သခင်🔥
----------
နိုးနေတာ ကြာပြီဖြစ်သော်လည်း ရှောင်းကျန့်မှာ ကုတင်ပေါ်တွင် မလှုပ်မယှက်နဲ့ လဲလျောင်းလို့နေဆဲ..။ ရင်ခွင်ထဲက ကောင်ငယ်လေးမှာဖြင့် အပူအပင်ကင်းစွာနှင့် အိပ်မက်ချိုတွေတောင်မက်လို့..။
ခြေတွေ လက်တွေက ရှောင်းကျန့်ကိုယ်ပေါ်တွင် ရေဘဝဲတစ်ကောင်လို ကုပ်တွယ်လျက်ရှိပြီး..တစ်ချက် တစ်ချက် နှုတ်ခမ်းကထော်လာပြီး သွားတွေကိုကြိတ်နေသေးသည်..။
Kid...
လွန်ခဲ့သော သုံးနှစ်က Accident ကြောင့်ဒီကောင်လေးမှာ သူ့ကြောင့်စိတ်ဒဏ်ရာရခဲ့သည်ထင်..။ ခေါင်းက ဒဏ်ရာကြောင့် နှစ်ပတ်နီးပါး သတိလစ်နေခဲ့သောသူ့ကို တငိုငို တရယ်ရယ်နဲ့ ဝမ်ရိပေါ်ဟူသော ကောင်လေးက နေ့ရော ညရောစောင့်ကြည့်နေခဲ့သည်တဲ့..။
ယုံပါသည်..။
သူသတိရရချင်း မြင်လိုက်ရတာက Kidရဲ့ မျက်တွင်းကျနေသော မျက်နှာလုံးလုံးနှင့် ဇယ်ဆက်သလို ပြောလာသော ဝါကျအချို့ကိုသာ..
"ကျန့်..*Sob..သတိရလာပြီလား? ငါ မင်း ကိုပြောမယ်နော်..သေချာနားထောင် ထပ်ပြီးသတိလစ်သွားလို့မဖြစ်ဘူး.."
ထိုအချိန် က ရှောင်းကျန့်မှာ သတိရရချင်း အာတွေခြောက်နေတာကြောင် စကားတောင်မပြောနိုင်ခဲ့..။ သို့ပေမယ့် မျက်ရည်အိသော မျက်ဝန်းများနှင့် ရုတ်တရတ်တွေ့ဆုံလိုက်ရသောအခါ ရင်တစ်ခုလုံးက တင်းကျပ်လာလာသလို သွေးခုန်နှုန်းကလည်း မမှန်ခဲ့ပေ..။ ရှိရင်းစွဲနာကျင်မှုတို့က တရိပ်ရိပ်တိုးလာကာ ကိုယ်တွင်းကလီစာများက ဆုပ်ညှစ်ခံရသလို ခံစားချက်က..ကူရာကယ်ရာမဲ့စွာနှင့်..
"အ..! .."
စက်ကြီးတွေက တဒီဒီနဲ့ အော်မြည်သံနှင့်အတူ ဆရာဝန်နဲ့ Nurse မများ အခန်းထဲသို့ဝင်ရောက်လာကြသည်..။ ကုတင်နားတွင် အရူးလိုတွယ်ကပ်နေသော ရိပေါ့်ကိုအဝေးသို့ တွန်းထုတ်ပစ်ကာ..
"ဒါက...ဘယ်လိုဖြစ်တာလဲ?.."
"Dr...ရုတ်တရတ် လေပြွန်ဆို့တာပါ.."
"ပန်ကရိယ...သွားထိလို့မဖြစ်ဘူး.."
"ဘယ်လိုဖြစ်တာလဲ ရုတ်တရတ်ကြီး သွေးခုန်နှုန်းတွေ___"
Dr တို့ရဲ့စိုးရိမ်တကြီးရေရွတ်သံတွေကို ကျော်ကာလွှားကာနဲ့ ရှိုက်သံစွက်သော Kid အသံက သူ့နားစည်ထဲသို့ ကျယ်လောင်စွာပင် တိုးဝင်လို့လာတယ်..။ တစ်ကိုယ်လုံး နာကျင်နေသော်လည်း..တတ်နိုင်သမျှသူနားစွင့်နေမိတယ်..။
" ကျန့်ကော...ကို Kid က ချစ်တယ်နော်..ဒါကြောင့်မသေပါနဲ့.."
