ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

933K 117K 8.1K

စာစဥ္ ၂၅ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၂၅ ( ၁ + ၂ + ၃ + ၄ )
စာစဥ္ ၂၅ ( ၅ - ၁၆ )
စာစဥ္ ၂၅ ( ၁၇ - ၂၄ )
စာစဥ္ ၂၆ ( ၁ - ၁၀ )
စာစဥ္ ၂၆ ( ၁၁ - ၁၆ )
စာစဥ္ ၂၆ ( ၁၇ - ၂၂ )
စာစဥ္ ၂၆ ( ၂၃ - ၂၉ )
စာစဥ္ ၂၇ ( ၁ - ၈ )
စာစဥ္ ၂၇ ( ၉ - ၁၂ )
စာစဥ္ ၂၇ ( ၁၃ - ၁၈ )
စာစဥ္ ၂၇ ( ၁၉ - ၂၀ )
စာစဥ္ ၂၇ ( ၂၁ - ၂၄ )
စာစဥ္ ၂၇ ( ၂၅ - ၃၀ )
စာစဥ္ ၂၈ ( ၁ - ၄ )
စာစဥ္ ၂၈ ( ၅ - ၈ )
စာစဥ္ ၂၈ ( ၉ - ၁၄ )
စာစဥ္ ၂၈ ( ၁၅ - ၂၂ )
စာစဥ္ ၂၈ ( ၂၃ - ၂၈ )
စာစဥ္ ၂၉ ( ၁ - ၆ )
စာစဥ္ ၂၉ ( ၇ - ၁၂ )
စာစဥ္ ၂၉ ( ၁၃ - ၁၈ )
စာစဥ္ ၂၉ ( ၁၉ - ၂၄)
စာစဥ္ ၂၉ ( ၂၅ - ၂၈ )
စာစဥ္ ၃၀ ( ၁ - ၆ )
စာစဥ္ ၃၀ ( ၇ - ၁၀ )
စာစဥ္ ၃၀ ( ၁၁ - ၁၅ )
စာစဥ္ ၃၀ ( ၁၆ - ၂၁ )
စာစဥ္ ၃၀ ( ၂၂ - ၂၇ )
စာစဥ္ ၃၁ ( ၁ - ၆ )
စာစဥ္ ၃၁ ( ၇ - ၁၂ )
စာစဥ္ ၃၁ ( ၁၃ - ၁၈ )
စာစဥ္ ၃၁ ( ၁၉ - ၂၄ )
စာစဥ္ ၃၁ ( ၂၅ - ၂၈ )
စာစဥ္ ၃၂ ( ၁ - ၆ )
စာစဥ္ ၃၂ ( ၇ - ၁၂ )
စာစဥ္ ၃၂ ( ၁၃ - ၁၈ )
စာစဥ္ ၃၂ ( ၁၉ - ၂၄ )
စာစဥ္ ၃၂ ( ၂၅ + ၂၆ )
စာစဥ္ ၃၃ ( ၁ - ၆ )
စာစဥ္ ၃၃ ( ၇ - ၁၂ )
စာစဥ္ ၃၃ ( ၁၃ - ၁၈ )
စာစဥ္ ၃၃ ( ၁၉ - ၂၂ )
စာစဥ္ ၃၃ ( ၂၃ - ၂၆ )
စာစဥ္ ၃၄ ( ၁ - ၆ )
စာစဥ္ ၃၄ ( ၇ - ၁၂ )
စာစဥ္ ၃၄ ( ၁၃ - ၁၈ )
စာစဥ္ ၃၄ ( ၁၉ - ၂၅ )
စာစဥ္ ၃၅ ( ၁ - ၆ )
စာစဥ္ ၃၅ ( ၇ - ၁၂ )
စာစဥ္ ၃၅ ( ၁၃ - ၁၈ )
စာစဥ္ ၃၅ ( ၁၉ - ၂၅ )
စာစဥ္ ၃၆ ( ၁ - ၆ )
စာစဥ္ ၃၆ ( ၇ - ၁၂ )
စာစဥ္ ၃၆ ( ၁၃ - ၁၈ )
စာစဥ္ ၃၆ ( ၁၉ - ၂၆ )
စာစဥ္ ၃၇ ( ၁ - ၆ )
စာစဥ္ ၃၇ ( ၇ - ၁၂ )
စာစဥ္ ၃၇ ( ၁၃ - ၁၈ )
စာစဥ္ ၃၇ ( ၁၉ - ၂၂ )
Announcement !!!
စာစဥ္ ၃၈ ( ၁ - ၈ )
စာစဥ္ ၃၈ ( ၉ - ၁၆ )
စာစဥ္ ၃၈ ( ၁၇ - ၂၀ )
စာစဥ္ ၃၈ ( ၂၁ - ၂၈ )
စာစဥ္ ၃၉ ( ၁ - ၈ )
စာစဥ္ ၃၉ ( ၉ - ၁၆ )
စာစဥ္ ၃၉ ( ၁၇ - ၂၅ )
စာစဥ္ ၄၀ ( ၁ - ၆ )
စာစဥ္ ၄၀ ( ၇ - ၁၀ )
စာစဥ္ ၄၀ ( ၁၁ + ၁၈ )
စာစဥ္ ၄၀ (၁၉-၂၂)
စာစဥ္ ၄၀ (၂၃-၂၅) စာစဥ္ ၄၁ (၁-၄)
စာစဥ္ ၄၁ ( ၅ - ၁၀)
စာစဥ္ ၄၁ (၁၁-၁၈)
စာစဥ္ ၄၁ (၁၉-၂၂)
စာစဥ္ ၄၁ (၂၃+၂၄+၂၅)
စာစဥ္ ၄၂ (၁-၄)
စာစဥ္ ၄၂ ( ၅-၁၂ )
စာစဥ္ ၄၂ (၁၃-၁၈)
စာစဥ္ ၄၂ (၁၉-၂၄)
စာစဥ္ ၄၃ (၁-၆)
စာစဥ္ ၄၃ (၇-၁၄)
စာစဥ္ ၄၃ (၁၅-၁၈)
စာစဥ္ ၄၃ (၁၉-၂၆)
စာစဥ္ ၄၄ (၁-၆)
စာစဥ္ ၄၄ (၇-၁၄)
စာစဥ္ ၄၄ (၁၅+၁၆)
စာစဥ္ ၄၄ (၁၇-၂၅)
စာစဥ္ ၄၅ (၁-၈)
စာစဥ္ ၄၅ (၉-၁၄)
စာစဥ္ ၄၅ (၁၅-၁၈)
စာစဥ္ ၄၅ (၁၉-၂၅)
စာစဥ္ ၄၆ (၁-၁၄)
စာစဥ္ ၄၆ (၁၅-၂၅)
စာစဥ္ ၄၇ (၁-၁၀)
စာစဥ္ ၄၇ (၁၁-၂၀)
စာစဥ္ ၄၇ (၂၁-၂၄)
စာစဥ္ ၄၈ (၁-၁၄)
စာစဥ္ ၄၈ (၁၅-၂၅)
စာစဥ္ ၄၉ (၁ - ၁၆)
စာစဥ္ ၄၉ (၁၇-၂၅)
စာစဥ္ ၅၀ (၁၅-၂၆)
စာစဥ္ ၅၁ (၁-၁၄)
စာစဥ္ ၅၁ (၁၅ - ၃၀)
စာစဥ္ ၅၂ (၁ - ၁၆ )
စာစဥ္ ၅၂ ( ၁၇ - ၂၅ )
စာစဥ္ ၅၃ ( ၁ - ၈ )
စာစဥ္ ၅၃ ( ၉ - ၁၆ )
စာစဥ္ ၅၃ ( ၁၇ - ၂၅ )
စာစဥ် ၅၄ (၁ - ၈)
စာစဥ် ၅၄ (၉-၁၆)
စာစဥ် ၅၄ (၁၇-၂၅)
စာစဥ် ၅၅ (၁-၈)
စာစဥ် ၅၅ (၉-၁၆)
စာစဥ် ၅၅ (၁၇ - ၂၅ )
စာစဥ် ၅၆ (၁-၈)
စာစဥ် ၅၆ (၉-၁၆)
စာစဥ် ၅၆ (၁၇ - ၂၅)
စာစဥ် ၅၇ (၁-၈)
စာစဥ် ၅၇ (၉-၁၆)
စာစဥ် ၅၇ (၁၇-၂၅)
စာစဥ် ၅၈ (၁-၈)
စာစဥ် ၅၈ (၉-၁၆)
စာစဥ် ၅၈ (၁၇-၂၅)
စာစဥ္ ၅၉ (၁ - ၈)
စာစဥ္ ၅၉ (၉-၁၆)
စာစဥ္ ၅၉ (၁၇-၂၅)
စာစဥ္ ၆၀ (၁-၁၂)
စာစဥ္ ၆၀ (၁၃-၂၅)
စာစဥ္ ၆၁ (၁-၁၂)
စာစဥ္ ၆၁ (၁၃-၂၅)
စာစဥ္ ၆၂ (၁-၁၂)
စာစဥ္ ၆၂ (၁၃-၂၅)
စာစဥ္ ၆၃ (၁-၁၀)
စာစဥ္ ၆၃ (၁၁-၂၀)
စာစဥ္ ၆၃ (၂၁-၃၀)
စာစဥ္ ၆၄ (၁-၁၂)
စာစဥ္ ၆၄ (၁၃-၂၆)
စာစဥ္ ၆၅ (၁-၈)
စာစဥ္ ၆၅ (၉-၁၆)
စာစဥ္ ၆၅ (၁၇-၂၆)

စာစဥ္ ၅၀ (၁-၁၄)

4.8K 677 57
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :  50
Chapter.          :  1 - 14
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္  ၅၀ ၊ အခန္း ၁ ။  ဆုိင္ရွင္က မရုိးသားလြန္းဘူး 

“ေဒၚလာ တစ္ရာ နဲ ့ လူေၿခာက္ေယာက္စာ၊ ၿပီးေတာ့ အသားကလည္း စားခ်င္ေသးတယ္…ဟုတ္လား ။ ၾကိဳက္ရင္စား၊ မၾကိဳက္ရင္ မစားနဲ့”

ဆုိင္ရွင္သည္ အမည္မရွိေသာနန္ တို့အဖြဲ ့အား စိတ္ကုန္စြာ ၾကည့္လုိက္ၿပီး ခ်ာကခနဲ လွည့္ထြက္သြားသည္ ။

ေရခဲတံုးေယာက်ာ္း ။  “…”

“ကပၸတိန္…က်ြန္ေတာ္ ဒီတစ္ေခါက္ ၿပန္မလုိက္ေတာ့ဘူး ။ ဒီဘက္မွာ လုပ္စရာေတြ ရွိေနေသးတယ္ ။ ေနာက္မွပဲ ထပ္ေဆြးေႏြးၾကတာေပါ့” ဟု ဖန္ရႊမ္းယီက ေၿပာသည္ ။ 

“မင္းက ၿပန္မလုိက္ေတာ့ဘူးလား ။ ေစာေစာကတည္းက ေၿပာပါ့လား၊ အခုေတာ့ မင္းအတြက္ပါ ေလယာဥ္လက္မွတ္က ၀ယ္ထားၿပီးေနၿပီ” 

အမည္မရွိေသာနန္သည္ အံ့ၿသစြာၿဖင့္ ေရရြတ္လာသည္ ။

“ဒါၿဖင့္လည္း အဲ့ပုိက္ဆံေတြ ၿပန္ယူလုိက္ၿပီး က်ြန္ေတာ့္ကတ္ထဲကုိ ၿပန္ထည့္ထားေပးလုိက္ ။ က်ြန္ေတာ္ သြားေတာ့မယ္”

ထုိသုိ ့ ေၿပာလုိက္ၿပီး  ဖန္ရႊမ္းယီသည္ ခ်ာကနဲလွည့္ကာ ၿပန္ထြက္သြား သည္ ။ 

ဖန္ရႊမ္းယီ ထြက္သြားၿပီး နာရီ၀က္မၾကာခင္မွာပင္
ဆုိင္ရွင္သည္ ဟင္းပြဲမ်ားအားလံုးကုိ လာခ်ေပးၿပီးသြားေလၿပီ ။ 

“ဟင္းေကာင္းေကာင္း မွာရေအာင္လုိ ့ ငါ မင္းကုိ ေဒၚလာ ၂၀၀ မေပးထားဘူးလား ။ ဘာေသာက္က်ိဳးနည္း တလြဲေတြ ေလ်ွာက္မွာ ထားတာလဲ”

အမည္မရွိေသာနန္သည္ သူေတာ္စင္ဘက္သုိ ့ လွည့္ၾကည့္ၿပီး ေၿပာလုိက္သည္ ။ 

“အာ…ကပၸတိန္…က်ြန္ေတာ္လည္း ေဒၚလာ ၂၀၀ ဖုိး မွာထားတာပဲဟာ ။ တကယ္…တကယ္…ဒါက တကယ္ ေဒၚလာ ၂၀၀ ဖုိးပါ”

သူေတာ္စင္သည္ ေၿဖာင္ထားသည့္ ေဒၚလာ ၁၀၀ ကုိ က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားၿပီး မ်က္နွာတစ္ခ်က္ မရဲဘဲ၊ ရင္တစ္ခ်က္ မလႈပ္ရွားဘဲ က်ိန္တြယ္ေၿပာလာသည္ ။ 

“ခ်ီးပဲ…ဒီဆုိင္ရွင္က အရမ္းကုိ မရုိးသားတာပဲ”

အမည္မရွိေသာနန္သည္ သူေတာ္စင္၏ လိမ္ညာေနၿခင္းကို မသိဘဲ မ်က္ေမွာင္ၾကီး ၾကဳတ္ကာ ေၿပာလာသည္ ။ 

သူ ထုိသုိ ့ ေၿပာလုိက္ၿပီးသည့္အခ်ိန္တြင္ ရီ၀မ္၀မ္သည္ ေရာက္ရွိလာၿပီး အခန္းထဲသုိ ့ ၀င္လာသည္ ။ 

“ညီမေလး ေက်ာ္ၾကားေသာ ရီ…လာထုိင္ ၊ ၿမန္ၿမန္ေလး”

အမည္မရွိေသာနန္သည္ ရီ၀မ္၀မ္ကုိ ၿမင္လုိက္သည္တြင္ ခ်က္ခ်င္း ၿပံဳးၿဖီးသြားေတာ့သည္ ။

“ဒီလေတြအတြက္ မင္းကို အမ်ားၾကီး ေက်းဇူးတင္ပါတယ္ ။
ဒီပြဲက ငါ မင္းကုိ ေက်းဇူးတင္တဲ့အေနနဲ ့ ေက်ြးတာ”

ရီ၀မ္၀မ္သည္ စားပြဲကို အမွတ္တမဲ့ လွမ္းၾကည့္လုိက္မိ၏ ။

ပဲလင္းေၿမြသီးေမႊေၾကာ္

ပဲၾကီးေမႊေၾကာ္

အာလူးခ်ဥ္စပ္

ခရမ္းသီးနွပ္ေၾကာ္

ၾကက္ဥခရမ္းခ်ဥ္ စြပ္ၿပဳတ္

ဟင္းေလးမ်ိဳးနွင့္ ဟင္းခ်ဳိတစ္ပြဲ ။ လူငါးေယာက္စာ ။
ထုိ ့ၿပင္ ဟင္းပြဲအားလံုးမွာ အသီးအရြက္ေတြခ်ည္း ။

ရီ၀မ္၀မ္ အံ့ၿသသြား၏ ။

အင္း...ေတာ္ေတာ္ေလး ေကာင္းတဲ့ဟင္းပဲ ။

သို ့ေသာ္လည္း ရီ၀မ္၀မ္သည္ ဘာမွ ေၿပာမေနေတာ့ဘဲ ထုိင္ခ်လုိက္၏ ။

“ညီမေလး ၀မ္၀မ္…င့ါတူေလးရဲ့ အေမအရင္းက ရွာေတြ ့သြားၿပီဆုိေတာ့ ငါတုိ ့ မနက္ၿဖန္ ၿပန္ေတာ့မယ္ ။ ဒီတစ္ေခါက္ေတြ ့တာက ေနာက္ဆံုးပဲ  ၿဖစ္သြားနုိင္တယ္”

အမည္မရွိေသာနန္သည္ ရီ၀မ္၀မ္ကုိ ၾကည့္ၿပီး ေၿပာေလသည္ ။

ရီ၀မ္၀မ္ ။  “…”

ရွင္ စကားမေၿပာတတ္ရင္လည္း မေၿပာပါနဲ ့လား ။
ေနာက္ဆံုးပဲ ဆုိတာက ဘာၾကီးလဲ ။

ရီ၀မ္၀မ္သည္ အမည္မရွိေသာနန္ကုိ ၾကည့္လုိက္၏ ။
သူမ တစ္ခုခုုကို ေၿပာခ်င္ေနသည့္တုိင္ သို ့ေသာ္ ဘာမွ မေၿပာမိေတာ့ ။

ရီ၀မ္၀မ္သည္ အမည္မရွိေသာနန္ကုိ ၾကည့္ုလိုက္မိတုိင္း တန္တန္ကို ေၿပးေၿပးၿမင္မိ၏ ။
ထုိတူ၀ရီးနွစ္ေယာက္သည္ ရုပ္ခ်င္း ေတာ္ေတာ္ေလး ဆင္ၾကေပသည္ ။ 

“တန္တန္ အဆင္ေၿပရဲ့လား”

ခနအၾကာတြင္ ရီ၀မ္၀မ္သည္ အမည္မရွိေသာနန္ ကုိ ေမးလုိက္သည္ ။

အမည္မရွိေသာနန္သည္ ထုိေမးခြန္းကို ၾကားလုိက္သည့္ အခ်ိန္တြင္ ေတာ္ေတာ္ေလး အံ့ၿသမိသြား၏ ။

တန္တန္နဲ ့ လပုိင္းေလာက္ ေနလာခဲ့ၿပီးေတာ့ ရီ၀မ္၀မ္ ဘုိုးဘုိးေလးကုိ တကယ္သံေယာဇဥ္ တြယ္သြားတာလား ။

သုိ ့ေသာ္လည္း အမည္မရွိေသာနန္ နားမလည္ပါေခ် ။ သူကုိယ္တုိင္သည္ကေတာ့ ထုိဘုိးဘုိးေလးနွင့္ ေ၀းေ၀းမွာသာ ေနလုိၿပီး ဘယ္ေတာ့မွ ထပ္မေတြ ့ရဖုိ ့ရာအတြက္ အၿမဲ က်ိတ္ဆုေတာင္းေနခဲ့သူ ၿဖစ္သည္ မဟုတ္ပါလား ။

တန္တန္သည္ လြတ္လပ္ေသာနယ္ေၿမကုိ ၿပန္ေရာက္သြားသည္မွာ ရက္ပုိင္းေလာက္ ရွိေနေလၿပီ ။ ထုိရက္မ်ားအတြင္းတြင္ တန္တန္နွင့္ ပတ္သက္သည့္ ပံုရိပ္ေလးမ်ားသည္ ရံဖန္ရံခါဆုိသလုိ ရီ၀မ္၀မ္၏ စိတ္ထဲ ေပၚေပၚလာတတ္၏ ။ သုိ ့ေသာ္ ကံမေကာင္းစြာၿဖင့္ သူမသည္ က်န္ရွိေနသည့္ ဘ၀တစ္ေလ်ွာက္လံုးကုိ တန္တန္နွင့္ ေတြ ့ခြင့္ရေတာ့ မည္ မဟုတ္ေပ ။

အရာအားလံုးသည္ အိပ္မက္ပမာပင္ ။ တန္တန္သည္ သူမဘ၀ထဲ ခရီးတစ္ေထာက္ ၀င္လာနားသည့္ ခရီးသြားတစ္ဦးသက္သက္သာ ။
သုိ ့ေသာ္ သူမအတြက္ ထိုခရီးသြားမွာ အမ်ားၾကီး အေရးပါေနမိ၏ ။

“သူ အဆင္ေၿပမေၿပ ငါ ဘယ္လုိလုပ္ သိမွာလဲ ။ ေၿပာရမယ္ဆုိရင္
အဲ့ဒီဘုိးဘုိးေလးက ငါမွတ္မိသေလာက္ေတာ့ တစ္ခါမွ စိတ္ညစ္ခဲ့ရတာ မရွိဖူးဘူး”

အမည္မရွိေသာနန္သည္ မသိနားမလည္စြာ ၿပန္ေၿဖေလသည္ ။ 

ပန္းစည္းနွင့္ သူေတာ္စင္သည္ ခ်က္ခ်င္းပင္ အမည္မရွိေသာနန္ကုိ မ်က္လံုးလွန္ၾကည့္မိသြား၏ ။

ငါတုိ ့ကပၸတိန္ကေတာ့ကြာ သုိင္းမွာသာ ၿပိဳင္ဖက္ကင္းရင္ ကင္းမယ္ ။ ဦးေနွာက္က်ေတာ့ ေသေလာက္ေအာင္ နိမ့္လြန္းအားၾကီးတယ္ ။
သူ ကန္းေနတာလား ။ ေဘာ့စ္ ေက်ာ္ၾကားေသာ က မေကာင္းဆုိး၀ါးေလးကို လြမ္းေနတာ အသိသာၾကီးကုိ…

ရီ၀မ္၀မ္ ဘာမွ မေၿပာရေသးခင္ အမည္မရွိေသာနန္၏ ဖုန္း ၿမည္လာသည္ ။

အမည္မရွိေသာနန္သည္ သူ ့ဖုန္းကို ထုတ္ယူလုိက္ၿပီး ၾကည့္ၾကည့္လုိက္မိသည္တြင္ ခ်က္ခ်င္း မ်က္နွာပ်က္သြား၏ ။

မေကာင္းဆုိး၀ါးေလးဆီက ဗြီဒီယုိေကာလ္ပါလား ။

…………………………………………………….

စာစဥ္ ၅၀ ၊ အခန္း ၂ ။ မာမီ ေနေကာင္းလား 

“သူ ့ရဲ့အေမရင္းကို ေတြ ့ၿပီးေနၿပီပဲဟာ ၊ ဘာကိစၥ ငါ့ကုိ လာရႈပ္ေနေသး တာလဲ”

အမည္မရွိေသာနန္သည္ သုန္မႈန္သြားၿပီး ထုိဗြီဒီယုိေကာလ္ကို ကုိင္လုိက္၏ ။

ဗြီဒီယုိထဲတြင္ မေကာင္းဆုိး၀ါးေလးသည္ အေနာက္တုိင္း အနက္ေရာင္ ၀တ္စုံကုိ ၀တ္ဆင္ထားၿပီး စံအိမ္ၾကီး၏ နားေနခန္းတြင္ ထုိင္ေနသည္ ။

“ဘုိးဘုိးေလးရာ…ဘာၿဖစ္ၿပန္ၿပီလဲ”

အမည္မရွိေသာနန္သည္ ၿပံဳးစစၿဖင့္ ေမးလုိက္သည္ ။

တန္တန္သည္ တခနေလာက္ တိတ္ဆိတ္သြားၿပီး အမည္မရွိေသာနန္ကုိ ၾကည့္လာကာ တြန္ ့ဆုတ္စြာၿဖင့္ ေမးလာသည္ ။ 

“မာမီ ေနေကာင္းလား”

“မင္းအေမ ေနေကာင္းလား မေကာင္းလား မင္းအဘြားကုိ သြားေမးပါလား ။ ဘာကိစၥ ငါ့လာေမးေနတာလဲ ။ ေနဦး…မင္းလည္း အိမ္မွာပဲ မဟုတ္ဘူးလား ။ မင္းအေမ ေနေကာင္းလားမေကာင္းလားကို သိရမွာေပါ့” ဟု အမည္မရွိေသာနန္သည္ ေမးလုိက္သည္ ။

သူေတာ္စင္ ။  “…”

ပန္းစည္း ။  “…”

အုတ္သယ္သည့္ နုိင္ငံၿခားသား ။  “…”

ေရခဲတံုးေယာက်ာ္း ။  “?”

သူေတာ္စင္သည္ မ်က္လံုးလွန္ၾကည့္လုိက္မိေလၿပီ ။
သူသည္ပင္ မေကာင္းဆုိး၀ါးေလး ေၿပာေနသည့္ “မာမီ” ဆုိသည္မွာ သူတို ့၏ ေဘာ့စ္ ေက်ာ္ၾကားေသာ ကို ေၿပာေနမွန္း တန္းသိ၏ ။
ကပၸတိန္တြင္ ဘယ္လုိ ဦးေနွာက္မ်ား ရွိေနေလသည္နည္း ။

“က်ြန္ေတာ္ မာမီ့ကို ေၿပာေနတာ” မေကာင္းဆုိး၀ါးေလးသည္ ေအးစက္စြာၿဖင့္ အမည္မရွိေသာနန္ကုိ ၾကည့္လာေလၿပီ ။

ပန္းစည္းသည္ အမည္မရွိေသာနန္ကုိ တိတ္တိတ္ေလး ကုပ္လုိက္ေတာ့မွ မေကာင္းဆုိး၀ါးေလး ေၿပာေနသည့္ “မာမီ”  ဆုိသည္မွာ သူနွင့္အတူ ရွိေနသည့္ ရီ၀မ္၀မ္ကုိ ေၿပာေနၿခင္းမွန္း
သူ သေဘာေပါက္မိသြား၏ ။ 

“အာ…မင္းမာမီလား…ေနေကာင္းပါ့ ။ ငါ မွတ္မိသေလာက္ မင္းမာမီက တစ္ခါမွ စိတ္မညစ္ရဖူးဘူး…”

အမည္မရွိေသာနန္သည္ တခနေတြးၾကည့္လုိက္ၿပီးေနာက္တြင္ ရီ၀မ္၀မ္ကို ေၿပာသည့္စကားအတုိင္း တစ္ထပ္တည္း ေၿပာလုိက္ေလသည္ ။

“မာမီ ေနေကာင္းရင္ ၿပီးတာပဲ”

မေကာင္းဆုိး၀ါးေလး၏ အသံမွာ ေတာ္ေတာ္ေလး အားမလုိအားမရ ၿဖစ္သြားသည့္ဟန္ပင္ ။ သူသည္ တစ္ခုခုကုိ ေၿပာခ်င္ေနေသာ္လည္း ဘာမွ ေၿပာမလာေပ ။ သို ့ေသာ္ သူ၏ မွိန္ပ်ပ်မ်က္၀န္းထဲကေန ထြက္ေနသည့္ အထီးက်န္ဆန္မႈနွင့္ လြမ္းဆြတ္ေနမႈမွာ ထင္ထင္ရွားရွားပင္ ေပၚေနေလသည္ ။

ရီ၀မ္၀မ္သည္လည္း ဗြီဒီယုိထဲက တန္တန္ကုိ ၾကည့္ေနရင္း
မ်က္၀န္းတုိ ့ ေအးစက္လာသည္ ။

ထိုအခုိက္ ၊

အမည္မရွိေသာနန္သည္ ဖုန္းကုိ လႈပ္လိုက္မိရာ တန္တန္သည္ အမည္မရွိေသာနန္၏ နံေဘးတြင္ ရွိေနသည့္ သူကို ဖ်တ္ခနဲ ၿမင္မိသြား၏ ။

“မာမီ”

ရီ၀မ္၀မ္ကို ၿမင္လုိက္မိသည္နွင့္ တန္တန္၏ မ်က္၀န္းမွာ ၾကယ္စုၾကီးေတြ စုေ၀းေနသလား မွတ္ရေအာင္ ခ်က္ခ်င္းပင္ ေတာက္ပရႊန္းစားလာသည္ ။ ထုိမ်က္၀န္းေလးတုိ ့မွာ စၾက၀ဠာ ၿပန္ထြန္းလာေသာေၾကာင့္ အလင္းေရာင္ၿခည္ေတြ ၿဖာက်လာသည့္ အလားနွယ္ ။

“တန္တန္…သား အိမ္မွာ အဆင္ေၿပရဲ့လား”

ရီ၀မ္၀မ္သည္ သူမ၏ ခံစားခ်က္တုိ ့ကို ခ်ဳပ္တည္းလုိက္ၿပီး
ၿပံဳးစစေလးၿဖင့္ ေမးလုိက္သည္ ။

“မာမီပါ ရွိေနရင္ ပိုေကာင္းမွာ”

တန္တန္သည္ ရီ၀မ္၀မ္ကို တေမ့တေမာ ေငးၾကည့္ေနသည္ ။

ထုိသည္ကုိ ၾကားလုိက္ရခ်ိန္တြင္ ရီ၀မ္၀မ္ က်ိတ္ရယ္ေမာမိသြား၏ ။

ဒီကေလးေလးကေတာ့ ၾကီးလာရင္ မိန္းကေလးေတြရဲ့ အသည္းကို ဘယ္ေလာက္ေတာင္မွ ဖမ္းစားလုိက္မလဲ ။

“မာမီ…တန္တန္ မာမီ သီခ်င္းဆုိၿပတာကုိ နားေထာင္ခ်င္တယ္”

တန္တန္သည္ တခနေလာက္ ေတြးၾကည့္ၿပီးေနာက္တြင္
ရီ၀မ္၀မ္ကုိ ၾကည့္ကာ ေၿပာလာသည္ ။

အရင္တုန္းက ရီ၀မ္၀မ္သည္ ညစဥ္ညတုိင္း တန္တန္ကုိ ေတးဆုိကာ ေခ်ာ့သိပ္ခဲ့၏ ။ သုိ ့ေသာ္ သူသည္ လြတ္လပ္ေသာနယ္ေၿမကုိ ၿပန္ေရာက္သြားၿပီ ၿဖစ္ေသာေၾကာင့္ သူမေလး၏ ထုိေတးသံနွင့္ ေ၀းကြာသြားခဲ့ရေလၿပီ ။ ထုိေတးသံကုိ တရုတ္ၿပည္ေရာက္မွ ၾကားခဲ့ရၿခင္း ၿဖစ္သည့္တုိင္ အခု လြတ္လပ္ေသာနယ္ေၿမ ၿပန္ေရာက္သြားခ်ိန္တြင္ ထုိအိပ္ရာ၀င္ေတး မၾကားရေတာ့ၿခင္းအေပၚ အသားမက် ၿဖစ္ေနမိ၏ ။

“မာမီ…တန္တန္တုိ ့ တစ္ေန ့ ေတြ ့နုိင္ဦးမွာလားဟင္” တန္တန္၏ မ်က္၀န္းေလးတုိ ့မွာ ရီ၀မ္၀မ္ကို ၾကည့္ေနရင္း ရႊန္းေ၀ေနသည္ ။

သုိ ့ေသာ္လည္း ဤတစ္ၾကိမ္တြင္မူ ရီ၀မ္၀မ္သည္ အမွန္အတုိင္းသာ ေၿဖမွၿဖစ္ေပမည္ ။

အရင္တုန္းက သူသည္ အခြင့္အေရး ရပါလ်ွင္ လာလည္ပါ့မည္ဟု တန္တန္ကုိ ကတိေပးထားခဲ့၏ ။ အိပ္မက္သည္ ေကာင္းလွသည့္တုိင္ လက္ေတြ ့သည္ကေတာ့ ခက္ခဲၾကမ္းတမ္းလွေပသည္ ။
ပထမ၊ သူမတြင္ အခုခ်ိန္၌ လုပ္စရာအလုပ္ေတြ တစ္ပံုၾကီး ရွိေန၏ ။

ထုိ ့ၿပင္ လြတ္လပ္ေသာနယ္ေၿမသည္ အလြန္တရာ တင္းက်ပ္ေသာ နယ္ေၿမ ၿဖစ္သည္ ။ အၿပင္လူမ်ားက အေလာတၾကီး ၀င္သြားမိပါလ်ွင္ အသက္ပင္ ေပ်ာက္သြားနုိင္ေပသည္ ။ ထုိ ့ၿပင္ အခုခ်ိန္၌ တန္တန္၏ အေမရင္းကုိလည္း ေတြ ့ေနေပၿပီ ။ ထုိ ့ေၾကာင့္ တန္တန္သည္ တရုတ္ၿပည္ကိုလည္း ၿပန္လာေတာ့မည္ မဟုတ္ေပ ။

အနည္းဆံုးေၿပာရလ်ွင္ တရုတ္ၿပည္နွင့္ လြတ္လပ္ေသာနယ္ေၿမသည္ ေတာအထပ္ထပ္ ေတာင္အသြယ္သြယ္ ကာဆီးၿခားနားေနေပေသး သည္ ။

ထုိ ့ၿပင္ တန္တန္၏ အေမရင္းကို ရွာေတြ ့သြားၿပီ ၿဖစ္ေသာေၾကာင့္ သူမနွင့္ တန္တန္၏ ပတ္သက္မႈသည္ နိဌိတန္သြားေလၿပီဟု ဆုိရေပမည္ ။

ထုိသည္မွာ ကံတရားသာ ၿဖစ္၏ ။

သူမနွင့္ တန္တန္ၾကားတြင္ မည္မ်ွပင္ လြမ္းဆြတ္ေနမိပါေစ၊
မည္မ်ွပင္ ေတြ ့ခ်င္ေနမိပါေစ၊
ထိုသည္မွာ သူမတုိ ့ လက္ခံရမည့္ ကံတရားပင္ ၿဖစ္၏ ။

ရီ၀မ္၀မ္သည္ ေၿပာေတာ့မည္ ၿပဳလုိက္ခ်ိန္တြင္ ရုပ္ေခ်ာေခ်ာ မိန္းကေလး တစ္ေယာက္သည္ ငါးမန္ေတာင္ စြပ္ၿပဳတ္ပန္းကန္ကို ကုိင္လ်က္ နားေနခန္းထဲ ၀င္လာကာ တန္တန္ဆီကုိ ေလ်ွာက္လာေနေလသည္ ။ ထုိ ့ေနာက္တြင္ ထုိစြပ္ၿပဳတ္ပန္းကန္ကုိ ေဘးနားခ်ထားလုိက္ေလသည္ ။ ထုိမိန္းကေလးသည္ ဗြီဒီယုိထဲက ရီ၀မ္၀မ္ကုိ ၿမင္လုိက္ခ်ိန္တြင္ မ်က္ေမွာင္အၾကဳတ္ၾကီး ၾကဳတ္သြား၏။ 

“တန္တန္…သူက ဘယ္သူလဲ”

………………………………………………………

စာစဥ္ ၅၀၊ အခန္း ၃ ။ ထပ္ေၿပာၾကည့္လုိက္စမ္း 

"က်ြန္ေတာ့္ရဲမာမီ" ဟု တန္တန္သည္ ေၿခာက္ကပ္စြာၿဖင့္ ေၿပာလုိက္သည္ ။

"အဓိပၸာယ္မရွိလုိက္တာ"

ထိုမိန္းကေလး၏မ်က္နွာမွာ ခ်က္ခ်င္း ေအးခဲသြား၏ ။
မ်က္နွာေပၚတြင္ မၾကည္မသာမႈတုိ ့ပါ ေပၚထြက္လာေလသည္ ။

"မင္းရဲ့မာမီနဲ ့ဘြားက ေရာက္လာေတာ့မယ္ ။ လမ္းေဘးက ေပါက္လြတ္ပဲစား ကေလက၀ေတြကို ဘယ္လုိလုပ္ၿပီး မင္းမာမီလုိ ့ အသာေလး ေၿပာထြက္နုိင္ရတာလဲ ၊ မင္းမွာ ဥာဏ္မရွိေတာ့ဘူးလား"

"မင္း ဘယ္သူ ့ကို ကေလက၀လုိ ့ ေၿပာလုိက္တာလဲ"

ထိုမိန္းကေလးက စကားေၿပာ၍ပင္ မၿပီးမီ အမည္မရွိေသာနန္သည္ ရီ၀မ္၀မ္လက္ထဲက ဖုန္းကုိ ဇြက္ကနဲ ဆြဲယူပစ္လုိက္ေလသည္ ။
ထုိ ့ေနာက္တြင္ ထိုမိန္းကေလးကို ေအးစက္စြာ စုိက္ၾကည့္လုိက္ၿပီး ေၿပာလုိက္သည္ ။

"ထပ္ေၿပာၾကည့္လုိက္စမ္း"

"ကုိကုိ…"

ထုိမိန္းကေလးသည္ မ်က္ေမွာင္ၾကီး ၾကဳတ္ကာ အမည္မရွိေသာနန္ကုိ ၾကည့္လာသည္ ။

"သူက ဒီတရုတ္ၿပည္မွာ တန္တန္ ့ကို အခ်ိန္အၾကာၾကီး ေစာင့္ေရွာက္ေပးလာတဲ့သူ၊ ငါ့ရဲ့သူငယ္ခ်င္း ။ မင္း ေနာက္တစ္ခါ ပါးစပ္သရမ္းရဲ သရမ္းၾကည့္….ငါ ၿပန္ေရာက္လာတာနဲ ့ မင္းပါးစပ္ကုိ ၿဖတ္ရုိက္ပစ္မယ္မွတ္"

အမည္မရွိေသာနန္သည္ ေအးစက္စြာၿဖင့္ ထိုသူမကုိ ၾကိမ္းေမာင္းလုိက္ ေလသည္ ။ 

"နင့့္သူငယ္ခ်င္းမွန္း ငါက ဘယ္လုိလုပ္ သိမွာလဲ"

ထုိမိန္းကေလးသည္ မသိနားမလည္သည့္ ဟန္ပန္ၿဖင့္ ေၿပာလာသည္။

"ငါ အထဲေရာက္ေရာက္ခ်င္း ဟုိမိန္းကေလးကုိ တန္တန္က မာမီလုိ ့ ေခၚေနတာကုိ ၾကားလုိက္မိတာကုိး ။
သူက နင့္သူငယ္ခ်င္းလုိ ့ ငါ ဘယ္လိုလုပ္သိမွာလဲ ။
နင္ အရူးလား"

"အဲ့လိုလား" အမည္မရွိေသာနန္သည္ သူေတာ္စင္နွင့္ ပန္းစည္းဘက္သုိ ့ လွည့္ကာ ေမးၾကည့္လုိက္သည္ ။

"ဟုတ္ေလာက္ပါတယ္"
ပန္းစည္းသည္ ေခါင္းညိတ္ၿပလာသည္ ။

ထုိဗြီဒီယုိထဲတြင္ ရွိေနသည့္ မေကာင္းဆုိး၀ါးေလး၏ ေဘးက မိန္းကေလးမွာ လြတ္လပ္ေသာနယ္ေၿမက နန္ အိမ္ေတာ္၏ တတိယေၿမာက္ သခင္မေလး၊ တန္တန္၏ ေဒၚေလးတစ္ၿဖစ္လဲ အမည္မရွိေသာနန္၏ တတိယေၿမာက္ ညီမေလး ၿဖစ္ေပသည္ ။ 

"ေၿသာ္" အမည္မရွိေသာနန္သည္ တိတ္တခုိး ေရရြတ္လာသည္ ။

သူ ထုိသို ့ ေရရြတ္လုိက္သည့္အခုိက္ ဣေၿႏၵရကာ ေက်ာ့ရွင္းလွၿပီး အဖိုးတန္၀တ္စံုမ်ား ၀တ္ဆင္ထားေသာ မိန္းမၾကီးနွင့္ တမ်ိဳးတဖံု ေခ်ာေမာေသာ မိန္းကေလးသည္ ေဘးခ်င္းယွဥ္ကာ နားေနခန္းထဲသုိ ့ ေလ်ွာက္လာေလသည္ ။ 

"တတိယေလး…ဘယ္လုိၿဖစ္လို့ ေအာ္ၾကီးဟစ္က်ယ္ ေၿပာေနတာလဲ ။ တန္တန္ကို စြပ္ၿပဳတ္တုိက္ၿပီးၿပီလား"

ထုိေက်ာ့ရွင္းသည့္ မိန္းမၾကီးသည္ အေရွ့သုိ ့ ေလ်ွာက္လာၿပီး တတိယသခင္မေလးကုိ ၾကည့္ကာ ေၿပာလာသည္ ။ 

တတိယ သခင္မေလး နန္ က ဘာမွ မေၿပာလာရေသးခင္ ထုိခန့္ထည္၀ါသည့္ အမ်ိဳးသမီးၾကီးသည္ ဗြီဒီယုိထဲက ရီ၀မ္၀မ္ကို ဖ်တ္ခနဲ ၿမင္လုိက္မိၿပီး ခ်က္ခ်င္း ေအးစက္သုန္မႈန္သြားသည္ ။ 

တန္တန္သည္ လြတ္လပ္ေသာနယ္ေၿမကို ၿပန္ေရာက္လာၿပီ ဆုိကတည္းက တစ္ခ်ိန္လံုး ၀မ္းနည္းညွိဳးငယ္ေနခဲ့ၿပီး အိပ္ေနရင္းပင္ ထုိဟန္ေဆာင္အေမကို "မာမီ" ဟု ကေယာင္ကတမ္း ေခၚေနခဲ့ေလ သည္ ။

"တန္တန္…သားမာမီက ဒီမွာေလ"

ထိုမိန္းမေခ်ာေလးသည္ အေရွ့သုိ ့ ထြက္လာသည္ ။
သူမသည္ ရီ၀မ္၀မ္ကို မ်က္လံုးေထာင့္စြန္းကေန ၾကည့္ေနရင္း စိတ္ဓာတ္က်မႈ၊ သေဘာမက်မႈတုိ ့ ထင္းထင္းၾကီး ေပၚေန၏ ။ 

"က်ြန္ေတာ့္ဆီမွာ မာမီတစ္ေယာက္ ပိုရွိလုိ ့ေတာင္ မရဘူးလား"

တန္တန္သည္ ထိုမိန္းကေလးကို တစ္ခ်က္ၾကည့္လုိက္ၿပီး အမူအရာကင္းမဲ့စြာၿဖင့္ ေၿပာဆုိလာသည္ ။ 

ထုိမိန္းကေလးသည္ ခ်က္ခ်င္းပင္ ေအးစက္သြားၿပီး
သူမ၏ပါးစပ္ကုိ လက္နွင့္ အုပ္လုိက္ကာ
၀မ္းနည္းညွိဳးငယ္စြာၿဖင့္ အေနာက္သုိ ့ ၿပန္ဆုတ္သြားသည္ ။

"မာမီ့အမွားပါ ၊ မာမီ သားကုိ ပစ္မထားခဲ့သင့္ဘူး ။ အိမ္ကေန ထြက္မသြားသင့္ဘူး ။ အေမတစ္ေယာက္ရဲ့ တာ၀န္ကို မေက်ပြန္မိတဲ့ မာမီ့ရဲ့အမွားေတြပါ ။ မာမီ အသံုးမက်လုိ ့ သူစိမ္းတစ္ေယာက္ကုိ မာမီတုိ ့ၾကားကုိ ၀င္ခြင့္ၿပဳမိတာ ။ ဒါက မာမီ့အမွားပါ၊ ဒါေတြအားလံုးက မာမီ့အမွားေတြပါ"

"စုိးရိမ္ၿခင္းကင္းေသာ"

ထုိဥစၥာဓန ၾကြယ္၀လွသည့္ သူေဌးမၾကီးမွာ ၿမန္ၿမန္ဆန္ဆန္ပင္ သူမေလးကုိ သြားနွစ္သိမ့္ေပးလုိက္ၿပီး တန္တန္ကို မႈန္သုန္စြာ ၾကည့္လုိက္သည္ ။

လြတ္လပ္ေသာနယ္ေၿမ၏ နန္ မိသားစုက အလုိလုိက္ခံရဆံုးသူ၊ အခ်စ္ေတာ္ ၿဖစ္သည့္ ဒုတိယသခင္မေလး၊ စုိးရိမ္ၿခင္းကင္းေသာ နန္ ။ သူမေလးသည္ နန္ မိသားစု၏ တကယ့္အသည္းေက်ာ္ေလး ၿဖစ္ေပသည္ ။ ထုိ ့ၿပင္ သူမေလးသည္ ငယ္ရြယ္စဥ္ကတည္းက အိမ္ကေန ထြက္သြားခဲ့သၿဖင့္ သခင္မၾကီး နန္ မွာ သူမေလးအေပၚ အားနာေနမိစိတ္ ကပ္တြယ္ေနမိေလသည္ ။ 
ထုိ ့ေၾကာင့္ သူမ၏ အသည္းေက်ာ္ခ်စ္သမီးေလး ထုိကဲ့သုိ ့ မ်က္နွာညွိဳးငယ္သြားကာ စိတ္၀မ္းနည္းနာက်င္သြားမႈမ်ိဳးကို
သူမ မည္သုိ ့ သည္းခံနုိင္ပါလိမ့္မည္နည္း ။

"အမည္မရွိေသာနန္…ငါ မင္းကို ေၿပာထားလုိက္မယ္ ။
ေနာက္တစ္ခါ တန္တန္ ဗြီဒီယုိေကာလ္ေခၚရင္ မကုိင္နဲ့ေတာ့"

သခင္မၾကီး နန္ သည္ အမည္မရွိေသာ နန္ ကို ၾကည့္ၿပီး ေၿပာလုိက္သည္ ။

"ဘယ္လုိလုပ္ၿပီး ဒါ က်ြန္ေတာ့္အၿပစ္ ၿဖစ္ရမွာလဲ ။ ဖုန္း စေခၚတဲ့သူက က်ြန္ေတာ္ မဟုတ္ဘဲနဲ့ ။ အဲ့စကားကို ဘုိးဘုိးေလးကုိ သြားေၿပာပါ့လား ။ ဖုန္းကုိင္တဲ့သူကို လာၿပီး အၿပစ္မတင္နဲ ့ေလဗ်ာ"

အမည္မရွိေသာနန္မွာ ထုိအမိန္ ့ကုိ လက္သင့္မခံနုိင္ ၿဖစ္ေန၏ ။

သခင္မၾကီး နန္ သည္ အမည္မရွိေသာနန္ကုိ တစ္ခ်က္ၾကည့္လုိက္ၿပီး ရီ၀မ္၀မ္ဘက္ လွည့္ၾကည့္လုိက္၏ ။ ထုိ ့ေနာက္တြင္ သက္ၿပင္းတစ္ခ်က္ ခ်လုိက္ကာ…

"မိန္းကေလး ၀မ္၀မ္…ဒီလေတြအတြင္းမွာ တန္တန္ ့ကုိ ေစာင့္ေရွာက္ ေပးထားတဲ့အတြက္ အေဒၚ တကယ္ကို ေက်းဇူးတင္ပါတယ္ ။ ဒါေပမယ့္ တန္တန္ရဲ့အေမကုိ ရွာေတြ ့ေနၿပီဆုိေတာ့ အခုကစၿပီးေတာ့ မိန္းကေလး ၀မ္၀မ္ တန္တန္နဲ ့ ထပ္မဆက္သြယ္ေတာ့ဖုိ ့ ေမ်ွာ္လင့္ပါတယ္။ မိန္းကေလး ရီ လည္း တန္တန္နဲ ့ သူ ့အေမၾကားမွာ မသင့္မၿမတ္ၿဖစ္တာကို မၿမင္ခ်င္ဘူးမလား ။ မိန္းကေလး လုိခ်င္တာ မွန္သမ်ွကုိ ေတာင္းဆုိလုိက္ပါ၊ ေဒၚေလးတုိ ့ ေလ်ာ္ေၾကးၿပန္ေပးပါ့မယ္ ။ မိန္းကေလးအေနနဲ ့ ေဒၚေလးတုိ ့ လူၾကီးေတြရဲ့ ခံစားခ်က္ကို နားလည္ေပးနုိင္မွာပါ"

…………………………………………………..

