Systemက ကြၽန္ေတာ့္ကို Novelထဲ...

By Neko_san_ZP

1.1M 153K 8.5K

Title: Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို႕ Zawgyi and Unicode Started date: 16.6.2020 End date:... More

Chapter -1
Chapter -2
Chapter - 3
အေၾကာင္းအရာ
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter. 8.1
Chapter - 9
Chapter - 10
Chapter -11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
လက္နက္(12)မ်ိဴး-လက်နက်(12)မျိူး
Chapter - 20
Chapter - 21
Chapter - 22
Chapter- 23
Chapter -24
Chapter-25
Chapter -26
Chapter -27
Chapter - 28.1
Chapter - 28.2
Chapter - 29
Chapter - 30
Chapter -31
Chapter -32
Chapter -33
Chapter - 34.1
Chapter - 34.2
Chapter -35
Chapter -36
Chapter -37
Chapter -38
Chapter -40
Chapter -41
Chapter -42
Chapter - 43
Chapter - 44
characters intro
Chapter - 45
Chapter -46
Chapter - 47
Chapter-48
Chapter - 49
Chpater - 50
Chapter -51
Chapter -52
Chapter-53
Chapter -54
Chapter-55
Chapter-56
Chapter-57
Chapter - 58
Chapter - 59
chapter -60
Chapter-61
Chapter-62
Chapter -63
Chapter-64
Chapter-65
Chapter -66
Chapter -67
Chapter -68
Chapter -69
Chapter-70
*About Book*
Chapter-71
Chapter -72
*Hello*
Chapter-73
Chapter-74
Chapter-75
Chapter -76
Chapter -77
Chapter -78
Chapter -79
Chapter-80
about Vol-2

Chapter-39

12.1K 1.9K 139
By Neko_san_ZP


Zawgyi

ဝမ္ေဖးရန္တစ္ေယာက္ သူရဲ႕အျပာႏုေရာင္ဖဲႀကိဳးကို ျပန္ယူရန္ လက္လွမ္းရံုပဲ႐ွိေသးသည္ အနက္ေရာင္အေငြ႔မ်ားဟာ ဇာတ္လိုက္ေလးေယာက္ၾကားေရာက္လာကာ ဝမ္ေဖးရန္ရဲ႕ အျပာေရာင္ဖဲႀကိဳးေလးဟာ ထိုအနက္ေရာင္စြမ္းအင္မ်ားေၾကာင့္ အမႈန္႔ေတာင္မက်န္ ဖ်က္ဆီးေပ်ာက္ကြယ္သြားေတာ့သည္၊

'ေသာက္က်ိဳးနဲ... ဒါ ဘာျဖစ္ျပန္တာလဲ!!!'

မင္ထ်န္းေလာ့တို႔လည္း အနက္ေရာင္စြမ္းအင္ေၾကာင့္ မ်က္ခံုးမ်ားတြန္႔သြားၾကၿပီး သူတို႔ရဲ႕စြမ္းအင္နဲ႔ျပန္ခုခံလိုက္ေပမယ့္ အျပာေရာင္ဖဲႀကိဳးေလးကေတာ့ အမႈန္႔အျဖစ္ဘဝကူးေျပာင္းသြားေတာ့သည္၊လုေဝ့က်ီဟာ ေဒါသထြက္စြာျဖင့္ ပတ္ဝန္းက်င္ကိုၾကည့္လိုက္ၿပီး

"ဘယ္သူလဲ!!!ထြက္ခဲ့စမ္း!"လို႔ ေဒါသကို ခ်ဳပ္တီးထားသည့္အသံျဖင့္ ေမးလိုက္ေပမယ့္ ဘာအသံမွမၾကားရဘဲ အနက္ေရာင္အေငြ႔မ်ားနဲ႔ တစ္ေပေလာက္႐ွိသည့္နဂါးတစ္ေကာင္ဟာ သူတို႔ဆီပ်ံသန္းလာသည္ကို ေတြ႔လိုက္သည္ႏွင့္ ဇာတ္လိုက္ေလးေယာက္လံုးဟာ ဝမ္ေဖးရန္ကို သူတို႔ေနာက္ကို ပို႔လိုက္ၿပီး ထိုတစ္ေပေလာက္႐ွိသည့္ အနက္ေရာင္နဂါးကိုၾကည့္ကာ

"ေတာ္ေတာ္ျပင္းထန္တဲ့ခ်ီစြမ္းအင္ပဲ... "လို႔ ဒီခ်ံဴးအဆင့္က်င့္ႀကံသူတစ္ေယာက္သာျဖစ္သည့္မင္ထ်န္းေလာ့ဟာ ရြတ္ဆုိမိသည္၊တစ္ဖက္ကဖိအားဟာ အနိမ့္ဆံုးထ်န္းက်ီအဆင့္က်င့္ႀကံသူတစ္ေယာက္ရဲ႕အရွိန္အဝါျဖစ္တာေၾကာင့္ မင္ထ်န္းေလာ့အတြက္ေတာ့ ဖိအားျပင္းထန္လြန္းသည္၊

က်န္တဲ့သူသံုးေယာက္ဟာလည္း မသက္သာေခ်၊ ႐ွလုန္ရႊိန္ေတာင္ ေယာင္႐ွစ္အႏြယ္ျဖစ္လို႔ အနည္းငယ္ခံသာေနျခင္းျဖစ္သည္၊ဒါေပမယ့္ သူတို႔ကလည္း ေတာ္ရံုလူေတြမွမဟုတ္ပင္၊နယ္ေျမတစ္ခုခ်င္းဆီက ပါရမီရွင္ေတြေလ၊ ဒါေၾကာင့္ သူတို႔ဆီ ေျပးဝင္လာသည့္ အနက္ေရာင္နဂါးကို ထ်န္းက်ီအဆင့္ျဖစ္ၾကသည့္ ရီယြမ္႐ွန္႔နဲ႔လုေဝ့က်ီဟာ ေ႐ွ႕ကေန ကာလိုက္ၿပီး ခုခံလိုက္သည္၊

ဝမ္ေဖးရန္ဟာ အေ႐ွ႕ကေန သူ႔ကိုကာေပးထားေၾကာင့္ ဖိအားကိုမခံစားရေပမယ့္ ထိုတစ္ေပေလာက္႐ွိတဲ့အနက္ေရာင္နဂါးေလးဟာ ေၾကာက္ဖို႔ေကာင္းမွန္းသတိထားမိသြားတဲ့အျပင္ လြန္ခဲ့တဲ့ရက္အနည္းငယ္မွာ ေတြ႔ခဲ့တဲ့လူတစ္ေယာက္ကို သြားသတိရမိသြားသည္၊ ထိုလူကလည္း အေမွာင္ခ်ီအသံုးျပဳတဲ့က်င့္ႀကံသူျဖစ္ၿပီး အနက္ေရာင္နဂါးပိုင္ဆိုင္ထားသူလည္းျဖစ္သည္၊အျခားဇာတ္လိုက္ေတြနဲ႔မတူ ထိုလူက သူ႔ကိုသတ္ခ်င္ေနတာေလ၊သူရဲ႕ေသြးကိုေတာင္ ကုန္တဲ့အထိေသာက္ခ်င္ေနတာ... ၊

ဒါေၾကာင့္ အစြမ္းကုန္ခုခံကာကြယ္ေနသည့္ ရီယြမ္႐ွန္႔နဲ႔လုေဝ့က်ီေၾကာင့္ ဝမ္ေဖးရန္ဟာ စိုးရိမ္ပူပန္လာေတာ့သည္၊ သိုင္းအဆင့္တစ္ခုနဲ႔တစ္ခုဟာ တစ္ဆင့္၊ႏွစ္ဆင့္ကာ ကြာျခားေပမယ့္ အင္အားခ်င္းဟာ ပင္လယ္နဲ့ျမစ္လို ကြာဟလြန္းသည္၊ သူေၾကာင့္ သူခင္မင္ရတဲ့သူေတြကို မထိခိုက္ေစခ်င္ေပ၊

