မောင်ထူးနဲ့ပေါင်းပြီး ကျွန်တေ...

KattKatt962 द्वारा

879K 98.6K 16.2K

ကိုယ်က ဇာတ်ကြောင်းပြောပုံစံလေးတွေဆို တအားကြိုက်တာမို့... ဇာတ်ကြောင်းပြောပုံစံမျိုးပဲရေးမှာပါနော်။ ကိုယ့်အကြော... अधिक

P_1(Zawgyi)
P_1(Uni)
P_2 (Zawgyi)
P_2 (Uni)
P_3 (Zawgyi)
P_3 (Uni)
P_4 (Zawgyi)
P_4 (Uni)
P_5 (Zawgyi)
P_5 (Uni)
P_6 (Zawgyi)
P_6 (Uni)
P_7 (Uni)
P_7 (Zawgyi)
P_8 (Zawgyi)
P_8 (Uni)
P_9 (Zawgyi)
P_9 (Uni)
P_10 (Zawgyi)
P_10 (Uni)
P_11 (Zawgyi)
P_11 (Uni)
P_12 (Zawgyi)
P_12 (Uni)
P_13 (Zawgyi)
P_13 (Uni)
P_14 (Zawgyi)
P_14 (Uni)
P_15 (Zawgyi)
P_15 (Uni)
P_16 (Zawgyi)
P_16 (Uni)
P_17 (Zawgyi)
P_17 (Uni)
P_18 (Zawgyi)
P_18 (Uni)
P_19 (Zawgyi)
P_19 (Uni)
P_20 (Zawgyi)
P_20 (Uni)
P_21 (Zawgyi)
P_21 (Uni)
P_22 (Zawgyi)
P_22 (Uni)
P_23 (Zawgyi)
P_24 (Zawgyi)🚨
P_24 (Uni)🚨
P_25 (Zawgyi)
P_25 (Uni)
P_26 (Zawgyi)
P_26 (Uni)
P_27 (Zawgyi)
P_27 (Uni)
P_28 (Zawgyi)
P_28 (Uni)
P_29 (Zawgyi)
P_29 (Uni)
P_30 (Zawgyi)
P_30 (Uni)
ဇာတ္သိမ္း
ဇာတ်သိမ်း
Extra P_1
Extra P_1 (Uni)
Extra_2 (zawgyi)
Extra_2 (Uni)
Extra_3 (uni)
Extra_3 (zawgyi)
Extra_4 (uni)
Extra_4 (zawgyi)
Extra_5 (uni)
Extra_5 (zawgyi)
Extra_6 (uni)
Extra_6 (zawgyi)
extra_7(uni)
extra_7(zawgyi)

P_23 (Uni)

12.9K 1.7K 265
KattKatt962 द्वारा

တစ်ယောက်စကား တစ်ယောက်နားဆိုသလိုပဲ ကျွန်တော့်သတင်းက တစ်ခန်းလုံးကို မြန်မြန်ဆန်ဆန်ပဲ ပျံ့နှံ့သွားတယ်။ အခန်းထဲကလူတွေ အကုန်နီးပါးက ကျွန်တော့်ကိုလှမ်းကြည့်လိုက် ခေါင်းချင်ဆိုင်ပြီးပြောလိုက်နဲ့။ တစ်ချို့လည်း ကျွန်တော့်ကိုလူထူးဆန်းလို ကြည့်သွားကြတယ်။ မိုးချိုနဲ့ဇော်နိုင်ဆို ကျွန်တော့်အနားကို လာကိုမလာကြတော့တာ။ အဲ့ဒါလည်း ကောင်းပါတယ်။ တစ်ရှုပ်ရှင်းသွားတာပေါ့။

