ထူးအောင်သီချင်းဆုံးတော့ ကိုဇော်ဇော့်ကို ဆက်ဆိုခိုင်းကြတယ်။ နှုတ်ဆက်တဲ့အနေနဲ့ သီချင်းတစ်ပုဒ်လောက်ဆိုပြပါပေါ့။ ကိုဇော်ဇော်က ကဘောတူတဲ့အနေနဲ့ ထူးအောင်ထဲက ဂီတာကို လက်လွှဲယူလိုက်ပြီး စတင်တီးခတ်လိုက်တယ်။
🎶🎶နင်စေလိုရာနေခဲ့ပေ...
နင်ပျော်ဖို့သက်သက်ပဲငါ ဖြည့်ဆည်းနေ...
ဂုဏ်ဒြပ်တို့တော့မပါဘူးဟေ့ မငြိုငြင်ပါနဲ့လေ...
ကြင်နာစရာတွေ ဖန်တီးနေ...
ဒီရင်ထဲမင်းလေးအတွက်ဆို အဆင်သင့်လေ...
နင်ပြုံးဖို့အတွက် ဖြေသိမ့်လိုက်မယ် ငါမငိုပါဘူးလေ...
မင်းအတွက်ဆို ဒီလူသား...
အရာရာစတေးဖို့အသင့်ပါကွာ...
မင်းလေးတစ်ယောက်သာ ရင်ထဲမှာ...
အမှတ်တရအဖြစ်နဲ့ အမြဲတမ်းရှိမှာ...
အဆင်ပြေမနေပါဘူးအချစ်ရေ...
မင်းလေးပြုံးဖို့အတွက်လေ...
ဝေးဝေးကနေဂရုစိုက်ပေးမယ်...
လိမ္မာအောင်နေ ကလေးရေ...
အဆင်ပြေမနေပါဘူး အချစ်ရေ...
မင်းဘဝလှပဖို့လေ...
တစ်ခြားတစ်ယောက်လက်မှာ ပုံအပ်ခဲ့တာ...
မင်းကောင်းစားဖို့ တစ်ခုတည်းအတွက်သာ....🎶🎶
သီချင်းထဲမှာတောင်နစ်မျောသွားတယ်။ ကိုဇော်ဇော်ဆိုတာ တကယ်နားထောင်လို့ကောင်းတယ်။ ခံစားချက်အပြည့်နဲ့။ ခုနက ကျွန်တော့်အထူးလေး ဆိုတာလည်းကောင်းပါတယ်။ ကိုဇော်ဇော်ကတော့ ပိုကောင်းတာပေါ့။ ထူးအောင်ကိုကျွန်တော်ကြည့်လိုက်တော့ ထူးအောင်က ကိုဇော်ဇော့်ကို စိုက်ကြည့်နေတယ်။ သူ့ထက်ကောင်းလို့ မနာလိုနေတာလားမသိဘူး။
နောက်တော့ စားရင်းသောက်ရင်း စကားဆက်ပြောဖြစ်ကြတယ်။ ကျွန်တော်တို့တစ်အိမ်လုံးက ကိုဇော်ဇော်အလုပ်ထွက်မှာကို စိတ်မကောင်းဖြစ်နေကြတာ။ မထွက်ဖို့တားပေမယ့် မရပါဘူး။ ထိုင်းနိုင်ငံမှာရှိတဲ့ သူ့အကိုဆီကိုသွားဖို့ အားလုံးပြင်ဆင်ပြီးပြီတဲ့။ တားမရတဲ့အဆုံးတော့ အိမ်ကလူတွေလည်း လက်လျှော့လိုက်ရတယ်။
အဖေက ကျွန်တော်နဲ့ထူးအောင်ကို မေးတယ်။ ကျောင်းပြီးရင် ဘာအလုပ်လုပ်ချင်ကြလဲတဲ့။ ကျွန်တော်ကတော့ အဖေတို့ရုံးမှာပဲ အလုပ်ဝင်မယ်လို့ပြောလိုက်တယ်။ ထူးအောင်ကတော့ ဘာမှမစဉ်းစားရသေးဘူးတဲ့။ စားလိုက်၊ သောက်လိုက်၊ စကားတွေပြောလိုက်နဲ့ ည (၁၁)နာရီလောက်မှ အခန်းကိုပြန်ရောက်တယ်။ ဒီနှစ်တွေအတွင်း ထူးအောင်က မူးယစ်စေတဲ့အရည်တွေမသောက်ပေမယ့် ဒီနေ့တော့ ဝိုင်တွေအတော်သောက်ထားတယ်။ ကျွန်တော်တို့အခန်းပြန်ရောက်တော့ သူအတော်လေးမူးနေပြီ။ စကားတော့မပြောဘူး ငြိမ်နေတယ်။
အခန်းထဲရောက်တော့ အရင်ဆုံး ထူးအောင်ကို ခုတင်ပေါ်ထိုင်ခိုင်းပြီး ညဝတ်အကျီလဲပေးဖို့ပြင်လိုက်တယ်။ သူ့အကျီကိုကျွန်တော်ချွတ်တော့ ခေါင်းမော့ပြီး ကျွန်တော့်ကိုကြည့်တယ်။
"မောင်ထူး...ငါလေ"
ထူးအောင်ဆီက ထွက်လာတဲ့ အသံတိုးတိုး။ မဝံ့မရဲဖြစ်နေတဲ့အတိုင်း တကယ်ကိုတိုးတိုးလေး....
