဏ်းချုပ် နဲ့ သူငယ်ချင်းတွေပါလို့ စောစောကတည်းက ပြောလိုက်ရင် ဒီလိုတွေ ဖြစ်လာပါ့မလားဗျာ"

သခင်ကြီး ကျိုးတို့ မိသားစုခမျာ ဘာကိုမှ ပြန်မပြောနိုင် တော့ပါချေ ။

ရီဝမ်ဝမ်က ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်း ရဲ့ ဂိုဏ်းချုပ် လို့
ငါတို့က ဘယ်လိုလုပ် သိမှာလဲ ။

"အစ်မ…ကျွန်တော်တို့နဲ့ ပြန်လိုက်ခဲ့ပါ"
ကြယ် ခုနစ်သည် ရီဝမ်ဝမ် ကို ကြည့်ရင်း ပြောလိုက်သည် ။

ကျိုး မိသားစုကို အပြတ်ရှင်းဖို့၊ မရှင်းဖို့က အရေးမပါတော့ပေ ။ အခု အရေးကြီးဆုံးမှာ ထိုမိန်းကလေးသည် ကြောက်ရွံ့ခြင်းကင်းသော ဂိုဏ်း၏ ဂိုဏ်းချုပ် ဟုတ်မဟုတ် အတည်ပြုဖို့ရာသာ ဖြစ်သည် ။

ရီဝမ်ဝမ်၏စိတ်ထဲတွင် အတုန်လှုပ်ကြီး တုန်လှုပ်သွား၏ ။ သို့သော် အပြင်ဘက်တွင်မူ တည်ငြိမ်လျက် ၊ အေးစက်လျက်သာ ။

ငါသာ ကြယ်ခုနစ်တို့ နောက်ကနေ လိုက်ပြီး ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းထဲ ဝင်သွားလိုက်ရင်
ကျားဂူကြီးထဲ သိုးပေါက်လေး ဝင်သွားသလို ဖြစ်သွားမှာပေါ့ ။

မဖြစ်ဘူး ။

ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းရဲ့ စရိုက်အတိုင်းဆို ငါ အလိမ်ပေါ်သွားတာနဲ့ ဆိုးဆိုးဝါးဝါးတွေ ဖြစ်ကုန်လိမ့်မယ် ။

ထိုလူတွေသည် သူမကို အဘယ်ကြောင့် ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်း၏ ဂိုဏ်းချုပ် ဟု ထင်နေကြခြင်းမှန်း သူမ မသိပါချေ ။ သူမသည် အခုအခြေအနေကနေ ကိုယ့်ကိုယ်ကို ကယ်တင်ကာ ထွက်ပြေးလိုခြင်း တစ်ခုတည်းသာ စိတ်ထဲတွင် ရှိနေ၏ ။

"ငါ့ဆီမှာ လုပ်စရာတွေ ရှိနေသေးတယ်၊ ပြီးတာနဲ့ ပြန်လာခဲ့မယ်"
ရီဝမ်ဝမ် ငြင်းပစ်လိုက်သည် ။

သို့သော်လည်း ကြယ် ခုနစ်သည် ရီဝမ်ဝမ်ကို အလွတ်ပေးလိုဟန် မရှိပေ ။ ရီဝမ်ဝမ်ကို တခနလောက် ကြည့်လိုက်ပြီးသည့်နောက်တွင် ဒက်ခနဲ ပြောလာတော့သည် ။

"အစ်မ ကိစ္စ အရေးကြီးတယ်ဆိုရင်လည်း နောက်တော့မှ ဖြေရှင်းဗျာ ။ အခုလောလောဆယ် အစ်မ ဖြေရှင်းပေးမှ ရမယ့် ပိုအရေးကြီးတဲ့ကိစ္စတွေ ရှိနေတယ်"

ထို့နောက်တွင် ကြယ် ခုနစ်သည် ရီဝမ်ဝမ်ကို ငြင်းခွင့်မပေးတော့ဘဲ
ချာကနဲ လှည့်ထွက်သွားတော့သည် ။

