. 15 .

19.1K 2.1K 223
                                    

[Zawgyi]

ဝမ်ရိပေါ်ရဲ့ ဒီမနက်ခင်းက စီးကရက်နံ့နွေးနွေးနဲ့ အစပြုတယ်..
အနံ့ပြင်းတာ ဖျော့တာထက် ကျန့်ကောသောက်နေကျ စီးကရက်နံ့ဆိုတဲ့အသိက တူတူရှိနေရတယ်ဆိုတဲ့ ပျော်ရွှင်မှုကိုဖြစ်စေပြန်တော့ သူ့ရင်ကိုနွေးစေတာ သိပ်တော့မဆန်းဘူး မဟုတ်လား...

အခန်းထဲကထွက်လာတော့ ထမင်းစားပွဲပေါ်က ဆေးလိပ်ပြာခွက် မီးသေကာစ ဆေးလိပ်တိုလေးကိုတွေ့ရတယ်..
သောက်ပီးကာစမို့ အငွေ့တွေ မကုန်သေးပေမယ့် ကျန့်ကောကိုတော့ မတွေ့ရသေး..၊

" မင်း နိုးပြီလား "

အတွေးများနေတုန်း အနောက်ကထွက်လာတဲ့ အသံဆီလှည့်ကြည့်တော့ ရှောင်ကျန့်က အပေါ်ထပ်ကဆင်းလာတဲပုံ..
လက်မှာလဲ သူ့ကိုယ်လုံးထက်တောင် ကြီးချင်နေတဲ့ ပန်းချီကားတစ်ချပ်ကိုသယ်လို့..

အင်း လို့ပြန်ဖြေရင်း သူ ရှောင်ကျန့်လက်ထဲက ပန်းချီကို လက်လွှဲယူဖို့လုပ်တော့ ရှောင်ကျန့်က ရတယ်ဆိုပြီး ငြင်းပြန်တယ်..

" ငါ မနက်စာပြင်ထားတယ် စားသွား "

စားပွဲပေါ်ကမနက်စာကို အာရုံမရောက်ဘဲ ဝမ်ရိပေါ်က ရှောင်ကျန့်နောက် တကောက်ကောက်လိုက်တယ်...

" စားသွားဆိုတော့ စားပြီးရင် သွားရတော့မှာလား "

" ..... "

" ပြန်မဖြေဘူးဆိုတော့ တကယ်မောင်းထုတ်တာလား ဟုတ်လား ကော..ဟင်လို့ "

"...... "

" ဒါနဲ့ ခုနက မင်းနဲ့ငါလို့  ပြောလိုက်လားလို့ "

" ..... "

" ကောပဲ အရင်လိုပြန်နေမယ်ဆို အခုကျတော့.. "

" ကဲ...ဝမ်ရိပေါ် "

" ဗျ  "

ပန်းချီကားကို အောက်ချပြီး ရှောင်ကျန့် သူ့ကိုမျက်နှာချင်းဆိုင်လိုက်တာနဲ့ ရိပေါ်က ချက်ချင်းကို လိမ္မာတဲ့ကောင်လေး ဖြစ်သွားတော့တာပဲ..

ဂျစ်တစ်တစ်လေး ပြုံးပြနေတဲ့ ရိပေါ်မျက်နှာလေးကို ရှောင်ကျန့်က တချက်စိုက်ကြည့်တယ်..
ဆူပစ်ဖို့စကားတွေလဲ ဘယ်ထွက်ပြေးကုန်ပီလဲ မသိ..

Before I Let You GoWhere stories live. Discover now