(Zawgyi)🍀🍀🍀🍀🍀
Part-45
(ကိုယ္..ခ်စ္ေသာ clover..!!..)
တိမ္ငယ္ ေက်ာပိုးအိတ္အနီေလးကိုလြယ္ကာ
စာသင္ခန္းထဲမွထြက္လာလိုက္သည္။ ေက်ာင္း
ေ႐ွ႕ေရာက္ေတာ့ လာႀကိဳေနၾက ကိုႀကီးလင္းေန
က မေရာက္ေသး။ တိမ္ငယ္ေက်ာင္းေ႐ွ႕႐ွိ...
အနီေရာင္စိန္ပန္းပင္ႀကီး ေအာက္တြင္ရပ္ကာ..
ေစာင့္ေနရန္သာဆံုးျဖတ္လိုက္သည္..။
ရံဖန္ရံခါ ကိုယ္ဆီအိမ္ျပန္ေနၾကေသာ အတန္း
ေဖာ္သူငယ္ခ်င္းမ်ားကို လိုက္ၾကည့္ရင္း ဖိနပ္ထိပ္
ေလးျဖင့္ေျမႀကီးကို ထိုးစြကာေဆာ့ေနမိသည္..။
ရြက္စိမ္း ေနမေကာင္းေသာေၾကာင့္ တိမ္ငယ္..
တစ္ေယာက္ထဲျဖစ္ေနရသည္။ အရင္ေန႔မ်ားဆို
ပါက ရြက္စိမ္းႏွင့္တူတူစကားေျပာရင္း မပ်င္းရ..။
တိမ္ငယ္ ေက်ာတြင္လြယ္ထားေသာ ေက်ာပိုးအိတ္
ေလး၏ေဘးႀကိဳးစႏွစ္ဖက္ကို လက္ေသးေသးေလး
ျဖင့္ဆြဲရင္း ပါးေလးကိုေဖာင္းကာ ေလပူမ်ားကိုမႈတ္
ထုတ္လိုက္မိသည္။
ရြက္စိမ္းက သြက္လက္ခ်က္ခ်ာကာ ခ်စ္စရာ
ေကာင္းေသာလူသားေလးပံုစံဆိုလ်ွင္ တိမ္ငယ္က အရာအားလံုးကို အေကာင္းျမင္တတ္ေသာ ျဖဴစင္
လြန္းသည့္ အ႐ိုးခံလူသားေလးျဖစ္သည္..။
တိမ္ငယ္ ရပ္ေစာင့္ေနေသာစိန္ပန္းပင္ႀကီးသည္
အရြက္မ်ားေဝေဝဆာဆာမ႐ွိေတာ့ေသာေၾကာင့္
ညေနခင္း၏ ေနေရာင္တစ္ခ်ိဳ႕မွာ တိမ္ငယ္၏..
မ်က္ႏွာေလးေပၚသို႔က်ေနေလသည္..။
တိမ္ငယ္လက္ေလးတစ္ဖက္ကိုဆန္႔ကာ
မ်က္ႏွာအနီးတြင္ကာလိုက္ရင္း ေနေရာင္
ေၾကာင့္ မ်က္လံုးေလးကို အနည္းငယ္..
ေမွးက်ဥ္းထားေသးသည္။
တိမ္ငယ္ ေခါင္းေလးငံု႔ကာ ေျမႀကီးကိုသာ
ဖိနပ္ထိပ္ေလးႏွင့္ ဆက္တိုက္ထိုးစြေနလိုက္
သည္။ ထိုစဥ္ ကိုယ္ငယ္ေလးေပၚအုပ္မိုးက်
လာေသာ ထီးရိပ္ေၾကာင့္ တိမ္ငယ္ေပၚသို႔
က်ေနေသာေနေရာင္စူးစူးသည္ ေပ်ာက္ကြယ္
သြားေလသည္..။ တိမ္ငယ္ ေခါင္းေလးကိုေမာ့
ကာၾကည့္လိုက္ေတာ့ ျပံဳးျပေနေသာအစ္ကိုႀကီး
တစ္ေယာက္။ ေက်ာင္းအက်ႌမွတံဆိပ္အရ...
တိမ္ငယ္တို႔ေက်ာင္းက အတန္းႀကီးအစ္ကိုႀကီး
ျဖစ္မည္..။
"အိမ္ကလာမႀကိဳေသးဘူးလား တိမ္ငယ္.."
"ဟုတ္က့ဲ လာမႀကိဳေသးပါဘူးဗ်။ ဒါန႔ဲ ဒီဘက္က
အစ္ကိုႀကီးက တိမ္ငယ္က တိမ္ငယ္ဆိုတာကိုဘယ္လိုလုပ္ၿပီးသိေနတာလဲဟင္.."
တိမ္ငယ္ေလး၏ အေမးအဆံုးထိုေက်ာင္းသားက သေဘာတက်ရီသည္။ ဘယ္ဘက္လက္ထဲတြင္ကိုင္ထားေသာထီးကို ညာဘက္လက္ျဖင့္ေျပာင္း
ကိုင္ရင္း မ်က္ႏွာခ်င္းဆိုင္ရပ္ေနရာမွ တိမ္ငယ့္
ေဘးတြင္ယွဥ္ရပ္သည္..။ ၿပီးမွ ေျပာလာသည္။
"၈တန္း(A)ခန္းက လူယဥ္ေက်းေလးန႔ဲ..
အတန္းေခါင္းေဆာင္ေသးေသးေလးကို
မသိဘဲေနပါ့မလား..။ ကိုႀကီးက ၁၀တန္းက
ပိုင္စိုးပါ..။ ေက်ာင္းေကာင္စီအဖြဲ႔ဝင္ေပါ့..။ဒီေန႔
ဆရာမတို႔ကို ကူညီေပးေနလို႔အခုမွျပန္ရမွာ.."
ပိုင္စိုး ေျပာသည္မွာအပိုေတာ့မဟုတ္..။
ဆရာမမ်ား၏ အခ်စ္ေတာ္ေလးႏွစ္ေယာက္
သည္ တကယ္ပင္လူသိမ်ားသည္..။
"အာ..ဟုတ္က့ဲဗ်..."
တိမ္ငယ္က ပိုင္စိုးဆိုေသာေက်ာင္းသားေျပာ
သမ်ွကိုေသခ်ာ နားေထာင္ကာ စကားဆံုးတိုင္း
ယဥ္ေက်းစြာျပန္ေျဖသည္။ ေက်ာင္းဆင္းသည္
မွာ မိနစ္အနည္းငယ္ၾကာသြားၿပီျဖစ္ေသာေၾကာင့္
အနည္းငယ္ လူ႐ွင္းစျပဳလာေလၿပီ..။
တိမ္ငယ္ မ်က္လံုးဝိုင္းေလးမ်ားသည္လည္း
လမ္းဘက္ကိုတၾကည့္ၾကည့္ျဖစ္လာရသည္။
ပိုင္စိုးက တိမ္ငယ့္ ပုခုံးကိုလွမ္းဖက္ကာ
သူ႔ဘက္ကိုလွမ္းဆြဲသည္။
"ထီးအရိပ္ေအာက္မွာေနေလ ေနပူတယ္.."
"ဟုတ္က့ဲ..ေက်းဇူးတင္ပါတယ္ဗ်.."
တိမ္ငယ္ ေခါင္းေလးၿငိမ့္ကာျပန္ေျဖရင္း
ေက်းဇူးတင္စကားေျပာလိုက္သည္။ ဒါကို
ပင္ ပိုင္စိုးက သေဘာက်စြာျပံဳးသည္။ျမင့္မား
ေသာအရပ္ေၾကာင့္ သူ႔ပုခံုးစြန္းေလာက္သာ႐ွိ
ေသာတိမ္ငယ့္ ဘက္ကို ေခါင္းအနည္းငယ္
ေစာင္းလိုက္ရင္း အနည္းငယ္ငံု႔ကိုင္းလိုက္ကာ..
"တိမ္ငယ္.."
တိမ္ငယ္ မိမိကိုေခၚလာေသာ အတန္းႀကီး
အစ္ကိုႀကီးေၾကာင့္ ကားလမ္းဘက္ကိုၾကည့္
ေနရာမွ ေမာ့ၾကည့္ကာျပန္ထူးလိုက္သည္..။
"ဗ်ာ.."
ပိုင္စိုးက ေခါင္းကိုပိုမိုကာငံု႔ကိုင္းလိုက္ရင္း...
တိမ္ငယ္၏ ခပ္ရဲရဲပါးေလးႏွင့္ မ်က္ႏွာေလးကို
ေစ့စပ္စြာၾကည့္သည္။ အူေၾကာင္ေၾကာင္ေလး
ျပန္ၾကည့္ေနေသာ တိမ္ငယ္က အေတာ္ပင္
ခ်စ္စရာေကာင္းေနသည္။ ပိုင္စိုးေျပာလိုက္သည္။
"ခ်စ္စရာေကာင္းတယ္.."
တိမ္ငယ္ အတန္းႀကီးအစ္ကိုႀကီး၏စကားကို
ဘာမွျပန္မေျပာရေသးခင္မွာပင္ ကားကို
ဘရိတ္ေစာင့္နင္းကာရပ္လိုက္ေသာအသံႏွင့္
အတူ ခက္ထန္ေသာအသံကတစ္ဆက္တည္း
ဆိုသလိုပင္ထြက္လာသည္။
"ခရမ္းခ်ဥ္သီး အခုခ်က္ခ်င္းဒီကိုလာခ့ဲစမ္း..!!.."
ကားတံခါးဖြင့္သံႏွင့္အတူ ေျခတံ႐ွည္႐ွည္မ်ား
ျဖင့္ ဒီေရလိႈင္းက ကားေပၚမွဆင္းလာသည္။
႐ွပ္အက်ႌကို ၾကယ္သီးႏွစ္လံုးခန္႔ျဖဳတ္ထား
ၿပီး အက်ႌလက္မ်ားကိုတံေဆာင္ဆစ္နားအထိ
ေခါက္တင္ထားသည္။ ေသြးေၾကာစိမ္းမ်ားျဖင့္
ၾကည့္ေကာင္းေနေသာ လက္တစ္ဖက္တြင္ေတာ့
တန္ဖိုးႀကီးနာရီတစ္လံုးကို ပတ္ထားသည္။
ဒီေရလိႈင္း၏ အၾကည့္မ်ားကေတာ့ ပဲုမွန္ထက္ပင္ပိုမိုကာ စူး႐ွေနသည္။
ေနရာတြင္ပင္ရပ္ေနေသးေသာ တိမ္ငယ္ေၾကာင့္
ဒီေရလိႈင္း၏ မ်က္ခံုးထင္းထင္းမ်ားက ပိုကာ
တြန္ ့ခ်ိဳးသြားသည္။ လက္တစ္ဖက္ကိုအနည္း
ငယ္ဆန္႔တန္းလိုက္ကာ...
"ဒီကိုလာခ့ဲ..."
တိမ္ငယ္ ဒီေရလိႈင္း၏ စကားအတိုင္းလိမၼာ
စြာပင္ ဒီေရလိႈင္းအနားသို႔ေလ်ာက္သြား..
လိုက္ေတာ့ ဒီေရလိႈင္း၏ လက္တစ္ဖက္က
တိမ္ငယ္၏ ပုခံုးက်ဥ္းက်ဥ္းေလးေပၚ ေနရာ
ယူလာသည္..။ တိမ္ငယ့္ ကိုယ္ငယ္ေလးမွာ
ဒီေရလိႈင္း၏ သန္မာေသာ လက္မ်ားၾကား
နစ္ျမဳပ္သြားေတာ့သည္..။
ဒီေရလိႈင္းက ေက်ာင္းစိမ္းပုဆိုးေလးႏွင့္
ပိုင္စိုးကို စူးစမ္းသလိုၾကည့္သည္..။
ဒီေရလိႈင္း၏ အၾကည့္မ်ားက ေမာက္မာ
ေသာသခင္ေလးဟူေသာ ဂုဏ္ပုဒ္ပီသစြာ
စူးရဲလြန္းသည္..။
တိမ္ငယ္ကေတာ့ ဘာမွမသိစြာပင္
သူ႔ပုခံုးေပၚလက္တင္ထားေသာ...
