Systemက ကြၽန္ေတာ့္ကို Novelထဲ...

By Neko_san_ZP

1.1M 153K 8.5K

Title: Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို႕ Zawgyi and Unicode Started date: 16.6.2020 End date:... More

Chapter -1
Chapter -2
Chapter - 3
အေၾကာင္းအရာ
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter. 8.1
Chapter - 9
Chapter - 10
Chapter -11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
လက္နက္(12)မ်ိဴး-လက်နက်(12)မျိူး
Chapter - 20
Chapter - 21
Chapter - 22
Chapter- 23
Chapter -24
Chapter-25
Chapter -26
Chapter -27
Chapter - 28.1
Chapter - 28.2
Chapter - 29
Chapter - 30
Chapter -31
Chapter -32
Chapter -33
Chapter - 34.1
Chapter - 34.2
Chapter -35
Chapter -37
Chapter -38
Chapter-39
Chapter -40
Chapter -41
Chapter -42
Chapter - 43
Chapter - 44
characters intro
Chapter - 45
Chapter -46
Chapter - 47
Chapter-48
Chapter - 49
Chpater - 50
Chapter -51
Chapter -52
Chapter-53
Chapter -54
Chapter-55
Chapter-56
Chapter-57
Chapter - 58
Chapter - 59
chapter -60
Chapter-61
Chapter-62
Chapter -63
Chapter-64
Chapter-65
Chapter -66
Chapter -67
Chapter -68
Chapter -69
Chapter-70
*About Book*
Chapter-71
Chapter -72
*Hello*
Chapter-73
Chapter-74
Chapter-75
Chapter -76
Chapter -77
Chapter -78
Chapter -79
Chapter-80
about Vol-2

Chapter -36

11.5K 1.9K 97
By Neko_san_ZP

Zawgyi

အထူးခန္းမွာ ရန္သတ္ေနသေလာက္ ေလလံစင္ျမႇင့္ေပၚမွာေတာ့ ယင္နဲ႔ယန္ဟာ သူမတို႔ေလလံပစၥည္းေတြကို ပိုမိုေစ်းျမင့္ေအာင္ ပစၥည္းတစ္ခုခ်င္းဆီကို လူေတြပိုမို စိတ္ဝင္စားေအာင္ အားတတ္သေရာ႐ွင္းျပေနေတာ့သည္၊

"ဒီတစ္ေခါက္ထူးထူးျခားျခားေလလံတင္မဲ့ပစၥည္းကေတာ့... "လို႔ ယင္ဟာ စကားကိုဆြဲေျပာလိုက္ရင္း လက္ခုပ္ႏွစ္ခ်က္တီးလိုက္ေတာ့ လူသန္ႀကီးေလးေယာက္ဟာ အနက္ေရာင္ပိတ္စႀကီးအုပ္ထားသည့္ေလွာင္အိမ္တစ္ခုကို စင္ျမႇင့္ေပၚသယ္လာၿပီး အားလံုးျမင္ရသည့္ေနရာတြင္ခ်လိုက္သည္။ယင္ဟာ အနီးကိုသြားၿပီး အနက္ပိတ္စႀကီးကို ဖယ္လိုက္ၿပီး

"ေယာင္႐ွစ္မ်ိဳးႏြယ္ကိုေတာ့ လူတိုင္းၾကားဖူးမယ္ထင္တယ္"လို႔ သူမရဲ႕ႏူတ္ခမ္းမ်ားေယာ့သြားၿပီး ေလွာင္အိမ္ထဲကို ၫႊန္ျပကာေျပာလိုက္သည္၊ေလလံရံု႐ွိ လူတိုင္းဟာလည္း ေလွာင္အိမ္ဆီကို အျပဴးအျပဲၾကည့္ၾကေတာ့သည္၊ ဝမ္ေဖးရန္တို႔အပါအဝင္ေပါ့

ေလွာင္အိမ္ထဲတြင္ ေယာက်ာ္းပ်ိဳတစ္ေယာက္႐ွိေနျပီး ထိုေယာက်ာ္းပ်ိဳဟာ အျပာေရာင္ဆံပင္႐ွည္မ်ားနဲ႔ အေပၚတိုင္းဗလာေပမယ့္ ေတာင့္တင္းသန္မာေသာႂကြက္သားမ်ားနဲ့ခနၶာကိုယ္ဟာ တကယ္ကိုၾကည့္ေကာင္းလြန္းသည္၊ အျပာေရာင္ဆံပင္႐ွည္မ်ားဟာ မ်က္ႏွာကိုဖံုးအုပ္ထားေပမယ့္ ဆံပင္႐ွည္မ်ားဖံုးအုပ္ခံထားရသည့္ေအာက္႐ွိ မ်က္ဝန္းမ်ားရဲ႕သတ္ျဖတ္ခ်င္သည့္အ႐ွိန္အဝါဟာကေတာ့ မေသးေပ၊ထိုအၾကည့္မ်ားဟာ လူတိုင္းကို တကယ့္ကို ဖိအားေပးႏိုင္လြန္းသည္၊

"ေယာင္႐ွစ္မ်ိဳးႏြယ္ဆုိတာ ဘယ္ေလာက္႐ွားပါးသလဲဆုိတာ လူႀကီးမင္းတို႔သိမယ္ထင္တယ္ အခု ဒီေလွာင္အိမ္ထဲက ေယာင္႐ွစ္အႏြယ္က ဒီခ်ံဴးအဆင့္က်င့္ႀကံသူေပမယ့္ ကြၽန္မတို႔က တစ္ခါထဲ ခ်ိတ္ပ္ိတ္ၿပီးသားျဖစ္တဲ့အျပင္ ေလလံအႏိုင္ရ႐ွိသူနဲ႔တစ္ခါထဲ အမွတ္အသားခ်ိတ္ေပးပါမယ္ အကုန္လံုးလည္းသိပါတယ္ေနာ္ ေယာင္႐ွစ္တစ္ေယာက္ရဲ႕အင္အားကိုေပါ့ ကဲ ေလလံၾကမ္းခင္းတန္ဖိုးက အဆင့္ျမင့္ ခရမ္းေရာင္သလင္းေက်ာက္တစ္တံုးနဲ႔စမယ္" လို႔ စလိုက္သည္ႏွင့္ ေလလံပြဲတစ္ခုလံုး အံုးအံုးကြၽတ္ကြၽတ္ျဖစ္ကုန္ၾကေတာ့သည္၊

အဆင့္ျမင့္ ခရမ္းေရာင္သလင္းေက်ာက္!! ဒါဘယ္ေလာက္တန္ေၾကးႀကီးတယ္ဆုိတာ ေယာင္႐ွစ္တစ္ေယာက္ရဲ႕တန္ဖိုးကလည္း တကယ္လည္းမေသးပင္၊

ဝမ္ေဖးရန္ဟာ ေလွာင္အိမ္ထဲ႐ွိ ေယာက်ာ္းပ်ိဳကို စိုက္ၾကည့္လိုက္သည္၊
'ဒီဘက္ေခတ္မွာလည္း လူသားအခ်င္းခ်င္း ဒီလိုပဲ ေလလံတင္ၾကတာပဲလား'

[System: ေယာင္႐ွစ္ကိုး ေယာင္႐ွစ္ေတြဆုိတာ ပင္လယ္နတ္ဘုရားအႏြယ္ေတြေလ၊သူတို႔က လူသားလည္းမဟုတ္သလို နတ္ဘုရားလည္းမဟုတ္ၾကဘူး၊ဒါေပမယ့္ သက္တမ္းကေတာ့ သာမန္လူသားေတြထက္ပို႐ွည္တဲ့အျပင္ခႏၶာကိုယ္က်င့္ႀကံေရးမွာ ပါရမီရွိတဲ့ူာေတြလည္းျဖစ္ၿပီး တိုက္ခိုက္ေရးမွာေကာ ခံႏိုင္ရည္မွာေကာ သာမန္လူသားေတြထက္ ဆယ္ဆေလာက္သာလြန္ၿပီး အေတာ္ဆံုးသက္ေတာ္ေစာင့္ေတြလို႔ေျပာလို႔ရတယ္...အဟမ္း ေနာက္တစ္ခုက Side mission က်လာတယ္...အဲ့ေယာင္႐ွစ္ကို ရေအာင္ ေလလံဆြဲၿပီး အမွတ္တစ္ေထာင္ယူလိုက္ေတာ့]လို႔ ဥမေျပာလိုက္သည္ႏွင့္ ဝမ္ေဖးရန္မ်က္ဝန္းမ်ားဟာ အေရာင္လက္သြားေတာ့သည္၊

