အကိုရှင်းကပြောတယ်...surprise တစ်ခုလုပ်စရာရှိလို့တဲ့...ကျွန်တော့်ကို မနက်ဖြန်နေ့လယ်၃နာရီ ဝန်းကျင်လောက် လာခဲ့ပေးပါလားတဲ့...
ဒါဘဲ ညက message ပို့ပြီး နှောင်းရိပ်ကို အကိုရှင်းကပြောခဲ့တာ...
ဒါဘဲပြောတာကို ဒီနှောင်းရိပ်ဆိုတဲ့ ကျွန်တော်က ဘာလို့ စိတ်လှုပ်ရှားနေရတာလဲ..
Surprise ဆိုလားဘဲ...
ကျွန်တော် မေးခဲ့ပါသေးတယ်..ဘာလဲလို့...
အကိုရှင်းက surprise ဆိုမှတော့ အခုပြောလိုက်ရင် အံ့ဩဖို့ ကောင်းမှာ မဟုတ်တော့ဘူးတဲ့လေ..နက်ဖြန်ရောက်ရင် သေချာပေါက် သိရမှာပါတဲ့လေ...
ဟူး..ခက်တာဘဲ..သိချင်ပါတယ်ဆိုမှ ..အကိုရှင်းကလည်း ဘူးကိုင်ပြီး ငြင်းနေတော့တာ
အကိုရှင်းကပြောသေးတယ်...ကျွန်တော်သာ နက်ဖြန်သူပြောတဲ့ နေရာကို ရောက်ရင် တကယ်ကို surprise ဖြစ်မှာပါတဲ့လေ..
အင်းလေ..မနက်ဖြန်ဆိုတော့လည်း မနက်ဖြန်ပေါ့...
ကျွန်တော်လည်း မနက်ဖြန်အတွက် အားမွေးကာ အိပ်ဖို့ ကြိုးစားလိုက်တော့သည်။
နောက်နေ့မနက်...
ကျွန်တော်နိုးတော့ အပြင်ပြတင်းပေါက်ဘက်ကို အရင်ဆုံး ကြည့်မိလိုက်တယ်...
ဒီနေ့ နေပွင့်နေတာဘဲ...သာယာလိုက်တာ...
နာရီကို ကြည့်လိုက်တော့ မနက် ၉:၃၀...
ဟာ..နှောင်းရိပ်တော်တော်ကို အိပ်လိုက်တာဘဲ...
အရင်ဆို မနက် ၆:၃၀ဆိုတာနဲ့ နှောင်းရိပ်က နိုးနေတာ..
အခုလို နောက်ကျမှ နိုးတာ အကိုရှင်းကြောင့်..အဲ့ဒါ အကိုသိလား...
ညက အကိုရှင်း အကြောင်းတွေ အများကြီး စဉ်းစားမိသွားလို့ အိပ်တာနောက်ကျသွားခဲ့တာ..
ဟွန့်..လူဆိုး အကိုရှင်း...
'ခစ်...'
'ဟယ်..သားလေး..နိုးပြီလား...'
'အော်..ကြီးမေ..ဟို ...ဘယ်တုန်းက ရောက်နေတာလဲ...သားတောင် မသိလိုက်ဘူး...'
ကြီးကြီးက နှောင်းရိပ်အတွက် အိမ်က ယူလာတဲ့ ပစ္စည်း အချို့ကို သူ့နေရာသူထားရင်း
'အမလေး..ရောက်တာကြာပေါ့ရှင်..ရှင်လေးနိုးပြီး ပြတင်းပေါက် ကို ကြည့်တည်းက ဆိုပါတော့...ဘာတွေကို စဉ်းစားပြီး အဲ့လောက်တောင် ပြုံးနေရတာလဲ သားလေးရဲ့...'
'ဟိ..ဘာရယ် မဟုတ်ပါဘူး..ဒီတိုင်း ဟိုဟာ ဒီဟာ စဉ်းစားမိလို့ပါ...'
