Unicode
Arc(3.7)
လီလျိုသူ့ရဲ့ငှက်မွှေးပြာတောင်သို့ပြန်ရောက်တဲ့အချိန်မှာလကအမြင့်ဆုံးအပိုင်းမှဖယ်ခွာပြီးအရှေ့ဘက်သို့ရွှေ့နေပြီဖြစ်သည်။
သို့သော်လီလျိုသူ့သစ်ရွက်သဏ္ဍာန်လှေပေါ်ကဆင်းလာပြီးနောက်ချူးဝူရုံကခြံဝင်းထဲကကျောက်တုန်းစားပွဲမှာထိုင်နေဆဲဆိုတာကိုတွေ့လိုက်ရသည်။
ထိုနေရာမှာအလင်းရရန်တပ်ဆင်ထားတဲ့ပစ္စည်းမရှိတာကြောင့်ချူးဝူရုံရဲ့ပုံသဏ္ဍာန်ကအနက်ရောင်အရိပ်တစ်ခုကဲ့သို့သာဖြစ်နေသည်။သို့သော်Nascent Soulအဆင့်ကိုရောက်နေပြီဖြစ်သည့်လီလျိုကတော့သူရောက်လာသည်ကိုတိတ်ဆိတ်စွာစောင့်ဆိုင်းနေသည့်ထိုလူရဲ့ပုံစံကိုရှင်းရှင်းလင်းလင်းမြင်နေရသည်။
လက်ရှိချူးဝူရုံကအခြေတည်,တည်ဆောက်ခြင်းအဆင့်ကိုအစောကြီးတကည်းကရောက်နေပြီဖြစ်တာကြောင့်ရက်အနည်းငယ်ညအနည်းငယ်မအိပ်တာတောင်အင်အားအပြည့်ဖြင့်နေနိုင်လေသည်။သို့သော်လီလျိုထွက်သွားပြီးနောက်မှာသူဘယ်အချိန်ပြန်လာမလဲဆိုတာကိုချူးဝူရုံမသိတာတောင်ဒီခြံဝင်းထဲမှာအချိန်အကြာကြီးထိုင်စောင့်နေသည်မှာသူမပြန်လာမခြင်းအနားမယူမယ့်ပုံစံပေါ်နေသည်။
လီလျိုကခေါင်းကိုငုံ့ပြီးချူးဝူရုံရှိရာသို့လှမ်းကြည့်လိုက်ကာသူ့နှုတ်ခမ်းထောင့်စွန်းများကအနည်းငယ်ကွေးညွှတ်တက်သွားရသည်။သူ့နှလုံးသားတစ်ခုလုံးကလည်းချူးဝူရုံရဲ့လုပ်ရပ်ကြောင့်ပျော်ရွှင်မှုများပြည့်နှက်သွား၏။
သို့သော်လီလျုကသူ့ကိုယ်ပိုင်ပျော်ရွှင်နေတဲ့အမူအယာကိုလျင်မြန်စွာပြောင်းလဲလိုက်ပြီးချူးဝူရုံရှိရာသို့လျှောက်သွားလိုက်သည်။ချူးဝူရုံသည်လည်းသူ့ကိုပြန်လှည့်ကြည့်လာသည်ကိုမြင်သောအခါလီလျိုရဲ့ခပ်ဖျော့ဖျော့အရောင်နှုတ်ခမ်းကအနည်းငယ်ပွင့်ဟလာပြီးမေးလိုက်သည်။
"ဝူရုန်...မင်းဘာဖြစ်လို့ဒီမှာရှိနေသေးတာလဲ?"
