The Legendary Master's Wife (...

By Sailor_Moon_94

786K 133K 8.8K

Chapter 232 to Chapter 320. Both zawgyi & unicode available. Legendary Master's Wife {Myanmar Translation} Or... More

CHAPTER 232
CHAPTER 233
CHAPTER 234.
CHAPTER 235
CHAPTER 236
CHAPTER 237
CHAPTER 238
CHAPTER 239
CHAPTER 240
CHAPTER 241
CHAPTER 242
CHAPTER 243
CHAPTER 244
CHAPTER 245
CHAPTER 246
CHAPTER 247
CHAPTER 248
CHAPTER 249
CHAPTER 250
CHAPTER 251
CHAPTER 252
CHAPTER 253
CHAPTER 254.
CHAPTER 255
CHAPTER 256
CHAPTER 257
CHAPTER 258
CHAPTER 259
CHAPTER 260
CHAPTER 261.
CHAPTER 262
CHAPTER 263
CHAPTER 264
CHAPTER 265
CHAPTER 266
CHAPTER 267
CHAPTER 268
CHAPTER 269
CHAPTER 270
CHAPTER 271
CHAPTER 272
CHAPTER 273
CHAPTER 274
CHAPTER 275
CHAPTER 277
CHAPTER 278
A/N
CHAPTER 279
CHAPTER 280
CHAPTER 281
CHAPTER 282
CHAPTER 283.
CHAPTER 284
CHAPTER 285
CHAPTER 286
CHAPTER 286 (ဒီတစ်ခါအတည်)
CHAPTER 287
CHAPTER 288
CHAPTER 289
CHAPTER 290 (Part1)
CHAPTER 290 (Part 2)
CHAPTER 291
CHAPTER 292
CHAPTER 293
CHAPTER 294
CHAPTER 295
CHAPTER 296
CHAPTER 297
CHAPTER 298
CHAPTER 299
CHPATER 300.
CHAPTER 301
CHAPTER 302
CHAPTER 303
CHAPTER 304
CHAPTER 305
CHAPTER 306
CHAPTER 307
CHAPTER 308
CHAPTER 309
CHAPTER 310
CHAPTER 311
CHAPTER 312
CHAPTER 313
CHAPTER 314
CHAPTER 315
CHAPTER 316
CHAPTER 317
CHAPTER 318
CHAPTER 319
CHAPTER 320
Finale

CHAPTER 276

8.3K 1.5K 168
By Sailor_Moon_94


Zawgyi ver...








အာဏာျဖင့္ဖိႏွိမ္ကြပ္ကဲျခင္း








အေဆာင္သို႔ ျပန္ေရာက္သည္ႏွင့္ ယူေ႐ွာင္မိုသည္ လင္းေ႐ွာင္ထံသို႔ တစ္ေန႔တာ ျဖစ္ပ်က္ခဲ့သမ်ွအားလံုး အစီရင္ခံျခင္းအား မေဆာင္ရြက္ပဲ မေနႏိုင္ပါေခ်၊ သူသည္ ၎ဟိုင္လန္ဟူေသာ အလွပေဂးမွ သူ႔အား ေသြးေဆာင္ဖ်ားေယာင္းရန္ ႀကိဳးပမ္းသည့္ အေၾကာင္းကို ဟာသေႏွာ၍ပင္  ျပန္ေျပာျပေနလိုက္ေသး၏၊ သူ႔ဘဝတြင္ ဘယ္တုန္းကမွ တစ္စံုတစ္ေယာက္၏ ေသြးေဆာင္ဖ်ားေယာင္းျခင္း ခံရလိမ့္မည္ဟု မေတြးခဲ့ဖူးေသာေၾကာင့္ပင္ ။


အေၾကာင္းစံုအား နားေထာင္ၿပီးေသာအခါ လင္းေ႐ွာင္သည္ ယူေ႐ွာင္မိုအား စိုက္ၾကည့္ေနေတာ့သည္ ။

" သူမမင္းကို ဖ်ားေယာင္းေနတဲ့ အခ်ိန္တုန္းက မင္းဘာမွ မေတြးမိဘူးလား? "

" ေသခ်ာေပါက္ ေတြးမိတာေပါ့! "

ယူေ႐ွာင္မို ႐ုတ္တရက္ ျပံဳးလိုက္သည္၊ လင္းေ႐ွာင္မွ သူ႔အား စူးရဲစြာ စိုက္ၾကည့္လ်က္႐ွိေသာ္လည္း ဂ႐ုမစိုက္ပဲ ယူေ႐ွာင္မို သူ႔ေခါင္းသူ လက္ညႇိဳးျဖင့္ေထာက္ရင္း ဆက္ေျပာ၏ ။

" က်ေနာ္ သူ႔ဒီေနရာမွာ ျပႆနာျဖစ္ေနတယ္လို႔ ထင္လိုက္တာေလ.. ဘာလို႔လဲဆို သူ႔ခမ်ာ ဒီစာၾကည့္ခန္းေလးထဲ ဝင္ခြင့္ရဖို႔အေရး က်ေနာ့္ကို ဆြဲေဆာင္ေနရေသးတယ္ က်ေနာ့္႐ုပ္က တဏွာ႐ူးနဲ႔မ်ား အဲ့ေလာက္ေတာင္ တူေနလို႔လား  က်ေနာ္ထင္တာေတာ့ ခင္ဗ်ား.. .. "


" ငါ့ကို ဘာလို႔ထင္တာလဲ "

လင္းေ႐ွာင္မွ စကားေထာက္ေပးလိုက္သည္ ။



" အာ... "

ယူေ႐ွာင္မို ေျခာက္တီးေျခာက္ကပ္ ရယ္ခ်လိုက္ကာ အထစ္ထစ္အေငၚေငါ့ျဖင့္ ဆက္ေျပာရသည္ ။

" ဟုတ္တာေပါ့ ဟုတ္တာေပါ့..  က်ေနာ္ထင္တာကေလ သူမသာ တကယ္တမ္း ဆြဲေဆာင္ခ်င္မယ္ဆို ခင္ဗ်ားလိုလူမ်ိဳးကို ဆြဲေဆာင္ရမွာေပါ့လို႔ .. ၾကည့္ပါလား ခင္ဗ်ားက ႐ုပ္လဲေခ်ာတယ္ ၾကည့္လို႔လဲေကာင္းတယ္ တျခားအားနည္းခ်က္ဆိုတာလဲ မ႐ွိဘူး .. အဲ့ေတာ့ ဆြဲေဆာင္မယ့္အတူတူ ခင္ဗ်ားကိုပဲ ဆြဲေဆာင္ေတာ့မွာေပါ့လို႔ မဟုတ္ဘူးလား ... အဟင္း  "




ထိုစကားဆံုးေသာအခါ လင္းေ႐ွာင္သည္ ယူေ႐ွာင္မိုအား ပခံုးမွလွမ္းဆြဲ၍ သိမ္းၾကံဳးဖက္ပစ္လိုက္ကာ သူ၏ေခါင္းေလးအား အႀကိမ္အနည္းငယ္ခန္႔ ပြတ္သပ္ေပးလ်က္ စကားဆိုသည္ ။

" အင္း.. စကားလမ္းေၾကာင္း လႊဲသြားတာေလး ျမန္ေပလို႔ေပါ့ "



ယူေ႐ွာင္မိုသည္လည္း စိတ္မလံုမလဲျဖင့္ အသက္မပါေသာ အျပံဳးတစ္ခုကိုသာ ျပန္ျပံဳးျပလိုက္မိသည္ ။




သူဘယ္လိုလုပ္ စကားလမ္းေၾကာင္း မလႊဲပဲ ဆက္ေျပာရဲေတာ့မွာတဲ့လဲ?! လင္းေ႐ွာင္ကသူ႔ကို ဒီေလာက္ စားမတတ္ ဝါးမတတ္ ၿမိဳခ်ေတာ့မတတ္ စိုက္ၾကည့္ေနတဲ့ဟာျကီးကို..


















လင္းေ႐ွာင္ႏွင့္ စကားေျပာၿပီးေနာက္ ယူေ႐ွာင္မိုသည္  လြန္ခဲ့သည့္ ရက္အနည္းငယ္က ထန္ယြီလင္း လာပို႔ထားသည့္ ေဆးပင္မ်ား ႐ွိေနေၾကာင္း သတိရသြားသည္၊ ညတိုင္း  ေဆးပင္စြယ္စုံက်မ္းအား  ေလ့လာေနရသျဖင့္ ေဆးမေဖာ္ျဖစ္သည္မွာ သံုးရက္႐ွိၿပီျဖစ္သည္၊ ထို႔ေၾကာင့္ယေန႔ ေဆးအလံုးႏွစ္ဆယ္ခန္႔ ေဖာ္မည္ဟုဆံုးျဖတ္ကာ အေပၚထပ္သို႔ တတ္လာခဲ့သည္ ။






သို႔ေသာ္ သူ၏ခါးအား စမ္းမိေသာအခါ ယူေ႐ွာင္မို႔မ်က္ႏွာ ျဖဴစုပ္လာရ၏၊ သူ၏ခါး၌ ခ်ိတ္ဆြဲထားေလ့႐ွိေသာ ေမွာ္အိတ္  မ႐ွိေတာ့ပါေခ် ။