"ဂိုဏ်းချုပ် ၊ သွားရအောင်ပါ ။ ဒီတစ်လျှောက်လုံး
ဂိုဏ်းချုပ် ကို တစ်ဂိုဏ်းလုံးက စောင့်နေကြတာ ။
အခုချိန်မှာ ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းရဲ့ အတွင်းပိုင်းက မတည်ငြိမ်တော့ဘူး ။ ဂိုဏ်းက နှစ်ဂိုဏ်း ကွဲနေတယ် ။ ဂိုဏ်းချုပ် သာ ပြန်မလာဘူးဆိုရင် ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းက ပြိုကွဲသွားလိမ့်မယ်"
ထိုအဘိုးကြီးသည် သက်ပြင်းတချချဖြင့် ပြောဆိုနေသည်။ 

အဘိုးကြီးသည် ကူကယ်ရာမဲ့နေသည်၊ သို့သော်
ရီဝမ်ဝမ်သည် သူ့ထက်ပင် ပိုလို့ ကူကယ်ရာမဲ့နေလေသည် ။

ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်း ပြိုကွဲတာ ငါနဲ့ ဘာဆိုင်လို့လဲ ။

သို့သော်လည်း သူမ နောက်ကြောင်းပြန်ပြေး၍လည်း မရတော့ ။
ကြယ် ခုနစ်သည် ဟိုးအစကတည်းက သူမကို သံသယဝင်နေခဲ့ခြင်း ဖြစ်သည် ။ ထို့ကြောင့် သူမသည် ဇွတ်အတင်း မလိုက်ဘူး လုပ်နေမိလျှင် ကြယ် ခုနစ်သည် သူမကို သေချာပေါက် သံသယဝင်လာတော့မည်သာ ။ သို့ဆိုလျှင် ပြသနာများသွားပေလိမ့်မည် ။

သို့နှင့် နောက်ဆုံးတွင် ရီဝမ်ဝမ်၌ ရွေးစရာမရှိတော့ဘဲ ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းနှင့် ပြန်လိုက်သွားဖို့ရာ သဘောတူလိုက်ရ၏။

"သခင်ကြီး ကျိုး ၊ သခင်မကြီး ကျိုး ၊ ဒီရက်တွေမှာ ကျွန်မကို စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်"

ရီဝမ်ဝမ်သည် စိတ်ထဲကနေ ကျိတ် ကျေးဇူးတင်လိုက်ပြီး နောက် ထွက်သွားလိုက်သည် ။

ရီဝမ်ဝမ်သည် ကျိုး မိသားစုက ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲပင် ကျေးဇူးတင်မိပါ၏ ။
လွတ်လပ်သောနယ်မြေကို ရောက်လာပြီးနောက်တွင်
ကျိုး မိသားစုကြောင့်သာ မဟုတ်ပါက ထိုစုံစမ်းရေးအဖွဲ့၏ အဖမ်းမိခံရပြီး သူမ အသက်ပျောက်နေလောက်ပေပြီ ။

ခနအတွင်းတွင် ရီဝမ်ဝမ်သည် ကားထဲ ဝင်လိုက်ပြီး
ကြယ် ခုနစ် နှင့်အတူ အနောက်ခန်းတွင် ထိုင်လိုက်သည် ။

ကြယ် ခုနစ်သည် အေးစက်စက်ဖြင့်သာ ၊
တစ်လမ်းလုံး တိတ်ဆိတ်နေ သည် ။

ကြယ် ခုနစ်၏ အမူအရာကို ကြည့်ရင်း
ရီဝမ်ဝမ်၏ရင်ထဲတွင် အလေးကြီး လေးလာရ၏ ။

ကြယ် ခုနစ်က ငါ့ကို ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းရဲ့ ဂိုဏ်းချုပ် လို့ လုံးဝကို မယုံဘူး ၊ အဲ့ဒါကြောင့်
သူ ငါ့ကို အခုလိုမျိုး ဆက်ဆံနေတာ ။