ချူးဝူရုံမှာသူ့ရှေ့ကမြူခိုးအနည်းငယ်ဆိုင်းနေသလိုမျိုးအနည်းငယ်ရှက်ရွ့နေဟန်အမူအယာဖြင့်လူအားကြည့်လိုက်မိလေသည်။ထပ်ပေါင်းပြောရရင်သူ့ရဲ့ပန်းရောင်ဖျော့ဖျော့နှုတ်ခမ်းသည်လည်းအနည်းငယ်လုံးဝန်းကာစိုစွတ်နေသည်။
သူ့နှလုံးသားထဲကပြင်းထန်တဲ့ဖိအားနဲ့တွန်းအားများအားအောက်မှာဒီလူကိုဆွဲချပြီးပြင်းပြင်းထန်ထန်နမ်းချင်နေမိသည်။ချူးဝူရုံကသူ့ခြေထောက်ဘေးမှာချထားသည့်လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်လိုက်ပြီးမှမြန်မြန်လေးပြန်လွှတ်လိုက်သည်။
သူစောင့်ဖို့လိုနေသေးတယ်..ဒီအချိန်မှာသူကအရမ်းကိုအားနည်းနေတယ်...သူ့ရှေ့ကဒီလူကိုလက်ရှိအင်အားနဲ့တော့ရယူနိုင်ဖို့မဖြစ်နိုင်သေးဘူးလေ
"တပည့်အနားယူဖို့ပြန်သွားပါတော့မယ်အဲ့ဒါကြောင့်ဆရာလည်းအခန်းမြန်မြန်ပြန်ပြီးအနားယူလိုက်ပါ"
သူ့ရှေ့မှာရပ်နေသည့်လီလျိုကညအမှောင်အောက်မှာဖုန်းကွယ်နေသည့်ချူးဝူရုံမျက်လုံးထဲကနက်မှောင်မှုကိုအနည်းငယ်မျှပင်သတိပြုမိခြင်းမရှိပေ။
"အမ်း,ခဏစောင့်ဦး!မင်းလည်းဒီမှာရှိနေတယ်ဆိုတော့မနက်ဖြန်မှပြောစရာမလိုတော့ဘူးပေါ့"
သူတို့အခုလေးတင်ညဉ့်လဝန်းခန်းမမှာဆွေးနွေးခဲ့သည့်ကိစ္စကိုပြန်စဉ်းစားမိသောအခါလီလျိုကချက်ချင်းထွက်သွားဖို့ပြင်နေသည့်ချူးဝူရုံကိုလှမ်းတားလိုက်သည်။
"မင်းလည်းဒီနေ့ဖြစ်သွားတဲ့ပုံမှန်မဟုတ်တဲ့မြင်ကွင်းကိုမြင်လိုက်တယ်မှတ်လား...အဲ့ဒါကကြည်လင်ကောင်းကင်ဂိုဏ်းရဲ့နောက်ဘက်တောင်ကဆိုင်ယန်ကြာပန်းလျို့ဝှက်နေရာပွင့်လာတဲ့လက္ခဏာပဲ"
ကြည်လင်ကောင်းကင်ဂိုဏ်းရဲ့ဆိုင်ယန်ကြာပန်းလျို့ဝှက်နေရာ,သူ့အရင်ဘဝတုန်းကချူးဝူရုံသည်လည်းထိုအကြောင်းကြားဘူးသည်။
