မောင်ထူးနဲ့ပေါင်းပြီး ကျွန်တေ...

By KattKatt962

880K 98.7K 16.2K

ကိုယ်က ဇာတ်ကြောင်းပြောပုံစံလေးတွေဆို တအားကြိုက်တာမို့... ဇာတ်ကြောင်းပြောပုံစံမျိုးပဲရေးမှာပါနော်။ ကိုယ့်အကြော... More

P_1(Zawgyi)
P_1(Uni)
P_2 (Zawgyi)
P_2 (Uni)
P_3 (Zawgyi)
P_3 (Uni)
P_4 (Zawgyi)
P_4 (Uni)
P_5 (Zawgyi)
P_5 (Uni)
P_6 (Zawgyi)
P_6 (Uni)
P_7 (Uni)
P_7 (Zawgyi)
P_8 (Zawgyi)
P_8 (Uni)
P_9 (Zawgyi)
P_9 (Uni)
P_10 (Zawgyi)
P_10 (Uni)
P_11 (Zawgyi)
P_11 (Uni)
P_12 (Zawgyi)
P_12 (Uni)
P_13 (Zawgyi)
P_13 (Uni)
P_14 (Zawgyi)
P_14 (Uni)
P_15 (Zawgyi)
P_15 (Uni)
P_16 (Zawgyi)
P_16 (Uni)
P_17 (Zawgyi)
P_17 (Uni)
P_18 (Zawgyi)
P_18 (Uni)
P_19 (Zawgyi)
P_19 (Uni)
P_20 (Zawgyi)
P_20 (Uni)
P_21 (Zawgyi)
P_21 (Uni)
P_22 (Zawgyi)
P_22 (Uni)
P_23 (Zawgyi)
P_23 (Uni)
P_24 (Zawgyi)🚨
P_24 (Uni)🚨
P_25 (Zawgyi)
P_25 (Uni)
P_26 (Zawgyi)
P_26 (Uni)
P_27 (Zawgyi)
P_27 (Uni)
P_28 (Zawgyi)
P_28 (Uni)
P_29 (Zawgyi)
P_29 (Uni)
P_30 (Zawgyi)
P_30 (Uni)
ဇာတ္သိမ္း
ဇာတ်သိမ်း
Extra P_1
Extra_2 (zawgyi)
Extra_2 (Uni)
Extra_3 (uni)
Extra_3 (zawgyi)
Extra_4 (uni)
Extra_4 (zawgyi)
Extra_5 (uni)
Extra_5 (zawgyi)
Extra_6 (uni)
Extra_6 (zawgyi)
extra_7(uni)
extra_7(zawgyi)

Extra P_1 (Uni)

12.3K 1.8K 182
By KattKatt962

ဘာလိုလိုနဲ့ ကျွန်တော်တို့အိမ်ထောင်သက်တမ်းတောင် (၆)နှစ်ရှိလာခဲ့ပြီ။ ကျွန်တော်လည်း အဖေတို့ရုံးမှာ အလုပ်ဝင်နေတာ အခုဆိုအထိုင်တောင်ကျနေပါပြီ။ ထူးအောင်ကိုကျွန်တော့်အနားခေါ်ပေမယ့် သူကမလာ။ ဘဲမွေးဖို့ကိုပဲ စိတ်အားထက်သန်နေတယ်တဲ့။ သူ ဘဲမွေးနေတာ နှစ်နှစ်ရှိပြီဆိုပေမယ့် သူစမ်းသပ်ချင်တဲ့ဟာကိုတော့ အခုထိအကောင်အထည်မဖော်နိုင်သေးဘူး။ ရည်ရွယ်ချက်က မိတ်မလိုက်ဘဲ ဥဘယ်လိုဥလဲစမ်းသပ်ဖို့ဆိုပေမယ့် သူမွေးထားတဲ့ ဘဲအရေအတွက်က နည်းနည်းနောနောမဟုတ်။ များတော့ သူတစ်ယောက်တည်းလည်း မနိုင်။ အလုပ်သမားခေါ်ဆိုတော့လည်း မခေါ်။ ကြာတော့ ကျွန်တော်ကမကြည်ရက်။ အဲ့တာနဲ့ ကိုယ့်ဘာကိုယ်လူရှာပြီး ပေးလိုက်ရတယ်။ အလုပ်သမားတွေရောက်လာတော့ သန့်ရှင်းရေးလုပ်ဘာလုပ်နဲ့ စီးပွားဖြစ် ဘဲမွေးမြူရေးခြံလိုမျိုး ဖြစ်သွားတယ်။ ဘဲတွေကလည်း ဥသလားမမေးနဲ့။ ထားမနိုင်လို့ ပြန်ရောင်းပြစ်ရတဲ့အထိပဲ။ အခုဆို သူ့ဖောက်သည်နဲ့သူကို ဟုတ်နေတာပဲ။ ပြောသလောက်ကြီး ဝင်ငွေမများပေမယ့် သူလုပ်ချင်တယ်ဆိုတော့လည်း လုပ်ပါစေပေါ့။ သူပင်ပန်းနေတာသိပေမယ့် ပျော်နေတယ်ဆိုတော့လည်း မတားရက်ဘူး။

