[Zawgyi]
အိမ္ေအာက္တြင္သူ႔အကိုနဲ႔ဖုန္းေျပာေနသည့္အလင္းေၾကာင့္ သူလည္းအိမ္ေပၚသို႔သာတတ္လာခဲ့လိုက္ေလသည္။
ဗီရိုေရွ႕တြင္ရပ္ကာ သူေတြးေနမိသည္။သူ႔ရဲ႕ အလင္းကို တစ္ေယာက္ထဲ ထားခဲ့ဖို႔ရာအတြက္ သူစိတ္မခ်နိုင္ေပ။ဒီေကာင္ေလးကသိပ္ကိုတံုးအလြန္းတယ္...လူေတြရဲ႕ အတၱေတြေလာဘေတြကို သူဘာမွမသိဘဲ...မိမိကိုေတာင္စြန္႔လႊတ္ေပးနိုင္ေလာက္တဲ့အထိကို အလြန္းေနေသးသည္။
ေမာင္မင္းကိုစိတ္ခ်ခ်င္လိုက္တာ။
ဘီရို တံခါးေလးအားဆြဲဖြင့္လိုက္ခ်ိန္ မွာ ဆစ္ခနဲနာသြားသည့္ပခံုးေၾကာင့္ သူမ်က္နွာမဲ့မိသည္။ပခံုးအားလက္ျဖင့္ဖိနွိပ္ေနရင္း အဝတ္တစ္စံုအားဆြဲယူလိုက္ေလသည္။
"ေမာင္..အက်ိႌမဝတ္နဲ႔အံုး..."
လက္ထဲတြင္ဗူးေလးတစ္ဗူးအားကိုင္ကာ သူ႔ဆီေလ်ွာက္လာသည့္ သူ႔ရဲ႕အလင္း။မ်က္နွာေလးကဆူပုတ္ပုတ္နွင့္ သူ႔လက္အားဆြဲကာ ဖ်ာေပၚတြင္ထိုင္ေစလိုက္သည္။
"ရပါတယ္...ဒီေလာက္ကေတ့ာ."
"......."
ေကာင္ေလးကဘာမွျပန္မေျပာပဲ သူ႔ေက်ာျပင္နွင့္ပခံုးကို ေဆးပူေတြလိမ္းေပးေနေလသည္။သူ႔ရင္ထဲ ေႏြးေထြးသြားမိေလသည္။ဒီေကာင္ေလးကတစ္ကယ့္ကိုမွအေႏြးဓာတ္ေလး...သူ႔အသက္ရွင္ေစမည့္ေလာင္စာေလးပင္။
အကယ္၍ေလာင္စာသာမရွ္ိေတာ့ဘူးဆိုရင္...သူ႔ဘဝနိဂံုးဟာလည္းအဆံုးသတ္ပင္ျဖစ္သြားလိမ့္မည္။
"......"
ေမာင့္ပခံုးအားၾကည့္ကာ အလင္းသာတစ္ေယာက္မ်က္ရည္က်လာမိသည္။သူတကယ္ကိုမငိုခ်င္သလို...မ်က္ရည္က်ရာတာက္ုလဲသေဘာမက်ေပ။သို႔ေပမယ့္...ေမာင္ဟာ နဂိုကအသားျဖဴတဲ့ထဲပါသူမို႔...ယခု အေလးအပင္ေတြထမ္းထားတာေၾကာင့္ ပခံုးေပၚတြင္ ညိဳမဲစြဲေနေလသည္။ေမာင္ဘယ္ေလာက္ေတာင္မ်ားပင္ပမ္းေနလိုက္မလဲကြယ္။
သူ႔ေက်ာေပၚနွိပ္နယ္ေပးေနသည့္လက္ကေလးရပ္တန္႔သြားတာေၾကာင့္ေဆးလိမ္းၿပီးၿပီအထင္နွင့္ အေနာက္သို႔လွည့္ၾကည့္မိေတာ့ သူ႔အားၾကည့္ကာမ်က္္ရည္ေတြက်ေနသည့္ အလင္းေၾကာင့္ သူ႔ရင္ထဲ တင္းၾကပ္သြားမိသည္။သူ႔ရဲ႕ လက္ေတြဟာအလိုအေလ်ာက္ပင္ အလင္းသာအားရင္ခြင္ထဲဆြဲယူကာ ခပ္တင္းတင္းေလးဖတ္ထားမိလိုက္ေလသည္။
"မငိုနဲ႔ေလ...ေမာင္ကမေခ်ာ့တတ္ဘူး ...အလင္းရဲ႕...အဲ့တာေၾကာင့္ မငိုရဘူးေနာ္.."
အလင္းသာက ေမာင့္ခါးေတြကို ပိုတိုးလို႔ ဖတ္ထားလိုက္ ရင္း မ်က္လံုးေတြကို မွိတ္ထားလိုက္ေလသည္။
"ေတာင္းပန္ပါတယ္ ေမာင္ရယ္...ေနာက္တစ္ခါအဲ့လိုေတြထပ္မလုပ္ပါနဲ႔ေတာ့..."
"......."
