The Legendary Master's Wife (...

Od Sailor_Moon_94

783K 133K 8.8K

Chapter 232 to Chapter 320. Both zawgyi & unicode available. Legendary Master's Wife {Myanmar Translation} Or... Viac

CHAPTER 232
CHAPTER 233
CHAPTER 234.
CHAPTER 235
CHAPTER 236
CHAPTER 237
CHAPTER 238
CHAPTER 239
CHAPTER 240
CHAPTER 241
CHAPTER 242
CHAPTER 243
CHAPTER 244
CHAPTER 245
CHAPTER 246
CHAPTER 247
CHAPTER 248
CHAPTER 249
CHAPTER 250
CHAPTER 251
CHAPTER 252
CHAPTER 253
CHAPTER 254.
CHAPTER 255
CHAPTER 256
CHAPTER 257
CHAPTER 258
CHAPTER 259
CHAPTER 260
CHAPTER 261.
CHAPTER 262
CHAPTER 263
CHAPTER 264
CHAPTER 265
CHAPTER 266
CHAPTER 267
CHAPTER 268
CHAPTER 269
CHAPTER 270
CHAPTER 271
CHAPTER 273
CHAPTER 274
CHAPTER 275
CHAPTER 276
CHAPTER 277
CHAPTER 278
A/N
CHAPTER 279
CHAPTER 280
CHAPTER 281
CHAPTER 282
CHAPTER 283.
CHAPTER 284
CHAPTER 285
CHAPTER 286
CHAPTER 286 (ဒီတစ်ခါအတည်)
CHAPTER 287
CHAPTER 288
CHAPTER 289
CHAPTER 290 (Part1)
CHAPTER 290 (Part 2)
CHAPTER 291
CHAPTER 292
CHAPTER 293
CHAPTER 294
CHAPTER 295
CHAPTER 296
CHAPTER 297
CHAPTER 298
CHAPTER 299
CHPATER 300.
CHAPTER 301
CHAPTER 302
CHAPTER 303
CHAPTER 304
CHAPTER 305
CHAPTER 306
CHAPTER 307
CHAPTER 308
CHAPTER 309
CHAPTER 310
CHAPTER 311
CHAPTER 312
CHAPTER 313
CHAPTER 314
CHAPTER 315
CHAPTER 316
CHAPTER 317
CHAPTER 318
CHAPTER 319
CHAPTER 320
Finale

CHAPTER 272

8.3K 1.5K 64
Od Sailor_Moon_94






Zawgyi ver..











အလွည့္စားခံရျခင္း







ေနာက္တစ္ေန႔တြင္ ယူေ႐ွာင္မို အိပ္ယာေစာေစာ ႏိုးလာသည္၊ ယေန႔တြင္လည္း အဖိုးအိုထံသို႔ သြားရဦးမည္ ျဖစ္ေသာ္ျငား သူလုပ္ေနက် ေဆးေဖာ္ျခင္း အလုပ္ကိုေတာ့ မေမ့ေပ ။




အေတာ္အတန္ ေဆးေဖာ္ပီးေသာအခါ ယူေ႐ွာင္မိုသည္ ေဆးလံုးမ်ားအား သူ႔အနား၌ လွည့္ပတ္ အခ်ိန္ျဖဳန္းလ်က္႐ွိေသာ လင္းေ႐ွာင္ဆီသို႔ ထိုးေပးလိုက္သည္၊ အဆင့္ငါး ေမွာ္ဆရာတစ္ေယာက္အတြက္ အဆင့္ေလးေဆးလံုးမ်ား ေဖာ္စပ္ရျခင္းသည္ ျခင္႐ိုက္ရသေလာက္သာ ႐ွိေပသည္ ။





ထို႔ေနာက္ ယူေ႐ွာင္မို အဖိုးအိုဆီသို႔ ထြက္လာခဲ့သည္၊ အေဆာင္ေ႐ွ႕ေရာက္ေသာအခါ ခါတိုင္းေန႔မ်ားကဲ့သို႔ ေစာင့္ဆိုင္းလ်က္႐ွိေသာ အေစာင့္လူငယ္အား မေတြ႔ရေပ၊ ထို႔ေၾကာင့္ ယူေ႐ွာင္မို အဖိုးအို၏ ျခံဝင္းအတြင္းသို႔ တန္းဝင္သြားလိုက္သည္၊ အတြင္းသို႔ ေရာက္ေသာအခါ ေဆးပင္စိုက္ခင္းဘက္၌ လႈပ္လႈပ္ရြရြ လုပ္ေနေသာ အဖိုးအို၏ အရိပ္အား ေတြ႔ရေလ၏၊ ထို႔ေၾကာင့္ ယူေ႐ွာင္မို ထိုေနရာသို႔ ေလ်ွာက္သြားလိုက္သည္ ။











ထိုအနားသို႔ ေရာက္ေသာ္ ယူေ႐ွာင္မိုသည္ သတိႀကီးစြာျဖင့္ ႏႈတ္ခြန္းဆက္သည္ ။

" ႐ွစ္ဖူ.. ဒီေန႔အတြက္ ဘာေတြမ်ား လုပ္စရာ ႐ွိပါသလဲခင္ဗ်ာ? "







ထိုအခါ အဖိုးအိုသည္ သူ႔ဘက္သို႔ လွည့္လာၿပီး ျပံဳးျပလာ၏ ။

" ထုအာေလး ေရာက္လာၿပီလား "





ယူေ႐ွာင္မို ဆြံ႔အသြားသည္၊ ဤေလသံ ဤအျပံဳး မ်ားသည္ ေသခ်ာေပါက္ ပထမစ႐ိုက္ပင္ ျဖစ္သည္၊ သို႔ေသာ္ လက္လြတ္စပယ္ေတာ့ မျပဳမူရဲေသး..၊ ဒုတိယစ႐ိုက္မွ သူ႔အား အ႐ူးလုပ္ရန္ လွည့္စားေနသည္လည္း ျဖစ္ႏိုင္သည္ေလ ။


" ႐ွစ္ဖူ.. ဒီေန႔ အေျခအေန ဘယ္လိုရွိလဲဗ်? "


" အင္း.. သိပ္ေတာ႔ မဆိုးပါဘူးကြာ .. "

အဖိုးအိုမွ ေခါင္းတဆတ္ဆတ္ ၿငိမ့္သည္ ။

"လာ.. ဒီနားလာၿပီး ေပါင္းပင္ေတြ ကူ႐ွင္းေပးဦး "



ထိုစကားအား ၾကားေသာအခါမွသာ ယူေ႐ွာင္မို သက္ျပင္းခ်လိုက္မိသည္၊ အေျခအေန ၾကည့္ရသည္မွာ ပထမစ႐ိုက္ ဝင္ေနေၾကာင္း ေသခ်ာေပသည္ ။








ယူေ႐ွာင္မို ထိုင္ခ်လိုက္ၿပီး အဖိုးအို၏ ေဆးပင္စိုက္ခင္းအား တစ္ခ်က္ ၾကည့္လိုက္သည္၊ ထိုအခါ စိုက္ခင္းထဲ၌ ေပါင္းပင္အေျမာက္အမ်ား ေပါက္ေရာက္လ်က္႐ွိေၾကာင္း ေတြ႔လိုက္ရ၏၊ ထိုအခါ သူ၏ နယ္ေျမအတြင္း႐ွိ စိုက္ခင္း၌ ေပါင္းပင္မ်ား ရံဖန္ရံခါ ေပါက္တတ္ေသာ္လည္း ဤမ်ွ မမ်ားျပားေၾကာင္း သတိရမိသြားသည္၊ စိုက္ပ်ိဳးေျမႏွင့္ ေရခံေျမခံ ကြာျခားသည္ေၾကာင့္ ျဖစ္ႏိုင္ေပသည္ ။













တစ္နာရီခန္႔ ၾကာၿပီးေသာအခါ ေပါင္းပင္မ်ား အားလံုးအား ႐ွင္းလင္းၿပီးသြားသည္၊ သို႔ေသာ္ အဖိုးအို မည္သည့္အခ်ိန္က ထထြက္သြားသည္ကိုေတာ့ မသိလိုက္ ။








ယူေ႐ွာင္မိုသည္လည္း အနီးအနား႐ွိ ေရကန္ဆီသို႔ ေလ်ွာက္သြားကာ ညစ္ေပေနေသာ လက္မ်ားအား ေဆးေၾကာလိုက္သည္၊ ထို႔ေနာက္ မၾကာမီပင္ ရင္းႏွီးေနေသာ ေအာ္ဟစ္ ႀကိမ္းဝါးသံ တစ္ခုသည္ သူ၏ အေနာက္ဘက္ဆီမွ ထြက္ေပၚလာ၏ ။










" ယူေ႐ွာင္မို အ႐ူးအနွမ္းေကာင္! .. အဲ့ဒီ လက္ကို ဘယ္အခ်ိန္ထိ ေဆးေနဦးမွာလဲ?! "





ဗြမ္း!