အလုပ်နေရာချင်း မတူပေမယ့် ထူးအောင်က ကျွန်တော့်ကားနဲ့ပဲ အတူတူလိုက်တယ်။ မနက်ဆို သူ့ကို'ဘဲ'ခြံဝင်ပို့။ ပြီးမှ ကျွန်တော်က အလုပ်သွား။ ညနေဆို ဝင်ခေါ်။ ပြီးရင်အတူတူပြန် အဲ့လိုမျိုး။

ဒီနေ့ အပြန်မှာတော့ ထူးအောင်တစ်ယောက် ဘာဖြစ်နေလဲမသိဘူး။ မျက်နှာလည်းမကောင်းဘူး။ အရမ်းကိုဖျော့တော့လို့။ မျက်လုံးတွေကလည်း ငိုထားသလိုမျိုး မို့အစ်နေတယ်။ ဘာဖြစ်လို့လဲ နေမကောင်းဘူးလားလို့ မေးကြည့်တော့လည်း ကောင်းပါတယ်ပဲ ပြန်ဖြေပြီး မျက်လုံးတွေကိုမှိတ်လိုက်လာတယ်။ ထပ်မေးချင်ပေမယ့် သူအနားယူပါစေဆိုတဲ့စိတ်နဲ့ ဘာမှမမေးဖြစ်တော့။

အိမ်ရောက်တော့လည်း ခါတိုင်းလို ကျွန်တော်နဲ့ ရေအတူတူမချိုး။ မင်းအရင်ချိုးနှင့်ဆိုပြီး သူကတော့ ခုတင်ပေါ်မှာဝင်လှဲနေတယ်။ ကျွန်တော် သူ့နဖူးကို သွားစမ်းကြည့်တော့ "ဘာမှမဖြစ်ဘူး ငါနည်းနည်းပင်ပန်းလို့ပါ"တဲ့ ပြောပြီးမျက်လုံးတွေမှိတ်သွားပြန်တယ်။ ဘာဖြစ်နေတာလဲကွာ။

ညနေထမင်းစားတော့ ဘဲတွေပြန်ရောင်းချင်လို့တဲ့ ထူးအောင်က အမေ့ကိုပြောနေတာ။ အဲ့စကားကြားတော့ ကျွန်တော်တကယ်လန့်သွားတယ်။ သူပျော်နေခဲ့တာမလား။ ဒါကိုဘာလို့ရောင်း။ "ဘာဖြစ်လို့လဲ"လို့ ကျွန်တော်မေးလိုက်တော့ "ငါမင်းနဲ့အတူတူ အလုပ်လာလုပ်မလို့"တဲ့ ပြန်ဖြေတယ်။ ဒါ ဘာစကားလဲ။ ထူးအောင်က ကျွန်တော်နဲ့အတူတူ အလုပ်လုပ်မယ်တဲ့လား။ ကျွန်တော်တကယ်ပျော်သွားပေမယ့် ရင်ထဲမကောင်းဘူး။ ထူးအောင် တစ်ခုခုဖြစ်နေတာ သေချာတယ်။

