Unicode
အရှင့်အလိုတော်အတိုင်း (56)
"အပြစ်သား Kao အမိန့်နာခံစေ..."
မိန်းမစိုး၏ မင်းအမိန့်စာနှင့် အတူ Kao တစ်ယောက်
မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်သည်။
"အပြစ်သား Kao သည် တရားမဝင် လက်နက်များအား
ထုတ်လုပ်ပြီး နိုင်ငံပုန်ကုန်မှုတွင်ပါဝင်သည်ဟု သံသယရှိသဖြင့် စစ်ဆေးခဲ့ရာ မဟုတ်ကြောင်း တွေ့ရှိရသည်။
သို့သော်လည်း တရားမဝင် လက်နက်ထုတ်လုပ်မှု၏ အပြစ်ဒဏ်ကာ မလွဲမသွေ သေဒဏ်။
နိုင်ငံအကျိုးဆောင်ကာ ဆုံးပါးသွားပြီ ဖြစ်တဲ့ စစ်သူကြီး၏ မျက်နှာကို ထောက်ထား၍ အပြစ်သား Kaoအား သေဒဏ်မှ
ကင်းလွတ်ခွင့်..။
အပြစ်သား Kao အသက်ရှင်နေစဉ်အတွင်းနှင့် အသက်သေဆုံးပြီးသည်အထိ ဤမြို့တော်အား ပြန်လာခွင့်မရှိ...။
ပြည်နှင်ဒဏ်ချလိုက်သည်။"
"ကျွန်တော်မျိုး အမိန့်နာခံကြောင်းပါ...မင်းကြီး"
Kao သည်လည်း အမိန့်စာဆုံးသည်နှင့် မြေပြင်နှင့် နဖူးနှင့် ထိကာ အရိုအသေပေးပြီး အမိန့်စာအား လက်ခံလိုက်သည်။
"ဒီနေ့ညပဲ ထွက်ခွာရန် မင်းကြီးက အမိန့်ပေးလိုက်ပါတယ်.."
"ကျွန်တော် သိပါပြီ.."
မိန်းမစိုး ထွက်သွားသည်နှင့် Kaoသည် အမိန့်စာအား ကြမ်းခင်းပေါ်သို့ ပစ်ချလိုက်သည်။
သူပါ တိုင်ကာ မှီကာ ထိုင်ချလိုက်ရင်း ကိုယ့်ကို လှောင်ပြုံး
ပြုံးလိုက်သည်။
ကြိုးစားထားသမျှ ဒီလိုပဲ လက်လျော့လိုက်ရမှာလား။
Kao သိသည်။ သူ၏ လမ်းရွေးချယ်ခြင်းဟာ အစတည်းက
မှားယွင်းနေသည်ဆိုတာကို။
မွားလက်စနဲ့ ဆက်မှားပါစေတော့ ဆိုပြီး မပြင်ဘဲ ထားလိုက်သည့်က သူ၏ တကယ့်အမှားပင်။
လူဆိုတာ အတ္တနဲ့ ဖွဲ့စည်းထားပေမဲ့ အမှားအမှန်ခွဲခြားနိုင်တဲ့ နှလုံးသား တစ်စုံတော့ ပါပြီသားမလား။
သူနှလုံးသားလေးက လက်ခံချင်ပေမဲ့လဲ အတ္တကြောင့် အမှောင်ဖုံးနေတဲ့ သူနှလုံးသားကို သူ မမြင်နိုင်သေးဘူး။
အတွေးများ နယ်ချဲ့နေတုန်း အကျဉ်းထောင်စောင့်ပုံစံရှိသည့်
အစောင့်တစ်ဦးသည် ထမင်းပန်ကန်ကို အကျဉ်းထောင်ထဲရှိ အပြစ်သားများအယး ဝေပေးနေသည်။
သူဆီရောက်တော့ ထမင်းပန်ကန်ကို အသာလေးထိုးပေးခဲ့သည်။
Kaoလည်း ထမင်းစားရန် တူဖြင့် နှိုတ်လိုက်စဉ် ထမင်းဖြူဖြူလေးထဲမှ စာရွက်လေး တစ်ခုထွက်လာသည်။
Kaoလည်း ထိုစာရွက်ကလေးအား ကြည့်ကာ သူ တကယ်ပဲ ရှေ့ဆက်သင့်သလား။
............................
"ကြင်ယာတော်...မင်းကြီးက သခင်လေး Kao ကို ပြစ်ဒဏ်ချမှတ်လိုက်ပြီ"
အခန်းတွင်းသို့ ဝင်ကာ အလောတကြီး ပြောပြသည့် Penကြောင့် ကနာလက်ထဲမှ လက်ဖက်ရည်ခွက်ပင် အောက်သို့ ပြုတ်ကျသွားရသည်။
"ဘာ...!"
