[[U]]
စဥ်းစားချင့်ချိန်လျက် ကမ်းစပ်ပေါ်တွင် မတ်တပ်ရပ်နေကြသော ကျန်းရှီနင်နှင့် လုနျယ်ချီသည် ရွှဲ့ရှန်ပြောသံကြားသောအခါ တိတ်ဆိတ်သွားကြပြီး အနောက်သို့ အသီးသီးလှည့်ကြည့်လာကြ၏။
အနှီမကောင်းဆိုးရွား ပါးစပ်ဟလိုက်တဲ့အခါတိုင်း ကြောက်မက်ဖွယ်သရဲပုံပြင်ကို ပြောပြနေသလိုပင်။
"ဒီတိုင်းပြည်ကဆေးဝါးဖော်စပ်သူတွေကအတော်လည်းသတ္တိကောင်းကြတာပဲ"
ကျန်းရှီနင်သည် ချောက်တီးချောက်တောက် ရယ်မိရင်းပြော၏။
လုနျယ်ချီပြန်ဖြေ၏။
"ပုံမှန်ဒီလိုမဟုတ်ဘူး..ဒါပေမဲ့ဒီရက်ပိုင်းကျမှအကြောင်းတစ်ခုခုကြောင့်အမြဲတမ်းမြူဆိုင်းနေတော့တာပဲ"
ကျန်းရှီနင်ထံမှ ခြောက်ခြောက်သွေ့သွေ့ရယ်မောသံက ထပ်ထွက်လာပြန်သည်။ အတွေးထဲမှာက ; မြူဆိုင်းမနေရင်တောင်ပိုသာလာမယ်မထင်ပါဘူး
"နေပါဦး..ဟိုကောင်လေးကျောချမ်းသွားတာကိုတော့ငါနားလည်ပေးလို့ရတယ်..စာကြမ်းပိုး..မင်းကဘာကြောင့်များလှည့်ကြည့်တာလဲ?"
ရွှဲ့ရှန်သည် ထေ့ကာငေါ့ကာ ပြောလာ၏။
"သရဲကသရဲကြောက်တယ်တဲ့လား?"
လုနျယ်ချီသည် အနောက်ကိုလှည့်ကြည့်နေရာမှ ကျန်းရှီနင်ထံသို့ အကြည့်များ ရောက်ရှိသွား၏၊
"ကျိုးကြောင်းဆင်ခြင်ကြည့်စမ်းပါဦး"
ကျန်းရှီနင်သည် ငြီးငွေ့နေသောလေသံဖြင့် ပြန်ဖြေ၏။
"သာမန်လူတွေတောင်ဓားမြတွေလူဆိုးတွေကိုကြောက်သေးတာပဲ..ငါကရောဆိုးယုတ်တဲ့ဝိညာဥ်တွေဆိုကြောက်လို့မရဘူးလား?"
လုနျယ်ချီသည် ကုသခြင်းခံထားရပြီးပြီဖြစ်သော လက်ဖဝါးမှဒဏ်ရာကို တစ်ချက်ကြည့်ပြီး ကျန်းရှီနင်၏ လေတိုက်လျှင်တောင် လွှင့်ပါသွားနိုင်သော ခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်၏။ ကျန်းရှီနင်သည် ခြိမ်းခြောက်လိုသော သဘာဝမရှိသည့် ကိုင်တွယ်ရန်လွယ်ကူသော အန္တရာယ်မပေးသော သရဲတစ္ဆေအမျိုးအစားထဲတွင် ပါဝင်သည်ဟု အဆုံးအဖြတ်ပေးလိုက်သည်။
"ကြည့်ရတာတစ်ယောက်ယောက်ကတော့တစ်ခုခုပြောလိုက်ပြန်ပြီထင်တယ်..အခုပဲ..မင်းမကြားဖူးလား?"
ရွှဲ့ရှန်ရေရွတ်လာ၏။
"အရမ်းတိုးညှင်းလွန်းတယ်"
ရွှမ်းမင်တကယ်ပဲ ဘာမှမပြောခဲ့တာ သေချာလားသိချင်၍ ထိုစကားဆိုရင်းနှင့်ပင် အပေါ်ကိုမော့ကြည့်လိုက်သည်။ ရွှမ်းမင်မျက်နှာထက် ရောက်ရှိလာသည်က ဒွါဟငါးပေါက်မှ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာ တစိမ့်စိမ့်ထွက်ကျနေသော သွေးမျက်နှာနှင့် မလှုပ်မယှက် စိုက်ကြည့်နေသော မင်ရည်ဆိုးမျက်လုံးများ။
ရွှမ်းမင် ; "…"
သူ့အကြည့်သည် ရွှဲ့ရှန်ထံသို့ တဖြုတ်မျှသာရောက်လာပြီးနောက် လက်နှင့်မကောင်းဆိုးဝါးမျက်နှာပြင်ကို ဖုံးကာလိုက်သည်။ တည်ငြိမ်ပြတ်သားသောအဖြေကို ချမှတ်လာ၏။
"ဒီနေရာမှာကြောက်စရာအကောင်းဆုံးကမင်းပဲရှိတယ်"
ရွှဲ့ရှန်စိတ်မရှည်လှစွာဖြင့်
"ရာရာစစငါ့ခေါင်းကိုများလာကိုင်ရဲတယ်..မင်းလုပ်ချင်ရာလုပ်ဖို့အတွက်ငါ့ခေါင်းကိုထုတ်ပေးထားတယ်ထင်နေလား?အဲ့လက်ချောင်းတွေကိုမလိုချင်တော့ဘူးထင်တယ်!"
ဘေးနားမှာရပ်နေသော ကျန်းရှီနင်သည် ခပ်တိုးတိုးနှင့် ဝင်ပြောလာ၏။
“ဘက်မလိုက်ပဲပြောရရင်ဆရာတော့်ရဲ့လက်ကိုမင်းခေါင်းနဲ့တိုက်ခိုက်မယ်ဆိုရင်ရှုံးမှာကမင်းပဲဖြစ်မှာသေချာတယ်..ဘာပဲဖြစ်ဖြစ်မင်းရဲ့စက္ကူခေါင်းကတစ်ချက်ဆွဲရုံနဲ့ပြဲသွားမှာပဲ"
ရွှဲ့ရှန် ; "…"
ရန်ဘက်နှင့် ရင်ဆိုင်တွေ့ရတော့မည့် အရေးကြီးသောအချိန်ဆိုလျှင် တစ်ဖက်မှ ရပ်တည်ပေးမည့် သကောင့်သားများက ရှိနေကြစမြဲ။
ရွှမ်းမင်လက်ကို ဖယ်ခွာရန် အလုပ်များနေရာ သူ့မျက်နှာက ရွှမ်းမင်၏ လက်ချောင်းများထဲ နစ်မြုပ်နေဆဲ။ အမှောင်ထဲဆီမှလာသော ရွှမ်းမင်အသံနှင့်တူသည့် ကျမ်းစာရွတ်သံကို ထပ်မံအားစိုက်နားထောင်ကြည့်သော်လည်း ဘာသံမှမကြားရတော့။သူ့ကိုယ်သူပင် သံသယဝင်လာတော့သည်။ ငါများအကြားမှားတာလား?
"ဘာပဲဖြစ်ဖြစ်..ဒီလိုကြီးတွယ်ကပ်နေရတာကတော့ကောင်းတဲ့အရာမဟုတ်ဘူး"
ရွှမ်းမင်လက်ကို စက္ကူလက်ချောင်းများဖြင့် ဒေါသတကြီး ရိုက်ပုတ်ရင်း နောက်ဆုံးမှာတော့ ရွှမ်းမင်မှာပဲ လက်ပြန်ခွာပေးသွားသည်။
"မင်းတို့ဆက်လျှောက်ကြ..လူရှာတဲ့ကိစ္စကအရေးကြီးတယ်..တကယ်လို့ထူးဆန်းတဲ့အသံငါထပ်ကြားရရင်အသိပေးလိုက်မယ်"
ရွှဲ့ရှန်အတွက်တော့ ဥဝပ်ခြင်းသည် ကတုံးနှင့်တိုက်ခိုက်နေရခြင်းထက် ပိုပြီးအဓိပ္ပာယ်ရှိလှ၏။
ထိုစကားဆိုပြီးနောက် အိတ်ကပ်၏အောက်ခြေကို ပြန်လှိမ့်ဝင်သွားသည်။ တိတ်တဆိတ်နှင့် ရွှေလုံးကိုဖက်တွယ်ရင်း ကတုံးခြေတလှမ်းလှမ်းလိုက်တိုင်း သူပါငြိမ့်ငြိမ့်လေး ယမ်းနေတော့သည်။
အမှန်အတိုင်းဆိုရလျှင် ရွှမ်းမင်ခြေလှမ်းများသည် သရဲတစ္ဆေများထက်ပင် တိတ်ဆိတ်နေသေး၏။ ခြေလှမ်းတစ်လှမ်းချင်းက ပုံမပျက် ဟန်ချက်ညီသည်။ ရွှဲ့ရှန်အတွက် အနှီလှုပ်ရှားမှုအသေးအဖွဲများက မပြောပလောက်တဲ့အပြင်၊ သိမ့်ခနဲတုန်ယင်သွားတာမျိုးလည်းမရှိတဲ့အပြင် ချော့သိပ်နေသလိုပင်။ ဖက်တွယ်ထားသောရွှေလုံးမှာ အိတ်ကပ်အတွင်း အချိန်အတော်ကြာလာပြီးနောက် နွေးနွေးလာသည်မှာ ရွှမ်းမင်ကိုယ်လုံးအပူချိန်ကိုတောင် ချဥ်းကပ်လာသည်။ လေတိုက်လိုက်တိုင်း နေရာလတ်မကျန် အေးစိမ့်လာတတ်သော ပါးလွှာသည့် စက္ကူစအတွက်တော့ လွန်စွာသက်တောင့်သက်သာရှိလှပြီး အခုမှသာ နေချင်စဖွယ် သင့်လျှော်သွားသလိုပင်။
ရွှမ်းမင်သည် ဆောင့်ကြောင့်ထိုင်ချကာ သစ်ရွက်ကြွေများ ဖုံးလွှမ်းနေသော စိုစွတ်သည့် ရွံ့မြေကို အနီးကပ်ကြည့်ရှုနေ၏။
လုနျယ်ချီလည်း နည်းတူတုပကာ ဆောင့်ကြောင့်ထိုင်လိုက်သည်။ အနှီလုလင်သည် ငယ်ရွယ်သော်လည်း အမှီအခိုကင်းသောသူဖြစ်ကြောင်း မည်သူမဆို သိမြင်နိုင်၏။ ငယ်ရွယ်စဥ်ကတည်းက ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရသောကြောင့်လည်း ဖြစ်နိုင်သည်။ တစ်ပါးသူအကူအညီကို မှီခိုအားထားရမည့်အစား ကိုယ်တိုင်သာထလုပ်တတ်သော လူစားဖြစ်သည်။ မရင်းနှီးမကျွမ်းဝင်သော မလုပ်တတ်မကိုင်တတ်သည့် အရာဖြစ်နေလျှင် အနီးကပ်ကြည့်ရှုပြီး လေ့လာသင်ယူလိမ့်မည်။ သို့မှသာ ထိုလူငယ်ခမျာ လုံခြုံစိတ်ချသည်ဟု ခံစားရ၏။
"ဘာကိုကြည့်နေတာလဲ?"
