The Legendary Master's Wife (...

By Sailor_Moon_94

783K 133K 8.8K

Chapter 232 to Chapter 320. Both zawgyi & unicode available. Legendary Master's Wife {Myanmar Translation} Or... More

CHAPTER 232
CHAPTER 233
CHAPTER 234.
CHAPTER 235
CHAPTER 236
CHAPTER 237
CHAPTER 238
CHAPTER 239
CHAPTER 240
CHAPTER 241
CHAPTER 242
CHAPTER 243
CHAPTER 244
CHAPTER 245
CHAPTER 246
CHAPTER 247
CHAPTER 248
CHAPTER 249
CHAPTER 250
CHAPTER 251
CHAPTER 252
CHAPTER 253
CHAPTER 254.
CHAPTER 255
CHAPTER 256
CHAPTER 257
CHAPTER 258
CHAPTER 259
CHAPTER 260
CHAPTER 261.
CHAPTER 262
CHAPTER 263
CHAPTER 264
CHAPTER 265
CHAPTER 266
CHAPTER 267
CHAPTER 268
CHAPTER 269
CHAPTER 270
CHAPTER 271
CHAPTER 272
CHAPTER 273
CHAPTER 274
CHAPTER 275
CHAPTER 276
CHAPTER 278
A/N
CHAPTER 279
CHAPTER 280
CHAPTER 281
CHAPTER 282
CHAPTER 283.
CHAPTER 284
CHAPTER 285
CHAPTER 286
CHAPTER 286 (ဒီတစ်ခါအတည်)
CHAPTER 287
CHAPTER 288
CHAPTER 289
CHAPTER 290 (Part1)
CHAPTER 290 (Part 2)
CHAPTER 291
CHAPTER 292
CHAPTER 293
CHAPTER 294
CHAPTER 295
CHAPTER 296
CHAPTER 297
CHAPTER 298
CHAPTER 299
CHPATER 300.
CHAPTER 301
CHAPTER 302
CHAPTER 303
CHAPTER 304
CHAPTER 305
CHAPTER 306
CHAPTER 307
CHAPTER 308
CHAPTER 309
CHAPTER 310
CHAPTER 311
CHAPTER 312
CHAPTER 313
CHAPTER 314
CHAPTER 315
CHAPTER 316
CHAPTER 317
CHAPTER 318
CHAPTER 319
CHAPTER 320
Finale

CHAPTER 277

8.2K 1.5K 245
By Sailor_Moon_94




Zawgyi ver..








ခ်င္ခ်ိဳး






အဖိုးအိုထံသို႔ မၾကာခဏသြားရန္ မလိုေတာ့သည့္အတြက္ ယူေ႐ွာင္မို႔ထံ၌ ေဆးေဖာ္ရန္အခ်ိန္မ်ား ပိုမိုရ႐ွိလာသည္ ။



သူ႔ထံ၌ ထန္႐ွင္းဂိုဏ္းမွ ရ႐ွိလာေသာ အဆင့္ေျခာက္ေဆးလံုး ေဖာ္စပ္နည္းအၫႊန္းမ်ား ႐ွိေသာ္လည္း ၎ေဆးလံုးမ်ား၏ အက်ိဳးရလဒ္သည္ အဖိုးအို၏ ေဆးၫႊန္းမ်ားႏွင့္ယွဥ္လ်ွင္ အားနည္းသျဖင့္ ယူေ႐ွာင္မိုသည္ အဖိုးအို၏ ေဆးၫႊန္းမ်ားအတိုင္းသာ ေဆးေဖာ္စပ္ကာ ထိုေဆးလံုးမ်ားအား သူ၏ေစ်းဆိုင္၌ တင္ေရာင္းေလ့ရႇိသည္ ။




ဤသို႔ျဖင့္ သံုးလခန္႔ၾကာေသာ္ သူ၏ကဒ္ေပၚ႐ွိ အမွတ္မ်ား အလြန္မ်ားျပားလ်က္ ႐ွိေပေတာ့သည္ ။






ထို႔ေနာက္ သူႏွင့္ လင္းေ႐ွာင္တို႔သည္ ေကာင္းကင္ဘံု စိတ္ဝိဥာဥ္ေလ့က်င့္ေရးက်မ္း ပိုသာသည့္ ေလ့က်င့္ေရးက်မ္းတစ္ခုခု ႐ွိလို႐ွိျငား ႐ွာေဖြရန္အတြက္ ဝိဥာဥ္ေလ့က်င့္ေရးခန္းမသို္႔ ေနာက္တစ္ေခါက္ ထပ္သြားခဲ့ၾကသည္၊ သို႔ေသာ္လည္း ၎က်မ္းထက္ပိုေကာင္းေသာ အရာတစ္ခုမွ မေတြ႔ခဲ့ၾကေပ၊ ထို႔အျပင္ အဖိုးအိုသည္ သူ႔ထံသို႔ ထိုေကာင္းကင္ဘံု စိတ္ဝိဥာဥ္က်မ္းအား လဲႊေျပာင္းေပးလိုစိတ္ ႐ွိဟန္မတူေပ၊ ၎ထံ၌ မ႐ွိ၍ေသာ္လည္းေကာင္း လြွဲေပးလိုစိတ္ မ႐ွိ၍ေသာ္လည္းေကာင္း တစ္ခုခုေတာ့ ျဖစ္ေပလိမ့္မည္ ။




ထိုသို႔မွ် မဟုတ္ပါက အဖိုးအို မည္သို႔စဥ္းစားေနသည္အား ယူေ႐ွာင္မို မေတြးတတ္ေတာ့ေပ၊ ထို႔အျပင္ ယူေ႐ွာင္မို အဖိုးအိုအား မေတြ႔ရသည္မွာလည္း တစ္လခြဲခန္႔ ႐ွိၿပီျဖစ္သည္ ။



လြန္ခဲ့သည့္ တစ္လခြဲခန္႔က အဖိုးအိုမွ တစ္ေနရာရာသို႔ သြားရန္လိုအပ္သည္ဟု ဆိုခဲ့ၿပီး မည္သည့္ေနရာသို႔သြားမည္ မည္သည့္အခ်ိန္၌ ျပန္လာမည္ကိုေတာ့ တိတိက်က် ေျပာမသြားခဲ့ေပ ။




သို႔ေသာ္ အဖိုးအိုသည္ သူ၏ စာဖတ္ခန္းအား ခ်ိတ္ပိတ္မသြားခဲ့ေသာေၾကာင့္ ယူေ႐ွာင္မို စိတ္တိုင္းက် သြားလာႏိုင္ေနေသးသည္၊ တစ္ခါက ယူေ႐ွာင္မို အဖိုးအို၏စာၾကည့္ခန္းသို႔အသြား လမ္း၌ ထ်န္းဇီ႐ွင္းႏွင့္ ေတြ႔ဆံုေလ၏၊ အဖိုးအိုလည္း မ႐ွိေသာေသာေၾကာင့္ သူမ စာဖတ္ခန္းအတြင္းသို႔ ဝင္လိုပါက ယူေ႐ွာင္မိုအား ခြင့္ေတာင္းရေတာ့မည္ျဖစ္သည္ ။

သို႔ေသာ္ ယူေ႐ွာင္မိုသည္ ထိုမ်ွ ရက္ေရာသည့္ လူတစ္ေယာက္ မဟုတ္ေပ ။



သူသည္အစက စာဖတ္ခန္းသို႔ သြားရန္ အစီအစဥ္႐ွိေသာ္ျငား ထ်န္းဇီ႐ွင္းအား ျမင္ေသာအခါ သူ၏ ဦးတည္ရာအား ေျပာင္းပစ္လိုက္သည္ ။

ထ်န္းဇီ႐ွင္းသည္လည္း ယူေရွာင္မိုအားလာေရာက္ ခြင့္ေတာင္းရေလာက္သည္အထိ အေရမထူပါေပ ။













ထို႔ေနာက္ အခ်ိန္တစ္လခန္႔ ကုန္ဆံုးၿပီးေသာအခါ ယူေ႐ွာင္မို အဆင့္ေျခာက္သို႔ အဆင့္တက္ခဲ့ေလသည္ ။

ဤအဆင့္တက္ျခင္းသည္ ယခင္ အဆင့္ေလးမွ အဆင့္ငါးသို႔ တက္ျခင္းထက္ ပို၍ ျမန္ဆန္သည္၊ အဆင့္ျမင့္ေလ အခ်ိန္ၾကာၾကာ ယူရေလ ျဖစ္ေသာ္လည္း အဖိုးအို၏ လမ္းၫႊန္မႈမ်ားေက်းဇူးျဖင့္ ယူေ႐ွာင္မို၏ အဆင့္တက္ႏႈန္းမွာ သိသိသာသာ ျမန္ဆန္လာခဲ့သည္၊ ယခုဆိုလ်ွင္ သူသည္ ေဆးေဖာ္ရာ၌ သူ၏လက္မ်ားအား အသံုးျပဳရန္ မလိုေတာ့ပဲ အဖိုးအိုကဲ့သို႔ မ်က္စိမွတ္ လက္ပိုက္၍ ေဆးေဖာ္ေနႏိုင္ၿပီ ျဖစ္သည္ ။


