[Zawgyi]
အားလံုး ၾကားၾကားသမ်ွ အမ်ွ အမ်ွ အမ်ွ....
ယူေတာ္မူၾကပါကုန္ေသာ္......................
သာဓု....သာဓု...သာဓု..........................
!!....
ေၾကးစည္သံအဆံုးတြင္ ေကာင္ေလးနွစ္ေယာက္က တၿပိဳင္နက္တည္းပင္ ဘုရားဝတ္ျပဳလိုက္ေလသည္။
ၿပီးေနာက္တစ္ေယာက္ကိုတစ္ေယာက္ေခတၱမ်ွ ျပန္စိုက္ၾကည့္လိုက္မိၾကေလသည္။ေမာင္ေရာက္လာကတည္းက မနက္အေစာထကာ ဘုရားရွစ္ခိုးသည့္အေလ့အက်င့္ကို သူအေတာ္ေလးလုပ္ေပး ခဲ့ရေလသည္။
အခုေတာ့ေမာင္လည္းပဲသူ႔လိုေနသားက်သြားၿပီထင္ပါရဲ႕။
"ကဲေမာင္ေရအရင္ခ်ိဳး...ဒီေန႔ေက်ာင္းတက္ရက္ေနာ္...ေစာေစာသြားမွရမယ္..."
ဒါကလည္း ေရခ်ိဳးလ်ွင္ၾကာလြန္းသည့္ေမာင့္ကိုသူသတိေပးရေလသည္။
"မင္းအရင္ခ်ိဳးေလ.."
"ကြၽန္ေတာ္ကျမန္ပါတယ္ေမာင္ရဲ႕...သြားပါကြၽန္ေတာ္အဝတ္ေတြထုတ္ထားလိုက္မယ္..."
"အဝတ္ေတြ..?"
"အင္း မေန႔ညေနေမာင့္ေဖေဖလာပို႔သြားတာ...ေမာင္ကအျပင္သြားေနလို႔မေတြ႕သြားတာေလ.."
"သူမင္းကိုဘာေျပာသြားေသးလဲ.."
ေမာင္ကသူ႔ပခံုးေတြအားဆုတ္ကိုင္ကာေမးလိုက္ေလသည္။သူ႔အထင္ေမာင္ကနည္းနည္းထိတ္လန္႔ေနသလားလို႔။
"ဘာမွမေျပာပါဘူးေမာင္ရဲ႕...ဒီအတိုင္း အဆင္ေျပလားဘာညာေလာက္ပါ.."
"ေအာ္.."
"သြားပါေမာင္ရာ...ေစာေစာသြားမွာပါဆိူ...ေရခ်ိဳးေတာ့"
သူကေမာင့္ကိုအိမ္ေအာက္သို႔ အတင္းတြန္းပို႔လိုက္ကာျပန္တတ္လာခဲ့ေလသည္။မေန႔ကေမာင့္ေဖေဖလာေပးသြားသည့္ ေမာင့္ေက်ာင္းဝတ္ဆံုေတြအားဗီရိုညာဘက္ျခမ္းတြင္သီးသန္႔စီရီထပ္ထားလိုက္သည္။ၿပီးေနာက္ေမာင့္အတြက္ ဝတ္ဖို႔တစ္စံုကိုဖ်ာေပၚတင္ေပးထားလိုက္ရင္းမေန႔ကေမာင့္ေဖေဖေျပာသြားသည့္စကားအခ်ိဳ႕ကိုျပန္ေတြးေနမိသည္။
"ငါလုပ္နိုင္ပါတယ္...ေမာင့္အတြက္ပဲဟာ...ဘာပဲျဖစ္ျဖစ္ ေမာင့္ကိုမဆံုးရွံုးရေတာ့ဘူးေလ.."
သူ႔ကိုယ္သူျပန္အားေပးလိုက္ေလသည္။
"ေမာင္သိရင္ေကာ....လက္ခံနိုင္အံုးမွာလား..."
"ေမာင့္ကိုတျခားသူလက္ထဲမွ မထည့္ေပးနိုင္တာ...ဒီနည္းပဲရွိေတာ့တာ...ငါမေျပာရင္ေမာင္သိမွာမဟုတ္ပါဘူး..."