Pen ပြောပြချက်အတိုင်းဆို တကယ်ပဲ မင်းကြီးက အကိုတော်ကို အပြစ်ဒဏ်လျော့ပေါ့ပေးလိုက်တာပဲ...။
ဒါပေမဲ နယ်နှင်ဒဏ်ဆိုတဲ့ အပြစ်ဒဏ်ကလဲ မသေးပေ။
အနည်းဆုံးတော့ အကိုတော် ကျန်ရှိတဲ့ ဘဝမှာ သူတကယ် ချစ်တဲ့ သူနဲ့ ပျော်ရွှင်နေနိုင်မှာပါ။
ကနာ အမှန်တိုင်းပြောလျှင် ဒီထက်ပိုလောဘကြီးချင်ပါသည်။
တစ်ယောက်တည်းရှိတဲ့အကိုတော်ကို နောက်တစ်ခါ ထပ်တွေ့ဖို့ဆိုတာ မသေချာဝလို မနှုတ်ဆက်လိုက်ရမှာလဲ
ကြောက်မိသည်။
Earth ကတော့ ဘယ်လိုခံစားနေရမလဲ..။
...................
ကနာ သူ၏ ရှေ့တွင် ဓားရေးအား ကျွမ်းကျင်စွာ ဆော့နေသော် မင်းသားလေး Kit ကို ကြည့်ရင်း ပြုံးနေမိသည်။
နန်းတွင်းကိုသာ မဝင်လာဖြစ်ရင် ဒီချိန်ဆို သူမှာရော ကလေးလေးရှိနေမလား။
သိသိသာသာနှင့် မျက်စိရှေ့တွင် ကြီးထွားလာသော မင်းသားလေးက ချစ်ဖို့ကောင်းနေတုန်း.။
ကြည်နူးမူများဖြင့် ကြည့်နေသော်လည်း မင်းသားလေး Kit ၏ မျက်နှာတွင်တော့ ဖိအားများသာ။
"စစ်သူကြီး အိမ်ရှေ့စံမင်းသားလေးကို ခဏတော့ အနားပေးလိုက်ပါလား..."
ကနာ စကားကို ကြားလိုက်သည့် မင်းသားလေး၏ မျက်နှာက
ဝင်းမွတ်သွားသည်။
ဘယ်လောက်ပဲ မင်းသားတစ်ယောက်ဖြစ်လို့ အရာရာတွင် တော်ရမည်ပဲဆိုဆို ငါးနှစ်အရွယ်နီးပါးသာ ရှိသေးသည့် ကလေးက သာမာန်ဆို ပြေးလွှား ဆော့ကစားနေတုန်းပင်။
ပိုဆိုးသည်က မင်းသားတစ်ယောက်တည်းသာရှိတာကြောင့်
နောင်လာမည့် အနာဂတ်မှာ သူသာလျှင် ပြည်သူများ၏ တာဝန်ကို ပခုံးထမ်းရမည့် သူဖြစ်သည်။
"လျှောက်တင်ပါတယ်...ကြင်ယာတော်...မိဖုရားခေါင်ကြီး အမိန့်ပါ...အိမ်ရှေ့စံ ဒီတိုက်ကွက်ကို မရသေးသရွေ့
နားခွင့် မရှိပါဘူး.."
ကနာလည်း ထိုင်နေရာမှ ထလိုက်သည်။ အလိုက်သိသည့် Penက ကနာ လက်ကို တွဲပေးသည်။
မင်းသား Mကတော့ ပွဲကြည့်ပရိသတ်တစ်ယောက်လိုပင်။
ကနာလည်း အိမ်ရှေ့စံမင်သားလေး၏ လက်ထဲမှ ဓားလေးကို ယူလိုက်ရင်း Penကိုပေးလိုက်သည်။
Penကလည်း ကိုင်ထားပေးသည်။
အိမ်ရှေ့စံမင်းသား၏ လက်ကလေးများကို အသာလေး ဖြန့်ကြည့်လိုက်တော့ လက်ဖဝါးလေးတွေက အရေပြားပင် လန်ချင်နေပြီး။
"အိမ်ရှေ့စံမင်းသားက ကလေးတစ်ယောက်အရွယ်ပဲ ရှိပါ့သေးတယ်။ ဒါကြောင့် သူကို ဖိအားအများကြီးမပေးစေချင်ဘူး။ မိဖုရားခေါင်ကြီးကို ကျွန်တော် ကိုယ်တိုင်ပဲ ပြောလိုက်ပါ့မယ်"
ကနာလည်း အိမ်ရှေ့စံမင်းသားလေးကို ထိုင်ခုံတွင် ထိုင်စေသည်။
ဆေးလိမ်းရန်အတွက် Pen အားယူခိုင်းလိုက်ပြီး
လက်သေးသေးလေးအား ကနာကိုယ်တိုင် လိမ်းချယ်ပေးသည်။
"ခ်ခ်ခ်....ယားတယ်...ကြင်ယာတော်..."
လကကလေးအား အသာလေး ပွတ်ကာဆေးလိမ့်ပေးရတာကြောင့် ယားတတ်သည် Kitလေးက ရယ်မောနေတော့သည်။
"အဟမ်း...အိမ်ရှေ့စံ...မင်း ဒီမြင်ကွင်းကို အကိုတော်မင်းကြီးမြင်လို့ကတော့... ဟင်း...ဟင်း.."