သို့သော်ဆိုင်ယန်ကြာပန်းလျို့ဝှက်နေရာကပွင့်လာပြီးကြည်လင်ကောင်းကင်ဂိုဏ်းကထျန်းယွင်တိုက်မကြီးကကျင့်ကြံသူများအားလုံးဝင်ရောက်ဖို့ကြိုဆိုသော်လည်းနတ်ဆိုးအတတ်ကျင့်ကြံသူများကိုတော့မကြိုဆိုပေ။ရလဒ်အနေနဲ့ချူးဝူရုံမှာထျန်းယွင်တိုက်မကြီးတွင်နာမည်ကျော်ကြားလှသည့်ဆိုင်ယန်ကြာပန်းလျို့ဝှက်နေရာကိုတစ်ခါမှမမြင်ဘူးခဲ့ဘူးဖြစ်သည်။
"....မင်းကငါ့လက်အောက်ကတစ်ယောက်တည်းသောတပည့်ပဲပြီးတော့မင်းကအခြေတည်,တည်ဆောက်ခြင်းအဆင့်ကိုရောက်နေတဲ့ကျင့်ကြံသူတစ်ယောက်ဆိုတော့ဒီတစ်ခေါက်ဆိုင်ယန်ကြာပန်းလျို့ဝှက်နေရာစစ်ဆေးဖို့ကိုမင်းလည်းတစ်ခြားတပည့်တွေနဲ့အတူတူသွားရလိမ့်မယ်"
ချူးဝူရုံကဒီကိစ္စနဲ့ပတ်သတ်ပြီးဘယ်လိုငြင်းပယ်မှုမှမရှိပေ။ဆိုင်ယန်ကြာပန်းလျို့ဝှက်နေရာကိုဝင်ရောက်ခြင်းကသူ့ရှေ့ကဒီလူကိုလအနည်းငယ်မတွေ့ရဘူးဟုဆိုလိုနိုင်သော်လည်းကျင့်ကြံတဲ့အချိန်ကာလကကြာညောင်းလှသည်။ကျင့်ကြံသူများရဲ့ရှည်ကြာလှသည့်ဘဝသက်တမ်းနှင့်နှိုင်းယှဉ်ရရင်လအနည်းငယ်ကခဏတစ်ဖြုတ်ဟုသာသတ်မှတ်နိုင်သည်။
ဒီတစ်ခေါက်လျို့ဝှက်နေရာကလအနည်းငယ်သာကြာမြင့်မှာကိုသာထည့်မပြောနဲ့ဦးတစ်ချို့ကျင့်ကြံသူများဆိုရင်တံခါးပိတ်ကျင့်ကြံရန်နှစ်ပေါင်းများစွာပင်ကြာမြင့်တတ်ကြသည်။
သို့သော်အဲ့ဒီလိုဆိုရင်တောင်သူ့ရှေ့ကဒီလူကိုလအနည်းငယ်မတွေ့ရဘူးဆိုတဲ့အတွေးကြောင့်ချူးဝူရုံရင်ထဲမှာတွန့်ဆုတ်မှုတစ်ချို့ရှိနေဆဲဖြစ်သည်။
ချူးဝူရုံသည်သူ့ခေါင်းထဲသို့ဝင်လာသည့်အတွေးကြောင့်ဘာမှမတတ်နိုင်ပဲထိတ်လန့်သွားမိသည်။သူတကယ်ပဲသူ့ရှေ့ကဒီလူကိုဒီအတိုင်းအတာထိဂရုစိုက်နေမိပြီ။အဲ့ဒီလိုဆိုမှတော့သူ့ရှေ့ကဒီလူကိုလုံးဝသူအပိုင်ဖြစ်အောင်လုပ်ရမည်။
ဘယ်လိုနည်းလမ်းပဲသုံးရပါစေပြီးတော့ဘယ်လောက်ပဲကြာမြင့်ပါစေ...