ထိုခ်ိန္မွာ ေနာက္ထပ္ အနက္ေရာင္အေငြ႔အသက္မ်ားဝန္းရံထားသည့္တစ္ေပေလာက္႐ွိသည့္ နဂါးဟာ သူတို႔ဘက္ကိုအ႐ွိန္ျဖင့္လာသည္ကိုျမင္ေတာ့ ဝမ္ေဖးရန္ ပိုမိုစိုးရိမ္လာေတာ့သည္၊ ပထမအနက္ေရာင္နဂါးနဲ႔ေတာင္ ယြမ္႐ွန္႔နဲ႔အစ္ကိုေဝ့က်ီ ေတာ္ေတာ္ခုခံေနရတာကိုး၊တစ္ျခားထ်န္းက်ီအဆင့္က်င့္ႀကံသူေတြဆုိ ထိုေနရာမွာတင္ ျပင္းထန္စြာ ဒဏ္ရာရသြားနိုင္ေပမယ့္ ဇာတ္လိုက္အ႐ွိန္အဝါပိုင္ဆုိင္ထားသည့္သူေတြျဖစ္တာေၾကာင့္ သူတို႔ကို ထိခိုက္မႈမ႐ွိ ခုခံထားတာျဖစ္သည္၊

ဒါေပမယ့္ ေနာက္ထပ္အနက္ေရာင္နဂါးေသးတစ္ေကာင္ ေျပးဝင္လာသည္ကို ျမင္ေတာ့ ဝမ္ေဖးရန္လည္း အမ်ားႀကီးေတြးေတာမေနပဲ ရီယြမ္႐ွန္႔တို႔နဲ႔ ထိုအနက္ေရာင္နဂါးေသးၾကားထဲ ေျပးဝင္ကာ သူရဲ႕နတ္နဂါးသိုင္းဝိညာဥ္ကိုထုတ္ေဖာ္လိုက္ၿပီး ကာကြယ္ေပးရန္ႀကိဳးစားလိုက္သည္၊ သူမေသေပမယ့္ ေတာ္ေတာ္ထိခိုက္ဒဏ္ရာရမည္ဆုိတာ သိသည္၊ဒါေပမယ့္ ယြမ္႐ွန္႔တို႔ ဒဏ္ရာမရဖို႔က အေရးႀကီးသည္၊ ထ်န္းက်ီအဆင့္သိုင္းပညာ႐ွင္ေတြေတာင္ မနဲခုခံရသည့္ ထိုအနက္ေရာင္နဂါးေသးကို ဒီခ်ံဴးအဆင့္ေတာင္ မေရာက္ေသးတဲ့ဝမ္ေဖးရန္ကဘယ္လို ခုခံႏိုင္မွာလဲ၊

အေဝးကေနရသည့္ဖိအားေၾကာင့္ပင္ ဝမ္ေဖးရန္ရဲ႕မ်က္ႏွာေလးဟာ ျဖဴေဖ်ာ့ျဖဴေဖ်ာ္ျဖစ္သြားၿပီး အတြင္းအဂါၤမ်ားနာက်င္မႈေၾကာင့္ ေျမျပင္ေပၚ ဒူးတစ္ဖက္ေထာက္ကာ ႏူတ္ခမ္းေထာင့္မွာ ေသြးမ်ားစီးက်လာေတာ့သည္၊ဒါေပမယ့္ ဝမ္ေဖးရန္ဟာ ဆက္လက္ကာကြယ္ေပးေနဆဲပင္၊ ျဖစ္ပ်က္သြားတာ တစ္မိနစ္ေတာင္မ႐ွိတာေၾကာင့္ အကုန္လံုးဟာ ႐ုတ္တရက္ႀကီးေျပးဝင္ကာ သူတို႔ကိုကာကြယ္ေပးသည့္ဝမ္ေဖးရန္ေၾကာင့္ အံအားသင့္သြားၿပီးေနာက္ မလုပ္ရန္လွမ္းေအာ္လိုက္ေပမယ့္ ေနာက္က်သြားေပသည္၊ အနက္ေရာင္နဂါးဟာ ဝမ္ေဖးရန္ရဲ႕ ႐ွစ္ေပအကြာသို႔ ေရာက္ေနၿပီျဖစ္သည္၊

အနက္ေရာင္ခ်ီစြမ္းအင္ရဲ႔ ျပင္းထန္သည့္ စြမ္းအားေၾကာင့္ အလ်င္စလိုေရာက္လာသည့္ လူမ်ားဟာလည္း ထိုလွပေသာလူငယ္ေလးရဲ႕မိုက္မဲသည့္ လုပ္ရပ္ေၾကာင့္ ထိုလူငယ္ေလးေတာ့ သြားၿပီဟုေတြးလိုက္ၾကေတာ့သည္၊ဒါေပမယ့္ တစ္ဖက္မွာလည္း အျဖဴေရာင္နတ္နဂါးႀကီးေၾကာင့္ အံ့အားသင့္သြားၾကျပန္သည္၊ စြမ္းအားျမႇင့္တဲ့သူေတြဟာလည္း ကယ္တင္လို႔ရေပမယ့္ သူတို႔မဆိုင္တာေၾကာင့္ရပ္ၾကည့္ေနၾကသည္၊

ထိုခ်ိန္မွာ မထင္မွတ္သည့္ကိစၥျဖစ္သြားသည္၊ အကုန္လံုးဟာ အျဖဴေရာင္ဆံႏြယ္မ်ားနဲ႔ လူငယ္ေလးေသၿပီလို႔ထင္လိုက္ေပမယ့္ အ႐ွိန္အဝါျပင္းထန္ေသာ နဂါးေျခာက္ေကာင္ဟာ လူငယ္ေလးပတ္လည္မွာ ေနယူကာကြယ္ထားကာ ေပၚေပါက္လာေတာ့သည္၊

နဂါး႐ွစ္ေကာင္ရဲ႕ ဒ႑ာရီဆုိတာ ထ်န္႔လ်န္႔နယ္ေျမသာ ဒ႑ာရီတစ္ခုအေနနဲ႔သာ ထင္႐ွားေပမယ့္ နယ္ေျမအျပင္ပိုင္းမွာေတာ့ အင္အားႀကီးသည့္သိုင္းဝိညာဥ္ေတြျဖစ္သည္၊ထိုသို႔အနက္ေရာင္အဆင့္အထက္သိုင္းဝိညာဥ္ေတြကို တစ္ေနရာတည္းျမင္လိုက္ေတာ့ ဘယ္သူမဆုိ အံ့အားသင့္သြားတာမဆန္းက်ယ္ေပ၊

ထိုအျဖဴေရာင္နဂါးပိုင္ဆုိင္ထားသည့္လူငယ္ေလးရဲ႕ေ႐ွ႕တြင္ အနက္ေရာင္အ႐ွိန္အဝါနဲ႔အတူ လူတိုင္းကိုသိမ္ငယ္ေစေအာင္ လုပ္ႏိုင္သည့္ ေသျခင္းတရားကိုဆံုးျဖတ္ေပးႏိုင္သည့္ အနီေရာင္မ်က္ဝန္းမ်ားနဲ႔ အနက္ေရာင္နဂါးႀကီးရယ္၊ခရစ္တယ္ေက်ာက္မ်ားနဲ႔တည္ေဆာက္ထားသည့္ ႐ိုးတြင္းဆီအထိပင္ေအးစက္ႏိုင္သည့္ အ႐ွိန္အဝါမ်ားျဖင့္သာမက ေအးစက္စက္ခရမ္းေရာင္မ်က္ဝန္းနဲ႔ဆံုမိသူတိုင္း ေအးခဲသြားေစႏိုင္ၿပီး အေၾကာက္တရားေပၚေပါက္လာေစသည့္ ေရခဲနဂါးႀကီးဟာ အျဖဴေရာင္နဂါးဝိညာဥ္ပိုင္ဆုိင္ထားသည့္ လူငယ္ေလးေ႐ွ႕မွာ အကာကြယ္ဟန္ ရပ္တည္ေနေတာ့သည္၊