သူဘာဆက်ပြောမလဲလို့ ကျွန်တော်နားစွင့်နေပေမယ့် သူကဘာမှဆက်မပြောဘူး။ ကျွန်တော် သူ့ကိုကြည့်တော့ ခေါင်းငုံ့ထားတယ်။ ထူးအောင်လို အမြဲပွင့်ပွင့်လင်းလင်းရှိတဲ့သူက ဘာစကားပြောမှာမို့ အခုလို ပြောရခက်တဲ့ပုံစံ ဖြစ်နေရတာလဲ။ မဟုတ်မှ ကျွန်တော့်အနားက ထွက်သွားချင်ပြီလို့ ပြောမလို့များလား။ မဟုတ်ပါစေနဲ့။
ကျွန်တော်ကြောက်တယ်။ အဲ့ဒီစကားကြားရမှာကို။ အဲ့တာကြောင့်"နောက်ကျနေပြီမို့ အိပ်တော့နော်"လို့ သူ့ကိုပြောလိုက်တယ်။
"ဟင့်အင်း..."
ထူးအောင်က ခေါင်းကိုယမ်းပြီးငြင်းတယ်။ ပြီးတော့ဆက်ပြီး...
"မောင်ထူး...ငါ ငါလေ အွတ်..."
သူ့ပါးစပ်ကို ကျွန်တော့်နှုတ်ခမ်းတွေနဲ့ ထိပိတ်ပစ်လိုက်တယ်။ မပြောပါနဲ့။ ကျွန်တော်တကယ်မကြားချင်တာမို့။ နောက်ဆို အခုထက်ပိုပြီး ဂရုစိုက်ပေးမှာမို့ ထွက်မသွားပါနဲ့။ ပြန်မချစ်လည်း ရပါတယ်။ အနားမှာသာ တစ်သက်လုံးရှိနေပေးပါ။ ထားမသွားပါနဲ့။ မထားခဲ့ပါနဲ့။
ကျွန်တော် ထူးအောင်ကိုနမ်းနေပေမယ့် စိတ်တွေ ကယောင်ချောက်ချား ဖြစ်နေတယ်။ ကျွန်တော်အသိပြန်ကပ်တော့ ထူးအောင် သူ...သူ ကျွန်တော့်အနမ်းတွေကို တုံ့ပြန်နေတယ်။ ကျွန်တော်အံ့သြလွန်းလို့ ထိကပ်နေတဲ့နှုတ်ခမ်းတွေကိုတောင် ခွာမိသွားတယ်။
"ထူးအောင်... မင်း..."
"ရှလူးရအောင်"
"ဟမ်..."