****
အချိန်ကလျင်မြန်စွာကုန်ဆုံးသွားခဲ့ပြီးငါးရက်ပင်ကြာမြင့်ခဲ့ပြီဖြစ်သည်။ထိုနေ့မှာရာသီဥတုကအလွန်နေသာပြီးတိမ်ကင်းစင်နေသည်။ကောင်းကင်ယံကလည်းပြာလဲ့နေကာတိမ်များသိပ်မရှိပေ။ကောင်းကင်၏အရှေ့ဘက်မှာသာကြီးမားလှတဲ့နေဝန်းကြီးရှိနေပြီးမြေပြင်သို့ထွန်းလင်းတောက်ပနေစေသည်။
ဒီငါးရက်အတွင်းကြည်လင်ကောင်းကင်ဂိုဏ်းရဲ့ပင်မဝင်ပေါက်ကိုကျင့်ကြံသူတစ်ချို့ရောက်ရှိနေပြီဖြစ်သည်။
သို့သော်ထိုလူများကလူလတ်တန်းစားကျင့်ကြံသူများသာဖြစ်ကြပြီးတကယ်တမ်းလျို့ဝှက်နယ်မြေကိုဝင်ရောက်ပြီးပါဝင်မယ့်အရေးကြီးတဲ့သူတွေကငါးရက်မြောက်နေ့မှာသာရောက်ရှိလာကြသည်။
အဝေးတစ်နေရာမှကြည့်ရင်မူလကတိမ်ကင်းစင်နေသည့်ကောင်းကင်ယုံမှာရုတ်တရက်မြန်မြန်ဆန်ဆန်မျောလွင့်နေသည့်'တိမ်လွှာ'များဆယ်ခုလောက်ပေါ်လာခဲ့၏။
ထို'တိမ်လွှာ'များကကြည်လင်ကောင်းကင်ရှိရာနေရာသို့မြန်မြန်ဆန်ဆန်ပင်ရောက်ရှိလာပြီးထို'တိမ်လွှာ'များလူတွေနဲ့နီးကပ်လာမှသာထိုကောင်းကင်မှာမျောလွင့်လာသည့်တိမ်များကတကယ်တော့တိမ်တွေမဟုတ်ပဲပျံသန်းနိုင်သည့်ဝိဉာဏ်ကိရိယာများစီးနင်းလာကြသည့်ကျင့်ကြံသူအုပ်စုဖြစ်နေသည်။
ဒီတစ်ခေါက်လျို့ဝှက်နယ်မြေကိုဝင်ရောက်ပါဝင်မယ့်ကျင့်ကြံသူကများပြားတာကြောင့်ကြည်လင်ကောင်းကင်ဂိုဏ်းရဲဂိုဏ်းသခင်ဖြစ်သောယဲထျန်းချီကတစ်ရက်ကြိုတင်ပြီးညွှန်ကြားကာအဝေးကလာသည့်ဧည့်သည်များအားကြိုဆိုနိုင်ရန်လူများကိုကြည်လင်ကောင်းကင်ဂိတ်ပေါက်ဝတွင်နေရာချထားသည်။
ပါဝင်မယ့်ကျင့်ကြံသူများအားလုံးရောက်ရှိတာပြီးဆုံးသွားသည့်အချိန်တွင်နောက်တစ်နေ့ရဲ့နေ့လည်ခင်းသို့ပင်ရောက်ရှိနေပြီဖြစ်သည်။
လျို့ဝှက်နယ်မြေသည်လည်းနောက်သုံးရက်နေရင်တရားဝင်ဖွင့်လှစ်တော့မှာဖြစ်၏ထျန်းယွင်တိုက်မကြီးရဲ့နေရာစုံမှလာကြသောကျင့်ကြံသူများအားလုံးသည်လည်းယဲထျန်းချီရဲ့စီစဉ်ပေးမှုအောက်မှာသူတို့အနားယူရန်ပြင်ဆင်ပေးထားသည့်ဧည့်သည်ခန်းများသို့ဝင်ရောက်ကြပြီးသုံးရက်အကြာမှာပွင့်မယ့်လျို့ဝှက်နယ်မြေအတွက်သူတို့အင်အားကိုချွေတာရင်းစောင့်ဆိုင်းကြသည်။