မင်သား M၏ စကားကို အိမ်ရှေ့စံမင်းသားလေး နားမလည်သော်လည်း ကနာကတော့ နားလည်သည်မို့လား..
ရှက်တတ်လွန်းသည့် ကနာက မင်းသားM၏ စနောက်ကျီစယ်မှုကြောင့် မျက်နှာမှာ ပန်းရောင်ပင် သန်းနေပြီ
"ကနာ..."
"ဟမ်....ဘာလဲ!"
တစ်ယောက်တည်း ရှက်နေရင်းမှ မင်းသားMအခေါ်ကြောင့် အသိများပြန်ဝင်လာတော့သည်။
"မင်းသိပြီးပြီးလား...Kao....ပြစ်.."
"အမ်...သိပြီးပြီ..."
"သွားနှုတ်ဆက်မှာလား..."
"အမ်...သွားမှာ..."
"ဒါပေမဲ...အကိုတော်မင်းကြီးက... ဘယ်သူကိုမဗ လိုက်ပို့ခွင့် မပြုထားဘူးမလား"
ကနာ ပြုံးလိုက်သည်။ ထိုအပြုံးက ဘာပဲဖြစ်ဖြစ် သူသွားမည်။
.......................
ညနေစောင်းအချိန် နန်းတော်၏ မြောက်ဘက် ဂိတ်တံခါးမဗ
Kao သည် ဘေးနားမှ အစောင့်အကြပ်များဖြင့် နန်းတော်မှ ထွက်ခွာကာ တိုင်းပြည်မှ အပြီးတိုင် ထွက်သွားရတော့မည်။
ဂိတ်တံခါးအကျော်မှာတော့ ကနာနှင့်
Pen ကစောင့်နေသည်ကို တွေ့လိုက်ရသည်။
"အကိုတော်..."
Kao ပြုံးပြလိုက်သည်။
ကနာလည်း Kao ကို ပြေးကာ ဖက်လိုက်သည်။
Kaoဘက်က ဘယ်လိုစိတ်ရှိသည်ဆိုတာကို မခန့်မှန်းတတ်ပေမဲ့ ကနာဘက်ကတော့ ပြန်မတွေ့ရတော့မည့် အကိုတစ်ယောက်မို့ ဝမ်းနည်းကာ မလွတ်ချင်မိသည်မှာ အမှန်ပင်။
Kaoလည်း ကနာ၏ ကျောပြင်လေးကို တဖြည်းဖြည်း ပုတ်ကာ မငိုရန် ပြောနေသည်။
ဘယ်သူကများ နောက်ထပ် ထပ်မတွေ့ရန် မသေချာသည့်
အကိုကို ခွဲခွာရချိန်မှာ မငိုဘဲ နေမည်နည်း။
"မငိုပါနဲ့...ကနာ... အကိုတော်တို့ ထပ်တွေ့ရအုံးမှာပါ"
ကနာ မျက်ရည်များကို သုတ်လိုက်သည်။
"ဘယ်လိုမျိုး ထပ်တွေ့ရမယ်ဆိုတာ မသိပေမဲ ထပ်တွေ့ခဲ့မယ်ဆို သေချာပေါက် ကောင်းသော တွေ့ဆုံခြင်းမျိုးနဲပဲ တွေ့ချင်ပါတယ်.."
ကနာ စကားကြောင့် နောက်တစ်ခါ သူတိူ့ ဘယ်လိုထပ်တွေ့ရမယ်ဆိုတာကို သိနေပုံ။
"အချိန်မလင့်တော့ဘူး...သွားသင့်ပါပြီ."
ဘေးနားမှ ရဲမက်အသိပေးသံကြောင့်
"အကိုတော် သွားတော့မယ်..အမေကို ဂရုစိုက်ပေးပါ..အကိုတော် မနှုတ်ဆက်နိုင်ခဲ့လို့ တောင်းပန်ပါတယ်.."
ကနာ ခေါင်းသာ ငြိမ့်လိုက်သည်။
Kao မြင်းလှည်းပေါ်တက်ခါနီး ဂိတ်ပေါက်သို့ တစ်စုံတစ်ယောက်ကို မျှော်ကာ နေမိသည်။
သူတကယ်ပဲ ရောက်မလာဘူးလား...
မြင်းလှည်းကလေး ထွက်သွားသည့်တိုင် သူကို မျှော်နေမိသည်မှာ ဘာကြောင့်မှန်းမသိ။
မြောက်ဘက်ဂိတ်တံခါး၏ အတွင်းဘက်တစ်နေရာမှ မျက်ရည်များဖြင့် ထွက်သွားသည့် မြင်းလှည်းလေးအား ကြည်ကာ ယူကြုံးမရ ဖြစ်နေသည့် သူတစ်ယောက်ကိုတော့ မည်သူမှ သတ်မပြုမိ။
ကောင်းကောင်းသွားပါ...သခင်လေး Kao... ရေစက်သာ ရှိရင် ပြန်ဆုံချင်ပါတယ်...
...............
"မင်းကြီးကို ဂါဝရပြုပါတယ်..."