ထိုႏွင့္မၿပီးေသး လူငယ္ေလးရဲ႕အေနာက္တြင္လည္း ေၾကာက္စရာေကာင္းသည့္ အစိမ္းေရာင္အေငြ႔အသက္မ်ားနဲ႔ စိမ္းရင့္ရင့္မ်က္ဝန္းမ်ားဟာ လင္းလက္ေတာက္ပေနၿပီး ၾကည့္မိတဲ့သူတိုင္း က်ိန္စာသင့္ႏိုင္သည့္ အစိမ္းေရာင္ေၾကးခြံမ်ားနဲ႔နဂါးႀကီးရယ္၊ ထိုအစိမ္းေရာင္နဂါးေဘးနားတြင္လည္း အျဖဴေရာင္ေတာင္ပံႀကီးကို ျဖန္႔ထားကာ ေရႊေရာင္ေၾကးခြံမ်ားနဲ႔ ခန္႔ညားစြာ တည္ေဆာက္ထားၿပီး ေရႊေရာင္မ်က္ဝန္းတစ္စံုဟာ ၾကည့္မိသူတိုင္းကို ေႏြးေထြးမႈမ်ားေပးေနေပမယ့္ တဖက္မွာလည္း အေၾကာက္တရားဆုိသည့္ ခံစားခ်က္ကိုပါေပးစြမ္းႏိုင္သည့္ ထိုေရႊေရာင္အလင္းနဂါးႀကီးဟာလည္း တည္႐ွိေနေသးသည္၊

ဒါနဲ႔မၿပီးေသးဘူး ထိုနဂါးႀကီးႏွစ္ေကာင္အေနာက္တြင္လည္း ဒီကမာၻမွာ တစ္ေကာင္ႂကြက္ေတြသာ အိမ္ေထာင္က်သြားမယ္ ဘယ္ေတာ့မွသင့္ျမတ္မည္မဟုတ္တဲ့ မီးနဲ႔ေရ ခ်ီစြမ္းအင္ပိုင္ဆုိင္ထားသည့္ အနက္ေရာင္အဆင့္အထက္သိုင္းဝိညာဥ္ဟာ သူတို႔ကိုထိတ္လန္႔ေစျပန္သည္၊ မီးမ်ားဝန္းရံထားသည့္ အနီေရာင္နဂါးႀကီးနဲ႔ ေရမ်ားဝန္းရံထားသည့္ အျပာေရာင္နဂါးႀကီးကို ၾကည့္ရတာ သူတို႔ကို အပူေကာ၊အေအးေကာေပးေနသေယာင္ပင္၊

ထိုနဂါးဝိညာဥ္တစ္ၿပိဳင္ထဲ ေပၚလာသည့္အေၾကာင္းအရင္းဟာ အလယ္႐ွိအျဖဴေရာင္နဂါးဝိညာဥ္ကိုပိုင္ဆုိင္ထားသည့္လူငယ္ေၾကာင့္ဆုိတာ သိသာလြန္းလွသည္၊အနက္ေရာင္ခ်ီနဂါးေသးဟာ အရမ္းထိခိုက္စရာအေၾကာင္းမဟုတ္ေပမယ့္ ထိုသို႔တစ္ၿပိဳက္နက္ထဲ ကာကြယ္လိုက္ပံုအရဆုိရင္ နဂါးပိုင္႐ွင္ေတြရဲ႕ရင္ထဲမွာ ထိုလူငယ္ေလးဟာ ဘယ္ေလာက္ေနရာယူထားလည္း ေမးျမန္းစရာမလိုေခ်၊ ထိုလူငယ္ေလးက ဘယ္သူလဲ ၊လူငယ္ေလးဟာ လွပေပမယ့္ ထ်န္လ်န္႔နယ္ေျမအျပင္ဘက္မွာဆုိ ထိုလူငယ္ေလးထက္လွပတဲ့သူေတြ ႐ိုက္သတ္လို႔ေတာင္ မကုန္ႏိုင္ေပ၊

ထိုျမင္ကြင္းဟာ ထ်န္လ်န္႔နယ္ေျမအျပင္ဘက္ကလာသည့္ အမ်ိဳးသမီးအခ်ိဳ႕နဲ႔အုိမီဂါအမ်ိဳးသားငယ္ေလးေတြကို တကယ့္ကို မနာလိုမႈကိုေပးႏိုင္သည္၊ ဒါေပါ့ နဂါးဝိညာဥ္ပိုင္ဆုိင္ေယာက်ာ္းပ်ိဳေတြကို တဖက္သတ္သေဘာက်ေနသည့္အိုမီဂါအမ်ိဳးသားငယ္ေလးေတြနဲ႔အမ်ိဳးသမီးငယ္ေလးေတြဟာလည္း ထိုျမင္ကြင္းေၾကာင့္ မနာလိုလြန္းလို႔ အခုခ်က္ခ်င္း ထိုအမ်ိဳးသားငယ္ကို သြားၿပီးျပသာနာ႐ွာကာ သတိေပးခ်င္ေနေတာ့သည္၊

ဘာမွမသိတဲ့ဝမ္ေဖးရန္တစ္ေယာက္ကေတာ့ ႐ုတ္တရက္ႀကီးေပၚလာသည့္ နဂါးေျခာက္ေကာင္ေၾကာင့္ သူရဲ႕နဂါးေလးနဲ႔သူပင္ သိမ္ငယ္သြားသေယာင္၊

'ဇာတ္လိုက္ေတြနဲ႔အဓိကဇာတ္ေကာင္ရဲ႕အ႐ွိန္အဝါက အဲ့ေလာက္ေတာင္ ကြာျခားတာလား၊ငါလည္း ဒ႑ာရီထဲက နတ္နဂါးကိုပိုင္ဆုိင္ထားတဲ့သူပဲေလ!! ဘာလို႔ ငါ့နဂါးေၾကာင့္ေတာ့ ေအးခ်မ္းတဲ့အ႐ွိန္အဝါကလြဲ၍ ဘာအ႐ွိန္အဝါမွ မထုတ္တာလဲ!!! အားက်လိုက္တာ ငါလည္း အ႐ွိန္အဝါႀကီးတဲ့နဂါးႀကီးပိုင္ဆုိင္ခ်င္တယ္ေလ...'လို႔ ေတြးေတာေနေတာ့သည္၊

ထိုေနာက္ သူတို႔နဂါးဝိညာဥ္ေတြဟာ ျပန္ေပ်ာက္ကြယ္သြားကာ မင္ထ်န္းေလာ့ဟာ ဝမ္ေဖးရန္ဆီ အျမန္သြားၿပီး သင္းပ်ံ့ေမႊးႀကိဳင္တဲ့အျပာေရာင္ေဆးလံုးကို ဝမ္ေဖးရန္ပါးစပ္ထဲထည့္လိုက္သည္၊

ထိုေဆးလံုးဟာ သူ႔ပါးစပ္ထဲမွာေပ်ာ္ဝင္သြားၿပီး ခုနက ဖိအားေၾကာင့္ထိခိုက္ထားသည့္ သူရဲ႕ကိုယ္တြင္းအဂါၤမ်ားဟာ အလ်င္အျမန္သက္သာသြားၿပီး ျဖဴေဖ်ာ့ေနသည့္မ်က္ႏွာေလးဟာလည္း ေသြးေရာင္ျပန္သန္းလာေတာ့သည္၊

ထိုအခါမွ...

