🦁💚my husband🐰❤️ { Complete...
By shwepin
399K 20.8K 748
Yizhan အိမ်ထောင်ရေး ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဘယ်သူ့ဆီကမှ copy ယူထားခြင်းမရှိပါဘူး။ကိုယ့်စိတ်ကူးသက်သက်သာပုံဖော်ထာ... More
part : 1(U&Z)
Part : 2(U&Z)
Part : 3(U&Z)
Part : 4(U&Z)
Part : 5(U&Z)
Part : 6(U&Z)
Part : 7(U&Z)
Part : 9(U&Z)
Part : 10(U&Z)
🔞Part : 11 🔞(U&Z)
🔞Part : 12🔞(U&Z)
Part : 13(U&Z)
Part : 14(U&Z)
🔞Part : 15🔞(U&Z)
Part :16(U&Z)
Part : 17(U&Z)
Part : 18 (U&Z)
Part : 19(U&Z)
Part : 20(U&Z)
Part : 21(U&Z)
Part : 22(U&Z)
Part : 23(U&Z)
Part : 24(U&Z)
Part : 25(U&Z)
🔞Final🔞
တောင်းပန်စာ နှင့် ဈေးဗန်း 🙏💔
request;
Part : 8(U&Z)
10.3K 705 4
By shwepin
Uni💗
မနက်ခင်းနေရောင်ခြည်နဲ့အတူကောင်လေးတစ်ယောက်နိုးလာခဲ့သည်။ရင်ခွင်ထဲကလူကြီးရဲ့နဖူးလေးကိုဖွဖွလေးနမ်းလိုက်ပြီးအလုပ်သွားဖို့အတွက်မျက်နှာသစ်ရေချိုးဖို့ရေချိုးခန်းထဲ၀င်ခဲ့လိုက်၏။တပြိုင်နက်အိပ်ယာပေါ်ကကောင်လေးလဲနိုးနေတာနဲ့အိပ်ယာမှထကာသူအလုပ်သွားမို့အ၀တ်အစားထုတ်ပေးထားလိုက်သည်။သူရေချိုးတာကကြာမည်ဖစ်သောကြောင့် အောက်ထပ်ကရေချိုးခန်းမှာမျက်နာသစ်ပြီးမနက်စာပြင်ပေးထားလိုက်၏။
" ကိုကို ဘယ်အချိန်ထလိုက်တာလဲ "
" ယောက်ျားရေချ်ိုးခန်းထဲ၀င်သွားတော့ နိုးလာတာ"
"အော် ကိုယ်ရေချိုးတာကြာသွားတယ်ထင်တယ် မနက်စာတောင်ပြင်ပြီးပြီဆိုတော့ "
" အွန်း "
ကိုကိုပြင်ပေးတဲ့မနက်စာကိုစားလာခဲ့ပြီးနှုတ်ဆက်အနမ်းပေးကာ ပါးကုပ္မဏိီကိုလာခဲ့သည်။ပါးကခေါ်လို့သာ...
Knock ! Knock !
" ၀င်ခဲ့ "
" ပါး ဘာ​ကိစ္စရှိလို့လဲ "
"ထိုင်ပါအုံး သားရယ် "
"ဟုတ်"
" သားဘယ်အချိန်မှ ပါးကုပ္မဏီကိုဦးစီးမှာလဲ ပါးကိုလည်းကြည့်ပါဦးကွာ "
" … "
" သားမမွေးခင်ထဲက ပါးဒီအလုပ်တွေလုပ်လာရတာ သားနဲ့သားရဲ့မားအတွက် ပါးကြိုးစားလာတာနှစ်တွေမနည်းတော့ဘူးသား !အခုသားတောင်အိမ်ထောင်နဲ့ဖြစ်နေပြီ ။ပါးလည်းအနားယူချင်ပြီ...သား နားလည်သင့်နေပြီ "
" ကျွန်တော်နားမလည်တာမဟုတ်ပါဘူး ပါး .... ပါးစိတ်မပူပါနဲ့ ပါး အဆင်ပြေမဲ့အချိန် သားလက်လွှဲယူပါ့မယ် "