"နေ့တိုင်းချစ်တယ်လို့ ပြောပါ့မယ်..၊ နေ့တိုင်း ကျန့်ကောလို့ခေါ်ပါ့မယ်..ခင်ဗျားကို အနိုင်မကျင့်တော့ပါဘူး..ကျေးဇူးပြုပြီး အသက်ပဲရှင်ပေးပါ.."
အသိအာရုံတို့က ဝေဝါးနေသော်လည်း အကြားအာရုံတို့က တတ်ကြွစွာပင် ထိုစကားစုအား နှလုံးသားထဲပို့ဆောင်ပေးခဲ့သည်..။ ဒုတိယအကြိမ် Operation ဝင်ပြီးတယ့်နောက်မှာ သူနေကောင်းလာခဲ့တယ်..။
ထိုအချိန်မှစပြီး ဝမ်ရိပေါ်က နေ့နေ့ညညသူ့ဘေးတွင် တောက်တဲ့လိုကပ်တော့သည်..။ UK ကို တစ်ပတ်လောက် မပြောမဆိုထွက်သွားလိုက်မိပါတယ်..ခုလိုဗြောင်းသတ်နေတာကိုပဲကြည့်တော့..။
"အင့်.."
လွန့်လူးရင်း လက်နှစ်ဖက်ကိုအကြောဆန့်ကာ သူ့ကိုပြူးကြည့်လာပြီး..
"ကျန့်ကော..နိုးနေတာကြာပြီလား..? "
"မကြာသေးဘူး Kid ထက် တစ်မိနစ်လောက်ပဲ စောနိုးနေတာ.."
ရိပေါ် က နှာခေါင်းရှုံ့ရင်း..
"လိမ်တယ်.."
ရှောင်းကျန့်က တစ်ဝါးဝါးအော်ရယ်ကာ..ရိပေါ်နှာခေါင်းလုံးလုံးလေးကို ဆွဲလိမ်ပစ်လိုက်သည်..။ ပြီးနောက် ရင်ညွှန့်ထိ ခြုံထားသော စောင်ကို ခေါင်းမြှီးခြုံလိုက်ရင်း..
"တစ်ပတ်လုံး လွမ်းနေတာ ကိုယ့်ကိုဘာ့မှမကျွေးတော့ဘူးလား? "
" စားရတယ့်လူက ပိုငတ်တယ်ဆိုတာ သိပ်မှန်တာပဲ မကျွေးဘူး..သွား "
"Kid ကလဲကွာ.."
"ဟွန့်.."
ဂွမ်းစောင်ကြီးကြီးအောက်တွင် လူနှစ်ယောက်က လုံးထွေးနေကြပြီး မကြာခင်မှာ ကုတင်အောက်သို့ အဝတ်မိုးတွေရွာသွန်းလျက်ရှိသည်..။ကောင်းကင်ပေါ်က အဝတ်တွေပြုတ်ကျလာတာ မဟုတ်ဘူး ၊ ကုတင်ပေါ်က ဟိုတစ်စု ဒီတစ်စု အဝတ်တွေပြုတ်ကျလာတာ..
ခြေအိတ်နှင့် အတွင်းခံဘောင်းဘီတို့ဟာ..စောင်အောက်က တစ်စွန်းတစ်စထွက်နေတယ့် ရိပေါ့်ခြေထောက်မှာ ကူရာကယ်ရာမဲ့စွာနှင့် ယီးလေးခိုလို့..။
ခြေထောက်ဖြူဖြူလေးက အကြမ်းပတာလှုပ်ခါသွားတိုင်း သူတို့ကပါ ဒန်းစီးသလိုယမ်းခါလို့နေသည်..။ နောက်ဆုံးတွင်တော့ သခင်ဖြစ်သူရဲ့ အော်ညည်းသံသဲ့သဲ့ကို ရှက်ရွံ့သွားဟန်ဖြင့် ကြမ်းပြင်ပေါ်သို့ခုန်ပေါက်ဆင်းသွားသည်..။
ရှောင်းကျန့်မှာ သူ့အောက် က မျက်နှာရဲရဲနဲ့ ချွေးစို့နေသော ကောင်ငယ်လေးရဲ့ နှုတ်ခမ်းပါးလေးကို လျှာနဲ့လျက်ကာ..