စာစဥ္ ၅၀ ၊ အခန္း ၄ ။  ေတြ ့သမွ်လူ အကုန္ လုိက္ရုိက္တယ္ 

အမွန္ပင္ သခင္မၾကီး နန္ ၏ စကားမ်ားကို ရီ၀မ္၀မ္ နားလည္ေပးနုိင္ပါ ၏ ။

အင္း…ငါလည္း နန္ ေဒၚေလး ေနရာမွာဆုိရင္ ငါ့ေၾကာင့္နဲ ့
တန္တန္နဲ ့ သူ ့အေမအရင္းၾကား မသင့္မၿမတ္ၿဖစ္ေနတာကို ၿမင္ရရင္ ဒီလုိမ်ိဳးပဲ လုပ္မိမွာပဲ ။

သုိ ့ေသာ္လည္း မည့္သုိ ့ပင္ မသိပါေခ် ။ တစ္ေယာက္ေယာက္သည္ သူမေလး၏ရင္ကုိ ဓားတစ္ေခ်ာင္းၿဖင့္ ၿဖည္းၿဖည္းခ်င္း မႊန္းေနသလို သူမေလး၏ရင္ထဲတြင္ တဆစ္ဆစ္ထုိးကာ နာက်င္ေနမိပါ၏ ။

"ၿပီးၿပီလား"

အမည္မရွိေသာနန္သည္ ရုတ္တရကျ္ကီး တင္းမာေနသည့္ မ်က္နွာထားၿဖင့္ ရီ၀မ္၀မ္ ေရွ့ ထရပ္လာသည္ ။

"ၿပီးၿပီလားက ဘာစကားၾကီးလဲ"

သခင္မၾကီး နန္ မ်က္ေမွာင္ၾကဳတ္သြားသည္ ။

"ၿပီးၿပီလားလုိ ့ ေမးေနတာ…မင္းက ဘာေတြၿဖစ္ေနတာလဲ" ဟု အမည္မရွိေသာနန္က ေၿပာလာသည္ ။

"ထပ္ေၿပာရဲ ထပ္ေၿပာၾကည့္လုိက္စမ္း"

သခင္မၾကီး နန္ ၏မ်က္၀န္းတြင္ ေဒါသေၾကာင့္ မီး၀င္း၀င္း ေတာက္လာေလၿပီ ။ 

"က်ြန္ေတာ္ သူ ့ကို ေၿပာေနတာ၊ မာမီ့ကို မဟုတ္ဘူး ။ မာမီ ၀င္မပါနဲ့"

အမည္မရွိေသာနန္သည္ ထိုညွိဳးငယ္ေနသည့္ မိန္းကေလးဘက္သုိ ့ လွည့္လုိက္ၿပီး ေမးလုိက္သည္ ။ 

"စုိးရိမ္ၿခင္းကင္းေသာ နန္…ငါ မင္းကုိ ေၿပာလုိက္မယ္ ။ မင္းက အရုိက္ခံရဖုိ ့တန္တယ္ ။ ဘာကိစၥနဲ ့ သနားကမားပံု လာလုပ္ၿပေန တာလဲ ။ မင္း ေစာနက မိန္းကေလး ရီ ကို ဘယ္လုိပံုစံမ်ိဳး ၾကည့္ေနတာလဲ ။ မင္းမ်က္လံုးထဲက မေထ့တေထ့နဲ ့ ေလွာင္ေၿပာင္ေနတဲ့ အၾကည့္က ဘာသေဘာလဲကြ"

"ဒီတစ္ခ်ိန္လံုးလံုး စိတ္ေရာကိုယ္ပါ အားထည့္ၿပီး တန္တန္ ့ကို ေစာင့္ေရွာက္ေပးလာတဲ့သူက သူ ။ အဲ့တာေၾကာင့္လည္း တန္တန္က အိမ္ၿပန္ေရာက္ေနတာေတာင္မွ သူ ့ကုိ မေမ့နုိင္ ၿဖစ္ေနတာ ။ ဒါကုိ ၾကည့္ရင္ သူ တန္တန္ ့ကုိ ဘယ္ေလာက္ထိ ဂရုစုိက္ေပးတယ္ဆုိတာ သိသာေနၿပီ ။ ဒါေပမယ့္ မင္းကေရာ"

"မင္းကေရာ ဘာေတြ လုပ္ထားၿပီးၿပီလဲ ။ မင္း အရင္တုန္းက ဒီလုိမ်ိဳး ဟန္လုပ္တတ္တာကုိ ငါ ဘာလုိ ့ မသိခဲ့ရတာလဲ ။ မင္းက အခုမွပဲ အိမ္ကို ၿပန္ေရာက္လာတယ္…အရင္က ဘာေတြ လုပ္ေနတာလဲ ။
ငါ ၿပန္ေရာက္တာနဲ ့ မင္းေၿခေထာက္ကို ရိုက္ခ်ိဳးခ်င္လာေအာင္ လာမလုပ္နဲ့"

"ကုိကို…ညီမေလး" ထိုမိန္းကေလးသည္ တစ္ခုခုကို ေၿပာဆုိလုိဟန္  ။

သုိ ့ေသာ္လည္း အမည္မရွိေသာနန္သည္ သူ ့လက္ကုိ ေ၀ွ့ယမ္းၿပ လုိက္ၿပီး…

"ငါ မင္းကို ေၿပာလုိက္မယ္ ။ ငါ တကယ္ၾကီး ေဒါသထြက္ေနတယ္ ။ ပန္းစည္း…ငါ တကယ္ၾကီး ေဒါသထြက္လာရင္ ဘယ္လုိလဲဆုိတာ ေၿပာၿပလုိက္စမ္း"

"ကပၸတိန္က ေဒါသထြက္လာၿပီဆုိရင္ မီးေတာင္ၾကီး ေပါက္လာတဲ့အတုိင္းပဲ။ သူ ့ကိုယ္သူကလြဲၿပီး ေတြ ့သမ်ွလူကို ေသေလာက္ေအာင္ လုိက္ရုိက္တတ္တယ္" ဟု ပန္းစည္းသည္ တိတ္တိတ္ေလး ေၿပာလာသည္ ။

"စုိးရိမ္ၿခင္းကင္းေသာနန္…ငါ မင္းကို ေၿပာလုိက္မယ္ ၊ လိမ္လိမ္မာမာေန ။ ေနာက္တစ္ခါ ထပ္ၿပီးေတာ့ ေခြးက်င့္ေခြးၾကံ လုပ္လာဦးမယ္ဆုိရင္ ငါ့အဆုိး မဆုိနဲ ့။ ငါ ၿပန္ေရာက္လာတာနဲ ့ တန္တန္ ့ကို ေခၚၿပီးေတာ့ မိန္းကေလး ရီ ကုိ ေပးပစ္လုိက္မယ္ ။ မင္း သူ ့ကုိ ထပ္ၿပီး မေတြ ့ရ ေတာ့ဘူး မွတ္" ဟု
အမည္မရွိေသာနန္သည္ ေအးစက္စြာ ၾကိမ္းေမာင္းေၿပာဆိုေနသည္ ။ 

ထုိသည္ကုိ ၾကားလုိက္သည္နွင့္ တန္တန္၏ မ်က္၀န္းတုိ ့မွာ
ခ်က္ခ်င္း ၀င္းပသြား၏ ။ သူ၏ မယံုၾကည္ရသည့္ ဦးေလးမွာ
ထုိကဲ့သုိ ့ေသာ ေယာက်ာ္းဆန္သည့္ဘက္ၿခမ္းမ်ိဳး ရွိေနလိမ့္မည္ဟု သူ မထင္ထားမိခဲ့ပါေခ်။ 

"မင္း လုပ္ရဲလား"

သခင္မၾကီး နန္ သည္ အမည္မရွိေသာနန္ ေၾကာင့္ ေဒါသတုိ ့ ထြက္လာေလၿပီ ။  

"မာမီ…မာမီ က်ြန္ေတာ့္ေဒါသကို သိပါတယ္ ။ က်ြန္ေတာ္ ၊ အမည္မရွိေသာနန္ က မလုပ္ရဲတာ ဘာမွ မရွိဘူး ။
အခု မာမီ့အေၾကာင္း ေၿပာရဦးမယ္ ။ ေစာနတုန္းက မာမီ က်ြန္ေတာ့္သူငယ္ခ်င္းကို ဘယ္လုိ ေၿပာလုိက္တာလဲ ။ လုိခ်င္တာေတာင္း…ေလ်ာ္ေၾကးေပးမယ္ ဟုတ္လား ။
မာမီ က်ြန္ေတာ့္သူငယ္ခ်င္းကို ဘယ္လုိလူစားမ်ဳိး မွတ္ေနတာလဲ ။ ဘာမွ မေၿပာနဲ့ေတာ့၊
က်ြန္ေတာ္ ေၿပာတာကိုပဲ နားေထာင္၊ ဟုတ္ၿပီလား"

အမည္မရွိေသာနန္သည္ သခင္မၾကီး နန္ ၏ စကားကုိ ၿဖတ္ေၿပာပစ္လုိက္ၿပီး ဆက္ကာ ေၿပာသည္ ။ 

"က်ြန္ေတာ့္လုိ ေယာက်ာ္းရင့္မာၾကီး တစ္ေယာက္ကေတာင္မွ ဘာေလ်ာ္ေၾကးေတာင္းေတာင္း ရတယ္ ဆုိတာကုိ ၾကားလုိက္ရတာကုိ ေတာ္ေတာ္ကို စိတ္မခ်မ္းသာဘူး ။ မာမီက ဘာေတြ ၿဖစ္ေနတာလဲ ။ တန္တန္ ့ကို ေစာင့္ေရွာက္ေပးဖုိ ့ အကူအညီေတာင္းထား တဲ့သူက က်ြန္ေတာ္ ။ မာမီ အဲ့လုိ ေၿပာလုိက္တာ က်ြန္ေတာ့္မ်က္နွာကို ၿဖတ္ရိုက္ပစ္လုိက္တာနဲ ့ မတူဘူးလား"

"က်ြန္ေတာ္ ၊ အမည္မရွိေသာနန္ က အရွက္နဲ ့ လူလုပ္တာ၊ အသက္နဲ ့ လူလုပ္တာ မဟုုတ္ဘူး ။ 
မာမီက က်ြန္ေတာ့္အေမ ၿဖစ္ေနရင္ေတာင္မွ က်ြန္ေတာ့္ကို ဒီလုိလာၿပီး ေစာ္ကားလုိ ့ မရဘူး ။ က်ြန္ေတာ့္ကို အိမ္ၿပန္လာၿပီး တန္တန္ကို ေခၚသြားမိေအာင္ မလုပ္နဲ ့။ မာမီ့ရဲ့ အဖိုးတန္ သမီးေလးလုိိမ်ိဳး က်ြန္ေတာ့္ကုိပါ အိမ္ကေန ထြက္ေၿပးေအာင္ မလုပ္နဲ ့။ မာမီ့ရဲ့သမီးေလး ထြက္ေၿပးသြားတာကုိ မာမီ ခံစားဖူးၿပီးၿပီ ။ ဒါေပမယ့္ မာမီ့သား ထြက္ေၿပးတာကုိေတာ့ မခံစားဖူးေသးဘူးမလား ၊ အဲ့ဒါဆုိရင္ေရာ ဘယ္လုိလဲ"

အမည္မရွိေသာနန္သည္ ေတာ္ေတာ္ၾကီးကို ေဒါသထြက္ေနသည္ပင္ ။ သခင္မၾကီး နန္ ကို ၿပန္ေၿပာခြင့္တစ္ခ်က္ေလးပင္ မေပးသြားပါေခ် ။

သခင္မၾကီး နန္ မွာ ထိုအမည္မရွိေသာနန္ ေၾကာင့္ ေဒါသထြက္ၿပီး ေမ့လဲမတတ္ ၿဖစ္သြား၏ ။

သခင္မၾကီး နန္ ၿပန္ေၿပာမည္ ၿပဳလုိက္၏ ။ သို ့ေသာ္၊
တတိယ သခင္မေလး နန္ က သူမကုိ ၿပန္ဆြဲထားေလသည္ ။

"ေမေမ...အစ္ကုိၾကီးအေၾကာင္းကို ေမေမ အသိဆံုးပဲဟာ ။
သူ ေဒါသၾကီးၿပီဆုိရင္ ေမေမ့အတုိင္းပဲ ။ အခု သူ
အရမ္း ေဒါသၾကီးေနတယ္ ။ ေမေမ အလုိက္သင့္ေလး ေၿပာမေပးရင္ သမီးတုိ ့ သူ ့ေဒါသကို မထိန္းနုိင္ေလာက္ဘူး ။ အစ္ကုိၾကီးက ေၿပာရင္ေၿပာသလို တကယ္လုပ္တတ္တဲ့သူ ၊ ေတာ္ၾကာေန ၿပန္ေရာက္လာမွ တကယ္ၾကီး လုပ္ခ်သြားဦးမယ္"

………………………………………………………

စာစဥ္ ၅၀ ၊ အခန္း ၅ ။  သူက ငါ့ရဲ့ညီမေလး 

"ေကာင္းၿပီ ေကာင္းၿပီ ေကာင္းၿပီ ။ မင္း မူးေနတယ္လုိ ့ပဲ သေဘာထားလုိက္မယ္ ။ ၿပန္လာမွပဲ ေၿပာၾကတာေပါ့ ။
ဒီေန ့ ထပ္မေၿပာနဲ ့ေတာ့" ဟု သခင္မၾကီး နန္ က ေၿပာသည္ ။ 

"စုိးရိမ္ၿခင္းကင္းေသာ နန္…အ ခု ခ်က္ ခ်င္း…ငါ့သူငယ္ခ်င္းကုိ ေတာင္းပန္စမ္း"

သုိ ့ေသာ္ အမည္မရွိေသာနန္သည္ သခင္မၾကီး နန္၏ အေနာက္က မိန္းကေလးကုိ ေၿပာလုိက္သည္ ။

"ေမေမ…ကုိကို ရယ္…" စုိးရိမ္ၿခင္းကင္းေသာ နန္ သည္ မႈန္သုန္ေနသည့္ မ်က္နွာၿဖင့္ သခင္မၾကီး နန္ ကုိ ၾကည့္ၿပီး ေၿပာလာသည္ ။

"ဘာမွ ေမေမ မေနနဲ ့။ ဒက္ဒီကုိ ေခၚရင္ေတာင္မွ အသံုးမ၀င္ဘူး၊ ေတာင္းပန္စမ္း"
အမည္မရွိေသာနန္သည္ ေဒါသတၾကီး ေငါက္ငမ္းလာေလၿပီ ။

ထုိအသံေၾကာင့္ သခင္မၾကီး နန္မွာ သက္ၿပင္းခ်မိသြား၏ ။

"စုိးရိမ္ၿခင္းကင္းေသာ…မိန္းကေလး ရီ ကုိ ေတာင္းပန္ေပးလုိက္"

ရီ၀မ္၀မ္သည္ ေခ်ာင္းအသာေလး ဟမ့္လုိက္ကာ…
"ရပါတယ္၊ ရပါတယ္၊ ထားလုိက္ပါေတာ့"

အမည္မရွိေသာနန္သည္ မိသားစုနွင့္ပင္ ဖက္ၿပိဳင္အခ်င္းမ်ားကာ သူမဘက္ကေန အသည္းအသန္ ကာကြယ္ေပးလိမ့္မည္ဟု သူမ မထင္ထားမိခဲ့ဖူးပါေခ် ။

သူမအေနၿဖင့္လည္း အမည္မရွိေသာနန္နွင့္
သူ ့မိသားစုၾကားက ဆက္ဆံေရးကုိ မတင္းမာေစလုိပါ ။
ထုိ ့ၿပင္ ထုိမိန္းမသည္ တန္တန္၏အေမအရင္း ၿဖစ္ေနေသးသည္ မဟုတ္ပါလား ။

"ဘာ…ထားလုိက္ရမယ္…ဟုတ္လား ။
ငါက ေတာင္းပန္လုိ ့ ေၿပာေနရင္ ေတာင္းပန္ေပါ့ ။
ေဘာ့စ္ ရီ…မင္းက ငါ ၊ အမည္မရွိေသာနန္ကုိ အရွက္ခြဲၿပီး ငါ့မ်က္နွာကုိ ၿဖတ္ရုိက္ခ်င္ေနတာလား" ဟု ေၿပာၿပီး အမည္မရွိေသာနန္သည္ ရီ၀မ္၀မ္ကုိ စူးစူးရဲရဲပင္ ၾကည့္လာေလၿပီ ။

"မ-မ-မဟုတ္ဘူး ။ ရွင့္သေဘာပဲ ၊ ရွင့္သေဘာပဲ"

ရီ၀မ္၀မ္၏ႏႈတ္ခမ္းတုိ ့ တြန္ ့ခ်ိတ္သြားသည္ ။ သူမသည္ အမည္မရွိေသာနန္ ထိုကဲ့သုိ ့ ေၿပာရဆုိရခက္ေလာက္ေအာင္ ေဒါသၾကီးၿခင္းမ်ိဳးကုိ တစ္ခါမွ မၿမင္မေတြ ့ခ့ဲဖူးပါေခ် ။ သူ၏သာမန္ပံုစံနွင့္ အခုေဒါသထြက္ေနသည့္ ပံုစံမွာ လံုးလံုးၾကီး ၿခားနားေပသည္ ။

"မိန္းကေလး ရီ…က်ြန္မ ေတာင္းပန္ပါတယ္ ။
အေစာနက က်ြန္မ အၿပဳအမူ ရုိင္းသလုိ ၿဖစ္သြားတယ္ ။
မိန္းကေလး ရီ ဘက္က သေဘာထားၾကီးၾကီးနဲ့ ခြင့္လႊတ္ေပးေစခ်င္ပါတယ္"

ထုိမိန္းကေလးသည္ ရီ၀မ္၀မ္ကုိ ေၿပာလာသည္ ။ 

"ရပါတယ္" ရီ၀မ္၀မ္သည္ ဂရုမစုိက္စြာပင္ ၿပံဳးၿပလုိက္ေလသည္ ။

"ဒါဆုိ…တၿခားဘာကိစၥမွ မရွိေတာ့ဘူးဆုိရင္ ဒါပဲ"

အမည္မရွိေသာနန္သည္ ထိုမိန္းကေလးက ေတာင္းပန္ၿပီးၿပီ ဆုိသည္နွင့္ ခ်က္ခ်င္း ထိုဗီြဒီယုိေကာလ္ကို ပိတ္ခ်ပစ္လုိက္၏ ။

သုိ ့ေသာ္လည္း ၊ ဖုန္းခ်ပစ္ၿပီးသြားသည့္တုိင္ အမည္မရွိေသာနန္၏ ေဒါသမွာ အကင္းေသေသးၿခင္း မရွိပါေခ် ။ ခ်က္ခ်င္းပင္ တန္တန္ကို ဖုန္းၿပန္ေခၚလုိက္ ေလသည္ ။ 

သခင္မၾကီး နန္ သည္ အမည္မရွိေသာနန္ ဗြီဒီယိုေကာလ္ ေခၚလာၿခင္းကို ၿမင္လုိက္ၿပီး မကုိင္ဖုိ ့ ေၿပာမည္ ၿပဳလုိက္၏ ။ သို ့ေသာ္ ဘာမွ မေၿပာလုိက္ရေသးခင္မွာပင္ တန္တန္သည္ ခ်က္ခ်င္း ကုိင္ပစ္လုိက္ေလသည္ ။ 

"ဦးေလး" တန္တန္သည္ အမည္မရွိေသာနန္ကို ၾကည့္ၿပီး ေခၚလုိက္သည္ ။ ဤတစ္ၾကိမ္  "ဦးေလး" ဟု ေခၚၿခင္းသည္ကား
သူ ့ရင္ထဲကေန လာသည့္ အရုိးသားဆံုး ေခၚမိၿခင္းပင္ ၿဖစ္ေပသည္ ။

"မင္းဘြားကုိ ဖုန္းေပးလုိက္"
အမည္မရွိေသာနန္က ေၿပာသည္ ။

"ဟုတ္"

တန္တန္သည္လည္း အမည္မရွိေသာနန္ မွာ ေပါက္ကြဲေတာ့မည့္ မီးေတာင္လုိ ၿဖစ္ေနၿခင္းကုိ သိသည္နွင့္အညီ လုိက္လုိက္ေလ်ာေလ်ာ ၿဖင့္ သခင္မၾကီး နန္ ကို ဖုန္းေပးလုိက္ေလသည္ ။

"အဘုိးေလး…အခုေကာ ဘာလုပ္ခ်င္ၿပန္ၿပီလဲ"

သခင္မၾကီး နန္ သည္ အမည္မရွိေသာနန္၏ မ်က္နွာကို ၿမင္လုိက္ရသည္တြင္ ေခါင္းကုိက္လာေတာ့၏ ။

"မာမီ…စုိးရိမ္ၿခင္းကင္းေသာနန္ က ဘယ္လုိ ၿဖစ္တာလဲ ။
သူက က်ြန္ေတာ့္ညီမေလးေရာ တကယ္ ဟုတ္ရဲ့လား"
အမည္မရွိေသာနန္  ေမးလုိက္ၿခင္း ။

"ဘာေၿပာတာလဲ" သခင္မၾကီး နန္ အံ့ၿသသြား၏ ။

"ဘာကုိ ဘာေၿပာရမွာလဲ ။ အဲ့လုိပဲ ေၿပာလုိက္တာ ။ ဘယ္လုိလုပ္ၿပီးေတာ့ စုိးရိမ္ၿခင္းကင္းေသာနန္က ေခြးၾကံေခြးၾကံ က်င့္တတ္လာရတာလဲ ။ က်ြန္ေတာ့္ေရွ့ လာၿပီးေတာ့ နစ္နာတဲ့သူလုိလုိ လာဟန္လုပ္ၿပရဲေသးတယ္ ။ ပါးခ်ည္းပဲ ၿဖတ္ရုိက္ပစ္လုိက္ရ ။ သူ မာမီ့ေရွ့မွာမုိ ့ သက္သက္မဲ့ ဟန္လုပ္ၿပေနတာ သိလား ။ မာမီ့ရဲ့သမီးက မဟုတ္တမ္းတရား အဆက္ဆံခံရရင္ေတာင္မွ ဒီလုိ ဟန္လုပ္ၿပဖုိ ့ ေနေနသာသာ ဘယ္တုန္းကမ်ား ၿငိမ္ခံေနဖူးလုိ ့လဲ ။ ဒီေကာင္မေလးက အတုမ်ားလား"

အမည္မရွိေသာနန္သည္ ဗြီဒီယုိထဲတြင္ မ်က္နွာငယ္ေလးနွင့္ ရွိေနဆဲ ၿဖစ္သည့္ မိန္းကေလးကို ၾကည့္ရင္း ေၿပာဆုိေနသည္ ။ 

"မင္းနွယ္…ကိုယ့္ညီမေလးကိုယ္ ဘယ္လုိလုပ္ၿပီး အဲ့လုိေၿပာရက္ရ တာလဲ"

သခင္မၾကီး နန္ သည္ ေဒါသထြက္စြာၿဖင့္ သူ ့ကို ၿပန္ေၿပာလာသည္ ။

"မာမီကေရာ အေမတစ္ေယာက္ ၿဖစ္ေနၿပီးေတာ့ ဘယ္လုိလုပ္ ကုိယ့္သမီးစရုိက္ကုိ ကိုယ္ မသိေနတာလဲ ။ ေမြးရာပါအမွတ္ပဲ ၿဖစ္ၿဖစ္၊ ဘာပဲၿဖစ္ၿဖစ္ ၊ အကုန္ အတုလုပ္လုိ ့ရတယ္"

"မာမီ…က်ြန္ေတာ္ ေၿပာလုိက္မယ္ ။ နည္နည္းပါးပါးေလး မ်က္စိဖြင့္ နားဖြင့္ၿပီး ထပ္စစ္ေဆးၾကည့္ဦး ။ သူသာ တကယ္ အတု ဆုိလုိ ့က ေတာ့ က်ြန္ေတာ္ ၿပန္ေရာက္တာနဲ ့ သူ ့ကို မေသမခ်င္း ရိုက္သတ္ ပစ္မယ္ ။ မာမီ ေသေသခ်ာခ်ာ မစံုစမ္းဘူးဆုိရင္ က်ြန္ေတာ္ ၿပန္ေရာက္တာနဲ ့ က်ြန္ေတာ္ကိုယ္တုိင္ စံုစမ္းမယ္"

"တကယ္လုိ ့ သူက အစစ္ဆုိရင္ ဟုိလူရုိင္းၾကီးက ဘယ္မွာလဲ ။ တန္တန္ ့ရဲ့ အေဖက ဘယ္သူလဲ ။ ထားပါေတာ့…က်ြန္ေတာ္ မာမီ့ကုိ မေၿပာေတာ့ဘူး ။ စုိးရိမ္ၿခင္းကင္းေသာ နန္…အခုကစၿပီးေတာ့ မင္း ၾကပ္ၾကပ္ သတိထားေန ။ ငါ့ညီမေလးလုိ ဟန္ေဆာင္ထားတာကိုသာ ငါ သိလုိ ့ကေတာ့ မင္း ေသမယ္သာမွတ္ ။ ငါ့ဆီမွာ
နန္ မိသားစုတစ္စုလံုးထက္ကုိ အဆက္အသြယ္ေတြ အမ်ားၾကီး ရွိတယ္ ။ မင္း အတုလား အစစ္လား ဆုိတာကုိ
ငါ မခြဲတတ္ဘူးမ်ား မွတ္ေနလား"

ထုိ ့ေနာက္တြင္ အမည္မရွိေသာနန္သည္ ထုိဗြီဒီယိုေကာလ္ကုိ ပိတ္ခ်ပစ္လုိက္ေခ်သည္ ။

………………………………………………….

စာစဥ္ ၅၀၊ အခန္း ၆။  စားမွာလား မစားဘူးလား 

ထုိဗြီဒီယုိေကာလ္ ေၿပာၿပီးသြားသည့္တုိင္ေအာင္
အမည္မရွိေသာနန္၏ ေဒါသကား မေပ်ာက္ကင္းေသးဆဲ ။

ပန္းစည္းနွင့္ သူေတာ္စင္တုိ ့အဖြဲ ့ခမ်ာ ေၾကာက္လြန္း၍ အသံတိတ္ေနၾက၏။ တုပ္တုပ္ပင္ မလႈပ္ၾကေတာ့ ။

ကပၸတိန္က ပံုမွန္ဆုိ သေဘာအရမ္းေကာင္းတာ ဆုိေပမယ့္လို ့ ေဒါသထြက္လာၿပီ ဆုိတာနဲ ့ ဒီကမ႓ာေပၚမွာ ေၾကာက္စရာအေကာင္းဆံုး ၿဖစ္သြားေရာပဲ ။

"မင္းတုိ ့က ဘာၾကည့္ေနတာလဲ ။ ဒါ အလကား မဟုတ္ဘူးလား ။ စားမွာရွိ စားၾက၊ စား ၊ အကုန္စား"

အမည္မရွိေသာနန္သည္ သူ ့အဖြဲ ့ဘက္သုိ ့ လွည့္ၿပီး ေၿပာလိုက္သည္။

"ဟုတ္ ဟုတ္၊ စား ၊ စား၊ စား"

သူေတာ္စင္သည္ ၿမန္ၿမန္သြက္သြက္ပင္ တူကုိ ေကာက္ကုိင္လုိက္ၿပီး အာလူးဟင္းကုိ အမ်ားၾကီး ႏႈိက္ယူလုိက္၏ ။ 

"ဒါက အလကားရတာလား ။ မင္းတစ္ေယာက္ထဲ အကုန္ စားပစ္ေတာ့မလုိ ့လားကြ"

အမည္မရွိေသာနန္ က သူေတာ္စင္ကုိ စိမ္းစိမ္း၀ါး၀ါး ၾကည့္လာေလသည္ ။

သူေတာ္စင္ခမ်ာ ခ်က္ခ်င္းပင္ ေတာင့္ခနဲ ၿဖစ္သြားၿပီး
သူ ့ပါးစပ္ထဲ ထည့္ေတာ့မည့္ အားလူးဟင္းမွာလည္း လမ္းခုလတ္တြင္ ရပ္သြားရ၏ ။
သူလည္း ရွက္ေသြးၿဖာလာေလသည္ ။

ငါ ဆက္စားရမွာလား၊ မစားရဘူးလား ။

"ေဘာ့စ္ ရီ…ဒီေန ့ကေတာ့ က်ြန္ေတာ့္ဘက္မွာ မထင္ထားတာေတြ ၿဖစ္လာတယ္၊ စိတ္မရွိပါနဲ့ ။ က်ြန္ေတာ္ ၿပန္သြားၿပီးေတာ့ အဲ့ကိစၥကုိ ေသေသခ်ာခ်ာ စံုစမ္းမွာပါ" အမည္မရွိေသာနန္သည္ ေၿပာလာသည္ ။ 

အုတ္သယ္သည့္ နုိင္ငံၿခားသားသည္ စိတ္ထဲတြင္ ထင့္ေန၏ ။

ကပၸတိန္ ဒီေလာက္ထိ ေဒါသၾကီးတာမ်ိဳး အရမ္းရွားတယ္ ။ ၾကည့္ရတာ ကပၸတိန္က ေဘာ့စ္ ရီ ကုိ သူငယ္ခ်င္းအရင္းၾကီးလုိကုိ သေဘာထားတာနဲ ့ တူတယ္ ။

"ရပါတယ္" ရီ၀မ္၀မ္ ၿပံဳးၿပလုိက္သည္ ။

ထုိ ့ေနာက္တြင္ ရီ၀မ္၀မ္၏ ဖုန္းက ထၿမည္လာေလသည္ ။

လ်ိဳခ်န္း ဖုန္းေခၚၿခင္းပါတည္း ။

"ဟယ္လုိ…လ်ိဳခ်န္း"

"အစ္ကို ရီ…အစ္ကုိ ဒီည အားလား"
လ်ဳိခ်န္းသည္ ကပ်ာကယာ ေမးလာသည္ ။

ရီ၀မ္၀မ္ ေၿပာလုိက္၏ ။  "ဘာၿဖစ္လုိ ့လဲ"

"အစ္ကုိ ရွန္းယြီက ဒီည ပြဲတစ္ပြဲ လုပ္တယ္၊ က်ြန္ေတာ္နဲ ့ ကုန္ရႊီက ဧည့္အဆုိေတာ္ သြားလုပ္ေပးရမယ္ ။ အစ္ကုိ ေရာပဲ ပါတယ္ေလ ။ ဒါေပမယ့္ အစ္မ က်ား၀မ္ ေၿပာတာက ဒီေန ့ အခ်ိန္ကို သိရေအာင္လုိ ့ အစ္ကုိ ့ကို ဖုန္းဆက္တာ မကုိင္ဘူးတဲ့" လ်ဳိခ်န္းက ၿပန္ေၿဖသည္ ။

ရီ၀မ္၀မ္သည္ မ်က္ရုိးကုိ နွိပ္နယ္ေနမိသည္ ။

"ေဆာရီးကြာ၊ ငါ အလုပ္ရႈပ္ေနတာနဲ့ ၿပန္ေခၚဖုိ ့ကုိ ေမ့သြားတာ ။ အင္း…အခ်ိန္မီ ေရာက္ေအာင္ လာခဲ့မယ္"

ပထမတြင္ တန္တန္ ထြက္သြားသည္ ၊ ထုိ ့ေနာက္တြင္ စီရီဟန္ပါ ေပ်ာက္သြားသည္ ။ ထိုအတြက္ အခုတေလာ သူမ၏စိတ္သည္လည္း ငလ်င္တုိက္ေနၿပီး ထုိကိစၥကုိ ေမ့သေလာက္ ၿဖစ္သြားခဲ့ၿခင္းပင္ ။

ဖုန္းခ်ၿပီးသည့္ေနာက္တြင္ ရီ၀မ္၀မ္၏ စိတ္ထဲတြင္ အေတြးတစ္ခု ဖ်တ္ခနဲ ေပၚလာ၏ ။ သုိ ့နွင့္ ၿမန္ၿမန္ဆန္ဆန္ပင္ ထုိထူးဆန္းသည့္ ဖုန္းနံပတ္ကုိ ထုတ္လုိက္ၿပီး အမည္မရွိေသာနန္ ဆီ ေလ်ွာက္သြားလုိက္ကာ ေမးၾကည့္လုိက္သည္ ။ 

"ဒီဖုန္းနံပတ္က ဘယ္ကလဲဆုိတာ သိလား"

အမည္မရွိေသာနန္သည္ ထုိသည္ကို တစ္ခ်က္ၾကည့္လုိက္ၿပီး
တန္းေၿဖလာသည္ ။

"အ့ဲဒါလား…လြတ္လပ္ေသာနယ္ေၿမက နံပတ္ပဲ"

ထုိသည္ကို ၾကားလုိက္သည္နွင့္ ရီ၀မ္၀မ္ မ်က္ေမွာင္ၾကဳတ္မိသြား၏ ။

ငါ ထင္တဲ့အတုိင္းပဲ လြတ္လပ္ေသာနယ္ေၿမက ၿဖစ္ေနတာကိုး ။
ဒီလုိဆုိရင္ စီရီဟန္ ေပ်ာက္သြားရတာက လြတ္လပ္ေသာနယ္ေၿမနဲ့ ပတ္သက္ေနတာေပါ့ ။

"လြတ္လပ္ေသာနယ္ေၿမက နံပတ္က အၿပင္လူေတြကုိပဲ
ေခၚလုိ ့ရတယ္ ၊ အၿပင္ကလူေတြက ၿပန္ေခၚလုိ ့မရဘူး" ဟု အမည္မရွိေသာနန္ က ေၿပာလာသည္ ။

"အာ…ဒါဆုိ ရွင္ ဒီနံပတ္ကုိ တစ္ခ်က္ေလာက္ ေခၚၾကည့္ေပးလုိ ့ ရမလား"

ရီ၀မ္၀မ္သည္ ေမးၾကည့္လုိက္သည္ ။

"ရတာေပါ့၊ အဲ့ေလာက္ကေတာ့ အလြယ္ေလးပဲ"

အမည္မရွိေသာနန္သည္ ေနာက္ဖုန္းတစ္လံုးကို ထုတ္လုိက္ၿပီး ထုိနံပတ္ကုိ ေခၚၾကည့္လုိက္သည္ ။

ဖုန္းသံတတီတီ ၿမည္ေနၿပီးေနာက္တြင္ မိန္းကေလးသံ ထြက္လာသည္။

"ဘယ္သူလဲ"

"မင္းက ဘယ္သူလဲ"
အမည္မရွိေသာနန္က ေမးလုိက္သည္ ။ 

"ရူးမ်ားရူးေနတာလား ။ ေခၚလည္းေခၚေသးတယ္၊ ဘယ္သူလဲလဲ လာေမးေနတယ္"  တစ္ဖက္လူသည္ ၿမည္တြန္ၾကိမ္းေမာင္းကာ ခ်က္ခ်င္း ဖုန္းခ်သြားေလသည္ ။

ရီ၀မ္၀မ္သည္ ဦေနွာက္ပ်က္သြားၿပန္သည့္ အမည္မရွိေသာနန္ကုိ ၾကည့္ရင္း ဆြံ ့အမိသြား၏ ။ 

"အဲ့ဒါ က်ြန္မကုိ ေပး ။ က်ြန္မ စမ္းၾကည့္မယ္"

ရီ၀မ္၀မ္သည္ အမည္မရွိေသာနန္ ဆီက ဖုန္းကို ယူလုိက္ၿပီး ထပ္ေခၚၾကည့္လုိက္သည္ ။

တခနေလာက္ တတီတီၿမည္ၿပီးသည့္ေနာက္တြင္ မိန္းကေလးသံ ထပ္ထြက္လာသည္ ။

"ဘာၿဖစ္ေနတာလဲ…ေၿပာ"

"အားနာလုိက္တာ…အေစာနက က်ြန္မသူငယ္ခ်င္းက
အေၿပာမတတ္လုိ ့ပါ ။ တကယ္ကို အားနာပါတယ္ရွင္"

ရီ၀မ္၀မ္သည္ ေတာင္းပန္စကား အရင္ ေၿပာေပးလုိက္သည္ ။

ထုိတြင္ တစ္ဖက္လူသည္ စိတ္မရွည္လက္မရွည္ၿဖင့္ ေမးလာသည္ ။

"ဘယ္သူ ့ကုိ ရွာေနတာလဲ"

"အဲ့ဒီမွာ စီရီဟန္ ရွိလား သိခ်င္လုိ ့ပါ"

ရီ၀မ္၀မ္သည္ မေသမခ်ာစြာၿဖင့္ ေမးၾကည့္လုိက္သည္ ။

"စီရီဟန္ကို ရွာေနတာလား ။ ဘယ္သူလုိ ့ ေၿပာေပးရမလဲ"

စီရီဟန္၏နာမည္ကုိ ထုတ္ေၿပာလုိက္သည္တြင္ တစ္ဖက္လူက သတိၾကီးၾကီး ထားလာေလသည္ ။ 

………………………………………………………

စာစဥ္ ၅၀၊ အခန္း ၇။  ထပ္ၿပီး လက္ထပ္လုိက္ေတာ့ 

သုိ ့နွင့္ ခ်က္ခ်င္းပင္ ရီ၀မ္၀မ္၏ သံသယသည္လည္း ၿမင့္တက္လာ၏ ။

စီရီဟန္ အဲ့ဒီမွာ ရွိေနတာပဲ ။ သူ လြတ္လပ္ေသာနယ္ေၿမကို သြားတာေပါ့  ။

"တရုတ္က သူ ့သူငယ္ခ်င္းေတြပါ"
ရုတ္တရက္ အမည္မရွိေသာနန္က ၀င္ေၿပာလာသည္ ။

"ဘာ…တရုတ္…ဟုတ္လား"