ဒီေရလိႈင္းကို ေမာ့ၾကည့္ကာ သူသိခ်င္
သည္အား ေမးလာသည္..။
"ကိုႀကီးက လာမႀကိဳဘူးလားဟင္
ကိုႀကီးသူငယ္ခ်င္း"
တိမ္ငယ္၏ အေမးက ဒီေရလိႈင္းကို...
မေက်မနပ္ျဖစ္ေစသည္..။ တိမ္ငယ္ကို
မ်က္ေမွာင္ၾကဳတ္ကာ ငံု႔ၾကည့္လိုက္သည္။
"ငါလာႀကိဳလို႔မရဘူးလား.."
ဒီေရလိႈင္း၏ ခပ္ဆတ္ဆတ္ႏိုင္ေသာ
အသံႏွင့္ေျပာလာေသာ စကားအဆံုး
တိမ္ငယ္က မ်က္လံုးျပဴးေလးျဖင့္...
ေမာ့ၾကည့္လာသည္..။
"အ့ဲလိုမဟုတ္ပါဘူး ကိုႀကီးသူငယ္ခ်င္း
လာႀကိဳလို႔ရပါတယ္..။ တိမ္ငယ္က ဒီတိုင္း
ေမးၾကည့္တာပါ.."
ထိုအခါမွသာ ဒီေရလိႈင္း၏အၾကည့္စူးစူး
မ်ားက ေ႐ွ႕မွပိုင္စိုးဆိုေသာေက်ာင္းသား
ဆီသို႔ျပန္ေရာက္သြားေတာ့သည္..။
ဒီေရလိႈင္း တိမ္ငယ္ကို လာႀကိဳခါနီး
အေရးႀကီးကိစၥတစ္ခုေပၚလာေသာ
ေၾကာင့္ အေရးေပၚအစည္းအေဝးတစ္ခု
ခ်က္ခ်င္းက်င္းပလိုက္ရသည္..။
အစည္းအေ၀းကို အျမန္ဆံုးလက္စသတ္ကာ
ကားကိုအျမန္ေမာင္းလာခ့ဲျခင္းျဖစ္ကာ ကား
တစ္စီးႏွင့္မေတာ္တဆမႈတစ္ခုျဖစ္ခ့ဲေသးသည္။
ဒီေရလိႈင္း၏ တန္ဖိုးႀကီးကားကိုၾကည့္ကာ
ရစ္ေနေသာ တစ္ဖက္ကားမွလူေၾကာင့္..
ဒီေရလိႈင္း ေဒါသကိုအေတာ္ထိန္းထားရ
သည္။
ထိုသူကိုတစ္စဆီလုပ္ျပစ္လိုက္ခ်င္ေသာ္လည္း
တစ္ဖက္လူသတိလစ္မွရပ္သည့္ မိမိလက္ဆကို
သိေသာေၾကာင့္ စိတ္ထိန္းေနျခင္းျဖစ္သည္..။
ထိုသူေသသြားမွာဆိုးေသာေၾကာင္းေတာ့
မဟုတ္ အခ်ိန္ထပ္ၾကာေနမည္ျဖစ္ေသာ
ေၾကာင့္ ျဖစ္သည္..။
ဒီေရလိႈင္း ခ်က္လက္မွတ္တစ္ခုတြင္ မနည္းေသာ ပမာဏတစ္ခုေရးကာ လက္မွတ္ထိုးေပး
လိုက္ခ်ိန္မွထိုသူက ၿငိမ္သြားေတာ့သည္..။
ဒီေရလိႈင္းက သူ႔ကိုေၾကာက္သြားၿပီဟု ယူဆ
လိုက္ေသာ ထိုသူက ဒီေရလိႈင္းကို ငခြၽတ္
တစ္ေယာက္ဟူေသာ အၾကည့္ျဖင့္ၾကည့္လာ
သည္..။
ခ်က္လက္မွတ္မွ သုညမ်ားကိုေရတြက္ေန
ေသာ ထိုသူက မ့ဲျပံဳးတစ္ခုျဖင့္ၾကည့္ေနေသာ ဒီေရလိႈင္း၏အျပံဳးကိုေတာ့မျမင္ခ့ဲ..။ ဒီေရလိႈင္း ဆိုေသာသူက တန္ရာတန္ေၾကး ဆိုေသာ
စကားကို လက္ဝယ္ထားသူျဖစ္သည္..။
ဒီေရလိႈင္း ကားကိုေမာင္းမထြက္ခင္
ထိုသူ၏ကားကို အ႐ွိန္ျပင္းျပင္းျဖင့္ျဖတ္တိုက္
ခ့ဲသည္..။ ေဒါသထြက္စရာမ်ားသာ ၾကံဳခ့ဲရေသာ
ေၾကာင့္ ဒီေရလိႈင္း၏မ်က္ႏွာကပိုကာတည္တင္း
ေနၿပီး ပိုင္စိုးကို႐ွိန္ေစသည္..။ ဒီေရလိႈင္း ပိုင္စိုး
ကိုေျပာလိုက္သည္...။
"မင္းက ဘယ္သူလဲ.."
ဒီေရလိႈင္း၏ အထက္စီးဆန္ေသာအသံကို
ထိုေကာင္ေလးက လန္ ့သြားပံုရသည္..။
သို႔ေသာ္ ဒီေရလိႈင္းကေတာ့ ဂ႐ုပင္မစိုက္..
အၾကည့္စူးစူးမ်ားျဖင့္ စိုက္ၾကည့္ေနသည္..။
"ကိုႀကီးပိုင္စိုးက တိမ္ငယ္တို႔ ေက်ာင္းကတ့ဲ
ကိုႀကီးသူငယ္ခ်င္း..။ ကိုႀကီးပိုင္စိုးက တိမ္ငယ့္
ကိုလာမႀကိဳေသးလို႔ တူတူေစာင့္ေပးေနတာ.."
တိမ္ငယ္၏ကိုယ္စားေျဖေပးမႈအဆံုး...
ဒီေရလိႈင္း၏ အၾကည့္စူးစူးမ်ားက တိမ္ငယ့္
ဆီလြင့္လာေတာ့သည္..။
ဒီေရလိႈင္း တိမ္ငယ္လြယ္ထားေသာ
ေက်ာပိုးအိတ္ကိုယူလိုက္ကာ တိမ္ငယ္
ကိုခါးမွေန၍ခ်ီမလိုက္သည္..။
ဒီေရလိႈင္း၏ တိမ္ငယ္ကိုခ်ီမလိုက္ပံုမွာ
ေခြးေလးေၾကာင္ေလးမ်ားကို ခါးလယ္မွ
ျဖတ္ကာဆြဲမလိုက္ပံုႏွင့္အတူတူပင္ျဖစ္
သည္..။ တိမ္ငယ္မွာ ဒီေရလိႈင္း၏ ခါးမွ
ေန၍ဆြဲမလိုက္ေသာေၾကာင့္ ေျခႏွင့္လက္
ေလးမွာ ေလထဲတြင္ပင္ ကားယားေလးျဖစ္
ေနေလသည္..။
"ကိုႀကီးသူငယ္ခ်င္း.."
တိမ္ငယ္ ယက္ကန္ယက္ကန္ျဖင့္..
သူ႔ကိုေအာက္ျပန္ခ်ေပးရန္ ေျပာပါ
ေသာ္လည္း ဒီေရလိႈင္းက မၾကားခ်င္ေယာင္
ေဆာင္ေနေလသည္...။
ဒီေရလိႈင္း မ်က္စိေ႐ွ႕မွေကာင္ေလးကို...
ႏႈတ္ခမ္းတစ္ဖက္တြန္႔တက္ယံုျပံဳးၿပီးေျပာ
လိုက္သည္..။
"ငါတို႔အိမ္က ခရမ္းခ်ဥ္သီးကို ကူညီေပးတ့ဲ
အတြက္ ေက်းဇူးဘဲ..."
ဒီေရလိႈင္း ထိုစကားေျပာၿပီးသည္ႏွင့္...
တိမ္ငယ္ကို ခ်ီမထားလ်က္ပင္ ေနရာမွ
လွည့္ထြက္လာခ့ဲသည္..။
*က်စ္..!!.. စိတ္တိုဖို႔ေကာင္းတ့ဲ
ခရမ္းခ်ဥ္သီး..*
_____________
Yၿမိဳ႕ေတာ္၏ ေဆးရံုခန္းေလးထဲတြင္ေတာ့
သစ္မိုးအိမ္ကိုယ္တြင္ ေရဘဝဲေလးတစ္ေကာင္
ကပ္ေနေလသည္..။ သစ္မိုးအိမ္က သူ၏ေရဘဝဲေလးကို ညင္သာစြာ ေထြးေပြ႕ထားရင္း
ႏႈတ္ခမ္းမ်ားတြင္ေတာ့ ရက္ပိုင္းၾကာ ေပ်ာက္
ကြယ္ေနခ့ဲေသာ အျပံဳးမ်ားကို ေဝေဝဆာဆာ
ခ်ိတ္ဆြဲထားသည္..။
႐ွဴး႐ွဴးထြက္က်သြားသည္ကို ႐ွက္ေနေသး
ေသာ ကေလးငယ္ေၾကာင့္ သစ္မိုးအိမ္
ကိုယ္တိုင္သာ သန္႔႐ွင္းေရးလုပ္ေပးကာ
အဝတ္အစားလဲေပးလိုက္သည္..။
ရြက္စိမ္းေလးကို အဝတ္အစားလဲေပးေနစဥ္
တြင္ သစ္မိုးအိမ္၏ လူမ်ားက အိပ္ရာခင္းမ်ား
ကိုလဲလွယ္ေပးသြားၾကသည္..။
ဒါကိုပင္ သစ္မိုးအိမ္၏ အသည္းအသက္
ကေလးက နီရဲတြတ္ေနေသာ မ်က္ႏွာေလး
ႏွင့္ ယခုတိုင္ပတ္တီးမျဖည္ရေသးေသာ...
ေခါင္းလံုးလံုးေလးကို သစ္မိုးအိမ္၏ ပုခံုးႏွင့္
လည္ပင္းေနရာစပ္ၾကားတြင္ အပ္ကာဖံုးကြယ္
ရင္း ေခြးေပါက္ေလးလို တအီအီလုပ္ေနေလ
သည္..။ သစ္မိုးအိမ္ အသည္းအသက္ေလး၏
ခ်စ္စရာေကာင္းလြန္းေနမႈေၾကာင့္ အသည္းတ
ယားယားျဖစ္ေနရသည္..။
"ကိုကို မေကာင္းဘူး.. ကိုကိုမေကာင္းဘူး.."
ထိုစကားကိုအႀကိမ္ႀကိမ္ေရရြတ္ေနေတာ့...
သည္..။ ၿပီးေတာ့ေျပာလာေသးသည္...
Daddy ကိုျပန္မေျပာျပပါန႔ဲေနာ္တ့ဲ..။
အေစာကေဘာင္းဘီလဲေပးေသာအခါတြင္
လည္း ငိုမ့ဲမ့ဲေလးျဖင့္ သူ႔မက္မြန္သီးေလးႏွင့္
ရတနာေလးကို အတင္းကြယ္ထားေသး...