အဖိုးအို၏ ႐ုတ္တရက္ ေအာ္ဟစ္မႈေၾကာင့္ ယူေ႐ွာင္မို ေၾကာက္လန္႔တၾကားျဖင့္ ေရကန္အတြင္းသို႔ ျပဳတ္က်သြားေတာ့သည္၊ ၾကည္လင္ေနေသာ ေရကန္သည္လည္း ေနာက္က်ိသြားရကား အနီးပတ္ဝန္းက်င္သို႔ ေရစက္မ်ား လြင့္စင္ကုန္ၾကေတာ့၏ ။












ေခတၱၾကာေသာ္ ယူေ႐ွာင္မို ေရကန္အတြင္းမွ ျပန္တက္လာႏိုင္ခဲ့သည္၊ ေရစိုသြားေသာ ျကြက္စုတ္ကေလး ယူေ႐ွာင္မိုသည္ ခပ္လွမ္းလွမ္းမွ သူ႔အား ေလွာင္ျပံဳးျပံဳးလ်က္ ၾကည့္ေနေသာ အဖိုးအိုအား စူးစူးဝါးဝါး စိုက္ၾကည့္လိုက္မိသည္၊ အဖိုးအို၏ ထိုအမူအယာအရ သူ႔အား တမင္ အ႐ူးလုပ္ေနသည္မွာ ရာႏႈန္းျပည့္ ေသခ်ာသြားရေပသည္ ။








" လူ႔အမိုက္အမဲ! ျမန္ျမန္ မလာေသးပဲနဲ႔ ဘာလို႔ ေၾကာင္ရပ္ေနတာလဲ? ဒါေလးေတာင္ ေျဖာင့္ေအာင္တန္းေအာင္ မလုပ္ႏိုင္ပဲ ဒီသြမ့္ခ်ီထ်န္ရဲ႕ တပည့္ျဖစ္ခ်င္ေနေသးတယ္ ဟမ္း! နင္မ႐ွက္ရင္ေတာင္ နင့္အစား ငါ႐ွက္တယ္ .. "


အဖိုးအိုသည္ ထိုေနရာ၌ ရပ္ေနရင္း သူ႔အား မတူသလို မတန္သလို လွမ္းေငါက္ေနေလသည္ ။








သို႔ေသာ္ ယူေ႐ွာင္မိုသည္ ၎အား ျပန္ရန္ေတြ႔မေနႏိုင္ေတာ့..၊ သူ၏တစ္ကိုယ္လံုး ေခါင္းအစ ေျခအဆံုးမွာ ရႊံ႕ေရမ်ား ရြဲွရႊဲစိုေနၿပီ ျဖစ္သည္ ။











ထံုးစံအတိုင္း အဖိုးအိုထံမွ အမိန္႔ေပးသံတစ္ခု ထပ္ထြက္လာသည္ ။

" သြား.. အက်ႌ သြားလဲ .. ျပီးရင္ ေဆးေဖာ္ခန္းထဲကိုသြား! ၿပီးရင္ စင္ေပၚက ေဆးပင္ေတြကို ေကာင္းေကာင္း စီထား! "








ယူေ႐ွာင္မိုသည္ 'အစုတ္အျပတ္ သက္ၾကားအိုႀကီး.. ဒီအတြက္ ခင္ဗ်ား တစ္ေန႔က် ျပန္ေပးဆပ္ရေစ့မယ္! ' ဟု စိတ္ထဲမွေန၍သာ ႀကိမ္းဝါးႏိုင္ေတာ့သည္ ။















အဝတ္အသစ္မ်ား လဲလွယ္ၿပီးေသာအခါ အဖိုးအို အမိန႔္ေပးသည့္အတိုင္း ေဆးေဖာ္ခန္းသို႔ သြားလိုက္သည္၊ ယခုအျကိမ္သည္ ၎အခန္းတြင္း႐ွိ အဖိုးအို၏ ေဆးေဖာ္အိုးအား ႏွစ္ႀကိမ္ေျမာက္ ျမင္ရျခင္း ျဖစ္သည္၊ မေန႔က အဖိုးအို၏ ေဆးေဖာ္နည္းစနစ္အား ျပန္လည္ျမင္ေယာင္မိေသာအခါ ယူေ႐ွာင္မို ၾကက္သီးေမြးညင္းမ်ား ထလာေတာ့၏၊ ၎မွာ သူအဖိုးအိုအား သည္းခံေနရသည့္ တစ္ခုတည္းေသာ အေၾကာင္းျပခ်က္လည္း ျဖစ္ေပသည္ ။






ထိုအတြက္သာ မဟုတ္ပါလ်ွင္ သူတင္မဟုတ္ မည္သူမ်ွ ၎၏ ဒုတိယစ႐ိုက္အား သည္းခံေနႏိုင္လိမ့္မည္ မဟုတ္..၊ ထိုမ်ွ စိတ္ပ်က္စရာေကာင္းေသာ အဖိုးအိုသည္ သူ႔အား အ႐ူးလုပ္ရန္အတြက္ ပထမစ႐ိုက္အသြင္ပင္ ဟန္ေဆာင္လိုက္ေသး၏၊ သို႔ေသာ္ သူမလိုက္မမွီႏိုင္ေသာ အခ်က္မွာ အဘယ္ေၾကာင့္ ဒုတိယစ႐ိုက္သည္ အဖိုးအိုအေပၚ ႏွစ္ရက္ဆက္တိုက္ လႊမ္းမိုးေနရသနည္း ဆိုသည္ကိုပင္၊ ပထမစ႐ိုက္ ထြက္ေပၚလာရန္အတြက္ တြန္းအားေပးသည့္ အေျခအေန တစ္စံုတစ္ရာမ်ား လိုအပ္ေသးသည္လား မသိေပ ။




ယူေ႐ွာင္မိုသည္ ေဆးပင္မ်ား စီေနရင္းမွ ေတြးေနမိသည္၊ သို႔ေသာ္လည္း အဆံုးထိ ဘာမွ အေျဖမထုတ္ႏိုင္ခဲ့..၊ သူႏွင့္ အဖိုးအို ေတြ႔ဆံုဖူးသည့္ အႀကိမ္အေရအတြက္မွာ လက္ခ်ိဳးေရႏိုင္ေလာက္ေအာင္ပင္ နည္းပါးလြန္းသည္ ။












ထိုအခ်ိန္တြင္ အဖိုးအိုသည္ ယူေ႐ွာင္မို အၿပီးကို မေစာင့္ပဲ ေဆးေဖာ္ခန္းအတြင္းသို႔ ဝင္လာ၏၊ ယူေ႐ွာင္မို ေဆးပင္မ်ား စီေနဆဲျဖစ္သည္ကို ျမင္ေသာ္ မ်က္ႏွာတစ္ခုလံုး ေမွာင္မဲသြားၿပီး..

" မင္း အ႐ူးလား ဟမ္? ေဆးပင္ေလး စီတာ ဒီေလာက္ၾကာေနရသလား?! "





ယူေ႐ွာင္မို " ... ... "






ေသသာ ေသလိုက္ခ်င္ေတာ့တယ္.. ေစာက္အဖိုးႀကီး ဒါလဲ လိုက္အျပစ္တင္တာပဲလား?





သည္းမခံႏိုင္ေတာ့ဘူး!







