(32)

35.7K 2.7K 132
                                    

Unicode

တစ်စုံတစ်ခုက ဆောင့်တွန်းစေခိုင်းလိုက်သလို ရင်တစ်ချက်ဆောင့်ခုန်သွားခဲ့သည် ။ မျက်လုံးကို ဖြည်းညှင်းစွာဖွင့်လိုက်တော့ အဖြူရောင်မျက်နှာကြက်ကို မြင်ရသည် ။ လက်ကို အသာလှုပ်ကြည့်တော့ ဘေးမှာထိုင်ကာ စကားပြောနေသည့် လူနှစ်ယောက်က သတိထားမိသွားပုံရသည် ။

" မှူးအိမ်… သတိရပြီလား… ''

နားမလည်သလိုကြည့်လိုက်တော့ သူက လန့်ပြီး အနောက်ဆုတ်သွားသည် ။

" ဟိန်းသူ သွား… ဆရာဝန်သွားခေါ်... ''

ဟိန်းသူ ပြေးထွက်သွားသည် ။ မကြာ ဆရာဝန်များနှင့် ပြန်ရောက်လာကြသည် ။ ဆရာဝန်များက စစ်ဆေးပြီးနောက် စိုးရိမ်စရာမလိုကြောင်း ရက်အနည်းငယ်ခန့် ဆေးရုံမှာထပ်နေပြီး ဆေးစစ်ဆေးသောက်လျှင် အဆင်ပြေပြီဟုပြောကာ ထွက်သွားကြသည် ။

" ကျွန်တော် ဆေးရုံမှာ ဘယ်လောက်ကြာနေပြီလဲ ကိုလင်းသန့်… ''

" လေးလနီးပါးပဲ... ''

" အကြာကြီးပဲ..''

လင်းသန့်ဝေက ခေါင်းညိတ်ကာ ဆေးသွင်းထားသည့် Dripကိုစစ်နေသည် ။

" မှူးအိမ်… မင်း ငါ့ကို မှတ်မိတယ်မလား '' ဟိန်းသူထွဋ်က မေးသည် ။

" မှတ်မိတယ်လေ ဘာဖြစ်လို့လဲ... ''

" ဒါဆို ဘာလို့... ခုနက မသိသလိုကြည့်နေတာလဲ ၊ ငါက မင်းအတိတ်မေ့သွားပြီထင်လို့ ''

သူ ဘာမှပြန်မပြောမနေတော့ ။ သူအဆင်ပြေစေရန် ငြိမ်းစုသက်က ကျောနောက်တွင် ခေါင်းအုံးများဆင့်ပေးလာသည် ။

" သူ သူရော... ''

" မင်းဆက်လား... ''

လင်းသန့်ဝေက မေးတော့ သွင်မှူးအိမ်က ခေါင်းညိတ်သည် ။

" သတိရတာနဲ့ သူ့ရည်းစားကို အရင်တန်းမေးတာပဲ ''

ဟိန်းသူထွဋ်က ငေါ့တာပေမည့် သူ ဘာမှပြန်မပြောဘဲ ပြုံးမိနေသည် ။

" သူ့မိဘတွေကို လေဆိပ်လိုက်ပို့နေတယ် ၊ ညီလေးသတိပြန်ရလာတာကိုသိရင် သူတို့ လေယာဉ်ပေါ်တောင် တက်ပါ့မလားမသိဘူး ။ အစ်ကို စာပို့ပြီးပြောထားပါတယ် ''

A Love Like No Other [Completed] Where stories live. Discover now