အေပၚထပ္သို႔ လိုက္တတ္လာေသာ လင္းေ႐ွာင္သည္လည္း ယူေ႐ွာင္မို၏ ပ်က္ယြင္းေနေသာ မ်က္ႏွာအမူအယာအား ျမင္ေသာ္ အေလာတႀကီး ေမးျမန္းေလ၏ ။

" ဘာျဖစ္တာလဲ? "

ယူေ႐ွာင္မိုသည္ ႏွေျမာတသျဖစ္ေနဟန္ မ်က္ႏွာေပးေလးျဖင့္ ျပန္ေျဖလာ၏ ။

" က်ေနာ့ေမွာ္အိတ္ေလ.. အခု မ႐ွိေတာ့ဘူး "

အတြင္း၌ ပစၥည္းမ်ား မ်ားမ်ားစားစား မပါသြားေသာ္လည္း ပါသြားသည့္ ပစၥည္းမ်ားသည္ အေတာ္အတန္ေတာ့ တန္ေၾကး႐ွိေသးသည္ ။




လင္းေ႐ွာင္ မ်က္ေမွာင္ၾကဳပ္လိုက္သည္ ။

" ဘယ္လိုလုပ္ၿပီး မ႐ွိေတာ့တာလဲ.. ဒီေန႔ ထူးဆန္းတာ တစ္ခုခုမ်ား ျဖစ္ခဲ့ေသးလို႔လား?  "





ယူေ႐ွာင္မို တစ္ခဏမ်ွ ျပန္စဥ္းစားေနသည္ ။

" ျပန္လာတုန္းကေတာ့ လူတစ္ေယာက္ လမ္းေထာင့္ကေန ေျပးလာၿပီး က်ေနာ့ကို ဝင္တိုက္သြားေသးတယ္.. ဒါမယ့္ က်ေနာ့္ေမွာ္အိတ္က အဲ့တုန္းက ေပ်ာက္သြားတာလား မေသခ်ာဘူး "

လင္းေ႐ွာင္ ေမးလိုက္သည္ ။

" အဲ့လူ ဘယ္လိုပံုစံလဲဆိုတာ ျမင္လိုက္လား? "




ယူေ႐ွာင္မို ေခါင္းကုတ္ရင္း ျပန္ေျဖသည္ ။

" မျမင္လိုက္ဘူး.. သူ႔အက်ီ အျပာေရာင္ဆိုတာပဲ ျမင္လိုက္ရတယ္ ပီးေတာ့ သူ႔မ်က္ႏွာကိုလဲ တစ္ခုခုနဲ႔ ကာထားေသးတယ္ အဲ့ဒါေၾကာင့္ ဘာမွၾကည့္ခ်ိန္ မရလိုက္ဘူး "

" ဒါဆို အဲ့ဒီလူက မင္းနဲ႔ဝင္တိုက္တဲ့အခ်ိန္ အခြင့္ေကာင္းယူၿပီး အိတ္ကို ခိုးသြားတာပဲေနမယ္.. အဖိုးတန္တာေတြ ပါသြားေသးလား ကဒ္တို႔ဘာတို႔?  "



ယူေ႐ွာင္မို ေခါင္းယမ္းလိုက္သည္ ။

" ဟင္႔အင္း မပါသြားဘူး.. အထဲမွာ ထန္ယြီလင္း လာပို႔ထားတဲ့ ေမွာ္ေဆးပင္ေတြရယ္ က်ေနာ့ေဆးအိုးရယ္ စိတ္စြမ္းအင္အရည္ပုလင္းရယ္ ပီးေတာ့ အဝတ္အစား နည္းနည္းရယ္ပဲ ပါသြားတယ္ "





အျခားသူမ်ား၏ ေမွာ္အိတ္မ်ားအား ခိုးယူခဲ့သည့္အခ်ိန္က ေမွာ္အိတ္မ်ားမွာ အလြန္ခိုးရလြယ္ကူေၾကာင္း သတိျပဳမိခဲ့သည့္အတြက္ ယူေ႐ွာင္မိုသည္ အဖိုးတန္ ပစၥည္းမ်ားအား သူ၏ နယ္ေျမအတြင္းသို႔သာ ထည့္ေတာ့သည္၊  စိတ္တစ္ခ်က္ကူးလိုက္ရံုျဖင့္ ပစၥည္းမ်ားအား အသြင္းအထုတ္ လုပ္ႏိုင္ေသာေၾကာင့္ သူ၏နယ္ေျမအား အသံုးျပဳရသည္မွာ အလြန္အဆင္ေျပသည္၊ အကယ္၍ ေမွာ္အိတ္အတြင္း၌သာ ပစၥည္းမ်ား စုျပံဳသိမ္းဆည္းထားပါက အျပင္ထုတ္ရန္ ေမႊေႏွာက္ ႐ွာေဖြေနရဦးမည္ ျဖစ္သည္ ။

လင္းေ႐ွာင္မွ ေတြးေတြးဆဆျဖင့္ ေျပာသည္ ။

" တန္ဖိုး႐ွိတာေတြ ပါမသြားဘူးဆိုေတာ့ ေတာ္ေသးတာေပါ့.. ဘယ္လိုပဲျဖစ္ျဖစ္ အဲ့ဒီလူမွာ အၾကံအစည္တစ္ခုခု ႐ွိေနတာျဖစ္မယ္ မဟုတ္ရင္ ဘယ္လိုလုပ္ သူက မင္းထြက္လာတဲ့ အခ်ိန္မွာမွ တိုက္တိုက္ဆိုင္ဆိုင္ ေျပးဝင္လာမတဲ့လဲ  ၿပီးေတာ့မွ မင္းအိတ္ကို ရည္ရြယ္ခ်က္႐ွိ႐ွိနဲ႔ ခိုးသြားတာ ျဖစ္ရမယ္  ဒါမွမဟုတ္ မင္းလူေတြေ႐ွ႕မွာ အဖိုးတန္ပစၥည္းေတြ ဘာေတြမ်ား ထုတ္ျပလိုက္မိေသးလို႔လား..  "



ထိုသို႔ ေျပာေနရင္း လင္းေ႐ွာင္မွ သူ႔အား စိုက္ၾကည့္လာသျဖင့္ ယူေ႐ွာင္မိုတစ္ေယာက္ ကျပာကယာျဖင့္ သူ၏ အျပစ္ကင္းမႈအား ေလ်ွာက္လဲခ်က္ ေပးရေတာ့သည္ ။

" က်ေနာ္ ဘယ္သူ႔ကိုမွ ဘာမွ ထုတ္မျပဖူးပါဘူး.. ခင္ဗ်ားလဲသိေနတာပဲေလ က်ေနာ့ပစၥည္းေတြက သူမ်ားေတြကို ထုတ္ျပလို႔မျဖစ္ဘူး ဆိုတာကို.. က်ေနာ္သာ ထုတ္ျပတယ္ဆိုရင္ ကိုယ္ေသတြင္းကိုယ္ တူးတာနဲ႔ အတူတူပဲျဖစ္သြားမွာ မဟုတ္ဘူးလား.. "






ထိုအခါ လင္းေ႐ွာင္မွ ေခါင္းၿငိမ့္ကာ ျပန္ေျဖသည္ ။

" ဟုတ္သားပဲ မိုမိုက ေသရမွာေတာ့အရမ္း ေၾကာက္တယ္.. "





ယူေ႐ွာင္မို " ... "

အဲ့ဒီကိစၥက အခုလိုမ်ိဳး အက်ယ္ႀကီး ထုတ္ေျပာစရာ လိုလို႔လား!


လင္းေ႐ွာင္မွ ဆက္ေျပာသည္ ။

" ဘယ္လိုပဲျဖစ္ျဖစ္ပါ.. တစ္ဖက္လူက မင္းရဲ႕အိတ္ထဲမွာ အဖိုးတန္တာတစ္ခုခု ပါတယ္လို႔ ထင္သြားပံုရတယ္ အဲ့ဒါေၾကာင့္ ဒီကိစၥကို မနက္ျဖန္က်ရင္ မင္းဆရာကိုေတာ့ အသိေပးထားရမယ္.. ဘယ္လိုပဲျဖစ္ျဖစ္ ဒီေက်ာင္းေတာ္ထဲမွာ ခါးပိုက္ႏႈိက္ရဲတဲ့သူေတြ ေက်ာင္းထုတ္ခံရမွာပဲ "



ေတာက္႐ွင္းအကယ္ဒမီမွာ ပညာသင္ၾကားသည့္ ေနရာတစ္ခုျဖစ္ေသာေၾကာင့္ ပစၥည္းခိုးျခင္း ကဲ့သို႔ေသာ စက္ဆုပ္စရာကိစၥမ်ားအား တားျမစ္ထားသည္၊ ထိုအခ်က္အား သိသိလ်က္ႏွင့္ ပစၥည္းခိုးရဲသူသည္ ေနာက္ကြယ္၌ အကာအကြယ္႐ွိေနမည္မွာ ဆယ္ပံုပံုလ်ွင္ ႐ွစ္ပံု ကိုးပံုခန္႔ ေသခ်ာေပသည္ ။

" ဒါနဲ႔ က်ေနာ့ရဲ႕ ေဆးအိုးနဲ႔ ေဆးပင္ေတြက ဒီလိုပဲ ပါသြားေတာ့မွာလား.. အဲ့လိုဆို က်ေနာ္ဘယ္လိုလုပ္ ေဆးေဖာ္လို႔ရေတာ့မလဲ  "