လျှောက်လွှာများနှင့် အလုပ်ရူပ်နေသည့် မင်းကြီးအား
Earth မှနှုတ်ဆက်လိုက်သည်။
မျက်လုံးလေးသာ လှန်ကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
"မင်းကြီး ခိုင်းထားတဲ အတိုင်း လုပ်ပြီးပါပြီး.."
"ကောင်းပြီ...ဒါနဲ ကနာ နူတ်ဆက်သေးလား..."
"ဟုတ်ကဲ...ကြင်ယာတော် ဂိတ်အထွက်မှာ စောင့်ပြီး
နှုတ်ဆက်ပါတယ်..."
မင်းကြီး ရေးရေးလေး ပြုံးလိုက်သည်။
တကယ်ကျု သူ၏ ကနာပီသပါတယ်။ တစ်ခြားသူသာဆိုရင် မင်းကြီးအမိန့်ကြောင့် သေရေးရှင်ရေးဖြစ်နေလျှင်တောင် သွားရဲမည်မဟုတ်။
တစ်ခြားသူမဟုတ်...။ ကနာ မို့လား..။
"မင်းကြီး...ဘာကြောင့် Kao ကို လွှတ်ပေးလိုက်ရတာလဲ.."
Earth အမေးကြောင့် မင်းကြီးသည် Earth ကို မကြည့်ဘဲ လျှောက်လွှာကို ကြည့်ရင်း ပြုံး မိသည်။
"ဟက်...Kao ကို လွှတ်လိုက်တာ မင်းကို စိတ်မသက်မသာ ဖြစ်စေသွားတာလား..."
Earth ချက်ချင်းပင် ဒူးထောက်ပြိး..
"မင်းကြီး ခွင့်လွှတ်ပါ...ကျွန်တော် အဲသဘော ပြောတာ မဟုတ်ပါဘူး...ကျွန်...တော်.."
"ရပြီ...ငါ့သိတယ်...တကယ်တော့...Kao သာ သေဒဏ်ပေးရင် ကနာက ငါ့ကိုယ်တော်ကို ခွင့်လွှတ်တော့မှာ မဟုတ်ဘူး.....ပြီးတော့...သားကောင်အကြီးကို လိုချင်ရင်
သားကောင်အသေးကို စွန်လွှတ်ရတယ်.."
"မင်းကြီး ထက်မြက်လှပါတယ်..."
................
မြောက်ဘက်ဂိတ်မှ ထွက်ခွာလာသည့် မြင်းလှည်းနဲ့ အစောင့်အကျပ် ခြောက်ယောက်သာ ပါသော ရဲမက်များသည်
တောလမ်းလေးကို ဖြတ်၍ တိုင်းပြည်နှင့် ဝေလံခေါင်ဖျားသော ဒေသဆီသို့ တရွေ့ရွေ့ဖြင့် ခရီးဆက်လာသည်။
တကယ်ဆို အပြစ်သား တစ်ယောက်ကို ဒီလို မပိုသင့်။
သို့သော်လည်း သေဆုဲးပြီးဖြစ်သည့် စစ်သူကြီးအား လေးစားသည့်ဖြင့်..။
ထိုမြင်လှည်းလေးက တောထဲလမ်းလေးသို့ ရောက်လာသည်နှင့် အသင့်စောင့်နေသော တစ်ကိုယ်လုံး
အမည်းရောင်ဝတ်ဆုံဖြင့် မျက်လုံးသာ ဖော်ထားသည့် လူများက သစ်ပင်ပေါ်တွင် ပုန်းနေရာမှ အောက်သို့ဆင်းလာပြီး လွယ်ကူစွာဖြင့် ရဲမက်ခြောက်ယောက်အား အဆုံးသတ်ပေးလိုက်သည်။
ထို့နောက် မြင်းလှည်းလေးဟာ လာရာလမ်းလေးအတိုင်း ပြန်လှည့်သွားတော့သည်။
............
😁
Unicode
အရွင့္အလိုေတာ္အတိုင္း (56)
"အျပစ္သား Kao အမိန႔္နာခံေစ..."