ဒီနေ့က ကျွန်တော့်နေ့ပဲ။ အခန်းထဲကလူတွေ ဘယ်လိုပုံမျိုးနဲ့ ကြည့်ကြည့်၊ ဘယ်လိုတွေ ပြောကြပြောကြ ကျွန်တော့်ရုပ်က စပ်ဖြီးဖြီးနဲ့ ဘယ်လိုမှတည်လို့မရဘူး။ မျက်လုံးထဲမှာ အနမ်းခံပြီးပြုံးနေတဲ့ ထူးအောင်မျက်နှာကိုပဲ မြင်နေတယ်။ စိတ်ထဲမှာလည်း ဘယ်လိုမှဖော်မပြတတ်အောင် ကြည်နူးနေမိတာ။ မနမ်းဖြစ်တာကြာပြီမို့လား မသိဘူး ထူးအောင်နှုတ်ခမ်းလေးက တအားနမ်းလို့ကောင်းတာပဲ။ သူ့နှုတ်ခမ်းရဲ့အထိအတွေ့ကို အခုချိန်ထိ ခံစားမိနေသေးတယ်။ သူကြိုက်တဲ့ အုန်းသီးဇွန်းခြစ်နုနုလေးကို စားနေရသလိုပဲ။ အရမ်းနူးညံ့လွန်းလို့ ပါးစပ်ထဲရောက်တာနဲ့ အရည်ပျော်သွားမှာစိုးနေရတယ်။ တော်သေးတာတစ်ခုက ကျွန်တော်နမ်းပြီးနောက် အတန်းသွားတက်တော့မယ်ဆိုပြီး ထူးအောင်ကထွက်သွားလို့ပေါ့။ နို့မို့ဆို နှုတ်ခမ်းကိုကိုင်ပြီး ပြုံးလိုက်၊ ရင်ဘတ်ကိုဖိလိုက်လုပ်နေတဲ့ ကျွန်တော့်ကို ရူးသွားပြီလို့ထင်ရင် ထင်နေမှာ။ တကယ်လည်း ရူးနေပြီလားမသိပါဘူး။ ရယ်နေတာမရပ်တော့ဘူး။ မြန်မြန်ကျောင်းဆင်းမှပါ။ အဲ့ဒါမှ မြန်မြန်တွေ့ရမှာ။

----------***----------

ခါတိုင်းဆို ညနေကျောင်းဆင်းတိုင်း ထူးအောင်က ကားဘေးမှာအရင်ရောက်နေကျ။ ဒီနေ့တော့ ထူးအောင်မရောက်သေးဘူး။ ထူးအောင်အစား ကိုဇော်ဇော်ရောက်နေတယ်။ ကိုဇော်ဇော်က ကျောင်းကိုဘာလို့ပါလိမ့်။

"ပြုံးရွှင်လို့ပါလား..."

ကျွန်တော့်ကိုမြင်တော့ ကိုဇော်ဇော်ကနှုတ်ဆက်တယ်။
အတော်ပဲ ကျွန်တော်လည်းကြွားချင်နေတာ။ ကျွန်တော်ကြွားစရာလူကလည်း ကိုဇော်ဇော်တစ်ယောက်ပဲ ရှိတာဆိုတော့ ဒီနေ့အခန်းထဲမှာ ဖြစ်ခဲ့တာတွေအကုန်ပြောပြလိုက်တယ်။

"အကိုသိလား... ထူးအောင်ကလေ လူတွေရှေ့မှာနမ်းတာကို မရုန်းဘူး... မရုန်းတဲ့အပြင် ပြုံးတောင်ပြုံးနေသေးတယ်... တအားချစ်ဖို့ကောင်းတာပဲ..."

"အဲ့ဒါကြောင့် ငါတို့မောင်ထူးလေး ပျော်လာတယ်ဆိုပါတော့..."

"အင်း... အရမ်း အရမ်းကိုပျော်နေတာ"

"အကိုပြောပါတယ်။ ထူးအောင်က စိတ်ထားမဆိုးပါဘူးလို့... အခုယုံပြီမလား..."