'ငါလည္း စိတ္ဝင္စားတယ္... ဘာေၾကာင့္ ဘယ္လိုဒီေယာင္႐ွစ္အဖမ္းခံရလဲဆုိတာ အရမ္းသိခ်င္တယ္'လုိ႔ေျပာလိုက္ရင္း သူရဲ႕ခ်ယ္ရီေရာင္ႏူတ္ခမ္းအစြန္းေလးဟာ ေကာ့တက္သြားၿပီး ေစ်းေခၚလိုက္သည္၊

"အဆင့္ျမင့္ ခရမ္းေရာင္သလင္းေက်ာက္ သံုးတံုး"

ပြဲတစ္ခုလိုဆူညံေနသည့္ေလလံရံုဟာ တိတ္ဆိတ္သြားေတာ့သည္၊တစ္ခ်က္ဟာ တန္ေၾကးေၾကာင့္ျဖစ္ၿပီး ေနာက္တစ္ခ်က္ဟာ ေႏြဦးမွာတိုက္ခိုက္သည့္ ေလေျပေလညွင္းေလးလို လူတိုင္းရဲ႕နားထဲကို ေအးခ်မ္းစြာစီးဆင္းသြားသည့္အသံေလးေၾကာင့္ျဖစ္သည္၊ အကုန္လံုးဟာ အထူးခန္းနံပါတ္သံုးဆီ အၾကည့္ေရာက္လာက်ေတာ့သည္၊

ေသခ်ာသဲသဲကြဲကြဲမျမင္ရေပမယ့္ ထိုအခန္းထဲတြင္ လူေလးေယာက္႐ွိေနသည္ကိုေတာ့ သူတို႔ဟာရိပ္စားမိၾကသည္၊ထိုသာယာသည့္အမ်ိဳးသားငယ္ေလးရဲ႕ အသံေၾကာင့္ ေတာ္ေတာ္မ်ားမ်ားဟာ ဘယ္သူလဲလို႔စပ္စုခ်င္ၾကေပမယ့္ အထူးခန္းဆိုသည့္ တည္ေနရာဂုဏ္ပုဒ္ဟာအလကားျပထားသည္မွမဟုတ္တာ၊ ေနာက္ခံႀကီးမားသည့္လူေတြသာ ထိုေနရာမွာ ေနထိုင္ခြင့္႐ွိတာကိုး၊ဘယ္သူလည္း ေတြးေတာေနတုန္း အထူးခန္းနံပါတ္ေလးကေန ေယာက်ာ္းပ်ိဴးတစ္ေယာက္ရဲ႕အသံဟာ ထြက္ေပၚလာေတာ့သည္၊

"အဆင့္ျမင့္ ခရမ္းေရာင္သလင္းေက်ာက္ ေလးတံုး" လို႔ ထြက္ေပၚလာသည္ႏွင့္ အကုန္လံုးလက္႐ွိ ပစၥဳပၸန္ကာလကို ျပန္ေရာက္လာၾကေတာ့သည္၊

"အဆင့္ျမင့္ ခရမ္းေရာင္သလင္းေက်ာက္ ငါးတံုး" အထူးခန္းနံပါတ္သံုးကေန ထိုအသံေလးဟာ ထပ္မံထြက္ေပၚလာျပန္သည္၊ေယာင္႐ွစ္တစ္ေယာက္ရဲ႕တန္ဖိုးက အဲ့ေလာက္မ႐ွိေပမယ့္ ထိုသို႔ ေစ်းျမႇင့္ျမႇင့္ၿပိဳင္ဆုိင္ေနသည္ကိုျမင္ရေတာ့ အကုန္လံုးဟာစိတ္ဝင္စားေနၾကေတာ့သည္၊

ဝမ္ေဖးရန္ရဲ႕မ်က္ႏွာေလးဟာ အနည္းငယ္ဆူပုပ္ေနသည္၊အဆင့္ျမင့္ ခရမ္းေရာင္သလင္းေက်ာက္ဆုိတာ ေဆးလံုးအမ်ားႀကီးဝယ္လို႔ရရံုမကဘူး ပိုးပန္းမယ္ဆုိ အရမ္းလွပသည့္မိန္းမဆယ္ေယာက္ေလာက္ေအးေဆး အိတ္ထဲသာသာယာယာထည့္လို႔ရသည့္ ပမာဏကိုး၊

ထိုခ်ိန္မွာ အထူးခန္းနံပါတ္ေလးကေန ေယာက်ာ္းပ်ိဳတစ္ေယာက္ရဲ႕အသံဟာ ထြက္ေပၚလာေတာ့သည္၊

"နံပါတ္သံုးက လူႀကီးမင္းက ဘာေၾကာင့္ေယာင္႐ွစ္ကို လိုခ်င္ရတာလဲ" ေမးခြန္းဟာ ႐ိုး႐ွင္းသလို အ႐ူးလည္းဆန္ေသးသည္၊

ေယာင္႐ွစ္လို သက္ေတာ္ေစာင့္မ်ိဳးကို ေဘးနားမွာအကာကြယ္အေနနဲ႔လိုခ်င္လို႔ ေလလံဆြဲတာကို ဘာလို႔လိုခ်င္တာလဲဆုိေတာ့ ဒီလူစိတ္ေကာမွန္ရဲ႕လားလို႔ေတြးလိုက္ၾကေပမယ့္ နံပါတ္သံုးအခန္းက ခပ္တိုးတိုးရယ္သံေလးထြက္ေပၚလာေတာ့သည္၊ရယ္သံေလးဟာ တိုးညႇင္းေသာ္လည္း ေလွာင္အိမ္ထဲ႐ွိေယာက်ာ္းနဲ႔ ထိုအခန္းထဲရွိေယာက်ာ္းကိုေတာင္ အနည္းငယ္လႈပ္ခတ္သြားသည္ကို မည္သူမ်ွ သတိထားမိမည္မဟုတ္ေခ်၊

"လူတိုင္းမွာ ကိုယ္ပိုင္ဘဝ႐ွိသင့္တယ္"လို႔ နံပါတ္သံုးအခန္း႐ွိအမ်ိဳးသားငယ္ေလးဟာ ထိုစကားတစ္ခြန္းပဲေျပာလုိက္သည္၊

"ေကာင္းၿပီ ကိုယ္ဘက္က ေလ်ွာေပးတာေပါ့"လို႔ နံပါတ္ေလးအခန္းကေျပာလိုက္ေတာ့ ဝမ္ေဖးရန္ေဘးနား႐ွိ မင္ထ်န္းေလာ့နဲ႔ရီယြမ္႐ွန္႔ဟာ မ်က္ေမွာင္ၾကဳတ္သြားကာ

'ဒါ မသိမသာ ပိုပန္းသြားတယ္လို႔ေတာ့ မေျပာနဲ႔ ဘာေၾကာင့္ အဲ့လိုခံစားေနရတာလဲ' ဒါသူတို႔ႏွစ္ေယာက္ရဲ႕ ကိုယ့္စိတ္နဲ႔ကိုယ္ႏိူင္းသည့္အေတြးျဖစ္သည္၊

ယင္ဟာလည္း ထပ္မံေလလံမဆြဲေတာ့တာသိေပမယ့္ကို အေျခအေနကို ခဏ ေစာင့္ၾကည့္ကာ ေသခ်ာၿပီဆုိမွ