" ဟေ !တကယ်လာသား ပါး၀မ်းသာလိုက်တာကွာ"
" ဟုတ် သားသေသေချာချာစဥ်းစားပြီးပါပြီ ။ကျွန်တော်မွေးကထဲကနေ အခုချိန်ထိမိဘနှစ်ပါးလုံးကကျွန်တော့်ကို အပူအပင်မရှိလိုလေသေးမရှိအောင်ထားပေးခဲ့တာ အခုကျွန်တော်ကပြန်လုပ်ကျွေးရမဲ့အလှည့်ရောက်ပါပြီ .... နောက်ပြီး ပါးနဲ့မားကိုလဲကျွန်တော်ကျေးဇူးတင်ပါတယ် ။အခုချိန်ထိ ကျွန်တော့်ကိုမငြိုမငြင်အလိုလိုက်အကြိုက်ဆောင်ပေး ဆိုးသမျှသည်းခံပေး ချစ်ပေးလို့ "
" သားရယ် ကျေးဇူးစကားက မိဘနဲ့သားသမီးကြားမှာမရှိပါဘူး ။ပြီးတော့သားသမီးဆိုတာမိဘတွေအတွက်ရတနာတစ်ပါးပဲသား အဲ့တာကြောင့်သားဆိုးသမျှပါးတို့ကအပစ်လို့မမြင်ဘူး။ ဒါပေမဲ့လွှတ်ထားတာတော့မဟုတ်ဘူး သားသိပါတယ် ပါးတို့ကသားကိုချစ်လို့အလိုလိုက်ထားပေမဲ့ နှစ်တော့မနှစ်ဘူးသား "
" ဟုတ် သားနားလည်ပါတယ် ပါးတို့ဆီလဲမရောက်တာကြာနေပြီအလည်လာအုံးမယ် "
" ကျန့်ကျန့်ရော နေကောင်းရဲ့လား ပါးတို့လဲသတိရတယ်လို့ပြောလိုက်အုံး သားနဲ့ရောတည့်ရဲ့လား "
" တည့်ပါတယ် ပါးရယ် သူလဲနေကောင်းပါတယ် ဟိုတလောကသူရွာဘက်တာ၀န်ကျသေးတယ် တစ်လခွဲလောက်ကြာတယ် "
" ဟုတ်လား "
" ဟုတ်တယ်ပါး! မနေ့ကမှပြန်ရောက်တာ အဲ့ဒါကြောင့်သူတို့ကိုသုံးရက်နားခွင့်ပေးထားတယ်လေ သူနားရက်ရတုန်းလာလည်အုံးမယ် "
" ဟုတ်ပြီ လာခဲ့ကြ ဖုန်းကြိုဆက်နော် မင်းမားကိုထမင်းဟင်းချက်ခိုင်းရအောင်လို့ "
" ဟုတ် အဲ့ဆ်ိုသားသွားပြီနော် ပါး "
" အေးအေး ကား​ကိုဂရုစိုက်မောင်း "
" ဟုတ်ကဲ့ ပါး "
သားလေးတောင်အိမ်ထောင်ကျလို့သူ့ကုပ္မဏီကိုဦးစီးရမဲ့အရွယ်လောက်လာပြီပဲ...ငယ်ငယ်ကပါးဖောင်းဖောင်းလေးနှာခေါင်းလုံးလုံးလေးနှုတ်ခမ်းထော်ထော်လေးနဲ့ဟိုဟာပူဆာဒီဟာပူဆာလုပ်တတ်တဲ့အရွယ်တောင်မဟုတ်တော့ဘူးပဲ...
ရိပေါ် showroom ကိုရောက်တော့...
" သားကြီး !မင်းရုံးခန်းထဲမှာဧည့်သည့်ရောက်နေတယ် "
" ဧည့်သည် !ဘယ်သူလဲ "
ကျိလီကပုခုံးတွန့်ပြပြီးထွက်သွားပြီးဆိုင်ကယ်တွေသန့်ရှင်းရေးလုပ်နေသည့်နေရာကိုသွားကြည့်နေလေသည် ။ဝယ်သူတော့မဖြစ်နိုင်ဘူးလို့ထင်တာပဲ… ၀ယ်သူဆိုကျိလီနဲ့တင်ပြီးပြီ !သူ့ကိုစောင့်စရာမလိုဘူး ...