ငါတော့ တကယ်ကို ကျားဂူထဲ ဝင်မိတဲ့ သိုး ဖြစ်နေပြီနဲ့ တူတယ်၊ ကံတရားက ဘယ်လိုမှန်းလည်း ရေရေရာရာ မသိရဘူး ။

……………………………………………………

စာစဉ် ၅၁၊ အပိုင်း ၂၉ ။  အခြေစိုက်ရုံး

ပိုလို့ ဗျာများရသည်မှာ ထို ကြယ် ခုနစ် နှင့် ကိုကြီး ဗိုလ် ကြားက ပတ်သက်မှုကို ရီဝမ်ဝမ် မသိနေခြင်းပင် ။
သူတို့နှစ်ယောက်သည် မောင်နှမအရင်းပေလော ၊ အမေဘက်က တော်စပ်သည့် ဝမ်းကွဲမောင်နှမလော၊ အဖေဘက်က တော်စပ်သည့် ဝမ်းကွဲမောင်နှမလော ၊ သို့တည်းမဟုတ် တစ်ခုခုလော ။

ရီဝမ်ဝမ်သည် ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းနှင့်
ကိုကြီး ဗိုလ် အကြောင်းကို မသိနေပါချေ ။
သူတို့အကြောင်းကို သူမ တဖြည်းဖြည်း နှိုက်ထုတ်ရပေမည်။

ရီဝမ်ဝမ်သည် အခုအခြေအနေကို လွတ်နိုင်မည့် နည်းလမ်းကို အပြေးအလွှား စဉ်းစားကြည့်နေသည် ။ သို့သော်လည်း
ကြယ် ခုနစ် သည် သူမကို အခွင့်အရေးတစ်ခုမှ မပေးပါချေ ။ ကားသည် တောက်လျှောက်သာ မောင်းနှင်နေပြီး  တစ်ကြိမ်လေးပင် ရပ်တန့်သွားခြင်း မရှိ ။

နေ့တစ်ဝက်ကြာပြီးနောက်တွင် မြင်ကွင်းမှာ ပိုလို့ ရှုပ်ယှက်ခတ်လာ သည် ။ မဆုံးနိုင်သောကားတန်းကြီးများနှင့် လူများကို မျက်စိတဆုံး မြင်နေရသည် ။

လူစည်ကားလှသော မြို့ပြ မြင်ကွင်းရယ် ၊ ကျိုး မိသားစု၏ ဖော်ကျူးသွားခဲ့သော စကားတို့ရယ်ကြောင့် ထိုသည်မှာ လွတ်လပ်သောနယ်မြေ၏ အရေးပါဆုံးသောမြို့တော် ၊
ယွင်မြို့ ဖြစ်သည်ကို ရီဝမ်ဝမ် အတပ်သိလိုက်သည် ။

မျိုးနွယ်စုကြီးလေးစု ဖြစ်သည့် နန် မိသားစု၊ ဂျိ မိသားစု၊ ရှန်း မိသားစု နှင့် လင်း မိသားစု တို့၏ ဌာနချုပ်များသည် ယွင် မြို့တွင် အခြေစိုက်ထားကြသလို သိုင်းပညာအစည်းအရုံးနှင့် ကြေးစားကျောင်းတော်မှာလည်း ယွင် မြို့တွင်ပင် ရှိနေကြသည် ။ 

ဤယွင် မြိ့ုတော်၏ ကြွယ်ဝချမ်းသာမှုမှာ တရုတ်ပြည်၏ အင်ပါရီယာ မြို့တော်ထက် ဘယ်နည်းနှင့်မှ အောက်မကျနိုင် ။ ထို့ပြင် ယွင်မြို့တော်သည် ပို၍ ကျယ်ပြောလှသောကြောင့်
အင်ပါရီယာ မြို့တော်ထက်ပင် များစွာ ကြီးမားပေလိမ့်မည် ။

"ငါ ယွင်မြို့မှာ နေလာတာ ဘယ်လောက်ကြာပြီလဲ"