သည္..။ ထိုအခ်ိန္က သစ္မိုးအိမ္၏ အပိုင္ေလး
ရြက္စိမ္းက သူဘယ္ေလာက္ခ်စ္စရာေကာင္း
ေနမွန္းသိမွာမဟုတ္..။ သစ္မိုးအိမ္ကလည္း
မသိေစခ်င္..။ ရြက္စိမ္း၏ ခ်စ္စရာေကာင္းမႈ
မ်ားသည္ သစ္မိုးအိမ္ဆိုေသာ မိမိတစ္ေယာက္
သာ ပိုင္သည္မို႔ သစ္မိုးအိမ္သိလ်ွင္ လံုေလာက္
ၿပီမလား...။
သစ္မိုးအိမ္ ရြက္စိမ္းကိုယ္ေလးအား...
လံုျခံဳစြာေထြးေပြ႔ထားလိုက္ရင္း..
"အဆင္ေျပပါတယ္ clover..
ဘာမွမျဖစ္ပါဘူး..."
သစ္မိုးအိမ္ ေျပာလိုက္ေတာ့ ေခြးေပါက္ေလး
လို တအီအီလုပ္ေနေသာ ရြက္စိမ္းအသံက
တစ္ခဏရပ္သြားသည္။ သို႔ေသာ္ တအီအီ
သံေလးက ထပ္ထြက္လာျပန္သည္..။
"႐ွက္..႐ွက္စရာႀကီး..အီးဟီးဟီး~!!.."
"ဒါကမထူးဆန္းပါဘူး ကေလးေတြ
ကဒီလိုဘဲျဖစ္တတ္တယ္။ ကိုကို႔ clover
က ကေလးေလး မဟုတ္ဘူးလား.."
သစ္မိုးအိမ္၏ ခပ္ျမဴးျမဴးအသံအဆံုး
အေကာင္ငယ္ေလးက ေသခ်ာစဥ္းစား
ေနပံုျဖင့္ ၿငိမ္ေနသည္။ ၿပီးမွ သစ္မိုးအိမ္
ကိုေမာ့ၾကည့္ကာ ေျဖလာသည္..။
"ရြက္စိမ္းက ကေလးေလး..."
"အဟား...~!!!... ဟုတ္တယ္ ကိုကို႔
အပိုင္ေလးက ကေလးေလး..."
"ကိုကိုက ရြက္စိမ္းအပိုင္..သူမ်ားကိုေပး
ဘူး..။ ရြက္စိမ္းတစ္ေယာက္ထဲပိုင္တာ..။
ဒါေပမယ့္ ကိုကို႔က မေကာင္းဘူး..~.."
ကံေကာင္းျခင္းေလးက ႏႈတ္ခမ္းေလးေထာ္ကာ သစ္မိုးအိမ္ကို သူ႔အပိုင္ဟုေျပာတာကို...
သစ္မိုးအိမ္ အလြန္သေဘာက်သည္။ သစ္မိုးအိမ္ ကေလးငယ္ကို စခ်င္လာေသာေၾကာင့္..
"ကိုကိုက ေကာင္းပါတယ္ကြာ.."
ခ်က္ခ်င္းပင္ အသံစူးစူးေလးက ထြက္လာသည္။
"ေကာင္းဘူး...ဘာမွ.."
"ေကာင္းပါတယ္ကြာ..."
"မေကာင္းဘူး..!.."
"ေကာင္းတယ္.."
"ကိုကို..!!.."
"ဟားဟား..ဟုတ္တယ္ ဟုတ္တယ္
ကိုကိုက မေကာင္းဘူး လူဆိုးႀကီးေနာ္.."
ထိုအခါမွ ေက်နပ္သြားေသာ ေပါက္စက
ႏွာေခါင္းေလးကို တစ္ခ်က္႐ွံဳဳ႕ကာ မၾကား
တၾကားေျပာလာသည္..။
"ကိုကိုက ပိစိေလာက္ေလးဘဲမေကာင္းတာ.."
အသည္းအသက္ေလးက သစ္မိုးအိမ္၏
အသည္းတစ္ခုလံုး ပုရြက္ဆိတ္ကိုက္ေအာင္
ေျပာၿပီးသည္ႏွင့္ သူ႔ပါးေလးျဖင့္ သစ္မိုးအိမ္
လည္ပင္းအနားကို တိုးေဝွ့ကာ ပြတ္သပ္ရင္း
ခြၽဲေနျပန္သည္..။
"ဘာေကာင္ေလးလဲကြာ..."
သစ္မိုးအိမ္၏ မခ်င့္မရဲေရရြတ္သံအဆံုး
ျပန္ေျဖလာသည္က "ကိုကို႔ အေကာင္ငယ္
ေလးပါ.."တ့ဲ...။
"ကိုကို ရြက္စိမ္းေလး အိမ္ျပန္ခ်င္တယ္..
Daddy ကိုလည္းသတိရတယ္..။ ေလးေလး
ေကာင္းကိုေရာဘဲ..။ ၿပီးေတာ့ ကိုကို႔ဝယ္လာ
တ့ဲ ဖရဲသီးကိတ္ေလးက တစ္ခုဘဲစားရေသး
တယ္.. ထပ္စားခ်င္ေသးတာ..."
ရြက္စိမ္းေျပာသမ်ွကို ျပံဳးကာနားေထာင္ေန
ေသာ သစ္မိုးအိမ္သည္ ရြက္စိမ္း၏ေနာက္ဆံုး
စကားအေရာက္ ေသေလာက္ေအာင္ ထိတ္
လန္႔သြားရသည္..။
"clover..!!.."
သစ္မိုးအိမ္၏ အသံမွာ မာသြားေသာေၾကာင့္
ရင္ခြင္ထဲတြင္ ေထြးပိုက္ထားေသာ ရြက္စိမ္း၏
ကိုယ္ငယ္ေလးပင္ တုန္သြားရသည္။ သစ္မိုးအိမ္ ခ်က္ခ်င္းပင္ သတိထားမိေသာေၾကာင့္ ေျပာ
လိုက္သည္..။
"တကယ္ေတာ့ေလ ကိုကိုဦးေလးႀကီး
တစ္ေယာက္ကိုေကြၽးလိုက္တာ clover
ရ့ဲ..။ အ့ဲဒီဦးေလးႀကီးက အရမ္းႀကိဳက္လို႔
ႏွစ္ခုလံုးကုန္ေအာင္ စားျပစ္လိုက္တာ..။
clover စားခ်င္ရင္ ကိုကိုကိုယ္တိုင္လုပ္ေပး
မွာေပါ့.."
ထိုစကားေျပာေနခ်ိန္တြင္ေတာ့ သစ္မိုးအိမ္
၏ မ်က္ဝန္းမ်ားက ေအးစက္လြန္းေနသည္။
"အ့ဲလိုကိုး..။ ကိုကို..ကိုကို..အ့ဲဦးေလး
ႀကီးေရာ ရြက္စိမ္းေလးတုန္းကလို ေသြးနီ
နီေတြ ထြက္လာေသးလားဟင္.."
"ေသြးလား..? မထြက္ပါဘူး clover..ရ့ဲ.."
သစ္မိုးအိမ္ ပံုမွန္အတိုင္းသာ ျပန္ေျဖေနေသာ္
လည္း ရြက္စိမ္းေလးကို ေထြးဖက္ထားမႈက
ေတာ့ ပိုကာတင္းၾကပ္လာသည္..။
"clover.."
"ဗ်ာ.."
"ကိုကိုအိပ္ခ်င္တယ္ "
သစ္မိုးအိမ္ အေျပာအတိုင္းပင္ ေဆးရံုခန္း
ထဲတြင္ပါေသာ ဆိုဖာအ႐ွည္ေပၚတြင္လွဲခ်
လိုက္ေတာ့ သစ္မိုးအိမ္ ေထြးပိုက္ထားေသာ
ကံေကာင္းျခင္းသေကၤတေလးက သစ္မိုးအိမ္
၏ ကိုယ္ေပၚတြင္ ေကြးေကြးေလးပါလာသည္။
ေဘးနားက ေစာင္ပါးေလးတစ္ထည္ကိုယူ
လိုက္ကာ အေပၚမွျခံဳလႊားလိုက္ၿပီး နဖူးေျပေျပ
ေလးကို ငံု႔နမ္းလိုက္သည္။ သစ္မိုးအိမ္၏...
ကံေကာင္းျခင္းေလးကေတာ့ သူအႀကိဳက္ဆံုး
အိပ္ယာကိုေတြ႔သြားသည္အလား ပါးစပ္ေသး
ေသးေလးကို အနည္းငယ္ဟကာ ဝွါးပင္သန္း
လိုက္ေသးသည္..။
ၿပီးသည္ႏွင့္ သစ္မိုးအိမ္၏ သန္မာေတာင့္တင္း
ေသာ ရင္ခြင္က်ယ္ဆီကို သူ၏ပါးအိအိေလးကို
အပ္ကာ အနည္းငယ္ပြတ္သပ္လိုက္ေသးသည္။
ၿပီးမွမ်က္လံုးေလးမ်ားက တျဖည္းျဖည္းေမွးစင္း
လာေလသည္..။ အိပ္ခ်င္မူတူးေလးက ေခါင္း
ေလးေထာင္လာကာ သစ္မိုးအိမ္၏ ေမး႐ိုးထင္း
ထင္းကိုသူ၏ႏႈတ္ခမ္းပိစိေလးျဖင့္ထိကပ္သည္။
"ကိုကို ေကာင္းေကာင္းအိပ္ေပ်ာ္ပါေစ.."
ေျပာၿပီးသည္ႏွင့္ သစ္မိုးအိမ္ရင္ခြင္ထဲတြင္
သူ၏ ကိုယ္ငယ္ေလးကို ေခြကာျပန္အိပ္သြား
ေတာ့သည္..။ သစ္မိုးအိမ္၏ ႏႈတ္ခမ္းမ်ားသည္
အျပံဳးမ်ားမစဲေတာ့။ ကံေကာင္းျခင္းေလးတြင္...
သစ္မိုးအိမ္၏ အသည္းကိုေႁခြရန္ နည္းလမ္း
ေပါင္းစံု႐ွိပံုရသည္..။
ရြက္စိမ္း၏ စည္းခ်က္ညီေသာ အသက္႐ွဴသံ
ေလးကို နားေထာင္ရင္း သစ္မိုးအိမ္ပါ ႏွစ္ၿခိဳက္
စြာ အိပ္ေပ်ာ္သြားေတာ့သည္..။
တစ္ခဏအၾကာ ထမင္းခ်ိဳင့္လာပို႔ေသာ
ဦးေကာင္းသည္ ေဆးရံုခန္းေလးအတြင္း
သို႔ေရာက္လာေလသည္..။ တိတ္ဆိတ္ေန
ေသာ အခန္းငယ္ေၾကာင့္ ဦးေကာင္း..
မ်က္လံုးမ်ားကို ေဝ့ဝွဲကာၾကည့္လိုက္ေတာ့
ရြက္စိမ္းေလးကို ေထြးေပြ႔ၿပီး ႏွစ္ၿခိဳက္စြာ
အိပ္ေပ်ာ္ေနေသာ သခင္ေလး..။
ေဆးပိုက္မ်ားမ႐ွိေတာ့ေသာ ရြက္စိမ္းေလး
ကိုျမင္ရသည့္အတြက္ ဦးေကာင္းအလြန္
ဝမ္းသာမိသည္..။ ဦးေကာင္း အခန္းထဲမွ
တိတ္တဆိတ္ ျပန္ထြက္သြားရန္သာ...