"Kid___!! နောက်တစ်ခေါက်လောက် "
"ဟွင့်.."
Kid သာ သခင်ဆို ဒီကောင်ကြီးက ဘဝဆက်တိုင်း အစေခံဖြစ်ချင်မိပါရဲ့..။
****
Devil heel တွင် ညစ်ညူးနေသော သူ့စိတ်တို့ကို ခုလိုရက်မျိုးမှာတော့ ကောင်းမွန်စွာ အနားပေးတတ်သည်..။
ဘာလိုလို နဲ့ သူ့အသက်တောင် 30 ပြည့်ခဲ့ပြီပေါ့..။ ခုနောက်ပိုင်း Ray က မွေးနေ့ဆို ကမ်းခြေမှာသာနေတတ်သည်..။ ခုလည်း ဘာလီကျွန်း သို့ရောက်နေခြင်း..
ကမ်းခြေစတိုင် အုန်းပင်အုန်းလက်တို့နှင့် ပန်းပွင့်ကြီးတွေ ပါသော ဟာဝေယံတီရှပ် ပွပွကြီးကိုဝတ်ထားကာ..အုန်းရည်သောက်ရင်း ပင်လယ်ကိုသာ ငေးမောနေမိသည်..။အရမ်းကို Relax ဖြစ်တာပဲ..
ခြေထောက်နှစ်ချောင်းကို မိုးပေါ်မြှောက်ရင်း ကောင်းကင်ကြီးကို ထမ်းပိုးထားသည်ဟု ပေါက်ပေါက်ရှာရှာတွေးရင်း ပြုံးလိုက်မိပြန်သည်.။ အသက်ကြီးလာလို့လားမသိ အတွေးတွေက ကယောက်ကယက်နဲ့..
"သခင်လေး..! "
"အမ်..! "
ဘယ် Bodyguard ကိုမှသူခေါ်မလာခဲ့ပေ..။ သို့ပေမဲ့ နောက်ပါးဆီက ခပ်တိုးတိုးထွက်လာတဲ့ ခေါ်သံလေးက သူနဲ့ရင်းနှီးနေသလို..။
"သခင်လေး..! "
ဖြည်းဖြည်းလေးပဲ သူလှည့်ကြည့်မိတယ်..။ ပုံရိပ်ယောင်ဆိုရင်တောင် ဖြည်းဖြည်းလေးပဲ ပျောက်ကွယ်သွားအောင်လို့ပါ..။
ထိုလူသားက..ရှပ်အကျီဖြူလွင့်လွင့်နဲ့ Navy ရောင် စတိုင်ပန့်ကို ပေါ့ပေါ့ပါးပါးဝတ်ဆင်လို့ထားသည်..။ ဒါပေမဲ့ ကျွန်တော်ငေးနေမိတာက သူ့အပြုံးတွေကိုပဲ..
"Robot...မင်း.."
"ဟုတ်ပါတယ် ကျွန်တော်ပါ "
အခြားသူတစ်ယောက်လို ပြောင်းလဲသွားခြင်းပင်..၊ အရင်ကလို မျက်နှာထားက တည်တင်းကာ အေးစက်မနေပဲ အပြုံးတွေ ဝေဆာနေသည်..။ ထူးဆန်းလိုက်တာ..Robot ပြုံးရင် သွားထပ်လေးတွေ ပေါ်လာတယ်တဲ့..။ ကျွန်တော် မသိခဲ့ဘူး..တကယ်မသိခဲ့တာပါ..သူက မဲ့ပြုံးပဲ ပြုံးတတ်တာ မဟုတ်ဘူးလား?
"လာ ထိုင်လေ.."