ထိုေဆးပင္မ်ား အားလံုးသည္ အလယ္အလတ္အဆင့္ ေဆးပင္မ်ား ျဖစ္ေသာေၾကာင့္ အေတာ္မ်ားမ်ားကိုေတာ့ ယူေ႐ွာင္မို သိသည္၊ သို႔ေသာ္ ထိုေဆးပင္မ်ားၾကား၌ အဆင့္ျမင့္ ေဆးပင္မ်ား တစ္ပင္စ ႏွစ္ပင္စ ညႇပ္ပါေန၏၊ ထို႔အျပင္ အခ်ိဳ႕ အပင္မ်ား၏ ပံုပန္းသြင္ျပင္သည္ အေတာ္ ဆင္တူသျဖင့္ ေသခ်ာ ဂ႐ုတစိုက္ မခြဲျခားပါက အမွားျဖစ္မည္ကိုလည္း စိုးရိမ္ေနရေသးသည္ ။







ထို႔အျပင္ သူသည္ ထိုေဆးပင္မ်ားအား တူရာစု၍ ပံုရသည္မဟုတ္၊ ၎တို႔အား မ်က္ႏွာခ်င္းဆိုင္ဘက္႐ွိ ေက်ာက္စိမ္းေသတၱာမ်ား အတြင္းသို႔ ထည့္သြင္းရျခင္း ျဖစ္သည္၊ ေသတၱာတိုင္းအား ေဆးပင္ မ်ိဳးႏြယ္စုနာမည္မ်ား ေရးထိုးေပးထားသည္၊ ယူေ႐ွာင္မို ထိုစာလံုးမ်ားအား ဖတ္တတ္ေသာ္လည္း မည္သည့္ေဆးပင္က မည္သည့္မ်ိဳးႏြယ္စုတြင္း ပါဝင္သည္ကိုမူ မသိေခ် ။






ထို႔ေၾကာင့္ ယူေ႐ွာင္မိုသည္ တည္ၿငိမ္စြာျဖင့္ အဖိုးအိုအား ေျဖ႐ွင္းခ်က္ ေပးလိုက္သည္ ။

" ႐ွစ္ဖူရယ္.. ဒီထဲမွာ ကြၽန္ေတာ္ မသိေသးတဲ့ အဆင့္ေျခာက္နဲ႔ အဆင့္ခုနစ္ေဆးပင္ေတြလဲ ႐ွိေသးတယ္ေလ "












ထိုသို႔ ေျပာလိုက္ေသာအခါ အဖိုးအိုသည္ သူ႔အား အထင္ေသးဟန္ျဖင့္ တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ ဆူေငါက္ေတာ့၏ ။





" မင္း တကယ္ေရာ အလားအလာ အေကာင္းဆံုး႐ွိတဲ့ ေက်ာင္းသား ဟုတ္ရဲ႕လား ဟမ္? ထန္းဇီ႐ွင္းေတာင္ မင္းထက္ ပိုေကာင္းေအာင္ လုပ္ႏိုင္လိမ့္ဦးမယ္ "




ယူေ႐ွာင္မို " ... ... "










ယူေ႐ွာင္မို ဆြံ႔အသြားသည္ကို ျမင္ေသာအခါ အဖိုးအိုသည္ ၎၏ ခ်က္ေကာင္းအား ထိသြားၿပီမွန္း သိလိုက္သည္ ။









" အခုကစၿပီး မင္း စာဖတ္ခန္းကို တစ္ေန႔ႏွစ္နာရီ ဝင္ရမယ္! အဲ့ဒီမွာ ေဆးပင္အေၾကာင္း ေဖာ္ျပထားတဲ့ စာအုပ္ေတြ႐ွိေတာ့ အဲ့ဒါေတြကို တစ္လအတြင္း အကုန္ၿပီးေအာင္ ဖတ္! မၿပီးရင္ အျပင္မွာ မင္းကိုယ္မင္း ငါ့တပည့္လို႔ နာမည္မတပ္နဲ႔! "

ဟု ေျပာဆိုၿပီး ထြက္သြားေလသည္ ။
















အံ့ျသပ ကေမ႓ာဇပဲ .. ခင္ဗ်ား ဘယ္တုန္းကေရာ ကြၽန္ေတာ့္ကို တပည့္လို႔ သတ္မွတ္ဖူးလို႔လဲ!

ယူေ႐ွာင္မို မေက်မနပ္ က်ိန္ဆဲေတာ့သည္ ။









သို႔ေသာ္ အျပင္တြင္ေတာ့ ထုတ္မေျပာရဲေပ၊ အဖိုးအို၏ စာဖတ္ခန္းအား သူ အရင္ကတည္းက မ်က္စိက်ေနခဲ့ရသည္ မဟုတ္ပါလား ။



















မေန႔က ယူေ႐ွာင္မို အဖိုးအို၏ စာဖတ္ခန္းအတြင္းသို႔ သန္႔႐ွင္းေရးလုပ္ရန္ အသြားတြင္ အခန္းတြင္း႐ွိ စာအုပ္မ်ားသည္ ယခင္ထန္႐ွင္းဂိုဏ္း စာၾကည့္တိုက္ထက္ ပိုမို မ်ားျပားစံုလင္ေၾကာင္း ေတြ႔ခဲ့ရသည္၊ ထိုကတည္းက အဖိုးအို၏ စာဖတ္ခန္းအား မ်က္စိက်ေနခဲ့ကာ ထိုအထဲ၌ အိပ္ရန္ အမိန္႔ေပးလ်ွင္ေတာင္မွ ဝမ္းေျမာက္ဝမ္းသာ လက္ခံမိလိမ့္မည္ ျဖစ္သည္ ။






အဖိုးအို၏ စာဖတ္ခန္းအတြင္း၌ စုေဆာင္းထားမႈမ်ား အလ်ွံအပယ္ပင္၊ ထိုအထဲတြင္ တန္ဖိုးႀကီး ရတနာမ်ားပင္ ပါေသး၏၊ အဖိုးအို၏ ခြင့္ျပဳမိန္႔သာ မပါလ်ွင္ ဤေက်ာင္းေတာ္အတြင္း႐ွိ မည္သူမ်ွ ၎စာၾကည့္ခန္းအတြင္းသို႔ ဝင္ခြင့္ရလိမ့္မည္ မဟုတ္ေပ ။



သို႔ေသာ္ ယူေ႐ွာင္မိုမွာမူ အဖိုးအို၏ ခြင့္ျပဳမိန္႔ ရ႐ွိၿပီးသား ျဖစ္သျဖင့္ သူ၏ကဒ္အား အသံုးျပဳကာ လြယ္လြယ္ကူကူပင္ ဝင္သြားလိုက္ႏိုင္သည္ ။





ထိုအခန္းထဲ ဝင္ဝင္ခ်င္း သူ၏အာရံုအား ပထမဆံုး ဖမ္းစားသြားသည့္ အရာမွာ ႀကီးမားျမင့္သြန္းသည့္ စာအုပ္မ်ား အျပည့္ တင္ထားေသာ စာအုပ္စင္ႀကီး ျဖစ္သည္၊ အဖိုးအိုသည္ စာအုပ္မ်ားအား အဆင့္အလိုက္ စီစဥ္ထားသည္၊ သို႔ေသာ္ ၎မွာ လူအမ်ား ေတြးထင္ထားၾကသလို အျမင့္မွ အနိမ့္သို႔ မဟုတ္ပဲ အေပၚဆံုးအထပ္၌ အဆင့္အနိမ့္ဆံုး စာအုပ္မ်ား တင္ထားၿပီး ထိုမွတစ္ဆင့္ ေအာက္သို႔ တျဖည္းျဖည္း နိမ့္ဆင္းလာေလ စာအုပ္မ်ား၏ အဆင့္ တျဖည္းျဖည္း ျမင့္လာေလ ျဖစ္သည္ ။




ထိုကဲ့သို႔ေသာ စီစဥ္ပံုမ်ိဳးသည္ ပိုင္႐ွင္ အဖိုးအိုမွအပ က်န္လူမ်ားအား စိတ္အေႏွာင့္အယွက္ ျဖစ္ေစရန္ တမင္ျကံစည္ထားေၾကာင္း သိသာေပၚလြင္လွသည္ ။