ရီဝမ်ဝမ်သည် ဟန်ဆောင်ပန်ဆောင်ဖြင့် မေးကြည့်လိုက် သည် ။ 

သို့သော်လည်း ကြယ် ခုနစ် သည် ဘာမှ ပြန်မပြောလာပေ ။
မျက်လုံးကိုသာ ပိတ်ထားလေသည် ။

ရီဝမ်ဝမ် ရှက်မိသွား၏ ။

ဒီကလေးက ဘာလို့ အဲ့လောက်တောင် ပြောဆိုရခက်ရ တာလဲ ။

တခနအကြာတွင် ကားတန်းကြီးမှာ ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်း၏ ရုံးချုပ်ဖြစ်ရာ၊ မြင့်မားလှသော အဆောက်အဦးကြီးရှေ့တွင် ရပ်သွားကြ သည်။

ကားဆရာသည် ကားတံခါးကို လာဖွင့်ပေးပြီး
ကြယ် ခုနစ် သည် ကားထဲကနေ ထွက်လိုက်သည် ။

"အစ်မ…ကျွန်တော်တို့ ရောက်ပြီ"

ကြယ် ခုနစ် သည် ရီဝမ်ဝမ် ကားထဲတွင် ပေကပ်နေသည်ကို မြင်လိုက်ပြီး မှုန်သုန်စွာဖြင့် ပြောလိုက်ခြင်းပင် ။

"အင်း" 

ရီဝမ်ဝမ်သည်လည်း ရွေးချယ်စရာ မရှိတော့ဘဲ ကြယ် ခုနစ် နောက်ကနေ ကားထဲက လိုက်ထွက်လိုက်ရ၏ ။

"ဂိုဏ်းချုပ် ကို မြင်လိုက်ရင် အားလုံး အပျော်လုံးစို့ပြီး
သေသွားလောက်တယ် ၊ ဟဲဟဲ"

အဘိုးကြီးသည် ရီဝမ်ဝမ်ကို စနောက်ကာ ပြောဆိုနေသည် ။

"…"

ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်သားတွေ အပျော်လုံး စို့ပြီး သေမသေတော့ မသေဘူး၊ ငါကတော့ အခုကို သေချင်နေပြီ ။

ဘယ်သူ့ပုံစံ ဟန်ဆောင်ရရ ဟန်ဆောင်လို့ ရသေးတယ် ။
အခုတော့ ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းလိုမျိုး ရက်စက်ပြီး ကြမ်းကြုတ်တဲ့ဂိုဏ်းကြီးရဲ့ ဘော့စ် အဖြစ်နဲ့ လာဟန်ဆောင်ပေး နေရတယ်လို့ ။

ဟူး….

ကျိုး အိမ်တော်တွင် ရှိခဲ့စဉ်တုန်းက အခြေအနေကို ပြန်တွေးကြည့်သော်  ၊
ထိုစဉ်က သူမသည် ရေလိုက်ငါးလိုက် လိုက်မပြောခဲ့ဘူး ဆိုလျှင်
သူမသည် ကိုကြီး ဗိုလ် ဖြစ်ပါသည်ဟု ဝန်မခံခဲ့ပါလျှင်
ကျိုး မိသားစု ပျက်စီးမည်သာမက သူမသည်လည်း ထိုနေရာတွင်ပင် အဆုံးသတ်ရပေလိမ့်မည် ။

ထိုသို့ ဟန်ဆောင်လိုက်ခြင်းမှာ အဆိုးထဲက အကောင်းဆုံးသော အဖြေပင် ဖြစ်သည် ။
သူမထံတွင် တခြားရွေးချယ်စရာ မရှိခဲ့ပါချေ ။

"သွားကြမယ်"

ရီဝမ်ဝမ်သည် ဖျစ်ညှစ်ကာ ပြုံးယူလိုက်ပြီး ထိုအဆောက်အဦးထဲသို့
ကြယ် ခုနစ် နှင့် ထိုအဘိုးကြီးနောက်ကနေ လိုက်ဝင်သွားလိုက်သည် ။

ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းသည် အမှန်ပင် ကျိကျိတက်အောင် ချမ်းသာကြွယ်ဝသည်ဟု ပြော၍ရနိုင်သည် ။ ယွင် မြို့လို မြို့ကြီးတစ်မြို့တွင် အထပ်ပေါင်း ဒါဇင်မကသော အထပ်ကြီးကို ဆောက်ထားကာ ရုံးချုပ် လုပ်ထားလေသည် မဟုတ်ပါလား ။

အား…ငါသာ ကိုကြီး ဗိုလ် ဆိုလို့ကတော့ တကယ်ပျော်စရာကြီးပဲ ။

သို့သော်လည်း သူမ၏မိဘနှစ်ပါးစလုံးမှာ ကွယ်လွန်သွားပြီ ဖြစ်ပြီး သူမသည် ဟိုးငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက အဘိုးဖြစ်သူနှင့်အတူ နေထိုင်လာခဲ့သူ ဖြစ်သည် ။ တစ်ဖက်တွင်တော့
ကိုကြီး ဗိုလ် သည် လွတ်လပ်သောနယ်မြေက လူ ဖြစ်ပြီး
သူမ၏ မိဘနှစ်ပါးစလုံးမှာ အသက်ရှင်နေကြသေးသည် ။
မည်သို့ပင် စဉ်းစားကြည့်ပါစေ ၊ သူမနှင့်ကိုကြီး ဗိုလ် သည် တစ်ယောက်တည်း မည်သို့မှ မဖြစ်နိုင်ပါချေ ။

ထို့အပြင် ရီဝမ်ဝမ်သည် သူမမှတ်ဉာဏ် မပျောက်ဆုံးခင်က
ကိုကြီး ဗိုလ် လိုမျိုး ရက်စက်ကြမ်းကြုတ်သည့် ဒုစရိုက်ကောင်ကြီး ဖြစ်နေလိမ့်မည်ဟု ကိုယ့်ကိုယ်ကို မထင်ပါချေ ။ သူမ၏အရင်ဘဝမှာ ထိုမျှလောက် ဉာဏ်နီဉာဏ်နက်တို့ မိုးထိုးနေသည့်သူ ဖြစ်နိုင်သည်ဟု လုံးဝကို မထင်ပါချေ။

အဆောက်အဦးကြီးထဲတွင် ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းသားများ တန်းစီနေကြသည် ။ ကြယ် ခုနစ်ကို သူတို့တွေ့လိုက်သည်နှင့် 
"အကြီးအကဲ ခုနစ်" ဟု နှုတ်ဆက်လာကြသည် ။

ကြယ် ခုနစ်သည် ငယ်ရွယ်ကောင်း ငယ်ရွယ်ပေလိမ့်မည် ။ သိ့ုသော် ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းတွင်မူ သူ၏အဆင့်အတန်းမှာ အလွန်ပင် မြင့်မားလှပေသည် ။ ရီဝမ်ဝမ်သည် ထိုလူငယ်လေး၏ အစွမ်းအစကိုပင် သိချင်မိလာ၏ ။

ကြယ် ခုနစ် သည် ရီဝမ်ဝမ်ကို မည်သူမှ မရှိနေသည့် အစည်းအဝေးခန်းကြီးတစ်ခုဆီ ခေါ်သွားလိုက်ပြီး ပြောလိုက်သည် ။

"အစ်မ ၊ ဒီမှာ ခနစောင့်နေဦး" 

……………………………………………………

စာစဉ် ၅၁၊ အခန်း ၃၀။ အပြင်မှာ ပြုံးနေပြီး အထဲမှာ ကျိန်ဆဲနေခြင်း

"သွားပါ"

ရီဝမ်ဝမ်သည် ကြယ် ခုနစ် ကို အဝေးကို မြန်မြန်ထွက်သွားစေလိုသည့် စိတ်သာ ရှိနေမိလေသည် ။
ထိုမှသာ သူမ ထွက်ပြေးဖို့ ပို၍ လွယ်ကူပေလိမ့်မည် မဟုတ်ပါလား ။ ထို့ကြောင့် သူမ လက်ကို ဝှေ့ပြပေးလိုက်၏ ။