ေမာင္က ဝန္ခံကတိေပးသည္လည္းမဟုတ္ ဆိတ္ဆိတ္ေနဆဲေနၿမဲပင္ျဖစ္္သည္။သူ႔ေခါင္းေလးအားေမာင္ကလက္ျဖင့္ပုတ္ေပးေနေလသည္။ေမာင့္ရင္ခြင္ႀကီးကိုမ်က္နွာ အပ္ထားလိုက္ရင္း သူၿငိမ္သက္စြာေနေနမိသည္။
"ေမာင္"
သူကေမာင့္မ်က္နွာအားေမာ့ၾကည့္ကာခပ္တိုးတိုးေလးေခၚလိုက္ေလသည္။ေမာင္ကသူ႔ပါးနွစ္ဖက္ေပၚမွ မ်က္ရည္တို႔အားျငင္သာစြာသုတ္ေပးေနေလသည္။
"ေတာ္ၿပီ...ထပ္မငိုနဲ႔ေတာ့..မ်က္လံုးေတြနာမယ္...ေမာင့္ကိုအက်ိႌဝတ္ေပးလို႔ရမလား..."
"ရတာေပါ့ေမာင္..ကြၽန္ေတာ္ဝတ္ေပးမယ္ေလ.."
ေမာင္ကၿပံဳးလိုက္ကာသူ႔လက္အားဆြဲထူေပးေလသည္။တစ္ဆိတ္ ကြၽန္ေတာ့္ေမာင္က အခုၿပံဳးလိုက္တာလား။သူေမာင့္ကိုေၾကာင္ေငးကာၾကည့္ေနမိသည္...တစ္ခ်ိန္လံုးသူစိတ္ကူးယဥ္ၾကည့္ခဲ့ဖူးတုန္းကလိုပဲ ေမာင္ၿပံဳးရင္သိပ္ကိုေခ်ာတာ...။ေမာင့္မွာပါးၿခိဳက္ နက္နက္ကေလးရွိတယ္ဆိုတာသူအခုမွေတြ႕ရေလသည္။
"ေမာင္ကၿပံဳးရင္သိပ္ေခ်ာတာပဲ.."
"အရူးေလး.."
ေမာင္ကသူ႔ေခါင္းမွဆံပင္ေတြအားဆြဲဖြလိုက္ရင္းေျပာလိုက္ေလသည္။ယခုတစ္ခါမွာေတာ့ေမာင္ကမၿပံဳးေတာ့ဘဲသာမန္ပံုစံအတိုင္းျပန္ျဖစ္သြားသည္။ေမာင္ၿပံဳးလိုက္တဲ့ အဲ့ဒီ့အခ်ိန္ေလးကိုသူတကယ္ ကိုသိမ္းထားခ်င္မိသည္။ေမာင့္ကိုသိခဲ့သည့္တစ္ေလ်ွာက္လံုးတြင္ေမာင္ၿပံဳးတာ ဒါပထမဦးဆံုးပဲ။
မင္းေယာက်ာ္းက သူ႔ေရွ႕တြင္အက်ိႌအားၾကယ္သီးတပ္ေပးေနသည့္ အလင္းသာကို ၾကည့္ေနမိသည္။နဖူးေပၚခပ္အုပ္အုပ္ဝဲက်ေနသည့္ဆံပင္ေတြအားသူ႔လက္ျဖင့္ လွန္တင္လိုက္ကာ နဖူးေလးအားသူ႔နႈတ္ခမ္းျဖင့္ထိကပ္နမ္းလိုက္မိေလသည္။
ျမတ္နိုးတယ္...ေမာင့္အလင္းရယ္...။
ေမာင့္အားအက်ိႌကူဝတ္ေပးေနစဥ္ နဖူးေပၚသို႔ထိကပ္လာသည့္ ေမာင့္နႈတ္ခမ္းဆီမွ အၾကင္နာေငြ႕ ခပ္ေႏြးေႏြးတို႔ေၾကာင့္ ၾကယ္သီးတပ္ေနသည့္သူ႔လက္ကေလးေတြဟာလည္းရပ္တန္႔သြားေလသည္။
ဘုတ္...
"ဟင္..."
"ဟိုေဆာရီး....ဘာမွမျမင္လိုက္ဘူး...ဆတ္လုပ္ၾကေနာ္.."
ညီညီပိုင္က ၾကမ္းခင္းေပၚ ျပဳတ္က်သြားသည့္ မုန္႔ထုတ္ေတြအားခပ္ျမန္ျမန္ေကာက္လိုက္ရင္း မ်က္လံုးစံုမွိတ္ကာ ေျပာလိုက္ေလသည္။လက္ထဲမွမုန္႔ေတြကိုလည္းအေၾကာင္းမဲ့ေခ် ပစ္လ်က္.....သူတစ္ညလံုးအေျဖမထြက္ခဲ့သည့္ပုစၦာ တစ္ပုဒ္အား ေလာေလာလတ္လတ္ အေျဖရွာေတြ႕လိုက္သည္ဟု ထင္ေနမိသည္။
အလင္းနဲ႔ မင္းေယာက်ာ္းနဲ႔က နမ္းေနၾကတာတဲ့လား။သူတို႔ႏွစ္ေယာက္ရဲ႕မ်က္လံုးအၾကည့္ေတြက ဇာတ္လမ္းတြဲေတြထဲက သိပ္ကိုခ်စ္ၾကတဲ့ခ်စ္သူေတြလိုမ်ိဳးပဲလို႔ သူခံစားမိသည္။
ဟိုေခြးေကာင္ေလးက ငါ့ကိုလာလ်ိွဳထားခ်င္ေနေသးတယ္။
"ညီ...ညီပိုင္...ဟိုဟာ...အဟမ္း...လာ..လာခဲ့ေလ.."