ခပ်လျောလျောမှီထိုင်ထားတဲ့ ခြေထောက်ကိုရုတ်လိုက်တော့ ထိုနေရာတွင် Robot က ဝင်ထိုင်လာသည်..။ ခုချိန်ထိ ပြောစရာစကားလုံးတို့ ရှာမတွေ့သေး..
"ကျွန်တော့်ကို မတွေ့ချင်လို့များလား? "
"မဟုတ်ဘူး.."
ကသမ်းကယမ်းအော်ဟစ်ရင်း Robot အကျီကိုလက်လှမ်းမိတယ်..။ ပိုင်ရှင်း မှာ သခင်လေးလုပ်ပုံကြောင့် အနည်းငယ်ကြောင်အမ်း သွားသော်လည်း တားဆီးခြင်းမပြု..။ နောက်ဆုံးတော့ ရင်ဘတ်ဟပြဲဖြစ်သွားကာ..အရှိုးရာဗရပွနှင့် ရင်အုပ်ပြေပြေလေးက Ray မျက်စိရှေ့မှောက် အခစားဝင်လာတယ်..။
ကြာပွတ်ရာများ..က အက်ကြောင်းထပ်နေသလို..ဝဲဘက်ရင်အုံမှာတော့ ထိုးသွင်းရာ အမာရွတ်တစ်ချက်ရှိနေသည်..။ ထိုအမာရွတ်ကို Ray က ခပ်ဖွဖွပွတ်ပြီး..
" အဲ့ဒီအချိန်တုန်းက..အရမ်းကြီးနာနေခဲ့လား? "
"မနာပါဘူး..သခင်လေးပြောခဲ့သလို နည်းနည်းလေးပဲ နာတာပါ ကျွန်တော်က အကြမ်းခံနိုင်ပါတယ်.."
ကြည်ပြာရောင်မျက်ဝန်းအစုံက ငွေ့ရည်ဖွဲ့တော့ ပို၍လှသည်..။ ကြယ်သီးတွေကို ပြန်တတ်ပေးလာသော်လည်း ကပေါက်တိကပေါက်ချာ နဲ့ အပေါ်အောက်က မှားနေပြန်သည်..။ ပိုင်ရှင်းမှာ စိတ်ကြိုက်လုပ်ခွင့်ပေးလိုက်ကာ ပြောရမည့်စကားများကိုသာ ဆက်ပြောသည်..။
"သခင်လေးအတွက် မွေးနေ့လက်ဆောင်ကို Boss က လာပို့ခိုင်းလို့ပါ.."
Ray က ဟက်ခနဲရယ်ကာ..
"အဲ့လက်ဆောင်က မင်းလား? "
"ဟုတ်ပါတယ် ဒါပေမဲ့ သခင်လေးက လက်မခံရင် ကျွန်တော်ထွက်သွားမှာပါ "
အရင်ကလိုပဲ အေးစက်စက်မျက်ဝန်းများကြောင့် Ray ကပြုံးသည်..။ ပြီးနောက် တိုးသဲ့စွာရယ်လိုက်ပြီး..
" ငါ မင်း ကို ချစ် တယ် "
အပြုံးတစ်ခုက ပိုင်ရှင်းမျက်နှာထက် လွန့်လူးကာ ထွက်ပေါ်လာပြီး သွားထပ်လေးကိုပါ အဆစ်ခေါ်လာသည်..။ ပြီးနောက် ချယ်ရီရောင်နှုတ်ခမ်းလေးကို ထိကပ်ရုံမျှဖိကပ်လိုက်ပြီး..
"ကျွန်တော်လည်း သခင်လေးကိုချစ်တယ် "
Dad ပေးတယ့်...ဒီမွေးနေ့လက်ဆောင်ကို ကျွန်တော်အရမ်းပဲ ကြိုက်ပါတယ်..။ ငယ်ငယ်ကတည်းက လိုချင်တာတောင်းတိုင်း အမြဲရခဲ့ပေမယ့်
Robot ကိုတော့ မတောင်းဘဲနဲ့ အလိုက်တသိ ပေးလာခဲ့လို့လေ..။
___________ပြီး
___________ပါ
__________ပြီ
သခင်🔥
Start__24.11.2020
End____16.1.2021
မဂ်လာပါ Reader တို့..