'ဟိုလူႀကီးက ငါ့ကိုလည္းတိုက္ခိုက္ေသးတယ္ ဘာလို႔ ငါ့ကိုျပန္ကာကြယ္ေပးတာလဲ၊ဒါမွမဟုတ္ ငါတို႔ကို တိုက္ခိုက္တဲ့အနက္ေရာင္နဂါးေသးက အဲ့လူဟာမဟုတ္ဘူး ထင္တယ္'လို႔ ေတြးေတာလိုက္ၿပီး အနည္းငယ္ေၾကာက္ရြံေနသည့္မ်က္ဝန္းမ်ားျဖင့္ ႐ွာေဖြၾကည့္လိုက္ေပမယ့္ မေတြ႔တာေၾကာင့္ သက္ျပင္းခ်လိုက္သည္၊

'ၾကည့္ရတာ ထိုလူ ထြက္လာဖို႔အစီအစဥ္မ႐ွိဘူးထင္ရဲ႕'

ထိုခ်ိန္မွာ ႏွင္းလိုျဖဴေဖြးေနသည့္ အျဖဴေရာင္ဆံပင္႐ွည္မ်ားနဲ႔အျဖဴေရာင္ဝတ္စံုကိုဝတ္ဆင္ထားသည့္ လူငယ္ဟာ သူတို႔နားေလ်ွာက္လာကာ ဝမ္ေဖးရန္ကို ေမးလာေတာ့သည္၊

"မင္း အဆင္ေျပရဲ႕လား" အသံဟာ အနည္းငယ္ေအးစက္ၿပီး ကိုးယိုးကားယားႏိုင္ေပမယ့္ ထိုလူငယ္အတြက္ ထိုေမးခြန္းဟာ သူရဲ႕ဘဝတစ္ေလ်ွာက္ စိတ္ရင္းျဖင့္ ပထမဆံုးေမးဖူးသည့္ေမးခြန္းျဖစ္သည္၊

"သူ အဆင္ေျပေျပမေျပေျပ မင္းအပူပါလား ေရခဲ႐ုပ္ထု" လို႔ ဝမ္ေဖးရန္ေဘးနား႐ွိ မင္ထ်န္းေလာ့ဆီကအသံထြက္လာျခင္းျဖစ္သည္၊

'ေရခဲ႐ုပ္ထုလို႔ ၾကားလိုက္သလိုပဲ ဒါေပမယ့္ ဘာလို႔ထိုနာမည္နဲ႔ က်န္း႐ွန္႔ခ်ံဴး နဲ႔လိုက္ဖက္ေနသလို ခံစားရတာလဲ'ဒါဟာ ထ်န္လ်န္႔နယ္ေျမသားမ်ားရဲ႕အေတြးျဖစ္သည္၊

"ေၾသာ္... မီးအိမ္ေျမႇာင္ပါလား"လို႔ က်န္းရွန္႔ခ်ံဴးဟာ အမူအရာတစ္ခ်က္ေတာင္ မပ်က္ယြင္းဘဲ မင္ထ်န္းေလာ့အား ျပန္ေျပာလိုက္ၿပီးေနာက္ ဂ႐ုမစုိက္စြာ ဝမ္ေဖးရန္ေ႐ွ႕တြင္ မတ္တပ္ရပ္လိုက္ၿပီး ခါးကိုင္းကာ ဝမ္ေဖးရန္ရဲ႕မ်က္ႏွာေလးကိုစိုက္ၾကည့္လိုက္ၿပီးသူတစ္ေယာက္ထဲသာၾကားရသည့္အသံျဖင့္

"ဘာေၾကာင့္ ႐ုပ္ဖ်က္ထားတာလဲမသိဘူး...ထားပါ ႐ုပ္႐ွည္က အေရးႀကီးတာမွွမဟုတ္တာ"လို႔ ေျပာလိုက္ၿပီး ၿပံဳးလိုက္သည္၊သူ႔အၿပံဳးဟာ အနည္းငယ္ေတာ့ ထူးဆန္းေနတာ အမွန္ေပ၊

"ကိုယ္က ေရခဲနဂါးဝိညာဥ္ပိုင္႐ွင္ က်န္း႐ွန္႔ခ်ံဳး ၊ အခုထိ လူပ်ိဳလူလြတ္ဘဲ"လုိ႔ ေျပာလိုက္ပံုဟာ ေဘးနား႐ွိမင္ထ်န္းေလာ့တို႔ ထမ႐ိုက္တာ ကံေကာင္း၊

"ဟုတ္...ေ႐ွာင္ကလန္က ေ႐ွာင္ေဝ့ရန္ပါ"လို႔ ဝမ္ေဖးရန္ဟာ သူေ႐ွ႕႐ွိ ၾကက္သီးထစရာအျပံဳးႀကီးျဖင့္ ျပံဳးေနသည့္က်န္း႐ွန္႔ခ်ံဳးေၾကာင့္ အလ်င္အျမန္မိတ္ဆက္မိလိုက္သည္၊

"ေ႐ွာင္ေဝ့ရန္...၊အသံမွားစရာအေၾကာင္းမ႐ွိပါဘူး ေလလံပြဲမွာတုန္းက ဝမ္ေဖးရန္ဆုိၿပီး မိတ္ဆက္ခဲ့တာမဟုတ္ဘူးလား"လို႔ မ်က္လံုးမ်ားေမွးစင္းသြားကာေမးလိုက္ေတာ့ ဝမ္ေဖးရန္ဟာ ဘာမွမျဖစ္စြာျဖင့္

"အခုေလာေလာဆယ္ ေ႐ွာင္ေဝ့ရန္ေပါ့ သခင္ေလးက်န္း"လို႔ ျပံဳးကာေျပာလိုက္ေတာ့ က်န္း႐ွန္႔ခ်ံဴးရဲ႕နားႏွစ္ဖက္ဟာ ရဲတက္သြားၿပီး

"ေၾသာ္...အဲ့လို႔လား အင္း ဒါနာမည္တစ္ခုပဲေလ...မၾကာခင္ ၿပိဳင္ပြဲစေတာ့မွာ ယုန္ျဖဴေလးေကာ ဝင္ၿပိဳင္ဦးမလား"လို႔ သူ႔ကိုငံု႔ၾကည့္ကာ ေျပာလိုက္သည့္ ေနာက္ထပ္ဇာတ္လိုက္ျဖစ္သည့္က်န္း႐ွန္႔ခ်ံဴးေၾကာင့္ ဝမ္ေဖးရန္ မ်က္ေတာင္ သံုးေလးခ်က္ေလာက္ ခတ္မိလိုက္ၿပီး

'ယုန္ျဖဴေလး...ငါ့ကို ေျပာတာလား'လို႔ စိတ္ထဲမွာေတြးေနေပမယ့္ အျပင္ပန္းကေတာ့ မ်က္လံုးေလးမ်ား မွိတ္သြားတဲ့အထိ ျပံဳးလိုက္ၿပီး ေခါင္းညိတ္လိုက္သည္၊

"ဟုတ္ ဆုကို ကြၽန္ေတာ္မက္တယ္ေလ"

"သိၿပီ... ႀကိဳးစားေနာ္" လို႔ ေျပာၿပီး ျပန္ထြက္သြားေတာ့သည္၊က်န္း႐ွန္႔ခ်ံဳးဟာ ထိုဆုကို သူကိုယ္တိုင္ယူၿပီး လက္ေဆာင္အျဖစ္ေပးခ်င္ေပမယ့္ သူ႔စိတ္ထဲ ယုန္ျဖဴေလးဟာ လက္ခံမည္မဟုတ္တာကို သိေနတာေၾကာင့္ အားေပးစကားသာ ေျပာခဲ့ျခင္းျဖစ္သည္၊ ေနာက္ကြယ္ကေန ကူညီေတာ့ ဘယ္သူသိမွာမို႔လို႔လဲ။

ဝမ္ေဖးရန္ဟာ ေခါင္းေလးတညိတ္ညိတ္ျဖင့္ လုပ္ေနရင္း ေဘးနားမွာ မင္ထ်န္းေလာ့ဟာ လာရပ္ၿပီး က်န္း႐ွန္႔ခ်ံဳးရဲ႕ေနာက္ေက်ာကို မေက်မနပ္ၾကည့္ကာ

"ရန္အာ အဲ့ေကာင္နဲ႔ မပတ္သတ္နဲ႔"လို႔ ေျပာလိုက္ေတာ့ ဝမ္ေဖးရန္ဟာ ဘာေၾကာင့္လဲဆုိသည့္ မ်က္ႏွာေလးျဖင့္ မင္ထ်န္းေလာ့ကို ၾကည့္လိုက္ေတာ့ မင္ထ်န္းေလာ့ရဲ႔လက္တစ္ဖက္ဟာ သူရဲ႕ဆံပင္မ်ားကိုဖြလိုက္ၿပီး နားဖူးေလးကိုမသိမသာထိသြားတာေၾကာင့္ ဝမ္ေဖးရန္ဟာ အနည္းငယ္မ်က္ႏွာရဲတက္သြားေပမယ့္ ဘာမွမျဖစ္ခ်င္ေယာင္ေဆာင္လိုက္ၿပီး

"ေျပာေလ ဘာလို္႔လဲ"

"သူက ကိုယ့္ရဲ႕မီးေတာက္ကို ခဲႏိုင္လို႔ေပါ့! "