သူက ေမာင့္ေဖေဖကိုကတိေပးခဲ့ၿပီးသားေလ။
"ဟူး...မင္းလုပ္နိုင္ပါတယ္ အလင္း.."
ခနအၾကာမွာ ေမာင္ကေရခ်ိဳးၿပီး၍အိမ္ေပၚတတ္လာတာေၾကာင့္သူလည္းေရခ်ိဳးရန္ျပင္လိုက္ေလသည္။
"ေဘ ဘီ"
ကိုယ္ေသးေသးေလးက အိမ္ေအာက္သို႔ ေျပးဆင္းသြားသည္ကိုၾကည့္ကာ သူတီးတိုးေလးေရ႐ြတ္မိေလသည္။
"ဂရုမစိုက္ျပန္ဘူး...ေျပးဆင္းသြားတယ္ကြာ"
မင္းေယာက်ာ္းက သူ႔အလင္းကို ၾကည့္ကာ တိုးတိုးေလး ေရ႐ြတ္လိုက္ေလသည္။သူနိုင္ငံျခားကျပန္လာတဲ့အခါ အလင္းကို အားလံုးနဲ႔ေဝးတဲ့ဆီကိုေခၚသြားၿပီး သူတို႔ရဲ႕ ေမတၱာအိမ္ကေလး ေဆာက္ဖို႔အတြက္သူ႔အေဖနဲ႔ အေပးအယူလုပ္ခဲ့ရေလသည္။သူ႔အေဖက အလြယ္တကူ သေဘာတူခဲ့ျခင္းေတာ့ မဟုတ္...englandမွာ စီးပြားေရးဘြဲ႕ယူၿပီး မိသားစုလုပ္ငန္းတြင္၂နွစ္ ဦးစီးေပးဖို႔ကတိေတာင္းခဲ့ေလသည္။အဘြားမဆံုးခင္ေတာင္းခဲ့သည့္ကတိကိုေတာ့ သူ႔အေဖကတည္ခ်င္ပံုရေလသည္။မိသားစုရဲ႕တရားဝင္ေျမးျဖစ္တဲ့သူကလြဲၿပီး တျခားသူကို ဒီလုပ္ငန္းစု တစ္စုလံုးကို မဦးစီးေစနဲ႔ ဆိုသည့္ကတိစကားေၾကာင့္ပင္။သူ႔လက္ထပ္ေရာက္မွ သူႀကိဳက္သလိုစီမံလို႔ရသည္တဲ့။
ဘာပဲျဖစ္ျဖစ္...အလင္းနဲ႔သူ အတူေနနိုင္ဖို႔ပဲေလ။
ယခုခ်ိန္မွာ သူဟာဘာမွမဟုတ္တဲ့အတြက္ အလင္းကိုမကာကြယ္နိုင္သလို...ပတ္ဝန္းက်င္ရဲ႕ေဝဖန္ကဲ့ရဲ႕မႈေတြၾကားမွာ အလင္းသာ စိတ္အားငယ္ေနမည္ကိုလည္း သူစိုးရိမ္သည္။ထို႔ေၾကာင့္ သူ႔မွာသာ အင္အားေတာင့္တင္းေနမယ္ဆိုရင္ သူ႔ရဲ႕အလင္းကိုမည္သူမွထိရဲၾကမည္မဟုတ္ေပ။
ဤသေဘာတူညီခ်က္ကိုထို႔ေၾကာင့္လက္ခံခဲ့သည္။ၿပီးေတာ့ သူ႔အေဖက သူေျပာတဲ့အတိုင္းမလုပ္ရင္ အလင္းကိုဒုကၡေပးမည္ဟုလည္း ကတိေတာင္းထားေသးသည္။သူတဇြတ္ထိုးဆန္သလိုသူ႔အေဖကလည္း တဇြတ္ထိုးဆန္သည္ဆိုတာသူေကာင္းေကာင္းႀကီးသိေနေလသည္။
ယခုအခ်ိန္မွာေတာ့ သူ႔အေဖကစဥ္ေပၚကလူျဖစ္ေနေလေတာ့ သူ႔မွာဘာမွအထြန္႔တတ္ခြင့္မရွိ။
"ေဟာ...ေမာင္ခုထိအဝတ္္မဝတ္ေသးဘဲ...ဘာရပ္လုပ္ေနတာလဲ....အဲ့ဒီမွာ.."