ရုံးခန်းရောက်လို့တံခါးဖွင့်ကြည့်လိုက်တော့…
" Darling ! ပါးဆီသွားနေတာဆို ကြာလိုက်တာ တစ်ယောက်ထဲစောင့်နေရတာဘယ်လောက်ပျင်းစရာကောင်းလိုက်သလဲ "
what ???? ရှင်းမေ !!!! ဘယ်တုန်းကပြန်ရောက်လာတာလဲ ဒီကို ::::::::
" ရှင်းမေ ဘယ်တုန်းကဒီပြန်ရောက်နေတာလဲ ပြီးတော့ဒီကိုဘာကိစ္စနဲ့လာတာလဲ "
" ဘာရှင်းမေလဲ သူစိမ်းဆန်လိုက်တာ အရင်လို 'မေ'ပဲခေါ်ပါ "
" အင်း'မေ' မေးတာဖြေပါအုံး "
" 'မေ' မနေ့ကပြန်ရောက်တာ .. ဒီကိုကကိစ္စရှိမှလာရမှာလား darling ကိုလာတွေ့တာ darling ရှိလို့လာတာလေ ပြန်ရောက်ထဲကလာမို့ညရောက်နေပြီမို့မလာတော့တာ "
" အော် !အခုဘယ်မှာနေနေလဲ "
" ဟိုတယ်မှာပဲ !အိမ်မတွေ့ခင်ထိတော့ဟိုတယ်မှာနေရမှာပဲ "
" ဟိုတယ်မှာကြာကြာနေတာမကောင်းဘူး 'မေ' "
" အင်း !အဲ့တာတော့ 'မေ'လဲသိပါတယ် ဒါမဲ့ချက်ချင်းကြီးအိမ်ရဖို့ကလွယ်မှမလွယ်ဘဲ darling လဲသိသားနဲ့ "
" ကိုယ်တစ်ခုကူညီပေးရမလား "
" ပြောလေ darling "
" ကိုယ့်မှာ US ကပြန်လာတုန်းကတစ်ယောက်ထဲနေချင်လို့၀ယ်ထားတဲ့ ကွန်ဒိုတစ်လုံး ရှိတယ် 'မေ'ဆန္ဒရှိရင်နေမဲ့အိမ်မတွေ့မချင်းအဲ့မှာနေလို့ရတယ်မိတ်ဆွေအချင်းချင်းမို့ကိုယ်တတ်နိုင်သလောက်ကူညီပေးတာ "
" မိတ်ဆွေလား !အင်းပါ ကျေးဇူးတင်ပါတယ် Darling! ကွန်ဒိုအတွက် .... "
" ရပါတယ် "
" အဲ့ဒါဆို ဟိုတယ်ကပစ္စည်းတွေယူပြီး ကွန်ဒိုကိုသွားကြမယ် darling လိုက်ပို့ပါ 'မေ'ကနေရာမသိဘူး "
" အွန်း! သွားတာပေါ့ "
ကွန်ဒိုမှာသူ့ပစ္စည်းတွေနေရာအတည်တကျထားပြီး အိမ်အတွက်ဘာပစ္စည်းမှမရှိလို့ shopping mall ကိုလိုက်ပို့ပေးရပြန်သည် ။လိုအပ်တဲ့အိမ်ပစ္စည်းတွေ ဟင်းချက်စရာတွေ တခြားဟာတွေရော၀ယ်တာစုံနေတာပဲ ကားနဲ့အပြည့်ပဲ...သူမှကားမ၀ယ်ရသေးတာ မနက်ဖြန်လဲကားလိုက်၀ယ်ပေးရအုံးမည် ။ကိုယ်ကအခုဆိုင်ကယ် showroom ဖွင့်ထားတယ်ဆိုပေမဲ့ တခါတခါစိတ်ပါရင် ကားကိစ္စလုပ်တတ်သေးသည်။
အဲ့ဒါကြောင့်ကိုယ်ကသူ့လိုမိန်းကလေးထက်စာရင်ကားအကြောင်းအများကြီးနားလည်တာမို့ဒီနေ့နဲ့မနက်ဖြန်နှစ်ရက်လုံးသူ့ကိုပဲအချိန်ပေးရတော့မည် ။
US မှာ 5 နှစ်လောက်အတူတူနေလာခဲ့တဲ့ သူမကို မိတ်ဆွေတစ်ယောက် သူငယ်ချင်းတစ်ယောက်လို ဒီလိုကူညီပေးဖို့သင့်တယ်မလား ။ဒီမှာကသူ့အသိတွေမှမရှိဘဲ အသိဆိုလို့ ဟောက်ရွှမ်းရယ် ကျိလီရယ် ကိုယ်ရယ်ပဲရှိတာကို ဒါတောင်ဟိုနှစ်ကောင်ကသူအရင်ကမိတ်ဆက်ပေးထားဖူးလို့သာသိတာ…
တနေကုန် ကွန်ဒိုနဲ့ shopping mall မှာသာအချိန်ကုန်ခဲ့သည်။မနက်ထွက်လာထဲက showroom ကိုပြန်မသွားဖြစ်ပဲအိမ်ကိုသာတန်းပြန်လာဖြစ်တော့သည်။
" ကိုကို ကျွန်တော်ပြန်ရောက်ပြီ "
တစ်ဖက်မှဘာအသံမှထွက်မလာသလို လူအရိပ်အယောင်လဲမတွေ့ရ ... ကားလဲရှိပါတယ် လူသာမတွေ့...ခြံစောင့်ဦးလေးကိုမေးမှ မနက်ထဲကသူငယ်ချင်းတွေလာခေါ်လို့သွားတာတဲ့.....မနက်ထဲကကိုအခုထိပြန်မလာသေးရအောင်ဘယ်တွေသွားဘာတွေလုပ်နေလို့လဲ....ပင်ပန်းလာပါတယ်ဆို ပြန်လာတော့ဆီးကြိုမဲ့သူကမရှိ!