"အရင်တစ်ခါမူးတုန်းက ငါမင်းကိုလုပ်ခဲ့တယ်မလား...အခုမူးတုန်း မင်းငါ့ကိုပြန်လုပ်လေ"တဲ့ ထူးအောင်ကပြောတယ်။
ကျွန်တော်နားကြားများ မှားနေတာလား။ ထူးအောင် သူ အခု ဘာတွေပြောနေတာလဲ။ ကျွန်တော်ထင်တာ မှန်နေပြီထင်ပါတယ်။ ဒီနေ့တစ်နေ့လုံး သူအရမ်းပြောင်းလဲနေတယ်။ တစ်ခါမှ ကျွန်တော့်အနမ်းတွေကို မတုံ့ပြန်ဖူးတဲ့သူက အခုတော့ အနမ်းတွေကို တုံ့ပြန်တဲ့အပြင် သူ့ကိုပါလုပ်ခိုင်းနေတယ်။ သေချာပါပြီ။ သူကျွန်တော့်ကို ထားသွားတော့မှာ။
ငါမင်းကို ကွာရှင်းမပေးနိုင်ဘူးနော်လို့ ကျွန်တော်ပြောလိုက်တယ်။ ဟုတ်တယ်။ ကျွန်တော်တကယ်ပြောတာ။ သူ့ကိုဘယ်လိုနည်းနဲ့မှ ကွာရှင်းမပေးနိုင်ဘူး။ ဘယ်သူက ကွာရှင်းခိုင်းနေလို့လဲတဲ့ ထူးအောင်ကပြန်ပြောတယ်။ ဒါဆို တိတ်တိတ်လေးထွက်သွားမယ်ဆိုတဲ့ သဘောလား။
"ငါတောင်းပန်ပါတယ်။ ငါ့အနားကနေ ထွက်မသွားပါနဲ့။ မင်းကို ဒီထက်ပိုပြီး စိတ်ချမ်းသာအောင်ထားပါ့မယ်။ ဒီ့ထက်လည်း ပိုဂရုစိုက်ပါ့မယ်။ ငါနဲ့တူတူမအိပ်ချင်ဘူးဆိုရင် မင်းကအပေါ်မှာအိပ် ငါ ခုတင်အောက်ဆင်းအိပ်ပေးပါ့မယ်။ ဒါမှမဟုတ် အခန်းခွဲအိပ်ချင်တယ်ဆိုလည်း ရပါတယ်။ ဖက်တာ၊နမ်းတာတွေလည်း နောက်ဆိုမလုပ်တော့ပါဘူး။ ဒီအတိုင်း။ ဒီတိုင်း မြင်နေခွင့်လေးပဲပေးပါ"
ကျွန်တော် ကယောင်ကတမ်းနဲ့ အလောတကြီးပြောမိတယ်။
ထူးအောင်က ကျွန်တော့်ကို ကြောင်တောင်တောင်နဲ့ကြည့်နေတယ်။ ပြီးတော့ "ငါကပဲမှားပါတယ်ကွာ... အိပ်တော့ညနက်နေပြီ"ဆိုပြီး ကျွန်တော့်ကိုကျောပေးသွားတယ်။ သူစိတ်ဆိုးသွားတာလား။ ကျွန်တော်ပြောလိုက်တာ အမှားများပါသွားလို့လား။
ကျွန်တော် ညဝတ်အိကျီ အမြန်လဲဝတ်ပြီး ထူးအောင်အနားကို ကပ်လိုက်တယ်။ ထူးအောင်က တကယ်စိတ်ဆိုးသွားတာထင်တယ်။ ကျွန်တော်သူ့ကိုခေါ်နေပေမယ့် အဖက်မလုပ်ဘူး။ အတော်လေးကြာမှ သူ့ဆီကနေ အသံထွက်လာခဲ့တယ်။
"မင်းကိုမွေးနေ့လက်ဆောင် ပေးချင်ခဲ့တာ။ ငါထင်ထားတာက မင်းအရမ်းပျော်သွားမယ်ပေါ့။ မထင်မိဘူး မင်းကငြင်းလိမ့်မယ်လို့။ ပြီးတော့ ဘာတွေလျောက်တွေးနေတာလဲ။ ငါမင်းနဲ့နေရတာ ဒီလောက်ဇိမ်ကျနေတာကို ဘာကိစ္စငါကထွက်သွားရမှာလဲ"
ထူးအောင်က သူ့ကိုယ်သူ မွေးနေ့လက်ဆောင်အဖြစ် ပေးချင်ခဲ့တာတဲ့လား။ ဒါကိုကျွန်တော်က တလွဲတွေထင်နေခဲ့တာ။ ကျွန်တော်ဘာပြန်ပြောရမလဲ။ ကျွန်တော် သူ့ကိုငြင်းတာမဟုတ်ရပါဘူး။ ကျွန်တော်ကတောင် ပိုပြီးတော့ အဆင့်တက်ချင်ပါသေးတယ်။ အခုတော့။ ကျွန်တော့်အပြစ်ပါပဲ။ ဘာတွေလျောက်ထင်နေမှန်းမှမသိတာ။