"အဆင့္ျမင့္ ခရမ္းေရာင္သလင္းေက်ာက္ ငါးတံုးနဲ႔ အထူးခန္းနံပါတ္သံုးက လူႀကီးမင္း အႏိုင္ရ႐ွိသြားတယ္႐ွင့္ ေလလံပြဲၿပီးရင္ အေနာက္ဘက္ကိုလာေပးပါ"လို႔ ေျပာလိုက္သည္၊

ဝမ္ေဖးရန္ဟာ side missionကို လြယ္လြယ္ကူကူေအာင္ျမင္သြားတာေၾကာင့္ သူရဲ႕အမွတ္ေတြ ထပ္မံတိုးလာသည့္ Points 1000ကို ၾကည့္ကာ ႏူတ္ခမ္းေလးမ်ားဟာ ျပံဳးေယာင္သန္းေနၿပီး ေဘးနားတြင္လည္းပန္းပြင့္ေလးမ်ားစြာ ပြင့္ေယာင္ေနသလိုပင္၊

မင္ထ်န္းေလာ့တို႔ကေတာ့ စိတ္မသက္သာေပ၊သူတို႔ဟာ ေလွာင္အိမ္ထဲ႐ွိ သူတို႔ေလာက္နီးနီး ၾကည့္ေကာင္းသည့္ေယာင္႐ွစ္အႏြယ္ေယာက်ာ္းပ်ိဳကိုၾကည့္ကာ ၿပိဳင္ဖက္သဖြယ္ခံစားေနရေတာ့သည္၊ဒါဟာ သူတို႔ပင္ခံစားရသည္မဟုတ္ လိုက္ကာအေနာက္ေတြ ေလလံရံုတစ္ရံုအေျခအေနကို ေစာင့္ၾကည့္ေနသည့္ လုေဝ့က်ီလည္း ထိုသို႔ခံစားေနရျခင္းျဖစ္သည္၊

နံပါတ္ေလးအထူးခန္းတြင္ေတာ့ ခ်စ္စရာေကာင္းသည့္မ်က္ႏွာေပါက္နဲ႔လူငယ္ေလးဟာ သူ႔ေဘး႐ွိ အျဖဴေရာင္ဆံပင္မ်ားနဲ႔ တည္ၿငိမ္ခန္႔ညားသည့္ေယာက်ာ္းပ်ိဳရဲ႕လက္ေမာင္းကိုဖက္ကိုင္လိုက္ၿပီး

"႐ွန္႔ေကာ... ဘာလို႔အ႐ွံူးေပးလိုက္တာလဲ"လို႔ ႏူတ္ခမ္းေလးဆူကာမေက်မနပ္ေျပာလိုက္ေပမယ့္ ထိုခန္႔ညားသည့္ေယာက်ာ္းပ်ိဳဟာ အမူအရာတစ္ခ်က္ေတာင္မပ်က္သြားဘဲ

"ေယာင္႐ွစ္အႏြယ္က ႐ွားပါးေပမယ့္ အစ္ကို အဲ့ေလာက္ထိ စိတ္မဝင္စားဘူး"လို႔ေျပာလိုက္ၿပီး ကန္ေရျပင္လိုတည္ၿငိမ္တဲ့ခရမ္းေရာင္မ်က္ဝန္းမ်ားဟာ ခ်စ္စရာေကာင္းသည့္မ်က္ႏွာေပါက္နဲ႔လူငယ္ေလးဟာ ငံု႔ၾကည့္လာၿပီး

"ဆရာတူညီငယ္ေလး အစ္ကို႔အသားထိတာ မႀကိဳက္ဘူးလို႔ေျပာခဲ့တယ္ေလ"လို႔ ေအးေဆးစြာေျပာေနေပမယ့္ အသံထဲတြင္ ၿခိမ္းေျခာက္မႈအနည္းငယ္ပါဝင္တာေၾကာင့္ ထိုလူငယ္ေလးဟာ ေယာင္ယမ္းလႊတ္လိုက္ၿပီး မ်က္ႏွာငယ္ေလးျဖင့္

"ခ်င္းအာ ေတာင္းပန္ပါတယ္ ႐ွန္႔ေကာ"လို႔ တုန္ယင္ေနသည့္အသံျဖင့္ေျပာလိုက္ေပမယ့္ ႐ွန္႔ေကာလို႔ေခၚသည့္ ေယာက်ာ္းပ်ိဳးဟာ သက္ျပင္းခ်လိုက္ၿပီး

"အစ္ကိုတို႔က ညီအစ္ကိုဆကိဆံေရးဆုိတာ မေမ့နဲ႔ မင္းရဲ႕တြဲဖက္ေပၚလာတဲ့အခ်ိန္က်ရင္ ဒါအထင္လြဲစရာျဖစ္လာလိမ့္မယ္"လို႔ ခ်င္းအာလို႔ေခၚသည့္လူငယ္ေလးရဲ႕ေခါင္းကို အသာအယာပုတ္လိုက္ၿပီး ေလလံပြဲကိုအာရံုျပန္စိုက္လိုက္သည္၊ သူအနည္းငယ္စိတ္ဝင္စားသြားသည္ဟာ နံပါတ္သံုးအခန္း႐ွိ လူငယ္ေလးသာ၊

'လူတိုင္းမွာ ကိုယ္ပိုင္ဘဝ႐ွိသင့္တယ္တဲ့လား ဘယ္ေလာက္ေတာင္ ႐ိုး႐ွင္းတဲ့စိတ္ဓာတ္ေလးလဲ'လို္ ေတြးရင္း ျပံဳးရယ္ျခင္းမ႐ွိခဲ့သည့္ သူရဲ႕ႏူတ္ခမ္းပါးတစ္စံုဟာ အနည္းငယ္ျပံဳးေယာင္သန္းသြားသည္ကို သူကိုယ္တိုင္ပင္သတိမထားမိခဲ့ေခ်၊

----------------------------------

"ဒီတစ္ေခါက္ကေတာ့ လက္နက္ပစၥည္းပါဗ်"လို႔ ယန္ဟာေျပာလိုက္ရင္း လူသန္ႀကီးငါးေယာက္ေလာက္ မနဲ မယူလာသည့္ ပုဆိန္ကိုၾကည့္ကာ ပုဆိန္ကိုင္ေဆာင္သည့္သိုင္းပညာ႐ွင္ေတြရဲ႕မ်က္ဝန္းမ်ားဟာ အေရာင္တစ္လက္လက္ျဖစ္ကုန္ၾကေတာ့သည္၊ ေ႐ွာင္လ်န္႔စန္းလည္းအပါအဝင္ေပါ့၊

ဝမ္ေဖးရန္ဟာလည္း စင္ေပၚ႐ွိ အသြားတစ္ဖက္နဲ႔ အျပာေရာင္ေတာက္ေျပာင္ေနသည့္ ပုဆိန္ကိုၾကည့္လိုက္သည္၊ ပုဆိန္ဟာ ၾကည့္ေတာ့ ေပါ့ပါးမည္ထင္ရေပမယ့္ လူသန္ႀကီးငါးေယာက္ေတာင္ မနဲမေနာမလာရံုျဖင့္ ေတာ္ေတာ္ေလးလံမည္မွန္းသိသာသည္၊ သူက ဓားကလြဲ၍ က်န္သည့္လက္နက္တြင္အေၾကာင္း နားမလည္ေပမယ့္ ထိုပုဆိန္ဟာ သူလက္ေဆာင္ရသည့္ရြယ္ေဆြ႕ဓားနဲ႔ တန္းတူျဖစ္ေၾကာင္း သတိထားမိသည္၊

" ဒီ 'ေတာင္ၿဖိဳေရစီး'ပုဆိန္ က နတ္ဘုရားအဆင့္လက္နက္ျဖစ္တာေၾကာင့္ ေလလံၾကမ္းေစ်းကို အလယ္အလတ္အဆင့္ခရမ္းေရာင္သလင္းေက်ာက္ ငါးရာနဲ႔စမယ္"လို္ ယန္ေျပာလိုက္သည္ႏွင့္ တစ္ေယာက္ၿပီးတစ္ေယာက္ စတင္ေလလံၿပိဳင္ၾကေတာ့သည္၊