မိန္းမစိုး၏ မင္းအမိန႔္စာႏွင့္ အတူ Kao တစ္ေယာက္
ေျမျပင္ေပၚသို႔ ဒူးေထာက္ခ်လိဳက္သည္။
"အျပစ္သား Kao သည္ တရားမဝင္ လက္နက္မ်ားအား
ထုတ္လုပ္ၿပီး နိုင္ငံပုန္ကုန္မႈတြင္ပါဝင္သည္ဟု သံသယရွိသျဖင့္ စစ္ေဆးခဲ့ရာ မဟုတ္ေၾကာင္း ေတြ႕ရွိရသည္။
သို႔ေသာ္လည္း တရားမဝင္ လက္နက္ထုတ္လုပ္မႈ၏ အျပစ္ဒဏ္ကာ မလြဲမေသြ ေသဒဏ္။
နိုင္ငံအက်ိဳးေဆာင္ကာ ဆုံးပါးသြားၿပီ ျဖစ္တဲ့ စစ္သူႀကီး၏ မ်က္ႏွာကို ေထာက္ထား၍ အျပစ္သား Kaoအား ေသဒဏ္မွ
ကင္းလြတ္ခြင့္..။
အျပစ္သား Kao အသက္ရွင္ေနစဥ္အတြင္းႏွင့္ အသက္ေသဆုံးၿပီးသည္အထိ ဤၿမိဳ႕ေတာ္အား ျပန္လာခြင့္မရွိ...။
ျပည္ႏွင္ဒဏ္ခ်လိဳက္သည္။"
"ကြၽန္ေတာ္မ်ိဳး အမိန႔္နာခံေၾကာင္းပါ...မင္းႀကီး"
Kao သည္လည္း အမိန႔္စာဆုံးသည္ႏွင့္ ေျမျပင္ႏွင့္ နဖူးႏွင့္ ထိကာ အရိုအေသေပးၿပီး အမိန႔္စာအား လက္ခံလိုက္သည္။
"ဒီေန႕ညပဲ ထြက္ခြာရန္ မင္းႀကီးက အမိန႔္ေပးလိုက္ပါတယ္.."
"ကြၽန္ေတာ္ သိပါၿပီ.."
မိန္းမစိုး ထြက္သြားသည္ႏွင့္ Kaoသည္ အမိန႔္စာအား ၾကမ္းခင္းေပၚသို႔ ပစ္ခ်လိဳက္သည္။
သူပါ တိုင္ကာ မွီကာ ထိုင္ခ်လိဳက္ရင္း ကိုယ့္ကို ေလွာင္ၿပဳံး
ၿပဳံးလိုက္သည္။
ႀကိဳးစားထားသမွ် ဒီလိုပဲ လက္ေလ်ာ့လိုက္ရမွာလား။
Kao သိသည္။ သူ၏ လမ္းေ႐ြးခ်ယ္ျခင္းဟာ အစတည္းက
မွားယြင္းေနသည္ဆိုတာကို။
မြားလက္စနဲ႕ ဆက္မွားပါေစေတာ့ ဆိုၿပီး မျပင္ဘဲ ထားလိုက္သည့္က သူ၏ တကယ့္အမွားပင္။
လူဆိုတာ အတၱနဲ႕ ဖြဲ႕စည္းထားေပမဲ့ အမွားအမွန္ခြဲျခားနိုင္တဲ့ ႏွလုံးသား တစ္စုံေတာ့ ပါၿပီသားမလား။
သူႏွလုံးသားေလးက လက္ခံခ်င္ေပမဲ့လဲ အတၱေၾကာင့္ အေမွာင္ဖုံးေနတဲ့ သူႏွလုံးသားကို သူ မျမင္နိုင္ေသးဘူး။
အေတြးမ်ား နယ္ခ်ဲ့ေနတုန္း အက်ဥ္းေထာင္ေစာင့္ပုံစံရွိသည့္
အေစာင့္တစ္ဦးသည္ ထမင္းပန္ကန္ကို အက်ဥ္းေထာင္ထဲရွိ အျပစ္သားမ်ားအယး ေဝေပးေနသည္။
သူဆီေရာက္ေတာ့ ထမင္းပန္ကန္ကို အသာေလးထိုးေပးခဲ့သည္။
Kaoလည္း ထမင္းစားရန္ တူျဖင့္ ႏွိုတ္လိုက္စဥ္ ထမင္းျဖဴျဖဴေလးထဲမွ စာ႐ြက္ေလး တစ္ခုထြက္လာသည္။
Kaoလည္း ထိုစာ႐ြက္ကေလးအား ၾကည့္ကာ သူ တကယ္ပဲ ေရွ႕ဆက္သင့္သလား။
............................
"ၾကင္ယာေတာ္...မင္းႀကီးက သခင္ေလး Kao ကို ျပစ္ဒဏ္ခ်မွတ္လိုက္ၿပီ"
အခန္းတြင္းသို႔ ဝင္ကာ အေလာတႀကီး ေျပာျပသည့္ Penေၾကာင့္ ကနာလက္ထဲမွ လက္ဖက္ရည္ခြက္ပင္ ေအာက္သို႔ ျပဳတ္က်သြားရသည္။
"ဘာ...!"
Pen ေျပာျပခ်က္အတိုင္းဆို တကယ္ပဲ မင္းႀကီးက အကိုေတာ္ကို အျပစ္ဒဏ္ေလ်ာ့ေပါ့ေပးလိုက္တာပဲ...။
ဒါေပမဲ နယ္ႏွင္ဒဏ္ဆိုတဲ့ အျပစ္ဒဏ္ကလဲ မေသးေပ။
အနည္းဆုံးေတာ့ အကိုေတာ္ က်န္ရွိတဲ့ ဘဝမွာ သူတကယ္ ခ်စ္တဲ့ သူနဲ႕ ေပ်ာ္႐ႊင္ေနနိုင္မွာပါ။
ကနာ အမွန္တိုင္းေျပာလွ်င္ ဒီထက္ပိုေလာဘႀကီးခ်င္ပါသည္။
တစ္ေယာက္တည္းရွိတဲ့အကိုေတာ္ကို ေနာက္တစ္ခါ ထပ္ေတြ႕ဖို႔ဆိုတာ မေသခ်ာဝလို မႏႈတ္ဆက္လိုက္ရမွာလဲ
ေၾကာက္မိသည္။
Earth ကေတာ့ ဘယ္လိုခံစားေနရမလဲ..။
...................
