အပိုင်း(၃၇)ချစ်ခြင်းကိုယ်စီ၏ ဦးတည်ရာ တစ်ဖက်စွန်းဆီသို့

Start from the beginning
                                    

ထိုလူသည် လဲကျနေသော စန္ဒယားပညာရှင်ကောင်လေးရှိရာဆီ တလှမ်းချင်း ခြေလှမ်းမှန်မှန်ဖြင့် လျှောက်လှမ်းလာသည်။ ထိုကောင်လေးရှေ့တွင် ခြေလှမ်းများ ရပ်တန့်လိုက်ပြီးနောက် ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလာ၏။

ဝတ်ဆင်လာသော အနက်ရောင် အနောက်တိုင်း ဝတ်စုံ၏ အပေါ်ကုတ်အား ချွတ်ကာ ကောင်လေး၏ ပုခုံးပေါ် လွှမ်းခြုံပေးလိုက်သည်။ ထို့နောက် မျက်နှာဖုံးအောက်မှ မျက်လုံးအဝိုင်းသားဖြင့် ငေးကြည့်နေသော ကောင်လေးအား ပွေ့ချီကာ မတ်တပ်ရပ်လိုက်လေသည်။ ကင်မရာမီးတဖြတ်ဖြတ်အား လျစ်လျူရှုကာ တည်ငြိမ်သောအမူအရာဖြင့် ကြည့်ရှုနေသော ပရိသတ်အလယ်မှ ဖြတ်၍ ခန်းမထဲမှ ထွက်သွားလေတော့သည်။

ခန်းမတံခါး ပိတ်သွားသောအခါ ပရိသတ်အလယ်မှ ကျယ်လောင်သော အသံတစ်သံထွက်ပေါ်လာသည်။

"သူ...သူက အရင်က PSရဲ့ ဥက္ကဋ္ဌစေထားရာမလား"

ထပ်၍ ထွက်ပေါ်လာသော အသံတစ်သံ။

"ဟုတ်တယ်...သူပဲ...သူပျောက်နေတာ ခြောက်လလောက်တောင်ကြာပြီလေ...PSကို High Riskက သိမ်းလိုက်ကတည်းက နိုင်ငံခြားထွက်သွားတာပဲ...သူ ပြန်လာတာလား...ဥက္ကဋ္ဌခွန်း Coma ဝင်နေတာကို အခွင့်ကောင်းယူပြီး ပြန်လက်စားချေဖို့များလား...စီးပွားရေးလောက ထပ်ပြီးဂယက်ရိုက်ဦးမယ်ထင်တယ်"

ထိုလူ၏ စကားအဆုံး တီးတိုးဆူညံသံများ ဆက်တိုက်ထွက်ပေါ်လာတော့သည်။ ထိုစဉ်

"ဥက္ကဋ္ဌ စေထားရာက Krenကြောင့် ထွက်ပေါ်လာတာပဲ...စန္ဒယားပညာရှင် Krenနဲ့ ဥက္ကဋ္ဌစေထားရာက ဘယ်လိုပတ်သတ်တာလဲ...လူအများကြားထဲ ထွက်လာပြီးကို ကာကွယ်ပေးသွားတာဆိုတော့ သာမန်ပတ်သတ်မှု မဟုတ်လောက်ဘူး...Krenရဲ့နောက်ခံက ဥက္ကဋ္ဌစေထားရာလား"

ခန်းမထဲ ကျန်ခဲ့သည့် လူများစွာသည် အတွေးကိုယ်စီဖြင့် အတွေးများသွားကြရလေတော့သည်။

ကိုယ်မြတ်နိုးတဲ့ပန်းလေးကို
အထိခိုက်မခံနိုင်ဘူး။

ပန်းလေးထိခိုက်မဲ့ရန်အပေါင်းက
ကိုယ်ဟာအမြဲကာကွယ်ပေးပါ့မယ်။

ဒါဟာ ပန်းပျိုးသူတစ်ယောက်ရဲ့
ဖြူစင်သော အတ္တတစ်ခုပေါ့။

စေရာ(Complete)Where stories live. Discover now