တစ္ဖက္က မိန္းကေလးသံမွာ ေရွာ့ရကာ ထိတ္လန္ ့သြား သေယာင္ေယာင္။ ထုိ ့ေနာက္တြင္ ရီ၀မ္၀မ္ကို ၿပန္ေၿပာခြင့္ပင္ ေပးမေနဘဲ ဖုန္းခ်သြားေလသည္ ။

"တရုတ္က ဘာၿဖစ္ေနလုိ ့လဲ ။ ဒါက ဘာသေဘာၾကီးလဲ"

အမည္မရွိေသာနန္သည္ ဇေ၀ဇ၀ါ ၿဖစ္သြား၏ ။

ရီ၀မ္၀မ္သည္လည္း အလြန္တရာ အံ့အားသင့္သြား၏ ။

တစ္ဖက္လူက တရုတ္ဆုိတာကို မုန္းေနသလိုပဲ ။

ရီ၀မ္၀မ္သည္ ဘာမွ မေၿပာေတာ့ဘဲ ဖုန္းဆက္ေခၚေနလုိက္သည္ ။

"တီ…တီ…တီ…"

ဤတစ္ၾကိမ္တြင္မူ တစ္ဖက္ကဖုန္းမွာ ဖုန္းမအားေသးပါ ၿဖစ္သြားေလၿပီ ။

သုိ ့ေသာ္လည္း ရီ၀မ္၀မ္သည္ ဆက္ကာသာ ဖုန္းေခၚေနလုိက္၏ ။
သုိ ့တုိင္ တစ္ဖက္က လူသည္လည္း ဆက္ကာ ဆက္ကာသာ ဖုန္းခ်ခ်ပစ္ေလသည္ ။

ေနာက္ဆံုးတြင္ ထုိနံပတ္မွာ စက္ပါ ပိတ္သြားေလၿပီ ။

"သူတို ့က တရုတ္ကုိ ဘာလို ့ အဲ့ေလာက္ေတာင္ မုန္းေနရတာလဲ"

သူေတာ္စင္သည္လည္း အံ့အားသင့္ေန၏ ။ 

"ဖုန္းေခၚမေနနဲ့ေတာ့ ။ တစ္ဖက္က တရုတ္ဖုန္းေတြ မကုိင္ခ်င္တာ သိသာတယ္ ။ ငါ့ဖုန္း အားကုန္တဲ့အထိ ေခၚရင္ေတာင္မွ သူတို ့ကို ေခၚလုိ ့ ရမွာ မဟုတ္ဘူး" အမည္မရွိေသာနန္သည္ ရီ၀မ္၀မ္ ကုိ ေၿပာလာသည္ ။

ရီ၀မ္၀မ္သည္လည္း ေဆာက္တည္ရာမရ ၿဖစ္ေနမိ၏ ။
အမည္မရွိေသာနန္ ေၿပာသည့္အတုိင္းသာဆုိရင္ ထုိဖုန္းသည္ ပိတ္သြားေလၿပီ ။ ဆက္ေခၚေနလည္း ဘာမွ ထူးမည္မဟုတ္ေပ ။

အေရးၾကီးဆံုးသည္ကား တဖက္လူသည္ တရုတ္က ဖုန္းကို ေၿဖလုိစိတ္ ရွိမေနၿခင္းပင္ ။ အေၾကာင္းအရင္း မည္သည္ကုိမူေတာ့ ရီ၀မ္၀မ္ မသိပါေခ် ။

"ေက်းဇူးပဲ"

ရီ၀မ္၀မ္သည္ ဖုန္းကို အမည္မရွိေသာနန္ကုိ ၿပန္ေပးလုိက္၏ ။

ထုိသည္က စီရီဟန္၏ စိတ္ရင္းအမွန္ပဲလား၊
သုိ ့တည္းမဟုတ္ စီရီဟန္သည္ အခုခ်ိန္တြင္ အႏၱရာယ္ထဲ က်ေရာက္ေနၿခင္းေၾကာင့္ ဖုန္းကို မကိုင္လုိၿခင္းပဲလား ရီ၀မ္၀မ္ မသိပါေခ် ။

"ဟုိ…တစ္ခုေလာက္ ေတာင္းဆုိလို ့ ရမလား"

တခနၾကာၿပီးသည့္ေနာက္တြင္ ရီ၀မ္၀မ္သည္ အမည္မရွိေသာနန္ကို ေမးၾကည့္လုိက္သည္ ။

"ဘာမ်ားလဲ" အမည္မရွိေသာနန္က ေၿပာလုိက္သည္ ။

"ဟိုကို ၿပန္ေရာက္ရင္ က်ြန္မ သူငယ္ခ်င္းအေၾကာင္း စံုစမ္းေပးပါလား ။ သူလည္း အခုဆုိ လြတ္လပ္ေသာနယ္ေၿမမွာ ရွိေနေလာက္တယ္"

ရီ၀မ္၀မ္သည္ အသက္ကို ၿပင္းၿပင္းရွဴသြင္းလုိက္ၿပီးေနာက္
စီရီဟန္ ေပ်ာက္ကြယ္သြားရသည့္ အေၾကာင္းစံုကို အမည္မရွိေသာနန္ကုိ ေၿပာၿပလုိက္သည္ ။

အမည္မရွိေသာနန္သည္ ထုိသည္ကုိ ၾကားၿပီးေနာက္တြင္  ေခါင္းအၾကီးၾကီး စားသြား၏ ။ ထုိ ့ေနာက္တြင္ ေတြးဆဆၿဖင့္ ေၿပာလာသည္ ။   

"လြတ္လပ္ေသာနယ္ေၿမမွာ လူရွာဖုိ ့ ဆုိတာက ေကာက္ရုိးပံုထဲ အပ္လုိက္ရွာရသလုိပဲ ။ ငါ ဟုိကို ၿပန္ေရာက္ရင္ ဒီနံပတ္ကုိ လုိက္စံုစမ္းၾကည့္ေပးမယ္ ။ ရွာလုိ ့ ေတြ ့တာနဲ ့ သူတို ့ဆီ သြားၿပီးေတာ့ ပြင့္ပြင့္လင္းလင္းပဲ ေမးၾကည့္လုိက္မယ္ ။ တကယ္လုိ ့ ရွာမေတြ ့ဘူး ဆုိရင္ေတာ့လည္း မင္းသူငယ္ခ်င္းသတင္းကုိ ရေအာင္လုိ ့ တစ္နည္း ေၿပာင္းၾကံၾကတာေပါ့ ။ အဲ့ဒါကုိေတာင္မွ ဘာမွ ရွာလုိ ့ မေတြ ့ေသးဘူး  ဆုိရင္ေတာ့ မင္း ထပ္လက္ထပ္လုိက္တာပဲ ေကာင္းမယ္"

ရီ၀မ္၀မ္သည္ အစက အေတာ္ေလး ေက်းဇူးတင္မိသြားခဲ့၏ ။ သို ့ေသာ္ ထိုေနာက္ဆံုးစကားကုိ ၾကားလုိက္ရသည္တြင္ အမည္မရွိေသာနန္ကုိ စူးစူးရဲရဲသာ ၾကည့္ေပးလုိက္ေတာ့သည္ ။

ဒီအရူးက စကားကုိ ဘယ္လုိ ေကာင္းေကာင္းေၿပာရမလဲေရာ သိရဲ့လား ။

ထုိစားေသာက္ဆုိင္ကေန ထြက္သြားၿပီးေနာက္တြင္ ရီမ၀္၀မ္သည္ အခ်ိန္နီးေနၿပီကို ေတြ ့လုိက္သၿဖင့္ ဟန္ရွန္းယြီ၏ပြဲရွိရာဆီ လွည့္သြားလုိက္၏ ။

သူတို ့သည္ ဟန္ရွန္းယြီ ပြဲကုိ ေၾကညာေပးလာခဲ့သည္မွာ အခ်ိန္အၾကာၾကီး ၾကာလာခဲ့ေလၿပီ ။

သရုပ္ေဆာင္တစ္ေယာက္အတြက္ ပြဲတစ္ပြဲ ဦးေဆာင္ဖို ့ဆုိသည္မွာ လြယ္ကူသည့္အရာ မဟုတ္ပါေခ် ။ သုိ ့ေသာ္ ဟန္ရွန္းယြီသည္ အနုပညာေလာကထဲကုိ အဆုိေတာ္အၿဖစ္ကေန ၀င္လာခဲ့ၿခင္း ၿဖစ္၏ ။ ထုိ ့ေၾကာင့္ သူသည္ ရုပ္ရွင္၊ ဇာတ္လမ္း၊ အဆုိအက အကုန္ ပုိင္နိုင္က်ြမ္းက်င္သည့္ စြယ္စံုရ အနုပညာရွင္တစ္ဦး ၿဖစ္ေပသည္ ။

ရက္ပုိင္းအတြင္းမွာပင္ ထုိပြဲအတြက္ လက္မွတ္ေတြ အားလံုးမွာ ေရာင္းကုန္သြားခ့ဲ၏ ။ ထုိ ့ေၾကာင့္ပင္ ပြဲစီစဥ္သူမ်ားသည္ ကပ္ကာသီကာၿဖင့္ လံုၿခံဳေရး၀န္ထမ္းမ်ားကို ထပ္ေခၚရေလသည္ ။

သို ့ေသာ္လည္း ရီ၀မ္၀မ္၏ စိတ္သည္ကေတာ့ ထုိပြဲကို သြားေနခ်ိန္ တစ္ေလ်ွာက္လံုး တည္ၿငိမ္ၿခင္း မရွိနုိင္ပါေခ် ။ စီရီဟန္ ေပ်ာက္ကြယ္သြားသည့္ ကိစၥ နွင့္ သူမ၏ ထူးၿခားဆန္းၾကယ္သည့္ ေနာက္ေၾကာင္းရာဇ၀င္တုိ ့မွာ သူမစိတ္ထဲတြင္ အဆက္မၿပတ္ ရစ္၀ဲေနေလသည္ ။

သူမသည္ စီရီဟန္၏ စာၾကည့္ခန္းထဲမွ ထုိလက္ဆြဲအိတ္နွင့္ ထိုစာရြက္စာတမ္းတုိ ့ကို ၿမင္ေတြ ့ၿပီးခ်ိန္မွစၿပီး စီရီဟန္သည္ တကယ့္ ရီ၀မ္၀မ္အစစ္ကို မသိဘူးဆုိသည္ကုိ ေသခ်ာသြားခဲ့၏ ။
စီရီဟန္သည္ ရီ၀မ္၀မ္၏မွတ္ဥာဏ္ကုိ ထည့္ဖုိ ့ ေရြးခ်ယ္ခဲ့ၿခင္းမွာ ထိုသည္က သူမနွင့္ အသင့္ေတာ္ဆံုး ၿဖစ္ေနေသာေၾကာင့္ပင္ ၿဖစ္သည္ ။

…………………………………………………….

စာစဥ္ ၅၀၊ အခန္း ၈ ။  ကုိယ့္ကိုယ္ကုိ ေမ့ေနၿခင္း 

ရီ၀မ္၀မ္သည္ သူမ ၿပန္လည္မေမြးဖြားလာခင္က နက္နက္ရိႈင္းရိႈင္း အိပ္ေမြ ့ခ်ခံခဲ့ရၿပီး မွတ္ဥာဏ္မ်ား အဖ်က္ခံခဲ့ရသည္ကုိလည္း လံုး၀ ေသခ်ာေနမိ၏ ။
ထုိ ့ေၾကာင့္သာလ်ွင္ သူမသည္ ၿပန္လည္ ေမြးဖြားလာသည့္ အခ်ိန္တြင္ပင္ သူမကုိယ္သူမ ရီ၀မ္၀မ္ဟုသာ ထင္ၿမင္ေနမိၿခင္း ၿဖစ္ေလသည္ ။ သုိ ့ေသာ္
အခု ဤဒုတိယေၿမာက္ဘ၀တြင္မူ အေၿပာင္းအလဲတခိ်ဳ့ေၾကာင့္ အမွန္တရားကုိ
သူမ ေတြ ့ရွိလာခဲ့ရေလသည္ ။

ထုိသုိ ့ ေတြးမိေနရင္း ရီ၀မ္၀မ္၏ မ်က္၀န္းထဲ စိတ္ရႈပ္ေထြးမႈေလးတစ္စ ထြက္လာသည္ ။ 

အဟက္…ဒါက လံုး၀ကုိ အဓိပၸာယ္မဲ့လြန္းတယ္ ။
ငါ နွစ္ၾကိမ္တုိင္တုိင္ အသက္ရွင္လာခဲ့ရတာေတာင္မွ နွစ္ဘ၀စလံုးကုိ ကုိယ့္ဘ၀ကုိ ေမ့ၿပီး သူမ်ားဘ၀နဲ ့ ေနေနခဲ့ရတာပဲ ။ 

သုိ ့ေသာ္လည္း စီရီဟန္သည္ တကယ့္ရီ၀မ္၀မ္ နွင့္
လံုး၀ သူစိမ္း ၿဖစ္ေနရ့ဲသားနွင့္ အဘယ္ေၾကာင့္ သူမကုိ ရီ၀မ္၀မ္ဘ၀နွင့္ ေနခုိင္းေစသည္ကုိ သူမ နားမလည္နုိင္ပါေခ် ။
စီရီဟန္ထံတြင္ ေၿပာၿပလုိ ့မရသည့္ အခဲအခဲတစ္ခ်ိဳ ့၊
သုိ ့မဟုတ္ လ်ိဳ ့၀ွက္ခ်က္တခ်ိဳ ့ ရွိေနၿခင္းေၾကာင့္ေပလား ။

သုိ ့ဆုိလ်ွင္ သူမနွင့္စီရီဟန္ သိက်ြမ္းလာခဲ့ၿခင္းမွာ အခ်ိန္အၾကာၾကီး ၾကာၿပီဟု ေၿပာလို ့ ရနုိင္ေပသည္ ။
သုိ ့ဆုိပါက ဟုိးအရင္က သူမနွင့္ စီရီဟန္၏ ဆက္ဆံေရးမွာ မည္သုိ ့ ၿဖစ္ခဲ့သည္နည္း ။  ခ်စ္သူရည္းစားလား ၊ သူငယ္ခ်င္းမိတ္ေဆြလား၊ သုိ ့တည္းမဟုတ္ ရန္သူေပလား ။

ထုိ ့ၿပင္ သူမ၏မိဘနွစ္ပါးက မည္သူေတြေလနည္း ။

သူမထံတြင္ ေမာင္နွမသားခ်င္းေရာ ရွိေလသလား ။

ခံစားခ်က္တို ့မ်ိဳးစံုမွာ ရီ၀မ္၀မ္ကုိ ရုိက္ခတ္လုိ ့ေနသည္ ။
သုိ ့တုိင္ သူမအေနၿဖင့္ ဘယ္ကေန စစံုစမ္းရမည္မွန္း မသိပါေခ် ။ ထုိဆန္းၾကယ္လြန္းလွသည့္
လ်ိဳ ့၀ွက္နက္နဲမႈၾကီးကို သူမ အေၿဖရွာလုိပါလ်ွင္
သူမ လုပ္ရမည္မွာ စီရီဟန္ကို ရွာ၊ ထုိ ့ေနာက္တြင္ ဟိုးအစကေန အဆံုးအထိ ၿဖစ္ပ်က္ခဲ့သမ်ွ အရာအားလံုးကုိ ေၿဖရွင္းခ်က္ေတာင္းရန္သာ ၿဖစ္သည္ ။

သုိ ့ေသာ္လည္း အခုလုိ အေၿခအေနမိ်ဳးတြင္ စီရီဟန္သည္ ေၿမလ်ိဳးမုိးပ်ံ သြားခဲ့ၿပီး ရႊီရီသည္ပင္လ်ွင္ သူ၏အရိပ္ကို မဖမ္းနုိင္ ၿဖစ္ေနေလရာ ထိုစိတ္ကူးမွာ အေတာ္ေလး ရယ္ေမာစရာ ေကာင္းလွေပသည္ ။

အေၿခအေနသည္ မည္သုိ ့ပင္ ၿဖစ္ေနပါေစ၊
ရီ၀မ္၀မ္သည္လည္း အေၿဖမရွာနုိင္ဘူး ဆုိမွေတာ့
သူမအေနၿဖင့္ ထုိသည္နွင့္ ပတ္သက္သည့္အေတြးတုိ ့ကို
ရပ္တန္ ့ပစ္လုိက္ရမည္သာ ။

ခနအတြင္း ရီ၀မ္၀မ္သည္ ပြဲရံုသုိ ့ ေရာက္ရွိသြား၏ ။

ရံုတြင္ လူပင္လယ္ၾကီး ၿဖစ္ေနၿပီး အၿပင္ဘက္တြင္ ပရိသတ္မ်ားၿဖင့္ က်ိတ္က်ိတ္တုိးေန၏ ။

ရီ၀မ္၀မ္သည္ ကားရပ္လုိက္ၿပီးေနာက္ ပြဲအစီအစဥ္က ၀န္ထမ္းမ်ား ေရာက္လာၾကသည္ ။

"မဂၤလာ ပါ၊ အကုိေလး…အဲ…မမေလး ၀မ္၀မ္"

လူလတ္ပုိင္းအရြယ္ရွိသည့္ ေခါင္းေဆာင္ၿဖစ္သူ သည္ အနည္းငယ္ ရွက္ေသြးၿဖာလ်က္ ရီ၀မ္၀မ္ကုိ ၾကည့္ေနသည္ ။ နာမည္ေက်ာ္ အထင္ကရ ရီပုိင္သည္ မိန္းကေလးကေန ေယာက်ာ္းေလးလုိ ေၿပာင္း၀တ္ထားၿခင္းကုိ
သူ သိၾကားေနရသည့္တုိင္ တကယ္ကုိယ္တုိင္ ၾကံဳေတြ ့လုိက္ရသည့္ အခ်ိန္တြင္ ေက်ာက္ရုပ္ၾကီးလုိ ၿဖစ္သြားမိေပ သည္ ။

"အင္း"  ရီ၀မ္၀မ္သည္ ယဥ္ယဥ္ေက်းေက်းပင္ ၿပံဳးၿပလုိက္သည္ ။

ထုိအၿပံဳးသည္ ထုိလူရြယ္ကုိ အၾကည့္မလႊဲနုိင္ ၿဖစ္သြားေစ၏ ။ သူေလး၏ ရုပ္ရည္သည္ အႏိႈင္းအဆမဲ့ ေခ်ာလြန္းလွ၏ ။ သို ့ေသာ္ အနုပညာ ေလာကထဲတြင္ အေရၿခံဳ အသက္မဲ့လွေသာ စကၠဴပန္းမ်ားနွင့္ေတာ့ အလွခ်င္း ၿခားနားလွေပသည္ ။ သူမေလး၏ အလွသည္ကား ၿပစ္မ်ိဳးမွဲ့မထင္ကာ ပင္လယ္သမုဒၵရာေပၚ ထုိးက်ေနသည့္ သူရိန္ေနမင္းၾကီးလို၊ သီးၿခားၿဖစ္တည္ေနသည့္ မဟာသဲကႏၱာရၾကီးလုိ ။

တခနေလာက္ မင္သက္ေနမိၿပီးေနာက္တြင္ ထုိလူငယ္သည္ အရွက္ေၿပ ေခ်ာင္းဟမ့္လာသည္ ။ ထုိ ့ေနာက္တြင္ ရီ၀မ္၀မ္ကုိ ၾကည့္လုိက္ၿပီး ၿပံဳးကာ ေၿပာလာသည္ ။ 

"မမေလး ရီပုိင္…က်ြန္ေတာ့္ေနာက္က လုိက္ခဲ့ေပးပါ ။ ရွန္းယြီက အခု မိတ္ကပ္လိမ္းေနလုိ ့ မမေလးကုိ ကိုယ္တုိင္ ထြက္မၾကိဳနုိင္တာပါ"

"ရပါတယ္" ရီ၀မ္၀မ္သည္ အသာေလး ေခါင္းညိတ္ၿပလုိက္ၿပီး ထုိ၀န္ထမ္းေနာက္ကေန လုိက္သြားသည္ ။ 

ပြဲခန္းမထဲတြင္ တစ္ခ်က္တစ္ခ်က္ လက္ခုပ္သံ တေၿဖာင္းေၿဖာင္း ထြက္လာတတ္သလို ေအာ္ဟစ္အားေပးသံတုိ ့လည္း ညံထြက္လာတတ္သည္ ။ ရီ၀မ္၀မ္သည္ အထဲကုိ ေရာက္ေနသည့္တုိင္ ဟန္ရွန္းယြီ၊ ကုန္ရႊီ နွင့္ လ်ိဳခ်န္း တုိ ့ကို ေအာ္ဟစ္အားေပးေနၾကသံကို ၾကားေနရဆဲပင္ ၿဖစ္၏ ။

ရီ၀မ္၀မ္ အံ့ၿသမိေနသည္မွာ တခ်က္တခ်က္တြင္ ပရိသတ္မ်ား ဆီကေန 
"ရီပုိင္" ဟု ေအာ္ဟစ္အားေပးေနသံ ထြက္ထြက္လာၿခင္းပင္ ။

သုိ ့နွင့္ သူမ အေနာက္ဘက္ကုိ ေလ်ွာက္သြားလုိက္သည့္ အခုိက္ ကုန္ရႊီနွင့္ လ်ိဳခ်န္းသည္ အ၀တ္လဲခန္းကေန ထြက္လာၾကေလသည္ ။

"အစ္ကုိ ရီ"

လ်ိဳခ်န္းသည္ ရီ၀မ္၀မ္ကုိ ၿမင္လုိက္သည္နွင့္ ခ်က္ခ်င္း ႏႈတ္ဆက္လာသည္ ။

ကုန္ရႊီသည္ကေတာ့ ရီ၀မ္၀မ္ကို လ်ိဳခ်န္း၏ဖုန္းကုိ ကုိင္ကာ
သူ ့ဖုန္းကုိက် မကိုင္ၿခင္းအတြက္ အၿပစ္တင္လုိက္မည္ဟု ေမာ့ၾကည့္လုိက္ေလသည္ ။ သို ့တြင္ သူမေလးကို ၿမင္လုိက္ၿပီး သူ စကားမေၿပာနုိင္ ၿဖစ္သြား၏ ။ သူ၏နားရြက္ဖ်ားတုိ ့သည္လည္း နီရဲသထက္ နီရဲလာေလသည္ ။

တခနေလာက္ ၾကာၿပီးေတာ့မွ ကုန္ရႊီသည္ စိတ္နွင့္ ကုိယ္ ၿပန္ကပ္သြားၿပီး တိတ္တိတ္ေလး ေတြးေတာေနသည္ ။

ေသာက္ က်ိဳး နဲ

ငါ့အေရွ့မွာ ရပ္ေနတဲ့သူက တစ္ေယာက္ထဲပဲဟာ ။ အစ္ကုိ ရီ လုိ ့ မခံစားမိဘဲ ဘာလို ့ တၿခားတစ္ေယာက္လိုမ်ိဳး ခံစားခ်က္ရေနတာလဲ ။

………………………………………………………

စာစဥ္ ၅၀၊ အခန္း ၉ ။  နားေထာင္ခ်င္တဲ့သူက ငါ မဟုတ္ဘူး 

ကုန္ရႊီသည္ လ်ိဳခ်န္းနား တိတ္တိတ္ေလး ကပ္သြားၿပီး တုိးတိုးေလး ေၿပာလုိက္သည္ ။ 

"ငတံုးေကာင္…အစ္ကုိ ရီ ဒီေန ့ တစ္မ်ိဳးၿဖစ္ေနတယ္လုိ ့ မထင္ဘူးလား"

လ်ိဳခ်န္းက သူ ့ကို ၿပန္ၾကည့္လာသည္ ။ 

"မထင္ဘူး"

အစ္ကုိ ရီ က အစ္ကုိ ရီ ပဲဟာ ။ ဘာကုိ တမ်ိဳးၿဖစ္ရမွာလဲ ။

ကုန္ရႊီက ေၿပာလာသည္ ။

"သူ ့ရဲ့ အရွိန္အ၀ါေလ…အရွိန္အ၀ါ…အရွိန္အ၀ါ ေၿပာင္းသြားၿပီကြ ။ အရင္က သၾကားလံုးေလးက ခ်ိဳၿမိန္တယ္၊ ႏူးည့ံတယ္ ၊ ဒါေပမယ့္ အခု အစ္ကုိ ရီ က်ေတာ့ လံုး၀ကုိ ခန္ ့ညားေနတယ္ ။ သူ ့ရဲ့ အုပ္ထားတဲ့ အလႊာက ကြာက်ေနသလုိမ်ိဳး…မင္း ဒါေလးေတာင္ မၿမင္ဘူးလား"

လ်ိဳခ်န္းက ၿပန္ေၿဖသည္ ။  "မၿမင္ဘူး"

ကုန္ရႊီသည္ အားမလုိ အားမရ ၿဖစ္သြားသည္ ။

"ထားလုိက္ေတာ့ ။ မင္းလုိ အေၿဖာင့္စစ္စစ္ၾကီးက အဲ့ဒါကုိ ၿမင္နုိင္မွသာ ထူးဆန္းေနမွာ"

လ်ိဳခ်န္း ။   "…"

သူ ေၿပာသြားတာ တခုခုလြဲေနတာကုိေရာ သတိထားမိရ့ဲလား ။

ကုန္ရႊီသည္ လ်ိဳခ်န္းကုိ ဂရုစုိက္မေနေတာ့ ။
ရီ၀မ္၀မ္ဆီသုိ ့သာ ေၿပးသြားေတာ့သည္ ။

"အစ္ကုိ ရီ..အစ္ကုိ ရီ…က်ြန္ေတာ္တုိ ့ ဒီည သီခ်င္းတစ္ပုဒ္ေလာက္ တြဲဆုိၾကရင္ မေကာင္းဘူးလား ။ ပါးခ်ိဳင့္ေလး ဆုိရင္ေရာ ဘယ္လိုလဲ ။ ဒါမွမဟုတ္လည္း ကူကယ္ရာမဲ့အခ်စ္တုိ ့၊ ခင္ပြန္းေဟာင္းရဲ့ အခ်စ္တုိ ့၊ ဒါမွမဟုတ္လည္း မင္း ကုိယ့္ကို ဒီေန ့ ၿပန္လက္ထပ္ယူပါ ဆုိရင္ေရာ…"

ထုိသည္တြင္ ရီ၀မ္၀မ္သည္ ဘာသိဘာသာ စိတ္အေနွာင့္အယွက္ ၿဖစ္လာေတာ့ၿပီး အနားက ဆုိဖာေပၚ ထုိင္ခ်လုိက္ကာ…
"မင္းတုိ ့ပဲ ဆုိၾကပါ"

ကုန္ရႊီသည္ မ်က္ေမွာင္ကုတ္သြားသည္ ။ 

"အစ္ကုိ ရီ….အစ္ကုိ ေနလုိ ့ မေကာင္းဘူးလား ။
ဒါမွမဟုတ္ တစ္ခုခု စိတ္ညစ္စရာ ရွိေနလို ့လား"

ထုိတြင္ ရီ၀မ္၀မ္၏ အမူအရာမွာ အနည္းငယ္ ေႏြးပ်လာၿပီး ကုန္ရႊီကုိ ၾကည့္လာသည္ ။ 

"မင္း ေကာင္းေကာင္းေနသေရြ ့ ငါ အဆင္ေၿပတယ္"

ကုန္ရႊီ၏ နားရြက္ဖ်ားတုိ ့ ရဲတြတ္သြားသည္ ။

"အုိး"

ကုန္ရႊီသည္ ရီ၀မ္၀မ္ စိတ္အေၿခအေန မေကာင္းၿခင္းကို သတိၿပဳမိဟန္ တူသည္ ။ ထုိ ့ေၾကာင့္ ရွားေတာင့္ရွားခဲပင္ လိမ္မာေနကာ တည္တည္ၿငိမ္ၿငိမ္ ေနေပးေနေလသည္ ။

ခနအၾကာတြင္ ဟန္ရွန္းယြီသည္ အေလာတၾကီးၿဖင့္
သူတို ့ကုိ လာႏႈတ္ဆက္သည္ ။

"ရီပုိင္…မင္း ေရာက္လာၿပီလား ။ ေဆာရီးကြာ…ငါ ဒီေန ့ နည္နည္း အလုပ္ရႈပ္ေနတယ္"

ရီ၀မ္၀မ္သည္ သူမအေရွ့က ေခ်ာေမာမႈတုိ့ ၿဖာထြက္ေနသည့္ ေယာက်ာ္းကုိ ၾကည့္လုိက္သည္ ။

"ရပါတယ္ ၊ မင္း လုပ္စရာ ရွိတာကုိ လုပ္၊ ငါ့ကို စိတ္မပူနဲ ့။ အိုး…ေမ့ေတာ့မလုိ ့၊ ငါ မင္းကုိ ဂုဏ္မၿပဳရေသးဘူး ။ အနုပညာေလာကထဲ ၀င္တာ ငါးနွစ္ၿပည့္တဲ့အတြက္ ဂုဏ္ၿပဳပါတယ္"

ယေန ့သည္ ဟန္ရွန္းယြီ အနုပညာေလာကထဲ ၀င္ၿခင္း၏ ငါးနွစ္တင္းတင္း ၿပည့္သည့္ ေန့ ၿဖစ္သည္ ။ ထုိ ့ေၾကာင့္ ဟန္ရွန္းယြီသည္ သူ၏ဖန္မ်ားအတြက္ အမွတ္တရပြဲေလး က်င္းပေပးၿခင္း ၿဖစ္ေပသည္ ။

ဟန္ရွန္းယြီသည္ သူမေလးကုိ ၾကည့္လုိက္ၿပီး ေၿပာလာသည္ ။

"ေက်းဇူး"

နာရီ၀က္ၾကာၿပီးသည့္ေနာက္တြင္ ပြဲသည္ တရား၀င္စတင္ေလၿပီ ။ သုိ့ ့နွင့္ ရီ၀မ္၀မ္သည္လည္း ဗြီအုိင္ပီထုိင္ခံုတြင္ သြားထုိင္လုိက္ေတာ့သည္။

ပြဲ၏ ေလဟာၿပင္ကြင္းၿပင္ၾကီးတြင္ ပရိသတ္မ်ားမွာ က်ိတ္က်ိတ္တုိး ။ ညဘက္အခ်ိန္ ၿဖစ္၍ သူတို ့ ယမ္းေနသည့္တုတ္တုိ ့မွာ အလင္းေရာင္တုိ ့ ထြက္ေနသည္ ။

တခနအၾကာတြင္ ဟန္ရွန္းယြီသည္ စင္ၿမင့္ေပၚသုိ ့ တက္သြားသည္ ။

"တက္ေရာက္လာေပးတဲ့အတြက္ အားလံုးကုိ ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ"

ဟန္ရွန္းယြီသည္ ႏႈတ္ခမ္းထက္တြင္ အၿပဳံးတစ္စ တြဲလြဲခုိလ်က္ ပရိသတ္မ်ားကုိ ေ၀့ၾကည့္လုိက္သည္ ။

ခ်က္ခ်င္းပင္ ပြဲရံုၾကီးထဲက ပရိသတ္မ်ားမွာ စိတ္လႈပ္ရွားသြားၾကၿပီး ပြက္ေလာညံလာၾကသည္ ။ 

"အားးးးး…ရွန္းယြီ…ရွန္းယြီ…"

"ရွန္းယြီ…ခ်စ္တယ္"

"ဒီေန ့ က်ြန္ေတာ့္ရဲ့ သူငယ္ခ်င္းေတြေကာင္းေတြကိုလည္း ဖိတ္ေခၚထား ပါတယ္ ။ မင္းတုိ ့အားလံုးလည္း သူတုိ ့နဲ ့ ရင္းနွီးၿပီးသား ၿဖစ္မွာပါ"

ဟန္ရွန္းယြီ ထုိသုိ ့ ေၿပာလုိက္ၿပီးေနာက္တြင္ ကင္မရာသမားမ်ားသည္ ဗြီအုိင္ပီထုိင္ခံုတြင္ ထုိင္ေနၾကသည့္ ကုန္ရႊီ၊ လ်ိဳခ်န္း နွင့္ ရီ၀မ္၀မ္တုိ ့ကုိ မီးထုိးၿပလုိက္ၾကသည္ ။

တမုဟုတ္ခ်င္းပင္ ပရိသတ္ထုၾကီးမွာ ၀က္၀က္ကြဲ ေအာ္ဟစ္အားေပး လာကုန္ၾက၏ ။

တစ္ခ်ိန္တည္းတြင္ အမည္မရွိေသာနန္နွင့္ ပန္းစည္းတုိ ့အဖြဲ ့သည္ လည္း ထုိပြဲရံုၾကီး၏ အၿပင္ဘက္ကေန ခုိးေၾကာင္ခုိး၀ွက္ လုပ္ေနၾက ေလသည္ ။

"ကပၸတိန္…က်ြန္ေတာ္တုိ ့က မနက္ၿဖန္ ၿပန္သြားၾကမယ့္ ဟာကို ။ ဒီေလာက္ညဥ့္နက္ေနမွ ဘာကိစၥ ဒီကုိ လာေနေသးတာလဲ"
သူေတာ္စင္သည္ ေခါင္းကုိ တဗ်င္းဗ်င္း ကုတ္ကာ ေၿပာလာၿခင္း ။ 

"ဒီပြဲကုိ လာၾကည့္တာေပါ့ကြ"
အမည္မရွိေသာနန္သည္ သူေတာ္စင္ကို ၿပန္ၾကည့္ေပးလုိက္သည္ ။

"ပြဲ...ဟုတ္လား"

ပန္းစည္းသည္ အံ့အားသင့္သြားၿပီး သူ ့အိတ္ကပ္ထဲကုိ အမွတ္တမဲ့ လွမ္းစမ္းမိလုိက္၏ ။  

"ကပၸတိန္…လက္မွတ္ေတြက ေစ်းမနည္းဘူးေနာ္ ။
အဲ့ဒီ ေသာက္စကားထစ္ရဲ့ ေငြေတြအကုန္လံုးကုိ
ကပၸတိန္ ၿဖဳန္းထားၿပီးသြားၿပီ မဟုတ္ဘူးလား"

"ဟုတ္သားပဲ၊ ကပၸတိန္ရာ ။ ပုိက္ဆံလည္း မရွိဘဲနဲ ့
ဘာလို ့ ပြဲလာၾကည့္ေနေသးတာလဲ ။ ဒီေနရာကေနပဲ လွမ္းနားေထာင္ေနလဲ ရရဲ့သားနဲ့ ။ ကပၸတိန္ လုိခ်င္ရင္ အင္တာနက္ကေန က်ြန္ေတာ္ ေဒါင္းလုတ္ ဆြဲေပးမယ္ေလ"

သူေတာ္စင္သည္ အမည္မရွိေသာနန္ကုိ ၾကည့္လာသည္ ။ ကပၸတိန္သည္ ဘာေၾကာင့္ ရုတ္တရက္ၾကီး အနုပညာရွင္ေတြေနာက္ လုိက္ေခ်ာင္းရသည့္ ၀ါသနာပါလာၿခင္းကုိ သူ မသိနားမလည္နုိင္ ၿဖစ္ေန၏ ။

"မင္းတုိ ့ ဘာမွ မသိဘူး"

အမည္မရွိေသာနန္က သူတုိ ့ကို မ်က္လံုးလွန္ ၾကည့္လာသည္ ။

နားေထာင္ခ်င္ေနတဲ့သူက ငါ မဟုတ္ဘူးကြ ။

မေကာင္းဆုိး၀ါးေလးက ဒီည ဗြီဒီယုိေကာလ္ ထဲကေန
သူ ့မာမီ သီခ်င္းဆုိတာကုိ နားေထာင္ခ်င္ေနလုိ့ ။

သူသည္ မနက္ၿဖန္ ထြက္သြားရေပမည္ ။ မနက္ၿဖန္ၿပီးတာနဲ ့ မေကာင္းဆုိး၀ါးေလးကို ညီမေလး ေက်ာ္ၾကားေသာနဲ ့ ဗြီဒီယုိေကာလ္ ေၿပာခြင့္ေပးလုိလ်ွင္ပင္ သူ လုပ္ေပးနုိင္ေတာ့မည္ မဟုတ္ေပ ။
ယေန ့ညသည္ သူ၏ေနာက္ဆံုးေသာ အခြင့္အေရး ၿဖစ္၏ ။

ထုိ ့ေၾကာင့္ ဥာဏ္နီဥာဏ္နက္ အကုန္ ထုတ္ၿပီးသြားသည့္ ေနာက္တြင္ ထုိသုိ ့ လုပ္ဖုိ ့ရာ အၾကံေပၚလာခဲ့ၿခင္း ၿဖစ္၏ ။

……………………………………………………..

စာစဥ္ ၅၀၊ အခန္း ၁၀ ။ ရုတ္တရက္ၾကီး ႏူးည့ံသြားၿခင္း 

အုတ္သယ္သည့္ နုိင္ငံၿခားသားသည္ ေခါင္းကို တဗ်င္းဗ်င္း ကုတ္လုိက္ၿပီး…
“ဒါေပမယ့္ က-ကပၸတိန္၊ က်ြန္ေတာ္တုိ ့မွာ လက္မွတ္ မရွိဘူး ။ ဘယ္လိုလုပ္ ၀င္မွာလဲ”

ပန္းစည္းက ေၿပာလာသည္ ။

“ဒီေလာက္ဟာေလးမ်ား ကပၸတိန္အတြက္ ဘာမ်ား ခက္လုိ ့လဲ”

အမည္မရွိေသာနန္သည္ ပြဲအၿပင္ဘက္ကေန ေလ့လာစူးစမ္းၾကည့္ေနသည္ ။ ထုိပြဲခန္းမၾကီးကုိ အလြန္တရာၿမင့္လွသည့္ တံတုိင္းၾကီးက ကာေပးထားၿပီး မီးတုိင္အၿမင့္ၾကီးလည္း မ်ားၿပားစြာ ရွိေနၾကသည္ ။

အမည္မရွိေသာနန္သည္ ထုိမီးတုိင္အၿမင့္ၾကီးေပၚ ခုန္တက္လိုက္သည္ ။

မၾကာခင္ပင္ ဟုိးထိပ္ကို ေရာက္သြားၿပီးေနာက္ ေရွာေရွာရွဴရွဴပင္ အုတ္တံတုိင္းၾကီးေပၚ ကူးေၿပာင္းလုိက္သည္ ။ 

သူ အခု ၾကည့္ေနသည့္ ေနရာမွာ ဗြီအုိင္ပီေနရာမ်ားထက္ပင္ ပိုေကာင္းေပသည္ ။

အုတ္သယ္သည့္နုိင္ငံၿခားသားသည္ ေခါင္းကို တဗ်င္းဗ်င္း ကုတ္ကာ…
“ကပၸတိန္က လက္မွတ္မ၀ယ္ဘဲ ခုိး၀င္မလုိ ့လား”

ပန္းစည္းသည္ မ်က္ခံုးပင့္တက္သြား၏ ။ 

“ခ်စ္စရာေလးရာ…ငါတုိ ့က ငါတုိ ့ရဲ့ကိုယ္ပုိင္အစြမ္းအစနဲ ့ ၀င္တာေလ ။ ဒါကုိ ဘယ္လုိလုပ္ၿပီးေတာ့ လက္မွတ္မပါဘဲ ခုိး၀င္တယ္ ၿဖစ္ရမွာလဲ”

သူေတာ္စင္သည္ ေခါင္းအၾကမ္းပတမ္း ညိတ္ၿပလာသည္ ။
“ဟုတ္တယ္၊ ဟုတ္တယ္”

ေရခဲတံုးေယာက်ာ္း ။  “…”

စင္ၿမင့္ထက္တြင္ ဟန္ရွန္းယြီသည္ ေနာက္ဆံုးသီခ်င္းကုိ ဆုိၿပီးသြားၿပီ ၿဖစ္ေသာေၾကာင့္ ခန္းမၾကီးမွာ အားေပးသံညံမစဲ ၿဖစ္သြားၾက၏ ။ 

“အား….ရွန္းယြီ…နတ္သားေလး ရွန္းယြီ…”

“ခ်စ္တယ္…ရွန္းယြီ”

ဟန္ရွန္းယြီသည္ စင္ေအာက္ကေန သူ ့ကို ေအာ္ေခၚေနၾကသည့္ ပရိသတ္မ်ားကုိ ႏူးညံ့စြာ ၿပံဳးၾကည့္လာသည္ ။ 

“ေနာက္ဆံုးေတာ့ က်ြန္ေတာ္တုိ ့ရဲ့ ဒီည အထူးဧည့္သည္ေတာ္မ်ားကုိ ဖိတ္ေခၚလုိက္ရေအာင္လားဗ်ာ”

ဟန္ရွန္းယြီ၏စကားကုိ ၾကားလုိက္သည္နွင့္ ပရိသတ္မ်ား စိတ္အလႈပ္ရွားၾကီး လႈပ္ရွားသြားၾကၿပီး အားလံုးနီးပါးပင္ ေအာ္ဟစ္အားေပးလာၾကသည္ ။ 

ပရိသတ္ပင္လယ္ၾကီးဆီကေန ကုန္ရႊီ၊ လ်ိဳခ်န္း ႏွင့္ ရီပုိင္ တုိ့ကို ေအာ္ေခၚကာ ေသာင္းေသာင္းဖ်ဖ် အားေပးလာၾကသည္ ။ 

ရီ၀မ္၀မ္သည္ ကုန္ရႊီနွင့္ လ်ိဳခ်န္းကို ဦးေဆာင္ကာ စင္ၿမင့္ထက္သုိ ့ တက္သြားသည္ ။

ေလးေယာက္သား ေရွ့ဆင့္ေနာက္ဆင့္ စင္ၿမင့္ထက္တြင္ ရပ္လုိက္ၾကခ်ိန္ ပရိသတ္မ်ားမွာ စိတ္လႈပ္ရွားလြန္ၿပီး ေမ့လဲက်ေတာ့မလို ၿဖစ္သြားသည္ ။

“အားးးး…ငါ့ရဲ့ ရင္သပ္ရႈေမာစရာေကာင္းေလာက္ေအာင္ ေခ်ာတဲ့ နတ္သားေလးမ်ား အဖြဲ ့က အရမ္းၾကီး ေခ်ာလြန္းလုိက္တာ”

“နတ္သားေလးမ်ား အဖြဲ ့! နတ္သားေလးမ်ား အဖြဲ ့ !
နတ္သားေလးမ်ား အဖြဲ ့ !!!”