ဤနည္းလမ္းသည္ လက္အသံုးျပဳ၍ ေဆးေဖာ္သည့္နည္းလမ္းထက္ မ်ားစြာပိုခက္ခဲၿပီး ေမွာ္ဆရာ၏ ပါးနပ္မႈႏွင့္ ဝိဥာဥ္စြမ္းအားအေပၚ ထိန္းခ်ဳပ္ႏိုင္မႈတို႔လည္း လိုအပ္ေသးသည္၊ သို႔ေသာ္ ဤနည္းလမ္းႏွင့္ အသားက်လာသည္ႏွင့္ လက္အသံုးျပဳ၍ ေဖာ္စပ္သည့္နည္းလမ္းထက္ ပိုမိုေကာင္းမြန္ေသာ အက်ိဳးေက်းဇူးမ်ား ရ႐ွိလာမည္ ျဖစ္သည္ ။



ယခု ယူေ႐ွာင္မိုသည္ သူ၏ အာရံုစူးစိုက္မႈအား အလုပ္ႏွစ္ခုသာ ခြဲ၍ လုပ္ေဆာင္ႏိုင္ေသးသည္ ။



သူအဆင့္တက္သြားသည့္အေၾကာင္း သတင္းမ်ား ပ်ံ႕ႏွံ႔သြားသည္ႏွင့္ သူ႔အား လာေႏွာင့္ယွက္ေလ့႐ွိေသာ လူတစ္စုသည္ သူထ်န္းဇီ႐ွင္းထက္ အဆင့္နိမ့္ေနရျခင္းအေပၚ ေဝဖန္ေျပာဆိုရန္ ေရာက္မလာၾကေတာ့ေပ ။




ယေန႔တြင္ ယူေ႐ွာင္မိုသည္ လွပ်ိဳျဖဴေဆးလံုးအခ်ိဳ႕ ယူေဆာင္ကာ ေစ်း၌ သြားေရာင္းရန္ ျပင္၏၊ ေၾကာင္ေဘာလံုးသည္လည္း သူႏွင့္အတူ လိုက္ခဲ့မည္ျဖစ္သည္ ။


လွပ်ိဳျဖဴေဆးလံုးသည္ အဆင့္ေျခာက္ေဆးလံုး ျဖစ္သည္၊ အဆင့္အရမ္းမျမင့္ေသာ္လည္း ေက်ာင္းေတာ္တြင္း အလြန္ ေရပန္းစားသည့္အထဲ၌ ပါဝင္သည္ ။



၎ေဆးမ်ားအား ထန္႐ွင္းဂိုဏ္းမွ ရ႐ွိခဲ့ေသာ ေဆးၫႊန္းမ်ားအတြင္းမွ ႐ွာေဖြေတြ႔႐ွိခဲ့ျခင္း ျဖစ္သည္၊ တစ္ခါေသာက္လိုက္ရံုျဖင့္ အိုမင္းရင့္ေရာ္ျခင္းအား ေလ်ာ့က်ေစကာ အလွကုန္ပစၥည္းကဲ့သို႔ အသံုးျပဳျကသည္၊ အက်ိဳးအားနိသင္ အခ်ိန္ၾကာျမင့္စြာ မသက္ေရာက္ႏိုင္ေသာ္လည္း အမ်ိဳးသမီး ေမွာ္ဆရာမ်ား၏ ဝယ္လိုအားေၾကာင့္ ေစ်းကြက္အတြင္း အလြန္အေရာင္းသြက္သည္ ။



အလွတရားအား မ်က္ကြယ္ျပဳ၍ ေက်ာ္သြားႏိုင္ေသာ မိန္းမပ်ိဳဟူ၍ မ႐ွိေပ ။


ေက်ာင္းေတာ္အတြင္း အမ်ိဳးသမီးဦးေရမွာ အမ်ိဳးသားမ်ားထက္ ေလ်ာ့နည္းေသာ္လည္း ဤေဆးလံုးအေၾကာင္း သတင္းျဖန္႔လိုက္သည္ႏွင့္ တစ္ၿပိဳင္နက္ အမ်ိဳးသမီးမ်ား အမ်ားအျပား လာေရာက္ၾကေတာ့မည္ကို ယူေ႐ွာင္မို ႀကိဳသိေန၏ ။


ဤတစ္ႀကိမ္၌ လင္းေ႐ွာင္သည္ သူႏွင့္အတူ မလိုက္ခဲ့ေပ၊ ယူေ႐ွာင္မို အဖိုးအိုထံသို႔ သိပ္မသြားေတာ့ပဲ အေဆာင္တြင္း ေဆးျပန္ေဖာ္သည့္ အခ်ိန္မွစ၍ လင္းေ႐ွာင္သည္လည္း နဂိုအပ်င္းေရာဂါ ျပန္လည္စြဲကပ္ကာ လြန္ခဲ့သည့္လအတြင္း စိန္ေခၚပြဲတစ္ပြဲမွ မသြားခဲ့ေပ၊ သို႔ေသာ္ အဆင့္မတက္လိုေသာ္လည္း ၎၏ အဆင့္ခုနစ္ေနရာအား ထိန္းသိမ္းရဦးမည္ျဖစ္သျဖင့္ ယူေ႐ွာင္မို၎အား ၿပိဳင္ပြဲကြင္းသို႔ အတင္းတြန္းပို႔ခဲ့သည္ ။












ဤသို႔ႏွင့္ ေစ်းသို႔သြားရာလမ္းတြင္ ယူေ႐ွာင္မို အမ်ိဳးသမီးတစ္ဦးႏွင့္ ဝင္တိုက္မိေလသည္ ။


ထိုအမ်ိဳးသမီး၏ အလွမွာ ပန္းပြင့္ကဲ့သို႔ ႏူးညံ့ၿပီး ေက်ာက္စိမ္းကဲ့သို႔ ျပည့္စံုသည္၊ မ်က္ဝန္းမ်ားမွာ ေဆာင္းဦးရာသီ၏ ကန္ေရျပင္ကဲ့သို႔ လင္းလက္သည္၊ ထိုမိန္းမပ်ိဳေလး၏ တည္ၾကည္သန္႔စင္ေသာ အလွတရားသည္ သူ႔အား ရင္းႏွီးမႈတစ္မ်ိဳးကိုလည္း ေပးစြမ္းေနေပသည္ ။

သူမအား ၾကည့္ေနစဥ္မွာပင္ သူမသည္ သူ႔ထံသို႔ ေျဖးညင္းစြာ ေလ်ွာက္လာသျဖင့္ ယူေ႐ွာင္မို ေနရာတြင္ ရပ္ေနမိသည္ ။


ထိုမိန္းကေလးသည္ ယူေ႐ွာင္မိုအား ႏူးညံ့စြာ ျပံဳးျပသည္ ။

" အတန္းေဖာ္ယူ ကြၽန္မတို႔ ေတြ႔ၾကျပန္ၿပီေနာ္ "





ယူေ႐ွာင္မို အံ့ျသစြာျဖင့္ မ်က္ေတာင္မ်ားအား ပုတ္ခတ္ေနမိသည္၊ သူမသည္ အဆင့္ေျခာက္ ေမွာ္ဆရာျဖစ္သည္၊ ေက်ာင္းေတာ္တြင္း၌ အဆင့္ေျခာက္ေမွာ္ဆရာမ်ား မ႐ွားပါးေသာ္ျငား ဤမိန္းကေလး ဤအသက္အရြယ္ျဖင့္ စြမ္းေဆာင္ႏိုင္သည္မွာ အထင္ႀကီးစရာ ေကာင္းေပသည္၊ ထို႔အျပင္ သူသည္ သူမအေၾကာင္းအား မၾကားဖူးေပ ။






ယူေ႐ွာင္မို တစ္ခဏတြန္႔ဆုတ္ေနၿပီးေနာက္ ေမးလိုက္သည္ ။

" မင္း.. မင္းက? "



ယူေ႐ွာင္မိုမွ သူမအား ေမ့သြားၿပီျဖစ္ေသာ္လည္း ခ်င္ခ်ိဳးသည္ စိတ္ထဲမထားပါေခ်၊ ထိုအစား သူမ၏ ေ႐ွ႕ဆံပင္အား လက္ေခ်ာင္းမ်ားျဖင့္ လိမ္ယွက္ေနၿပီး ျပံဳးကာ ျပန္ေျဖလာသည္ ။