ကိုဇော်ဇော့်အပြောကို ထောက်ခံတဲ့အနေနဲ့ ကျွန်တော် ခေါင်းတဆတ်ဆတ်ညိတ်ပြီး အဖြေပြန်ပေးလိုက်တယ်။ ကိုဇော်ဇော်ကလည်း ကျွန်တော့်ကိုကြည့်ပြီး ပြုံးနေတယ်။ ဒါပေမဲ့ ကိုဇော်ဇော့် ပါးပေါ်မှာ မျက်ရည်တွေလားမသိဘူး...

"ငိုနေတာလား...."

ကိုဇော်ဇော့်ပါးပေါ်က မျက်ရည်စီးကြောင်းကို လက်လှမ်းရင်းမှ ကျွန်တော်မေးလိုက်တယ်။

"အင်း... ပျော်လို့ပါ..."တဲ့ ကိုဇော်ဇော်ကပြန်ဖြေတယ်။ ပြီးတော့ သူ့ဘာသာသူမျက်ရည်တွေသုတ်လိုက်ပြီး

"ကဲ... ကားပေါ်တက်တော့ ထူးအောင်ကအိမ်ရောက်နေပြီ။ မင်းမွေးနေ့ကို သူကိုယ်တိုင်ပြင်ဆင်ပေးချင်လို့တဲ့ နေ့လယ်ကတည်းက ပြန်ရောက်နေတာ... အဲ့ဒါ မင်းတစ်ယောက်တည်းစိတ်မချဘူးဆိုပြီး ငါ့ကိုကြိုခိုင်းလို့ လာကြိုတာ..."

ကိုဇော်ဇော်က ပါးစပ်ကလည်းပြောရင်း ကျွန်တော့်ကိုလည်း ကားပေါ်အတင်းတွန်းပို့နေတယ်။ ကိုဇော်ဇော် မျက်ရည်ကျတာ တစ်ခါမှ မမြင်ဖူးလို့လားမသိဘူး၊ စိတ်ထဲမှာတစ်မျိုးကြီးပဲ။

ကိုဇော်ဇော်ကပြောတယ် ဒီလကုန်ရင်သူအလုပ်ထွက်ပြီတဲ့။ ထူးအောင်နဲ့လည်း စကားပြောကြည့်ပြီးပြီမို့ မင်းကိုစိတ်ချပါပြီတဲ့။ တစ်ခုခုအဆင်မပြေတိုင်း ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်မလုပ်ပါနဲ့။ ရင်ဖွင့်ချင်ရင် အချိန်မရွေး သူ့ဆီဖုန်းဆက်ပါတဲ့။ စုံလို့ပါပဲမှာနေတာ။ ကိုဇော်ဇော်ဆိုတာ ကျွန်တော်ငယ်ငယ်လေးကတည်းက ကျွန်တော့်အနားကိုရောက်လာတဲ့သူ။ ကျွန်တော့်အပေါ်လည်း အရမ်းကောင်းပြီး ဂရုစိုက်ပေးခဲ့တယ်။ ကိုဇော်ဇော်က ကျွန်တော့်အတွက်တော့ အကိုတစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို၊ အဖေတစ်ယောက်လို ဖြစ်တည်မှုမျိုးပါ။ အခုလိုရုတ်တရက်ကြီး ကျွန်တော့်အနားက ထွက်သွားတော့မယ်ဆိုတော့ ရင်ထဲမှာတစ်မျိုးကြီးပဲ။ စိတ်မကောင်းဖြစ်မိတယ်။ ဝမ်းလည်းနည်းတယ်။ အဖေ့ရုံးမှာ ဝင်လုပ်ပါလားလို့ ကျွန်တော်ပြောတော့ တော်ပြီတဲ့ ကိုဇော်ဇော်ကပြန်ငြင်းတယ်။ အမှန်ဆို သူထွက်သွားသင့်တာကြာပြီတဲ့။ မင်းကိုစိတ်မချလို့ မထွက်နိုင်ဖြစ်နေတာ အခုတော့စိတ်ချပြီမို့ ထွက်သွားချင်ပြီတဲ့။ ဟုတ်ပါတယ်လေ။ တစ်သက်လုံး ကျွန်တော့်အနားမှာ ဆွဲထားဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်ဘဲ။ ကိုဇော်ဇော်လည်း သူ့ဘဝသူဖန်တီးချင်နေမှာပေါ့။ ဒါဆို ထူးအောင်ကရော ကျွန်တော်နဲ့ တစ်ဘဝလုံးအတူ နေချင်ပါ့မလား။