ယူေ႐ွာင္မိုသည္ အရပ္မျမင့္ေသာေၾကာင့္ ေမွာ္ေဆးပင္မ်ားအေၾကာင္း စာအုပ္အား အေပၚဆံုးအထပ္၌ ႐ွာေဖြရန္ အနီး႐ွိ ေလွကားအား အသံုးျပဳလိုက္ရသည္၊ ကံေကာင္းစြာပင္ သူလိုအပ္ေနေသာ စာအုပ္အား အခ်ိန္တိုအတြင္း ႐ွာေတြ႔သြား၏၊ စာအုပ္စင္ေပၚ၌ ေမွာ္ေဆးပင္စြယ္စံုက်မ္း ႏွစ္အုပ္႐ွိရာ ၎တို႔သည္ အျခားစာအုပ္မ်ားထက္ သိသိသာသာ ပိုထူထဲေသာေၾကာင့္ ေအာက္သို႔သယ္ရန္ ႏွစ္ခါမ်ွ ေလွကားအတက္အဆင္း လုပ္လိုက္ရကာ ယူေ႐ွာင္မို ေျခေခ်ာ္က်ေတာ့မလိုပင္ ျဖစ္သြားရေသးသည္ ။





အဆင့္ေျခာက္ ေဆးပင္မ်ား၏ စြယ္စံုက်မ္းစာအုပ္အား လက္အတြင္း ကိုင္ေဆာင္ထားရင္း ယူေ႐ွာင္မို သက္ျပင္းခ်လိုက္မိသည္၊ အဖိုးအိုမွ သူ႔အား အခ်ိန္ တစ္လေပးသည္မွာ မဆန္းေတာ့ေပ၊ ၎စာအုပ္သည္ အေတာ္ပင္ ထူထဲသည္ ။





သို႔ေသာ္ မည္မ်ွပင္ ခက္ခဲေနပါေစ သူ ေလ့လာသင္ယူလိုသည္၊ အဖိုးအိုမွ သူ႔အား ထန္းဇီ႐ွင္းႏွင့္ ႏိႈင္းယွဥ္ေျပာဆိုျခင္းမ်ိဳး ေနာက္တစ္ႀကိမ္ ထပ္၍ မၾကားလိုေတာ့..၊ တစ္ႀကိမ္ဆိုလ်ွင္ပင္ ေတာ္ေလာက္ေပၿပီ ။










စြယ္စံုက်မ္းအား ဖြင့္လိုက္ေသာအခါ ယူေရွာင္မို မ်က္လံုးမ်ား အေရာင္လက္လာ၏၊ ဤစာအုပ္သည္ သူျမင္ဖူးေတြ႔ဖူးသမ်ွ စာအုပ္မ်ားတြင္ အစံုလင္ဆံုးဟု ဆိုရေပမည္၊ ေဖာ္ျပထားေသာ ေဆးပင္တိုင္းအား တိတိက်က် အေသးစိတ္ ေဖာ္ျပထားၿပီး ၎တို႔ေဘးတြင္ လက္ေရးမွတ္စုကေလးမ်ားပင္ ပါ႐ွိေသး၏၊ အဖိုးအိုကိုယ္တိုင္ ေရးမွတ္ထားဟန္တူသည္၊ ထို႔ျပင္ ယူေ႐ွာင္မို မသိေသးေသာ ေဆးပင္မ်ိဳးအစားမ်ား မ်ားစြာကိုလည္း ေဖာ္ျပထားသည္ ။






ေရျမဳပ္ကေလးတစ္လံုးကဲ့သို႔ ယူေ႐ွာင္မိုသည္ ထိုစြယ္စံုက်မ္းအတြင္း႐ွိ စာမ်ားအား အ႐ူးအမူး စုပ္ယူ က်က္မွတ္ေတာ့သည္၊ သိ႐ွိၿပီး အေၾကာင္းအရာမ်ား ပါဝင္ေသာ္လည္း ၎တို႔ကိုပါ ေနာက္တစ္ေခါက္ထပ္၍ က်က္မွတ္သည္ ။








ဤသို႔ျဖင့္ အခ်ိန္ႏွစ္နာရီသည္ လ်င္လ်င္ျမန္ျမန္ ကုန္ဆံုးသြားေလသည္ ။










ယူေ႐ွာင္မိုသည္ အခ်ိန္မ်ား လ်င္ျမန္စြာ ကုန္ဆံုးသြားသျဖင့္ ႏွေျမာမိေသာ္လည္း အေတာ္မ်ားမ်ားအား ေလ့လာ က်က္မွတ္လိုက္ရသျဖင့္ တစ္မ်ိဳးတစ္ဖံု စိတ္ေက်နပ္မိျပန္၏၊ စာအုပ္အား ေနရာတက် ျပန္ထားေတာ့မည့္အခ်ိန္တြင္ အခန္းအျပင္ဘက္မွ အဖိုးအို၏ ႀကိမ္းဝါးသံႀကီးအား ၾကားလိုက္ရျပန္၏၊ ထို႔ေၾကာင့္ ေနာက္တစ္ႀကိမ္ ထပ္မေအာ္ခင္တြင္ ထိုေနရာမွ အျမန္ထြက္ရန္ ျပင္ရေတာ့သည္ ။






" ယူေ႐ွာင္မို.. ဖတ္လို႔ၿပီးရင္လဲ ေလးကန္မေနပဲ အဲ့ေနရာကေန ဖင္ေရႊ႕ေတာ့ေလ! "













ထိုကပ္ေစးႏွဲ သက္ၾကားအိုအား အမွန္တကယ္ပင္ ေနနည္းထိုင္နည္း သင္တန္းေပးရန္ လိုအပ္ေပသည္! သို႔မဟုတ္လ်ွင္ သူ႔အား ထိုကဲ့သို႔ ေန႔တိုင္း ေျခာက္လွန္႔ေနသျဖင့္ ယူေ႐ွာင္မိုတစ္ေယာက္ အလန္႔လြန္ကာ ႐ူးသြားႏိုင္၏၊ ထို႔ေနာက္ စာအုပ္အား ျမန္ျမန္သြက္သြက္စီကာ အဖိုးအို အသံၾကားရာဆီသို႔ ဦးတည္လိုက္သည္ ။








အဖိုးအို၏ အသံသည္ ေဆးေဖာ္ခန္းအတြင္းမွ ထြက္လာျခင္းျဖစ္သည္၊ ဤမ်ွ က်ယ္ေလာင္ေအာင္ ေအာ္ဟစ္ရန္မွာ သာမာန္လူအဖို႔ မလြယ္ကူေသာ္ျငား အဖိုးအို၏ အသံပါဝါႏွင့္ဆိုလ်ွင္ေတာ့ အလြယ္ကေလးသာ ျဖစ္သည္၊ ဤသည္မွာ ေန႔စဥ္မွန္မွန္ ေအာ္ဟစ္ျခင္း၏ အက်ိဳးေက်းဇူးေပေလာဟုပင္ ယူေ႐ွာင္မို ေတြးမိသြားရသည္ ။







သူဝင္သြားေသာ အခ်ိန္၌ အဖိုးအိုသည္ ေဆးေဖာ္ေနသည္၊ အရင္တစ္ခါကလိုပင္ အဖိုးအိုသည္ ေဆးအိုးေ႐ွ႕၌ ေျခစံုရပ္ေန၏၊ အဖိုးအို၏ ဝိဥာဥ္စြမ္းအားမ်ား အခန္းအတြင္း လွည့္ပတ္ေနသည္ကိုလည္း ယူေ႐ွာင္မို ခံစားမိသည္၊ အဖိုးအိုသည္ သူ႔အား ေဆးပင္မ်ားကို ေဆးအိုးအတြင္းသို႔ ပစ္ထည့္ခိုင္းသည္၊ သို႔ေသာ္ ယခုေဆးပင္မ်ားမွာ အဆင့္ေလး ေဆးပင္မ်ားျဖစ္ၿပီး တစ္မ်ိဳးလ်ွင္ ဆယ္ပင္က်စီ ပါဝင္၏ ။






ေဆးလံုးဆယ္လံုးကို တစ္ၿပိဳင္တည္း ေဖာ္မွာေတာ့ မဟုတ္ဘူးမလား?










သံသယမ်ားျဖင့္ ယူေ႐ွာင္မိုသည္ အဖိုးအိုခိုင္းသည့္အတိုင္း လုပ္ေပးလိုက္သည္ ။







အဖိုးအိုမွ ေျပာသည္ ။

" ေဆးေဖာ္ျခင္း ျဖစ္စဥ္ အဆင့္ဆင့္ကို မင္းရဲ႕ ဝိဥာဥ္နဲ႔ ခံစားၾကည့္ "







ယူေ႐ွာင္မို မ်က္ခံုးမ်ား တြန္႔ခ်ိဳးလိုက္သည္၊ ဝိဥာဥ္နဲ႔ ခံစားတယ္?