ေရြးခ်ယ္လိုက္သည္..။
ရြက္စိမ္းေလးႏွင့္ ရြက္စိမ္းေလးကို ႐ူးသြပ္
လြန္းေသာ သခင္ေလးႏွစ္ၿခိဳက္စြာ အိပ္ပါ
ေစေလ..။ ကိုယ္တိုင္ကေတာ့ ရြက္စိမ္းေလး
သတိရလာေၾကာင္း သခင္ႀကီးကို အေၾကာင္း
ၾကားရန္သာ လုပ္လိုက္သည္..။
______________
ႏိုင္း ညဘက္မအိပ္ခင္ စာဖတ္တတ္ေသာ
အေလ့အက်င့္အတိုင္း ကုတင္ေခါင္းရင္းကို
မွီကာထိုင္ရင္း စာအုပ္တစ္အုပ္ကိုဖတ္ေနျခင္း
ျဖစ္သည္။ ႏိုင္း စာအုပ္ဖတ္ေနျခင္းကို တစ္ခဏ
ရပ္လိုက္ကာ စာၾကည့္မ်က္မွန္ကိုခြၽတ္လိုက္ၿပီး
မ်က္႐ိုးမ်ားကို ဖိႏွိပ္လိုက္သည္..။ ကုတင္ေဘး
စားပြဲေပၚတြင္တင္ထားေနၾက ေရဗူးဆီကို လက္
လွမ္းလိုက္သည္။ မၾကာခဏေရေသာက္တတ္
ေသာ ႏိုင္းက အနီးအနားလက္လွမ္းမွီရာတြင္
ေရဗူးတစ္ဗူးကို ထားတတ္သည္..။
ႏိုင္း လက္ထဲတြင္ ကိုင္ထားေသာ ဗူးက
ေပါ့ရြတ္ေနကာ ေရကုန္ေနသည္။ ႏိုင္း သက္
ျပင္းသာခ်မိသည္။ အစစအရာရာ လိုက္လုပ္
ေပးတတ္ေသာ မိုင္းေၾကာင့္ ႏိုင္းပင္အက်င့္ပ်က္
ေနသည္မွာၾကာၿပီျဖစ္သည္..။
ႏိုင္း ကုတင္ေပၚကထကာ မီးဖိုးေခ်ာင္ဘက္တြင္
ေရသြားျဖည့္ရန္လုပ္လိုက္သည္။ အိမ္ေနရင္း
စီးဖိနပ္ေလးကို ဝတ္လိုက္ကာ မီးဖိုေခ်ာင္သို႔
ဦးတည္လိုက္သည္။ ႏိုင္း အခန္းမွလြဲ၍ တစ္အိမ္
လံုး အေမွာင္ခ်ထားျခင္းျဖစ္သည္။ ႏိုင္း ရင္းႏွီး
ေနေသာကိုယ့္အိမ္ျဖစ္ေသာေၾကာင့္ မီးမ်ားကို
တစ္အိမ္လံုးမဖြင့္ေတာ့ဘဲ ထမင္းစားခန္းမီးကို
သာ ဖြင့္လိုက္သည္။
အိမ္တစ္အိမ္လံုး ႏိုင္းတစ္ေယာက္သာ႐ွိေသာ
ေၾကာင့္ အနည္းငယ္ ေျခာက္ကပ္ကပ္ႏိုင္သည္။
မိုင္း တစ္ေယာက္က လြန္ခ့ဲေသာ ၅ရက္ထဲက
ခရီးထြက္သြားေသာေၾကာင့္ ႏိုင္း တစ္ေယာက္
ထဲ ျဖစ္ေနျခင္းျဖစ္သည္။
အရင္ဆို တစ္ရက္ပင္မၾကာျပန္ေရာက္လာ
တတ္ေသာမိုင္းက အခုေတာ့ ၄..၅ရက္ၾကာ
သည့္တိုင္ ျပန္ေရာက္မလာေသး။ ႏိုင္း ႏွင့္
လည္း အဆက္သြယ္မရ..။
ႏိုင္း ေရဗူးကိုေရျဖည့္ေနစဥ္ အိမ္ေ႐ွ႕ခန္း
မွ တစ္စံုတစ္ခုလဲက်သြားသလို အသံက်ယ္
က်ယ္ေၾကာင့္ လန္႔သြားရသည္..။
ႏိုင္း ေရဗူးကိုထမင္းစားခန္းစားပြဲေပၚ
တင္လိုက္ကာ အေျခအေနသြားၾကည့္
ရန္ဆံုးျဖတ္လိုက္သည္..။ အနည္းငယ္
လန္႔မိေသာ္လည္း ကိ္ုယ့္အိမ္ျဖစ္ေသာ
ေၾကာင့္ ေၾကာက္စိတ္ေတာ့မ႐ွိ။ အေရး
ၾကံဳလာလ်ွင္လည္း ႏိုင္း၏ ေျခလက္မ်ား
က က်ိဳးေနသည္မွမဟုတ္ဘဲေလ..။
ႏိုင္း ဧည့္ခန္းတြင္ျမင္လိုက္ရေသာ
လူရိပ္ေၾကာင့္ စိတ္ကိုတင္းကာေမး
လိုက္သည္..။
"ဘယ္သူလဲ..!!.."
ထိုလူရိပ္သည္ ႏိုင္းအသံေၾကာင့္ တစ္ခဏ
ရပ္တန္႔သြားသည္။ ႏိုင္း ခံစားခ်က္အရအေမွာင္ထဲ
မွေန၍ ထိုသူက ႏိုင္းကိုစိုက္ၾကည့္ေနသည္ဟု
ခံစားေနရသည္။ ရင္းႏွီးေနသလို ခံစားရေသာ
ထိုသူ၏ကိုယ္ဟန္အေနအထားေၾကာင့္ ႏိုင္း
ထိုအရိပ္အနားကို ကပ္သြားမိသည္..။
အနည္းငယ္ ယိုင္ေနသလိုျဖစ္ေနေသာ
အရိပ္သည္ ႏိုင္း အနားမေရာက္ခင္မွာ
ပင္ လဲက်သြားေသာေၾကာင့္ ႏိုင္းအလ်င္အျမန္
အနားေရာက္သြားေတာ့ ျမင္လိုက္ရေသာ..
မ်က္ႏွာေၾကာင့္ အလန္႔တၾကားျဖင့္ အမည္
တစ္ခုကို ေရရြတ္လိုက္မိသည္ ...။
"မိုင္း..!!..."
ပံုမွန္မဟုတ္ဘဲျဖဴေလ်ာ့ေနေသာ မိုင္းက
မ်က္ႏွာတစ္ခုလံုးေခြၽးမ်ားရြဲေနသည္...။
မိုင္း၏ ဝမ္းဗိုက္ေနရာတြင္ေတာ့ ေသြး
မ်ားစိမ့္ထြက္ေနေသာ ဒဏ္ရာတစ္ခုက
ေနရာယူထားသည္..။
ႏိုင္း ဒဏ္ရာေနရာကိုေသြးထြက္မလြန္ေစ
ရန္ လက္ႏွင့္ဖိကိုင္ကာ မိုင္းကို သတိမလြတ္
သြားေစရန္ သတိေပးရသည္..။
"မိုင္း.. မ်က္လံုးမမွိတ္သြားန႔ဲေနာ္...
ငါ မင္းကိုေဆးရံုလိုက္ပို႔ေပးမယ္.."
ႏိုင္း..မိုင္းကိုေဆးရံုပို႔ရန္အတြက္ ထူမရန္
လုပ္ေသာ္လည္း ေသြးမ်ားေပေနေသာ
မိုင္း၏ လက္တစ္ဖက္က ႏိုင္း လက္ကို
ကိုင္ကာ တားလာသည္။
"ေဆးရံုမသြားခ်င္ဘူး..."
တိုးလ်ေသာမိုင္း အသံေၾကာင့္ ႏိုင္းမနည္း
ႀကိဳးစားကာ နားေထာင္လိုက္ရသည္..။
ေသလုေျမာပါး ျဖစ္ေနသည္ကိုပင္ ေဆးရံု
မသြားခ်င္ေသာ မိုင္းကို ႏိုင္းနားမလည္ေတာ့။
မိုင္း စကားကိုနားေထာင္လိုက္ေသာေၾကာင့္
မိုင္း ကိုဆံုး႐ွံဳးလိုက္ရမည္ကို ႏိုင္းလက္မခံႏိုင္
ပါ..။
"မရဘူး ေသြးထြက္လြန္သြားလိမ့္မယ္
ငါ မင္းကိုေဆးရံုပို႔ေပးမယ္...."
ႏိုင္း..မိုင္းကိုအတင္းထူမကာ ေဆးရံုပို႔ရန္
လုပ္လိုက္သည္။ ေသြးထြက္လြန္စျပဳေန
ေသာ မိုင္းက ႏိုင္းကိုမတားႏိုင္ေတာ့..။
ထိုစဥ္ ေအးစက္စက္ႏိုင္ေသာ ေသနတ္
ေျပာင္းဝတစ္ခုက ႏိုင္း၏ နားထင္ကို
ထိကပ္လာသည္။ ကလစ္ခနဲေနေအာင္ ေသနတ္
ကိုေမာင္းတင္လိုက္သံႏွင့္ တစ္ဆက္တည္းတြင္ပင္
ေအးစက္လြန္းေသာ အသံကထြက္လာသည္..။
"သူ႔ကိုငါ့ဆီလႊဲေပး.."
သတိလစ္ေတာ့မတတ္ျဖစ္ေနေသာ
မိုင္းက ႏိုင္းကိုေသနတ္ႏွင့္ခ်ိန္ထားေသာ
သူကို စူးရဲစြာၾကည့္သည္..။
"သူ႔ကိုထိရင္ ငါမင္းကိုသတ္ျပစ္မယ္.."
အားယူကာေျပာေနရေသာ္လည္း မိုင္း၏
စကားလံုးမ်ားက ဓားသြားထက္ထက္မ်ား
ဖြက္ထားသလို ထက္႐ွကာ ျပတ္သား
သည္။ ၾကားရသူတိုင္း ေၾကာက္ရြံ႔ေစႏိုင္
ေသာ္လည္း ေသနတ္ကိုင္ထားေသာ
သူကေတာ့ တိတ္ဆိတ္စြာ ရပ္ေနတုန္း
ျဖစ္ကာ ေသနတ္ေျပာင္းဝကိုပင္ ႏိုင္း..
နားထင္ကိုပိုကာ ထိကပ္လိုက္ေသးသည္။
မိုင္းက အံႀကိတ္ထားေသာအသံျဖင့္ေျပာ
လာသည္..။
"ယဇ္..!! မင္းက ငါ့အမိန္႔ကိုလြန္ဆန္တာ
လား.."
မိုင္းေျပာေသာ ယဇ္ဆိုေသာသူက...
မထံုတတ္ေတးအမူအရာျဖင့္ပင္...
ႏိုင္းကိုၾကည့္ကာ ပထမစကားကိုပင္
ျဖည့္စြက္စကားအခ်ိဳ႕ျဖင့္ ထပ္ေျပာလာသည္။
"သူ႔ကိုလႊဲေပး.. မေသေစခ်င္ရင္.."
ယဇ္ ဆိုေသာသူ၏စကားအဆံုး ႏိုင္း
မိုင္းကိုကိုင္ထားေသာ လက္မ်ားကို..
ေျဖေလ်ာ့လိုက္ေတာ့..။
"မင္း တကယ္ဘဲ မိုင္း ကိုကယ္ေပးႏိုင္
တာလား.."
မိုင္းကို ဆြဲယူကာတြဲကူလိုက္ေသာ
ထိုသူက ႏိုင္းကိုေအးစက္စက္ၾကည့္ကာ
ျပန္ေျဖလာသည္..။
"ငါကမင္းလို မဟုတ္ဘူး..သူနာက်င္ေန
တာေတာင္မသိတ့ဲ မင္းလိုအသံုးမက်တ့ဲ
သူမဟုတ္ဘူး..။ သူဘာလို႔ ဒဏ္ရာရလာ
လဲ သိလား..."