သဘက္ေလးနွင့္မ်က္နွာေပၚမွေရေတြကိုသုတ္ေနရင္းသူ႔ေဘးသို႔ေရာက္လာသည့္အလင္းကေမးေလသည္။
"မင္းကိုေစာင့္ေနတာ"
သူကပါးစပ္ထဲရွိရာေလ်ွာက္ေျဖလိုက္ေလသည္။ျပဴးေၾကာင္ေၾကာင္ေလးျပန္ၾကည့္ေနသည့္အလင္းေၾကာင့္သူလည္း အက်ိႌနွင့္ပဳဆိုးအားလက္ညႇိုုဳးထိုးျပကာ...
"မီးပူမတိုက္တတ္လို႔.."
"ဟမ္...ဒါကတိုက္ၿပီးသားေတြေလ...သြားပါေမာင္ရာအဝတ္လဲေတာ့...ကြၽန္ေတာ္လည္းလဲလိုက္အံုးမယ္."
ေမာင့္လက္ထဲသို႔ေက်ာင္းစိမ္းအက်ိႌနဲ႔ပုဆိုးအားထည့္ေပးလိုက္ရင္းသူကေတာ့ဗီရိုဖြင့္ကာ သူဝတ္ဖို႔ရန္အတြက္ထုတ္လိုက္ေလသည္။
မင္းေယာက်ာ္းလည္းေခါင္းကိုကုတ္လိုက္ကာ အက်္ႌနွင့္ပုဆိုးအားလဲဝတ္လိုက္ေလသည္။သူဝတ္ေနၾကအတိုင္း အက်ႌအေပၚၾကယ္သီးကို၃လံုးေလာက္ျဖဳတ္ထားလိုက္ေလသည္။ပုဆိုးကိုေတာ့အဆင္ေျပသလိုဆြဲဝတ္လိုက္ရင္း ဗီရိုေရွ႕တြင္သူ႔အားေက်ာေပးကာအဝတ္လဲေနသည့္ေကာင္ေလးအားလွမ္းၾကည့္ေနမိသည္။
ေမာင္ျပန္လာမွာပါေဘဘီ.။
အလင္းသာလည္း အဝတ္လဲၿပီးေနာက္စိတ္ထဲမလံုတာေၾကာင့္အေနာက္သို႔လွည့္ၾကည့္မိေတာ့အက်ိႌဟၿပဲနွင့္သူ႔ကိုလွမ္းၾကည့္ေနသည့္ေမာင္။
ေမာင္ဟာေလ...တကယ့္ကိုလူဆိုးပါပဲ။
"ေမာင္...ဘယ္လိုေတာင္ဝတ္ထားရတာလဲ..ထ...ေက်ာင္းသားဆိုတာဒီလိုမဝတ္စားရဘူးေလ.."
သူကထိုင္ေနသည့္ေမာင့္လက္ကိုဆြဲထူကာ အက်ိႌၾကယ္သီးေတြကိုတပ္ေပးလိုက္ေလသည္။
"ေမာင့္ကိုကြၽန္ေတာ္ပုဆိုးဝတ္ေပးမယ္.."
မင္းေယာက်ာ္းက သူ႔ခါးအေနာက္မွ ပုဆိုးဝတ္ေပးရန္ဝင္လာသည့္လက္နွစ္ဖက္အားဆြဲကာသူ႔ကိုဖတ္ထားေစလိုက္သည္။
"ေမာင္...ကြၽန္ေတာ္ပုဆိုးဝတ္ေပးမလို႔ေလ.."
"ဒီအတိုင္းခနေန.."