ကိုယ့်ရဲ့ သခင် Fic လေးက ခုလို Happy Ending နဲ့ အဆုံးသတ်ခဲ့လို့ Reader တို့က ကျေနပ်ကြမယ်လို့ထင်ပါတယ်..။Plot က နည်းနည်းကြမ်းတာမို့ အရေးအသားတွေ စည်းဝါးလွတ်သွားရင် ကိုယ့်ကိုနားလည်ပေးကြပါ..။ စားလုံးပေါင်းအမှားတွေကိုလည်း ချစ်သောမျက်စိနှင့် ပြင်ဖတ်ပေးကြပါ..။
ခေါင်းထဲရောက်လာတယ့် Plot တစ်ခုကြောင့် ရေးလက်စ Ongoing Fic တွေကိုခဏနားပြီး ဒီသခင် Fic ကိုရေးခဲ့ပါတယ်..။ အဆုံးထိ လိုက်ပါဖတ်ရှုပေးတဲ့ Reader တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးပါ..။
Vote
Comment တွေ ပေးခဲ့တယ့် Reader တွေ ကိုတော့ Double Thanks ပါ..။ ကိုယ်က Vote နဲ့ Ments တွေတောင်းလေ့မရှိပါဘူး..။ ဘာလို့လည်းဆိုတော့ ကိုယ့်အရေးအသားက အသိအမှတ်ပြုဖို့ မထိုက်တန်သေးလို့ မရတာလို့ပဲ သတ်မှတ်ထားပါတယ်..။ ဒါကြောင့် Reader တို့ကြယ်တစ်ပွင့်ပေးဖို့ထိုက်တန်အောင် ကိုယ်ဆက်ပြီးကြိုးစားနေဆဲပါ..။
တစ်ချို့က SE ဖြစ်မှာကြောက်လို့ မဖတ်ပဲ တစ်ဝတ်တစ်ပြတ်နဲ့ ကိုယ့်Fic ကိုစွန့်ပစ်သွားတဲ့သူတွေရှိသလို တစ်ချို့ကတော့ ပြီးမှဖတ်မယ်ဆိုပြီး ဥ ထားတယ့်သူတွေရှိပါတယ်..။ ဒါကြောင့် သခင်Fic က Complete ဖြစ်သွားပြီ He ပါလို့ လက်တို့ပေးကြပါဦး..။
Raply မပြန်ခဲ့တာတွေရှိပေမယ့် တတ်လာတဲ့ Comments တိုင်းကိုကိုယ်ဖတ်ပါတယ်..။ မန့်နေကျသူတွေရဲ့ မန့်ကိုမတွေ့ရင် ကိုယ်က D နည်းနည်းဝင်တတ်တယ်..။ ဟားးဟားးဒါက ကိုယ့်ရဲ့ဆိုက်ကိုပါ..။
ကိုယ်က စကားအပြောမတတ်တတ်တာကြောင့် Reader တို့နဲ့လည်း ရင်းရင်းနှီးနှီးမရှိပါဘူး..။ ဒါကြောင့် Ending ပိုင်းမှာတော့ ခုလိုလေကြောရှည်တတ်တယ်..။ စာအရှည်ကြီးဖတ်ပေးလို့ကျေးဇူးပါ..။
အဆုံးသတ်အနေနဲ့ပြောရရင် Reader တို့အားလုံးကို ကိုယ်ကချစ်ပါတယ်..။ အပြင်မှာမတွေ့ဖူးပေမယ့် စိတ်ချင်းတော့ ပါးပါးလေးနီးစပ်ခဲ့မယ်ထင်တယ်..။ Fic အသစ်ကိုတော့မမျှော်ပါနဲ့ တန်းလန်းတွေအများကြီးရှိတာမို့ အလှည့်ကျ Up ပေးသှားပါ့မယျ..။
Reader တို့ရဲ့..
#စနေမိုးဆွေ 🐉
16.1.2021 ( 12:35AM)