ဟန္ရွန္းယြီသည္ ခန္ ့ထည္ၿပီး ေယာက်ာ္းဆန္သည့္ အၿဖဴေရာင္၀တ္စံုကုိ ၀တ္ဆင္ထားကာ လ်ိဳခ်န္းသည္ ဗစ္တုိးရီးယားစတုိင္ ေကာ္လံအၿမင့္နွင့္ အက်ီၤကုိ ၀တ္ဆင္ထားၿပီး ကုန္ရႊီသည္ကား လင္းေတာက္ေနသည့္ ၀တ္စံုကုိ ၀တ္ဆင္ထားသည္ ။ အားလံုးသည္ ေခ်ာေမာၿပီး ရင္သပ္ရႈေမာစရာ ေကာင္းလွသည္ခ်ည္း ၿဖစ္ၾကေသာ္လည္း မတူကြဲၿပားသည့္ အရွိန္အ၀ါကုိယ္စီ ရွိေနၾကၿပီး မတူညီသည့္ စရုိက္တုိ ့ ရွိၾကသည္ ။

ရီ၀မ္၀မ္သည္ကား အခုလို ရွားေတာင့္ရွားခဲ ပြဲမ်ိဳးတြင္ မိန္းကေလးလုိ ၀တ္စားထားေလသည္ ။
မိန္းကေလးလုိ ၀တ္ဆင္ထားလ်က္နွင့္ပင္ လူထုၾကီးက အၾကည့္မလႊဲနုိင္ေလာက္ေအာင္ကုိ လြတ္လပ္ေပါ့ပါးကာ ဆြဲေဆာင္မႈ ရွိေနေလသည္ ။ သူမေလးသည္ အမွန္ပင္ ေယာက်ာ္းေရာ မိန္းမေရာကုိ ေၿခြယူနုိင္သူတည္း ၿဖစ္ေပသည္ ။

ဟန္ရွန္းယြီသည္ ပရိသတ္မ်ားကုိ ဧည့္သည္ေတာ္မ်ားနွင့္ မိတ္ဆက္ေပး ေနသည္ ။  ထိုအခုိက္ ကုန္ရႊီသည္ တိတ္တိတ္ေလး အနားတုိးကပ္ လာၿပီး ရီ၀မ္၀မ္ကုိ တုိးတိုးေလး ေၿပာသည္ ။ 

“အစ္ကုိ ရီ…အစ္ကုိ တကယ္ၾကီး ပါးခ်ိဳင့္ေလး မဆုိေတာ့ဘူးလား ။ ဒီလိုအခြင့္အေရးက ရခဲတယ္ေနာ္”

ရီ၀မ္၀မ္သည္ ထံုးစံအတုိင္း သူ ့ကို လ်စ္လ်ဴရႈထားလုိက္သည္ ။

ဟန္ရွန္းယြီ စကားေၿပာၿပီးသြားသည့္အခ်ိန္တြင္ သာယာဖြယ္ ေတးဂီတံသံေလးတစ္သံသည္ စတင္ကာ တီးခတ္လာသည္ ။

ထုိစဥ္….

အုတ္တံတုိင္းအၿမင့္ၾကီးေပၚမွ ၾကည့္ရၿခင္းမွာ
ထုိစင္ၿမင့္နွင့္ ေတာ္ေတာ္ေလး နီးကပ္သလုိ ထုိစင္ၿမင့္သည္ ေတာ္ေတာ္ေလးလည္း က်ယ္ေၿပာေပသည္ ။ သုိ ့ေသာ္ ကင္မရာသမားမ်ားအတြက္ေတာ့ ထုိအုတ္တံတုိင္းၾကီးေပၚက အရာတုိ ့မွာ အစက္အေၿပာက္ေလး ေလာက္သာ ၿမင္နုိင္၏ ။ ထုိ ့ေၾကာင့္ ပရိသတ္မ်ားနွင့္ လံုၿခံဳေရး၀န္ထမ္း မ်ားသည္ အုတ္တံတုိင္းေပၚက အဖြဲ ့ကုိ လံုး၀ သတိၿပဳမိၿခင္း မရွိၾကပါေခ် ။ ထုိ ့ၿပင္ တစ္ေယာက္ေယာက္သည္ ထုိေလာက္ ၿမင့္မားလြန္းသည့္ တံတုိင္းၾကီးေပၚသုိ ့ တက္ၾကည့္ေနလိမ့္မည္ ဟုလည္း မထင္ထားမိၾကပါေခ် ။

အမည္မရွိေသာနန္သည္ ရီ၀မ္၀မ္ စင္ၿမင့္ေပၚကုိ တက္လာၿပီ ဆုိသည္နွင့္ ခ်က္ခ်င္း ဗြီဒီယုိေကာလ္ကုိ နွိပ္ေတာ့၏ ။

စခရင္မ္မွာ ဖ်တ္ခနဲ ပြင့္သြားၿပီး မေကာင္းဆုိး၀ါးေလး၏ ေအးစက္စက္၊ ရႈတည္တည္ မ်က္နွာေလး ေပၚလာသည္ ။

မေကာင္းဆုိး၀ါးေလးက ေမးသည္ ။
“တစ္ခုခု လုိလုိ ့လား”

အမည္မရွိေသာနန္သည္ ခ်က္ခ်င္းပင္ ဖုန္းကို လွည့္လုိက္ၿပီး
စင္ၿမင့္ထက္က ရီ၀မ္၀မ္ရွိရာဆီ ထိုးၿပလုိက္သည္ ။ 

“မင္းမာမီ သီခ်င္းဆုိတာကုိ မၾကားခ်င္ဘူးလား ။ ၿပိဳင္တူ ဆုိၾကမွာ ဆုိေပမည့္လည္း နားေထာင္လုိ ့ေတာ့ ရပါေသးတယ္”

သူ ့စကားကုိ ၾကားလုိက္သည္တြင္ တစ္ဖက္က မေကာင္းဆုိး၀ါးေလး၏ အသံမွာ တိတ္က်သြားသည္ ။

အမည္မရွိေသာနန္သည္ မေကာင္းဆုိး၀ါးေလး ဘာလုပ္ေနသည္နည္းဟု ဖုန္းလွည့္ၾကည့္ေတာ့မည္ လုပ္လုိက္၏ ။ ထုိတြင္ မေကာင္းဆုိး၀ါးေလး၏ အသံကုိ ၾကားလုိက္ရေလသည္ ။

“ေက်းဇူးတင္ပါတယ္၊ ဦးေလး”

အမည္မရွိေသာနန္ ။  “…”

ဟမ္…မေကာင္းဆုိး၀ါးေလးက ငါ့ကုိ “ဦးေလး” လုိ ့ ေခၚတယ္၊ ၿပီးေတာ့လည္း ဒီေန ့တစ္ေန ့ထဲကုိ နွစ္ၾကိ္မ္ၾကီးမ်ားေတာင္ ။

မေကာင္းဆုိး၀ါးေလးက ရုတ္တရက္ၾကီး ငါ့ကို ဒီေလာက္ ႏူးႏူးညံ့ည့ံေလး ဆက္ဆံေပးေနတာ ၊ ငါ ေနေတာင္မေနတတ္ ေတာ့ဘူး…

အား…ဒီလုိၾကီးက်ေတာ့လည္း ငါ လန္ ့လြန္းလုိ ့ ေသေတာ့မွာပဲ ။

………………………………………………………

စာစဥ္ ၅၀၊ အခန္း ၁၁ ။ အၿပင္းဆံုအးရက္ကုိ ေသာက္ 

စင္ၿမင့္ထက္တြင္ ေရွးေခတ္တီးလံံုး တီးခတ္ၿခင္း ၿပီးဆံုးသြားေလၿပီ ။

ဟန္ရွန္းယြီသည္ မိုက္ကရုိဖုန္းကို ေၿမွာက္ကုိင္လုိက္ၿပီး စတင္ကာ ဆုိလာသည္ ။ 

“စြပ္ၿပဳတ္ေႏြးေႏြးေလးတစ္ခြက္နဲ့…မင္းေလးရဲ့စိတ္ေလး ရွင္းသြားၿပီ ။ ဒီသူရဲေကာင္းၾကီးရဲ့ နွလံုးသားမွာ ေသြးစက္လက္က်ခဲ့ၿပီးၿပီ ။ ဓားတစ္လက္နဲ ့ စြန္းစားသြားလာခဲ့ၿပီးၿပီ”

ကုန္ရႊီသည္ ပရိသတ္မ်ားကုိ ညွိဳ့ၿပံဳးၿပံဳးကာ ဆုိလာသည္ ။
“ဘယ္သူ ေစာင့္ေနလဲ မေမးပါနဲ ့။ ဓားက ေလကို ခြင္းလုိက္ခ်ိန္… မင္းရဲ့လည္တုိင္ေလးကုိ ညင္ညင္သာသာေလး နမ္းရိႈက္သြားတယ္”

လ်ိဳခ်န္း ဆုိသည္ ။
“ေအာင္ၿမင္မႈနဲ ့ ရႈံးနိမ့္မႈက ဒြန္တြဲေနတယ္…ေသၿခင္းနွင့္ရွင္ၿခင္းက တစ္ဖက္တစ္ခ်ပ္မွာ…တိတ္ဆိတ္တဲ့ည…အသက္မဲ့တဲ့ေလထဲ…ခါးသက္စြာ ေသာက္ေနဆဲ”

လ်ိဳခ်န္း၏ သီးသန့္ဆန္ၿပီး တင္းက်ပ္သည့္စရုိက္နွင့္ သုိင္းကားတြင္ ပါ၀င္ရုိက္ကူးထားသည့္ ေနာက္ခံ…ထုိသည္တုိ ့မွာ အခုုသီခ်င္းနွင့္ အေတာ္ေလး လုိက္ဖက္ပနံ ရလွေပသည္ ။

ရီ၀မ္၀မ္၏ မ်က္၀န္းထဲတြင္ အလင္းတစ္ခ်က္ ၿပိဳးၿပက္လာသည္ ။ 
“မနက္ခင္းနဲ ့ ေန၀င္ခ်ိန္ ငါ့ရ့ဲဓားနဲ့ ဒီေလာကကို
သန္ ့စင္မယ္ ။ အၿပင္းဆံုးအရက္ကို ေသာက္ၿပီး…အေခ်ာဆံုးလူကို ခ်စ္…က်ယ္ေၿပာလွတဲ့ မိုးသားေအာက္မွာ ပင္လယ္လိႈင္းေတြ ရုိက္ခတ္ေနတာကို ငါ ရႈစားမယ္”

“အား…ရီပုိင္…ရီပုိင္…”

“နတ္ဘုရားမေလး…ငါ့ကို လက္ထပ္ပါ”

“အစ္ကုိ ရီပုိင္…အစ္ကုိ ရီပုိင္ က်ြန္မ ရွင္နဲ့ အိပ္ခ်င္တယ္”

“ဘုရားေရ…ညီမ အစ္ကုိ ့အတြက္ သားသား၊ မီးမီး အၿမြာပူးေလး ေမြးေပးခ်င္တယ္”

ရီ၀မ္၀မ္သည္ အခုခ်ိန္တြင္ မိန္းကေလးလို ၀တ္စားထားေသာ္လည္း စင္ေအာက္ထက္တြင္ ရွိေနၾကသည့္ မိန္းကေလးမ်ား၏ ေအာ္သံတုိ ့မွာ စဲသြားၿခင္း မရွိၾက ။ သူမ၏ ေက်ာ္ၾကားမႈသည္လည္း ဟန္ရွန္းယြီတုိ ့ထက္ တစ္ၿပားသားမွ ေလ်ာ့က်ၿခင္း မရွိပါေခ် ။

“က်ယ္ေၿပာလွတဲ့ မိုးသားေအာက္မွာ ပင္လယ္လိႈင္းေတြ ရုိက္ခတ္ေနတာကုိ ငါ ရႈစားမယ္” ဆုိသည့္ အပုိင္းကုိ
ရီ၀မ္၀မ္ ဆုိၿပီးသြားသည့္ေနာက္တြင္
ကုန္ရႊီသည္ ဟန္ရွန္းယြီ ၾကည့္လာၿခင္းကိုေရာ၊
သူ ဆုိရမည့္ စာသားကုိေရာ ေမ့သြားေတာ့ေလသည္ ။

သုိ ့နွင့္ ေနာက္ဆံုးတြင္ ေလးေယာက္စလံုး တစ္ၿပိဳင္တည္း အတူတူ ဆုိလိုက္ၾကရသည္ ။ 

“ေတာင္ေတာင္ေတြ ၿပဳန္းပါေစ၊ ေကာင္းကင္နဲ ့ ေၿမၾကီး ယိုင္လဲပါေစ ။ ငါကေတာ့ ငါ့တစ္ဘ၀လံုးကုိ ဒီေလာကၾကီးအတြက္ ၿမွဳပ္နွံသြားမယ္”

ကင္မရာမ်ားသည္ စင္ၿမင့္ထက္က ထုိေလးေယာက္ကုိ ထုိးၿပထားသည္ ။ စင္ေအာက္တြင္ ေ၀ါခနဲ ေအာ္ဟစ္သံတုိ ့ ပြက္ေလာညံလာၾကသည္။

ရီ၀မ္၀မ္သည္ ဟန္ရွန္းယြီ၊ ကုန္ရႊီနွင့္ လ်ိဳခ်န္းကို ၾကည့္လုိက္သည္ ။ ထုိ့ေနာက္တြင္ စင္ေအာက္ထက္တြင္ ရွိေနၾကသည့္ ရီမူဖန္၊ က်န္းယန္ရန္ နွင့္ ေဖးယန္တုိ ့ကို ၾကည့္လုိက္သည္ ။

ထို ့ေနာက္ ထိုအားေပးေနၾကသည့္ ပရိသတ္ထုၾကီးကို ၾကည့္လုိက္သည္ ။

သူမ၏ရင္ထဲတြင္ ကပ္ၿငိေနသည့္ ကူကယ္ရာမဲ့မႈ၊ စိတ္ဓာတ္က်ေနမႈ တုိ့သည္ တမုဟုတ္ခ်င္းပင္ တစ္စစီ လြင့္ၿပယ္မိသြား၏ ။

ငါက ရီ၀မ္၀မ္ မဟုတ္ေတာ့ေရာ ဘာၿဖစ္လဲ ။

ငါက ကုိယ့္ကုိယ္ကုိ ေမ့ေနေတာ့ေကာ ဘာၿဖစ္လဲ ။

ရီ၀မ္၀မ္ ၿဖစ္ေနတုန္းမွာ ငါ ၾကံဳခဲ့ရတာေတြက အစစ္အမွန္ေတြပဲ ။ ဒီသူငယ္ခ်င္းေတြ၊ မိသားစု၊ ငါ့ကုိ အားေပးေနတဲ့ လူေတြ၊ ငါ့ကို သေဘာက်ၾကတဲ့သူေတြ အကုန္လံုးက အစစ္ေတြခ်ည္းပဲ ။

င့ါကုိယ္ငါအေနနဲ ့ မေနခဲ့ရဘူး ဆုိရင္ေတာင္မွ ငါဘ၀ရဲ့ ဒီကာလက ငါ့အတြက္ အဖိုးမၿဖတ္နုိင္တဲ့ ကာလပဲ ။ ဒါေတြက ဘာအဓိပၸာယ္မွ မရွိတဲ့ အခ်ိန္ေတြ မဟုတ္ဘူး ။

ေနာက္ဆံုးသံၿပိဳင္အပုိဒ္ ၿပီးသြားၿပီ ၿဖစ္သၿဖင့္
ယေန ့ည၏ ပြဲသည္ အဆံုးသတ္သြားေလၿပီ ။

ပြဲလာၾကည့္ၾကသည့္ ပရိသတ္မ်ားမွာလည္း အသီးသီးအလ်ိဳလ်ိဳ ၿပန္သြားၾကေလၿပီ ။

အမည္မရွိေသာနန္၏ ဗြီဒီယိုေကာလ္တြင္ တန္တန္သည္ ရီ၀မ္၀မ္ စင္ၿမင့္ေပၚက ဆင္းၿပီး စင္ေနာက္ကို ၀င္သြားကာ လံံုး၀ကုိ ေပ်ာက္ကြယ္သြားသည္အထိ မမွတ္မသုန္ လုိက္ၾကည့္ေနေလသည္ ။ သူ ့မ်က္၀န္းထဲက အလင္းေရာင္ေလးမွာ တစထက္တစ မွိန္ပ်သထက္ မ်ိန္ပ်လာေခ်ၿပီ ။

“အဟမ္း…ၿပီးသြားၿပီ”

အမည္မရွိေသာနန္သည္ သူ ့ကို သတိေပးလုိက္ၿခင္းပင္ ။

ေကာင္ငယ္ေလး၏ မ်က္၀န္းတို ့မွာ ရီေ၀စြာၿဖင့္ ထုိဘာမွမရွိေတာ့သည့္ စင္ၿမင့္ထက္ကို ေငးၾကည့္ေနဆဲ ။ 

“ဖုန္းမခ်နဲ့ဦး”

သုိ ့နွင့္ အမည္မရွိေသာနန္သည္လည္း ထိုတံတုိင္းၾကီးေပၚတြင္ ဆက္ကုပ္တြယ္ေနကာ ဖုန္းဆက္ကုိင္ေပးထားရေလသည္ ။

အခ်ိန္သည္ တေရြ ့ေရြ ့ ကုန္ဆံုးလာေလၿပီ ။ ပြဲထဲတြင္ ဘယ္သူမွ မရွိၾကေတာ့ ။ အလင္းေရာင္သည္လည္း မွိန္ပ်ပ် ၿဖစ္ေနသည္ ။
သုိ ့ေသာ္ တန္တန္သည္ကေတာ့ ထုိဘယ္သူမွ မရွိေတာ့သည့္ စင္ၿမင့္ထက္ကုိ ေငးၾကည့္ေနဆဲ ။

မသိလ်ွင္ ထုိၿမင္ကြင္းကို ၿမင္ေနရသေရြ ့ သူသည္ သူ ့မာမီ ရပ္ေနသည္ဟု ပံုဖမ္းၾကည့္နုိင္သေယာင္ေယာင္ ။

အေနာက္ခန္းတြင္ ။

“အစ္ကို ရီ…ရရဲ့လား”
ကုန္ရႊီသည္ သတိၾကီးၾကီးၿဖင့္ ေမးလာသည္ ။

ဟန္ရွန္းယြီသည္လည္း စိတ္ပူလာ၏ ။ 
“ရီပုိင္..မင္း ဒီေန ့ ေနမေကာင္းဘူးလား”

ဒီေန ့ ရီ၀မ္၀မ္ တစ္ခုခုေတာ့ ၿဖစ္ေနတယ္ ။

ရီ၀မ္၀မ္သည္ ေခါင္းခါယမ္းလုိက္သည္ ။
သူမ ဘာမွ မၿဖစ္ဘူးဟု ေၿပာမည္ ေၿပာလုိက္္ခ်ိန္တြင္ ၿပတင္းေပါက္ကေန ရံုအၿပင္ တံတုိင္းေပၚကုိ အမွတ္တမဲ့ လွမ္းၾကည့္မိသြားရာ…

အဲ…ဟုိတံတုိင္းေပၚမွာ တစ္ေယာက္ေယာက္ ရွိေနတာလား ။

ငါ ထင္ေယာင္ထင္မွားေတြ ၿဖစ္ၿပီး မွားမ်ား ၿမင္ေနတာလား ။ ဒီေလာက္အၿမင့္ၾကီးကုိ ဘယ္သူက ေသခ်င္လုိ ့ တက္ရဲမွာလဲ ။

ရီ၀မ္၀မ္သည္ သူမမ်က္လံုးတုိ ့ကို ပြတ္သပ္ၾကည့္လုိက္ၿပီး ေနာက္ထပ္တစ္ခါ ၾကည့္လုိက္ၿပန္သည္ ။

တကယ္ကို တစ္ေယာက္ေယာက္ ရွိေနတာပဲ ။
ဖုန္းနဲ ့ တစ္ခုခုကို ရုိက္ေနသလားပဲ ။

ေနဦး…ခနေလး…အဲ့လူက…

မည္သူၿဖစ္ေၾကာင္းကို ရီ၀မ္၀မ္ ၿမင္လုိက္ၿပီးေနာက္တြင္ အံ့အားသင့္သြား၏ ။

အမည္မရွိေသာနန္…လား ။

ဒီေကာင္…ဟုိတစ္ေခါက္တုန္းကလည္း သစ္ပင္ေပၚ တက္တယ္ ။ အခုတစ္ေခါက္က်ေတာ့ တံတုိင္းေပၚကုိ တက္ၿပန္ၿပီလား…

…………………………………………………….

စာစဥ္ ၅၀၊ အခန္း ၁၂ ။  သီခ်င္းတစ္ပုဒ္

ဟန္ရွန္းယြီသည္ သူမ ၾကည့္ရာဘက္ကုိ လုိက္ၾကည့္လုိက္သည္ ။
"မင္း ဘာကုိ ၾကည့္ေနတာလဲ"

ရီ၀မ္၀မ္သည္ ကပ်ာကသီပင္ ဟန္ရွန္းယြီၾကည့္ေနသည္ကုိ ကာပစ္လုိက္ၿပီး ေမးလုိက္သည္ ။

"ရွန္းယြီ…ငါ့ကို တစ္ခုေလာက္ ကူညီေပးလုိ ့ ရမလား"

ဟန္ရွန္းယြီက ၿပန္ေၿဖသည္ ။ 
"ရတာေပါ့ ၊ ေၿပာေလ"

ရီ၀မ္၀မ္က ေၿပာသည္ ။
"စတိတ္စင္ကုိ ခနေလာက္ သံုးလုိ ့ ရမလား"

ဟန္ရွန္းယြီသည္ ဘာလုပ္မလုိ ့လဲဟု မေမးေနဘဲ လုိက္လုိက္ေလ်ာေလ်ာပင္ ေၿပာလာသည္ ။ 

"ရတာေပါ့ ။ စင္က အခုထိ မဖ်က္ရေသးဘူး ။
ငါ သူတုိ ့ကုိ သြားေၿပာလုိက္မယ္"

ရီ၀မ္၀မ္သည္ ေက်းဇူးအတင္ၾကီး တင္မိသြား၏ ။ 
"ေက်းဇူး"

တခနအၾကာတြင္ ရီ၀မ္၀မ္သည္ လက္ထဲတြင္ မုိက္ကရုိဖုန္းကုိ ကုိင္ကာ စင္ေပၚသုိ ့ ၿပန္တက္သြားေလသည္ ။

ေဒါက္ ေဒါက္…

အလင္းေရာင္သည္ ရီ၀မ္၀မ္ေပၚ ၿဖာက်လာသည္ ။

တစ္ဖက္တြင္ အမည္မရွိေသာနန္သည္ တံတုိင္းၾကီးထက္တြင္ ထုိင္ရင္း မ်က္ရည္ေခ်ာင္းေခ်ာင္း က်ေနသည္ ။ ထုိ ့ၿပင္ ေလေအးသည္ တသုန္သုန္ တုိက္ခတ္ေနေသာေၾကာင့္ အဆက္မၿပတ္ နွာေခ်ေန၏ ။

"အာ…ဘုိးဘုိးေလးရာ…ငါတုိ ့ ၿပီးၿပီလား"

ရီ၀မ္၀မ္ကၿဖင့္ သြားၿပီးေနၿပီ ။ သူက ဘာကုိ ၾကည့္ေနေသးတာလဲ ။

အမည္မရွိေသာနန္သည္ ဆက္ေၿပာေတာ့မည္ ၿပဳလိုက္၏ ။ သို ့ေသာ္ ထိုအခုိက္ စင္ၿမင့္ထက္တြင္ ရုတ္တရက္ အလင္းေရာင္တစ္ခု ေပၚလာၿပီး ထုိအလင္းေရာင္ေအာက္တြင္ လူတစ္ေယာက္ ေပၚလာသည္ ။

မိုက္ကရုိဖုန္းကို ကုိင္လ်က္ ေပၚလာသည့္ ရီ၀မ္၀မ္ ပါတည္း ။

အမည္မရွိေသာနန္မွာ လံုး၀ကုိ အံ့ၿသမိသြား၏ ။ 

"အာ…ေဘာ့စ္ ရီ"

သူ ဘာလို ့ ၿပန္လာတာလဲ ။

သူသည္ တံတုိင္းေပၚတြင္ ရွိေနသည့္ သူ ့ကုိ ရီ၀မ္၀မ္ သတိၿပဳမိသြားၿပီ ဆိုသည္ကုိေတာ့ မသိလုိက္ပါေခ် ။

အမည္မရွိေသာနန္သည္ စင္ၿမင့္ထက္ကုိ အာရံုေရာက္ေနေသာေၾကာင့္ ရီ၀မ္၀မ္ စင္ေပၚ ထပ္တက္လာခ်ိန္တြင္ မေကာင္းဆုိး၀ါးေလး၏ မ်က္နွာ ထက္က မယံုၾကည္နုိင္မႈ၊ အံ့အားသင့္မႈတုိ ့ကို မၿမင္မိလုိက္ေပ ။

စင္ေနာက္ဘက္တြင္ ရီမူဖန္သည္ စိတ္လႈပ္ရွားေနသည္ ။

"၀မ္၀မ္က သူ ့ရဲ့ အစ္ကုိ၊ ငါ့ အတြက္ သီခ်င္းတစ္ပုဒ္ ဆုိေပးေတာ့မလုိ့ မ်ားလား"

အရမ္း စိတ္ကူးတတ္လုိက္တာ…

ကုန္ရႊီသည္လည္း လက္ပုိက္ထားၿပီး တိတ္တိတ္ေလး ေရရြတ္လာ သည္ ။
"သူ ငါ့ကို ခ်စ္တယ္လုိ ့ သီခ်င္းဆိုၿပီးေတာ့မ်ား ၀န္ခံေတာ့မလို ့လား"

လ်ိဳခ်န္းသည္ ေဖာ္ၿပမစြမ္းသာသည့္ အမူအရာၿဖင့္
သူ ့ကုိ ေၿခာက္ကပ္စြာ ၾကည့္လုိက္သည္ ။

ကုန္ရႊီသည္ ခ်က္ခ်င္းပင္ ေဒါသတၾကီး ေငါက္လာေတာ့သည္ ။

"မင္းဘၾကီးတဲ့မွ….ဘယ္လုိအၾကည့္န့ဲ ၾကည့္ေနတာလဲ ။
အစ္ကုိ ရီ က ငါ့ကို ဘာလုိ ့ ရည္းစားစကား ေၿပာလုိ ့မရရမွာလဲ"

ေတးဂီတသံေလး ပ်ံ ့လြင့္လာသည္ ။ ရီ၀မ္၀မ္၏ မ်က္၀န္းတို ့သည္ အမည္မရွိေသာနန္ဘက္သို ့ ေအးစက္စြာ ၾကည့္ေနေလသည္ ။

အမည္မရွိေသာနန္သည္ ဖုန္းတစ္လံုးနွင့္ ဘာလုပ္ေနသည္ကုိ သူမ ေသခ်ာမၿမင္ရပါေခ် ။ သုိ ့ေသာ္ တန္တန္ကို ဗြီဒီယိုေကာလ္ ေခၚထားၿခင္း ဟုေတာ့ သူမ မသိစိတ္ကေန ခံစားေနမိသည္ ။

တန္တန္သည္ အေစာပုိင္းက ဒီည မာမီသီခ်င္းဆုိၿပတာ နားေထာင္ခ်င္သည္ဟု ေၿပာသြားသည္ မဟုတ္ပါလား ။

အဖြင့္တီးလံုးသံ ဆံုးသြားသည့္ေနာက္တြင္ ရီ၀မ္၀မ္သည္ စတင္ကာ သီဆုိလာသည္ ။ 

"ပုိးေကာင္ေလးက ငါ့ေစာင္းေပၚမွာ လွဲေနရင္း ငါ တီးခတ္တဲ့ သံစဥ္ေလးကုိ နားဆင္ေနတယ္ ။ ပုရစ္ေလးက ငါ့နံေဘးမွာ ဒူးေထာက္ေနၿပီး သီခ်င္းသံေလးကို နားဆင္ေနရင္း ေတြးေနတယ္ ၊ မနက္ၿဖန္ ေန့လည္စာကုိ ဘယ္သူနဲ ့အတူ စားရပါ့မယ္"

ရီ၀မ္၀မ္သည္ အေ၀းတစ္ေနရာဆီက အမည္မရွိေသာနန္ကုိ ၾကည့္ၿပီး ဆက္ကာ သီဆုိေနသည္ ။

"ေမ့လုိ ့ မရဘူး၊ ငါတစ္ေယာက္ထဲ ေတာင့္ခံနုိင္ရ ခက္လွၿပီ ။ အရာအားလံုးကုိ ပစ္ထားၿပီး ပုိးေကာင္ေလး အိမ္ကုိ ေၿပးလာခ်င္ မိတယ္"

တန္တန္သည္ ေနာက္ဆံုးေသာစာသားကုိ ၾကားလုိက္ခ်ိန္တြင္ မ်က္ရည္တုိ ့ ခ်က္ခ်င္း ဆည္က်ိဳးက်လာေတာ့သည္ ။ ဖုန္းစခရင္မ္ထက္က သူ ့မာမီ၏ မ်က္၀န္းတို ့ကုိ စမ္းကုိင္လုိက္ရင္း "မာမီ" ဟု ႏႈတ္ကေန ေရရြတ္လာသည္ ။

"ပုိးေကာင္ေလးက စိတ္ဆိုးတယ္၊ ပုိးေကာင္ေလးက ေအာ္ဟစ္တယ္ ။  အၿမဲတမ္း ငါ့ရဲ့အေဖာ္မဲ့မႈကို ဖယ္ရွားပစ္ေစတဲ့ ပိုုးေကာင္ေလးေရ ။ အခုေတာ့ ၿခင္ေတြ ငါ့ကုိယ္ေပၚမွာ လာနားကုန္ၿပီ၊ ငါ့ပုခံုးကုိ နမ္းရိႈက္ကုန္ၿပီ ။ ပုိးစုန္းၾကဴးေလး…အိုး…မင္းေၾကာင့္ ဒီေလာကၾကီး ဟာ လင္းထိန္သြားၿပီ ။ ေကာင္းကင္ၾကီးက ဘယ္ေလာက္ပဲ မည္းမည္း၊ တလက္လက္ေတာက္ပေနတဲ့ ၾကယ္ေတြကို ငါတုိ့ ေတြ ့နိုင္ေသးတယ္။ ငါ အရာအားလံုးကုိ ထားပစ္ခဲ့ၿပီး ပုိးေကာင္ေလးရဲ့ကမ႓ာဆီ ဘယ္လုိမ်ား ေၿပးသြားရပါ့မလဲ"

အခုခ်ိန္တြင္ က်ယ္၀န္းလွသည့္ ခန္းမၾကီးထဲတြင္ လူတစ္ေယာက္မွ မရွိေနသၿဖင့္ အလြန္အမင္းပင္ တိတ္ဆိတ္ၿငိမ္သက္ေနသည္ ။

စင္ၿမင့္ထက္တြင္ ထုိမိန္းကေလး၏ လြမ္းဆြတ္ကာ ၀မ္းနည္းေၾကကြဲ ေနသည့္ အသံေလးသာ ဟိန္းထြက္ေနၿပီး အားလံုး၏ရင္ထဲ တဆစ္ဆစ္ နာက်င္လြမ္းဆြတ္လာၾက၏ ။

စင္ေနာက္ဘက္တြင္ ရီမူဖန္သည္ သူ ့ေမးေစ့ကုိ ပြတ္သပ္ေနသည္ ။

"၀မ္၀မ္ ဆုိေနတဲ့ ပုိးေကာင္ေလးက ဘယ္သူ ့ကုိ ေၿပာေနတာလဲ"

ကုန္ရႊီ ။  "က်ြန္ေတာ္ေလ…အစ္ကုိ ရီ ဆုိေနတဲ့ ပုိးေကာင္ေလးက က်ြန္ေတာ့္ကုိ ေၿပာတာ"

လ်ိဳခ်န္း ။  "…"

………………………………………………………

စာစဥ္ ၅၀၊ အခန္း ၁၃ ။ ၿပတ္ဖို ့လား…မၿဖစ္နုိ္င္ဘူး 

အုတ္တံတုိင္းေပၚတြင္ ေအးစိမ့္သည့္ေလေၾကာင့္ အမည္မရွိေသာနန္သည္ နွာတရႈံ ့ရႈံ ့ ၿဖစ္ေနေလၿပီ ။
"အား…အရမ္းကုိ ထိသြားၿပီ"

အေပၚကုိ တက္လာၿပီးၿပီ ၿဖစ္သည့္ ပန္းစည္းသည္ လက္ကိုင္ပ၀ါကို ထုတ္ကာ မ်က္ရည္တုိ ့ကို သုတ္ေနေလသည္ ။

"အီးဟီးဟီး…ဒီသီခ်င္းကုိ နားေထာင္ရတာ ငုိခ်င္တယ္ဗ်ာ"

သူေတာ္စင္က ေၿပာသည္ ။
"ကရုဏာၾကီးမားလွေတာ္မူေသာ ၿမတ္စြာဘုရား…သာဓု…သာဓု... "

ပန္းစည္းက ေမးသည္ ။
"ေသာက္က်ိဳးနည္း ခရစ္ယာန္ဘုန္းၾကီးေလး…မင္း ဘယ္တုန္းက ဘာသာေၿပာင္းသြားတာလဲ"

သူေတာ္စင္က ၿပန္ေၿဖသည္ ။
"ရဟန္းၿဖစ္တာက ပိုၿမတ္တယ္လုိ ့ သိခဲ့ရတုန္းက"

စင္ၿမင့္ထက္တြင္ ရီ၀မ္၀မ္သည္ သီခ်င္း ဆုိၿပီးသြားၿပီးေနာက္တြင္ မုိက္ကရုိဖုန္းကုိ ခ်လုိက္သည္ ။

သူမသည္ မည္သုိ ့ပင္ မခြဲခ်င္လင့္ကစား၊ သူတို ့သည္ ခြဲၾကရမည္ပင္ ။

မနက္ၿဖန္ ဆုိလ်ွင္ အမည္မရွိေသာနန္တုိ ့အဖြဲ ့သည္ ၿပန္သြားၾက ေတာ့မည္ ။ ထုိသီခ်င္းမွာ တန္တန္ ့အတြက္ သူမ ေပးနုိင္ေသာ ေနာက္ဆံုးလက္ေဆာင္ ၿဖစ္ေပသည္ ။

သီခ်င္းၿပီးသြားသည့္ေနာက္တြင္ စလုိက္မီးသည္လည္း မွိန္က်သြားေလၿပီ ။

စင္ၿမင့္ထက္တြင္ တစ္ဖန္ ဘယ္သူမွ မရွိၾကၿပန္ေတာ့ ။

အမည္မရွိေသာနန္သည္ တုိးတုိးေလး လွမ္းေခၚလုိက္သည္ ။
"ဘုိးဘုိးေလး…"

တစ္ဖက္က ၿပန္မေၿဖလာ ။
ထုိ ့ေၾကာင့္ သူသည္ ဖုန္းကို လွည့္ၾကည့္လုိက္ခ်ိန္တြင္
တန္တန္သည္ ဖုန္းခ်သြားၿပီး ၿဖစ္ေလသည္ ။

အမည္မရွိေသာနန္သည္ သက္ၿပင္းအသာ ခ်လုိက္ၿပီး
သူ ့အေပၚ မွီေနသည့္ပန္းစည္းကုိ တြန္းထုတ္ပစ္လုိက္၏ ။

"လူခြဲမယ္၊ လူခြဲမယ္၊ လူခြဲၾကမယ္ ။ ငါတုိ ့ မနက္ၿဖန္မနက္ ေစာေစာထမွ ရမွာ"

ငါ ဟုိကို အၿမန္ၿပန္သြားၿပီး ငါ့ညီမကိစၥကုိ ေသခ်ာၾကည့္ရမယ္ ။

ထိုအခုိက္တြင္ ရီ၀မ္၀မ္ သည္ ၿပန္ေရာက္လာသည္နွင့္ ကုန္ရႊီသည္ ရႊန္းစားေနသည့္ မ်က္၀န္းမ်ားၿဖင့္ အေရွ့သုိ ့ ေၿပးတက္လာသည္ ။

"အစ္ကုိ ရီ…အစ္ကုိ ရီ…ပုိးေကာင္ေလးက ဘယ္သူလဲ ။
အဲ့ဒါ က်ြန္ေတာ္မလား"

ရီ၀မ္၀မ္သည္ သူ ့ကုိ ၾကည့္လုိက္သည္ ။  "…"

ဒီအရူးကေတာ့ အေတြးေတြ မလြန္လြန္းဘူးလား ။

ရီမူဖန္သည္ မ်က္လံုးေထာင့္စြန္းကေန သူ ့ညီမေလးကို ၾကည့္လုိက္သည္ ။

"မင္း ဒီေလာက္ခံစားခ်က္ေတြ ထည့္ၿပီးေတာ့ သီခ်င္းဆုိသြားတာ… ဟုိေကာင္ေခ်ာေလးအတြက္ ဆုိေပးတာေတာ့ မဟုတ္ေလာက္ပါဘူး ေနာ္"

အဲ့လုိေတာ့ မဟုတ္ေလာက္ဘူး ဆုိေပမယ့္လည္း သီခ်င္းထဲမွာ ခံစားခ်က္ေတြ အၿပည့္ ထည့္ဆုိသြားတာ။ ဒါေပမယ့္ အခ်စ္သီခ်င္းမ်ိဳး လည္း  မဟုတ္ဘူး ။ ၿပီးေတာ့ ဟုိကေလးေခ်ာေခ်ာေလးကလည္း ဒီမွာ မရွိေနတဲ့ဟာ…ဘာလုိ့ သူ ့အတြက္ ဆုိေပးတာ ဟုတ္ပါ့မလဲ ။

ရီမူဖန္ မွားေၿပာမိသြားသလားေတာ့ မသိလုိက္ပါေခ် ။
သို ့ေသာ္ သူ ထိုသုိ ့ ေၿပာလုိက္သည့္ေနာက္တြင္
ရီ၀မ္၀မ္၏မ်က္နွာမွာ တမဟုတ္ခ်င္း မည္းပုတ္လာေတာ့သည္။ 

သုိ ့နွင့္ ရီမူဖန္သည္ ေခ်ာင္းအသာဟမ့္လုိက္ကာ
သူမေလးကုိ သိလုိေဇာၿဖင့္ ၾကည့္လုိက္ေတာ့သည္ ။

"ဘာၿဖစ္လုိ ့လဲ…အခုတေလာ မင္းၾကည့္ရတာ သိပ္ပံုမွန္ မဟုတ္ဘူး ။ ဘာလဲ…မင္းရည္းစားနဲ့ ၿပတ္သြားလုိ ့လား"

ထုိအခုိက္တြင္ ကုန္ရႊီသည္ ရွားရွားပါးပါး ရီမူဖန္ဘက္က ပါလာေလ သည္ ။ သူ ့မ်က္လံုးထဲတြင္ ခ်က္ခ်င္း အေရာင္ၿဖာထြက္လာေလသည္။

"တကယ္ၾကီးလား…အစ္ကုိတုိ့ တကယ္ၾကီး ၿပတ္သြားၿပီလား"

ရီ၀မ္၀မ္သည္ မ်က္လံုးလွန္ၾကည့္လုိက္သည္ ။

"ၿပတ္ရမွာလား…ဒီဘ၀မွာေတာ့ လံုး၀ မၿဖစ္နုိင္ဘူး"

ဘာေၾကာင့္ရယ္ မသိပါေခ် ။ စီရီဟန္သည္ သူမအစစ္ကုိ "သတ္ပစ္ခဲ့" သည္ကုိ သူမ သိေနသည့္တုိင္ေအာင္ မသိစိတ္ကေန သူ ့ကို အလုိလုိ ကာကြယ္ေပးေနမိဆဲပင္ ။

သူမ အိမ္ၿပန္ေရာက္သြားသည့္ အခ်ိန္တြင္ ညဥ့္အလြန္ နက္ေနေလၿပီ။

ရီ၀မ္၀မ္ထံတြင္ အခုတေလာ၌ ကိစၥေတာ္ေတာ္မ်ားမ်ား ၿဖစ္ပ်က္ထားေသာေၾကာင့္ သူမအတြက္ အနားယူကာ အားၿပန္ၿဖည့္ဖုိ ့ လုိအပ္ေပသည္ ။ သို ့ေသာ္လည္း ထုိညတြင္ သူမသည္ အိပ္မေပ်ာ္ဘဲ တစ္ေမွးေလာက္သာလွ်င္ အိပ္ေပ်ာ္ခဲ့၏ ။ အိပ္ေနစဥ္ေတာက္ေလ်ွာက္ ကို ့ယုိ ့ကိုးယားနဲ ့ အိမ္မက္ေတြ တသီတတန္းၾကီး ေလွ်ာက္မက္ေန ခဲ့သည္ ။

ေနာက္တစ္ေန ့မနက္တြင္ ဖုန္းၿမည္သံေၾကာင့္ သူမ အိပ္ရာကေန နုိ္းလာ၏ ။

"၀မ္၀မ္…အိမ္မွာ တစ္ခုခုၿဖစ္ေနၿပီ"

ဖုန္းတစ္ဖက္က အသံသည္ကား လ်န္၀မ္က်ြင္း ၿဖစ္၏ ။
အသံမွာ ထိတ္လန္ ့ေနသည္၊ စုိးရိမ္ေနသည္ ။

သုိ ့နွင့္ ရီ၀မ္၀မ္သည္ မ်က္ေမွာင္ၾကဳတ္မိသြား၏ ။

"ေမေမ…ဘာၿဖစ္လုိ ့လဲ  ၊ စိတ္ကုိ ေအးေအးထား၊
သမီးကို ၿဖည္းၿဖည္းခ်င္း ေၿပာၿပေနာ္"

"၀မ္၀မ္…သမီးရဲ့ဦးေလး…သူ…"

"ဦးေလး…လား"

ရီ၀မ္၀မ္၏ မ်က္၀န္းထဲ ေအးစက္သည့္ အေငြ ့အသက္တစ္ခု ေပၚထြက္လာသည္ ။
"ဦးေလးက ေမေမနဲ ့ေဖေဖ့ကို ထပ္အနုိင္က်င့္ၿပန္ၿပီလား"