မင္းေယာက်ာ္းက ေခါင္းကိုေစာင္းကာ သူ႔ေနာက္ကေကာင္ေလးအားလွည့္ၾကည့္လိုက္ေလသည္။သူ႔ပခံုးေပၚေမးေလးတင္သူ႔မ်က္နွာကို ေမာ့ၾကည့္ေနသည့္ေကာင္ေလးအား အတန္ၾကာေအာင္စိုက္ၾကည့္ေနလိုက္သည္။
သူၾကည့္လိုက္သည့္အခါတိုင္း မ်က္လႊာေလးခ်သြားတတ္သည့္ေကာင္ေလးကိုအူယားစြာျဖင့္ နဖူးေလးအားနမ္းလိုက္မိေလသည္။သူ႔ခါးဆီမွဖတ္တြယ္ထားသည့္လက္ေလးေတြ တင္းသြားတာကို သတိထားမိေလသည္။နွစ္ဦးစလံုးရဲ႕ ရင္ဘက္ထဲရွိ သံစံုတီးဝိုင္းမွ အသံတို႔ကလည္း အျပင္ဘက္သို႔ပင္ တိုးထြက္လာေလေတာ့သည္။
ဒုတ္.....
ဘုတ္....
"အ့..."
ညီညီပိုင္မွာ အေတာ္ေလးကိုအဆင္မေျပခဲ့ေပ။အေၾကာင္းမွာေတာ့ သူေရာက္လာသည့္အခါတိုင္းကို မင္းေယာက်ာ္းႀကီးနဲ႔သူ႔သူငယ္ခ်င္းေလးတို႔နမ္းေနၾကသည့္အခ်ိန္ေတြခ်ည္းျဖစ္ေနေသာေၾကာင့္ပင္။
ေျခမေပၚျပဳတ္က်သြားသည့္ ထမင္းခ်ိဳင့္ေလးအားေကာက္ကာသူမ်က္လံုးမွိတ္ကာေအာ္လိုက္ေလသည္။
"ငါေက်ာင္းသြားဖို႔လာေခၚတာပါ...ဘာမွမျမင္လိုက္ပါဘူး...တကယ္...အတည္...ဘုရားစုူး...."
လက္ရဲဇက္ရဲနဲ႔ရန္ျဖစ္တိုင္းပါတတ္သည့္မင္းေယာက်ာ္းႀကီးကိုေတာ့သူေၾကာက္ပါသည္။သူ႔ေျခမေလးနာေနေပမယ့္လို႔ေပါ့...သူကမ်က္လံုးစံုမွိတ္ကာဘာမွမျမင္ေၾကာင္းေျဖရွင္းေနရေလသည္။
"ညီ...ညီ ပိုင္...မ်က္လံုးဖြင့္ပါအံုး...ခနေလးေနာ္..ငါထမင္းဘူးမထည့္ရေသးလို႔.."
ေမာင့္ကိုပုဆိုးေသခ်ာဝတ္ဖို႔ရန္ေျပာၿပီး သူေနာက္ေဖးမီးဖိုေခ်ာင္သို႔ဝင္လာခဲ့ေလသည္။
"ရတယ္...ရတယ္.. ငါဘာမွမျမင္ဘူး ေအးေဆးလုပ္ေနာ္...သိလား.."
စိတ္ထဲမွာေတာ့လူဆိုးေကာင္ကိုမွ သြားႀကိဳက္ေနသည့္ သူ႔သူငယ္ခ်င္းကို သာ ဆဲေနေလေတာ့သည္။လက္ေတြ႕မွာေတာ့ သူကမင္းေယာက်ာ္းနဲ႔အတူတူ အိမ္ေရွ႕ခန္းတြင္က်န္ခဲ့ေလသည္။
"ညီ ညီ ပိုင္...ငါ စကား နည္းနည္းေျပာခ်င္လို႔"
"ဟမ္...ငါ...ငါ..ဘာလုပ္မိလို႔လဲ.."
"က်စ္...."
...................................................
"ေမာင္နဲ႔ညီပိုင္ သြားၾကမယ္ေလ...အားလံုးၿပီးၿပီ.."