မိုင္း၏ ေဒါသတႀကီးဟန္႔တားသံကထြက္
လာသည္..။
"ယဇ္..!!!.."
ယဇ္က ဂ႐ုမစိုက္ ေအးစက္လြန္းေသာ
မ့ဲျပံဳးတစ္ခုျဖင့္ဆက္ေျပာလာသည္...။
"အဟက္..!!.. မင္းရ႕ဲခ်စ္လွစြာေသာ
တူေလးကို သြားေမးေလ.."
ႏိုင္း ဘာမွျပန္မေျပာႏိုင္ခင္မွာပင္ ယဇ္ဆိုေသာ
သူက ေသနတ္ကို ခါးၾကားထိုးလိုက္ကာ အေစာ
ထဲက သတိလစ္သြားၿပီျဖစ္ေသာ မိုင္းကိုတြဲကာ
ကားေပၚတင္ၿပီးသည္ႏွင့္ ကားကိုၾကမ္းတမ္းစြာ
ေမာင္းထြက္သြားေတာ့သည္..။
ႏိုင္း ျမန္ဆန္လြန္းေသာ အေၾကာင္းအရာ
မ်ားကို လိုက္လို႔ပင္မမွီႏိုင္ေတာ့..။ လက္တြင္
စြန္းထင္းေနေသာ မိုင္း၏ေသြးမ်ားသာမ႐ွိပါက
ႏိုင္း ယခုအျဖစ္အပ်က္မ်ားကို အိမ္မက္ဟုထင္
မိမွာအမွန္ပင္..။
ၿပီးေတာ့ မိုင္းဒဏ္ရာရေသာ ကိစၥကတူေလး
သစ္မိုးႏွင့္ ပတ္သတ္ေနသည္တ့ဲ။ဘာေတြ
ျဖစ္ကုန္တာလဲ။ ထို႔ျပင္...
အျမဲျပံဳးေနတတ္တ့ဲ မိုင္းမွာ နာက်င္စရာေတြ
႐ွိေနသည္တ့ဲ..။ အျမဲျပံဳးေနတတ္တ့ဲ မိုင္း
ကေလ....။
______________
(A/N- Birthday wish ေလးေတြအတြက္
ေက်းဇူးပါ..။ တစ္ခုခ်င္းစီကိုဖတ္ၿပီး အရမ္းခ်စ္ရ
ပါတယ္႐ွင့္❤..)
JM(3.1.2021)
Next>>>>>
(Unicode)🍀🍀🍀🍀🍀
Part-45
(ကိုယ်..ချစ်သော clover..!!..)
တိမ်ငယ် ကျောပိုးအိတ်အနီလေးကိုလွယ်ကာ
စာသင်ခန်းထဲမှထွက်လာလိုက်သည်။ ကျောင်း
ရှေ့ရောက်တော့ လာကြိုနေကြ ကိုကြီးလင်းနေ
က မရောက်သေး။ တိမ်ငယ်ကျောင်းရှေ့ရှိ...
အနီရောင်စိန်ပန်းပင်ကြီး အောက်တွင်ရပ်ကာ..
စောင့်နေရန်သာဆုံးဖြတ်လိုက်သည်..။
ရံဖန်ရံခါ ကိုယ်ဆီအိမ်ပြန်နေကြသော အတန်း
ဖော်သူငယ်ချင်းများကို လိုက်ကြည့်ရင်း ဖိနပ်ထိပ်
လေးဖြင့်မြေကြီးကို ထိုးစွကာဆော့နေမိသည်..။
ရွက်စိမ်း နေမကောင်းသောကြောင့် တိမ်ငယ်..
တစ်ယောက်ထဲဖြစ်နေရသည်။ အရင်နေ့များဆို
ပါက ရွက်စိမ်းနှင့်တူတူစကားပြောရင်း မပျင်းရ..။
တိမ်ငယ် ကျောတွင်လွယ်ထားသော ကျောပိုးအိတ်
လေး၏ဘေးကြိုးစနှစ်ဖက်ကို လက်သေးသေးလေး
ဖြင့်ဆွဲရင်း ပါးလေးကိုဖောင်းကာ လေပူများကိုမှုတ်
ထုတ်လိုက်မိသည်။
ရွက်စိမ်းက သွက်လက်ချက်ချာကာ ချစ်စရာ
ကောင်းသောလူသားလေးပုံစံဆိုလျှင် တိမ်ငယ်က အရာအားလုံးကို အကောင်းမြင်တတ်သော ဖြူစင်
လွန်းသည့် အရိုးခံလူသားလေးဖြစ်သည်..။
တိမ်ငယ် ရပ်စောင့်နေသောစိန်ပန်းပင်ကြီးသည်
အရွက်များဝေဝေဆာဆာမရှိတော့သောကြောင့်
ညနေခင်း၏ နေရောင်တစ်ချို့မှာ တိမ်ငယ်၏..
မျက်နှာလေးပေါ်သို့ကျနေလေသည်..။
တိမ်ငယ်လက်လေးတစ်ဖက်ကိုဆန့်ကာ
မျက်နှာအနီးတွင်ကာလိုက်ရင်း နေရောင်
ကြောင့် မျက်လုံးလေးကို အနည်းငယ်..
မှေးကျဉ်းထားသေးသည်။
တိမ်ငယ် ခေါင်းလေးငုံ့ကာ မြေကြီးကိုသာ
ဖိနပ်ထိပ်လေးနှင့် ဆက်တိုက်ထိုးစွနေလိုက်
သည်။ ထိုစဉ် ကိုယ်ငယ်လေးပေါ်အုပ်မိုးကျ
လာသော ထီးရိပ်ကြောင့် တိမ်ငယ်ပေါ်သို့
ကျနေသောနေရောင်စူးစူးသည် ပျောက်ကွယ်
သွားလေသည်..။ တိမ်ငယ် ခေါင်းလေးကိုမော့
ကာကြည့်လိုက်တော့ ပြုံးပြနေသောအစ်ကိုကြီး
တစ်ယောက်။ ကျောင်းအကျႌမှတံဆိပ်အရ...
တိမ်ငယ်တို့ကျောင်းက အတန်းကြီးအစ်ကိုကြီး
ဖြစ်မည်..။
"အိမ်ကလာမကြိုသေးဘူးလား တိမ်ငယ်.."
"ဟုတ်ကဲ့ လာမကြိုသေးပါဘူးဗျ။ ဒါနဲ့ ဒီဘက်က
အစ်ကိုကြီးက တိမ်ငယ်က တိမ်ငယ်ဆိုတာကိုဘယ်လိုလုပ်ပြီးသိနေတာလဲဟင်.."
တိမ်ငယ်လေး၏ အမေးအဆုံးထိုကျောင်းသားက သဘောတကျရီသည်။ ဘယ်ဘက်လက်ထဲတွင်ကိုင်ထားသောထီးကို ညာဘက်လက်ဖြင့်ပြောင်း
ကိုင်ရင်း မျက်နှာချင်းဆိုင်ရပ်နေရာမှ တိမ်ငယ့်
ဘေးတွင်ယှဉ်ရပ်သည်..။ ပြီးမှ ပြောလာသည်။
"၈တန်း(A)ခန်းက လူယဉ်ကျေးလေးနဲ့..
အတန်းခေါင်းဆောင်သေးသေးလေးကို
မသိဘဲနေပါ့မလား..။ ကိုကြီးက ၁၀တန်းက
ပိုင်စိုးပါ..။ ကျောင်းကောင်စီအဖွဲ့ဝင်ပေါ့..။ဒီနေ့
ဆရာမတို့ကို ကူညီပေးနေလို့အခုမှပြန်ရမှာ.."
ပိုင်စိုး ပြောသည်မှာအပိုတော့မဟုတ်..။
ဆရာမများ၏ အချစ်တော်လေးနှစ်ယောက်
သည် တကယ်ပင်လူသိများသည်..။
"အာ..ဟုတ်ကဲ့ဗျ..."
တိမ်ငယ်က ပိုင်စိုးဆိုသောကျောင်းသားပြော
သမျှကိုသေချာ နားထောင်ကာ စကားဆုံးတိုင်း
ယဉ်ကျေးစွာပြန်ဖြေသည်။ ကျောင်းဆင်းသည်
မှာ မိနစ်အနည်းငယ်ကြာသွားပြီဖြစ်သောကြောင့်
အနည်းငယ် လူရှင်းစပြုလာလေပြီ..။
တိမ်ငယ် မျက်လုံးဝိုင်းလေးများသည်လည်း
လမ်းဘက်ကိုတကြည့်ကြည့်ဖြစ်လာရသည်။
ပိုင်စိုးက တိမ်ငယ့် ပုခုံးကိုလှမ်းဖက်ကာ
သူ့ဘက်ကိုလှမ်းဆွဲသည်။
"ထီးအရိပ်အောက်မှာနေလေ နေပူတယ်.."
"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်ဗျ.."
တိမ်ငယ် ခေါင်းလေးငြိမ့်ကာပြန်ဖြေရင်း
ကျေးဇူးတင်စကားပြောလိုက်သည်။ ဒါကို
ပင် ပိုင်စိုးက သဘောကျစွာပြုံးသည်။မြင့်မား
သောအရပ်ကြောင့် သူ့ပုခုံးစွန်းလောက်သာရှိ
သောတိမ်ငယ့် ဘက်ကို ခေါင်းအနည်းငယ်
စောင်းလိုက်ရင်း အနည်းငယ်ငုံ့ကိုင်းလိုက်ကာ..
"တိမ်ငယ်.."
တိမ်ငယ် မိမိကိုခေါ်လာသော အတန်းကြီး
အစ်ကိုကြီးကြောင့် ကားလမ်းဘက်ကိုကြည့်
နေရာမှ မော့ကြည့်ကာပြန်ထူးလိုက်သည်..။
"ဗျာ.."
ပိုင်စိုးက ခေါင်းကိုပိုမိုကာငုံ့ကိုင်းလိုက်ရင်း...
တိမ်ငယ်၏ ခပ်ရဲရဲပါးလေးနှင့် မျက်နှာလေးကို
စေ့စပ်စွာကြည့်သည်။ အူကြောင်ကြောင်လေး
ပြန်ကြည့်နေသော တိမ်ငယ်က အတော်ပင်
ချစ်စရာကောင်းနေသည်။ ပိုင်စိုးပြောလိုက်သည်။
"ချစ်စရာကောင်းတယ်.."
တိမ်ငယ် အတန်းကြီးအစ်ကိုကြီး၏စကားကို
ဘာမှပြန်မပြောရသေးခင်မှာပင် ကားကို
ဘရိတ်စောင့်နင်းကာရပ်လိုက်သောအသံနှင့်
အတူ ခက်ထန်သောအသံကတစ်ဆက်တည်း
ဆိုသလိုပင်ထွက်လာသည်။
"ခရမ်းချဉ်သီး အခုချက်ချင်းဒီကိုလာခဲ့စမ်း..!!.."
ကားတံခါးဖွင့်သံနှင့်အတူ ခြေတံရှည်ရှည်များ
ဖြင့် ဒီရေလှိုင်းက ကားပေါ်မှဆင်းလာသည်။
ရှပ်အကျႌကို ကြယ်သီးနှစ်လုံးခန့်ဖြုတ်ထား
ပြီး အကျႌလက်များကိုတံဆောင်ဆစ်နားအထိ
ခေါက်တင်ထားသည်။ သွေးကြောစိမ်းများဖြင့်
ကြည့်ကောင်းနေသော လက်တစ်ဖက်တွင်တော့
တန်ဖိုးကြီးနာရီတစ်လုံးကို ပတ်ထားသည်။
ဒီရေလှိုင်း၏ အကြည့်များကတော့ ပဲုမှန်ထက်ပင်
ပိုမိုကာ စူးရှနေသည်။
နေရာတွင်ပင်ရပ်နေသေးသော တိမ်ငယ်ကြောင့်
ဒီရေလှိုင်း၏ မျက်ခုံးထင်းထင်းများက ပိုကာ
တွန့်ချိုးသွားသည်။ လက်တစ်ဖက်ကိုအနည်း
ငယ်ဆန့်တန်းလိုက်ကာ...