"မဟုတ္ဘူး ။ သမီးရဲ့ဦးေလး…သူ ေသၿပီ"
လ်န္၀မ္က်ြင္းက သက္ၿပင္းအသာခ်ကာ ေၿပာလာသည္ ။

"ဘာ"

ထုိသည္ကုိ ၾကားလုိက္ၿပီး ရီ၀မ္၀မ္ အံ့ၿသသြား၏ ။

ဦးေလး ၂ ၊ ရီေရွာင္အန္း ေသၿပီလား ။

"သူ ဘယ္လုိလုပ္ၿပီး ေသသြားတာလဲ"

ရီ၀မ္၀မ္သည္ လႊတ္ခနဲ ေမးၾကည့္လိုက္မိသည္တြင္…

"အခုေတာ့ မသိရေသးဘူး ။ သူ ့အိပ္ရာထဲမွာ ဆန့္ဆန့္ၾကီး ေသေနၿပီတဲ့ ။ ဘာပဲၿဖစ္ၿဖစ္ သမီး ၿမန္ၿမန္ၿပန္လာခဲ့လုိက္"
လ်န္၀မ္က်ြင္းသည္ စိတ္ဖိစီးစြာၿဖင့္ ေၿပာဆိုလာသည္ ။ 

သူမသည္ သူမ၏ သမီးေလးကုိ အားကုိးရာ အသက္ကယ္ေဆးၾကီးအၿဖစ္ ဘယ္ခ်ိန္ကစၿပီး သေဘာထားလာမိသလဲေတာ့ မသိပါေခ် ။

"ဟုတ္ ေမေမ ။ သမီး ခ်က္ခ်င္း ၿပန္လာခဲ့မယ္"

ထုိုသုိ ့ ေၿပာၿပီးေနာက္ ရီ၀မ္၀မ္သည္ ဖုန္းကို ခ်ပစ္လုိက္သည္ ။

………………………………………………………

စာစဥ္ ၅၀ ၊ အခန္း ၁၄။  မွတ္ဥာဏ္ တစ္ပုိင္းတစ

ၿပသနာတစ္ခု မၿပီးေသးခင္ ေနာက္ၿပသနာတစ္ခု ထပ္ေရာက္လာၿပန္ၿပီ

ရီ၀မ္၀မ္ စိတ္ခ်ံဳးခ်ံဳးက်မိသြား၏ ။

အရာေတာ္ေတာ္မ်ားမ်ားသည္ သူမ၏ အတိတ္ဘ၀ကနွင့္ ေသြဖီေနေလသည္ ။

သူမ၏ အတိတ္ဘ၀တုန္းက ေသသြားခဲ့သည္အထိတုိင္ သူမ၏ဘ၀မွန္ကုိ မသိခဲ့မိပါေခ် ။
ထုိမွတ္ဥာဏ္ကိစၥမွာလည္း ေတြးပင္ မေတြးမိခဲ့ဖူးပါေခ် ။

သူမ၏အတိတ္ဘ၀တြင္ စီရီဟန္သည္ ေပ်ာက္ကြယ္သြားၿခင္း မရွိခဲ့သလုိ တစ္ခ်ိန္လံုးလံုး စီ မိသားစုတြင္သာ ေနေနခဲ့၏ ။
ထုိ ့အတူ ဒုတိယဦးေလး ရီေရွာင္အန္းသည္လည္း မေသခဲ့ပါေခ် ။

သုိ ့ေသာ္ ဤဘ၀တြင္ေတာ့ သူမ ေၿပာင္းလဲလာမိေလေလ အရာေတာ္ေတာ္မ်ားမ်ားသည္လည္း ေၿပာင္းလဲလာၾကေလပင္ ။
သုိ ့ေသာ္ ထိုသည္မွာ အထူးဆန္းၾကီးေတာ့ မဟုတ္ပါေခ် ။

ရီ၀မ္၀မ္သည္ သူမ၏ ဘ၀ေနာက္ေၾကာင္းမွန္ကုိ သိရွိသြားၿခင္း၊ စီရီဟန္သည္ ဆန္းၾကယ္စြာ ေပ်ာက္ကြယ္သြားၿခင္း ၊
ဒုတိယဦးေလး ရုတ္တရက္ဆန္ဆန္ ေသဆံုးသြားၿခင္း ။

တခနအတြင္း ရီ၀မ္၀မ္သည္ မ်က္ေမွာင္ေလး မဆုိစေလာက္ ၾကဳတ္မိရာမွ ဟုိးတစ္စဒီတစ္စ ၿပန့္က်ဲေနသည့္ အေတြးတုိ ့ကို စုစည္းပစ္လုိက္သည္ ။

ရီေရွာင္အန္း ေသဆံုးရၿခင္းတြင္ တစ္ခုခုေတာ့ ရွိရေပမည္ ။
သူမ၏ အတိတ္ဘ၀က ၾကံဳဖူးခဲ့သည့္ အေတြ ့အၾကံဳအရ
အတိတ္ဘ၀တြင္ ရီေရွာင္အန္းသည္ က်န္းမာသန္စြမ္းသူ ၿဖစ္သည္ ။ သုိ ့ေသာ္ အခုဘ၀တြင္မူ အိပ္ရာထဲလဲကာ ေသဆံုးခဲ့ရေလသည္ ။

ခနအတြင္း ရီ၀မ္၀မ္သည္ ရီ စံအိမ္ေတာ္ဆီသုိ ့ အၿမန္ေမာင္းသြား လုိက္သည္။

အခုတေလာတြင္ အၿဖစ္အပ်က္ေတာ္ေတာ္မ်ားမ်ားသည္ တစ္ဆက္တည္း ၿဖစ္ပ်က္ခဲ့ၿခင္းေၾကာင့္ ၿဖစ္ဟန္တူသည္ ။
သူမ ေကာင္းေကာင္း အိပ္မေပ်ာ္ ၿဖစ္ေနခဲ့ၿခင္းေၾကာင့္ အခု ေခါင္းနည္းနည္း မူးေနာက္ေနမိ၏ ။

ေကြ ့ခ်ိဳးတစ္ခုကို ေရာက္သြားခ်ိန္တြင္ သူမ၏ေခါင္းကို တစ္ေယာက္ေယာက္က တူၾကီးတစ္ေခ်ာင္းနွင့္ ထုေနသလုိလုိ ။ အလြန္အမင္း စူးေအာင့္ကာ နာက်င္ကိုက္ခဲလာ၏ ။

အေပါက္ၾကီးတစ္ေပါက္သည္ စုတ္ၿပဲကာ ပြင့္အန္လာၿပီး
ထုိကေန တစ္စံုတရာသည္ ေ၀ါကနဲ ထုိးထြက္က်လာသလုိလုိ ။

မ်က္ေတာင္တစ္မွိတ္အတြင္း ဟုိးအေတြးတစ္စ၊ ဒီအေတြးတစ္စတုိ ့ ၿပန္ ့က်ဲထြက္လာၾကကာ ရီ၀မ္၀မ္၏စိတ္အတြင္းထဲ ေ၀ါကနဲ စီး၀င္ လာၾက၏။

ထုိမၿပီးၿပည့္စံုေသးသည့္ မွတ္ဥာဏ္အပိုင္းအစထဲတြင္ ။

ကေလးမေလးတစ္ေယာက္သည္ ရီ၀မ္၀မ္၏ စိတ္ထဲတြင္ ေပၚလာသည္ ။ ကေလးမေလးတစ္ေယာက္ ။
နံေဘးတြင္ အလြန္အမင္း စည္းကမ္းတင္းက်ပ္လွသည့္ အဘုိးၾကီးတစ္ေယာက္နွင့္အတူ ေရကန္နံေဘးတြင္ မတ္တပ္ရပ္ေနသည္ ။

"ဘုိးဘုိး…ဘုိးဘုိး…သမီး ဒက္ဒီနဲ ့မာမီ့ကို ေတြ ့ခ်င္တယ္ ။
ဒက္ဒီနဲ ့မာမီက ဘယ္ေတာ့မွ လာေခၚၾကမွာလဲဟင္"

ေကာင္မေလးသည္ မ၀ံ့မရဲၿဖင့္ ေမးေနသည္ ။

"သူတို ့ လာမွာမဟုတ္ဘူး"

ထုိအဘိုးအုိက မ်က္ေမွာင္ၾကီး ၾကဳတ္ကာ သူမေလးကုိ ၾကည့္ၿပီး ၿပန္ေၿဖသည္ ။

"ဘာလို ့လဲ" ကေလးမေလးသည္ ဇေ၀ဇ၀ါ ၿဖစ္သြားသည္ ။

"သူတို ့ ေသသြားၾကၿပီ"

"ဘုိးဘုိး…လိမ္တယ္၊ ဘုိးဘိုး လူလိမ္…ဒက္ဒီ နဲ ့ မာမီက မေသေသးဘူး"

"မငိုနဲ့ ။ ငိုတာက အသံုးမက်ဆံုးပဲ…ငိုတယ္ဆုိတာ ေပ်ာ့ညံ့တဲ့သူေတြ အလုပ္"

အဘုိးၾကီးက သူမေလးကုိ ခပ္မာမာေငါက္လာၿခင္း ။ 

"ဟင့္အင္း…သမီး ဘုိးဘိုးကို မုန္းတယ္ ။
ဒက္ဒီ့ကို လုိခ်င္တယ္၊ မာမီ့ကို လုိခ်င္တယ္" ေကာင္မေလးသည္ ေသာကပရိေဒ၀ ေလာင္က်ြမ္းလာကာ ၀မ္းနည္းနာက်င္သြားၿပီး မ်က္ရည္မ်ား တေပါက္ေပါက္ ၿပဳိဆင္းလာၾကသည္။ 

ထုိတြင္ အဘိုးအို၏မ်က္နွာထားမွာ ႏူးညံ့လာၿပီး ထိုကေလးမေလးကို ေပြ ့ခ်ီလုိက္သည္ ။ 

"ဒီေန ့ကစၿပီးေတာ့ ဘယ္သူကမွ ေၿမးကို အလုိလုိက္ေတာ့မွာ မဟုတ္ဘူး၊ ဘယ္သူကမွ ကာကြယ္ေပးေတာ့မွာ မဟုတ္ဘူး ။ ေၿမးဘာသာေၿမးပဲ အားကုိးရမယ္၊ အင္အားၾကီးလာေအာင္ လုပ္ရမယ္ ။ နားလည္လား"

"နားလည္ပါၿပီ"

အဆံုးသတ္တြင္ ထုိေကာင္မေလးသည္ အဘိုးအုိ၏ လက္ကုိ ကုိင္ထားရင္း ေၾကာင္ေၾကာင္အမ္းအမ္းၿဖင့္ ေခါင္းညိတ္ၿပလာသည္ ။ 

ရီ၀မ္၀မ္သည္ သူမ၏ေခါင္းတစ္ခုလံုး ေပါက္ထြက္ေတာ့မလိုလုိ ခံစားေနမိ၏။

ထုိမွတ္ဥာဏ္အပိုင္းအစေလးသည္ ဘယ္ကေန ေပၚလာမွန္း မသိရပါေသာ္လည္း ထိုကေလးမေလးမွာ သူမၿဖစ္သည္ကိုေတာ့ ရီ၀မ္၀မ္ ေသခ်ာေနမိ၏ ။

ထို ့ၿပင္ ထုိအလြန္အမင္း တင္းက်ပ္လွသည့္ အဘိုးအိုသည္လည္း သူမ၏အဘိုး ၿဖစ္ေပသည္ ။

သူမ၏ မွတ္ဥာဏ္ထဲတြင္ တင္က်န္ေနခဲ့သည့္ ေနာက္ကြယ္က စာလံုးတုိ ့မွာ တရုတ္စာလံုးမ်ား ၿဖစ္ၾကသည္ ။ ကန္အလယ္က အေဆာက္အဦးတြင္ ထြင္းထားသည့္ စာသားကုိ ၾကည့္ရသည္မွာ
ၿမိဳ ့ေတာ္ S က ၿမိဳ ့ေလးတစ္ၿမိဳ ့ ၿဖစ္ရေပမည္ ။

တစ္နည္းအားၿဖင့္ ဆုိရလ်ွင္ ထုိမွတ္ဥာဏ္အပုိင္းအစအရ သူမနွင့္အဘိုး နွစ္ေယာက္စလံုးသည္ တရုတ္လူမ်ိဳးမ်ား ၿဖစ္ၾကေပသည္ ။

အဘိုး ေၿပာသြားသည့္စကားမ်ားအရ သူမ၏ မိဘအရင္းမွာ ေသသြားၾကေလၿပီ ။

ရီ၀မ္၀မ္သည္ သူမထံတြင္ ထုိကဲ့သုိ ့ စည္းကမ္းတင္းက်မ္းသည့္ အဘိုးအို ရွိေနသလို သူမ၏ မိဘနွစ္ပါးမွာလည္း ဟုိးကတည္းက ကြယ္လြန္တိမ္းပါး သြားေလာက္ၿပီဟု ဘယ္တုန္းကမွ မေတြးဆထားခဲ့ဖူးပါေခ် ။

သူမ၏ မိဘနွစ္ပါး ဘယ္လုိေသခ့ဲရသလဲ သူမ မသိပါ ။ ထုိမွတ္ဥာဏ္ေလးမွာ အလြန္ေသးငယ္လွေသာေၾကာင့္ နည္းနည္းေလာက္သာ သူမ ဖမ္းဆုပ္မိနုိင္ခဲ့၏ ။

……………………………………………………
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and comment လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘

Announcement !!!

အခုကစၿပီးေတာ့ ၅၀၀၀ ဖိုးႏွင့္အထက္ ဝယ္ယူသူတိုင္းကို
၁၀၀၀ (စာစဥ္ ၂ ခု) လက္ေဆာင္ျပန္ေပးေတာ့မည္ ျဖစ္ပါေၾကာင္း သတင္းေကာင္းႏွိုးေဆာ္လိုက္ရပါတယ္ဗ် 🎉🎉🎉

ဒါေၾကာင့္မို့ အပတ္တိုင္း ေရႊလက္ေဆာင္ေလးကို လုတဲ့အျပင္ New Year လက္ေဆာင္ကိုပါ
အမိအရ ယူထားလိုက္ၾကေတာ့ေနာ္ ။

ဒီအေတာအတြင္း ဒီတစ္ေလၽွာက္လုံး
👉ေပ့ခ်္မွာ
👉Wattpad မွာ
👉paid group မွာ
👉ဝန္ဇင္းမွာ
ဖတ္ရွုအားေပးခဲ့ၾကသူ ဒါဒါေလးမ်ားအားလုံးကို အထူးေက်းဇူးတင္ပါတယ္လို့
ဒီေနရာေလးကေန ထပ္ေလာင္းေျပာလိုက္ပါတယ္ 😍😍😍

စာစဥ္ ၅၀၀၀ ဖိုးႏွင့္အထက္ ဝယ္တိုင္း စာစဥ္ ၂ ခု လက္ေဆာင္ ျပန္ရမယ့္ အစီအစဥ္ေလးကို ရယူလိုပါက

Kpay = 09402842937
Wavepay = 09402842937
MPT = 09402842937

သို့ လႊဲၿပီး ဝယ္ယူဖတ္ရွုလို့ ရပါၿပီခင္ဗ်

မဂၤလာညခ်မ္းေလး ျဖစ္ၾကပါေစ
Goddess

.....

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  50
Chapter.          :  1 - 14
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ်  ၅၀ ၊ အခန်း ၁ ။  ဆိုင်ရှင်က မရိုးသားလွန်းဘူး 

“ဒေါ်လာ တစ်ရာ နဲ့ လူခြောက်ယောက်စာ၊ ပြီးတော့ အသားကလည်း စားချင်သေးတယ်…ဟုတ်လား ။ ကြိုက်ရင်စား၊ မကြိုက်ရင် မစားနဲ့”

ဆိုင်ရှင်သည် အမည်မရှိသောနန် တို့အဖွဲ့အား စိတ်ကုန်စွာ ကြည့်လိုက်ပြီး ချာကခနဲ လှည့်ထွက်သွားသည် ။

ရေခဲတုံးယောကျာ်း ။  “…”

“ကပ္ပတိန်…ကျွန်တော် ဒီတစ်ခေါက် ပြန်မလိုက်တော့ဘူး ။ ဒီဘက်မှာ လုပ်စရာတွေ ရှိနေသေးတယ် ။ နောက်မှပဲ ထပ်ဆွေးနွေးကြတာပေါ့” ဟု ဖန်ရွှမ်းယီက ပြောသည် ။ 

“မင်းက ပြန်မလိုက်တော့ဘူးလား ။ စောစောကတည်းက ပြောပါ့လား၊ အခုတော့ မင်းအတွက်ပါ လေယာဉ်လက်မှတ်က ဝယ်ထားပြီးနေပြီ” 

အမည်မရှိသောနန်သည် အံ့သြစွာဖြင့် ရေရွတ်လာသည် ။

“ဒါဖြင့်လည်း အဲ့ပိုက်ဆံတွေ ပြန်ယူလိုက်ပြီး ကျွန်တော့်ကတ်ထဲကို ပြန်ထည့်ထားပေးလိုက် ။ ကျွန်တော် သွားတော့မယ်”

ထိုသို့ ပြောလိုက်ပြီး  ဖန်ရွှမ်းယီသည် ချာကနဲလှည့်ကာ ပြန်ထွက်သွား သည် ။ 

ဖန်ရွှမ်းယီ ထွက်သွားပြီး နာရီဝက်မကြာခင်မှာပင်
ဆိုင်ရှင်သည် ဟင်းပွဲများအားလုံးကို လာချပေးပြီးသွားလေပြီ ။ 

“ဟင်းကောင်းကောင်း မှာရအောင်လို့ ငါ မင်းကို ဒေါ်လာ ၂၀၀ မပေးထားဘူးလား ။ ဘာသောက်ကျိုးနည်း တလွဲတွေ လျှောက်မှာ ထားတာလဲ”

အမည်မရှိသောနန်သည် သူတော်စင်ဘက်သို့ လှည့်ကြည့်ပြီး ပြောလိုက်သည် ။ 

“အာ…ကပ္ပတိန်…ကျွန်တော်လည်း ဒေါ်လာ ၂၀၀ ဖိုး မှာထားတာပဲဟာ ။ တကယ်…တကယ်…ဒါက တကယ် ဒေါ်လာ ၂၀၀ ဖိုးပါ”

သူတော်စင်သည် ဖြောင်ထားသည့် ဒေါ်လာ ၁၀၀ ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး မျက်နှာတစ်ချက် မရဲဘဲ၊ ရင်တစ်ချက် မလှုပ်ရှားဘဲ ကျိန်တွယ်ပြောလာသည် ။ 

“ချီးပဲ…ဒီဆိုင်ရှင်က အရမ်းကို မရိုးသားတာပဲ”

အမည်မရှိသောနန်သည် သူတော်စင်၏ လိမ်ညာနေခြင်းကို မသိဘဲ မျက်မှောင်ကြီး ကြုတ်ကာ ပြောလာသည် ။ 

သူ ထိုသို့ ပြောလိုက်ပြီးသည့်အချိန်တွင် ရီဝမ်ဝမ်သည် ရောက်ရှိလာပြီး အခန်းထဲသို့ ဝင်လာသည် ။ 

“ညီမလေး ကျော်ကြားသော ရီ…လာထိုင် ၊ မြန်မြန်လေး”

အမည်မရှိသောနန်သည် ရီဝမ်ဝမ်ကို မြင်လိုက်သည်တွင် ချက်ချင်း ပြုံးဖြီးသွားတော့သည် ။

“ဒီလတွေအတွက် မင်းကို အများကြီး ကျေးဇူးတင်ပါတယ် ။
ဒီပွဲက ငါ မင်းကို ကျေးဇူးတင်တဲ့အနေနဲ့ ကျွေးတာ”

ရီဝမ်ဝမ်သည် စားပွဲကို အမှတ်တမဲ့ လှမ်းကြည့်လိုက်မိ၏ ။

ပဲလင်းမြွေသီးမွှေကြော်

ပဲကြီးမွှေကြော်

အာလူးချဉ်စပ်

ခရမ်းသီးနှပ်ကြော်

ကြက်ဥခရမ်းချဉ် စွပ်ပြုတ်

ဟင်းလေးမျိုးနှင့် ဟင်းချိုတစ်ပွဲ ။ လူငါးယောက်စာ ။
ထို့ပြင် ဟင်းပွဲအားလုံးမှာ အသီးအရွက်တွေချည်း ။

ရီဝမ်ဝမ် အံ့သြသွား၏ ။

အင်း...တော်တော်လေး ကောင်းတဲ့ဟင်းပဲ ။

သို့သော်လည်း ရီဝမ်ဝမ်သည် ဘာမှ ပြောမနေတော့ဘဲ ထိုင်ချလိုက်၏ ။

“ညီမလေး ဝမ်ဝမ်…င့ါတူလေးရဲ့ အမေအရင်းက ရှာတွေ့သွားပြီဆိုတော့ ငါတို့ မနက်ဖြန် ပြန်တော့မယ် ။ ဒီတစ်ခေါက်တွေ့တာက နောက်ဆုံးပဲ  ဖြစ်သွားနိုင်တယ်”

အမည်မရှိသောနန်သည် ရီဝမ်ဝမ်ကို ကြည့်ပြီး ပြောလေသည် ။

ရီဝမ်ဝမ် ။  “…”

ရှင် စကားမပြောတတ်ရင်လည်း မပြောပါနဲ့လား ။
နောက်ဆုံးပဲ ဆိုတာက ဘာကြီးလဲ ။

ရီဝမ်ဝမ်သည် အမည်မရှိသောနန်ကို ကြည့်လိုက်၏ ။
သူမ တစ်ခုခုကို ပြောချင်နေသည့်တိုင် သို့သော် ဘာမှ မပြောမိတော့ ။

ရီဝမ်ဝမ်သည် အမည်မရှိသောနန်ကို ကြည့်ုလိုက်မိတိုင်း တန်တန်ကို ပြေးပြေးမြင်မိ၏ ။
ထိုတူဝရီးနှစ်ယောက်သည် ရုပ်ချင်း တော်တော်လေး ဆင်ကြပေသည် ။ 

“တန်တန် အဆင်ပြေရဲ့လား”

ခနအကြာတွင် ရီဝမ်ဝမ်သည် အမည်မရှိသောနန် ကို မေးလိုက်သည် ။

အမည်မရှိသောနန်သည် ထိုမေးခွန်းကို ကြားလိုက်သည့် အချိန်တွင် တော်တော်လေး အံ့သြမိသွား၏ ။

တန်တန်နဲ့ လပိုင်းလောက် နေလာခဲ့ပြီးတော့ ရီဝမ်ဝမ် ဘိုးဘိုးလေးကို တကယ်သံယောဇဉ် တွယ်သွားတာလား ။

သို့သော်လည်း အမည်မရှိသောနန် နားမလည်ပါချေ ။ သူကိုယ်တိုင်သည်ကတော့ ထိုဘိုးဘိုးလေးနှင့် ဝေးဝေးမှာသာ နေလိုပြီး ဘယ်တော့မှ ထပ်မတွေ့ရဖို့ရာအတွက် အမြဲ ကျိတ်ဆုတောင်းနေခဲ့သူ ဖြစ်သည် မဟုတ်ပါလား ။

တန်တန်သည် လွတ်လပ်သောနယ်မြေကို ပြန်ရောက်သွားသည်မှာ ရက်ပိုင်းလောက် ရှိနေလေပြီ ။ ထိုရက်များအတွင်းတွင် တန်တန်နှင့် ပတ်သက်သည့် ပုံရိပ်လေးများသည် ရံဖန်ရံခါဆိုသလို ရီဝမ်ဝမ်၏ စိတ်ထဲ ပေါ်ပေါ်လာတတ်၏ ။ သို့သော် ကံမကောင်းစွာဖြင့် သူမသည် ကျန်ရှိနေသည့် ဘဝတစ်လျှောက်လုံးကို တန်တန်နှင့် တွေ့ခွင့်ရတော့ မည် မဟုတ်ပေ ။

အရာအားလုံးသည် အိပ်မက်ပမာပင် ။ တန်တန်သည် သူမဘဝထဲ ခရီးတစ်ထောက် ဝင်လာနားသည့် ခရီးသွားတစ်ဦးသက်သက်သာ ။
သို့သော် သူမအတွက် ထိုခရီးသွားမှာ အများကြီး အရေးပါနေမိ၏ ။

“သူ အဆင်ပြေမပြေ ငါ ဘယ်လိုလုပ် သိမှာလဲ ။ ပြောရမယ်ဆိုရင်
အဲ့ဒီဘိုးဘိုးလေးက ငါမှတ်မိသလောက်တော့ တစ်ခါမှ စိတ်ညစ်ခဲ့ရတာ မရှိဖူးဘူး”

အမည်မရှိသောနန်သည် မသိနားမလည်စွာ ပြန်ဖြေလေသည် ။ 

ပန်းစည်းနှင့် သူတော်စင်သည် ချက်ချင်းပင် အမည်မရှိသောနန်ကို မျက်လုံးလှန်ကြည့်မိသွား၏ ။

ငါတို့ကပ္ပတိန်ကတော့ကွာ သိုင်းမှာသာ ပြိုင်ဖက်ကင်းရင် ကင်းမယ် ။ ဦးနှောက်ကျတော့ သေလောက်အောင် နိမ့်လွန်းအားကြီးတယ် ။
သူ ကန်းနေတာလား ။ ဘော့စ် ကျော်ကြားသော က မကောင်းဆိုးဝါးလေးကို လွမ်းနေတာ အသိသာကြီးကို…

ရီဝမ်ဝမ် ဘာမှ မပြောရသေးခင် အမည်မရှိသောနန်၏ ဖုန်း မြည်လာသည် ။

အမည်မရှိသောနန်သည် သူ့ဖုန်းကို ထုတ်ယူလိုက်ပြီး ကြည့်ကြည့်လိုက်မိသည်တွင် ချက်ချင်း မျက်နှာပျက်သွား၏ ။

မကောင်းဆိုးဝါးလေးဆီက ဗွီဒီယိုကောလ်ပါလား ။

…………………………………………………….

စာစဉ် ၅၀ ၊ အခန်း ၂ ။ မာမီ နေကောင်းလား 

“သူ့ရဲ့အမေရင်းကို တွေ့ပြီးနေပြီပဲဟာ ၊ ဘာကိစ္စ ငါ့ကို လာရှုပ်နေသေး တာလဲ”

အမည်မရှိသောနန်သည် သုန်မှုန်သွားပြီး ထိုဗွီဒီယိုကောလ်ကို ကိုင်လိုက်၏ ။

ဗွီဒီယိုထဲတွင် မကောင်းဆိုးဝါးလေးသည် အနောက်တိုင်း အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး စံအိမ်ကြီး၏ နားနေခန်းတွင် ထိုင်နေသည် ။

“ဘိုးဘိုးလေးရာ…ဘာဖြစ်ပြန်ပြီလဲ”

အမည်မရှိသောနန်သည် ပြုံးစစဖြင့် မေးလိုက်သည် ။

တန်တန်သည် တခနလောက် တိတ်ဆိတ်သွားပြီး အမည်မရှိသောနန်ကို ကြည့်လာကာ တွန့်ဆုတ်စွာဖြင့် မေးလာသည် ။ 

“မာမီ နေကောင်းလား”

“မင်းအမေ နေကောင်းလား မကောင်းလား မင်းအဘွားကို သွားမေးပါလား ။ ဘာကိစ္စ ငါ့လာမေးနေတာလဲ ။ နေဦး…မင်းလည်း အိမ်မှာပဲ မဟုတ်ဘူးလား ။ မင်းအမေ နေကောင်းလားမကောင်းလားကို သိရမှာပေါ့” ဟု အမည်မရှိသောနန်သည် မေးလိုက်သည် ။

သူတော်စင် ။  “…”

ပန်းစည်း ။  “…”

အုတ်သယ်သည့် နိုင်ငံခြားသား ။  “…”

ရေခဲတုံးယောကျာ်း ။  “?”

သူတော်စင်သည် မျက်လုံးလှန်ကြည့်လိုက်မိလေပြီ ။
သူသည်ပင် မကောင်းဆိုးဝါးလေး ပြောနေသည့် “မာမီ” ဆိုသည်မှာ သူတို့၏ ဘော့စ် ကျော်ကြားသော ကို ပြောနေမှန်း တန်းသိ၏ ။
ကပ္ပတိန်တွင် ဘယ်လို ဦးနှောက်များ ရှိနေလေသည်နည်း ။

“ကျွန်တော် မာမီ့ကို ပြောနေတာ” မကောင်းဆိုးဝါးလေးသည် အေးစက်စွာဖြင့် အမည်မရှိသောနန်ကို ကြည့်လာလေပြီ ။

ပန်းစည်းသည် အမည်မရှိသောနန်ကို တိတ်တိတ်လေး ကုပ်လိုက်တော့မှ မကောင်းဆိုးဝါးလေး ပြောနေသည့် “မာမီ”  ဆိုသည်မှာ သူနှင့်အတူ ရှိနေသည့် ရီဝမ်ဝမ်ကို ပြောနေခြင်းမှန်း
သူ သဘောပေါက်မိသွား၏ ။ 

“အာ…မင်းမာမီလား…နေကောင်းပါ့ ။ ငါ မှတ်မိသလောက် မင်းမာမီက တစ်ခါမှ စိတ်မညစ်ရဖူးဘူး…”

အမည်မရှိသောနန်သည် တခနတွေးကြည့်လိုက်ပြီးနောက်တွင် ရီဝမ်ဝမ်ကို ပြောသည့်စကားအတိုင်း တစ်ထပ်တည်း ပြောလိုက်လေသည် ။

“မာမီ နေကောင်းရင် ပြီးတာပဲ”

မကောင်းဆိုးဝါးလေး၏ အသံမှာ တော်တော်လေး အားမလိုအားမရ ဖြစ်သွားသည့်ဟန်ပင် ။ သူသည် တစ်ခုခုကို ပြောချင်နေသော်လည်း ဘာမှ ပြောမလာပေ ။ သို့သော် သူ၏ မှိန်ပျပျမျက်ဝန်းထဲကနေ ထွက်နေသည့် အထီးကျန်ဆန်မှုနှင့် လွမ်းဆွတ်နေမှုမှာ ထင်ထင်ရှားရှားပင် ပေါ်နေလေသည် ။

ရီဝမ်ဝမ်သည်လည်း ဗွီဒီယိုထဲက တန်တန်ကို ကြည့်နေရင်း
မျက်ဝန်းတို့ အေးစက်လာသည် ။

ထိုအခိုက် ၊

အမည်မရှိသောနန်သည် ဖုန်းကို လှုပ်လိုက်မိရာ တန်တန်သည် အမည်မရှိသောနန်၏ နံဘေးတွင် ရှိနေသည့် သူကို ဖျတ်ခနဲ မြင်မိသွား၏ ။

“မာမီ”

ရီဝမ်ဝမ်ကို မြင်လိုက်မိသည်နှင့် တန်တန်၏ မျက်ဝန်းမှာ ကြယ်စုကြီးတွေ စုဝေးနေသလား မှတ်ရအောင် ချက်ချင်းပင် တောက်ပရွှန်းစားလာသည် ။ ထိုမျက်ဝန်းလေးတို့မှာ စကြဝဠာ ပြန်ထွန်းလာသောကြောင့် အလင်းရောင်ခြည်တွေ ဖြာကျလာသည့် အလားနှယ် ။

“တန်တန်…သား အိမ်မှာ အဆင်ပြေရဲ့လား”

ရီဝမ်ဝမ်သည် သူမ၏ ခံစားချက်တို့ကို ချုပ်တည်းလိုက်ပြီး
ပြုံးစစလေးဖြင့် မေးလိုက်သည် ။

“မာမီပါ ရှိနေရင် ပိုကောင်းမှာ”

တန်တန်သည် ရီဝမ်ဝမ်ကို တမေ့တမော ငေးကြည့်နေသည် ။

ထိုသည်ကို ကြားလိုက်ရချိန်တွင် ရီဝမ်ဝမ် ကျိတ်ရယ်မောမိသွား၏ ။

ဒီကလေးလေးကတော့ ကြီးလာရင် မိန်းကလေးတွေရဲ့ အသည်းကို ဘယ်လောက်တောင်မှ ဖမ်းစားလိုက်မလဲ ။

“မာမီ…တန်တန် မာမီ သီချင်းဆိုပြတာကို နားထောင်ချင်တယ်”

တန်တန်သည် တခနလောက် တွေးကြည့်ပြီးနောက်တွင်
ရီဝမ်ဝမ်ကို ကြည့်ကာ ပြောလာသည် ။

အရင်တုန်းက ရီဝမ်ဝမ်သည် ညစဉ်ညတိုင်း တန်တန်ကို တေးဆိုကာ ချော့သိပ်ခဲ့၏ ။ သို့သော် သူသည် လွတ်လပ်သောနယ်မြေကို ပြန်ရောက်သွားပြီ ဖြစ်သောကြောင့် သူမလေး၏ ထိုတေးသံနှင့် ဝေးကွာသွားခဲ့ရလေပြီ ။ ထိုတေးသံကို တရုတ်ပြည်ရောက်မှ ကြားခဲ့ရခြင်း ဖြစ်သည့်တိုင် အခု လွတ်လပ်သောနယ်မြေ ပြန်ရောက်သွားချိန်တွင် ထိုအိပ်ရာဝင်တေး မကြားရတော့ခြင်းအပေါ် အသားမကျ ဖြစ်နေမိ၏ ။

“မာမီ…တန်တန်တို့ တစ်နေ့ တွေ့နိုင်ဦးမှာလားဟင်” တန်တန်၏ မျက်ဝန်းလေးတို့မှာ ရီဝမ်ဝမ်ကို ကြည့်နေရင်း ရွှန်းဝေနေသည် ။

သို့သော်လည်း ဤတစ်ကြိမ်တွင်မူ ရီဝမ်ဝမ်သည် အမှန်အတိုင်းသာ ဖြေမှဖြစ်ပေမည် ။

အရင်တုန်းက သူသည် အခွင့်အရေး ရပါလျှင် လာလည်ပါ့မည်ဟု တန်တန်ကို ကတိပေးထားခဲ့၏ ။ အိပ်မက်သည် ကောင်းလှသည့်တိုင် လက်တွေ့သည်ကတော့ ခက်ခဲကြမ်းတမ်းလှပေသည် ။
ပထမ၊ သူမတွင် အခုချိန်၌ လုပ်စရာအလုပ်တွေ တစ်ပုံကြီး ရှိနေ၏ ။

ထို့ပြင် လွတ်လပ်သောနယ်မြေသည် အလွန်တရာ တင်းကျပ်သော နယ်မြေ ဖြစ်သည် ။ အပြင်လူများက အလောတကြီး ဝင်သွားမိပါလျှင် အသက်ပင် ပျောက်သွားနိုင်ပေသည် ။ ထို့ပြင် အခုချိန်၌ တန်တန်၏ အမေရင်းကိုလည်း တွေ့နေပေပြီ ။ ထို့ကြောင့် တန်တန်သည် တရုတ်ပြည်ကိုလည်း ပြန်လာတော့မည် မဟုတ်ပေ ။

အနည်းဆုံးပြောရလျှင် တရုတ်ပြည်နှင့် လွတ်လပ်သောနယ်မြေသည် တောအထပ်ထပ် တောင်အသွယ်သွယ် ကာဆီးခြားနားနေပေသေး သည် ။

ထို့ပြင် တန်တန်၏ အမေရင်းကို ရှာတွေ့သွားပြီ ဖြစ်သောကြောင့် သူမနှင့် တန်တန်၏ ပတ်သက်မှုသည် နိဌိတန်သွားလေပြီဟု ဆိုရပေမည် ။

ထိုသည်မှာ ကံတရားသာ ဖြစ်၏ ။

သူမနှင့် တန်တန်ကြားတွင် မည်မျှပင် လွမ်းဆွတ်နေမိပါစေ၊
မည်မျှပင် တွေ့ချင်နေမိပါစေ၊
ထိုသည်မှာ သူမတို့ လက်ခံရမည့် ကံတရားပင် ဖြစ်၏ ။

ရီဝမ်ဝမ်သည် ပြောတော့မည် ပြုလိုက်ချိန်တွင် ရုပ်ချောချော မိန်းကလေး တစ်ယောက်သည် ငါးမန်တောင် စွပ်ပြုတ်ပန်းကန်ကို ကိုင်လျက် နားနေခန်းထဲ ဝင်လာကာ တန်တန်ဆီကို လျှောက်လာနေလေသည် ။ ထို့နောက်တွင် ထိုစွပ်ပြုတ်ပန်းကန်ကို ဘေးနားချထားလိုက်လေသည် ။ ထိုမိန်းကလေးသည် ဗွီဒီယိုထဲက ရီဝမ်ဝမ်ကို မြင်လိုက်ချိန်တွင် မျက်မှောင်အကြုတ်ကြီး ကြုတ်သွား၏။ 

“တန်တန်…သူက ဘယ်သူလဲ”

………………………………………………………

စာစဉ် ၅၀၊ အခန်း ၃ ။ ထပ်ပြောကြည့်လိုက်စမ်း 

"ကျွန်တော့်ရဲမာမီ" ဟု တန်တန်သည် ခြောက်ကပ်စွာဖြင့် ပြောလိုက်သည် ။

"အဓိပ္ပာယ်မရှိလိုက်တာ"

ထိုမိန်းကလေး၏မျက်နှာမှာ ချက်ချင်း အေးခဲသွား၏ ။
မျက်နှာပေါ်တွင် မကြည်မသာမှုတို့ပါ ပေါ်ထွက်လာလေသည် ။

"မင်းရဲ့မာမီနဲ့ဘွားက ရောက်လာတော့မယ် ။ လမ်းဘေးက ပေါက်လွတ်ပဲစား ကလေကဝတွေကို ဘယ်လိုလုပ်ပြီး မင်းမာမီလို့ အသာလေး ပြောထွက်နိုင်ရတာလဲ ၊ မင်းမှာ ဉာဏ်မရှိတော့ဘူးလား"

"မင်း ဘယ်သူ့ကို ကလေကဝလို့ ပြောလိုက်တာလဲ"

ထိုမိန်းကလေးက စကားပြော၍ပင် မပြီးမီ အမည်မရှိသောနန်သည် ရီဝမ်ဝမ်လက်ထဲက ဖုန်းကို ဇွက်ကနဲ ဆွဲယူပစ်လိုက်လေသည် ။
ထို့နောက်တွင် ထိုမိန်းကလေးကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည် ။

"ထပ်ပြောကြည့်လိုက်စမ်း"

"ကိုကို…"

ထိုမိန်းကလေးသည် မျက်မှောင်ကြီး ကြုတ်ကာ အမည်မရှိသောနန်ကို ကြည့်လာသည် ။

"သူက ဒီတရုတ်ပြည်မှာ တန်တန့်ကို အချိန်အကြာကြီး စောင့်ရှောက်ပေးလာတဲ့သူ၊ ငါ့ရဲ့သူငယ်ချင်း ။ မင်း နောက်တစ်ခါ ပါးစပ်သရမ်းရဲ သရမ်းကြည့်….ငါ ပြန်ရောက်လာတာနဲ့ မင်းပါးစပ်ကို ဖြတ်ရိုက်ပစ်မယ်မှတ်"

အမည်မရှိသောနန်သည် အေးစက်စွာဖြင့် ထိုသူမကို ကြိမ်းမောင်းလိုက် လေသည် ။ 

"နင့်သူငယ်ချင်းမှန်း ငါက ဘယ်လိုလုပ် သိမှာလဲ"

ထိုမိန်းကလေးသည် မသိနားမလည်သည့် ဟန်ပန်ဖြင့် ပြောလာသည်။

"ငါ အထဲရောက်ရောက်ချင်း ဟိုမိန်းကလေးကို တန်တန်က မာမီလို့ ခေါ်နေတာကို ကြားလိုက်မိတာကိုး ။
သူက နင့်သူငယ်ချင်းလို့ ငါ ဘယ်လိုလုပ်သိမှာလဲ ။
နင် အရူးလား"

"အဲ့လိုလား" အမည်မရှိသောနန်သည် သူတော်စင်နှင့် ပန်းစည်းဘက်သို့ လှည့်ကာ မေးကြည့်လိုက်သည် ။

"ဟုတ်လောက်ပါတယ်"
ပန်းစည်းသည် ခေါင်းညိတ်ပြလာသည် ။

ထိုဗွီဒီယိုထဲတွင် ရှိနေသည့် မကောင်းဆိုးဝါးလေး၏ ဘေးက မိန်းကလေးမှာ လွတ်လပ်သောနယ်မြေက နန် အိမ်တော်၏ တတိယမြောက် သခင်မလေး၊ တန်တန်၏ ဒေါ်လေးတစ်ဖြစ်လဲ အမည်မရှိသောနန်၏ တတိယမြောက် ညီမလေး ဖြစ်ပေသည် ။ 

"သြော်" အမည်မရှိသောနန်သည် တိတ်တခိုး ရေရွတ်လာသည် ။

သူ ထိုသို့ ရေရွတ်လိုက်သည့်အခိုက် ဣန္ဒြေရကာ ကျော့ရှင်းလှပြီး အဖိုးတန်ဝတ်စုံများ ဝတ်ဆင်ထားသော မိန်းမကြီးနှင့် တမျိုးတဖုံ ချောမောသော မိန်းကလေးသည် ဘေးချင်းယှဉ်ကာ နားနေခန်းထဲသို့ လျှောက်လာလေသည် ။ 

"တတိယလေး…ဘယ်လိုဖြစ်လို့ အော်ကြီးဟစ်ကျယ် ပြောနေတာလဲ ။ တန်တန်ကို စွပ်ပြုတ်တိုက်ပြီးပြီလား"

ထိုကျော့ရှင်းသည့် မိန်းမကြီးသည် အရှေ့သို့ လျှောက်လာပြီး တတိယသခင်မလေးကို ကြည့်ကာ ပြောလာသည် ။ 

တတိယ သခင်မလေး နန် က ဘာမှ မပြောလာရသေးခင် ထိုခန့်ထည်ဝါသည့် အမျိုးသမီးကြီးသည် ဗွီဒီယိုထဲက ရီဝမ်ဝမ်ကို ဖျတ်ခနဲ မြင်လိုက်မိပြီး ချက်ချင်း အေးစက်သုန်မှုန်သွားသည် ။ 

တန်တန်သည် လွတ်လပ်သောနယ်မြေကို ပြန်ရောက်လာပြီ ဆိုကတည်းက တစ်ချိန်လုံး ဝမ်းနည်းညှိုးငယ်နေခဲ့ပြီး အိပ်နေရင်းပင် ထိုဟန်ဆောင်အမေကို "မာမီ" ဟု ကယောင်ကတမ်း ခေါ်နေခဲ့လေ သည် ။

"တန်တန်…သားမာမီက ဒီမှာလေ"

ထိုမိန်းမချောလေးသည် အရှေ့သို့ ထွက်လာသည် ။
သူမသည် ရီဝမ်ဝမ်ကို မျက်လုံးထောင့်စွန်းကနေ ကြည့်နေရင်း စိတ်ဓာတ်ကျမှု၊ သဘောမကျမှုတို့ ထင်းထင်းကြီး ပေါ်နေ၏ ။ 

"ကျွန်တော့်ဆီမှာ မာမီတစ်ယောက် ပိုရှိလို့တောင် မရဘူးလား"

တန်တန်သည် ထိုမိန်းကလေးကို တစ်ချက်ကြည့်လိုက်ပြီး အမူအရာကင်းမဲ့စွာဖြင့် ပြောဆိုလာသည် ။ 

ထိုမိန်းကလေးသည် ချက်ချင်းပင် အေးစက်သွားပြီး
သူမ၏ပါးစပ်ကို လက်နှင့် အုပ်လိုက်ကာ
ဝမ်းနည်းညှိုးငယ်စွာဖြင့် အနောက်သို့ ပြန်ဆုတ်သွားသည် ။

"မာမီ့အမှားပါ ၊ မာမီ သားကို ပစ်မထားခဲ့သင့်ဘူး ။ အိမ်ကနေ ထွက်မသွားသင့်ဘူး ။ အမေတစ်ယောက်ရဲ့ တာဝန်ကို မကျေပွန်မိတဲ့ မာမီ့ရဲ့အမှားတွေပါ ။ မာမီ အသုံးမကျလို့ သူစိမ်းတစ်ယောက်ကို မာမီတို့ကြားကို ဝင်ခွင့်ပြုမိတာ ။ ဒါက မာမီ့အမှားပါ၊ ဒါတွေအားလုံးက မာမီ့အမှားတွေပါ"

"စိုးရိမ်ခြင်းကင်းသော"

ထိုဥစ္စာဓန ကြွယ်ဝလှသည့် သူဌေးမကြီးမှာ မြန်မြန်ဆန်ဆန်ပင် သူမလေးကို သွားနှစ်သိမ့်ပေးလိုက်ပြီး တန်တန်ကို မှုန်သုန်စွာ ကြည့်လိုက်သည် ။

လွတ်လပ်သောနယ်မြေ၏ နန် မိသားစုက အလိုလိုက်ခံရဆုံးသူ၊ အချစ်တော် ဖြစ်သည့် ဒုတိယသခင်မလေး၊ စိုးရိမ်ခြင်းကင်းသော နန် ။ သူမလေးသည် နန် မိသားစု၏ တကယ့်အသည်းကျော်လေး ဖြစ်ပေသည် ။ ထို့ပြင် သူမလေးသည် ငယ်ရွယ်စဉ်ကတည်းက အိမ်ကနေ ထွက်သွားခဲ့သဖြင့် သခင်မကြီး နန် မှာ သူမလေးအပေါ် အားနာနေမိစိတ် ကပ်တွယ်နေမိလေသည် ။ 
ထို့ကြောင့် သူမ၏ အသည်းကျော်ချစ်သမီးလေး ထိုကဲ့သို့ မျက်နှာညှိုးငယ်သွားကာ စိတ်ဝမ်းနည်းနာကျင်သွားမှုမျိုးကို
သူမ မည်သို့ သည်းခံနိုင်ပါလိမ့်မည်နည်း ။

"အမည်မရှိသောနန်…ငါ မင်းကို ပြောထားလိုက်မယ် ။
နောက်တစ်ခါ တန်တန် ဗွီဒီယိုကောလ်ခေါ်ရင် မကိုင်နဲ့တော့"

သခင်မကြီး နန် သည် အမည်မရှိသော နန် ကို ကြည့်ပြီး ပြောလိုက်သည် ။

"ဘယ်လိုလုပ်ပြီး ဒါ ကျွန်တော့်အပြစ် ဖြစ်ရမှာလဲ ။ ဖုန်း စခေါ်တဲ့သူက ကျွန်တော် မဟုတ်ဘဲနဲ့ ။ အဲ့စကားကို ဘိုးဘိုးလေးကို သွားပြောပါ့လား ။ ဖုန်းကိုင်တဲ့သူကို လာပြီး အပြစ်မတင်နဲ့လေဗျာ"

အမည်မရှိသောနန်မှာ ထိုအမိန့်ကို လက်သင့်မခံနိုင် ဖြစ်နေ၏ ။

သခင်မကြီး နန် သည် အမည်မရှိသောနန်ကို တစ်ချက်ကြည့်လိုက်ပြီး ရီဝမ်ဝမ်ဘက် လှည့်ကြည့်လိုက်၏ ။ ထို့နောက်တွင် သက်ပြင်းတစ်ချက် ချလိုက်ကာ…

"မိန်းကလေး ဝမ်ဝမ်…ဒီလတွေအတွင်းမှာ တန်တန့်ကို စောင့်ရှောက် ပေးထားတဲ့အတွက် အဒေါ် တကယ်ကို ကျေးဇူးတင်ပါတယ် ။ ဒါပေမယ့် တန်တန်ရဲ့အမေကို ရှာတွေ့နေပြီဆိုတော့ အခုကစပြီးတော့ မိန်းကလေး ဝမ်ဝမ် တန်တန်နဲ့ ထပ်မဆက်သွယ်တော့ဖို့ မျှော်လင့်ပါတယ်။ မိန်းကလေး ရီ လည်း တန်တန်နဲ့ သူ့အမေကြားမှာ မသင့်မမြတ်ဖြစ်တာကို မမြင်ချင်ဘူးမလား ။ မိန်းကလေး လိုချင်တာ မှန်သမျှကို တောင်းဆိုလိုက်ပါ၊ ဒေါ်လေးတို့ လျော်ကြေးပြန်ပေးပါ့မယ် ။ မိန်းကလေးအနေနဲ့ ဒေါ်လေးတို့ လူကြီးတွေရဲ့ ခံစားချက်ကို နားလည်ပေးနိုင်မှာပါ"

…………………………………………………..