ကျွန်တော် ထူးအောင်ကိုအနောက်ကနေ ပွေ့ဖက်ပြီး ရင်ခွင်ထဲသွင်းလိုက်တော့ အလိုက်သင့်ပါလာတယ်။ တောင်းပန်ပါတယ်လို့ ကျွန်တော်ပြောတော့ ဘာအတွက်လဲတဲ့ သူကပြန်မေးတယ်။ ပြီးတော့ ထပ်ပြီး မင်းက တစ်ခါလေးတောင်မမှားခဲ့လို့ တောင်းပန်စရာမလိုပါဘူးတဲ့။
နောက်တော့ သူကျွန်တော့်ဘက်ကို လှည့်လာတယ်။ ပြီးတော့ ကျွန်တော့်ကိုမကြည့်ဘဲ မျက်လုံးခဏမှိတ်ထားလို့ပြောတယ်။ ကျွန်တော်ဘာမှမေးမနေဘဲ သူပြောတဲ့အတိုင်း မျက်လုံးမှိတ်ပေးလိုက်တယ်။ အဲ့ခဏလေးမှာပဲ ကျွန်တော်အသက်ရှူရပ်သွားသလား အောင်းမေ့ပြီး မှိတ်ထားတဲ့ မျက်လုံးတွေကို ယောင်ယမ်းပြီးဖွင့်မိသွားတယ်။ ကျွန်တော်မယုံနိုင်ဘူး။ ထူးအောင်က ကျွန်တော့်နှုတ်ခမ်းကို လာနမ်းနေတယ်။ နမ်းတာတောင် ရိုးရိုးထိကပ်ရုံလောက်ပဲ နမ်းတာမဟုတ်။ ကျွန်တော့်နှုတ်ခမ်းတွေကို အပေါ်တလှည့် အောက်တလှည့်နဲ့ စုပ်ယူနမ်းရှိုက်နေတာ။ ကျွန်တော်အကြီးကြီးရှော့ရနေတာမို့ သူ့အနမ်းတွေကို တုံ့ပြန်ဖို့သတိမရခဲ့ဘူး။ စိတ်နဲ့လူနဲ့လည်း မကပ်ဘူး။ ဘယ်ဘက်ရင်အုံကလည်း ပေါက်ထွက်တော့မယ့်အတိုင်း အရမ်းကိုတင်းကျပ်လာပြီး နှလုံးခုန်သံတွေ မြန်လာတယ်။ သေတော့မှာပဲ။
ကျွန်တော်ဘာဖြစ်နေတာလဲမသိဘူး။ သေးပေါက်ချင်တာလိုလို၊ အီးအီးပါချင်တာလိုလိုနဲ့ အောက်ပိုင်းတစ်နေရာက နေလို့မကောင်းဘူး။ ထူးအောင်က နမ်းနေတာကို အဆုံးသတ်ပြီး Happy Birthday လို့တိုးတိုးလေးပြောလိုက်တယ်။ မွေးနေ့လက်ဆောင်ပေးတာ မင်းသဘောကျရဲ့လားတဲ့။ ပြုံးစစနဲ့ ကျွန်တော့်ကိုပြောနေတာ။ မရတော့။ ကျွန်တော်မထိန်းနိုင်တော့ပါ။ သူ့ကို ကျွန်တော့်အောက်မှာဖိပြီး အနမ်းတွေကို ပြန်ဆက်လိုက်တယ်။ သူ့ဘက်ကလည်း ပြန်လည်နမ်းရှိုက်နေတယ်။ အပေါ်တလှည့် အောက်တလှည့် အပြန်အလှန်စုပ်ယူနမ်းရှိုက်ကြရင်းနဲ့မှ ကျွန်တော့်အောက်ပိုင်းက အရမ်းကိုတင်ကျပ်လာနေတယ်လို့ ခံစားလာရတယ်။ နောက်တော့ အဆင့်တက်ပြီး သူ့ပါးစပ်ထဲကို လျှာနဲ့မွှေနှောက်လို့ အလည်ဝင်လိုက်တယ်။ သူ ကျွန်တော့်လျှာကို စုပ်လိုက်တဲ့အချိန်မှာတော့ ကျွန်တော်တောင့်မခံနိုင်တော့ပါ။
"ငါ ငါ မရတော့ဘူး..."