"ဒီကိုလာခဲ့..."
တိမ်ငယ် ဒီရေလှိုင်း၏ စကားအတိုင်းလိမ္မာ
စွာပင် ဒီရေလှိုင်းအနားသို့လျောက်သွား..
လိုက်တော့ ဒီရေလှိုင်း၏ လက်တစ်ဖက်က
တိမ်ငယ်၏ ပုခုံးကျဉ်းကျဉ်းလေးပေါ် နေရာ
ယူလာသည်..။ တိမ်ငယ့် ကိုယ်ငယ်လေးမှာ
ဒီရေလှိုင်း၏ သန်မာသော လက်များကြား
နစ်မြုပ်သွားတော့သည်..။
ဒီရေလှိုင်းက ကျောင်းစိမ်းပုဆိုးလေးနှင့်
ပိုင်စိုးကို စူးစမ်းသလိုကြည့်သည်..။
ဒီရေလှိုင်း၏ အကြည့်များက မောက်မာ
သောသခင်လေးဟူသော ဂုဏ်ပုဒ်ပီသစွာ
စူးရဲလွန်းသည်..။
တိမ်ငယ်ကတော့ ဘာမှမသိစွာပင်
သူ့ပုခုံးပေါ်လက်တင်ထားသော...
ဒီရေလှိုင်းကို မော့ကြည့်ကာ သူသိချင်
သည်အား မေးလာသည်..။
"ကိုကြီးက လာမကြိုဘူးလားဟင်
ကိုကြီးသူငယ်ချင်း"
တိမ်ငယ်၏ အမေးက ဒီရေလှိုင်းကို...
မကျေမနပ်ဖြစ်စေသည်..။ တိမ်ငယ်ကို
မျက်မှောင်ကြုတ်ကာ ငုံ့ကြည့်လိုက်သည်။
"ငါလာကြိုလို့မရဘူးလား.."
ဒီရေလှိုင်း၏ ခပ်ဆတ်ဆတ်နိုင်သော
အသံနှင့်ပြောလာသော စကားအဆုံး
တိမ်ငယ်က မျက်လုံးပြူးလေးဖြင့်...
မော့ကြည့်လာသည်..။
"အဲ့လိုမဟုတ်ပါဘူး ကိုကြီးသူငယ်ချင်း
လာကြိုလို့ရပါတယ်..။ တိမ်ငယ်က ဒီတိုင်း
မေးကြည့်တာပါ.."
ထိုအခါမှသာ ဒီရေလှိုင်း၏အကြည့်စူးစူး
များက ရှေ့မှပိုင်စိုးဆိုသောကျောင်းသား
ဆီသို့ပြန်ရောက်သွားတော့သည်..။
ဒီရေလှိုင်း တိမ်ငယ်ကို လာကြိုခါနီး
အရေးကြီးကိစ္စတစ်ခုပေါ်လာသော
ကြောင့် အရေးပေါ်အစည်းအဝေးတစ်ခု
ချက်ချင်းကျင်းပလိုက်ရသည်..။
အစည်းအဝေးကို အမြန်ဆုံးလက်စသတ်ကာ
ကားကိုအမြန်မောင်းလာခဲ့ခြင်းဖြစ်ကာ ကား
တစ်စီးနှင့်မတော်တဆမှုတစ်ခုဖြစ်ခဲ့သေးသည်။
ဒီရေလှိုင်း၏ တန်ဖိုးကြီးကားကိုကြည့်ကာ
ရစ်နေသော တစ်ဖက်ကားမှလူကြောင့်..
ဒီရေလှိုင်း ဒေါသကိုအတော်ထိန်းထားရ
သည်။
ထိုသူကိုတစ်စဆီလုပ်ပြစ်လိုက်ချင်သော်လည်း
တစ်ဖက်လူသတိလစ်မှရပ်သည့် မိမိလက်ဆကို
သိသောကြောင့် စိတ်ထိန်းနေခြင်းဖြစ်သည်..။
ထိုသူသေသွားမှာဆိုးသောကြောင်းတော့
မဟုတ် အချိန်ထပ်ကြာနေမည်ဖြစ်သော
ကြောင့် ဖြစ်သည်..။
ဒီရေလှိုင်း ချက်လက်မှတ်တစ်ခုတွင် မနည်းသော ပမာဏတစ်ခုရေးကာ လက်မှတ်ထိုးပေး
လိုက်ချိန်မှထိုသူက ငြိမ်သွားတော့သည်..။
ဒီရေလှိုင်းက သူ့ကိုကြောက်သွားပြီဟု ယူဆ
လိုက်သော ထိုသူက ဒီရေလှိုင်းကို ငချွတ်
တစ်ယောက်ဟူသော အကြည့်ဖြင့်ကြည့်လာ
သည်..။
ချက်လက်မှတ်မှ သုညများကိုရေတွက်နေ
သော ထိုသူက မဲ့ပြုံးတစ်ခုဖြင့်ကြည့်နေသော ဒီရေလှိုင်း၏အပြုံးကိုတော့မမြင်ခဲ့..။ ဒီရေလှိုင်း
ဆိုသောသူက တန်ရာတန်ကြေး ဆိုသော
စကားကို လက်ဝယ်ထားသူဖြစ်သည်..။
ဒီရေလှိုင်း ကားကိုမောင်းမထွက်ခင်
ထိုသူ၏ကားကို အရှိန်ပြင်းပြင်းဖြင့်ဖြတ်တိုက်
ခဲ့သည်..။ ဒေါသထွက်စရာများသာ ကြုံခဲ့ရသော
ကြောင့် ဒီရေလှိုင်း၏မျက်နှာကပိုကာတည်တင်း
နေပြီး ပိုင်စိုးကိုရှိန်စေသည်..။ ဒီရေလှိုင်း ပိုင်စိုး
ကိုပြောလိုက်သည်...။
"မင်းက ဘယ်သူလဲ.."
ဒီရေလှိုင်း၏ အထက်စီးဆန်သောအသံကို
ထိုကောင်လေးက လန့်သွားပုံရသည်..။
သို့သော် ဒီရေလှိုင်းကတော့ ဂရုပင်မစိုက်..
အကြည့်စူးစူးများဖြင့် စိုက်ကြည့်နေသည်..။
"ကိုကြီးပိုင်စိုးက တိမ်ငယ်တို့ ကျောင်းကတဲ့
ကိုကြီးသူငယ်ချင်း..။ ကိုကြီးပိုင်စိုးက တိမ်ငယ့်
ကိုလာမကြိုသေးလို့ တူတူစောင့်ပေးနေတာ.."
တိမ်ငယ်၏ကိုယ်စားဖြေပေးမှုအဆုံး...
ဒီရေလှိုင်း၏ အကြည့်စူးစူးများက တိမ်ငယ့်
ဆီလွင့်လာတော့သည်..။
ဒီရေလှိုင်း တိမ်ငယ်လွယ်ထားသော
ကျောပိုးအိတ်ကိုယူလိုက်ကာ တိမ်ငယ်
ကိုခါးမှနေ၍ချီမလိုက်သည်..။
ဒီရေလှိုင်း၏ တိမ်ငယ်ကိုချီမလိုက်ပုံမှာ
ခွေးလေးကြောင်လေးများကို ခါးလယ်မှ
ဖြတ်ကာဆွဲမလိုက်ပုံနှင့်အတူတူပင်ဖြစ်
သည်..။ တိမ်ငယ်မှာ ဒီရေလှိုင်း၏ ခါးမှ
နေ၍ဆွဲမလိုက်သောကြောင့် ခြေနှင့်လက်
လေးမှာ လေထဲတွင်ပင် ကားယားလေးဖြစ်
နေလေသည်..။
"ကိုကြီးသူငယ်ချင်း.."
တိမ်ငယ် ယက်ကန်ယက်ကန်ဖြင့်..
သူ့ကိုအောက်ပြန်ချပေးရန် ပြောပါ
သော်လည်း ဒီရေလှိုင်းက မကြားချင်ယောင်
ဆောင်နေလေသည်...။
ဒီရေလှိုင်း မျက်စိရှေ့မှကောင်လေးကို...
နှုတ်ခမ်းတစ်ဖက်တွန့်တက်ယုံပြုံးပြီးပြော
လိုက်သည်..။
"ငါတို့အိမ်က ခရမ်းချဉ်သီးကို ကူညီပေးတဲ့
အတွက် ကျေးဇူးဘဲ..."
ဒီရေလှိုင်း ထိုစကားပြောပြီးသည်နှင့်...
တိမ်ငယ်ကို ချီမထားလျက်ပင် နေရာမှ
လှည့်ထွက်လာခဲ့သည်..။
*ကျစ်..!!.. စိတ်တိုဖို့ကောင်းတဲ့
ခရမ်းချဉ်သီး..*
_____________
Yမြို့တော်၏ ဆေးရုံခန်းလေးထဲတွင်တော့
သစ်မိုးအိမ်ကိုယ်တွင် ရေဘဝဲလေးတစ်ကောင်
ကပ်နေလေသည်..။ သစ်မိုးအိမ်က သူ၏ရေဘဝဲလေးကို ညင်သာစွာ ထွေးပွေ့ထားရင်း
နှုတ်ခမ်းများတွင်တော့ ရက်ပိုင်းကြာ ပျောက်
ကွယ်နေခဲ့သော အပြုံးများကို ဝေဝေဆာဆာ
ချိတ်ဆွဲထားသည်..။
ရှူးရှူးထွက်ကျသွားသည်ကို ရှက်နေသေး
သော ကလေးငယ်ကြောင့် သစ်မိုးအိမ်
ကိုယ်တိုင်သာ သန့်ရှင်းရေးလုပ်ပေးကာ
အဝတ်အစားလဲပေးလိုက်သည်..။
ရွက်စိမ်းလေးကို အဝတ်အစားလဲပေးနေစဉ်
တွင် သစ်မိုးအိမ်၏ လူများက အိပ်ရာခင်းများ
ကိုလဲလှယ်ပေးသွားကြသည်..။
ဒါကိုပင် သစ်မိုးအိမ်၏ အသည်းအသက်
ကလေးက နီရဲတွတ်နေသော မျက်နှာလေး
နှင့် ယခုတိုင်ပတ်တီးမဖြည်ရသေးသော...
ခေါင်းလုံးလုံးလေးကို သစ်မိုးအိမ်၏ ပုခုံးနှင့်
လည်ပင်းနေရာစပ်ကြားတွင် အပ်ကာဖုံးကွယ်
ရင်း ခွေးပေါက်လေးလို တအီအီလုပ်နေလေ
သည်..။ သစ်မိုးအိမ် အသည်းအသက်လေး၏
ချစ်စရာကောင်းလွန်းနေမှုကြောင့် အသည်းတ
ယားယားဖြစ်နေရသည်..။
"ကိုကို မကောင်းဘူး.. ကိုကိုမကောင်းဘူး.."
ထိုစကားကိုအကြိမ်ကြိမ်ရေရွတ်နေတော့...
သည်..။ ပြီးတော့ပြောလာသေးသည်...
Daddy ကိုပြန်မပြောပြပါနဲ့နော်တဲ့..။
အစောကဘောင်းဘီလဲပေးသောအခါတွင်
လည်း ငိုမဲ့မဲ့လေးဖြင့် သူ့မက်မွန်သီးလေးနှင့်
ရတနာလေးကို အတင်းကွယ်ထားသေး...