စာစဉ် ၅၀ ၊ အခန်း ၄ ။  တွေ့သမျှလူ အကုန် လိုက်ရိုက်တယ် 

အမှန်ပင် သခင်မကြီး နန် ၏ စကားများကို ရီဝမ်ဝမ် နားလည်ပေးနိုင်ပါ ၏ ။

အင်း…ငါလည်း နန် ဒေါ်လေး နေရာမှာဆိုရင် ငါ့ကြောင့်နဲ့
တန်တန်နဲ့ သူ့အမေအရင်းကြား မသင့်မမြတ်ဖြစ်နေတာကို မြင်ရရင် ဒီလိုမျိုးပဲ လုပ်မိမှာပဲ ။

သို့သော်လည်း မည့်သို့ပင် မသိပါချေ ။ တစ်ယောက်ယောက်သည် သူမလေး၏ရင်ကို ဓားတစ်ချောင်းဖြင့် ဖြည်းဖြည်းချင်း မွှန်းနေသလို သူမလေး၏ရင်ထဲတွင် တဆစ်ဆစ်ထိုးကာ နာကျင်နေမိပါ၏ ။

"ပြီးပြီလား"

အမည်မရှိသောနန်သည် ရုတ်တရြက်ကီး တင်းမာနေသည့် မျက်နှာထားဖြင့် ရီဝမ်ဝမ် ရှေ့ ထရပ်လာသည် ။

"ပြီးပြီလားက ဘာစကားကြီးလဲ"

သခင်မကြီး နန် မျက်မှောင်ကြုတ်သွားသည် ။

"ပြီးပြီလားလို့ မေးနေတာ…မင်းက ဘာတွေဖြစ်နေတာလဲ" ဟု အမည်မရှိသောနန်က ပြောလာသည် ။

"ထပ်ပြောရဲ ထပ်ပြောကြည့်လိုက်စမ်း"

သခင်မကြီး နန် ၏မျက်ဝန်းတွင် ဒေါသကြောင့် မီးဝင်းဝင်း တောက်လာလေပြီ ။ 

"ကျွန်တော် သူ့ကို ပြောနေတာ၊ မာမီ့ကို မဟုတ်ဘူး ။ မာမီ ဝင်မပါနဲ့"

အမည်မရှိသောနန်သည် ထိုညှိုးငယ်နေသည့် မိန်းကလေးဘက်သို့ လှည့်လိုက်ပြီး မေးလိုက်သည် ။ 

"စိုးရိမ်ခြင်းကင်းသော နန်…ငါ မင်းကို ပြောလိုက်မယ် ။ မင်းက အရိုက်ခံရဖို့တန်တယ် ။ ဘာကိစ္စနဲ့ သနားကမားပုံ လာလုပ်ပြနေ တာလဲ ။ မင်း စောနက မိန်းကလေး ရီ ကို ဘယ်လိုပုံစံမျိုး ကြည့်နေတာလဲ ။ မင်းမျက်လုံးထဲက မထေ့တထေ့နဲ့ လှောင်ပြောင်နေတဲ့ အကြည့်က ဘာသဘောလဲကွ"

"ဒီတစ်ချိန်လုံးလုံး စိတ်ရောကိုယ်ပါ အားထည့်ပြီး တန်တန့်ကို စောင့်ရှောက်ပေးလာတဲ့သူက သူ ။ အဲ့တာကြောင့်လည်း တန်တန်က အိမ်ပြန်ရောက်နေတာတောင်မှ သူ့ကို မမေ့နိုင် ဖြစ်နေတာ ။ ဒါကို ကြည့်ရင် သူ တန်တန့်ကို ဘယ်လောက်ထိ ဂရုစိုက်ပေးတယ်ဆိုတာ သိသာနေပြီ ။ ဒါပေမယ့် မင်းကရော"

"မင်းကရော ဘာတွေ လုပ်ထားပြီးပြီလဲ ။ မင်း အရင်တုန်းက ဒီလိုမျိုး ဟန်လုပ်တတ်တာကို ငါ ဘာလို့ မသိခဲ့ရတာလဲ ။ မင်းက အခုမှပဲ အိမ်ကို ပြန်ရောက်လာတယ်…အရင်က ဘာတွေ လုပ်နေတာလဲ ။
ငါ ပြန်ရောက်တာနဲ့ မင်းခြေထောက်ကို ရိုက်ချိုးချင်လာအောင် လာမလုပ်နဲ့"

"ကိုကို…ညီမလေး" ထိုမိန်းကလေးသည် တစ်ခုခုကို ပြောဆိုလိုဟန်  ။

သို့သော်လည်း အမည်မရှိသောနန်သည် သူ့လက်ကို ဝှေ့ယမ်းပြ လိုက်ပြီး…

"ငါ မင်းကို ပြောလိုက်မယ် ။ ငါ တကယ်ကြီး ဒေါသထွက်နေတယ် ။ ပန်းစည်း…ငါ တကယ်ကြီး ဒေါသထွက်လာရင် ဘယ်လိုလဲဆိုတာ ပြောပြလိုက်စမ်း"

"ကပ္ပတိန်က ဒေါသထွက်လာပြီဆိုရင် မီးတောင်ကြီး ပေါက်လာတဲ့အတိုင်းပဲ။ သူ့ကိုယ်သူကလွဲပြီး တွေ့သမျှလူကို သေလောက်အောင် လိုက်ရိုက်တတ်တယ်" ဟု ပန်းစည်းသည် တိတ်တိတ်လေး ပြောလာသည် ။

"စိုးရိမ်ခြင်းကင်းသောနန်…ငါ မင်းကို ပြောလိုက်မယ် ၊ လိမ်လိမ်မာမာနေ ။ နောက်တစ်ခါ ထပ်ပြီးတော့ ခွေးကျင့်ခွေးကြံ လုပ်လာဦးမယ်ဆိုရင် ငါ့အဆိုး မဆိုနဲ့။ ငါ ပြန်ရောက်လာတာနဲ့ တန်တန့်ကို ခေါ်ပြီးတော့ မိန်းကလေး ရီ ကို ပေးပစ်လိုက်မယ် ။ မင်း သူ့ကို ထပ်ပြီး မတွေ့ရ တော့ဘူး မှတ်" ဟု
အမည်မရှိသောနန်သည် အေးစက်စွာ ကြိမ်းမောင်းပြောဆိုနေသည် ။ 

ထိုသည်ကို ကြားလိုက်သည်နှင့် တန်တန်၏ မျက်ဝန်းတို့မှာ
ချက်ချင်း ဝင်းပသွား၏ ။ သူ၏ မယုံကြည်ရသည့် ဦးလေးမှာ
ထိုကဲ့သို့သော ယောကျာ်းဆန်သည့်ဘက်ခြမ်းမျိုး ရှိနေလိမ့်မည်ဟု သူ မထင်ထားမိခဲ့ပါချေ။ 

"မင်း လုပ်ရဲလား"

သခင်မကြီး နန် သည် အမည်မရှိသောနန် ကြောင့် ဒေါသတို့ ထွက်လာလေပြီ ။  

"မာမီ…မာမီ ကျွန်တော့်ဒေါသကို သိပါတယ် ။ ကျွန်တော် ၊ အမည်မရှိသောနန် က မလုပ်ရဲတာ ဘာမှ မရှိဘူး ။
အခု မာမီ့အကြောင်း ပြောရဦးမယ် ။ စောနတုန်းက မာမီ ကျွန်တော့်သူငယ်ချင်းကို ဘယ်လို ပြောလိုက်တာလဲ ။ လိုချင်တာတောင်း…လျော်ကြေးပေးမယ် ဟုတ်လား ။
မာမီ ကျွန်တော့်သူငယ်ချင်းကို ဘယ်လိုလူစားမျိုး မှတ်နေတာလဲ ။ ဘာမှ မပြောနဲ့တော့၊
ကျွန်တော် ပြောတာကိုပဲ နားထောင်၊ ဟုတ်ပြီလား"

အမည်မရှိသောနန်သည် သခင်မကြီး နန် ၏ စကားကို ဖြတ်ပြောပစ်လိုက်ပြီး ဆက်ကာ ပြောသည် ။ 

"ကျွန်တော့်လို ယောကျာ်းရင့်မာကြီး တစ်ယောက်ကတောင်မှ ဘာလျော်ကြေးတောင်းတောင်း ရတယ် ဆိုတာကို ကြားလိုက်ရတာကို တော်တော်ကို စိတ်မချမ်းသာဘူး ။ မာမီက ဘာတွေ ဖြစ်နေတာလဲ ။ တန်တန့်ကို စောင့်ရှောက်ပေးဖို့ အကူအညီတောင်းထား တဲ့သူက ကျွန်တော် ။ မာမီ အဲ့လို ပြောလိုက်တာ ကျွန်တော့်မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်တာနဲ့ မတူဘူးလား"

"ကျွန်တော် ၊ အမည်မရှိသောနန် က အရှက်နဲ့ လူလုပ်တာ၊ အသက်နဲ့ လူလုပ်တာ မဟုတ်ဘူး ။ 
မာမီက ကျွန်တော့်အမေ ဖြစ်နေရင်တောင်မှ ကျွန်တော့်ကို ဒီလိုလာပြီး စော်ကားလို့ မရဘူး ။ ကျွန်တော့်ကို အိမ်ပြန်လာပြီး တန်တန်ကို ခေါ်သွားမိအောင် မလုပ်နဲ့။ မာမီ့ရဲ့ အဖိုးတန် သမီးလေးလိုမျိုး ကျွန်တော့်ကိုပါ အိမ်ကနေ ထွက်ပြေးအောင် မလုပ်နဲ့။ မာမီ့ရဲ့သမီးလေး ထွက်ပြေးသွားတာကို မာမီ ခံစားဖူးပြီးပြီ ။ ဒါပေမယ့် မာမီ့သား ထွက်ပြေးတာကိုတော့ မခံစားဖူးသေးဘူးမလား ၊ အဲ့ဒါဆိုရင်ရော ဘယ်လိုလဲ"

အမည်မရှိသောနန်သည် တော်တော်ကြီးကို ဒေါသထွက်နေသည်ပင် ။ သခင်မကြီး နန် ကို ပြန်ပြောခွင့်တစ်ချက်လေးပင် မပေးသွားပါချေ ။

သခင်မကြီး နန် မှာ ထိုအမည်မရှိသောနန် ကြောင့် ဒေါသထွက်ပြီး မေ့လဲမတတ် ဖြစ်သွား၏ ။

သခင်မကြီး နန် ပြန်ပြောမည် ပြုလိုက်၏ ။ သို့သော်၊
တတိယ သခင်မလေး နန် က သူမကို ပြန်ဆွဲထားလေသည် ။

"မေမေ...အစ်ကိုကြီးအကြောင်းကို မေမေ အသိဆုံးပဲဟာ ။
သူ ဒေါသကြီးပြီဆိုရင် မေမေ့အတိုင်းပဲ ။ အခု သူ
အရမ်း ဒေါသကြီးနေတယ် ။ မေမေ အလိုက်သင့်လေး ပြောမပေးရင် သမီးတို့ သူ့ဒေါသကို မထိန်းနိုင်လောက်ဘူး ။ အစ်ကိုကြီးက ပြောရင်ပြောသလို တကယ်လုပ်တတ်တဲ့သူ ၊ တော်ကြာနေ ပြန်ရောက်လာမှ တကယ်ကြီး လုပ်ချသွားဦးမယ်"

………………………………………………………

စာစဉ် ၅၀ ၊ အခန်း ၅ ။  သူက ငါ့ရဲ့ညီမလေး 

"ကောင်းပြီ ကောင်းပြီ ကောင်းပြီ ။ မင်း မူးနေတယ်လို့ပဲ သဘောထားလိုက်မယ် ။ ပြန်လာမှပဲ ပြောကြတာပေါ့ ။
ဒီနေ့ ထပ်မပြောနဲ့တော့" ဟု သခင်မကြီး နန် က ပြောသည် ။ 

"စိုးရိမ်ခြင်းကင်းသော နန်…အ ခု ချက် ချင်း…ငါ့သူငယ်ချင်းကို တောင်းပန်စမ်း"

သို့သော် အမည်မရှိသောနန်သည် သခင်မကြီး နန်၏ အနောက်က မိန်းကလေးကို ပြောလိုက်သည် ။

"မေမေ…ကိုကို ရယ်…" စိုးရိမ်ခြင်းကင်းသော နန် သည် မှုန်သုန်နေသည့် မျက်နှာဖြင့် သခင်မကြီး နန် ကို ကြည့်ပြီး ပြောလာသည် ။

"ဘာမှ မေမေ မနေနဲ့။ ဒက်ဒီကို ခေါ်ရင်တောင်မှ အသုံးမဝင်ဘူး၊ တောင်းပန်စမ်း"
အမည်မရှိသောနန်သည် ဒေါသတကြီး ငေါက်ငမ်းလာလေပြီ ။

ထိုအသံကြောင့် သခင်မကြီး နန်မှာ သက်ပြင်းချမိသွား၏ ။

"စိုးရိမ်ခြင်းကင်းသော…မိန်းကလေး ရီ ကို တောင်းပန်ပေးလိုက်"

ရီဝမ်ဝမ်သည် ချောင်းအသာလေး ဟမ့်လိုက်ကာ…
"ရပါတယ်၊ ရပါတယ်၊ ထားလိုက်ပါတော့"

အမည်မရှိသောနန်သည် မိသားစုနှင့်ပင် ဖက်ပြိုင်အချင်းများကာ သူမဘက်ကနေ အသည်းအသန် ကာကွယ်ပေးလိမ့်မည်ဟု သူမ မထင်ထားမိခဲ့ဖူးပါချေ ။

သူမအနေဖြင့်လည်း အမည်မရှိသောနန်နှင့်
သူ့မိသားစုကြားက ဆက်ဆံရေးကို မတင်းမာစေလိုပါ ။
ထို့ပြင် ထိုမိန်းမသည် တန်တန်၏အမေအရင်း ဖြစ်နေသေးသည် မဟုတ်ပါလား ။

"ဘာ…ထားလိုက်ရမယ်…ဟုတ်လား ။
ငါက တောင်းပန်လို့ ပြောနေရင် တောင်းပန်ပေါ့ ။
ဘော့စ် ရီ…မင်းက ငါ ၊ အမည်မရှိသောနန်ကို အရှက်ခွဲပြီး ငါ့မျက်နှာကို ဖြတ်ရိုက်ချင်နေတာလား" ဟု ပြောပြီး အမည်မရှိသောနန်သည် ရီဝမ်ဝမ်ကို စူးစူးရဲရဲပင် ကြည့်လာလေပြီ ။

"မ-မ-မဟုတ်ဘူး ။ ရှင့်သဘောပဲ ၊ ရှင့်သဘောပဲ"

ရီဝမ်ဝမ်၏နှုတ်ခမ်းတို့ တွန့်ချိတ်သွားသည် ။ သူမသည် အမည်မရှိသောနန် ထိုကဲ့သို့ ပြောရဆိုရခက်လောက်အောင် ဒေါသကြီးခြင်းမျိုးကို တစ်ခါမှ မမြင်မတွေ့ခဲ့ဖူးပါချေ ။ သူ၏သာမန်ပုံစံနှင့် အခုဒေါသထွက်နေသည့် ပုံစံမှာ လုံးလုံးကြီး ခြားနားပေသည် ။

"မိန်းကလေး ရီ…ကျွန်မ တောင်းပန်ပါတယ် ။
အစောနက ကျွန်မ အပြုအမူ ရိုင်းသလို ဖြစ်သွားတယ် ။
မိန်းကလေး ရီ ဘက်က သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးစေချင်ပါတယ်"

ထိုမိန်းကလေးသည် ရီဝမ်ဝမ်ကို ပြောလာသည် ။ 

"ရပါတယ်" ရီဝမ်ဝမ်သည် ဂရုမစိုက်စွာပင် ပြုံးပြလိုက်လေသည် ။

"ဒါဆို…တခြားဘာကိစ္စမှ မရှိတော့ဘူးဆိုရင် ဒါပဲ"

အမည်မရှိသောနန်သည် ထိုမိန်းကလေးက တောင်းပန်ပြီးပြီ ဆိုသည်နှင့် ချက်ချင်း ထိုဗွီဒီယိုကောလ်ကို ပိတ်ချပစ်လိုက်၏ ။

သို့သော်လည်း ၊ ဖုန်းချပစ်ပြီးသွားသည့်တိုင် အမည်မရှိသောနန်၏ ဒေါသမှာ အကင်းသေသေးခြင်း မရှိပါချေ ။ ချက်ချင်းပင် တန်တန်ကို ဖုန်းပြန်ခေါ်လိုက် လေသည် ။ 

သခင်မကြီး နန် သည် အမည်မရှိသောနန် ဗွီဒီယိုကောလ် ခေါ်လာခြင်းကို မြင်လိုက်ပြီး မကိုင်ဖို့ ပြောမည် ပြုလိုက်၏ ။ သို့သော် ဘာမှ မပြောလိုက်ရသေးခင်မှာပင် တန်တန်သည် ချက်ချင်း ကိုင်ပစ်လိုက်လေသည် ။ 

"ဦးလေး" တန်တန်သည် အမည်မရှိသောနန်ကို ကြည့်ပြီး ခေါ်လိုက်သည် ။ ဤတစ်ကြိမ်  "ဦးလေး" ဟု ခေါ်ခြင်းသည်ကား
သူ့ရင်ထဲကနေ လာသည့် အရိုးသားဆုံး ခေါ်မိခြင်းပင် ဖြစ်ပေသည် ။

"မင်းဘွားကို ဖုန်းပေးလိုက်"
အမည်မရှိသောနန်က ပြောသည် ။

"ဟုတ်"

တန်တန်သည်လည်း အမည်မရှိသောနန် မှာ ပေါက်ကွဲတော့မည့် မီးတောင်လို ဖြစ်နေခြင်းကို သိသည်နှင့်အညီ လိုက်လိုက်လျောလျော ဖြင့် သခင်မကြီး နန် ကို ဖုန်းပေးလိုက်လေသည် ။

"အဘိုးလေး…အခုကော ဘာလုပ်ချင်ပြန်ပြီလဲ"

သခင်မကြီး နန် သည် အမည်မရှိသောနန်၏ မျက်နှာကို မြင်လိုက်ရသည်တွင် ခေါင်းကိုက်လာတော့၏ ။

"မာမီ…စိုးရိမ်ခြင်းကင်းသောနန် က ဘယ်လို ဖြစ်တာလဲ ။
သူက ကျွန်တော့်ညီမလေးရော တကယ် ဟုတ်ရဲ့လား"
အမည်မရှိသောနန်  မေးလိုက်ခြင်း ။

"ဘာပြောတာလဲ" သခင်မကြီး နန် အံ့သြသွား၏ ။

"ဘာကို ဘာပြောရမှာလဲ ။ အဲ့လိုပဲ ပြောလိုက်တာ ။ ဘယ်လိုလုပ်ပြီးတော့ စိုးရိမ်ခြင်းကင်းသောနန်က ခွေးကြံခွေးကြံ ကျင့်တတ်လာရတာလဲ ။ ကျွန်တော့်ရှေ့ လာပြီးတော့ နစ်နာတဲ့သူလိုလို လာဟန်လုပ်ပြရဲသေးတယ် ။ ပါးချည်းပဲ ဖြတ်ရိုက်ပစ်လိုက်ရ ။ သူ မာမီ့ရှေ့မှာမို့ သက်သက်မဲ့ ဟန်လုပ်ပြနေတာ သိလား ။ မာမီ့ရဲ့သမီးက မဟုတ်တမ်းတရား အဆက်ဆံခံရရင်တောင်မှ ဒီလို ဟန်လုပ်ပြဖို့ နေနေသာသာ ဘယ်တုန်းကများ ငြိမ်ခံနေဖူးလို့လဲ ။ ဒီကောင်မလေးက အတုများလား"

အမည်မရှိသောနန်သည် ဗွီဒီယိုထဲတွင် မျက်နှာငယ်လေးနှင့် ရှိနေဆဲ ဖြစ်သည့် မိန်းကလေးကို ကြည့်ရင်း ပြောဆိုနေသည် ။ 

"မင်းနှယ်…ကိုယ့်ညီမလေးကိုယ် ဘယ်လိုလုပ်ပြီး အဲ့လိုပြောရက်ရ တာလဲ"

သခင်မကြီး နန် သည် ဒေါသထွက်စွာဖြင့် သူ့ကို ပြန်ပြောလာသည် ။

"မာမီကရော အမေတစ်ယောက် ဖြစ်နေပြီးတော့ ဘယ်လိုလုပ် ကိုယ့်သမီးစရိုက်ကို ကိုယ် မသိနေတာလဲ ။ မွေးရာပါအမှတ်ပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ၊ အကုန် အတုလုပ်လို့ရတယ်"

"မာမီ…ကျွန်တော် ပြောလိုက်မယ် ။ နည်နည်းပါးပါးလေး မျက်စိဖွင့် နားဖွင့်ပြီး ထပ်စစ်ဆေးကြည့်ဦး ။ သူသာ တကယ် အတု ဆိုလို့က တော့ ကျွန်တော် ပြန်ရောက်တာနဲ့ သူ့ကို မသေမချင်း ရိုက်သတ် ပစ်မယ် ။ မာမီ သေသေချာချာ မစုံစမ်းဘူးဆိုရင် ကျွန်တော် ပြန်ရောက်တာနဲ့ ကျွန်တော်ကိုယ်တိုင် စုံစမ်းမယ်"

"တကယ်လို့ သူက အစစ်ဆိုရင် ဟိုလူရိုင်းကြီးက ဘယ်မှာလဲ ။ တန်တန့်ရဲ့ အဖေက ဘယ်သူလဲ ။ ထားပါတော့…ကျွန်တော် မာမီ့ကို မပြောတော့ဘူး ။ စိုးရိမ်ခြင်းကင်းသော နန်…အခုကစပြီးတော့ မင်း ကြပ်ကြပ် သတိထားနေ ။ ငါ့ညီမလေးလို ဟန်ဆောင်ထားတာကိုသာ ငါ သိလို့ကတော့ မင်း သေမယ်သာမှတ် ။ ငါ့ဆီမှာ
နန် မိသားစုတစ်စုလုံးထက်ကို အဆက်အသွယ်တွေ အများကြီး ရှိတယ် ။ မင်း အတုလား အစစ်လား ဆိုတာကို
ငါ မခွဲတတ်ဘူးများ မှတ်နေလား"

ထို့နောက်တွင် အမည်မရှိသောနန်သည် ထိုဗွီဒီယိုကောလ်ကို ပိတ်ချပစ်လိုက်ချေသည် ။

………………………………………………….

စာစဉ် ၅၀၊ အခန်း ၆။  စားမှာလား မစားဘူးလား 

ထိုဗွီဒီယိုကောလ် ပြောပြီးသွားသည့်တိုင်အောင်
အမည်မရှိသောနန်၏ ဒေါသကား မပျောက်ကင်းသေးဆဲ ။

ပန်းစည်းနှင့် သူတော်စင်တို့အဖွဲ့ခမျာ ကြောက်လွန်း၍ အသံတိတ်နေကြ၏။ တုပ်တုပ်ပင် မလှုပ်ကြတော့ ။

ကပ္ပတိန်က ပုံမှန်ဆို သဘောအရမ်းကောင်းတာ ဆိုပေမယ့်လို့ ဒေါသထွက်လာပြီ ဆိုတာနဲ့ ဒီကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ဖြစ်သွားရောပဲ ။

"မင်းတို့က ဘာကြည့်နေတာလဲ ။ ဒါ အလကား မဟုတ်ဘူးလား ။ စားမှာရှိ စားကြ၊ စား ၊ အကုန်စား"

အမည်မရှိသောနန်သည် သူ့အဖွဲ့ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။

"ဟုတ် ဟုတ်၊ စား ၊ စား၊ စား"

သူတော်စင်သည် မြန်မြန်သွက်သွက်ပင် တူကို ကောက်ကိုင်လိုက်ပြီး အာလူးဟင်းကို အများကြီး နှိုက်ယူလိုက်၏ ။ 

"ဒါက အလကားရတာလား ။ မင်းတစ်ယောက်ထဲ အကုန် စားပစ်တော့မလို့လားကွ"

အမည်မရှိသောနန် က သူတော်စင်ကို စိမ်းစိမ်းဝါးဝါး ကြည့်လာလေသည် ။

သူတော်စင်ခမျာ ချက်ချင်းပင် တောင့်ခနဲ ဖြစ်သွားပြီး
သူ့ပါးစပ်ထဲ ထည့်တော့မည့် အားလူးဟင်းမှာလည်း လမ်းခုလတ်တွင် ရပ်သွားရ၏ ။
သူလည်း ရှက်သွေးဖြာလာလေသည် ။

ငါ ဆက်စားရမှာလား၊ မစားရဘူးလား ။

"ဘော့စ် ရီ…ဒီနေ့ကတော့ ကျွန်တော့်ဘက်မှာ မထင်ထားတာတွေ ဖြစ်လာတယ်၊ စိတ်မရှိပါနဲ့ ။ ကျွန်တော် ပြန်သွားပြီးတော့ အဲ့ကိစ္စကို သေသေချာချာ စုံစမ်းမှာပါ" အမည်မရှိသောနန်သည် ပြောလာသည် ။ 

အုတ်သယ်သည့် နိုင်ငံခြားသားသည် စိတ်ထဲတွင် ထင့်နေ၏ ။

ကပ္ပတိန် ဒီလောက်ထိ ဒေါသကြီးတာမျိုး အရမ်းရှားတယ် ။ ကြည့်ရတာ ကပ္ပတိန်က ဘော့စ် ရီ ကို သူငယ်ချင်းအရင်းကြီးလိုကို သဘောထားတာနဲ့ တူတယ် ။

"ရပါတယ်" ရီဝမ်ဝမ် ပြုံးပြလိုက်သည် ။

ထို့နောက်တွင် ရီဝမ်ဝမ်၏ ဖုန်းက ထမြည်လာလေသည် ။

လျိုချန်း ဖုန်းခေါ်ခြင်းပါတည်း ။

"ဟယ်လို…လျိုချန်း"

"အစ်ကို ရီ…အစ်ကို ဒီည အားလား"
လျိုချန်းသည် ကပျာကယာ မေးလာသည် ။

ရီဝမ်ဝမ် ပြောလိုက်၏ ။  "ဘာဖြစ်လို့လဲ"

"အစ်ကို ရှန်းယွီက ဒီည ပွဲတစ်ပွဲ လုပ်တယ်၊ ကျွန်တော်နဲ့ ကုန်ရွှီက ဧည့်အဆိုတော် သွားလုပ်ပေးရမယ် ။ အစ်ကို ရောပဲ ပါတယ်လေ ။ ဒါပေမယ့် အစ်မ ကျားဝမ် ပြောတာက ဒီနေ့ အချိန်ကို သိရအောင်လို့ အစ်ကို့ကို ဖုန်းဆက်တာ မကိုင်ဘူးတဲ့" လျိုချန်းက ပြန်ဖြေသည် ။

ရီဝမ်ဝမ်သည် မျက်ရိုးကို နှိပ်နယ်နေမိသည် ။

"ဆောရီးကွာ၊ ငါ အလုပ်ရှုပ်နေတာနဲ့ ပြန်ခေါ်ဖို့ကို မေ့သွားတာ ။ အင်း…အချိန်မီ ရောက်အောင် လာခဲ့မယ်"

ပထမတွင် တန်တန် ထွက်သွားသည် ၊ ထို့နောက်တွင် စီရီဟန်ပါ ပျောက်သွားသည် ။ ထိုအတွက် အခုတလော သူမ၏စိတ်သည်လည်း ငလျင်တိုက်နေပြီး ထိုကိစ္စကို မေ့သလောက် ဖြစ်သွားခဲ့ခြင်းပင် ။

ဖုန်းချပြီးသည့်နောက်တွင် ရီဝမ်ဝမ်၏ စိတ်ထဲတွင် အတွေးတစ်ခု ဖျတ်ခနဲ ပေါ်လာ၏ ။ သို့နှင့် မြန်မြန်ဆန်ဆန်ပင် ထိုထူးဆန်းသည့် ဖုန်းနံပတ်ကို ထုတ်လိုက်ပြီး အမည်မရှိသောနန် ဆီ လျှောက်သွားလိုက်ကာ မေးကြည့်လိုက်သည် ။ 

"ဒီဖုန်းနံပတ်က ဘယ်ကလဲဆိုတာ သိလား"

အမည်မရှိသောနန်သည် ထိုသည်ကို တစ်ချက်ကြည့်လိုက်ပြီး
တန်းဖြေလာသည် ။

"အဲ့ဒါလား…လွတ်လပ်သောနယ်မြေက နံပတ်ပဲ"

ထိုသည်ကို ကြားလိုက်သည်နှင့် ရီဝမ်ဝမ် မျက်မှောင်ကြုတ်မိသွား၏ ။

ငါ ထင်တဲ့အတိုင်းပဲ လွတ်လပ်သောနယ်မြေက ဖြစ်နေတာကိုး ။
ဒီလိုဆိုရင် စီရီဟန် ပျောက်သွားရတာက လွတ်လပ်သောနယ်မြေနဲ့ ပတ်သက်နေတာပေါ့ ။

"လွတ်လပ်သောနယ်မြေက နံပတ်က အပြင်လူတွေကိုပဲ
ခေါ်လို့ရတယ် ၊ အပြင်ကလူတွေက ပြန်ခေါ်လို့မရဘူး" ဟု အမည်မရှိသောနန် က ပြောလာသည် ။

"အာ…ဒါဆို ရှင် ဒီနံပတ်ကို တစ်ချက်လောက် ခေါ်ကြည့်ပေးလို့ ရမလား"

ရီဝမ်ဝမ်သည် မေးကြည့်လိုက်သည် ။

"ရတာပေါ့၊ အဲ့လောက်ကတော့ အလွယ်လေးပဲ"

အမည်မရှိသောနန်သည် နောက်ဖုန်းတစ်လုံးကို ထုတ်လိုက်ပြီး ထိုနံပတ်ကို ခေါ်ကြည့်လိုက်သည် ။

ဖုန်းသံတတီတီ မြည်နေပြီးနောက်တွင် မိန်းကလေးသံ ထွက်လာသည်။

"ဘယ်သူလဲ"

"မင်းက ဘယ်သူလဲ"
အမည်မရှိသောနန်က မေးလိုက်သည် ။ 

"ရူးများရူးနေတာလား ။ ခေါ်လည်းခေါ်သေးတယ်၊ ဘယ်သူလဲလဲ လာမေးနေတယ်"  တစ်ဖက်လူသည် မြည်တွန်ကြိမ်းမောင်းကာ ချက်ချင်း ဖုန်းချသွားလေသည် ။

ရီဝမ်ဝမ်သည် ဦနှောက်ပျက်သွားပြန်သည့် အမည်မရှိသောနန်ကို ကြည့်ရင်း ဆွံ့အမိသွား၏ ။ 

"အဲ့ဒါ ကျွန်မကို ပေး ။ ကျွန်မ စမ်းကြည့်မယ်"

ရီဝမ်ဝမ်သည် အမည်မရှိသောနန် ဆီက ဖုန်းကို ယူလိုက်ပြီး ထပ်ခေါ်ကြည့်လိုက်သည် ။

တခနလောက် တတီတီမြည်ပြီးသည့်နောက်တွင် မိန်းကလေးသံ ထပ်ထွက်လာသည် ။

"ဘာဖြစ်နေတာလဲ…ပြော"

"အားနာလိုက်တာ…အစောနက ကျွန်မသူငယ်ချင်းက
အပြောမတတ်လို့ပါ ။ တကယ်ကို အားနာပါတယ်ရှင်"

ရီဝမ်ဝမ်သည် တောင်းပန်စကား အရင် ပြောပေးလိုက်သည် ။

ထိုတွင် တစ်ဖက်လူသည် စိတ်မရှည်လက်မရှည်ဖြင့် မေးလာသည် ။

"ဘယ်သူ့ကို ရှာနေတာလဲ"

"အဲ့ဒီမှာ စီရီဟန် ရှိလား သိချင်လို့ပါ"

ရီဝမ်ဝမ်သည် မသေမချာစွာဖြင့် မေးကြည့်လိုက်သည် ။

"စီရီဟန်ကို ရှာနေတာလား ။ ဘယ်သူလို့ ပြောပေးရမလဲ"

စီရီဟန်၏နာမည်ကို ထုတ်ပြောလိုက်သည်တွင် တစ်ဖက်လူက သတိကြီးကြီး ထားလာလေသည် ။ 

………………………………………………………

စာစဉ် ၅၀၊ အခန်း ၇။  ထပ်ပြီး လက်ထပ်လိုက်တော့ 

သို့နှင့် ချက်ချင်းပင် ရီဝမ်ဝမ်၏ သံသယသည်လည်း မြင့်တက်လာ၏ ။

စီရီဟန် အဲ့ဒီမှာ ရှိနေတာပဲ ။ သူ လွတ်လပ်သောနယ်မြေကို သွားတာပေါ့  ။

"တရုတ်က သူ့သူငယ်ချင်းတွေပါ"
ရုတ်တရက် အမည်မရှိသောနန်က ဝင်ပြောလာသည် ။

"ဘာ…တရုတ်…ဟုတ်လား"

တစ်ဖက်က မိန်းကလေးသံမှာ ရှော့ရကာ ထိတ်လန့်သွား သယောင်ယောင်။ ထို့နောက်တွင် ရီဝမ်ဝမ်ကို ပြန်ပြောခွင့်ပင် ပေးမနေဘဲ ဖုန်းချသွားလေသည် ။

"တရုတ်က ဘာဖြစ်နေလို့လဲ ။ ဒါက ဘာသဘောကြီးလဲ"

အမည်မရှိသောနန်သည် ဇဝေဇဝါ ဖြစ်သွား၏ ။

ရီဝမ်ဝမ်သည်လည်း အလွန်တရာ အံ့အားသင့်သွား၏ ။

တစ်ဖက်လူက တရုတ်ဆိုတာကို မုန်းနေသလိုပဲ ။

ရီဝမ်ဝမ်သည် ဘာမှ မပြောတော့ဘဲ ဖုန်းဆက်ခေါ်နေလိုက်သည် ။

"တီ…တီ…တီ…"

ဤတစ်ကြိမ်တွင်မူ တစ်ဖက်ကဖုန်းမှာ ဖုန်းမအားသေးပါ ဖြစ်သွားလေပြီ ။

သို့သော်လည်း ရီဝမ်ဝမ်သည် ဆက်ကာသာ ဖုန်းခေါ်နေလိုက်၏ ။
သို့တိုင် တစ်ဖက်က လူသည်လည်း ဆက်ကာ ဆက်ကာသာ ဖုန်းချချပစ်လေသည် ။

နောက်ဆုံးတွင် ထိုနံပတ်မှာ စက်ပါ ပိတ်သွားလေပြီ ။

"သူတို့က တရုတ်ကို ဘာလို့ အဲ့လောက်တောင် မုန်းနေရတာလဲ"

သူတော်စင်သည်လည်း အံ့အားသင့်နေ၏ ။ 

"ဖုန်းခေါ်မနေနဲ့တော့ ။ တစ်ဖက်က တရုတ်ဖုန်းတွေ မကိုင်ချင်တာ သိသာတယ် ။ ငါ့ဖုန်း အားကုန်တဲ့အထိ ခေါ်ရင်တောင်မှ သူတို့ကို ခေါ်လို့ ရမှာ မဟုတ်ဘူး" အမည်မရှိသောနန်သည် ရီဝမ်ဝမ် ကို ပြောလာသည် ။

ရီဝမ်ဝမ်သည်လည်း ဆောက်တည်ရာမရ ဖြစ်နေမိ၏ ။
အမည်မရှိသောနန် ပြောသည့်အတိုင်းသာဆိုရင် ထိုဖုန်းသည် ပိတ်သွားလေပြီ ။ ဆက်ခေါ်နေလည်း ဘာမှ ထူးမည်မဟုတ်ပေ ။

အရေးကြီးဆုံးသည်ကား တဖက်လူသည် တရုတ်က ဖုန်းကို ဖြေလိုစိတ် ရှိမနေခြင်းပင် ။ အကြောင်းအရင်း မည်သည်ကိုမူတော့ ရီဝမ်ဝမ် မသိပါချေ ။

"ကျေးဇူးပဲ"

ရီဝမ်ဝမ်သည် ဖုန်းကို အမည်မရှိသောနန်ကို ပြန်ပေးလိုက်၏ ။

ထိုသည်က စီရီဟန်၏ စိတ်ရင်းအမှန်ပဲလား၊
သို့တည်းမဟုတ် စီရီဟန်သည် အခုချိန်တွင် အန္တရာယ်ထဲ ကျရောက်နေခြင်းကြောင့် ဖုန်းကို မကိုင်လိုခြင်းပဲလား ရီဝမ်ဝမ် မသိပါချေ ။

"ဟို…တစ်ခုလောက် တောင်းဆိုလို့ ရမလား"

တခနကြာပြီးသည့်နောက်တွင် ရီဝမ်ဝမ်သည် အမည်မရှိသောနန်ကို မေးကြည့်လိုက်သည် ။

"ဘာများလဲ" အမည်မရှိသောနန်က ပြောလိုက်သည် ။

"ဟိုကို ပြန်ရောက်ရင် ကျွန်မ သူငယ်ချင်းအကြောင်း စုံစမ်းပေးပါလား ။ သူလည်း အခုဆို လွတ်လပ်သောနယ်မြေမှာ ရှိနေလောက်တယ်"

ရီဝမ်ဝမ်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက်
စီရီဟန် ပျောက်ကွယ်သွားရသည့် အကြောင်းစုံကို အမည်မရှိသောနန်ကို ပြောပြလိုက်သည် ။

အမည်မရှိသောနန်သည် ထိုသည်ကို ကြားပြီးနောက်တွင်  ခေါင်းအကြီးကြီး စားသွား၏ ။ ထို့နောက်တွင် တွေးဆဆဖြင့် ပြောလာသည် ။   

"လွတ်လပ်သောနယ်မြေမှာ လူရှာဖို့ ဆိုတာက ကောက်ရိုးပုံထဲ အပ်လိုက်ရှာရသလိုပဲ ။ ငါ ဟိုကို ပြန်ရောက်ရင် ဒီနံပတ်ကို လိုက်စုံစမ်းကြည့်ပေးမယ် ။ ရှာလို့ တွေ့တာနဲ့ သူတို့ဆီ သွားပြီးတော့ ပွင့်ပွင့်လင်းလင်းပဲ မေးကြည့်လိုက်မယ် ။ တကယ်လို့ ရှာမတွေ့ဘူး ဆိုရင်တော့လည်း မင်းသူငယ်ချင်းသတင်းကို ရအောင်လို့ တစ်နည်း ပြောင်းကြံကြတာပေါ့ ။ အဲ့ဒါကိုတောင်မှ ဘာမှ ရှာလို့ မတွေ့သေးဘူး  ဆိုရင်တော့ မင်း ထပ်လက်ထပ်လိုက်တာပဲ ကောင်းမယ်"

ရီဝမ်ဝမ်သည် အစက အတော်လေး ကျေးဇူးတင်မိသွားခဲ့၏ ။ သို့သော် ထိုနောက်ဆုံးစကားကို ကြားလိုက်ရသည်တွင် အမည်မရှိသောနန်ကို စူးစူးရဲရဲသာ ကြည့်ပေးလိုက်တော့သည် ။

ဒီအရူးက စကားကို ဘယ်လို ကောင်းကောင်းပြောရမလဲရော သိရဲ့လား ။

ထိုစားသောက်ဆိုင်ကနေ ထွက်သွားပြီးနောက်တွင် ရီမဝ်၀မ်သည် အချိန်နီးနေပြီကို တွေ့လိုက်သဖြင့် ဟန်ရှန်းယွီ၏ပွဲရှိရာဆီ လှည့်သွားလိုက်၏ ။

သူတို့သည် ဟန်ရှန်းယွီ ပွဲကို ကြေညာပေးလာခဲ့သည်မှာ အချိန်အကြာကြီး ကြာလာခဲ့လေပြီ ။

သရုပ်ဆောင်တစ်ယောက်အတွက် ပွဲတစ်ပွဲ ဦးဆောင်ဖို့ဆိုသည်မှာ လွယ်ကူသည့်အရာ မဟုတ်ပါချေ ။ သို့သော် ဟန်ရှန်းယွီသည် အနုပညာလောကထဲကို အဆိုတော်အဖြစ်ကနေ ဝင်လာခဲ့ခြင်း ဖြစ်၏ ။ ထို့ကြောင့် သူသည် ရုပ်ရှင်၊ ဇာတ်လမ်း၊ အဆိုအက အကုန် ပိုင်နိုင်ကျွမ်းကျင်သည့် စွယ်စုံရ အနုပညာရှင်တစ်ဦး ဖြစ်ပေသည် ။

ရက်ပိုင်းအတွင်းမှာပင် ထိုပွဲအတွက် လက်မှတ်တွေ အားလုံးမှာ ရောင်းကုန်သွားခဲ့၏ ။ ထို့ကြောင့်ပင် ပွဲစီစဉ်သူများသည် ကပ်ကာသီကာဖြင့် လုံခြုံရေးဝန်ထမ်းများကို ထပ်ခေါ်ရလေသည် ။

သို့သော်လည်း ရီဝမ်ဝမ်၏ စိတ်သည်ကတော့ ထိုပွဲကို သွားနေချိန် တစ်လျှောက်လုံး တည်ငြိမ်ခြင်း မရှိနိုင်ပါချေ ။ စီရီဟန် ပျောက်ကွယ်သွားသည့် ကိစ္စ နှင့် သူမ၏ ထူးခြားဆန်းကြယ်သည့် နောက်ကြောင်းရာဇဝင်တို့မှာ သူမစိတ်ထဲတွင် အဆက်မပြတ် ရစ်ဝဲနေလေသည် ။

သူမသည် စီရီဟန်၏ စာကြည့်ခန်းထဲမှ ထိုလက်ဆွဲအိတ်နှင့် ထိုစာရွက်စာတမ်းတို့ကို မြင်တွေ့ပြီးချိန်မှစပြီး စီရီဟန်သည် တကယ့် ရီဝမ်ဝမ်အစစ်ကို မသိဘူးဆိုသည်ကို သေချာသွားခဲ့၏ ။
စီရီဟန်သည် ရီဝမ်ဝမ်၏မှတ်ဉာဏ်ကို ထည့်ဖို့ ရွေးချယ်ခဲ့ခြင်းမှာ ထိုသည်က သူမနှင့် အသင့်တော်ဆုံး ဖြစ်နေသောကြောင့်ပင် ဖြစ်သည် ။

…………………………………………………….