ကနာ သူ၏ ေရွ႕တြင္ ဓားေရးအား ကြၽမ္းက်င္စြာ ေဆာ့ေနေသာ္ မင္းသားေလး Kit ကို ၾကည့္ရင္း ၿပဳံးေနမိသည္။
နန္းတြင္းကိုသာ မဝင္လာျဖစ္ရင္ ဒီခ်ိန္ဆို သူမွာေရာ ကေလးေလးရွိေနမလား။
သိသိသာသာႏွင့္ မ်က္စိေရွ႕တြင္ ႀကီးထြားလာေသာ မင္းသားေလးက ခ်စ္ဖို႔ေကာင္းေနတုန္း.။
ၾကည္ႏူးမူမ်ားျဖင့္ ၾကည့္ေနေသာ္လည္း မင္းသားေလး Kit ၏ မ်က္ႏွာတြင္ေတာ့ ဖိအားမ်ားသာ။
"စစ္သူႀကီး အိမ္ေရွ႕စံမင္းသားေလးကို ခဏေတာ့ အနားေပးလိုက္ပါလား..."
ကနာ စကားကို ၾကားလိုက္သည့္ မင္းသားေလး၏ မ်က္ႏွာက
ဝင္းမြတ္သြားသည္။
ဘယ္ေလာက္ပဲ မင္းသားတစ္ေယာက္ျဖစ္လို႔ အရာရာတြင္ ေတာ္ရမည္ပဲဆိုဆို ငါးႏွစ္အ႐ြယ္နီးပါးသာ ရွိေသးသည့္ ကေလးက သာမာန္ဆို ေျပးလႊား ေဆာ့ကစားေနတုန္းပင္။
ပိုဆိုးသည္က မင္းသားတစ္ေယာက္တည္းသာရွိတာေၾကာင့္
ေနာင္လာမည့္ အနာဂတ္မွာ သူသာလွ်င္ ျပည္သူမ်ား၏ တာဝန္ကို ပခုံးထမ္းရမည့္ သူျဖစ္သည္။
"ေလွ်ာက္တင္ပါတယ္...ၾကင္ယာေတာ္...မိဖုရားေခါင္ႀကီး အမိန႔္ပါ...အိမ္ေရွ႕စံ ဒီတိုက္ကြက္ကို မရေသးသေ႐ြ႕
နားခြင့္ မရွိပါဘူး.."
ကနာလည္း ထိုင္ေနရာမွ ထလိုက္သည္။ အလိုက္သိသည့္ Penက ကနာ လက္ကို တြဲေပးသည္။
မင္းသား Mကေတာ့ ပြဲၾကည့္ပရိသတ္တစ္ေယာက္လိုပင္။
ကနာလည္း အိမ္ေရွ႕စံမင္သားေလး၏ လက္ထဲမွ ဓားေလးကို ယူလိုက္ရင္း Penကိုေပးလိုက္သည္။
Penကလည္း ကိုင္ထားေပးသည္။
အိမ္ေရွ႕စံမင္းသား၏ လက္ကေလးမ်ားကို အသာေလး ျဖန႔္ၾကည့္လိုက္ေတာ့ လက္ဖဝါးေလးေတြက အေရျပားပင္ လန္ခ်င္ေနၿပီး။
"အိမ္ေရွ႕စံမင္းသားက ကေလးတစ္ေယာက္အ႐ြယ္ပဲ ရွိပါ့ေသးတယ္။ ဒါေၾကာင့္ သူကို ဖိအားအမ်ားႀကီးမေပးေစခ်င္ဘူး။ မိဖုရားေခါင္ႀကီးကို ကြၽန္ေတာ္ ကိုယ္တိုင္ပဲ ေျပာလိုက္ပါ့မယ္"
ကနာလည္း အိမ္ေရွ႕စံမင္းသားေလးကို ထိုင္ခုံတြင္ ထိုင္ေစသည္။
ေဆးလိမ္းရန္အတြက္ Pen အားယူခိုင္းလိုက္ၿပီး
လက္ေသးေသးေလးအား ကနာကိုယ္တိုင္ လိမ္းခ်ယ္ေပးသည္။
"ခ္ခ္ခ္....ယားတယ္...ၾကင္ယာေတာ္..."
လကကေလးအား အသာေလး ပြတ္ကာေဆးလိမ့္ေပးရတာေၾကာင့္ ယားတတ္သည္ Kitေလးက ရယ္ေမာေနေတာ့သည္။
"အဟမ္း...အိမ္ေရွ႕စံ...မင္း ဒီျမင္ကြင္းကို အကိုေတာ္မင္းႀကီးျမင္လို႔ကေတာ့... ဟင္း...ဟင္း.."