ကျန်းရှီနင်သည် လူငယ်ကိုလှမ်းကြည့်ရင်း မတတ်သာပဲ မေးမြန်းမိ၏။ လုနျယ်ချီသည် နောက်ပင်ပြန်လှည့်မကြည့်ပဲ ခတ်ပြတ်ပြတ်ပင်ဖြေလာ၏။
"မသိဘူး"
ချာတူးလန်နေသော မျက်လုံးပိုင်ရှင်များသည် ကန်းမတတ်ကြည့်လျှင်တောင် သဲလွန်စ ရှာတွေ့မည်မဟုတ်။ သူဘယ်လောက်ပဲ ကြိုးစားကြိုးစား ရွံ့မြေထဲတွင် မည်သို့သောသဲလွန်စကိုမှ ရှာမတွေ့။
ရွှမ်းမင်သည် လက်နှစ်ဖက်ကိုဆန့်တန်းကာ ခြေဖဝါးရှေ့ရှိ သစ်ရွက်များကို မထိရုံတမယ် အနေအထားဖြင့် ရပ်တန့်နေ၏။ ရေညှိကော်လျှင်တောင် လက်ကိုကာကွယ်ရန် ဝတ်ရုံအစကိုဖြဲ၍သုံးတတ်သည့် အကျင့်ဆိုးကြောင့် အနှီရွံ့မြေပေါ်မှ သစ်ရွက်ခြောက်များကို သူထိတွေ့ဖို့က မဖြစ်နိုင်။
ပုံတူကူးချနေသော လုနျယ်ချီလည်း ခိုးကြောင်ခိုးဝှက်နှင့် သစ်ရွက်ကြွေများကို ထိတွေ့လိုက်သည်။ လက်အပြည့်ပေလာသော ရွံ့များကလွဲ၍ ကျန်တာဘာမှရှာမတွေ့။ ဘေးတိုက်အနေအထားနှင့် ရွှမ်းမင်ကို သံသယဝင်ကာ တစ်ချက်စွေစောင်းကြည့်ရင်း လက်ချောင်းများ သန့်ရှင်းသွားအောင် အင်္ကျီထောင့်နှင့် တိတ်တဆိတ်ပွတ်လျက် မတ်တပ်ထရပ်လိုက်သည်။
သူ့မျက်လုံးထဲမှာတော့ ရွှမ်းမင်၏အပြုအမူများသည် အမြှီးအမှောက်မတည့်သလို ပဟေဠိလည်းဆန်လှ၏။ ဟန်ပန်သာရှိပြီး ရလဒ်ကတော့ ထွက်မလာသေး။ လုနျယ်ချီသည် ပင်ကိုယ်အားဖြင့် သံသယများတတ်သူဖြစ်ကာ လူငယ်သဘာဝ ပုန်ကန်ထကြွတတ်ခြင်းမျိုး အနည်းငယ်လည်းရှိသည်။ ဤလောက၌ ယုံကြည်ရသောသူ အနည်းငယ်မျှသာရှိသည်ဟု သူအမြဲတမ်း တွေးထင်ခဲ့သည်။ လူအတော်များများသည် တကိုယ်ကောင်းဆန်ချင်ဆန် မဟုတ်လျှင် လွန်စွာနုံအနေသူများသာ။
သူကိုယ်တိုင်ကတော့ တကိုယ်ကောင်းဆန်သော ကောင်စားမျိုးဖြစ်ပြီး စောလျှင်စွာသေဆုံးသွားသော ဖခင်ဖြစ်သူကတော့ လူနုံလူအ။
ကိုယ်ကိုယ်တိုင်မှာ အကြင်နာတရားမရှိသူဖြစ်ကြောင်းကို သူဝန်ခံသည်။ ခြံဝင်းထဲမှာတုန်းက ရွှမ်းမင်နှင့်အခြားသူများကို အော်ဟစ်ပြောဆိုတဲ့အပြင် ဒီကိုအတူခေါ်လာဖို့ကိုလည်း တိုက်တွန်းတောင်းဆိုခဲ့သေးသည်။ အခုအချိန်ကျပြန်တော့ ရွှမ်းမင်ကို လူလိမ်လူကောက်ဖြစ်နေမလား သံသယဝင်နေပြန်သည်။ ကမ်းစပ်ရှိလှေကို တစ်ချက်တစ်ချက်ကဲကြည့်ရင်း အခြေအနေမကောင်းတော့လျှင် လှေဆီပြန်ဖို့ အသင့်ဖြစ်နေသည်။ မြူများကင်းသွားသောအချိန်ထိ စောင့်ပြီးတော့မှ ကျွန်းပေါ်သို့ခြေပြန်ချရင် ကောင်းမလား တွေဝေနေပြန်၏။
နောက်လှည့်ကြည့်နေရင်းနဲ့မှ ကျန်းရှီနင်နှင့် အကြည့်ချင်းဆုံသွားတော့သည်။
တကယ်တမ်းတော့လည်း ငယ်ရွယ်သူဖြစ်တာဖို့ တခဏလောက်နဲ့တင် ယုံကြည်ချက်များက အကြောင်းမရှိပဲ ပပျောက်သွားကာ လိပ်ပြာမသန့် ဖြစ်လာတော့သည်။ သို့ပေမဲ့လည်း အမြန်ပင် အကြောက်ကင်းစွာ ခပ်တန်းတန်းနဲ့ ပြန်ကြည့်လိုက်သည်။ ကျန်းရှီနင်သည် အကြည့်လွှဲသွားပြီဖြစ်ပြီး ရွှမ်းမင်စကားဆိုလာမှာကိုသာ စောင့်မျှော်နေ၏။
ရွှမ်းမင်သည် စကားဆိုခြင်းအလျင်းမရှိပဲ မတ်တပ်ထရပ်ကာ အစွန်းအထင်းစိုးစဥ်မျှမရှိသော ဝတ်ရုံကို ခပ်ဖွဖွဖုန်ခါရင်း အင်းစာရွက်တစ်ရွက်ကို ထုတ်ယူလိုက်၏။
လုနျယ်ချီ ; "…"
လာပြန်ပြီ!
လုနျယ်ချီ မျက်ဆန်လည်ရင်း တွေးမိသည်က ; ဒီဘုန်းတော်ကြီးကလောကတစ်ခွင်ဘယ်အခြေအနေမှာပဲဖြစ်ဖြစ်ဒီတစ်ကွက်တည်းကိုပဲမှီခိုနေတော့မှာလား?
ဤတစ်ခါတွင်တော့ ရွှမ်းမင်သည် အင်းစာရွက်ကို လူပစ္စည်းဝတ္ထုများကို ထိန်းချုပ်ရာ၌ အသုံးပြုမှာမဟုတ်ကြောင်း မည်သူက သိမှာတဲ့လဲ? အဝါရောင်အင်းစာရွက်နှင့်အတူ မီးခြစ်ဆံကိုပါထုတ်ယူပြီး စိုစွတ်အေးစိမ့်ကာ နှင်းမြူဆိုင်းနေသော အခြေအနေဖြစ်လင့်ကစား လေကာပြီး မီးညှိယူလိုက်သည်။
ဘေးတစ်ဖက်တစ်ချက်တွင် ရပ်နေသော ကျန်းရှီနင်နှင့် လုနျယ်ချီသည် အင်းစာရွက်ကို ရွှမ်းမင်မီးညှိလိုက်သည်အား ဇဝေဇဝါဖြစ်လျက် ကြည့်နေကြ၏။
သူတို့မျက်လုံးထဲမှာတော့ အဝါရောင်ဆီစိမ်အင်းစာရွက်သည် သေဆုံးသူများအတွက် ငွေစက္ကူအလို့ငှာ မီးရှို့ပေးသော အဝါရောင်စက္ကူများနှင့် ကွာခြားချက်မရှိ။ မီးတောက်လွယ်လှတာကြောင့် တခဏအတွင်းမှာ မီးကျွမ်းစက္ကူမည်းအနေဖြင့် ကွေးတတ်သွားသည်။ ရွှမ်းမင်လက်ချောင်းများ လှုပ်သွားသောအခါ အမည်းရောင်စက္ကူလိပ်သည် ပြာအဖြစ်ပြောင်းသွားပြီး လေနှင့်လိုက်ပါလျ က်သူတို့ထက်အရင် တောအုပ်ရှိရာသို့ လွင့်စင်သွားသည််။
ငုံးကြီးနှင့်ငုံးငယ်သဖွယ် ဖြစ်နေသော ကျန်းရှီနင်နှင့် လုနျယ်ချီနှစ်ဦးသည် မျက်လုံးများပြူးကာ ပါးစပ်ဟောင်းလောင်းပွင့်လျက် ဝတ်ရုံလက်အနားစကို တင်းတင်းဆုပ်ကိုင်ရင်း မီးကျွမ်းစက္ကူမှ ပြာများ သစ်တောအုပ်ဆီ ဦးတည်သွားသည်ကို ကြည့်နေကြ၏။ ထိုပြာများသည် မြေပြင်ပေါ်ကျသွားပြီး အမှတ်အသားကင်းသော ရွံ့မြေပြင်၌ ခြေရာများ ပေါ်လာတော့သည်။
လူတစ်ဦးတစ်ယောက် ရွံ့မြေကို နင်းလိုက်၍ ပေါ်လာသော သမာရိုးကျခြေရာများ မဟုတ်ပဲ ပြာဖြင့် အမှတ်အသားပြုထားသည်များဖြစ်၍ ခြေရာပိုင်ရှင်သည် ထိရုံလေးမျှသာ နင်းလျှောက်သွားခဲ့သော ပုံစံပေါက်နေ၏။
"လူလမ်းလျှောက်တဲ့ခြေရာဖြစ်နိုင်ပါ့မလား?လေအပေါ်တွဲလဲခိုရင်းတမင်တကာခြေရာပြုထားသလိုဖြစ်နေပြီ"
ကျန်းရှီနင်လည်း မအောင့်အီးထားနိုင်တော့ပဲ ပြောလာ၏။
လုနျယ်ချီ ; "…"
အနှီပုဂ္ဂိုလ်များနှင့် ကျွန်းပေါ်လိုက်လာမိသည်အား လုနျယ်ချီနောင်တရလာသည်။ မည်သူမျှ တိတိပပစကား မဆိုကြ။
“တွဲလဲခိုပြီးခြေရာချန်ထားတယ်ဆိုတာဘာအဓိပ္ပာယ်လဲ?"