အဖိုးတန္ပစၥည္းမ်ား မပါသြားေသာေၾကာင့္ ဝမ္းသာေနေသာ ယူေ႐ွာင္မို ႐ုတ္တရက္ ဝမ္းနည္းသြားရသည္၊ သူ၏ေဆးအိုးအား မၾကာမီလွဲလွယ္ရေတာ့မည္ ျဖစ္ေသာ္လည္း အခ်ိန္အေတာ္ၾကာ သံုးလာခဲ့သည္ ျဖစ္ေသာေၾကာင့္ ၎အား ႏွေျမာမိၿပီး အသစ္ဝယ္ရမည္ ဆိုလ်ွင္လည္း အမွတ္က အနည္းႏွင့္အမ်ားေတာ့ ကုန္ရဦးမည္ ျဖစ္သည္ ။




စိတ္စြမ္းအင္အရည္ ပုလင္းကိုေတာ့ ယူေ႐ွာင္မို စိတ္မပူမိေပ၊ ၎အတြင္း၌  ပါသြားေသာ စိတ္စြမ္းအင္ရည္ ပမာဏသည္ ဆယ့္ငါးစက္ထက္ မပိုႏိုင္သည့္အျပင္ ထိုမ်ွေလာက္ ပမာဏေလးျဖင့္ တစ္ဖက္လူသည္ ယူေ႐ွာင္မိုထံ၌ လ်ိႈ႕ဝွက္နယ္ေျမ တစ္ခု႐ွိေၾကာင္း သံသယ မဝင္ႏိုင္ေလာက္ပါေပ ။






လင္းေ႐ွာင္သည္ သူ႔ေမးေစ့သူ ပြတ္လိုက္ရင္း ျပန္ေျဖသည္ ။

" တျခားနည္းမွ မ႐ွိေတာ့တာ အသစ္ဝယ္လိုက္ရံုပဲေပါ့.. ဘာပဲျဖစ္ျဖစ္ မၾကာခင္ လဲရေတာ့မွာပဲ မဟုတ္လား "


ယူေ႐ွာင္မို စိတ္ဆင္းရဲေနဆဲ ျဖစ္သည္ ။

" ၾကည့္ရတာ တျခားနည္းလမ္းလည္း မ႐ွိေတာ့ဘူးထင္ပါတယ္ "











............











တစ္ဖက္တြင္ ယူေ႐ွာင္မိုအား ဝင္တိုက္သြားေသာသူသည္ ေက်ာင္းေတာ္တြင္း႐ွိ လူျပတ္ေသာ အေဆာင္တစ္ခုဘက္သို႔ သတိႀကီးစြာ သြားေနသည္၊ အတြင္း၌ ၎အား မတ္တပ္ရပ္၍ ေစာင့္ဆိုင္းေနသူတစ္ဦးလည္း ႐ွိေပ၏ ။




ထိုလူသည္ ရပ္ေနသူအနားသို႔ ေလ်ွာက္သြားလိုက္ၿပီး..

" မမေလး ကြၽန္ေတာ္မ်ိဳး ယူလာခဲ့ပါၿပီ "

ထို႔ေနာက္ ယူေ႐ွာင္မို႔ထံမွာ ခိုးယူလာေသာ အိတ္အား ၎ထံသို႔ ကမ္းေပးလိုက္သည္ ။







၎မွာ ေမ်ွာ္မွန္းထားသည့္အတိုင္း ထ်န္းဇီ႐ွင္းပင္ျဖစ္၏၊ သူမသည္ ကမ္းေပးေနေသာ အိတ္အား လွမ္းမယူပဲ ထိုသူအား အမိန္႔ေပးလိုက္သည္ ။

" အိတ္ထဲက ပစၥည္းေတြ အျပင္ထုတ္လိုက္ "






ထိုလူသည္လည္း သူမ၏အမိန္႔အတိုင္း တေသြမတိမ္း ေဆာင္ရြက္ေလသည္၊ သို႔ေသာ္ ယူေ႐ွာင္မို ေျပာသည့္အတိုင္း  ပစၥည္းမ်ား မ်ားမ်ားစားစား မပါသြားသျဖင့္  ေဆးအိုးႏွင့္ ေဆးပင္မ်ားသာ ထြက္လာေလသည္၊ ထ်န္းဇီ႐ွင္းမွာ ယူေ႐ွာင္မိုတစ္ေယာက္ သြမ့္ခ်ီထ်န္၏ စာဖတ္ခန္းမွ အဆင့္႐ွစ္ေဆးပင္ စြယ္စံုက်မ္းအား ယူေဆာင္လာသည္ဟု ထင္ေနျခင္းျဖစ္သည္၊ သို႔ေသာ္ ယခုအေျခအေနအရ သူမ တြက္ကိန္းမွားခဲ့ဟန္တူသည္ ။









ထိုလူသည္ သူ၏လက္မ်ားအား အေ႐ွ႕ထုတ္၍ ယွက္သြယ္လိုက္ၿပီး ..

" မမေလး.. ကြၽန္ေတာ္မ်ိဳး သူ႔ကိုယ္ေပၚမွာ တျခားအိတ္ေတြ မေတြ႔ခဲ႔ပါဘူး "






ထ်န္းဇီ႐ွင္းမွ ေအးစက္စြာ အမိန္႔ေပးသည္ ။

" အကုန္လံုး ျပန္ထည့္ၿပီး တစ္ေနရာရာမွာ သြားဖ်က္ဆီးလိုက္ "






" ဟုတ္ကဲ့ မမေလး.. ဒါကိုေရာ ဖ်က္ဆီးလိုက္ရမွာလား "

ထိုလူသည္ စိတ္စြမ္းအင္အရည္ ပုလင္းအား ထုတ္ယူလိုက္ၿပီး ထ်န္းဇီ႐ွင္းထံ ကမ္းေပးလိုက္သည္၊ တစ္ခ်က္ၾကည့္ရံုျဖင့္ အထဲ႐ွိ အရည္မ်ားမွာ စိတ္စြမ္းအင္အရည္ ျဖစ္ေၾကာင္း သိ႐ွိနိုင္၏၊ ပမာဏ သိပ္မမ်ားေသာ္လည္း ၎တို႔မွာ အသံုးဝင္ေပသည္ ။



ထ်န္းဇီ႐ွင္း၏ မ်က္လံုးအစံုမွာ ဝင္းလက္လာ၏၊ သို႔ေသာ္ ခ်က္ခ်င္းပင္ အမူအယာ ျပန္ထိန္းလိုက္ၿပီး အံႀကိတ္ကာ တစ္ဖက္လူအား အမိန္႔ေပးသည္ ။

" အဲ့ဒါကို ငါ့ကိုေပးၿပီး က်န္တဲ့ပစၥည္းေတြကို ျမန္ႏိုင္သမ်ွ ျမန္ျမန္ ဖ်က္ဆီးပစ္စမ္း! ၿပီးေတာ့ တျခားသူေတြ မရိပ္မိေအာင္လဲ ေသေသခ်ာခ်ာ လုပ္ခဲ့ "


" ဟုတ္ကဲ့ပါ မမေလး "




















ေနာက္တစ္ေန႔မနက္တြင္ ယူေ႐ွာင္မိုသည္ အဖိုးအိုအား မေန႔က ျဖစ္ပ်က္ခဲ့သည့္ အေၾကာင္းအရာတို႔ကို ေျပာျပလိုက္သည္ ။



အဖိုးအိုသည္ ပံုမွန္အားျဖင့္ ယူေ႐ွာင္မိုအား ႏွိပ္ကြပ္ေနရသည္ကို ႏွစ္သက္သေဘာက်ေသာ္လည္း အျခားတစ္စံုတစ္ေယာက္မွ သူ၏ခ်စ္တပည့္ေလး၏ အိတ္အား သူ႔ျခံဝင္းေ႐ွ႕တြင္ပင္ ခိုးယူသြားေၾကာင္း သိလိုက္ရသည့္အခါ ဒုေက်ာင္းအုပ္ ယန္ဖားအား ခ်က္ခ်င္း ဆင့္ေခၚေတာ့သည္၊ အဖိုးအို၏ ေဒါသထြက္ေနေသာ အမူအယာေၾကာင့္ ယူေ႐ွာင္မိုပင္ ထခုန္မိမတက္ ေၾကာက္လန္႔ေနရ၏ ။




ယန္ဖားသည္ အံ့ျသတႀကီးျဖင့္..