အလင္းက ဂုတ္ကိုပြတ္ကာ ေမာင့္အက်ိႌ၏ က်န္ေနသည့္ၾကယ္သီးမ်ားကိုကျပာကယာ တြယ္တပ္ေပးလိုက္ရင္း ေၾကာင္ၾကည့္ေနသည့္ ညီပိုင္အား သြားဆြဲေခၚလ္ိုက္ေလသည္။
"ဟင့္အင္း...ရတယ္...မင္း..မင္းတို႔ၿပီးေအာင္အရင္လုပ္ၾက.."
ညီပိုင္အေျပာေၾကာင့္ သူကေမာင့္က္ုေၾကာင္ၿပီးလွည့္ၾကည့္လိုက္ေလသည္။ေမာင္ကသာမန္ပါပဲ သူ႔ဘာသာပုဆိုးပင္ျပင္ဝတ္ေနေလၿပီကို ဘာလို႔ညီပိုင့္ပံုကေၾကာက္ေနသလိုမ်ိဳးျဖစ္ေနတာလဲ။
"ငါတို႔ဘာမွမလုပ္ပါဘူး...လာေလ.."
မင္းေယာက်ာ္းက ေစာေစာကေလးတင္ သူ႔အားေၾကာက္စရာမ်က္လံုးႀကီးနဲ႔ၾကည့္ေနၿပီးေတာ့ ယခုခ်က္ခ်င္းပင္ ရုပ္တည္ႀကီးနဲ႔ ဖ်ာေပၚသြားထိုင္ကာ ဂီတာႀကိဳးညႇိေနေလသည္။
"လာေလ..."
"အင္း...အင္း.."
သူတို႔နွစ္ေယာက္စလံုး ဖ်ာေပၚတြင္ဝင္ထိုင္လိုက္ၾကေလသည္။ညီပိုင္ကေတာ့သူပါလာသည့္မုန္႔ေတြကိုေဖာက္ရင္းစားေနေလသည္။
သူကေတာ့ ဂီတာႀကိဳးညႇိေနသည့္ ေမာင့္ကိုသာ ထိုင္ၾကည့္ေနမိသည္။လက္ေခ်ာင္းရွည္သြယ္သြယ္ေတြ ဟာ ဂီတာေပၚမွာ ေျပးလႊားေနတဲ့အခ်ိန္ဆို သိပ္ကိုၾကည့္ေကာင္းေနမွာပဲ။ေမာင္ကႀကိဳးေတြကိုစိတ္တိုင္းက်ေအာင္ညႇိေနသည္မွာ စိတ္ဝင္တစား ဂရုတစ္စိုက္ပင္မို႔ ေမာင့္ရဲ႕မ်က္နွာေလးဟာလည္း သာမန္ခ်ိန္ထက္ပို၍ ေလးနက္တည္ၾကည္လြန္းေနသည္။
"စားေလ...အလင္း...ငါမင္း ...တို႔အတြက္ပါပိုယူလာတာ..."
ညီပိုင္လက္ထဲက မုန္႔ထုတ္ေလးအား သူယူကိုင္ထားလိုက္ေလသည္။ေမာင္နဲ႔ညီပိုင္က သူ႔ဘဝရဲ႕ ခိုတြယ္ရာေတြပင္။
"အင္း...ေက်းဇူးညီပိုင္..."
."ငါတို႔ကသူငယ္ခ်င္းေတြေလ ေျပာစရာလိုလို႔လား...ဟို...မင္းရဲ႕ဟို ဒင္း အတြက္ေရာ ပါတယ္.."
ညီပိုင္ကမဝံ့မရဲျဖစ္ေနတာမို႔ သူကၿပံဳးျပလိုက္သည္။ေမာင္ကသေဘာေကာင္းပါတယ္ညီပိုင္...။ညီပိုင္နဲ႔သူတြတ္ထိုးေနခ်ိန္တြင္ ဂီတာသံက သာယာစြာထြက္ေပၚလာေလသည္။
သူတို႔နွစ္ေယာက္စလံုး အသံေတြတိတ္ကာဂီတာတီးေနသည့္ေမာင့္အားၾကည့္ေနၾကေလသည္။
ေမာင္ကသူ႔မ်က္မွာကိုသာ တစ္စိုက္မက္မက္ စိုက္ၾကည့္ေနရင္း...ဂီတာကိုတီးခတ္ေနေလသည္။ေမာင့္မ်က္ဝန္းထဲက တည္ၿငိမ္ေနတဲ့ အရိပ္အေယာင္အခ်ိဳ႕ကို သူဖမ္းဆုတ္ဖို႔ ႀကိဳးစားေနမိသည္။
သံဇကာၾကားမွ ျဖာက်ေနသည့္ လေရာင္ဟာလည္း သူတို႔ သံုးဦးအေပၚသို႔ ေအးခ်မ္းစြာ က်ေရာက္ေနေပသည္။
ဂီတာသံေတြၾကားမွ ေမာင့္ရဲ႕ ခပ္ၾသၾသအသံေလးက စည္းခ်က္ညီစြာထြက္ေပၚလာေလသည္။
ေမာင့္မ်က္လံုးေတြဟာ တည္ၿငိမ္ဆဲျဖစ္ေပမယ့္ သူ႔အတြက္ေတာ့ ေႏြးေထြးေနေပသည္။
🎼🎼....
ရင္ထဲကဒီသီခ်င္းေလး အၿမဲတမ္း ငါေလ မင္းအတြက္သီဆို...
