Uni💗
ရှောင်းကျန့်၀ယ်ထားတဲ့အိမ်လေးကဆေးရုံနဲ့လဲသိပ်မဝေးတော့သွားရလာရတာလဲအဆင်ပြေတယ် ...ရိပေါ့်အိမ်ကပြောင်းလာပြီး 3 ရက်မြောက်နေ့မှာ ရိပေါ့်ကိုဆေးရုံရှေ့မှာလာစောင့်နေတာတွေ့လိုက်၏။
ကိုယ့်ဆီလာတာလဲဟုတ်ချင်မှဟုတ်မှာ သူ့အသိတွေဘာတွေ တစ်ယောက်ယောက်ဆေးရုံရောက်နေလို့လဲဖြစ်နိုင်ပါတယ် ...
ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်မတွေ့ချင်ဘူး ...
တွေ့လို့လဲမရဘူး ...ကိုယ်လဲမတွေ့ချင်တာနဲ့ သူပြန်မှဆေးရုံထဲကထွက်လာပြိီးအိမ်ပြန်လာခဲ့လိုက်သည်။သူနဲ့ကိုယ်နဲ့ကွာရှင်းပြီးသားမို့ သူလဲသူ့ဘ၀နဲ့သူနေတော့မှာမှန်ပေမဲ့ မကောင်းတတ်လို့ဆိုတာမျိုး လူမှုရေးတွေလဲသူတို့နဲ့မလုပ်ချင်တာကြောင့်အကုန်ဖြတ်ထားမှဖြစ်မှာ ... အချိန်တစ်ခုရောက်မှအတွေ့ခံမယ် ...
ပါးနဲ့မားကိုတော့အားနာပေမဲ့ ကိုယ်နဲ့မပတ်သတ်တော့ဘူးဆိုရင် အဆုံးထိကိုမပတ်သတ်ဘဲနေချင်တာ ... သူတို့မိသားစုကတချိန်ချိန်မှာကိုယ့်လူနာဖြစ်ခဲ့ရင်တောင်တခြားဆရာ၀န်တစ်ယောက်ဆီလက်လွှဲပေးမိမှာ ...
ရှောင်းကျန့်ကသူတို့နဲ့မပတ်သတ်ချင်တော့လို့သာအဆက်အသွယ်တွေဖြတ်လိုက်တာ ... ဒါမဲ့ ဝေးအောင်လို့ဆိုပြိီးနိုင်ငံခြားတွေဘာတွေသွားနေမှာတော့မဟုဘူး ...
သူတို့နဲ့မတွေ့ချင်လို့ဆိုပြီးနိုင်ငံခြားအထိတောင်ထွက်သွားရအောင်ကိုယ်ကရာဇဝတ်ကျူး
လွန်ထားတဲ့တရားခံမို့လား ...အဲ့လိုပြေးရအောင်လဲ ရိပေါ့်ကိုနာကျည်းပြီးမုန်းနေတဲ့သူလဲမဟုတ် ... ပုံမှန်ပဲ ... ကွာရှင်းထားတဲ့သူနဲ့မပတ်သတ်ချင်ရုံ ...မင်းတို့ပတ်၀န်းကျင်တွေမှာလဲတွေ့ဖူးမှာပါ ဘယ်သူကကွာရှင်းပြီးသားနဲ့လူနဲ့သူရဲ့မိသားစုတွေနဲ့ပြန်ပတ်သတ်လို့လဲ ... ကိုယ်လဲသူတို့လိုပဲပေါ့ ...
အဲ့တစ်ရက်ပါပဲနောက်နေ့ရိပေါ့်ကိုလဲထပ်မတွေ့တော့ပါဘူး ... ဒီလိုပါပဲရှောင်းကျန့်တို့ကပါးနဲ့မားဆုံးပြီး သူနဲ့မယူခင်ထဲက နှစ်နှစ်လုံးလုံးတစ်ယောက်ထဲနေလာခဲ့တာ ... ပါးနဲ့မားရှိစဥ်ကလဲတစ်ယောက်ထဲနေလာခဲ့တာပဲ ...
ČTEŠ
🦁💚my husband🐰❤️ { Complete }
FanfikceYizhan အိမ်ထောင်ရေး ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဘယ်သူ့ဆီကမှ copy ယူထားခြင်းမရှိပါဘူး။ကိုယ့်စိတ်ကူးသက်သက်သာပုံဖော်ထားခြင်းဖြး်ပါသည်။ကောနဲ့အူကြူးကိုချစ်လို့ဖန်တီးထားတာပါ။idol တွေကိုထိခိုက်လိုစိတ်မရှိပါ။ပထမဆုံး fic လေးဖို့ဖတ်ပေးကြပါအုံး။ကြိုးစားထားပါတယ်။ [[...