အိတ်ကပ်အောက်ခြေတွင် ထိုင်နေသော ရွှဲ့ရှန်တစ်ယောက် လွန်စွာစိတ်ရှုပ်လာသည်။ တစ်ဖက်တွင် ရွှမ်းမင်နှင့်အခြားသူများ ဘာများလုပ်နေကြသလဲဆိုတာကို သိချင်သလို တစ်ဖက်မှာလည်း အိတ်ကပ်အောက်ခြေတွင် ရှိနေသော ရွှေလုံးကို ပစ်ခွာမထားခဲ့နိုင်။ အချိန်တိုလေးအတွင်းမှာပင် ရွှေလုံးသည် ရွှမ်းမင်ခန္ဓာကိုယ်အပူချိန်ထက် ပို၍ မသိမသာလေး နွေးထွေးလာသည်ကို သူခံစားလို့ရ၏။ သို့ရာတွင် ကွာခြားမှုက အလွန်ဖျော့တော့တဲ့အတွက် သူ့ကိုယ်သူပင် သေချာမှုမရှိသေး။
"ကတုံး"
ရွှေလုံးကိုဖက်တွယ်နေရင်း ရွှဲ့ရှန်ခေါ်ယူလိုက်သည်။
ရွှမ်းမင် ; “…”
တုံ့ပြန်မှုမရှိသည့်အတွက် ထပ်ခါထပ်ခါပင် ရွှဲ့ရှန် မရပ်မနားခေါ်ယူလိုက်သည်။
"ကတုံး..ကတုံး"
ရွှမ်းမင် ; “…”
ရွှဲ့ရှန်တစ်ယောက် မျက်ဆန်လည်သွားပြီး အော်ဟစ်တော့သည်၊
"ရွှမ်းမင်!ငါမင်းနဲ့ဆွေးနွေးစရာရှိတယ်"
ရွှမ်းမင် တည်ငြိမ်စွာပင်ပြန်ဖြေ၏။
"ပြော"
"ဝတ်ရုံအောက်ခြေကိုဖြဲရတာကိုသဘောကျတယ်မလား?ဝတ်ရုံအောက်စကိုဖြဲမယ့်အစားအိတ်ကပ်ကိုပဲဖြဲပါလား"
ရွှဲ့ရှန်သည် အကျိုးအကြောင်းကို ရှင်းလင်းစွာ ခင်းကျင်းပြလာ၏။
"အိတ်ကပ်အဝကိုဖြဲမယ်ဆိုရင်ပိုကျယ်လာတာနဲ့အတူငါရွှေလုံးကိုဖက်ရင်းခေါင်းကိုလည်းထုတ်ထားလို့ရပြီ"
ရွှမ်းမင်သဘောတူဖို့ကိုတော့ ရွှဲ့ရှန်မျှော်လင့်ထားသည်မဟုတ်။ အကယ်၍သာ ရွှမ်းမင်သဘောတူလိုက်လျှင်လည်း မသင်္ကာစရာတော့ ကောင်းနေပြီ။
ရွှမ်းမင်သည် အေးတိအေးစက်ဖြင့် ပြန်ဖြေလာ၏။
"ကိုယ့်ကိုယ်ကိုအထင်ကြီးလွန်းနေပြီ..စက္ကူလည်ပင်းကခံနိုင်ရည်ရှိမှာမဟုတ်ဘူး..အချိန်အတိုင်းအတာတစ်ခုအထိအပြင်ထုတ်ထားမယ်ဆိုရင်စုတ်ပြဲသွားနိုင်တယ်..စက္ကူလူသားအလောင်းကောင်ကိုငါသဂြိုလ်ပေးမှာမဟုတ်ဘူး"
အဓိပ္ပာယ်ကတော့ ; ချောင်မှာသာနေပြီးခေါင်းအေးအေးထားစမ်းပါ..အရူးရဲ့
ရွှဲ့ရှန်နှင့် အခြေအမြစ်မရှိတာတွေ မပြောတော့ပဲ ခြေရာများ၏ ဦးတည်ရာကို ခြေလှမ်းကျဲကြီးများဖြင့် လှမ်းလျှောက်သွားသည်။ ကျန်းရှီနင်နှင့် လုနျယ်ချီလည်း အနောက်ကနေ အလျှင်အမြန် လိုက်လာကြသည်။
ရွှဲ့ရှန်သည် အတော်ကြာ အိတ်ကပ်အတွင်း၌ ဒေါသတကြီး စိတ်ကောက်နေရင်း သူ့ခန္ဓာကိုယ်မှ သူ့အား သစ္စာပြန်ဖောက်ခြင်းကို လက်မခံနိုင်ဖြစ်နေ၏။ နှစ်ပေါင်းများစွာ ရှင်သန်လာသော သက်တမ်းတစ်လျှောက် အနှီမကောင်းဆိုးဝါးသည် ကန့်သတ်ချက်ဆိုတဲ့အဓိပ္ပာယ်ကို နားမလည်သလို စည်းကမ်းဥပဒေဆိုတာကိုလည်း နားလည်သူမဟုတ်။ မည်သူ့မျက်နှာမှ မထောက်ထားပဲ စိတ်အလိုအတိုင်း သဘောကျ နေထိုင်ကြီးပြင်းလာသူဖြစ်သည်။ ရွှေလုံးကိုဖက်တွယ်ရင်း နှစ်ချက်လိမ့်ကာ ပြဲလွယ်သောလည်ပင်းကို အိတ်အဝတွင် တွဲလောင်းထုတ်ထားလိုက်သည်။ ရွှေလုံးကိုလည်း တင်းကျပ်စွာဖယ်တွယ်ထားဆဲဖြစ်ပြီး လွှတ်ချရန် ငြင်းဆန်နေသည်။ ခေါင်းသည် တင်ရုံမျှအနေအထားရှိနေကာ အိတ်ကပ်အဝအနားကွပ်က ထောက်နေသည်ဖြစ်၍ မချိမဆန့် နာကျင်လာသည်။ ခန္ဓာကိုယ်နှင့်ခေါင်းကို တစ်ဖက်တစ်ချက်ဆီက ဆွဲဖြဲနေသလိုပင်။
သူ၏ နှစ်ခုတည်းသော လှုပ်ရှားမှုသည် မြန်ဆန်အမှားကင်းလှရာ သာမန်သူများမှ နှိုင်းယှဥ်နိုင်မည်တောင်မဟုတ်။ လည်ပင်းတွဲခိုနေရင်း သိပ်ပင်မကြာလိုက်
"သစ်ပင်အောက်မှာတစ်ခုခုရှိနေတယ်"
ရွှမ်းမင်ခြေလှမ်းများ ရပ်တန့်သွားသည်။ ဤသင်္ချိုင်းတောင်ပူစာကျွန်း၏ ပထဝီမြေအနေအထားသည် လွန်စွာအဆင်မပြေဖြစ်နေကြောင်း သူခံစားမိပေမယ့် မည်သည်က မှားယွင်းနေတာကို ပုံပန်းဖော်မရဖြစ်နေခဲ့သည်။ မသိလျှင် တစ်စုံတစ်ယောက်မှ တမင် အဖျက်အမှောက် လုပ်ထားသလိုပင်။
သို့သော်လည်း ကျွန်းမျက်နှာပြင်ထက်တွင် တစ်ဦးတစ်ယောက်၏ လက်ရာတစ်စွန်းတစကိုတော့ ရှာမတွေ့သေး။
ထို့ကြောင့်ပဲ လမ်းတစ်လျှောက် ခြေရာများနှင့် သစ်တောတည်ရှိနေပုံကိုသာ အာရုံစိုက်ထားခဲ့သည်။ ဘေးဘီဝဲယာမြေပြင်ကို တစ်ချက်မှပင် မကြည့်ခဲ့။
ရွှဲ့ရှန်စကားပြောလာသောအခါ သူပြန်မေးလိုက်၏။
"ဘယ်သစ်ပင်လဲ?"
"အရှေ့ကဘယ်ဘက်ခြမ်းမှာ..ပင်စည်မှာအက်ကွဲကြောင်းပါတဲ့သစ်ပင်"
သုံးဇန်*မျှအကွာတွင် မိုးကြိုးဒဏ်ကြောင့်သော်လည်းကောင်း ဟက်တက်ကွဲနေသော အပင်အိုတစ်ပင်ရှိသည်။ သို့ပေမဲ့ ထိုကဲ့သောသစ်ပင်မျိုးသည် တောရိုင်းတောင်ရိုင်းထဲမှာတော့ သမာရိုးကျဟု မှတ်ယူလို့ရသည်။ ရွှမ်းမင်သည် အနားသို့ လျှောက်သွား၍ ထိုးထွက်နေသောသစ်ပင်အမြစ်များအကြား ခေတ္တမျှရှာကြည့်ရာ သိသာထင်ရှားခြင်း အလျင်းမရှိသော နေရာ၌ အညစ်အကြေးများနှင့် အရောင်တူဖြစ်နေသော ကြိုးစကို ရှာဖွေတွေ့ရှိသွားသည်။ ကြိုးစသည် တစ်ဦးတစ်ယောက်မှ အားနှင့် ဆွဲဖြုတ်ထားပုံရသည်။ အဆုံးတစ်ဖက်က အထုံးချည်ထားဆဲ။
"ဟမ်?"