သည်..။ ထိုအချိန်က သစ်မိုးအိမ်၏ အပိုင်လေး
ရွက်စိမ်းက သူဘယ်လောက်ချစ်စရာကောင်း
နေမှန်းသိမှာမဟုတ်..။ သစ်မိုးအိမ်ကလည်း
မသိစေချင်..။ ရွက်စိမ်း၏ ချစ်စရာကောင်းမှု
များသည် သစ်မိုးအိမ်ဆိုသော မိမိတစ်ယောက်
သာ ပိုင်သည်မို့ သစ်မိုးအိမ်သိလျှင် လုံလောက်
ပြီမလား...။
သစ်မိုးအိမ် ရွက်စိမ်းကိုယ်လေးအား...
လုံခြုံစွာထွေးပွေ့ထားလိုက်ရင်း..
"အဆင်ပြေပါတယ် clover..
ဘာမှမဖြစ်ပါဘူး..."
သစ်မိုးအိမ် ပြောလိုက်တော့ ခွေးပေါက်လေး
လို တအီအီလုပ်နေသော ရွက်စိမ်းအသံက
တစ်ခဏရပ်သွားသည်။ သို့သော် တအီအီ
သံလေးက ထပ်ထွက်လာပြန်သည်..။
"ရှက်..ရှက်စရာကြီး..အီးဟီးဟီး~!!.."
"ဒါကမထူးဆန်းပါဘူး ကလေးတွေ
ကဒီလိုဘဲဖြစ်တတ်တယ်။ ကိုကို့ clover
က ကလေးလေး မဟုတ်ဘူးလား.."
သစ်မိုးအိမ်၏ ခပ်မြူးမြူးအသံအဆုံး
အကောင်ငယ်လေးက သေချာစဉ်းစား
နေပုံဖြင့် ငြိမ်နေသည်။ ပြီးမှ သစ်မိုးအိမ်
ကိုမော့ကြည့်ကာ ဖြေလာသည်..။
"ရွက်စိမ်းက ကလေးလေး..."
"အဟား...~!!!... ဟုတ်တယ် ကိုကို့
အပိုင်လေးက ကလေးလေး..."
"ကိုကိုက ရွက်စိမ်းအပိုင်..သူများကိုပေး
ဘူး..။ ရွက်စိမ်းတစ်ယောက်ထဲပိုင်တာ..။
ဒါပေမယ့် ကိုကို့က မကောင်းဘူး..~.."
ကံကောင်းခြင်းလေးက နှုတ်ခမ်းလေးထော်ကာ သစ်မိုးအိမ်ကို သူ့အပိုင်ဟုပြောတာကို...
သစ်မိုးအိမ် အလွန်သဘောကျသည်။ သစ်မိုးအိမ် ကလေးငယ်ကို စချင်လာသောကြောင့်..
"ကိုကိုက ကောင်းပါတယ်ကွာ.."
ချက်ချင်းပင် အသံစူးစူးလေးက ထွက်လာသည်။
"ကောင်းဘူး...ဘာမှ.."
"ကောင်းပါတယ်ကွာ..."
"မကောင်းဘူး..!.."
"ကောင်းတယ်.."
"ကိုကို..!!.."
"ဟားဟား..ဟုတ်တယ် ဟုတ်တယ်
ကိုကိုက မကောင်းဘူး လူဆိုးကြီးနော်.."
ထိုအခါမှ ကျေနပ်သွားသော ပေါက်စက
နှာခေါင်းလေးကို တစ်ချက်ရှုံု့ကာ မကြား
တကြားပြောလာသည်..။
"ကိုကိုက ပိစိလောက်လေးဘဲမကောင်းတာ.."
အသည်းအသက်လေးက သစ်မိုးအိမ်၏
အသည်းတစ်ခုလုံး ပုရွက်ဆိတ်ကိုက်အောင်
ပြောပြီးသည်နှင့် သူ့ပါးလေးဖြင့် သစ်မိုးအိမ်
လည်ပင်းအနားကို တိုးဝှေ့ကာ ပွတ်သပ်ရင်း
ချွဲနေပြန်သည်..။
"ဘာကောင်လေးလဲကွာ..."
သစ်မိုးအိမ်၏ မချင့်မရဲရေရွတ်သံအဆုံး
ပြန်ဖြေလာသည်က "ကိုကို့ အကောင်ငယ်
လေးပါ.."တဲ့...။
"ကိုကို ရွက်စိမ်းလေး အိမ်ပြန်ချင်တယ်..
Daddy ကိုလည်းသတိရတယ်..။ လေးလေး
ကောင်းကိုရောဘဲ..။ ပြီးတော့ ကိုကို့ဝယ်လာ
တဲ့ ဖရဲသီးကိတ်လေးက တစ်ခုဘဲစားရသေး
တယ်.. ထပ်စားချင်သေးတာ..."
ရွက်စိမ်းပြောသမျှကို ပြုံးကာနားထောင်နေ
သော သစ်မိုးအိမ်သည် ရွက်စိမ်း၏နောက်ဆုံး
စကားအရောက် သေလောက်အောင် ထိတ်
လန့်သွားရသည်..။
"clover..!!.."
သစ်မိုးအိမ်၏ အသံမှာ မာသွားသောကြောင့်
ရင်ခွင်ထဲတွင် ထွေးပိုက်ထားသော ရွက်စိမ်း၏
ကိုယ်ငယ်လေးပင် တုန်သွားရသည်။ သစ်မိုးအိမ် ချက်ချင်းပင် သတိထားမိသောကြောင့် ပြော
လိုက်သည်..။
"တကယ်တော့လေ ကိုကိုဦးလေးကြီး
တစ်ယောက်ကိုကျွေးလိုက်တာ clover
ရဲ့..။ အဲ့ဒီဦးလေးကြီးက အရမ်းကြိုက်လို့
နှစ်ခုလုံးကုန်အောင် စားပြစ်လိုက်တာ..။
clover စားချင်ရင် ကိုကိုကိုယ်တိုင်လုပ်ပေး
မှာပေါ့.."
ထိုစကားပြောနေချိန်တွင်တော့ သစ်မိုးအိမ်
၏ မျက်ဝန်းများက အေးစက်လွန်းနေသည်။
"အဲ့လိုကိုး..။ ကိုကို..ကိုကို..အဲ့ဦးလေး
ကြီးရော ရွက်စိမ်းလေးတုန်းကလို သွေးနီ
နီတွေ ထွက်လာသေးလားဟင်.."
"သွေးလား..? မထွက်ပါဘူး clover..ရဲ့.."
သစ်မိုးအိမ် ပုံမှန်အတိုင်းသာ ပြန်ဖြေနေသော်
လည်း ရွက်စိမ်းလေးကို ထွေးဖက်ထားမှုက
တော့ ပိုကာတင်းကြပ်လာသည်..။
"clover.."
"ဗျာ.."
"ကိုကိုအိပ်ချင်တယ် "
သစ်မိုးအိမ် အပြောအတိုင်းပင် ဆေးရုံခန်း
ထဲတွင်ပါသော ဆိုဖာအရှည်ပေါ်တွင်လှဲချ
လိုက်တော့ သစ်မိုးအိမ် ထွေးပိုက်ထားသော
ကံကောင်းခြင်းသင်္ကေတလေးက သစ်မိုးအိမ်
၏ ကိုယ်ပေါ်တွင် ကွေးကွေးလေးပါလာသည်။
ဘေးနားက စောင်ပါးလေးတစ်ထည်ကိုယူ
လိုက်ကာ အပေါ်မှခြုံလွှားလိုက်ပြီး နဖူးပြေပြေ
လေးကို ငုံ့နမ်းလိုက်သည်။ သစ်မိုးအိမ်၏...
ကံကောင်းခြင်းလေးကတော့ သူအကြိုက်ဆုံး
အိပ်ယာကိုတွေ့သွားသည်အလား ပါးစပ်သေး
သေးလေးကို အနည်းငယ်ဟကာ ဝှါးပင်သန်း
လိုက်သေးသည်..။
ပြီးသည်နှင့် သစ်မိုးအိမ်၏ သန်မာတောင့်တင်း
သော ရင်ခွင်ကျယ်ဆီကို သူ၏ပါးအိအိလေးကို
အပ်ကာ အနည်းငယ်ပွတ်သပ်လိုက်သေးသည်။
ပြီးမှမျက်လုံးလေးများက တဖြည်းဖြည်းမှေးစင်း
လာလေသည်..။ အိပ်ချင်မူတူးလေးက ခေါင်း
လေးထောင်လာကာ သစ်မိုးအိမ်၏ မေးရိုးထင်း
ထင်းကိုသူ၏နှုတ်ခမ်းပိစိလေးဖြင့်ထိကပ်သည်။
"ကိုကို ကောင်းကောင်းအိပ်ပျော်ပါစေ.."
ပြောပြီးသည်နှင့် သစ်မိုးအိမ်ရင်ခွင်ထဲတွင်
သူ၏ ကိုယ်ငယ်လေးကို ခွေကာပြန်အိပ်သွား
တော့သည်..။ သစ်မိုးအိမ်၏ နှုတ်ခမ်းများသည်
အပြုံးများမစဲတော့။ ကံကောင်းခြင်းလေးတွင်...
သစ်မိုးအိမ်၏ အသည်းကိုခြွေရန် နည်းလမ်း
ပေါင်းစုံရှိပုံရသည်..။
ရွက်စိမ်း၏ စည်းချက်ညီသော အသက်ရှူသံ
လေးကို နားထောင်ရင်း သစ်မိုးအိမ်ပါ နှစ်ခြိုက်
စွာ အိပ်ပျော်သွားတော့သည်..။
တစ်ခဏအကြာ ထမင်းချိုင့်လာပို့သော
ဦးကောင်းသည် ဆေးရုံခန်းလေးအတွင်း
သို့ရောက်လာလေသည်..။ တိတ်ဆိတ်နေ
သော အခန်းငယ်ကြောင့် ဦးကောင်း..
မျက်လုံးများကို ဝေ့ဝှဲကာကြည့်လိုက်တော့
ရွက်စိမ်းလေးကို ထွေးပွေ့ပြီး နှစ်ခြိုက်စွာ
အိပ်ပျော်နေသော သခင်လေး..။
ဆေးပိုက်များမရှိတော့သော ရွက်စိမ်းလေး
ကိုမြင်ရသည့်အတွက် ဦးကောင်းအလွန်
ဝမ်းသာမိသည်..။ ဦးကောင်း အခန်းထဲမှ
တိတ်တဆိတ် ပြန်ထွက်သွားရန်သာ...
