Chapter - 7
|| Zawgyi ||
" အ့...ခင်ဗျားကတောင် လင်ရှိရဲ့သားနဲ့ ဖောက်ပြန်နေတာမလား...ဟောက်ရန် ခင်ဗျားကျွန်တော့်ဘက်ကိုကြည့်ပေးဖူးလို့လား တစ်စက်လေးတောင်လေ...ဝမ်ယုဟိုင်ကိုဂရုစိုက်ပေးတဲ့အတိုင်း ...မဟုတ်ဘူး နည်းနည်းလေ...ကျွန်တော့်အပေါ် နည်းနည်းလေးသာ ကောင်းပေးနိုင်မလား..."
" ဝမ်ယုဟိုင်ကိုနောက်မှသိခဲ့တာမလား...ဟုတ်တယ် ကျွန်တော်ကသူ့လောက်မသာဘူး ကျွန်တော်ကသူ့လောက် ငွေကြေးလည်းမရှိဘူး အိမ်ပိုင်ယာပိုင်လည်းမရှိဘူး ကျွန်တော်ကခင်ဗျားကို တန်ဖိုးကြီးတာတွေကိုလည်း အများကြီးမပေးနိုင်ပါဘူး ကျွန်တော်လပေါင်းများစွာ အလုပ်လုပ်ပြီးမှ ခင်ဗျားကိုပေးဖို့ ပစ္စည်းလေးတစ်ခုသာတတ်နိုင်ပေမဲ့ ဟင့် ကျွန်တော့်ကိုကျေးဇူးတင်ဖို့်လည်းမလိုပါဘူး ဒီတိုင်း...အင့် ဒီတိုင်း တစ်ချက်လောက်ကြည့်လိုက်ရင် အဆင်ပြေပါပြီ နောက်ပြီ အဟွတ် အဟွတ် ကျွန်..ကျွန်တော်က အသုံအဖြုန်းလည်းမကြီးပါဘူး...ဘာလို့တစ်ချက်လေးတောင်...တစ်ချက်လေးတောင် ပြန်လှည့်မကြည့်ပေးချင်ရတာလဲ... "
". ...... ."
"ကျွင်းဟောက်ရန် မုန်းတယ်..ဟစ်..ခင်ဗျားကြီးကို ခင်ဗျားလိုကျွန်တော့်အချစ်ကို တန်ဖိုးမထားတဲ့ လူကိုမုန်းတယ် သေလောက်အောင်ကို မုန်း....ဟစ်...မုန်းတယ် "
💜💜💜💜💜💜💜💜💜💜💜💜
😭😭😢😢
10.Feb. 21
Saung's
=================================================
ငါလေးရူးပြီးလျှောက်ပြောမိပြီ...လဒ ဒါငါပြောတာမဟုတ်ဘူး
Chapter - 7
|| Unicode ||
" သေနာကြီး...ဘာကြောင်နေတာလဲ "
" မင်းကြောင့်ဘဲ...မင်းနဲ့သာလက်မထပ်ခဲ့ရရင် ယုဟိုင်နဲ့ပျော်နေရလောက်ပြီ...မင်းကြောင့်..."
လင်းယဲ့ပြောစရာစကားတွေ ပျောက်ရှသွားရတယ်။ ထပ်ပြီးယုဟိုင်ကြောင့်ပဲလာ..သူတို့အနားမှာပျောက်ကွယ် သွားပေးဖို့ဆုံးဖြတ်ပြီးပြီလေ သူတို့ကိုမနှောက်ယှက်ဖို့လဲ အတတ်နိုင်ဆုံးနေတယ်။ လင်းယဲ့ ဆိုတဲ့ငါကေရာ မခံစားတတ်တဲ့ ကျောက်နှလုံသားနဲ့မွေးဖွားလာတဲ့သူ မွမဟုတ္တာ ကိုယ့်ချစ်နေတဲ့သူက တျခားတေယာက္ကိုသာ ကာကွယ်ပေးပြီး ကိုယ့်ကိုကျဒီလိုပြောတာ ဘယ္လိုခံစားရမလဲ။ နောက်ထပ်ဘာတွေများ ပေးဆပ်ရအုံးမလဲ....
