[[Unicode]]
“ငါ.."
ရွှဲ့ရှန်၏အလျင်စလိုတိုက်တွန်းနေမှုကြောင့်ကျန်းရှီနင်ခပ်မြန်မြန်ပြေးနေရပေမဲ့လည်းစိတ်ထဲဆိုင်းတွနေမိသည်။
"ဒီအကြံအစည်ကမသင့်တော်ဘူးလို့ငါထင်နေတုန်းပဲ"
"ဘာကမသင့်တော်တာလဲ?"
ရွှေလုံးကိုပွတ်သတ်နေသောရွှဲ့ရှန်ထံမှအမေးစကားထွက်လာသည်။
"ဆရာတော်တစ်ပါးတည်းထားခဲ့ပြီးငါတို့ဘာသာငါတို့ထွက်လာတာကိုလေ"
ကျန်းရှီနင်ပြန်ဖြေစကားကြောင့်ရွှဲ့ရှန်သည်ဒေါပွလျက်စိုက်ကြည့်လာပြီး
"စာကြမ်းပိုး..မင်းအိပ်ရင်းလမ်းလျှောက်နေတာလား?သူကတစ္ဆေဖမ်းတဲ့သူ..ငါတို့နှစ်ဦးစလုံးလည်းအဖမ်းခံလိုက်ရတာလေ..ထောင်မှူးကိုအသိပေးပြီးထောင်ကထွက်ပြေးတဲ့အကျဥ်းသားကိုမြင်ဖူးလို့လား?"
"ဟင့်အင်း..မမြင်ဖူးဘူး"
ကြားစဥ်ကတော့မှန်သလိုရှိပေမဲ့လည်းကျန်းရှီနင်သေချာတွေးကြည့်ပြန်တော့ပြန်လည်တွေဝေလာသည်။
"ဒါပေမဲ့..."
"ဒါပေမဲ့ဆိုတာမရှိဘူး"
"သို့ပေမဲ့လည်း.."
"သို့ပေမဲ့ဆိုတာလည်းမရှိဘူး"
ကျန်းရှီနင်လည်းအရှုံးပေးလျက်ခေါင်းငိုက်စိုက်ကျသွားသည်။ရွှေလုံးကိုဖက်ရင်းခြေကားယားလက်ကားယားဖြစ်နေသောရွှဲ့ရှန်သည်မျက်နှာလည်းအတော်ပြောင်လှ၏။
"ငါပြောတာကကျိုးကြောင်းဆီလျော်တယ်"
ကျန်းရှီနင် ; "……"
နင်ရမ်းတိုင်းပြည်၏မြို့တော်အတွင်း၌ညဘက်အပြင်မထွက်ရအမိန့်ကိုထုတ်ပြန်ထားသည်။လမ်းမများနှင့်မြို့တံတိုင်းများထက်တွင်အဟန့်အတားများနှင့်စောင့်ကြည့်ရေးစခန်းများကိုနေရာများပိုင်းခြား၍ချထားသည်။ညဘက်တာဝန်ကျသောအစောင့်သည်အအေးဒဏ်ခံနိုင်ရန်အရက်အိုးကိုသယ်ဆောင်ထားပြီးစခန်းအနီးတွင်ရပ်နေ၏။လေးဖက်လေးလံတွင်ရှိသောမြို့တံခါးများကိုလုံခြုံစွာပိတ်ထားသည်ဖြစ်၍ဤအချိန်မျိုးမှာအပြင်ထွက်ချင်သောအရပ်သားသည်အတောင်ပံပေါက်မှသာပျံတတ်သွားလို့ရမည်။
သို့သော်လည်းလူမဟုတ်သောထိုနှစ်ဦးအတွက်အခက်တွေ့သွားတာမျိုးတော့မဖြစ်။
ကျန်းရှီနင်၏စက္ကူခန္ဓာကိုယ်သည်ဤအခြေအနေမျိုးမှာအကျိုးရှိလှ၏။လိုအပ်လာလျှင်ပါးလွှာသောစက္ကူအဖြစ်ပြောင်းပြီးတံခါးကြားမှအလွယ်လေးထွက်သွားလို့ရသည်။
"အရှေ့ဘက်ကိုသွား"
"ဒီလမ်းအဆုံးမှာရှိတဲ့လျှောစောက်အတိုင်းတတ်သွားပြီးလမ်းကြားထဲဝင်လိုက်"
"တည့်တည့်သွားပြီးအနောက်အရပ်ကိုချိုး"
ရွှဲ့ရှန်အကြည့်များသည်ခွေးထက်ပင်အသုံးကျသေးသည်။ညကြည့်စင်မှအစောင့်၏အရိပ်အယောင်ကိုအဝေးကပင်သူတွေ့သည်။ပြီးလျှင်ယုံကြည်မှုရှိရှိအပြည့်အဝအမှန်အကန်တိကျပြတ်သားစွာနှင့်အမိန့်ပေးနေတော့သည်။ကျန်းရှီနင်သည်ဒေါသထွက်ရန်ခဲယဥ်းတဲ့အပြင်ရွှဲ့ရှန်လိုက်ပြီးအမိန့်ပေးနေတာတွေနဲ့လည်းနေသားကျနေပြီ။ရွှဲ့ရှန်ပြောလာသည်နှင့်အခြားမစဥ်းစားပဲပြောတဲ့အတိုင်းသာစိတ်ကျေနပ်အောင်လုပ်ပေးလိုက်သည်။
ရလဒ်အနေနဲ့အတော်ကြာသွားသောအခါကျန်းရှီနင်လည်းမတတ်သာတော့ပဲရပ်တန့်လိုက်သည်။သူ့မျက်နှာထက်စိတ်တိုနေကြောင်းကပေါ်လွင်နေသည်။
"အဘိုးရယ်..မတော်သေးဘူးလား?စကားပြောတာရပ်ပါတော့"
ရွှဲ့ရှန်သည်ကျန်းရှီနင်ရှိရာဘက်ကြည့်လာပြီး
"ဘာလို့လဲ?ညကြည့်စင်ကလူတွေကိုလည်းရှောင်ရှားနိုင်ပြီးငါတို့အဆင်ပြေနေတာပဲမလား?"
ကျန်းရှီနင်သည်စိတ်ပျက်လက်ပျက်နှင့်ပြန်ဖြေလာ၏။
"အင်း..မိတော့မမိပါဘူးဒါပေမဲ့ငါဒီပိုးထည်ဆိုင်ရှေ့ကဖြတ်တာအနည်းဆုံးသုံးခေါက်ရှိနေပြီ..မင်းပြောတာသာနားထောင်ပြီးသွားနေမယ်ဆိုရင်နောက်နှစ်ရောက်တောင်မြို့ထဲကထွက်နိုင်မှာမဟုတ်ဘူး"
ရွှဲ့ရှန်သည်ရွှေလုံးကိုဖက်ရင်းပြန်ပြောလာ၏။
"ကျစ်..ကောင်းကင်ကအတော်လေးမှောင်နေတယ်..ငါတို့အနားယူဖို့နေရာရှာသင့်ပြီ"
ကျန်းရှီနင် ; "…"
အရိုင်းအစိုင်းကတော့အရှက်မကွဲစေရေးသံဓိဌာန်ချထားပုံရသည်။
လမ်းကြောင်းရှာရာ၌သုံးစားမရသောရွှဲ့ရှန်ထံမှညွှန်ကြားချက်များမလာတော့သောအခါကျန်းရှီနင်အဖို့လမ်းကြောင်းရှာရတာပို၍လွယ်ကူမြန်ဆန်လာသည်။သုံးခေါက်လောက်လည်နေခဲ့သောနေရာမှထွက်နိုင်ခဲ့ပြီးမှန်ကန်သောလမ်းကြောင်းပေါ်သို့ရောက်ရှိသွားကြသည်။
"ဒီအိမ်တော်ကြည့်ရတာအတော်ရင်းနှီးနေတယ်"
ဘယ်ညာဝဲယာကြည့်ရင်းလမ်းတစ်လျှောက်လုံးသည်သူနှင့်အတော်ရင်းနှီးနေ၏။
ကျန်းရှီနင်ထံမှ'အင်း'ဆိုသောအသံထွက်လာသည်။
"မင်းတကယ်ပဲဘယ်လမ်းကိုမှမမှတ်မိတာပဲ..ဟမ်..ငါတို့မနက်ကပဲဒီကဖြတ်သွားတာလေ..ဘယ်လိုဖြစ်ပြီးခေါင်းလှည့်လိုက်တာနဲ့အကုန်မေ့သွားတာလဲ?"
ကျန်းရှီနင်ပြောလာတော့မှသာရွှဲ့ရှန်နားလည်သဘောပေါက်သွားသည်။ဤလမ်းအတိုင်းရှေ့သို့အတော်ကြာဆက်လျှောက်သွားပြီးလမ်းဆုံ၌အရှေ့ကိုချိုးလျှင်အကြံပေးလျူ၏အိမ်တော်ကိုမြင်တွေ့ရလိမ့်မည်။ညအခါသမယသည်တိတ်ဆိတ်ငြိမ်သက်လှ၏။တစ်စုံတစ်ခုမှလှုပ်ရှားသွားပြီးအသံထွက်လာလျှင်နေ့အခါထက်တော့ပိုပြီးသိသာထင်ရှားပါလိမ့်မည်။လမ်းဆုံရောက်သောအခါအကြံပေးလျူအိမ်တော်တံခါးဝကိုသူတို့တချက်ငေးကြည့်မိကြသည်။လူအများရန်ဖြစ်နေကြသလို၊စကားများနေကြသလိုမျိုးအသံအပိုင်းအစများကိုခပ်ယဲ့ယဲ့ကြားနေရသည်။ဘာအကြောင်းကြောင့်ထွက်လာသောအသံဖြစ်ဖြစ်အေးဆေးစွာစကားပြောနေခြင်းတော့ဟုတ်မနေ။
ကျန်းရှီနင်၏ခြေလှမ်းများသည်ခေတ္တမျှရပ်တန့်နေခဲ့၏။
ရွှဲ့ရှန်လည်းလျူမိသားစုအိမ်တော်ကိုမျက်လုံးတစ်ချက်ဝေ့ကြည့်ပြီး
"ဘာလဲ?သူနဲ့ထိုက်တန်တာရမရသိချင်လို့လား?"
"ဒါကအကြံပေးလျူရဲ့ကိစ္စလေ..ငါနဲ့မဆိုင်ပါဘူး"
ကျန်းရှီနင်ခေါင်းခါယမ်းကာထပ်၍မတုံ့ဆိုင်းတော့ပဲမြို့တံခါးဆီသို့ဦးတည်သွားတော့သည်။
သမားတော်မိသားစုတွင်ကြီးပြင်းလာခဲ့သောသူတစ်ဦး၏ရှိရင်းစွဲဗီဇလည်းဖြစ်နိုင်သည်။အခြားသူတစ်ဦးဒုက္ခဆင်းရဲခံစားရတာကိုမျက်မြင်ကြည့်နိုင်စွမ်းမည်မဟုတ်။ဤသည်မှာလည်းသူနှင့်အကြံပေးလျူအကြားအသိသာဆုံးကွာခြားချက်ဟုဆိုရမည်။
နင်ရမ်းတိုင်းပြည်၏အပြင်ဘက်ခြမ်းတွင်များစွာသောတောအုပ်များရှိသည်။သို့ပေမဲ့အများစုမှာသာယာလှပသောတောအုပ်ငယ်များသာဖြစ်ပြီးအန္တရာယ်များသောတောအုပ်များသည်အနည်းငယ်သာရှိ၏။
တိုင်းပြည်၏အကြံပေးပုဂ္ဂိုလ်သည်ဘုန်းတော်ကြီးတစ်ပါးဖြစ်ခဲ့သည်နှင့်အတူစီရင်စုအသီးသီးရှိတောတောင်တစ်ဝိုက်တွင်ဘုရားကျောင်းဆောင်များပေါ်ပေါက်လာခဲ့သည်။တစ်ချိန်တုန်းကတော့ဘုရားကျောင်းဆောင်များရှေ့တွင်အမွှေးတိုင်အငွေ့ပြတ်ဆဲခဲ့သည်မဟုတ်။သို့သော်ငြားလည်းတချို့သောအကြောင်းပြချက်များနှင့်ဆောင်းသည်ယမန်နှစ်များ၌စော၍ဝင်လာခဲ့၏။တောင်ဘက်ခြမ်းဒေသ၌လည်းနှင်းသာမြင်နေရသည်။နှင်းပွင့်များသည်ကြီးပွားတိုးတတ်စေသောကောင်းနိမိတ်များဖြစ်သည်ဟုဆိုကြပေမဲ့ကုန်လွန်ခဲ့သောနှစ်များ၌မိုးခေါင်ခဲ့တာကြောင့်ကောက်ပဲသီးနှံစိုက်ပျိုးရာ၌အထွက်ရှုံးခဲ့သည်။ပြည်သူအများလည်းပို၍သာခြိုးချံချွေတာပြီးနေထိုင်ခဲ့ကြရသည်။ရှင်သန်နေထိုင်ရန်ပင်ခက်ခဲနေကြသောသူများအဖို့ဘုရားကျောင်းဆောင်များသို့သွားပြီးလျှူဒါန်းနိုင်ကြမည်မဟုတ်။
ရလဒ်အနေဖြင့်တောတောင်များတွင်အစွန့်ပစ်ခံဘုရားကျောင်းများတိုးပွားလာခဲ့ပြီးခရီးသွားများတထောင့်နားခိုရာအဖြစ်သို့ရောက်ရှိသွားကြတော့သည်။ကျန်းရှီနင်သည်ရွှဲ့ရှန်ကိုနားနေဖို့ရာကျီကွမ်းတောင်ပေါ်ရှိစွန့်ပစ်ခံဘုရားကျောင်းသို့ခေါ်လာချိန်ဝယ်နှင်းများပင်စတင်ကျဆင်းလာ၏။
ရွှဲ့ရှန်သည်ဘုရားကျောင်းအတွင်းသို့ရောက်တာနှင့်နေရာထိုင်ခင်းကောင်းကိုရွေးချယ်လိုက်၏။အရှက်မရှိသောသတ္တဝါသည်မြက်ခြောက်များကိုမြေကြီးပေါ်မှကောက်ယူပြီးဗုဒ္ဓရုပ်ပွားတော်အောက်ခြေတွင်ဖြန့်ခင်းကာဘေးတွင်မှီတွယ်ရင်းကပ်ထိုင်နေသည်။မလုပ်အပ်သောလုပ်ရပ်ဖြစ်ပေမဲ့လည်းအမူထားသောပုံမပေါ်။ရှေ့လျှောက်အလျှင်အမြန်လှုပ်ရှားစရာမလိုသေးသည့်အတွက်အပင်ပန်းခံကာစက္ကူလူသားပုံစံကိုဆက်မထိန်းထားတော့ပဲမူရင်းအသွင်ကိုပြောင်းလဲလိုက်သည်။
အနက်ရောင်ကိုဝတ်ဆင်ထားပြီးဘာကိုမှဂရုမစိုက်သောအသွင်နှင့်ထိုင်နေသောသူသည်မသိလျှင်အရိုးမပါဘူးလိုတောင်ထင်မိလိမ့်မည်။တံတောင်ဆစ်သည်ဗုဒ္ဓရုပ်ပွားတော်ရှိရာကြာခွက်ကိုထောက်ထားပြီးကွေးနေသောလက်ဆစ်များသည်မေးကိုထောက်ပံ့ပေးထား၏။အခြားလက်တစ်ဖက်ကတော့အဖိုးထိုက်သောရွှေဥလေးကိုယီးတီးယောင်တောင်ကိုင်ကြည့်နေဆဲ။
ရွှဲ့ရှန်ကိုကြည့်လိုက်လျှင်ပင်ခေါင်းကိုက်တတ်လာသောကျန်းရှီနင်သည်မျက်ခုံးရိုးနှစ်ခုအကြားကိုဖိနှိပ်လိုက်ရင်း
"အစွန့်ပစ်ခံကျောင်းဆောင်ဆိုပေမဲ့လည်းအနည်းငယ်မျှတော့ယဥ်ကျေးမှုလေးရှိစမ်းပါဦး..ဒီအတိုင်းကြိုက်သလိုသွားလုပ်လို့ရတဲ့နေရာမဟုတ်ဘူး"
ရွှဲ့ရှန်သည်ဗုဒ္ဓရုပ်ပွားတော်၏ခြေဖဝါးတော်ရှိရာကိုတစ်ချက်ပုတ်ပြီး
"ငါဒီမှာထိုင်လို့ရလား?မကျေနပ်ဘူးဆိုရင်တစ်ခုခုပြော"
အတော်ကြာသည်အထိစောင့်နေပြီးနောက်ကျန်းရှီနင်ဘက်မေးငေါ့ပြကာ
"တွေ့လား?ဘာမှမပြောဘူး"
"လုပ်ချင်သလိုသာလုပ်တော့..ငါအာရုံမထားတော့ဘူး"
ရုပ်ပွားတော်ရှေ့တွင်ဖုန်များတတ်နေသောဖယောင်းတိုင်ကိုပါးစပ်နဲ့တစ်ချက်မှုတ်ပြီးရွှဲ့ရှန်ကိုမီးခြစ်ဆံရှိလားမေးလာသည်။ကျန်းရှီနင်သည်ဖုန်တတ်ကာနှစ်ချီနေပြီဖြစ်သောဖယောင်းတိုင်ကိုမီးစွဲလာအောင်ကြိုးပမ်းရသည့်အပြင်အခြားတစ်ဖက်မှလည်းကိုယ်ကိုမီးလာမစွဲအောင်ကာကွယ်ရသေး၏။
"မီးခြစ်ဆံဘယ်ကရတာလဲ?"