ကျွန်တော် အသံတွေတုန်နေတယ်။
"တောင်းပန်ပါတယ်..."
ကျွန်တော်ပြောပြီး သူ့အဝတ်အစားတွေကိုချွတ်လိုက်တယ်။ ထူးအောင်က ဘာမှမပြောဘူး။ ကျွန်တော့်ကိုပဲ လိုက်ကြည့်နေတယ်။ တစ်ဆက်တည်းမှာပဲ ကျွန်တော့်ကိုယ်ပေါ်က အဝတ်အစားတွေကိုပါ ချွတ်ပစ်လိုက်ပြီး အနမ်းတွေကိုပြန်ဆက်လိုက်တယ်။ ထူးအောင်က ကျွန်တော့်အနမ်းတွေကို အခုထိပြန်လည်တုံ့ပြန်နေတုန်းပဲ။
သူ့လျှာနဲ့ကျွန်တော့်လျှာက အာခံတွင်းထဲမှာ ကလူးကျီစယ်နေကြတယ်။ ကျွန်တော်အားမရတော့တာကြောင့် သူ့နှုတ်ခမ်းတွေကို အပေါ်တလှည့် အောက်တလှည့်စုပ်ယူနေရင်းနဲ့မှ အနမ်းတွေက ပိုပြီး ကြမ်းတမ်းလာတယ်။ ရင်ထဲမှာလည်း ဗလောင်တွေဆူလို့။
ကျွန်တော့်လက်တွေက သူ့ရင်ဘက်က အဖုလေးတွေကို ဆုတ်ချေနေတယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော့်နှုတ်ခမ်းတစ်စုံကို အောက်ကိုလျောလိုက်ပြီး သူ့လည်ပင်းတွေကို အရာထင်အောင် စုပ်ယူလိုက်တော့ ထူးအောင်ဆီကနေ 'အ'ခနဲအသံထွက်လာတယ်။ အဲ့အသံကို ကျွန်တော်သဘောကျလွန်းလို့ ထပ်ကာ ထပ်ကာ စုပ်နေလိုက်တာ ထူးအောင်ဆီကနေ လည်ချောင်းသွေးဖောက်သောက်မလို့လားဆိုတဲ့ အသံကြားမှ ရပ်ပြီးကြည့်လိုက်တော့ တကယ်ကြီး ထူးအောင်လည်ပင်းမှာ အညိုအမည်းစွဲနေပြီ။
ကျွန်တော် မလွှတ်ချင်လွှတ်ချင်နဲ့ သူ့လည်ပင်းပေါ်ကနေ ဖယ်ခွာလိုက်ပြီး ရင်ဘက်ကအဖုလေးတွေဆီကို ခရီးဆက်လိုက်တယ်။ ဟိုဘက်စုပ်လိုက်၊ ဒီဘက်စုပ်လိုက်၊ ဗိုက်သားလေးတွေကို လျှာနဲ့လျက်လိုက်နဲ့ ကျွန်တော့်လက်တွေက ထူးအောင်အငယ်လေးဆီ လှမ်းကိုင်လိုက်တယ်။ ကျွန်တော်လှမ်းကိုင်လိုက်တော့ ထူးအောင် ခန္ဓာကိုယ်က တုံ့ကနဲတစ်ချက်ဖြစ်သွားပေမယ့် တားမြစ်ခြင်းတော့မပြုခဲ့ဘူး။
ထူးအောင်အငယ်လေးပေါ်က ကျွန်တော့်လက်ကို အထက်အောက်လှုပ်ရှားပေးလိုက်တော့ ထူးအောင်ဆီကနေ "မောင်ထူး"ဆိုတဲ့ခေါ်သံထွက်လာတယ်။ ကျွန်တော်သူ့ကိုမော့ကြည့်လိုက်တော့ "ပါးစပ်ထဲထည့်ပေး"တဲ့ ပြောပြီး သူ့မျက်နှာကို ခေါင်းအုံးနဲ့ကာတယ်။ ဒါဘာလဲ ထူးအောင်ကရှက်နေတာလား။ ကျွန်တော်သဘောကျလွန်းလို့ အကြီးကြီးပြုံးမိသွားတယ်။