အဓိပၸါယ္ရွိေသာ ဘဝေလးတစ္ခု....အတူတည္ေဆာက္မယ္ စိတ္ကူးနဲ႔..ေလထုထဲမွာ ငါဟာ အ္ိမ္ကေလးတစ္လံုး ေရးဖို႔ေတြးေနတယ္....🎼🎼🎼🎼🎼.....
.
အေမွာင္ဆံုး ညေတြထဲက အလင္းမဲ့ သန္းေခါင္ယံ ညအိပ္္မက္ဆိုးမ်ား....
.
အခ်စ္ေနျခည္ရဲ႕ အလင္းသစ္မွာ...ပယ္လႊင့္သြားေအာင္တို႔ႀကိဳးစား.....
.🎼🎼🎼🎼🎼...ယံုၾကည္ျခင္းဟာ...တစ္ခ်ိန္မွာ မဟာအင္အားပါ...🎼🎼🎼🎼....
.
ဒဏ္ရာမ်ားစြာရင္းၿပီး ယူနိုင္ေသာဒီဆုလာဘ္ဟာ....
တန္ဖိုးရွိရာမ်ားစြာထဲက ဘာနဲ႔မွမလဲနိုင္ပါ...
တစ္ေန႔က်ရင္ေမ်ွာ္လင့္ေသာအိမ္ကေလးဟာ.....
..
🎼🎼🎼🎼.....
အမွန္တရားရဲ႕နားလည္ျခင္းမွ
အမွန္တကယ္ တည္ေဆာက္ၿပီးေစသား...
..
🎼🎼🎼🎼🎼........
...........
............
ေမာင့္ရဲ႕သီခ်င္းသံေတြၾကားမွာ သူ႔နွလံုးသားေလး ၿငိမ္းခ်မ္းေနခဲ့တယ္။
လေရာင္ေအာက္ကေမာင့္မ်က္နွာ ထက္မွာ ေလးနက္တည္ၾကည္မႈေတြ ကသူ႔အေပၚ တစ္စံုတစ္ရာ အတြက္ ကတိျပဳေနသလိုပင္။
ေမာင့္မ်က္ဝန္းေတြၿပံဳးေနတာကို သူ႔နွလံုးသားကခံစားမိတယ္။
....
ဒီသီခ်င္းကို ဆိုေနစဥ္တစ္ေလ်ွာက္လံုး သူ႔အၾကည့္ေတြက အလင္းရဲ႕မ်က္နွာေလး ေပၚတြင္သာ။
သူနဲ႔အလင္းအတြက္ သူ႔မွာလည္း အိပ္မက္ကေလးေတြရွိတယ္။သူ႔ရဲ႕အလင္းငယ္က္ုိ အားလံုးထက္သာတဲ့ေနရာမွာ သူကထားခ်င္တာ။
တစ္ေန႔ေန႔ၾကရင္ သူတို႔ရဲ႕ ေလထဲကအိမ္ကေလး အတြက္သူႀကိဳးစားရေပအံုးမည္။
ေမာင့္ရဲ႕အလင္းငယ္.....ဒီကတိေတြက္ုိ ေမာင္မေျပာပဲ မင္းနားလည္နိုင္ပါေလစ။
....
...
ညီညီပိုင္က သီခ်င္းနားေထာင္ေနရင္း သူ႔သူငယ္ခ်င္းနဲ႔ မင္းေယာက်ာ္းကိုအကဲခတ္ေနသည္။တစ္ေယာက္နဲ႔တစ္ေယာက္ေငးၾကည့္ေနၾကသည္ကိုၾကည့္ရင္း သူတစ္ခုခုကိုခံစားေနရေလသည္။
ဘာလို႔သူတို႔နွစ္ေယာက္ကိုၾကည့္ရတာ ...ေလးေလးႀကီးခံစားေနရတာပါလိမ့္။
အား...မႀကိဳက္ဘူး...ဘာခံစားခ်က္ႀကီးလဲ...ငိုေတာင္ငိုခ်င္လာၿပီ....။
ညီပိုင္ကသူ႔ရဲ႕ေခါင္းကိုဘယ္ညာယမ္းခါပစ္လ္ုက္ေလသည္။သူ႔အေမဖီးေပးထားသည့္ ဆံပင္ေလးေတြက ခုေတာ့ႂကြက္သိုက္ေလးလို ခပ္ရႈတ္ရႈတ္ေလးျဖစ္ေနသည္။
အဲ့လိုပဲ...သူ႔စိတ္ေတြကလည္း ရႈတ္ေနတာပင္။သူ႔ရဲ႕ သူငယ္ခ်င္းေလး ကို မင္းေယာက်ာ္းႀကီးက အေပ်ာ္ႀကံသြားမွာကို လည္းသူစိုးရိမ္ေနေလသည္။
ရုပ္တည္ႀကီးနဲ႔ မင္းေယာက်ာ္းကို တစ္ခါတစ္ေလ က်ရင္ အဲ့ဒီေရခဲေကာင္ရဲ႕စိတ္ကုိ သူဘယ္လိုမွ မခန္႔မွန္းတတ္ေပ။
..
..
..
လကလည္းသူ႔သဘာဝအတိုင္း သာ...
အေတြးကိုယ္စီနဲ႔ ေကာင္ေလးေတြကလည္းလေရာင္ေအာက္မွာ ..