တောင်ထိပ်ရဲ့အမြင့်ဆုံးတောင်စောင်းမှာရပ်နေသည့်လီလျိုကတောင်များဝန်းရံနေသည့်ချိုးဝှမ်းကိုငုံ့ကြည့်နေသည်။
ထိုအချိန်မှာပဲဝတ်ရုံများတစ်လွင့်လွင့်ဖြစ်နေသည့်ကျင့်ကြံသူအုပ်စုကချိုးဝှမ်းထဲမှာစုဝေးလာကြသည်။သူတို့ထဲကတစ်ချို့ကဂိုဏ်းတစ်ခုတည်းမှဖြစ်တာကြောင့်အတူတူစုရုံးကြပြီးတစ်ယောက်နဲ့တစ်ယောက်တီးတိုးဆွေးနွေးနေကြသည်။တစ်ချို့တစ်ယောက်တည်းရပ်နေကြသည့်လူအနည်းငယ်ကတော့အရှေ့သို့သာတိတ်တဆိတ်ကြည့်နေကြသည်။
ချူးဝူရုံကလူစုလူဝေးကိုမကြိုက်သည့်လူမျိုးဖြစ်သည်။သူကတစ်နေရာတည်းမှာသာတစ်ယောက်တည်းနေရတာကိုနှစ်သက်သည်။
လီလျိုကခြုံပုတ်များဖုန်းလွှမ်းနေသည့်တောင်စောင်းမြင့်မြင့်တစ်ခုပေါ်မှာမတ်တပ်ရပ်နေပြီးဘေးကကျင့်ကြံသူများအားလုံးကိုသူ့ရဲ့နောက်ခံတစ်ခုလိုသာသတ်မှတ်သကဲ့သို့တိတ်တဆိတ်ရပ်နေသည့်ချူးဝူရုံကိုကြည့်နေသည်။
သူ့ရဲ့အေးစက်ပုံပေါ်တဲ့မျက်ဝန်းများထဲမှာတော့အနည်းငယ်နက်ရှိုင်းသည့်အပြုံးတစ်ချို့ရှိနေသည်။
ဘယ်သူမှအနားမှာရှိမနေတဲ့ဒီနေရာမျိုးမှာသာသူ့ရဲ့ချူးဝူရုံအပေါ်လိုချင်တောင့်တမှုတွေထုတ်ဖော်နိုင်တာလေ...ချူးဝူရုံရှိနေရင်တောင်သူ့ခံစားချက်တွေကိုထုတ်ဖော်ပြလို့မရဘူး...
လက်ရှိသူဝင်ထားတဲ့ခန္တာကိုယ်ကယခင်ကမ္ဘာနှစ်ခုနှင့်ကွဲပြားသည်။အရင်ကမ္ဘာနှစ်ခုကသူ့ခန္တာကိုယ်ကသေးငယ်နေဆဲဖြစ်သည်။ကြီးထွားလာနေသောကလေးများသည်အရွယ်မရောက်သေးသည့်အချိန်နှင့်အရွယ်ရောက်ပြီးအချိန်ကြားမှာပြောင်းလဲမှုအမျိုးမျိုးကိုအမြဲတမ်းကြုံတွေ့ရတတ်သည်။ ရလဒ်အနေနှင့်အကျင့်စရိုက်ပြောင်းခဲခြင်းနှင်နပတ်သက်၍ ထူးဆန်းသောအရာမရှိပေ။
သို့သော်သူ့လက်ရှိခန္တာကိုယ်၊သူ့အကျင့်စရိုက်များ၊အစရှိသဖြင့်တို့ကကြည်လင်ကောင်းကင်ဂိုဏ်းရှိလူအများ၏အာရုံထဲတွင်ကြာရှည်စွာစွဲမှတ်ပြီးသားဖြစ်နေသည်။အကယ်၍သူသာသူ့အကျင့်စရိုက်ကိုရုတ်တရက်ပြောင်းလဲလိုက်ရင်လူတိုင်းရဲ့နှလုံးသားထဲသံသယများသာဖြစ်ပေါ်လာလိမ့်မည်။