ဖယောင်းတိုင်များကိုမီးညှိပြီးနောက်မီးခြစ်ဆံထိပ်ရှိမီးစာကိုငြိမ်းသက်လိုက်ကာကျန်းရှီနင်အမေးစကားဆို၏။
"မသွားခင်ကတုံးရဲ့အဝတ်အိတ်ထဲကယူလာတာ"
ရွှဲ့ရှန်၏အဖြေကိုကျန်းရှီနင်လည်းစိတ်ပျက်အားလျော့စွာနှင့်
"ထောင်ဖောက်ပြေးတဲ့ထောင်သားကထောင်မှူးဆီကပစ္စည်းယူလာရဲတာပထမဆုံးမြင်ဘူးတာပဲ"
"ပျောက်သွားမှန်းတောင်သိမှာမဟုတ်ဘူး"
ရွှမ်းမင်အကြောင်းပါလာပြန်တော့ကျန်းရှီနင်လည်းအားတုံ့အားနာဖြစ်သလိုခံစားနေရသည်။မတတ်သာပဲရွှဲ့ရှန်ကိုမေးရတော့၏။
"အဲ့ဒီဆရာတော်ကိုမင်းအထူးတလယ်ပဲမနှစ်မြို့တာလား?ငါတို့ကိုဖမ်းခဲ့တာကြောင့်လား?",
ရွှဲ့ရှန်ခေါင်းခါယမ်းလာသည်။
"ဒါဆိုဘာလို့အလောတကြီးထွက်လာပြီးဆရာတော့်ကိုနောက်မှာချန်ထားခဲ့တာလဲ?ငါပြောမဲ့အမှန်တရားတွေကိုကြိုပြီးခွင့်လွှတ်ပေးဖို့တောင်းပန်ပါတယ်.."
ကျန်းရှီနင်သည်သူ့ကိုယ်သူလက်ညိုးထိုးပြပြီးနောက်ရွှဲ့ရှန်ရှိရာသို့ထိုး၍
"ငါတို့နှစ်ဦးစလုံးလုပ်နိုင်တာများများစားစားမရှိဘူး..သွားတဲ့လမ်းကြောင်းမှာပြဿနာတစ်ခုခုတတ်လာရင်နှစ်ဦးစလုံးကူရာကယ်ရာမဲ့ဖြစ်သွားလိမ့်မယ်..ခေါင်းအစခြေအဆုံးကြည့်လိုက်ရင်ငါ့ဆီမှာကတန်ဖိုးသိပ်မရှိတဲ့သမားတော်ခေါင်းလောင်းပဲပါလာပေမဲ့မင်းဆီမှာရှိတဲ့ရွှေလုံးကိုတစ်ယောက်ယောက်ကများမျက်စိကျသွားမယ်ဆိုရင်..."
ရွှဲ့ရှန်သည်ရွှေလုံးကိုလက်ညိုးလက်မညှပ်ကိုင်ပြီးဖယောင်းမီးအရှေ့တွင်လှည့်လျက်ရှိသည်။
ညတွင်းချင်းသူထွက်ပြေးလာရသောအကြောင်းအရင်းတစ်ခုရှိပြီးထိုအကြောင်းအရာမှာရွှေလုံးအတွင်းတွင်ရှိနေသောနဂါးကိုယ်ခန္ဓာကြောင့်ဆိုရင်လည်းမမှား။အခုအချိန်မှာသူကိုယ်တိုင်သည်အလုံးစုံပြန်မကောင်းသေးတာမလို့ရွှေလုံးနှင့်ချိတ်ဆက်မှုမှာလည်းဗလာကျင်းလျက်မရှင်းလင်းလာသေး။လက်ဝယ်ကိုင်တွယ်နေပေမဲ့လည်းသာမန်အလုံးတစ်လုံးကိုကိုင်နေရသလိုသာဖြစ်ပြီးသိသာထင်ရှားလာတာမရှိ။
ရွှမ်းမင်ကတော့အများနှင့်မတူကွာခြားသည်။ရွှမ်းမင်၏ခါးနားရှိအရိုးနှင့်အသား၏မူမမှန်သောအပြောင်းအလဲများသည်လွန်စွာထူးဆန်းလှ၏။ပထမအကြိမ်တုန်းကမသေချာခဲ့ပေမဲ့ဒုတိယတစ်ကြိမ်ထပ်ဖြစ်လာသောအခါလှစ်လျူရှုထားလို့မရတော့။
အလေးအနက်ထား၍တစ်စုံတစ်ရာအားကိုင်တွယ်ဖြေရှင်းသည်ကိုရွှဲ့ရှန်မမြင်ဖူးသေးပေမဲ့ရွှမ်းမင်သည်သာမန်မျှမဟုတ်တာကိုတော့အတတ်ပြောနိုင်၏။
အခုအလောဆယ်တွင်ရွှဲ့ရှန်ကတော့ရွှေလုံးထံမှဘာမှမခံစားရသေးပေမဲ့ရွှမ်းမင်လိုလူမျိုးကတော့ရနိုင်လောက်မည်။ရွှေလုံးကိုသယ်ဆောင်ရင်းရွှမ်းမင်အနားအနေကြာသွားမယ်ဆိုလျှင်သူ့ရွှေဥလေးအပေါ်မှာရွှမ်းမင်ထံမှဘေးဖြစ်စေသောအကျိုးဆက်များသက်ရောက်လာမည်ကိုစိုးရိမ်နေ၏။ဖြစ်ရိုးဖြစ်စဥ်များကိုသွေဖီသွားလျှင်နဂါးခန္ဓာကိုယ်လည်းပြန်လည်ရရှိနိုင်တော့မည်မဟုတ်။
ထို့အပြင်..
ရွှဲ့ရှန်သည်ကျန်းရှီနင်ကိုစကားဆိုလာ၏။
"သူဘယ်ကလာလဲမသိသလိုသူဘယ်ကိုသွားမလဲဆိုတာကတော့ပိုဆိုး..သူ့ကြည့်ရတာငွေရေးကြေးရေးအတွက်ဒီအလုပ်ကိုလုပ်ကိုင်နေတဲ့သူနဲ့မတူပေမဲ့မေတ္တာဂရုဏာပြီးအများသူငှာကိုလိုက်လံကူညီနေတဲ့ဂုဏ်သရေရှိဘုန်းတော်ကြီးနဲ့လည်းမတူဘူး..အေးစက်တင်းမာသလိုရက်စက်တတ်တဲ့အရိပ်အယောင်တွေကိုအချိန်တိုလေးအတွင်းမှာတောင်ငါသတိထားမိတယ်"
ကျန်းရှီနင်သည်နားမလည်သောပုံနှင့်မေးလာ၏။
"ဘယ်လိုအေးစက်ပြီးရက်စက်တာလဲ?ငါနားလည်အောင်ပြောပါဦး"
ရွှဲ့ရှန်ထံမှအထင်အမြင်သေးသောအကြည့်နှင့်အတူ'ကျစ်'ဆိုသောအသံကိုရရှိလိုက်သည်။
"ငါအရှင်းဆုံးပြောပြနေတာပဲလေ..သူကသာမန်ဘုန်းတော်ကြီးမဟုတ်ဘူး..အရင်တုန်းကတော့ဘာတွေများကွာခြားသလဲဆိုတာရှာမတွေ့ခဲ့ပေမဲ့အခုတော့ငါသဘောပေါက်သွားပြီ..နည်းစနစ်ကျတဲ့သင်ကြားမှုတွေအောက်မှာကြီးပြင်းလာခဲ့လို့သနားကြင်နာမှုမရှိတာပဲနေမယ်..တစ်ခါတစ်လေဆိုရင်သာသနာ့ဘောင်ရဲ့နိယာမတွေကိုလွန်ဆန်ပြီးလူသတ်တော့မဲ့အရိပ်အယောင်တွေပေါ်လာတာကိုမခံစားမိဘူးလား?"
ကျန်းရှီနင် ; "…"
ကျန်းရှီနင်ပြောချင်နေသောစကားများကိုပြန်လည်မြိုချရင်းခေါင်းခါယမ်းကာ
“ငါတော့မခံစားဖူးဘူး..အဲ့ဒီဟာထက်ငါသူ့ကိုကြောက်နေခဲ့မိတာကိုပဲအရှက်ရမိတယ်"
"အဲ့တာပဲလေ..အတူတူပဲ"
နားလည်ရန်ခက်သောရွှမ်းမင်အကြောင်းပြောရင်းနှင့်ကျန်းရှီနင်သည်တစ်စုံတစ်ရာကိုသတိရသွားပုံပင်။
"အခုမှသတိရတယ်..တည်းခိုဆောင်မှာတုန်းကဆေးနံ့တမျိုးကိုသတိထားမိသေးလား?"
"အင်း..ငါလည်းအနံ့ရလို့တမျိုးတောင်တွေဝေသွားသေးတယ်..ကတုံးကဆေးမှီဝဲနေရတာလား?
"ဆေးတွေအကြားမှာကြီးပြင်းခဲ့တာမလို့ငါကဆေးနံ့တွေဆိုရင်အတော်ယဥ်တယ်"
ကျန်းရှီနင်သည်အတွေးများနေပုံနှင့်ခဏတာတိတ်ဆိတ်သွားပြီးနောက်ကောက်ချက်ချလိုက်၏။
"တည်းခိုဆောင်မှာတုန်းကဆေးနံ့ကိုအတော်ရင်းနှီးနေတယ်..ငါ့မိသားစုဆေးကုသဆောင်မှာနှစ်အတော်ကြာကုသမှုခံယူခဲ့တဲ့အိမ်အနီးနားကလူနာတစ်ဦးသောက်တဲ့ဆေးနံ့နဲ့အတူတူပဲ"
"ဘယ်လိုရောဂါမျိုးကိုကုသပေးတာလဲ?"
ကျန်းရှီနင်သည်အချိန်ခေတ္တမျှဆိုင်းတွနေပြီးမှပြန်ဖြေ၏။
"ဝိညာဥ်ဆုံးရှုံးတဲ့ရောဂါ"
ဝိညာဥ်ဆုံးရှုံးသောရောဂါရှင်သည်ညဘက်တွင်အိပ်ပျော်ရန်ခဲယဥ်းလှ၏။အိပ်ပျော်သွားလျှင်လည်းအိမ်မက်ဆိုးများကခြောက်လန့်တတ်သည်။သူတို့နိုးလာချိန်၌ဖြစ်ခဲ့သောအကြောင်းအရာများကိုတစ်ခါတစ်ရံမေ့ပျောက်သွားတတ်သည်။စိတ်ဝိညာဥ်သည်ခန္ဓာကိုယ်တွင်းမှထွက်သွားသလိုအတိတ်ကိုမမှတ်မိသောသူများဖြစ်၍'ဝိညာဥ်ဆုံးရှုံးသောရောဂါဟုအမည်တပ်ထားကြခြင်းဖြစ်သည်။
"ဝိညာဥ်ဆုံးရှုံးတာ?အဲ့ဒီကတုံးကလား?"
ရွှဲ့ရှန်သည်နှာမှုတ်ရင်းလက်ခါယမ်းကာ
"အိမ်မက်ဆိုးတွေကနေကြောက်ရွံ့တုန်လှုပ်နေတာမျိုးဒါမှမဟုတ်စိတ်ရှုပ်ထွေးနေတာမျိုးရောဂါလက္ခဏာသေးသေးလေးတောင်သူ့ဆီမှာရှိလို့လား?ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"
"အတိတ်မေ့နဲ့တဲ့သူပုံစံမပေါ်တာသေချာပေမဲ့လည်း"
ကျန်းရှီနင်သည်ဖြစ်ရပ်များကိုပြန်လည်မြင်ယောင်လာ၏။
“ငါမြင်ဖူးသလောက်တော့ဝိညာဥ်ဆုံးရှုံးတဲ့ရောဂါခံစားရတဲ့သူတော်တော်များများကမှတ်ဥာဏ်ပျောက်ဆုံးတာနှင့်သတိလွတ်တာတွေရှိတဲ့အတွက်သိသာထင်ရှားတဲ့ရောဂါလက္ခဏာကိုပြတယ်လို့ဆိုရမယ်..တစ်စုံတစ်ရာကိုဆွေးနွေးမယ်ဆိုရင်ဘယ်အချိန်ပဲဖြစ်ဖြစ်တုံ့ဆိုင်းနေတတ်ကြတယ်..အချိန်တိုင်းလည်းစိုးရိမ်ပူပန်မောပန်းနေတတ်ကြတယ်..ဒါပေမဲ့လည်းအချို့ကတော့အဲ့လိုမဟုတ်ဘူး..နဂိုစိတ်အခံကခံနိုင်ရည်ရှိလို့လည်းဖြစ်နိုင်တယ်..ပုံမှန်လူအတိုင်းလိုပဲထင်ရအောင်ရောဂါလက္ခဏာမပေါ်ပဲထိန်းပြောလေ့ရှိတယ်..မှတ်မိတဲ့အကြောင်းအရာကိုပဲပြောတတ်တဲ့သူတွေဖြစ်ပေမဲ့သာမန်ကာလျှံမျှသာပဲပတ်သတ်မယ်ဆိုရင်သူတို့ဆီမှာရောဂါရှိနေမှန်းသိဖို့ခက်ခဲလိမ့်မယ်"
ကြားရသောစကားအပေါ်ရွှဲ့ရှန်ပုခုံးတွန့်ပြလိုက်သည်။
"တကယ်လို့သူကအဲ့လိုလူနည်းစုထဲပါနေပြီးခံနိုင်ရည်ရှိတယ်ဆိုရင်တောင်မြို့အနှံ့တော့လျှောက်သွားလို့မရဘူးမလား?သူ့ဆီမှာရှိတဲ့ပြဿနာကိုအခြားသူတွေကိုမသိစေချင်ရင်ရောနှောဆက်ဆံရတဲ့ကိစ္စတွေမှာဆိုရင်သတိထားပြီးအဝေးကိုရှောင်နေမှာပေါ့..ဘယ်အတိတ်မေ့နေတဲ့သူကများနေရာအနှံ့လျှောက်သွားပြီးလူကောတစ္ဆေကောကိုဒုက္ခပေးနေမှာလဲ?မှတ်ဥာဏ်ဆုံးရှုံးသွားတာမဟုတ်ဘူး..ရူးသွားတယ်လို့ပဲပြောရမယ်"
ကျန်းရှီနင်ခေါင်းငြိမ့်ပြသည်။
"အမှန်ပဲ"
"ဒါပေမဲ့ဝိညာဥ်ဆုံးရှုံးတဲ့ရောဂါရှိမနေရင်တောင်အဲ့ကတုံးမှာအခြားပြဿနာတွေရှိနေတာကတော့အမှန်ပဲ"
ရွှမ်းမင်၏အသွင်အပြင်ကိုမြင်ယောင်လာပြီး
"မူရင်းဇစ်မြစ်ဘာဆိုတာမထင်ရှားတဲ့သူတွေကရည်ရွယ်ချက်မရှိပဲနဲ့ဘယ်တော့မှနေရာအနှံ့လျှောက်သွားနေမှာမဟုတ်ဘူး..နင်ရမ်းတိုင်းပြည်ကိုရောက်လာတာအကြောင်းတစ်ခုခုရှိရမယ်..ဒါပေမဲ့တစ်ရက်ထဲမှာတင်သူနဲ့လားလားမှမဆိုင်တဲ့အရာနှစ်ခုကိုပဲလုပ်သွားတယ်..ငါတို့နှစ်ယောက်ကိုဖမ်းတာနဲ့လျူအိမ်တော်ကဖန်ယွှုင်းအစီအရင်ကိုဖျက်စီးတာ"
ကြားရသောစကားအပေါ်ကျန်းရှီနင်မှထပ်လောင်းပြောလာ၏။
"အမယ်လိုလျူနောင်ဘဝကူးပြောင်းဖို့လည်းကူညီပေးပါသေးတယ်..ငါ့အတွက်သမားတော်ခေါင်းလောင်းယူပေးသလိုမင်းရဲ့ရွှေဥကောပဲ..ပြီးတော့"
စကားမဆုံးသေးခင်သူရပ်တန့်လိုက်သည်။ဒီလိုပုံနှယ်တွေးကြည့်ပြန်တော့ရွှမ်းမင်လုပ်ခဲ့သည်များသည်သူ၏အဓိကရယ်ရွယ်ချက်မှာဘာလဲဆိုတာသိရလောက်အောင်မထင်ရှားလှ။လွယ်ကူသောကိစ္စရပ်များဖြစ်ခဲ့လျှင်ရွှမ်းမင်၏လုပ်ဆောင်ချက်များသည်တမူထူးကဲနေမည်မဟုတ်။သို့ပေမဲ့လည်းတကယ်တမ်းမှာတမနက်ခင်းစာကိုလျူအိမ်တော်နှင့်ပတ်သတ်ပြီးအချိန်ကုန်လူပင်ပန်းခံခဲ့သည်။မူလအရင်းခံအကြံအစည်ကဘာများပါလိမ့်?