သူတို႔မွာ ထပ္တူက်ေနသည္က ခ်စ္ျခင္းေမတၱာပင္ျဖစ္ေပလိမ့္မည္။
#မန္႔ေတြကို သာသာညမွrpျပန္မယ္ေနာ္
မျပန္ျဖစ္ခဲ့တာေတြရွိရင္ မျပန္သြားတာမဟုတ္ပါဘူးေနာ္..သာသာ ေက်ာ္သြားမိတာပဲျဖစ္မွာပါ..ေမးစရာရွိရင္ အားမနာနဲ႔လာေမးလို႔ရပါတယ္ေနာ္...
မန္႔ေတြအမ်ားႀကီးကိုလည္းေတြ႕ပါတယ္...ခ်စ္စရာေလးေတြ...ေမာင္နဲ႔အလင္းကိုသေဘာက်ေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္ရွင္...ၿပီးေတာ့သာသာကအေတာ္ကိုအပ်င္းတစ္တဲ့အထဲပါတာမို႔ upလာေတာင္းလို႔ရပါတယ္ေနာ္..
I love u guys.
[Unicode]
အိမ်အောက်တွင်သူ့အကိုနဲ့ဖုန်းပြောနေသည့်အလင်းကြောင့် သူလည်းအိမ်ပေါ်သို့သာတတ်လာခဲ့လိုက်လေသည်။
ဗီရိုရှေ့တွင်ရပ်ကာ သူတွေးနေမိသည်။သူ့ရဲ့ အလင်းကို တစ်ယောက်ထဲ ထားခဲ့ဖို့ရာအတွက် သူစိတ်မချနိုင်ပေ။ဒီကောင်လေးကသိပ်ကိုတုံးအလွန်းတယ်...လူတွေရဲ့ အတ္တတွေလောဘတွေကို သူဘာမှမသိဘဲ...မိမိကိုတောင်စွန့်လွှတ်ပေးနိုင်လောက်တဲ့အထိကို အလွန်းနေသေးသည်။
မောင်မင်းကိုစိတ်ချချင်လိုက်တာ။
ဘီရို တံခါးလေးအားဆွဲဖွင့်လိုက်ချိန် မှာ ဆစ်ခနဲနာသွားသည့်ပခုံးကြောင့် သူမျက်နှာမဲ့မိသည်။ပခုံးအားလက်ဖြင့်ဖိနှိပ်နေရင်း အဝတ်တစ်စုံအားဆွဲယူလိုက်လေသည်။
"မောင်..အကျိႌမဝတ်နဲ့အုံး..."
လက်ထဲတွင်ဗူးလေးတစ်ဗူးအားကိုင်ကာ သူ့ဆီလျှောက်လာသည့် သူ့ရဲ့အလင်း။မျက်နှာလေးကဆူပုတ်ပုတ်နှင့် သူ့လက်အားဆွဲကာ ဖျာပေါ်တွင်ထိုင်စေလိုက်သည်။
"ရပါတယ်...ဒီလောက်ကတေ့ာ."
"......."
ကောင်လေးကဘာမှပြန်မပြောပဲ သူ့ကျောပြင်နှင့်ပခုံးကို ဆေးပူတွေလိမ်းပေးနေလေသည်။သူ့ရင်ထဲ နွေးထွေးသွားမိလေသည်။ဒီကောင်လေးကတစ်ကယ့်ကိုမှအနွေးဓာတ်လေး...သူ့အသက်ရှင်စေမည့်လောင်စာလေးပင်။
အကယ်၍လောင်စာသာမရှိတော့ဘူးဆိုရင်...သူ့ဘဝနိဂုံးဟာလည်းအဆုံးသတ်ပင်ဖြစ်သွားလိမ့်မည်။
"......"
မောင့်ပခုံးအားကြည့်ကာ အလင်းသာတစ်ယောက်မျက်ရည်ကျလာမိသည်။သူတကယ်ကိုမငိုချင်သလို...မျက်ရည်ကျရာတာက်ုလဲသဘောမကျပေ။သို့ပေမယ့်...မောင်ဟာ နဂိုကအသားဖြူတဲ့ထဲပါသူမို့...ယခု အလေးအပင်တွေထမ်းထားတာကြောင့် ပခုံးပေါ်တွင် ညိုမဲစွဲနေလေသည်။မောင်ဘယ်လောက်တောင်များပင်ပမ်းနေလိုက်မလဲကွယ်။
သူ့ကျောပေါ်နှိပ်နယ်ပေးနေသည့်လက်ကလေးရပ်တန့်သွားတာကြောင့်ဆေးလိမ်းပြီးပြီအထင်နှင့် အနောက်သို့လှည့်ကြည့်မိတော့ သူ့အားကြည့်ကာမျက်ရည်တွေကျနေသည့် အလင်းကြောင့် သူ့ရင်ထဲ တင်းကြပ်သွားမိသည်။သူ့ရဲ့ လက်တွေဟာအလိုအလျောက်ပင် အလင်းသာအားရင်ခွင်ထဲဆွဲယူကာ ခပ်တင်းတင်းလေးဖတ်ထားမိလိုက်လေသည်။
"မငိုနဲ့လေ...မောင်ကမချော့တတ်ဘူး ...အလင်းရဲ့...အဲ့တာကြောင့် မငိုရဘူးနော်.."