ပုဆိန္အသံုးျပဳသူဟာ ႐ွားေပမယ့္ နတ္ဘုရားလက္နက္ျဖစ္တာေၾကာင့္ အခ်ိဳ႕ဟာလည္း အၿပိဳင္ေစ်းလိုက္ေတာ့သည္၊တျဖည္းျဖည္း အဆင့္ျမႇင့္ခရမ္းေရာင္သလင္းေက်ာက္ တစ္တံုးထိေရာက္လာခ်ိန္မွာ အခန္းနံပါတ္သံုးကေန လူငယ္တစ္ေယာက္ရဲ႕ အသံထြက္ေပၚလာေတာ့သည္၊

"အဆင့္ျမင့္ ခရမ္းေရာင္သလင္းေက်ာက္ တစ္တံုးနဲ႔ အလယ္အလတ္ ခရမ္းေရာင္သလင္းေက်ာက္ ငါးရာ" လို႔ ေအာ္လိုက္သည္၊ ခုနက ကိစၥေၾကာင့္ ေတာ္ေတာ္မ်ားမ်ားဟာလည္း နံပါတ္သံုးအထူးခန္းကိုသတိထားမိသည္၊ၾကည့္ရတာ ထိုအထူးခန္းကလူငယ္အခ်ိဳ႕ထဲမွာ ပုဆိန္အသံုးျပဳသူပါဝင္ေနပံုရသည္ဟုေတြးလိုက္ၾကေပမယ့္ ေစ်းကေတာ့ဆက္ၿပိဳင္ေနဆဲပင္၊ ထိုခ်ိန္မွာ အထူးခန္းနံပါတ္ေျခာက္ကေန ခပ္စြာစြာလူငယ္တစ္ေယာက္အသံထြက္လာသည္၊

"အဆင့္ျမင့္ ခရမ္းေရာင္သလင္းေက်ာက္ သံုးတံုး... "လို႔ ေျပာလိုက္ရံုႏွင့္မၿပီး ထိုလူငယ္ဟာ အနည္းငယ္ေမာက္မာသည့္အသံျဖင့္

"ဟက္ ဘယ္သူ ဒီငရဲမီးေတာက္ထ်န္႔ေက်ာင္းေတာ္ရဲ႕ေက်ာင္သားနဲ႔ေစ်းအၿပိဳင္လိုက္ရဲလဲ"လို္ ေျပာလိုက္ေတာ့ ေအာက္ဖက္႐ွိလူမ်ားလည္း လႈပ္လႈပ္ရြရြျဖစ္ကုန္ေတာ့သည္၊

'ငရဲမီးေတာက္ထ်န္႔ေက်ာင္းေတာ္ရဲ႕ေက်ာင္းသားေပါ့ တစ္ကယ္ပဲ ခြၽင့္လီြ႔ခြၽမ္းေလလံရံုေပၚလာတာနဲ႔ တကယ့္အင္အားႀကီးတဲ့ပုဂၢိဳလ္ေတြေပၚလာတာပဲ' လို္ ေျပာလိုက္ရင္း ဘယ္သူမ်ားေစ်းအၿပိဳင္လိုက္မလဲ ဆက္ေစာင့္ၾကည့္လိုက္သည္၊မၾကာပါ အထူးခန္းနံပါတ္ငါးကေန ခ်ိဳသာေအးခ်မ္းသည့္ အသံေလးေပၚထြက္လာေတာ့သည္၊

"ေယာင္ေယာင္က ေမာက္မာတဲ့သူေတြကို တကယ္မုန္းတာပဲ ဟြန္႔ ...အဆင့္ျမင့္ ခရမ္းေရာင္သလင္းေက်ာက္ ေလးတံုး"လို႔ မေက်မနပ္ေျပာသံေၾကာင့္ အကုန္လံုးတိတ္ဆိတ္သြားျပန္သည္၊

ေယာင္ေယာင္လို႔ နာမ္စားသံုးၿပီး ေမာက္မာတဲ့သူေတြမုန္းတယ္လို႔ အျမဲေျပာဆုိသည့္ ကေလးမတစ္ဦး႐ွိသည္၊ထိုကေလးမဟာ ခုႏွစ္ေရာင္ျခယ္ သက္တံ့အပ်ိဳစင္ေက်ာင္းေတာ္ရဲ႕ဂိုဏ္းခ်ဳပ္၏ တပည့္ျဖစ္သည့္ ႐ွေယာင္ေယာင္ျဖစ္သည္၊

!!!!

႐ွေယာင္ေယာင္ပါ ေရာက္ေနတာေပါ့၊ တကယ္ၾကည့္ေကာင္းေတာ့မွာပဲ လို႔ေတြးရံု႐ွိေသးသည္၊ေနာက္ထပ္အသံတစ္သံေပၚထြက္လာသည္၊ဒီတစ္ခါေတာ့ အထူးခန္းနံပါတ္သံုးကပဲျဖစ္သည္၊ တည္ၿငိမ္ၿပီး ေယာက်ာ္းဆန္သည့္ခပ္ျသျသအသံဟာ အကုန္လံုးကို လႊမ္းၿခံဳသြားေတာ့သည္၊

"မိတ္ေဆြတို႔ကို အားနာပါရဲ႕ ေတာင္ၿဖိဳေရစီး ပုဆိန္ကို ေကာင္းကင္အန္း႐ွဂိုဏ္းခ်ဳပ္ရဲ႕ေနာက္ထပ္ေရြးခ်ယ္ခံရသည့္ က်ဳပ္ရဲ႕ဆရာတူညီေလးကို လက္ေဆာင္အျဖစ္ေပးဖို႔ ေရြးခ်ယ္ၿပီးၿပီ...အဆင့္ျမင့္ ခရမ္းေရာင္သလင္းေက်ာက္ ေျခာက္တံုး"

' ေကာင္းကင္အန္း႐ွဂိုဏ္းလို႔ ငါၾကားလိုက္တယ္ ေနာက္ၿပီး ေနာက္ထပ္အေရြးခ်ယ္ခံရတဲ့တပည့္၊ ဆရာတူညီေလး မဟုတ္မွလြဲေရာ!!! ေကာင္းကင္အလင္းနဂါးဝိညာဥ္ပိုင္႐ွင္! ရီယြမ္႐ွန္႔!!! သူပါ ဒီေရာက္ေနတာေပါ့  ေလလံပစၥည္းမရေပမယ့္ ပါရမီ႐ွင္ရီယြမ္႐ွန္႔အသံၾကားရတာနဲ႔တင္ လာရတန္ေနၿပီ'

"အစ္ကိုယြမ္႐ွန္႔ပါလား...ဟင္း အစ္ကိုယြမ္႐ွန္႔လိုခ်င္မွေတာ့ ေယာင္ေယာင္က အေလ်ာ့ေပးရတာေပါ့"လို႔ မသက္မသာေျပာလိုက္ေပမယ့္ ထိုအမ်ိဳးသမီးေလးရဲ႕ေလသံထဲတြင္ ေလးစားမႈမ်ားေရာႏွက္ေနသည္၊ ငရဲမီးေတာက္ထ်န္႔ေက်ာင္းေတာ္ရဲ႕ေက်ာင္းသားဟာ ႏွာတစ္ခ်က္မႈတ္သံနဲ႔အတူ အသံတစ္ခ်က္ေတာင္ ထြက္မလာေတာ့ေပ၊ထိုအခ်င္းအရာဟာ ေကာင္းကင္အန္း႐ွဂိုဏ္းရဲ႕အင္အားေၾကာင့္မဟုတ္ဘဲ ငယ္ရြယ္ၿပီး ပါရမီျမင့္မားသည့္ရီယြမ္႐ွန္႔ေၾကာင့္ျဖစ္သည္၊