နားမလည္ေသာေၾကာင့္ အဖိုးအိုအား မဝံ့မရဲျဖင့္ ေမးလိုက္မိသည္ ။

" ႐ွစ္ဖူ.. ဝိဥာဥ္စြမ္းအားကို ေျပာတာလား? "












ထိုအခါ အဖိုးအိုသည္ မ်က္လံုးမ်ား ပြင့္လာၿပီး သူ႔အား စိုက္ၾကည့္ကာ ေအာ္ေငါက္ေလေတာ့၏ ။

" မင္း က်ပ္မျပည့္ဘူးလား ဟမ္! အဲ့ဒါေတြကအစ လိုက္ေျပာေပးေနရဦးမွာလား? "







ယူေ႐ွာင္မို " ... ... "












ထိုသို႔ ေအာ္ေငါက္လိုက္ေသာ္ျငား အဖိုးအိုသည္ သူ႔အား ႐ွင္းျပေပး၏ ။




အဖိုးအို ဆိုလိုေသာ ဝိဥာဥ္ဆိုသည္မွာ ဝိဥာဥ္ ထိုးထြင္းသိျမင္ျခင္း ဟူေသာ စြမ္းရည္တစ္မ်ိဳး ျဖစ္သည္၊ ဝိဥာဥ္စြမ္းအားႏွင့္ အနည္းငယ္ ကြဲျပား၍ ပံု ျဒပ္ မ႐ွိသျဖင့္ ပကတိမ်က္စိျဖင့္ မျမင္ႏိုင္ေပ၊ ၎သည္ ေမွာ္ဆရာ၏ ကံေကာင္းကံဆိုးႏွင့္သာ သက္ဆိုင္ၿပီး အေခါက္ေပါင္းမည္မ်ွ ေလ့က်င့္ပါေစ ကံ အေၾကာင္းတိုက္ဆိုင္မွသာ ထြက္ေပၚလာမည္ ျဖစ္ကာ ၎အား တကူးတက လိုက္႐ွာေဖြရန္ မလိုအပ္ေပ၊ ၎သည္ ေမွာ္ဆရာ၏ ကုသိုလ္ကံႏွင့္သာ တိုက္႐ိုက္ သက္ဆိုင္သည့္အတြက္ မိမိကိုယ္၌ကသာ အလြန္တရာ ကံဆိုးသူမျဖစ္ပါက အျခားသူမ်ား နည္းတူ နားလည္ သိျမင္ႏိုင္လိမ့္မည္ဟု ဆို၏ ။











ထိုစကားအား ၾကားေသာ္ ယူေ႐ွာင္မို စိတ္ထဲမွေန၍ အဖိုးအိုအား လက္ခလယ္မ်ားသာ ေပးလိုက္မိေတာ့သည္ ။

ေသာက္က်ိဳးနဲ ထိုးထြင္းသိျမင္ျခင္း!!






















# 26.12.2020

အမွားပါရင္ ေထာက္ျပေပးၾကပါဦး ♥


____________





















Unicode ver..











အလှည့်စားခံရခြင်း







နောက်တစ်နေ့တွင် ယူရှောင်မို အိပ်ယာစောစော နိုးလာသည်၊ ယနေ့တွင်လည်း အဖိုးအိုထံသို့ သွားရဦးမည် ဖြစ်သော်ငြား သူလုပ်နေကျ ဆေးဖော်ခြင်း အလုပ်ကိုတော့ မမေ့ပေ ။




အတော်အတန် ဆေးဖော်ပီးသောအခါ ယူရှောင်မိုသည် ဆေးလုံးများအား သူ့အနား၌ လှည့်ပတ် အချိန်ဖြုန်းလျက်ရှိသော လင်းရှောင်ဆီသို့ ထိုးပေးလိုက်သည်၊ အဆင့်ငါး မှော်ဆရာတစ်ယောက်အတွက် အဆင့်လေးဆေးလုံးများ ဖော်စပ်ရခြင်းသည် ခြင်ရိုက်ရသလောက်သာ ရှိပေသည် ။





ထို့နောက် ယူရှောင်မို အဖိုးအိုဆီသို့ ထွက်လာခဲ့သည်၊ အဆောင်ရှေ့ရောက်သောအခါ ခါတိုင်းနေ့များကဲ့သို့ စောင့်ဆိုင်းလျက်ရှိသော အစောင့်လူငယ်အား မတွေ့ရပေ၊ ထို့ကြောင့် ယူရှောင်မို အဖိုးအို၏ ခြံဝင်းအတွင်းသို့ တန်းဝင်သွားလိုက်သည်၊ အတွင်းသို့ ရောက်သောအခါ ဆေးပင်စိုက်ခင်းဘက်၌ လှုပ်လှုပ်ရွရွ လုပ်နေသော အဖိုးအို၏ အရိပ်အား တွေ့ရလေ၏၊ ထို့ကြောင့် ယူရှောင်မို ထိုနေရာသို့ လျှောက်သွားလိုက်သည် ။











ထိုအနားသို့ ရောက်သော် ယူရှောင်မိုသည် သတိကြီးစွာဖြင့် နှုတ်ခွန်းဆက်သည် ။

" ရှစ်ဖူ.. ဒီနေ့အတွက် ဘာတွေများ လုပ်စရာ ရှိပါသလဲခင်ဗျာ? "







ထိုအခါ အဖိုးအိုသည် သူ့ဘက်သို့ လှည့်လာပြီး ပြုံးပြလာ၏ ။

" ထုအာလေး ရောက်လာပြီလား "





ယူရှောင်မို ဆွံ့အသွားသည်၊ ဤလေသံ ဤအပြုံး များသည် သေချာပေါက် ပထမစရိုက်ပင် ဖြစ်သည်၊ သို့သော် လက်လွတ်စပယ်တော့ မပြုမူရဲသေး..၊ ဒုတိယစရိုက်မှ သူ့အား အရူးလုပ်ရန် လှည့်စားနေသည်လည်း ဖြစ်နိုင်သည်လေ ။


" ရှစ်ဖူ.. ဒီနေ့ အခြေအနေ ဘယ်လိုရှိလဲဗျ? "


" အင်း.. သိပ်တော့ မဆိုးပါဘူးကွာ .. "

အဖိုးအိုမှ ခေါင်းတဆတ်ဆတ် ငြိမ့်သည် ။

"လာ.. ဒီနားလာပြီး ပေါင်းပင်တွေ ကူရှင်းပေးဦး "



ထိုစကားအား ကြားသောအခါမှသာ ယူရှောင်မို သက်ပြင်းချလိုက်မိသည်၊ အခြေအနေ ကြည့်ရသည်မှာ ပထမစရိုက် ဝင်နေကြောင်း သေချာပေသည် ။








ယူရှောင်မို ထိုင်ချလိုက်ပြီး အဖိုးအို၏ ဆေးပင်စိုက်ခင်းအား တစ်ချက် ကြည့်လိုက်သည်၊ ထိုအခါ စိုက်ခင်းထဲ၌ ပေါင်းပင်အမြောက်အများ ပေါက်ရောက်လျက်ရှိကြောင်း တွေ့လိုက်ရ၏၊ ထိုအခါ သူ၏ နယ်မြေအတွင်းရှိ စိုက်ခင်း၌ ပေါင်းပင်များ ရံဖန်ရံခါ ပေါက်တတ်သော်လည်း ဤမျှ မများပြားကြောင်း သတိရမိသွားသည်၊ စိုက်ပျိုးမြေနှင့် ရေခံမြေခံ ကွာခြားသည်ကြောင့် ဖြစ်နိုင်ပေသည် ။













တစ်နာရီခန့် ကြာပြီးသောအခါ ပေါင်းပင်များ အားလုံးအား ရှင်းလင်းပြီးသွားသည်၊ သို့သော် အဖိုးအို မည်သည့်အချိန်က ထထွက်သွားသည်ကိုတော့ မသိလိုက် ။








ယူရှောင်မိုသည်လည်း အနီးအနားရှိ ရေကန်ဆီသို့ လျှောက်သွားကာ ညစ်ပေနေသော လက်များအား ဆေးကြောလိုက်သည်၊ ထို့နောက် မကြာမီပင် ရင်းနှီးနေသော အော်ဟစ် ကြိမ်းဝါးသံ တစ်ခုသည် သူ၏ အနောက်ဘက်ဆီမှ ထွက်ပေါ်လာ၏ ။










" ယူရှောင်မို အရူးအနှမ်းကောင်! .. အဲ့ဒီ လက်ကို ဘယ်အချိန်ထိ ဆေးနေဦးမှာလဲ?! "





ဗွမ်း!