ဖုန်းခေါ်တော့လဲမကိုင်ဘူး အခုညရှစ်နာရီရှိနေပြီ ။
ကားသံတော့ကြားတယ် ပြန်လာပြီနေမှာ...
ကားမောင်းပို့တာကဘယ်ကကောင်မှန်းမသိဘူး။လူတစ်ယောက်လုံးဧည့်ခန်းထဲမှာထိုင်နေမှန်းတောင်သိရဲ့လားမသိဘူးအပေါ်ကိုတတ်သွားတာဘေးဘီတောင်လှည့်မကြည့်....
" တနေကုန်ဘယ်သွားနေတာလဲဖုန်းလဲမကိုင်
ဘူး "
" ခြံစောင့်ဦးလေးကြီးမပြောပြဘူးလား "
" ကိုကိုပြောတာလိုချင်လို့မေးတာလေတနေကုန်နေတာဘာမှမဖစ်ပါဘူး ပြန်လာတာမှောင်နေပြီမလို့မေးကြည့်တာ "
" သူငယ်ချင်းတစ်ယောက်အိမ်မှာ မုန့်လုပ်စားကြတာ "
" ဘယ်သူငယ်ချင်းလဲ ကျွန်တော်သိတဲ့သူလား လိုက်ပို့တာကသူလား သူကဘယ်သူလဲ "
ဘယ်သူငယ်ချင်းလဲတဲ့ ပြောပြတော့သိမှာကျနေတာပဲ .... အော် သူနဲ့စစ်ကျွေးကိုမိတ်မဆက်ပေးရသေးဘူးပဲကို အ့ကြောင့်သူမသိတာ ... ရိပေါ်ကသူ့သူငယ်ချင်းမှန်သမျှသိတယ် ခင်တော့မခင်ပါဘူး...
သူငယ်ချင်းကလဲ ကျန်းချန်ရယ် အစ်ကိုရွှယ်ယန်ရယ် အခုဟိုက်ခွမ်းကောဆိုတဲ့သူရယ် စစ်ကျွေးရယ် ကျဲရယ်ပဲရှိ၏။ရိပေါ်ကစစ်ကျွေးနဲ့ခွမ်းကောကိုမသိသေးဘူး။ဒီနေ့ကခွမ်းကောအိမ်မှာမုန့်လုပ်စားကြတာဖြစ်သည်။
ရှောင်ကျန့်ကတော့ရိပေါ်သူငယ်ချင်းဆိုလို့ဟောက်ရွှမ်းပဲသိတယ်...
" ပြောပြတော့သိမှာလား "
" ကိုကို့သူငယ်ချင်းထဲမှာ ကျွန်တော်မသိသေးတဲ့သူရှိသေးတာလား သူငယ်ချင်းအသစ်လား "
" ရွာသွားတုန်းကအတူပါတဲ့ ဂျူနီယာကောင်လေးတစ်ယောက်ရယ်အစ်ကိုရွှယ်ယန်ရဲ့သူငယ်ချင်းရယ် အစ်မ၀မ်ချင်ရယ် "
"ဘာ ! ခင်ဗျားကရည်းစားဟောင်းနဲ့သူငယ်ချင်း ဟုတ်လား "
" အွန်း "
" ထားပါ !အိမ်မှာပဲမုန့်လုပ်စားကြတာလား ဘယ်သွားကြသေးလဲ ဘယ်နှစ်ယောက်လဲ ဘာလို့ကားမယူသွားတာလဲ သူများကားတော်ရုံဆ်ိုမစီးတဲ့
သူက "
" ရိပေါ်ဘာလို့ ငါ့ကိုဘယ်သွားတယ် ဘာလုပ်တယ် ဘာစားတယ် အကုန်လိုက်မေးနေတာလဲ မင်းအကြောင်းကိုရော ငါ့အ့လောက်၀င်စွက်ဖက်ဖူးလား "
"ဘာ!!"