စာစဉ် ၅၀၊ အခန်း ၈ ။  ကိုယ့်ကိုယ်ကို မေ့နေခြင်း 

ရီဝမ်ဝမ်သည် သူမ ပြန်လည်မမွေးဖွားလာခင်က နက်နက်ရှိုင်းရှိုင်း အိပ်မွေ့ချခံခဲ့ရပြီး မှတ်ဉာဏ်များ အဖျက်ခံခဲ့ရသည်ကိုလည်း လုံး၀ သေချာနေမိ၏ ။
ထို့ကြောင့်သာလျှင် သူမသည် ပြန်လည် မွေးဖွားလာသည့် အချိန်တွင်ပင် သူမကိုယ်သူမ ရီဝမ်ဝမ်ဟုသာ ထင်မြင်နေမိခြင်း ဖြစ်လေသည် ။ သို့သော်
အခု ဤဒုတိယမြောက်ဘဝတွင်မူ အပြောင်းအလဲတချို့ကြောင့် အမှန်တရားကို
သူမ တွေ့ရှိလာခဲ့ရလေသည် ။

ထိုသို့ တွေးမိနေရင်း ရီဝမ်ဝမ်၏ မျက်ဝန်းထဲ စိတ်ရှုပ်ထွေးမှုလေးတစ်စ ထွက်လာသည် ။ 

အဟက်…ဒါက လုံးဝကို အဓိပ္ပာယ်မဲ့လွန်းတယ် ။
ငါ နှစ်ကြိမ်တိုင်တိုင် အသက်ရှင်လာခဲ့ရတာတောင်မှ နှစ်ဘဝစလုံးကို ကိုယ့်ဘဝကို မေ့ပြီး သူများဘဝနဲ့ နေနေခဲ့ရတာပဲ ။ 

သို့သော်လည်း စီရီဟန်သည် တကယ့်ရီဝမ်ဝမ် နှင့်
လုံး၀ သူစိမ်း ဖြစ်နေရဲ့သားနှင့် အဘယ်ကြောင့် သူမကို ရီဝမ်ဝမ်ဘဝနှင့် နေခိုင်းစေသည်ကို သူမ နားမလည်နိုင်ပါချေ ။
စီရီဟန်ထံတွင် ပြောပြလို့မရသည့် အခဲအခဲတစ်ချို့၊
သို့မဟုတ် လျို့ဝှက်ချက်တချို့ ရှိနေခြင်းကြောင့်ပေလား ။

သို့ဆိုလျှင် သူမနှင့်စီရီဟန် သိကျွမ်းလာခဲ့ခြင်းမှာ အချိန်အကြာကြီး ကြာပြီဟု ပြောလို့ ရနိုင်ပေသည် ။
သို့ဆိုပါက ဟိုးအရင်က သူမနှင့် စီရီဟန်၏ ဆက်ဆံရေးမှာ မည်သို့ ဖြစ်ခဲ့သည်နည်း ။  ချစ်သူရည်းစားလား ၊ သူငယ်ချင်းမိတ်ဆွေလား၊ သို့တည်းမဟုတ် ရန်သူပေလား ။

ထို့ပြင် သူမ၏မိဘနှစ်ပါးက မည်သူတွေလေနည်း ။

သူမထံတွင် မောင်နှမသားချင်းရော ရှိလေသလား ။

ခံစားချက်တို့မျိုးစုံမှာ ရီဝမ်ဝမ်ကို ရိုက်ခတ်လို့နေသည် ။
သို့တိုင် သူမအနေဖြင့် ဘယ်ကနေ စစုံစမ်းရမည်မှန်း မသိပါချေ ။ ထိုဆန်းကြယ်လွန်းလှသည့်
လျို့ဝှက်နက်နဲမှုကြီးကို သူမ အဖြေရှာလိုပါလျှင်
သူမ လုပ်ရမည်မှာ စီရီဟန်ကို ရှာ၊ ထို့နောက်တွင် ဟိုးအစကနေ အဆုံးအထိ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ဖြေရှင်းချက်တောင်းရန်သာ ဖြစ်သည် ။

သို့သော်လည်း အခုလို အခြေအနေမျိုးတွင် စီရီဟန်သည် မြေလျိုးမိုးပျံ သွားခဲ့ပြီး ရွှီရီသည်ပင်လျှင် သူ၏အရိပ်ကို မဖမ်းနိုင် ဖြစ်နေလေရာ ထိုစိတ်ကူးမှာ အတော်လေး ရယ်မောစရာ ကောင်းလှပေသည် ။

အခြေအနေသည် မည်သို့ပင် ဖြစ်နေပါစေ၊
ရီဝမ်ဝမ်သည်လည်း အဖြေမရှာနိုင်ဘူး ဆိုမှတော့
သူမအနေဖြင့် ထိုသည်နှင့် ပတ်သက်သည့်အတွေးတို့ကို
ရပ်တန့်ပစ်လိုက်ရမည်သာ ။

ခနအတွင်း ရီဝမ်ဝမ်သည် ပွဲရုံသို့ ရောက်ရှိသွား၏ ။

ရုံတွင် လူပင်လယ်ကြီး ဖြစ်နေပြီး အပြင်ဘက်တွင် ပရိသတ်များဖြင့် ကျိတ်ကျိတ်တိုးနေ၏ ။

ရီဝမ်ဝမ်သည် ကားရပ်လိုက်ပြီးနောက် ပွဲအစီအစဉ်က ဝန်ထမ်းများ ရောက်လာကြသည် ။

"မင်္ဂလာ ပါ၊ အကိုလေး…အဲ…မမလေး ဝမ်ဝမ်"

လူလတ်ပိုင်းအရွယ်ရှိသည့် ခေါင်းဆောင်ဖြစ်သူ သည် အနည်းငယ် ရှက်သွေးဖြာလျက် ရီဝမ်ဝမ်ကို ကြည့်နေသည် ။ နာမည်ကျော် အထင်ကရ ရီပိုင်သည် မိန်းကလေးကနေ ယောကျာ်းလေးလို ပြောင်းဝတ်ထားခြင်းကို
သူ သိကြားနေရသည့်တိုင် တကယ်ကိုယ်တိုင် ကြုံတွေ့လိုက်ရသည့် အချိန်တွင် ကျောက်ရုပ်ကြီးလို ဖြစ်သွားမိပေ သည် ။

"အင်း"  ရီဝမ်ဝမ်သည် ယဉ်ယဉ်ကျေးကျေးပင် ပြုံးပြလိုက်သည် ။

ထိုအပြုံးသည် ထိုလူရွယ်ကို အကြည့်မလွှဲနိုင် ဖြစ်သွားစေ၏ ။ သူလေး၏ ရုပ်ရည်သည် အနှိုင်းအဆမဲ့ ချောလွန်းလှ၏ ။ သို့သော် အနုပညာ လောကထဲတွင် အရေခြုံ အသက်မဲ့လှသော စက္ကူပန်းများနှင့်တော့ အလှချင်း ခြားနားလှပေသည် ။ သူမလေး၏ အလှသည်ကား ပြစ်မျိုးမှဲ့မထင်ကာ ပင်လယ်သမုဒ္ဒရာပေါ် ထိုးကျနေသည့် သူရိန်နေမင်းကြီးလို၊ သီးခြားဖြစ်တည်နေသည့် မဟာသဲကန္တာရကြီးလို ။

တခနလောက် မင်သက်နေမိပြီးနောက်တွင် ထိုလူငယ်သည် အရှက်ပြေ ချောင်းဟမ့်လာသည် ။ ထို့နောက်တွင် ရီဝမ်ဝမ်ကို ကြည့်လိုက်ပြီး ပြုံးကာ ပြောလာသည် ။ 

"မမလေး ရီပိုင်…ကျွန်တော့်နောက်က လိုက်ခဲ့ပေးပါ ။ ရှန်းယွီက အခု မိတ်ကပ်လိမ်းနေလို့ မမလေးကို ကိုယ်တိုင် ထွက်မကြိုနိုင်တာပါ"

"ရပါတယ်" ရီဝမ်ဝမ်သည် အသာလေး ခေါင်းညိတ်ပြလိုက်ပြီး ထိုဝန်ထမ်းနောက်ကနေ လိုက်သွားသည် ။ 

ပွဲခန်းမထဲတွင် တစ်ချက်တစ်ချက် လက်ခုပ်သံ တဖြောင်းဖြောင်း ထွက်လာတတ်သလို အော်ဟစ်အားပေးသံတို့လည်း ညံထွက်လာတတ်သည် ။ ရီဝမ်ဝမ်သည် အထဲကို ရောက်နေသည့်တိုင် ဟန်ရှန်းယွီ၊ ကုန်ရွှီ နှင့် လျိုချန်း တို့ကို အော်ဟစ်အားပေးနေကြသံကို ကြားနေရဆဲပင် ဖြစ်၏ ။

ရီဝမ်ဝမ် အံ့သြမိနေသည်မှာ တချက်တချက်တွင် ပရိသတ်များ ဆီကနေ 
"ရီပိုင်" ဟု အော်ဟစ်အားပေးနေသံ ထွက်ထွက်လာခြင်းပင် ။

သို့နှင့် သူမ အနောက်ဘက်ကို လျှောက်သွားလိုက်သည့် အခိုက် ကုန်ရွှီနှင့် လျိုချန်းသည် အဝတ်လဲခန်းကနေ ထွက်လာကြလေသည် ။

"အစ်ကို ရီ"

လျိုချန်းသည် ရီဝမ်ဝမ်ကို မြင်လိုက်သည်နှင့် ချက်ချင်း နှုတ်ဆက်လာသည် ။

ကုန်ရွှီသည်ကတော့ ရီဝမ်ဝမ်ကို လျိုချန်း၏ဖုန်းကို ကိုင်ကာ
သူ့ဖုန်းကိုကျ မကိုင်ခြင်းအတွက် အပြစ်တင်လိုက်မည်ဟု မော့ကြည့်လိုက်လေသည် ။ သို့တွင် သူမလေးကို မြင်လိုက်ပြီး သူ စကားမပြောနိုင် ဖြစ်သွား၏ ။ သူ၏နားရွက်ဖျားတို့သည်လည်း နီရဲသထက် နီရဲလာလေသည် ။

တခနလောက် ကြာပြီးတော့မှ ကုန်ရွှီသည် စိတ်နှင့် ကိုယ် ပြန်ကပ်သွားပြီး တိတ်တိတ်လေး တွေးတောနေသည် ။

သောက် ကျိုး နဲ

ငါ့အရှေ့မှာ ရပ်နေတဲ့သူက တစ်ယောက်ထဲပဲဟာ ။ အစ်ကို ရီ လို့ မခံစားမိဘဲ ဘာလို့ တခြားတစ်ယောက်လိုမျိုး ခံစားချက်ရနေတာလဲ ။

………………………………………………………

စာစဉ် ၅၀၊ အခန်း ၉ ။  နားထောင်ချင်တဲ့သူက ငါ မဟုတ်ဘူး 

ကုန်ရွှီသည် လျိုချန်းနား တိတ်တိတ်လေး ကပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည် ။ 

"ငတုံးကောင်…အစ်ကို ရီ ဒီနေ့ တစ်မျိုးဖြစ်နေတယ်လို့ မထင်ဘူးလား"

လျိုချန်းက သူ့ကို ပြန်ကြည့်လာသည် ။ 

"မထင်ဘူး"

အစ်ကို ရီ က အစ်ကို ရီ ပဲဟာ ။ ဘာကို တမျိုးဖြစ်ရမှာလဲ ။

ကုန်ရွှီက ပြောလာသည် ။

"သူ့ရဲ့ အရှိန်အဝါလေ…အရှိန်အဝါ…အရှိန်အဝါ ပြောင်းသွားပြီကွ ။ အရင်က သကြားလုံးလေးက ချိုမြိန်တယ်၊ နူးညံ့တယ် ၊ ဒါပေမယ့် အခု အစ်ကို ရီ ကျတော့ လုံးဝကို ခန့်ညားနေတယ် ။ သူ့ရဲ့ အုပ်ထားတဲ့ အလွှာက ကွာကျနေသလိုမျိုး…မင်း ဒါလေးတောင် မမြင်ဘူးလား"

လျိုချန်းက ပြန်ဖြေသည် ။  "မမြင်ဘူး"

ကုန်ရွှီသည် အားမလို အားမရ ဖြစ်သွားသည် ။

"ထားလိုက်တော့ ။ မင်းလို အဖြောင့်စစ်စစ်ကြီးက အဲ့ဒါကို မြင်နိုင်မှသာ ထူးဆန်းနေမှာ"

လျိုချန်း ။   "…"

သူ ပြောသွားတာ တခုခုလွဲနေတာကိုရော သတိထားမိရဲ့လား ။

ကုန်ရွှီသည် လျိုချန်းကို ဂရုစိုက်မနေတော့ ။
ရီဝမ်ဝမ်ဆီသို့သာ ပြေးသွားတော့သည် ။

"အစ်ကို ရီ..အစ်ကို ရီ…ကျွန်တော်တို့ ဒီည သီချင်းတစ်ပုဒ်လောက် တွဲဆိုကြရင် မကောင်းဘူးလား ။ ပါးချိုင့်လေး ဆိုရင်ရော ဘယ်လိုလဲ ။ ဒါမှမဟုတ်လည်း ကူကယ်ရာမဲ့အချစ်တို့၊ ခင်ပွန်းဟောင်းရဲ့ အချစ်တို့၊ ဒါမှမဟုတ်လည်း မင်း ကိုယ့်ကို ဒီနေ့ ပြန်လက်ထပ်ယူပါ ဆိုရင်ရော…"

ထိုသည်တွင် ရီဝမ်ဝမ်သည် ဘာသိဘာသာ စိတ်အနှောင့်အယှက် ဖြစ်လာတော့ပြီး အနားက ဆိုဖာပေါ် ထိုင်ချလိုက်ကာ…
"မင်းတို့ပဲ ဆိုကြပါ"

ကုန်ရွှီသည် မျက်မှောင်ကုတ်သွားသည် ။ 

"အစ်ကို ရီ….အစ်ကို နေလို့ မကောင်းဘူးလား ။
ဒါမှမဟုတ် တစ်ခုခု စိတ်ညစ်စရာ ရှိနေလို့လား"

ထိုတွင် ရီဝမ်ဝမ်၏ အမူအရာမှာ အနည်းငယ် နွေးပျလာပြီး ကုန်ရွှီကို ကြည့်လာသည် ။ 

"မင်း ကောင်းကောင်းနေသရွေ့ ငါ အဆင်ပြေတယ်"

ကုန်ရွှီ၏ နားရွက်ဖျားတို့ ရဲတွတ်သွားသည် ။

"အိုး"

ကုန်ရွှီသည် ရီဝမ်ဝမ် စိတ်အခြေအနေ မကောင်းခြင်းကို သတိပြုမိဟန် တူသည် ။ ထို့ကြောင့် ရှားတောင့်ရှားခဲပင် လိမ်မာနေကာ တည်တည်ငြိမ်ငြိမ် နေပေးနေလေသည် ။

ခနအကြာတွင် ဟန်ရှန်းယွီသည် အလောတကြီးဖြင့်
သူတို့ကို လာနှုတ်ဆက်သည် ။

"ရီပိုင်…မင်း ရောက်လာပြီလား ။ ဆောရီးကွာ…ငါ ဒီနေ့ နည်နည်း အလုပ်ရှုပ်နေတယ်"

ရီဝမ်ဝမ်သည် သူမအရှေ့က ချောမောမှုတို့ ဖြာထွက်နေသည့် ယောကျာ်းကို ကြည့်လိုက်သည် ။

"ရပါတယ် ၊ မင်း လုပ်စရာ ရှိတာကို လုပ်၊ ငါ့ကို စိတ်မပူနဲ့။ အိုး…မေ့တော့မလို့၊ ငါ မင်းကို ဂုဏ်မပြုရသေးဘူး ။ အနုပညာလောကထဲ ဝင်တာ ငါးနှစ်ပြည့်တဲ့အတွက် ဂုဏ်ပြုပါတယ်"

ယနေ့သည် ဟန်ရှန်းယွီ အနုပညာလောကထဲ ဝင်ခြင်း၏ ငါးနှစ်တင်းတင်း ပြည့်သည့် နေ့ ဖြစ်သည် ။ ထို့ကြောင့် ဟန်ရှန်းယွီသည် သူ၏ဖန်များအတွက် အမှတ်တရပွဲလေး ကျင်းပပေးခြင်း ဖြစ်ပေသည် ။

ဟန်ရှန်းယွီသည် သူမလေးကို ကြည့်လိုက်ပြီး ပြောလာသည် ။

"ကျေးဇူး"

နာရီဝက်ကြာပြီးသည့်နောက်တွင် ပွဲသည် တရားဝင်စတင်လေပြီ ။ သို့နှင့် ရီဝမ်ဝမ်သည်လည်း ဗွီအိုင်ပီထိုင်ခုံတွင် သွားထိုင်လိုက်တော့သည်။

ပွဲ၏ လေဟာပြင်ကွင်းပြင်ကြီးတွင် ပရိသတ်များမှာ ကျိတ်ကျိတ်တိုး ။ ညဘက်အချိန် ဖြစ်၍ သူတို့ ယမ်းနေသည့်တုတ်တို့မှာ အလင်းရောင်တို့ ထွက်နေသည် ။

တခနအကြာတွင် ဟန်ရှန်းယွီသည် စင်မြင့်ပေါ်သို့ တက်သွားသည် ။

"တက်ရောက်လာပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ"

ဟန်ရှန်းယွီသည် နှုတ်ခမ်းထက်တွင် အပြုံးတစ်စ တွဲလွဲခိုလျက် ပရိသတ်များကို ဝေ့ကြည့်လိုက်သည် ။

ချက်ချင်းပင် ပွဲရုံကြီးထဲက ပရိသတ်များမှာ စိတ်လှုပ်ရှားသွားကြပြီး ပွက်လောညံလာကြသည် ။ 

"အားးးးး…ရှန်းယွီ…ရှန်းယွီ…"

"ရှန်းယွီ…ချစ်တယ်"

"ဒီနေ့ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေကောင်းတွေကိုလည်း ဖိတ်ခေါ်ထား ပါတယ် ။ မင်းတို့အားလုံးလည်း သူတို့နဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ"

ဟန်ရှန်းယွီ ထိုသို့ ပြောလိုက်ပြီးနောက်တွင် ကင်မရာသမားများသည် ဗွီအိုင်ပီထိုင်ခုံတွင် ထိုင်နေကြသည့် ကုန်ရွှီ၊ လျိုချန်း နှင့် ရီဝမ်ဝမ်တို့ကို မီးထိုးပြလိုက်ကြသည် ။

တမုဟုတ်ချင်းပင် ပရိသတ်ထုကြီးမှာ ဝက်ဝက်ကွဲ အော်ဟစ်အားပေး လာကုန်ကြ၏ ။

တစ်ချိန်တည်းတွင် အမည်မရှိသောနန်နှင့် ပန်းစည်းတို့အဖွဲ့သည် လည်း ထိုပွဲရုံကြီး၏ အပြင်ဘက်ကနေ ခိုးကြောင်ခိုးဝှက် လုပ်နေကြ လေသည် ။

"ကပ္ပတိန်…ကျွန်တော်တို့က မနက်ဖြန် ပြန်သွားကြမယ့် ဟာကို ။ ဒီလောက်ညဉ့်နက်နေမှ ဘာကိစ္စ ဒီကို လာနေသေးတာလဲ"
သူတော်စင်သည် ခေါင်းကို တဗျင်းဗျင်း ကုတ်ကာ ပြောလာခြင်း ။ 

"ဒီပွဲကို လာကြည့်တာပေါ့ကွ"
အမည်မရှိသောနန်သည် သူတော်စင်ကို ပြန်ကြည့်ပေးလိုက်သည် ။

"ပွဲ...ဟုတ်လား"

ပန်းစည်းသည် အံ့အားသင့်သွားပြီး သူ့အိတ်ကပ်ထဲကို အမှတ်တမဲ့ လှမ်းစမ်းမိလိုက်၏ ။  

"ကပ္ပတိန်…လက်မှတ်တွေက ဈေးမနည်းဘူးနော် ။
အဲ့ဒီ သောက်စကားထစ်ရဲ့ ငွေတွေအကုန်လုံးကို
ကပ္ပတိန် ဖြုန်းထားပြီးသွားပြီ မဟုတ်ဘူးလား"

"ဟုတ်သားပဲ၊ ကပ္ပတိန်ရာ ။ ပိုက်ဆံလည်း မရှိဘဲနဲ့
ဘာလို့ ပွဲလာကြည့်နေသေးတာလဲ ။ ဒီနေရာကနေပဲ လှမ်းနားထောင်နေလဲ ရရဲ့သားနဲ့ ။ ကပ္ပတိန် လိုချင်ရင် အင်တာနက်ကနေ ကျွန်တော် ဒေါင်းလုတ် ဆွဲပေးမယ်လေ"

သူတော်စင်သည် အမည်မရှိသောနန်ကို ကြည့်လာသည် ။ ကပ္ပတိန်သည် ဘာကြောင့် ရုတ်တရက်ကြီး အနုပညာရှင်တွေနောက် လိုက်ချောင်းရသည့် ဝါသနာပါလာခြင်းကို သူ မသိနားမလည်နိုင် ဖြစ်နေ၏ ။

"မင်းတို့ ဘာမှ မသိဘူး"

အမည်မရှိသောနန်က သူတို့ကို မျက်လုံးလှန် ကြည့်လာသည် ။

နားထောင်ချင်နေတဲ့သူက ငါ မဟုတ်ဘူးကွ ။

မကောင်းဆိုးဝါးလေးက ဒီည ဗွီဒီယိုကောလ် ထဲကနေ
သူ့မာမီ သီချင်းဆိုတာကို နားထောင်ချင်နေလို့ ။

သူသည် မနက်ဖြန် ထွက်သွားရပေမည် ။ မနက်ဖြန်ပြီးတာနဲ့ မကောင်းဆိုးဝါးလေးကို ညီမလေး ကျော်ကြားသောနဲ့ ဗွီဒီယိုကောလ် ပြောခွင့်ပေးလိုလျှင်ပင် သူ လုပ်ပေးနိုင်တော့မည် မဟုတ်ပေ ။
ယနေ့ညသည် သူ၏နောက်ဆုံးသော အခွင့်အရေး ဖြစ်၏ ။

ထို့ကြောင့် ဉာဏ်နီဉာဏ်နက် အကုန် ထုတ်ပြီးသွားသည့် နောက်တွင် ထိုသို့ လုပ်ဖို့ရာ အကြံပေါ်လာခဲ့ခြင်း ဖြစ်၏ ။

……………………………………………………..

စာစဉ် ၅၀၊ အခန်း ၁၀ ။ ရုတ်တရက်ကြီး နူးညံ့သွားခြင်း 

အုတ်သယ်သည့် နိုင်ငံခြားသားသည် ခေါင်းကို တဗျင်းဗျင်း ကုတ်လိုက်ပြီး…
“ဒါပေမယ့် က-ကပ္ပတိန်၊ ကျွန်တော်တို့မှာ လက်မှတ် မရှိဘူး ။ ဘယ်လိုလုပ် ဝင်မှာလဲ”

ပန်းစည်းက ပြောလာသည် ။

“ဒီလောက်ဟာလေးများ ကပ္ပတိန်အတွက် ဘာများ ခက်လို့လဲ”

အမည်မရှိသောနန်သည် ပွဲအပြင်ဘက်ကနေ လေ့လာစူးစမ်းကြည့်နေသည် ။ ထိုပွဲခန်းမကြီးကို အလွန်တရာမြင့်လှသည့် တံတိုင်းကြီးက ကာပေးထားပြီး မီးတိုင်အမြင့်ကြီးလည်း များပြားစွာ ရှိနေကြသည် ။

အမည်မရှိသောနန်သည် ထိုမီးတိုင်အမြင့်ကြီးပေါ် ခုန်တက်လိုက်သည် ။

မကြာခင်ပင် ဟိုးထိပ်ကို ရောက်သွားပြီးနောက် ရှောရှောရှူရှူပင် အုတ်တံတိုင်းကြီးပေါ် ကူးပြောင်းလိုက်သည် ။ 

သူ အခု ကြည့်နေသည့် နေရာမှာ ဗွီအိုင်ပီနေရာများထက်ပင် ပိုကောင်းပေသည် ။

အုတ်သယ်သည့်နိုင်ငံခြားသားသည် ခေါင်းကို တဗျင်းဗျင်း ကုတ်ကာ…
“ကပ္ပတိန်က လက်မှတ်မဝယ်ဘဲ ခိုးဝင်မလို့လား”

ပန်းစည်းသည် မျက်ခုံးပင့်တက်သွား၏ ။ 

“ချစ်စရာလေးရာ…ငါတို့က ငါတို့ရဲ့ကိုယ်ပိုင်အစွမ်းအစနဲ့ ဝင်တာလေ ။ ဒါကို ဘယ်လိုလုပ်ပြီးတော့ လက်မှတ်မပါဘဲ ခိုးဝင်တယ် ဖြစ်ရမှာလဲ”

သူတော်စင်သည် ခေါင်းအကြမ်းပတမ်း ညိတ်ပြလာသည် ။
“ဟုတ်တယ်၊ ဟုတ်တယ်”

ရေခဲတုံးယောကျာ်း ။  “…”

စင်မြင့်ထက်တွင် ဟန်ရှန်းယွီသည် နောက်ဆုံးသီချင်းကို ဆိုပြီးသွားပြီ ဖြစ်သောကြောင့် ခန်းမကြီးမှာ အားပေးသံညံမစဲ ဖြစ်သွားကြ၏ ။ 

“အား….ရှန်းယွီ…နတ်သားလေး ရှန်းယွီ…”

“ချစ်တယ်…ရှန်းယွီ”

ဟန်ရှန်းယွီသည် စင်အောက်ကနေ သူ့ကို အော်ခေါ်နေကြသည့် ပရိသတ်များကို နူးညံ့စွာ ပြုံးကြည့်လာသည် ။ 

“နောက်ဆုံးတော့ ကျွန်တော်တို့ရဲ့ ဒီည အထူးဧည့်သည်တော်များကို ဖိတ်ခေါ်လိုက်ရအောင်လားဗျာ”

ဟန်ရှန်းယွီ၏စကားကို ကြားလိုက်သည်နှင့် ပရိသတ်များ စိတ်အလှုပ်ရှားကြီး လှုပ်ရှားသွားကြပြီး အားလုံးနီးပါးပင် အော်ဟစ်အားပေးလာကြသည် ။ 

ပရိသတ်ပင်လယ်ကြီးဆီကနေ ကုန်ရွှီ၊ လျိုချန်း နှင့် ရီပိုင် တို့ကို အော်ခေါ်ကာ သောင်းသောင်းဖျဖျ အားပေးလာကြသည် ။ 

ရီဝမ်ဝမ်သည် ကုန်ရွှီနှင့် လျိုချန်းကို ဦးဆောင်ကာ စင်မြင့်ထက်သို့ တက်သွားသည် ။

လေးယောက်သား ရှေ့ဆင့်နောက်ဆင့် စင်မြင့်ထက်တွင် ရပ်လိုက်ကြချိန် ပရိသတ်များမှာ စိတ်လှုပ်ရှားလွန်ပြီး မေ့လဲကျတော့မလို ဖြစ်သွားသည် ။

“အားးးး…ငါ့ရဲ့ ရင်သပ်ရှုမောစရာကောင်းလောက်အောင် ချောတဲ့ နတ်သားလေးများ အဖွဲ့က အရမ်းကြီး ချောလွန်းလိုက်တာ”

“နတ်သားလေးများ အဖွဲ့! နတ်သားလေးများ အဖွဲ့ !
နတ်သားလေးများ အဖွဲ့ !!!”

ဟန်ရှန်းယွီသည် ခန့်ထည်ပြီး ယောကျာ်းဆန်သည့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ လျိုချန်းသည် ဗစ်တိုးရီးယားစတိုင် ကော်လံအမြင့်နှင့် အကျီၤကို ဝတ်ဆင်ထားပြီး ကုန်ရွှီသည်ကား လင်းတောက်နေသည့် ဝတ်စုံကို ဝတ်ဆင်ထားသည် ။ အားလုံးသည် ချောမောပြီး ရင်သပ်ရှုမောစရာ ကောင်းလှသည်ချည်း ဖြစ်ကြသော်လည်း မတူကွဲပြားသည့် အရှိန်အဝါကိုယ်စီ ရှိနေကြပြီး မတူညီသည့် စရိုက်တို့ ရှိကြသည် ။

ရီဝမ်ဝမ်သည်ကား အခုလို ရှားတောင့်ရှားခဲ ပွဲမျိုးတွင် မိန်းကလေးလို ဝတ်စားထားလေသည် ။
မိန်းကလေးလို ဝတ်ဆင်ထားလျက်နှင့်ပင် လူထုကြီးက အကြည့်မလွှဲနိုင်လောက်အောင်ကို လွတ်လပ်ပေါ့ပါးကာ ဆွဲဆောင်မှု ရှိနေလေသည် ။ သူမလေးသည် အမှန်ပင် ယောကျာ်းရော မိန်းမရောကို ခြွေယူနိုင်သူတည်း ဖြစ်ပေသည် ။

ဟန်ရှန်းယွီသည် ပရိသတ်များကို ဧည့်သည်တော်များနှင့် မိတ်ဆက်ပေး နေသည် ။  ထိုအခိုက် ကုန်ရွှီသည် တိတ်တိတ်လေး အနားတိုးကပ် လာပြီး ရီဝမ်ဝမ်ကို တိုးတိုးလေး ပြောသည် ။ 

“အစ်ကို ရီ…အစ်ကို တကယ်ကြီး ပါးချိုင့်လေး မဆိုတော့ဘူးလား ။ ဒီလိုအခွင့်အရေးက ရခဲတယ်နော်”

ရီဝမ်ဝမ်သည် ထုံးစံအတိုင်း သူ့ကို လျစ်လျူရှုထားလိုက်သည် ။

ဟန်ရှန်းယွီ စကားပြောပြီးသွားသည့်အချိန်တွင် သာယာဖွယ် တေးဂီတံသံလေးတစ်သံသည် စတင်ကာ တီးခတ်လာသည် ။

ထိုစဉ်….