ထူးအောင်ဆိုမှ သေချာစဉ်းစားကြည့်တော့ ဒီနေ့သူအရမ်းကို ထူးဆန်းနေတယ်။ တစ်ခါမှ မလာဖူးတဲ့ ကျွန်တော့်အခန်းကို လိုက်လာတယ်။ ကျွန်တော်တို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို တခြားလူတွေသိမှာ အရမ်းစိုးရိမ်တဲ့သူက မိုးချိုတို့ကို သူ့ကိုယ်သူ ကျွန်တော့်ကောင်လေးပါဆိုပြီး မိတ်ဆက်တယ်။ လူတွေရှေ့ဆို လက်တောင်အထိမခံတဲ့သူက ဒီနေ့ကျတော့ နမ်းတာတောင်ပြန်ပြီး ပြုံးပြနေတယ်။ အခုလည်း ကျွန်တော့်အတွက် မွေးနေ့ပါတီကို ကိုယ်တိုင်ပြင်ဆင်နေပြန်တယ်။ မုန်တိုင်းမလာခင် လေပြည်အရင်လာတယ်တဲ့။ မဟုတ်မှ သူကျွန်တော့်ကို ထားခဲ့တော့မှာမို့ နောက်ဆုံးအနေနဲ့ဆိုပြီး အစွမ်းကုန်လိုက်လျောနေတာများလား။ ဖွ..ဖွ...အဲ့လိုမဟုတ်ပါစေနဲ့။ သူသာထားခဲ့ရင်တော့ ကျွန်တော်သေမှာပဲ။

----------***----------

ကျွန်တော်အိမ်ပြန်ရောက်တော့ ထူးအောင်ကိုမမြင်ဘူး။ တစ်အိမ်လုံးပတ်ရှာတော့လည်း မတွေ့ရဘူး။ သူဘယ်တွေသွားနေတာလဲ။ မဟုတ်မှ ကျွန်တော့်ကိုထားသွားပြီလား။ စိတ်ပူပူနဲ့ အမေ့ကိုသွားမေးလိုက်မှ ထူးအောင်က မီးဖိုးခန်းထဲမှာတဲ့။ သူတစ်ယောက်တည်း ချက်မယ်ဆိုပြီး အကုန်လုံးကိုအပြင်ထုတ်ပြီး တံခါးပိတ်ထားတာတဲ့။ ဘာတွေများချက်မှာမို့လို့လဲ။ အဲ့အချိန်မှာပဲ ဖုန်းထဲကို sms ဝင်လာတယ်။ ❤ဒါလင်အထူးလေး🖤ဆိုတဲ့ contact name ဆီက။ "ပြန်ရောက်ရင် ရေချိုးပြီး အဝတ်အစားလဲထား"တဲ့။ အဲ့ဒါနဲ့ ကျွန်တော်အခန်းပြန်လာပြီး သူပြောတဲ့အတိုင်း လုပ်ဆောင်နေလိုက်တယ်။ 