" အ့ဆိုမင်းမေးသလိုငါမေးမယ် မင်းဒီနေ့တနေကုန်အလုပ်မှာလား အပြင်မှာလား .... အလုပ်မှာဆိုရင်ရောဘာလုပ်နေလဲ အပြင်မှာဆိုရင်ရော တစ်ယောက်ထဲလား ဘယ်သူနဲ့လဲ အပြင်ကိုရောဘာသွားလုပ်တာလဲ အလုပ်ကိစ္စလား ကိုယ်ရေးကိုယ်တာလား "
" ... "
" ငါ့မေးခွန်းတွေအတွက်မင်းမှာအဖြေမရှိဘူးမလား မင်းမှာငါ့မေးခွန်းအတွက်အဖြေမရှိမချင်း မင်းမေးခွန်းအတွက်လဲငါ့မှာအဖြေမရှိဘူး "
" အော် "
" Good night "
" ခင်ဗျားအ၀တ်လဲပြီးတန်းအိပ်တာလား ရေမချိုးတော့ဘူးလား !တနေကုန်မုန့်လုပ်စားလာတာဆို ချွေးတွေထွက်လာတာမလား "
" ရေချိုးခဲ့ပြီးပြီ "
" ဘာ !သူများအိမ်မှာချိုးလာတာဟုတ်လား "
" အေးကွာ.. ဘာဖစ်နေတာလဲမင်း !အိပ်မို့ပါဆို စကားပြောလို့ကိုမပီးတော့ဘူး ထပ်မပြောနဲ့နော်အိပ်ပြိီ "
" တောက်စ် !"
ရိပေါ်အခန်းထဲမှထွက်ကာတံခါးကို ဒုန်း ခနဲမြည်အောင်ပိတ်လိုက်ပြီးဟိုဘက်အခန်းထဲ၀င်အိပ်လိုက်သည်။
:
:
:
Flash back ;
" ယုန်လေး ကောတို့ဘာမုန့်လုပ်စားကြမလဲ "
" အားလုံးစားချင်တဲ့ဟာတစ်ခုခုလုပ်စားကြမယ်လေ အားလုံးဘာလုပ်စားချင်ကြလဲ "
" hot pot! မာလာရှမ်းကော! "
: "Ok !နှစ်မျိုးလုံးလုပ်စားကြမယ် "
"ရေး!! "
" ကျွန်တော်နဲ့ယုန်လေး market သွားပြီးလိုအပ်တာသွား၀ယ်မယ် "
" အေးအေး ငါတို့အိမ်မှာလိုအပ်တာတွေလုပ်ထားမယ် "
" Ok !လာ ယုန်လေး သွားမယ် "
:
:
shopping mall ရောက်တော့ဟိုဟာ၀ယ်ဒီဟာ၀ယ်နဲ့ရှောင်းကျန့်တစ်ယောက်အကြည့်တွေကတစ်နေရာရောက်သွားသည်။တစ်ယောက်သောသူမျက်နှာကရီမောနေတာလဲမဟုတ်ခပ်တည်တည်ကြီးလဲမဟုတ် ပြုံးရိပ်သန်းနေသလိိုလို...
ဘေးကကောင်မလေးကတော့တမ္ဘာလုံးသူအပိုင်စားရထားသလိုပြုံးဖြီးနေတာ...
ကောင်မလေးကချောတယ်လှတယ်ချစ်စရာလေး...တွန်းလှည်းကိုလဲသူကတွန်းပေးလို့ ... သူများတွေအမြင်မှာဆိုရင်ကြင်စဦးဇနှီးမောင်နှံလိုလို .....
ရှောင်းကျန့်နဲ့တောင်တစ်ခါမှစျေး၀ယ်မထွက်ဘူးတဲ့ရိပေါ်ကအခုကောင်မလေးတစ်ယောက်နဲ့စျေး၀ယ်ထွက်နေတယ်...မျက်နှာကလဲပြုံးရိပ်သန်းနေတယ်...ရှောင်းကျန့်ကိုမမြင်ပါဘူးသူတို့...