" လူအိုႀကီး.. ဘာအေရးႀကီးကိစၥေၾကာင့္ ငါ့ကို အေလာတႀကီး လာခိုင္းရတာလဲ  "




အဖိုးအိုမွ တစ္စိတ္ကိုတစ္အိတ္လုပ္ကာ အကိုေကာင္း၏ ဆရာအား ဆင့္ခၚလိုက္သျဖင့္ ယူေ႐ွာင္မို အလြန္ မ်က္ႏွာပူေနရသည္၊ ထို႔ေၾကာင့္ အဖိုးအို ႏႈတ္မဟမီ အျဖစ္အပ်က္ အလံုးစံုအား ယူေ႐ွာင္မို ဝင္႐ွင္းျပလိုက္သည္ ။

" တကယ္ေတာ့ အျဖစ္အပ်က္က ဒီလိုပါ ဒုေက်ာင္းအုပ္... "









အေၾကာင္းစံု သိျပီးေသာအခါ ဒုေက်ာင္းအုပ္သည္လည္း မ်က္ေမွာင္ၾကဳပ္ေနေပေတာ့၏ ။






အဖိုးအိုမွ ႏွာေခါင္း႐ႈံလိုက္သည္ ။

" ယန္ဖား.. မင္း ေက်ာင္းေတာ္ထဲမွာ သူခိုးေတြကို ဒီအတိုင္းပဲ လႊတ္ထားေတာ့မွာလား  အခုဒီကိစၥကို ဘယ္လို႐ွင္းေပးမွာလဲ ေျပာ? "




သြမ့္ခ်ီထ်န္၏ ေဒါသႏွင့္ ၾကံဳေတြ႔ရေသာအခါ ေက်ာင္းအုပ္ယန္ဖား ကူကယ္ရာမဲ့ေနေတာ့၏၊ ဤကိစၥမ်ိဳးသည္ ေက်ာင္းေတာ္၌ ျဖစ္ခဲၿပီး ခါးပိုက္ႏိႈက္အား ႐ွာေဖြဖမ္းဆီးရန္ မလြယ္ကူေသာ္လည္း ေက်ာင္းေတာ္၏  အခြင့္အာဏာအား ထိပါးစိန္ေခၚရဲသူကိုေတာ့ ဒီအတိုင္း မလႊတ္ေပးလိုက္ႏိုင္ေပ၊ မဟုတ္လ်ွင္ ေနာက္တစ္ႀကိမ္ အလားတူ အျဖစ္အပ်က္မ်ိဳး ထပ္ေပၚလာႏိုင္ေပ၏ ။



" ငါ့တပည့္က မင္းရဲ႕ ညံ့ဖ်င္းတဲ့ အုပ္ခ်ဳပ္မႈေၾကာင့္ ပစၥည္းေတြ ဆံုး႐ႈံးသြားရတာမို႔လို႔  မင္းငါ့တပည့္ကို ေဆးအိုးတစ္အိုး ျပန္အေလ်ာ္ေပးလိုက္ပါ "


ယန္ဖားသည္ တလႈပ္လႈပ္ျဖင့္ ေခါင္းခါရင္း..

" လူအိုႀကီး..  မင္းက ဒီအေျခအေနမွာေတာင္ ငါ့ဆီက အျမတ္ထုတ္ဖို႔ မေမ့ေသးဘူးေနာ္! "








ထိုသို႔  ေျပာခဲ့ေသာ္ျငား ယန္ဖားသည္ ေနာက္ဆံုး၌  ယူေ႐ွာင္မိုအား ယခင္ေဆးအိုးထက္ ပိုမိုေကာင္းမြန္သည့္ ေဆးအိုးတစ္အိုး လက္ေဆာင္ေပး႐ွာပါ၏၊ ဒုေက်ာင္းအုပ္ တစ္ဦးအတြက္ အရည္အေသြးေကာင္းေသာ ေဆးအိုးတစ္အိုး ႐ွာေဖြရန္မွာ အေထြအထူးေတာ့ မဟုတ္ေပ ။


ထိုေန႔တြင္ ယူေ႐ွာင္မို ေဆးအိုးအသစ္အား  ေပ်ာ္ရႊင္စြာ ပိုက္၍ အေဆာင္သို႔ ျပန္လာေလသည္ ။






တစ္ဆက္တည္းမွာပင္ ယန္ဖားသည္ ထိုကိစၥႏွင့္ ပတ္သက္၍ စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့သည္၊ ခါးပိုက္ႏိႈက္သြားသူအား ဖမ္းမိရန္ မျဖစ္ႏိုင္ေသာ္ျငား ယန္ဖားသည္ သူ၏အာဏာအား အသံုးျပဳ၍ တန္းခြဲႏွစ္အတြင္း ထင္တိုင္းၾကဲလ်က္႐ွိေသာ အင္အားႀကီးအုပ္စုမ်ားအား ၾကပ္မတ္စစ္ေဆးခဲ့သည္၊ ထိုလုပ္ရပ္သည္ အျဖစ္မွန္အား သိ႐ွိေနသူ ထ်န္းဇီ႐ွင္းႏွင့္ ယူေ႐ွာင္မိုအား မလိုမုန္းထား ေစာင့္ၾကည့္ေနသူတို႔အား တုန္လႈပ္ထိတ္လန္႔သြားေစ၏၊ စိတ္စြမ္းအင္အရည္ ပုလင္းကိုမူ ထ်န္းဇီ႐ွင္းတစ္ေယာက္ လက္လြတ္စပယ္ ထုတ္မသံုးရဲေသးသျဖင့္ ဝွက္ထားရသည္၊ ေက်ာင္းေတာ္အတြင္း၌လည္း ၾကပ္မတ္စစ္ေဆးမႈအၿပီး အခ်ိန္အေတာ္ၾကာအထိ မည္သည့္အဖြဲ႔အစည္းမွ မလႈပ္ရွားရဲၾကေတာ့ေပ ။




ဤသို႔ျဖင့္ ယူေ႐ွာင္မိုတစ္ေယာက္ သက္ေတာင့္သက္သာ ေနႏိုင္သြားေတာ့သည္ ။














ယူေ႐ွာင္မိုသည္ အဖိုးအိုထံမွ ေန႔စဥ္ ေအာက္ေငါက္ခံရဆဲ ျဖစ္ေသာ္လည္း ေနသားက်သြားၿပီ ျဖစ္သည္ ။





ေနာက္ပိုင္းတြင္ အဖိုးအိုထံ၌ လုပ္စရာတစ္ခု ေပၚလာေသာေၾကာင့္ ယူေ႐ွာင္မို အဖိုးအိုထံသို႔ သြားေရာက္ရသည့္ အႀကိမ္အေရအတြက္မ်ား ေလ်ာ့နည္းလာသည္၊ သို႔ေသာ္ သူသည္ အဖိုးအို၏ အေဆာင္သို႔ စာအုပ္မ်ား ငွါးရမ္းရန္အတြက္ မၾကာခဏ သြားေရာက္ျမဲ ျဖစ္သည္ ။




ယူေ႐ွာင္မို၏ သက္ေတာင့္သက္သာ ဘဝကေလးသည္ ေနာက္သံုးလအၾကာ ထ်န္းဇီ႐ွင္း အဆင့္တက္သြားၿပီ ဟူေသာသတင္း မေပၚထြက္လာမီအထိ ေအးေအးေဆးေဆး ျဖစ္ေနခဲ့ေလသည္ ။




ထ်န္းဇီ႐ွင္းႏွင့္ သူ႔အၾကား စိန္ေခၚပြဲတစ္ခု ႐ွိေနသျဖင့္ ထိုသတင္းထြက္လာေသာအခါ သူ႔ထံသို႔ လာေရာက္ေျပာျပၾကသူ မ်ားစြာ႐ွိသည္ ။












" ေ႐ွာင္မို.. ထ်န္းဇီ႐ွင္းေတာင္ အဆင့္တက္သြားၿပီဟာကို မင္းဘာလို႔ အဆင့္ငါးမွာပဲ ႐ွိေနေသးတာလဲ.. ၿပိဳင္ပြဲက တစ္လပဲလိုေတာ့တာကို.. ဟိုးမွာ လူေတြ ရံုးစုရံုးစုလုပ္ေနၾကတာျမင္လား.. သူတို႔က မင္းေတာ့ေသခ်ာေပါက္ ႐ႈံးေတာ့မယ္လို႔ ေျပာေနၾကတာကြ! "

ပိုင္လီေ႐ွာင္ယြီသည္ ယူေ႐ွာင္မိုအစား စိတ္ပူပင္ေသာက ေရာက္ေနရသည္ ။





ယူေ႐ွာင္မိုသည္ သူ႔အာရံုႏွင့္သူ အေတြးမ်ားေနေပသည္၊ လြန္ခဲ့သည့္ သံုးလအတြင္းက သူသည္ အဖိုးအိုထံမွ ေဆးလံုးမ်ားအား ပို၍လြယ္ကူစြာ ေဖာ္စပ္နိုင္မည့္ အံ့ျသစရာနည္းလမ္းအား သင္ယူခဲ့ရသည္၊ သို႔ေသာ္ သူသည္ ယခုအထိ ဘုန္းႀကီးလူထြက္အဆင့္သာသာ ႐ွိေသးေသာေၾကာင့္ ၿပီးျပည့္စံုေအာင္ေတာ့ လိုက္မလုပ္ႏိုင္ေသးေပ၊ ပိုင္လီေ႐ွာင္ယြီ၏ စကားအား ၾကားေသာအခါ သူ၏အာရံုအား လက္႐ွိသို႔ ျပန္ဆြဲေခၚလိုက္ရသည္ ။

" မင္းဘာေတြ စိတ္ပူေနရတာလဲ.. ငါေတာင္ဘယ္လိုမွ မေနတဲ့ဟာကို "


" ငါက မင္းကိုယ္စား စိတ္ပူေပးေနရတာကြ! "