(6)နာရီလောက်ကျတော့ ထူးအောင်တစ်ယောက် အခန်းထဲကိုပြန်လာပြီ။ ရေတွေဘာတွေချိုး၊ ပြင်စရာရှိတာပြင်ပြီးတော့ သွားစို့ဆိုပြီး ကျွန်တော်နဲ့အတူ အောက်ထပ်ကို ဆင်းလာကြတယ်။ စားပွဲနားကို ကျွန်တော်တို့လည်းရောက်ပြီးရော မကြာဘူး တခြားလူးတွေလည်း အလျိုလျိုရောက်လာကြတယ်။ အားလုံးစုံမှ စားပွဲမှာဝင်ထိုင်ရတယ်။

တစ်ယောက်စီတိုင်းရဲ့ အရှေ့မှာ ပန်းကန်ပြားအလွတ်တစ်ချပ်စီ ချထားတယ်။ အဲ့ပန်းကန်ပြားပေါ်မှာ တူတစ်စုံနဲ့ ဇွန်းတစ်ချောင်းတင်ထားတယ်။ ဘေးမှာက ပန်းကန်လုံးလေးကို အဖုံးအုပ်ထားတယ်။ ဘာတွေလည်းဖွင့်ကြည့်လိုက်တော့ အစိမ်းအရည်ပျစ်ပျစ်တွေ။ ဒါဘာတွေလဲလို့ ထူးအောင်ကိုမေးလိုက်တော့ ကြက်သားဆန်ပြုတ်တဲ့ ပြန်ဖြေတယ်။ ဆန်ပြုတ်က အစိမ်းရောင်ကြီးနော်လို့ ကျွန်တော်ပြောတော့ နံနံပင်ကို ကြိတ်ပြီးထည့်ထားလို့ စိမ်းနေတာတဲ့။ နံနံပင်က ကင်ဆာဖြစ်ပွားမှုကို တားဆီးနိုင်တယ်။ အဲ့ဒါကြောင့် ဆန်ပြုတ်ထဲမှာ ထည့်ပြုတ်လိုက်တာ။ မထင်မိဘူး အခုလိုအရောင်လေးလှသွားမယ်လို့။ ဆန်ပြုတ်အရောင်လေးက ချစ်စရာလေး သူသဘောကျတယ်တဲ့။ တကယ်ပါပဲ....

စားပွဲအလယ်မှာ ချထားတာက မွေးနေ့ကိတ်နဲ့ ဝိုင်ပုလင်း။
ထူးအောင်က မွေးနေ့ကိတ်ပေါ်မှာ ဖယောင်တိုင်ထွန်းလိုက်တယ်။ ပြီးတော့ happy birthday သီချင်းဆိုတယ်။ သူဆိုတော့ တခြားလူတွေပါ လိုက်ဆိုကြတယ်။ ဆိုပြီးတော့ ကိတ်ခွဲပြီး ပန်းကန်ပြားတွေထဲ လိုက်ထည့်ပေးတယ်။ ဝိုင်တစ်ခွက်စီနဲ့။ ပြီးတော့ ဝက်သားဖက်ထုပ်ပေါင်းဆိုပြီး တစ်ပန်းကန်စီ လိုက်ချပေးပြန်တယ်။ ကိတ်ရယ်၊ ဖက်ထုပ်ရယ်၊ ဝိုင်ရယ်၊ ဆန်ပြုတ်ရယ်တဲ့ ဘယ်လိုများတွေးပြီး ပြင်ထားတာလဲမသိဘူး။ မလိုက်မဖက်နဲ့။ တကယ်ပါပဲ ဒီအထူးလေးကတော့။ ဒါပေမဲ့လည်း ဘယ်သူမှသူ့ကို ဘာမှမပြောကြပါဘူး။ သူပြင်ပေးတဲ့ဟာကိုပဲ စားပေးကြတယ်။