" အတန္းေဖာ္ယူ ဒီေက်ာင္းကိုမလာခင္က ခ်င္ရႊမ္းေဆးဆိုင္ကို ဝင္ခဲ့ဖူးတယ္ေလ.. အဲ့ဒီမွာ အတန္းေဖာ္ယူရဲ႕ ေဆးလံုးေတြကို ကူညီၿပီး စစ္ေဆးေပးခဲ့တာ ကြၽန္မပါ.. သတိရၿပီလား "


" ေျသာ္  အဲ့ဒါ မင္းေပါ့..  ဒါနဲ႔  ကိစၥတစ္ခုခုမ်ား ႐ွိလို႔လား "

ယူေ႐ွာင္မို အိုးတို႔အမ္းတမ္းျဖင့္ ျပံဳးကာ ျပန္ေျဖလိုက္သည္၊ သူသည္ ထိုအျဖစ္အပ်က္အား ခပ္ေရးေရး မွတ္မိေသာ္လည္း ထိုမိန္းကေလး၏ သြင္ျပင္ကိုေတာ့ ေမ့ေနၿပီ ျဖစ္သည္၊ ထိုအခ်ိန္က သူမသည္ အဆင့္ငါးအဆင့္သာ ႐ွိေပလိမ့္ဦးမည္ ။


" ကြၽန္မအတြက္ အတန္းေဖာ္ယူကို စကားေျပာဖို႔ရာ ကိစၥတစ္ခုခု ႐ွိရဦးမွာလား႐ွင္ "

ခ်င္ခ်ိဳးမွ စေနာက္ဟန္ျဖင့္ ရႊင္ပ်စြာ ဆိုေလသည္ ။


" အာ... "

ယူေ႐ွာင္မို မည္သို႔ တံု႔ျပန္ရမည္မွန္း မသိေတာ့ ။






ခ်င္ခ်ိဳးမွ ခပ္ဟဟ ရယ္သည္ ။

" ကြၽန္မက ေနာက္တာပါ႐ွင္.. က်ြန္မမွာတကယ္ကို ကိစၥတစ္ခုခု႐ွိပါတယ္ ကြၽန္မၾကားတာ ႐ွင့္ဆီမွာ လွပ်ိဳျဖဴေဆးလံုး ေဖာ္ထားတာ ႐ွိတယ္တဲ့ အဲ့ဒါ တစ္စံုတစ္ေယာက္က ကြၽန္မကို လာဝယ္ခိုင္းလိုက္လို႔ပါ.. ႐ွင့္ဆီမွာ ေရာင္းဖို႔ေဆးလံုးေတြ ပါလာတယ္မလား "



ယူေ႐ွာင္မို သက္ျပင္းဖြဖြ ခိုးခ်မိသည္၊ သူမသည္ ေဆးလံုးဝယ္ရန္သာ ေရာက္လာျခင္းျဖစ္သည္၊ သူသည္လည္း ေရာင္းရန္ထြက္လာခဲ့ျခင္း ျဖစ္ေပရာ ယခု ေရာင္းလိုက္ရလ်ွင္လည္း ကိစၥမ႐ွိ၊ ယူေ႐ွာင္မို လွပ်ိဳျဖဴ ေဆးလံုးပုလင္းအား ထုတ္ယူျပီး သူမအား ေမးလိုက္သည္ ။


" ေဆးဘယ္ႏွလံုးေလာက္ လိုခ်င္တာပါလဲ "



ခ်င္ခ်ိဳးမွ ျပန္ေျဖသည္ ။

" မမ်ားပါဘူး.. ငါးလံုးဆို ရပါၿပီ "




ယူေ႐ွာင္မိုသည္ ဖန္ပုလင္းအေသးတစ္ခု ထုတ္ယူလိုက္ၿပီး လွပ်ိဳျဖဴေဆး ငါးလံုးထည့္ကာ သူမအား ကမ္းေပးလိုက္သည္ ။

" ဒီမွာ ငါးလံုးပါ စစ္ၾကည့္လိုက္ပါဦး.. တစ္လံုးကို အမွတ္သံုးဆယ္စီက်ပါတယ္ "




၎တို႔သည္ ေစ်းမေပါေပ၊ ထို႔ေၾကာင့္ လူအမ်ားစုသည္ ၎တို႔အား မဝယ္ႏိုင္ၾကေပ၊ သို႔ေသာ္ လွခ်င္ပခ်င္ေသာ အမ်ိဳးသမီးမ်ားမွာေတာ့ ၎ေဆးလံုးမွာ အမွတ္ငါးဆယ္ ျဖစ္ေနလ်ွင္ေတာင္မွ ဝယ္ၾကလိမ့္မည္ ျဖစ္သည္ ။



ေစ်းႏႈန္းအားျကားေသာ္ ခ်င္ခ်ိဳးသည္ အနည္းငယ္ မ်က္ႏွာခ်ိဳေသြးလိုက္ၿပီး ေျပာလာသည္ ။

" အတန္းေဖာ္ယူ.. ေစ်းေလးနည္းနည္းေလာက္ ေလ်ာ့ေပးလို႔ မရဘူးလားဟင္ ကြၽန္မတို႔က အသိအကြၽမ္းေတြပဲဟာကို "






ယူေ႐ွာင္မို သူ၏လက္ေမာင္းေပၚ၌ ၾကက္သီးေမြးညင္းမ်ား ထလာသည္ကို ခံစားလိုက္မိသည္ ။

သူ.. သူငါ့ကို ျမဴစြမ္လာတိုက္ေနတာလား?










ယူေ႐ွာင္မို အားနာပါးနာျဖင့္ ျပံဳးျပလိုက္ရေတာ့သည္၊ တစ္ႀကိမ္မ်ွ ေတြ႔ဖူးရံုျဖင့္ပင္ အသိအကြၽမ္းဟု သတ္မွတ္၌ရႏိုင္မည္ဟုေတာ့ မထင္မိ၊ သို႔ေသာ္လည္း တစ္ဖက္လူမွာ မိန္းကေလးျဖစ္ေနသည့္အတြက္ ျငင္းလ်ွင္ ႐ိုင္းရာက်ကာ သူမလည္း အ႐ွက္ကြဲမည္ျဖစ္သျဖင့္ ယူေ႐ွာင္မို ပထမဆံုးအႀကိမ္ ေစ်းေလ်ာ့ေပးရေတာ့မည္ ျဖစ္သည္၊ ထို႔ေၾကာင့္ အခ်ိန္အေတာ္ၾကာ တံု႔ဆိုင္းေနၿပီးမွ ယူေ႐ွာင္မို သေဘာတူလိုက္ရသည္ ။


" ဟုတ္ကဲ့ပါ ႏွစ္မွတ္ေလ်ာ့ေပးပါ့မယ္.. "



တစ္ဖက္မိန္းကေလးမွ အနည္းငယ္ ဆြံ႔အသြားသည္၊ ေနာက္မွ သူမသည္လည္း ယူေ႐ွာင္မို႔အား ျပံဳးျပကာ..

" အဲ့ဒါဆိုလည္း အတန္းေဖာ္ယူကို ေက်းဇူးတင္ရမွာေပါ့႐ွင္ "




အမွတ္မ်ား လႊဲေျပာင္းၿပီးေနာက္ ယူေ႐ွာင္မိုလည္း ထြက္သြားရန္ျပင္သည္၊ သို႔ေသာ္ ေၾကာင္ေဘာလံုးသည္ သူ၏ အက်ီလက္မ်ားအတြင္းမွ ႐ုတ္တရက္ ခုုန္ထြက္လာ၏၊ မ်က္လံုးဝိုင္းဝိုင္းမ်ားျဖင့္ ဟိုၾကည့္ဒီၾကည့္ စပ္စုေနသည္မွာ အလြန္ျဖဴစင္၍ ခ်စ္စရာေကာင္းေပသည္ ။
















ခ်င္ခ်ိဳးသည္ ေၾကာင္ေဘာလံုးအား ေတြ႔ျမင္သြားၿပီး သူမ၏ မ်က္ႏွာထက္၌ ေတာက္ပေသာ အျပံဳးႀကီးတစ္ခု ျဖစ္ေပၚလာသည္ ။





" အိုး! အရမ္းခ်စ္ဖို႔ေကာင္းတာပဲ.. သူ႔ကိုခ်ီလို႔ ရမလားဟင္ "






ယူေ႐ွာင္မိုလည္း သူမအား အေနရခက္စြာ လွည့္ၾကည့္မိသည္ ။



ထိုအမူအယာအား ျမင္ေသာ္ ခ်င္ခ်ိဳးလည္းသူမ၏ စည္းေက်ာ္ေသာအျပဳအမူအား သတိျပဳမိသြားပံုရၿပီး သူမပခံုးေပၚက်ေနေသာ ဆံပင္မ်ားအား လက္ညႇိဳးျဖင့္ လိမ္ယွက္ကာ