ရှောင်းကျန့်နဲ့ရိပေါ်စျေးအတူထွက်မ၀ယ်ဖြစ်တာကသူကလိုက်မပို့တာလားကိုယ်ကလိုက်ပို့ဖို့မပြောမိတာလား?သေချာတာကတော့အဲ့ကိစ္စနဲ့ပတ်သတ်ပြီးနှစ်ယောက်လုံးဘက်ကတစ်ခွန်းမှမပြောဖူးကြဘူး ။
ရှောင်းကျန့်နဲ့ရိပေါ်အပြင်အတူတူသွားတယ်ဆိုတာမရှိသလောက်ပါပဲ...ပုံမှန်ကတော့တစ်နှစ်တစ်ခါပဲရှိတဲ့ပါးနဲ့မားနှစ်ပတ်လည်နေ့...အဲ့နေ့ပဲအတူတူသွားကြတာ...တခါတလေကိုယ့်ကား၀ပ်ရှော့ရောက်တဲ့နေ့ဆေးရုံလိုက်ပို့တယ် အ့လောက်ပဲ...
ဒါတောင် ရှောင်းကျန့်ကတခါတလေ taxi နဲ့သွားတာ တခါတလေကျန်းချန်လာခေါ်တတ်တယ်...
ရိပေါ်နဲ့ကအပျော်သဘောအပြင်ကိုအတူတူတခါမှမသွားဖူးဘူး...သွားဖို့လဲနှစ်ယောက်လုံးခေါင်းထဲမှာမရှိဘူးဆိုပိုမှန်မယ်...
တွေးနေရင်းရွှယ်ယန်အနားရောက်လာတော့သူတို့ကိုမမြင်အောင်ကောကိုတခြားနေရာကိုဆွဲခေါ်ခဲ့၏။သူလဲရှောင်းကျန့်ခေါ်ရာနောက်ယက်ကန်ယက်ကန်နဲ့ပါလာသည်။
သူတို့သာတကယ်မရိုးသားရင် ရိပေါ်ကိုတမျိုးမြင်သွားမှာထက် ကိုယ့်ယောက်ျားကကိုယ့်အပေါ်ဒီလိုဖောက်ပြန်နေတာလားလို့တွေးပြီး ကိုယ့်ကိုသနားတဲ့မျက်လုံးနဲ့အကြည့်ခံရမှာကြောက်တာ ကိုယ်သိက္ခာကျမှာကြောက်တာ ...
ဒါပေမဲ့မသေချာသေးတာကိုမယုံသေးပါဘူး။ရှောင်းကျန့်ပြောပြီးသာပါ ကွာရှင်းပြီးရင်မဆိုင်တော့တာမို့အဲ့ကျမှကြိုက်တာလုပ်ဖို့! မကွာရှင်းရသေးခင်အထိအေးအေးဆေးဆေးနေဖို့...ရှောင်းကျန့်ကသစ္စာဖောက်တာကိုအရမ်းမုန်းတာ...ကိုယ့်အပေါ်သစ္စာဖောက်ရင်ကိုယ့်ဆွေမျိုးသားချင်းဖြစ်ဖြစ်ကိုယ်ဘယ်လောက်ချစ်တဲ့သူဖြစ်ဖြစ် လုံး၀ခွင့်မလွှတ်ဘူး အရမ်းမုန်းတာ...
Flash end :;
" ကိုကို !ကိုကို !ထတော့ "
" ဘာလဲမင်းအလုပ်သွားမို့မလား သွားပါ့လားဘာလို့လာနှိုးနေတာလဲ "
" အလုပ်သွားမို့မဟုတ်ပါဘူး "
" မဟုတ်ရင်ဘာလို့လာနှိုးနေတာလဲ "
" အိမ်သွားမို့ ပါးနဲ့မားကခေါ်ထားလို့ထပါ ထလို့ "
" အွန်း! အဲ့ဆိုလဲ! ခနပဲဆယ်မိနစ်လောက် "
" Ok! ဆယ်မိနစ်ပဲရမယ် "
ထို့နောက်ရိပေါ်ရေချိုးခန်းထဲ၀င်လိုက်၏။ရှောင်းကျန့်ကတော့ကျေနပ်တယ် ဘာလို့ဆိုရိပေါ်ရေချိုးတာနာရီ၀က်ကျော်ကျော်လောက်ကြာတယ် သူအကြာကြိီးအိပ်လို့ရသေးတာပဲ....
" ထတော့ ဆယ်မိနစ်ဆိုပြီး ဆယ်မိနစ်ဆယ်ခါပြန်လောက်ရှိနေပြီ "
" ထပြီ ထပြီ နားငြီးတယ် တကယ်ပဲ! နားရက်ကိုကောင်းကောင်းမနားရဘူး အလုပ်ကိုရှုပ်တယ် "
" ဘာ! ရှောင်းကျန့် ပြန်ပြောစမ်း !"