ဘေးတွင်ရပ်နေသာ လုနျယ်ချီသည် အံ့သြသွားသောအသံပြုကာ ကြိုးစကို ကောက်ယူလိုက်သည်။ ရွံ့များလူးနေတာကို မသိကျေးကျွန်ပြုလျက် ကြိုးစကိုဆွဲကိုင်ပြီး ကြိုးထုံးကို သေချာစမ်းစစ်နေသည်။ မျက်မှောင်ကျုံ့လာပြီး
"ဒါငါတို့မိသားစုကြေးပြားတွေကိုချိတ်ဆွဲဖို့ကြိုးထုံးထုံးတဲ့နည်းနဲ့ဆင်တူတယ်"
"သေချာလို့လား?"
ကျန်းရှီနင်သည် အတော်အံ့သြသင့်လျက် မေးမြန်းလာ၏။
"ဒီလိုပုံစံဖြစ်နေတာတောင်မှတ်မိလား?"
"ဒီကြိုးကိုငါထုံးထားတာ..အခြားကြိုးထုံးတွေနဲ့ကြိုးချည်ပုံမတူဘူး"
လုနျယ်ချီသည် ကြိုးထုံးကို ဖြစ်ကတတ်ဆန်း တွဲလောင်းဆွဲကာ အခြားသူများကို ပြသလာ၏။
"ဒီမှာကြည့်"
ရွှမ်းမင်သည် ကြိုးပေါ်ရှိ ရွံ့များကို တစ်ချက်ကြည့်ပြီး တိတ်တဆိတ်နဲ့ နောက်ဆုတ်သွား၏။
လုနျယ်ချီသည် အခြားသူများမြင်သာအောင် ကြိုးစကိုကိုင်မြှောက်ပြနေရင်း ရုတ်တရက် တစ်စုံတစ်ရာကို မှတ်မိသွား၏။
"ငါ့ဆီမှာရှိတဲ့ကြေးပြားသီထားတဲ့ကြိုးတွေအကုန်လုံးအခိုးခံလိုက်ရတာမဟုတ်ဘူးလား?ဒီကြိုးတစ်စကဘယ်လိုလုပ်ပြီးဒီကိုရောက်နေတာလဲ?"
တစ်ခုခုတော့ လွဲမှားနေပြီဖြစ်ကြောင်း သတိပြုမိသွားချိန်မှာပဲ သူ့ဒူးများသည် အရာတစ်ခုကို တိုက်မိသွား၏။
တုန်ဆိုသောအသံနဲ့အတူ လုနျယ်ချီတစ်ယောက် ဘာမျှတောင် မပြောနိုင်ပဲ လန့်ဖြန့်သွားသည်။ သူ့ဒူးများသည် တိုက်မိလိုက်ကတည်းက ဒယိမ်းဒယိုင်ဖြစ်သွားပြီး မြေကြီးပေါ်သို့ ဒူးထောက်ကျလာတော့သည်။
ဂရုမထား ကိုးယိုးကားယားနှင့် တမျိုးမျိုးသော ထောင်ချောက်ကို ခလုတ်တိုက်မိပုံရသည်။ နားထက်တွင် ဘယ်ဆီကနေလာမှန်းမသိသော ဝမ်ကနဲမြည်သည့် သတ္တုရိုက်ခတ်သံက မြည်ဟီးလာပြီးနောက် ခြေထောက်အောက်မှမြေပြင်သည် တမဟုတ်ချင်းပင် ပျောက်ကွယ်သွားတော့၏။
ရုတ်ချင်းပြုတ်ကျသွားတာကြောင့် ဟိုက်ကနဲဖြစ်သွားသည့် ခံစားချက်နှင့် ကျောက်ခဲလိမ့်ကျသံများကလည်း အဖော်ပြုနေရာ အကုန်လုံး တွေဝေငေါင်တောင်ကုန်ကြသည်။
မက်စောက်စွာ ကျဆင်းလာကြသောအချိန်မှာ ရွှဲ့ရှန်ကတော့ ရွှမ်းမင်ကို ပထမဦးဆုံးအနေဖြင့် လေးစားမိသွားသည်။ ကျက်သရေအပေါင်း စိတ်ပျက်ဖွယ်ပင် ခညောင်းသော ကတုံးသည် လေဟာနယ်ထဲ ပြုတ်ကျလာတာကိုပင် အံ့သြသင့်ဖွယ် ဟန်ချက်ကို ထိန်းထားဆဲ။ မသိရှိနိုင်သောအရာ၏ ထောက်ပံ့မှုဖြင့် ကျလာသောအရှိန်နှုန်းကို နှေးအောင် လုပ်ထားသေးသည်။ မြေပြင်ထက် ကျသွားချိန်တွင် ဒလိမ့်ကောက်ကွေးဖြစ်မနေပဲ သာသာလေးသာ ဆင်းသက်နိုင်သည်အထိ။
ရလဒ်ကတော့ မြေပြင်ပေါ်သို့ခြေချသည်နှင့် အိတ်ကပ်အဝတွင် ခေါင်းထုတ်ထားသော ရွှဲ့ရှန်သည် ခေါင်းပြန်သွင်းရန် အချိန်မရလိုက်တာကြောင့် ရုတ်တရက် သူ့ခေါင်းသည် ကျဆင်းသွားသလို ခံစားလိုက်ရသည်။
ဂြိုလ်ဆိုးဝင်ပြီ..ဒုက္ခပဲ..ငါတော့သွားပြီ
ကတုံးပါးစပ်မှ ထွက်လာသော အဆိုးမြင်ဝါဒီများအတိုင်း အမှန်တကယ်ပင် ဖြစ်လာခဲ့ပြီ။ သူ့ခေါင်းသည် တကယ်ပဲ တတိတိနဲ့ ပြုတ်ထွက်သွားတော့မည်။
အမှောင်ထဲမှာပဲ ရွှမ်းမင်မတ်မတ်ရပ်လိုက်စဥ် မြေပြင်ပေါ်တွင် တစ်စုံတစ်ရာက လွှင့်ပျံလာသည်ကို ထူးဆန်းစွာ ခံစားလိုက်ရသည်။
"အိုင်းယိုး"
"ရှီး...လက်ကျိုးတော့မလို့"
"ဒါဘယ်နေရာလဲ?ခေါင်းထဲလည်းမူးနောက်နောက်နဲ့"
"ဆရာတော်?ဆရာတော်ရွှမ်းမင်..အနားမှာရှိသေးလား?"
ကျန်းရှီနင်နှင့် လုနျယ်ချီတို့နှစ်ဦး၏ နာကျင်ပုံများကို ဆူညံပွက်လောရိုက်လျက် ပြောနေကြသော အသံကြားပြီးနောက် ရွှမ်းမင်"အင်း"တစ်လုံးတည်းဖြင့်သာ ပြန်ဖြေလိုက်သည်။ အင်းစာရွက်တစ်ရွက်ကို မီးညှိလိုက်သည်။
စာရွက်မှ မီးရောင်နှင့် အောက်ကိုငုံ့ကြည့်လိုက်ရာ တိုက်ဆိုင်စွာဖြင့် မြေပြင်ပေါ်တွင် ပျံဝဲနေသော စက္ကူခေါင်း၏ မျက်လုံးများနှင့် အကြည့်ချင်းဆုံ သွားတော့သည်။
ခေါင်းသက်သက်သာဖြစ်သည်။
ရွှမ်းမင် ; “…”
•••••••
*သုံးဇန်=ဆယ်မီတာ
[[Z]]
စဥ္းစားခ်င့္ခ်ိန္လ်က္ ကမ္းစပ္ေပၚတြင္ မတ္တပ္ရပ္ေနၾကေသာ က်န္းရွီနင္ႏွင့္ လုႏ်ယ္ခ်ီသည္ ရႊဲ႔ရွန္ေျပာသံၾကားေသာအခါ တိတ္ဆိတ္သြားၾကၿပီး အေနာက္သို႔ အသီးသီးလွၫ့္ၾကၫ့္လာၾက၏။
အႏွီမေကာင္းဆိုးရြား ပါးစပ္ဟလိုက္တဲ့အခါတိုင္း ေၾကာက္မက္ဖြယ္သရဲပံုျပင္ကို ေျပာျပေနသလိုပင္။
"ဒီတိုင္းျပည္ကေဆးဝါးေဖာ္စပ္သူေတြကအေတာ္လည္းသတၲိေကာင္းၾကတာပဲ"
က်န္းရွီနင္သည္ ေခ်ာက္တီးေခ်ာက္ေတာက္ ရယ္မိရင္းေျပာ၏။
လုႏ်ယ္ခ်ီျပန္ေျဖ၏။
"ပံုမွန္ဒီလိုမဟုတ္ဘူး..ဒါေပမဲ့ဒီရက္ပိုင္းက်မွအေၾကာင္းတစ္ခုခုေၾကာင့္အၿမဲတမ္းျမဴဆိုင္းေနေတာ့တာပဲ"
က်န္းရွီနင္ထံမွ ေျခာက္ေျခာက္ေသြ့ေသြ့ရယ္ေမာသံက ထပ္ထြက္လာျပန္သည္။ အေတြးထဲမွာက ; ျမဴဆိုင္းမေနရင္ေတာင္ပိုသာလာမယ္မထင္ပါဘူး
"ေနပါၪီး..ဟိုေကာင္ေလးေက်ာခ်မ္းသြားတာကိုေတာ့ငါနားလည္ေပးလို႔ရတယ္..စာၾကမ္းပိုး..မင္းကဘာေၾကာင့္မ်ားလွၫ့္ၾကၫ့္တာလဲ?"
ရႊဲ႔ရွန္သည္ ေထ့ကာေငါ့ကာ ေျပာလာ၏။
"သရဲကသရဲေၾကာက္တယ္တဲ့လား?"
