..Flash back..
တငွေ့ငွေ့လောင်နေတဲ့ စီးကရက်မှာ တစ်နာရီနီးပါးထိုင်နေခဲ့ရတဲ့ ညောင်းညာမှုတွေ ပါသွားရင် သိပ်ကောင်းမှာပဲ...
Idol ဆိုတဲ့ဂုဏ်ကြီးနဲ့ လူမြင်ခံလို့မရတဲ့ ဝမ်ရိပေါ်ရဲ့ အကျိုးဆက်က သူတောင့်တနေတဲ့ နီကိုတင်းဓာတ်ကို ဒီလိုချောင်ကြိုချောင်ကြားထဲမှာ လာခိုးသောက်နေရတာမျိုးလား..
အငွေ့မျောမျောလေးပဲကျန်တော့တဲ့ နှစ်လိပ်မြောက်ကို ခြေထောက်အောက်မှာချနင်းရင်းတဆက်ထဲ ဘောင်းဘီအိတ်ထဲက ပီကေကိုပါထုတ်ဝါးလိုက်သည်..
Meeting room ထဲပြန်မဝင်ချင်သေးတာမို့ အားနေတဲ့အတူတူ ဟောက်ရွှမ်းကိုပဲတိုင်တည်ပြီး ထိုင်ဆဲနေလိုက်တော့သည်..CEO စောက်တလွဲကောင် ..
မင်း စောက်လုပ်တွေ မြန်မြန်ပြန်လာလုပ်စမ်းပါ !..
..
ဒီလိုတယောက်နဲ့တယောက် လက်လှမ်းမီနေတဲ့ အနေအထားမှာ သူစိမ်းလေးငါးယောက်နဲ့ မျက်နှာချင်းဆိုင်ထိုင်နေရတာက ဝမ်ရိပေါ် အတွက်တော့ ဘယ်လိုမှ သက်တောင့်သက်သာမဖြစ်..
ခုလို လင်းလင်းထင်းထင်းကြီးမှာ စာချုပ်ကဟာတွေတလှည့်စီ ရွတ်ပြနေမယ့်အစား ခုနကလို မှောင်ထဲမည်းထဲ power point slide တွေကိုပဲဝိုင်းပြူးကြည့်နေတာကမှ ခပ်ကောင်းကောင်းရယ်
သူစိမ်းတွေရဲ့ မျက်နှာရိပ် မျက်နှာကဲတွေ သူမှမကြည့်ချင်ဘဲ..၊
" ဆောရီး ကျန်းချန်...ငါနောက်ကျသွားတယ် "
သူ မရင်းနှီးတဲ့အသံတစ်ခုနဲ့အတူ စာရွက်တွေ လှမ်းယူလိုက်တဲ့ လက်ချောင်းသွယ်သွယ်တွေက ခေါင်းငုံ့ပြီး စာချုပ်ကို ဖတ်ချင်ယောင်ဆောင်နေရတဲ့ သူ့မြင်ကွင်းထဲ တည့်တည့်ကြီးဝင်လာသည်..
၂နာရီနီးပါး လုပ်ခဲ့တဲ့ အစည်းအဝေးမှာ အပြီးသတ်လက်မှတ်ထိုးခါနီးမှ ဝင်လာတဲ့ အဲဒီလူက သူတို့ဘက်ကို တောင်းပန်စကားတခွန်းတောင် မဆိုတာက ဖြစ်သင့်လို့လား ?
နဂိုထဲကမှ စိတ်ပျက်နေတဲ့ ဝမ်ရိပေါ်က ဒီလူ ဘာကောင်မို့လဲ ဆိုတဲ့ အတွေးနဲ့ ဂြိုလ်ကြည့်ကြည့်ပစ်ဖို့ ခေါင်းမော့ကြည့်လိုက်သေးတာ..
YOU ARE READING
Before I Let You Go
General Fictionခင္ဗ်ားကိုခ်စ္ရတာလဲ အျပစ္တစ္ခုလိုပဲ.. ခင်ဗျားကိုချစ်ရတာလဲ အပြစ်တစ်ခုလိုပဲ.. Warning > This fic is not about happy ending so read at your own risk.