" ေတာင္းပန္ပါတယ္ ကြၽန္မနည္းနည္း ေႏွာင့္ယွက္မိသလို ျဖစ္သြားတယ္.. ကြၽန္မ သြားလိုက္ပါဦးမယ္ေနာ္ "











ေျခလွမ္းအနည္းငယ္ခန္႔ ေလ်ွာက္ၿပီးေသာအခါ သူမသည္ အေနာက္သို႔ ျပန္လွည့္လာၿပီး ယူေ႐ွာင္မို႔အား ခ်ိဳသာစြာ ျပဳံးျပ၍ ဆိုသည္ ။

"  တန္းခြဲႏွစ္ရဲ႕ အရည္အခ်င္းစစ္ စာေမးပြဲက ေနာက္လဝက္ေနရင္ စေတာ့မွာေနာ္.. အတန္းေဖာ္ယူကို ကံေကာင္းပါေစလို႔ ဆုေတာင္းေပးပါတယ္ "




ယူေ႐ွာင္မို  " ... ဟုတ္ကဲ့ ကြၽန္ေတာ္ ကံေကာင္းမွာပါ "





သူမထြက္သြားသည္အား ၾကည့္ေနၿပီးေနာက္ ယူေ႐ွာင္မိုသည္ အနည္းငယ္ မ်က္ေမွာင္ၾကဳပ္လ်ွက္ ေၾကာင္ေဘာလံုးအား ၾကည့္ကာ ဆိုလာသည္ ။

" ေၾကာင္ေဘာလံုးေလး.. သူငါ့ဆီတကယ္ပဲ ေဆးဝယ္ဖို႔ ေရာက္လာတယ္လို႔ထင္လား ငါ့စိတ္ထင္ေတာ့ သူ႔ျကည့္ရတာနည္းနည္း ထူးဆန္းေနသလိုပဲ "





ေၾကာင္ေဘာလံုး:  " ေျမာင္~ "


ယူေ႐ွာင္မို " ... "

ေအးပါေလ.. ငါကိုက လူမွား.. မဟုတ္ေသးပါဘူး .. အေကာင္မွားေမးမိတာကိုး ။


















လွပ်ိဳျဖဴေဆးလံုးမ်ား အားလံုးေရာင္းကုန္သြားေသာအခါ ယူေ႐ွာင္မို အေဆာင္သို႔ ျပန္လာခဲ့သည္၊ လင္းေ႐ွာင္သည္လည္း ခဏအၾကာတြင္ ျပန္ေရာက္လာသည္၊ ထိုအခါ ယူေ႐ွာင္မို၏ မ်က္ႏွာသည္ ေပ်ာ္ရႊင္မႈျဖင့္ ဝင္းပသြားသည္၊ သို႔ေသာ္ လင္းေ႐ွာင္ေလ်ွာက္လာသည္ႏွင့္ ေၾကာင္ေဘာလံုးမွာ ႐ုတ္တရက္ ယူေ႐ွာင္မို႔ ပခံုးေပၚမွခုန္ခ်ကာ လင္းေ႐ွာင္ဆီသို႔ တန္းတန္းမတ္မတ္ ေျပးသြားေလသည္ ။












ထို႔ေနာက္၎သည္ လင္းေ႐ွာင္ထံသို႔ သဲသဲမဲမဲ ေျမာင္ေလေတာ့သည္ ။

" ေျမာင္း ေျမာင္ ေျမာင္ ေျမာင့္ ေျမာင္ ေျမာင္ ေျမာင္ ေျမာင္း.... "









လင္းေ႐ွာင္သည္လည္း ႐ုတ္ခ်ည္း မ်က္ေမွာင္ျကီးျကဳပ္ျပီး ယူေ႐ွာင္မို႔ထံသို႔ ထူးဆန္းေသာ အၾကည့္မ်ား ပို႔လႊတ္ေတာ့သည္ ။






ယူေ႐ွာင္မို ဤအေျခအေနအား အနည္းငယ္ မူမမွန္သလို ခံစားေနရသည္ ။






သူတို႔အခ်င္းခ်င္း စကားေျပာေနတာေတာ့ မဟုတ္ဘူးမလား?





တကယ္ႀကီး ေျပာေနတာလား?!





ေၾကာင္ေဘာလံုးသည္ သူ၏သခင္အား ျပန္ၾကည့္ၿပီး အႀကိမ္အနည္းငယ္ ထပ္ေျမာင္ျပန္သည္ ။







ထို႔ေနာက္ လင္းေ႐ွာင္မွ သူ႔ထံသို႔ ေလွ်ာက္လာသျဖင့္ ယူေ႐ွာင္မိုလည္း ေၾကာက္လန္႔တၾကား အေနာက္ဆုတ္ေလရာ ဆုတ္ရင္းဆုတ္ရင္း နံရံႏွင့္လင္းေ႐ွာင္အၾကား ပိတ္မိသြားေတာ့သည္ ။





ယူေ႐ွာင္မိုသည္ တုန္ယင္ေနေသာ ေလသံျဖင့္ ေမးလာသည္ ။

" ဘာ.. ဘာလဲ "



လင္းေရာင္သည္ နံရံအား လက္တစ္ဖက္ျဖင့္ ေထာက္ထားရင္း ယူေ႐ွာင္မို႔မ်က္လံုးမ်ားအား တည့္တည့္စိုက္ၾကည့္ကာ ျပန္ေျဖသည္ ။


" ေၾကာင္ေဘာလံုးကေျပာတယ္.. ဒီေန႔ မင္းမိန္းမလွေလးတစ္ေယာက္နဲ႔ စကားေျပာၿပီး သူ႕ကိုေဆးလံုးေတြေရာင္းေတာ့လည္း ႏွစ္မွတ္ေလ်ာ့ေပးလိုက္တယ္တဲ့ "










" ဒီကိစၥ ကြၽန္ေတာ္႐ွင္းျပမယ္ "

ယူေ႐ွာင္မိုသည္ ထိုသို႔ေျပာရင္း ေၾကာင္ေဘာလံုးအား စူး႐ွစြာ စိုက္ၾကည့္လိုက္သည္၊ ေနာက္ကြယ္မွာသတင္းျပန္ပို႔တဲ့ ခြၽန္တြန္းေကာင္စုတ္! မင္းေတြ႕မယ္  ငါမင္းကိုေနာက္တစ္ခါ အျပင္ထပ္ေခၚသြားဦးမလား ေစာင့္ၾကည့္ေနလိုက္!






ေၾကာင္ေဘာလံုးသည္ သူ၏နားရြက္မ်ားအား ဦးေခါင္းနားသို႔ ကုပ္ထားၿပီး မ်က္လံုးဝိုင္းမ်ားမွာလည္း အရည္မ်ား လဲ့ေနသည္၊ သူျပန္တိုင္ခဲ့သမ်ွ အားလံုးမွာ မုသားမပါေသာ အမွန္တရားမ်ားသာ ျဖစ္သည္ေလ ။






လင္းေ႐ွာင္မွ ေခါင္းၿငိမ့္လိုက္သည္ ။

" ဆက္ေျပာ.. ကိုယ္နားေထာင္ေနတယ္ "




ယူေ႐ွာင္မိုသည္လည္း အေျဖစကားအတြက္ ျပင္ဆင္လိုက္သည္ ။

" တကယ္ေတာ့ ခင္ဗ်ားလဲ အဲ့မိန္းကေလးကို သိပါတယ္ က်ေနာ္တို႔ ခ်င္ရႊမ္းေဆးဆိုင္ကို ေဆးလံုးေတြေရာင္းဖို႔ သြားတုန္းက ခ်င္ခ်ိဳးလို႔ေခၚတဲ့ မိန္းကေလးေလ.. သူက က်ေနာ္ေစ်းသြားေနတုန္း လမ္းတစ္ဝက္မွာ ႐ုတ္တရက္ႀကီးလာတားၿပီးေတာ့ ေဆးလံုးဝယ္ခ်င္တယ္လို႔ေျပာတာ ၿပီးေတာ့ ေလ်ာ့ေစ်းလည္းလိုခ်င္တယ္တဲ့ က်ေနာ္လည္း အဲ့တုန္းက မျငင္းလိုက္ႏိုင္တာနဲ႔ သေဘာတူလိုက္ရတာပါ.. က်ေနာ္လည္း သူကနည္းနည္း ထူးဆန္းေနတယ္လို႔ေတာ့ ထင္မိသား.. "









လင္းေ႐ွာင္၏ အမူအယာမွာ ႐ႈပ္ေထြးေနၿပီး အနည္းငယ္ စဥ္းစားေနၿပီးေနာက္ ျပန္ေျပာသည္ ။

" ေနာက္တစ္ခါ သူမင္းကို စကားလာေျပာဖို႔ႀကိဳးစားရင္ တစ္ခါတည္း လ်စ္လ်ဴ႐ႈပစ္ခဲ့ "