အထူးလေးကတော့ကွာ။ တကယ်ပါပဲ။ လူကိုရူးအောင်ပြုစားနေတော့တာ။
သူပြောတဲ့အတိုင်း ပါးစပ်ထဲထည့်ပြီး ရှေ့တိုးနောက်ဆုတ်လုပ်ပေးနေလိုက်တော့ မကြာဘူး ထူးအောင်ရဲ့ အသက်ရှူသံတွေ ပြင်းထန်လာပြီး ခန္ဓာကိုယ်က အပေါ်ကိုကြွကြွလာတယ်။ နောက်တော့ တဆတ်ဆတ်တုန်ခါပြီး အရည်တချို့ ကျွန်တော့်ပါးစပ်ထဲ လျှံကျလာတာနဲ့အတူ ပြီးမြောက်သွားတယ်။ ကျွန်တော် သူ့မျက်နှာပေါ်မှာ ကာထားတဲ့ ခေါင်းအုံးကိုဖယ်လိုက်တော့ ပါးစပ်လေး ဟစိဟစိနဲ့ အမောဖြေနေတဲ့ထူးအောင်က အရမ်းချစ်စရာကောင်းတာပဲ။
နောက်တော့ ကျွန်တော်တို့ထပ်ပြီး နမ်းဖြစ်ကြပြန်တယ်။ သူ့ကိုမှောက်ပြီး ဂုတ်ပိုးလေးတွေကို လျှာနဲ့မထိတထိကစားပေးတော့ အောက်ကနေတွန့်တွန့်သွားတာကို ခံစားရတယ်။ ဂုတ်ပိုးက ထူးအောင်ရဲ့ အထိမခံနိုင်တဲ့နေရာပေါ့လေ။ ကျွန်တော်ပြုံးမိတယ်။ ထူးအောင်ရဲ့ အထိမခံနိုင်တဲ့ နေရာကလည်း အံဝင်ဂွင်ကျဖြစ်လိုက်တာ။ တကယ်ပါပဲ။
ကျွန်တော် ထူးအောင်ရဲ့ ဂုတ်ပိုးလေးတွေကို လျှာလေးနဲ့ မထိတထိလုပ်လိုက်တိုင်း သူ့ကိုယ်က တွန့်တွန့်သွားတယ်။ သူတစ်ချက်တွန့်သွားတိုင်း အောက်ပိုင်းမှာနေရာယူထားတဲ့ ကျွန်တော့်အကောင်က တစ်ထစ်အတွင်းကိုဝင်တယ်။ ဂုတ်ပိုးကိုထိလိုက် အောက်ကနေတိုးလိုက်နဲ့ လုပ်နေခဲ့တာ နောက်ဆုံးတော့ တဆုံးထိဝင်သွားခဲ့ပြီ။ ထူးအောင်အတွင်းထဲက အရမ်းကိုနွေးထွေးပြီး တင်းကျပ်နေတာ။ ကျွန်တော်မလှုပ်ရှားရဲဘူး။ သူနာမှာစိုးလို့။ ဒီလိုမှန်းသိရင် ချောဆီဝယ်ထားပါတယ်။
အခုတော့ အစိမ်းသက်သက်ကြီးမို့ ထူးအောင်နာနေမှာသေချာတယ်။ သူ့ကိုမနာစေချင်ဘူး။ ဒါပေမယ့် ကျွန်တော်အရမ်း အားရပါရလုပ်ချင်နေပြန်တယ်။
မှောက်လျက်ဖြစ်နေတဲ့ ထူးအောင်ကိုယ်လေးကို လေးဘက်ထောက်ပုံစံ ပြောင်းပေးလိုက်ပြီး ကျွန်တော် အနောက်ကနေ ဖြည်းဖြည်းချင်း လှုပ်ရှားကြည့်လိုက်တယ်။ ထူးအောင်က ကြိတ်ခံနေတာထင်တယ် ဘာအသံမှထွက်မလာဘူး။ ကျွန်တော်တစ်ချက်နှစ်ချက်လှုပ်ရှားပြီး မနေနိုင်တော့။ အရှိန်ပြင်းပြင်းနဲ့ တိုးဝင်မိသွားတယ်။
"အား...မောင်ထူး...."