အေနာက္ခန္းမွထြက္လာသည့္အလင္းေၾကာင့္ ၿငိမ္ေနသည့္ညီပိုင္က သူ႔လက္ထဲမွ စာ႐ြက္ဖိုင္တြဲကိုလာဆြဲယူကာကိုင္ေပးေလသည္။ညီပိုင္မ်က္နွာ မေကာင္းသလိုပင္...သူစိတ္ထင္ေန၍ပဲလားေတာ့မေျပာတတ္ေပ။
"ေပး ထမင္းခ်ိဳင့္ျခင္း"
ေမာင္ကသူ႔လြယ္အိတ္ကိုလြယ္လိုက္ရင္း အလင္းလက္ထဲမွထမင္းဘူးကို ဆြဲယူကိုင္ေပးေလသည္။အလင္းလည္းမိမိလြယ္အိတ္ကိုလြယ္လိုက္ရင္း လိုက္လာခဲ့ေတာ့သည္။
ေမာင္နဲ႔အတူတူေက်ာင္းသြားသည့္ပထမဆံုးရက္။ေမာင္က လက္တစ္ဖက္ျဖင့္ထမင္းခ်ိဳင့္ျခင္းအားကိုင္ကာ က်န္လက္တစ္ဖက္ျဖင့္သူ႔အားဖတ္ထားေလသည္။
ဘယ္ေလာက္ေတာင္ၾကည္ႏူးဖို႔ေကာင္းလိုက္သလဲ။
ဖတ္ရတာအဆင္ေျပၾကရဲ႕လားမသိဘူး။
I LOve U Guys.
[Unicode]
အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ....
ယူတော်မူကြပါကုန်သော်......................
သာဓု....သာဓု...သာဓု..........................
!!....
ကြေးစည်သံအဆုံးတွင် ကောင်လေးနှစ်ယောက်က တပြိုင်နက်တည်းပင် ဘုရားဝတ်ပြုလိုက်လေသည်။
ပြီးနောက်တစ်ယောက်ကိုတစ်ယောက်ခေတ္တမျှ ပြန်စိုက်ကြည့်လိုက်မိကြလေသည်။မောင်ရောက်လာကတည်းက မနက်အစောထကာ ဘုရားရှစ်ခိုးသည့်အလေ့အကျင့်ကို သူအတော်လေးလုပ်ပေး ခဲ့ရလေသည်။
အခုတော့မောင်လည်းပဲသူ့လိုနေသားကျသွားပြီထင်ပါရဲ့။
"ကဲမောင်ရေအရင်ချိုး...ဒီနေ့ကျောင်းတက်ရက်နော်...စောစောသွားမှရမယ်..."
ဒါကလည်း ရေချိုးလျှင်ကြာလွန်းသည့်မောင့်ကိုသူသတိပေးရလေသည်။
"မင်းအရင်ချိုးလေ.."
"ကျွန်တော်ကမြန်ပါတယ်မောင်ရဲ့...သွားပါကျွန်တော်အဝတ်တွေထုတ်ထားလိုက်မယ်..."
"အဝတ်တွေ..?"
"အင်း မနေ့ညနေမောင့်ဖေဖေလာပို့သွားတာ...မောင်ကအပြင်သွားနေလို့မတွေ့သွားတာလေ.."
"သူမင်းကိုဘာပြောသွားသေးလဲ.."
မောင်ကသူ့ပခုံးတွေအားဆုတ်ကိုင်ကာမေးလိုက်လေသည်။သူ့အထင်မောင်ကနည်းနည်းထိတ်လန့်နေသလားလို့။
"ဘာမှမပြောပါဘူးမောင်ရဲ့...ဒီအတိုင်း အဆင်ပြေလားဘာညာလောက်ပါ.."
"အော်.."
"သွားပါမောင်ရာ...စောစောသွားမှာပါဆိူ...ရေချိုးတော့"
သူကမောင့်ကိုအိမ်အောက်သို့ အတင်းတွန်းပို့လိုက်ကာပြန်တတ်လာခဲ့လေသည်။မနေ့ကမောင့်ဖေဖေလာပေးသွားသည့် မောင့်ကျောင်းဝတ်ဆုံတွေအားဗီရိုညာဘက်ခြမ်းတွင်သီးသန့်စီရီထပ်ထားလိုက်သည်။ပြီးနောက်မောင့်အတွက် ဝတ်ဖို့တစ်စုံကိုဖျာပေါ်တင်ပေးထားလိုက်ရင်းမနေ့ကမောင့်ဖေဖေပြောသွားသည့်စကားအချို့ကိုပြန်တွေးနေမိသည်။
"ငါလုပ်နိုင်ပါတယ်...မောင့်အတွက်ပဲဟာ...ဘာပဲဖြစ်ဖြစ် မောင့်ကိုမဆုံးရှုံးရတော့ဘူးလေ.."
သူ့ကိုယ်သူပြန်အားပေးလိုက်လေသည်။
"မောင်သိရင်ကော....လက်ခံနိုင်အုံးမှာလား..."