"သူပြောတဲ့ပုံအရအလုပ်ပြီးမြောက်အောင်သမားတော်ခေါင်းလောင်းကိုမင်းအစ်မဆီယူသွားမလို့ထင်တယ်”
လက်ထဲတွင်ရွှေလုံးကိုလှည့်ရင်းရွှဲ့ရှန်စကားဆက်ပြောလာသည်။
"တိုက်ဆိုင်တာကအန်ချင်းကိုငါအရင်တုန်းကရောက်ဘူးတယ်..နင်ရမ်းနဲ့သိပ်မဝေးပေမဲ့ကြားထဲမှာမြစ်တစ်စင်းကခံနေတယ်..ရယ်ရွယ်ချက်မရှိပဲတစ်ပါးသူကိုဒီအတိုင်းကူညီပေးတာဆိုရင်တော့အတော်ပင်အကြင်နာတရားလွန်ကဲနေတယ်လို့ပြောရမယ်..အဲ့ကတုံးမျက်နှာတစ်ပြင်လုံးကရေခဲတမျှအေးခဲပြီးမြောက်လေတမျှစိတ်ဆင်းရဲဖွယ်ကောင်းနေတာ..အကြင်နာတရားဆိုတဲ့စကားကသူနဲ့ဆိုင်ရောဆိုင်ရဲ့လား?"
ပြောရင်းနှင့်ပင်ဖော်ရွှေသဘောကောင်းလျှင်မည်သို့ပုံစံပေါ်လာမလဲပုံဖော်ကြည့်နေမိသည်။တွေးရင်းနှင့်ပင်ခေါင်းမှခြေဖျားအထိဆက်ကနဲတုန်တတ်သွား၏။
"အွီး..ကြောက်စရာကောင်းလိုက်တာ"
ကျန်းရှီနင် ; "……"
ရွှဲ့ရှန်သည်ယုံကြည်ကိုးစား၍မရသောပုံစံပေါ်ပေမဲ့လည်းပြောလာသမျှကတော့သဘာဝကျခဲ့၏။ဒါပေမဲ့ရွှမ်းမင်၏အများကိုအသင့်အားလျှော်စွာအကူအညီပေးမှုအပေါ်မသိနိုင်သောရည်ရွယ်ချက်များရှိနိုင်တယ်ဟူ၍ပြောလာတော့ကျန်းရှီနင်ခေါင်းစောင်းငဲ့ကာကြည့်လိုက်သည်။
"နင်ရမ်းတိုင်းပြည်ကိုမင်းရောက်လာတုန်းကလည်းငါ့အတွက်စက္ကူခန္ဓာကိုယ်ကိုဘာရည်ရွယ်ချက်မှမရှိပဲလုပ်ပေးခဲ့တာမလား?"
ရွှဲ့ရှန်သည်ချက်ချင်းပြန်လည်ချေပလာ၏။
"မတူဘူး"
"အမှန်တိုင်းပြောရရင်နင်ရမ်းတိုင်းပြည်မှာစံအိမ်တော်တွေများပါလျက်နဲ့အစွန့်ပစ်ခံကျန်းဆေးဆိုင်ကိုမှရွေးပြီးရောက်လာတာကိုငါအခုထိနားမလည်နိုင်သေးဘူး"
ကျန်းရှီနင်ခေါင်းခါယမ်းရင်းဆက်ပြောလာသည်။
"အေးလဲအေးသလိုမှောင်လည်းမှောင်တယ်..မင်းသဘောကျမှုတွေကတကယ့်ကိုဆန်းပြားပါတယ်..ကိုယ့်ကိုယ်ကိုဘယ်လိုဒုက္ခပေးရမလဲလိုက်ရှာနေတာလား?"
"ငါနေချင်လို့နေတာ..ဘာတွေအာရုံစိုက်နေတာလဲ?"
ရွှဲ့ရှန်သည်ပတ်ကနဲပြန်ပြောလာ၏။
ရိုင်းစိုင်းသောလူအိုသည်စကားသာပြန်ပြောပေမဲ့လူကိုတစ်ချက်လေးမျှပင်မကြည့်နိုင်အား။အဖိုးထိုက်သောဥလေး၌သာတသသအကြည့်မခွာနိုင်။
အဝါရောင်မီးတောက်သည်ရွှဲ့ရှန်၏ဖြူရော်သောအသားအရောင်ကိုဝါကြင့်ကြင့်အရောင်သန်းကာအသက်ဝင်စေ၏။သေလောက်အောင်စိတ်ဒုက္ခပေးသောသတ္တဝါဖြစ်ပေမဲ့လည်းအတော်ကြည့်ကောင်းသောအသွင်ရှိသည်။မီးတောက်မှအလင်းရောင်ကြောင့်ထူထဲကော့ညွတ်သောမျက်တောင်ရှည်များသည်အရိပ်ထင်လျက်ရှိ၏။ပျင်းရိစွာတစ်ဝက်တစ်ပျက်သာဖွင့်ထားမျက်ဝန်းထဲတွင်ရွှေလုံးကရောင်ပြန်ဟပ်လျက်။အပြင်တွင်နှင်းများကသည်းထန်စွာကျဆင်းနေသည်။
နင်ရမ်းတိုင်းပြည်တွင်ခိုလှုံစရာအိမ်တော်အများအပြားရှိပေမဲ့လည်းကျန်းဆေးဆိုင်ကိုသာရွေးချယ်ခဲ့ပြီးဘာကြောင့်များအနှီစာကြမ်းပိုးအတွက်စက္ကူခန္ဓာကိုယ်လုပ်ပေးဖို့အချိန်အကုန်ခံခဲ့တာလဲ?
ဘာကြောင့်လဲဆိုတာ၏အသေးစိတ်အကြောင်းအရာများကိုရွှဲ့ရှန်သေချာပင်မမှတ်မိတော့။သူ၏သက်တမ်းသည်သာမန်သူတစ်ဦးထက်အလွန့်အလွန်မှန်းဆမရသည်အထိရှည်လျား၏။နေ့တိုင်းဖြစ်စဥ်များကိုချက်ကျလက်ကျအသေးစိတ်မှတ်မိနေမယ်ဆိုလျှင်လည်းနဂါးဦးနှောက်သည်ပေါက်ကွဲသွားလေလိမ့်မည်။
ကိစ္စတစ်ခုခုကြောင့်နှစ်တစ်နှစ်၏ဆောင်းရာသီတွင်မြောက်အရပ်ကိုသွားပြီးပြန်လာချိန်၌နင်ရမ်းတိုင်းပြည်ကိုဖြတ်ခဲ့တာကိုပဲမှတ်မိသည်။
ညနေခင်းပိုင်းဖြစ်ပြီးနင်ရမ်းတိုင်းပြည်၌ဤကနေ့ကဲ့သို့ပြင်းထန်သောနှင်းမုန်တိုင်းတိုက်ခတ်နေချိန်ဖြစ်သည်။တည်းခိုဆောင်များနှင့်စားသောက်ဆိုင်များသည်စောလျှင်စွာပိတ်သွားကြ၏။လမ်းတစ်လျှောက်လုံးသည်ဗလာကျင်းလျက်တိတ်ဆိတ်နေ၏။လမ်းသွားလမ်းလာများပင်မရှိ။
ထိုအချိန်တုန်းကရွှဲ့ရှန်သည်အရိုးများအထုတ်မခံထားရသေးတာကြောင့်လမ်းလျှောက်နိုင်စွမ်းရှိ၏။မူရင်းနဂါးခန္ဓာကိုယ်သည်အအေးဒဏ်ကိုခံနိုင်ရည်ရှိတာမလို့သူ့အတွက်နှင်းမုန်တိုင်းဆိုသည်မှာဆောင်းကာလအတွင်းတန်ဆာဆင်ထားရုံသာဖြစ်သည်။ထို့ကြောင့်လည်းပါးသောအမည်းရောင်ဝတ်ရုံကိုဝတ်ဆင်လျက်နှင်းတောကြား၌တည်ငြိမ်စွာပင်လျှောက်လှမ်းနေခဲ့သည်။လမ်းကြားထိပ်တွင်ဖြတ်ရုံသာရှိသေးတစ်စုံတစ်ယောက်မှလှမ်းဆွဲလာခဲ့သည်။
ရွှဲ့ရှန်သည်အမှီအခိုကင်းသောသူဖြစ်သည်နှင့်အတူအခြားသူတစ်ဦးတစ်ယောက်နှင့်အဆက်အဆံလုပ်ရမှာကိုမုန်းတီးလှ၏။အခြားတစ်ယောက်၏ဆွဲခေါ်သွားခြင်းကိုလိုလားမည်မဟုတ်သည်မှာအသေအချာပင်။
မျက်မှောင်ကျုံ့ရင်းမကျေမနပ်ဖြစ်လျက်လှည့်ကြည့်လိုက်ချိန်မှာထိုသူသည်မီးခိုးရောင်ဝတ်ရုံနှင့်သတ်လတ်ပိုင်းအမျိုးတစ်ဦးဖြစ်နေ၏။ဆီစိမ်စက္ကူနှင့်လုပ်ထားသောထီးကိုကိုင်ဆောင်ထားပြီးလေးထောင့်ပုံသစ်သားသေတ္တာကိုကြိုးနှင့်ဆွဲကာပုခုံးထက်လွယ်ထားသည်။နောက်တွင်ထင်ဟပ်နေသောခြေရာများအရလမ်းကြားထဲမှထွက်လာပုံရသည်။
ထိုအမျိုးသားသည်ဘယ်ပုံဘယ်ပန်းရှိမှန်းရွှဲ့ရှန်းသေချာမမှတ်မိတော့။မုတ်ဆိတ်မွှေးများရှိပြီးဖော်ရွေသဘောကောင်းမည့်အသွင်ရှိတာတော့မှတ်မိသည်။
ရွှဲ့ရှန်ကိုလှမ်းဆွဲပြီးနောက်ရွှဲ့ရှန်လက်ကိုညွှန်ပြလာပြီး
"ဒဏ်ရာကအတော်နက်တယ်..ဆေးမထည့်ကြိုးမစည်းပဲထားမယ်ဆိုရင်အအေးဒဏ်နဲ့ပိုဆိုးလာလိမ့်မယ်..ဒီလိုစိုစွတ်ပြီးအေးစိမ့်နေတဲ့ရာသီမျိုးမှာနှင်းကိုက်တဲ့ဒဏ်ရသွားရင်ဘယ်အချိန်ပဲဖြစ်ဖြစ်နှင်းကျကျမိုးရွာရွာအနာဒဏ်ကိုခံစားရလိ့မ်မယ်"
လမ်းပေါ်မှကြုံရာလူကိုစကားလာကပ်ပြောနေသောအနှီသက်လတ်ပိုင်းအမျိုးသားသည်မသိလျှင်အပြင်သူနှင့်ပြောနေတယ်လို့တောင်မထင်ရ။အိမ်သားတွေထဲမှလူငယ်တစ်ဦးကိုနားချနေသလိုနှင့်စကားကျောရှည်လှ၏။ရွှဲ့ရှန်သည်ပြောလာသောစကားကြောင့်အတော်ကြာကြက်သေသေနေပြီးနောက်ကိုယ့်လက်ကိုပြန်ငုံ့ကြည့်မိ၏။
ထိုအမျိုးသားကိုင်ထားသောလက်တွင်သူမဆင်ခြင်ဂရုမထားမိရာမှထိမှန်ခဲ့သောမိုးကြိုးကြောင့်ရရှိခဲ့သောဒဏ်ရာရှိနေသည်။သူ့အတွက်တော့ဤသို့သောဒဏ်ရာသည်သစ်ကိုင်းနှင့်ခြစ်မိသောခြစ်ရာခပ်ပါးပါးမျှလောက်သာ။နှစ်ရက်အတွင်းပြန်ကောင်းနိုင်သောဒဏ်ရာဖြစ်၍မျက်စိတစ်မှိတ်အတွင်းမေ့ပျောက်သွားခဲ့သည်။သို့သော်လည်းသာမန်သူများအမြင်မှာတော့လွန်စွာစိုးရိမ်စရာကောင်းနေလိမ့်မည်။လက်ဖမိုးကိုအလျားလိုက်ဖြတ်ထားသောဒဏ်ရာအစွန်းတစ်ဝိုက်၌သွေးများခြောက်ကပ်ကာသီးခိုနေကြသည်။အရေပြားမှာပြဲလန်တတ်နေသည့်အပြင်အရိုးကိုပါမြင်နေရ၏။
တုံ့ပြန်ဖို့ရန်နှေးကွေးနေသောရွှဲ့ရှန်ကိုသတ်လတ်ပိုင်းအမျိုးသည်သူလာခဲ့ရာလမ်းကြားအတွင်းသို့ဆွဲခေါ်သွား၏။အနီရောင်သစ်စေးသုတ်ထားသောတံခါးဝအရှေ့တွင်ရပ်တန့်လိုက်သည်။
သူ၏အိမ်ဖြစ်ပုံရသည်။တံခါးကိုတစ်ဝက်မျှသာတွန်းဖွင့်ပြီးအိမ်အတွင်းရှိတစ်စုံတစ်ယောက်၏အမည်ကိုအော်ခေါ်ရင်း
"ငါ့စားပွဲပေါ်မှာရှိတဲ့မီးဖိုအသေးလေးယူလာခဲ့"
ပြီးနောက်သစ်သားသေတ္တာအဖုံးကိုဖွင့်၍အချိန်ဆွဲခြင်းမရှိရွှဲ့ရှန်၏ဒဏ်ရာကိုဆေးထည့်ပေးလာသည်။
အိမ်အတွင်းမှတစ်စုံတစ်ယောက်သည်အလျင်စလိုပြေးထွက်လာပြီးလက်ရာမြောက်သောကြေးနှင့်လုပ်သောမီးဖိုငယ်ကိုလက်အတွင်းထည့်ပေးလာ၏။
ရွှဲ့ရှန်ကြည့်လိုက်သောအခါမီးဖိုငယ်ကိုယူလာပေးသောသူသည်သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးဖြစ်ပြီးသူမထံတွင်လည်းအနှီအမျိုးသားကဲ့သို့ဖော်ရွေသဘောကောင်းမည့်အရိပ်အယောင်ရှိနေသည်။သူမအနောက်တွင်ခုနှစ်နှစ်ရှစ်နှစ်လောက်သာရှိသေးမည့်ကောင်လေးသည်ခေါင်းပြူလျက်စူးစမ်းနေ၏။ရွှဲ့ရှန်ကိုတွေ့သောအခါပြုံးပြရင်းအလွန်စိတ်အားထက်သန်စွာနှင့်လက်ကိုညွှန်ပြလာပြီး
"ရေနှစ်ရက်ထိလို့မရဘူး..အထူးသဖြင့်ရေအေးကို"
"စာသွားကြည့်နေ"
အမျိုးသမီးသည်ခေါင်းငဲ့ကြည့်ရင်းပြုံးရောင်သန်းလျက်ဆူပူလိုက်၏။ထို့နောက်ရွှဲ့ရှန်ရှိရာဘက်ပြန်လှည့်ကြည့်လာပြီး
"ရေနဲ့မထိအောင်တတ်နိုင်သလောက်ရှောင်ရှားရမှာတော့အမှန်ပဲ..ဒီလိုရာသီဥတုမျိုးမှာပိုပြီးဂရုစိုက်သင့်တယ်..မဟုတ်ရင်ဒဏ်ရာကအမြစ်တွယ်သွားပြီးနှစ်တိုင်းနာကျင်မှုဒဏ်ကိုခံစားနေရလိမ့်မယ်"
သတ်လတ်ပိုင်းအမျိုးသားပြောခဲ့သည်များနှင့်အတူတူပင်။
"ခရီးကအလျင်လိုနေတာလား?နွေးသွားအောင်အိမ်ထဲဝင်ပြီးခေတ္တမျှနားနေပါလား?"