'ဟုတ်ပါပြီ...'
'ဟို..ကြီးမေ...ဘဘကောဟင်...'
'ရှိပါ့ရှင်..'
'သားလေးရေ..!!'
'အော်..ပြောရင်းဆိုရင်း လာပါပြီရှင်...'
'Morning သားလေး...'
' Morning ဘဘ...'
'အမလေး..ညိုရေ..သားလေး မျက်နှာကို ကြည့်ရတာ ဒီနေ့ နည်းနည်းများ လန်းနေသလားလို့...'
'ဟုတ်ပါ့ရှင်...ညို ဝင်လာတည်းက ပြုံးတေတာလေ..အဟင်း...ဘာကို ပြုံးလဲဆိုတာကတော့..'
'ကြီးမေကလည်း...'
'ဟား..ကဲပါ ညိုရယ်..ကလေးကို မစပါတော့နဲ့...'
'ကောင်းပါပြီတော်...'
'ဒီကမ္ဘာမှာ ဘဘကသာ အကောင်းဆုံး...'
'ဟား..တွေ့လားညိုရေ...ဟား...'
'အမလေး ..အခုတော့ ဒီက ကြီးမေကို မေ့ပြီပေါ့..ဟုတ်လား ကောင်လေး..'
'ဟီး..မဟုတ်ပါဘူး..ကြီးမေကိုလည်း အားကြီးချစ်..'
'ဟက်..ဟုတ်ပါပြီကွယ်..သားလေး..နိုးပြီဆိုတော့ မျက်နှာသစ် သွားတိုက်..ကိုယ်လက်ဆေးရအောင်လေ..နော်..'
'ဟုတ်..ကြီးမေ..'
'ဘဘ..ဟိ...သားကို တွဲပေးမလားဟင်..'
'ဒါပေါ့ကွ...လာ..ဘဘလက်ကို တွဲလိုက်..'
'ဟုတ်ကဲ့ပါဗျ...'
တခဏအကြာ...
'ကဲ..ဒီတူဝရီး နှစ်ယောက် ..ကြာတယ်နော်...မြန်မြန်လုပ်ကြဟေ့..မုန့်တွေ အေးကုန်တော့မယ်..'
'ဟုတ်..လာပြီ ကြီးမေ..'
'ကဲလာ...ဘာလို့ ကြာနေရတာလဲ သားလေးရယ်..အအေးမိကုန်မှဖြင့်...'
'ဘာမှ မဖြစ်ပါဘူး..သားက အခု ဒေါင်ဒေါင်မြည်နေပါပြီဗျ...'
'ကဲ..ကိုဒေါင်ဒေါင်မြည်...ဘဘခွံကျွေးရမလား...'
'ဟုတ်..'
'အာ...'
'အာ...'
မနက်စာ ထမင်းဝိုင်းလေးကတော့ အရင်ရက်တွေကနဲ့မတူ ဒီနေ့တော့ ရယ်သံတွေ စနောက်သံတွေနဲ့ ဖုံးနေတော့တာပေါ့...
'သားလေး...စားပြီးပြီဆိုတော့ ဆေးသောက်ရအောင်နော်...'
'ဟုတ်...အဟွတ်..အဟွတ်!!
'သား...နေလို့ ကောင်းရဲ့လား..'
'အင်း..ကြီးမေ..သက်သာပါတယ်..အော်..ဒါနဲ့ ကြီးမေ..သား နေ့လည်ကြရင် အပြင်ခဏသွားချင်တယ်..'
'အပြင်..??'
'ဟုတ်..အကိုရှင်းက ခေါ်ထားလို့ပါ...သားကို surprise လုပ်စရာတစ်ခုရှိလို့တဲ့...အဲ့ဒါ သားရသွားချင်လို့...'
'သားလေးရယ်..ကြီးမေ ဒီတိုင်းဆိုရင် ခွင့်ပြုပါတယ်..ဒါပေမယ့် သားက အခု နေမှ သိပ်မကောင်းသေးဘဲ...'