အဖိုးအို၏ ရုတ်တရက် အော်ဟစ်မှုကြောင့် ယူရှောင်မို ကြောက်လန့်တကြားဖြင့် ရေကန်အတွင်းသို့ ပြုတ်ကျသွားတော့သည်၊ ကြည်လင်နေသော ရေကန်သည်လည်း နောက်ကျိသွားရကား အနီးပတ်ဝန်းကျင်သို့ ရေစက်များ လွင့်စင်ကုန်ကြတော့၏ ။












ခေတ္တကြာသော် ယူရှောင်မို ရေကန်အတွင်းမှ ပြန်တက်လာနိုင်ခဲ့သည်၊ ရေစိုသွားသော ကြွက်စုတ်ကလေး ယူရှောင်မိုသည် ခပ်လှမ်းလှမ်းမှ သူ့အား လှောင်ပြုံးပြုံးလျက် ကြည့်နေသော အဖိုးအိုအား စူးစူးဝါးဝါး စိုက်ကြည့်လိုက်မိသည်၊ အဖိုးအို၏ ထိုအမူအယာအရ သူ့အား တမင် အရူးလုပ်နေသည်မှာ ရာနှုန်းပြည့် သေချာသွားရပေသည် ။








" လူ့အမိုက်အမဲ! မြန်မြန် မလာသေးပဲနဲ့ ဘာလို့ ကြောင်ရပ်နေတာလဲ? ဒါလေးတောင် ဖြောင့်အောင်တန်းအောင် မလုပ်နိုင်ပဲ ဒီသွမ့်ချီထျန်ရဲ့ တပည့်ဖြစ်ချင်နေသေးတယ် ဟမ်း! နင်မရှက်ရင်တောင် နင့်အစား ငါရှက်တယ် .. "


အဖိုးအိုသည် ထိုနေရာ၌ ရပ်နေရင်း သူ့အား မတူသလို မတန်သလို လှမ်းငေါက်နေလေသည် ။








သို့သော် ယူရှောင်မိုသည် ၎င်းအား ပြန်ရန်တွေ့မနေနိုင်တော့..၊ သူ၏တစ်ကိုယ်လုံး ခေါင်းအစ ခြေအဆုံးမှာ ရွှံ့ရေများ ရွဲှရွှဲစိုနေပြီ ဖြစ်သည် ။











ထုံးစံအတိုင်း အဖိုးအိုထံမှ အမိန့်ပေးသံတစ်ခု ထပ်ထွက်လာသည် ။

" သွား.. အကျႌ သွားလဲ .. ပြီးရင် ဆေးဖော်ခန်းထဲကိုသွား! ပြီးရင် စင်ပေါ်က ဆေးပင်တွေကို ကောင်းကောင်း စီထား! "








ယူရှောင်မိုသည် 'အစုတ်အပြတ် သက်ကြားအိုကြီး.. ဒီအတွက် ခင်ဗျား တစ်နေ့ကျ ပြန်ပေးဆပ်ရစေ့မယ်! ' ဟု စိတ်ထဲမှနေ၍သာ ကြိမ်းဝါးနိုင်တော့သည် ။















အဝတ်အသစ်များ လဲလှယ်ပြီးသောအခါ အဖိုးအို အမိန့်ပေးသည့်အတိုင်း ဆေးဖော်ခန်းသို့ သွားလိုက်သည်၊ ယခုအကြိမ်သည် ၎င်းအခန်းတွင်းရှိ အဖိုးအို၏ ဆေးဖော်အိုးအား နှစ်ကြိမ်မြောက် မြင်ရခြင်း ဖြစ်သည်၊ မနေ့က အဖိုးအို၏ ဆေးဖော်နည်းစနစ်အား ပြန်လည်မြင်ယောင်မိသောအခါ ယူရှောင်မို ကြက်သီးမွေးညင်းများ ထလာတော့၏၊ ၎င်းမှာ သူအဖိုးအိုအား သည်းခံနေရသည့် တစ်ခုတည်းသော အကြောင်းပြချက်လည်း ဖြစ်ပေသည် ။






ထိုအတွက်သာ မဟုတ်ပါလျှင် သူတင်မဟုတ် မည်သူမျှ ၎င်း၏ ဒုတိယစရိုက်အား သည်းခံနေနိုင်လိမ့်မည် မဟုတ်..၊ ထိုမျှ စိတ်ပျက်စရာကောင်းသော အဖိုးအိုသည် သူ့အား အရူးလုပ်ရန်အတွက် ပထမစရိုက်အသွင်ပင် ဟန်ဆောင်လိုက်သေး၏၊ သို့သော် သူမလိုက်မမှီနိုင်သော အချက်မှာ အဘယ်ကြောင့် ဒုတိယစရိုက်သည် အဖိုးအိုအပေါ် နှစ်ရက်ဆက်တိုက် လွှမ်းမိုးနေရသနည်း ဆိုသည်ကိုပင်၊ ပထမစရိုက် ထွက်ပေါ်လာရန်အတွက် တွန်းအားပေးသည့် အခြေအနေ တစ်စုံတစ်ရာများ လိုအပ်သေးသည်လား မသိပေ ။




ယူရှောင်မိုသည် ဆေးပင်များ စီနေရင်းမှ တွေးနေမိသည်၊ သို့သော်လည်း အဆုံးထိ ဘာမှ အဖြေမထုတ်နိုင်ခဲ့..၊ သူနှင့် အဖိုးအို တွေ့ဆုံဖူးသည့် အကြိမ်အရေအတွက်မှာ လက်ချိုးရေနိုင်လောက်အောင်ပင် နည်းပါးလွန်းသည် ။












ထိုအချိန်တွင် အဖိုးအိုသည် ယူရှောင်မို အပြီးကို မစောင့်ပဲ ဆေးဖော်ခန်းအတွင်းသို့ ဝင်လာ၏၊ ယူရှောင်မို ဆေးပင်များ စီနေဆဲဖြစ်သည်ကို မြင်သော် မျက်နှာတစ်ခုလုံး မှောင်မဲသွားပြီး..

" မင်း အရူးလား ဟမ်? ဆေးပင်လေး စီတာ ဒီလောက်ကြာနေရသလား?! "





ယူရှောင်မို " ... ... "






သေသာ သေလိုက်ချင်တော့တယ်.. စောက်အဖိုးကြီး ဒါလဲ လိုက်အပြစ်တင်တာပဲလား?





သည်းမခံနိုင်တော့ဘူး!