မင္သား M၏ စကားကို အိမ္ေရွ႕စံမင္းသားေလး နားမလည္ေသာ္လည္း ကနာကေတာ့ နားလည္သည္မို႔လား..
ရွက္တတ္လြန္းသည့္ ကနာက မင္းသားM၏ စေနာက္က်ီစယ္မႈေၾကာင့္ မ်က္ႏွာမွာ ပန္းေရာင္ပင္ သန္းေနၿပီ
"ကနာ..."
"ဟမ္....ဘာလဲ!"
တစ္ေယာက္တည္း ရွက္ေနရင္းမွ မင္းသားMအေခၚေၾကာင့္ အသိမ်ားျပန္ဝင္လာေတာ့သည္။
"မင္းသိၿပီးၿပီးလား...Kao....ျပစ္.."
"အမ္...သိၿပီးၿပီ..."
"သြားႏႈတ္ဆက္မွာလား..."
"အမ္...သြားမွာ..."
"ဒါေပမဲ...အကိုေတာ္မင္းႀကီးက... ဘယ္သူကိုမဗ လိုက္ပို႔ခြင့္ မျပဳထားဘူးမလား"
ကနာ ၿပဳံးလိုက္သည္။ ထိုအၿပဳံးက ဘာပဲျဖစ္ျဖစ္ သူသြားမည္။
.......................
ညေနေစာင္းအခ်ိန္ နန္းေတာ္၏ ေျမာက္ဘက္ ဂိတ္တံခါးမဗ
Kao သည္ ေဘးနားမွ အေစာင့္အၾကပ္မ်ားျဖင့္ နန္းေတာ္မွ ထြက္ခြာကာ တိုင္းျပည္မွ အၿပီးတိုင္ ထြက္သြားရေတာ့မည္။
ဂိတ္တံခါးအေက်ာ္မွာေတာ့ ကနာႏွင့္
Pen ကေစာင့္ေနသည္ကို ေတြ႕လိုက္ရသည္။
"အကိုေတာ္..."
Kao ၿပဳံးျပလိုက္သည္။
ကနာလည္း Kao ကို ေျပးကာ ဖက္လိုက္သည္။
Kaoဘက္က ဘယ္လိုစိတ္ရွိသည္ဆိုတာကို မခန႔္မွန္းတတ္ေပမဲ့ ကနာဘက္ကေတာ့ ျပန္မေတြ႕ရေတာ့မည့္ အကိုတစ္ေယာက္မို႔ ဝမ္းနည္းကာ မလြတ္ခ်င္မိသည္မွာ အမွန္ပင္။
Kaoလည္း ကနာ၏ ေက်ာျပင္ေလးကို တျဖည္းျဖည္း ပုတ္ကာ မငိုရန္ ေျပာေနသည္။
ဘယ္သူကမ်ား ေနာက္ထပ္ ထပ္မေတြ႕ရန္ မေသခ်ာသည့္
အကိုကို ခြဲခြာရခ်ိန္မွာ မငိုဘဲ ေနမည္နည္း။
"မငိုပါနဲ႕...ကနာ... အကိုေတာ္တို႔ ထပ္ေတြ႕ရအုံးမွာပါ"
ကနာ မ်က္ရည္မ်ားကို သုတ္လိုက္သည္။
"ဘယ္လိုမ်ိဳး ထပ္ေတြ႕ရမယ္ဆိုတာ မသိေပမဲ ထပ္ေတြ႕ခဲ့မယ္ဆို ေသခ်ာေပါက္ ေကာင္းေသာ ေတြ႕ဆုံျခင္းမ်ိဳးနဲပဲ ေတြ႕ခ်င္ပါတယ္.."
ကနာ စကားေၾကာင့္ ေနာက္တစ္ခါ သူတိူ႕ ဘယ္လိုထပ္ေတြ႕ရမယ္ဆိုတာကို သိေနပုံ။
"အခ်ိန္မလင့္ေတာ့ဘူး...သြားသင့္ပါၿပီ."
ေဘးနားမွ ရဲမက္အသိေပးသံေၾကာင့္
"အကိုေတာ္ သြားေတာ့မယ္..အေမကို ဂ႐ုစိုက္ေပးပါ..အကိုေတာ္ မႏႈတ္ဆက္နိုင္ခဲ့လို႔ ေတာင္းပန္ပါတယ္.."
ကနာ ေခါင္းသာ ၿငိမ့္လိုက္သည္။
Kao ျမင္းလွည္းေပၚတက္ခါနီး ဂိတ္ေပါက္သို႔ တစ္စုံတစ္ေယာက္ကို ေမွ်ာ္ကာ ေနမိသည္။
သူတကယ္ပဲ ေရာက္မလာဘူးလား...