ယူေ႐ွာင္မို ခ်က္ခ်င္း ေခါင္းၿငိမ့္လိုက္သည္ ။

" ဟုတ္ကဲ့ ေနာက္တစ္ခါက်ရင္ သူ႔ကိုေရွာင္ဖို႔ တတ္ႏိုင္သမ်ွ ႀကိဳးစားမွာပါ "








ထို႔ေနာက္လင္းေ႐ွာင္သည္ သူ၏ေခါင္းအား ယူေရွာင္မို႔လည္ပင္းအနားသို႔ ႏွစ္ခ်လိုက္သည္ ။







ယူေ႐ွာင္မို ႐ွက္ေသြးျဖာသြားသျဖင့္ ၎အား ခ်က္ခ်င္း တြန္းထုတ္လိုက္ရသည္ ။

" ဒါနဲ႔ ခင္ဗ်ား ဘယ္လိုလုပ္ ေၾကာင္ေဘာလံုးေျပာတာကို နားလည္ေနရတာလဲ "







ထိုစကားအားၾကားေသာ္ လင္းေ႐ွာင္ တစ္ကိုယ္လံုး ေတာင့္ခဲသြားေတာ့သည္၊သို႔ေသာ္ အခ်ိန္တစ္ခဏေလးသာ ျဖစ္သည့္အတြက္ ယူေ႐ွာင္မို သတိမျပဳမိလိုက္ေပ ။

" အကုန္လံုးကို မင္းလိုပဲ ငတံုးလို႔ ထင္ေနလား.. "





ယူေ႐ွာင္မို " ... "



ဒီကိစၥနဲ႔ တံုးတာနဲ႔ ဘာမွမဆိုင္ဘူးေလေနာ္.. ဘယ္ေလာက္ပဲ ေတာ္ေနပါေစ ေမွာ္ဝင္သားရဲေတြရဲ႕ ဘာသာစကားကို နားလည္ဖို႔ေတာ့ မျဖစ္ႏိုင္ဘူးမလား?!








လင္းေ႐ွာင္ကိုယ္ကို ကိုင္းခ်လိုက္ကာ ယူေ႐ွာင္မို၏ ႏႈတ္ခမ္းမ်ားအား သိမ္းပိုက္လိုက္သည္ ။







႐ွယ္ခ်ိဳတစ္ေယာက္ ထိုအခန္းအတြင္းမွ ခ်က္ခ်င္းေျပးထြက္သြားေသာ္လည္း ေၾကာင္ေဘာလံုးမွာမူ ဘာဆက္ျဖစ္မလဲ သိလိုသျဖင့္က်န္ေနခဲ့ကာ မ်က္လံုးအျပဴးသားျဖင့္ ၎အေ႐ွ႕မွ ျမင္ကြင္းအား ေငးၾကည့္ေနသည္၊ သို႔ေသာ္ မၾကာမီပင္ ႐ွယ္ခ်ိဳျပန္ေရာက္လာၿပီး ၎အား ဂုတ္ကဆြဲေခၚသြားကာ ဆံုးမရေတာ့သည္ ။






" သခင္နဲ႔သခင္ေလးတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ေနျကတဲ့အခ်ိန္ မင္းသြားၾကည့္လို႔ မရဘူး..  မင္းကကေလးပဲ႐ွိေသးတယ္  မ်က္စိစြံလိမ့္မယ္!  "






ေၾကာင္ေဘာလံုး: " ေျမာင္? "

မ်က္စိစြံတယ္ဆိုတာ ဘာလဲ?








ယူေ႐ွာင္မို: " ... "

လင္းေ႐ွာင္: " ဟားဟားဟား... "





















# 23.1.2021

မ်က္လံုးႀကီးေတြျပဴးၿပီး ဆက္႐ွာမေနၾကပါနဲ႔ေတာ့ ၿပီးပါၿပီ ><

_____________













Unicode ver..








ချင်ချိုး






အဖိုးအိုထံသို့ မကြာခဏသွားရန် မလိုတော့သည့်အတွက် ယူရှောင်မို့ထံ၌ ဆေးဖော်ရန်အချိန်များ ပိုမိုရရှိလာသည် ။



သူ့ထံ၌ ထန်ရှင်းဂိုဏ်းမှ ရရှိလာသော အဆင့်ခြောက်ဆေးလုံး ဖော်စပ်နည်းအညွှန်းများ ရှိသော်လည်း ၎င်းဆေးလုံးများ၏ အကျိုးရလဒ်သည် အဖိုးအို၏ ဆေးညွှန်းများနှင့်ယှဉ်လျှင် အားနည်းသဖြင့် ယူရှောင်မိုသည် အဖိုးအို၏ ဆေးညွှန်းများအတိုင်းသာ ဆေးဖော်စပ်ကာ ထိုဆေးလုံးများအား သူ၏ဈေးဆိုင်၌ တင်ရောင်းလေ့ရှိသည် ။




ဤသို့ဖြင့် သုံးလခန့်ကြာသော် သူ၏ကဒ်ပေါ်ရှိ အမှတ်များ အလွန်များပြားလျက် ရှိပေတော့သည် ။






ထို့နောက် သူနှင့် လင်းရှောင်တို့သည် ကောင်းကင်ဘုံ စိတ်ဝိဉာဉ်လေ့ကျင့်ရေးကျမ်း ပိုသာသည့် လေ့ကျင့်ရေးကျမ်းတစ်ခုခု ရှိလိုရှိငြား ရှာဖွေရန်အတွက် ဝိဉာဉ်လေ့ကျင့်ရေးခန်းမသို့် နောက်တစ်ခေါက် ထပ်သွားခဲ့ကြသည်၊ သို့သော်လည်း ၎င်းကျမ်းထက်ပိုကောင်းသော အရာတစ်ခုမှ မတွေ့ခဲ့ကြပေ၊ ထို့အပြင် အဖိုးအိုသည် သူ့ထံသို့ ထိုကောင်းကင်ဘုံ စိတ်ဝိဉာဉ်ကျမ်းအား လွဲှပြောင်းပေးလိုစိတ် ရှိဟန်မတူပေ၊ ၎င်းထံ၌ မရှိ၍သော်လည်းကောင်း လွှဲပေးလိုစိတ် မရှိ၍သော်လည်းကောင်း တစ်ခုခုတော့ ဖြစ်ပေလိမ့်မည် ။




ထိုသို့မျှ မဟုတ်ပါက အဖိုးအို မည်သို့စဉ်းစားနေသည်အား ယူရှောင်မို မတွေးတတ်တော့ပေ၊ ထို့အပြင် ယူရှောင်မို အဖိုးအိုအား မတွေ့ရသည်မှာလည်း တစ်လခွဲခန့် ရှိပြီဖြစ်သည် ။



လွန်ခဲ့သည့် တစ်လခွဲခန့်က အဖိုးအိုမှ တစ်နေရာရာသို့ သွားရန်လိုအပ်သည်ဟု ဆိုခဲ့ပြီး မည်သည့်နေရာသို့သွားမည် မည်သည့်အချိန်၌ ပြန်လာမည်ကိုတော့ တိတိကျကျ ပြောမသွားခဲ့ပေ ။




သို့သော် အဖိုးအိုသည် သူ၏ စာဖတ်ခန်းအား ချိတ်ပိတ်မသွားခဲ့သောကြောင့် ယူရှောင်မို စိတ်တိုင်းကျ သွားလာနိုင်နေသေးသည်၊ တစ်ခါက ယူရှောင်မို အဖိုးအို၏စာကြည့်ခန်းသို့အသွား လမ်း၌ ထျန်းဇီရှင်းနှင့် တွေ့ဆုံလေ၏၊ အဖိုးအိုလည်း မရှိသောသောကြောင့် သူမ စာဖတ်ခန်းအတွင်းသို့ ဝင်လိုပါက ယူရှောင်မိုအား ခွင့်တောင်းရတော့မည်ဖြစ်သည် ။

သို့သော် ယူရှောင်မိုသည် ထိုမျှ ရက်ရောသည့် လူတစ်ယောက် မဟုတ်ပေ ။



သူသည်အစက စာဖတ်ခန်းသို့ သွားရန် အစီအစဉ်ရှိသော်ငြား ထျန်းဇီရှင်းအား မြင်သောအခါ သူ၏ ဦးတည်ရာအား ပြောင်းပစ်လိုက်သည် ။

ထျန်းဇီရှင်းသည်လည်း ယူရှောင်မိုအားလာရောက် ခွင့်တောင်းရလောက်သည်အထိ အရေမထူပါပေ ။













ထို့နောက် အချိန်တစ်လခန့် ကုန်ဆုံးပြီးသောအခါ ယူရှောင်မို အဆင့်ခြောက်သို့ အဆင့်တက်ခဲ့လေသည် ။