နာကျင်စေမည့်နေရာများကိုရှောင်ကာအဝတ်စနှင့်လက်ကိုဂရုတစိုက်ပတ်ချည်ပေးနေရင်းမေးလာ၏။
"မနားတော့ပါဘူး..လုပ်စရာကိစ္စရပ်များရှိနေသေးလို့ပါ"
တခဏမှဆိုင်းငင့်နေပြီးနောက်ရှက်ကိုးရှက်ကန်းအမူအရာနှင့်
"ကြင်နာမှုများအတွက်ကျေးဇူးပါ"
"ဒါဆိုလည်းမီးဖိုကိုအတူယူသွားလိုက်ပါ..ဒီလိုဒဏ်ရာမျိုးကဂရုစိုက်ဖို့လိုတယ်"
အမျိုးသားသည်နောက်ထပ်စကားဆိုခွင့်မပေးတော့ပဲလက်ဖဝါးတစ်ဝက်စာမျှရှိသောမီးဖိုငယ်ကိုရွှဲ့ရှန်လက်ထဲထည့်ပေးလာ၏။
ရွှဲ့ရှန်သည်အအေးမကြောက်ပေမဲ့လည်းကွဲပြားခြားနားသွားသောအပူချိန်ကိုသူ့လက်ထံမှခံစားလို့ရ၏။နွေးသောမီးဖိုငယ်လက်ထဲရောက်လာပြီးနောက်သူခေါင်းမော့ကာဘေးဘီဝဲယာကိုတစ်ချက်ဝေ့၍ကြည့်ချိန်တွင်အိမ်တော်၏တံခါးဝ၌စကားလုံးလေးလုံးရေးထားသည်ကိုတွေ့လိုက်ရသည်။"ကျန်းရှီယိတန်"[ကျန်းဆေးကုသဆောင်ခန်းမ]
ထိုဖြစ်ရပ်များပြီးနောက်နင်ရမ်းကိုဖြတ်သွားရန်ကြုံကြိုက်သောနှစ်တစ်နှစ်ရှိခဲ့သည်။မည်သူမျှမရှိသောအချိန်ကိုစောင့်ပြီးကျန်းမိသားစုပိုင်ခြံဝန်းအတွင်းဝင်ကာမီးဖိုငယ်နှင့်ရွှေတုံးများပါသောအထုတ်ငယ်ကိုကျောက်သားစားပွဲပေါ်၌တင်ထားခဲ့သည်။ပြီးလျှင်ဒီအတိုင်းသာပြန်လည်ထွက်သွားခဲ့သည်။
ယခုတစ်ခါနင်ရမ်းတိုင်းပြည်ကိုရောက်လာသောအချိန်မှာလည်းကျန်းဆေးဆိုင်ကအတွေးထဲရှိခဲ့သည်။ဖြတ်သွားတုန်းတစ်ချက်တော့ကြည့်လိုက်မည်ဟုကြံရွယ်ထားပေမဲ့လည်းပျက်စီးယိုယွင်းနေသောမြင်ကွင်းကိုမြင်ရလိမ့်မည်ဟုထင်မထားခဲ့။အနီရောင်သစ်ဆေးသုတ်ထားသောသစ်သားတံခါးနှင့်ခြံဝန်းအတွင်းရှိဆေးပင်စိုက်ပျိုးခဲ့သောဥယျာဥ်သည်မှတ်မိဖို့ရန်တောင်ခဲယဥ်းနေခဲ့သည်။ကျန်ခဲ့သောတစ်ခုတည်းသောအရာမှာအထီးကျန်နေသောတစ္ဆေကျန်းရှီနင်သာ။
ဖြတ်သွားရင်းလမ်းခုလတ်၌ကူညီပေးခဲ့ရုံသတ်သတ်သာ။
လူ့ကမ္ဘာဆိုသည်မှာအကြံပေးလျုလိုမျိုးရက်စက်ယုတ်မာပြီးနှလုံးသားမရှိသောသူများနှင့်သာပြည့်နေခြင်းတော့လည်းမဟုတ်။အာဃာတတရားများအမြစ်တွယ်ကာအမှန်တရားနှင့်မလျှော်ကန်တာတွေလုပ်တတ်သူများရှိသလိုစေတနာထားကာသူတော်ကောင်းတရားလက်ကိုင်ဆွဲသူများလည်းရှိသေးသည်။
ဘုရားကျောင်းဆောင်အပြင်ဘက်တွင်သည်းထန်ဆဲဖြစ်သောနှင်းမုန်တိုင်းကိုရွှဲ့ရှန်တချက်စောင်းငဲ့ကြည့်လိုက်သည်။
ကျန်းရှီနင်သည်ရုတ်တရက်အမေးဆိုလာ၏။
"မထွက်လာခင်တုန်းကငါ့ကိုတံခါးဝမှာစောင့်ခိုင်းထားတယ်မလား?ဆရာတော်ရဲ့စားပွဲပေါ်မှာဘာတွေလက်ဆော့ခဲ့တာလဲ?
ရွှဲ့ရှန်သည်ပျင်းရိစွာအဖြေစကားဆို၏။
"ရွှေလုံးပြန်ရအောင်ကူညီပေးခဲ့လို့ကျေးဇူးတင်ကြောင်းဖော်ပြတဲ့အနေနဲ့တစ်ခုခုကိုချန်ထားပေးခဲ့တာ"
ရွှမ်းမင်အတွက်သူထားခဲ့သောအရာသည်တစ်ခုခုမျှသာမဟုတ်။သူ၏မူရင်းခန္ဓာကိုယ်ဆီမှနဂါးအကြေးခွံတစ်ချပ်ဖြစ်သည်။ဘာပဲဖြစ်ဖြစ်နဂါးတစ်ကောင်၏ကိုယ်ခန္ဓာတစ်စိတ်တစ်ပိုင်းဆိုလည်းမမှား။ထာဝါရရှင်သန်စေနိုင်သောဆေးများလောက်တော့အစွမ်းမထက်ပေမဲ့ဆေးဖက်ဝင်ဂျင်ဆင်းပင်နှင့်လင်ဇီးမှိုများထက်တော့ပိုပြီးတန်ဖိုးကြီးသည်။အကယ်၍သာကတုံး၏ခန္ဓာကိုယ်သည်ရောဂါဝေဒနာခံစားနေရလျှင်နဂါးကြေးခွံကိုသုံးပြီးဆေးဖော်ပါကကောင်းကျိုးဖြစ်ထွန်းပါလိမ့်မည်။
သာမန်သူများသည်နဂါးကြေးခွံကိုတွေ့လျှင်ဘာဖြစ်ကြောင်းသိကြမည်မဟုတ်။အစိမ်းရင့်ရောင်တောက်ပနေသောဒင်္ဂါးပြားအရွယ်အစားရှိချပ်ပြားဝိုင်းပုံစံပေါ်သည်။ကျောက်တုံးကိုမိုးရေလာထိခတ်သောအခါတွင်ရတတ်သည့်စိုထိုင်းသောအနံ့ကဲ့သို့ထူးကဲသောအနံ့တစ်မျိုးလည်းထုတ်လွှတ်တတ်သည်။ဖော်ပြရန်ခက်ခဲသောလတ်ဆတ်မှုတစ်မျိုးလည်းရှိသည်။ပုဇွန်တစ်ကောင်ကိုလတ်လတ်ဆတ်ဆတ်လှီးဖြတ်ထားသောရနံ့။
ရွှဲ့ရှန်၏မျက်လုံးများအဆုံးတိုင်ပွင့်လာပြီးတစ်ကိုယ်တည်းရေရွတ်လာသည်။
"ဗိုက်ဆာလာသလိုပဲ"
ကွေ့ယွင်တည်းခိုဆောင်၏ဒုတိယထပ်ရှိအိပ်ခန်းအတွင်းရွှမ်းမင်သည်မျက်လုံးများမှိတ်လျက်ထိုင်နေဆဲဖြစ်၏။ရွှဲ့ရှန်ထွက်သွားစဥ်တုန်းကပုံစံသည်အခုတိုင်မပြောင်းလဲသေး။
စားပွဲပေါ်တွင်အဝါရောင်စာရွက်သည်ဖြန့်လျက်ရှိပြီးရွှဲ့ရှန်ချန်ထားခဲ့သောနဂါးအကြေးခွံကစာရွက်ပေါ်တွင်ရှိသည်။ထူးကဲသောရနံ့သည်တဖြည်းဖြည်းဖြန့်ကျက်လာပြီးနှာခေါင်းဝသို့နောက်ဆုံးမှာရောက်ရှိလာ၏။
ရွှမ်းမင်မျက်မှောင်ကျုံ့သွားပြီးရုတ်ချင်းပင်မျက်လုံးများကိုဖွင့်လိုက်သည်။လည်ပင်းထက်တွင်ရှိသောပင့်ကူအသွင်ပြောင်းသွားသောမှဲ့သည်မူရင်းပုံစံသို့ပြန်လည်ရောက်ရှိသွား၏။
စားပွဲပေါ်သို့ငုံကြည့်ချိန်တွင်ကြောင်ချီးကုတ်လက်ရေးနှင့်စကားလုံးကြီးများကိုရေးသားထားသောအဝါရောင်စာရွက်ကိုတွေ့ရသည်။
"ဒဏ္ဍာရီလာဆေးတစ်ဖုံ..ရောဂါဘယပျောက်ကင်းစေသည်..ယုံချင်ယုံမယုံချင်နေ"
ကြောင်ချီးကုတ်စကားလုံးများဘေးတွင်ရှိသောအမည်းရောင်ချပ်ပြားကိုကောက်ယူကာတစ်ချက်ကြည့်လိုက်သည်။
ပြီးလျှင်တစ်စုံတစ်ရာကိုမှတ်မိသွားသောပုံနှင့်ဝတ်ရုံရင်ဘတ်ဆီမှခေါက်ထားသောစာရွက်ကိုထုတ်ယူသည်။
စာရွက်ခေါက်ကိုဖြည်ကာပြန့်ပြူးအောင်လုပ်ပြီးရေးသားထားသောစာလုံးသုံးလုံးကိုကြည့်လိုက်သည်။'လူကိုရှာ'
တိုက်ဆိုင်မှုတစ်ခုမှာစာသားဘေးတွင်ဆွဲထားသောပုံသည်စားပွဲပေါ်တွင်ရှိနေသောအမည်းရောင်ချပ်ပြားနှင့်တစ်ထပ်တည်းတူနေခြင်းဖြစ်၏။
လူကိုရှာ....
ရွှမ်းမင်သည်မျက်မှောင်ကျုံ့ရင်းအနှီအရာနှစ်ခုကိုအတော်ကြာနှိုင်းယှဥ်ကြည့်နေမိ၏။ပြီးနောက်စာရွက်ကိုသေချာပြန်ခေါက်ကာချပ်ပြားဝိုင်းကိုကိုင်ရင်းမီးရောင်အောင်တွင်ဆိတ်ငြိမ်စွာထိုင်နေသည်။
ပြတင်းအပြင်၌နှင်းမုန်တိုင်းအကြားကူးလူးသွားလာနေသောလေပြင်းသည်တည်းခိုဆောင်၏နံရံကိုအဆက်မပြတ်ရိုက်ခတ်နေ၏။
တောင်ကြားလမ်းပဲဖြစ်စေမြို့အတွင်းမှလမ်းငယ်ပဲဖြစ်စေအမှောင်ထုအောက်တွင်စုန်းစုန်းမြုတ်လျက်ပင်။
•••••••
[[Zawgyi]]
“ငါ.."
ရႊဲ႔ရွန္၏အလ်င္စလိုတိုက္တြန္းေနမႈေၾကာင့္က်န္းရွီနင္ခပ္ျမန္ျမန္ေျပးေနရေပမဲ့လည္းစိတ္ထဲဆိုင္းတြေနမိသည္။
"ဒီအႀကံအစည္ကမသင့္ေတာ္ဘူးလို႔ငါထင္ေနတုန္းပဲ"
"ဘာကမသင့္ေတာ္တာလဲ?"
ေရႊလံုးကိုပြတ္သတ္ေနေသာရႊဲ႔ရွန္ထံမွအေမးစကားထြက္လာသည္။
"ဆရာေတာ္တစ္ပါးတည္းထားခဲ့ၿပီးငါတို႔ဘာသာငါတို႔ထြက္လာတာကိုေလ"
က်န္းရွီနင္ျပန္ေျဖစကားေၾကာင့္ရႊဲ႔ရွန္သည္ေဒါပြလ်က္စိုက္ၾကၫ့္လာၿပီး
"စာၾကမ္းပိုး..မင္းအိပ္ရင္းလမ္းေလ်ွာက္ေနတာလား?သူကတစၧေဖမ္းတဲ့သူ..ငါတို႔ႏွစ္ၪီးစလံုးလည္းအဖမ္းခံလိုက္ရတာေလ..ေထာင္မွဴးကိုအသိေပးၿပီးေထာင္ကထြက္ေျပးတဲ့အက်ဥ္းသားကိုျမင္ဖူးလို႔လား?"
"ဟင့္အင္း..မျမင္ဖူးဘူး"
ၾကားစဥ္ကေတာ့မွန္သလိုရိွေပမဲ့လည္းက်န္းရွီနင္ေသခ်ာေတြးၾကၫ့္ျပန္ေတာ့ျပန္လည္ေတြေဝလာသည္။
"ဒါေပမဲ့..."
"ဒါေပမဲ့ဆိုတာမရိွဘူး"
"သို႔ေပမဲ့လည္း.."