ထူးအောင်ဆီက အော်သံကိုကြားပေမယ့် ကျွန်တော်မရတော့ဘူး။ အရမ်းအရမ်းကို တင်းကျပ်နေပြီးမို့ မနေနိုင်တော့ဘူး။ ပြီးမှပြန်ပြီးတောင်းပန်ပါ့မယ်။ အခုတော့ အရှိန်ကဘယ်လိုမှ လျှော့မရတော့တာကြောင့် အားကုန်သုံးမိသွားတယ်။
"ငါ့ကိုအသေသတ်နေတာလား"
"မောင်ထူး...အ"
"ခွေးကောင်"
"တိရစ္ဆာန်ကောင်"
"နာတယ်လို့...အ"
"တော်ပါတော့..."
"ဒီမှာသေတော့မယ်"
ထူးအောင်က ပါးစပ်ကလည်းပြောပြီး လက်တွေကလည်း ခုတင်ပေါ်ကို တစ်ဒုန်းဒုန်းနဲ့ထုနေတယ်။ မွေ့ယာပေါ်မို့ အသံမမြည်လို့ တော်ပါသေးတယ်။ ရွာကသူတို့အိမ်လိုသာဆို အိမ်ပြိုလောက်တယ်။ ထုချက်တွေက။ ကြာတော့ ကျွန်တော်ဆက်မလုပ်နိုင်တော့ဘူး။ သူ့ကိုကြည့်ပြီးသနားနေပြီ။ အောက်ပိုင်းကလည်း သွေးထွက်နေပြီမို့ သူအတော်လေး နာနေလောက်မှာ။ ကျွန်တော်နည်းနည်းစိတ်လွတ်သွားတာ။ ထူးအောင်ကို ဒီလိုမတရား မလုပ်သင့်ဘူး။ အဲ့တာကြောင့် ကျွန်တော် လှုပ်ရှားမှုတွေကိုရပ်ပစ်လိုက်တယ်။
ကျွန်တော်ရပ်လိုက်တော့ ထူးအောင်လည်းငြိမ်သွားတယ်။
တောင်းပန်ပါတယ်လို့ ကျွန်တော်ပြောပြီး သူ့အတွင်းထဲကနေ ကျွန်တော့်အကောင်ကိုဆွဲထုတ်ဖို့ ပြင်လိုက်တော့ "ထုတ်ရဲထုတ်ကြည့်"တဲ့ ထူးအောင်ဆီကနေ အသံထွက်လာတယ်။ ပြီးတော့ထပ်ပြီး နာတာက နာတာပဲမို့ လုပ်မယ့်လုပ် ပြီးအောင်လုပ်တဲ့။ ငါအော်လည်းဂရုမစိုက်နဲ့ ရတယ်။ ကိုယ်ဘာကိုယ်လုပ်စရာရှိတာလုပ်နေတဲ့။
ကျွန်တော်လေ တကယ်ပါပဲ။ ဘယ်လိုမှထိန်းမရတော့ဘူး။ ဒီတစ်ခါတော့ ထူးအောင်ကို ပက်လက်လှန်လိုက်တယ်။ သူ့ခြေထောက်နှစ်ချောင်းကို ကျွန်တော့်ပုခုံးပေါ်တင်ပြီး အားပါတဲ့ဆောင့်ချက်တွေနဲ့...
###############
အမှောင်းခန်းက တစ်ခါမှမရေးဖူးတော့ မရေးတတ်လို့ကြာနေတာပါ။ ကြိုးစားပြီးရေးလိုက်ပေမယ့် အရမ်းရိုင်းသွားတယ်ထင်ပါတယ်။ အစကတော့ သဘောတရားလောက်ပဲရေးဖို့ တွေးထားပေမယ့် အခုလိုရေးဖြစ်သွားတယ်😁