ထိုဆေးပင်များ အားလုံးသည် အလယ်အလတ်အဆင့် ဆေးပင်များ ဖြစ်သောကြောင့် အတော်များများကိုတော့ ယူရှောင်မို သိသည်၊ သို့သော် ထိုဆေးပင်များကြား၌ အဆင့်မြင့် ဆေးပင်များ တစ်ပင်စ နှစ်ပင်စ ညှပ်ပါနေ၏၊ ထို့အပြင် အချို့ အပင်များ၏ ပုံပန်းသွင်ပြင်သည် အတော် ဆင်တူသဖြင့် သေချာ ဂရုတစိုက် မခွဲခြားပါက အမှားဖြစ်မည်ကိုလည်း စိုးရိမ်နေရသေးသည် ။







ထို့အပြင် သူသည် ထိုဆေးပင်များအား တူရာစု၍ ပုံရသည်မဟုတ်၊ ၎င်းတို့အား မျက်နှာချင်းဆိုင်ဘက်ရှိ ကျောက်စိမ်းသေတ္တာများ အတွင်းသို့ ထည့်သွင်းရခြင်း ဖြစ်သည်၊ သေတ္တာတိုင်းအား ဆေးပင် မျိုးနွယ်စုနာမည်များ ရေးထိုးပေးထားသည်၊ ယူရှောင်မို ထိုစာလုံးများအား ဖတ်တတ်သော်လည်း မည်သည့်ဆေးပင်က မည်သည့်မျိုးနွယ်စုတွင်း ပါဝင်သည်ကိုမူ မသိချေ ။






ထို့ကြောင့် ယူရှောင်မိုသည် တည်ငြိမ်စွာဖြင့် အဖိုးအိုအား ဖြေရှင်းချက် ပေးလိုက်သည် ။

" ရှစ်ဖူရယ်.. ဒီထဲမှာ ကျွန်တော် မသိသေးတဲ့ အဆင့်ခြောက်နဲ့ အဆင့်ခုနစ်ဆေးပင်တွေလဲ ရှိသေးတယ်လေ "












ထိုသို့ ပြောလိုက်သောအခါ အဖိုးအိုသည် သူ့အား အထင်သေးဟန်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ဆူငေါက်တော့၏ ။





" မင်း တကယ်ရော အလားအလာ အကောင်းဆုံးရှိတဲ့ ကျောင်းသား ဟုတ်ရဲ့လား ဟမ်? ထန်းဇီရှင်းတောင် မင်းထက် ပိုကောင်းအောင် လုပ်နိုင်လိမ့်ဦးမယ် "




ယူရှောင်မို " ... ... "










ယူရှောင်မို ဆွံ့အသွားသည်ကို မြင်သောအခါ အဖိုးအိုသည် ၎င်း၏ ချက်ကောင်းအား ထိသွားပြီမှန်း သိလိုက်သည် ။









" အခုကစပြီး မင်း စာဖတ်ခန်းကို တစ်နေ့နှစ်နာရီ ဝင်ရမယ်! အဲ့ဒီမှာ ဆေးပင်အကြောင်း ဖော်ပြထားတဲ့ စာအုပ်တွေရှိတော့ အဲ့ဒါတွေကို တစ်လအတွင်း အကုန်ပြီးအောင် ဖတ်! မပြီးရင် အပြင်မှာ မင်းကိုယ်မင်း ငါ့တပည့်လို့ နာမည်မတပ်နဲ့! "

ဟု ပြောဆိုပြီး ထွက်သွားလေသည် ။
















အံ့သြပ ကမေ်ဘာဇပဲ .. ခင်ဗျား ဘယ်တုန်းကရော ကျွန်တော့်ကို တပည့်လို့ သတ်မှတ်ဖူးလို့လဲ!

ယူရှောင်မို မကျေမနပ် ကျိန်ဆဲတော့သည် ။









သို့သော် အပြင်တွင်တော့ ထုတ်မပြောရဲပေ၊ အဖိုးအို၏ စာဖတ်ခန်းအား သူ အရင်ကတည်းက မျက်စိကျနေခဲ့ရသည် မဟုတ်ပါလား ။



















မနေ့က ယူရှောင်မို အဖိုးအို၏ စာဖတ်ခန်းအတွင်းသို့ သန့်ရှင်းရေးလုပ်ရန် အသွားတွင် အခန်းတွင်းရှိ စာအုပ်များသည် ယခင်ထန်ရှင်းဂိုဏ်း စာကြည့်တိုက်ထက် ပိုမို များပြားစုံလင်ကြောင်း တွေ့ခဲ့ရသည်၊ ထိုကတည်းက အဖိုးအို၏ စာဖတ်ခန်းအား မျက်စိကျနေခဲ့ကာ ထိုအထဲ၌ အိပ်ရန် အမိန့်ပေးလျှင်တောင်မှ ဝမ်းမြောက်ဝမ်းသာ လက်ခံမိလိမ့်မည် ဖြစ်သည် ။






အဖိုးအို၏ စာဖတ်ခန်းအတွင်း၌ စုဆောင်းထားမှုများ အလျှံအပယ်ပင်၊ ထိုအထဲတွင် တန်ဖိုးကြီး ရတနာများပင် ပါသေး၏၊ အဖိုးအို၏ ခွင့်ပြုမိန့်သာ မပါလျှင် ဤကျောင်းတော်အတွင်းရှိ မည်သူမျှ ၎င်းစာကြည့်ခန်းအတွင်းသို့ ဝင်ခွင့်ရလိမ့်မည် မဟုတ်ပေ ။



သို့သော် ယူရှောင်မိုမှာမူ အဖိုးအို၏ ခွင့်ပြုမိန့် ရရှိပြီးသား ဖြစ်သဖြင့် သူ၏ကဒ်အား အသုံးပြုကာ လွယ်လွယ်ကူကူပင် ဝင်သွားလိုက်နိုင်သည် ။





ထိုအခန်းထဲ ဝင်ဝင်ချင်း သူ၏အာရုံအား ပထမဆုံး ဖမ်းစားသွားသည့် အရာမှာ ကြီးမားမြင့်သွန်းသည့် စာအုပ်များ အပြည့် တင်ထားသော စာအုပ်စင်ကြီး ဖြစ်သည်၊ အဖိုးအိုသည် စာအုပ်များအား အဆင့်အလိုက် စီစဉ်ထားသည်၊ သို့သော် ၎င်းမှာ လူအများ တွေးထင်ထားကြသလို အမြင့်မှ အနိမ့်သို့ မဟုတ်ပဲ အပေါ်ဆုံးအထပ်၌ အဆင့်အနိမ့်ဆုံး စာအုပ်များ တင်ထားပြီး ထိုမှတစ်ဆင့် အောက်သို့ တဖြည်းဖြည်း နိမ့်ဆင်းလာလေ စာအုပ်များ၏ အဆင့် တဖြည်းဖြည်း မြင့်လာလေ ဖြစ်သည် ။




ထိုကဲ့သို့သော စီစဉ်ပုံမျိုးသည် ပိုင်ရှင် အဖိုးအိုမှအပ ကျန်လူများအား စိတ်အနှောင့်အယှက် ဖြစ်စေရန် တမင်ကြံစည်ထားကြောင်း သိသာပေါ်လွင်လှသည် ။




ယူရှောင်မိုသည် အရပ်မမြင့်သောကြောင့် မှော်ဆေးပင်များအကြောင်း စာအုပ်အား အပေါ်ဆုံးအထပ်၌ ရှာဖွေရန် အနီးရှိ လှေကားအား အသုံးပြုလိုက်ရသည်၊ ကံကောင်းစွာပင် သူလိုအပ်နေသော စာအုပ်အား အချိန်တိုအတွင်း ရှာတွေ့သွား၏၊ စာအုပ်စင်ပေါ်၌ မှော်ဆေးပင်စွယ်စုံကျမ်း နှစ်အုပ်ရှိရာ ၎င်းတို့သည် အခြားစာအုပ်များထက် သိသိသာသာ ပိုထူထဲသောကြောင့် အောက်သို့သယ်ရန် နှစ်ခါမျှ လှေကားအတက်အဆင်း လုပ်လိုက်ရကာ ယူရှောင်မို ခြေချော်ကျတော့မလိုပင် ဖြစ်သွားရသေးသည် ။





အဆင့်ခြောက် ဆေးပင်များ၏ စွယ်စုံကျမ်းစာအုပ်အား လက်အတွင်း ကိုင်ဆောင်ထားရင်း ယူရှောင်မို သက်ပြင်းချလိုက်မိသည်၊ အဖိုးအိုမှ သူ့အား အချိန် တစ်လပေးသည်မှာ မဆန်းတော့ပေ၊ ၎င်းစာအုပ်သည် အတော်ပင် ထူထဲသည် ။





သို့သော် မည်မျှပင် ခက်ခဲနေပါစေ သူ လေ့လာသင်ယူလိုသည်၊ အဖိုးအိုမှ သူ့အား ထန်းဇီရှင်းနှင့် နှိုင်းယှဉ်ပြောဆိုခြင်းမျိုး နောက်တစ်ကြိမ် ထပ်၍ မကြားလိုတော့..၊ တစ်ကြိမ်ဆိုလျှင်ပင် တော်လောက်ပေပြီ ။