ကြယ် ခုနစ်၏ အကြည့်အောက်တွင် ထွက်ပြေးနိုင်ဖို့ ဆိုသည်မှာ လုံးဝကို ဖြစ်နိုင်ဖွယ် မရှိပါချေ ။

သူမသည် သူ့ကို အသေရိုက်နိုင်မည်လည်း မဟုတ်သလို
သူ့ဆီကနေ လွတ်အောင် ပြေးနိုင်မည်လည်း မဟုတ် ။
ထို့ကြောင့် သူမ စိတ်ကျဉ်းကြပ်နေ၏ ။

ကြယ် ခုနစ်သည် အစည်းအဝေးခန်းကနေ ထွက်လိုက်ပြီး သည့်နောက်တွင် ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းသားများစွာ ကို ခေါ်ကာ အမိန့်ပေးတော့သည် ။

"အထဲက လူကို စောင့်ကြည့်ထားကြ ။ သူ ပျောက်သွားရင် မင်းတို့တာဝန်ပဲ"

ထို့နောက်တွင် ကြယ် ခုနစ် သည် ချာကနဲ လှည့်ကာ ထွက်သွားသည် ။

အစည်းအဝေးခန်းထဲတွင် ရီဝမ်ဝမ်သည် မျက်မှောင်အကြုတ်ကြီး ကြုတ်နေသည် ။
အခုလက်ရှိ သူမ နေရာမှာ မြေညီထပ်ကနေ
အထပ် ၂၀ မကတွင် ရှိလိမ့်မည် ။ ထို့ကြောင့် ပြတင်းပေါက်ကနေ ခုန်ချကာ ထွက်ပြေးဖို့ရာလည်း မဖြစ်နိုင်ပေ ။ တံခါးကနေ ထွက်ပြေးဖို့ ဆိုလျှင်လည်း ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်း၏ လက်မရွံ့ဂိုဏ်းသားများ သည် အပေါက်ဝတွင် စောင့်နေကြလေသည် ။

တခနအတွင်း ရီဝမ်ဝမ်သည် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် လုပ်လိုက်ပြီး စိတ်တို့ကို စုစည်းကာ လက်ရှိအခြေအနေကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက် သည်။

သူမသည် ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်း၏ ကိုကြီး ဗိုလ် ဖြစ်ကြောင်းကို ကြယ် ခုနစ်က အစကတည်းက မယုံကြည်ပါချေ ။
သု့ိသော် သူသည် မယုံမကြည် ဖြစ်နေပါလျှင် အဘယ်ကြောင့် သူမကို ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်း၏ အခြေစိုက်ရာ ရုံးချုပ်ဆီ ခေါ်လာလေ သည်နည်း ။
သူမကို ထိုနေရာတွင်ပင် သတ်ပစ်လိုက်လျှင် ဒုက္ခအေးသွားမည် မဟုတ်ပါလော ။

ထို့ကြောင့် ကြယ် ခုနစ်သည် သူမကို မယုံတယုံ ဖြစ်နေခြင်းဟု သူမ ကောက်ချက်ချလိုက်သည် ။
သူသည် သူမကို လုံးဝကြီး ယုံကြည်နေခြင်း မရှိသလို
လုံး၀ သံသယဝင်နေခြင်းလည်း မဟုတ်ပြန်ပေ ။ မဟုတ်ပါက သူသည် သူမကို ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်း ၏ ရုံးချုပ်ဆီ ခေါ်လာလိမ့်မည် မဟုတ်ပေ ။

ယုတ္တိကျကျ စဉ်းစားကြည့်ရလျှင် ကြယ် ခုနစ် ၏ နောက်ထပ်ခြေလှမ်း မှာ သူမ၏သရုပ်မှန်ကို သူ့နည်းသူ့ဟန်ဖြင့် စစ်ဆေးကြည့်ဖို့ ဖြစ်နိုင်သည် ။