"သို႔ေပမဲ့ဆိုတာလည္းမရိွဘူး"
က်န္းရွီနင္လည္းအရႈံးေပးလ်က္ေခါင္းငိုက္စိုက္က်သြားသည္။ေရႊလံုးကိုဖက္ရင္းေျခကားယားလက္ကားယားျဖစ္ေနေသာရႊဲ႔ရွန္သည္မ်က္ႏွာလည္းအေတာ္ေျပာင္လွ၏။
"ငါေျပာတာကက်ိဳးေၾကာင္းဆီေလ်ာ္တယ္"
က်န္းရွီနင္ ; "……"
နင္ရမ္းတိုင္းျပည္၏ၿမိဳ႔ေတာ္အတြင္း၌ညဘက္အျပင္မထြက္ရအမိန႔္ကိုထုတ္ျပန္ထားသည္။လမ္းမမ်ားႏွင့္ၿမိဳ႔တံတိုင္းမ်ားထက္တြင္အဟန႔္အတားမ်ားႏွင့္ေစာင့္ၾကၫ့္ေရးစခန္းမ်ားကိုေနရာမ်ားပိုင္းျခား၍ခ်ထားသည္။ညဘက္တာဝန္က်ေသာအေစာင့္သည္အေအးဒဏ္ခံႏိုင္ရန္အရက္အိုးကိုသယ္ေဆာင္ထားၿပီးစခန္းအနီးတြင္ရပ္ေန၏။ေလးဖက္ေလးလံတြင္ရိွေသာၿမိဳ႔တံခါးမ်ားကိုလံုႃခံုစြာပိတ္ထားသည္ျဖစ္၍ဤအခ်ိန္မ်ိဳးမွာအျပင္ထြက္ခ်င္ေသာအရပ္သားသည္အေတာင္ပံေပါက္မွသာပ်ံတတ္သြားလို႔ရမည္။
သို႔ေသာ္လည္းလူမဟုတ္ေသာထိုႏွစ္ၪီးအတြက္အခက္ေတြ့သြားတာမ်ိဳးေတာ့မျဖစ္။
က်န္းရွီနင္၏စကၠူခႏၶာကိုယ္သည္ဤအေျခအေနမ်ိဳးမွာအက်ိဳးရိွလွ၏။လိုအပ္လာလ်ွင္ပါးလႊာေသာစကၠူအျဖစ္ေျပာင္းၿပီးတံခါးၾကားမွအလြယ္ေလးထြက္သြားလို႔ရသည္။
"အေရ႔ွဘက္ကိုသြား"
"ဒီလမ္းအဆံုးမွာရိွတဲ့ေလ်ွာေစာက္အတိုင္းတတ္သြားၿပီးလမ္းၾကားထဲဝင္လိုက္"
"တၫ့္တၫ့္သြားၿပီးအေနာက္အရပ္ကိုခ်ိဳး"
ရႊဲ႔ရွန္အၾကၫ့္မ်ားသည္ေခြးထက္ပင္အသံုးက်ေသးသည္။ညၾကၫ့္စင္မွအေစာင့္၏အရိပ္အေယာင္ကိုအေဝးကပင္သူေတြ့သည္။ၿပီးလ်ွင္ယံုၾကည္မႈရိွရိွအျပၫ့္အဝအမွန္အကန္တိက်ျပတ္သားစြာႏွင့္အမိန႔္ေပးေနေတာ့သည္။က်န္းရွီနင္သည္ေဒါသထြက္ရန္ခဲယဥ္းတဲ့အျပင္ရႊဲ႔ရွန္လိုက္ၿပီးအမိန႔္ေပးေနတာေတြနဲ႔လည္းေနသားက်ေနၿပီ။ရႊဲ႔ရွန္ေျပာလာသည္ႏွင့္အျခားမစဥ္းစားပဲေျပာတဲ့အတိုင္းသာစိတ္ေက်နပ္ေအာင္လုပ္ေပးလိုက္သည္။
ရလဒ္အေနနဲ႔အေတာ္ၾကာသြားေသာအခါက်န္းရွီနင္လည္းမတတ္သာေတာ့ပဲရပ္တန႔္လိုက္သည္။သူ႔မ်က္ႏွာထက္စိတ္တိုေနေၾကာင္းကေပၚလြင္ေနသည္။
"အဘိုးရယ္..မေတာ္ေသးဘူးလား?စကားေျပာတာရပ္ပါေတာ့"
ရႊဲ႔ရွန္သည္က်န္းရွီနင္ရိွရာဘက္ၾကၫ့္လာၿပီး
"ဘာလို႔လဲ?ညၾကၫ့္စင္ကလူေတြကိုလည္းေရွာင္ရွားႏိုင္ၿပီးငါတို႔အဆင္ေျပေနတာပဲမလား?"
က်န္းရွီနင္သည္စိတ္ပ်က္လက္ပ်က္ႏွင့္ျပန္ေျဖလာ၏။
"အင္း..မိေတာ့မမိပါဘူးဒါေပမဲ့ငါဒီပိုးထည္ဆိုင္ေရ႔ွကျဖတ္တာအနည္းဆံုးသံုးေခါက္ရိွေနၿပီ..မင္းေျပာတာသာနားေထာင္ၿပီးသြားေနမယ္ဆိုရင္ေနာက္ႏွစ္ေရာက္ေတာင္ၿမိဳ႔ထဲကထြက္ႏိုင္မွာမဟုတ္ဘူး"
ရႊဲ႔ရွန္သည္ေရႊလံုးကိုဖက္ရင္းျပန္ေျပာလာ၏။
"က်စ္..ေကာင္းကင္ကအေတာ္ေလးေမွာင္ေနတယ္..ငါတို႔အနားယူဖို႔ေနရာရွာသင့္ၿပီ"
က်န္းရွီနင္ ; "…"
အရိုင္းအစိုင္းကေတာ့အရွက္မကဲြေစေရးသံဓိဌာန္ခ်ထားပံုရသည္။
လမ္းေၾကာင္းရွာရာ၌သံုးစားမရေသာရႊဲ႔ရွန္ထံမွၫႊန္ၾကားခ်က္မ်ားမလာေတာ့ေသာအခါက်န္းရွီနင္အဖို႔လမ္းေၾကာင္းရွာရတာပို၍လြယ္ကူျမန္ဆန္လာသည္။သံုးေခါက္ေလာက္လည္ေနခဲ့ေသာေနရာမွထြက္ႏိုင္ခဲ့ၿပီးမွန္ကန္ေသာလမ္းေၾကာင္းေပၚသို႔ေရာက္ရိွသြားၾကသည္။
"ဒီအိမ္ေတာ္ၾကၫ့္ရတာအေတာ္ရင္းႏွီးေနတယ္"
ဘယ္ညာဝဲယာၾကၫ့္ရင္းလမ္းတစ္ေလ်ွာက္လံုးသည္သူႏွင့္အေတာ္ရင္းႏွီးေန၏။
က်န္းရွီနင္ထံမွ'အင္း'ဆိုေသာအသံထြက္လာသည္။
"မင္းတကယ္ပဲဘယ္လမ္းကိုမွမမွတ္မိတာပဲ..ဟမ္..ငါတို႔မနက္ကပဲဒီကျဖတ္သြားတာေလ..ဘယ္လိုျဖစ္ၿပီးေခါင္းလွၫ့္လိုက္တာနဲ႔အကုန္ေမ့သြားတာလဲ?"
က်န္းရွီနင္ေျပာလာေတာ့မွသာရႊဲ႔ရွန္နားလည္သေဘာေပါက္သြားသည္။ဤလမ္းအတိုင္းေရ႔ွသို႔အေတာ္ၾကာဆက္ေလ်ွာက္သြားၿပီးလမ္းဆံု၌အေရ႔ွကိုခ်ိဳးလ်ွင္အႀကံေပးလ်ူ၏အိမ္ေတာ္ကိုျမင္ေတြ့ရလိမ့္မည္။ညအခါသမယသည္တိတ္ဆိတ္ၿငိမ္သက္လွ၏။တစ္စံုတစ္ခုမွလႈပ္ရွားသြားၿပီးအသံထြက္လာလ်ွင္ေန့အခါထက္ေတာ့ပိုၿပီးသိသာထင္ရွားပါလိမ့္မည္။လမ္းဆံုေရာက္ေသာအခါအႀကံေပးလ်ူအိမ္ေတာ္တံခါးဝကိုသူတို႔တခ်က္ေငးၾကၫ့္မိၾကသည္။လူအမ်ားရန္ျဖစ္ေနၾကသလို၊စကားမ်ားေနၾကသလိုမ်ိဳးအသံအပိုင္းအစမ်ားကိုခပ္ယဲ့ယဲ့ၾကားေနရသည္။ဘာအေၾကာင္းေၾကာင့္ထြက္လာေသာအသံျဖစ္ျဖစ္ေအးေဆးစြာစကားေျပာေနျခင္းေတာ့ဟုတ္မေန။
က်န္းရွီနင္၏ေျခလွမ္းမ်ားသည္ေခတၲမ်ွရပ္တန႔္ေနခဲ့၏။
ရႊဲ႔ရွန္လည္းလ်ူမိသားစုအိမ္ေတာ္ကိုမ်က္လံုးတစ္ခ်က္ေဝ့ၾကၫ့္ၿပီး
"ဘာလဲ?သူနဲ႔ထိုက္တန္တာရမရသိခ်င္လို႔လား?"
"ဒါကအႀကံေပးလ်ူရဲ့ကိစၥေလ..ငါနဲ႔မဆိုင္ပါဘူး"
က်န္းရွီနင္ေခါင္းခါယမ္းကာထပ္၍မတံု႔ဆိုင္းေတာ့ပဲၿမိဳ႔တံခါးဆီသို႔ၪီးတည္သြားေတာ့သည္။
သမားေတာ္မိသားစုတြင္ႀကီးျပင္းလာခဲ့ေသာသူတစ္ၪီး၏ရိွရင္းစဲြဗီဇလည္းျဖစ္ႏိုင္သည္။အျခားသူတစ္ၪီးဒုကၡဆင္းရဲခံစားရတာကိုမ်က္ျမင္ၾကၫ့္ႏိုင္စြမ္းမည္မဟုတ္။ဤသည္မွာလည္းသူႏွင့္အႀကံေပးလ်ူအၾကားအသိသာဆံုးကြာျခားခ်က္ဟုဆိုရမည္။
နင္ရမ္းတိုင္းျပည္၏အျပင္ဘက္ျခမ္းတြင္မ်ားစြာေသာေတာအုပ္မ်ားရိွသည္။သို႔ေပမဲ့အမ်ားစုမွာသာယာလွပေသာေတာအုပ္ငယ္မ်ားသာျဖစ္ၿပီးအႏၲရာယ္မ်ားေသာေတာအုပ္မ်ားသည္အနည္းငယ္သာရိွ၏။
တိုင္းျပည္၏အႀကံေပးပုဂၢိုလ္သည္ဘုန္းေတာ္ႀကီးတစ္ပါးျဖစ္ခဲ့သည္ႏွင့္အတူစီရင္စုအသီးသီးရိွေတာေတာင္တစ္ဝိုက္တြင္ဘုရားေက်ာင္းေဆာင္မ်ားေပၚေပါက္လာခဲ့သည္။တစ္ခ်ိန္တုန္းကေတာ့ဘုရားေက်ာင္းေဆာင္မ်ားေရ႔ွတြင္အေမႊးတိုင္အေငြ့ျပတ္ဆဲခဲ့သည္မဟုတ္။သို႔ေသာ္ျငားလည္းတခ်ိဳ႕ေသာအေၾကာင္းျပခ်က္မ်ားႏွင့္ေဆာင္းသည္ယမန္ႏွစ္မ်ား၌ေစာ၍ဝင္လာခဲ့၏။ေတာင္ဘက္ျခမ္းေဒသ၌လည္းႏွင္းသာျမင္ေနရသည္။ႏွင္းပြင့္မ်ားသည္ႀကီးပြားတိုးတတ္ေစေသာေကာင္းနိမိတ္မ်ားျဖစ္သည္ဟုဆိုၾကေပမဲ့ကုန္လြန္ခဲ့ေသာႏွစ္မ်ား၌မိုးေခါင္ခဲ့တာေၾကာင့္ေကာက္ပဲသီးႏွံစိုက္ပ်ိဳးရာ၌အထြက္ရႈံးခဲ့သည္။ျပည္သူအမ်ားလည္းပို၍သာၿခိဳးခ်ံခၽြေတာၿပီးေနထိုင္ခဲ့ၾကရသည္။ရွင္သန္ေနထိုင္ရန္ပင္ခက္ခဲေနၾကေသာသူမ်ားအဖို႔ဘုရားေက်ာင္းေဆာင္မ်ားသို႔သြားၿပီးလ်ွူဒါန္းႏိုင္ၾကမည္မဟုတ္။
ရလဒ္အေနျဖင့္ေတာေတာင္မ်ားတြင္အစြန႔္ပစ္ခံဘုရားေက်ာင္းမ်ားတိုးပြားလာခဲ့ၿပီးခရီးသြားမ်ားတေထာင့္နားခိုရာအျဖစ္သို႔ေရာက္ရိွသြားၾကေတာ့သည္။က်န္းရွီနင္သည္ရႊဲ႔ရွန္ကိုနားေနဖို႔ရာက်ီကြမ္းေတာင္ေပၚရိွစြန႔္ပစ္ခံဘုရားေက်ာင္းသို႔ေခၚလာခ်ိန္ဝယ္ႏွင္းမ်ားပင္စတင္က်ဆင္းလာ၏။
ရႊဲ႔ရွန္သည္ဘုရားေက်ာင္းအတြင္းသို႔ေရာက္တာႏွင့္ေနရာထိုင္ခင္းေကာင္းကိုေရြးခ်ယ္လိုက္၏။အရွက္မရိွေသာသတၲဝါသည္ျမက္ေျခာက္မ်ားကိုေျမၾကီးေပၚမွေကာက္ယူၿပီးဗုဒၶရုပ္ပြားေတာ္ေအာက္ေျခတြင္ျဖန႔္ခင္းကာေဘးတြင္မွီတြယ္ရင္းကပ္ထိုင္ေနသည္။မလုပ္အပ္ေသာလုပ္ရပ္ျဖစ္ေပမဲ့လည္းအမူထားေသာပံုမေပၚ။ေရ႔ွေလ်ွာက္အလ်ွင္အျမန္လႈပ္ရွားစရာမလိုေသးသၫ့္အတြက္အပင္ပန္းခံကာစကၠူလူသားပံုစံကိုဆက္မထိန္းထားေတာ့ပဲမူရင္းအသြင္ကိုေျပာင္းလဲလိုက္သည္။
အနက္ေရာင္ကိုဝတ္ဆင္ထားၿပီးဘာကိုမွဂရုမစိုက္ေသာအသြင္ႏွင့္ထိုင္ေနေသာသူသည္မသိလ်ွင္အရိုးမပါဘူးလိုေတာင္ထင္မိလိမ့္မည္။တံေတာင္ဆစ္သည္ဗုဒၶရုပ္ပြားေတာ္ရိွရာၾကာခြက္ကိုေထာက္ထားၿပီးေကြးေနေသာလက္ဆစ္မ်ားသည္ေမးကိုေထာက္ပံ့ေပးထား၏။အျခားလက္တစ္ဖက္ကေတာ့အဖိုးထိုက္ေသာေရႊဥေလးကိုယီးတီးေယာင္ေတာင္ကိုင္ၾကၫ့္ေနဆဲ။
ရႊဲ႔ရွန္ကိုၾကၫ့္လိုက္လ်ွင္ပင္ေခါင္းကိုက္တတ္လာေသာက်န္းရွီနင္သည္မ်က္ခံုးရိုးႏွစ္ခုအၾကားကိုဖိႏိွပ္လိုက္ရင္း
"အစြန႔္ပစ္ခံေက်ာင္းေဆာင္ဆိုေပမဲ့လည္းအနည္းငယ္မ်ွေတာ့ယဥ္ေက်းမႈေလးရိွစမ္းပါၪီး..ဒီအတိုင္းႀကိဳက္သလိုသြားလုပ္လို႔ရတဲ့ေနရာမဟုတ္ဘူး"
ရႊဲ႔ရွန္သည္ဗုဒၶရုပ္ပြားေတာ္၏ေျခဖဝါးေတာ္ရိွရာကိုတစ္ခ်က္ပုတ္ၿပီး
"ငါဒီမွာထိုင္လို႔ရလား?မေက်နပ္ဘူးဆိုရင္တစ္ခုခုေျပာ"
အေတာ္ၾကာသည္အထိေစာင့္ေနၿပီးေနာက္က်န္းရွီနင္ဘက္ေမးေငါ့ျပကာ
"ေတြ့လား?ဘာမွမေျပာဘူး"
"လုပ္ခ်င္သလိုသာလုပ္ေတာ့..ငါအာရံုမထားေတာ့ဘူး"
ရုပ္ပြားေတာ္ေရ႔ွတြင္ဖုန္မ်ားတတ္ေနေသာဖေယာင္းတိုင္ကိုပါးစပ္နဲ႔တစ္ခ်က္မႈတ္ၿပီးရႊဲ႔ရွန္ကိုမီးျခစ္ဆံရိွလားေမးလာသည္။က်န္းရွီနင္သည္ဖုန္တတ္ကာႏွစ္ခ်ီေနၿပီျဖစ္ေသာဖေယာင္းတိုင္ကိုမီးစဲြလာေအာင္ႀကိဳးပမ္းရသၫ့္အျပင္အျခားတစ္ဖက္မွလည္းကိုယ္ကိုမီးလာမစဲြေအာင္ကာကြယ္ရေသး၏။
"မီးျခစ္ဆံဘယ္ကရတာလဲ?"