စွယ်စုံကျမ်းအား ဖွင့်လိုက်သောအခါ ယူရှောင်မို မျက်လုံးများ အရောင်လက်လာ၏၊ ဤစာအုပ်သည် သူမြင်ဖူးတွေ့ဖူးသမျှ စာအုပ်များတွင် အစုံလင်ဆုံးဟု ဆိုရပေမည်၊ ဖော်ပြထားသော ဆေးပင်တိုင်းအား တိတိကျကျ အသေးစိတ် ဖော်ပြထားပြီး ၎င်းတို့ဘေးတွင် လက်ရေးမှတ်စုကလေးများပင် ပါရှိသေး၏၊ အဖိုးအိုကိုယ်တိုင် ရေးမှတ်ထားဟန်တူသည်၊ ထို့ပြင် ယူရှောင်မို မသိသေးသော ဆေးပင်မျိုးအစားများ များစွာကိုလည်း ဖော်ပြထားသည် ။






ရေမြုပ်ကလေးတစ်လုံးကဲ့သို့ ယူရှောင်မိုသည် ထိုစွယ်စုံကျမ်းအတွင်းရှိ စာများအား အရူးအမူး စုပ်ယူ ကျက်မှတ်တော့သည်၊ သိရှိပြီး အကြောင်းအရာများ ပါဝင်သော်လည်း ၎င်းတို့ကိုပါ နောက်တစ်ခေါက်ထပ်၍ ကျက်မှတ်သည် ။








ဤသို့ဖြင့် အချိန်နှစ်နာရီသည် လျင်လျင်မြန်မြန် ကုန်ဆုံးသွားလေသည် ။










ယူရှောင်မိုသည် အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသဖြင့် နှမြောမိသော်လည်း အတော်များများအား လေ့လာ ကျက်မှတ်လိုက်ရသဖြင့် တစ်မျိုးတစ်ဖုံ စိတ်ကျေနပ်မိပြန်၏၊ စာအုပ်အား နေရာတကျ ပြန်ထားတော့မည့်အချိန်တွင် အခန်းအပြင်ဘက်မှ အဖိုးအို၏ ကြိမ်းဝါးသံကြီးအား ကြားလိုက်ရပြန်၏၊ ထို့ကြောင့် နောက်တစ်ကြိမ် ထပ်မအော်ခင်တွင် ထိုနေရာမှ အမြန်ထွက်ရန် ပြင်ရတော့သည် ။






" ယူရှောင်မို.. ဖတ်လို့ပြီးရင်လဲ လေးကန်မနေပဲ အဲ့နေရာကနေ ဖင်ရွှေ့တော့လေ! "













ထိုကပ်စေးနှဲ သက်ကြားအိုအား အမှန်တကယ်ပင် နေနည်းထိုင်နည်း သင်တန်းပေးရန် လိုအပ်ပေသည်! သို့မဟုတ်လျှင် သူ့အား ထိုကဲ့သို့ နေ့တိုင်း ခြောက်လှန့်နေသဖြင့် ယူရှောင်မိုတစ်ယောက် အလန့်လွန်ကာ ရူးသွားနိုင်၏၊ ထို့နောက် စာအုပ်အား မြန်မြန်သွက်သွက်စီကာ အဖိုးအို အသံကြားရာဆီသို့ ဦးတည်လိုက်သည် ။








အဖိုးအို၏ အသံသည် ဆေးဖော်ခန်းအတွင်းမှ ထွက်လာခြင်းဖြစ်သည်၊ ဤမျှ ကျယ်လောင်အောင် အော်ဟစ်ရန်မှာ သာမာန်လူအဖို့ မလွယ်ကူသော်ငြား အဖိုးအို၏ အသံပါဝါနှင့်ဆိုလျှင်တော့ အလွယ်ကလေးသာ ဖြစ်သည်၊ ဤသည်မှာ နေ့စဉ်မှန်မှန် အော်ဟစ်ခြင်း၏ အကျိုးကျေးဇူးပေလောဟုပင် ယူရှောင်မို တွေးမိသွားရသည် ။







သူဝင်သွားသော အချိန်၌ အဖိုးအိုသည် ဆေးဖော်နေသည်၊ အရင်တစ်ခါကလိုပင် အဖိုးအိုသည် ဆေးအိုးရှေ့၌ ခြေစုံရပ်နေ၏၊ အဖိုးအို၏ ဝိဉာဉ်စွမ်းအားများ အခန်းအတွင်း လှည့်ပတ်နေသည်ကိုလည်း ယူရှောင်မို ခံစားမိသည်၊ အဖိုးအိုသည် သူ့အား ဆေးပင်များကို ဆေးအိုးအတွင်းသို့ ပစ်ထည့်ခိုင်းသည်၊ သို့သော် ယခုဆေးပင်များမှာ အဆင့်လေး ဆေးပင်များဖြစ်ပြီး တစ်မျိုးလျှင် ဆယ်ပင်ကျစီ ပါဝင်၏ ။






ဆေးလုံးဆယ်လုံးကို တစ်ပြိုင်တည်း ဖော်မှာတော့ မဟုတ်ဘူးမလား?










သံသယများဖြင့် ယူရှောင်မိုသည် အဖိုးအိုခိုင်းသည့်အတိုင်း လုပ်ပေးလိုက်သည် ။







အဖိုးအိုမှ ပြောသည် ။

" ဆေးဖော်ခြင်း ဖြစ်စဉ် အဆင့်ဆင့်ကို မင်းရဲ့ ဝိဉာဉ်နဲ့ ခံစားကြည့် "







ယူရှောင်မို မျက်ခုံးများ တွန့်ချိုးလိုက်သည်၊ ဝိဉာဉ်နဲ့ ခံစားတယ်?




နားမလည်သောကြောင့် အဖိုးအိုအား မဝံ့မရဲဖြင့် မေးလိုက်မိသည် ။

" ရှစ်ဖူ.. ဝိဉာဉ်စွမ်းအားကို ပြောတာလား? "












ထိုအခါ အဖိုးအိုသည် မျက်လုံးများ ပွင့်လာပြီး သူ့အား စိုက်ကြည့်ကာ အော်ငေါက်လေတော့၏ ။

" မင်း ကျပ်မပြည့်ဘူးလား ဟမ်! အဲ့ဒါတွေကအစ လိုက်ပြောပေးနေရဦးမှာလား? "







ယူရှောင်မို " ... ... "












ထိုသို့ အော်ငေါက်လိုက်သော်ငြား အဖိုးအိုသည် သူ့အား ရှင်းပြပေး၏ ။




အဖိုးအို ဆိုလိုသော ဝိဉာဉ်ဆိုသည်မှာ ဝိဉာဉ် ထိုးထွင်းသိမြင်ခြင်း ဟူသော စွမ်းရည်တစ်မျိုး ဖြစ်သည်၊ ဝိဉာဉ်စွမ်းအားနှင့် အနည်းငယ် ကွဲပြား၍ ပုံ ဒြပ် မရှိသဖြင့် ပကတိမျက်စိဖြင့် မမြင်နိုင်ပေ၊ ၎င်းသည် မှော်ဆရာ၏ ကံကောင်းကံဆိုးနှင့်သာ သက်ဆိုင်ပြီး အခေါက်ပေါင်းမည်မျှ လေ့ကျင့်ပါစေ ကံ အကြောင်းတိုက်ဆိုင်မှသာ ထွက်ပေါ်လာမည် ဖြစ်ကာ ၎င်းအား တကူးတက လိုက်ရှာဖွေရန် မလိုအပ်ပေ၊ ၎င်းသည် မှော်ဆရာ၏ ကုသိုလ်ကံနှင့်သာ တိုက်ရိုက် သက်ဆိုင်သည့်အတွက် မိမိကိုယ်၌ကသာ အလွန်တရာ ကံဆိုးသူမဖြစ်ပါက အခြားသူများ နည်းတူ နားလည် သိမြင်နိုင်လိမ့်မည်ဟု ဆို၏ ။











ထိုစကားအား ကြားသော် ယူရှောင်မို စိတ်ထဲမှနေ၍ အဖိုးအိုအား လက်ခလယ်များသာ ပေးလိုက်မိတော့သည် ။

သောက်ကျိုးနဲ ထိုးထွင်းသိမြင်ခြင်း!!






















# 26.12.2020

အမှားပါရင် ထောက်ပြပေးကြပါဦး ♥

Pokračovať v čítaní

You'll Also Like

1.1M 61.9K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
371K 26.5K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
2.9M 189K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022