အခုတော့သူ့မှာကြည်လင်ကောင်းကင်ဂိုဏ်းမှထွက်ခွာနိုင်ရန်ချူးဝူရုံမြန်မြန်လေးကြီးပြင်းလာဖို့သာမျှော်လင့်ရတော့မည်။အဲ့ဒါဆိုရင်သူကြည်လင်ကောင်းကင်ဂိုဏ်းကနေချူးဝူရုံနဲ့အတူတူထွက်သွားနိုင်မှာဖြစ်သည်လေ။
ထိုအချိန်မှာပဲကြီးမားသည့်ဆိုင်ယန်ကြာပန်းကြီးကကျင့်ကြံသူများရဲ့ခေါင်းထက်မှာဖြေးညှင်းစွာဖြင့်ပေါ်လာခဲ့သည်။
ထိုအရာကလေလယ်မှာစတင်ပေါ်လာတုန်းကပန်းဖူးပုံစံပေါ်နေဆဲဖြစ်သော်လည်းအချိန်ကြာလာသည်နှင့်အမျှပန်းရဲ့ပွင့်ဖတ်များကဖြေးညှင်းစွာပွင့်အာလာခဲ့ပြီးကြီးမားတဲ့ဆိုင်ယန်ရောင်ကြာပန်းကြီးတစ်ပွင့်အသွင့်ငွားငွားစွင့်စွင့်ပွင့်လာသည်။
မူလကကြာစိရဲ့ခေါင်းတည်ရှိနေသည့်ကြာပန်းရဲ့အလယ်တည့်တည့်မှာတော့နူးညံ့ပျော့ပြောင်းသည့်အဝါရောင်အလင်းတစ်လွှာကခပ်ဖျော့ဖျော့ထွန်းလင်းလာသည်။
ထိုမြင်ကွင်းကိုကြည့်ရင်းချိုင့်ဝှမ်းထဲမှာစောင့်နေကြသည့်ကျင့်ကြံသူများအားလုံးစကားပြောတာရပ်သွားကြသည်။သူတို့ကိုဦးဆောင်သည့်ကျင့်ကြံဆင့်မြင့်ကျင့်ကြံသူရဲ့အမိန့်အောက်တွင်သူတို့ကဆိုင်ယန်ကြာပန်းရဲ့အလယ်ခေါင်သို့စနစ်တကျဖြင့်အစဉ်လိုက်အတိုင်းဝင်သွားကြ၏။
တောင်စောင်းမြင့်ပေါ်မှာမတ်တပ်ရပ်နေသည့်လီလျိုကချူးဝူရုံရဲ့ပုံသဏ္ဍာန်အလင်းထဲမှာပျောက်ကွယ်သွားသည်အထိကြည့်နေမိသည်။
လူတွေအားလုံးချိုင့်ဝှမ်းထဲမှထွက်ခွာသွားသည့်အချိန်မှသာလီလျိုကသူ့သစ်ရွက်သဏ္ဍာန်လှေကိုထုတ်ယူပြီးအပြာရောင်ငှက်မွှေးတောင်ပေါ်ရှိသူ့အိမ်ဆီပြန်သွားသည်။
ဒီတစ်ခေါက်ဆိုင်ယန်ကြာပန်းလျို့ဝှက်နယ်မြေထဲမှာချူးဝူရုံအနေဖြင့်သူနဲ့အတူဝင်ကြသည့်တစ်ခြားကျင့်ကြံသူများလိုသုံးလအတွင်းထွက်လာနိုင်မှာမဟုတ်ပေ။
သူနောက်ထပ်လျို့ဝှက်နယ်မြေတစ်ခုကိုဝင်ရောက်ပြီးနောက်မှာဆိုင်ယန်ကြာပန်းနောက်တစ်ဖန်ပြန်ပွင့်တဲ့အချိန်ထိစောင့်ရန်လိုအပ်ပြီးနောက်တစ်ကြိမ်ဝင်ရောက်ပါဝင်မည့်ကျင့်ကြံသူများနှင့်မှသာအတူထွက်လာမှာဖြစ်သည်။