"မောင့်ကိုတခြားသူလက်ထဲမှ မထည့်ပေးနိုင်တာ...ဒီနည်းပဲရှိတော့တာ...ငါမပြောရင်မောင်သိမှာမဟုတ်ပါဘူး..."
သူက မောင့်ဖေဖေကိုကတိပေးခဲ့ပြီးသားလေ။
"ဟူး...မင်းလုပ်နိုင်ပါတယ် အလင်း.."
ခနအကြာမှာ မောင်ကရေချိုးပြီး၍အိမ်ပေါ်တတ်လာတာကြောင့်သူလည်းရေချိုးရန်ပြင်လိုက်လေသည်။
"ဘေ ဘီ"
ကိုယ်သေးသေးလေးက အိမ်အောက်သို့ ပြေးဆင်းသွားသည်ကိုကြည့်ကာ သူတီးတိုးလေးရေရွတ်မိလေသည်။
"ဂရုမစိုက်ပြန်ဘူး...ပြေးဆင်းသွားတယ်ကွာ"
မင်းယောကျာ်းက သူ့အလင်းကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်လေသည်။သူနိုင်ငံခြားကပြန်လာတဲ့အခါ အလင်းကို အားလုံးနဲ့ဝေးတဲ့ဆီကိုခေါ်သွားပြီး သူတို့ရဲ့ မေတ္တာအိမ်ကလေး ဆောက်ဖို့အတွက်သူ့အဖေနဲ့ အပေးအယူလုပ်ခဲ့ရလေသည်။သူ့အဖေက အလွယ်တကူ သဘောတူခဲ့ခြင်းတော့ မဟုတ်...englandမှာ စီးပွားရေးဘွဲ့ယူပြီး မိသားစုလုပ်ငန်းတွင်၂နှစ် ဦးစီးပေးဖို့ကတိတောင်းခဲ့လေသည်။အဘွားမဆုံးခင်တောင်းခဲ့သည့်ကတိကိုတော့ သူ့အဖေကတည်ချင်ပုံရလေသည်။မိသားစုရဲ့တရားဝင်မြေးဖြစ်တဲ့သူကလွဲပြီး တခြားသူကို ဒီလုပ်ငန်းစု တစ်စုလုံးကို မဦးစီးစေနဲ့ ဆိုသည့်ကတိစကားကြောင့်ပင်။သူ့လက်ထပ်ရောက်မှ သူကြိုက်သလိုစီမံလို့ရသည်တဲ့။
ဘာပဲဖြစ်ဖြစ်...အလင်းနဲ့သူ အတူနေနိုင်ဖို့ပဲလေ။
ယခုချိန်မှာ သူဟာဘာမှမဟုတ်တဲ့အတွက် အလင်းကိုမကာကွယ်နိုင်သလို...ပတ်ဝန်းကျင်ရဲ့ဝေဖန်ကဲ့ရဲ့မှုတွေကြားမှာ အလင်းသာ စိတ်အားငယ်နေမည်ကိုလည်း သူစိုးရိမ်သည်။ထို့ကြောင့် သူ့မှာသာ အင်အားတောင့်တင်းနေမယ်ဆိုရင် သူ့ရဲ့အလင်းကိုမည်သူမှထိရဲကြမည်မဟုတ်ပေ။
ဤသဘောတူညီချက်ကိုထို့ကြောင့်လက်ခံခဲ့သည်။ပြီးတော့ သူ့အဖေက သူပြောတဲ့အတိုင်းမလုပ်ရင် အလင်းကိုဒုက္ခပေးမည်ဟုလည်း ကတိတောင်းထားသေးသည်။သူတဇွတ်ထိုးဆန်သလိုသူ့အဖေကလည်း တဇွတ်ထိုးဆန်သည်ဆိုတာသူကောင်းကောင်းကြီးသိနေလေသည်။
ယခုအချိန်မှာတော့ သူ့အဖေကစဉ်ပေါ်ကလူဖြစ်နေလေတော့ သူ့မှာဘာမှအထွန့်တတ်ခွင့်မရှိ။
"ဟော...မောင်ခုထိအဝတ်မဝတ်သေးဘဲ...ဘာရပ်လုပ်နေတာလဲ....အဲ့ဒီမှာ.."
