Part : 21(U&Z)

14.9K 772 47
                                    

Uni💗

ကျန်းချန်တို့လဲ မနက်စာ၀ယ်လာကာဆေးရုံကိုအစောလာလိုက်သည် ... ထို့နောက်ညကခုံပေါ်မှာပဲထိုင်တာအိပ်ပျော်နေသည့် ရိပေါ့်ကိုတွေ့လိုက်ရသည် ...
ကျန့်ကျန့်ညကအထဲမခေါ်ဘူးလား ...

" ရိပေါ် ရိပေါ် ထအုံး "

" ဟင် !အော် ကျန်းချန်တို့တောင်လာပြီ
လား "

" တစ်ညလုံးဒီမှာနေနေတာလား "

" အင်း "

" မင်းခြင်တွေကိုက်ထားတာမလား ခြင်ကိုက်ဖုတွေအများကြီး "

" အင်း "

" အိမ်ခနပြန်ပြီး မျက်နှာသစ်ရေချိုးလေ ပြီးမှပြန်လာချင်လာပေါ့ "

" အင်း! ရှောင်းကျန့်ကိုပြောပြလိုက်အုံး ကျွန်တော်သွားနှုတ်ဆက်ရင်မမြင်ချင်မှာစိုးလို့ "

" အင်းပါ "

ရိပေါ်လဲ ညကဟောက်ရွှမ်းနဲ့လာသည်မို့ ကားကမပါ ... taxi ပဲငှားရတော့မည် မတတ်နိုင်ဘူး ...

ရိပေါ်အိမ်ရောက်တော့ရေချိုးလိုက်သည် ။မနက်စာတော့အပြင်ကပဲစားလိုက်သည်။ရှောင်းကျန့်မရှိထဲကသူအပြင်စာပဲစားတော့တာ ...

ပြီးတော့ ရှောင်းကျန့်အတွက် စားစရာအချို့၀ယ်ကာ ဆေးရုံကိုပြန်လာသည် ။မား ph ဆက်လို့လည်းအကျိုးအကြောင်းပြောပြထားသည် ...

ဆေးရုံကိုပြန်မသွားခင် တွေ့စရာလူရှိသေးသည်မို့Ph ဆက်ကာချိန်းလိုက်သည် ...

" darling ဘက်က စချိန်းလို့ပါ့လား "

" အင်း !ကိုယ်ရှည်ရှည်ဝေးဝေးမပြောချင်ဘူး ကိုယ်တို့လမ်းခွဲမယ်မင်္ဂလာပွဲဖျက်ကြမယ် "

" ဘာ !"

" ဟုတ်တယ် ကိုယ်ရှင်းမေကိုမချစ်တော့တာတော်တော်ကြာနေပြီ ကိုယ်တို့မဖြစ်နိုင်ဘူး !ကိုယ်တို့ကိစ္စကိုဘယ်သူမှလဲမသိသေးတာမို့ရှင်းမေအရှက်မကွဲပါဘူး ရှင်းမေဘက်ကအသိပေးထားလို့သိနေတဲ့သူတွေရှိလဲကိုယ်မတတ်နိုင်ဘူး၊ကိုယ်အစထဲကသိုသိုသိပ်သိပ်လုပ်ဖို့သတိပေးပြီးသာပဲ။ ကိုယ်တို့ထပ်ပတ်သတ်စရာမလိုတော့ဘူး ကိုယ်ပြောချင်တာအဲ့တာပဲ ရှင်းမေဘာပြောစရာရှိသေးလဲ ကိုယ့်ကို "

🦁💚my husband🐰❤️ { Complete }Where stories live. Discover now