လုႏ်ယ္ခ်ီသည္ အေနာက္ကိုလွၫ့္ၾကၫ့္ေနရာမွ က်န္းရွီနင္ထံသို႔ အၾကၫ့္မ်ား ေရာက္ရိွသြား၏၊
"က်ိဳးေၾကာင္းဆင္ျခင္ၾကၫ့္စမ္းပါဦး"
က်န္းရွီနင္သည္ ၿငီးေငြ့ေနေသာေလသံျဖင့္ ျပန္ေျဖ၏။
"သာမန္လူေတြေတာင္ဓားျမေတြလူဆိုးေတြကိုေၾကာက္ေသးတာပဲ..ငါကေရာဆိုးယုတ္တဲ့ဝိညာဥ္ေတြဆိုေၾကာက္လို႔မရဘူးလား?"
လုႏ်ယ္ခ်ီသည္ ကုသျခင္းခံထားရၿပီးၿပီျဖစ္ေသာ လက္ဖဝါးမွဒဏ္ရာကို တစ္ခ်က္ၾကၫ့္ၿပီး က်န္းရွီနင္၏ ေလတိုက္လ်ွင္ေတာင္ လႊင့္ပါသြားႏိုင္ေသာ ခႏၶာကိုယ္ကို တစ္ခ်က္ၾကၫ့္လိုက္၏။ က်န္းရွီနင္သည္ ၿခိမ္းေျခာက္လိုေသာ သဘာဝမရိွသည့္ ကိုင္တြယ္ရန္လြယ္ကူေသာ အႏၲရာယ္မေပးေသာ သရဲတစၧေအမ်ိဳးအစားထဲတြင္ ပါဝင္သည္ဟု အဆံုးအျဖတ္ေပးလိုက္သည္။
"ၾကၫ့္ရတာတစ္ေယာက္ေယာက္ကေတာ့တစ္ခုခုေျပာလိုက္ျပန္ၿပီထင္တယ္..အခုပဲ..မင္းမၾကားဖူးလား?"
ရႊဲ႔ရွန္ေရရြတ္လာ၏။
"အရမ္းတိုးၫွင္းလြန္းတယ္"
ရႊမ္းမင္တကယ္ပဲ ဘာမွမေျပာခဲ့တာ ေသခ်ာလားသိခ်င္၍ ထိုစကားဆိုရင္းႏွင့္ပင္ အေပၚကိုေမာ့ၾကၫ့္လိုက္သည္။ ရႊမ္းမင္မ်က္ႏွာထက္ ေရာက္ရိွလာသည္က ဒြါဟငါးေပါက္မွ စိတ္အေနွာင့္အယွက္ျဖစ္ဖြယ္ရာ တစိမ့္စိမ့္ထြက္က်ေနေသာ ေသြးမ်က္ႏွာႏွင့္ မလႈပ္မယွက္ စိုက္ၾကၫ့္ေနေသာ မင္ရည္ဆိုးမ်က္လံုးမ်ား။
ရႊမ္းမင္ ; "…"
သူ႔အၾကၫ့္သည္ ရႊဲ႔ရွန္ထံသို႔ တျဖဳတ္မ်ွသာေရာက္လာၿပီးေနာက္ လက္ႏွင့္မေကာင္းဆိုးဝါးမ်က္ႏွာျပင္ကို ဖံုးကာလိုက္သည္။ တည္ၿငိမ္ျပတ္သားေသာအေျဖကို ခ်မွတ္လာ၏။
"ဒီေနရာမွာေၾကာက္စရာအေကာင္းဆံုးကမင္းပဲရိွတယ္"
ရႊဲ႔ရွန္စိတ္မရွည္လွစြာျဖင့္
"ရာရာစစငါ့ေခါင္းကိုမ်ားလာကိုင္ရဲတယ္..မင္းလုပ္ခ်င္ရာလုပ္ဖို႔အတြက္ငါ့ေခါင္းကိုထုတ္ေပးထားတယ္ထင္ေနလား?အဲ့လက္ေခ်ာင္းေတြကိုမလိုခ်င္ေတာ့ဘူးထင္တယ္!"
ေဘးနားမွာရပ္ေနေသာ က်န္းရွီနင္သည္ ခပ္တိုးတိုးႏွင့္ ဝင္ေျပာလာ၏။
“ဘက္မလိုက္ပဲေျပာရရင္ဆရာေတာ့္ရဲ့လက္ကိုမင္းေခါင္းနဲ႔တိုက္ခိုက္မယ္ဆိုရင္ရႈံးမွာကမင္းပဲျဖစ္မွာေသခ်ာတယ္..ဘာပဲျဖစ္ျဖစ္မင္းရဲ့စကၠူေခါင္းကတစ္ခ်က္ဆဲြရံုနဲ႔ၿပဲသြားမွာပဲ"
ရႊဲ႔ရွန္ ; "…"
ရန္ဘက္ႏွင့္ ရင္ဆိုင္ေတြ့ရေတာ့မၫ့္ အေရးႀကီးေသာအခ်ိန္ဆိုလ်ွင္ တစ္ဖက္မွ ရပ္တည္ေပးမၫ့္ သေကာင့္သားမ်ားက ရိွေနၾကစၿမဲ။
ရႊမ္းမင္လက္ကို ဖယ္ခြာရန္ အလုပ္မ်ားေနရာ သူ႔မ်က္ႏွာက ရႊမ္းမင္၏ လက္ေခ်ာင္းမ်ားထဲ နစ္ျမဳပ္ေနဆဲ။ အေမွာင္ထဲဆီမွလာေသာ ရႊမ္းမင္အသံႏွင့္တူသၫ့္ က်မ္းစာရြတ္သံကို ထပ္မံအားစိုက္နားေထာင္ၾကၫ့္ေသာ္လည္း ဘာသံမွမၾကားရေတာ့။သူ႔ကိုယ္သူပင္ သံသယဝင္လာေတာ့သည္။ ငါမ်ားအၾကားမွားတာလား?
"ဘာပဲျဖစ္ျဖစ္..ဒီလိုႀကီးတြယ္ကပ္ေနရတာကေတာ့ေကာင္းတဲ့အရာမဟုတ္ဘူး"
ရႊမ္းမင္လက္ကို စကၠူလက္ေခ်ာင္းမ်ားျဖင့္ ေဒါသတႀကီး ရိုက္ပုတ္ရင္း ေနာက္ဆံုးမွာေတာ့ ရႊမ္းမင္မွာပဲ လက္ျပန္ခြာေပးသြားသည္။
"မင္းတို႔ဆက္ေလ်ွာက္ၾက..လူရွာတဲ့ကိစၥကအေရးႀကီးတယ္..တကယ္လို႔ထူးဆန္းတဲ့အသံငါထပ္ၾကားရရင္အသိေပးလိုက္မယ္"
ရႊဲ႔ရွန္အတြက္ေတာ့ ဥဝပ္ျခင္းသည္ ကတံုးႏွင့္တိုက္ခိုက္ေနရျခင္းထက္ ပိုၿပီးအဓိပၸာယ္ရိွလွ၏။
ထိုစကားဆိုၿပီးေနာက္ အိတ္ကပ္၏ေအာက္ေျခကို ျပန္လိွမ့္ဝင္သြားသည္။ တိတ္တဆိတ္ႏွင့္ ေရႊလံုးကိုဖက္တြယ္ရင္း ကတံုးေျခတလွမ္းလွမ္းလိုက္တိုင္း သူပါၿငိမ့္ၿငိမ့္ေလး ယမ္းေနေတာ့သည္။
အမွန္အတိုင္းဆိုရလ်ွင္ ရႊမ္းမင္ေျခလွမ္းမ်ားသည္ သရဲတစၧေမ်ားထက္ပင္ တိတ္ဆိတ္ေနေသး၏။ ေျခလွမ္းတစ္လွမ္းခ်င္းက ပံုမပ်က္ ဟန္ခ်က္ညီသည္။ ရႊဲ႔ရွန္အတြက္ အႏွီလႈပ္ရွားမႈအေသးအဖဲြမ်ားက မေျပာပေလာက္တဲ့အျပင္၊ သိမ့္ခနဲတုန္ယင္သြားတာမ်ိဳးလည္းမရိွတဲ့အျပင္ ေခ်ာ့သိပ္ေနသလိုပင္။ ဖက္တြယ္ထားေသာေရႊလံုးမွာ အိတ္ကပ္အတြင္း အခ်ိန္အေတာ္ၾကာလာၿပီးေနာက္ ေနြးေနြးလာသည္မွာ ရႊမ္းမင္ကိုယ္လံုးအပူခ်ိန္ကိုေတာင္ ခ်ဥ္းကပ္လာသည္။ ေလတိုက္လိုက္တိုင္း ေနရာလတ္မက်န္ ေအးစိမ့္လာတတ္ေသာ ပါးလႊာသၫ့္ စကၠူစသည္ လြန္စြာသက္ေတာင့္သက္သာရိွလွၿပီး အခုမွသာ ေနခ်င္စဖြယ္ သင့္ေလ်ွာ္သြားသလိုပင္။
ရႊမ္းမင္သည္ ေဆာင့္ေၾကာင့္ထိုင္ခ်ကာ သစ္ရြက္ႂကြေမ်ား ဖံုးလႊမ္းေနေသာ စိုစြတ္သၫ့္ ရြံ႔ေျမကို အနီးကပ္ၾကၫ့္ရႈေန၏။
လုႏ်ယ္ခ်ီလည္း နည္းတူတုပကာ ေဆာင့္ေၾကာင့္ထိုင္လိုက္သည္။ အႏွီလုလင္သည္ ငယ္ရြယ္ေသာ္လည္း အမွီအခိုကင္းေသာသူျဖစ္ေၾကာင္း မည္သူမဆို သိျမင္ႏိုင္၏။ ငယ္ရြယ္စဥ္ကတည္းက ဖခင္ျဖစ္သူကို ဆံုးရႈံးလိုက္ရေသာေၾကာင့္လည္း ျဖစ္ႏိုင္သည္။ တစ္ပါးသူအကူအညီကို မွီခိုအားထားရမၫ့္အစား ကိုယ္တိုင္သာထလုပ္တတ္ေသာ လူစားျဖစ္သည္။ မရင္းႏွီးမကၽြမ္းဝင္ေသာ မလုပ္တတ္မကိုင္တတ္သၫ့္ အရာျဖစ္ေနလ်ွင္ အနီးကပ္ၾကၫ့္ရႈၿပီး ေလ့လာသင္ယူလိမ့္မည္။ သို႔မွသာ ထိုလူငယ္ခမ်ာ လံုႃခံုစိတ္ခ်သည္ဟု ခံစားရ၏။
"ဘာကိုၾကၫ့္ေနတာလဲ?"