'ကြီးမေကလည်း..အကိုရှင်းက ခေါ်ထားလို့ပါ..နော်..နော်လို့..သား ကို ဒီတစ်ခါတော့ ခွင့်ပြုပေးနော်..သား အပြင်မထွက်ရတာလဲ ကြာလို့ အပြင်လေး ဘာလေးလဲ ထွက်လျင်လို့ပါ...'
'ဟူး..အင်းပါ..ဒါပေမယ့် ဘဘကို လိုက်ပို့ ခိုင်းပေးမယ်နော်...'
'ရေး..မွ..ဒါကြောင့် ကြီးမေကို ချစ်နေရတာ..မွ..မွ..မွ...'
'အမလေး..ဟုတ်ပါပြီ..အချွဲစိန်လေးရယ်..'
'ဟိ...'
နှောင်းရိပ်လည်း ပျော်လွန်းလို့ သွားတက်လေးများပေါ်အောင်ကို ရယ်မိတော့သည်။
နေ့လည် ၂:၅၀...
ရန်ကုန်မြို့ရဲ့ တစ်နေရာ
'ဘဘ...မရောက်သေးဘူးလားဟင်...'
'အာ..ရောက်ကါတော့ မယ်ဗျာ...'
'ဟို အချိန်က နီးနေပြီ မလို့ပါဗျ..သားက အကိုရှင်းကို စောင့်ခိုင်းရမှာ အားနာလို့...'
'အင်း..ဟို ရှေ့နားဆို ရောက်ပြီနော်..'
'...'
'ကဲ...ရောက်ပါပြီဗျာ...'
'ဟုတ်...'
'ဘုတ်..!!'
'ဟဲ့..သားလေး..ဘယ်လိုတောင် ခုန်ဆင်းရတာလဲ..'
'ဟီး..စိတ်လောသွားလို့...ခစ်..'
'အေးပါ..ဖြည်းဖြည်းသွားနော်...ပြေးမသွားနဲ့ဦး..သားကိုကြီးရှင်းက ဘယ်မှ မသွားဘူး..သားကို စောင့်နေမှာ..'
'ဟုတ်ကဲ့ပါဗျ..ဒါနဲ့..ဘဘ..သား ဝတ်ထားတာရအဆင်ပြေရဲ့လားဟင်...'
နှောင်းရိပ်လေးက အပေါ်တွင် အဖြူရောင် shirt လေးကိုမှ အပေါ်က ခဲရောင် အဖျော့ ကုတ်အရှည်ကို ထပ်ဝတ်ထားကာ အောက်မှာလဲ style pants အပွ အဖြူလေးကို တွဲဖက်ညီစွာ ဝတ်ဆင်ထားလေသည်။ အဝေးကကြည့်ရင် နတ်သားလေး တစ်ပါးလိုပေါ့...(ဟိ..ယူတို့တော့ မသိဘူး..ဒီက သာသာတော့ uke ပိစိလေးကို အသည်းယားလို့ ဝိုက်တောင် ဝိုက်ချင်လာပြီ...😅😅..ဖြူဖြူဥဥ သေးသေးလေးနဲ့ ချစ်စရာလေးနေမှာ..)
'ပြေပါ့ဗျာ...'
'ဟိ..ဟုတ်..သား..သွားတော့မယ်နော် ဘဘ..'
'အင်းပါ..အော် ဒါနဲ့ သားလေး..အပြန်ကျရင် ဘဘကို ဖုန်းဆက်လိုက်နော်..ဘဘ လာခေါ်မယ်..'
'ဟုတ်..တာ့တာ..'
'တာ့တာ..သားလေး..'
⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️
Author's note
တိုသွားလို့ နောက်တစ်ပိုင်း ဆက်လာပါမည်..ခဏလေးစောင့်ပေးပါရှင့်..
ယူတို့ကို ချစ်လွန်းလို့ တင်ပေးလိုက်တာနော်..