"အေလ်ာ့ေပးလို႔ ေက်းဇူးတင္ပါတယ္ဗ်"လို႔ ရီယြမ္႐ွန္႔ဟာေျပာလိုက္ရင္း ေဘးနား႐ွိေပ်ာ္ရႊင္ေနသည့္ ေ႐ွာင္လ်န္႔စန္းေခါင္းေလးကို ဖြဖြေလးပုတ္လိုက္ကာ ေျပာလိုက္သည္၊

"အစ္ကိုရဲ႕ဆရာတူညီငယ္ေလးလိုခ်င္တာကို အတတ္ႏိုင္ဆံုးႀကိဳးစားေပးရမွာပဲေလ"

"အစ္ကိုယြမ္႐ွန္႔ ေက်းဇူးတင္ပါတယ္ဗ်"လို႔ ေ႐ွာင္လ်န္႔စန္းဟာ ေျပာလိုက္ရင္း သူ႔မ်က္ဝန္းမ်ားကေတာ့ အျပာေရာင္ပုဆိန္ဆီမွာသာ၊ ပုဆိန္အသံုးျပဳသူပီပီ ပုဆိန္ေတြေပၚ ႐ူးသြပ္တာမဆန္းၾကယ္ေပ၊ ေ႐ွာင္လ်န္႔စန္းဟာ ေတာင္ၿဖိဳေရစီး ပုဆိန္ကို ငယ္ခ်စ္ဦးလိုၾကည့္ရင္း အေပ်ာ္ႀကီးေပ်ာ္ေနသေလာက္၊

ဝမ္ေဖးရန္အေ႐ွ႕လက္ဦးသြားသည့္ ရီယြမ္႐ွန္႔ကို မေက်မနပ္ျဖစ္ေနသည့္ မင္ထ်န္းေလာ့ကေတာ့ ေနာက္တစ္ခါ သူရေအာင္လက္ဦးကာ သူ႔ေယာက္ဖေလးကို ေပ်ာ္ရႊင္ေအာင္လုပ္ၿပီး ရန္အာဆီ အမွတ္ယူျပမည္ဟု စိတ္ထဲတင္းမွတ္ထားေတာ့သည္၊

------------------------

Chapter-37 ေမ်ွာ္

-*-*-*-*-*-*-*-

Unicode

အထူးခန်းမှာ ရန်သတ်နေသလောက် လေလံစင်မြှင့်ပေါ်မှာတော့ ယင်နဲ့ယန်ဟာ သူမတို့လေလံပစ္စည်းတွေကို ပိုမိုဈေးမြင့်အောင် ပစ္စည်းတစ်ခုချင်းဆီကို လူတွေပိုမို စိတ်ဝင်စားအောင် အားတတ်သရောရှင်းပြနေတော့သည်၊

"ဒီတစ်ခေါက်ထူးထူးခြားခြားလေလံတင်မဲ့ပစ္စည်းကတော့... "လို့ ယင်ဟာ စကားကိုဆွဲပြောလိုက်ရင်း လက်ခုပ်နှစ်ချက်တီးလိုက်တော့ လူသန်ကြီးလေးယောက်ဟာ အနက်ရောင်ပိတ်စကြီးအုပ်ထားသည့်လှောင်အိမ်တစ်ခုကို စင်မြှင့်ပေါ်သယ်လာပြီး အားလုံးမြင်ရသည့်နေရာတွင်ချလိုက်သည်။ယင်ဟာ အနီးကိုသွားပြီး အနက်ပိတ်စကြီးကို ဖယ်လိုက်ပြီး

"ယောင်ရှစ်မျိုးနွယ်ကိုတော့ လူတိုင်းကြားဖူးမယ်ထင်တယ်"လို့ သူမရဲ့နူတ်ခမ်းများယော့သွားပြီး လှောင်အိမ်ထဲကို ညွှန်ပြကာပြောလိုက်သည်၊လေလံရုံရှိ လူတိုင်းဟာလည်း လှောင်အိမ်ဆီကို အပြူးအပြဲကြည့်ကြတော့သည်၊ ဝမ်ဖေးရန်တို့အပါအဝင်ပေါ့

လှောင်အိမ်ထဲတွင် ယောကျာ်းပျိုတစ်ယောက်ရှိနေပြီး ထိုယောကျာ်းပျိုဟာ အပြာရောင်ဆံပင်ရှည်များနဲ့ အပေါ်တိုင်းဗလာပေမယ့် တောင့်တင်းသန်မာသောကြွက်သားများနဲ့ခန္ဓာကိုယ်ဟာ တကယ်ကိုကြည့်ကောင်းလွန်းသည်၊ အပြာရောင်ဆံပင်ရှည်များဟာ မျက်နှာကိုဖုံးအုပ်ထားပေမယ့် ဆံပင်ရှည်များဖုံးအုပ်ခံထားရသည့်အောက်ရှိ မျက်ဝန်းများရဲ့သတ်ဖြတ်ချင်သည့်အရှိန်အဝါဟာကတော့ မသေးပေ၊ထိုအကြည့်များဟာ လူတိုင်းကို တကယ့်ကို ဖိအားပေးနိုင်လွန်းသည်၊

"ယောင်ရှစ်မျိုးနွယ်ဆိုတာ ဘယ်လောက်ရှားပါးသလဲဆိုတာ လူကြီးမင်းတို့သိမယ်ထင်တယ် အခု ဒီလှောင်အိမ်ထဲက ယောင်ရှစ်အနွယ်က ဒီချူံးအဆင့်ကျင့်ကြံသူပေမယ့် ကျွန်မတို့က တစ်ခါထဲ ချိတ်ပ်ိတ်ပြီးသားဖြစ်တဲ့အပြင် လေလံအနိုင်ရရှိသူနဲ့တစ်ခါထဲ အမှတ်အသားချိတ်ပေးပါမယ် အကုန်လုံးလည်းသိပါတယ်နော် ယောင်ရှစ်တစ်ယောက်ရဲ့အင်အားကိုပေါ့ ကဲ လေလံကြမ်းခင်းတန်ဖိုးက အဆင့်မြင့် ခရမ်းရောင်သလင်းကျောက်တစ်တုံးနဲ့စမယ်" လို့ စလိုက်သည်နှင့် လေလံပွဲတစ်ခုလုံး အုံးအုံးကျွတ်ကျွတ်ဖြစ်ကုန်ကြတော့သည်၊

အဆင့်မြင့် ခရမ်းရောင်သလင်းကျောက်!! ဒါဘယ်လောက်တန်ကြေးကြီးတယ်ဆိုတာ ယောင်ရှစ်တစ်ယောက်ရဲ့တန်ဖိုးကလည်း တကယ်လည်းမသေးပင်၊

ဝမ်ဖေးရန်ဟာ လှောင်အိမ်ထဲရှိ ယောကျာ်းပျိုကို စိုက်ကြည့်လိုက်သည်၊
'ဒီဘက်ခေတ်မှာလည်း လူသားအချင်းချင်း ဒီလိုပဲ လေလံတင်ကြတာပဲလား'

[System: ယောင်ရှစ်ကိုး ယောင်ရှစ်တွေဆိုတာ ပင်လယ်နတ်ဘုရားအနွယ်တွေလေ၊သူတို့က လူသားလည်းမဟုတ်သလို နတ်ဘုရားလည်းမဟုတ်ကြဘူး၊ဒါပေမယ့် သက်တမ်းကတော့ သာမန်လူသားတွေထက်ပိုရှည်တဲ့အပြင်ခန္ဓာကိုယ်ကျင့်ကြံရေးမှာ ပါရမီရှိတဲ့ူာတွေလည်းဖြစ်ပြီး တိုက်ခိုက်ရေးမှာကော ခံနိုင်ရည်မှာကော သာမန်လူသားတွေထက် ဆယ်ဆလောက်သာလွန်ပြီး အတော်ဆုံးသက်တော်စောင့်တွေလို့ပြောလို့ရတယ်...အဟမ်း နောက်တစ်ခုက Side mission ကျလာတယ်...အဲ့ယောင်ရှစ်ကို ရအောင် လေလံဆွဲပြီး အမှတ်တစ်ထောင်ယူလိုက်တော့]လို့ ဥမပြောလိုက်သည်နှင့် ဝမ်ဖေးရန်မျက်ဝန်းများဟာ အရောင်လက်သွားတော့သည်၊

