Uni💗
ရိပေါ်ထွက်သွားတာနဲ့ရှောင်းကျန့်အိပ်ယာကထပြီးရေချိုးလိုက်သည် ။ ရိပေါ့်ကိုချော့ပြီးပါးနဲ့မားအိမ်ကိုသွားဖို့ပြင်ဆင်ကာရိပေါ့်အလုပ်ကိုထွက်လာခဲ့လိုက်တယ်။ဒါပေမဲ့အချည်းနှီးသာ...
တခါမှမရောက်ဖူးတဲ့Showroom အရောက် ဟိုကြည့်ဒီကြည့်လုပ်နေရာမှ...ကျိလီ " ဒီကအစ်ကို ဘာလိုချင်လို့လဲဗျ "
"ရိပေါ်နဲ့တွေ့ချင်လို့ညီလေး "
" Boss ကအပြင်သွားတယ်ဗျ ဆိုင်ကယ်ကြည့်မယ်ဆို ကျွန်တော်နဲ့ပဲပြီးပါတယ်ဗျ "
" ညီလေးကဘာရာထူးလဲ သူကရောဘယ်သွားတာလဲ သွားတာကြာပြီလား ဘယ်သူနဲ့လဲ "
" ကျွန်တော်ကရိပေါ့်သူငယ်ချင်းပါ ဒီမှာမန်နေဂျာပါ အစ်ကိုကဘယ်သူမို့ boss အကြောင်းအဲ့လောက်သိချင်နေရတာလဲ "
ရိပေါ့်သူငယ်ချင်းတဲ့လား မြင်တောင်မမြင်ဖူးဘူး.....
" မေးတာဖြေပါ "
ရှောင်းကျန့်ခပ်တည်တည်နဲ့မေးနေသည်မို့ သူနဲနဲတော့ရာသီဥတုအေးလာသလိုခံစားရတယ်။ဘယ်သူမှန်းမသိပေမဲ့လည်း ဒါလေးပြောပြလိုက်တာတော့ပြသနာမဖစ်ဘူးမလား......
" ဟို boss က မိတ်ဆွေအမျိုးသမီးတစ်ယောက်ကား၀ယ်တာလိုက်သွားပေးတာပါမနက်ထဲကပါ "
" အဲ့အမျိုးသမီးနာမည်သိခွင့်ရှိမလား "
" ဟို .... "
" ဘာမှမဖစ်စေရဘူး "
" ရှင်းမေပါ "
" ရှင်းမေ ! ရှင်းမေ ဆိုတာသူ့ရည်းစားဟောင်း ! "
" ဟုတ် !ဟုတ်ပါတယ်ဗျ "
" အဲ့တာဆို မနေ့ကသူတို့ Shopping mall သွားတာလဲ မင်းသိတယ်ပေါ့ "
" ဟို အ့တာက "
" ဘာမှမဖစ်စေရဘူးလို့ပြောပြီးပြီမလား "
" မနေ့က ရိပေါ်သူ့ပါးဆီသွားနေတာမို့အလုပ်ကို 10 နာရီလောက်မှလာတာပါ ရှင်းမေက 9 နာရီလောက်ထဲကလာစောင့်နေတာပါ ရှင်းမေက အရင်တစ်ရက်ကမှ US ကပြန်ရောက်တာပါ "
" အော် အဲ့တော့ သူနဲ့လိုက်သွားတယ်ပေါ့ဘယ်အချိန်ပြန်လာလဲ "
YOU ARE READING
🦁💚my husband🐰❤️ { Complete }
FanfictionYizhan အိမ်ထောင်ရေး ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဘယ်သူ့ဆီကမှ copy ယူထားခြင်းမရှိပါဘူး။ကိုယ့်စိတ်ကူးသက်သက်သာပုံဖော်ထားခြင်းဖြး်ပါသည်။ကောနဲ့အူကြူးကိုချစ်လို့ဖန်တီးထားတာပါ။idol တွေကိုထိခိုက်လိုစိတ်မရှိပါ။ပထမဆုံး fic လေးဖို့ဖတ်ပေးကြပါအုံး။ကြိုးစားထားပါတယ်။ [[...