ဖေယာင္းတိုင္မ်ားကိုမီးၫွိၿပီးေနာက္မီးျခစ္ဆံထိပ္ရိွမီးစာကိုၿငိမ္းသက္လိုက္ကာက်န္းရွီနင္အေမးစကားဆို၏။
"မသြားခင္ကတံုးရဲ့အဝတ္အိတ္ထဲကယူလာတာ"
ရႊဲ႔ရွန္၏အေျဖကိုက်န္းရွီနင္လည္းစိတ္ပ်က္အားေလ်ာ့စြာႏွင့္
"ေထာင္ေဖာက္ေျပးတဲ့ေထာင္သားကေထာင္မွဴးဆီကပစၥည္းယူလာရဲတာပထမဆံုးျမင္ဘူးတာပဲ"
"ေပ်ာက္သြားမွန္းေတာင္သိမွာမဟုတ္ဘူး"
ရႊမ္းမင္အေၾကာင္းပါလာျပန္ေတာ့က်န္းရွီနင္လည္းအားတံု႔အားနာျဖစ္သလိုခံစားေနရသည္။မတတ္သာပဲရႊဲ႔ရွန္ကိုေမးရေတာ့၏။
"အဲ့ဒီဆရာေတာ္ကိုမင္းအထူးတလယ္ပဲမႏွစ္ၿမိဳ႔တာလား?ငါတို႔ကိုဖမ္းခဲ့တာေၾကာင့္လား?",
ရႊဲ႔ရွန္ေခါင္းခါယမ္းလာသည္။
"ဒါဆိုဘာလို႔အေလာတႀကီးထြက္လာၿပီးဆရာေတာ့္ကိုေနာက္မွာခ်န္ထားခဲ့တာလဲ?ငါေျပာမဲ့အမွန္တရားေတြကိုႀကိဳၿပီးခြင့္လႊတ္ေပးဖို႔ေတာင္းပန္ပါတယ္.."
က်န္းရွီနင္သည္သူ႔ကိုယ္သူလက္ညိုးထိုးျပၿပီးေနာက္ရႊဲ႔ရွန္ရိွရာသို႔ထိုး၍
"ငါတို႔ႏွစ္ၪီးစလံုးလုပ္ႏိုင္တာမ်ားမ်ားစားစားမရိွဘူး..သြားတဲ့လမ္းေၾကာင္းမွာျပႆနာတစ္ခုခုတတ္လာရင္ႏွစ္ၪီးစလံုးကူရာကယ္ရာမဲ့ျဖစ္သြားလိမ့္မယ္..ေခါင္းအစေျခအဆံုးၾကၫ့္လိုက္ရင္ငါ့ဆီမွာကတန္ဖိုးသိပ္မရိွတဲ့သမားေတာ္ေခါင္းေလာင္းပဲပါလာေပမဲ့မင္းဆီမွာရိွတဲ့ေရႊလံုးကိုတစ္ေယာက္ေယာက္ကမ်ားမ်က္စိက်သြားမယ္ဆိုရင္..."
ရႊဲ႔ရွန္သည္ေရႊလံုးကိုလက္ညိုးလက္မၫွပ္ကိုင္ၿပီးဖေယာင္းမီးအေရ႔ွတြင္လွၫ့္လ်က္ရိွသည္။
ညတြင္းခ်င္းသူထြက္ေျပးလာရေသာအေၾကာင္းအရင္းတစ္ခုရိွၿပီးထိုအေၾကာင္းအရာမွာေရႊလံုးအတြင္းတြင္ရိွေနေသာနဂါးကိုယ္ခႏၶာေၾကာင့္ဆိုရင္လည္းမမွား။အခုအခ်ိန္မွာသူကိုယ္တိုင္သည္အလံုးစံုျပန္မေကာင္းေသးတာမလို႔ေရႊလံုးႏွင့္ခ်ိတ္ဆက္မႈမွာလည္းဗလာက်င္းလ်က္မရွင္းလင္းလာေသး။လက္ဝယ္ကိုင္တြယ္ေနေပမဲ့လည္းသာမန္အလံုးတစ္လံုးကိုကိုင္ေနရသလိုသာျဖစ္ၿပီးသိသာထင္ရွားလာတာမရိွ။
ရႊမ္းမင္ကေတာ့အမ်ားႏွင့္မတူကြာျခားသည္။ရႊမ္းမင္၏ခါးနားရိွအရိုးႏွင့္အသား၏မူမမွန္ေသာအေျပာင္းအလဲမ်ားသည္လြန္စြာထူးဆန္းလွ၏။ပထမအႀကိမ္တုန္းကမေသခ်ာခဲ့ေပမဲ့ဒုတိယတစ္ႀကိမ္ထပ္ျဖစ္လာေသာအခါလွစ္လ်ူရႈထားလို႔မရေတာ့။
အေလးအနက္ထား၍တစ္စံုတစ္ရာအားကိုင္တြယ္ေျဖရွင္းသည္ကိုရႊဲ႔ရွန္မျမင္ဖူးေသးေပမဲ့ရႊမ္းမင္သည္သာမန္မ်ွမဟုတ္တာကိုေတာ့အတတ္ေျပာႏိုင္၏။
အခုအေလာဆယ္တြင္ရႊဲ႔ရွန္ကေတာ့ေရႊလံုးထံမွဘာမွမခံစားရေသးေပမဲ့ရႊမ္းမင္လိုလူမ်ိဳးကေတာ့ရႏိုင္ေလာက္မည္။ေရႊလံုးကိုသယ္ေဆာင္ရင္းရႊမ္းမင္အနားအေနၾကာသြားမယ္ဆိုလ်ွင္သူ႔ေရႊဥေလးအေပၚမွာရႊမ္းမင္ထံမွေဘးျဖစ္ေစေသာအက်ိဳးဆက္မ်ားသက္ေရာက္လာမည္ကိုစိုးရိမ္ေန၏။ျဖစ္ရိုးျဖစ္စဥ္မ်ားကိုေသြဖီသြားလ်ွင္နဂါးခႏၶာကိုယ္လည္းျပန္လည္ရရိွႏိုင္ေတာ့မည္မဟုတ္။
ထို႔အျပင္..
ရႊဲ႔ရွန္သည္က်န္းရွီနင္ကိုစကားဆိုလာ၏။
"သူဘယ္ကလာလဲမသိသလိုသူဘယ္ကိုသြားမလဲဆိုတာကေတာ့ပိုဆိုး..သူ႔ၾကၫ့္ရတာေငြေရးေၾကးေရးအတြက္ဒီအလုပ္ကိုလုပ္ကိုင္ေနတဲ့သူနဲ႔မတူေပမဲ့ေမတၲာဂရုဏာၿပီးအမ်ားသူငွာကိုလိုက္လံကူညီေနတဲ့ဂုဏ္သေရရိွဘုန္းေတာ္ႀကီးနဲ႔လည္းမတူဘူး..ေအးစက္တင္းမာသလိုရက္စက္တတ္တဲ့အရိပ္အေယာင္ေတြကိုအခ်ိန္တိုေလးအတြင္းမွာေတာင္ငါသတိထားမိတယ္"
က်န္းရွီနင္သည္နားမလည္ေသာပံုႏွင့္ေမးလာ၏။
"ဘယ္လိုေအးစက္ၿပီးရက္စက္တာလဲ?ငါနားလည္ေအာင္ေျပာပါၪီး"
ရႊဲ႔ရွန္ထံမွအထင္အျမင္ေသးေသာအၾကၫ့္ႏွင့္အတူ'က်စ္'ဆိုေသာအသံကိုရရိွလိုက္သည္။
"ငါအရွင္းဆံုးေျပာျပေနတာပဲေလ..သူကသာမန္ဘုန္းေတာ္ႀကီးမဟုတ္ဘူး..အရင္တုန္းကေတာ့ဘာေတြမ်ားကြာျခားသလဲဆိုတာရွာမေတြ့ခဲ့ေပမဲ့အခုေတာ့ငါသေဘာေပါက္သြားၿပီ..နည္းစနစ္က်တဲ့သင္ၾကားမႈေတြေအာက္မွာႀကီးျပင္းလာခဲ့လို႔သနားၾကင္နာမႈမရိွတာပဲေနမယ္..တစ္ခါတစ္ေလဆိုရင္သာသနာ့ေဘာင္ရဲ့နိယာမေတြကိုလြန္ဆန္ၿပီးလူသတ္ေတာ့မဲ့အရိပ္အေယာင္ေတြေပၚလာတာကိုမခံစားမိဘူးလား?"
က်န္းရွီနင္ ; "…"
က်န္းရွီနင္ေျပာခ်င္ေနေသာစကားမ်ားကိုျပန္လည္ၿမိဳခ်ရင္းေခါင္းခါယမ္းကာ
“ငါေတာ့မခံစားဖူးဘူး..အဲ့ဒီဟာထက္ငါသူ႔ကိုေၾကာက္ေနခဲ့မိတာကိုပဲအရွက္ရမိတယ္"
"အဲ့တာပဲေလ..အတူတူပဲ"
နားလည္ရန္ခက္ေသာရႊမ္းမင္အေၾကာင္းေျပာရင္းႏွင့္က်န္းရွီနင္သည္တစ္စံုတစ္ရာကိုသတိရသြားပံုပင္။
"အခုမွသတိရတယ္..တည္းခိုေဆာင္မွာတုန္းကေဆးနံ႔တမ်ိဳးကိုသတိထားမိေသးလား?"
"အင္း..ငါလည္းအနံ႔ရလို႔တမ်ိဳးေတာင္ေတြေဝသြားေသးတယ္..ကတံုးကေဆးမွီဝဲေနရတာလား?
"ေဆးေတြအၾကားမွာႀကီးျပင္းခဲ့တာမလို႔ငါကေဆးနံ႔ေတြဆိုရင္အေတာ္ယဥ္တယ္"
က်န္းရွီနင္သည္အေတြးမ်ားေနပံုႏွင့္ခဏတာတိတ္ဆိတ္သြားၿပီးေနာက္ေကာက္ခ်က္ခ်လိုက္၏။
"တည္းခိုေဆာင္မွာတုန္းကေဆးနံ႔ကိုအေတာ္ရင္းႏွီးေနတယ္..ငါ့မိသားစုေဆးကုသေဆာင္မွာႏွစ္အေတာ္ၾကာကုသမႈခံယူခဲ့တဲ့အိမ္အနီးနားကလူနာတစ္ၪီးေသာက္တဲ့ေဆးနံ႔နဲ႔အတူတူပဲ"
"ဘယ္လိုေရာဂါမ်ိဳးကိုကုသေပးတာလဲ?"
က်န္းရွီနင္သည္အခ်ိန္ေခတၲမ်ွဆိုင္းတြေနၿပီးမျွပန္ေျဖ၏။
"ဝိညာဥ္ဆံုးရႈံးတဲ့ေရာဂါ"
ဝိညာဥ္ဆံုးရႈံးေသာေရာဂါရွင္သည္ညဘက္တြင္အိပ္ေပ်ာ္ရန္ခဲယဥ္းလွ၏။အိပ္ေပ်ာ္သြားလ်ွင္လည္းအိမ္မက္ဆိုးမ်ားကေျခာက္လန႔္တတ္သည္။သူတို႔ႏိုးလာခ်ိန္၌ျဖစ္ခဲ့ေသာအေၾကာင္းအရာမ်ားကိုတစ္ခါတစ္ရံေမ့ေပ်ာက္သြားတတ္သည္။စိတ္ဝိညာဥ္သည္ခႏၶာကိုယ္တြင္းမွထြက္သြားသလိုအတိတ္ကိုမမွတ္မိေသာသူမ်ားျဖစ္၍'ဝိညာဥ္ဆံုးရႈံးေသာေရာဂါဟုအမည္တပ္ထားၾကျခင္းျဖစ္သည္။
"ဝိညာဥ္ဆံုးရႈံးတာ?အဲ့ဒီကတံုးကလား?"
ရႊဲ႔ရွန္သည္ႏွာမႈတ္ရင္းလက္ခါယမ္းကာ
"အိမ္မက္ဆိုးေတြကေနေၾကာက္ရြံ႔တုန္လႈပ္ေနတာမ်ိဳးဒါမွမဟုတ္စိတ္ရႈပ္ေထြးေနတာမ်ိဳးေရာဂါလကၡဏာေသးေသးေလးေတာင္သူ႔ဆီမွာရိွလို႔လား?ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ?"
"အတိတ္ေမ့နဲ႔တဲ့သူပံုစံမေပၚတာေသခ်ာေပမဲ့လည္း"
က်န္းရွီနင္သည္ျဖစ္ရပ္မ်ားကိုျပန္လည္ျမင္ေယာင္လာ၏။
“ငါျမင္ဖူးသေလာက္ေတာ့ဝိညာဥ္ဆံုးရႈံးတဲ့ေရာဂါခံစားရတဲ့သူေတာ္ေတာ္မ်ားမ်ားကမွတ္ဥာဏ္ေပ်ာက္ဆံုးတာႏွင့္သတိလြတ္တာေတြရိွတဲ့အတြက္သိသာထင္ရွားတဲ့ေရာဂါလကၡဏာကိုျပတယ္လို႔ဆိုရမယ္..တစ္စံုတစ္ရာကိုေဆြးေနြးမယ္ဆိုရင္ဘယ္အခ်ိန္ပဲျဖစ္ျဖစ္တံု႔ဆိုင္းေနတတ္ၾကတယ္..အခ်ိန္တိုင္းလည္းစိုးရိမ္ပူပန္ေမာပန္းေနတတ္ၾကတယ္..ဒါေပမဲ့လည္းအခ်ိဳ႕ကေတာ့အဲ့လိုမဟုတ္ဘူး..နဂိုစိတ္အခံကခံႏိုင္ရည္ရိွလို႔လည္းျဖစ္ႏိုင္တယ္..ပံုမွန္လူအတိုင္းလိုပဲထင္ရေအာင္ေရာဂါလကၡဏာမေပၚပဲထိန္းေျပာေလ့ရိွတယ္..မွတ္မိတဲ့အေၾကာင္းအရာကိုပဲေျပာတတ္တဲ့သူေတျြဖစ္ေပမဲ့သာမန္ကာလ်ွံမ်ွသာပဲပတ္သတ္မယ္ဆိုရင္သူတို႔ဆီမွာေရာဂါရိွေနမွန္းသိဖို႔ခက္ခဲလိမ့္မယ္"
ၾကားရေသာစကားအေပၚရႊဲ႔ရွန္ပုခံုးတြန႔္ျပလိုက္သည္။
"တကယ္လို႔သူကအဲ့လိုလူနည္းစုထဲပါေနၿပီးခံႏိုင္ရည္ရိွတယ္ဆိုရင္ေတာင္ၿမိဳ႔အႏွံ႔ေတာ့ေလ်ွာက္သြားလို႔မရဘူးမလား?သူ႔ဆီမွာရိွတဲ့ျပႆနာကိုအျခားသူေတြကိုမသိေစခ်င္ရင္ေရာေနွာဆက္ဆံရတဲ့ကိစၥေတြမွာဆိုရင္သတိထားၿပီးအေဝးကိုေရွာင္ေနမွာေပါ့..ဘယ္အတိတ္ေမ့ေနတဲ့သူကမ်ားေနရာအႏွံ႔ေလ်ွာက္သြားၿပီးလူေကာတစၧေကာကိုဒုကၡေပးေနမွာလဲ?မွတ္ဥာဏ္ဆံုးရႈံးသြားတာမဟုတ္ဘူး..ရူးသြားတယ္လို႔ပဲေျပာရမယ္"
က်န္းရွီနင္ေခါင္းၿငိမ့္ျပသည္။
"အမွန္ပဲ"
"ဒါေပမဲ့ဝိညာဥ္ဆံုးရႈံးတဲ့ေရာဂါရိွမေနရင္ေတာင္အဲ့ကတံုးမွာအျခားျပႆနာေတြရိွေနတာကေတာ့အမွန္ပဲ"
ရႊမ္းမင္၏အသြင္အျပင္ကိုျမင္ေယာင္လာၿပီး
"မူရင္းဇစ္ျမစ္ဘာဆိုတာမထင္ရွားတဲ့သူေတြကရည္ရြယ္ခ်က္မရိွပဲနဲ႔ဘယ္ေတာ့မွေနရာအႏွံ႔ေလ်ွာက္သြားေနမွာမဟုတ္ဘူး..နင္ရမ္းတိုင္းျပည္ကိုေရာက္လာတာအေၾကာင္းတစ္ခုခုရိွရမယ္..ဒါေပမဲ့တစ္ရက္ထဲမွာတင္သူနဲ႔လားလားမွမဆိုင္တဲ့အရာႏွစ္ခုကိုပဲလုပ္သြားတယ္..ငါတို႔ႏွစ္ေယာက္ကိုဖမ္းတာနဲ႔လ်ူအိမ္ေတာ္ကဖန္ယႊုင္းအစီအရင္ကိုဖ်က္စီးတာ"
ၾကားရေသာစကားအေပၚက်န္းရွီနင္မွထပ္ေလာင္းေျပာလာ၏။
"အမယ္လိုလ်ူေနာင္ဘဝကူးေျပာင္းဖို႔လည္းကူညီေပးပါေသးတယ္..ငါ့အတြက္သမားေတာ္ေခါင္းေလာင္းယူေပးသလိုမင္းရဲ့ေရႊဥေကာပဲ..ၿပီးေတာ့"
စကားမဆံုးေသးခင္သူရပ္တန႔္လိုက္သည္။ဒီလိုပံုႏွယ္ေတြးၾကၫ့္ျပန္ေတာ့ရႊမ္းမင္လုပ္ခဲ့သည္မ်ားသည္သူ၏အဓိကရယ္ရြယ္ခ်က္မွာဘာလဲဆိုတာသိရေလာက္ေအာင္မထင္ရွားလွ။လြယ္ကူေသာကိစၥရပ္မ်ားျဖစ္ခဲ့လ်ွင္ရႊမ္းမင္၏လုပ္ေဆာင္ခ်က္မ်ားသည္တမူထူးကဲေနမည္မဟုတ္။သို႔ေပမဲ့လည္းတကယ္တမ္းမွာတမနက္ခင္းစာကိုလ်ူအိမ္ေတာ္ႏွင့္ပတ္သတ္ၿပီးအခ်ိန္ကုန္လူပင္ပန္းခံခဲ့သည္။မူလအရင္းခံအႀကံအစည္ကဘာမ်ားပါလိမ့္?