ကျွန်တော် ဆန်ပြုတ်တစ်ဇွန်း ခပ်သောက်လိုက်တယ်။ ဆန်ပြုတ်က ချိုချိုလေး။ ကြက်သာဖက်တွေလည်း အများကြီးပါတယ်။ အစိမ်းရောင်ဖြစ်နေပေမယ့် စိမ်းနံ့ကြီးတော့ ထွက်မနေဘူး။ အတော်လေးကို အရသာရှိတယ်။ မထင်မိဘူး သူ ဒီလိုကောင်းကောင်းလေး ချက်တတ်လိမ့်မယ်လို့။ ကျွန်တော် ထူးအောင်ကိုကြည့်တော့ သူကလည်း ကျွန်တော့်ကိုကြည့်နေတာနဲ့ဆုံတယ်။ ဘယ်လိုလဲ...ကောင်းလားတဲ့ သူကမေးတယ်။

"ရှယ်ပဲ... ယုံတောင်မယုံနိုင်ဘူး အတော်လေးကောင်းတယ်"

ကျွန်တော်ပြန်ဖြေလိုက်တော့ ထူးအောင်က သွားတန်းလေးတွေပေါ်အောင်ရယ်တယ်။

နောက်တော့ သီချင်းဆိုကြရအောင်ဆိုပြီး ထူးအောင်က ဂီတာကြီးယူလာတယ်။ ဘယ်တုန်းကဝယ်လိုက်တဲ့ ဂီတာလဲမသိဘူး။ အရင်ကအိမ်မှာ ဂီတာမရှိဘူး။ ထူးအောင်ဂီတာတီးတတ်တယ်လို့လဲ မကြားဖူးဘူး။ သူတီးတာလည်း တစ်ခါမှမမြင်ဖူးဘူး။ အခုတော့ ဂီတာတီးပြီး သီချင်းဆိုပြမယ်တဲ့။ ထူးအောင်သီချင်းဆိုတာကို ကျွန်တော် တစ်ခါမှ နားမထောင်ဖူးလို့လားမသိဘူး အခု သူ့အသံကို ကြားရမယ်ဆိုတော့ ရင်တွေခုန်နေတယ်။

ထူးအောင်က ဂီတာစ,မတီးခင် ကိုဇော်ဇော်ကို အရင်ပေးလိုက်တယ်။ ကိုဇော်ဇော်က ဂီတာကြိုးတွေကို ဟိုလှည့်ဒီလှည့်လုပ်ပြီး ထူးအောင်ကိုပြန်ပေးလိုက်တယ်။ ပြီးတော့ ထူးအောင်က ကျွန်တော့်ဘက်လှည့်တယ်။ သူရွာမှာနေတုန်းက ရန်ကုန်ပြန်ရောက်ရင် ကျွန်တော့်ကိုချော့ဖို့ဆိုပြီး သင်ထားတဲ့ သီချင်းပါတဲ့။ အခုချော့စရာမလိုတော့ပေမယ့် ဒီသီချင်းတစ်ပုဒ်ပဲ သင်ထားတာမို့ သင်ထားတဲ့သီချင်းပဲ ဆိုပြပါမယ်တဲ့။ ကျွန်တော်ရင်တွေခုန်နေတယ်။ ထူးအောင်က ကျွန်တော့်ကိုချော့ဖို့ သင်ထားတာတဲ့လား။

🎶လူ ဆိုတာ ××× အချိန်တန်ရင်အိမ်ပြန်ကြရမှာ ××× ငိုသံတွေကြားမှာ ××× ဒီ ကမ္ဘာမြေ အပြင်ပေါ် အတူရှင်သန်ကြီးပြင်းလာ... ×××
ဘာကွာခြားလဲ မင်းနဲ့ငါ ××× ဘာသာတရားချင်း မတူလို့လား... ××× ဘာကွာခြားလဲ ပြောစမ်းပါ... ××× လူလူချင်းတော့ အတူတူပဲကွာ... ××× ဘာကွာခြားလဲ မင်းနဲ့ငါ...