'ဟမ္...ဟင္ ဒါဘာအေၾကာင္းျပခ်က္ႀကီးလဲ' လို႔ ေတြးေတာေနတုန္း မင္ထ်န္းေလာ့သာ ဆက္ေျပာလာသည္၊

"ကိုယ္ၾကားတာ က်န္း႐ွန္႔ခ်ံဴးမွာ ခ်စ္သူ႐ွိတယ္တဲ့ မုဟန္ခ်င္းလားပဲ သူရဲ႕ဆရာတူညီငယ္ေလးပဲ...ကိုယ္က မင္းကိုမပတ္သတ္ခိုင္းတာက ေတာ္ၾကာ အထင္လြဲကုန္ၾကၿပီး ေရခဲနန္းေတာ္က ျပသာနာ႐ွာရင္ဘယ္လိုလုပ္မလဲ၊ဒါေၾကာင့္ အခုတည္းက ကင္းကင္း႐ွင္း႐ွင္းေနေပါ့ မဟုတ္ဘူးလား၊"လို႔ မင္ထ်န္းေလာ့ဟာ လိမ္ညာေျပာလိုက္ေပမယ့္ သူရဲ႕ရန္အာမယုံၾကည္မွာလည္း စိုးရိမ္သြားသည္၊ဒါေပမယ့္ သူရဲ႕ရန္အာဟာ အေလးအနက္ေတြးေတာကာ ေခါင္းေလးတညိတ္ညိတ္ျဖင့္

"ေလာ့ေကာေကာ ေျပာတာ မွန္တယ္ အထင္လြဲခံရတာ ဆုိးဝါးတဲ့ကိစၥပဲ" လို႔ ျပန္ေျဖလာေတာ့သည္၊ဟုတ္သားပဲ သူရဲ႕ရန္အာဟာ သူေျပာသမ်ွ ယုံလြယ္သည့္ ခ်စ္စရာေကာင္းၿပီးလွပသည့္အမ်ိဳးသားေလးဆုိတာ သူတစ္ခ်က္ေမ့သြားခဲ့တာပဲ

-*-*-*-*-*-*-*-*-*-*-*-*-*-*-*

Chapter-40ေမ်ွာ္...

-*-*-*-*-*---------*-*-*-*-*-*------*-*-*-*-*-*-*-

Unicode

ဝမ်ဖေးရန်တစ်ယောက် သူရဲ့အပြာနုရောင်ဖဲကြိုးကို ပြန်ယူရန် လက်လှမ်းရုံပဲရှိသေးသည် အနက်ရောင်အငွေ့များဟာ ဇာတ်လိုက်လေးယောက်ကြားရောက်လာကာ ဝမ်ဖေးရန်ရဲ့ အပြာရောင်ဖဲကြိုးလေးဟာ ထိုအနက်ရောင်စွမ်းအင်များကြောင့် အမှုန့်တောင်မကျန် ဖျက်ဆီးပျောက်ကွယ်သွားတော့သည်၊

'သောက်ကျိုးနဲ... ဒါ ဘာဖြစ်ပြန်တာလဲ!!!'

မင်ထျန်းလော့တို့လည်း အနက်ရောင်စွမ်းအင်ကြောင့် မျက်ခုံးများတွန့်သွားကြပြီး သူတို့ရဲ့စွမ်းအင်နဲ့ပြန်ခုခံလိုက်ပေမယ့် အပြာရောင်ဖဲကြိုးလေးကတော့ အမှုန့်အဖြစ်ဘဝကူးပြောင်းသွားတော့သည်၊လုဝေ့ကျီဟာ ဒေါသထွက်စွာဖြင့် ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး

"ဘယ်သူလဲ!!!ထွက်ခဲ့စမ်း!"လို့ ဒေါသကို ချုပ်တီးထားသည့်အသံဖြင့် မေးလိုက်ပေမယ့် ဘာအသံမှမကြားရဘဲ အနက်ရောင်အငွေ့များနဲ့ တစ်ပေလောက်ရှိသည့်နဂါးတစ်ကောင်ဟာ သူတို့ဆီပျံသန်းလာသည်ကို တွေ့လိုက်သည်နှင့် ဇာတ်လိုက်လေးယောက်လုံးဟာ ဝမ်ဖေးရန်ကို သူတို့နောက်ကို ပို့လိုက်ပြီး ထိုတစ်ပေလောက်ရှိသည့် အနက်ရောင်နဂါးကိုကြည့်ကာ

"တော်တော်ပြင်းထန်တဲ့ချီစွမ်းအင်ပဲ... "လို့ ဒီချူံးအဆင့်ကျင့်ကြံသူတစ်ယောက်သာဖြစ်သည့်မင်ထျန်းလော့ဟာ ရွတ်ဆိုမိသည်၊တစ်ဖက်ကဖိအားဟာ အနိမ့်ဆုံးထျန်းကျီအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့အရှိန်အဝါဖြစ်တာကြောင့် မင်ထျန်းလော့အတွက်တော့ ဖိအားပြင်းထန်လွန်းသည်၊

ကျန်တဲ့သူသုံးယောက်ဟာလည်း မသက်သာချေ၊ ရှလုန်ရွှိန်တောင် ယောင်ရှစ်အနွယ်ဖြစ်လို့ အနည်းငယ်ခံသာနေခြင်းဖြစ်သည်၊ဒါပေမယ့် သူတို့ကလည်း တော်ရုံလူတွေမှမဟုတ်ပင်၊နယ်မြေတစ်ခုချင်းဆီက ပါရမီရှင်တွေလေ၊ ဒါကြောင့် သူတို့ဆီ ပြေးဝင်လာသည့် အနက်ရောင်နဂါးကို ထျန်းကျီအဆင့်ဖြစ်ကြသည့် ရီယွမ်ရှန့်နဲ့လုဝေ့ကျီဟာ ရှေ့ကနေ ကာလိုက်ပြီး ခုခံလိုက်သည်၊

ဝမ်ဖေးရန်ဟာ အရှေ့ကနေ သူ့ကိုကာပေးထားကြောင့် ဖိအားကိုမခံစားရပေမယ့် ထိုတစ်ပေလောက်ရှိတဲ့အနက်ရောင်နဂါးလေးဟာ ကြောက်ဖို့ကောင်းမှန်းသတိထားမိသွားတဲ့အပြင် လွန်ခဲ့တဲ့ရက်အနည်းငယ်မှာ တွေ့ခဲ့တဲ့လူတစ်ယောက်ကို သွားသတိရမိသွားသည်၊ ထိုလူကလည်း အမှောင်ချီအသုံးပြုတဲ့ကျင့်ကြံသူဖြစ်ပြီး အနက်ရောင်နဂါးပိုင်ဆိုင်ထားသူလည်းဖြစ်သည်၊အခြားဇာတ်လိုက်တွေနဲ့မတူ ထိုလူက သူ့ကိုသတ်ချင်နေတာလေ၊သူရဲ့သွေးကိုတောင် ကုန်တဲ့အထိသောက်ချင်နေတာ... ၊

ဒါကြောင့် အစွမ်းကုန်ခုခံကာကွယ်နေသည့် ရီယွမ်ရှန့်နဲ့လုဝေ့ကျီကြောင့် ဝမ်ဖေးရန်ဟာ စိုးရိမ်ပူပန်လာတော့သည်၊ သိုင်းအဆင့်တစ်ခုနဲ့တစ်ခုဟာ တစ်ဆင့်၊နှစ်ဆင့်ကာ ကွာခြားပေမယ့် အင်အားချင်းဟာ ပင်လယ်နဲ့မြစ်လို ကွာဟလွန်းသည်၊ သူကြောင့် သူခင်မင်ရတဲ့သူတွေကို မထိခိုက်စေချင်ပေ၊