ပိုင္လီေ႐ွာင္ယြီမွ ျပန္ေျဖသည္ ။








" အဲ့ေလာက္ထိ စိတ္ပူေနစရာ မလိုပါဘူးကြာ ငါၿပိဳင္ပြဲမတိုင္ခင္ အဆင့္တက္ေအာင္ လုပ္မွာပါ.. အဲ့အစား မင္းကိုယ္မင္းပဲ ဂ႐ုစိုက္စမ္းပါ အခုေတာင္ အဆင့္ေလး အထြတ္အထိပ္အဆင့္ေရာက္ေနၿပီး ေနာက္တစ္ဆင့္ဆိုရင္ပဲ အဆင့္ငါးေရာက္ေတာ့မွာမလား .. ႀကိဳးစားပီး အင္အားေလးဘာေလး နည္းနည္းပို စိုက္ထုတ္စမ္းပါ "

ထိုသို႔ေျပာၿပီးေနာက္ ယူေ႐ွာင္မို ေမွာ္ေဆးလံုးတစ္လံုးထုတ္ကာ ပိုင္လီေ႐ွာင္ယြီအား ေပးလိုက္သည္ ။








ပိုင္လီေ႐ွာင္ယြီသည္ ေဆးလံုးအား လက္ညႇိဳးလက္မျဖင့္ ညႇပ္ယူကာ ဖ်စ္ညႇစ္ၾကည့္ၿပီး ေမးေလ၏ ။

" ဒါဘာေဆးလံုးလဲ? "









ယူေ႐ွာင္မိုမွ ႐ွင္းျပသည္ ။

" ခ်စ္ျခင္းေမတၱာေဆးလံုးတဲ့.. အဆင့္ေလးကို ေက်ာ္ျဖတ္ႏိုင္စြမ္းတိုးေအာင္ ကူညီေပးႏိုင္လိမ့္မယ္ "

ထိုေဆးၫႊန္းအား အဖိုးအိုထံမွ ရ႐ွိလာခဲ့ျခင္းျဖစ္ၿပီး သူ႔အတြက္ေတာ့ အသံုးမဝင္ပါေခ် ။









" ေ႐ွာင္မို... မင္းက အရမ္းမိုက္တာပဲ... "

ပိုင္လီေ႐ွာင္ယြီမွ ဝမ္းသာအားရ ျပန္ေျဖသည္မွာ သူ႔တစ္ကိုယ္လံုး ယူေ႐ွာင္မို႔ထံသို႔ ပစ္ဝင္မတတ္ ။











ထို႔ေနာက္ ယူေ႐ွာင္မို ေမာင္းထုတ္လိုက္သျဖင့္ ပိုင္လီေ႐ွာင္ယြီတစ္ေယာက္ သူ၏အေဆာင္သို႔ ခပ္ျမန္ျမန္ ျပန္သြား႐ွာသည္၊ ႏွစ္ရက္ၾကာေသာ္ ပိုင္လီေ႐ွာင္ယြီ အဆင့္ေလးအား ေက်ာ္ျဖတ္၍ အဆင့္ငါးသို႔ ေရာက္သြားျပီျဖစ္ေျကာင္း သတင္းမ်ားထြက္လာသျဖင့္ က်န္းေ႐ွာင္ဖုန္းမွာလည္း ေဆြ႔ေဆြ႔ခုန္အူတိုေနရေပေတာ့သည္ ။



















# 17.1.2021

အိုင္က စာေရးဖို႔သာ လက္ေႏွးေနတာ အိုင္အခုႀကိဳက္မိသြားတဲ့translationတစ္ပုဒ္က်ေတာ့ ျမန္မာျပန္မေစာင့္ႏိုင္ေတာ့လို႔ e tran႐ွာၿပီး အသဲအသန္ဖတ္ ><
ဒါဒါေလးေတြကို အားနာပါတယ္ ေတာ္ေတာ္ မတရားတဲ့အိုင္ပါ

_____________
















Unicode ver...








အာဏာဖြင့်ဖိနှိမ်ကွပ်ကဲခြင်း








အဆောင်သို့ ပြန်ရောက်သည်နှင့် ယူရှောင်မိုသည် လင်းရှောင်ထံသို့ တစ်နေ့တာ ဖြစ်ပျက်ခဲ့သမျှအားလုံး အစီရင်ခံခြင်းအား မဆောင်ရွက်ပဲ မနေနိုင်ပါချေ၊ သူသည် ၎င်းဟိုင်လန်ဟူသော အလှပဂေးမှ သူ့အား သွေးဆောင်ဖျားယောင်းရန် ကြိုးပမ်းသည့် အကြောင်းကို ဟာသနှော၍ပင်  ပြန်ပြောပြနေလိုက်သေး၏၊ သူ့ဘဝတွင် ဘယ်တုန်းကမှ တစ်စုံတစ်ယောက်၏ သွေးဆောင်ဖျားယောင်းခြင်း ခံရလိမ့်မည်ဟု မတွေးခဲ့ဖူးသောကြောင့်ပင် ။


အကြောင်းစုံအား နားထောင်ပြီးသောအခါ လင်းရှောင်သည် ယူရှောင်မိုအား စိုက်ကြည့်နေတော့သည် ။

" သူမမင်းကို ဖျားယောင်းနေတဲ့ အချိန်တုန်းက မင်းဘာမှ မတွေးမိဘူးလား? "

" သေချာပေါက် တွေးမိတာပေါ့! "

ယူရှောင်မို ရုတ်တရက် ပြုံးလိုက်သည်၊ လင်းရှောင်မှ သူ့အား စူးရဲစွာ စိုက်ကြည့်လျက်ရှိသော်လည်း ဂရုမစိုက်ပဲ ယူရှောင်မို သူ့ခေါင်းသူ လက်ညှိုးဖြင့်ထောက်ရင်း ဆက်ပြော၏ ။

" ကျနော် သူ့ဒီနေရာမှာ ပြဿနာဖြစ်နေတယ်လို့ ထင်လိုက်တာလေ.. ဘာလို့လဲဆို သူ့ခမျာ ဒီစာကြည့်ခန်းလေးထဲ ဝင်ခွင့်ရဖို့အရေး ကျနော့်ကို ဆွဲဆောင်နေရသေးတယ် ကျနော့်ရုပ်က တဏှာရူးနဲ့များ အဲ့လောက်တောင် တူနေလို့လား  ကျနော်ထင်တာတော့ ခင်ဗျား.. .. "


" ငါ့ကို ဘာလို့ထင်တာလဲ "

လင်းရှောင်မှ စကားထောက်ပေးလိုက်သည် ။



" အာ... "

ယူရှောင်မို ခြောက်တီးခြောက်ကပ် ရယ်ချလိုက်ကာ အထစ်ထစ်အငေါ်ငေါ့ဖြင့် ဆက်ပြောရသည် ။

" ဟုတ်တာပေါ့ ဟုတ်တာပေါ့..  ကျနော်ထင်တာကလေ သူမသာ တကယ်တမ်း ဆွဲဆောင်ချင်မယ်ဆို ခင်ဗျားလိုလူမျိုးကို ဆွဲဆောင်ရမှာပေါ့လို့ .. ကြည့်ပါလား ခင်ဗျားက ရုပ်လဲချောတယ် ကြည့်လို့လဲကောင်းတယ် တခြားအားနည်းချက်ဆိုတာလဲ မရှိဘူး .. အဲ့တော့ ဆွဲဆောင်မယ့်အတူတူ ခင်ဗျားကိုပဲ ဆွဲဆောင်တော့မှာပေါ့လို့ မဟုတ်ဘူးလား ... အဟင်း  "




ထိုစကားဆုံးသောအခါ လင်းရှောင်သည် ယူရှောင်မိုအား ပခုံးမှလှမ်းဆွဲ၍ သိမ်းကြုံးဖက်ပစ်လိုက်ကာ သူ၏ခေါင်းလေးအား အကြိမ်အနည်းငယ်ခန့် ပွတ်သပ်ပေးလျက် စကားဆိုသည် ။

" အင်း.. စကားလမ်းကြောင်း လွှဲသွားတာလေး မြန်ပေလို့ပေါ့ "



ယူရှောင်မိုသည်လည်း စိတ်မလုံမလဲဖြင့် အသက်မပါသော အပြုံးတစ်ခုကိုသာ ပြန်ပြုံးပြလိုက်မိသည် ။




သူဘယ်လိုလုပ် စကားလမ်းကြောင်း မလွှဲပဲ ဆက်ပြောရဲတော့မှာတဲ့လဲ?! လင်းရှောင်ကသူ့ကို ဒီလောက် စားမတတ် ဝါးမတတ် မြိုချတော့မတတ် စိုက်ကြည့်နေတဲ့ဟာကြီးကို..


