ျမင္းလွည္းကေလး ထြက္သြားသည့္တိုင္ သူကို ေမွ်ာ္ေနမိသည္မွာ ဘာေၾကာင့္မွန္းမသိ။
ေျမာက္ဘက္ဂိတ္တံခါး၏ အတြင္းဘက္တစ္ေနရာမွ မ်က္ရည္မ်ားျဖင့္ ထြက္သြားသည့္ ျမင္းလွည္းေလးအား ၾကည္ကာ ယူႀကဳံးမရ ျဖစ္ေနသည့္ သူတစ္ေယာက္ကိုေတာ့ မည္သူမွ သတ္မျပဳမိ။
ေကာင္းေကာင္းသြားပါ...သခင္ေလး Kao... ေရစက္သာ ရွိရင္ ျပန္ဆုံခ်င္ပါတယ္...
...............
"မင္းႀကီးကို ဂါဝရျပဳပါတယ္..."
ေလွ်ာက္လႊာမ်ားႏွင့္ အလုပ္႐ူပ္ေနသည့္ မင္းႀကီးအား
Earth မွႏႈတ္ဆက္လိုက္သည္။
မ်က္လုံးေလးသာ လွန္ၾကည့္ၿပီး ေခါင္းၿငိမ့္ျပလိုက္သည္။
"မင္းႀကီး ခိုင္းထားတဲ အတိုင္း လုပ္ၿပီးပါၿပီး.."
"ေကာင္းၿပီ...ဒါနဲ ကနာ ႏူတ္ဆက္ေသးလား..."
"ဟုတ္ကဲ...ၾကင္ယာေတာ္ ဂိတ္အထြက္မွာ ေစာင့္ၿပီး
ႏႈတ္ဆက္ပါတယ္..."
မင္းႀကီး ေရးေရးေလး ၿပဳံးလိုက္သည္။
တကယ္က်ဳ သူ၏ ကနာပီသပါတယ္။ တစ္ျခားသူသာဆိုရင္ မင္းႀကီးအမိန႔္ေၾကာင့္ ေသေရးရွင္ေရးျဖစ္ေနလွ်င္ေတာင္ သြားရဲမည္မဟုတ္။
တစ္ျခားသူမဟုတ္...။ ကနာ မို႔လား..။
"မင္းႀကီး...ဘာေၾကာင့္ Kao ကို လႊတ္ေပးလိုက္ရတာလဲ.."
Earth အေမးေၾကာင့္ မင္းႀကီးသည္ Earth ကို မၾကည့္ဘဲ ေလွ်ာက္လႊာကို ၾကည့္ရင္း ၿပဳံး မိသည္။
"ဟက္...Kao ကို လႊတ္လိုက္တာ မင္းကို စိတ္မသက္မသာ ျဖစ္ေစသြားတာလား..."
Earth ခ်က္ခ်င္းပင္ ဒူးေထာက္ၿပိး..
"မင္းႀကီး ခြင့္လႊတ္ပါ...ကြၽန္ေတာ္ အဲသေဘာ ေျပာတာ မဟုတ္ပါဘူး...ကြၽန္...ေတာ္.."
"ရၿပီ...ငါ့သိတယ္...တကယ္ေတာ့...Kao သာ ေသဒဏ္ေပးရင္ ကနာက ငါ့ကိုယ္ေတာ္ကို ခြင့္လႊတ္ေတာ့မွာ မဟုတ္ဘူး.....ၿပီးေတာ့...သားေကာင္အႀကီးကို လိုခ်င္ရင္
သားေကာင္အေသးကို စြန္လႊတ္ရတယ္.."
"မင္းႀကီး ထက္ျမက္လွပါတယ္..."
................
ေျမာက္ဘက္ဂိတ္မွ ထြက္ခြာလာသည့္ ျမင္းလွည္းနဲ႕ အေစာင့္အက်ပ္ ေျခာက္ေယာက္သာ ပါေသာ ရဲမက္မ်ားသည္
ေတာလမ္းေလးကို ျဖတ္၍ တိုင္းျပည္ႏွင့္ ေဝလံေခါင္ဖ်ားေသာ ေဒသဆီသို႔ တေ႐ြ႕ေ႐ြ႕ျဖင့္ ခရီးဆက္လာသည္။
တကယ္ဆို အျပစ္သား တစ္ေယာက္ကို ဒီလို မပိုသင့္။
သို႔ေသာ္လည္း သေဆုဲးပြီးဖြစ်သည့် စစ္သူႀကီးအား ေလးစားသည့္ျဖင့္..။
ထိုျမင္လွည္းေလးက ေတာထဲလမ္းေလးသို႔ ေရာက္လာသည္ႏွင့္ အသင့္ေစာင့္ေနေသာ တစ္ကိုယ္လုံး
အမည္းေရာင္ဝတ္ဆုံျဖင့္ မ်က္လုံးသာ ေဖာ္ထားသည့္ လူမ်ားက သစ္ပင္ေပၚတြင္ ပုန္းေနရာမွ ေအာက္သို႔ဆင္းလာၿပီး လြယ္ကူစြာျဖင့္ ရဲမက္ေျခာက္ေယာက္အား အဆုံးသတ္ေပးလိုက္သည္။
ထို႔ေနာက္ ျမင္းလွည္းေလးဟာ လာရာလမ္းေလးအတိုင္း ျပန္လွည့္သြားေတာ့သည္။
............
😁