ထူးအောင် ဘာဖြစ်နေမှန်းမသိလို့ ဒီနေ့ညတော့ အဝတ်အစားတွေ ချွတ်မအိပ်ဖြစ်ဘူး။ သူကလည်း ချွတ်ဖို့မပြောဘူး။ အိမ်ကြစို့ဆိုတော့ ရင်ခွင်ထဲကိုဝင်၊ ကျွန်တော့်လက်မောင်းပေါ်ခေါင်းအုံး၊ ကျွန်တော့်ရင်ဘက်ကို ကျောအပ်ပြီး နေရာယူတယ်။ သူ အဲ့လိုအိပ်နေကျ။ အဲ့ဒါကြောင့် ကျွန်တော်သူ့ကိုအနောက်ကနေ ဖက်ထားလိုက်တယ်။ ဒီနေ့ဘာဖြစ်ခဲ့တာလဲလို့ ကျွန်တော်မေးလိုက်တော့ ဘာမှမဖြစ်ပါဘူးတဲ့ ပြန်ဖြေတယ်။

"အခက်အခဲတစ်ခုခုရှိရင် ငါ့ကိုပြောပါ... မျိုသိပ်ပြီး တစ်ယောက်ထဲကြိတ်မခံစားနေနဲ့...ငါတို့က လက်ထပ်ထားတဲ့ လင်ယောက်ျားတွေမလား အေးအတူ ပူအမျှပေါ့ကွာ"

ကျွန်တော်ပြောလိုက်တော့ အင်းလို့ပြန်ဖြေတယ်။ ပြီးတော့ "ငါအိပ်ချင်ပြီ"တဲ့။ သဘောကတော့ သူအိပ်ချင်ပြီမို့ စကားထပ်မပြောနဲ့တော့ပေါ့။ အဲ့ဒါကြောင့် ကျွန်တော်ငြိမ်ငြိမ်လေး နေပေးလိုက်တယ်။ သူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပါစေတော့။

ရင်ခွင်ထဲကကောင်လေးကို ကျွန်တော်ငုံ့ကြည့်မိတယ်။ ကျွန်တော့်လက်မောင်းပေါ် ခေါင်းအုံးထားပေမယ့် တစ်ဖက်ကိုလှည့်အိပ်နေတာမို့ သူ့မျက်နှာကိုတော့ မမြင်ရဘူး။ သူဘာဖြစ်နေတာလဲ။ ကျွန်တော်ဘယ်လိုမေးမေး မပြောပေမယ့် သူတစ်ခုခုဖြစ်နေတာ သေချာတယ်။ ခါတိုင်းထူးအောင်က အခုလိုမျိုးမှမဟုတ်တာ။

ကျွန်တော်ပဲ စိတ်ထင်လို့လားတော့မသိဘူး။ ထူးအောင်ကိုယ်က တစ်ချက်တစ်ချက်လှုပ်သွားသလိုပဲ။ သူ့ဂုတ်ပိုးလေးတွေကို သေချာကြည့်လိုက်တော့ ဟုတ်တယ်။ တကယ်လှုပ်နေတာ။ ကျွန်တော့်လက်တစ်ဖက်နဲ့ သူ့ရင်ဘက်ကိုစမ်းကြည့်မိတော့ နိမ့်ချည်မြင့်ချည်နဲ့။ ဒါ ဘယ်လိုအနေအထားလဲ။

နောက်ကျောပေးထားတဲ့ ထူးအော်ကို ကျွန်တော့်ဘက် ဆွဲလှည့်ပြစ်လိုက်တော့ သူ ကျွန်တော့်ကို မော့ကြည့်လာတယ်။ ထူးအောင်မျက်နှာမှာ မျက်ရည်တွေနဲ့။ သူငိုနေတယ်။ ဘာဖြစ်လို့လဲ။

"အထူးလေး ဘာလို့..."