လင်းရှောင်နှင့် စကားပြောပြီးနောက် ယူရှောင်မိုသည်  လွန်ခဲ့သည့် ရက်အနည်းငယ်က ထန်ယွီလင်း လာပို့ထားသည့် ဆေးပင်များ ရှိနေကြောင်း သတိရသွားသည်၊ ညတိုင်း ဆေးပင်စွယ်စုံကျမ်းအား လေ့လာနေရသဖြင့် ဆေးမဖော်ဖြစ်သည်မှာ သုံးရက်ရှိပြီဖြစ်သည်၊ ထို့ကြောင့်ယနေ့ ဆေးအလုံးနှစ်ဆယ်ခန့် ဖော်မည်ဟုဆုံးဖြတ်ကာ အပေါ်ထပ်သို့ တတ်လာခဲ့သည် ။






သို့သော် သူ၏ခါးအား စမ်းမိသောအခါ ယူရှောင်မို့မျက်နှာ ဖြူစုပ်လာရ၏၊ သူ၏ခါး၌ ချိတ်ဆွဲထားလေ့ရှိသော မှော်အိတ်  မရှိတော့ပါချေ ။




အပေါ်ထပ်သို့ လိုက်တတ်လာသော လင်းရှောင်သည်လည်း ယူရှောင်မို၏ ပျက်ယွင်းနေသော မျက်နှာအမူအယာအား မြင်သော် အလောတကြီး မေးမြန်းလေ၏ ။

" ဘာဖြစ်တာလဲ? "

ယူရှောင်မိုသည် နှမြောတသဖြစ်နေဟန် မျက်နှာပေးလေးဖြင့် ပြန်ဖြေလာ၏ ။

" ကျနော့မှော်အိတ်လေ.. အခု မရှိတော့ဘူး "

အတွင်း၌ ပစ္စည်းများ များများစားစား မပါသွားသော်လည်း ပါသွားသည့် ပစ္စည်းများသည် အတော်အတန်တော့ တန်ကြေးရှိသေးသည် ။




လင်းရှောင် မျက်မှောင်ကြုပ်လိုက်သည် ။

" ဘယ်လိုလုပ်ပြီး မရှိတော့တာလဲ.. ဒီနေ့ ထူးဆန်းတာ တစ်ခုခုများ ဖြစ်ခဲ့သေးလို့လား?  "





ယူရှောင်မို တစ်ခဏမျှ ပြန်စဉ်းစားနေသည် ။

" ပြန်လာတုန်းကတော့ လူတစ်ယောက် လမ်းထောင့်ကနေ ပြေးလာပြီး ကျနော့ကို ဝင်တိုက်သွားသေးတယ်.. ဒါမယ့် ကျနော့်မှော်အိတ်က အဲ့တုန်းက ပျောက်သွားတာလား မသေချာဘူး "

လင်းရှောင် မေးလိုက်သည် ။

" အဲ့လူ ဘယ်လိုပုံစံလဲဆိုတာ မြင်လိုက်လား? "




ယူရှောင်မို ခေါင်းကုတ်ရင်း ပြန်ဖြေသည် ။

" မမြင်လိုက်ဘူး.. သူ့အကျီ အပြာရောင်ဆိုတာပဲ မြင်လိုက်ရတယ် ပီးတော့ သူ့မျက်နှာကိုလဲ တစ်ခုခုနဲ့ ကာထားသေးတယ် အဲ့ဒါကြောင့် ဘာမှကြည့်ချိန် မရလိုက်ဘူး "

" ဒါဆို အဲ့ဒီလူက မင်းနဲ့ဝင်တိုက်တဲ့အချိန် အခွင့်ကောင်းယူပြီး အိတ်ကို ခိုးသွားတာပဲနေမယ်.. အဖိုးတန်တာတွေ ပါသွားသေးလား ကဒ်တို့ဘာတို့?  "



ယူရှောင်မို ခေါင်းယမ်းလိုက်သည် ။

" ဟင့်အင်း မပါသွားဘူး.. အထဲမှာ ထန်ယွီလင်း လာပို့ထားတဲ့ မှော်ဆေးပင်တွေရယ် ကျနော့ဆေးအိုးရယ် စိတ်စွမ်းအင်အရည်ပုလင်းရယ် ပီးတော့ အဝတ်အစား နည်းနည်းရယ်ပဲ ပါသွားတယ် "





အခြားသူများ၏ မှော်အိတ်များအား ခိုးယူခဲ့သည့်အချိန်က မှော်အိတ်များမှာ အလွန်ခိုးရလွယ်ကူကြောင်း သတိပြုမိခဲ့သည့်အတွက် ယူရှောင်မိုသည် အဖိုးတန် ပစ္စည်းများအား သူ၏ နယ်မြေအတွင်းသို့သာ ထည့်တော့သည်၊  စိတ်တစ်ချက်ကူးလိုက်ရုံဖြင့် ပစ္စည်းများအား အသွင်းအထုတ် လုပ်နိုင်သောကြောင့် သူ၏နယ်မြေအား အသုံးပြုရသည်မှာ အလွန်အဆင်ပြေသည်၊ အကယ်၍ မှော်အိတ်အတွင်း၌သာ ပစ္စည်းများ စုပြုံသိမ်းဆည်းထားပါက အပြင်ထုတ်ရန် မွှေနှောက် ရှာဖွေနေရဦးမည် ဖြစ်သည် ။


လင်းရှောင်မှ တွေးတွေးဆဆဖြင့် ပြောသည် ။

" တန်ဖိုးရှိတာတွေ ပါမသွားဘူးဆိုတော့ တော်သေးတာပေါ့.. ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီလူမှာ အကြံအစည်တစ်ခုခု ရှိနေတာဖြစ်မယ် မဟုတ်ရင် ဘယ်လိုလုပ် သူက မင်းထွက်လာတဲ့ အချိန်မှာမှ တိုက်တိုက်ဆိုင်ဆိုင် ပြေးဝင်လာမတဲ့လဲ  ပြီးတော့မှ မင်းအိတ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ခိုးသွားတာ ဖြစ်ရမယ်  ဒါမှမဟုတ် မင်းလူတွေရှေ့မှာ အဖိုးတန်ပစ္စည်းတွေ ဘာတွေများ ထုတ်ပြလိုက်မိသေးလို့လား..  "



ထိုသို့ ပြောနေရင်း လင်းရှောင်မှ သူ့အား စိုက်ကြည့်လာသဖြင့် ယူရှောင်မိုတစ်ယောက် ကပြာကယာဖြင့် သူ၏ အပြစ်ကင်းမှုအား လျှောက်လဲချက် ပေးရတော့သည် ။

" ကျနော် ဘယ်သူ့ကိုမှ ဘာမှ ထုတ်မပြဖူးပါဘူး.. ခင်ဗျားလဲသိနေတာပဲလေ ကျနော့ပစ္စည်းတွေက သူများတွေကို ထုတ်ပြလို့မဖြစ်ဘူး ဆိုတာကို.. ကျနော်သာ ထုတ်ပြတယ်ဆိုရင် ကိုယ်သေတွင်းကိုယ် တူးတာနဲ့ အတူတူပဲဖြစ်သွားမှာ မဟုတ်ဘူးလား.. "






ထိုအခါ လင်းရှောင်မှ ခေါင်းငြိမ့်ကာ ပြန်ဖြေသည် ။

" ဟုတ်သားပဲ မိုမိုက သေရမှာတော့အရမ်း ကြောက်တယ်.. "





ယူရှောင်မို " ... "

အဲ့ဒီကိစ္စက အခုလိုမျိုး အကျယ်ကြီး ထုတ်ပြောစရာ လိုလို့လား!


လင်းရှောင်မှ ဆက်ပြောသည် ။

" ဘယ်လိုပဲဖြစ်ဖြစ်ပါ.. တစ်ဖက်လူက မင်းရဲ့အိတ်ထဲမှာ အဖိုးတန်တာတစ်ခုခု ပါတယ်လို့ ထင်သွားပုံရတယ် အဲ့ဒါကြောင့် ဒီကိစ္စကို မနက်ဖြန်ကျရင် မင်းဆရာကိုတော့ အသိပေးထားရမယ်.. ဘယ်လိုပဲဖြစ်ဖြစ် ဒီကျောင်းတော်ထဲမှာ ခါးပိုက်နှိုက်ရဲတဲ့သူတွေ ကျောင်းထုတ်ခံရမှာပဲ "



တောက်ရှင်းအကယ်ဒမီမှာ ပညာသင်ကြားသည့် နေရာတစ်ခုဖြစ်သောကြောင့် ပစ္စည်းခိုးခြင်း ကဲ့သို့သော စက်ဆုပ်စရာကိစ္စများအား တားမြစ်ထားသည်၊ ထိုအချက်အား သိသိလျက်နှင့် ပစ္စည်းခိုးရဲသူသည် နောက်ကွယ်၌ အကာအကွယ်ရှိနေမည်မှာ ဆယ်ပုံပုံလျှင် ရှစ်ပုံ ကိုးပုံခန့် သေချာပေသည် ။

" ဒါနဲ့ ကျနော့ရဲ့ ဆေးအိုးနဲ့ ဆေးပင်တွေက ဒီလိုပဲ ပါသွားတော့မှာလား.. အဲ့လိုဆို ကျနော်ဘယ်လိုလုပ် ဆေးဖော်လို့ရတော့မလဲ  "






အဖိုးတန်ပစ္စည်းများ မပါသွားသောကြောင့် ဝမ်းသာနေသော ယူရှောင်မို ရုတ်တရက် ဝမ်းနည်းသွားရသည်၊ သူ၏ဆေးအိုးအား မကြာမီလှဲလှယ်ရတော့မည် ဖြစ်သော်လည်း အချိန်အတော်ကြာ သုံးလာခဲ့သည် ဖြစ်သောကြောင့် ၎င်းအား နှမြောမိပြီး အသစ်ဝယ်ရမည် ဆိုလျှင်လည်း အမှတ်က အနည်းနှင့်အများတော့ ကုန်ရဦးမည် ဖြစ်သည် ။




စိတ်စွမ်းအင်အရည် ပုလင်းကိုတော့ ယူရှောင်မို စိတ်မပူမိပေ၊ ၎င်းအတွင်း၌  ပါသွားသော စိတ်စွမ်းအင်ရည် ပမာဏသည် ဆယ့်ငါးစက်ထက် မပိုနိုင်သည့်အပြင် ထိုမျှလောက် ပမာဏလေးဖြင့် တစ်ဖက်လူသည် ယူရှောင်မိုထံ၌ လျှို့ဝှက်နယ်မြေ တစ်ခုရှိကြောင်း သံသယ မဝင်နိုင်လောက်ပါပေ ။






လင်းရှောင်သည် သူ့မေးစေ့သူ ပွတ်လိုက်ရင်း ပြန်ဖြေသည် ။

" တခြားနည်းမှ မရှိတော့တာ အသစ်ဝယ်လိုက်ရုံပဲပေါ့.. ဘာပဲဖြစ်ဖြစ် မကြာခင် လဲရတော့မှာပဲ မဟုတ်လား "


ယူရှောင်မို စိတ်ဆင်းရဲနေဆဲ ဖြစ်သည် ။

" ကြည့်ရတာ တခြားနည်းလမ်းလည်း မရှိတော့ဘူးထင်ပါတယ် "











............