အလင်းသာက မောင့်ခါးတွေကို ပိုတိုးလို့ ဖတ်ထားလိုက် ရင်း မျက်လုံးတွေကို မှိတ်ထားလိုက်လေသည်။
"တောင်းပန်ပါတယ် မောင်ရယ်...နောက်တစ်ခါအဲ့လိုတွေထပ်မလုပ်ပါနဲ့တော့..."
"......."
မောင်က ဝန်ခံကတိပေးသည်လည်းမဟုတ် ဆိတ်ဆိတ်နေဆဲနေမြဲပင်ဖြစ်သည်။သူ့ခေါင်းလေးအားမောင်ကလက်ဖြင့်ပုတ်ပေးနေလေသည်။မောင့်ရင်ခွင်ကြီးကိုမျက်နှာ အပ်ထားလိုက်ရင်း သူငြိမ်သက်စွာနေနေမိသည်။
"မောင်"
သူကမောင့်မျက်နှာအားမော့ကြည့်ကာခပ်တိုးတိုးလေးခေါ်လိုက်လေသည်။မောင်ကသူ့ပါးနှစ်ဖက်ပေါ်မှ မျက်ရည်တို့အားငြင်သာစွာသုတ်ပေးနေလေသည်။
"တော်ပြီ...ထပ်မငိုနဲ့တော့..မျက်လုံးတွေနာမယ်...မောင့်ကိုအကျိႌဝတ်ပေးလို့ရမလား..."
"ရတာပေါ့မောင်..ကျွန်တော်ဝတ်ပေးမယ်လေ.."
မောင်ကပြုံးလိုက်ကာသူ့လက်အားဆွဲထူပေးလေသည်။တစ်ဆိတ် ကျွန်တော့်မောင်က အခုပြုံးလိုက်တာလား။သူမောင့်ကိုကြောင်ငေးကာကြည့်နေမိသည်...တစ်ချိန်လုံးသူစိတ်ကူးယဉ်ကြည့်ခဲ့ဖူးတုန်းကလိုပဲ မောင်ပြုံးရင်သိပ်ကိုချောတာ...။မောင့်မှာပါးခြိုက် နက်နက်ကလေးရှိတယ်ဆိုတာသူအခုမှတွေ့ရလေသည်။
"မောင်ကပြုံးရင်သိပ်ချောတာပဲ.."
"အရူးလေး.."
မောင်ကသူ့ခေါင်းမှဆံပင်တွေအားဆွဲဖွလိုက်ရင်းပြောလိုက်လေသည်။ယခုတစ်ခါမှာတော့မောင်ကမပြုံးတော့ဘဲသာမန်ပုံစံအတိုင်းပြန်ဖြစ်သွားသည်။မောင်ပြုံးလိုက်တဲ့ အဲ့ဒီ့အချိန်လေးကိုသူတကယ် ကိုသိမ်းထားချင်မိသည်။မောင့်ကိုသိခဲ့သည့်တစ်လျှောက်လုံးတွင်မောင်ပြုံးတာ ဒါပထမဦးဆုံးပဲ။
မင်းယောကျာ်းက သူ့ရှေ့တွင်အကျိႌအားကြယ်သီးတပ်ပေးနေသည့် အလင်းသာကို ကြည့်နေမိသည်။နဖူးပေါ်ခပ်အုပ်အုပ်ဝဲကျနေသည့်ဆံပင်တွေအားသူ့လက်ဖြင့် လှန်တင်လိုက်ကာ နဖူးလေးအားသူ့နှုတ်ခမ်းဖြင့်ထိကပ်နမ်းလိုက်မိလေသည်။
မြတ်နိုးတယ်...မောင့်အလင်းရယ်...။
မောင့်အားအကျိႌကူဝတ်ပေးနေစဉ် နဖူးပေါ်သို့ထိကပ်လာသည့် မောင့်နှုတ်ခမ်းဆီမှ အကြင်နာငွေ့ ခပ်နွေးနွေးတို့ကြောင့် ကြယ်သီးတပ်နေသည့်သူ့လက်ကလေးတွေဟာလည်းရပ်တန့်သွားလေသည်။
ဘုတ်...
"ဟင်..."
"ဟိုဆောရီး....ဘာမှမမြင်လိုက်ဘူး...ဆတ်လုပ်ကြနော်.."
ညီညီပိုင်က ကြမ်းခင်းပေါ် ပြုတ်ကျသွားသည့် မုန့်ထုတ်တွေအားခပ်မြန်မြန်ကောက်လိုက်ရင်း မျက်လုံးစုံမှိတ်ကာ ပြောလိုက်လေသည်။လက်ထဲမှမုန့်တွေကိုလည်းအကြောင်းမဲ့ချေ ပစ်လျက်.....သူတစ်ညလုံးအဖြေမထွက်ခဲ့သည့်ပုစ္ဆာ တစ်ပုဒ်အား လောလောလတ်လတ် အဖြေရှာတွေ့လိုက်သည်ဟု ထင်နေမိသည်။
အလင်းနဲ့ မင်းယောကျာ်းနဲ့က နမ်းနေကြတာတဲ့လား။သူတို့နှစ်ယောက်ရဲ့မျက်လုံးအကြည့်တွေက ဇာတ်လမ်းတွဲတွေထဲက သိပ်ကိုချစ်ကြတဲ့ချစ်သူတွေလိုမျိုးပဲလို့ သူခံစားမိသည်။
ဟိုခွေးကောင်လေးက ငါ့ကိုလာလျှိုထားချင်နေသေးတယ်။
"ညီ...ညီပိုင်...ဟိုဟာ...အဟမ်း...လာ..လာခဲ့လေ.."