ကျွန်တော့်စကားတောင် မဆုံးလိုက်ဘူး။ ထူးအောင်က ကျွန်တော့်ရင်ဘက်ကို မျက်နှာအပ်ပြီး အားရပါးရအော်ငိုလာတယ်။ ကျွန်တော်ဆွဲခွာပြီး သူ့မျက်နှာကို ကြည့်ချင်ပေမယ့် သူကအခွာမခံဘူး။ တင်းတင်းကျပ်ကျပ်ဖက်တွယ်ထားတယ်။ ကျွန်တော်တစ်ခါမှ ထူးအောင်ငိုတာမမြင်ဖူးတာမို့ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး။

"ဘာဖြစ်လို့လဲ ကိုယ့်ကိုပြောပြ...ကိုယ့်အထူးလေးကို ဘယ်သူက ဘာလုပ်လိုက်လို့ တစ်ခါမှမကျဖူးတဲ့ မျက်ရည်တွေတောင်ကျနေရတာလဲ..."

ကျွန်တော်မေးတော့ ခေါင်းတွေကိုယမ်းတယ်။ ငိုတာတော့ မရပ်သေးဘူး။ ဘယ်သူကများ ကျွန်တော့်အထူးလေးကို ငိုအောင်လုပ်ရတာလဲလေ။ ရင်ဘက်ထဲကလည်း တဆစ်ဆစ်နဲ့ နာနေလိုက်တာ။ ဘာဖြစ်လို့လဲဆိုတာကို ကျွန်တော်ဘယ်လိုမေးမေး ထူးအောင်ကလည်း မပြောပြဘူး။ အတော်လေးကြာတဲ့အထိကို ငိုနေတယ်။ နောက်တော့ ငိုရင်းနဲ့ပဲအိပ်ပျော်သွားတယ်။ ကျွန်တော့်အကျီရင်ဘက်မှာလည်း သူ့မျက်ရည်တွေ၊ နှာရည်တွေနဲ့ စိုရွှဲလို့။ သူ့မျက်နှာလေးကို အသာမော့ကိုင်ကြည့်လိုက်တော့ ရင်ထဲမှာနာလာတယ်။ ဘာတွေဖြစ်လာတာလဲကွာ။

မျက်ရည်တွေနဲ့စိုရွှဲနေတဲ့ ကျွန်တော့်အကျီကို ထလဲလိုက်ပြီး ငိုထားလို့ညစ်ပတ်နေတဲ့ သူ့မျက်နှာလေးကို ရေအေးလေးနဲ့ သန့်ရှင်းပေးလိုက်တယ်။ ပြီးတော့ သူ့ကိုရင်ခွင်ထဲပြန်ထည့်ပြီး တင်းတင်းဖက်ထားပေးလိုက်တယ်။ မနက်ဖြန်တော့ အလုပ်နားပြီး ဘဲခြံလိုက်သွားရမယ်။ ကျွန်တော်သူ့ကို ပစ်ထားသလိုဖြစ်နေခဲ့တာ။ မဟုတ်ဘူး။ ပစ်ကိုပစ်ထားခဲ့တာ။ သူပျော်နေပါတယ်လေဆိုတဲ့ ဆင်ခြေတွေနဲ့။