သဘက်လေးနှင့်မျက်နှာပေါ်မှရေတွေကိုသုတ်နေရင်းသူ့ဘေးသို့ရောက်လာသည့်အလင်းကမေးလေသည်။
"မင်းကိုစောင့်နေတာ"
သူကပါးစပ်ထဲရှိရာလျှောက်ဖြေလိုက်လေသည်။ပြူးကြောင်ကြောင်လေးပြန်ကြည့်နေသည့်အလင်းကြောင့်သူလည်း အကျိႌနှင့်ပုဆိုးအားလက်ညှိုုးထိုးပြကာ...
"မီးပူမတိုက်တတ်လို့.."
"ဟမ်...ဒါကတိုက်ပြီးသားတွေလေ...သွားပါမောင်ရာအဝတ်လဲတော့...ကျွန်တော်လည်းလဲလိုက်အုံးမယ်."
မောင့်လက်ထဲသို့ကျောင်းစိမ်းအကျိႌနဲ့ပုဆိုးအားထည့်ပေးလိုက်ရင်းသူကတော့ဗီရိုဖွင့်ကာ သူဝတ်ဖို့ရန်အတွက်ထုတ်လိုက်လေသည်။
မင်းယောကျာ်းလည်းခေါင်းကိုကုတ်လိုက်ကာ အကျ်ႌနှင့်ပုဆိုးအားလဲဝတ်လိုက်လေသည်။သူဝတ်နေကြအတိုင်း အင်္ကျီအပေါ်ကြယ်သီးကို၃လုံးလောက်ဖြုတ်ထားလိုက်လေသည်။ပုဆိုးကိုတော့အဆင်ပြေသလိုဆွဲဝတ်လိုက်ရင်း ဗီရိုရှေ့တွင်သူ့အားကျောပေးကာအဝတ်လဲနေသည့်ကောင်လေးအားလှမ်းကြည့်နေမိသည်။
မောင်ပြန်လာမှာပါဘေဘီ.။
အလင်းသာလည်း အဝတ်လဲပြီးနောက်စိတ်ထဲမလုံတာကြောင့်အနောက်သို့လှည့်ကြည့်မိတော့အကျိႌဟပြဲနှင့်သူ့ကိုလှမ်းကြည့်နေသည့်မောင်။
မောင်ဟာလေ...တကယ့်ကိုလူဆိုးပါပဲ။
"မောင်...ဘယ်လိုတောင်ဝတ်ထားရတာလဲ..ထ...ကျောင်းသားဆိုတာဒီလိုမဝတ်စားရဘူးလေ.."
သူကထိုင်နေသည့်မောင့်လက်ကိုဆွဲထူကာ အကျိႌကြယ်သီးတွေကိုတပ်ပေးလိုက်လေသည်။
"မောင့်ကိုကျွန်တော်ပုဆိုးဝတ်ပေးမယ်.."
မင်းယောကျာ်းက သူ့ခါးအနောက်မှ ပုဆိုးဝတ်ပေးရန်ဝင်လာသည့်လက်နှစ်ဖက်အားဆွဲကာသူ့ကိုဖတ်ထားစေလိုက်သည်။
"မောင်...ကျွန်တော်ပုဆိုးဝတ်ပေးမလို့လေ.."
"ဒီအတိုင်းခနနေ.."
မင်းယောကျာ်းက ခေါင်းကိုစောင်းကာ သူ့နောက်ကကောင်လေးအားလှည့်ကြည့်လိုက်လေသည်။သူ့ပခုံးပေါ်မေးလေးတင်သူ့မျက်နှာကို မော့ကြည့်နေသည့်ကောင်လေးအား အတန်ကြာအောင်စိုက်ကြည့်နေလိုက်သည်။
သူကြည့်လိုက်သည့်အခါတိုင်း မျက်လွှာလေးချသွားတတ်သည့်ကောင်လေးကိုအူယားစွာဖြင့် နဖူးလေးအားနမ်းလိုက်မိလေသည်။သူ့ခါးဆီမှဖတ်တွယ်ထားသည့်လက်လေးတွေ တင်းသွားတာကို သတိထားမိလေသည်။နှစ်ဦးစလုံးရဲ့ ရင်ဘက်ထဲရှိ သံစုံတီးဝိုင်းမှ အသံတို့ကလည်း အပြင်ဘက်သို့ပင် တိုးထွက်လာလေတော့သည်။
ဒုတ်.....