အုတ်တံတိုင်းအမြင့်ကြီးပေါ်မှ ကြည့်ရခြင်းမှာ
ထိုစင်မြင့်နှင့် တော်တော်လေး နီးကပ်သလို ထိုစင်မြင့်သည် တော်တော်လေးလည်း ကျယ်ပြောပေသည် ။ သို့သော် ကင်မရာသမားများအတွက်တော့ ထိုအုတ်တံတိုင်းကြီးပေါ်က အရာတို့မှာ အစက်အပြောက်လေး လောက်သာ မြင်နိုင်၏ ။ ထို့ကြောင့် ပရိသတ်များနှင့် လုံခြုံရေးဝန်ထမ်း များသည် အုတ်တံတိုင်းပေါ်က အဖွဲ့ကို လုံး၀ သတိပြုမိခြင်း မရှိကြပါချေ ။ ထို့ပြင် တစ်ယောက်ယောက်သည် ထိုလောက် မြင့်မားလွန်းသည့် တံတိုင်းကြီးပေါ်သို့ တက်ကြည့်နေလိမ့်မည် ဟုလည်း မထင်ထားမိကြပါချေ ။

အမည်မရှိသောနန်သည် ရီဝမ်ဝမ် စင်မြင့်ပေါ်ကို တက်လာပြီ ဆိုသည်နှင့် ချက်ချင်း ဗွီဒီယိုကောလ်ကို နှိပ်တော့၏ ။

စခရင်မ်မှာ ဖျတ်ခနဲ ပွင့်သွားပြီး မကောင်းဆိုးဝါးလေး၏ အေးစက်စက်၊ ရှုတည်တည် မျက်နှာလေး ပေါ်လာသည် ။

မကောင်းဆိုးဝါးလေးက မေးသည် ။
“တစ်ခုခု လိုလို့လား”

အမည်မရှိသောနန်သည် ချက်ချင်းပင် ဖုန်းကို လှည့်လိုက်ပြီး
စင်မြင့်ထက်က ရီဝမ်ဝမ်ရှိရာဆီ ထိုးပြလိုက်သည် ။ 

“မင်းမာမီ သီချင်းဆိုတာကို မကြားချင်ဘူးလား ။ ပြိုင်တူ ဆိုကြမှာ ဆိုပေမည့်လည်း နားထောင်လို့တော့ ရပါသေးတယ်”

သူ့စကားကို ကြားလိုက်သည်တွင် တစ်ဖက်က မကောင်းဆိုးဝါးလေး၏ အသံမှာ တိတ်ကျသွားသည် ။

အမည်မရှိသောနန်သည် မကောင်းဆိုးဝါးလေး ဘာလုပ်နေသည်နည်းဟု ဖုန်းလှည့်ကြည့်တော့မည် လုပ်လိုက်၏ ။ ထိုတွင် မကောင်းဆိုးဝါးလေး၏ အသံကို ကြားလိုက်ရလေသည် ။

“ကျေးဇူးတင်ပါတယ်၊ ဦးလေး”

အမည်မရှိသောနန် ။  “…”

ဟမ်…မကောင်းဆိုးဝါးလေးက ငါ့ကို “ဦးလေး” လို့ ခေါ်တယ်၊ ပြီးတော့လည်း ဒီနေ့တစ်နေ့ထဲကို နှစ်ကြိမ်ကြီးများတောင် ။

မကောင်းဆိုးဝါးလေးက ရုတ်တရက်ကြီး ငါ့ကို ဒီလောက် နူးနူးညံ့ညံ့လေး ဆက်ဆံပေးနေတာ ၊ ငါ နေတောင်မနေတတ် တော့ဘူး…

အား…ဒီလိုကြီးကျတော့လည်း ငါ လန့်လွန်းလို့ သေတော့မှာပဲ ။

………………………………………………………

စာစဉ် ၅၀၊ အခန်း ၁၁ ။ အပြင်းဆုံအးရက်ကို သောက် 

စင်မြင့်ထက်တွင် ရှေးခေတ်တီးလံုံး တီးခတ်ခြင်း ပြီးဆုံးသွားလေပြီ ။

ဟန်ရှန်းယွီသည် မိုက်ကရိုဖုန်းကို မြှောက်ကိုင်လိုက်ပြီး စတင်ကာ ဆိုလာသည် ။ 

“စွပ်ပြုတ်နွေးနွေးလေးတစ်ခွက်နဲ့…မင်းလေးရဲ့စိတ်လေး ရှင်းသွားပြီ ။ ဒီသူရဲကောင်းကြီးရဲ့ နှလုံးသားမှာ သွေးစက်လက်ကျခဲ့ပြီးပြီ ။ ဓားတစ်လက်နဲ့ စွန်းစားသွားလာခဲ့ပြီးပြီ”

ကုန်ရွှီသည် ပရိသတ်များကို ညှို့ပြုံးပြုံးကာ ဆိုလာသည် ။
“ဘယ်သူ စောင့်နေလဲ မမေးပါနဲ့။ ဓားက လေကို ခွင်းလိုက်ချိန်… မင်းရဲ့လည်တိုင်လေးကို ညင်ညင်သာသာလေး နမ်းရှိုက်သွားတယ်”

လျိုချန်း ဆိုသည် ။
“အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုက ဒွန်တွဲနေတယ်…သေခြင်းနှင့်ရှင်ခြင်းက တစ်ဖက်တစ်ချပ်မှာ…တိတ်ဆိတ်တဲ့ည…အသက်မဲ့တဲ့လေထဲ…ခါးသက်စွာ သောက်နေဆဲ”

လျိုချန်း၏ သီးသန့်ဆန်ပြီး တင်းကျပ်သည့်စရိုက်နှင့် သိုင်းကားတွင် ပါဝင်ရိုက်ကူးထားသည့် နောက်ခံ…ထိုသည်တို့မှာ အခုသီချင်းနှင့် အတော်လေး လိုက်ဖက်ပနံ ရလှပေသည် ။

ရီဝမ်ဝမ်၏ မျက်ဝန်းထဲတွင် အလင်းတစ်ချက် ပြိုးပြက်လာသည် ။ 
“မနက်ခင်းနဲ့ နေဝင်ချိန် ငါ့ရဲ့ဓားနဲ့ ဒီလောကကို
သန့်စင်မယ် ။ အပြင်းဆုံးအရက်ကို သောက်ပြီး…အချောဆုံးလူကို ချစ်…ကျယ်ပြောလှတဲ့ မိုးသားအောက်မှာ ပင်လယ်လှိုင်းတွေ ရိုက်ခတ်နေတာကို ငါ ရှုစားမယ်”

“အား…ရီပိုင်…ရီပိုင်…”

“နတ်ဘုရားမလေး…ငါ့ကို လက်ထပ်ပါ”

“အစ်ကို ရီပိုင်…အစ်ကို ရီပိုင် ကျွန်မ ရှင်နဲ့ အိပ်ချင်တယ်”

“ဘုရားရေ…ညီမ အစ်ကို့အတွက် သားသား၊ မီးမီး အမြွာပူးလေး မွေးပေးချင်တယ်”

ရီဝမ်ဝမ်သည် အခုချိန်တွင် မိန်းကလေးလို ဝတ်စားထားသော်လည်း စင်အောက်ထက်တွင် ရှိနေကြသည့် မိန်းကလေးများ၏ အော်သံတို့မှာ စဲသွားခြင်း မရှိကြ ။ သူမ၏ ကျော်ကြားမှုသည်လည်း ဟန်ရှန်းယွီတို့ထက် တစ်ပြားသားမှ လျော့ကျခြင်း မရှိပါချေ ။

“ကျယ်ပြောလှတဲ့ မိုးသားအောက်မှာ ပင်လယ်လှိုင်းတွေ ရိုက်ခတ်နေတာကို ငါ ရှုစားမယ်” ဆိုသည့် အပိုင်းကို
ရီဝမ်ဝမ် ဆိုပြီးသွားသည့်နောက်တွင်
ကုန်ရွှီသည် ဟန်ရှန်းယွီ ကြည့်လာခြင်းကိုရော၊
သူ ဆိုရမည့် စာသားကိုရော မေ့သွားတော့လေသည် ။

သို့နှင့် နောက်ဆုံးတွင် လေးယောက်စလုံး တစ်ပြိုင်တည်း အတူတူ ဆိုလိုက်ကြရသည် ။ 

“တောင်တောင်တွေ ပြုန်းပါစေ၊ ကောင်းကင်နဲ့ မြေကြီး ယိုင်လဲပါစေ ။ ငါကတော့ ငါ့တစ်ဘဝလုံးကို ဒီလောကကြီးအတွက် မြှုပ်နှံသွားမယ်”

ကင်မရာများသည် စင်မြင့်ထက်က ထိုလေးယောက်ကို ထိုးပြထားသည် ။ စင်အောက်တွင် ဝေါခနဲ အော်ဟစ်သံတို့ ပွက်လောညံလာကြသည်။

ရီဝမ်ဝမ်သည် ဟန်ရှန်းယွီ၊ ကုန်ရွှီနှင့် လျိုချန်းကို ကြည့်လိုက်သည် ။ ထို့နောက်တွင် စင်အောက်ထက်တွင် ရှိနေကြသည့် ရီမူဖန်၊ ကျန်းယန်ရန် နှင့် ဖေးယန်တို့ကို ကြည့်လိုက်သည် ။

ထို့နောက် ထိုအားပေးနေကြသည့် ပရိသတ်ထုကြီးကို ကြည့်လိုက်သည် ။

သူမ၏ရင်ထဲတွင် ကပ်ငြိနေသည့် ကူကယ်ရာမဲ့မှု၊ စိတ်ဓာတ်ကျနေမှု တို့သည် တမုဟုတ်ချင်းပင် တစ်စစီ လွင့်ပြယ်မိသွား၏ ။

ငါက ရီဝမ်ဝမ် မဟုတ်တော့ရော ဘာဖြစ်လဲ ။

ငါက ကိုယ့်ကိုယ်ကို မေ့နေတော့ကော ဘာဖြစ်လဲ ။

ရီဝမ်ဝမ် ဖြစ်နေတုန်းမှာ ငါ ကြုံခဲ့ရတာတွေက အစစ်အမှန်တွေပဲ ။ ဒီသူငယ်ချင်းတွေ၊ မိသားစု၊ ငါ့ကို အားပေးနေတဲ့ လူတွေ၊ ငါ့ကို သဘောကျကြတဲ့သူတွေ အကုန်လုံးက အစစ်တွေချည်းပဲ ။

င့ါကိုယ်ငါအနေနဲ့ မနေခဲ့ရဘူး ဆိုရင်တောင်မှ ငါဘဝရဲ့ ဒီကာလက ငါ့အတွက် အဖိုးမဖြတ်နိုင်တဲ့ ကာလပဲ ။ ဒါတွေက ဘာအဓိပ္ပာယ်မှ မရှိတဲ့ အချိန်တွေ မဟုတ်ဘူး ။

နောက်ဆုံးသံပြိုင်အပိုဒ် ပြီးသွားပြီ ဖြစ်သဖြင့်
ယနေ့ည၏ ပွဲသည် အဆုံးသတ်သွားလေပြီ ။

ပွဲလာကြည့်ကြသည့် ပရိသတ်များမှာလည်း အသီးသီးအလျိုလျို ပြန်သွားကြလေပြီ ။

အမည်မရှိသောနန်၏ ဗွီဒီယိုကောလ်တွင် တန်တန်သည် ရီဝမ်ဝမ် စင်မြင့်ပေါ်က ဆင်းပြီး စင်နောက်ကို ဝင်သွားကာ လံုံးဝကို ပျောက်ကွယ်သွားသည်အထိ မမှတ်မသုန် လိုက်ကြည့်နေလေသည် ။ သူ့မျက်ဝန်းထဲက အလင်းရောင်လေးမှာ တစထက်တစ မှိန်ပျသထက် မျိန်ပျလာချေပြီ ။

“အဟမ်း…ပြီးသွားပြီ”

အမည်မရှိသောနန်သည် သူ့ကို သတိပေးလိုက်ခြင်းပင် ။

ကောင်ငယ်လေး၏ မျက်ဝန်းတို့မှာ ရီဝေစွာဖြင့် ထိုဘာမှမရှိတော့သည့် စင်မြင့်ထက်ကို ငေးကြည့်နေဆဲ ။ 

“ဖုန်းမချနဲ့ဦး”

သို့နှင့် အမည်မရှိသောနန်သည်လည်း ထိုတံတိုင်းကြီးပေါ်တွင် ဆက်ကုပ်တွယ်နေကာ ဖုန်းဆက်ကိုင်ပေးထားရလေသည် ။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးလာလေပြီ ။ ပွဲထဲတွင် ဘယ်သူမှ မရှိကြတော့ ။ အလင်းရောင်သည်လည်း မှိန်ပျပျ ဖြစ်နေသည် ။
သို့သော် တန်တန်သည်ကတော့ ထိုဘယ်သူမှ မရှိတော့သည့် စင်မြင့်ထက်ကို ငေးကြည့်နေဆဲ ။

မသိလျှင် ထိုမြင်ကွင်းကို မြင်နေရသရွေ့ သူသည် သူ့မာမီ ရပ်နေသည်ဟု ပုံဖမ်းကြည့်နိုင်သယောင်ယောင် ။

အနောက်ခန်းတွင် ။

“အစ်ကို ရီ…ရရဲ့လား”
ကုန်ရွှီသည် သတိကြီးကြီးဖြင့် မေးလာသည် ။

ဟန်ရှန်းယွီသည်လည်း စိတ်ပူလာ၏ ။ 
“ရီပိုင်..မင်း ဒီနေ့ နေမကောင်းဘူးလား”

ဒီနေ့ ရီဝမ်ဝမ် တစ်ခုခုတော့ ဖြစ်နေတယ် ။

ရီဝမ်ဝမ်သည် ခေါင်းခါယမ်းလိုက်သည် ။
သူမ ဘာမှ မဖြစ်ဘူးဟု ပြောမည် ပြောလိုက်ချိန်တွင် ပြတင်းပေါက်ကနေ ရုံအပြင် တံတိုင်းပေါ်ကို အမှတ်တမဲ့ လှမ်းကြည့်မိသွားရာ…

အဲ…ဟိုတံတိုင်းပေါ်မှာ တစ်ယောက်ယောက် ရှိနေတာလား ။

ငါ ထင်ယောင်ထင်မှားတွေ ဖြစ်ပြီး မှားများ မြင်နေတာလား ။ ဒီလောက်အမြင့်ကြီးကို ဘယ်သူက သေချင်လို့ တက်ရဲမှာလဲ ။

ရီဝမ်ဝမ်သည် သူမမျက်လုံးတို့ကို ပွတ်သပ်ကြည့်လိုက်ပြီး နောက်ထပ်တစ်ခါ ကြည့်လိုက်ပြန်သည် ။

တကယ်ကို တစ်ယောက်ယောက် ရှိနေတာပဲ ။
ဖုန်းနဲ့ တစ်ခုခုကို ရိုက်နေသလားပဲ ။

နေဦး…ခနလေး…အဲ့လူက…

မည်သူဖြစ်ကြောင်းကို ရီဝမ်ဝမ် မြင်လိုက်ပြီးနောက်တွင် အံ့အားသင့်သွား၏ ။

အမည်မရှိသောနန်…လား ။

ဒီကောင်…ဟိုတစ်ခေါက်တုန်းကလည်း သစ်ပင်ပေါ် တက်တယ် ။ အခုတစ်ခေါက်ကျတော့ တံတိုင်းပေါ်ကို တက်ပြန်ပြီလား…

…………………………………………………….

စာစဉ် ၅၀၊ အခန်း ၁၂ ။  သီချင်းတစ်ပုဒ်

ဟန်ရှန်းယွီသည် သူမ ကြည့်ရာဘက်ကို လိုက်ကြည့်လိုက်သည် ။
"မင်း ဘာကို ကြည့်နေတာလဲ"

ရီဝမ်ဝမ်သည် ကပျာကသီပင် ဟန်ရှန်းယွီကြည့်နေသည်ကို ကာပစ်လိုက်ပြီး မေးလိုက်သည် ။

"ရှန်းယွီ…ငါ့ကို တစ်ခုလောက် ကူညီပေးလို့ ရမလား"

ဟန်ရှန်းယွီက ပြန်ဖြေသည် ။ 
"ရတာပေါ့ ၊ ပြောလေ"

ရီဝမ်ဝမ်က ပြောသည် ။
"စတိတ်စင်ကို ခနလောက် သုံးလို့ ရမလား"

ဟန်ရှန်းယွီသည် ဘာလုပ်မလို့လဲဟု မမေးနေဘဲ လိုက်လိုက်လျောလျောပင် ပြောလာသည် ။ 

"ရတာပေါ့ ။ စင်က အခုထိ မဖျက်ရသေးဘူး ။
ငါ သူတို့ကို သွားပြောလိုက်မယ်"

ရီဝမ်ဝမ်သည် ကျေးဇူးအတင်ကြီး တင်မိသွား၏ ။ 
"ကျေးဇူး"

တခနအကြာတွင် ရီဝမ်ဝမ်သည် လက်ထဲတွင် မိုက်ကရိုဖုန်းကို ကိုင်ကာ စင်ပေါ်သို့ ပြန်တက်သွားလေသည် ။

ဒေါက် ဒေါက်…

အလင်းရောင်သည် ရီဝမ်ဝမ်ပေါ် ဖြာကျလာသည် ။

တစ်ဖက်တွင် အမည်မရှိသောနန်သည် တံတိုင်းကြီးထက်တွင် ထိုင်ရင်း မျက်ရည်ချောင်းချောင်း ကျနေသည် ။ ထို့ပြင် လေအေးသည် တသုန်သုန် တိုက်ခတ်နေသောကြောင့် အဆက်မပြတ် နှာချေနေ၏ ။

"အာ…ဘိုးဘိုးလေးရာ…ငါတို့ ပြီးပြီလား"

ရီဝမ်ဝမ်ကဖြင့် သွားပြီးနေပြီ ။ သူက ဘာကို ကြည့်နေသေးတာလဲ ။

အမည်မရှိသောနန်သည် ဆက်ပြောတော့မည် ပြုလိုက်၏ ။ သို့သော် ထိုအခိုက် စင်မြင့်ထက်တွင် ရုတ်တရက် အလင်းရောင်တစ်ခု ပေါ်လာပြီး ထိုအလင်းရောင်အောက်တွင် လူတစ်ယောက် ပေါ်လာသည် ။

မိုက်ကရိုဖုန်းကို ကိုင်လျက် ပေါ်လာသည့် ရီဝမ်ဝမ် ပါတည်း ။

အမည်မရှိသောနန်မှာ လုံးဝကို အံ့သြမိသွား၏ ။ 

"အာ…ဘော့စ် ရီ"

သူ ဘာလို့ ပြန်လာတာလဲ ။

သူသည် တံတိုင်းပေါ်တွင် ရှိနေသည့် သူ့ကို ရီဝမ်ဝမ် သတိပြုမိသွားပြီ ဆိုသည်ကိုတော့ မသိလိုက်ပါချေ ။

အမည်မရှိသောနန်သည် စင်မြင့်ထက်ကို အာရုံရောက်နေသောကြောင့် ရီဝမ်ဝမ် စင်ပေါ် ထပ်တက်လာချိန်တွင် မကောင်းဆိုးဝါးလေး၏ မျက်နှာ ထက်က မယုံကြည်နိုင်မှု၊ အံ့အားသင့်မှုတို့ကို မမြင်မိလိုက်ပေ ။

စင်နောက်ဘက်တွင် ရီမူဖန်သည် စိတ်လှုပ်ရှားနေသည် ။

"ဝမ်ဝမ်က သူ့ရဲ့ အစ်ကို၊ ငါ့ အတွက် သီချင်းတစ်ပုဒ် ဆိုပေးတော့မလို့ များလား"

အရမ်း စိတ်ကူးတတ်လိုက်တာ…

ကုန်ရွှီသည်လည်း လက်ပိုက်ထားပြီး တိတ်တိတ်လေး ရေရွတ်လာ သည် ။
"သူ ငါ့ကို ချစ်တယ်လို့ သီချင်းဆိုပြီးတော့များ ဝန်ခံတော့မလို့လား"

လျိုချန်းသည် ဖော်ပြမစွမ်းသာသည့် အမူအရာဖြင့်
သူ့ကို ခြောက်ကပ်စွာ ကြည့်လိုက်သည် ။

ကုန်ရွှီသည် ချက်ချင်းပင် ဒေါသတကြီး ငေါက်လာတော့သည် ။

"မင်းဘကြီးတဲ့မှ….ဘယ်လိုအကြည့်နဲ့ ကြည့်နေတာလဲ ။
အစ်ကို ရီ က ငါ့ကို ဘာလို့ ရည်းစားစကား ပြောလို့မရရမှာလဲ"

တေးဂီတသံလေး ပျံ့လွင့်လာသည် ။ ရီဝမ်ဝမ်၏ မျက်ဝန်းတို့သည် အမည်မရှိသောနန်ဘက်သို့ အေးစက်စွာ ကြည့်နေလေသည် ။

အမည်မရှိသောနန်သည် ဖုန်းတစ်လုံးနှင့် ဘာလုပ်နေသည်ကို သူမ သေချာမမြင်ရပါချေ ။ သို့သော် တန်တန်ကို ဗွီဒီယိုကောလ် ခေါ်ထားခြင်း ဟုတော့ သူမ မသိစိတ်ကနေ ခံစားနေမိသည် ။

တန်တန်သည် အစောပိုင်းက ဒီည မာမီသီချင်းဆိုပြတာ နားထောင်ချင်သည်ဟု ပြောသွားသည် မဟုတ်ပါလား ။

အဖွင့်တီးလုံးသံ ဆုံးသွားသည့်နောက်တွင် ရီဝမ်ဝမ်သည် စတင်ကာ သီဆိုလာသည် ။ 

"ပိုးကောင်လေးက ငါ့စောင်းပေါ်မှာ လှဲနေရင်း ငါ တီးခတ်တဲ့ သံစဉ်လေးကို နားဆင်နေတယ် ။ ပုရစ်လေးက ငါ့နံဘေးမှာ ဒူးထောက်နေပြီး သီချင်းသံလေးကို နားဆင်နေရင်း တွေးနေတယ် ၊ မနက်ဖြန် နေ့လည်စာကို ဘယ်သူနဲ့အတူ စားရပါ့မယ်"

ရီဝမ်ဝမ်သည် အဝေးတစ်နေရာဆီက အမည်မရှိသောနန်ကို ကြည့်ပြီး ဆက်ကာ သီဆိုနေသည် ။

"မေ့လို့ မရဘူး၊ ငါတစ်ယောက်ထဲ တောင့်ခံနိုင်ရ ခက်လှပြီ ။ အရာအားလုံးကို ပစ်ထားပြီး ပိုးကောင်လေး အိမ်ကို ပြေးလာချင် မိတယ်"

တန်တန်သည် နောက်ဆုံးသောစာသားကို ကြားလိုက်ချိန်တွင် မျက်ရည်တို့ ချက်ချင်း ဆည်ကျိုးကျလာတော့သည် ။ ဖုန်းစခရင်မ်ထက်က သူ့မာမီ၏ မျက်ဝန်းတို့ကို စမ်းကိုင်လိုက်ရင်း "မာမီ" ဟု နှုတ်ကနေ ရေရွတ်လာသည် ။

"ပိုးကောင်လေးက စိတ်ဆိုးတယ်၊ ပိုးကောင်လေးက အော်ဟစ်တယ် ။  အမြဲတမ်း ငါ့ရဲ့အဖော်မဲ့မှုကို ဖယ်ရှားပစ်စေတဲ့ ပိုးကောင်လေးရေ ။ အခုတော့ ခြင်တွေ ငါ့ကိုယ်ပေါ်မှာ လာနားကုန်ပြီ၊ ငါ့ပုခုံးကို နမ်းရှိုက်ကုန်ပြီ ။ ပိုးစုန်းကြူးလေး…အိုး…မင်းကြောင့် ဒီလောကကြီး ဟာ လင်းထိန်သွားပြီ ။ ကောင်းကင်ကြီးက ဘယ်လောက်ပဲ မည်းမည်း၊ တလက်လက်တောက်ပနေတဲ့ ကြယ်တွေကို ငါတို့ တွေ့နိုင်သေးတယ်။ ငါ အရာအားလုံးကို ထားပစ်ခဲ့ပြီး ပိုးကောင်လေးရဲ့ကမ္ဘာဆီ ဘယ်လိုများ ပြေးသွားရပါ့မလဲ"

အခုချိန်တွင် ကျယ်ဝန်းလှသည့် ခန်းမကြီးထဲတွင် လူတစ်ယောက်မှ မရှိနေသဖြင့် အလွန်အမင်းပင် တိတ်ဆိတ်ငြိမ်သက်နေသည် ။

စင်မြင့်ထက်တွင် ထိုမိန်းကလေး၏ လွမ်းဆွတ်ကာ ဝမ်းနည်းကြေကွဲ နေသည့် အသံလေးသာ ဟိန်းထွက်နေပြီး အားလုံး၏ရင်ထဲ တဆစ်ဆစ် နာကျင်လွမ်းဆွတ်လာကြ၏ ။

စင်နောက်ဘက်တွင် ရီမူဖန်သည် သူ့မေးစေ့ကို ပွတ်သပ်နေသည် ။

"ဝမ်ဝမ် ဆိုနေတဲ့ ပိုးကောင်လေးက ဘယ်သူ့ကို ပြောနေတာလဲ"

ကုန်ရွှီ ။  "ကျွန်တော်လေ…အစ်ကို ရီ ဆိုနေတဲ့ ပိုးကောင်လေးက ကျွန်တော့်ကို ပြောတာ"

လျိုချန်း ။  "…"

………………………………………………………

စာစဉ် ၅၀၊ အခန်း ၁၃ ။ ပြတ်ဖို့လား…မဖြစ်နိုင်ဘူး 

အုတ်တံတိုင်းပေါ်တွင် အေးစိမ့်သည့်လေကြောင့် အမည်မရှိသောနန်သည် နှာတရှုံ့ရှုံ့ ဖြစ်နေလေပြီ ။
"အား…အရမ်းကို ထိသွားပြီ"

အပေါ်ကို တက်လာပြီးပြီ ဖြစ်သည့် ပန်းစည်းသည် လက်ကိုင်ပဝါကို ထုတ်ကာ မျက်ရည်တို့ကို သုတ်နေလေသည် ။

"အီးဟီးဟီး…ဒီသီချင်းကို နားထောင်ရတာ ငိုချင်တယ်ဗျာ"

သူတော်စင်က ပြောသည် ။
"ကရုဏာကြီးမားလှတော်မူသော မြတ်စွာဘုရား…သာဓု…သာဓု... "

ပန်းစည်းက မေးသည် ။
"သောက်ကျိုးနည်း ခရစ်ယာန်ဘုန်းကြီးလေး…မင်း ဘယ်တုန်းက ဘာသာပြောင်းသွားတာလဲ"

သူတော်စင်က ပြန်ဖြေသည် ။
"ရဟန်းဖြစ်တာက ပိုမြတ်တယ်လို့ သိခဲ့ရတုန်းက"

စင်မြင့်ထက်တွင် ရီဝမ်ဝမ်သည် သီချင်း ဆိုပြီးသွားပြီးနောက်တွင် မိုက်ကရိုဖုန်းကို ချလိုက်သည် ။

သူမသည် မည်သို့ပင် မခွဲချင်လင့်ကစား၊ သူတို့သည် ခွဲကြရမည်ပင် ။

မနက်ဖြန် ဆိုလျှင် အမည်မရှိသောနန်တို့အဖွဲ့သည် ပြန်သွားကြ တော့မည် ။ ထိုသီချင်းမှာ တန်တန့်အတွက် သူမ ပေးနိုင်သော နောက်ဆုံးလက်ဆောင် ဖြစ်ပေသည် ။

သီချင်းပြီးသွားသည့်နောက်တွင် စလိုက်မီးသည်လည်း မှိန်ကျသွားလေပြီ ။

စင်မြင့်ထက်တွင် တစ်ဖန် ဘယ်သူမှ မရှိကြပြန်တော့ ။

အမည်မရှိသောနန်သည် တိုးတိုးလေး လှမ်းခေါ်လိုက်သည် ။
"ဘိုးဘိုးလေး…"

တစ်ဖက်က ပြန်မဖြေလာ ။
ထို့ကြောင့် သူသည် ဖုန်းကို လှည့်ကြည့်လိုက်ချိန်တွင်
တန်တန်သည် ဖုန်းချသွားပြီး ဖြစ်လေသည် ။

အမည်မရှိသောနန်သည် သက်ပြင်းအသာ ချလိုက်ပြီး
သူ့အပေါ် မှီနေသည့်ပန်းစည်းကို တွန်းထုတ်ပစ်လိုက်၏ ။

"လူခွဲမယ်၊ လူခွဲမယ်၊ လူခွဲကြမယ် ။ ငါတို့ မနက်ဖြန်မနက် စောစောထမှ ရမှာ"

ငါ ဟိုကို အမြန်ပြန်သွားပြီး ငါ့ညီမကိစ္စကို သေချာကြည့်ရမယ် ။

ထိုအခိုက်တွင် ရီဝမ်ဝမ် သည် ပြန်ရောက်လာသည်နှင့် ကုန်ရွှီသည် ရွှန်းစားနေသည့် မျက်ဝန်းများဖြင့် အရှေ့သို့ ပြေးတက်လာသည် ။

"အစ်ကို ရီ…အစ်ကို ရီ…ပိုးကောင်လေးက ဘယ်သူလဲ ။
အဲ့ဒါ ကျွန်တော်မလား"

ရီဝမ်ဝမ်သည် သူ့ကို ကြည့်လိုက်သည် ။  "…"

ဒီအရူးကတော့ အတွေးတွေ မလွန်လွန်းဘူးလား ။

ရီမူဖန်သည် မျက်လုံးထောင့်စွန်းကနေ သူ့ညီမလေးကို ကြည့်လိုက်သည် ။

"မင်း ဒီလောက်ခံစားချက်တွေ ထည့်ပြီးတော့ သီချင်းဆိုသွားတာ… ဟိုကောင်ချောလေးအတွက် ဆိုပေးတာတော့ မဟုတ်လောက်ပါဘူး နော်"

အဲ့လိုတော့ မဟုတ်လောက်ဘူး ဆိုပေမယ့်လည်း သီချင်းထဲမှာ ခံစားချက်တွေ အပြည့် ထည့်ဆိုသွားတာ။ ဒါပေမယ့် အချစ်သီချင်းမျိုး လည်း  မဟုတ်ဘူး ။ ပြီးတော့ ဟိုကလေးချောချောလေးကလည်း ဒီမှာ မရှိနေတဲ့ဟာ…ဘာလို့ သူ့အတွက် ဆိုပေးတာ ဟုတ်ပါ့မလဲ ။

ရီမူဖန် မှားပြောမိသွားသလားတော့ မသိလိုက်ပါချေ ။
သို့သော် သူ ထိုသို့ ပြောလိုက်သည့်နောက်တွင်
ရီဝမ်ဝမ်၏မျက်နှာမှာ တမဟုတ်ချင်း မည်းပုတ်လာတော့သည်။ 

သို့နှင့် ရီမူဖန်သည် ချောင်းအသာဟမ့်လိုက်ကာ
သူမလေးကို သိလိုဇောဖြင့် ကြည့်လိုက်တော့သည် ။

"ဘာဖြစ်လို့လဲ…အခုတလော မင်းကြည့်ရတာ သိပ်ပုံမှန် မဟုတ်ဘူး ။ ဘာလဲ…မင်းရည်းစားနဲ့ ပြတ်သွားလို့လား"

ထိုအခိုက်တွင် ကုန်ရွှီသည် ရှားရှားပါးပါး ရီမူဖန်ဘက်က ပါလာလေ သည် ။ သူ့မျက်လုံးထဲတွင် ချက်ချင်း အရောင်ဖြာထွက်လာလေသည်။

"တကယ်ကြီးလား…အစ်ကိုတို့ တကယ်ကြီး ပြတ်သွားပြီလား"

ရီဝမ်ဝမ်သည် မျက်လုံးလှန်ကြည့်လိုက်သည် ။

"ပြတ်ရမှာလား…ဒီဘဝမှာတော့ လုံး၀ မဖြစ်နိုင်ဘူး"

ဘာကြောင့်ရယ် မသိပါချေ ။ စီရီဟန်သည် သူမအစစ်ကို "သတ်ပစ်ခဲ့" သည်ကို သူမ သိနေသည့်တိုင်အောင် မသိစိတ်ကနေ သူ့ကို အလိုလို ကာကွယ်ပေးနေမိဆဲပင် ။

သူမ အိမ်ပြန်ရောက်သွားသည့် အချိန်တွင် ညဉ့်အလွန် နက်နေလေပြီ။

ရီဝမ်ဝမ်ထံတွင် အခုတလော၌ ကိစ္စတော်တော်များများ ဖြစ်ပျက်ထားသောကြောင့် သူမအတွက် အနားယူကာ အားပြန်ဖြည့်ဖို့ လိုအပ်ပေသည် ။ သို့သော်လည်း ထိုညတွင် သူမသည် အိပ်မပျော်ဘဲ တစ်မှေးလောက်သာလျှင် အိပ်ပျော်ခဲ့၏ ။ အိပ်နေစဉ်တောက်လျှောက် ကို့ယို့ကိုးယားနဲ့ အိမ်မက်တွေ တသီတတန်းကြီး လျှောက်မက်နေ ခဲ့သည် ။

နောက်တစ်နေ့မနက်တွင် ဖုန်းမြည်သံကြောင့် သူမ အိပ်ရာကနေ နိုးလာ၏ ။

"ဝမ်ဝမ်…အိမ်မှာ တစ်ခုခုဖြစ်နေပြီ"

ဖုန်းတစ်ဖက်က အသံသည်ကား လျန်ဝမ်ကျွင်း ဖြစ်၏ ။
အသံမှာ ထိတ်လန့်နေသည်၊ စိုးရိမ်နေသည် ။

သို့နှင့် ရီဝမ်ဝမ်သည် မျက်မှောင်ကြုတ်မိသွား၏ ။

"မေမေ…ဘာဖြစ်လို့လဲ  ၊ စိတ်ကို အေးအေးထား၊
သမီးကို ဖြည်းဖြည်းချင်း ပြောပြနော်"

"ဝမ်ဝမ်…သမီးရဲ့ဦးလေး…သူ…"

"ဦးလေး…လား"

ရီဝမ်ဝမ်၏ မျက်ဝန်းထဲ အေးစက်သည့် အငွေ့အသက်တစ်ခု ပေါ်ထွက်လာသည် ။
"ဦးလေးက မေမေနဲ့ဖေဖေ့ကို ထပ်အနိုင်ကျင့်ပြန်ပြီလား"

"မဟုတ်ဘူး ။ သမီးရဲ့ဦးလေး…သူ သေပြီ"
လျန်ဝမ်ကျွင်းက သက်ပြင်းအသာချကာ ပြောလာသည် ။

"ဘာ"

ထိုသည်ကို ကြားလိုက်ပြီး ရီဝမ်ဝမ် အံ့သြသွား၏ ။

ဦးလေး ၂ ၊ ရီရှောင်အန်း သေပြီလား ။

"သူ ဘယ်လိုလုပ်ပြီး သေသွားတာလဲ"

ရီဝမ်ဝမ်သည် လွှတ်ခနဲ မေးကြည့်လိုက်မိသည်တွင်…

"အခုတော့ မသိရသေးဘူး ။ သူ့အိပ်ရာထဲမှာ ဆန့်ဆန့်ကြီး သေနေပြီတဲ့ ။ ဘာပဲဖြစ်ဖြစ် သမီး မြန်မြန်ပြန်လာခဲ့လိုက်"
လျန်ဝမ်ကျွင်းသည် စိတ်ဖိစီးစွာဖြင့် ပြောဆိုလာသည် ။ 

သူမသည် သူမ၏ သမီးလေးကို အားကိုးရာ အသက်ကယ်ဆေးကြီးအဖြစ် ဘယ်ချိန်ကစပြီး သဘောထားလာမိသလဲတော့ မသိပါချေ ။

"ဟုတ် မေမေ ။ သမီး ချက်ချင်း ပြန်လာခဲ့မယ်"

ထိုသို့ ပြောပြီးနောက် ရီဝမ်ဝမ်သည် ဖုန်းကို ချပစ်လိုက်သည် ။

………………………………………………………

စာစဉ် ၅၀ ၊ အခန်း ၁၄။  မှတ်ဉာဏ် တစ်ပိုင်းတစ

ပြသနာတစ်ခု မပြီးသေးခင် နောက်ပြသနာတစ်ခု ထပ်ရောက်လာပြန်ပြီ

ရီဝမ်ဝမ် စိတ်ချုံးချုံးကျမိသွား၏ ။

အရာတော်တော်များများသည် သူမ၏ အတိတ်ဘဝကနှင့် သွေဖီနေလေသည် ။

သူမ၏ အတိတ်ဘဝတုန်းက သေသွားခဲ့သည်အထိတိုင် သူမ၏ဘဝမှန်ကို မသိခဲ့မိပါချေ ။
ထိုမှတ်ဉာဏ်ကိစ္စမှာလည်း တွေးပင် မတွေးမိခဲ့ဖူးပါချေ ။

သူမ၏အတိတ်ဘဝတွင် စီရီဟန်သည် ပျောက်ကွယ်သွားခြင်း မရှိခဲ့သလို တစ်ချိန်လုံးလုံး စီ မိသားစုတွင်သာ နေနေခဲ့၏ ။
ထို့အတူ ဒုတိယဦးလေး ရီရှောင်အန်းသည်လည်း မသေခဲ့ပါချေ ။

သို့သော် ဤဘဝတွင်တော့ သူမ ပြောင်းလဲလာမိလေလေ အရာတော်တော်များများသည်လည်း ပြောင်းလဲလာကြလေပင် ။
သို့သော် ထိုသည်မှာ အထူးဆန်းကြီးတော့ မဟုတ်ပါချေ ။

ရီဝမ်ဝမ်သည် သူမ၏ ဘဝနောက်ကြောင်းမှန်ကို သိရှိသွားခြင်း၊ စီရီဟန်သည် ဆန်းကြယ်စွာ ပျောက်ကွယ်သွားခြင်း ၊
ဒုတိယဦးလေး ရုတ်တရက်ဆန်ဆန် သေဆုံးသွားခြင်း ။

တခနအတွင်း ရီဝမ်ဝမ်သည် မျက်မှောင်လေး မဆိုစလောက် ကြုတ်မိရာမှ ဟိုးတစ်စဒီတစ်စ ပြန့်ကျဲနေသည့် အတွေးတို့ကို စုစည်းပစ်လိုက်သည် ။

ရီရှောင်အန်း သေဆုံးရခြင်းတွင် တစ်ခုခုတော့ ရှိရပေမည် ။
သူမ၏ အတိတ်ဘဝက ကြုံဖူးခဲ့သည့် အတွေ့အကြုံအရ
အတိတ်ဘဝတွင် ရီရှောင်အန်းသည် ကျန်းမာသန်စွမ်းသူ ဖြစ်သည် ။ သို့သော် အခုဘဝတွင်မူ အိပ်ရာထဲလဲကာ သေဆုံးခဲ့ရလေသည် ။

ခနအတွင်း ရီဝမ်ဝမ်သည် ရီ စံအိမ်တော်ဆီသို့ အမြန်မောင်းသွား လိုက်သည်။

အခုတလောတွင် အဖြစ်အပျက်တော်တော်များများသည် တစ်ဆက်တည်း ဖြစ်ပျက်ခဲ့ခြင်းကြောင့် ဖြစ်ဟန်တူသည် ။
သူမ ကောင်းကောင်း အိပ်မပျော် ဖြစ်နေခဲ့ခြင်းကြောင့် အခု ခေါင်းနည်းနည်း မူးနောက်နေမိ၏ ။

ကွေ့ချိုးတစ်ခုကို ရောက်သွားချိန်တွင် သူမ၏ခေါင်းကို တစ်ယောက်ယောက်က တူကြီးတစ်ချောင်းနှင့် ထုနေသလိုလို ။ အလွန်အမင်း စူးအောင့်ကာ နာကျင်ကိုက်ခဲလာ၏ ။

အပေါက်ကြီးတစ်ပေါက်သည် စုတ်ပြဲကာ ပွင့်အန်လာပြီး
ထိုကနေ တစ်စုံတရာသည် ဝေါကနဲ ထိုးထွက်ကျလာသလိုလို ။

မျက်တောင်တစ်မှိတ်အတွင်း ဟိုးအတွေးတစ်စ၊ ဒီအတွေးတစ်စတို့ ပြန့်ကျဲထွက်လာကြကာ ရီဝမ်ဝမ်၏စိတ်အတွင်းထဲ ဝေါကနဲ စီးဝင် လာကြ၏။

ထိုမပြီးပြည့်စုံသေးသည့် မှတ်ဉာဏ်အပိုင်းအစထဲတွင် ။

ကလေးမလေးတစ်ယောက်သည် ရီဝမ်ဝမ်၏ စိတ်ထဲတွင် ပေါ်လာသည် ။ ကလေးမလေးတစ်ယောက် ။
နံဘေးတွင် အလွန်အမင်း စည်းကမ်းတင်းကျပ်လှသည့် အဘိုးကြီးတစ်ယောက်နှင့်အတူ ရေကန်နံဘေးတွင် မတ်တပ်ရပ်နေသည် ။

"ဘိုးဘိုး…ဘိုးဘိုး…သမီး ဒက်ဒီနဲ့မာမီ့ကို တွေ့ချင်တယ် ။
ဒက်ဒီနဲ့မာမီက ဘယ်တော့မှ လာခေါ်ကြမှာလဲဟင်"

ကောင်မလေးသည် မဝံ့မရဲဖြင့် မေးနေသည် ။

"သူတို့ လာမှာမဟုတ်ဘူး"

ထိုအဘိုးအိုက မျက်မှောင်ကြီး ကြုတ်ကာ သူမလေးကို ကြည့်ပြီး ပြန်ဖြေသည် ။

"ဘာလို့လဲ" ကလေးမလေးသည် ဇဝေဇဝါ ဖြစ်သွားသည် ။

"သူတို့ သေသွားကြပြီ"

"ဘိုးဘိုး…လိမ်တယ်၊ ဘိုးဘိုး လူလိမ်…ဒက်ဒီ နဲ့ မာမီက မသေသေးဘူး"

"မငိုနဲ့ ။ ငိုတာက အသုံးမကျဆုံးပဲ…ငိုတယ်ဆိုတာ ပျော့ညံ့တဲ့သူတွေ အလုပ်"

အဘိုးကြီးက သူမလေးကို ခပ်မာမာငေါက်လာခြင်း ။ 

"ဟင့်အင်း…သမီး ဘိုးဘိုးကို မုန်းတယ် ။
ဒက်ဒီ့ကို လိုချင်တယ်၊ မာမီ့ကို လိုချင်တယ်" ကောင်မလေးသည် သောကပရိဒေ၀ လောင်ကျွမ်းလာကာ ဝမ်းနည်းနာကျင်သွားပြီး မျက်ရည်များ တပေါက်ပေါက် ပြိုဆင်းလာကြသည်။ 

ထိုတွင် အဘိုးအို၏မျက်နှာထားမှာ နူးညံ့လာပြီး ထိုကလေးမလေးကို ပွေ့ချီလိုက်သည် ။ 

"ဒီနေ့ကစပြီးတော့ ဘယ်သူကမှ မြေးကို အလိုလိုက်တော့မှာ မဟုတ်ဘူး၊ ဘယ်သူကမှ ကာကွယ်ပေးတော့မှာ မဟုတ်ဘူး ။ မြေးဘာသာမြေးပဲ အားကိုးရမယ်၊ အင်အားကြီးလာအောင် လုပ်ရမယ် ။ နားလည်လား"

"နားလည်ပါပြီ"

အဆုံးသတ်တွင် ထိုကောင်မလေးသည် အဘိုးအို၏ လက်ကို ကိုင်ထားရင်း ကြောင်ကြောင်အမ်းအမ်းဖြင့် ခေါင်းညိတ်ပြလာသည် ။ 

ရီဝမ်ဝမ်သည် သူမ၏ခေါင်းတစ်ခုလုံး ပေါက်ထွက်တော့မလိုလို ခံစားနေမိ၏။

ထိုမှတ်ဉာဏ်အပိုင်းအစလေးသည် ဘယ်ကနေ ပေါ်လာမှန်း မသိရပါသော်လည်း ထိုကလေးမလေးမှာ သူမဖြစ်သည်ကိုတော့ ရီဝမ်ဝမ် သေချာနေမိ၏ ။

ထို့ပြင် ထိုအလွန်အမင်း တင်းကျပ်လှသည့် အဘိုးအိုသည်လည်း သူမ၏အဘိုး ဖြစ်ပေသည် ။

သူမ၏ မှတ်ဉာဏ်ထဲတွင် တင်ကျန်နေခဲ့သည့် နောက်ကွယ်က စာလုံးတို့မှာ တရုတ်စာလုံးများ ဖြစ်ကြသည် ။ ကန်အလယ်က အဆောက်အဦးတွင် ထွင်းထားသည့် စာသားကို ကြည့်ရသည်မှာ
မြို့တော် S က မြို့လေးတစ်မြို့ ဖြစ်ရပေမည် ။

တစ်နည်းအားဖြင့် ဆိုရလျှင် ထိုမှတ်ဉာဏ်အပိုင်းအစအရ သူမနှင့်အဘိုး နှစ်ယောက်စလုံးသည် တရုတ်လူမျိုးများ ဖြစ်ကြပေသည် ။

အဘိုး ပြောသွားသည့်စကားများအရ သူမ၏ မိဘအရင်းမှာ သေသွားကြလေပြီ ။

ရီဝမ်ဝမ်သည် သူမထံတွင် ထိုကဲ့သို့ စည်းကမ်းတင်းကျမ်းသည့် အဘိုးအို ရှိနေသလို သူမ၏ မိဘနှစ်ပါးမှာလည်း ဟိုးကတည်းက ကွယ်လွန်တိမ်းပါး သွားလောက်ပြီဟု ဘယ်တုန်းကမှ မတွေးဆထားခဲ့ဖူးပါချေ ။

သူမ၏ မိဘနှစ်ပါး ဘယ်လိုသေခဲ့ရသလဲ သူမ မသိပါ ။ ထိုမှတ်ဉာဏ်လေးမှာ အလွန်သေးငယ်လှသောကြောင့် နည်းနည်းလောက်သာ သူမ ဖမ်းဆုပ်မိနိုင်ခဲ့၏ ။

……………………………………………………
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and comment လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘

Announcement !!!

အခုကစပြီးတော့ ၅၀၀၀ ဖိုးနှင့်အထက် ဝယ်ယူသူတိုင်းကို
၁၀၀၀ (စာစဉ် ၂ ခု) လက်ဆောင်ပြန်ပေးတော့မည် ဖြစ်ပါကြောင်း သတင်းကောင်းနှိုးဆော်လိုက်ရပါတယ်ဗျ 🎉🎉🎉

ဒါကြောင့်မို့ အပတ်တိုင်း ရွှေလက်ဆောင်လေးကို လုတဲ့အပြင် New Year လက်ဆောင်ကိုပါ
အမိအရ ယူထားလိုက်ကြတော့နော် ။

ဒီအတောအတွင်း ဒီတစ်လျှောက်လုံး
👉ပေ့ချ်မှာ
👉Wattpad မှာ
👉paid group မှာ
👉ဝန်ဇင်းမှာ
ဖတ်ရှုအားပေးခဲ့ကြသူ ဒါဒါလေးများအားလုံးကို အထူးကျေးဇူးတင်ပါတယ်လို့
ဒီနေရာလေးကနေ ထပ်လောင်းပြောလိုက်ပါတယ် 😍😍😍

စာစဉ် ၅၀၀၀ ဖိုးနှင့်အထက် ဝယ်တိုင်း စာစဉ် ၂ ခု လက်ဆောင် ပြန်ရမယ့် အစီအစဉ်လေးကို ရယူလိုပါက

Kpay = 09402842937
Wavepay = 09402842937
MPT = 09402842937

သို့ လွှဲပြီး ဝယ်ယူဖတ်ရှုလို့ ရပါပြီခင်ဗျ

မင်္ဂလာညချမ်းလေး ဖြစ်ကြပါစေ
Goddess

Continue Reading

You'll Also Like

607K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
187K 19.2K 115
ဘာသာပြန်သူ - စွဲညို့အသင်း
3.5M 217K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
1.2M 89.7K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.