"သူေျပာတဲ့ပံုအရအလုပ္ၿပီးေျမာက္ေအာင္သမားေတာ္ေခါင္းေလာင္းကိုမင္းအစ္မဆီယူသြားမလို႔ထင္တယ္”
လက္ထဲတြင္ေရႊလံုးကိုလွၫ့္ရင္းရႊဲ႔ရွန္စကားဆက္ေျပာလာသည္။
"တိုက္ဆိုင္တာကအန္ခ်င္းကိုငါအရင္တုန္းကေရာက္ဘူးတယ္..နင္ရမ္းနဲ႔သိပ္မေဝးေပမဲ့ၾကားထဲမွာျမစ္တစ္စင္းကခံေနတယ္..ရယ္ရြယ္ခ်က္မရိွပဲတစ္ပါးသူကိုဒီအတိုင္းကူညီေပးတာဆိုရင္ေတာ့အေတာ္ပင္အၾကင္နာတရားလြန္ကဲေနတယ္လို႔ေျပာရမယ္..အဲ့ကတံုးမ်က္ႏွာတစ္ျပင္လံုးကေရခဲတမ်ွေအးခဲၿပီးေျမာက္ေလတမ်ွစိတ္ဆင္းရဲဖြယ္ေကာင္းေနတာ..အၾကင္နာတရားဆိုတဲ့စကားကသူနဲ႔ဆိုင္ေရာဆိုင္ရဲ့လား?"
ေျပာရင္းႏွင့္ပင္ေဖာ္ေရႊသေဘာေကာင္းလ်ွင္မည္သို႔ပံုစံေပၚလာမလဲပံုေဖာ္ၾကၫ့္ေနမိသည္။ေတြးရင္းႏွင့္ပင္ေခါင္းမွေျခဖ်ားအထိဆက္ကနဲတုန္တတ္သြား၏။
"အီြး..ေၾကာက္စရာေကာင္းလိုက္တာ"
က်န္းရွီနင္ ; "……"
ရႊဲ႔ရွန္သည္ယံုၾကည္ကိုးစား၍မရေသာပံုစံေပၚေပမဲ့လည္းေျပာလာသမ်ွကေတာ့သဘာဝက်ခဲ့၏။ဒါေပမဲ့ရႊမ္းမင္၏အမ်ားကိုအသင့္အားေလ်ွာ္စြာအကူအညီေပးမႈအေပၚမသိႏိုင္ေသာရည္ရြယ္ခ်က္မ်ားရိွႏိုင္တယ္ဟူ၍ေျပာလာေတာ့က်န္းရွီနင္ေခါင္းေစာင္းငဲ့ကာၾကၫ့္လိုက္သည္။
"နင္ရမ္းတိုင္းျပည္ကိုမင္းေရာက္လာတုန္းကလည္းငါ့အတြက္စကၠူခႏၶာကိုယ္ကိုဘာရည္ရြယ္ခ်က္မွမရိွပဲလုပ္ေပးခဲ့တာမလား?"
ရႊဲ႔ရွန္သည္ခ်က္ခ်င္းျပန္လည္ေခ်ပလာ၏။
"မတူဘူး"
"အမွန္တိုင္းေျပာရရင္နင္ရမ္းတိုင္းျပည္မွာစံအိမ္ေတာ္ေတြမ်ားပါလ်က္နဲ႔အစြန႔္ပစ္ခံက်န္းေဆးဆိုင္ကိုမွေရြးၿပီးေရာက္လာတာကိုငါအခုထိနားမလည္ႏိုင္ေသးဘူး"
က်န္းရွီနင္ေခါင္းခါယမ္းရင္းဆက္ေျပာလာသည္။
"ေအးလဲေအးသလိုေမွာင္လည္းေမွာင္တယ္..မင္းသေဘာက်မႈေတြကတကယ့္ကိုဆန္းျပားပါတယ္..ကိုယ့္ကိုယ္ကိုဘယ္လိုဒုကၡေပးရမလဲလိုက္ရွာေနတာလား?"
"ငါေနခ်င္လို႔ေနတာ..ဘာေတြအာရံုစိုက္ေနတာလဲ?"
ရႊဲ႔ရွန္သည္ပတ္ကနဲျပန္ေျပာလာ၏။
ရိုင္းစိုင္းေသာလူအိုသည္စကားသာျပန္ေျပာေပမဲ့လူကိုတစ္ခ်က္ေလးမ်ွပင္မၾကၫ့္ႏိုင္အား။အဖိုးထိုက္ေသာဥေလး၌သာတသသအၾကၫ့္မခြာႏိုင္။
အဝါေရာင္မီးေတာက္သည္ရႊဲ႔ရွန္၏ျဖဴေရာ္ေသာအသားအေရာင္ကိုဝါၾကင့္ၾကင့္အေရာင္သန္းကာအသက္ဝင္ေစ၏။ေသေလာက္ေအာင္စိတ္ဒုကၡေပးေသာသတၲဝါျဖစ္ေပမဲ့လည္းအေတာ္ၾကၫ့္ေကာင္းေသာအသြင္ရိွသည္။မီးေတာက္မွအလင္းေရာင္ေၾကာင့္ထူထဲေကာ့ၫြတ္ေသာမ်က္ေတာင္ရွည္မ်ားသည္အရိပ္ထင္လ်က္ရိွ၏။ပ်င္းရိစြာတစ္ဝက္တစ္ပ်က္သာဖြင့္ထားမ်က္ဝန္းထဲတြင္ေရႊလံုးကေရာင္ျပန္ဟပ္လ်က္။အျပင္တြင္ႏွင္းမ်ားကသည္းထန္စြာက်ဆင္းေနသည္။
နင္ရမ္းတိုင္းျပည္တြင္ခိုလႈံစရာအိမ္ေတာ္အမ်ားအျပားရိွေပမဲ့လည္းက်န္းေဆးဆိုင္ကိုသာေရြးခ်ယ္ခဲ့ၿပီးဘာေၾကာင့္မ်ားအႏွီစာၾကမ္းပိုးအတြက္စကၠူခႏၶာကိုယ္လုပ္ေပးဖို႔အခ်ိန္အကုန္ခံခဲ့တာလဲ?
ဘာေၾကာင့္လဲဆိုတာ၏အေသးစိတ္အေၾကာင္းအရာမ်ားကိုရႊဲ႔ရွန္ေသခ်ာပင္မမွတ္မိေတာ့။သူ၏သက္တမ္းသည္သာမန္သူတစ္ၪီးထက္အလြန႔္အလြန္မွန္းဆမရသည္အထိရွည္လ်ား၏။ေန့တိုင္းျဖစ္စဥ္မ်ားကိုခ်က္က်လက္က်အေသးစိတ္မွတ္မိေနမယ္ဆိုလ်ွင္လည္းနဂါးၪီးေနွာက္သည္ေပ်ာက္ကဲသြားေလလိမ့္မည္။
ကိစၥတစ္ခုခုေၾကာင့္ႏွစ္တစ္ႏွစ္၏ေဆာင္းရာသီတြင္ေျမာက္အရပ္ကိုသြားၿပီးျပန္လာခ်ိန္၌နင္ရမ္းတိုင္းျပည္ကိုျဖတ္ခဲ့တာကိုပဲမွတ္မိသည္။
ညေနခင္းပိုင္းျဖစ္ၿပီးနင္ရမ္းတိုင္းျပည္၌ဤကေန့ကဲ့သို႔ျပင္းထန္ေသာႏွင္းမုန္တိုင္းတိုက္ခတ္ေနခ်ိန္ျဖစ္သည္။တည္းခိုေဆာင္မ်ားႏွင့္စားေသာက္ဆိုင္မ်ားသည္ေစာလ်ွင္စြာပိတ္သြားၾက၏။လမ္းတစ္ေလ်ွာက္လံုးသည္ဗလာက်င္းလ်က္တိတ္ဆိတ္ေန၏။လမ္းသြားလမ္းလာမ်ားပင္မရိွ။
ထိုအခ်ိန္တုန္းကရႊဲ႔ရွန္သည္အရိုးမ်ားအထုတ္မခံထားရေသးတာေၾကာင့္လမ္းေလ်ွာက္ႏိုင္စြမ္းရိွ၏။မူရင္းနဂါးခႏၶာကိုယ္သည္အေအးဒဏ္ကိုခံႏိုင္ရည္ရိွတာမလို႔သူ႔အတြက္ႏွင္းမုန္တိုင္းဆိုသည္မွာေဆာင္းကာလအတြင္းတန္ဆာဆင္ထားရံုသာျဖစ္သည္။ထို႔ေၾကာင့္လည္းပါးေသာအမည္းေရာင္ဝတ္ရံုကိုဝတ္ဆင္လ်က္ႏွင္းေတာၾကား၌တည္ၿငိမ္စြာပင္ေလ်ွာက္လွမ္းေနခဲ့သည္။လမ္းၾကားထိပ္တြင္ျဖတ္ရံုသာရိွေသးတစ္စံုတစ္ေယာက္မွလွမ္းဆဲြလာခဲ့သည္။
ရႊဲ႔ရွန္သည္အမွီအခိုကင္းေသာသူျဖစ္သည္ႏွင့္အတူအျခားသူတစ္ၪီးတစ္ေယာက္ႏွင့္အဆက္အဆံလုပ္ရမွာကိုမုန္းတီးလွ၏။အျခားတစ္ေယာက္၏ဆဲြေခၚသြားျခင္းကိုလိုလားမည္မဟုတ္သည္မွာအေသအခ်ာပင္။
မ်က္ေမွာင္က်ဳံ႔ရင္းမေက်မနပ္ျဖစ္လ်က္လွၫ့္ၾကၫ့္လိုက္ခ်ိန္မွာထိုသူသည္မီးခိုးေရာင္ဝတ္ရံုႏွင့္သတ္လတ္ပိုင္းအမ်ိဳးတစ္ၪီးျဖစ္ေန၏။ဆီစိမ္စကၠူႏွင့္လုပ္ထားေသာထီးကိုကိုင္ေဆာင္ထားၿပီးေလးေထာင့္ပံုသစ္သားေသတၲာကိုႀကိဳးႏွင့္ဆဲြကာပုခံုးထက္လြယ္ထားသည္။ေနာက္တြင္ထင္ဟပ္ေနေသာေျခရာမ်ားအရလမ္းၾကားထဲမွထြက္လာပံုရသည္။
ထိုအမ်ိဳးသားသည္ဘယ္ပံုဘယ္ပန္းရိွမွန္းရႊဲ႔ရွန္းေသခ်ာမမွတ္မိေတာ့။မုတ္ဆိတ္ေမႊးမ်ားရိွၿပီးေဖာ္ေရြသေဘာေကာင္းမၫ့္အသြင္ရိွတာေတာ့မွတ္မိသည္။
ရႊဲ႔ရွန္ကိုလွမ္းဆဲြၿပီးေနာက္ရႊဲ႔ရွန္လက္ကိုၫႊန္ျပလာၿပီး
"ဒဏ္ရာကအေတာ္နက္တယ္..ေဆးမထၫ့္ႀကိဳးမစည္းပဲထားမယ္ဆိုရင္အေအးဒဏ္နဲ႔ပိုဆိုးလာလိမ့္မယ္..ဒီလိုစိုစြတ္ၿပီးေအးစိမ့္ေနတဲ့ရာသီမ်ိဳးမွာႏွင္းကိုက္တဲ့ဒဏ္ရသြားရင္ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ႏွင္းက်က်မိုးရြာရြာအနာဒဏ္ကိုခံစားရလိ့မ္မယ္"
လမ္းေပၚမွႄကံုရာလူကိုစကားလာကပ္ေျပာေနေသာအႏွီသက္လတ္ပိုင္းအမ်ိဳးသားသည္မသိလ်ွင္အျပင္သူႏွင့္ေျပာေနတယ္လို႔ေတာင္မထင္ရ။အိမ္သားေတြထဲမွလူငယ္တစ္ၪီးကိုနားခ်ေနသလိုႏွင့္စကားေက်ာရွည္လွ၏။ရႊဲ႔ရွန္သည္ေျပာလာေသာစကားေၾကာင့္အေတာ္ၾကာၾကက္ေသေသေနၿပီးေနာက္ကိုယ့္လက္ကိုျပန္ငံု႔ၾကၫ့္မိ၏။
ထိုအမ်ိဳးသားကိုင္ထားေသာလက္တြင္သူမဆင္ျခင္ဂရုမထားမိရာမွထိမွန္ခဲ့ေသာမိုးႀကိဳးေၾကာင့္ရရိွခဲ့ေသာဒဏ္ရာရိွေနသည္။သူ႔အတြက္ေတာ့ဤသို႔ေသာဒဏ္ရာသည္သစ္ကိုင္းႏွင့္ျခစ္မိေသာျခစ္ရာခပ္ပါးပါးမ်ွေလာက္သာ။ႏွစ္ရက္အတြင္းျပန္ေကာင္းႏိုင္ေသာဒဏ္ရာျဖစ္၍မ်က္စိတစ္မိွတ္အတြင္းေမ့ေပ်ာက္သြားခဲ့သည္။သို႔ေသာ္လည္းသာမန္သူမ်ားအျမင္မွာေတာ့လြန္စြာစိုးရိမ္စရာေကာင္းေနလိမ့္မည္။လက္ဖမိုးကိုအလ်ားလိုက္ျဖတ္ထားေသာဒဏ္ရာအစြန္းတစ္ဝိုက္၌ေသြးမ်ားေျခာက္ကပ္ကာသီးခိုေနၾကသည္။အေရျပားမွာၿပဲလန္တတ္ေနသၫ့္အျပင္အရိုးကိုပါျမင္ေနရ၏။
တံု႔ျပန္ဖို႔ရန္ေနွးေကြးေနေသာရႊဲ႔ရွန္ကိုသတ္လတ္ပိုင္းအမ်ိဳးသည္သူလာခဲ့ရာလမ္းၾကားအတြင္းသို႔ဆဲြေခၚသြား၏။အနီေရာင္သစ္ေစးသုတ္ထားေသာတံခါးဝအေရ႔ွတြင္ရပ္တန႔္လိုက္သည္။
သူ၏အိမ္ျဖစ္ပံုရသည္။တံခါးကိုတစ္ဝက္မ်ွသာတြန္းဖြင့္ၿပီးအိမ္အတြင္းရိွတစ္စံုတစ္ေယာက္၏အမည္ကိုေအာ္ေခၚရင္း
"ငါ့စားပဲြေပၚမွာရိွတဲ့မီးဖိုအေသးေလးယူလာခဲ့"
ၿပီးေနာက္သစ္သားေသတၲာအဖံုးကိုဖြင့္၍အခ်ိန္ဆဲြျခင္းမရိွရႊဲ႔ရွန္၏ဒဏ္ရာကိုေဆးထၫ့္ေပးလာသည္။
အိမ္အတြင္းမွတစ္စံုတစ္ေယာက္သည္အလ်င္စလိုေျပးထြက္လာၿပီးလက္ရာေျမာက္ေသာေၾကးႏွင့္လုပ္ေသာမီးဖိုငယ္ကိုလက္အတြင္းထၫ့္ေပးလာ၏။
ရႊဲ႔ရွန္ၾကၫ့္လိုက္ေသာအခါမီးဖိုငယ္ကိုယူလာေပးေသာသူသည္သက္လတ္ပိုင္းအမ်ိဳးသမီးတစ္ၪီးျဖစ္ၿပီးသူမထံတြင္လည္းအႏွီအမ်ိဳးသားကဲ့သို႔ေဖာ္ေရြသေဘာေကာင္းမၫ့္အရိပ္အေယာင္ရိွေနသည္။သူမအေနာက္တြင္ခုႏွစ္ႏွစ္ရွစ္ႏွစ္ေလာက္သာရိွေသးမၫ့္ေကာင္ေလးသည္ေခါင္းျပဴလ်က္စူးစမ္းေန၏။ရႊဲ႔ရွန္ကိုေတြ့ေသာအခါႃပံုးျပရင္းအလြန္စိတ္အားထက္သန္စြာႏွင့္လက္ကိုၫႊန္ျပလာၿပီး
"ေရႏွစ္ရက္ထိလို႔မရဘူး..အထူးသျဖင့္ေရေအးကို"
"စာသြားၾကၫ့္ေန"
အမ်ိဳးသမီးသည္ေခါင္းငဲ့ၾကၫ့္ရင္းႃပံုးေရာင္သန္းလ်က္ဆူပူလိုက္၏။ထို႔ေနာက္ရႊဲ႔ရွန္ရိွရာဘက္ျပန္လွၫ့္ၾကၫ့္လာၿပီး
"ေရနဲ႔မထိေအာင္တတ္ႏိုင္သေလာက္ေရွာင္ရွားရမွာေတာ့အမွန္ပဲ..ဒီလိုရာသီဥတုမ်ိဳးမွာပိုၿပီးဂရုစိုက္သင့္တယ္..မဟုတ္ရင္ဒဏ္ရာကအျမစ္တြယ္သြားၿပီးႏွစ္တိုင္းနာက်င္မႈဒဏ္ကိုခံစားေနရလိမ့္မယ္"
သတ္လတ္ပိုင္းအမ်ိဳးသားေျပာခဲ့သည္မ်ားႏွင့္အတူတူပင္။
"ခရီးကအလ်င္လိုေနတာလား?ေနြးသြားေအာင္အိမ္ထဲဝင္ၿပီးေခတၲမ်ွနားေနပါလား?"