နာရီကိုကြည့်လိုက်တော့ မနက်တစ်နာရီထိုးနေပြီ။ ကျွန်တော်အခုထိ အိပ်လို့မရသေးဘူး။ စိတ်ထဲမှာ ထူးအောင်ဘာဖြစ်လို့ ငိုရတာလဲဆိုတာကိုပဲ တွေးနေမိတယ်။ သူဘာလို့ငိုရတာလဲ။ သူ့ကိုဘယ်သူက ဘာလုပ်လိုက်တာလဲ။ ကျွန်တော်ဘယ်လိုစဉ်းစားစဉ်းစား စဉ်းစားလို့မရဘူး။ အဲ့အချိန်မှာပဲ ဖုန်းက ရုတ်တရက်ထမြည်လာတယ်။ ကျွန်တော့်ဖုန်းက မနက်က ဘယ်နေရာထားမိမှန်းမသိလို့ ရှာလို့မတွေ့တော့ဘူး။ ဖုန်းအသစ်လည်း မဝယ်ရသေးတော့ ကျွန်တော့်မှာ ဖုန်းမရှိသေးဘူး။ အဲ့တာကြောင့် အခုမြည်နေတာက ထူးအောင်ရဲ့ဖုန်း။

ဒီအချိန်ကြီးကို ဘယ်သူဆက်တာပါလိမ့်လို့ ကြည့်လိုက်တော့ 'ကိုကို'ဆိုတဲ့ contact name ဆီကဖြစ်နေတယ်။ ထူးအောင်မှာ အကိုမရှိပါဘူး။ ဘယ်ကကိုကိုပါလိမ့်။ သိချင်စိတ်နဲ့ ကောက်ကိုင်ကြည့်လိုက်တော့ မိန်းကလေးတစ်ယောက်ရဲ့အသံထွက်လာတယ်။ ကိုကိုဆိုတာ အဲ့ကောင်မလေးနာမည်လား။

အဲ့ကောင်မလေးနဲ့ ဖုန်းပြောလိုက်ရတော့ ထူးအောင်ဘာဖြစ်နေလဲဆိုတာ သိခဲ့ရတယ်။ တကယ်တော့ ကိုကိုလိုမှတ်ထားတာက ကျွန်တော့်ဖုန်းနံပါတ်ဖြစ်နေတယ်။ ကိုကိုတဲ့လား။ ကျွန်တော့်ကိုပေးထားတဲ့ နာမ်စားလေးက။ ချစ်စရာကောင်းလိုက်တာ။ အမှန်ဆို သူနဲ့ကျွန်တော်ရဲ့အသက်က တစ်လတောင်ကွာတာမဟုတ်။ ကျွန်တော်က (9)လပိုင်းအကုန်မှာမွေးပြီး သူက (10)ပိုင်းအစမှာမွေးတာ။ အတိအကျဆို (11)ရက်လောက်ပဲကွာတယ်။

နှစ်နှစ်ကြိုက်ကြိုက် အိပ်ပျော်နေတဲ့ကောင်လေးကို ကျွန်တော်ကြည့်လိုက်တယ်။ အိပ်နေရင်းနဲ့ ယောင်နေတာထင်ပါရဲ့ တစ်ချက်တစ်ချက် မျက်နှာလေးက မဲ့မဲ့သွားတယ်။ ကြည့်နေရင်း အသည်းယားလာလို့ နဖူးလေးကို အနမ်းပေးလိုက်တော့ သူ့လက်တွေနဲ့ ကျွန်တော့်လက်ကို လာရောက်ဆုတ်ကိုင်လာတယ်။ ပါးစပ်ကနေလည်း ယောင်နေသေးတယ် "မောင်ထူး ဘာမှမဖြစ်ပါနဲ့"တဲ့။ ရင်ထဲကိုစူးကနဲပဲ။ ကျွန်တော် ထူးအောင်ကို ပိုတိုးလို့ဖက်ထားမိတယ်။ တောင်းပန်ပါတယ်ကွာ။ ငါ့ကြောင့်...