ဤအဆင့်တက်ခြင်းသည် ယခင် အဆင့်လေးမှ အဆင့်ငါးသို့ တက်ခြင်းထက် ပို၍ မြန်ဆန်သည်၊ အဆင့်မြင့်လေ အချိန်ကြာကြာ ယူရလေ ဖြစ်သော်လည်း အဖိုးအို၏ လမ်းညွှန်မှုများကျေးဇူးဖြင့် ယူရှောင်မို၏ အဆင့်တက်နှုန်းမှာ သိသိသာသာ မြန်ဆန်လာခဲ့သည်၊ ယခုဆိုလျှင် သူသည် ဆေးဖော်ရာ၌ သူ၏လက်များအား အသုံးပြုရန် မလိုတော့ပဲ အဖိုးအိုကဲ့သို့ မျက်စိမှတ် လက်ပိုက်၍ ဆေးဖော်နေနိုင်ပြီ ဖြစ်သည် ။


ဤနည်းလမ်းသည် လက်အသုံးပြု၍ ဆေးဖော်သည့်နည်းလမ်းထက် များစွာပိုခက်ခဲပြီး မှော်ဆရာ၏ ပါးနပ်မှုနှင့် ဝိဉာဉ်စွမ်းအားအပေါ် ထိန်းချုပ်နိုင်မှုတို့လည်း လိုအပ်သေးသည်၊ သို့သော် ဤနည်းလမ်းနှင့် အသားကျလာသည်နှင့် လက်အသုံးပြု၍ ဖော်စပ်သည့်နည်းလမ်းထက် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများ ရရှိလာမည် ဖြစ်သည် ။



ယခု ယူရှောင်မိုသည် သူ၏ အာရုံစူးစိုက်မှုအား အလုပ်နှစ်ခုသာ ခွဲ၍ လုပ်ဆောင်နိုင်သေးသည် ။



သူအဆင့်တက်သွားသည့်အကြောင်း သတင်းများ ပျံ့နှံ့သွားသည်နှင့် သူ့အား လာနှောင့်ယှက်လေ့ရှိသော လူတစ်စုသည် သူထျန်းဇီရှင်းထက် အဆင့်နိမ့်နေရခြင်းအပေါ် ဝေဖန်ပြောဆိုရန် ရောက်မလာကြတော့ပေ ။




ယနေ့တွင် ယူရှောင်မိုသည် လှပျိုဖြူဆေးလုံးအချို့ ယူဆောင်ကာ ဈေး၌ သွားရောင်းရန် ပြင်၏၊ ကြောင်ဘောလုံးသည်လည်း သူနှင့်အတူ လိုက်ခဲ့မည်ဖြစ်သည် ။


လှပျိုဖြူဆေးလုံးသည် အဆင့်ခြောက်ဆေးလုံး ဖြစ်သည်၊ အဆင့်အရမ်းမမြင့်သော်လည်း ကျောင်းတော်တွင်း အလွန် ရေပန်းစားသည့်အထဲ၌ ပါဝင်သည် ။



၎င်းဆေးများအား ထန်ရှင်းဂိုဏ်းမှ ရရှိခဲ့သော ဆေးညွှန်းများအတွင်းမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်၊ တစ်ခါသောက်လိုက်ရုံဖြင့် အိုမင်းရင့်ရော်ခြင်းအား လျော့ကျစေကာ အလှကုန်ပစ္စည်းကဲ့သို့ အသုံးပြုကြသည်၊ အကျိုးအားနိသင် အချိန်ကြာမြင့်စွာ မသက်ရောက်နိုင်သော်လည်း အမျိုးသမီး မှော်ဆရာများ၏ ဝယ်လိုအားကြောင့် ဈေးကွက်အတွင်း အလွန်အရောင်းသွက်သည် ။



အလှတရားအား မျက်ကွယ်ပြု၍ ကျော်သွားနိုင်သော မိန်းမပျိုဟူ၍ မရှိပေ ။


ကျောင်းတော်အတွင်း အမျိုးသမီးဦးရေမှာ အမျိုးသားများထက် လျော့နည်းသော်လည်း ဤဆေးလုံးအကြောင်း သတင်းဖြန့်လိုက်သည်နှင့် တစ်ပြိုင်နက် အမျိုးသမီးများ အများအပြား လာရောက်ကြတော့မည်ကို ယူရှောင်မို ကြိုသိနေ၏ ။


ဤတစ်ကြိမ်၌ လင်းရှောင်သည် သူနှင့်အတူ မလိုက်ခဲ့ပေ၊ ယူရှောင်မို အဖိုးအိုထံသို့ သိပ်မသွားတော့ပဲ အဆောင်တွင်း ဆေးပြန်ဖော်သည့် အချိန်မှစ၍ လင်းရှောင်သည်လည်း နဂိုအပျင်းရောဂါ ပြန်လည်စွဲကပ်ကာ လွန်ခဲ့သည့်လအတွင်း စိန်ခေါ်ပွဲတစ်ပွဲမှ မသွားခဲ့ပေ၊ သို့သော် အဆင့်မတက်လိုသော်လည်း ၎င်း၏ အဆင့်ခုနစ်နေရာအား ထိန်းသိမ်းရဦးမည်ဖြစ်သဖြင့် ယူရှောင်မို၎င်းအား ပြိုင်ပွဲကွင်းသို့ အတင်းတွန်းပို့ခဲ့သည် ။












ဤသို့နှင့် ဈေးသို့သွားရာလမ်းတွင် ယူရှောင်မို အမျိုးသမီးတစ်ဦးနှင့် ဝင်တိုက်မိလေသည် ။


ထိုအမျိုးသမီး၏ အလှမှာ ပန်းပွင့်ကဲ့သို့ နူးညံ့ပြီး ကျောက်စိမ်းကဲ့သို့ ပြည့်စုံသည်၊ မျက်ဝန်းများမှာ ဆောင်းဦးရာသီ၏ ကန်ရေပြင်ကဲ့သို့ လင်းလက်သည်၊ ထိုမိန်းမပျိုလေး၏ တည်ကြည်သန့်စင်သော အလှတရားသည် သူ့အား ရင်းနှီးမှုတစ်မျိုးကိုလည်း ပေးစွမ်းနေပေသည် ။

သူမအား ကြည့်နေစဉ်မှာပင် သူမသည် သူ့ထံသို့ ဖြေးညင်းစွာ လျှောက်လာသဖြင့် ယူရှောင်မို နေရာတွင် ရပ်နေမိသည် ။


ထိုမိန်းကလေးသည် ယူရှောင်မိုအား နူးညံ့စွာ ပြုံးပြသည် ။

" အတန်းဖော်ယူ ကျွန်မတို့ တွေ့ကြပြန်ပြီနော် "





ယူရှောင်မို အံ့သြစွာဖြင့် မျက်တောင်များအား ပုတ်ခတ်နေမိသည်၊ သူမသည် အဆင့်ခြောက် မှော်ဆရာဖြစ်သည်၊ ကျောင်းတော်တွင်း၌ အဆင့်ခြောက်မှော်ဆရာများ မရှားပါးသော်ငြား ဤမိန်းကလေး ဤအသက်အရွယ်ဖြင့် စွမ်းဆောင်နိုင်သည်မှာ အထင်ကြီးစရာ ကောင်းပေသည်၊ ထို့အပြင် သူသည် သူမအကြောင်းအား မကြားဖူးပေ ။






ယူရှောင်မို တစ်ခဏတွန့်ဆုတ်နေပြီးနောက် မေးလိုက်သည် ။

" မင်း.. မင်းက? "



ယူရှောင်မိုမှ သူမအား မေ့သွားပြီဖြစ်သော်လည်း ချင်ချိုးသည် စိတ်ထဲမထားပါချေ၊ ထိုအစား သူမ၏ ရှေ့ဆံပင်အား လက်ချောင်းများဖြင့် လိမ်ယှက်နေပြီး ပြုံးကာ ပြန်ဖြေလာသည် ။

" အတန်းဖော်ယူ ဒီကျောင်းကိုမလာခင်က ချင်ရွှမ်းဆေးဆိုင်ကို ဝင်ခဲ့ဖူးတယ်လေ.. အဲ့ဒီမှာ အတန်းဖော်ယူရဲ့ ဆေးလုံးတွေကို ကူညီပြီး စစ်ဆေးပေးခဲ့တာ ကျွန်မပါ.. သတိရပြီလား "


" သြော်  အဲ့ဒါ မင်းပေါ့..  ဒါနဲ့  ကိစ္စတစ်ခုခုများ ရှိလို့လား "

ယူရှောင်မို အိုးတို့အမ်းတမ်းဖြင့် ပြုံးကာ ပြန်ဖြေလိုက်သည်၊ သူသည် ထိုအဖြစ်အပျက်အား ခပ်ရေးရေး မှတ်မိသော်လည်း ထိုမိန်းကလေး၏ သွင်ပြင်ကိုတော့ မေ့နေပြီ ဖြစ်သည်၊ ထိုအချိန်က သူမသည် အဆင့်ငါးအဆင့်သာ ရှိပေလိမ့်ဦးမည် ။