'ငါလည်း စိတ်ဝင်စားတယ်... ဘာကြောင့် ဘယ်လိုဒီယောင်ရှစ်အဖမ်းခံရလဲဆိုတာ အရမ်းသိချင်တယ်'လို့ပြောလိုက်ရင်း သူရဲ့ချယ်ရီရောင်နူတ်ခမ်းအစွန်းလေးဟာ ကော့တက်သွားပြီး ဈေးခေါ်လိုက်သည်၊

"အဆင့်မြင့် ခရမ်းရောင်သလင်းကျောက် သုံးတုံး"

ပွဲတစ်ခုလိုဆူညံနေသည့်လေလံရုံဟာ တိတ်ဆိတ်သွားတော့သည်၊တစ်ချက်ဟာ တန်ကြေးကြောင့်ဖြစ်ပြီး နောက်တစ်ချက်ဟာ နွေဦးမှာတိုက်ခိုက်သည့် လေပြေလေညှင်းလေးလို လူတိုင်းရဲ့နားထဲကို အေးချမ်းစွာစီးဆင်းသွားသည့်အသံလေးကြောင့်ဖြစ်သည်၊ အကုန်လုံးဟာ အထူးခန်းနံပါတ်သုံးဆီ အကြည့်ရောက်လာကျတော့သည်၊

သေချာသဲသဲကွဲကွဲမမြင်ရပေမယ့် ထိုအခန်းထဲတွင် လူလေးယောက်ရှိနေသည်ကိုတော့ သူတို့ဟာရိပ်စားမိကြသည်၊ထိုသာယာသည့်အမျိုးသားငယ်လေးရဲ့ အသံကြောင့် တော်တော်များများဟာ ဘယ်သူလဲလို့စပ်စုချင်ကြပေမယ့် အထူးခန်းဆိုသည့် တည်နေရာဂုဏ်ပုဒ်ဟာအလကားပြထားသည်မှမဟုတ်တာ၊ နောက်ခံကြီးမားသည့်လူတွေသာ ထိုနေရာမှာ နေထိုင်ခွင့်ရှိတာကိုး၊ဘယ်သူလည်း တွေးတောနေတုန်း အထူးခန်းနံပါတ်လေးကနေ ယောကျာ်းပျိူးတစ်ယောက်ရဲ့အသံဟာ ထွက်ပေါ်လာတော့သည်၊

"အဆင့်မြင့် ခရမ်းရောင်သလင်းကျောက် လေးတုံး" လို့ ထွက်ပေါ်လာသည်နှင့် အကုန်လုံးလက်ရှိ ပစ္စုပ္ပန်ကာလကို ပြန်ရောက်လာကြတော့သည်၊

"အဆင့်မြင့် ခရမ်းရောင်သလင်းကျောက် ငါးတုံး" အထူးခန်းနံပါတ်သုံးကနေ ထိုအသံလေးဟာ ထပ်မံထွက်ပေါ်လာပြန်သည်၊ယောင်ရှစ်တစ်ယောက်ရဲ့တန်ဖိုးက အဲ့လောက်မရှိပေမယ့် ထိုသို့ ဈေးမြှင့်မြှင့်ပြိုင်ဆိုင်နေသည်ကိုမြင်ရတော့ အကုန်လုံးဟာစိတ်ဝင်စားနေကြတော့သည်၊

ဝမ်ဖေးရန်ရဲ့မျက်နှာလေးဟာ အနည်းငယ်ဆူပုပ်နေသည်၊အဆင့်မြင့် ခရမ်းရောင်သလင်းကျောက်ဆိုတာ ဆေးလုံးအများကြီးဝယ်လို့ရရုံမကဘူး ပိုးပန်းမယ်ဆို အရမ်းလှပသည့်မိန်းမဆယ်ယောက်လောက်အေးဆေး အိတ်ထဲသာသာယာယာထည့်လို့ရသည့် ပမာဏကိုး၊

ထိုချိန်မှာ အထူးခန်းနံပါတ်လေးကနေ ယောကျာ်းပျိုတစ်ယောက်ရဲ့အသံဟာ ထွက်ပေါ်လာတော့သည်၊

"နံပါတ်သုံးက လူကြီးမင်းက ဘာကြောင့်ယောင်ရှစ်ကို လိုချင်ရတာလဲ" မေးခွန်းဟာ ရိုးရှင်းသလို အရူးလည်းဆန်သေးသည်၊

ယောင်ရှစ်လို သက်တော်စောင့်မျိုးကို ဘေးနားမှာအကာကွယ်အနေနဲ့လိုချင်လို့ လေလံဆွဲတာကို ဘာလို့လိုချင်တာလဲဆိုတော့ ဒီလူစိတ်ကောမှန်ရဲ့လားလို့တွေးလိုက်ကြပေမယ့် နံပါတ်သုံးအခန်းက ခပ်တိုးတိုးရယ်သံလေးထွက်ပေါ်လာတော့သည်၊ရယ်သံလေးဟာ တိုးညှင်းသော်လည်း လှောင်အိမ်ထဲရှိယောကျာ်းနဲ့ ထိုအခန်းထဲရှိယောကျာ်းကိုတောင် အနည်းငယ်လှုပ်ခတ်သွားသည်ကို မည်သူမျှ သတိထားမိမည်မဟုတ်ချေ၊

"လူတိုင်းမှာ ကိုယ်ပိုင်ဘဝရှိသင့်တယ်"လို့ နံပါတ်သုံးအခန်းရှိအမျိုးသားငယ်လေးဟာ ထိုစကားတစ်ခွန်းပဲပြောလိုက်သည်၊

"ကောင်းပြီ ကိုယ်ဘက်က လျှောပေးတာပေါ့"လို့ နံပါတ်လေးအခန်းကပြောလိုက်တော့ ဝမ်ဖေးရန်ဘေးနားရှိ မင်ထျန်းလော့နဲ့ရီယွမ်ရှန့်ဟာ မျက်မှောင်ကြုတ်သွားကာ

'ဒါ မသိမသာ ပိုပန်းသွားတယ်လို့တော့ မပြောနဲ့ ဘာကြောင့် အဲ့လိုခံစားနေရတာလဲ' ဒါသူတို့နှစ်ယောက်ရဲ့ ကိုယ့်စိတ်နဲ့ကိုယ်နိူင်းသည့်အတွေးဖြစ်သည်၊

ယင်ဟာလည်း ထပ်မံလေလံမဆွဲတော့တာသိပေမယ့်ကို အခြေအနေကို ခဏ စောင့်ကြည့်ကာ သေချာပြီဆိုမှ

"အဆင့်မြင့် ခရမ်းရောင်သလင်းကျောက် ငါးတုံးနဲ့ အထူးခန်းနံပါတ်သုံးက လူကြီးမင်း အနိုင်ရရှိသွားတယ်ရှင့် လေလံပွဲပြီးရင် အနောက်ဘက်ကိုလာပေးပါ"လို့ ပြောလိုက်သည်၊

ဝမ်ဖေးရန်ဟာ side missionကို လွယ်လွယ်ကူကူအောင်မြင်သွားတာကြောင့် သူရဲ့အမှတ်တွေ ထပ်မံတိုးလာသည့် Points 1000ကို ကြည့်ကာ နူတ်ခမ်းလေးများဟာ ပြုံးယောင်သန်းနေပြီး ဘေးနားတွင်လည်းပန်းပွင့်လေးများစွာ ပွင့်ယောင်နေသလိုပင်၊