က်န္းရွီနင္သည္ လူငယ္ကိုလွမ္းၾကၫ့္ရင္း မတတ္သာပဲ ေမးျမန္းမိ၏။ လုႏ်ယ္ခ်ီသည္ ေနာက္ပင္ျပန္လွၫ့္မၾကၫ့္ပဲ ခတ္ျပတ္ျပတ္ပင္ေျဖလာ၏။
"မသိဘူး"
ခ်ာတူးလန္ေနေသာ မ်က္လံုးပိုင္ရွင္မ်ားသည္ ကန္းမတတ္ၾကၫ့္လ်ွင္ေတာင္ သဲလြန္စ ရွာေတြ့မည္မဟုတ္။ သူဘယ္ေလာက္ပဲ ႀကိဳးစားႀကိဳးစား ရြံ႔ေျမထဲတြင္ မည္သို႔ေသာသဲလြန္စကိုမွ ရွာမေတြ့။
ရႊမ္းမင္သည္ လက္ႏွစ္ဖက္ကိုဆန႔္တန္းကာ ေျခဖဝါးေရ႔ွရိွ သစ္ရြက္မ်ားကို မထိရံုတမယ္ အေနအထားျဖင့္ ရပ္တန႔္ေန၏။ ေရၫွိေကာ္လ်ွင္ေတာင္ လက္ကိုကာကြယ္ရန္ ဝတ္ရံုအစကိုၿဖဲ၍သံုးတတ္သၫ့္ အက်င့္ဆိုးေၾကာင့္ အႏွီရြံ႔ေျမေပၚမွ သစ္ရြက္ေျခာက္မ်ားကို သူထိေတြ့ဖို႔က မျဖစ္ႏိုင္။
ပံုတူကူးခ်ေနေသာ လုႏ်ယ္ခ်ီလည္း ခိုးေၾကာင္ခိုးဝွက္ႏွင့္ သစ္ရြက္ႂကြေမ်ားကို ထိေတြ့လိုက္သည္။ လက္အျပၫ့္ေပလာေသာ ရြံ႔မ်ားကလဲြ၍ က်န္တာဘာမွရွာမေတြ့။ ေဘးတိုက္အေနအထားႏွင့္ ရႊမ္းမင္ကို သံသယဝင္ကာ တစ္ခ်က္ေစြေစာင္းၾကၫ့္ရင္း လက္ေခ်ာင္းမ်ား သန႔္ရွင္းသြားေအာင္ အက်ႌေထာင့္ႏွင့္ တိတ္တဆိတ္ပြတ္လ်က္ မတ္တပ္ထရပ္လိုက္သည္။
သူ႔မ်က္လံုးထဲမွာေတာ့ ရႊမ္းမင္၏အျပဳအမူမ်ားသည္ အႃမွီးအေမွာက္မတၫ့္သလို ပေဟဠိလည္းဆန္လွ၏။ ဟန္ပန္သာရိွၿပီး ရလဒ္ကေတာ့ ထြက္မလာေသး။ လုႏ်ယ္ခ်ီသည္ ပင္ကိုယ္အားျဖင့္ သံသယမ်ားတတ္သူျဖစ္ကာ လူငယ္သဘာဝ ပုန္ကန္ထႂကြတတ္ျခင္းမ်ိဳး အနည္းငယ္လည္းရိွသည္။ ဤေလာက၌ ယံုၾကည္ရေသာသူ အနည္းငယ္မ်ွသာရိွသည္ဟု သူအၿမဲတမ္း ေတြးထင္ခဲ့သည္။ လူအေတာ္မ်ားမ်ားသည္ တကိုယ္ေကာင္းဆန္ခ်င္ဆန္ မဟုတ္လ်ွင္ လြန္စြာႏံုအေနသူမ်ားသာ။
သူကိုယ္တိုင္ကေတာ့ တကိုယ္ေကာင္းဆန္ေသာ ေကာင္စားမ်ိဳးျဖစ္ၿပီး ေစာလ်ွင္စြာေသဆံုးသြားေသာ ဖခင္ျဖစ္သူကေတာ့ လူႏံုလူအ။
ကိုယ္ကိုယ္တိုင္မွာ အၾကင္နာတရားမရိွသူျဖစ္ေၾကာင္းကို သူဝန္ခံသည္။ ၿခံဝင္းထဲမွာတုန္းက ရႊမ္းမင္ႏွင့္အျခားသူမ်ားကို ေအာ္ဟစ္ေျပာဆိုတဲ့အျပင္ ဒီကိုအတူေခၚလာဖို႔ကိုလည္း တိုက္တြန္းေတာင္းဆိုခဲ့ေသးသည္။ အခုအခ်ိန္က်ျပန္ေတာ့ ရႊမ္းမင္ကို လူလိမ္လူေကာက္ျဖစ္ေနမလား သံသယဝင္ေနျပန္သည္။ ကမ္းစပ္ရိွေလွကို တစ္ခ်က္တစ္ခ်က္ကဲၾကၫ့္ရင္း အေျခအေနမေကာင္းေတာ့လ်ွင္ ေလွဆီျပန္ဖို႔ အသင့္ျဖစ္ေနသည္။ ျမဴမ်ားကင္းသြားေသာအခ်ိန္ထိ ေစာင့္ၿပီးေတာ့မွ ကၽြန္းေပၚသို႔ေျချပန္ခ်ရင္ ေကာင္းမလား ေတြေဝေနျပန္၏။
ေနာက္လွၫ့္ၾကၫ့္ေနရင္းနဲ႔မွ က်န္းရွီနင္ႏွင့္ အၾကၫ့္ခ်င္းဆံုသြားေတာ့သည္။
တကယ္တမ္းေတာ့လည္း ငယ္ရြယ္သူျဖစ္တာဖို႔ တခဏေလာက္နဲ႔တင္ ယံုၾကည္ခ်က္မ်ားက အေၾကာင္းမရိွပဲ ပေပ်ာက္သြားကာ လိပ္ျပာမသန႔္ ျဖစ္လာေတာ့သည္။ သို႔ေပမဲ့လည္း အျမန္ပင္ အေၾကာက္ကင္းစြာ ခပ္တန္းတန္းနဲ႔ ျပန္ၾကၫ့္လိုက္သည္။ က်န္းရွီနင္သည္ အၾကၫ့္လႊဲသြားၿပီျဖစ္ၿပီး ရႊမ္းမင္စကားဆိုလာမွာကိုသာ ေစာင့္ေမ်ွာ္ေန၏။
ရႊမ္းမင္သည္ စကားဆိုျခင္းအလ်င္းမရိွပဲ မတ္တပ္ထရပ္ကာ အစြန္းအထင္းစိုးစဥ္မ်ွမရိွေသာ ဝတ္ရံုကို ခပ္ဖြဖြဖုန္ခါရင္း အင္းစာရြက္တစ္ရြက္ကို ထုတ္ယူလိုက္၏။
လုႏ်ယ္ခ်ီ ; "…"
လာျပန္ၿပီ!
လုႏ်ယ္ခ်ီ မ်က္ဆန္လည္ရင္း ေတြးမိသည္က ; ဒီဘုန္းေတာ္ႀကီးကေလာကတစ္ခြင္ဘယ္အေျခအေနမွာပဲျဖစ္ျဖစ္ဒီတစ္ကြက္တည္းကိုပဲမွီခိုေနေတာ့မွာလား?
ဤတစ္ခါတြင္ေတာ့ ရႊမ္းမင္သည္ အင္းစာရြက္ကို လူပစၥည္းဝတၴုမ်ားကို ထိန္းခ်ဳပ္ရာ၌ အသံုးျပဳမွာမဟုတ္ေၾကာင္း မည္သူက သိမွာတဲ့လဲ? အဝါေရာင္အင္းစာရြက္ႏွင့္အတူ မီးျခစ္ဆံကိုပါထုတ္ယူၿပီး စိုစြတ္ေအးစိမ့္ကာ ႏွင္းျမဴဆိုင္းေနေသာ အေျခအေနျဖစ္လင့္ကစား ေလကာၿပီး မီးၫွိယူလိုက္သည္။
ေဘးတစ္ဖက္တစ္ခ်က္တြင္ ရပ္ေနေသာ က်န္းရွီနင္ႏွင့္ လုႏ်ယ္ခ်ီသည္ အင္းစာရြက္ကို ရႊမ္းမင္မီးၫွိလိုက္သည္အား ဇေဝဇဝါျဖစ္လ်က္ ၾကၫ့္ေနၾက၏။
သူတို႔မ်က္လံုးထဲမွာေတာ့ အဝါေရာင္ဆီစိမ္အင္းစာရြက္သည္ ေသဆံုးသူမ်ားအတြက္ ေငြစကၠူအလို႔ငွာ မီးရိႈ႔ေပးေသာ အဝါေရာင္စကၠူမ်ားႏွင့္ ကြာျခားခ်က္မရိွ။ မီးေတာက္လြယ္လွတာေၾကာင့္ တခဏအတြင္းမွာ မီးကၽြမ္းစကၠူမည္းအေနျဖင့္ ေကြးတတ္သြားသည္။ ရႊမ္းမင္လက္ေခ်ာင္းမ်ား လႈပ္သြားေသာအခါ အမည္းေရာင္စကၠူလိပ္သည္ ျပာအျဖစ္ေျပာင္းသြားၿပီး ေလႏွင့္လိုက္ပါလ် က္သူတို႔ထက္အရင္ ေတာအုပ္ရိွရာသို႔ လြင့္စင္သြားသည္္။
ငံုးႀကီးႏွင့္ငံုးငယ္သဖြယ္ ျဖစ္ေနေသာ က်န္းရွီနင္ႏွင့္ လုႏ်ယ္ခ်ီႏွစ္ၪီးသည္ မ်က္လံုးမ်ားျပဴးကာ ပါးစပ္ေဟာင္းေလာင္းပြင့္လ်က္ ဝတ္ရံုလက္အနားစကို တင္းတင္းဆုပ္ကိုင္ရင္း မီးကၽြမ္းစကၠူမွ ျပာမ်ား သစ္ေတာအုပ္ဆီ ၪီးတည္သြားသည္ကို ၾကၫ့္ေနၾက၏။ ထိုျပာမ်ားသည္ ေျမျပင္ေပၚက်သြားၿပီး အမွတ္အသားကင္းေသာ ရြံ႔ေျမျပင္၌ ေျခရာမ်ား ေပၚလာေတာ့သည္။
လူတစ္ၪီးတစ္ေယာက္ ရြံ႔ေျမကို နင္းလိုက္၍ ေပၚလာေသာ သမာရိုးက်ေျခရာမ်ား မဟုတ္ပဲ ျပာျဖင့္ အမွတ္အသားျပဳထားသည္မ်ားျဖစ္၍ ေျခရာပိုင္ရွင္သည္ ထိရံုေလးမ်ွသာ နင္းေလ်ွာက္သြားခဲ့ေသာ ပံုစံေပါက္ေန၏။
"လူလမ္းေလ်ွာက္တဲ့ေျခရာျဖစ္ႏိုင္ပါ့မလား?ေလအေပၚတဲြလဲခိုရင္းတမင္တကာေျခရာျပဳထားသလိုျဖစ္ေနၿပီ"
က်န္းရွီနင္လည္း မေအာင့္အီးထားႏိုင္ေတာ့ပဲ ေျပာလာ၏။
လုႏ်ယ္ခ်ီ ; "…"
အႏွီပုဂၢိုလ္မ်ားႏွင့္ ကၽြန္းေပၚလိုက္လာမိသည္အား လုႏ်ယ္ခ်ီေနာင္တရလာသည္။ မည္သူမ်ွ တိတိပပစကား မဆိုၾက။
“တဲြလဲခိုၿပီးေျခရာခ်န္ထားတယ္ဆိုတာဘာအဓိပၸာယ္လဲ?"