" ဖယ်စမ်း...ငါကမင်းစိတ်ဖြေဖို့အတွက် အရုပ်မဟုတ်ဘူး.. အွန့်..."
လင်းယဲ့ ထိုကောင်ကိုတွန်းထုတ်ပေမဲ့ အားချင်းကတော်တော်ကွာလေသည်။ အဖြေကရှင်းလင်းနေသည်။ လင်းယဲ့ ဟောက်ရန်ကိုတွန်းထုတ်နိုင်မှာမဟုတ်ဘူး။ ဒါမဲ့အရင်လိုငြိမ်ခံနေမဲ့သူလဲ မဟုတ်တော့ဘူး...သူ့ကိုအုပ်မိုးပြီး အနမ်းကြမ်းကြမ်းတွေကို စတင်နေတဲ့ ဟောက်ရန်ကိုကန်ထုတ်တော့တယ်။
" ညိမ်ညိမ်နေစမ်း...ဟမ် မင်းဘယ်ကောင်အားကိုးနဲ့ ငါ့ကိုပြန်ပြောတတ်နေတာလဲ...ဒီအတောအတွင်းငါ့ စကားမနားထောင်ခဲ့တာ အပြစ်ပေးသင့်တယ် မထင်ဘူးလား ပိုင်လင်းယဲ့ "
" အ့...ခင်ဗျားကတောင် လင်ရှိရဲ့သားနဲ့ ဖောက်ပြန်နေတာမလား...ဟောက်ရန် ခင်ဗျားကျွန်တော့်ဘက်ကိုကြည့်ပေးဖူးလို့လား တစ်စက်လေးတောင်လေ...ဝမ်ယုဟိုင်ကိုဂရုစိုက်ပေးတဲ့အတိုင်း ...မဟုတ္ဘူး နည်းနည်းလေ...ကျွန်တော့်အပေါ် နည်းနည်းလေးသာ ကောင်းပေးနိုင်မလား..."
ဟောက်ရန် လှုပ်ရှားမှုတွေ ရပ်တန့်သွားရတယ်။ လင်းယဲ့ ကစိတ်လွတ်နေပြီး သူ့ရင်ထဲပေါက်ကွဲထွက်တော့မလို တင်းကျပ်နေပြီး လည်ချောင်းတွေကလည်း တင်းကျပ်နာကျင်လာတယ်။ သူဒီထပ်ပိုပြီး သီးမခံနိုင်တော့ချေ။ မကြာခင်ကွာရှင်းပြီး အေဝးထြက္သြားရေတာ့မဲ့ဟာ သူ့ခံစားချက်တွေ ပေါက်ကွဲပစ်ချင်ခဲ့တယ်။ လင်းယဲ့ ကသူမျက်ရည်ကျနေတာတောင် မသိတဲ့ပုံနဲ့ ကျောက်ရုပ်လိုတည်နေတဲ့ ဟောက်ရန်ရင်ဘက်ကိုထုလိုက်တယ်။ ဒါမဲ့သူအရမ်းပင်ပန်းနေတာကြောင့် သူ့ရိုက်ချက်တွေကမကြမ်းထန်းတဲ့အပြင် အရမ်းကိုပျော့နေတယ်။ သူကရှိုက်လိုက်ပြီးဆက်ပြောတယ်။
" ဝမ်ယုဟိုင်ကိုနောက်မှသိခဲ့တာမလား...ဟုတ်တယ် ကျွန်တော်ကသူ့လောက်မသာဘူး ကျွန်တော်ကသူ့လောက် ငွေကြေးလည်းမရှိဘူး အိမ်ပိုင်ယာပိုင်လည်းမရှိဘူး ကျွန်တော်ကခင်ဗျားကို တန်ဖိုးကြီးတာတေကိုလည်း အများကြီးမပေးနိုင်ပါဘူး ကျွန်တော်လပေါင်းများစွာ အလုပ်လုပ်ပြီးမှ ခင်ဗျားကိုပေးဖို့ ပစ္စည်းလေးတစ်ခုသာတတ်နိုင်ပေမဲ့ ဟင့် ကျွန်တော့်ကိုကျေးဇူးတင်ဖို့်လည်းမလိုပါဘူး ဒီတိုင်း...အင့် ဒီတိုင်း တစ်ချက်လောက်ကြည့်လိုက်ရင် အဆင်ပြေပါပြီ နောက်ပြီ အဟွတ် အဟွတ် ကျွန်..ကျွန်တော်က အသုံအဖြုန်းလည်းမကြီးပါဘူး...ဘာလို့တစ်ချက်လေးတောင်...တစ်ချက်လေးတောင် ပြန်လှည့်မကြည့်ပေးချင်ရတာလဲ... "