မင်ထျန်းလော့တို့ကတော့ စိတ်မသက်သာပေ၊သူတို့ဟာ လှောင်အိမ်ထဲရှိ သူတို့လောက်နီးနီး ကြည့်ကောင်းသည့်ယောင်ရှစ်အနွယ်ယောကျာ်းပျိုကိုကြည့်ကာ ပြိုင်ဖက်သဖွယ်ခံစားနေရတော့သည်၊ဒါဟာ သူတို့ပင်ခံစားရသည်မဟုတ် လိုက်ကာအနောက်တွေ လေလံရုံတစ်ရုံအခြေအနေကို စောင့်ကြည့်နေသည့် လုဝေ့ကျီလည်း ထိုသို့ခံစားနေရခြင်းဖြစ်သည်၊

နံပါတ်လေးအထူးခန်းတွင်တော့ ချစ်စရာကောင်းသည့်မျက်နှာပေါက်နဲ့လူငယ်လေးဟာ သူ့ဘေးရှိ အဖြူရောင်ဆံပင်များနဲ့ တည်ငြိမ်ခန့်ညားသည့်ယောကျာ်းပျိုရဲ့လက်မောင်းကိုဖက်ကိုင်လိုက်ပြီး

"ရှန့်ကော... ဘာလို့အရှူံးပေးလိုက်တာလဲ"လို့ နူတ်ခမ်းလေးဆူကာမကျေမနပ်ပြောလိုက်ပေမယ့် ထိုခန့်ညားသည့်ယောကျာ်းပျိုဟာ အမူအရာတစ်ချက်တောင်မပျက်သွားဘဲ

"ယောင်ရှစ်အနွယ်က ရှားပါးပေမယ့် အစ်ကို အဲ့လောက်ထိ စိတ်မဝင်စားဘူး"လို့ပြောလိုက်ပြီး ကန်ရေပြင်လိုတည်ငြိမ်တဲ့ခရမ်းရောင်မျက်ဝန်းများဟာ ချစ်စရာကောင်းသည့်မျက်နှာပေါက်နဲ့လူငယ်လေးဟာ ငုံ့ကြည့်လာပြီး

"ဆရာတူညီငယ်လေး အစ်ကို့အသားထိတာ မကြိုက်ဘူးလို့ပြောခဲ့တယ်လေ"လို့ အေးဆေးစွာပြောနေပေမယ့် အသံထဲတွင် ခြိမ်းခြောက်မှုအနည်းငယ်ပါဝင်တာကြောင့် ထိုလူငယ်လေးဟာ ယောင်ယမ်းလွှတ်လိုက်ပြီး မျက်နှာငယ်လေးဖြင့်

"ချင်းအာ တောင်းပန်ပါတယ် ရှန့်ကော"လို့ တုန်ယင်နေသည့်အသံဖြင့်ပြောလိုက်ပေမယ့် ရှန့်ကောလို့ခေါ်သည့် ယောကျာ်းပျိုးဟာ သက်ပြင်းချလိုက်ပြီး

"အစ်ကိုတို့က ညီအစ်ကိုဆကိဆံရေးဆိုတာ မမေ့နဲ့ မင်းရဲ့တွဲဖက်ပေါ်လာတဲ့အချိန်ကျရင် ဒါအထင်လွဲစရာဖြစ်လာလိမ့်မယ်"လို့ ချင်းအာလို့ခေါ်သည့်လူငယ်လေးရဲ့ခေါင်းကို အသာအယာပုတ်လိုက်ပြီး လေလံပွဲကိုအာရုံပြန်စိုက်လိုက်သည်၊ သူအနည်းငယ်စိတ်ဝင်စားသွားသည်ဟာ နံပါတ်သုံးအခန်းရှိ လူငယ်လေးသာ၊

'လူတိုင်းမှာ ကိုယ်ပိုင်ဘဝရှိသင့်တယ်တဲ့လား ဘယ်လောက်တောင် ရိုးရှင်းတဲ့စိတ်ဓာတ်လေးလဲ'လို် တွေးရင်း ပြုံးရယ်ခြင်းမရှိခဲ့သည့် သူရဲ့နူတ်ခမ်းပါးတစ်စုံဟာ အနည်းငယ်ပြုံးယောင်သန်းသွားသည်ကို သူကိုယ်တိုင်ပင်သတိမထားမိခဲ့ချေ၊

----------------------------------

"ဒီတစ်ခေါက်ကတော့ လက်နက်ပစ္စည်းပါဗျ"လို့ ယန်ဟာပြောလိုက်ရင်း လူသန်ကြီးငါးယောက်လောက် မနဲ မယူလာသည့် ပုဆိန်ကိုကြည့်ကာ ပုဆိန်ကိုင်ဆောင်သည့်သိုင်းပညာရှင်တွေရဲ့မျက်ဝန်းများဟာ အရောင်တစ်လက်လက်ဖြစ်ကုန်ကြတော့သည်၊ ရှောင်လျန့်စန်းလည်းအပါအဝင်ပေါ့၊

ဝမ်ဖေးရန်ဟာလည်း စင်ပေါ်ရှိ အသွားတစ်ဖက်နဲ့ အပြာရောင်တောက်ပြောင်နေသည့် ပုဆိန်ကိုကြည့်လိုက်သည်၊ ပုဆိန်ဟာ ကြည့်တော့ ပေါ့ပါးမည်ထင်ရပေမယ့် လူသန်ကြီးငါးယောက်တောင် မနဲမနောမလာရုံဖြင့် တော်တော်လေးလံမည်မှန်းသိသာသည်၊ သူက ဓားကလွဲ၍ ကျန်သည့်လက်နက်တွင်အကြောင်း နားမလည်ပေမယ့် ထိုပုဆိန်ဟာ သူလက်ဆောင်ရသည့်ရွယ်ဆွေ့ဓားနဲ့ တန်းတူဖြစ်ကြောင်း သတိထားမိသည်၊

" ဒီ 'တောင်ဖြိုရေစီး'ပုဆိန် က နတ်ဘုရားအဆင့်လက်နက်ဖြစ်တာကြောင့် လေလံကြမ်းဈေးကို အလယ်အလတ်အဆင့်ခရမ်းရောင်သလင်းကျောက် ငါးရာနဲ့စမယ်"လို် ယန်ပြောလိုက်သည်နှင့် တစ်ယောက်ပြီးတစ်ယောက် စတင်လေလံပြိုင်ကြတော့သည်၊

ပုဆိန်အသုံးပြုသူဟာ ရှားပေမယ့် နတ်ဘုရားလက်နက်ဖြစ်တာကြောင့် အချို့ဟာလည်း အပြိုင်ဈေးလိုက်တော့သည်၊တဖြည်းဖြည်း အဆင့်မြှင့်ခရမ်းရောင်သလင်းကျောက် တစ်တုံးထိရောက်လာချိန်မှာ အခန်းနံပါတ်သုံးကနေ လူငယ်တစ်ယောက်ရဲ့ အသံထွက်ပေါ်လာတော့သည်၊

"အဆင့်မြင့် ခရမ်းရောင်သလင်းကျောက် တစ်တုံးနဲ့ အလယ်အလတ် ခရမ်းရောင်သလင်းကျောက် ငါးရာ" လို့ အော်လိုက်သည်၊ ခုနက ကိစ္စကြောင့် တော်တော်များများဟာလည်း နံပါတ်သုံးအထူးခန်းကိုသတိထားမိသည်၊ကြည့်ရတာ ထိုအထူးခန်းကလူငယ်အချို့ထဲမှာ ပုဆိန်အသုံးပြုသူပါဝင်နေပုံရသည်ဟုတွေးလိုက်ကြပေမယ့် ဈေးကတော့ဆက်ပြိုင်နေဆဲပင်၊ ထိုချိန်မှာ အထူးခန်းနံပါတ်ခြောက်ကနေ ခပ်စွာစွာလူငယ်တစ်ယောက်အသံထွက်လာသည်၊