ထိုချိန်မှာ နောက်ထပ် အနက်ရောင်အငွေ့အသက်များဝန်းရံထားသည့်တစ်ပေလောက်ရှိသည့် နဂါးဟာ သူတို့ဘက်ကိုအရှိန်ဖြင့်လာသည်ကိုမြင်တော့ ဝမ်ဖေးရန် ပိုမိုစိုးရိမ်လာတော့သည်၊ ပထမအနက်ရောင်နဂါးနဲ့တောင် ယွမ်ရှန့်နဲ့အစ်ကိုဝေ့ကျီ တော်တော်ခုခံနေရတာကိုး၊တစ်ခြားထျန်းကျီအဆင့်ကျင့်ကြံသူတွေဆို ထိုနေရာမှာတင် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်ပေမယ့် ဇာတ်လိုက်အရှိန်အဝါပိုင်ဆိုင်ထားသည့်သူတွေဖြစ်တာကြောင့် သူတို့ကို ထိခိုက်မှုမရှိ ခုခံထားတာဖြစ်သည်၊

ဒါပေမယ့် နောက်ထပ်အနက်ရောင်နဂါးသေးတစ်ကောင် ပြေးဝင်လာသည်ကို မြင်တော့ ဝမ်ဖေးရန်လည်း အများကြီးတွေးတောမနေပဲ ရီယွမ်ရှန့်တို့နဲ့ ထိုအနက်ရောင်နဂါးသေးကြားထဲ ပြေးဝင်ကာ သူရဲ့နတ်နဂါးသိုင်းဝိညာဉ်ကိုထုတ်ဖော်လိုက်ပြီး ကာကွယ်ပေးရန်ကြိုးစားလိုက်သည်၊ သူမသေပေမယ့် တော်တော်ထိခိုက်ဒဏ်ရာရမည်ဆိုတာ သိသည်၊ဒါပေမယ့် ယွမ်ရှန့်တို့ ဒဏ်ရာမရဖို့က အရေးကြီးသည်၊ ထျန်းကျီအဆင့်သိုင်းပညာရှင်တွေတောင် မနဲခုခံရသည့် ထိုအနက်ရောင်နဂါးသေးကို ဒီချူံးအဆင့်တောင် မရောက်သေးတဲ့ဝမ်ဖေးရန်ကဘယ်လို ခုခံနိုင်မှာလဲ၊

အဝေးကနေရသည့်ဖိအားကြောင့်ပင် ဝမ်ဖေးရန်ရဲ့မျက်နှာလေးဟာ ဖြူဖျော့ဖြူဖျော်ဖြစ်သွားပြီး အတွင်းအဂါၤများနာကျင်မှုကြောင့် မြေပြင်ပေါ် ဒူးတစ်ဖက်ထောက်ကာ နူတ်ခမ်းထောင့်မှာ သွေးများစီးကျလာတော့သည်၊ဒါပေမယ့် ဝမ်ဖေးရန်ဟာ ဆက်လက်ကာကွယ်ပေးနေဆဲပင်၊ ဖြစ်ပျက်သွားတာ တစ်မိနစ်တောင်မရှိတာကြောင့် အကုန်လုံးဟာ ရုတ်တရက်ကြီးပြေးဝင်ကာ သူတို့ကိုကာကွယ်ပေးသည့်ဝမ်ဖေးရန်ကြောင့် အံအားသင့်သွားပြီးနောက် မလုပ်ရန်လှမ်းအော်လိုက်ပေမယ့် နောက်ကျသွားပေသည်၊ အနက်ရောင်နဂါးဟာ ဝမ်ဖေးရန်ရဲ့ ရှစ်ပေအကွာသို့ ရောက်နေပြီဖြစ်သည်၊

အနက်ရောင်ချီစွမ်းအင်ရဲ့ ပြင်းထန်သည့် စွမ်းအားကြောင့် အလျင်စလိုရောက်လာသည့် လူများဟာလည်း ထိုလှပသောလူငယ်လေးရဲ့မိုက်မဲသည့် လုပ်ရပ်ကြောင့် ထိုလူငယ်လေးတော့ သွားပြီဟုတွေးလိုက်ကြတော့သည်၊ဒါပေမယ့် တစ်ဖက်မှာလည်း အဖြူရောင်နတ်နဂါးကြီးကြောင့် အံ့အားသင့်သွားကြပြန်သည်၊ စွမ်းအားမြှင့်တဲ့သူတွေဟာလည်း ကယ်တင်လို့ရပေမယ့် သူတို့မဆိုင်တာကြောင့်ရပ်ကြည့်နေကြသည်၊

ထိုချိန်မှာ မထင်မှတ်သည့်ကိစ္စဖြစ်သွားသည်၊ အကုန်လုံးဟာ အဖြူရောင်ဆံနွယ်များနဲ့ လူငယ်လေးသေပြီလို့ထင်လိုက်ပေမယ့် အရှိန်အဝါပြင်းထန်သော နဂါးခြောက်ကောင်ဟာ လူငယ်လေးပတ်လည်မှာ နေယူကာကွယ်ထားကာ ပေါ်ပေါက်လာတော့သည်၊

နဂါးရှစ်ကောင်ရဲ့ ဒဏ္႑ာရီဆိုတာ ထျန့်လျန့်နယ်မြေသာ ဒဏ္႑ာရီတစ်ခုအနေနဲ့သာ ထင်ရှားပေမယ့် နယ်မြေအပြင်ပိုင်းမှာတော့ အင်အားကြီးသည့်သိုင်းဝိညာဉ်တွေဖြစ်သည်၊ထိုသို့အနက်ရောင်အဆင့်အထက်သိုင်းဝိညာဉ်တွေကို တစ်နေရာတည်းမြင်လိုက်တော့ ဘယ်သူမဆို အံ့အားသင့်သွားတာမဆန်းကျယ်ပေ၊

ထိုအဖြူရောင်နဂါးပိုင်ဆိုင်ထားသည့်လူငယ်လေးရဲ့ရှေ့တွင် အနက်ရောင်အရှိန်အဝါနဲ့အတူ လူတိုင်းကိုသိမ်ငယ်စေအောင် လုပ်နိုင်သည့် သေခြင်းတရားကိုဆုံးဖြတ်ပေးနိုင်သည့် အနီရောင်မျက်ဝန်းများနဲ့ အနက်ရောင်နဂါးကြီးရယ်၊ခရစ်တယ်ကျောက်များနဲ့တည်ဆောက်ထားသည့် ရိုးတွင်းဆီအထိပင်အေးစက်နိုင်သည့် အရှိန်အဝါများဖြင့်သာမက အေးစက်စက်ခရမ်းရောင်မျက်ဝန်းနဲ့ဆုံမိသူတိုင်း အေးခဲသွားစေနိုင်ပြီး အကြောက်တရားပေါ်ပေါက်လာစေသည့် ရေခဲနဂါးကြီးဟာ အဖြူရောင်နဂါးဝိညာဉ်ပိုင်ဆိုင်ထားသည့် လူငယ်လေးရှေ့မှာ အကာကွယ်ဟန် ရပ်တည်နေတော့သည်၊

ထိုနှင့်မပြီးသေး လူငယ်လေးရဲ့အနောက်တွင်လည်း ကြောက်စရာကောင်းသည့် အစိမ်းရောင်အငွေ့အသက်များနဲ့ စိမ်းရင့်ရင့်မျက်ဝန်းများဟာ လင်းလက်တောက်ပနေပြီး ကြည့်မိတဲ့သူတိုင်း ကျိန်စာသင့်နိုင်သည့် အစိမ်းရောင်ကြေးခွံများနဲ့နဂါးကြီးရယ်၊ ထိုအစိမ်းရောင်နဂါးဘေးနားတွင်လည်း အဖြူရောင်တောင်ပံကြီးကို ဖြန့်ထားကာ ရွှေရောင်ကြေးခွံများနဲ့ ခန့်ညားစွာ တည်ဆောက်ထားပြီး ရွှေရောင်မျက်ဝန်းတစ်စုံဟာ ကြည့်မိသူတိုင်းကို နွေးထွေးမှုများပေးနေပေမယ့် တဖက်မှာလည်း အကြောက်တရားဆိုသည့် ခံစားချက်ကိုပါပေးစွမ်းနိုင်သည့် ထိုရွှေရောင်အလင်းနဂါးကြီးဟာလည်း တည်ရှိနေသေးသည်၊