" ကျွန်မအတွက် အတန်းဖော်ယူကို စကားပြောဖို့ရာ ကိစ္စတစ်ခုခု ရှိရဦးမှာလားရှင် "

ချင်ချိုးမှ စနောက်ဟန်ဖြင့် ရွှင်ပျစွာ ဆိုလေသည် ။


" အာ... "

ယူရှောင်မို မည်သို့ တုံ့ပြန်ရမည်မှန်း မသိတော့ ။






ချင်ချိုးမှ ခပ်ဟဟ ရယ်သည် ။

" ကျွန်မက နောက်တာပါရှင်.. ကျွန်မမှာတကယ်ကို ကိစ္စတစ်ခုခုရှိပါတယ် ကျွန်မကြားတာ ရှင့်ဆီမှာ လှပျိုဖြူဆေးလုံး ဖော်ထားတာ ရှိတယ်တဲ့ အဲ့ဒါ တစ်စုံတစ်ယောက်က ကျွန်မကို လာဝယ်ခိုင်းလိုက်လို့ပါ.. ရှင့်ဆီမှာ ရောင်းဖို့ဆေးလုံးတွေ ပါလာတယ်မလား "



ယူရှောင်မို သက်ပြင်းဖွဖွ ခိုးချမိသည်၊ သူမသည် ဆေးလုံးဝယ်ရန်သာ ရောက်လာခြင်းဖြစ်သည်၊ သူသည်လည်း ရောင်းရန်ထွက်လာခဲ့ခြင်း ဖြစ်ပေရာ ယခု ရောင်းလိုက်ရလျှင်လည်း ကိစ္စမရှိ၊ ယူရှောင်မို လှပျိုဖြူ ဆေးလုံးပုလင်းအား ထုတ်ယူပြီး သူမအား မေးလိုက်သည် ။


" ဆေးဘယ်နှလုံးလောက် လိုချင်တာပါလဲ "



ချင်ချိုးမှ ပြန်ဖြေသည် ။

" မများပါဘူး.. ငါးလုံးဆို ရပါပြီ "




ယူရှောင်မိုသည် ဖန်ပုလင်းအသေးတစ်ခု ထုတ်ယူလိုက်ပြီး လှပျိုဖြူဆေး ငါးလုံးထည့်ကာ သူမအား ကမ်းပေးလိုက်သည် ။

" ဒီမှာ ငါးလုံးပါ စစ်ကြည့်လိုက်ပါဦး.. တစ်လုံးကို အမှတ်သုံးဆယ်စီကျပါတယ် "




၎င်းတို့သည် ဈေးမပေါပေ၊ ထို့ကြောင့် လူအများစုသည် ၎င်းတို့အား မဝယ်နိုင်ကြပေ၊ သို့သော် လှချင်ပချင်သော အမျိုးသမီးများမှာတော့ ၎င်းဆေးလုံးမှာ အမှတ်ငါးဆယ် ဖြစ်နေလျှင်တောင်မှ ဝယ်ကြလိမ့်မည် ဖြစ်သည် ။



ဈေးနှုန်းအားကြားသော် ချင်ချိုးသည် အနည်းငယ် မျက်နှာချိုသွေးလိုက်ပြီး ပြောလာသည် ။

" အတန်းဖော်ယူ.. ဈေးလေးနည်းနည်းလောက် လျော့ပေးလို့ မရဘူးလားဟင် ကျွန်မတို့က အသိအကျွမ်းတွေပဲဟာကို "






ယူရှောင်မို သူ၏လက်မောင်းပေါ်၌ ကြက်သီးမွေးညင်းများ ထလာသည်ကို ခံစားလိုက်မိသည် ။

သူ.. သူငါ့ကို မြူစွမ်လာတိုက်နေတာလား?










ယူရှောင်မို အားနာပါးနာဖြင့် ပြုံးပြလိုက်ရတော့သည်၊ တစ်ကြိမ်မျှ တွေ့ဖူးရုံဖြင့်ပင် အသိအကျွမ်းဟု သတ်မှတ်၌ရနိုင်မည်ဟုတော့ မထင်မိ၊ သို့သော်လည်း တစ်ဖက်လူမှာ မိန်းကလေးဖြစ်နေသည့်အတွက် ငြင်းလျှင် ရိုင်းရာကျကာ သူမလည်း အရှက်ကွဲမည်ဖြစ်သဖြင့် ယူရှောင်မို ပထမဆုံးအကြိမ် ဈေးလျော့ပေးရတော့မည် ဖြစ်သည်၊ ထို့ကြောင့် အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးမှ ယူရှောင်မို သဘောတူလိုက်ရသည် ။


" ဟုတ်ကဲ့ပါ နှစ်မှတ်လျော့ပေးပါ့မယ်.. "



တစ်ဖက်မိန်းကလေးမှ အနည်းငယ် ဆွံ့အသွားသည်၊ နောက်မှ သူမသည်လည်း ယူရှောင်မို့အား ပြုံးပြကာ..

" အဲ့ဒါဆိုလည်း အတန်းဖော်ယူကို ကျေးဇူးတင်ရမှာပေါ့ရှင် "




အမှတ်များ လွှဲပြောင်းပြီးနောက် ယူရှောင်မိုလည်း ထွက်သွားရန်ပြင်သည်၊ သို့သော် ကြောင်ဘောလုံးသည် သူ၏ အကျီလက်များအတွင်းမှ ရုတ်တရက် ခုန်ထွက်လာ၏၊ မျက်လုံးဝိုင်းဝိုင်းများဖြင့် ဟိုကြည့်ဒီကြည့် စပ်စုနေသည်မှာ အလွန်ဖြူစင်၍ ချစ်စရာကောင်းပေသည် ။
















ချင်ချိုးသည် ကြောင်ဘောလုံးအား တွေ့မြင်သွားပြီး သူမ၏ မျက်နှာထက်၌ တောက်ပသော အပြုံးကြီးတစ်ခု ဖြစ်ပေါ်လာသည် ။





" အိုး! အရမ်းချစ်ဖို့ကောင်းတာပဲ.. သူ့ကိုချီလို့ ရမလားဟင် "






ယူရှောင်မိုလည်း သူမအား အနေရခက်စွာ လှည့်ကြည့်မိသည် ။



ထိုအမူအယာအား မြင်သော် ချင်ချိုးလည်းသူမ၏ စည်းကျော်သောအပြုအမူအား သတိပြုမိသွားပုံရပြီး သူမပခုံးပေါ်ကျနေသော ဆံပင်များအား လက်ညှိုးဖြင့် လိမ်ယှက်ကာ


" တောင်းပန်ပါတယ် ကျွန်မနည်းနည်း နှောင့်ယှက်မိသလို ဖြစ်သွားတယ်.. ကျွန်မ သွားလိုက်ပါဦးမယ်နော် "











ခြေလှမ်းအနည်းငယ်ခန့် လျှောက်ပြီးသောအခါ သူမသည် အနောက်သို့ ပြန်လှည့်လာပြီး ယူရှောင်မို့အား ချိုသာစွာ ပြုံးပြ၍ ဆိုသည် ။

"  တန်းခွဲနှစ်ရဲ့ အရည်အချင်းစစ် စာမေးပွဲက နောက်လဝက်နေရင် စတော့မှာနော်.. အတန်းဖော်ယူကို ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ် "




ယူရှောင်မို  " ... ဟုတ်ကဲ့ ကျွန်တော် ကံကောင်းမှာပါ "





သူမထွက်သွားသည်အား ကြည့်နေပြီးနောက် ယူရှောင်မိုသည် အနည်းငယ် မျက်မှောင်ကြုပ်လျှက် ကြောင်ဘောလုံးအား ကြည့်ကာ ဆိုလာသည် ။

" ကြောင်ဘောလုံးလေး.. သူငါ့ဆီတကယ်ပဲ ဆေးဝယ်ဖို့ ရောက်လာတယ်လို့ထင်လား ငါ့စိတ်ထင်တော့ သူ့ကြည့်ရတာနည်းနည်း ထူးဆန်းနေသလိုပဲ "





ကြောင်ဘောလုံး:  " မြောင်~ "


ယူရှောင်မို " ... "

အေးပါလေ.. ငါကိုက လူမှား.. မဟုတ်သေးပါဘူး .. အကောင်မှားမေးမိတာကိုး ။


















လှပျိုဖြူဆေးလုံးများ အားလုံးရောင်းကုန်သွားသောအခါ ယူရှောင်မို အဆောင်သို့ ပြန်လာခဲ့သည်၊ လင်းရှောင်သည်လည်း ခဏအကြာတွင် ပြန်ရောက်လာသည်၊ ထိုအခါ ယူရှောင်မို၏ မျက်နှာသည် ပျော်ရွှင်မှုဖြင့် ဝင်းပသွားသည်၊ သို့သော် လင်းရှောင်လျှောက်လာသည်နှင့် ကြောင်ဘောလုံးမှာ ရုတ်တရက် ယူရှောင်မို့ ပခုံးပေါ်မှခုန်ချကာ လင်းရှောင်ဆီသို့ တန်းတန်းမတ်မတ် ပြေးသွားလေသည် ။












ထို့နောက်၎င်းသည် လင်းရှောင်ထံသို့ သဲသဲမဲမဲ မြောင်လေတော့သည် ။

" မြောင်း မြောင် မြောင် မြောင့် မြောင် မြောင် မြောင် မြောင်း.... "









လင်းရှောင်သည်လည်း ရုတ်ချည်း မျက်မှောင်ကြီးကြုပ်ပြီး ယူရှောင်မို့ထံသို့ ထူးဆန်းသော အကြည့်များ ပို့လွှတ်တော့သည် ။






ယူရှောင်မို ဤအခြေအနေအား အနည်းငယ် မူမမှန်သလို ခံစားနေရသည် ။






သူတို့အချင်းချင်း စကားပြောနေတာတော့ မဟုတ်ဘူးမလား?