ရီဝမ်ဝမ်သည် ကိုကြီး ဗိုလ် အကြောင်းကို မသိနေသလို ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်းနှင့် ပတ်သက်ပြီးလည်း ဘာဆိုဘာမှ ထဲထဲဝင်ဝင် မသိနေပေ ။
သူမသည် တစ်ချက်လောက် ထိလိုက်သည်နှင့် အရေခွံ ကွာကျသွားနိုင်သည့် စက္ကူကျားရုပ်မျှသာ ဖြစ်သည် ။ ထိုအရေခွံ ကွာကျသွားပြီ ဆိုသည်နှင့် သူမ၏သနားစဖွယ် အသက်လေးမှာ လူ့လောကမှ ထွက်သွားရတော့မည် ဖြစ်သည် ။

ကြယ် ခုနစ် သည် သူမ၏သရုပ်မှန်ကို မည်သို့ စစ်ဆေးလိမ့်မည်ကိုလည်း သူမ မသိပါချေ ။ ထို့ကြောင့် ကိုယ့်ကိုယ့်ကို သတိပေ့ါလိုက်၍ မဖြစ်နိုင်ပေ ။ သူမသည် ခြေလှမ်းတိုင်းတွင် သတိကြီးကြီးဖြင့် လှုပ်ရှားရမည်သာ ။ မဟုတ်ပါက ဒီနေ့တွင်ပင် သူမ၏ဘဝလေး ကြွေလွင့်သွား နိုင်ပေသည် ။

အခုချိန်တွင် ရီဝမ်ဝမ် လုပ်နိုင်သည်မှာ ထိုအကြင်နာတရားကင်းမဲ့ပြီး ရက်စက်ကြမ်းတမ်းသည် ဆိုသည့် ကိုကြီး ဗိုလ် အဖြစ် သူမကိုယ်သူမ နှလုံးသွင်းရ့ုံသာ ရှိသည် ။ ထို့ပြင် အပိုဆာကာတွေ မလုပ်မိစေဘဲ သဘာဝကျကျ သရုပ်ဆောင်ပြတတ်ဖို့လည်း လိုပေသေးသည် ။

ကံကောင်းထောက်မစွာဖြင့် သူမသည် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုရှင် တစ်ယောက်နှင့် အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုရှင် နှစ်ယောက်ကို မွေးထုတ်ပေးနိုင်သည့် ဒါရိုက်တာ ဖြစ်နေလေသည် ။
ထို့ကြောင့် သူမကိုယ်တိုင်သည်လည်း သရုပ်ဆောင်ရာတွင် အတော်လေး ကောင်းမွန်ပေသည် ။

လျိုချန်းနှင့် ကုန်ရွှီတို့ သရုပ်ဆောင်ဆု ရရှိအောင် ကြိုးစားရခြင်းနှင့် သူမကြားတွင် ခြားနားချက်တစ်ခုသာ ရှိလေသည် ။ သူတို့သည် ကောင်းကောင်း သရုပ်မဆောင်နိုင်လျှင် အဝေဖန်အထိုးနှက် ခံကြရရုံသာ ။ သို့သော် သူမသည်ကတော့ ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်း ရှေ့တွင် သရုပ်ဆောင်ပြနေရခြင်း ဖြစ်သည် ။
သူမ ကောင်းကောင်း သရုပ်မဆောင်နိုင်လျှင် အသက်ပျောက်သွားနိုင်သည်တည်း ဖြစ်၏ ။

သူမကိုယ်သူမ စိတ်ကို ပြင်ဆင်ထားပြီးနောက်တွင် ကိုကြီး ဗိုလ် အဖြစ် ခံစားချက်အပြည့် ထည့်လိုက်နိုင်သွားသည် ။ သူမ၏မျက်နှာထက်တွင် ရက်စက်သည့် ၊ မကောင်းဆိုးဝါးဆန်သည့် ၊ အေးစက်သည့် ခံစားချက်တို့ ဖိတ်လျှံလာတော့သည် ။