ဒါနဲ့မပြီးသေးဘူး ထိုနဂါးကြီးနှစ်ကောင်အနောက်တွင်လည်း ဒီကမ္ဘာမှာ တစ်ကောင်ကြွက်တွေသာ အိမ်ထောင်ကျသွားမယ် ဘယ်တော့မှသင့်မြတ်မည်မဟုတ်တဲ့ မီးနဲ့ရေ ချီစွမ်းအင်ပိုင်ဆိုင်ထားသည့် အနက်ရောင်အဆင့်အထက်သိုင်းဝိညာဉ်ဟာ သူတို့ကိုထိတ်လန့်စေပြန်သည်၊ မီးများဝန်းရံထားသည့် အနီရောင်နဂါးကြီးနဲ့ ရေများဝန်းရံထားသည့် အပြာရောင်နဂါးကြီးကို ကြည့်ရတာ သူတို့ကို အပူကော၊အအေးကောပေးနေသယောင်ပင်၊

ထိုနဂါးဝိညာဉ်တစ်ပြိုင်ထဲ ပေါ်လာသည့်အကြောင်းအရင်းဟာ အလယ်ရှိအဖြူရောင်နဂါးဝိညာဉ်ကိုပိုင်ဆိုင်ထားသည့်လူငယ်ကြောင့်ဆိုတာ သိသာလွန်းလှသည်၊အနက်ရောင်ချီနဂါးသေးဟာ အရမ်းထိခိုက်စရာအကြောင်းမဟုတ်ပေမယ့် ထိုသို့တစ်ပြိုက်နက်ထဲ ကာကွယ်လိုက်ပုံအရဆိုရင် နဂါးပိုင်ရှင်တွေရဲ့ရင်ထဲမှာ ထိုလူငယ်လေးဟာ ဘယ်လောက်နေရာယူထားလည်း မေးမြန်းစရာမလိုချေ၊ ထိုလူငယ်လေးက ဘယ်သူလဲ ၊လူငယ်လေးဟာ လှပပေမယ့် ထျန်လျန့်နယ်မြေအပြင်ဘက်မှာဆို ထိုလူငယ်လေးထက်လှပတဲ့သူတွေ ရိုက်သတ်လို့တောင် မကုန်နိုင်ပေ၊

ထိုမြင်ကွင်းဟာ ထျန်လျန့်နယ်မြေအပြင်ဘက်ကလာသည့် အမျိုးသမီးအချို့နဲ့အိုမီဂါအမျိုးသားငယ်လေးတွေကို တကယ့်ကို မနာလိုမှုကိုပေးနိုင်သည်၊ ဒါပေါ့ နဂါးဝိညာဉ်ပိုင်ဆိုင်ယောကျာ်းပျိုတွေကို တဖက်သတ်သဘောကျနေသည့်အိုမီဂါအမျိုးသားငယ်လေးတွေနဲ့အမျိုးသမီးငယ်လေးတွေဟာလည်း ထိုမြင်ကွင်းကြောင့် မနာလိုလွန်းလို့ အခုချက်ချင်း ထိုအမျိုးသားငယ်ကို သွားပြီးပြသာနာရှာကာ သတိပေးချင်နေတော့သည်၊

ဘာမှမသိတဲ့ဝမ်ဖေးရန်တစ်ယောက်ကတော့ ရုတ်တရက်ကြီးပေါ်လာသည့် နဂါးခြောက်ကောင်ကြောင့် သူရဲ့နဂါးလေးနဲ့သူပင် သိမ်ငယ်သွားသယောင်၊

'ဇာတ်လိုက်တွေနဲ့အဓိကဇာတ်ကောင်ရဲ့အရှိန်အဝါက အဲ့လောက်တောင် ကွာခြားတာလား၊ငါလည်း ဒဏ္႑ာရီထဲက နတ်နဂါးကိုပိုင်ဆိုင်ထားတဲ့သူပဲလေ!! ဘာလို့ ငါ့နဂါးကြောင့်တော့ အေးချမ်းတဲ့အရှိန်အဝါကလွဲ၍ ဘာအရှိန်အဝါမှ မထုတ်တာလဲ!!! အားကျလိုက်တာ ငါလည်း အရှိန်အဝါကြီးတဲ့နဂါးကြီးပိုင်ဆိုင်ချင်တယ်လေ...'လို့ တွေးတောနေတော့သည်၊

ထိုနောက် သူတို့နဂါးဝိညာဉ်တွေဟာ ပြန်ပျောက်ကွယ်သွားကာ မင်ထျန်းလော့ဟာ ဝမ်ဖေးရန်ဆီ အမြန်သွားပြီး သင်းပျံ့မွှေးကြိုင်တဲ့အပြာရောင်ဆေးလုံးကို ဝမ်ဖေးရန်ပါးစပ်ထဲထည့်လိုက်သည်၊

ထိုဆေးလုံးဟာ သူ့ပါးစပ်ထဲမှာပျော်ဝင်သွားပြီး ခုနက ဖိအားကြောင့်ထိခိုက်ထားသည့် သူရဲ့ကိုယ်တွင်းအဂါၤများဟာ အလျင်အမြန်သက်သာသွားပြီး ဖြူဖျော့နေသည့်မျက်နှာလေးဟာလည်း သွေးရောင်ပြန်သန်းလာတော့သည်၊

ထိုအခါမှ...

'ဟိုလူကြီးက ငါ့ကိုလည်းတိုက်ခိုက်သေးတယ် ဘာလို့ ငါ့ကိုပြန်ကာကွယ်ပေးတာလဲ၊ဒါမှမဟုတ် ငါတို့ကို တိုက်ခိုက်တဲ့အနက်ရောင်နဂါးသေးက အဲ့လူဟာမဟုတ်ဘူး ထင်တယ်'လို့ တွေးတောလိုက်ပြီး အနည်းငယ်ကြောက်ရွံနေသည့်မျက်ဝန်းများဖြင့် ရှာဖွေကြည့်လိုက်ပေမယ့် မတွေ့တာကြောင့် သက်ပြင်းချလိုက်သည်၊

'ကြည့်ရတာ ထိုလူ ထွက်လာဖို့အစီအစဉ်မရှိဘူးထင်ရဲ့'

ထိုချိန်မှာ နှင်းလိုဖြူဖွေးနေသည့် အဖြူရောင်ဆံပင်ရှည်များနဲ့အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် လူငယ်ဟာ သူတို့နားလျှောက်လာကာ ဝမ်ဖေးရန်ကို မေးလာတော့သည်၊

"မင်း အဆင်ပြေရဲ့လား" အသံဟာ အနည်းငယ်အေးစက်ပြီး ကိုးယိုးကားယားနိုင်ပေမယ့် ထိုလူငယ်အတွက် ထိုမေးခွန်းဟာ သူရဲ့ဘဝတစ်လျှောက် စိတ်ရင်းဖြင့် ပထမဆုံးမေးဖူးသည့်မေးခွန်းဖြစ်သည်၊

"သူ အဆင်ပြေပြေမပြေပြေ မင်းအပူပါလား ရေခဲရုပ်ထု" လို့ ဝမ်ဖေးရန်ဘေးနားရှိ မင်ထျန်းလော့ဆီကအသံထွက်လာခြင်းဖြစ်သည်၊

'ရေခဲရုပ်ထုလို့ ကြားလိုက်သလိုပဲ ဒါပေမယ့် ဘာလို့ထိုနာမည်နဲ့ ကျန်းရှန့်ချူံး နဲ့လိုက်ဖက်နေသလို ခံစားရတာလဲ'ဒါဟာ ထျန်လျန့်နယ်မြေသားများရဲ့အတွေးဖြစ်သည်၊

"သြော်... မီးအိမ်မြှောင်ပါလား"လို့ ကျန်းရှန့်ချူံးဟာ အမူအရာတစ်ချက်တောင် မပျက်ယွင်းဘဲ မင်ထျန်းလော့အား ပြန်ပြောလိုက်ပြီးနောက် ဂရုမစိုက်စွာ ဝမ်ဖေးရန်ရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး ခါးကိုင်းကာ ဝမ်ဖေးရန်ရဲ့မျက်နှာလေးကိုစိုက်ကြည့်လိုက်ပြီးသူတစ်ယောက်ထဲသာကြားရသည့်အသံဖြင့်

"ဘာကြောင့် ရုပ်ဖျက်ထားတာလဲမသိဘူး...ထားပါ ရုပ်ရှည်က အရေးကြီးတာမှှမဟုတ်တာ"လို့ ပြောလိုက်ပြီး ပြုံးလိုက်သည်၊သူ့အပြုံးဟာ အနည်းငယ်တော့ ထူးဆန်းနေတာ အမှန်ပေ၊