မျက်စိမှိတ်ထားတယ် ××× နားနှစ်ဖက်ပိတ်ထားချင်ပေမယ့် သတင်းကောင်းရှိလိမ့်မယ် ××× နားစွင့်မိခဲ့. ××× အမှတ်မရှိငါမှားတယ် ××× အတိတ်ဟာခါးတယ် ×××
ငါလွတ်မြှောက်ဖို့စဉ်းစားရင်း ××× မိုးလင်းသွားခဲ့တာ...
OH...တစ်ယောက်တည်းမေးခွန်းတွေကြားမှာ ××× ငြိမ်ချမ်းမှု ရှာမတွေ့ခဲ့ ××× ရက်တွေ လတွေ နှစ်တွေ ပြောင်းနေ ငါပြေးလမ်းကတဖြေးဖြေးချင်းဆုံး... ×××
တစ်ယောက်နဲ့တစ်ယောက် အငြင်းပွားနေတုန်း ××× အချိန်တွေ ဖြည်းဖြည်းချင်းကုန် ×××
မနက်ဖန်များစွာနဲ့ ××× လည်ပတ်နေတဲ့ ××× သဘာဝတောနက်ကြီးထဲမှာ ××× မင်းဘာကြောင့်မုန်းနေဦးမှာလဲ သင်ပုန်းချေလိုက်ပါ အို...နိုး
မင်းသိရဲ့သားနဲ့...

လူဆိုတာ ××× အချိန်တန်ရင်အိမ်ပြန်ကြရမှာ ××× ငိုသံတွေကြားမှာ ×××
ဒီကမ္ဘာမြေပြင်ပေါ် အတူရှင်သန်ကြီးပြင်းလာ ×××
ဘာကွာခြားလဲ မင်းနဲ့ငါ ××× ဘာသာတရားချင်း မတူလို့လား ××× ဘာကွာခြားလဲ ပြောစမ်းပါ ××× လူလူချင်းတော့ အတူတူပဲကွာ ××× ဘာကွာခြားလဲ မင်းနဲ့ငါ ××× သင်ပုန်းများချေလိုက်ပါ ××× ရန်ငြိုးများမေ့လိုက်ပါ ××× လူအတိုင်းပဲ မြင်ကြည့်ကွာ ××× ဘာကွာခြားလဲ မင်းနဲ့ငါ...🎶🎶

ထူးအောင်ကတော့လေ တကယ်ပါပဲ။ ရင်ခုန်နေတာပါပျောက်သွားတဲ့အပြင် ဖြောင့်နေတဲ့စိတ်ပါ ကောက်ပစ်ချင်သွားတယ်။ မသိရင် ကျွန်တော်ကပဲ တရုတ်သိုင်းကားတွေထဲကလို သူ့ကိုရန်ငြိုးထားနေသလိုလို။ ကျွန်တော့်ကိုချော့ဖို့ ဒီသီချင်းကို ဘာကြောင့်ရွေးရတာလဲလို့ မေးလိုက်တော့ ခန့်စည်သူရွေးပေးတာတဲ့။ ယောက်ျားလေးအချင်းချင်း စိတ်ဆိုးရင်ဘယ်သီချင်းနဲ့ချော့ရမလဲဆိုပြီး မေးလိုက်တာ ဒီသီချင်းကိုရွေးပေးလိုက်တာပဲတဲ့။ သူနားထောင်ကြည့်တော့လည်း သဘောကျတာမို့ သင်ဖြစ်သွားတယ်တဲ့လေ။

-----***-----

ထူးအောင်ဆိုတဲ့သီချင်းက ရဲရင့်အောင်ရဲ့ 'လူ' ပါ ဘက်နားနားရဲ့ သီချင်းမဟုတ်ရပါဘူးနော်

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

287K 22.7K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
145K 15.7K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...
410K 16.8K 34
𝑨𝒓𝒕𝒊𝒔𝒕 : 𝒉𝒖𝒎𝒂𝒏_𝒍𝒐𝒖𝒗𝒓𝒆 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏 : 𝑨𝑷𖣔 and ℳ𝖊𝖊☁️ Latest translator..Twakitt9795