တကယ်ကြီး ပြောနေတာလား?!





ကြောင်ဘောလုံးသည် သူ၏သခင်အား ပြန်ကြည့်ပြီး အကြိမ်အနည်းငယ် ထပ်မြောင်ပြန်သည် ။







ထို့နောက် လင်းရှောင်မှ သူ့ထံသို့ လျှောက်လာသဖြင့် ယူရှောင်မိုလည်း ကြောက်လန့်တကြား အနောက်ဆုတ်လေရာ ဆုတ်ရင်းဆုတ်ရင်း နံရံနှင့်လင်းရှောင်အကြား ပိတ်မိသွားတော့သည် ။





ယူရှောင်မိုသည် တုန်ယင်နေသော လေသံဖြင့် မေးလာသည် ။

" ဘာ.. ဘာလဲ "



လင်းရောင်သည် နံရံအား လက်တစ်ဖက်ဖြင့် ထောက်ထားရင်း ယူရှောင်မို့မျက်လုံးများအား တည့်တည့်စိုက်ကြည့်ကာ ပြန်ဖြေသည် ။


" ကြောင်ဘောလုံးကပြောတယ်.. ဒီနေ့ မင်းမိန်းမလှလေးတစ်ယောက်နဲ့ စကားပြောပြီး သူ့ကိုဆေးလုံးတွေရောင်းတော့လည်း နှစ်မှတ်လျော့ပေးလိုက်တယ်တဲ့ "










" ဒီကိစ္စ ကျွန်တော်ရှင်းပြမယ် "

ယူရှောင်မိုသည် ထိုသို့ပြောရင်း ကြောင်ဘောလုံးအား စူးရှစွာ စိုက်ကြည့်လိုက်သည်၊ နောက်ကွယ်မှာသတင်းပြန်ပို့တဲ့ ချွန်တွန်းကောင်စုတ်! မင်းတွေ့မယ်  ငါမင်းကိုနောက်တစ်ခါ အပြင်ထပ်ခေါ်သွားဦးမလား စောင့်ကြည့်နေလိုက်!






ကြောင်ဘောလုံးသည် သူ၏နားရွက်များအား ဦးခေါင်းနားသို့ ကုပ်ထားပြီး မျက်လုံးဝိုင်းများမှာလည်း အရည်များ လဲ့နေသည်၊ သူပြန်တိုင်ခဲ့သမျှ အားလုံးမှာ မုသားမပါသော အမှန်တရားများသာ ဖြစ်သည်လေ ။






လင်းရှောင်မှ ခေါင်းငြိမ့်လိုက်သည် ။

" ဆက်ပြော.. ကိုယ်နားထောင်နေတယ် "




ယူရှောင်မိုသည်လည်း အဖြေစကားအတွက် ပြင်ဆင်လိုက်သည် ။

" တကယ်တော့ ခင်ဗျားလဲ အဲ့မိန်းကလေးကို သိပါတယ် ကျနော်တို့ ချင်ရွှမ်းဆေးဆိုင်ကို ဆေးလုံးတွေရောင်းဖို့ သွားတုန်းက ချင်ချိုးလို့ခေါ်တဲ့ မိန်းကလေးလေ.. သူက ကျနော်ဈေးသွားနေတုန်း လမ်းတစ်ဝက်မှာ ရုတ်တရက်ကြီးလာတားပြီးတော့ ဆေးလုံးဝယ်ချင်တယ်လို့ပြောတာ ပြီးတော့ လျော့ဈေးလည်းလိုချင်တယ်တဲ့ ကျနော်လည်း အဲ့တုန်းက မငြင်းလိုက်နိုင်တာနဲ့ သဘောတူလိုက်ရတာပါ.. ကျနော်လည်း သူကနည်းနည်း ထူးဆန်းနေတယ်လို့တော့ ထင်မိသား.. "









လင်းရှောင်၏ အမူအယာမှာ ရှုပ်ထွေးနေပြီး အနည်းငယ် စဉ်းစားနေပြီးနောက် ပြန်ပြောသည် ။

" နောက်တစ်ခါ သူမင်းကို စကားလာပြောဖို့ကြိုးစားရင် တစ်ခါတည်း လျစ်လျူရှုပစ်ခဲ့ "




ယူရှောင်မို ချက်ချင်း ခေါင်းငြိမ့်လိုက်သည် ။

" ဟုတ်ကဲ့ နောက်တစ်ခါကျရင် သူ့ကိုရှောင်ဖို့ တတ်နိုင်သမျှ ကြိုးစားမှာပါ "








ထို့နောက်လင်းရှောင်သည် သူ၏ခေါင်းအား ယူရှောင်မို့လည်ပင်းအနားသို့ နှစ်ချလိုက်သည် ။







ယူရှောင်မို ရှက်သွေးဖြာသွားသဖြင့် ၎င်းအား ချက်ချင်း တွန်းထုတ်လိုက်ရသည် ။

" ဒါနဲ့ ခင်ဗျား ဘယ်လိုလုပ် ကြောင်ဘောလုံးပြောတာကို နားလည်နေရတာလဲ "







ထိုစကားအားကြားသော် လင်းရှောင် တစ်ကိုယ်လုံး တောင့်ခဲသွားတော့သည်၊သို့သော် အချိန်တစ်ခဏလေးသာ ဖြစ်သည့်အတွက် ယူရှောင်မို သတိမပြုမိလိုက်ပေ ။

" အကုန်လုံးကို မင်းလိုပဲ ငတုံးလို့ ထင်နေလား.. "





ယူရှောင်မို " ... "



ဒီကိစ္စနဲ့ တုံးတာနဲ့ ဘာမှမဆိုင်ဘူးလေနော်.. ဘယ်လောက်ပဲ တော်နေပါစေ မှော်ဝင်သားရဲတွေရဲ့ ဘာသာစကားကို နားလည်ဖို့တော့ မဖြစ်နိုင်ဘူးမလား?!








လင်းရှောင်ကိုယ်ကို ကိုင်းချလိုက်ကာ ယူရှောင်မို၏ နှုတ်ခမ်းများအား သိမ်းပိုက်လိုက်သည် ။







ရှယ်ချိုတစ်ယောက် ထိုအခန်းအတွင်းမှ ချက်ချင်းပြေးထွက်သွားသော်လည်း ကြောင်ဘောလုံးမှာမူ ဘာဆက်ဖြစ်မလဲ သိလိုသဖြင့်ကျန်နေခဲ့ကာ မျက်လုံးအပြူးသားဖြင့် ၎င်းအရှေ့မှ မြင်ကွင်းအား ငေးကြည့်နေသည်၊ သို့သော် မကြာမီပင် ရှယ်ချိုပြန်ရောက်လာပြီး ၎င်းအား ဂုတ်ကဆွဲခေါ်သွားကာ ဆုံးမရတော့သည် ။






" သခင်နဲ့သခင်လေးတို့ တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြတဲ့အချိန် မင်းသွားကြည့်လို့ မရဘူး..  မင်းကကလေးပဲရှိသေးတယ်  မျက်စိစွံလိမ့်မယ်!  "






ကြောင်ဘောလုံး: " မြောင်? "

မျက်စိစွံတယ်ဆိုတာ ဘာလဲ?








ယူရှောင်မို: " ... "

လင်းရှောင်: " ဟားဟားဟား... "





















# 23.1.2021

မျက်လုံးကြီးတွေပြူးပြီး ဆက်ရှာမနေကြပါနဲ့တော့ ပြီးပါပြီ ><

Continue Reading

You'll Also Like

2.1M 162K 36
No descriptions here
750K 30K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
1.1M 61.9K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...