ဘုတ်....
"အ့..."
ညီညီပိုင်မှာ အတော်လေးကိုအဆင်မပြေခဲ့ပေ။အကြောင်းမှာတော့ သူရောက်လာသည့်အခါတိုင်းကို မင်းယောကျာ်းကြီးနဲ့သူ့သူငယ်ချင်းလေးတို့နမ်းနေကြသည့်အချိန်တွေချည်းဖြစ်နေသောကြောင့်ပင်။
ခြေမပေါ်ပြုတ်ကျသွားသည့် ထမင်းချိုင့်လေးအားကောက်ကာသူမျက်လုံးမှိတ်ကာအော်လိုက်လေသည်။
"ငါကျောင်းသွားဖို့လာခေါ်တာပါ...ဘာမှမမြင်လိုက်ပါဘူး...တကယ်...အတည်...ဘုရားစုူး...."
လက်ရဲဇက်ရဲနဲ့ရန်ဖြစ်တိုင်းပါတတ်သည့်မင်းယောကျာ်းကြီးကိုတော့သူကြောက်ပါသည်။သူ့ခြေမလေးနာနေပေမယ့်လို့ပေါ့...သူကမျက်လုံးစုံမှိတ်ကာဘာမှမမြင်ကြောင်းဖြေရှင်းနေရလေသည်။
"ညီ...ညီ ပိုင်...မျက်လုံးဖွင့်ပါအုံး...ခနလေးနော်..ငါထမင်းဘူးမထည့်ရသေးလို့.."
မောင့်ကိုပုဆိုးသေချာဝတ်ဖို့ရန်ပြောပြီး သူနောက်ဖေးမီးဖိုချောင်သို့ဝင်လာခဲ့လေသည်။
"ရတယ်...ရတယ်.. ငါဘာမှမမြင်ဘူး အေးဆေးလုပ်နော်...သိလား.."
စိတ်ထဲမှာတော့လူဆိုးကောင်ကိုမှ သွားကြိုက်နေသည့် သူ့သူငယ်ချင်းကို သာ ဆဲနေလေတော့သည်။လက်တွေ့မှာတော့ သူကမင်းယောကျာ်းနဲ့အတူတူ အိမ်ရှေ့ခန်းတွင်ကျန်ခဲ့လေသည်။
"ညီ ညီ ပိုင်...ငါ စကား နည်းနည်းပြောချင်လို့"
"ဟမ်...ငါ...ငါ..ဘာလုပ်မိလို့လဲ.."
"ကျစ်...."
...................................................
"မောင်နဲ့ညီပိုင် သွားကြမယ်လေ...အားလုံးပြီးပြီ.."
အနောက်ခန်းမှထွက်လာသည့်အလင်းကြောင့် ငြိမ်နေသည့်ညီပိုင်က သူ့လက်ထဲမှ စာရွက်ဖိုင်တွဲကိုလာဆွဲယူကာကိုင်ပေးလေသည်။ညီပိုင်မျက်နှာ မကောင်းသလိုပင်...သူစိတ်ထင်နေ၍ပဲလားတော့မပြောတတ်ပေ။
"ပေး ထမင်းချိုင့်ခြင်း"
မောင်ကသူ့လွယ်အိတ်ကိုလွယ်လိုက်ရင်း အလင်းလက်ထဲမှထမင်းဘူးကို ဆွဲယူကိုင်ပေးလေသည်။အလင်းလည်းမိမိလွယ်အိတ်ကိုလွယ်လိုက်ရင်း လိုက်လာခဲ့တော့သည်။
မောင်နဲ့အတူတူကျောင်းသွားသည့်ပထမဆုံးရက်။မောင်က လက်တစ်ဖက်ဖြင့်ထမင်းချိုင့်ခြင်းအားကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့်သူ့အားဖတ်ထားလေသည်။
ဘယ်လောက်တောင်ကြည်နူးဖို့ကောင်းလိုက်သလဲ။
ဖတ်ရတာအဆင်ပြေကြရဲ့လားမသိဘူး။
I LOve U Guys.