အိတ္ကပ္ေအာက္ေျခတြင္ ထိုင္ေနေသာ ရႊဲ႔ရွန္တစ္ေယာက္ လြန္စြာစိတ္ရႈပ္လာသည္။ တစ္ဖက္တြင္ ရႊမ္းမင္ႏွင့္အျခားသူမ်ား ဘာမ်ားလုပ္ေနၾကသလဲဆိုတာကို သိခ်င္သလို တစ္ဖက္မွာလည္း အိတ္ကပ္ေအာက္ေျခတြင္ ရိွေနေသာ ေရႊလံုးကို ပစ္ခြာမထားခဲ့ႏိုင္။ အခ်ိန္တိုေလးအတြင္းမွာပင္ ေရႊလံုးသည္ ရႊမ္းမင္ခႏၶာကိုယ္အပူခ်ိန္ထက္ ပို၍ မသိမသာေလး ေနြးေထြးလာသည္ကို သူခံစားလို႔ရ၏။ သို႔ရာတြင္ ကြာျခားမႈက အလြန္ေဖ်ာ့ေတာ့တဲ့အတြက္ သူ႔ကိုယ္သူပင္ ေသခ်ာမႈမရိွေသး။
"ကတံုး"
ေရႊလံုးကိုဖက္တြယ္ေနရင္း ရႊဲ႔ရွန္ေခၚယူလိုက္သည္။
ရႊမ္းမင္ ; “…”
တံု႔ျပန္မႈမရိွသၫ့္အတြက္ ထပ္ခါထပ္ခါပင္ ရႊဲ႔ရွန္ မရပ္မနားေခၚယူလိုက္သည္။
"ကတံုး..ကတံုး"
ရႊမ္းမင္ ; “…”
ရႊဲ႔ရွန္တစ္ေယာက္ မ်က္ဆန္လည္သြားၿပီး ေအာ္ဟစ္ေတာ့သည္၊
"ရႊမ္းမင္!ငါမင္းနဲ႔ေဆြးေနြးစရာရိွတယ္"
ရႊမ္းမင္ တည္ၿငိမ္စြာပင္ျပန္ေျဖ၏။
"ေျပာ"
"ဝတ္ရံုေအာက္ေျခကိုၿဖဲရတာကိုသေဘာက်တယ္မလား?ဝတ္ရံုေအာက္စကိုၿဖဲမယ့္အစားအိတ္ကပ္ကိုပဲၿဖဲပါလား"
ရႊဲ႔ရွန္သည္ အက်ိဳးအေၾကာင္းကို ရွင္းလင္းစြာ ခင္းက်င္းျပလာ၏။
"အိတ္ကပ္အဝကိုၿဖဲမယ္ဆိုရင္ပိုက်ယ္လာတာနဲ႔အတူငါေရႊလံုးကိုဖက္ရင္းေခါင္းကိုလည္းထုတ္ထားလို႔ရၿပီ"
ရႊမ္းမင္သေဘာတူဖို႔ကိုေတာ့ ရႊဲ႔ရွန္ေမ်ွာ္လင့္ထားသည္မဟုတ္။ အကယ္၍သာ ရႊမ္းမင္သေဘာတူလိုက္လ်ွင္လည္း မသကၤာစရာေတာ့ ေကာင္းေနၿပီ။
ရႊမ္းမင္သည္ ေအးတိေအးစက္ျဖင့္ ျပန္ေျဖလာ၏။
"ကိုယ့္ကိုယ္ကိုအထင္ႀကီးလြန္းေနၿပီ..စကၠူလည္ပင္းကခံႏိုင္ရည္ရိွမွာမဟုတ္ဘူး..အခ်ိန္အတိုင္းအတာတစ္ခုအထိအျပင္ထုတ္ထားမယ္ဆိုရင္စုတ္ၿပဲသြားႏိုင္တယ္..စကၠူလူသားအေလာင္းေကာင္ကိုငါသၿဂိဳလ္ေပးမွာမဟုတ္ဘူး"
အဓိပၸာယ္ကေတာ့ ; ေခ်ာင္မွာသာေနၿပီးေခါင္းေအးေအးထားစမ္းပါ..အရူးရဲ့
ရႊဲ႔ရွန္ႏွင့္ အေျခအျမစ္မရိွတာေတြ မေျပာေတာ့ပဲ ေျခရာမ်ား၏ ၪီးတည္ရာကို ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ လွမ္းေလ်ွာက္သြားသည္။ က်န္းရွီနင္ႏွင့္ လုႏ်ယ္ခ်ီလည္း အေနာက္ကေန အလ်ွင္အျမန္ လိုက္လာၾကသည္။
ရႊဲ႔ရွန္သည္ အေတာ္ၾကာ အိတ္ကပ္အတြင္း၌ ေဒါသတႀကီး စိတ္ေကာက္ေနရင္း သူ႔ခႏၶာကိုယ္မွ သူ႔အား သစၥာျပန္ေဖာက္ျခင္းကို လက္မခံႏိုင္ျဖစ္ေန၏။ ႏွစ္ေပါင္းမ်ားစြာ ရွင္သန္လာေသာ သက္တမ္းတစ္ေလ်ွာက္ အႏွီမေကာင္းဆိုးဝါးသည္ ကန္႔သတ္ခ်က္ဆိုတဲ့အဓိပၸာယ္ကို နားမလည္သလို စည္းကမ္းဥပေဒဆိုတာကိုလည္း နားလည္သူမဟုတ္။ မည္သူ႔မ်က္ႏွာမွ မေထာက္ထားပဲ စိတ္အလိုအတိုင္း သေဘာက် ေနထိုင္ႀကီးျပင္းလာသူျဖစ္သည္။ ေရႊလံုးကိုဖက္တြယ္ရင္း ႏွစ္ခ်က္လိမ့္ကာ ၿပဲလြယ္ေသာလည္ပင္းကို အိတ္အဝတြင္ တဲြေလာင္းထုတ္ထားလိုက္သည္။ ေရႊလံုးကိုလည္း တင္းက်ပ္စြာဖယ္တြယ္ထားဆဲျဖစ္ၿပီး လႊတ္ခ်ရန္ ျငင္းဆန္ေနသည္။ ေခါင္းသည္ တင္ရံုမ်ွအေနအထားရိွေနကာ အိတ္ကပ္အဝအနားကြပ္က ေထာက္ေနသည္ျဖစ္၍ မခ်ိမဆန႔္ နာက်င္လာသည္။ ခႏၶာကိုယ္ႏွင့္ေခါင္းကို တစ္ဖက္တစ္ခ်က္ဆီက ဆဲြၿဖဲေနသလိုပင္။
သူ၏ ႏွစ္ခုတည္းေသာ လႈပ္ရွားမႈသည္ ျမန္ဆန္အမွားကင္းလွရာ သာမန္သူမ်ားမွ ႏိႈင္းယွဥ္ႏိုင္မည္ေတာင္မဟုတ္။ လည္ပင္းတဲြခိုေနရင္း သိပ္ပင္မၾကာလိုက္
"သစ္ပင္ေအာက္မွာတစ္ခုခုရိွေနတယ္"
ရႊမ္းမင္ေျခလွမ္းမ်ား ရပ္တန႔္သြားသည္။ ဤသခ်ၤိဳင္းေတာင္ပူစာကၽြန္း၏ ပထဝီေျမအေနအထားသည္ လြန္စြာအဆင္မေျပျဖစ္ေနေၾကာင္း သူခံစားမိေပမယ့္ မည္သည္က မွားယြင္းေနတာကို ပံုပန္းေဖာ္မရျဖစ္ေနခဲ့သည္။ မသိလ်ွင္ တစ္စံုတစ္ေယာက္မွ တမင္ အဖ်က္အေမွာက္ လုပ္ထားသလိုပင္။
သို႔ေသာ္လည္း ကၽြန္းမ်က္ႏွာျပင္ထက္တြင္ တစ္ၪီးတစ္ေယာက္၏ လက္ရာတစ္စြန္းတစကိုေတာ့ ရွာမေတြ့ေသး။
ထို႔ေၾကာင့္ပဲ လမ္းတစ္ေလ်ွာက္ ေျခရာမ်ားႏွင့္ သစ္ေတာတည္ရိွေနပံုကိုသာ အာရံုစိုက္ထားခဲ့သည္။ ေဘးဘီဝဲယာေျမျပင္ကို တစ္ခ်က္မွပင္ မၾကၫ့္ခဲ့။
ရႊဲ႔ရွန္စကားေျပာလာေသာအခါ သူျပန္ေမးလိုက္၏။
"ဘယ္သစ္ပင္လဲ?"
