part18

37.8K 3.8K 138
                                    

[Zawgyi]
"အင့်...လွှတ်...အခု လွှတ်...."

မင်းယောကျာ်းမှာ အစကသူနမ်းနေတာ ငြိမ်ခံနေသည့် အလင်းက ရုတ်တရက်ကြီး သူ့ရင်ခွင်ထဲမှအတင်းရုံးထွက်နေလေသည် မို့ ဘာလုပ်ရမှန်းမသိဖြစ်နေလေသည်။

"အလင်း...မောင်.."

သူကအလင်းရဲ့ပခုံးအားလက်နှစ်ဖက်ဖြင့် ဆုတ်ကိုင်လိုက်လေသည်။

"ဖယ်...မထိနဲ့...အခုကဘာလာလုပ်တာလဲ.."

အလင်းသာက မောင့်ရဲ့လက်တွေအား အတင်းဆွဲဖြုတ်ကာ မျက်နှာကို ခပ်တည်တည်ထားလိုက်လေသည်။သူ့အား အကြောင်းမကြားဘာမကြားဘဲ အချိန်အကြာကြီးပျောက်သွားတဲ့သူကို စိတ်တိုပါသည်။

မင်းယောကျာ်းမှာ အလင်းသာလက်ကလေးအားအတင်းဆွဲကိုင်လိုက်ကာ သူ့ရင်ဘက်ပေါ်တင်ပေးလိုက်လေသည်။သူ့ရဲ့ဘေဘီကတော့ လက်ကိုအတင်းရုန်း ၍နေလေတော့သည်။

"အိမ်ပြန်လာတာလေ.."

"ဘယ်မှာလဲ ခင်ဗျားအိမ်က..."

"ဒီမှာလေ..."

သူက အလင်းကိုစိုက်ကြည့်ကာပြောလိုက်လေသည်။

"ဒါကျွန်တော့်အိမ်...ခင်ဗျားနဲ့မဆိုင်ဘူး.."

"မောင်ပြောတဲ့အိမ်က သက်မဲ့အိမ်ကိုပြောတာမဟုတ်ဘူးနော်...ဘေဘီ"

ဟုတ်သည်....သူစရောက်ထဲကပစ္စည်းတွေကိုတောင် အိမ်ထဲထည့်ပြီးသွားပြီလေ။သူ့အလင်းက အရင်တုန်းကလိုပဲ သော့ကို နေရာမပြောင်းပဲ ထားထားခဲ့တာမဟုတ်လား။

"ဘာလဲ...ခင်ဗျားဘာတွေလာပြောနေတာလဲ"

မင်းယောကျာ်းမှာ မျက်ခုံးပင့်တတ်သွားလေသည်။ခင်ဗျားတဲ့...အတော်လေးစိတ်ဆိုးနေပုံရသည်...။သူက ဂျစ်တူးလေးလို သူ့အားမိုက်ကြည့်ကြည့်နေသည့်ကောင်လေးကို ကောက်ချီလိုက်လေတော့ တစ်ကိုယ်လုံး ကော့လန်နေအောင် ရုန်းနေလေသည်။

"မောင့်ရဲ့အိမ်ကဟောဒီကအလင်းဆိုတဲ့သက်ရှိအိမ်ကလေးကိုပြောတာ"

မောင့်အပြောကြောင့်အလင်း နှလုံးသားလေးလှုတ်ခတ်သွားလေသည်။သို့ပေမယ့်...မောင်က အခုမှဘာလာပြန်လုပ်တာလဲ....သူကမောင့်အတွက်ဘယ်လ်ုလူမျိုးလဲ သူနားမလည်နိုင်တော့ပေ။မောင်က သူ့ကို အခုချိန်ထိ ချစ်တယ်လ်ို့ မပြောသေးပေ...မဟုတ်ဘူး....မပြောခဲ့ဖူးတာဆိုပိုမှန်လိမ့်မယ်။

မောင်လူဆိုးလေး(Complete)Tempat cerita menjadi hidup. Temukan sekarang