နာက်င္ေစမၫ့္ေနရာမ်ားကိုေရွာင္ကာအဝတ္စႏွင့္လက္ကိုဂရုတစိုက္ပတ္ခ်ည္ေပးေနရင္းေမးလာ၏။
"မနားေတာ့ပါဘူး..လုပ္စရာကိစၥရပ္မ်ားရိွေနေသးလို႔ပါ"
တခဏမွဆိုင္းငင့္ေနၿပီးေနာက္ရွက္ကိုးရွက္ကန္းအမူအရာႏွင့္
"ၾကင္နာမႈမ်ားအတြက္ေက်းဇူးပါ"
"ဒါဆိုလည္းမီးဖိုကိုအတူယူသြားလိုက္ပါ..ဒီလိုဒဏ္ရာမ်ိဳးကဂရုစိုက္ဖို႔လိုတယ္"
အမ်ိဳးသားသည္ေနာက္ထပ္စကားဆိုခြင့္မေပးေတာ့ပဲလက္ဖဝါးတစ္ဝက္စာမ်ွရိွေသာမီးဖိုငယ္ကိုရႊဲ႔ရွန္လက္ထဲထၫ့္ေပးလာ၏။
ရႊဲ႔ရွန္သည္အေအးမေၾကာက္ေပမဲ့လည္းကဲြျပားျခားနားသြားေသာအပူခ်ိန္ကိုသူ႔လက္ထံမွခံစားလို႔ရ၏။ေနြးေသာမီးဖိုငယ္လက္ထဲေရာက္လာၿပီးေနာက္သူေခါင္းေမာ့ကာေဘးဘီဝဲယာကိုတစ္ခ်က္ေဝ့၍ၾကၫ့္ခ်ိန္တြင္အိမ္ေတာ္၏တံခါးဝ၌စကားလံုးေလးလံုးေရးထားသည္ကိုေတြ့လိုက္ရသည္။"က်န္းရွီယိတန္"[က်န္းေဆးကုသေဆာင္ခန္းမ]
ထိုျဖစ္ရပ္မ်ားၿပီးေနာက္နင္ရမ္းကိုျဖတ္သြားရန္ႄကံုႀကိဳက္ေသာႏွစ္တစ္ႏွစ္ရိွခဲ့သည္။မည္သူမ်ွမရိွေသာအခ်ိန္ကိုေစာင့္ၿပီးက်န္းမိသားစုပိုင္ၿခံဝန္းအတြင္းဝင္ကာမီးဖိုငယ္ႏွင့္ေရႊတံုးမ်ားပါေသာအထုတ္ငယ္ကိုေက်ာက္သားစားပဲြေပၚ၌တင္ထားခဲ့သည္။ၿပီးလ်ွင္ဒီအတိုင္းသာျပန္လည္ထြက္သြားခဲ့သည္။
ယခုတစ္ခါနင္ရမ္းတိုင္းျပည္ကိုေရာက္လာေသာအခ်ိန္မွာလည္းက်န္းေဆးဆိုင္ကအေတြးထဲရိွခဲ့သည္။ျဖတ္သြားတုန္းတစ္ခ်က္ေတာ့ၾကၫ့္လိုက္မည္ဟုႀကံရြယ္ထားေပမဲ့လည္းပ်က္စီးယိုယြင္းေနေသာျမင္ကြင္းကိုျမင္ရလိမ့္မည္ဟုထင္မထားခဲ့။အနီေရာင္သစ္ေဆးသုတ္ထားေသာသစ္သားတံခါးႏွင့္ၿခံဝန္းအတြင္းရိွေဆးပင္စိုက္ပ်ိဳးခဲ့ေသာဥယ်ာဥ္သည္မွတ္မိဖို႔ရန္ေတာင္ခဲယဥ္းေနခဲ့သည္။က်န္ခဲ့ေသာတစ္ခုတည္းေသာအရာမွာအထီးက်န္ေနေသာတစၧေက်န္းရွီနင္သာ။
ျဖတ္သြားရင္းလမ္းခုလတ္၌ကူညီေပးခဲ့ရံုသတ္သတ္သာ။
လူ႔ကမ႓ာဆိုသည္မွာအႀကံေပးလ်ဳလိုမ်ိဳးရက္စက္ယုတ္မာၿပီးႏွလံုးသားမရိွေသာသူမ်ားႏွင့္သာျပၫ့္ေနျခင္းေတာ့လည္းမဟုတ္။အာဃာတတရားမ်ားအျမစ္တြယ္ကာအမွန္တရားႏွင့္မေလ်ွာ္ကန္တာေတြလုပ္တတ္သူမ်ားရိွသလိုေစတနာထားကာသူေတာ္ေကာင္းတရားလက္ကိုင္ဆဲြသူမ်ားလည္းရိွေသးသည္။
ဘုရားေက်ာင္းေဆာင္အျပင္ဘက္တြင္သည္းထန္ဆဲျဖစ္ေသာႏွင္းမုန္တိုင္းကိုရႊဲ႔ရွန္တခ်က္ေစာင္းငဲ့ၾကၫ့္လိုက္သည္။
က်န္းရွီနင္သည္ရုတ္တရက္အေမးဆိုလာ၏။
"မထြက္လာခင္တုန္းကငါ့ကိုတံခါးဝမွာေစာင့္ခိုင္းထားတယ္မလား?ဆရာေတာ္ရဲ့စားပဲြေပၚမွာဘာေတြလက္ေဆာ့ခဲ့တာလဲ?
ရႊဲ႔ရွန္သည္ပ်င္းရိစြာအေျဖစကားဆို၏။
"ေရႊလံုးျပန္ရေအာင္ကူညီေပးခဲ့လို႔ေက်းဇူးတင္ေၾကာင္းေဖာ္ျပတဲ့အေနနဲ႔တစ္ခုခုကိုခ်န္ထားေပးခဲ့တာ"
ရႊမ္းမင္အတြက္သူထားခဲ့ေသာအရာသည္တစ္ခုခုမ်ွသာမဟုတ္။သူ၏မူရင္းခႏၶာကိုယ္ဆီမွနဂါးအေၾကးခြံတစ္ခ်ပ္ျဖစ္သည္။ဘာပဲျဖစ္ျဖစ္နဂါးတစ္ေကာင္၏ကိုယ္ခႏၶာတစ္စိတ္တစ္ပိုင္းဆိုလည္းမမွား။ထာဝါရရွင္သန္ေစႏိုင္ေသာေဆးမ်ားေလာက္ေတာ့အစြမ္းမထက္ေပမဲ့ေဆးဖက္ဝင္ဂ်င္ဆင္းပင္ႏွင့္လင္ဇီးမိႈမ်ားထက္ေတာ့ပိုၿပီးတန္ဖိုးႀကီးသည္။အကယ္၍သာကတံုး၏ခႏၶာကိုယ္သည္ေရာဂါေဝဒနာခံစားေနရလ်ွင္နဂါးေၾကးခြံကိုသံုးၿပီးေဆးေဖာ္ပါကေကာင္းက်ိဳးျဖစ္ထြန္းပါလိမ့္မည္။
သာမန္သူမ်ားသည္နဂါးေၾကးခြံကိုေတြ့လ်ွင္ဘာျဖစ္ေၾကာင္းသိၾကမည္မဟုတ္။အစိမ္းရင့္ေရာင္ေတာက္ပေနေသာဒဂၤါးျပားအရြယ္အစားရိွခ်ပ္ျပားဝိုင္းပံုစံေပၚသည္။ေက်ာက္တံုးကိုမိုးေရလာထိခတ္ေသာအခါတြင္ရတတ္သၫ့္စိုထိုင္းေသာအနံ႔ကဲ့သို႔ထူးကဲေသာအနံ႔တစ္မ်ိဳးလည္းထုတ္လႊတ္တတ္သည္။ေဖာ္ျပရန္ခက္ခဲေသာလတ္ဆတ္မႈတစ္မ်ိဳးလည္းရိွသည္။ပုဇြန္တစ္ေကာင္ကိုလတ္လတ္ဆတ္ဆတ္လွီးျဖတ္ထားေသာရနံ႔။
ရႊဲ႔ရွန္၏မ်က္လံုးမ်ားအဆံုးတိုင္ပြင့္လာၿပီးတစ္ကိုယ္တည္းေရရြတ္လာသည္။
"ဗိုက္ဆာလာသလိုပဲ"
ေကြ့ယြင္တည္းခိုေဆာင္၏ဒုတိယထပ္ရိွအိပ္ခန္းအတြင္းရႊမ္းမင္သည္မ်က္လံုးမ်ားမိွတ္လ်က္ထိုင္ေနဆဲျဖစ္၏။ရႊဲ႔ရွန္ထြက္သြားစဥ္တုန္းကပံုစံသည္အခုတိုင္မေျပာင္းလဲေသး။
စားပဲြေပၚတြင္အဝါေရာင္စာရြက္သည္ျဖန႔္လ်က္ရိွၿပီးရႊဲ႔ရွန္ခ်န္ထားခဲ့ေသာနဂါးအေၾကးခြံကစာရြက္ေပၚတြင္ရိွသည္။ထူးကဲေသာရနံ႔သည္တျဖည္းျဖည္းျဖန႔္က်က္လာၿပီးႏွာေခါင္းဝသို႔ေနာက္ဆံုးမွာေရာက္ရိွလာ၏။
ရႊမ္းမင္မ်က္ေမွာင္က်ဳံ႔သြားၿပီးရုတ္ခ်င္းပင္မ်က္လံုးမ်ားကိုဖြင့္လိုက္သည္။လည္ပင္းထက္တြင္ရိွေသာပင့္ကူအသြင္ေျပာင္းသြားေသာမွဲ႔သည္မူရင္းပံုစံသို႔ျပန္လည္ေရာက္ရိွသြား၏။
စားပဲြေပၚသို႔ငံုၾကၫ့္ခ်ိန္တြင္ေၾကာင္ခ်ီးကုတ္လက္ေရးႏွင့္စကားလံုးႀကီးမ်ားကိုေရးသားထားေသာအဝါေရာင္စာရြက္ကိုေတြ့ရသည္။
"ဒ႑ာရီလာေဆးတစ္ဖံု..ေရာဂါဘယေပ်ာက္ကင္းေစသည္..ယံုခ်င္ယံုမယံုခ်င္ေန"
ေၾကာင္ခ်ီးကုတ္စကားလံုးမ်ားေဘးတြင္ရိွေသာအမည္းေရာင္ခ်ပ္ျပားကိုေကာက္ယူကာတစ္ခ်က္ၾကၫ့္လိုက္သည္။
ၿပီးလ်ွင္တစ္စံုတစ္ရာကိုမွတ္မိသြားေသာပံုႏွင့္ဝတ္ရံုရင္ဘတ္ဆီမွေခါက္ထားေသာစာရြက္ကိုထုတ္ယူသည္။
စာရြက္ေခါက္ကိုျဖည္ကာျပန႔္ျပဴးေအာင္လုပ္ၿပီးေရးသားထားေသာစာလံုးသံုးလံုးကိုၾကၫ့္လိုက္သည္။'လူကိုရွာ'
တိုက္ဆိုင္မႈတစ္ခုမွာစာသားေဘးတြင္ဆဲြထားေသာပံုသည္စားပဲြေပၚတြင္ရိွေနေသာအမည္းေရာင္ခ်ပ္ျပားႏွင့္တစ္ထပ္တည္းတူေနျခင္းျဖစ္၏။
လူကိုရွာ....
ရႊမ္းမင္သည္မ်က္ေမွာင္က်ဳံ႔ရင္းအႏွီအရာႏွစ္ခုကိုအေတာ္ၾကာႏိႈင္းယွဥ္ၾကၫ့္ေနမိ၏။ၿပီးေနာက္စာရြက္ကိုေသခ်ာျပန္ေခါက္ကာခ်ပ္ျပားဝိုင္းကိုကိုင္ရင္းမီးေရာင္ေအာင္တြင္ဆိတ္ၿငိမ္စြာထိုင္ေနသည္။
ျပတင္းအျပင္၌ႏွင္းမုန္တိုင္းအၾကားကူးလူးသြားလာေနေသာေလျပင္းသည္တည္းခိုေဆာင္၏နံရံကိုအဆက္မျပတ္ရိုက္ခတ္ေန၏။
ေတာင္ၾကားလမ္းပဲျဖစ္ေစၿမိဳ႔အတြင္းမွလမ္းငယ္ပဲျဖစ္ေစအေမွာင္ထုေအာက္တြင္စုန္းစုန္းျမဳတ္လ်က္ပင္။
•••••••