ဟောက်ရန် ရင်ထဲတင်းကျပ်သွားတယ်။ ယုဟိုင်ထပ် လင်းယဲ့ကိုအရင်သိခဲ့တယ်။ သူယုဟိုင်ကိုသိတဲ့အချိန်က စေ့စပ်ထားတဲ့လင်းယဲ့နဲ့ နှိုင်းယှဉ်ခဲ့တယ်။ အားလုံးသာနေပြီး အဆင့်အတန်းရှိတဲ့ ယုဟိုင်ကိုသာအဘောကျခဲ့တယ်။ သူ့အရှေ့ကသူ့(ဟောက်ရန်)ကို ထုရိုက်နေတဲ့ ကောင်လေးကိုတွေဝေစွာ ကြည့်နေမိတယ်။ သူ့အရှေ့မှာတစ်ခါမှ အားနည်းတဲ့ပုံမပြဖူးတဲ့ကောင်လေး အမြဲတန်းတတ်ကြွနေတတ်တဲ့ လင်းယဲ့ကိုသူဂရုစိုက်စရာလုံးဝ မလိုအပ်ဘူးလို့တောင်တွေးခဲ့တယ်။
" ဟောက်ရန်...ခင်ဗျား ကိုကျွန်တော်ကွာရှင်းပေးမှာပါ.."
ရင်ထဲအဆမတန်ကို ပြည့်ကျပ်သွားခဲ့တယ်။
" ခင်ဗျား အမွေတွေလည်းရ ချစ်တဲ့သူနဲ့လည်းအတူနေနိုင်အောင် ကျွန်တော်ထွက်သွားပေးမှာပါ... ဒါမဲ့ကျွန်တော်တခွန်းတော့ပြောချင်ခဲ့တယ်။.... "
". ...... ."
" ကျွန်တော် ခင်ဗျားကိုမချစ်အောင်နေတော့မယ်လို့ မုန်းနိုင်အောင်နေတော့မှာလို့ ခင်ဗျားစကားကိုလည်း သေတဲ့ထိနားမထောင်တော့ဘူးလို့... အင့်...ခင်ဗျားနဲ့ဝေးရာကိုဘဲ့ ထွက်သွားတော့မယ်လို့ လဒကောင်ကြီးရဲ့ ဟင့်.... "
လင်းယဲ့ပြောလဲပြော၊ ငိုလည်းငိုနဲ့ ဟောက်ရန်ကိုလည်း ရိုက်နေခဲ့တယ်။ သူ့မှာသတိလည်းမရှိတော့ဘူး အရမ်းကိုနွမ်းနယ်နေပြီး မျက်လုံးတွေပိတ်ကာအနားယူ ချင်တဲ့စိတ်ဘဲရှိတော့တယ်။ မျက်လုံးတွေက ငိုထားတာကြောင့် မို့အစ်နေပြီး နှာထိပ်လေးကလည်း နီရဲနေတော့တယ်။
"ကျွင်းဟောက်ရန် မုန်းတယ်..ဟစ်..ခင်ဗျားကြီးကို ခင်ဗျားလိုကျွန်တော့်အချစ်ကို တန္ဖိုးမထားတဲ့ လူကိုမုန်းတယ် သေလောက်အောင်ကို မုန်း....ဟစ်...မုန်းတယ် "
လက်တွေကပြေကျသွားပြီး ဟောက်ရန်ရင်ခွင်ထဲမှာပဲ့ အိပ်ပျော်သွားတော့တယ်။ တစ်ချက်တစ်ချက် မုန်းတယ်လို့အော်လိုက် ရိုှက်ငိုလိုက်လုပ်နေသေးတယ်။
💜💜💜💜💜💜💜💜💜💜💜
😭😭😢😢
10.Feb. 21
Saung's
=================================================