" ငါမင်းထက်အငယ်မဟုတ်ဘူး !စကားပြောဆင်ခြင် !စောစောစီးစီးစကားမများချင်ဘူး...ဖယ် ငါ့ရှေ့က မျက်နှာသွားသစ်မို့ "
" သစ်စရာမလိုတော့ဘူး ပြန်အိပ်လို့ရပြီ! ကျုပ်မိဘအိမ်ကျုပ်ပဲသွားမယ် !ခင်ဗျားလိုက်စရာမလိုတော့ဘူး ခင်ဗျားအတွက်အလုပ်ရှုပ်တယ်မလား ကျုပ်မိဘအိမ်သွားရမှာ "
" ငါပြောတာအဲ့သဘောမဟုတ် ... "
" တော်စမ်းပါဗျာ !ခင်ဗျားမိဘတွေနှစ်ပတ်လည်သွားတွေ့တိုင်း ကျုပ်အလုပ်ရှုပ်တယ်ပြောမိလား ။ယောက်ျားတန်မဲ့လိုက်ကတ်တွက်နေတာမဟုတ်ဘူး ခင်ဗျားမိဘလဲကျုပ်မိဘဘဲဆိုပြီး ကျုပ်အလေးထားခဲ့တာ ။ကျုပ်ဘက်မှာဘယ်လောက်အရေးကြီးတဲ့အရေးကြီးတဲ့အလုပ်ရှိနေရှိနေအကုန်ဖျက်ပြီး ခင်ဗျားမိဘတွေကိုသွားတွေ့ခဲ့တာ။ ကြားထဲရက်တွေလည်းခင်ဗျားစိတ်ညစ်စရာတွေရှိလာရင် စိတ်သက်သာရာရအောင်လို့ဆိုပြီး ကျုပ်အလုပ်တွေဖျက်ပြီးခင်ဗျားမိဘတွေစီလိုက်ပို့တယ်။အပြင်မှာမပြောနဲ့စိတ်ကူးထဲတောင်မညည်းညူဖူးဘူး ကျုပ်မိဘတွေစီကျတော့ခင်ဗျားဗျာ! တောက်စ်! "
" ရိပေါ် ကိုယ်ပြောတာအဲ့သဘောမဟုတ်ဘူး တောင်းပန်ပါတယ်။ ကိုယ်အရမ်းအိပ်ချင်နေလို့ပြောမိပြောရာပြောမိသွားတာ အ့သဘောနဲ့ပြောတာမဟုတ်ပါဘူး နော်! "
" ထားလိုက်တော့မသွားတော့ဘူး !ခင်ဗျားလဲပြန်အိပ်တော့ …ကျုပ်လဲအလုပ်ပဲသွားတော့မယ် စောစောစီးစီးစကားများပြီးမှတော့မိဘအိမ်လဲမသွားချင်တော့ဘူး စကားလဲမများချင်တော့ဘူး တည့်အောင်နေမယ်လုပ်တိုင်းစောက်စကားပဲများနေရတယ် "
" ....... "
ရှောင်းကျန့်လဲသူစကားမှားတာကို၀န်ခံပါတယ်သူလဲဘာရယ်မဟုတ်ဘဲထွက်သွားတာ...တကယ်စိတ်ရင်းနဲ့တောင်းပန်ပါတယ်ရိပေါ်ရယ်...
######
Zawgyi💗
" ယောက်ျားရေခ်ျိုးခန်းထဲဝင်သွားတော့ နိုးလာတာ"
" အွန်း "
ကိုကိုပြင်ပေးတဲ့မနက်စာကိုစားလာခဲ့ပြီးနှုတ်ဆက်အနမ်းပေးကာ ပါးကုပ္မဏီကိုလာခဲ့သည်။ပါးကခေါ်လို့သာ...
Knock ! Knock !
" ၀င်ခဲ့ "
" ပါး ဘာ​ကိစ္စရှိလို့လဲ "
"ထိုင်ပါအုံး သားရယ် "
"ဟုတ်"
" သားဘယ်အချိန်မှ ပါးကုပ္မဏီကိုဉီးစီးမှာလဲ ပါးကိုလည်းကြည့်ပါဉီးကွာ "
" … "
" ဟုတ်လား "
" ဟုတ်တယ်ပါး! မနေ့ကမြှပန်ရောက်တာ အဲ့ဒါကြောင့်သူတို့ကိုသုံးရက်နားခွင့်ပေးထားတယ်လေ သူနားရက်ရတုန်းလာလည်အုံးမယ် "
" ဟုတ် အဲ့ဆိုသားသွားပြီနော် ပါး "
" ဟုတ်ကဲ့ ပါး "
သားလေးတောင်အိမ်ထောင်ကျလို့သူ့ကုပ္မဏီကိုဉီးစီးရမဲ့အရွယ်လောက်လာပြီပဲ...ငယ်ငယ်ကပါးဖောင်းဖောင်းလေးနှာခေါင်းလုံးလုံးလေးနှုတ်ခမ်းထော်ထော်လေးနဲ့ဟိုဟာပူဆာဒီဟာပူဆာလုပ်တတ်တဲ့အရွယ်တောင်မဟုတ်တော့ဘူးပဲ...