အလင်းက ဂုတ်ကိုပွတ်ကာ မောင့်အကျိႌ၏ ကျန်နေသည့်ကြယ်သီးများကိုကပြာကယာ တွယ်တပ်ပေးလိုက်ရင်း ကြောင်ကြည့်နေသည့် ညီပိုင်အား သွားဆွဲခေါ်လိုက်လေသည်။
"ဟင့်အင်း...ရတယ်...မင်း..မင်းတို့ပြီးအောင်အရင်လုပ်ကြ.."
ညီပိုင်အပြောကြောင့် သူကမောင့်က်ုကြောင်ပြီးလှည့်ကြည့်လိုက်လေသည်။မောင်ကသာမန်ပါပဲ သူ့ဘာသာပုဆိုးပင်ပြင်ဝတ်နေလေပြီကို ဘာလို့ညီပိုင့်ပုံကကြောက်နေသလိုမျိုးဖြစ်နေတာလဲ။
"ငါတို့ဘာမှမလုပ်ပါဘူး...လာလေ.."
မင်းယောကျာ်းက စောစောကလေးတင် သူ့အားကြောက်စရာမျက်လုံးကြီးနဲ့ကြည့်နေပြီးတော့ ယခုချက်ချင်းပင် ရုပ်တည်ကြီးနဲ့ ဖျာပေါ်သွားထိုင်ကာ ဂီတာကြိုးညှိနေလေသည်။
"လာလေ..."
"အင်း...အင်း.."
သူတို့နှစ်ယောက်စလုံး ဖျာပေါ်တွင်ဝင်ထိုင်လိုက်ကြလေသည်။ညီပိုင်ကတော့သူပါလာသည့်မုန့်တွေကိုဖောက်ရင်းစားနေလေသည်။
သူကတော့ ဂီတာကြိုးညှိနေသည့် မောင့်ကိုသာ ထိုင်ကြည့်နေမိသည်။လက်ချောင်းရှည်သွယ်သွယ်တွေ ဟာ ဂီတာပေါ်မှာ ပြေးလွှားနေတဲ့အချိန်ဆို သိပ်ကိုကြည့်ကောင်းနေမှာပဲ။မောင်ကကြိုးတွေကိုစိတ်တိုင်းကျအောင်ညှိနေသည်မှာ စိတ်ဝင်တစား ဂရုတစ်စိုက်ပင်မို့ မောင့်ရဲ့မျက်နှာလေးဟာလည်း သာမန်ချိန်ထက်ပို၍ လေးနက်တည်ကြည်လွန်းနေသည်။
"စားလေ...အလင်း...ငါမင်း ...တို့အတွက်ပါပိုယူလာတာ..."
ညီပိုင်လက်ထဲက မုန့်ထုတ်လေးအား သူယူကိုင်ထားလိုက်လေသည်။မောင်နဲ့ညီပိုင်က သူ့ဘဝရဲ့ ခိုတွယ်ရာတွေပင်။
"အင်း...ကျေးဇူးညီပိုင်..."
."ငါတို့ကသူငယ်ချင်းတွေလေ ပြောစရာလိုလို့လား...ဟို...မင်းရဲ့ဟို ဒင်း အတွက်ရော ပါတယ်.."
ညီပိုင်ကမဝံ့မရဲဖြစ်နေတာမို့ သူကပြုံးပြလိုက်သည်။မောင်ကသဘောကောင်းပါတယ်ညီပိုင်...။ညီပိုင်နဲ့သူတွတ်ထိုးနေချိန်တွင် ဂီတာသံက သာယာစွာထွက်ပေါ်လာလေသည်။
သူတို့နှစ်ယောက်စလုံး အသံတွေတိတ်ကာဂီတာတီးနေသည့်မောင့်အားကြည့်နေကြလေသည်။
မောင်ကသူ့မျက်မှာကိုသာ တစ်စိုက်မက်မက် စိုက်ကြည့်နေရင်း...ဂီတာကိုတီးခတ်နေလေသည်။မောင့်မျက်ဝန်းထဲက တည်ငြိမ်နေတဲ့ အရိပ်အယောင်အချို့ကို သူဖမ်းဆုတ်ဖို့ ကြိုးစားနေမိသည်။
သံဇကာကြားမှ ဖြာကျနေသည့် လရောင်ဟာလည်း သူတို့ သုံးဦးအပေါ်သို့ အေးချမ်းစွာ ကျရောက်နေပေသည်။
ဂီတာသံတွေကြားမှ မောင့်ရဲ့ ခပ်သြသြအသံလေးက စည်းချက်ညီစွာထွက်ပေါ်လာလေသည်။
မောင့်မျက်လုံးတွေဟာ တည်ငြိမ်ဆဲဖြစ်ပေမယ့် သူ့အတွက်တော့ နွေးထွေးနေပေသည်။
🎼🎼....
ရင်ထဲကဒီသီချင်းလေး အမြဲတမ်း ငါလေ မင်းအတွက်သီဆို...
အဓိပ္ပါယ်ရှိသော ဘဝလေးတစ်ခု....အတူတည်ဆောက်မယ် စိတ်ကူးနဲ့..လေထုထဲမှာ ငါဟာ အိမ်ကလေးတစ်လုံး ရေးဖို့တွေးနေတယ်....🎼🎼🎼🎼🎼.....
.
