Sequel (2)

25K 1.8K 146
                                    

Unicode

မနက်စာစားပြီးနောက် စီစဉ်ထားသည့် မော်တာအင်ဂျင်တပ်စက်လှေဖြင့် ခရီးဆက်လာကြသည် ။ အခြားတော့မဟုတ် သည်မြို့၏ကမ်းရိုးတန်းတလျှောက် ရွက်လွင့်ကာ ကျွန်းစု၏အလှအပများအား ခံစားကြရန်ပင်ဖြစ်သည် ။ စက်လှေဖြစ်သော်လည်း အတော်အတန်အကျယ်အဝန်းရှိသည်မို့ ဘော်ဒီဂတ်များပါ လွတ်လွတ်လပ်လပ်နေလို့ရသည်ပင် ။

“ ဟား…… လတ်ဆတ်လိုက်တာ ‘’

သွင်မှူးအိမ်က စက်လှေ၏ လက်ရန်းနားတွင်ရပ်ကာ လက်နှစ်ဖက်ကိုဆန့်တန်းပြီး ပင်လယ်လေကို တဆုံးရှူသွင်းလိုက်သည် ။

“ ပြုတ်ကျတော့မှာပဲ သွင်လေးရာ... ‘’

စိုးရိမ်ခြင်းပြည့်သည့် လေသံတို့ဖြင့် သျှံမင်းဆက်က အနားရောက်လာကာ သူ့အား လွတ်ထွက်သွားမှာစိုးသည့်အလား  တင်းတင်းကျပ်ကျပ် ဖက်လေတော့သည် ။

“ လက်ရန်းတွေရှိနေတာ ဘယ်ကနေ ပြုတ်ကျမှာလဲ… ကလေးလည်းမဟုတ် ‘’

“ ပြောမရဆိုမရတာကတော့ ကလေးထက်ဆိုးတယ် ၊ ကလေးကမှ မုန့်ပေးပြီးချော့လို့ရသေးတယ် ‘’

“ အရမ်းကို သည်းသည်းလှုပ်နေတော့တာပဲနော် ကိုသျှံမင်းဆက်ကြီး ဟုတ်မှဟုတ်ရဲ့လား ‘’

“ အရမ်းချစ်မိသွားလို့ပါကွာ… ‘’

“ ကြက်သီးတွေ ထလိုက်တာနော် ‘’

သွင်မှူးအိမ်၏ လှောင်ပြောင်ခြင်းကို သျှံမင်းဆက်က သဘောကျကာ ဖက်ထားသည့်လက်တို့အား ပိုမိုတင်းကျပ်စေလိုက်သည် ။

“စားစရာတွေရပါပြီ ‘’

စက်လှေမှ စားဖိုမှူးနှစ်ယောက်နှင့် ဝန်ထမ်းများက စားစရာများအား စားပွဲပေါ်လာချပေးပြီး နှုတ်ဆက်ကာပြန်ထွက်သွား၏ ။

“ ဘာတွေချက်ခိုင်းထားတာလဲ ကိုကို ‘’

“ ပင်လယ်စာတွေပါ သဘောကျတယ်မလား ‘’

“ မကြိုက်မရှိ ဝိုင်လေးနဲ့ဆို သိပ်လိုက်မှာ ‘’

“ မသောက်ရပါဘူး… မတော်လို့ ရီဝေဝေနဲ့မူးပြီး ရေထဲပြုတ်ကျနေရင် ဘယ်နှယ့်လုပ်မလဲ ‘’

A Love Like No Other [Completed] Where stories live. Discover now