နေ့လည်က ကျွန်တော့်ဖုန်းကို ကောက်ရသွားတဲ့တစ်ယောက် ကားမတော်တဆဖြစ်ပြီး ဆေးရုံးရောက်သွားတယ်။ ဖြစ်ချင်တော့ ဒဏ်ရာက အတော်လေးပြင်းထန်တယ်။ ချက်ချင်း ခွဲစိတ်ခန်းဝင်ရမှာမို့ မိသားစုဝင်တွေကို သတင်းပေးဖို့ဖြစ်လာတယ်။ အဲ့တာကြောင့် ဖုန်းထဲကနေ contact name တွေရှာကြည့်တော့ ဒါလင်အထူးလေးဆိုတာကို တွေ့သွားတယ်။ အဲ့ဒါ ခေါ်လိုက်တော့ ထူးအောင်ဆီရောက်သွားတာပဲ။ ထူးအောင်က ကျွန်တော်မှတ်ပြီး အရမ်းထိတ်လန့်သွားတာထင်တယ်။ ဆေးရုံကိုရောက်လာတာ ဖိနပ်တောင်မပါဘူးတဲ့။ အမောတကောနဲ့ ရောက်လာပြီး လူနာခွဲခန်းဝင်တော့ ခွဲစိတ်ခန်းရှေ့မှာ ထိုင်ပြီးငိုနေခဲ့တာတဲ့။ လူနာက အရေးပေါ်သွေးလိုတော့လည်း သူကပဲထုတ်လှူပေးခဲ့တာ။ နောက် အသက်အန္တာရာယ်မရှိတော့ဘူးဆိုပြီး လူနာခွဲခန်းကထွက်လာမှ ကျွန်တော်မဟုတ်မှန်းသိခဲ့တာတဲ့။

ထူးအောင်က အဲ့လူနာကိုမသိပေမယ့် ဆေးရုံစရိတ်တွေ အကုန်ရှင်းပေးခဲ့တယ်တဲ့။ လူနာသတိရလာရင် သူ့ဆီဖုန်းဆက်ပါဆိုပြီး မှာထားခဲ့တာမို့ အခု လူနာသတိရလာလို့ လှမ်းဆက်လိုက်တာပါတဲ့။ ဖုန်းဆက်တာက သူနာပြုမလေး။ ငိုနေတဲ့ထူးအောင်ပုံစံကြောင့် သူတို့တောင် စိတ်မကောင်းဖြစ်ခဲ့ရတယ်တဲ့ သူနာပြုမလေးက ဆက်ပြောနေတယ်။ ကျွန်တော်ထပ်နားထောင်နိုင်စွမ်း မရှိတာနဲ့ မနက်ကျမှ သူနဲ့အတူတူလာခဲ့ပါမယ်လို့ပြောပြီး ဖုန်းချလိုက်တယ်။

အသံထွက်အောင် ငိုကြွေးနေခဲ့တဲ့ ထူးအောင်ပုံကို မျက်လုံးထဲပြန်မြင်လာတယ်။ သူ ကျွန်တော့်ကို ချစ်တယ်ဆိုတာသိပေမယ့် ဒီလောက်ထိမထင်ခဲ့ဘူး။ ဘယ်လောက်တောင် စိုးရိမ်ပြီး ကြောက်နေလိုက်မလဲ။ အိပ်မက်ထဲထိတောင် မောင်ထူးဘာမှမဖြစ်ပါနဲ့တဲ့လား။ ကျွန်တော်ကတိပေးပါတယ်။ နောက်နေ့ကစပြီး ကျွန်တော့်ကြောင့် သူဘာမှ စိတ်မထိခိုက်စေရဘူး။ အဲ့ဒါကြောင့် နောက်နေ့ကစပြီး ကျွန်တော်ကိုယ်ကျွန်တော်ရော သူ့ကိုရော ပိုပြီးတော့ ဂရုစိုက်မယ်။ သူနည်းနည်းမှ စိတ်မဆင်းရဲစေရ။

Continue Reading

You'll Also Like

751K 57.5K 103
All photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင့်လူဆိုး...
10.9K 2K 48
ලෝකයාගෙන් සැඟවී ගිය දක්ෂයන් රජ කරවන ඉන්ද්‍රජාලික රජදනක්. 🔮🪄 ලෝකයේ අති දක්ෂ ඉන්ද්‍රජාලිකයන් බිහි කරන තෝතැන්නක්. වසර දහසකට පෙර හිස එසවූ අඳුරු මායාවක...
15.1K 496 34
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...