တခနအကြာတွင် ခေတ်ဆန်စွာ ဝတ်စားထားသည့် မိန်းမတစ်ယောက်သည် ချိုသာသောမျက်နှာထားဖြင့် ခြေလှမ်းကျယ်ကြီးလှမ်းကာ အစည်းအဝေးခန်း ထဲ ဝင်ချလာသည် ။

"ဟော…ရှောင်ဖန်းဖန်း…ပြန်လာပြီလား ။
ဒီနှစ်တွေမှာ ဘယ်တွေ ပတ်သွားနေတာလဲ"

ထိုအမျိုးသမီးသည် ရီဝမ်ဝမ်ဆီ လျှောက်လာကာ ဇွက်ကနဲ သူမကို ဆွဲဖက်လိုက်လေသည် ။ ရီဝမ်ဝမ်ခမျာ စကားပင် ပြောခွင့် မရလိုက် ။

ရုတ်တရက်ကြီး အဖက်ခံလိုက်ရသော်လည်း
ရီဝမ်ဝမ်သည် တည်ငြိမ်စွာဖြင့်သာ ထိုအမျိုးသမီးကို ကြည့်ပြီး မခို့တရို့ ရယ်လိုက်သည် ။ သို့သော် သူမ ဘာကိုမှ မပြောလိုက် ။

သူမသည် အပြင်ဘက်တွင် ပြုံးနေသော်လည်း
ရင်ထဲတွင်မူ အသင်္ချေအောင် ဆဲဆိုနေမိလေသည် ။

ဒါကကော ဘယ်သူကြီးလဲ…

"မြန်မြန်လေး ၊ င့ါကို ပြောစမ်းပါဦး ။ ဒီနှစ်တွေမှာ ဘယ်တွေ သဝေထိုး နေတာလဲ ။ ငါတို့မှာ လိုက်ရှာနေရတာ အကြာကြီးကြာလှပေါ့"

တခနအကြာတွင် ထိုအမျိုးသမီးသည် ရီဝမ်ဝမ်ကို လွှတ်ပေးလိုက်ပြီး ခပ်သွက်သွက် မေးလာသည် ။

ရီဝမ်ဝမ်သည် ဘေးကင်းနိုင်သည့်အဖြေကို ရွေးဖြေလိုက်သည် ။

"မေမေတို့ဆီ ပြန်တုန်း လမ်းမှာ မမျှော်လင့်ထားတာတွေ ဖြစ်သွားလို့ ၊ ဒါပေမယ့် အဲ့ဒါတွေ ဖြေရှင်းလို့ ပြီးသွားပါပြီ"

ရီဝမ်ဝမ်သည် ထိုသို့ ပြောလိုက်ရင်း ထိုအမျိုးသမီးကို သေသေချာချာလေး အကဲခတ်နေသည် ။ ထိုအမျိုးသမီးမှာ
ကိုကြီး ဗိုလ် နှင့် တော်တော်လေး ဆက်ဆံရေး ကောင်းသည် ဟု ပြော၍ရနိုင်သည် ။ မဟုတ်ပါက ကြောက်ရွံ့ခြင်းကင်းသောဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည့်
ကိုကြီး ဗိုလ် လို လူမျိုးကို ထိုကဲ့သို့ ဖက်လှဲတလင်း ဆက်ဆံရဲလိမ့်မည် မဟုတ်ပေ ။ ထို့ကြောင့် ရီဝမ်ဝမ်သည် သူမ၏လေသံကို လျှော့ထားလိုက်၏ ။

သေသေချာချာ လေ့လာအကဲခတ်ခြင်းမှာ အခုချိန်တွင် ရီဝမ်ဝမ် အသက်ရှင်နိုင်ဖို့ရာ တစ်ခုတည်းသောလက်နက် ဖြစ်ပေသည် ။

………………………………………………………
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and comment လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘

စာစဉ် ၅၁ ပြီးပါပြီ ။

Continue Reading

You'll Also Like

157K 8K 34
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
373K 36.9K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
919K 10.1K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
1.5M 68.6K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...