Uni💗
ရှောင်းကျန့်လဲ သားလေးနှစ်ယောက် ၆ လပြည့်မှဆေးရုံမှာအလုပ်ပြန်၀င်သည် ။သားတွေကိုအိမ်မှာကြီးမေကတနေကုန်ထိန်းရတာပေါ့ ... အားနာလို့ မား ကိုမခေါ်တာကို သူ့မြေးလေးတွေကိုထိန်းချင်တယ်ဆ်ိုပြီးအလုပ်ဖွင့်ရက်ငါးရက်လုံးလာနေပေး၏။ပိတ်ရက်မှသာသူ့အိမ်ပြန်သည်...အဲ့လိုပဲ
ဖွင့်ရက်လာလိုက်ပိတ်ရက်ပြန်လိုက်...ရှောင်းကျန့်လဲကလေးတွေနဲ့ဆိုတော့ညဂျူတီတွေလုံး၀လက်မခံဖြစ်တော့ဘူး။ ကလေးတွေကငယ်သေးတယ် သူနဲ့မနက်နဲ့ညပဲတွေ့ရတာကိုညပါဂျူတီ၀င်ရရင်ကလေးတွေကသူ့အပေါ်ကြီးလာရင်စိမ်းကားသွားမှာမလ်ိုလားဘူး ။ရိပေါ်ကတော့အလုပ်မလုပ်စေချင်တော့ဘူး ထွက်ဖို့လဲမပြောရဲဘူး အရင်တခါလိုရန်ဖြစ်မှာစိုးတယ်လေ။ရှောင်းကျန့်မှာညနေအလုပ်ကပြန်လာတာနဲ့ အ၀တ်အစားမလဲနိုင်ကလေးနှစ်ယောက်ကိုနို့တိုက်ရသည် ...
ယောက်ျားလေးမို့ပြားကပ်ကပ်ဖြစ်နေတဲ့နို့က ဘုရားကဆုပေးတာလားဒဏ်ပေးတာလားမသဲကွဲ နို့ချိုထွက်၏။ကျွန်တော့်အတွက်ကတော့သားလေးတွေကိုမိခင်နို့တိုက်ခွင့်ရတာမို့ဆုလာဘ်လို့ပဲမြင်တယ် ... ဒါပေမဲ့မိန်းမတွေလောက်ဒလဟောမထွက်တော့ နို့မှုန့်လဲဖျော်တ်ိုက်ရတာပေါ့ ...
သားနှစ်ယောက်လုံးကရိပေါ်နဲ့ရောသူနဲ့ရောတူကြသည်။မြင်တဲ့သူတိုင်းကလည်းသူတို့သားမှန်းသိကြတဲ့အထိ…သားနှစ်ယောက်မှာအကြီးလေးကရယ်ရင်ရိပေါ့်လိုအသည်းပုံနှုတ်ခမ်းလေးနဲ့ အငယ်လေးကရှောင်းကျန့်လိုနှုတ်ခမ်းအောက်ကမှဲ့လေးနဲ့ယုန်သွားလေးနဲ့ ... သူတို့မိသားစုကအိမ်မှာပဲနေနေ ဘယ်နေရာပဲသွားသွားအမြဲတမ်းအငယ်လေးကရှောင်းကျန့်ဆီမှာအကြီးလေးကရိပေါ့်ဆီမှာ ...
ရှောင်းကျန့်တစ်ယောက်အလုပ်ဖွင့်ရက်လဲအလုပ်သွားရပြန်လာလဲကလေးထိန်းရနဲ့ ပိတ်ရက်ဆိုလဲမနားရဘူး သူ့ယောက်ျားနဲ့ကလေးတွေဝေယျာ၀စ္စလုပ်ရသည် ... တော်သေးတယ်ကလေးတွေငယ်ငယ်ထဲကအနှီးတွေ အ၀တ်တွေ ဆ်ိုအ၀တ်လျှော်စက်နဲ့လျှော်လို့နဲနဲသက်သာတာ ...
မီးပူကတော့အရင်တုန်းကရှောင်းကျန့်တ်ိုက်သည် ။အခုတော့ကြီးမေကတိုက်ပေးသည် ...မီးဖိုကတော့အားရင်အားသလို၀င်ကူပေးဖြစ်၏။သိပ်တော့မ၀င်ဖြစ်ပါဘူး ဟိုပေါက်စလေးတွေကြောင့်...ညလဲကောင်းကောင်းမအိပ်ရဘူး...တရေးနိုးထငိုရင်အိပ်ချင်မူးတူးနဲ့နို့ထတိုက်ရသေးတယ် ... ဘေးကကာလနဂါးကတော့သူ့တတ်လုပ်သွားတောင်သိမဲ့ပုံမပေါ်ဘူး...
YOU ARE READING
🦁💚my husband🐰❤️ { Complete }
FanfictionYizhan အိမ်ထောင်ရေး ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဘယ်သူ့ဆီကမှ copy ယူထားခြင်းမရှိပါဘူး။ကိုယ့်စိတ်ကူးသက်သက်သာပုံဖော်ထားခြင်းဖြး်ပါသည်။ကောနဲ့အူကြူးကိုချစ်လို့ဖန်တီးထားတာပါ။idol တွေကိုထိခိုက်လိုစိတ်မရှိပါ။ပထမဆုံး fic လေးဖို့ဖတ်ပေးကြပါအုံး။ကြိုးစားထားပါတယ်။ [[...