"အေရ႔ွကဘယ္ဘက္ျခမ္းမွာ..ပင္စည္မွာအက္ကဲြေၾကာင္းပါတဲ့သစ္ပင္"
သံုးဇန္*မ်ွအကြာတြင္ မိုးႀကိဳးဒဏ္ေၾကာင့္ေသာ္လည္းေကာင္း ဟက္တက္ကဲြေနေသာ အပင္အိုတစ္ပင္ရိွသည္။ သို႔ေပမဲ့ ထိုကဲ့ေသာသစ္ပင္မ်ိဳးသည္ ေတာရိုင္းေတာင္ရိုင္းထဲမွာေတာ့ သမာရိုးက်ဟု မွတ္ယူလို႔ရသည္။ ရႊမ္းမင္သည္ အနားသို႔ ေလ်ွာက္သြား၍ ထိုးထြက္ေနေသာသစ္ပင္အျမစ္မ်ားအၾကား ေခတၲမ်ွရွာၾကၫ့္ရာ သိသာထင္ရွားျခင္း အလ်င္းမရိွေသာ ေနရာ၌ အညစ္အေၾကးမ်ားႏွင့္ အေရာင္တူျဖစ္ေနေသာ ႀကိဳးစကို ရွာေဖြေတြ့ရိွသြားသည္။ ႀကိဳးစသည္ တစ္ၪီးတစ္ေယာက္မွ အားႏွင့္ ဆဲြျဖဳတ္ထားပံုရသည္။ အဆံုးတစ္ဖက္က အထံုးခ်ည္ထားဆဲ။
"ဟမ္?"
ေဘးတြင္ရပ္ေနသာ လုႏ်ယ္ခ်ီသည္ အံ့ၾသသြားေသာအသံျပဳကာ ႀကိဳးစကို ေကာက္ယူလိုက္သည္။ ရြံ႔မ်ားလူးေနတာကို မသိေက်းကၽြန္ျပဳလ်က္ ႀကိဳးစကိုဆဲြကိုင္ၿပီး ႀကိဳးထံုးကို ေသခ်ာစမ္းစစ္ေနသည္။ မ်က္ေမွာင္က်ဳံ႔လာၿပီး
"ဒါငါတို႔မိသားစုေၾကးျပားေတြကိုခ်ိတ္ဆဲြဖို႔ႀကိဳးထံုးထံုးတဲ့နည္းနဲ႔ဆင္တူတယ္"
"ေသခ်ာလို႔လား?"
က်န္းရွီနင္သည္ အေတာ္အံ့ၾသသင့္လ်က္ ေမးျမန္းလာ၏။
"ဒီလိုပံုစံျဖစ္ေနတာေတာင္မွတ္မိလား?"
"ဒီႀကိဳးကိုငါထံုးထားတာ..အျခားႀကိဳးထံုးေတြနဲ႔ႀကိဳးခ်ည္ပံုမတူဘူး"
လုႏ်ယ္ခ်ီသည္ ႀကိဳးထံုးကို ျဖစ္ကတတ္ဆန္း တဲြေလာင္းဆဲြကာ အျခားသူမ်ားကို ျပသလာ၏။
"ဒီမွာၾကၫ့္"
ရႊမ္းမင္သည္ ႀကိဳးေပၚရိွ ရြံ႔မ်ားကို တစ္ခ်က္ၾကၫ့္ၿပီး တိတ္တဆိတ္နဲ႔ ေနာက္ဆုတ္သြား၏။
လုႏ်ယ္ခ်ီသည္ အျခားသူမ်ားျမင္သာေအာင္ ႀကိဳးစကိုကိုင္ၿမွောက္ျပေနရင္း ရုတ္တရက္ တစ္စံုတစ္ရာကို မွတ္မိသြား၏။
"ငါ့ဆီမွာရိွတဲ့ေၾကးျပားသီထားတဲ့ႀကိဳးေတြအကုန္လံုးအခိုးခံလိုက္ရတာမဟုတ္ဘူးလား?ဒီႀကိဳးတစ္စကဘယ္လိုလုပ္ၿပီးဒီကိုေရာက္ေနတာလဲ?"
တစ္ခုခုေတာ့ လဲြမွားေနၿပီျဖစ္ေၾကာင္း သတိျပဳမိသြားခ်ိန္မွာပဲ သူ႔ဒူးမ်ားသည္ အရာတစ္ခုကို တိုက္မိသြား၏။
တုန္ဆိုေသာအသံနဲ႔အတူ လုႏ်ယ္ခ်ီတစ္ေယာက္ ဘာမ်ွေတာင္ မေျပာႏိုင္ပဲ လန႔္ျဖန႔္သြားသည္။ သူ႔ဒူးမ်ားသည္ တိုက္မိလိုက္ကတည္းက ဒယိမ္းဒယိုင္ျဖစ္သြားၿပီး ေျမၾကီးေပၚသို႔ ဒူးေထာက္က်လာေတာ့သည္။
ဂရုမထား ကိုးယိုးကားယားႏွင့္ တမ်ိဳးမ်ိဳးေသာ ေထာက္ေခ်ာက္ကို ခလုတ္တိုက္မိပံုရသည္။ နားထက္တြင္ ဘယ္ဆီကေနလာမွန္းမသိေသာ ဝမ္ကနဲျမည္သၫ့္ သတၲုရိုက္ခတ္သံက ျမည္ဟီးလာၿပီးေနာက္ ေျခေထာက္ေအာက္မွေျမျပင္သည္ တမဟုတ္ခ်င္းပင္ ေပ်ာက္ကြယ္သြားေတာ့၏။
ရုတ္ခ်င္းျပဳတ္က်သြားတာေၾကာင့္ ဟိုက္ကနဲျဖစ္သြားသၫ့္ ခံစားခ်က္ႏွင့္ ေက်ာက္ခဲလိမ့္က်သံမ်ားကလည္း အေဖာ္ျပဳေနရာ အကုန္လံုး ေတြေဝေငါင္ေတာင္ကုန္ၾကသည္။
မက္ေစာက္စြာ က်ဆင္းလာၾကေသာအခ်ိန္မွာ ရႊဲ႔ရွန္ကေတာ့ ရႊမ္းမင္ကို ပထမၪီးဆံုးအေနျဖင့္ ေလးစားမိသြားသည္။ က်က္သေရအေပါင္း စိတ္ပ်က္ဖြယ္ပင္ ခေညာင္းေသာ ကတံုးသည္ ေလဟာနယ္ထဲ ျပဳတ္က်လာတာကိုပင္ အံ့ၾသသင့္ဖြယ္ ဟန္ခ်က္ကို ထိန္းထားဆဲ။ မသိရိွႏိုင္ေသာအရာ၏ ေထာက္ပံ့မႈျဖင့္ က်လာေသာအရိွန္ႏႈန္းကို ေနွးေအာင္ လုပ္ထားေသးသည္။ ေျမျပင္ထက္ က်သြားခ်ိန္တြင္ ဒလိမ့္ေကာက္ေကြးျဖစ္မေနပဲ သာသာေလးသာ ဆင္းသက္ႏိုင္သည္အထိ။
ရလဒ္ကေတာ့ ေျမျပင္ေပၚသို႔ေျခခ်သည္ႏွင့္ အိတ္ကပ္အဝတြင္ ေခါင္းထုတ္ထားေသာ ရႊဲ႔ရွန္သည္ ေခါင္းျပန္သြင္းရန္ အခ်ိန္မရလိုက္တာေၾကာင့္ ရုတ္တရက္ သူ႔ေခါင္းသည္ က်ဆင္းသြားသလို ခံစားလိုက္ရသည္။
ၿဂိဳလ္ဆိုးဝင္ၿပီ..ဒုကၡပဲ..ငါေတာ့သြားၿပီ
ကတံုးပါးစပ္မွ ထြက္လာေသာ အဆိုးျမင္ဝါဒီမ်ားအတိုင္း အမွန္တကယ္ပင္ ျဖစ္လာခဲ့ၿပီ။ သူ႔ေခါင္းသည္ တကယ္ပဲ တတိတိနဲ႔ ျပဳတ္ထြက္သြားေတာ့မည္။
အေမွာင္ထဲမွာပဲ ရႊမ္းမင္မတ္မတ္ရပ္လိုက္စဥ္ ေျမျပင္ေပၚတြင္ တစ္စံုတစ္ရာက လႊင့္ပ်ံလာသည္ကို ထူးဆန္းစြာ ခံစားလိုက္ရသည္။
"အိုင္းယိုး"
"ရွီး...လက္က်ိဳးေတာ့မလို႔"
"ဒါဘယ္ေနရာလဲ?ေခါင္းထဲလည္းမူးေနာက္ေနာက္နဲ႔"
"ဆရာေတာ္?ဆရာေတာ္ရႊမ္းမင္..အနားမွာရိွေသးလား?"
က်န္းရွီနင္ႏွင့္ လုႏ်ယ္ခ်ီတို႔ႏွစ္ၪီး၏ နာက်င္ပံုမ်ားကို ဆူညံပြက္ေလာရိုက္လ်က္ ေျပာေနၾကေသာ အသံၾကားၿပီးေနာက္ ရႊမ္းမင္"အင္း"တစ္လံုးတည္းျဖင့္သာ ျပန္ေျဖလိုက္သည္။ အင္းစာရြက္တစ္ရြက္ကို မီးၫွိလိုက္သည္။
စာရြက္မွ မီးေရာင္ႏွင့္ ေအာက္ကိုငံု႔ၾကၫ့္လိုက္ရာ တိုက္ဆိုင္စြာျဖင့္ ေျမျပင္ေပၚတြင္ ပ်ံဝဲေနေသာ စကၠူေခါင္း၏ မ်က္လံုးမ်ားႏွင့္ အၾကည့္ခ်င္းဆံု သြားေတာ့သည္။
ေခါင္းသက္သက္သာျဖစ္သည္။
ရႊမ္းမင္ ; “…”
•••••••
*သံုးဇန္=ဆယ္မီတာ