ကော သိလား..
အကွာအဝေးတွေက ပညတ်ချက်မဟုတ်တဲ့ လူသတ်လက်နက်တွေ..
အချိန်တွေက မကုစားဘဲ ပြုစားတတ်တာတွေ..။

.

.

.

ရက်တွေကို လတွေက စားလာတယ်။
ဝမ်ရိပေါ်ကတော့ တခြမ်းပဲ့ လ လေး ဖြစ်နေတုန်း..

သူ့ရဲ့နေ့ရက်တွေကို ပုံမှန်ပြန်ဖြစ်ဖို့ ကျိရန်ကောတို့က ရှောင်းကျန့်နာမည်နဲ့မျိုးစုံအကြာင်းပြပြီး လုပ်ယူခဲ့တာတွေကို ပြန်တွေးမိရင် ရိပေါ်က ရယ်ချင်လာတယ်..
သူက ကလေးမှ မဟုတ်တာလေ..။

" မင်းဒီလိုဖြစ်နေတာသိရင် ကျန့်ကောက ဟိုမှာ စိတ်ကောင်းမှာမဟုတ်ဘူး "

စိတ်ပြောင်းအောင် အပြင်သွားမယ်ဆိုပြီး ထွက်လာရင်း ကားပါကင်က ကားထဲမှာ တစ်ယောက်ထဲ ထိုင်ငိုနေတဲ့ ဝမ်ရိပေါ်ကို ကျိရန်ကောက ဒီလို နှစ်သိမ့်ခဲ့တာ..၊

" ထမင်းလာစား..၊ မစားရင် ကျန့်ကောလုပ်ပေးသွားတာတွေ ငါအကုန်စားမှာ "

သူ အထိမခံနိုင်မှန်းသိလို့ ရက်လွန်သွားတာကြာနေပြီဖြစ်တဲ့ အဲ့ဒီဟင်းဘူးတွေကို အကြောင်းပြပြီး နေ့တိုင်းနီးပါး ဟောက်ရွှမ်းက ခြိမ်းခြောက်ပြောဆိုခဲ့တာ..။

လူတစ်ယောက်က လူတစ်ယောက်ရဲ့ အားနည်းချက်ဖြစ်သွားတဲ့အတိုင်းအတာထိ သူက ရှောင်းကျန့်ကို သိပ်ချစ်ခဲ့တာပဲဆိုတဲ့ အဖြစ်ကို ဝမ်ရိပေါ်က အကြိမ် အကန့်အသတ်မဲ့ လက်ခံလိုက်ရတဲ့နေ့ရက်တွေပါပဲ..။

မင်းလိမ္မာသွားတဲ့နေ့ ပြန်လာရင် ပြန်လာမှာပေါ့ တဲ့။
နှစ်သိမ့်စကားမှန်းသိသိကြီးနဲ့ ဟောက်ရွှမ်းပြောခဲ့တဲ့နေ့မှာ ဝမ်ရိပေါ်က တပြုံးပြုံး နဲ့..။

ဘယ်တော့တန်မယ်မှန်းမသိတဲ့အချိန်ကို ရိပေါ်က စောင့်ချင်ခဲ့တာအမှန်..
ဒါပေမယ့် ဒါကို ထုတ်ပြောရလောက်အောင် ယုံကြည်ချက်မရှိတဲ့အခါ ပြီးခဲ့တဲ့ရက်တွေမှာ သူ့ဘက်မှာ သူတစ်ယောက်ပဲရှိသလို ရိပေါ်က အားငယ်ခဲ့ရ တာတွေ..။
ဒါတွေ.. ဒါတွေကို ခင်ဗျားကို သိစေချင်ပါရဲ့။

Before I Let You GoWhere stories live. Discover now