ထို့ကြောင့်ဒီနေ့ပြီးနောက်မှာလီလျိုအနေနဲ့ချူးဝူရုံကိုနောက်တစ်ကြိမ်ပြန်တွေ့နိုင်ဖို့နောက်ထပ်ဆယ်နှစ်ကြာလိမ့်မည်။
လီလျိုကသူနေထိုင်သည့်ခြံဝင်းထဲဝင်လာပြီးသိပ်မကြာခင်တုန်းကသူနဲ့ချူးဝူရုံတို့မနက်စာအတူတူထိုင်စားခဲ့ကြသည့်ကျောက်တုန်းစားပွဲကိုကြည့်လိုက်ကာဘာမှမတတ်နိုင်ပဲသူ့ခံစားချက်များကတစ်နည်းနည်းနဲ့နိမ့်ကျနေသလိုခံစားရ၏။
ဒီဆယ်နှစ်အတွင်းမှာအကယ်၍သူသာဒီခြံဝင်းသေးသေးလေးထဲတစ်ယောက်တည်းနေရပြီးအချိန်တွေကိုနေ့တိုင်းတစ်ယောက်တည်းကုန်ဆုံးရမယ်ဆိုရင်သူသေချာပေါက်ရပ်တည်နိုင်မှာမဟုတ်ဘူး။မတိုင်ခင်တုန်းကတော့သူ့ချစ်သူကသူ့ဘေးမှာရှိနေတော့ပျင်းရိသလိုမခံစားရဘူး။အခုတော့ဘာမှမရှိတဲ့ခြံဝင်းကိုကြည့်တာနဲ့တင်အလွန်အမင်းအေးစက်ပြီးပျော်ရွှင်ခြင်းမဲ့သလိုခံစားရတယ်။
ဒါကြောင့်လည်းချူးဝူရုံကဆိုင်ယန်ကြာပန်းလျို့ဝှက်နယ်မြေထဲကိုဝင်တော့မယ်လို့သူသိကတည်းကသူဒီဆယ်နှစ်အတွင်းဘယ်မှာနေရမလဲဆိုတာကိုလီလျိုတွေးထားပြီးသားဖြစ်သည်——သူ့ရဲ့အမတလှိုင်ဂူထဲမှာတံခါးပိတ်ကျင့်ကြံရေးဝင်မယ်လို့ဆုံးဖြတ်လိုက်တယ်
ပြီးရင်ဒီဆယ်နှစ်အတွင်း star networkနဲ့အနာဂတ်ရဲ့ဂိမ်းတွေကိုကစားတဲ့နေရာမှာကုန်ဆုံးရမယ်။
ဘယ်လိုပဲဖြစ်ဖြစ်သူ့ရဲ့တကယ့်ကမ္ဘာအစစ်မှာတုန်းကလည်းသူကotakuတစ်ယောက်ဖြစ်တာကြောင့်အင်တာနက်သာရှိနေသ၍သူလအနည်းငယ်လောက်အပြင်မထွက်ရလည်းဘာမှမဖြစ်ဘူးလေ
သူတွေးထားတာအဲ့ဒီလိုဆိုပေမယ့်လည်းလီလျိုကချူးဝူရုံဟိုးတုန်းကတည်းကမကြာခဏထိုင်တတ်သည့်ကျောက်တုန်းစားပွဲဘေးထိုင်ခုံသို့လျှောက်သွားပြီးထိုင်လိုက်သေးသည်။ပြီးနောက်မှသာမတ်တပ်ရပ်လိုက်၍သူ့ရဲ့သစ်ရွယ်သဏ္ဍာန်လှေကိုသူယခင်နေခဲ့တဲ့အမတလှိုင်ဂူရှိရာတောင်ဆီသို့စီးနင်းသွားသည်။