"ကိုယ်က ရေခဲနဂါးဝိညာဉ်ပိုင်ရှင် ကျန်းရှန့်ချုံး ၊ အခုထိ လူပျိုလူလွတ်ဘဲ"လို့ ပြောလိုက်ပုံဟာ ဘေးနားရှိမင်ထျန်းလော့တို့ ထမရိုက်တာ ကံကောင်း၊

"ဟုတ်...ရှောင်ကလန်က ရှောင်ဝေ့ရန်ပါ"လို့ ဝမ်ဖေးရန်ဟာ သူရှေ့ရှိ ကြက်သီးထစရာအပြုံးကြီးဖြင့် ပြုံးနေသည့်ကျန်းရှန့်ချုံးကြောင့် အလျင်အမြန်မိတ်ဆက်မိလိုက်သည်၊

"ရှောင်ဝေ့ရန်...၊အသံမှားစရာအကြောင်းမရှိပါဘူး လေလံပွဲမှာတုန်းက ဝမ်ဖေးရန်ဆိုပြီး မိတ်ဆက်ခဲ့တာမဟုတ်ဘူးလား"လို့ မျက်လုံးများမှေးစင်းသွားကာမေးလိုက်တော့ ဝမ်ဖေးရန်ဟာ ဘာမှမဖြစ်စွာဖြင့်

"အခုလောလောဆယ် ရှောင်ဝေ့ရန်ပေါ့ သခင်လေးကျန်း"လို့ ပြုံးကာပြောလိုက်တော့ ကျန်းရှန့်ချူံးရဲ့နားနှစ်ဖက်ဟာ ရဲတက်သွားပြီး

"သြော်...အဲ့လို့လား အင်း ဒါနာမည်တစ်ခုပဲလေ...မကြာခင် ပြိုင်ပွဲစတော့မှာ ယုန်ဖြူလေးကော ဝင်ပြိုင်ဦးမလား"လို့ သူ့ကိုငုံ့ကြည့်ကာ ပြောလိုက်သည့် နောက်ထပ်ဇာတ်လိုက်ဖြစ်သည့်ကျန်းရှန့်ချူံးကြောင့် ဝမ်ဖေးရန် မျက်တောင် သုံးလေးချက်လောက် ခတ်မိလိုက်ပြီး

'ယုန်ဖြူလေး...ငါ့ကို ပြောတာလား'လို့ စိတ်ထဲမှာတွေးနေပေမယ့် အပြင်ပန်းကတော့ မျက်လုံးလေးများ မှိတ်သွားတဲ့အထိ ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်၊

"ဟုတ် ဆုကို ကျွန်တော်မက်တယ်လေ"

"သိပြီ... ကြိုးစားနော်" လို့ ပြောပြီး ပြန်ထွက်သွားတော့သည်၊ကျန်းရှန့်ချုံးဟာ ထိုဆုကို သူကိုယ်တိုင်ယူပြီး လက်ဆောင်အဖြစ်ပေးချင်ပေမယ့် သူ့စိတ်ထဲ ယုန်ဖြူလေးဟာ လက်ခံမည်မဟုတ်တာကို သိနေတာကြောင့် အားပေးစကားသာ ပြောခဲ့ခြင်းဖြစ်သည်၊ နောက်ကွယ်ကနေ ကူညီတော့ ဘယ်သူသိမှာမို့လို့လဲ။

ဝမ်ဖေးရန်ဟာ ခေါင်းလေးတညိတ်ညိတ်ဖြင့် လုပ်နေရင်း ဘေးနားမှာ မင်ထျန်းလော့ဟာ လာရပ်ပြီး ကျန်းရှန့်ချုံးရဲ့နောက်ကျောကို မကျေမနပ်ကြည့်ကာ

"ရန်အာ အဲ့ကောင်နဲ့ မပတ်သတ်နဲ့"လို့ ပြောလိုက်တော့ ဝမ်ဖေးရန်ဟာ ဘာကြောင့်လဲဆိုသည့် မျက်နှာလေးဖြင့် မင်ထျန်းလော့ကို ကြည့်လိုက်တော့ မင်ထျန်းလော့ရဲ့လက်တစ်ဖက်ဟာ သူရဲ့ဆံပင်များကိုဖွလိုက်ပြီး နားဖူးလေးကိုမသိမသာထိသွားတာကြောင့် ဝမ်ဖေးရန်ဟာ အနည်းငယ်မျက်နှာရဲတက်သွားပေမယ့် ဘာမှမဖြစ်ချင်ယောင်ဆောင်လိုက်ပြီး

"ပြောလေ ဘာလို့်လဲ"

"သူက ကိုယ့်ရဲ့မီးတောက်ကို ခဲနိုင်လို့ပေါ့! "

'ဟမ်...ဟင် ဒါဘာအကြောင်းပြချက်ကြီးလဲ' လို့ တွေးတောနေတုန်း မင်ထျန်းလော့သာ ဆက်ပြောလာသည်၊

"ကိုယ်ကြားတာ ကျန်းရှန့်ချူံးမှာ ချစ်သူရှိတယ်တဲ့ မုဟန်ချင်းလားပဲ သူရဲ့ဆရာတူညီငယ်လေးပဲ...ကိုယ်က မင်းကိုမပတ်သတ်ခိုင်းတာက တော်ကြာ အထင်လွဲကုန်ကြပြီး ရေခဲနန်းတော်က ပြသာနာရှာရင်ဘယ်လိုလုပ်မလဲ၊ဒါကြောင့် အခုတည်းက ကင်းကင်းရှင်းရှင်းနေပေါ့ မဟုတ်ဘူးလား၊"လို့ မင်ထျန်းလော့ဟာ လိမ်ညာပြောလိုက်ပေမယ့် သူရဲ့ရန်အာမယုံကြည်မှာလည်း စိုးရိမ်သွားသည်၊ဒါပေမယ့် သူရဲ့ရန်အာဟာ အလေးအနက်တွေးတောကာ ခေါင်းလေးတညိတ်ညိတ်ဖြင့်

"လော့ကောကော ပြောတာ မှန်တယ် အထင်လွဲခံရတာ ဆိုးဝါးတဲ့ကိစ္စပဲ" လို့ ပြန်ဖြေလာတော့သည်၊ဟုတ်သားပဲ သူရဲ့ရန်အာဟာ သူပြောသမျှ ယုံလွယ်သည့် ချစ်စရာကောင်းပြီးလှပသည့်အမျိုးသားလေးဆိုတာ သူတစ်ချက်မေ့သွားခဲ့တာပဲ

-*-*-*-*-*-*-*-*-*-*-*-*-*-*-*

Chapter-40မျှော်...

-*-*-*-*-*---------*-*-*-*-*-*------*-*-*-*-*-*-*-

Continue Reading

You'll Also Like

468K 48.8K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
805K 61.5K 151
Start date -17.10.2019 End Date -4.6.2021 Author - ဗိန်း sinner ဆိုတဲ့အျပစ္သားေတြကို ဒီတိုင္း႐ုိး႐ုိး႐ွင္း႐ွင္း ေလးမ်ားအျပစ္ကိုေပးေခ်ခိုင္းမယ္လား ို႔...
1M 164K 60
'ေသာက္က်ိဳးေတြ ခ်ီးလိုနည္း!! ကိုယ္ဖန္တီးထားတဲ့ ကိုယ့္ဇာတ္ေကာင္...တစ္နည္းအားျဖင့္ ငါ့သားက ငါ့ကိုႀကိဳက္တယ္ဆိုတာ ေယာင္လို႔ေတာင္မေတြးမိဘူး!! ဒင္းကဘယ္တုန္...
288K 20.7K 72
Omega တွေဆို နှိမ်ချဆက်ဆံချင်ကျတဲ့လူတွေအမြင်ကိုပြောင်းလဲပစ်မဲ့ယွင်အာဆိုတဲ့အဆိုတော်မင်းသားလေးကလူတ​ယာက်ကိုရေထဲတွန်းချမိသွားပြီးတဲ့နောက်မှာတော့ သူ့ရဲ့ p...