တစ်ဖက်တွင် ယူရှောင်မိုအား ဝင်တိုက်သွားသောသူသည် ကျောင်းတော်တွင်းရှိ လူပြတ်သော အဆောင်တစ်ခုဘက်သို့ သတိကြီးစွာ သွားနေသည်၊ အတွင်း၌ ၎င်းအား မတ်တပ်ရပ်၍ စောင့်ဆိုင်းနေသူတစ်ဦးလည်း ရှိပေ၏ ။




ထိုလူသည် ရပ်နေသူအနားသို့ လျှောက်သွားလိုက်ပြီး..

" မမလေး ကျွန်တော်မျိုး ယူလာခဲ့ပါပြီ "

ထို့နောက် ယူရှောင်မို့ထံမှာ ခိုးယူလာသော အိတ်အား ၎င်းထံသို့ ကမ်းပေးလိုက်သည် ။







၎င်းမှာ မျှော်မှန်းထားသည့်အတိုင်း ထျန်းဇီရှင်းပင်ဖြစ်၏၊ သူမသည် ကမ်းပေးနေသော အိတ်အား လှမ်းမယူပဲ ထိုသူအား အမိန့်ပေးလိုက်သည် ။

" အိတ်ထဲက ပစ္စည်းတွေ အပြင်ထုတ်လိုက် "






ထိုလူသည်လည်း သူမ၏အမိန့်အတိုင်း တသွေမတိမ်း ဆောင်ရွက်လေသည်၊ သို့သော် ယူရှောင်မို ပြောသည့်အတိုင်း  ပစ္စည်းများ များများစားစား မပါသွားသဖြင့်  ဆေးအိုးနှင့် ဆေးပင်များသာ ထွက်လာလေသည်၊ ထျန်းဇီရှင်းမှာ ယူရှောင်မိုတစ်ယောက် သွမ့်ချီထျန်၏ စာဖတ်ခန်းမှ အဆင့်ရှစ်ဆေးပင် စွယ်စုံကျမ်းအား ယူဆောင်လာသည်ဟု ထင်နေခြင်းဖြစ်သည်၊ သို့သော် ယခုအခြေအနေအရ သူမ တွက်ကိန်းမှားခဲ့ဟန်တူသည် ။









ထိုလူသည် သူ၏လက်များအား အရှေ့ထုတ်၍ ယှက်သွယ်လိုက်ပြီး ..

" မမလေး.. ကျွန်တော်မျိုး သူ့ကိုယ်ပေါ်မှာ တခြားအိတ်တွေ မတွေ့ခဲ့ပါဘူး "






ထျန်းဇီရှင်းမှ အေးစက်စွာ အမိန့်ပေးသည် ။

" အကုန်လုံး ပြန်ထည့်ပြီး တစ်နေရာရာမှာ သွားဖျက်ဆီးလိုက် "






" ဟုတ်ကဲ့ မမလေး.. ဒါကိုရော ဖျက်ဆီးလိုက်ရမှာလား "

ထိုလူသည် စိတ်စွမ်းအင်အရည် ပုလင်းအား ထုတ်ယူလိုက်ပြီး ထျန်းဇီရှင်းထံ ကမ်းပေးလိုက်သည်၊ တစ်ချက်ကြည့်ရုံဖြင့် အထဲရှိ အရည်များမှာ စိတ်စွမ်းအင်အရည် ဖြစ်ကြောင်း သိရှိနိုင်၏၊ ပမာဏ သိပ်မများသော်လည်း ၎င်းတို့မှာ အသုံးဝင်ပေသည် ။



ထျန်းဇီရှင်း၏ မျက်လုံးအစုံမှာ ဝင်းလက်လာ၏၊ သို့သော် ချက်ချင်းပင် အမူအယာ ပြန်ထိန်းလိုက်ပြီး အံကြိတ်ကာ တစ်ဖက်လူအား အမိန့်ပေးသည် ။

" အဲ့ဒါကို ငါ့ကိုပေးပြီး ကျန်တဲ့ပစ္စည်းတွေကို မြန်နိုင်သမျှ မြန်မြန် ဖျက်ဆီးပစ်စမ်း! ပြီးတော့ တခြားသူတွေ မရိပ်မိအောင်လဲ သေသေချာချာ လုပ်ခဲ့ "


" ဟုတ်ကဲ့ပါ မမလေး "




















နောက်တစ်နေ့မနက်တွင် ယူရှောင်မိုသည် အဖိုးအိုအား မနေ့က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာတို့ကို ပြောပြလိုက်သည် ။



အဖိုးအိုသည် ပုံမှန်အားဖြင့် ယူရှောင်မိုအား နှိပ်ကွပ်နေရသည်ကို နှစ်သက်သဘောကျသော်လည်း အခြားတစ်စုံတစ်ယောက်မှ သူ၏ချစ်တပည့်လေး၏ အိတ်အား သူ့ခြံဝင်းရှေ့တွင်ပင် ခိုးယူသွားကြောင်း သိလိုက်ရသည့်အခါ ဒုကျောင်းအုပ် ယန်ဖားအား ချက်ချင်း ဆင့်ခေါ်တော့သည်၊ အဖိုးအို၏ ဒေါသထွက်နေသော အမူအယာကြောင့် ယူရှောင်မိုပင် ထခုန်မိမတက် ကြောက်လန့်နေရ၏ ။




ယန်ဖားသည် အံ့သြတကြီးဖြင့်..

" လူအိုကြီး.. ဘာအရေးကြီးကိစ္စကြောင့် ငါ့ကို အလောတကြီး လာခိုင်းရတာလဲ  "




အဖိုးအိုမှ တစ်စိတ်ကိုတစ်အိတ်လုပ်ကာ အကိုကောင်း၏ ဆရာအား ဆင့်ခါ်လိုက်သဖြင့် ယူရှောင်မို အလွန် မျက်နှာပူနေရသည်၊ ထို့ကြောင့် အဖိုးအို နှုတ်မဟမီ အဖြစ်အပျက် အလုံးစုံအား ယူရှောင်မို ဝင်ရှင်းပြလိုက်သည် ။

" တကယ်တော့ အဖြစ်အပျက်က ဒီလိုပါ ဒုကျောင်းအုပ်... "









အကြောင်းစုံ သိပြီးသောအခါ ဒုကျောင်းအုပ်သည်လည်း မျက်မှောင်ကြုပ်နေပေတော့၏ ။






အဖိုးအိုမှ နှာခေါင်းရှုံလိုက်သည် ။

" ယန်ဖား.. မင်း ကျောင်းတော်ထဲမှာ သူခိုးတွေကို ဒီအတိုင်းပဲ လွှတ်ထားတော့မှာလား  အခုဒီကိစ္စကို ဘယ်လိုရှင်းပေးမှာလဲ ပြော? "




သွမ့်ချီထျန်၏ ဒေါသနှင့် ကြုံတွေ့ရသောအခါ ကျောင်းအုပ်ယန်ဖား ကူကယ်ရာမဲ့နေတော့၏၊ ဤကိစ္စမျိုးသည် ကျောင်းတော်၌ ဖြစ်ခဲပြီး ခါးပိုက်နှိုက်အား ရှာဖွေဖမ်းဆီးရန် မလွယ်ကူသော်လည်း ကျောင်းတော်၏  အခွင့်အာဏာအား ထိပါးစိန်ခေါ်ရဲသူကိုတော့ ဒီအတိုင်း မလွှတ်ပေးလိုက်နိုင်ပေ၊ မဟုတ်လျှင် နောက်တစ်ကြိမ် အလားတူ အဖြစ်အပျက်မျိုး ထပ်ပေါ်လာနိုင်ပေ၏ ။



" ငါ့တပည့်က မင်းရဲ့ ညံ့ဖျင်းတဲ့ အုပ်ချုပ်မှုကြောင့် ပစ္စည်းတွေ ဆုံးရှုံးသွားရတာမို့လို့  မင်းငါ့တပည့်ကို ဆေးအိုးတစ်အိုး ပြန်အလျော်ပေးလိုက်ပါ "


ယန်ဖားသည် တလှုပ်လှုပ်ဖြင့် ခေါင်းခါရင်း..