" ဧည့်သည် !ဘယ်သူလဲ "
" အော် !အခုဘယ်မှာနေနေလဲ "
" ပြောလေ darling "
" ရပါတယ် "
" အွန်း! သွားတာပေါ့ "
တစ်ဖက်မှဘာအသံမှထွက်မလာသလို လူအရိပ်အယောင်လဲမတွေ့ရ ... ကားလဲရှိပါတယ် လူသာမတွေ့...ခြံစောင့်ဉီးလေးကိုမေးမှ မနက်ထဲကသူငယ်ချင်းတွေလာခေါ်လို့သွားတာတဲ့.....မနက်ထဲကကိုအခုထိပြန်မလာသေးရအောင်ဘယ်တွေသွားဘာတွေလုပ်နေလို့လဲ....ပင်ပန်းလာပါတယ်ဆို ပြန်လာတော့ဆီးကြိုမဲ့သူကမရှိ!
ဘူး "
" ခြံစောင့်ဉီးလေးကြီးမပြောပြဘူးလား "
" ပြောပြတော့သိမှာလား "
" အွန်း "
" ထားပါ !အိမ်မှာပဲမုန့်လုပ်စားကြတာလား ဘယ်သွားကြသေးလဲ ဘယ်နှစ်ယောက်လဲ ဘာလို့ကားမယူသွားတာလဲ သူများကားတော်ရုံဆိုမစီးတဲ့
သူက "
"ဘာ!!"
" ... "
" အော် "
" Good night "
" ရေချိုးခဲ့ပြီးပြီ "
" အေးကွာ.. ဘာဖစ်နေတာလဲမင်း !အိပ်မို့ပါဆို စကားပြောလို့ကိုမပီးတော့ဘူး ထပ်မပြောနဲ့နော်အိပ်ပြီ "
" တောက်စ် !"
:
:
:
Flash back ;
" hot pot! မာလာရှမ်းကော! "
"ရေး!! "
" Ok !လာ ယုန်လေး သွားမယ် "
:
:
ကောင်မလေးကချောတယ်လှတယ်ချစ်စရာလေး...တွန်းလှည်းကိုလဲသူကတွန်းပေးလို့ ... သူများတွေအမြင်မှာဆိုရင်ကြင်စဉီးဇနှီးမောင်နှံလိုလို .....
ရှောင်းကျန့်နဲ့တောင်တစ်ခါမှဈေးဝယ်မထွက်ဘူးတဲ့ရိပေါ်ကအခုကောင်မလေးတစ်ယောက်နဲ့ဈေးဝယ်ထွက်နေတယ်...မျက်နှာကလဲပြုံးရိပ်သန်းနေတယ်...ရှောင်းကျန့်ကိုမမြင်ပါဘူးသူတို့...
ရှောင်းကျန့်နဲ့ရိပေါ်ဈေးအတူထွက်မ၀ယ်ဖြစ်တာကသူကလိုက်မပို့တာလားကိုယ်ကလိုက်ပို့ဖို့မပြောမိတာလား?သေချာတာကတော့အဲ့ကိစ္စနဲ့ပတ်သတ်ပြီးနှစ်ယောက်လုံးဘက်ကတစ်ခွန်းမှမပြောဖူးကြဘူး ။
Flash end :;
" ကိုကို !ကိုကို !ထတော့ "
" Ok! ဆယ်မိနစ်ပဲရမယ် "
" ....... "
######
Continue Reading
You'll Also Like
10.9K 2K 20
ජීවිතේ ප්‍රේමනීය පරිච්ඡේද ලියවුනේම ආදරනීය හමුවීම් එක්ක.... ......❤️
33.8K 3.2K 25
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...
499K 67.5K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
169K 12.1K 49
ត្រូវចាំទុកថាគីមថេហ្យុងគឺជារបស់ខ្ញុំតែម្នាក់គត់បើអ្នកហ៊ានប៉ះគេប្រៀបដូចអ្នកហ៊ានប្រឡែងនិងភ្លើងអញ្ចឹងហើយភ្លើងដូចជាខ្ញុំក៏និងដុតកម្លោចអ្នកតែម្ដង បើជឿប៉ះព...