ရွေးချယ်လိုက်သည်..။
ရွက်စိမ်းလေးနှင့် ရွက်စိမ်းလေးကို ရူးသွပ်
လွန်းသော သခင်လေးနှစ်ခြိုက်စွာ အိပ်ပါ
စေလေ..။ ကိုယ်တိုင်ကတော့ ရွက်စိမ်းလေး
သတိရလာကြောင်း သခင်ကြီးကို အကြောင်း
ကြားရန်သာ လုပ်လိုက်သည်..။
______________
နိုင်း ညဘက်မအိပ်ခင် စာဖတ်တတ်သော
အလေ့အကျင့်အတိုင်း ကုတင်ခေါင်းရင်းကို
မှီကာထိုင်ရင်း စာအုပ်တစ်အုပ်ကိုဖတ်နေခြင်း
ဖြစ်သည်။ နိုင်း စာအုပ်ဖတ်နေခြင်းကို တစ်ခဏ
ရပ်လိုက်ကာ စာကြည့်မျက်မှန်ကိုချွတ်လိုက်ပြီး
မျက်ရိုးများကို ဖိနှိပ်လိုက်သည်..။ ကုတင်ဘေး
စားပွဲပေါ်တွင်တင်ထားနေကြ ရေဗူးဆီကို လက်
လှမ်းလိုက်သည်။ မကြာခဏရေသောက်တတ်
သော နိုင်းက အနီးအနားလက်လှမ်းမှီရာတွင်
ရေဗူးတစ်ဗူးကို ထားတတ်သည်..။
နိုင်း လက်ထဲတွင် ကိုင်ထားသော ဗူးက
ပေါ့ရွတ်နေကာ ရေကုန်နေသည်။ နိုင်း သက်
ပြင်းသာချမိသည်။ အစစအရာရာ လိုက်လုပ်
ပေးတတ်သော မိုင်းကြောင့် နိုင်းပင်အကျင့်ပျက်
နေသည်မှာကြာပြီဖြစ်သည်..။
နိုင်း ကုတင်ပေါ်ကထကာ မီးဖိုးချောင်ဘက်တွင်
ရေသွားဖြည့်ရန်လုပ်လိုက်သည်။ အိမ်နေရင်း
စီးဖိနပ်လေးကို ဝတ်လိုက်ကာ မီးဖိုချောင်သို့
ဦးတည်လိုက်သည်။ နိုင်း အခန်းမှလွဲ၍ တစ်အိမ်
လုံး အမှောင်ချထားခြင်းဖြစ်သည်။ နိုင်း ရင်းနှီး
နေသောကိုယ့်အိမ်ဖြစ်သောကြောင့် မီးများကို
တစ်အိမ်လုံးမဖွင့်တော့ဘဲ ထမင်းစားခန်းမီးကို
သာ ဖွင့်လိုက်သည်။
အိမ်တစ်အိမ်လုံး နိုင်းတစ်ယောက်သာရှိသော
ကြောင့် အနည်းငယ် ခြောက်ကပ်ကပ်နိုင်သည်။
မိုင်း တစ်ယောက်က လွန်ခဲ့သော ၅ရက်ထဲက
ခရီးထွက်သွားသောကြောင့် နိုင်း တစ်ယောက်
ထဲ ဖြစ်နေခြင်းဖြစ်သည်။
အရင်ဆို တစ်ရက်ပင်မကြာပြန်ရောက်လာ
တတ်သောမိုင်းက အခုတော့ ၄..၅ရက်ကြာ
သည့်တိုင် ပြန်ရောက်မလာသေး။ နိုင်း နှင့်
လည်း အဆက်သွယ်မရ..။
နိုင်း ရေဗူးကိုရေဖြည့်နေစဉ် အိမ်ရှေ့ခန်း
မှ တစ်စုံတစ်ခုလဲကျသွားသလို အသံကျယ်
ကျယ်ကြောင့် လန့်သွားရသည်..။
နိုင်း ရေဗူးကိုထမင်းစားခန်းစားပွဲပေါ်
တင်လိုက်ကာ အခြေအနေသွားကြည့်
ရန်ဆုံးဖြတ်လိုက်သည်..။ အနည်းငယ်
လန့်မိသော်လည်း ကိုယ့်အိမ်ဖြစ်သော
ကြောင့် ကြောက်စိတ်တော့မရှိ။ အရေး
ကြုံလာလျှင်လည်း နိုင်း၏ ခြေလက်များ
က ကျိုးနေသည်မှမဟုတ်ဘဲလေ..။
နိုင်း ဧည့်ခန်းတွင်မြင်လိုက်ရသော
လူရိပ်ကြောင့် စိတ်ကိုတင်းကာမေး
လိုက်သည်..။
"ဘယ်သူလဲ..!!.."
ထိုလူရိပ်သည် နိုင်းအသံကြောင့် တစ်ခဏ
ရပ်တန့်သွားသည်။ နိုင်း ခံစားချက်အရအမှောင်ထဲ
မှနေ၍ ထိုသူက နိုင်းကိုစိုက်ကြည့်နေသည်ဟု
ခံစားနေရသည်။ ရင်းနှီးနေသလို ခံစားရသော
ထိုသူ၏ကိုယ်ဟန်အနေအထားကြောင့် နိုင်း
ထိုအရိပ်အနားကို ကပ်သွားမိသည်..။
အနည်းငယ် ယိုင်နေသလိုဖြစ်နေသော
အရိပ်သည် နိုင်း အနားမရောက်ခင်မှာ
ပင် လဲကျသွားသောကြောင့် နိုင်းအလျင်အမြန်
အနားရောက်သွားတော့ မြင်လိုက်ရသော..
မျက်နှာကြောင့် အလန့်တကြားဖြင့် အမည်
တစ်ခုကို ရေရွတ်လိုက်မိသည် ...။
"မိုင်း..!!..."
ပုံမှန်မဟုတ်ဘဲဖြူလျော့နေသော မိုင်းက
မျက်နှာတစ်ခုလုံးချွေးများရွဲနေသည်...။
မိုင်း၏ ဝမ်းဗိုက်နေရာတွင်တော့ သွေး
များစိမ့်ထွက်နေသော ဒဏ်ရာတစ်ခုက
နေရာယူထားသည်..။
နိုင်း ဒဏ်ရာနေရာကိုသွေးထွက်မလွန်စေ
ရန် လက်နှင့်ဖိကိုင်ကာ မိုင်းကို သတိမလွတ်
သွားစေရန် သတိပေးရသည်..။
"မိုင်း.. မျက်လုံးမမှိတ်သွားနဲ့နော်...
ငါ မင်းကိုဆေးရုံလိုက်ပို့ပေးမယ်.."
နိုင်း..မိုင်းကိုဆေးရုံပို့ရန်အတွက် ထူမရန်
လုပ်သော်လည်း သွေးများပေနေသော
မိုင်း၏ လက်တစ်ဖက်က နိုင်း လက်ကို
ကိုင်ကာ တားလာသည်။
"ဆေးရုံမသွားချင်ဘူး..."
တိုးလျသောမိုင်း အသံကြောင့် နိုင်းမနည်း
ကြိုးစားကာ နားထောင်လိုက်ရသည်..။
သေလုမြောပါး ဖြစ်နေသည်ကိုပင် ဆေးရုံ
မသွားချင်သော မိုင်းကို နိုင်းနားမလည်တော့။
မိုင်း စကားကိုနားထောင်လိုက်သောကြောင့်
မိုင်း ကိုဆုံးရှုံးလိုက်ရမည်ကို နိုင်းလက်မခံနိုင်
ပါ..။
"မရဘူး သွေးထွက်လွန်သွားလိမ့်မယ်
ငါ မင်းကိုဆေးရုံပို့ပေးမယ်...."
နိုင်း..မိုင်းကိုအတင်းထူမကာ ဆေးရုံပို့ရန်
လုပ်လိုက်သည်။ သွေးထွက်လွန်စပြုနေ
သော မိုင်းက နိုင်းကိုမတားနိုင်တော့..။
ထိုစဉ် အေးစက်စက်နိုင်သော သေနတ်
ပြောင်းဝတစ်ခုက နိုင်း၏ နားထင်ကို
ထိကပ်လာသည်။ ကလစ်ခနဲနေအောင် သေနတ်
ကိုမောင်းတင်လိုက်သံနှင့် တစ်ဆက်တည်းတွင်ပင်
အေးစက်လွန်းသော အသံကထွက်လာသည်..။
"သူ့ကိုငါ့ဆီလွှဲပေး.."
သတိလစ်တော့မတတ်ဖြစ်နေသော
မိုင်းက နိုင်းကိုသေနတ်နှင့်ချိန်ထားသော
သူကို စူးရဲစွာကြည့်သည်..။
"သူ့ကိုထိရင် ငါမင်းကိုသတ်ပြစ်မယ်.."
အားယူကာပြောနေရသော်လည်း မိုင်း၏
စကားလုံးများက ဓားသွားထက်ထက်များ
ဖွက်ထားသလို ထက်ရှကာ ပြတ်သား
သည်။ ကြားရသူတိုင်း ကြောက်ရွံ့စေနိုင်
သော်လည်း သေနတ်ကိုင်ထားသော
သူကတော့ တိတ်ဆိတ်စွာ ရပ်နေတုန်း
ဖြစ်ကာ သေနတ်ပြောင်းဝကိုပင် နိုင်း..
နားထင်ကိုပိုကာ ထိကပ်လိုက်သေးသည်။
မိုင်းက အံကြိတ်ထားသောအသံဖြင့်ပြော
လာသည်..။
"ယဇ်..!! မင်းက ငါ့အမိန့်ကိုလွန်ဆန်တာ
လား.."
မိုင်းပြောသော ယဇ်ဆိုသောသူက...
မထုံတတ်တေးအမူအရာဖြင့်ပင်...
နိုင်းကိုကြည့်ကာ ပထမစကားကိုပင်
ဖြည့်စွက်စကားအချို့ဖြင့် ထပ်ပြောလာသည်။
"သူ့ကိုလွှဲပေး.. မသေစေချင်ရင်.."
ယဇ် ဆိုသောသူ၏စကားအဆုံး နိုင်း
မိုင်းကိုကိုင်ထားသော လက်များကို..
ဖြေလျော့လိုက်တော့..။
"မင်း တကယ်ဘဲ မိုင်း ကိုကယ်ပေးနိုင်
တာလား.."
မိုင်းကို ဆွဲယူကာတွဲကူလိုက်သော
ထိုသူက နိုင်းကိုအေးစက်စက်ကြည့်ကာ
ပြန်ဖြေလာသည်..။
"ငါကမင်းလို မဟုတ်ဘူး..သူနာကျင်နေ
တာတောင်မသိတဲ့ မင်းလိုအသုံးမကျတဲ့
သူမဟုတ်ဘူး..။ သူဘာလို့ ဒဏ်ရာရလာ
လဲ သိလား..."
မိုင်း၏ ဒေါသတကြီးဟန့်တားသံကထွက်
လာသည်..။
"ယဇ်..!!!.."
ယဇ်က ဂရုမစိုက် အေးစက်လွန်းသော
မဲ့ပြုံးတစ်ခုဖြင့်ဆက်ပြောလာသည်...။
"အဟက်..!!.. မင်းရဲ့ချစ်လှစွာသော
တူလေးကို သွားမေးလေ.."
နိုင်း ဘာမှပြန်မပြောနိုင်ခင်မှာပင် ယဇ်ဆိုသော
သူက သေနတ်ကို ခါးကြားထိုးလိုက်ကာ အစော
ထဲက သတိလစ်သွားပြီဖြစ်သော မိုင်းကိုတွဲကာ
ကားပေါ်တင်ပြီးသည်နှင့် ကားကိုကြမ်းတမ်းစွာ
မောင်းထွက်သွားတော့သည်..။
နိုင်း မြန်ဆန်လွန်းသော အကြောင်းအရာ
များကို လိုက်လို့ပင်မမှီနိုင်တော့..။ လက်တွင်
စွန်းထင်းနေသော မိုင်း၏သွေးများသာမရှိပါက
နိုင်း ယခုအဖြစ်အပျက်များကို အိမ်မက်ဟုထင်
မိမှာအမှန်ပင်..။
ပြီးတော့ မိုင်းဒဏ်ရာရသော ကိစ္စကတူလေး
သစ်မိုးနှင့် ပတ်သတ်နေသည်တဲ့။ဘာတွေ
ဖြစ်ကုန်တာလဲ။ ထို့ပြင်...
အမြဲပြုံးနေတတ်တဲ့ မိုင်းမှာ နာကျင်စရာတွေ
ရှိနေသည်တဲ့..။ အမြဲပြုံးနေတတ်တဲ့ မိုင်း
ကလေ....။
______________
(A/N- Birthday wish လေးတွေအတွက်
ကျေးဇူးပါ..။ တစ်ခုချင်းစီကိုဖတ်ပြီး အရမ်းချစ်ရ
ပါတယ်ရှင့်❤..)
JM(3.1.2021)
Next>>>>>