" လူအိုကြီး..  မင်းက ဒီအခြေအနေမှာတောင် ငါ့ဆီက အမြတ်ထုတ်ဖို့ မမေ့သေးဘူးနော်! "








ထိုသို့  ပြောခဲ့သော်ငြား ယန်ဖားသည် နောက်ဆုံး၌  ယူရှောင်မိုအား ယခင်ဆေးအိုးထက် ပိုမိုကောင်းမွန်သည့် ဆေးအိုးတစ်အိုး လက်ဆောင်ပေးရှာပါ၏၊ ဒုကျောင်းအုပ် တစ်ဦးအတွက် အရည်အသွေးကောင်းသော ဆေးအိုးတစ်အိုး ရှာဖွေရန်မှာ အထွေအထူးတော့ မဟုတ်ပေ ။


ထိုနေ့တွင် ယူရှောင်မို ဆေးအိုးအသစ်အား  ပျော်ရွှင်စွာ ပိုက်၍ အဆောင်သို့ ပြန်လာလေသည် ။






တစ်ဆက်တည်းမှာပင် ယန်ဖားသည် ထိုကိစ္စနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်၊ ခါးပိုက်နှိုက်သွားသူအား ဖမ်းမိရန် မဖြစ်နိုင်သော်ငြား ယန်ဖားသည် သူ၏အာဏာအား အသုံးပြု၍ တန်းခွဲနှစ်အတွင်း ထင်တိုင်းကြဲလျက်ရှိသော အင်အားကြီးအုပ်စုများအား ကြပ်မတ်စစ်ဆေးခဲ့သည်၊ ထိုလုပ်ရပ်သည် အဖြစ်မှန်အား သိရှိနေသူ ထျန်းဇီရှင်းနှင့် ယူရှောင်မိုအား မလိုမုန်းထား စောင့်ကြည့်နေသူတို့အား တုန်လှုပ်ထိတ်လန့်သွားစေ၏၊ စိတ်စွမ်းအင်အရည် ပုလင်းကိုမူ ထျန်းဇီရှင်းတစ်ယောက် လက်လွတ်စပယ် ထုတ်မသုံးရဲသေးသဖြင့် ဝှက်ထားရသည်၊ ကျောင်းတော်အတွင်း၌လည်း ကြပ်မတ်စစ်ဆေးမှုအပြီး အချိန်အတော်ကြာအထိ မည်သည့်အဖွဲ့အစည်းမှ မလှုပ်ရှားရဲကြတော့ပေ ။




ဤသို့ဖြင့် ယူရှောင်မိုတစ်ယောက် သက်တောင့်သက်သာ နေနိုင်သွားတော့သည် ။














ယူရှောင်မိုသည် အဖိုးအိုထံမှ နေ့စဉ် အောက်ငေါက်ခံရဆဲ ဖြစ်သော်လည်း နေသားကျသွားပြီ ဖြစ်သည် ။





နောက်ပိုင်းတွင် အဖိုးအိုထံ၌ လုပ်စရာတစ်ခု ပေါ်လာသောကြောင့် ယူရှောင်မို အဖိုးအိုထံသို့ သွားရောက်ရသည့် အကြိမ်အရေအတွက်များ လျော့နည်းလာသည်၊ သို့သော် သူသည် အဖိုးအို၏ အဆောင်သို့ စာအုပ်များ ငှါးရမ်းရန်အတွက် မကြာခဏ သွားရောက်မြဲ ဖြစ်သည် ။




ယူရှောင်မို၏ သက်တောင့်သက်သာ ဘဝကလေးသည် နောက်သုံးလအကြာ ထျန်းဇီရှင်း အဆင့်တက်သွားပြီ ဟူသောသတင်း မပေါ်ထွက်လာမီအထိ အေးအေးဆေးဆေး ဖြစ်နေခဲ့လေသည် ။




ထျန်းဇီရှင်းနှင့် သူ့အကြား စိန်ခေါ်ပွဲတစ်ခု ရှိနေသဖြင့် ထိုသတင်းထွက်လာသောအခါ သူ့ထံသို့ လာရောက်ပြောပြကြသူ များစွာရှိသည် ။












" ရှောင်မို.. ထျန်းဇီရှင်းတောင် အဆင့်တက်သွားပြီဟာကို မင်းဘာလို့ အဆင့်ငါးမှာပဲ ရှိနေသေးတာလဲ.. ပြိုင်ပွဲက တစ်လပဲလိုတော့တာကို.. ဟိုးမှာ လူတွေ ရုံးစုရုံးစုလုပ်နေကြတာမြင်လား.. သူတို့က မင်းတော့သေချာပေါက် ရှုံးတော့မယ်လို့ ပြောနေကြတာကွ! "

ပိုင်လီရှောင်ယွီသည် ယူရှောင်မိုအစား စိတ်ပူပင်သောက ရောက်နေရသည် ။





ယူရှောင်မိုသည် သူ့အာရုံနှင့်သူ အတွေးများနေပေသည်၊ လွန်ခဲ့သည့် သုံးလအတွင်းက သူသည် အဖိုးအိုထံမှ ဆေးလုံးများအား ပို၍လွယ်ကူစွာ ဖော်စပ်နိုင်မည့် အံ့သြစရာနည်းလမ်းအား သင်ယူခဲ့ရသည်၊ သို့သော် သူသည် ယခုအထိ ဘုန်းကြီးလူထွက်အဆင့်သာသာ ရှိသေးသောကြောင့် ပြီးပြည့်စုံအောင်တော့ လိုက်မလုပ်နိုင်သေးပေ၊ ပိုင်လီရှောင်ယွီ၏ စကားအား ကြားသောအခါ သူ၏အာရုံအား လက်ရှိသို့ ပြန်ဆွဲခေါ်လိုက်ရသည် ။

" မင်းဘာတွေ စိတ်ပူနေရတာလဲ.. ငါတောင်ဘယ်လိုမှ မနေတဲ့ဟာကို "


" ငါက မင်းကိုယ်စား စိတ်ပူပေးနေရတာကွ! "

ပိုင်လီရှောင်ယွီမှ ပြန်ဖြေသည် ။








" အဲ့လောက်ထိ စိတ်ပူနေစရာ မလိုပါဘူးကွာ ငါပြိုင်ပွဲမတိုင်ခင် အဆင့်တက်အောင် လုပ်မှာပါ.. အဲ့အစား မင်းကိုယ်မင်းပဲ ဂရုစိုက်စမ်းပါ အခုတောင် အဆင့်လေး အထွတ်အထိပ်အဆင့်ရောက်နေပြီး နောက်တစ်ဆင့်ဆိုရင်ပဲ အဆင့်ငါးရောက်တော့မှာမလား .. ကြိုးစားပီး အင်အားလေးဘာလေး နည်းနည်းပို စိုက်ထုတ်စမ်းပါ "

ထိုသို့ပြောပြီးနောက် ယူရှောင်မို မှော်ဆေးလုံးတစ်လုံးထုတ်ကာ ပိုင်လီရှောင်ယွီအား ပေးလိုက်သည် ။








ပိုင်လီရှောင်ယွီသည် ဆေးလုံးအား လက်ညှိုးလက်မဖြင့် ညှပ်ယူကာ ဖျစ်ညှစ်ကြည့်ပြီး မေးလေ၏ ။

" ဒါဘာဆေးလုံးလဲ? "









ယူရှောင်မိုမှ ရှင်းပြသည် ။

" ချစ်ခြင်းမေတ္တာဆေးလုံးတဲ့.. အဆင့်လေးကို ကျော်ဖြတ်နိုင်စွမ်းတိုးအောင် ကူညီပေးနိုင်လိမ့်မယ် "

ထိုဆေးညွှန်းအား အဖိုးအိုထံမှ ရရှိလာခဲ့ခြင်းဖြစ်ပြီး သူ့အတွက်တော့ အသုံးမဝင်ပါချေ ။









" ရှောင်မို... မင်းက အရမ်းမိုက်တာပဲ... "

ပိုင်လီရှောင်ယွီမှ ဝမ်းသာအားရ ပြန်ဖြေသည်မှာ သူ့တစ်ကိုယ်လုံး ယူရှောင်မို့ထံသို့ ပစ်ဝင်မတတ် ။











ထို့နောက် ယူရှောင်မို မောင်းထုတ်လိုက်သဖြင့် ပိုင်လီရှောင်ယွီတစ်ယောက် သူ၏အဆောင်သို့ ခပ်မြန်မြန် ပြန်သွားရှာသည်၊ နှစ်ရက်ကြာသော် ပိုင်လီရှောင်ယွီ အဆင့်လေးအား ကျော်ဖြတ်၍ အဆင့်ငါးသို့ ရောက်သွားပြီဖြစ်ကြောင်း သတင်းများထွက်လာသဖြင့် ကျန်းရှောင်ဖုန်းမှာလည်း ဆွေ့ဆွေ့ခုန်အူတိုနေရပေတော့သည် ။



















# 17.1.2021

အိုင်က စာရေးဖို့သာ လက်နှေးနေတာ အိုင်အခုကြိုက်မိသွားတဲ့translationတစ်ပုဒ်ကျတော့ မြန်မာပြန်မစောင့်နိုင်တော့လို့ e tranရှာပြီး အသဲအသန်ဖတ် ><
ဒါဒါလေးတွေကို အားနာပါတယ် တော်တော် မတရားတဲ့အိုင်ပါ



Continue Reading

You'll Also Like

638K 71.2K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
376K 26.8K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
120K 5.3K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
263K 21.6K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024