အမတလှိုင်ဂူသို့ရောက်ပြီးနောက်လီလျိုကအထဲမှဖုန်များနဲ့ပြည့်နှက်နေကာဘာမှမရှိဖြစ်နေဆဲဖြစ်သည့်နေရာကိုကြည့်လိုက်ပြီးရတ်တရက်တစ်စုံတစ်ခုအားသတိရသွားသည်။အဲ့ဒီနေ့သူဒီကထွက်လာပြီးတဲ့အချိန်မှာဒီအမတလှိုင်ဂူကိုချက်ချင်းပြန်ပြင်ဆင်ရမယ်ဆိုတဲ့သူရဲ့မူလအစီအစဉ်ကိုမေ့သွားတာပဲ
လီလျိုကသူ့ရင်ဘက်ထဲကစကြာဝဋာအိတ်ကိုကြည့်လိုက်သည်။ထို့နောက်သူကခရီးတစ်ခုသွားလိုက်ပြီးသစ်သားအိပ်ယာ၊ထိုင်ခုံ၊ကုလားထိုင်နှင့်ဗီဒိုကိုပြန်ပြင်ပြီးနောက်ဂူထဲမှပုံစံကလုံးဝပြောင်းလဲသွားတော့လေ၏။
အရာအားလုံးပြင်ဆင်ပြီးနောက်မှာတော့လီလျိုကသူ့လက်နှစ်ဖက်ကိုပုတ်လိုက်ပြီးကျေနပ်အားရစွာဖြင့်ခေါင်းတညိတ်ညိတ်လုပ်ကာအိမ်တွင်းခံစားချက်ပေးစွမ်းသွားသည့်ဂူကိုကြည့်လိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ်ဒီကိုတစ်ယောက်ယောက်လာဖို့ဆိုတာမဖြစ်နိုင်မှတော့သူဒီလိုမျိုးပြင်ဆင်ထားတယ်ဆိုရင်တောင်တစ်ခြားသူတွေမြင်ရမှာမဟုတ်ဘူးလေ...ထိုအတွေးနှင့်၎င်းကိုသူကြိုက်နှစ်သက်သည့်အတိုင်းအလှဆင်လိုက်ခြင်းဖြစ်ပြီးအဲ့ဒါကပြဿနာမဟုတ်ပေ။
လီလျိုကပတ်ပတ်လည်ကိုကျေနပ်အားရစွာလှည့်ပတ်ကြည့်ပြီးနောက်ဂူအပြင်သို့ချက်ချင်းထွက်ကာထိုနေရာအားအပြင်ဘက်မှဝင်လာနိုင်သည်အားကာကွယ်နိုင်သည့်ကာကွယ်ရေးနယ်မြေအစီးအတားတစ်ခုလုပ်လိုက်သည်။
မတိုင်ခင်တုန်းကသူသည်ယဲထျန်းချီကိုစာပို့၍သူတံခါးပိတ်ကျင့်ကြံရေးဝင်မည်ဆိုတာပြောထားသေးသည်။ထို့ကြောင့်ဂိုဏ်းထဲမှာပြဿနာတစ်ခုခုပေါ်လာတယ်ဆိုရင်တောင်သူ့ကိုရှာတွေ့ဖို့ကမဖြစ်နိုင်ပေ။ဒီလိုဆိုရင်သူလည်းသူ့ရဲ့otakuဘဝကိုလွယ်ကူစေနိုင်ပြီးသူ့နှလုံးသားထဲကအရာတွေကိုလုပ်ဆောင်နိုင်လိမ့်မည်။
............................................
Zawgyi
Arc(3.7)
****
သို့သော်ထိုလူများကလူလတ်တန်းစားကျင့်ကြံသူများသာဖြစ်ကြပြီးတကယ်တမ်းလျို့ဝှက်နယ်မြေကိုဝင်ရောက်ပြီးပါဝင်မယ့်အရေးကြီးတဲ့သူတွေကငါး၇က်မြောက်နေ့မှာသာရောက်ရှိလာကြသည်။
............................................