အမှောင်ဆုံး ညတွေထဲက အလင်းမဲ့ သန်းခေါင်ယံ ညအိပ်မက်ဆိုးများ....
.
အချစ်နေခြည်ရဲ့ အလင်းသစ်မှာ...ပယ်လွှင့်သွားအောင်တို့ကြိုးစား.....
.🎼🎼🎼🎼🎼...ယုံကြည်ခြင်းဟာ...တစ်ချိန်မှာ မဟာအင်အားပါ...🎼🎼🎼🎼....
.
ဒဏ်ရာများစွာရင်းပြီး ယူနိုင်သောဒီဆုလာဘ်ဟာ....
တန်ဖိုးရှိရာများစွာထဲက ဘာနဲ့မှမလဲနိုင်ပါ...
တစ်နေ့ကျရင်မျှော်လင့်သောအိမ်ကလေးဟာ.....
..
🎼🎼🎼🎼.....
အမှန်တရားရဲ့နားလည်ခြင်းမှ
အမှန်တကယ် တည်ဆောက်ပြီးစေသား...
..
🎼🎼🎼🎼🎼........
...........
............
မောင့်ရဲ့သီချင်းသံတွေကြားမှာ သူ့နှလုံးသားလေး ငြိမ်းချမ်းနေခဲ့တယ်။
လရောင်အောက်ကမောင့်မျက်နှာ ထက်မှာ လေးနက်တည်ကြည်မှုတွေ ကသူ့အပေါ် တစ်စုံတစ်ရာ အတွက် ကတိပြုနေသလိုပင်။
မောင့်မျက်ဝန်းတွေပြုံးနေတာကို သူ့နှလုံးသားကခံစားမိတယ်။
....
ဒီသီချင်းကို ဆိုနေစဉ်တစ်လျှောက်လုံး သူ့အကြည့်တွေက အလင်းရဲ့မျက်နှာလေး ပေါ်တွင်သာ။
သူနဲ့အလင်းအတွက် သူ့မှာလည်း အိပ်မက်ကလေးတွေရှိတယ်။သူ့ရဲ့အလင်းငယ်ကို အားလုံးထက်သာတဲ့နေရာမှာ သူကထားချင်တာ။
တစ်နေ့နေ့ကြရင် သူတို့ရဲ့ လေထဲကအိမ်ကလေး အတွက်သူကြိုးစားရပေအုံးမည်။
မောင့်ရဲ့အလင်းငယ်.....ဒီကတိတွေကို မောင်မပြောပဲ မင်းနားလည်နိုင်ပါလေစ။
....
...
ညီညီပိုင်က သီချင်းနားထောင်နေရင်း သူ့သူငယ်ချင်းနဲ့ မင်းယောကျာ်းကိုအကဲခတ်နေသည်။တစ်ယောက်နဲ့တစ်ယောက်ငေးကြည့်နေကြသည်ကိုကြည့်ရင်း သူတစ်ခုခုကိုခံစားနေရလေသည်။
ဘာလို့သူတို့နှစ်ယောက်ကိုကြည့်ရတာ ...လေးလေးကြီးခံစားနေရတာပါလိမ့်။
အား...မကြိုက်ဘူး...ဘာခံစားချက်ကြီးလဲ...ငိုတောင်ငိုချင်လာပြီ....။
ညီပိုင်ကသူ့ရဲ့ခေါင်းကိုဘယ်ညာယမ်းခါပစ်လ်ုက်လေသည်။သူ့အမေဖီးပေးထားသည့် ဆံပင်လေးတွေက ခုတော့ကြွက်သိုက်လေးလို ခပ်ရှုတ်ရှုတ်လေးဖြစ်နေသည်။
အဲ့လိုပဲ...သူ့စိတ်တွေကလည်း ရှုတ်နေတာပင်။သူ့ရဲ့ သူငယ်ချင်းလေး ကို မင်းယောကျာ်းကြီးက အပျော်ကြံသွားမှာကို လည်းသူစိုးရိမ်နေလေသည်။
ရုပ်တည်ကြီးနဲ့ မင်းယောကျာ်းကို တစ်ခါတစ်လေ ကျရင် အဲ့ဒီရေခဲကောင်ရဲ့စိတ်ကို သူဘယ်လိုမှ မခန့်မှန်းတတ်ပေ။
..
..
..
လကလည်းသူ့သဘာဝအတိုင်း သာ...
အတွေးကိုယ်စီနဲ့ ကောင်လေးတွေကလည်းလရောင်အောက်မှာ ..
သူတို့မှာ ထပ်တူကျနေသည်က ချစ်ခြင်းမေတ္တာပင်ဖြစ်ပေလိမ့်မည်။
#မန့်တွေကို သာသာညမှrpပြန်မယ်နော်
မပြန်ဖြစ်ခဲ့တာတွေရှိရင် မပြန်သွားတာမဟုတ်ပါဘူးနော်..သာသာ ကျော်သွားမိတာပဲဖြစ်မှာပါ..မေးစရာရှိရင် အားမနာနဲ့လာမေးလို့ရပါတယ်နော်...
မန့်တွေအများကြီးကိုလည်းတွေ့ပါတယ်...ချစ်စရာလေးတွေ...မောင်နဲ့အလင်းကိုသဘောကျပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်...ပြီးတော့သာသာကအတော်ကိုအပျင်းတစ်တဲ့အထဲပါတာမို့ upလာတောင်းလို့ရပါတယ်နော်..
I love u guys.