"အဆင့်မြင့် ခရမ်းရောင်သလင်းကျောက် သုံးတုံး... "လို့ ပြောလိုက်ရုံနှင့်မပြီး ထိုလူငယ်ဟာ အနည်းငယ်မောက်မာသည့်အသံဖြင့်

"ဟက် ဘယ်သူ ဒီငရဲမီးတောက်ထျန့်ကျောင်းတော်ရဲ့ကျောင်သားနဲ့ဈေးအပြိုင်လိုက်ရဲလဲ"လို် ပြောလိုက်တော့ အောက်ဖက်ရှိလူများလည်း လှုပ်လှုပ်ရွရွဖြစ်ကုန်တော့သည်၊

'ငရဲမီးတောက်ထျန့်ကျောင်းတော်ရဲ့ကျောင်းသားပေါ့ တစ်ကယ်ပဲ ချွင့်လွီ့ချွမ်းလေလံရုံပေါ်လာတာနဲ့ တကယ့်အင်အားကြီးတဲ့ပုဂ္ဂိုလ်တွေပေါ်လာတာပဲ' လို် ပြောလိုက်ရင်း ဘယ်သူများဈေးအပြိုင်လိုက်မလဲ ဆက်စောင့်ကြည့်လိုက်သည်၊မကြာပါ အထူးခန်းနံပါတ်ငါးကနေ ချိုသာအေးချမ်းသည့် အသံလေးပေါ်ထွက်လာတော့သည်၊

"ယောင်ယောင်က မောက်မာတဲ့သူတွေကို တကယ်မုန်းတာပဲ ဟွန့် ...အဆင့်မြင့် ခရမ်းရောင်သလင်းကျောက် လေးတုံး"လို့ မကျေမနပ်ပြောသံကြောင့် အကုန်လုံးတိတ်ဆိတ်သွားပြန်သည်၊

ယောင်ယောင်လို့ နာမ်စားသုံးပြီး မောက်မာတဲ့သူတွေမုန်းတယ်လို့ အမြဲပြောဆိုသည့် ကလေးမတစ်ဦးရှိသည်၊ထိုကလေးမဟာ ခုနှစ်ရောင်ခြယ် သက်တံ့အပျိုစင်ကျောင်းတော်ရဲ့ဂိုဏ်းချုပ်၏ တပည့်ဖြစ်သည့် ရှယောင်ယောင်ဖြစ်သည်၊

!!!!

ရှယောင်ယောင်ပါ ရောက်နေတာပေါ့၊ တကယ်ကြည့်ကောင်းတော့မှာပဲ လို့တွေးရုံရှိသေးသည်၊နောက်ထပ်အသံတစ်သံပေါ်ထွက်လာသည်၊ဒီတစ်ခါတော့ အထူးခန်းနံပါတ်သုံးကပဲဖြစ်သည်၊ တည်ငြိမ်ပြီး ယောကျာ်းဆန်သည့်ခပ်သြသြအသံဟာ အကုန်လုံးကို လွှမ်းခြုံသွားတော့သည်၊

"မိတ်ဆွေတို့ကို အားနာပါရဲ့ တောင်ဖြိုရေစီး ပုဆိန်ကို ကောင်းကင်အန်းရှဂိုဏ်းချုပ်ရဲ့နောက်ထပ်ရွေးချယ်ခံရသည့် ကျုပ်ရဲ့ဆရာတူညီလေးကို လက်ဆောင်အဖြစ်ပေးဖို့ ရွေးချယ်ပြီးပြီ...အဆင့်မြင့် ခရမ်းရောင်သလင်းကျောက် ခြောက်တုံး"

' ကောင်းကင်အန်းရှဂိုဏ်းလို့ ငါကြားလိုက်တယ် နောက်ပြီး နောက်ထပ်အရွေးချယ်ခံရတဲ့တပည့်၊ ဆရာတူညီလေး မဟုတ်မှလွဲရော!!! ကောင်းကင်အလင်းနဂါးဝိညာဉ်ပိုင်ရှင်! ရီယွမ်ရှန့်!!! သူပါ ဒီရောက်နေတာပေါ့  လေလံပစ္စည်းမရပေမယ့် ပါရမီရှင်ရီယွမ်ရှန့်အသံကြားရတာနဲ့တင် လာရတန်နေပြီ'

"အစ်ကိုယွမ်ရှန့်ပါလား...ဟင်း အစ်ကိုယွမ်ရှန့်လိုချင်မှတော့ ယောင်ယောင်က အလျော့ပေးရတာပေါ့"လို့ မသက်မသာပြောလိုက်ပေမယ့် ထိုအမျိုးသမီးလေးရဲ့လေသံထဲတွင် လေးစားမှုများရောနှက်နေသည်၊ ငရဲမီးတောက်ထျန့်ကျောင်းတော်ရဲ့ကျောင်းသားဟာ နှာတစ်ချက်မှုတ်သံနဲ့အတူ အသံတစ်ချက်တောင် ထွက်မလာတော့ပေ၊ထိုအချင်းအရာဟာ ကောင်းကင်အန်းရှဂိုဏ်းရဲ့အင်အားကြောင့်မဟုတ်ဘဲ ငယ်ရွယ်ပြီး ပါရမီမြင့်မားသည့်ရီယွမ်ရှန့်ကြောင့်ဖြစ်သည်၊

"အလျော့ပေးလို့ ကျေးဇူးတင်ပါတယ်ဗျ"လို့ ရီယွမ်ရှန့်ဟာပြောလိုက်ရင်း ဘေးနားရှိပျော်ရွှင်နေသည့် ရှောင်လျန့်စန်းခေါင်းလေးကို ဖွဖွလေးပုတ်လိုက်ကာ ပြောလိုက်သည်၊

"အစ်ကိုရဲ့ဆရာတူညီငယ်လေးလိုချင်တာကို အတတ်နိုင်ဆုံးကြိုးစားပေးရမှာပဲလေ"

"အစ်ကိုယွမ်ရှန့် ကျေးဇူးတင်ပါတယ်ဗျ"လို့ ရှောင်လျန့်စန်းဟာ ပြောလိုက်ရင်း သူ့မျက်ဝန်းများကတော့ အပြာရောင်ပုဆိန်ဆီမှာသာ၊ ပုဆိန်အသုံးပြုသူပီပီ ပုဆိန်တွေပေါ် ရူးသွပ်တာမဆန်းကြယ်ပေ၊ ရှောင်လျန့်စန်းဟာ တောင်ဖြိုရေစီး ပုဆိန်ကို ငယ်ချစ်ဦးလိုကြည့်ရင်း အပျော်ကြီးပျော်နေသလောက်၊

ဝမ်ဖေးရန်အရှေ့လက်ဦးသွားသည့် ရီယွမ်ရှန့်ကို မကျေမနပ်ဖြစ်နေသည့် မင်ထျန်းလော့ကတော့ နောက်တစ်ခါ သူရအောင်လက်ဦးကာ သူ့ယောက်ဖလေးကို ပျော်ရွှင်အောင်လုပ်ပြီး ရန်အာဆီ အမှတ်ယူပြမည်ဟု စိတ်ထဲတင်းမှတ်ထားတော့သည်၊

------------------------

Chapter-37 မျှော်

-*-*-*-*-*-*-*-

Continue Reading

You'll Also Like

1.4M 225K 140
Eng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ!! [ဗီလိန္ႀကီး​ေရ​ေက်းဇူးျပဳၿပီးငါ​ေလးကိုညႇ...
12.1K 645 23
တစ်ခါတစ်လေ အချစ်ကိုဦးနှောက်က မမှတ်မိတာတောင် နှလုံးသားကမှတ်မိနေမိတယ်။ ဒါပေမယ့် အချစ်က ကိုယ်ချစ်ရတဲ့လူ သေဆုံးသွားရင်တောင် ပျောက်ကွယ်သွားတဲ့ အရာမဟုတ်ဘူး...
1.5M 188K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...
57.4K 5K 116
Author(s):Solanine , Maki Genre(s):Shounen Ai / Supernatural / Webtoons /Yaoi